Never

By Blacksheep303

24.6K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Zawgyi 24

126 3 1
By Blacksheep303

မိုးလင်းတော့ ဟောက်ရွှမ်း စိတ်ပူလို့ ရိပေါ်အခန်းဘက်ကူးပြီး ရိပေါ်ကို သွားကြည့်ဖို့လုပ်တော့ အခန်းထဲမှာ ရိပေါ်က မရှိပါဘူး သူ့ စားကြည့်စားပွဲပေါ်မှာ စာသုံးစောင်ကို တန်းစီထားတာမြင်လိုက်တာမို့ ရုတ်တရက် အရမ်းလန့်သွားပါတယ် ငါ့သူငယ်ချင်း ကိုယ့်ကိုသတ်သေသွားပြီလားမသိဘူးလို့ တွေးမိလိုက်လို့ပါ

"ရန်ရန် ....ရန်ရန် အမြန်လာပါဦး"

ကျိရန် အခန်းကူးလာတော့ ဟောက်ရွှမ်းက ငိုနေပါပြီ

"ရိပေါ် မရှိတော့ဘူး ရိပေါ် မရှိတော့ဘူး စာတွေရေးသွားတယ်
သူတစ်ခုခု လုပ်သွားပြီလား မသိဘူး မောင် မနေ့ကတည်းက သူနဲ့ အတူအဖော်လုပ်ရင်း စောင့်အိပ်ပေးလိုက်ရမှာ"

"မောင်...စိတ်ထင်ရာမတွေးနဲ့လေ ရိပေါ်က သူ့မားမားထားပြီး ကိုယ့်ကို တစ်ခုခု လုပ်ပါ့မလား စာအရင်ဖတ်ဦးလေ"

"ဟုတ်သားပဲ စာဖတ်ရမယ်"

ဟောက်ရွှမ်းသူ့နာမည်တပ်ထားတဲ့ စာကို မြန်မြန်ဖောက်ဖတ်လိုက်ပါတယ်

"ဟောက်ရွှမ်း နှုတ်မဆက်ဘဲ ထွက်သွားရတာကို တောင်းပန်ပါတယ် မားမားနာမည်နဲ့ စာကို မားဆီ ပို့ပေးပါဦးနော် ကျန့်ကောနာမည်နဲ့ စာကိုတော့ ၁၄ရက်နေ့ ကျန့်ကောလာယူရင် ပေးလိုက်ပါနော် ကျန့်ကောကိုလည်း ရန်မရှာပါနဲ့နော် ကောက ငါ့ကို လက်ထပ်ပါ့မယ်ဆိုပြီး ကတိပေးထားတာမျိုးမှ မရှိတာ သူရွေးချယ်ချင်တဲ့သူကို ရွေးချယ်ခွင့်ရှိတယ်လေနော် ငါတောင် ကျန့်ကော ကို အပြစ်မတင်ရက်တာ မင်းတို့လည်း ကျန့်ကောကို ဘာမှမပြောပါနဲ့တော့နော် မားမားကိုလည်း ကောအကြောင်းတွေ မတိုင်လိုက်နဲ့နော် ကော က ငါ့ကို ကစားတာမဟုတ်ပါဘူး သူဘယ်တုန်းကမှ ငါ့ကိုချစ်တယ်လို့မပြောခဲ့ဖူးပါဘူး ငါကသာ တစ်ဖက်သက် ချစ်ခဲ့ရတာမျိုးပါ ကောကိုသူ့စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင် လေး လက်ထပ်ပါစေနော် ငါ အခု ဘဝလမ်းကြောင်း ပြောင်းတော့မယ် ငါ့ကို Entertainment တစ်ခုက ကိုးရီးယားမှာ သူတို့ Trainee အဖြစ် ကမ်းလှမ်းထားတာ ကြာလှပြီ ငါကသာ ကျန့်ကောနဲ့ မခွဲချင်လို့ ငြင်းခဲ့တာ သူတို့က စိတ်ပြောင်းရင် အချိန်မရွေးလာခဲ့နိုင်တယ်လို့ ပြောခဲ့တာမို့ ငါ သွားလိုက်တော့မယ် အနည်းဆုံးတော့ ပင်ပန်းနေတဲ့ Trainee ဘဝမှာ ငါဘာကိုမှ မတွေးပဲ နေနိုင်မှာ ဒီအတိုင်းတော့ မနေနိုင်လောက်ဘူးထင်ပါတယ် ငါ နှစ်နှစ်လောက်တော့ Traineeဘဝနဲ့ နေရမှာမို့ မားမားကို စောင့်ရှောက်ပေးပါနော် အခုလောလောဆယ်တော့ ဆက်သွယ်မှု ဧရိယာပြင်ပမှာပဲနေချင်သေးလို့ ငါ့ကို မဆက်သွယ်သေးနဲ့နော် ငါ စိတ် အနည်ထိုင်လာတဲ့ တစ်နေ့ မင်းတို့ကို ဆက်သွယ်ပါ့မယ် ငါ့ကို 
နားလည်ပေးမယ်မလား စိတ်မပူနဲ့နော် ငါ ဆက်သွယ်ပါ့မယ် မင်းငါ ကိုယ့်ကိုကိုယ် သတ်သေလိမ့်မယ်လို့လည်း မတွေးနဲ့နော် ငါ မားမားကို စောင့်ရှောက်ရဦးမှာလေ ပြီးတော့ ကျန့်ကောကို ချစ်နေတဲ့ ငါ့နှလုံးသားလေး ကိုလည်း မရပ်တန့်စေချင်ပါဘူး ဒါကြောင့် စိတ်မပူနဲ့နော်"

စာကိုဖတ်ပြီးတဲ့နောက်မှ ဟောက်ရွှမ်း စိတ်အေးသွားတာပါ ဒါကြောင့် ရိပေါ်ထားခဲ့တဲ့ သူ့မားမားအတွက် စာကို တစ်ခါတည်း ရွာပြန်ပြီးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ကျိရန်က ဆေးရုံDutyတွေရှိသေးတာမို့ ဟောက်ရွှမ်းတစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်ပြီး ကျိရန်ကို ကျန့်ကောလာရင် စာပေးလိုက်ဖို့နဲ့ ရန်မရှာဖို့ သေချာမှာခဲ့လိုက်ပါတယ်
*
*
*
*
*
*
ဟောက်ရွှမ်းပြန်လာပြီး ရိပေါ်က မပါတော့ ရိပေါ်မားမားက အံ့အားသင့်နေတာမို့

"ရိပေါ်က အားရီ အတွက် စာပို့ခိုင်းလိုက်လို့"

"အလိုလေး ရိပေါ်လေးက မားဆီဖုန်းမဆက်ပဲ စာပို့ခိုင်းတယ်"

"ဟီး ဟီး ရော့ အားရီ ဖတ်လိုက်ပါဦး"

မား သား ဘာပြောရမှန်း ဘာရေးရမှန်းလည်း မသိတော့ပါဘူး ဒါပေမယ့် မားကို တောင်းပန်ချင်သေးတယ် သားကို ခွင့်လွှတ်ပါနော်  ပထမတုန်းက မားကတိတောင်းထားတဲ့ အသက်၂၅နှစ် မပြည့်ခင် လက်မထပ်ဘူးဆိုတဲ့ ကတိကို သားဖျက်မိတော့မလို့ မားက မသိဘူး ဆိုပေမယ့် သားက ကိုယ့်ကိုကိုယ် သိခဲ့တာမို့ မားကို တောင်းပန်ပါတယ်နော် အခုတော့ သား ပြန်ပြီး မားကို အဲဒီကတိတည်နိုင်သွားပြီမားရေ
ဘာတွေ ဘယ်လိုဖြစ်ခဲ့လဲ မားနားလည်မှာ မဟုတ်ဘူး ဒါပေမယ့် သား စိတ်ပြောင်းသွားတာပါ မားမား သားကို Entertainmentတစ်ခုက သဘောကျလို့ Trainee အဖြစ် လာကမ်းလှမ်းထားတာကြာပြီ ပထမတော့ ကျန့်ကောနဲ့ မခွဲချင်လို့ မသွားဘူးလုပ်ထားတာ ဒါပေမယ့် အခုတော့ သား Trainee အဖြစ်နဲ့ ကိုးရီးယားကို သွားမှ သားစိတ်ဖြေနိုင်မယ်ထင်လို့ပါ ကျန့်ကောကိုလည်း မား အပြစ်မမြင်နဲ့နော် ကျန့်ကော လက်ထပ်ရင် ကူပြီး ကြည့်ပေးလိုက်ဦးနော် ငွေသားလက်ဖွဲ့ရင် များများထည့်ပေးနော် သားနာမည်နဲ့က လက်ဖွဲ့တစ်စု မားနာမည်နဲ့ လက်ဖွဲ့ တစ်စု နှစ်စုထည့်ပေးနော် သားဆုံးဖြတ်ပြီးသွားပြီ အောင်မြင်တဲ့ တစ်နေ့မှ မားကို ဂုဏ်တက်စေမယ့် တစ်နေ့ မားနားကို သားပြန်လာခဲ့မယ် နော် သားဘာလုပ်လုပ်ခွင့်ပြုပေးတဲ့ မားကိုလည်း သားက အများကြီးချစ်တယ်နော် သားဆီက အဆက်အသွယ်မရလည်း စိတ်မပူနဲ့နော် မားသား ကိုယ့်ကိုကိုယ် ဂရုစိုက်မယ် မိုက်မဲတဲ့ ကိစ္စတွေလည်း ဘာမှ မလုပ်ဘူး စိတ်ချ မားမားကို ချစ်တဲ့ရိပေါ်

စာကိုဖတ်ပြီး တော့ ရိပေါ်မားမားက ဟောက်ရွှမ်းကို

"ရိပေါ်လေးက ဘာလို့ ဒီလိုလုပ်သွားမှန်း အားရီလည်း မသိဘူး ဒါပေမယ့် လူငယ်တွေကိစ္စဆိုတော့ အားရီလည်း မပြောတတ်တော့ပါဘူး ဒါပေမယ့် သေချာတာကတော့ ရိပေါ်လေးက အကြောင်းရင်း မရှိပဲ လုပ်မှာတော့ မဟုတ်ဘူးလေ သူဆက်သွယ်လာမယ့်အချိန်ကြမှ သေချာ မေးကြည့်ရဦးမယ် အခုတော့ သူ့စိတ်တိုင်းကျ သူဆုံးဖြတ်စေချင်တယ် အားရီ သူ့ကိုယုံတယ် ဒါကြောင့် သားတို့ကို ဘာဖြစ်လို့လဲ ဘာလဲ မမေးတော့ပါဘူး စာလာပို့တာလည်း ကျေးဇူးတင်တယ်နော် သားရေ"

"အားရီ အဲလိုဆို ကျွန်တော် ကူမင်းပြန်လိုက်ဦးမယ် ဘာမှာဦးမလဲ တစ်ရက်နှစ်ရက်လောက် မားတို့ဆီနေပြီးမှ ပေကျင်းပြန်မှာ"

"ဘာမှ မရှိဘူးသားရေ ကျေးဇူးနော်"
*
*
*
*
*
*
(ရှောင်းကျန့် POV)
ရှောင်းကျန့် နေမကောင်းဖြစ်တာ ပိုသိသာလာတယ်လို့ ကိုယ့်ကိုကိုယ် သတိထားမိတယ် ရန်လီကျဲပေးတဲ့ ဆေးတွေ သောက်တာလည်း သေချာ မသက်သာဘူး အရင်က Bleeding ရရင် တစ်ရက်လောက်ပဲ အစားအသောက်ဆင်ခြင်တာတို့ ဆေးသောက်လိုက်ရင် ပျောက်ပါတယ် အခုတစ်ခါ Bleedingရတာက မပျောက်ပါဘူး

ဆိုးလာလားဆိုရင်လည်း မဆိုးလာပါဘူး ဒါပေမယ့် တစ်ချက်တစ်ချက် လှုပ်ရှားတာများရင် စိတ်ပင်ပန်းရင် သွေးနည်းနည်းလေး ထွက်တတ်တာပါ ပြီးရင် သက်သာသွားပြန်ရော ဘဝအတွက် နောက်ဆုံး Surprised တိုက်ပါတယ်ဆိုနေမှ လူက လာပြီး ကိုချူချာဖြစ်နေသေးတယ် ရိပေါ်နဲ့ အတူတူနေရင် သူ့ကြောင့် နေမကောင်းဖြစ်တာသိသွားမှာစိုးလို့ စဉ်းစားဖို့ တစ်ပတ် အချိန်ပေးမယ် ဆိုပြီး သူ့အိမ်ပြန်ပို့ထားရတယ် ရိပေါ် သူ့ကိုရွေးပါစေလို့လည်း ထူးပြီးဆုတောင်းမနေတော့ပါဘူး ဘာရွေးရွေး ရှောင်းကျန့်က သူ့ရမှာပဲကိုး

အိမ်ပြန်ပြီး ပါးနဲ့မားကို လက်ထပ်တော့မယ် ရိပေါ်နဲ့မဟုတ်ဘူး ချန်ချန်နဲ့ပြောတော့ ပါးရောမားရော ငိုပါတယ် ရိပေါ်လေး သနားလို့တဲ့ ဘာလို့သူများသားကို မယူနိုင်ဘဲနဲ့ ခုလိုလုပ်တာလဲဆိုပြီး ရန်တွေ့တာခံရပါသေးတယ် ရိပေါ်အစားရန်တွေ့ပေးလို့ ပါးနဲ့မားကို စိတ်ကောက် ချင်သလို ဟန်ဆောင်ခဲ့ရပေမယ့် ရိပေါ်အတွက် ကြိတ်ပျော်ပေးနေရသေးတယ် ရိပေါ် မင်းကို ပါးနဲ့မားကလည်း ချစ်ရှာတယ်သိလားလို့ လက်ထပ်ပြီးရင် ပြန်ပြောပြရဦးမယ် လက်ထပ်ပွဲမှာ သတိုသားက ရိပေါ်ပဲဆိုတာသိရင် ရှောင်းကျန့်ကို  ဘာလုပ်ကြမလဲမသိဘူး အခုတော့ ချန်ချန်လို့ပဲ သိပါစေဦး

အစ်မတွေနားက သဘောတူညီချက်ယူတော့လည်း အစ်မတွေက ရိပေါ်လေးကို မသနားဘူးလားတဲ့ ရိပေါ်ရေ မင်းကတော့ အချစ်ခံရမယ့် ဇာတာပါတယ် ဘာချန်ချန်လေးကို သဘောကျလားတဲ့ ကျဲတို့မေးတဲ့အချိန် ရှောင်းကျန့် သူမြင်ခဲ့ဖူးတဲ့ ဓါတ်ပုံလေးကို ပြေးမြင်မိတော့တာပါပဲ

ဒါကြောင့်လည်း ချန်ချန်လေးက အရမ်းချစ်စရာကောင်းတာ ပါးလေးတွေကို ဖောင်းအိပြီး ကိုက်ပစ်ချင်စရာကြီး လို့ဖြေခဲ့တာ မင်းက ငယ် ငယ်ကတည်းကနေ ခုထိ ပါးလေးတွေဖောင်းအိပြီး ချစ်စရာသိပ်ကောင်းတာ နေမကောင်းလို့သာ ခွဲနေလိုက်တာ ငါမင်းကို အရမ်းလွမ်းတာပဲ

အခုတော့ Bleeding မရတာ နှစ်ရက်တောင် ရှိပြီဆိုတော့ သက်သာနေပြီ မနက်ဖြန် မင်းဆုံးဖြတ်ချက်ကို သိရတော့မှာ ငါလည်း ရောဂါအရှင်းပျောက်လောက်ပါပြီ မနက်ဖြန် မင်းငါ့ကို မရွေးလည်း ဒီဇင်ဘာ၃၁ကြရင်တော့ မရွေးလို့မရတော့ပါဘူး အဲဒီနေ့မှာမှ မရွေးရင်တော့ မင်းမားမားနဲ့တိုင်မှာ စားပြီးနားမလည်လုပ်နေပါတယ်ဆိုပြီးတော့လေ ဒါပေမယ့် စိတ်ထဲကသိနေတယ် မင်းငါ့ကို ရွေးမယ်ဆိုတာကိုပေါ့ မင်းဆီက အဖြေသိပြီးရင် မင်းနဲ့တိုင်ပင်ပြီး ပါးပါးမားမားနဲ့ ကျဲတို့ကို ဆက်ပြီး အရူးလုပ်ဖို့ စီစဉ်ရမယ်

မင်းကငါ့ကို မင်းမားမားကို ပေးထားတဲ့ ကတိကြောင့် မရွေးသေးလည်း ရတယ် အဲလိုဆို နည်းနည်း မင်းစိတ်ညစ်ရမှာပေါ့ ငါ့ကိုမရွေးတော့ စိတ်ညစ်တာခံပေါ့ နည်းနည်းများများခံပေါ့ ဖုန်းစစ်တုန်းကတော့ ဒီဇင်ဘာ၁၀ရက်နေ့တုန်းက Missed Call တွေ့တယ် ကြည့်ရတာ အဲဒီနေ့ကတည်း ဆုံးဖြတ်ပြီးလို့ လှမ်းပြောတာ နေမှာ ပါးပါးဆီ ရိပေါ်ဖုန်းဆက်သေးလားလှမ်းမေးတော့ ဆူခံလိုက်ရသေးတယ် သူများသားကို ထားတုန်းက ထားခဲ့ပြီး ဘယ်လိုမျက်နှာ နဲ့ ဖုန်းဆက်သေးလား လှမ်းမေးနေရတာလဲဆိုပြီးတော့လေ ပြီးမှ ဆက်သေးတယ် ငါမင်းကိုယ်စား တောင်းပန်လိုက်တယ်တဲ့ လက်ထပ်ပွဲပြီးမှ ရိပေါ်ကိုခေါ်ပြီး ကျန့်ကျန့်ကိုဆူထားတဲ့ပါးပါးကို ပြန်ပြီး ကလဲ့စားသွား ချေဦးမယ် ခုတော့ သိပ်နေလို့ထိုင်လို့မကောင်းလို့ နက်ဖြန်အတွက် အားရှိအောင် အားမွေးလိုက်ပါဦးမယ် မတော်လို့ရိပေါ်က ကျန့်ကောကို ချက်ချင်းလက်ထပ်နိုင်ပါတယ်ဆိုရင် သူ့ကိုအကြောင်းစုံပြောပြရင် သူက ကိုယ့်ကို သူ့ကိုကျီစားရပါ့မလား ဆိုပြီး အပြစ်ပေးဦးမှာ မြင်ယောင်သေးတယ် ဒါကြောင့် အားမွေးတဲ့အနေနဲ့ စောစောစီးစီး အိပ်ရာဝင် လိုက်ပါတယ်
*
*
*
*
*
*
မနက်မိုးလင်းတော့ ရေမိုးချိုး ဖြီးလိမ်းပြင်ဆင်လိုက်ပါတယ် နှစ်ယောက်အတွက် ပြင်ဆင်ထားတဲ့ အချစ်ကြိုးဝိုင်း အခန်းလေးကို အိပ်ရာ ခင်းအသစ်လဲ   အမွှေးနံ့ သင်းသင်းလေးဖြစ်အောင် Electronic Aroma Diffuser လေးပါ ဖွင့်ခဲ့လိုက်တာပါ ဒီပစ္စည်းလေးက အနံသင်းသင်းလေး နဲ့ ရိပေါ်ကြိုက်တဲ့အစိမ်းရောင်လေးမို့ ကျဲတို့ကို ခွင့်တောင်းတဲ့ နေ့တုန်းက ကော်ဖီဆိုင်ဘေးမှာမြင်ပြီး တစ်ခါတည်း ဝယ်ခဲ့လိုက်တာ အခုတော့ တစ်ခါတည်း အသုံးတည့်သွားတာပေါ့

ကွန်ဒိုအောက်ထပ်ရောက်တော့ ရိပေါ်ဆီ ဖုန်းခေါ်လိုက်တာပါ ဘယ်လိုဆက်ဆက် မရတာမို့ အပေါ်ထိ တက်လာပြီး အခန်းကို Bell နှိပ်လိုက်တာပါ တံခါးလာဖွင့်တော့ ရိပေါ်လေးမဟုတ်ဘဲ ဟောက်ရွှမ်းနဲ့ယူထားတဲ့ ကျိရန် ဖြစ်နေတာမို့

"ရိပေါ်လေးရော"

"ဘာ ရိပေါ်လေးမှ မရှိဘူး"

"ဘယ်သွားတာလဲဟင်"

"မသိဘူး သိချင်ရင် ကိုယ့်ကိုစောင့်ကြည့်ထားပါလား"

"ကျိရန် ဘာဖြစ်လို့လဲ ရန်လိုနေတာလား ကိုယ်ရိပေါ်ဆီ လာတာ"

ဒီရှောင်းကျန့်ဆိုတဲ့လူကို အစ်မနဲ့ ပတ်သက်ပြီး နဂိုတည်းက ကြည့်မရဖြစ်နေတဲ့ အပြင် ဟောက်ရွှမ်းသူငယ်ချင်းကို ကစားချင်တိုင်း ကစားနေတာမို့ ကျိရန် အော်ဟစ်သောင်းကျန်းပြီး မောင်းထုတ်ချင်တာ ဒါပေမယ် ဟောက်ရွှမ်းက သေချာမှာသွားတာမို့ စိတ်လျော့ပြီး

"ရိပေါ် မရှိဘူး ဒါပေမယ့် ခင်ဗျားအတွက် စာပေးသွားတယ် အခန်းထဲမှာ သွားယူပေးမယ် ဒီကနေပဲ စောင့် အိမ်ထဲ မဝင်နဲ့ စိတ်ထားမကောင်း တဲ့လူတွေ အိမ်ထဲဝင်ရင် ကံမကောင်းဖြစ်တတ်လို့"

မတတ်နိုင်ဘူး နည်းနည်းလောက်မှ ရှောင်းကျန့်ကို ရွဲ့စောင်းပြီး မပြောရရင် အသက်တိုသွားနိုင်တာမို့ စောင်းပြောပြီး တံခါးပိတ်လို့ ရိပေါ်ပေးတဲ့ စာသွားယူ တံခါးပြန်ဖွင့်ပြီး ပေးလိုက်ပါတယ်

"အခု မဖတ်သေးနဲ့ဦး အိမ်ရောက်မှဖတ် ပြီးမှ တငိုငို တရီရီလာမလုပ်နဲ့ ပြောမယ့်သာ ပြောရတာ တငိုငို တရီရီ ဖြစ်မယ့်ပုံလည်း မပေါ်ပါဘူး ပျော်ပျော်ကြီးသာ လက်ထပ် ပျော်ပျော်ကြီးသာ မင်္ဂလာဆောင် ဟုတ်ပြီလား ပြီးတော့ တစ်ခါတည်း ပြောထားရဦးမယ် ဒီစာဖတ်ပြီးရင် လည်း မေးလားမြန်းလား ဘာမှ လာမလုပ်နဲ့ ကျွန်တော်တို့က ခင်ဗျားနဲ့ မရင်းနှီးချင်ဘူး အဲဒါကို သိထားပေး ဟုတ်ပြီလား"

"ဒီမယ် ကျိရန် ကိုယ်ကလည်း မင်းကို ရိပေါ်နဲ့ ပတ်သက်လို့ ခေါ်ပြောနေရတာ မင်းနဲ့လည်း ငါလည်း မရင်းနှီးချင်ဘူး လူကို ဘလိုင်းကြီး လာမကြောနဲ့ နောက်ခါရိပေါ်ကိုလည်း ပြောထားရမယ် ဟောက်ရွှမ်းနဲ့ ပတ်သက်ပေမယ့် မင်းနဲ့ မပတ်သက်နဲ့လို့ ဟုတ်ပြီလား သွားပြီ"

စကားဆုံးတာနဲ့ တံခါးကို ဆောင့်ပိတ်လိုက်တာပါ ရိုင်းလိုက်တာ ဘယ်လိုဆရာဝန်မှန်းမသိဘူး သူ့လူနာတွေတော့ သနားစရာပဲ
ကျိရန်ကြောင့် စိတ်ရှုပ်လာတာမို့ ရိပေါ်ကို တိုင်မယ်ဆိုပြီး ဖုန်းထပ်ခေါ်ကြည့်ပါသေးတယ် ဝင်ကို မဝင်ဘူး ဖြစ်နေတာ ရိပေါ် ခရီးသွားနေလို့များလား စိတ်ကောက်နေတာလား ဘာတွေများရေးသွားတာလဲ သိချင်လာပြီမို့ အိမ်ကို မြန်မြန်ပြန်ပြီး ရိပေါ်ပေးတဲ့စာ ဖတ်ရမယ်
*
*
*
စာအိတ်လေးက ရိုးရိုးလေး ပေမယ့် မင်းရေးထားတဲ့ လက်ရေးလေးကြောင့် စာအိတ်တောင် ပိုလှနေသလိုပဲ
ငါ့ကို စာတစ်တန်ပေတစ်တန်နဲ့ ဘာတွေရေးထားတာလဲ သိချင်လှပြီမို့ အမြန်စာအိတ်ကို ဖောက်ချင်ပေမယ့် ရိပေါ်ပေးတဲ့ စာအိတ်လေးကို မဖြဲရက်လို့ စာကြည့်စားပွဲက ချိုးဓားသေးသေးလေးနဲ့ စာအိတ်ကို ကော်ကပ်ထားတဲ့နေရာကနေ ဖြည်းဖြည်းချင်း အသာလေး ဓားနဲ့ခြစ်ပြီး မပြဲအောင် လုပ်နေရသေးတယ်

ရေးထားတဲ့ စာခေါက်လေး ထွက်လာပြီမို့ သေသေချာချာလေး ဖတ်ကြည့်လိုက်ပါတယ်

ကျန့်ကော
ချစ်တယ်နော် အရမ်းကို ချစ်တယ်နော် ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့အချစ်နဲ့ ကောကို ကျွန်တော်ချစ်ပါတယ်
ကျန့်ကောနဲ့ လက်ထပ်တဲ့အခါကြရင်ဆိုတဲ့ စိတ်ကူးတွေ ကျွန်တော့်မှာ အမြဲလည်းရှိခဲ့ပါတယ် ကောကို ဘယ်လိုလက်ထပ်ခွင့်တောင်းရမလဲဆိုတာလည်း အမြဲစဉ်းစားဖူးတယ် ဒါပေမယ့် အသက်၂၅ ပြည့်မှ လက်ထပ်မယ်လို့ ပေးထားတဲ့ ကတိကြောင့် ကောနဲ့အတူလာနေ ဖြစ်ပေမယ့် လက်ထပ်ခွင့် မတောင်းထားလိုက်မိဘူးကောရယ် အဲဒါ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးအမှားပဲ ချက်ချင်းလက်မထပ်နိုင်သေးရင်
တောင် ကောကို လက်ထပ်ခွင့်လေး တောင်းထားလိုက်ရမှာ ကျွန်တော်လိုအပ်သွားတာပါ စောင့်ရတာမကြိုက်တဲ့ ကောကို စောင့်ပါဦးလို့ ပြောမိလို့လည်း တောင်းပန်ပါတယ် ကောရယ်
ကျန့်ကော သိလား ကော က ကျွန်တော့်ကို မရွေးချယ်ဘဲ ချန်ချန့်ကို ရွေးချယ်တယ်ဆိုတာ သိရတုန်းကလေ အရမ်းပဲ ဝမ်းနည်းတာ ဘာလို့လဲ ဘာလို့လဲလို့ ခဏခဏပြန်စဉ်းစားတာလဲ စဉ်းစားလို့မရဘူး ဒါပေမယ့် နောက်ဆုံးမှာတော့ နားလည်သွားတယ် ချစ်လို့ကိုး
ကောက ကျွန်တော့်ကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးဘူးနော် ဒါပေမယ့် ကော အစ်မတွေဆီမှာ သဘောတူပေးဖို့ ခွင့်တောင်းတုန်းက ကောပြောတဲ့ စကားကို Recording က တစ်ဆင့်ကျွန်တော်ကြားလိုက်ရတယ် "ချန်ချန်လေးက အရမ်းချစ်စရာကောင်းတာ" ဆိုတဲ့ ကောရဲ့အသံ ကို ကြားလိုက်တာနဲ့ ဒါ ဟန်ဆောင်ပြောနေတာမဟုတ်ဘူး ကောတကယ့်ကို ခံစားချက် အစစ်အမှန်တွေနဲ့ ပြောနေတာဆိုတာ ကောမျက်နှာလေး မမြင်ပေမယ့် ကျွန်တော်သိလိုက်တယ် ကျွန်တော်က ကောနားမှာနေပြီး ကောရဲ့ လေယူလေသိမ်းကအစ အားလုံးကို အလွတ်ရနေပြီ ကောရဲ့ ဒါကြောင့် ကျွန်တော် စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်နော်
ကောရဲ့ မေးခွန်းလေးတွေကို ကျွန်တော်ဖြေခဲ့ပါတယ်နော်
ပထမမေးခွန်း က " ငါ့ကို ယူမှာလား ဘွဲ့ယူမှာလား"လို့ ကော မေးခဲ့တယ်နော် ကျွန်တော် ဘွဲ့ရအောင်ယူချင်တယ်ဆိုတာကောကိုတင့်တောင်း တင့်တယ်နဲ့ ယူချင်လို့လေ အခုတော့ ဘွဲ့ရအောင် ကျောင်းဆက်မတက်တော့ဘူး ဘွဲ့မယူတော့ဘူး ဒါ ကျွန်တော် ကောကိုပဲ ရွေးတာလို့ ပြောတာပါ ကောက ကျွန်တော့်အတွက်နဲ့ ဘာနဲ့မှ ယှဉ်ရွေးစရာ မဟုတ်ခဲ့ဘူးနော်
ဒုတိယမေးခွန်း က " ငါလား မင်းမားမား လား မင်းရွေးလို့" ကောပြောခဲ့တယ်နော် ဒါလည်း ကျွန်တော်ကော ကိုပဲရွေးခဲ့တာပါ မားမားက
ကျွန်တော့်ကို ထားမသွားဘူးဆိုတာ သေချာနေလို့ ကော ထားခဲ့မှာကြောက်လို့ ကောကိုပဲ ကျွန်တော်ဦးစားပေးခဲ့ပါတယ်နော် ဒါတွေက ကောသိစေချင်ယုံပါ ကောက ရိပေါ်က ငါ့ကို မရွေးဘူးဆိုတဲ့ ယုံမှားသံသယတွေနဲ့ ကောကို ကျွန်တော်က မသိမ်ငယ်စေချင်ဘူးလေ တစ်စုံတစ်ယောက်ရဲ့ ရွေးချယ်မှုက ကိုယ်မဟုတ်ဘူးဆိုတာက အရမ်းသိမ်ငယ်ရတယ် ကောကို နည်းနည်းလေးမှ မသိမ်ငယ်စေချင်တာမို့ ထပ်ပြောမယ်နော် ကောရေ ကျွန်တော်အမြဲ ကောကို ရွေးချယ်ခဲ့ပါတယ်
ဒါပေမယ့် ကောပေးတဲ့ အပြစ်ဒဏ်ကို ကျွန်တော်မခံနိုင်ဘူး ကျွန်တော့်ကို မရွေးချယ်တာကို လက်ခံပေးနိုင်ပါတယ်ကောရယ် ကော
လက်ထပ်ပြီး မင်္ဂလာဦးအခန်းထဲ တူတူဝင်သွားမှာကိုတော့ ဘယ်နှလုံးသားနဲ့ ကျွန်တော်ကြည့်ရမှာလဲ မကြည့်နိုင်ဘူး လုံးဝမကြည့်နိုင်ဘူး ဒါကြောင့် ကော လက်ထပ်ပွဲ ကျွန်တော် မတက်တော့ဘူး
စိတ်ပြေအောင် လက်ဝှေ့ထိုးမယ်ဆိုပြီး လက်ဝှေ့အိတ် ကောက်ကိုင်ရင်တောင် ကောကို အရမ်းလွမ်းလာတာမို့ ကျွန်တော် လက်ဝှေ့လဲ မထိုးနိုင်တော့ဘူးကောရယ် ကောကို မမုန်းနိုင်ပေမယ့် ကော ကို သတိအရမ်းရအောင် လုပ်နေတဲ့ လက်ဝှေ့ကို လည်း ကျွန်တော်စွန့်လွှတ်လိုက်ပြီ ဘယ်တော့မှ လက်ဝှေ့မထိုးတော့ဘူး
စိတ်မပူနဲ့ ကော ကျွန်တော့်ဘဝကို မပြိုလဲစေရဘူး ကောထားသွားလို့ ပြိုလဲနေရင် ကောစိတ်မဖြောင့်မှာစိုးလို့ ကျွန်တော် ဘယ်လိုနည်းနဲ့
ပဲဖြစ်ဖြစ် ကျွန်တော့်ဘဝကို ကောင်းကောင်းမွန်မွန်တည်ဆောက်မှာမို့ ကော စိတ်မပူလဲရတယ်ကောရယ်
အတူနေတဲ့ ခွေးလေးကြောင်လေးတွေတောင် သံယောဇဉ်ရှိသေးတာပဲ ကျွန်တော့်ကို မချစ်ရင်တောင် ကော က သံယောဇဉ်တော့ ရှိနေမှာ မို့ ကျွန်တော်ပျောက်သွားခဲ့ရင် ကော စိတ်ပူနေမှာစိုးလို့ စိတ်မပူနဲ့ကော ကျွန်တော် အဆင်ပြေတယ် တူတူနေတုန်းက ကောကို အများကြီး ချစ်ခဲ့ရတာမို့ ကျေးဇူးတင်နော် အမှတ်တရတွေလည်း အများကြီးရှိတာမို့ ကောနဲ့အတူနေခဲ့ကြတဲ့ ကာလက တစ်နှစ်တောင် မရှိပေမယ့် ကျွန်တော့် တစ်ဘဝလုံးစာ အတွက် ဖြေသိမ့်ဖို့ လုံလောက်ပါတယ်နော်
ဒါကြောင့် ကော စိတ်ဖြောင့်ဖြောင့်နဲ့ သာ လက်ထပ်ပါ ချန်ချန်နဲ့ လက်ထပ်ပြီး သာယာတဲ့ မိသားစုဘဝလေး တည်ထောင်ပါနော် ကျွန်တော်ကတော့ အဝေးတစ်နေရာနေ ကောကို တော့ ဆက်ချစ်နေခွင့်ပြုပေးပါနော် နှုတ်မဆက်ချင်ဘူး ကော ကို နှုတ်မဆက်နိုင်ဘူး ဒါကြောင့် တိတ်တိတ်လေး ထွက်သွားတာပါ
ချစ်တယ် ကျန့် ကော တစ်ဘဝလုံးစာအတွက် ချစ်တယ်.............

မဟုတ်ဘူးရိပေါ် မဟုတ်ဘူး ပြန်လာခဲ့ ရိပေါ် ငါလိုချင်တာ ဒါမျိုးမဟုတ်ဘူး အီးဟီးဟီး.............
ပြန်လာခဲ့ရိပေါ် ပြန်လာပေး ပြန်လာပေးပါ
ရိပေါ်ရဲ့ စာကို ဖတ်ပြီး သွေးရူးသွေးတမ်းနဲ့ ရှောင်းကျန့် အော်ဟစ်ငိုယိုနေမိတယ်
ငါဘာတွေ လုပ်လိုက်တာလဲ ငါဘာတွေ လုပ်လိုက်မိတာလဲ .....................................
သွားရှာရမယ် ရိပေါ်ကို ဟုတ်တယ် သွားရှာရမယ် အိမ်ထဲက ရိပေါ်ကို သွားရှာမယ် လုပ်တဲ့အချိန် ခေါင်းတွေက ချာချာလည်အောင်မူးပြီး ရှောင်းကျန့် လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါတော့တယ် ..................

Continue Reading

You'll Also Like

37.3K 841 22
They're in third year when the Dekusquad made a bet. Todoroki had to pretend to love Katsuki, but what happens when trust and hearts are broken. The...
469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
608K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
14.1K 1.5K 13
[𝚈𝚒𝚣𝚑𝚊𝚗 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗]✓ 7ᵗʰ 𝑺𝒕𝒂𝒓𝒕 : 12.8.2021 𝑬𝒏𝒅 :