Training with system to be a...

By AustinLeo2

12.2K 1.8K 95

ကမ္ဘာစစ်ဖြစ်ပြီးတော့ ကမ္ဘာကပျက်စီးစပြုနေပြီ အဏုမြူလက်နက်တွေကြောင့် ပျက်စီးသွားတဲ့ကမ္ဘာကိုကယ်တင်ရန် လူသားလေးတစ... More

Ch 1
Ch 2 (In space)
Ch 3 (arc 1-1)
Ch 4 (arc 1-2)
Ch 5 (arc 1-3)
Ch 6 (arc 1-4)
Ch 7 (arc 1-5)
Ch 8 ( between lives)
Ch 9 ( arc 2-1)
Ch 10 (arc 2-2)
Ch 11 ( arc 2-3)
Ch 12 ( arc 2-4)
Ch 13 ( arc 2-5)
Ch 14 ( arc 2-6)
Ch 15( arc 2-7 )
Ch 16 ( arc 2-)
Ch 17 ( arc 2-9)
Ch 18 ( arc 2-10)
Ch 19 ( between lives)
Ch 20 ( arc 3-1 )
Ch 21 ( arc 3- 2 )
Ch 22 ( arc 3-3)
Ch 23 ( arc 3-4 )
Ch 24 ( arc 3-5)
Ch 25 ( arc 3-6 )
Ch 26 ( arc 3-7)
Ch 27 ( arc 3-8 )
Apologize
Ch 28 ( arc 3-9)
Ch 29 ( arc 3- 10)
Ch 30 ( arc 3-11)
Not update
Ch 31 ( arc 3-12)
Ch 33 (between lives)
Ch 34 (arc 4-1 )
Ch-35 (arc 4-2)

Ch 32 ( arc 3- 13)

217 36 4
By AustinLeo2

Unicode

            Ardam သည် မဟာသစ်ပင်ကြီးပေါ်က တခြားဂြိုလ်မှလာသော သစ်ပင်လူသားဆိုသူကို အပြည့်အဝ ယုံကြည်လိုက်တော့သည်။ သူသည် ခေါင်းဆောင်တစ်ယောက်ဟူသော ဂုဏ်နှင့်အညီ နောက်ဆုံးသောzombieနဲ့ လူသားကြားတိုက်ပွဲကြီးကို တိုက်ခိုက်ရန် အသေအချာပြင်ဆင်နေတော့သည်။ မြို့တော် H အလယ်နေရာကနေ ခပ်လှမ်းလှမ်း သက်တောင့်သက်သာနေနိုင်သော နေရာကို သွားပြီး လူတိုင်းကို စုကာ အမိန့်များပေးနေတော့သည်။

          '' ကဲ ငါတို့ နောက်ဆုံး တိုက်ပွဲကြီးကို တိုက်ဖို့အတွက်ပြင်ဆင်ကြရတော့မယ်။ ငါတို့လူသားတွေရဲ့ခေါင်းဆောင်ကြီး ပြောတာတွေကို ကြားပြီးပြီလို့ထင်ပါတယ်။ ဒီတော့ ဒီသစ်ပင်တွေ စိုက်ဖို့ရာအတွက်ပြင်ဆင်ကြရမယ်။ ပထမဆုံး မီးစွမ်းအင်ပိုင်ရှင်တွေ၊ အပူစွမ်းအင်နဲ့ ဆိုင်ရာအစွမ်းပိုင်တဲ့သူတွေက ပင်လယ်ကမ်းစပ်နေရာတွေကိုသွားရမယ်။ ပြီးရင် ပင်လယ်ရေကို အငွေ့ပျံအောင် တတ်နိုင်သလောက်အမြန်လုပ်ကြမယ်။ လေစွမ်းအင်ပိုင်ရှင်တွေက အငွေ့ပျံလာတဲ့ ရေငွေ့တွေကို မိုးပေါ်ကို အမြန်တင် ရေစွမ်းအင်ပိုင်ရှင်တွေက ရေငွေ့တွေ စုပြီး မိုးတိမ်တွေဖြစ်အောင်လုပ်ကြပါ။ ပြီးမှ လေစွမ်းအင်ပိုင်ရှင်တွေက နောက်တစ်ကြိမ် အစွမ်းနဲ့ ကန္တာရနဲ့ အဲ့အနီးအနားဒေသတွေကို ပို့ဆောင်ပေးလိုက်ပါ။ ရေစွမ်းအင်ပိုင်ရှင်တွေက မိုးတိမ်တွေကို မိုးရွာအောင်လုပ်ပေးလိုက်ကြပါ။ ''

         ''  မိုးသည်းသည်းမည်းမည်းရွာပြီးရင် ကန္တာရမြေတွေကို မြေစေးတွေ၊ မြေကြီးတွေအဖြစ်ပြောင်းရတာလွယ်သွားပြီမို့ မြေစွမ်းအင်ပိုင်ရှင်တွေက ကန္တာရမြေတွေကို အပင်စိုက်လို့ရတဲ့ မြေအဖြစ်ပြောင်းလဲရမယ်။ ​အဲ့ဒါတွေအကုန်ပြီးသွားရင် ဒီ crystal seeds တွေကို ငါကိုယ်တိုင်လာပြီး စိုက်မယ်။ ''

           '' ကျန်တဲ့လူတွေက လေစွမ်းအင်၊ ရေစွမ်းအင်၊ မြေစွမ်းအင်ပိုင်ရှင်တွေကို ကာကွယ်ပေးရမယ်။ သူတို့က ကန္တာရနားသွားရမှာမို့ အန္တရာယ်နဲ့အနီးဆုံးလူတွေဖြစ်လို့ဘဲ။  ကဲ အားလုံးဘဲ ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲကြီးအတွက် ကြိုးစားပြင်ဆင်လိုက်ကြစို့။ '' Ardam ဟာ လူသားစစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်တာနဲ့အညီ လူတွေကို အမိန့်ပေးနိုင်စွမ်းနဲ့ ကျိုးကြောင်းဆက်စပ်စဥ်းစားပြီး ကိစ္စတွေကို စီမံနိုင်စွမ်းကတော့ ပြိုင်ဘက်မရှိပေ။

          '' Kelvin ဒီ Ardam ကတစ်ကယ်တော်တယ်နော်။ အချိန်တိုလေးအတွင်း လူတွေကိုစည်းရုံးနိုင်တဲ့အပြင် ဖြတ်ထိုးဉာဏ်လဲကောင်းတယ်။ ငါတောင် ဒီလိုလုပ်ရမယ်ဆိုတာကို ဒီလောက်အချိန်တိုအတွင်းစဥ်းစားမိမှာမဟုတ်ဘူး။ ရေစွမ်းအင်ပိုင်ရှင်တွေကိုဘဲ ရေအသေလောင်းခိုင်းနေမိမယ် ထင်တယ်။ ''

        '' Omm ဇာတ်လိုက်တစ်ယောက်အနေနဲ့ ဆိုရင်တော့ ပုံမှန်ဘဲလို့ပြောရမလားဘဲ။ ဒါပေမယ့် ခဏလေးအတွင်း ပြီးပြည့်စုံတဲ့ plan တစ်ခုချနိုင်တာကိုတော့ ငါလဲလက်ခံပါတယ်။ သွားစို့ ငါတို့လဲ သူချထားတဲ့ plan မှာ ဝင်လုပ်ကူရမယ်မလား။ တော်ကြာ ငါတို့ကို မမြင်မှ အချောင်ခိုနေတယ် ထင်ဦးမယ်။ '' Kelvin တို့ဟာစကားပြောရင်း အလုပ်လုပ်ရမယ့်နေရာကိုသွားနေတယ်။ Ardam က Kelvin S အဆင့်ရောက်သွားတာကို အဆင့်တူချင်းမို့ သိလိုက်ပေမယ့်  မအားလပ်တဲ့ကိစ္စတွေကြောင့် သွားမပြောတော့ပါဘူး။ လူတိုင်းဟာလဲ ပင်လယ်ဘက်ကို ဦးတည်သွားနေပြီး plan အတိုင်းဆောင်ရွက်နေကြပါတော့တယ်။       

             ပင်လယ်ရေကို ခမ်းခြောက်အောင်လုပ်ပြီး မိုးတိမ်အဖြစ်ဖွဲ့စည်းရာတွင်အခက်အခဲမရှိဘဲ အလွယ်တကူပြီးသွားလေသည်။ ကန္တာရဒေသကို မိုးတိမ်များရွေ့ပြီး မိုးရွာအောင် ပြုလုပ်နေသောအခါတွင်မူ zombies များက လာရောက်တိုက်ခိုက်လေတော့သည်။ plan အတိုင်း ကာကွယ်ပေးရမည့်သူများက zombies များကို တိုက်ခိုက်နေကြတော့သည်။ Kelvin ကလည်း ကာကွယ်သူများထဲတွင်ပါဝင်တာမို့ zombies များအတုံးအရုံးကျဆုံးကြရသည်။ William ကတော့ မိုးရွာအောင်ကူညီသူများထဲတွင်ပါဝင်နေပါသည်။

            သိပ်မကြာသော အချိန်တွင် ဂြိုလ်သားတစ်ချို့ပါရောက်လာပြီး လူများကို နှောင့်ယှက်တော့သည်။ Kelvin က ကိုယ်ပျောက်အစွမ်းသုံးကာအနားသွားပြီး Zane အား မျိုခိုင်းလိုက်ရာ  အဆင့် ၄ ​ဂြိုလ်သား ၄ ကောင်သာကျန်တော့သည်။ အဆင့် ၅ ​ဂြိုလ်သားကတော့ SS အဆင့် ပါမလာတာ ကို ခံစားမိ၍ ထွက်တိုက်စရာမလိုဟု ထင်ထားပုံပင် ။ သူမသိတာက Kelvin တွင် အစွမ်း၃ ၄ မျိုးလောက်ရှိနေတာကိုပင်။ ထို့ကြောင့် Ardam က အပင်စိုက်နေရာကနေ လုံးဝမရွေ့မိဘဲနဲ့ အခြေအနေကို စောင့်နေခြင်းဖြစ်သည်။ သူထင်သည့်အတိုင်းပင် မကြာလိုက်သောအချိန်အတွင်း ဂြိုလ်သားတစ်ကောင် သေသွားတာကို အော်ရာများအား အာရုံခံခြင်းဖြင့် သိလိုက်သည်။

         Ardam က Kelvin ကို ယုံကြည်စွာဖြင့် လူသားခေါင်းဆောင်ကြီးလို့တင်မြှောက်ထားသော သစ်ပင်လူသား ခိုင်းစေထားတဲ့ အပင်စိုက်ခြင်းကိုသာ အဓိကထား လုပ်နေတော့သည်။ Kelvin ကလည်း    ​ဂြိုလ်သားတွေကို နေရာပြောင်းအစွမ်းဖြင့် အာရုံနောက်အောင် ပြုစားနေပြီး နွယ်ပင်များသုံးကာပိုက်ကွန်သဖွယ် ဖမ်းထားသည်။ နွယ်ပင်များတွင် ဆူးချွန်များပါဝင်သလို ဆူးချွန်များကနေ မှတ်ဉာဏ်စွမ်းအင်ဖြင့် ​ဂြိုလ်သားတွေရဲ့ ဦးနှောက်အာရုံကြောကို ​နှောင့်ယှက်ထားတာမို့ တော်ရုံ မရုန်းနိုင်ကြပေ။ အလားတူပင် Kelvin ဟာလည်း ​ဂြိုလ်သား ၄ ကောင်လောက်ကို တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းနေရတာမို့ တဖြည်းဖြည်း ပင်ပန်းလာနေသည်။

       ထိုအချိန်တွင် ကန္တာရ​ဒေသတစ်ခုလုံးကို မိုးများရွာသွန်းလာပြီး William တို့လဲရောက်ရှိလာတော့သည်။ Kelvin ကိုရှာမတွေ့သောကြောင့် သူ့ရဲ့နတ်ဘုရားအစွမ်းသုံးကာ မျက်လုံးအပြာရောင်ပြောင်းပြီး လိုက်ရှာတော့သည်။ ထိုအခါမှ ကိုယ်ပျောက်အစွမ်းသုံးကာ တိုက်ခိုက်နေသော Kelvin ကို ရှာတွေ့တော့သည်။ တစ်ဆက်တည်းပင် ​ဂြိုလ်သား ၄ ကောင်ကိုလဲ အဖျားပေါ်တွင် အက်ဆစ်သုတ်ထားသော ရေခဲဓားဖြင့် ခေါင်းဖြတ်လိုက်တော့သည်။ ခေါင်းတွေကို အက်ဆစ်စားလိုက်ပြီး အမြုတေကို သာချန်ထားလိုက်သည်။ ထို့နောက် Kelvin ကို တွဲမှီပြီး မြို့တော် H အလယ်က မဟာအပင်ကြီးဆီ သူ့ရဲ့ နတ်ဘုရားအစွမ်းထဲက နေရာရွေ့ပြောင်းအစွမ်းတစ်မျိုးဖြင့် ထွက်သွားတော့သည်။ သူပြောင်းရွေ့လိုက်တဲ့အခါ ရေစက်လေးများဖွာထွက်လာပြီး လူက ပျောက်သွားကာ လေထဲကနေ သွားလိုရာအရပ်ကို ရောက်သွားတော့သည်။       

          Kelvin က မဟာသစ်ပင်ကြီးပေါ်တွင် အားဖြည့်နေချိန်တွင် Ardamတို့ အဖွဲ့ အပင်စိုက်တာလည်း ပြီးစီးသွားတော့သည်။ Kelvin က ထိုအရာကိုခံစားမိသဖြင့် မဟာသစ်ပင်ကြီးနဲ့ Ardam တို့စိုက်ထားတဲ့ အပင် ၁၀ ပင်ကို ချိတ်ဆက်ကာ တစ်ကမ္ဘာလုံးကို အပင်များပေါက်ရောက်အောင် အစွမ်းသုံးနေတော့သည်။ တစ်ကမ္ဘာလုံး အပင်များဖြင့် ဖုံးလွှမ်းသွားမှသာ အဆင့် ၅ zombies ကို အဆင့်ကျော်စရာမလိုဘဲ အနိုင်ရမှာဖြစ်သည်။

        အဆင့် ၅ ဂြိုလ်သားကလည်း ထိုအရာကို ခံစားမိသဖြင့် အပင်များကို ဖျက်ဆီးရန်ထွက်လာတော့သည်။ သို့သော် သူ၏ ဦးတည်ရာသည် သာမည အပင်များမဟုတ် မြို့တော် H အလယ်က မဟာသစ်ပင်ကြီးသို့သာဖြစ်သည်။ သူ၏ အာရုံထဲတွင် ထိုသစ်ပင်သည်သာ အခရာ ဟု ပေါ်နေသလိုပင်။

         အပင်များများပြားလာမှုကြောင့် သူ့အစွမ်းအပေါ် သက်ရောက်မှုရှိသော်လည်း အဖျက်နတ်ဆိုးLeo ရဲ့ အဖျက်စွမ်းအားအနည်းငယ်ကြောင့်  အများကြီး ထိခိုက်စေခြင်းမရှိပေ။ သာမန် ​​ဂြိုလ်သားဆိုလျှင် ၁ ရက်သာ ခံနိုင်ပေမယ့် သူကတော့ Leo ဝင်နေသောကြောင့် ၇ ရက်တာ ခံနိုင်ရည်ရှိနေသည်။ သူ့ရဲ့အရှိန်ကလဲ မြန်ဆန်နေသောကြောင့် နှောင့်ယှက်မည့်သူ မတွေ့ရဘဲ မြို့တော် H ကို တန်းတန်းမတ်မတ် ရောက်လာနေသည်။

         " William အသင့်ပြင်ထားတော့ Leo လာနေပြီ။ ငါအဖျက်စွမ်းအားတွေကို ခံစားမိနေတယ်။ '' Kelvin က ပြောနေရင်း သူလဲ အားအမြန်ဖြည့်နေတယ်။ ​ဂြိုလ်သားကလည်း မဟာသစ်ပင်ကြီးရဲ့ ၅ မိုင်အတွင်းရောက်လာသော်လည်း ဖိအားဒဏ်ကို မခံစားရပေ။ သူ့ရဲ့ ပတ်ပတ်လည်တွင်လည်း Leo ရဲ့ အဖျက်စွမ်းအားအော်ရာများက ဝန်းရံနေပြီး အနားဝန်းကျင်က အရွက်တွေ လည်း ငြိုးခြောက်လာကြသည်။

          " Kelvin ခဏနားနေ။ ငါ အချိန်ဆွဲနိုင်သမျှ ဆွဲထားမယ်။ ပြီးမှ မင်းဝင်ကူ၊ ဟုတ်ပြီနော်။ ''

        '' Omm မင်းနိုင်တယ် ထင်ပြီး တားမြစ်အစွမ်းတွေလဲ မသုံးနဲ့နော်။ ငါက ဆုံးရှုံးမှုလုံးဝမရှိဘဲနဲ့ အနိုင်ရချင်တာ သိတယ်မလား။ ''

        '' အေး ငါနားလည်ပြီ။ မင်းသာအမြန်လုပ် ပြီးရင် ငါ့ကို ကူ။ ''

          William က ဒီတစ်ခါတွင်တော့ မိုးကောင်းကင် ရေကမ္ဘာဟု ရေရွတ်ပြီး မိုးပေါ်ကနေအက်ဆစ် မိုးရွာချစေသလို ပတ်ဝန်းကျင်တွင်လဲ ရေပင်လယ်လို ဖြစ်ပေါ်လာသည်။ သို့သော် ထိုအစွမ်းသည် ပုံရိပ်ယောင်လိုဖြစ်ပြီး ​ဂြိလ်သားအပေါ်တွင်သာ သက်ရောက်အောင် သူကအသုံးပြုထားးသည်။ သို့မှသာ ပတ်ဝန်းကျင်ကို မထိခိုက်စေသလို Kelvin အတွက် အချိန်ဆွဲပေးရာလည်း ရောက်စေသည်။

         ဂြိုလ်သားကလည်း ချော်ရည်အစွမ်းဖြင့် ပြန်လည်တိုက်ခိုက်လေသည်။ ပင်လယ်ရေပြင်က ချော်ရည်ဖြင့်တွေ့သဖြင့် ခဲသွားပြီး ဂြိုလ်သားကို သိပ်မထိခိုက်နိုင်တော့ပေ။ အက်ဆစ်မိုးကလည်း ​ဂြိုလ်သားကို စိတ်အနှောင့်အယှက်ဖြစ်စေရုံအပြင် ဘာမှ မဖြစ်တာမို့ အချိန်ဆွဲထားရုံသာ တတ်နိုင်ခဲ့သည်။

      တစ်နာရီခန့်ကြာသောအခါ William မောဟိုက်လာပြီး မိုးကောင်းကင်ရေကမ္ဘာကလည်း ပျက်စီးစပြုလာလေပြီ။ ထိုအချိန်တွင် Kelvin က ထလာပြီး မဟာသစ်ပင်ကနေ နွယ်ပင်တွေ သစ်ကိုင်းသစ်ခက်တွေဖြင့် တိုက်ခိုက်တော့သည်။ ဂြိုလ်သားကလည်း အဖျက်စွမ်းအားများသုံးကာ ပြန်လည်တိုက်ခိုက်ရာ Kelvin က မတတ်နိုင်တဲ့အဆုံး အဆင့်တိုးမြှင့်ပြီး ပြန်တိုက်ရတော့သည်။ အချိန်တိုအတွင်းပြီးစေရန်အတွက် Zane ကို ခေါ်ပြီးသာ မျိုခိုင်းလိုက်တော့သည်။ သူ အဆင့်တက်ရင် တက်သလို Zane ကလည်း တက်တာမို့ မျိုချလိုက်နိုင်ခြင်းဖြစ်သည်။

         Kelvin က Zane ကို ကိုင်ပြီး '' Leo Leo ပြန်လာစမ်း Leo အဖမ်းခံစမ်း'' ×3လို့ပြောလိုက်တယ်။ Kelvin ရဲ့ ရင်ဘတ်ပေါ်က ၃ပွင့်မြောက် နတ်ဘုရားပန်းပွင့်က အသီးအဖြစ်ပြောင်းသွားသလို ၄ ပွင့်မြောက်အဖူးကလဲ ပွင့်လန်းလာတော့သည်။

         Kelvin က သူ့ရဲ့ mission ပြီးပြီမို့ ပြန်ဖို့ရန်တာစူလိုက်တော့တယ်။ Zane ကို မြိုခိုင်းထားတာကို ထွေးထုတ်ခိုင်းလိုက်ပြီး Zane ကိုလည်း ထို မဟာသစ်ပင်ပေါ်မှာဘဲ  ထားခဲ့လိုက်တော့သည်။ နောက်တစ်ခါ သစ်ပင်နတ်ဘုရားတပည့်များအတွက် Zane က သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြပေးမယ့် အကူအညီပေးမယ့် လက်ဆောင်တစ်ခုအဖြစ်ချန်ထားရစ်ခဲ့လိုက်တယ်။ Kelvin က ထွက်သွားတော့မယ်ဆိုတော့ William ကလည်း အရင်ထွက်သွားလိုက်တယ်။ နောက်ကမ္ဘာကို သူနဲ့အမြန်ဆုံနိုင်အောင် လုပ်စရာရှိတာတွေ ကြိုလုပ်ထားရအောင်ဆိုပြီးတော့ပေါ့။ Kelvin ကတော့ ဒီကမ္ဘာတစ်ခုလုံးကို သစ်ပင်တွေနဲ့ ဖုံးလွှမ်းတာသေချာပြီဆိုမှ zombies တွေကို သစ်ပင်တစ်ချို့နဲ့ သတ်ကူပြီးမှ ထွက်လာခဲ့လိုက်တယ်။  ထိုကမ္ဘာက လူများအတွက်ကတော့ မြို့တော် H တစ်ခုလုံးကို အထွဋ်အမြတ်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး အစောင့်များပင်ချကာ စောင့်ကြပ်ထားလိုက်တော့တယ်။ Kelvin နဲ့ William ကိုလည်း စစ်ပွဲအတွင်း ဆုံးသွားပြီဟုသာ မှတ်ထင်လိုက်ကြပြီး မဟာသစ်ပင်ကြီးပေါ်က သူတို့အလောင်းကိုတော့ ဘယ်သူမှမမြင်ခဲ့ပေ။ အလောင်းတွေက မပုပ်သိုးသွားဘဲဲနဲ့ မဟာသစ်ပင်ကြီး အစွမ်းကြောင့် သစ်သားရုပ်တုအဖြစ်ပြောင်းလဲသွားကာ ဒီအဖြစ်အပျက်ကြီးကလဲ  ဒဏ္ဍာရီဆန်ဆန် ပြီးသွားတော့တယ်။
------------------------------------------------------------

1:10. A.M.

12.9.2022

Zombies Arc ပြီးပါပြီ။

Zawgyi

      Ardam သည္ မဟာသစ္ပင္ႀကီးေပၚက တျခားၿဂိဳလ္မွလာေသာ သစ္ပင္လူသားဆိုသူကို အျပည့္အဝ ယုံၾကည္လိုက္ေတာ့သည္။ သူသည္ ေခါင္းေဆာင္တစ္ေယာက္ဟူေသာ ဂုဏ္ႏွင့္အညီ ေနာက္ဆုံးေသာzombieနဲ႕ လူသားၾကားတိုက္ပြဲႀကီးကို တိုက္ခိုက္ရန္ အေသအခ်ာျပင္ဆင္ေနေတာ့သည္။ ၿမိဳ႕ေတာ္ H အလယ္ေနရာကေန ခပ္လွမ္းလွမ္း သက္ေတာင့္သက္သာေနနိုင္ေသာ ေနရာကို သြားၿပီး လူတိုင္းကို စုကာ အမိန့္မ်ားေပးေနေတာ့သည္။

     '' ကဲ ငါတို႔ ေနာက္ဆုံး တိုက္ပြဲႀကီးကို တိုက္ဖို႔အတြက္ျပင္ဆင္ၾကရေတာ့မယ္။ ငါတို႔လူသားေတြရဲ႕ေခါင္းေဆာင္ႀကီး ေျပာတာေတြကို ၾကားၿပီးၿပီလို႔ထင္ပါတယ္။ ဒီေတာ့ ဒီသစ္ပင္ေတြ စိုက္ဖို႔ရာအတြက္ျပင္ဆင္ၾကရမယ္။ ပထမဆုံး မီးစြမ္းအင္ပိုင္ရွင္ေတြ၊ အပူစြမ္းအင္နဲ႕ ဆိုင္ရာအစြမ္းပိုင္တဲ့သူေတြက ပင္လယ္ကမ္းစပ္ေနရာေတြကိုသြားရမယ္။ ၿပီးရင္ ပင္လယ္ေရကို အေငြ႕ပ်ံေအာင္ တတ္နိုင္သေလာက္အျမန္လုပ္ၾကမယ္။ ေလစြမ္းအင္ပိုင္ရွင္ေတြက အေငြ႕ပ်ံလာတဲ့ ေရေငြ႕ေတြကို မိုးေပၚကို အျမန္တင္ ေရစြမ္းအင္ပိုင္ရွင္ေတြက ေရေငြ႕ေတြ စုၿပီး မိုးတိမ္ေတြျဖစ္ေအာင္လုပ္ၾကပါ။ ၿပီးမွ ေလစြမ္းအင္ပိုင္ရွင္ေတြက ေနာက္တစ္ႀကိမ္ အစြမ္းနဲ႕ ကႏၱာရနဲ႕ အဲ့အနီးအနားေဒသေတြကို ပို႔ေဆာင္ေပးလိုက္ပါ။ ေရစြမ္းအင္ပိုင္ရွင္ေတြက မိုးတိမ္ေတြကို မိုး႐ြာေအာင္လုပ္ေပးလိုက္ၾကပါ။ ''

    '' မိုးသည္းသည္းမည္းမည္း႐ြာၿပီးရင္ ကႏၱာရေျမေတြကို ေျမေစးေတြ၊ ေျမႀကီးေတြအျဖစ္ေျပာင္းရတာလြယ္သြားၿပီမို႔ ေျမစြမ္းအင္ပိုင္ရွင္ေတြက ကႏၱာရေျမေတြကို အပင္စိုက္လို႔ရတဲ့ ေျမအျဖစ္ေျပာင္းလဲရမယ္။ အဲ့ဒါေတြအကုန္ၿပီးသြားရင္ ဒီ crystal seeds ေတြကို ငါကိုယ္တိုင္လာၿပီး စိုက္မယ္။ ''

     '' က်န္တဲ့လူေတြက ေလစြမ္းအင္၊ ေရစြမ္းအင္၊ ေျမစြမ္းအင္ပိုင္ရွင္ေတြကို ကာကြယ္ေပးရမယ္။ သူတို႔က ကႏၱာရနားသြားရမွာမို႔ အႏၱရာယ္နဲ႕အနီးဆုံးလူေတြျဖစ္လို႔ဘဲ။ ကဲ အားလူံးဘဲ ငါတို႔ရဲ႕ ေနာက္ဆုံးတိုက္ပြဲႀကီးအတြက္ ႀကိဳးစားျပင္ဆင္လိုက္ၾကစို႔။ '' Ardam ဟာ လူသားစစ္တပ္ရဲ႕ေခါင္းေဆာင္ျဖစ္တာနဲ႕အညီ လူေတြကို အမိန့္ေပးနိုင္စြမ္းနဲ႕ က်ိဳးေၾကာင္းဆက္စပ္စဥ္းစားၿပီး ကိစၥေတြကို စီမံနိုင္စြမ္းကေတာ့ ၿပိဳင္ဘက္မရွိေပ။

     '' Kelvin ဒီ Ardam ကတစ္ကယ္ေတာ္တယ္ေနာ္။ အခ်ိန္တိုေလးအတြင္း လူေတြကိုစည္း႐ုံးနိုင္တဲ့အျပင္ ျဖတ္ထိုးဉာဏ္လဲေကာင္းတယ္။ ငါေတာင္ ဒီလိုလုပ္ရမယ္ဆိုတာကို ဒီေလာက္အခ်ိန္တိုအတြင္းစဥ္းစားမိမွာမဟုတ္ဘူး။ ေရစြမ္းအင္ပိုင္ရွင္ေတြကိုဘဲ ေရအေသေလာင္းခိုင္းေနမိမယ္ ထင္တယ္။ ''

    '' Omm ဇာတ္လိုက္တစ္ေယာက္အေနနဲ႕ ဆိုရင္ေတာ့ ပုံမွန္ဘဲလို႔ေျပာရမလားဘဲ။ ဒါေပမယ့္ ခဏေလးအတြင္း ၿပီးျပည့္စုံတဲ့ plan တစ္ခုခ်နိဳင္တာကိုေတာ့ ငါလဲလက္ခံပါတယ္။ သြားစို႔ ငါတို႔လဲ သူခ်ထားတဲ့ plan မွာ ဝင္လုပ္ကူရမယ္မလား။ ေတာ္ၾကာ ငါတို႔ကို မျမင္မွ အေခ်ာင္ခိုေနတယ္ ထင္ဦးမယ္။ '' Kelvin တို႔ဟာစကားေျပာရင္း အလုပ္လုပ္ရမယ့္ေနရာကိုသြားေနတယ္။ Ardam က Kelvin S အဆင့္ေရာက္သြားတာကို အဆင့္တူခ်င္းမို႔ သိလိုက္ေပမယ့္ မအားလပ္တဲ့ကိစၥေတြေၾကာင့္ သြားမေျပာေတာ့ပါဘူး။ လူတိုင္းဟာလဲ ပင္လယ္ဘက္ကို ဦးတည္သြားေနၿပီး plan အတိုင္းေဆာင္႐ြက္ေနၾကပါေတာ့တယ္။  

      ပင္လယ္ေရကို ခမ္းေျခာက္ေအာင္လုပ္ၿပီး မိုးတိမ္အျဖစ္ဖြဲ႕စည္းရာတြင္အခက္အခဲမရွိဘဲ အလြယ္တကူၿပီးသြားေလသည္။ ကႏၱာရေဒသကို မိုးတိမ္မ်ားေ႐ြ႕ၿပီး မိုး႐ြာေအာင္ ျပဳလုပ္ေနေသာအခါတြင္မူ zombies မ်ားက လာေရာက္တိုက္ခိုက္ေလေတာ့သည္။ plan အတိုင္း ကာကြယ္ေပးရမည့္သူမ်ားက zombies မ်ားကို တိုက္ခိုက္ေနၾကေတာ့သည္။ Kelvin ကလည္း ကာကြယ္သူမ်ားထဲတြင္ပါဝင္တာမို႔ zombies မ်ားအတုံးအ႐ုံးက်ဆဳံးၾကရသည္။ William ကေတာ့ မိုး႐ြာေအာင္ကူညီသူမ်ားထဲတြင္ပါဝင္ေနပါသည္။

      သိပ္မၾကာေသာ အခ်ိန္တြင္ ၿဂိဳလ္သားတစ္ခ်ိဳ႕ပါေရာက္လာၿပီး လူမ်ားကို ႏွောင့္ယွက္ေတာ့သည္။ Kelvin က ကိုယ္ေပ်ာက္အစြမ္းသုံးကာအနားသြားၿပီး Zane အား မ်ိဳခိုင္းလိုက္ရာ အဆင့္ ၄ ၿဂိဳလ္သား ၄ ေကာင္သာက်န္ေတာ့သည္။ အဆင့္ ၅ ၿဂိဳလ္သားကေတာ့ SS အဆင့္ ပါမလာတာ ကို ခံစားမိ၍ ထြက္တိုက္စရာမလိုဟု ထင္ထားပုံပင္ ။ သူမသိတာက Kelvin တြင္ အစြမ္း၃ ၄ မ်ိဳးေလာက္ရွိေနတာကိုပင္။ ထို႔ေၾကာင့္ Ardam က အပင္စိုက္ေနရာကေန လုံးဝမေ႐ြ႕မိဘဲနဲ႕ အေျခအေနကို ေစာင့္ေနျခင္းျဖစ္သည္။ သူထင္သည့္အတိုင္းပင္ မၾကာလိုက္ေသာအခ်ိန္အတြင္း ၿဂိဳလ္သားတစ္ေကာင္ ေသသြားတာကို ေအာ္ရာမ်ားအား အာ႐ုံခံျခင္းျဖင့္ သိလိုက္သည္။

    Ardam က Kelvin ကို ယုံၾကည္စြာျဖင့္ လူသားေခါင္းေဆာင္ႀကီးလို႔တင္ျမႇောက္ထားေသာ သစ္ပင္လူသား ခိုင္းေစထားတဲ့ အပင္စိုက္ျခင္းကိုသာ အဓိကထား လုပ္ေနေတာ့သည္။ Kelvin ကလည္း  ၿဂိဳလ္သားေတြကို ေနရာေျပာင္းအစြမ္းျဖင့္ အာ႐ုံေနာက္ေအာင္ ျပဳစားေနၿပီး ႏြယ္ပင္မ်ားသုံးကာပိုက္ကြန္သဖြယ္ ဖမ္းထားသည္။ ႏြယ္ပင္မ်ားတြင္ ဆူးခြၽန္မ်ားပါဝင္သလို ဆူးခြၽန္မ်ားကေန မွတ္ဉာဏ္စြမ္းအင္ျဖင့္ ၿဂိဳလ္သားေတြရဲ႕ ဦးႏွောက္အာ႐ုံေၾကာကို ႏွောင့္ယွက္ထားတာမို႔ ေတာ္႐ုံ မ႐ုန္းနိုင္ၾကေပ။ အလားတူပင္ Kelvin ဟာလည္း ၿဂိဳလ္သား ၄ ေကာင္ေလာက္ကို တစ္ေယာက္တည္း ဒိုင္ခံေျဖရွင္းေနရတာမို႔ တျဖည္းျဖည္း ပင္ပန္းလာေနသည္။

   ထိုအခ်ိန္တြင္ ကႏၱာရေဒသတစ္ခုလုံးကို မိုးမ်ား႐ြာသြန္းလာၿပီး William တို႔လဲေရာက္ရွိလာေတာ့သည္။ Kelvin ကိုရွာမေတြ႕ေသာေၾကာင့္ သူ႕ရဲ႕နတ္ဘုရားအစြမ္းသုံးကာ မ်က္လုံးအျပာေရာင္ေျပာင္းၿပီး လိုက္ရွာေတာ့သည္။ ထိုအခါမွ ကိုယ္ေပ်ာက္အစြမ္းသုံးကာ တိုက္ခိုက္ေနေသာ Kelvin ကို ရွာေတြ႕ေတာ့သည္။ တစ္ဆက္တည္းပင္ ၿဂိဳလ္သား ၄ ေကာင္ကိုလဲ အဖ်ားေပၚတြင္ အက္ဆစ္သုတ္ထားေသာ ေရခဲဓားျဖင့္ ေခါင္းျဖတ္လိုက္ေတာ့သည္။ ေခါင္းေတြကို အက္ဆစ္စားလိုက္ၿပီး အျမဳေတကို သာခ်န္ထားလိုက္သည္။ ထို႔ေနာက္ Kelvin ကို တြဲမွီၿပီး ၿမိဳ႕ေတာ္ H အလယ္က မဟာအပင္ႀကီးဆီ သူ႕ရဲ႕ နတ္ဘုရားအစြမ္းထဲက ေနရာေ႐ြ႕ေျပာင္းအစြမ္းတစ္မ်ိဳးျဖင့္ ထြက္သြားေတာ့သည္။ သူေျပာင္းေ႐ြ႕လိုက္တဲ့အခါ ေရစက္ေလးမ်ားဖြာထြက္လာၿပီး လူက ေပ်ာက္သြားကာ ေလထဲကေန သြားလိုရာအရပ္ကို ေရာက္သြားေတာ့သည္။   

     Kelvin က မဟာသစ္ပင္ႀကီးေပၚတြင္ အားျဖည့္ေနခ်ိန္တြင္ Ardamတို႔ အဖြဲ႕ အပင္စိုက္တာလည္း ၿပီးစီးသြားေတာ့သည္။ Kelvin က ထိုအရာကိုခံစားမိသျဖင့္ မဟာသစ္ပင္ႀကီးနဲ႕ Ardam တို႔စိုက္ထားတဲ့ အပင္ ၁၀ ပင္ကို ခ်ိတ္ဆက္ကာ တစ္ကမၻာလုံးကို အပင္မ်ားေပါက္ေရာက္ေအာင္ အစြမ္းသုံးေနေတာ့သည္။ တစ္ကမၻာလုံး အပင္မ်ားျဖင့္ ဖုံးလႊမ္းသြားမွသာ အဆင့္ ၅ zombies ကို အဆင့္ေက်ာ္စရာမလိုဘဲ အနိုင္ရမွာျဖစ္သည္။

    အဆင့္ ၅ ၿဂိဳလ္သားကလည္း ထိုအရာကို ခံစားမိသျဖင့္ အပင္မ်ားကို ဖ်က္ဆီးရန္ထြက္လာေတာ့သည္။ သို႔ေသာ္ သူ၏ ဦးတည္ရာသည္ သာမည အပင္မ်ားမဟုတ္ ၿမိဳ႕ေတာ္ H အလယ္က မဟာသစ္ပင္ႀကီးသို႔သာျဖစ္သည္။ သူ၏ အာ႐ုံထဲတြင္ ထိုသစ္ပင္သည္သာ အခရာ ဟု ေပၚေနသလိုပင္။

    အပင္မ်ားမ်ားျပားလာမႈေၾကာင့္ သူ႕အစြမ္းအေပၚ သက္ေရာက္မႈရွိေသာ္လည္း အဖ်က္နတ္ဆိုးLeo ရဲ႕ အဖ်က္စြမ္းအားအနည္းငယ္ေၾကာင့္ အမ်ားႀကီး ထိခိုက္ေစျခင္းမရွိေပ။ သာမန္ ၿဂိဳလ္သားဆိုလွ်င္ ၁ ရက္သာ ခံနိုင္ေပမယ့္ သူကေတာ့ Leo ဝင္ေနေသာေၾကာင့္ ၇ ရက္တာ ခံနိုင္ရည္ရွိေနသည္။ သူ႕ရဲ႕အရွိန္ကလဲ ျမန္ဆန္ေနေသာေၾကာင့္ ႏွောင့္ယွက္မည့္သူ မေတြ႕ရဘဲ ၿမိဳ႕ေတာ္ H ကို တန္းတန္းမတ္မတ္ ေရာက္လာေနသည္။

    " William အသင့္ျပင္ထားေတာ့ Leo လာေနၿပီ။ ငါအဖ်က္စြမ္းအားေတြကို ခံစားမိေနတယ္။ '' Kelvin က ေျပာေနရင္း သူလဲ အားအျမန္ျဖည့္ေနတယ္။ ၿဂိဳလ္သားကလည္း မဟာသစ္ပင္ႀကီးရဲ႕ ၅ မိုင္အတြင္းေရာက္လာေသာ္လည္း ဖိအားဒဏ္ကို မခံစားရေပ။ သူ႕ရဲ႕ ပတ္ပတ္လည္တြင္လည္း Leo ရဲ႕ အဖ်က္စြမ္းအားေအာ္ရာမ်ားက ဝန္းရံေနၿပီး အနားဝန္းက်င္က အ႐ြက္ေတြ လည္း ၿငိဳးေျခာက္လာၾကသည္။

     " Kelvin ခဏနားေန။ ငါ အခ်ိန္ဆြဲနိုင္သမွ် ဆြဲထားမယ္။ ၿပီးမွ မင္းဝင္ကူ၊ ဟုတ္ၿပီေနာ္။ ''

    '' Omm မင္းနိုင္တယ္ ထင္ၿပီး တားျမစ္အစြမ္းေတြလဲ မသုံးနဲ႕ေနာ္။ ငါက ဆုံးရႈံးမႈလုံးဝမရွိဘဲနဲ႕ အနိုင္ရခ်င္တာ သိတယ္မလား။ ''

    '' ေအး ငါနားလည္ၿပီ။ မင္းသာအျမန္လုပ္ ၿပီးရင္ ငါ့ကို ကူ။ ''

     William က ဒီတစ္ခါတြင္ေတာ့ မိုးေကာင္းကင္ ေရကမၻာဟု ေရ႐ြတ္ၿပီး မိုးေပၚကေနအက္ဆစ္ မိုး႐ြာခ်ေစသလို ပတ္ဝန္းက်င္တြင္လဲ ေရပင္လယ္လို ျဖစ္ေပၚလာသည္။ သို႔ေသာ္ ထိုအစြမ္းသည္ ပုံရိပ္ေယာင္လိုျဖစ္ၿပီး ၿဂိလ္သားအေပၚတြင္သာ သက္ေရာက္ေအာင္ သူကအသုံးျပဳထားးသည္။ သို႔မွသာ ပတ္ဝန္းက်င္ကို မထိခိုက္ေစသလို Kelvin အတြက္ အခ်ိန္ဆြဲေပးရာလည္း ေရာက္ေစသည္။

    ၿဂိဳလ္သားကလည္း ေခ်ာ္ရည္အစြမ္းျဖင့္ ျပန္လည္တိုက္ခိုက္ေလသည္။ ပင္လယ္ေရျပင္က ေခ်ာ္ရည္ျဖင့္ေတြ႕သျဖင့္ ခဲသြားၿပီး ၿဂိဳလ္သားကို သိပ္မထိခိုက္နိုင္ေတာ့ေပ။ အက္ဆစ္မိုးကလည္း ၿဂိဳလ္သားကို စိတ္အႏွောင့္အယွက္ျဖစ္ေစ႐ုံအျပင္ ဘာမွ မျဖစ္တာမို႔ အခ်ိန္ဆြဲထား႐ုံသာ တတ္နိုင္ခဲ့သည္။

   တစ္နာရီခန့္ၾကာေသာအခါ William ေမာဟိုက္လာၿပီး မိုးေကာင္းကင္ေရကမၻာကလည္း ပ်က္စီးစျပဳလာေလၿပီ။ ထိုအခ်ိန္တြင္ Kelvin က ထလာၿပီး မဟာသစ္ပင္ကေန ႏြယ္ပင္ေတြ သစ္ကိုင္းသစ္ခက္ေတြျဖင့္ တိုက္ခိုက္ေတာ့သည္။ ၿဂိဳလ္သားကလည္း အဖ်က္စြမ္းအားမ်ားသုံးကာ ျပန္လည္တိုက္ခိုက္ရာ Kelvin က မတတ္နိုင္တဲ့အဆုံး အဆင့္တိုးျမႇင့္ၿပီး ျပန္တိုက္ရေတာ့သည္။ အခ်ိန္တိုအတြင္းၿပီးေစရန္အတြက္ Zane ကို ေခၚၿပီးသာ မ်ိဳခိုင္းလိုက္ေတာ့သည္။ သူ အဆင့္တက္ရင္ တက္သလို Zane ကလည္း တက္တာမို႔ မ်ိဳခ်လိဳက္နိုင္ျခင္းျဖစ္သည္။

    Kelvin က Zane ကို ကိုင္ၿပီး '' Leo Leo ျပန္လာစမ္း Leo အဖမ္းခံစမ္း'' 3လို႔ေျပာလိုက္တယ္။ Kelvin ရဲ႕ ရင္ဘတ္ေပၚက ၃ပြင့္ေျမာက္ နတ္ဘုရားပန္းပြင့္က အသီးအျဖစ္ေျပာင္းသြားသလို ၄ ပြင့္ေျမာက္အဖူးကလဲ ပြင့္လန္းလာေတာ့သည္။

         Kelvin က သူ႕ရဲ႕ mission ၿပီးၿပီမို႔ ျပန္ဖို႔ရန္တာစူလိုက္ေတာ့တယ္။ Zane ကို ၿမိဳခိုင္းထားတာကို ေထြးထုတ္ခိုင္းလိုက္ၿပီး Zane ကိုလည္း ထို အဟာသစ္ပင္ေပၚမွာဘဲ ထားခဲ့လိုက္ေတာ့သည္။ ေနာက္တစ္ခါ သစ္ပင္နတ္ဘုရားတပည့္မ်ားအတြက္ Zane က သူ႕ရဲ႕ အေတြ႕အႀကဳံေတြကို ေျပာျပေပးမယ့္ အကူအညီေပးမယ့္ လက္ေဆာင္တစ္ခုအျဖစ္ခ်န္ထားရစ္ခဲ့လိုက္တယ္။ Kelvin က ထြက္သြားေတာ့မယ္ဆိုေတာ့ William ကလည္း အရက္ထြက္သြားလိုက္တယ္။ ေနာက္ကမၻာကို သူနဲ႕အျမန္ဆုံနိုင္ေအာင္ လုပ္စရာရွိတာေတြ ႀကိဳလုပ္ထားရေအာင္ဆိုၿပီးေတာ့ေပါ့။ Kelvin ကေတာ့ ဒီကမၻာတစ္ခုလုံးကို သစ္ပင္ေတြနဲ႕ ဖုံးလႊမ္းတာေသခ်ာၿပီဆိုမွ zombies ေတြကို သစ္ပင္တစ္ခ်ိဳ႕နဲ႕ သတ္ကူၿပီးမွ ထြက္လာခဲ့လိုက္တယ္။  ထိုကမၻာက လူမ်ားအတြက္ကေတာ့ ၿမိဳ႕ေတာ္ H တစ္ခုလုံးကို အထြဋ္အျမတ္နယ္ေျမ တစ္ခုအျဖစ္ သတ္မွတ္လိုက္ၿပီး အေစာင့္မ်ားပင္ခ်ကာ ေစာင့္ၾကပ္ထားလိုက္ေတာ့တယ္။ Kelvin နဲ႕ William ကိုလည္း စစ္ပြဲအတြင္း ဆုံးသြားၿပီဟုသာ မွတ္ထင္လိုက္ၾကၿပီး မဟာသစ္ပင္ႀကီးေပၚက သူတို႔အေလာင္းကိုေတာ့ ဘယ္သူမွမျမင္ခဲ့ေပ။ အေလာင္းေတြက မပုပ္သိုးသြားဘဲဲနဲ႕ မဟာသစ္ပင္ႀကီး အစြမ္းေၾကာင့္ သစ္သား႐ုပ္တုအျဖစ္ေျပာင္းလဲသြားကာ ဒီအျဖစ္အပ်က္ႀကီးကလဲ  ဒ႑ာရီဆန္ဆန္ ၿပီးသြားေတာ့တယ္။
------------------------------------------------------------

1:10. A.M.

12.9.2022

Zombies Arc ၿပီးပါၿပီ။

Continue Reading

You'll Also Like

13.9K 303 19
It's my first time writing an Story so please bear with me. Anyways...... Story: Future Caelus, lost everyone. His friends, family and Comrades...
9.4K 514 38
Liz is an unclaimed kid with no family and no idea of who she is. Her only home is Camp Half-Blood When Camp is at risk of being in the middle of a w...
21.7K 392 11
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...
164K 5.2K 34
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...