ခွင့် (Unicode+Zawgyi)

By mg-yoe-shin

16.4K 977 864

တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။ More

Intro(U+Z)
Chapter-1(U+Z)
Chapter-2(U+Z)
Chapter-3(U+Z)
Chapter-4(U+Z)
Chapter-5(U+Z)
Chapter-6(U+Z)
Chapter-7(U+Z)
Chapter-8(U+Z)
Chapter-9(U+Z)
Chapter-10(U+Z)
Chapter-11(U+Z)
Chapter-12(U+Z)
Chapter-13(U+Z)
Chapter-14(U+Z)
Chapter-15(U+Z)
Chapter-16(U+Z)
Chapter-17(U+Z)
Chapter-18(U+Z)
Chapter-19(U+Z)
Chapter-20(U+Z)
Chapter-21(U+Z)
Chapter-22(U+Z)
Chapter-23(U+Z)
Chapter-24(U+Z)
Chapter-25(U+Z)
Chapter-26(U+Z)
Chapter-27(U+Z)
Chapter-28(U+Z)
Chapter-29(U+Z)
Chapter-30(U+Z)
Chapter-31(U+Z)
Chapter-32(U+Z)
Chapter-33(U+Z)
Chapter-34(U+Z)
Chapter_35(U+Z)
Chapter-36(U+Z)
Chapter-37(U+Z)
Chapter_38(U+Z)
Chapter-39(U+Z)
Chapter-40(U+Z)
Chapter_41(U+Z)
Chapter-42(U+Z)
Chapter-43(U+Z)
Chapter-44(U+Z)
Chapter-46(U+Z)
Chapter-47(U+Z)
Chapter-48(U+Z)

Chapter-45(U+Z)

159 10 6
By mg-yoe-shin

မျက်လုံးနှစ်လုံး မဖွင့်ခင်ကတည်းက ကြားနေရသည့် ဖုန်းnotiများကြောင့် အက္ခရာသစ်လွင် အိပ်ယာမှ နိုးလာခဲ့ရသည်။ အိပ်ယာဘေးမှာ ချထားသည့် ဖုန်းအား လက်ဖြင့် စမ်းရင်း ယူကြည့်မိတော့ Smsများစွာ က ဆီးကြိုနေသည်။ အတိအကျပြောရရင် ၂၄စောင်။ ဦးတစ်ယောက်တည်းထံမှ ဖြစ်သည်။ "အိပ်ယာနိုးပြီလား။ သက်သာရဲ့လား။" စသည့် မေးခွန်းပေါင်းများစွာနှင့် စိတ်ပူနေကြောင်း စာတိုများသာ။

အက္ခရာ ချက်ချင်းစာမပြန်သေးဘဲ နေလိုက်သေးသည်။ နေလို့မရပါ။ ဦးထံမှ စာတိုတစ်စောင် ထပ်မံဝင်လာသည်။
"လွမ်းတယ်"တဲ့။ ထိုစာတိုလေးကြောင့် အက္ခရာရင်တွေ တသိမ့်သိမ့်တုန်သွားရသည်သာ။ ဒါတွေက အပိစကားမဟုတ်မှန်းလည်း သူသိပါသည်။ မနေ့ညကတည်းက အိမ်မှာအိပ်ချင်သည်ဟု တဖွဖွပြောခဲ့သော ဦးကို ချော့မော့ကာ ပြန်လွှတ်လိုက်ရသည်။ ဒါကလည်း သူ့ကိုစိတ်ပူလို့ဆိုတာ သိပေမယ့် ဖေဖေနဲ့မေသက် ရိပ်စားမိသွားရင်
မကောင်းနိုင်တာကြောင့်လည်း ဖြစ်သည်။

"ကျွန်တော်လည်း ဦးကို လွမ်းတယ်"ဟု စာပြန်ပို့လိုက်ပြီး မကြာမှီ ဦးထံမှ ဖုန်းဝင်လာသည်။ ဖုန်းကိုင်လိုက်သည်နှင့် စိုးရိမ်ခြင်းနှင့်အတူ ပျော်ရွှင်မှု‌တို့ရောစွက်နေသည့် ဦးအသံက ခပ်ဆာဆာဖြင့် လေလှိုင်းက တစ်ဆင့် သူ့နားစည်ထဲသို့ ဝင်ရောက်လာသည်။

"ချာတိတ်ရာ စိတ်ပူလိုက်ရတာကွာ။ သက်ရောသက်သာပါ့မလားလို့။ ညကသိပ်တောင် အိပ်မပျော်ဘူး။ ကြက်အိပ်ကြက်နိုးနဲ့ပဲ မိုးလင်းသွားရတာ"

"အက္ခရာ သက်သာပါတယ် ဦးရဲ့။
စိတ်မပူနဲ့တော့နော်"

"ဟာကွာ စိတ်မပူလို့ ဘယ်ရမလဲ။ဦးမှာ စိတ်ပူရမယ့်သူဆိုလို့ ချာတိတ်တစ်ယောက်ပဲ ရှိတာလေကွာ"

ဦးက အကဲပိုလိုက်တာဟု ကလူချင်ပေမယ့် တကယ်တမ်းကျမပြောဖြစ်ခဲ့ပါ။

"ချာတိတ်"

"ဗျာ"

"‌တော်ပါသေးရဲ့ ချာတိတ်အသံလေးကြားလိုက်ရမှပဲ ကိုယ့်ရင်ထဲကအလုံးကြီး ကျသွားတော့တယ်။ ဒါနဲ့ ချာတိတ် ဒီနေ့အလုပ်နားချင် နားလေ"

"ဟာ မနားပါဘူး။ ဦးကလဲ"

"နားချင်နားပါကွာ"

"မနားချင်ပါဘူး။ အိမ်မှာ နားနေရမှာပျင်းတယ်"

"ချာတိတ် သဘောပါဗျာ။ ကဲ ဒါဆိုလည်း ခဏနေ ကိုယ်လာခေါ်မယ်နော်"ဟုပြောပြီး ဖုန်းချသွားလေသည်။ သံယောဇဉ်အနှောင်အဖွဲ့ တွယ်တာစရာသိပ်မရှိတော့သည့် ဦးက သူ့ကို အရမ်းချစ်ကာ ဂရုစိုက်နေတာမြင်တော့ စိတ်ထဲမှာ မကောင်းရ။ အချစ်ခံရတာက ပင်ပန်းတယ်လို့ လူတစ်ချို့က ပြောကြပေမယ့် ဦးရဲ့ ဂရုစိုက်မှုတွေကို သူ မငြိုငြင်ပါ။ ဦးရဲ့ စိုးရိမ်လွန်ကဲမှုတွေကိုလည်း သူ နားလည်ပါသည်။ ခဲမှန်ဖူးသည့်စာသူငယ်လို အရင်က သိပ်ချစ်ရသည့် သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးထားရသည့် ဦးလို လူတစ်ယောက်က သူတွယ်တာရသည့် လူတွေကို ဂရုစိုက်ပြီး စိုးရိမ်ပေးတာက အပြစ်မှ မဟုတ်တာလေ...။

ဦးကို အက္ခရာချစ်သည်။
အသက်အရွယ်က အများကြီးကွာခြားနေ၍ ဖေဖေနှင့် မေသက်၊ ပြီးတော့ မာမီတို့ သဘောမတူမှာ ဆိုးလှသည်။သူ့စိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားသော်လည်း ချစ်ရသူမှာ အမျိုးသားတစ်ဦး၊ နောက်ပြီး အသက်အရွယ်ကွာခြားလွန်းသည့် လူတစ်ယောက်ဆိုတာ ငြိုငြင်မှာဆိုးမိသည်။

"ခဏနေ ကိုယ်လာခေါ်မယ်နော်"ဟူသည့် ဦးစကားကို ပြန်ကြားယောင်လာရတာမို့ ဘာမှသိပ်စဉ်းစားမနေတော့ဘဲ အိပ်ယာ ကမန်းကတန်းထကာ ရေချိုးရသည်။ ပြီးနောက် ဖြီးလိမ်းပြင်ဆင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

"သားငယ်က ဒီနေ့ တယ် ဝီရိယရှိလှချေလား"

သူ အပေါ်ထပ်မှ လှေကားမှအဆင်း မီးဖိုထဲမှ ထွက်လာသည့် မေသက်နှင့် ပက်ပင်းတွေ့သည်။ မေသက်ကတော့ ဘာတွေသဘောကျနေသည်မသိ။ ပြုံးစိစိနှင့်။

"မေသက်လည်း သားက အမြဲတမ်းပုံမှန်ပါပဲနော်။"

"ဟုတ်ပါပြီရှင် ဟုတ်ပါပြီ။ မေသက်အမှတ်မှားတာပဲ နေမှာပါ"

"ဒါနဲ့ မေ‌သက်။ ‌ဖေဖေအလုပ်သွားပြီလားဟင်"

"မသွားသေးပါဘူးတော် သတင်းစာဖတ်နေတယ်။ သားနဲ့လည်း စကားပြောစရာရှိနေတယ်တဲ့"

"အရေးကြီးတယ်တဲ့လား"

"ဘယ်သိပါ့မလဲတော်။ ကဲ သားဖချင်းစကားသွားပြောချေဦး။ မေသက် ကော်ဖီဖျော်ခဲ့မယ်"

"ဟုတ်"

‌ဖေ‌ဖေက သူ့ကို ပြောစရာရှိနေသတဲ့။ သူ့မှာလည်း ဖေဖေ့ကို ဖွင့်ပြောပြထားစရာရှိပါသည်။ ဦးနဲ့ ချစ်သူဖြစ်တာ သိပ်မကြာသေးပေမယ့် ဖေဖေ့ကို ဖွင့်ပြောပြထားချင်သည်။ သူ့စိတ်ကြိုက် ရွေးချယ်ခွင့်ပေးထားသည်မှန်ပေမယ့်လည်း ပြောပြထားဖို့ လိုအပ်သည်ပင်။

"သားငယ် လာ"

ဖေဖေက ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေရင်းမှ သူ့ခြေသံခပ်ဖွဖွကြောင့် သတိထားမိသွားသည်။ ဖတ်လက်စသတင်းစာအား စားပွဲပေါ်တင်သည်။ အက္ခရာ ဖေဖေနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်မိသည်။

"ဖေဖေ သားကို ပြောစရာရှိ‌တယ်ဆို"

"အင်း။"

"ဘာများလဲ ဖေဖေ"

"သား မာမီနဲ့စကားရောပြောဖြစ်လား"

"ဟင့်အင်း ဒီရက်ပိုင်း သိပ်မပြောဖြစ်ဘူး ဖေဖေ"

ဟုတ်သည်။ မာမီနှင့် စကားမပြောဖြစ်တာ အလုပ်ဝင်ကတည်းကဖြစ်သည်။ အလုပ်တစ်ဖက်နှင့်မို့ အချိန်သိပ်မအားတာလည်း ပါသည်။ ဦးနဲ့ကိစ္စကိုလည်း မာမီကို ပြောရဦးမည်သာ။

"သား မာမီရှေ့လမှာ အလည်ပြန်လာမယ်လို့ ဖေဖေ့မိတ်ဆွေက သတင်းပါးတယ်"

"ရှေ့လ"

"အင်းဟုတ်တယ် သား"

"သားကို မပြောပြဘူးလား"

"ဟင့်အင်း မာမီ သားကို ဆက်သွယ်မလာသေးဘူး"

"အင်း မအားသေးလို့နေမှာပါ။ ဖေဖေက သားသိထားအောင်ပြောပြတာ"

"ဟုတ်ကဲ့ ဖေဖေ"

မာမီပြန်လာမည့်အကြောင်း သူမသိပါ။ မာမီနှင့် မတွေ့ရတာ အတော်ပင်ကြာပြီဖြစ်သည်။ ပြန်လာမှာကို မာမီဘာကြောင့် သူ့ကို မပြောတာပါလဲ။ သူ့ကို Surprise လုပ်ချင်၍လား။ ဒါမှမဟုတ် မာမီသူ့ကို မေ့လျော့နေခဲ့သလား။ ညကျမှ မာမီကို စိတ်ကောက်ရမည်။

ခဏကြာတော့ ကော်ဖီ လင်ဗန်းကိုင်ကာ
မေသက် ရောက်ချလာသည်။

"ကို။ ကို့သားကရော ကို့ကို ပြောစရာရှိနေသလား မေးစမ်းကြည့်ပါဦး"

မြတ်စွာဘုရား။
မေသက်က သူပြောစရာရှိနေတာကို သိနေတာလား။ မေသက်စကားကြောင့် အက္ခရာသစ်လွင်၏ မျက်နှာအား ရေနွေးနှင့်ပက်ခံရသလို ပူထူသွားရပါသည်။

မေသက်တည့်ပေးသည့် စကားလမ်းကြောင်းပေါ် အသာအယာလျှောက်သွားလို့ရပေမယ့် သူ ဘယ်ကဘယ်လို စပြောရမှန်းမသိ။

"သားငယ်"

"ဗျာ"

"ပြောစရာရှိနေတာလား ပြောလေ"

"ဟုတ်ဟုတ်ကဲ့ ဖေဖေ"

ဖေဖေက အေးဆေးတည်ကြည်စွာ ပြောလေသည်။ မေသက်ကတော့ ပြုံးစိစိနှင့် သူ့ကို ပြောချင်တာအား ပွင့်ပွင့်လင်းလင်းပြောဖို့ အားပေးနေဟန်။

"ဖေဖေ ဟိုလေ..အင်း ဟို"

"ဘာ‌တွေဟိုဟို ဒီဒီဖြစ်နေတာလဲကွာ။ ပြောစရာရှိ ပွင့်ပွင့်လင်းလင်းပြောစမ်းပါကွယ်...ရှိတာမှ မိသားစုသုံးယောက်။ အင်း ဒီလိုဟိုဟိုဒီဒီနဲ့ ပြောဖို့ရွံ့နေပုံ ထောက်ရင် ရည်းစားသညာ ကိစ္စများလား"

"ဗျာ"

ဖေဖေက သူပြောမည့်စကားတွေကို အတပ်သိနေပါလား။ အင်းလေ ဖေဖေလည်း ငယ်ရာက ကြီးလာတာပဲဟာ။ ဒီလောက်တော့လည်း အကင်းပါးလိမ့်မပေါ့လေ။ ဖေဖေတည့်မတ်ပေးလာသည့် လမ်းမပေါ် သူလျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဟုတ်ပါတယ် ဖေဖေ။ သား ဖေဖေနဲ့မေသက်ကို ပွင့်ပွင့်လင်းလင်း ပြောပြထားချင်ရုံပါ။"

"အင်း"

ဖေဖေက သူ့စကားကို ‌"အင်း"ဟူ၍ ခပ်တိုတိုဖြင့်သာ ဆက်ပြောဖို့ စကားထောက်ပေးသည်။ သူ ဆက်ပြောဖို့ စကားရှာရမည်။

"ဟို သားမှာ ချစ်ရမယ့်သူရှိနေပါပြီ"

"အင်းပေါ့။ သားလည်း အရွယ်ရောက်နေပြီပဲဟာ ဒါက အပြစ်မှမဟုတ်တာ"

"ဒါပေမယ့်"

သူ ဆက်ပြောဖို့ တွန့်ဆုတ်နေသည်။ "သား ချစ်သူက မနေ့ညက အိမ်အထိရောက်လာခဲ့တဲ့လူကြီး။ ဖေဖေနှင့်အသက်သိပ်မကွာတဲ့လူကြီး။ နောက်ပြီး သားချစ်သူက အမျိုးသားတစ်ဦးပါ ဖေဖေ" ဟူ၍ စိတ်ထဲကသာ ခပ်တိုးတိုးဖြေနေမိသည်။ ဒီစကားကို ကျွန်တော်ပြောဖို့ တွန့်ဆုတ်နေရတယ်ဆိုတာ မငြင်းချင်ပါဘူးလေ။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဦးရယ်..။ ဖေဖေက သဘောမတူဘဲ ကန့်ကွက်ခဲ့ရင် ကျွန်‌တော်ရင်ကွဲရလိမ့်မယ်။

"သားငယ်"

"ဗျာ ဖေဖေ"

"ပြောဖို့ ခက်ခဲနေရင်လည်း မပြောပါနဲ့တော့ကွယ်။ ဖေဖေလည်း ငယ်ရာက ကြီးလာတဲ့သူပါ။ ရိပ်စားမိပါတယ်။ ဘယ်သူဖြစ်ဖြစ်၊ ဘယ်လိုလူဖြစ်ဖြစ် သားသဘောတကျ ရွေးချယ်ထားတဲ့လူပဲကွယ် ဖေဖေတို့ သဘောတူပါတယ်။ အဲ့ဒီလူကိုလည်း မနေ့ညကတည်းက ဖေဖေနဲ့ သားရဲ့မေသက်တို့ အကဲခတ်ကြည့်ပြီးပါပြီ။ သား ရွေးချယ်မှု မမှားဘူးလို့ ဖေဖေတို့ ယုံကြည်ပါတယ်ကွယ်.."

ဗုဒ္ဓေါ။ ဖေဖေက ဦးနဲ့သူရဲ့ အကြောင်းကို သိနေတာတဲ့လား။ နောက်ပြီး သဘောတူပါသတဲ့လား။

"ကျေးဇူး ကျေးဇူးတင်ပါတယ် ဖေဖေ"

ရင်ထဲတွင် ကျေနပ်ပီတိမှုလှိုင်း အပြည့်ဖြတ်သန်းသွားရပါသည်။ မနက်စာ မစားရသေးပါဘဲနဲ့ ဗိုက်ပြည့်သွားရပါသည်။ အချစ်စွမ်းအား ဒီလောက်စွမ်းပါလားနော်။
ဦးသာ သိလျှင် ဘယ်လောက်များ ပျော်ရွှင်နေလိမ့်မည်လဲ။

ထိုအခိုက် အိမ်ထဲသို့ ခပ်ဖြည်းဖြည်းဝင်လာသည့် ကားတစ်စင်း။ ကားပိုင်ရှင်ဟာ ဦးဆိုသည့် အသိကြောင့် ရင်ခုန်သံများ ဝုန်းဒိုင်းကျဲသွားရသည်။ အသက်ရှည်နေဦးမည့် ချစ်ရတဲ့ ဦး။ အတွေးတောင်မဆုံးလိုက် သူ့အနားသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာလေပြီ။

အိမ်ရှေ့မှာ ကားရပ်ပြီးသည်နှင့် အိမ်ထဲဝင်လာသည့် ဦးအား ခရီးဦးကြိုပြုရ‌သည်။ စတွေ့တွေ့ချင်းပင် စိတ်ပူနေကြောင်း၊ နေကောင်းတာ မှန်ရဲ့လား၊ အလုပ်နားချင်လျှင် နားစေလိုကြောင်း ကပ်တိုးလေးဖြင့် တဖွဖွပြောလေသည်။ ဒီလူကြီးကလေ သိပ်ပြီး ပွစိစိလုပ်တာပါ။

အိမ်ထဲရောက်သည်နှင့် ဖေဖေနှင့် စကားစမြည်ပြောကြသည်။ သူနှင့်ဆိုလျှင် စကားသွက်ပြီး ဖျတ်လတ်နေသည့် ဦးဟာ ဖေဖေရှေ့ကျ ငြိမ်သွားသည်။ အင်းလေ ယောက္ခမရှေ့၌ အမှတ်လျော့မှာ
စိုးနေသည်ထင့်။

"ဦးထိန်လင်းအောင် မနက်စာစားခဲ့ပြီလား"

"မစားရသေးဘူး အစ်ကိုကြီး။ ချာတိတ်ကိုခေါ်ပြီး အပြင်မှာပဲ သွားစားကြမလို့ပါ"

"သားငယ်က ခုထိ ကလေးစိတ်ပဲမို့ ဦးထိန်လင်းအောင်ကပဲ အလုပ်မှာရော အပြင်မှာရော အမြင်မတော်တာရှိ ဆုံးမပေးပါ ခင်ဗျာ"

"ဒါတော့ စိတ်ချပါအစ်ကိုကြီး။"

ထိုစကားဝိုင်းတွင် အက္ခရာသည် ဘေးလူသက်သက်သာပင်။ ယောက္ခမနှင့် သားမက်နှင့် အပေးအယူတည့်ကာ ပြောလိုက်သည့် စကားများ မဆုံးနိုင်ကြတော့။

"ဆရာ အလုပ်နောက်ကျနေရော့မယ် သွားရအောင်လေ"

အက္ခရာ ဦးကို သွားကြဖို့ ဆော်ဩရသည်။ထိုအခါကျမှသာ ဖေဖေနှင့်စကား ပြတ်ကြရတော့သည်။ မေသက်ကတော့ သူ့ပုံစံအတိုင်း ဘာမှဝင်မပြော ခပ်ပြုံးပြုံးပင်။

"ကျွန်တော့်ကို ခွင့်ပြုပါဦး အစ်ကိုကြီး။ကျွန်တော် နယ်ဘက်က ဆောက်လုပ်ရေးတစ်ခုအတွက် စီစဥ်စရာလေးတွေလည်း
ရှိနေသေးလို့ပါ"

"ဟုတ်ပါပြီ။နောင်လည်း အိမ်ကို မကြာမကြာ ဝင်ထွက်ပါ"

"စိတ်ချပါ အစ်ကိုကြီး"

အင်း။ ဖေဖေကတော့ အဆင်းကို ဘီးတပ်ပေးနေပြန်ပါပြီကောလေ။

ခပ်ဖြည်းဖြည်းမောင်းနှင်လာသည့် ကားလေးသည် ကော်ဖီဆိုင်တစ်ဆိုင်ရှေ့တွင် ငြိမ့်ခနဲ ထိုးရပ်သည်။ ပြီးနောက် Diver Seatမှာထိုင်နေသည့် ဦးသည် ကားပေါ်မှဆင်းကာ သူ့ကို ကားတံခါးဖွင့်ပေးသည်။ ထိုအခိုက်အတန့်ဟာ နွေးထွေးစရာကောင်းတယ်ဟုဆိုရပေမယ့် တကယ်တမ်းကျ အားနာနေရသည်ပင်။

ကော်ဖီဆိုင်ရှေ့တွင် ရပ်ထားသည့် ကားအနည်းငယ်ရှိသည်။ တကယ့်မှ အနည်းငယ်။ ရေတွက်လို့ပင်ရသည်။ ထိုအထဲမှာမှ သူနှင့်မစိမ်းသက်သည့် ကားတစ်စီး။ဘယ်သူကားပါလိမ့်ဟု စဉ်းစားလည်း အဖြေကား ချက်ချင်းမပေါ်။ သေချာသည်က သူထိုကားကို ရင်းနှီးနေသည်သာ။

"ချာတိတ် သွားမယ်လေ"

"ဗျာ ဟုတ်"

"ဘာလဲ အသိကားလား"

"အင်း ဟုတ်မယ်ထင်တယ်"

"ဟောဗျာ သေချာမသိဘူးလား"

အက္ခရာ တကယ်မမှတ်မိတာပါ။ သေချာတာကတော့ ဒီကားဟာ သူနဲ့ စိမ်းသက်မနေဘူးဆိုတာပါပဲ။ သို့သော် ကားပိုင်ရှင် ဘယ်သူလဲဆိုတာ သေချာမသိပြန်။ သိပ်စဉ်းစားမနေတော့ဘဲ ဦးနှင့်အတူ ကော်ဖီဆိုင်ထဲ ဝင်လာခဲ့လိုက်သည်။

"ဟိတ်ကောင် သစ်လွင်"

ဟင်။ အာသာ။
ကော်ဖီဆိုင်ထဲဝင်ဝင်ချင်း အပေါက်ဝတွင် အာသာရှင်းသန့်နှင့် ရှောင်လွှဲမရအောင် တည့်တိုးတိုးပါသည်။ ဆိုင်ရှေ့မှာ ရပ်ထားတာလည်း အာသာ့ကားမဟုတ်ပါဘူး။ ထင်ယောင်ထင်မှားတွေများ ဖြစ်နေသလား။

ဒီအာသာ အစုတ်ပလုတ်နဲ့ တွေ့လည်း တွေ့တတ်ပါဘိ။ မနေ့ကလည်း ဆေးရုံမှာ တွေ့ခဲ့ရပြီးပြီ။ ဒီနေ့လည်း ကော်ဖီဆိုင်မှာ ထပ်တွေ့ရပြန်ပြီ။ ချစ်သူရည်းစားနဲ့မှ ထိုင်လို့ကောင်းတဲ့ ကော်ဖီဆိုင်ကို ဒီကောင် ဘယ်သူနဲ့လာတာပါလိမ့်။

"သစ်လွင်"

"ဘာလဲကွာ"

"မင်းကလဲ ဘာဖြစ်ရပြန်တာလဲ မျက်နှာက ဘာလဲ သူခိုးလူမိလို့လား"

"အာသာ မင်းနော်။ ငါက ဘာကိစ္စသူခိုးလူမိရာမှာလဲ မင်းကိုပြောပြဖို့ ရည်ရွယ်ပြီးသား"

"အေးပါကွာ။ သူခိုးလူမိတော့လည်း မငြင်းသာတော့ဘူးပေါ့"

အာသာရှင်းသန့်က ခပ်ထေ့ထေ့စကားဆိုသည်။ ဟုတ်သည်။ ဦးနဲ့ချစ်သူဖြစ်နေပြီဆိုတဲ့အကြောင်း အရင်းနှီးဆုံးသူငယ်ချင်း အာသာ့ကို မပြောပြရသေး။ ဒါကြောင့် ဒီကောင် စကားနာထိုးနေတာ။

"မင်း ပြန်တော့မှာလား"

"မပြန်သေးပါဘူး။ ပစ္စည်းလာပို့မယ်ပြောလို့ အပြင်ထွက်စောင့်မလို့"

"ဪ"

"ဒါနဲ့ မင်းကရော ဒီကိုဘာလာလုပ်တာလဲ"

"ဘာလုပ်ရမှာလဲ ငါလည်း ငါ့ဘဲကြီးနဲ့လာတာပေါ့ကွ"

"ဘယ်မှာလဲ မင်းဘဲကြီးက"

"ဟိုဘက်ထောင့်စွန်းအကွယ်မှာ..ကဲပါ လာ ငါတစ်ခါတည်းမိတ်ဆက်ပေးမယ်။ ငါက မင်းလို မလျိုတတ်ဘူးနော် သစ်လွင်"

"အေးပါကွာ မိကျောင်းသား စကားများလိုက်တာ"ဟု၍ စကားဖြတ်ရသည်။ နို့မို့ဆို အာသာက သူ့ကို အပီအပြင် ပြောနေဦးမှာ။

"ဦး အတူတူထိုင်လို့ ဖြစ်တယ်မလား"

"ဖြစ်ပါတယ် ချာတိတ်ရ"

ဦးထံမှ ခွင့်ပြုချက်ရသည်နှင့် အာသာခေါ်ဆောင်ရာ စားပွဲဝိုင်းလေးဆီ လိုက်လာခဲ့ရသည်။ စားပွဲဝိုင်းတွင် လူတစ်ယောက် ထိုင်နေသည်။ အဝေးက ခပ်ရေးရေးမြင်လိုက်တာနှင့် ဘယ်သူလဲဆိုတာ အက္ခရာမှတ်မိနေပြီ။ အပြင်မှာတွေ့ခဲ့တဲ့ ကားပိုင်ရှင်ပေါ့။ အင်း ကြုံတတ်ဆုံတတ်ပါပေ့ လောကကြီးရယ်...။

"ဦးခန့်"

မထင်မှတ်ထားတာကြောင့် အသံကလေးထွက်ကာ ခေါ်လိုက်မိခြင်းပင်။ ဦးခန့်။
သူ ဒုက္ခရောက်ချိန်တိုင်း ဆုံတတ်သည့် ဦးခန့်။ ‌အကူအညီပေးပြီးတိုင်း ကော်ဖီဝယ်တိုက်ရမယ်ဟု စနောက်တတ်သည့် ဦးခန့်။
ဦးခန့်ကို အာသာအစုတ်ပလုတ်က ဘဲကြီးလိုခေါ်သတဲ့။ ဒါဆို အာသာနဲ့ ဦးခန့်က ချစ်သူတွေပေါ့။

"ချာတိတ် ကိုယ်တို့ ထပ်ဆုံရပြန်ပြီ"

"ဘဲကြီးက သစ်လွင်နဲ့သိတယ်"

အာသာက သူတို့နှစ်ယောက်ကို ကြည့်ရင်းပြောသည်။ ဦးခန့်က ချစ်စရာကောင်းအောင် ပြုံးပြီးနောက်

"သိတာပေါ့။ အဲ့ဒီချာတိတ်က တကယ့်ဒုက္ခအိုးပဲဟာ"

"ဦးခန့်ကလဲ အာသာ့အားကိုးနဲ့ ကျွန်တော့်ကို နှိပ်ကွပ်နေပြန်ပါပြီ"

"ချာတိတ် ကိုယ့်ကိုလည်း မိတ်ဆက်ပေးဦးလေ"

ဟာ ဟုတ်သားပဲ။ ဦးကို ပစ်ထားသလိုဖြစ်ရပြီ။ သူ့အနားနားသို့ ခပ်တိုးတိုးပြောလာမှ အက္ခရာ မိတ်ဆက်ပေးဖို့ သတိရရတော့သည်။

"ဦး ဒါက ကျွန်တော့်သူငယ်ချင်း မနေ့က ဆေးရုံမှာ မိတ်ဆက်ပေးခဲ့တဲ့ တစ်ယောက်။ ဒီဘက်က အာသာ့ရဲ့ ဘဲကြီး ဦးမင်းဟိဏ်းခန့်တဲ့။ သူကလည်း ဦးလိုပဲ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုထောင်ထားတယ်လေ။ ဦးခန့် ဒါက အက္ခရာ့ချစ်သူ ဦးထိန်လင်းအောင်တဲ့"

အက္ခရာကပင် နှစ်ဦးနှစ်ဖက်အား မိတ်ဆက်ပေးနေမိသည်။ အာသာကတော့ ငြိမ်၍သာနားထောင်နေသည်။ သူတို့လေးယောက်ထိုင်နေသည့် စကားဝိုင်းလေးတွင် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ထိုတိတ်ဆိတ်မှုအား ပယ်ဖျက်လိုက်သည့် စကားသံတို့ကြောင့် အက္ခရာသစ်လွင်နှင့် အာသာရှင်းသန့်တို့ သူငယ်ချင်းနှစ်ယောက် အံ့ဩမှုတို့ စိုးမိုးသွားခဲ့ရသည်။

"ဟိဏ်းခန့်"

"ကိုထိန်"

တစ်ယောက်ကို တစ်ယောက် ရင်းနှီးစွာ ခေါ်ပြီး အနှစ်နှစ်အလလက ကွဲကွာသွားခဲ့ကြသည့် မိတ်ဆွေများ ပြန်တွေ့ကြ၍ နှစ်ထောင်းအားရဖြစ်ကြသည်ဟန် ‌ပွေ့ဖက်ကြသည်။ ဦးနှင့် ဦးခန့်တို့ဟာ တက္ကသိုလ်ကျောင်းသား ဘဝကတည်းက အဆောင်နေတစ်ခန်းတည်း သူငယ်ချင်းတဲ့။
ညီအစ်ကိုအရင်းလို ခင်မင်ခဲ့ကြပြီး အမှတ်တရများစွာရှိခဲ့ကြောင်း  ဝမ်းသာအားရပြောပြသည်။

ကံကြမ္မာက ဆန်းကြယ်လိုက်တာနော်..။

"ကျောင်းပြီးကတည်းက ငါတို့ မတွေ့ရတော့တာ ခုတော့ မထင်မှတ်ဘဲ ငါတို့ပြန်တွေ့ကြရပြီ"

"ဟုတ်တယ် ကိုထိန်ရာ။ ရှာရင်တွေ့ချင်မှ တွေ့လိမ့်မယ် ခုတော့ ဝမ်းသာလိုက်တာ ကိုထိန်ရာ။"

"ငါလည်း ဝမ်းသာတယ် ဟိဏ်းခန့်ရာ။ မင်း ရန်ကုန်ကို ကျောင်းပြောင်းသွားကတည်းက မတွေ့ရတော့တာ"

"ဒါနဲ့ နောင်ရိုးတစ်ယောက်ရော ကိုထိန်"

ဦး မျက်နှာကွက်ခနဲ ပျက်သွားသည်။
သူ့ရင်သည်လည်း ဆစ်ခနဲ အောင့်သွားရသည်။ ဘာကြောင့်များလဲ...။

_နောက် သုံးလေးပိုင်းဆို အဆုံးသတ်တော့မယ်နော်။ ဖတ်ပေးတဲ့သူ သိပ်မရှိပေမယ့်လည်း အဆုံးသတ်ရတော့မယ်။

Zawgyi Version

မ်က္လုံးႏွစ္လုံး မဖြင့္ခင္ကတည္းက ၾကားေနရသည့္ ဖုန္းnotiမ်ားေၾကာင့္ အကၡရာသစ္လြင္ အိပ္ယာမွ နိုးလာခဲ့ရသည္။ အိပ္ယာေဘးမွာ ခ်ထားသည့္ ဖုန္းအား လက္ျဖင့္ စမ္းရင္း ယူၾကည့္မိေတာ့ Smsမ်ားစြာ က ဆီးႀကိဳေနသည္။ အတိအက်ေျပာရရင္ ၂၄ေစာင္။ ဦးတစ္ေယာက္တည္းထံမွ ျဖစ္သည္။ "အိပ္ယာနိုးၿပီလား။ သက္သာရဲ႕လား။" စသည့္ ေမးခြန္းေပါင္းမ်ားစြာႏွင့္ စိတ္ပူေနေၾကာင္း စာတိုမ်ားသာ။

အကၡရာ ခ်က္ခ်င္းစာမျပန္ေသးဘဲ ေနလိုက္ေသးသည္။ ေနလို႔မရပါ။ ဦးထံမွ စာတိုတစ္ေစာင္ ထပ္မံဝင္လာသည္။
"လြမ္းတယ္"တဲ့။ ထိုစာတိုေလးေၾကာင့္ အကၡရာရင္ေတြ တသိမ့္သိမ့္တုန္သြားရသည္သာ။ ဒါေတြက အပိစကားမဟုတ္မွန္းလည္း သူသိပါသည္။ မေန႕ညကတည္းက အိမ္မွာအိပ္ခ်င္သည္ဟု တဖြဖြေျပာခဲ့ေသာ ဦးကို ေခ်ာ့ေမာ့ကာ ျပန္လႊတ္လိုက္ရသည္။ ဒါကလည္း သူ႕ကိုစိတ္ပူလို႔ဆိုတာ သိေပမယ့္ ေဖေဖနဲ႕ေမသက္ ရိပ္စားမိသြားရင္
မေကာင္းနိုင္တာေၾကာင့္လည္း ျဖစ္သည္။

"ကြၽန္ေတာ္လည္း ဦးကို လြမ္းတယ္"ဟု စာျပန္ပို႔လိုက္ၿပီး မၾကာမွီ ဦးထံမွ ဖုန္းဝင္လာသည္။ ဖုန္းကိုင္လိုက္သည္ႏွင့္ စိုးရိမ္ျခင္းႏွင့္အတူ ေပ်ာ္႐ႊင္မႈတို႔ေရာစြက္ေနသည့္ ဦးအသံက ခပ္ဆာဆာျဖင့္ ေလလွိုင္းက တစ္ဆင့္ သူ႕နားစည္ထဲသို႔ ဝင္ေရာက္လာသည္။

"ခ်ာတိတ္ရာ စိတ္ပူလိုက္ရတာကြာ။ သက္ေရာသက္သာပါ့မလားလို႔။ ညကသိပ္ေတာင္ အိပ္မေပ်ာ္ဘူး။ ၾကက္အိပ္ၾကက္နိုးနဲ႕ပဲ မိုးလင္းသြားရတာ"

"အကၡရာ သက္သာပါတယ္ ဦးရဲ႕။
စိတ္မပူနဲ႕ေတာ့ေနာ္"

"ဟာကြာ စိတ္မပူလို႔ ဘယ္ရမလဲ။ဦးမွာ စိတ္ပူရမယ့္သူဆိုလို႔ ခ်ာတိတ္တစ္ေယာက္ပဲ ရွိတာေလကြာ"

ဦးက အကဲပိုလိုက္တာဟု ကလူခ်င္ေပမယ့္ တကယ္တမ္းက်မေျပာျဖစ္ခဲ့ပါ။

"ခ်ာတိတ္"

"ဗ်ာ"

"ေတာ္ပါေသးရဲ႕ ခ်ာတိတ္အသံေလးၾကားလိုက္ရမွပဲ ကိုယ့္ရင္ထဲကအလုံးႀကီး က်သြားေတာ့တယ္။ ဒါနဲ႕ ခ်ာတိတ္ ဒီေန႕အလုပ္နားခ်င္ နားေလ"

"ဟာ မနားပါဘူး။ ဦးကလဲ"

"နားခ်င္နားပါကြာ"

"မနားခ်င္ပါဘူး။ အိမ္မွာ နားေနရမွာပ်င္းတယ္"

"ခ်ာတိတ္ သေဘာပါဗ်ာ။ ကဲ ဒါဆိုလည္း ခဏေန ကိုယ္လာေခၚမယ္ေနာ္"ဟုေျပာၿပီး ဖုန္းခ်သြားေလသည္။ သံေယာဇဥ္အႏွောင္အဖြဲ႕ တြယ္တာစရာသိပ္မရွိေတာ့သည့္ ဦးက သူ႕ကို အရမ္းခ်စ္ကာ ဂ႐ုစိုက္ေနတာျမင္ေတာ့ စိတ္ထဲမွာ မေကာင္းရ။ အခ်စ္ခံရတာက ပင္ပန္းတယ္လို႔ လူတစ္ခ်ိဳ႕က ေျပာၾကေပမယ့္ ဦးရဲ႕ ဂ႐ုစိုက္မႈေတြကို သူ မၿငိဳျငင္ပါ။ ဦးရဲ႕ စိုးရိမ္လြန္ကဲမႈေတြကိုလည္း သူ နားလည္ပါသည္။ ခဲမွန္ဖူးသည့္စာသူငယ္လို အရင္က သိပ္ခ်စ္ရသည့္ သူငယ္ခ်င္းတစ္ေယာက္ကို ဆုံးရႈံးထားရသည့္ ဦးလို လူတစ္ေယာက္က သူတြယ္တာရသည့္ လူေတြကို ဂ႐ုစိုက္ၿပီး စိုးရိမ္ေပးတာက အျပစ္မွ မဟုတ္တာေလ...။

ဦးကို အကၡရာခ်စ္သည္။
အသက္အ႐ြယ္က အမ်ားႀကီးကြာျခားေန၍ ေဖေဖႏွင့္ ေမသက္၊ ၿပီးေတာ့ မာမီတို႔ သေဘာမတူမွာ ဆိုးလွသည္။သူ႕စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ေပးထားေသာ္လည္း ခ်စ္ရသူမွာ အမ်ိဳးသားတစ္ဦး၊ ေနာက္ၿပီး အသက္အ႐ြယ္ကြာျခားလြန္းသည့္ လူတစ္ေယာက္ဆိုတာ ၿငိဳျငင္မွာဆိုးမိသည္။

"ခဏေန ကိုယ္လာေခၚမယ္ေနာ္"ဟူသည့္ ဦးစကားကို ျပန္ၾကားေယာင္လာရတာမို႔ ဘာမွသိပ္စဥ္းစားမေနေတာ့ဘဲ အိပ္ယာ ကမန္းကတန္းထကာ ေရခ်ိဳးရသည္။ ၿပီးေနာက္ ၿဖီးလိမ္းျပင္ဆင္ကာ အခန္းထဲမွ ထြက္လာခဲ့သည္။

"သားငယ္က ဒီေန႕ တယ္ ဝီရိယရွိလွေခ်လား"

သူ အေပၚထပ္မွ ေလွကားမွအဆင္း မီးဖိုထဲမွ ထြက္လာသည့္ ေမသက္ႏွင့္ ပက္ပင္းေတြ႕သည္။ ေမသက္ကေတာ့ ဘာေတြသေဘာက်ေနသည္မသိ။ ၿပဳံးစိစိႏွင့္။

"ေမသက္လည္း သားက အၿမဲတမ္းပုံမွန္ပါပဲေနာ္။"

"ဟုတ္ပါၿပီရွင္ ဟုတ္ပါၿပီ။ ေမသက္အမွတ္မွားတာပဲ ေနမွာပါ"

"ဒါနဲ႕ ေမသက္။ ေဖေဖအလုပ္သြားၿပီလားဟင္"

"မသြားေသးပါဘူးေတာ္ သတင္းစာဖတ္ေနတယ္။ သားနဲ႕လည္း စကားေျပာစရာရွိေနတယ္တဲ့"

"အေရးႀကီးတယ္တဲ့လား"

"ဘယ္သိပါ့မလဲေတာ္။ ကဲ သားဖခ်င္းစကားသြားေျပာေခ်ဦး။ ေမသက္ ေကာ္ဖီေဖ်ာ္ခဲ့မယ္"

"ဟုတ္"

ေဖေဖက သူ႕ကို ေျပာစရာရွိေနသတဲ့။ သူ႕မွာလည္း ေဖေဖ့ကို ဖြင့္ေျပာျပထားစရာရွိပါသည္။ ဦးနဲ႕ ခ်စ္သူျဖစ္တာ သိပ္မၾကာေသးေပမယ့္ ေဖေဖ့ကို ဖြင့္ေျပာျပထားခ်င္သည္။ သူ႕စိတ္ႀကိဳက္ ေ႐ြးခ်ယ္ခြင့္ေပးထားသည္မွန္ေပမယ့္လည္း ေျပာျပထားဖို႔ လိုအပ္သည္ပင္။

"သားငယ္ လာ"

ေဖေဖက ဧည့္ခန္းထဲမွာ သတင္းစာဖတ္ေနရင္းမွ သူ႕ေျခသံခပ္ဖြဖြေၾကာင့္ သတိထားမိသြားသည္။ ဖတ္လက္စသတင္းစာအား စားပြဲေပၚတင္သည္။ အကၡရာ ေဖေဖႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္လိုက္မိသည္။

"ေဖေဖ သားကို ေျပာစရာရွိတယ္ဆို"

"အင္း။"

"ဘာမ်ားလဲ ေဖေဖ"

"သား မာမီနဲ႕စကားေရာေျပာျဖစ္လား"

"ဟင့္အင္း ဒီရက္ပိုင္း သိပ္မေျပာျဖစ္ဘူး ေဖေဖ"

ဟုတ္သည္။ မာမီႏွင့္ စကားမေျပာျဖစ္တာ အလုပ္ဝင္ကတည္းကျဖစ္သည္။ အလုပ္တစ္ဖက္ႏွင့္မို႔ အခ်ိန္သိပ္မအားတာလည္း ပါသည္။ ဦးနဲ႕ကိစၥကိုလည္း မာမီကို ေျပာရဦးမည္သာ။

"သား မာမီေရွ႕လမွာ အလည္ျပန္လာမယ္လို႔ ေဖေဖ့မိတ္ေဆြက သတင္းပါးတယ္"

"ေရွ႕လ"

"အင္းဟုတ္တယ္ သား"

"သားကို မေျပာျပဘူးလား"

"ဟင့္အင္း မာမီ သားကို ဆက္သြယ္မလာေသးဘူး"

"အင္း မအားေသးလို႔ေနမွာပါ။ ေဖေဖက သားသိထားေအာင္ေျပာျပတာ"

"ဟုတ္ကဲ့ ေဖေဖ"

မာမီျပန္လာမည့္အေၾကာင္း သူမသိပါ။ မာမီႏွင့္ မေတြ႕ရတာ အေတာ္ပင္ၾကာၿပီျဖစ္သည္။ ျပန္လာမွာကို မာမီဘာေၾကာင့္ သူ႕ကို မေျပာတာပါလဲ။ သူ႕ကို Surprise လုပ္ခ်င္၍လား။ ဒါမွမဟုတ္ မာမီသူ႕ကို ေမ့ေလ်ာ့ေနခဲ့သလား။ ညက်မွ မာမီကို စိတ္ေကာက္ရမည္။

ခဏၾကာေတာ့ ေကာ္ဖီ လင္ဗန္းကိုင္ကာ
ေမသက္ ေရာက္ခ်လာသည္။

"ကို။ ကို႔သားကေရာ ကို႔ကို ေျပာစရာရွိေနသလား ေမးစမ္းၾကည့္ပါဦး"

ျမတ္စြာဘုရား။
ေမသက္က သူေျပာစရာရွိေနတာကို သိေနတာလား။ ေမသက္စကားေၾကာင့္ အကၡရာသစ္လြင္၏ မ်က္ႏွာအား ေရႏြေးႏွင့္ပက္ခံရသလို ပူထူသြားရပါသည္။

ေမသက္တည့္ေပးသည့္ စကားလမ္းေၾကာင္းေပၚ အသာအယာေလွ်ာက္သြားလို႔ရေပမယ့္ သူ ဘယ္ကဘယ္လို စေျပာရမွန္းမသိ။

"သားငယ္"

"ဗ်ာ"

"ေျပာစရာရွိေနတာလား ေျပာေလ"

"ဟုတ္ဟုတ္ကဲ့ ေဖေဖ"

ေဖေဖက ေအးေဆးတည္ၾကည္စြာ ေျပာေလသည္။ ေမသက္ကေတာ့ ၿပဳံးစိစိႏွင့္ သူ႕ကို ေျပာခ်င္တာအား ပြင့္ပြင့္လင္းလင္းေျပာဖို႔ အားေပးေနဟန္။

"ေဖေဖ ဟိုေလ..အင္း ဟို"

"ဘာေတြဟိုဟို ဒီဒီျဖစ္ေနတာလဲကြာ။ ေျပာစရာရွိ ပြင့္ပြင့္လင္းလင္းေျပာစမ္းပါကြယ္...ရွိတာမွ မိသားစုသုံးေယာက္။ အင္း ဒီလိုဟိုဟိုဒီဒီနဲ႕ ေျပာဖို႔႐ြံ႕ေနပုံ ေထာက္ရင္ ရည္းစားသညာ ကိစၥမ်ားလား"

"ဗ်ာ"

ေဖေဖက သူေျပာမည့္စကားေတြကို အတပ္သိေနပါလား။ အင္းေလ ေဖေဖလည္း ငယ္ရာက ႀကီးလာတာပဲဟာ။ ဒီေလာက္ေတာ့လည္း အကင္းပါးလိမ့္မေပါ့ေလ။ ေဖေဖတည့္မတ္ေပးလာသည့္ လမ္းမေပၚ သူေလွ်ာက္ဖို႔ ဆုံးျဖတ္လိုက္သည္။

"ဟုတ္ပါတယ္ ေဖေဖ။ သား ေဖေဖနဲ႕ေမသက္ကို ပြင့္ပြင့္လင္းလင္း ေျပာျပထားခ်င္႐ုံပါ။"

"အင္း"

ေဖေဖက သူ႕စကားကို "အင္း"ဟူ၍ ခပ္တိုတိုျဖင့္သာ ဆက္ေျပာဖို႔ စကားေထာက္ေပးသည္။ သူ ဆက္ေျပာဖို႔ စကားရွာရမည္။

"ဟို သားမွာ ခ်စ္ရမယ့္သူရွိေနပါၿပီ"

"အင္းေပါ့။ သားလည္း အ႐ြယ္ေရာက္ေနၿပီပဲဟာ ဒါက အျပစ္မွမဟုတ္တာ"

"ဒါေပမယ့္"

သူ ဆက္ေျပာဖို႔ တြန႔္ဆုတ္ေနသည္။ "သား ခ်စ္သူက မေန႕ညက အိမ္အထိေရာက္လာခဲ့တဲ့လူႀကီး။ ေဖေဖႏွင့္အသက္သိပ္မကြာတဲ့လူႀကီး။ ေနာက္ၿပီး သားခ်စ္သူက အမ်ိဳးသားတစ္ဦးပါ ေဖေဖ" ဟူ၍ စိတ္ထဲကသာ ခပ္တိုးတိုးေျဖေနမိသည္။ ဒီစကားကို ကြၽန္ေတာ္ေျပာဖို႔ တြန႔္ဆုတ္ေနရတယ္ဆိုတာ မျငင္းခ်င္ပါဘူးေလ။ ကြၽန္ေတာ္ ဘယ္လိုလုပ္ရမလဲ ဦးရယ္..။ ေဖေဖက သေဘာမတူဘဲ ကန႔္ကြက္ခဲ့ရင္ ကြၽန္ေတာ္ရင္ကြဲရလိမ့္မယ္။

"သားငယ္"

"ဗ်ာ ေဖေဖ"

"ေျပာဖို႔ ခက္ခဲေနရင္လည္း မေျပာပါနဲ႕ေတာ့ကြယ္။ ေဖေဖလည္း ငယ္ရာက ႀကီးလာတဲ့သူပါ။ ရိပ္စားမိပါတယ္။ ဘယ္သူျဖစ္ျဖစ္၊ ဘယ္လိုလူျဖစ္ျဖစ္ သားသေဘာတက် ေ႐ြးခ်ယ္ထားတဲ့လူပဲကြယ္ ေဖေဖတို႔ သေဘာတူပါတယ္။ အဲ့ဒီလူကိုလည္း မေန႕ညကတည္းက ေဖေဖနဲ႕ သားရဲ႕ေမသက္တို႔ အကဲခတ္ၾကည့္ၿပီးပါၿပီ။ သား ေ႐ြးခ်ယ္မႈ မမွားဘူးလို႔ ေဖေဖတို႔ ယုံၾကည္ပါတယ္ကြယ္.."

ဗုေဒၶါ။ ေဖေဖက ဦးနဲ႕သူရဲ႕ အေၾကာင္းကို သိေနတာတဲ့လား။ ေနာက္ၿပီး သေဘာတူပါသတဲ့လား။

"ေက်းဇူး ေက်းဇူးတင္ပါတယ္ ေဖေဖ"

ရင္ထဲတြင္ ေက်နပ္ပီတိမႈလွိုင္း အျပည့္ျဖတ္သန္းသြားရပါသည္။ မနက္စာ မစားရေသးပါဘဲနဲ႕ ဗိုက္ျပည့္သြားရပါသည္။ အခ်စ္စြမ္းအား ဒီေလာက္စြမ္းပါလားေနာ္။
ဦးသာ သိလွ်င္ ဘယ္ေလာက္မ်ား ေပ်ာ္႐ႊင္ေနလိမ့္မည္လဲ။

ထိုအခိုက္ အိမ္ထဲသို႔ ခပ္ျဖည္းျဖည္းဝင္လာသည့္ ကားတစ္စင္း။ ကားပိုင္ရွင္ဟာ ဦးဆိုသည့္ အသိေၾကာင့္ ရင္ခုန္သံမ်ား ဝုန္းဒိုင္းက်ဲသြားရသည္။ အသက္ရွည္ေနဦးမည့္ ခ်စ္ရတဲ့ ဦး။ အေတြးေတာင္မဆုံးလိုက္ သူ႕အနားသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ခ်လာေလၿပီ။

အိမ္ေရွ႕မွာ ကားရပ္ၿပီးသည္ႏွင့္ အိမ္ထဲဝင္လာသည့္ ဦးအား ခရီးဦးႀကိဳျပဳရသည္။ စေတြ႕ေတြ႕ခ်င္းပင္ စိတ္ပူေနေၾကာင္း၊ ေနေကာင္းတာ မွန္ရဲ႕လား၊ အလုပ္နားခ်င္လွ်င္ နားေစလိုေၾကာင္း ကပ္တိုးေလးျဖင့္ တဖြဖြေျပာေလသည္။ ဒီလူႀကီးကေလ သိပ္ၿပီး ပြစိစိလုပ္တာပါ။

အိမ္ထဲေရာက္သည္ႏွင့္ ေဖေဖႏွင့္ စကားစျမည္ေျပာၾကသည္။ သူႏွင့္ဆိုလွ်င္ စကားသြက္ၿပီး ဖ်တ္လတ္ေနသည့္ ဦးဟာ ေဖေဖေရွ႕က် ၿငိမ္သြားသည္။ အင္းေလ ေယာကၡမေရွ႕၌ အမွတ္ေလ်ာ့မွာ
စိုးေနသည္ထင့္။

"ဦးထိန္လင္းေအာင္ မနက္စာစားခဲ့ၿပီလား"

"မစားရေသးဘူး အစ္ကိုႀကီး။ ခ်ာတိတ္ကိုေခၚၿပီး အျပင္မွာပဲ သြားစားၾကမလို႔ပါ"

"သားငယ္က ခုထိ ကေလးစိတ္ပဲမို႔ ဦးထိန္လင္းေအာင္ကပဲ အလုပ္မွာေရာ အျပင္မွာေရာ အျမင္မေတာ္တာရွိ ဆုံးမေပးပါ ခင္ဗ်ာ"

"ဒါေတာ့ စိတ္ခ်ပါအစ္ကိုႀကီး။"

ထိုစကားဝိုင္းတြင္ အကၡရာသည္ ေဘးလူသက္သက္သာပင္။ ေယာကၡမႏွင့္ သားမက္ႏွင့္ အေပးအယူတည့္ကာ ေျပာလိုက္သည့္ စကားမ်ား မဆုံးနိုင္ၾကေတာ့။

"ဆရာ အလုပ္ေနာက္က်ေနေရာ့မယ္ သြားရေအာင္ေလ"

အကၡရာ ဦးကို သြားၾကဖို႔ ေဆာ္ဩရသည္။ထိုအခါက်မွသာ ေဖေဖႏွင့္စကား ျပတ္ၾကရေတာ့သည္။ ေမသက္ကေတာ့ သူ႕ပုံစံအတိုင္း ဘာမွဝင္မေျပာ ခပ္ၿပဳံးၿပဳံးပင္။

"ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး အစ္ကိုႀကီး။ကြၽန္ေတာ္ နယ္ဘက္က ေဆာက္လုပ္ေရးတစ္ခုအတြက္ စီစဥ္စရာေလးေတြလည္း
ရွိေနေသးလို႔ပါ"

"ဟုတ္ပါၿပီ။ေနာင္လည္း အိမ္ကို မၾကာမၾကာ ဝင္ထြက္ပါ"

"စိတ္ခ်ပါ အစ္ကိုႀကီး"

အင္း။ ေဖေဖကေတာ့ အဆင္းကို ဘီးတပ္ေပးေနျပန္ပါၿပီေကာေလ။

ခပ္ျဖည္းျဖည္းေမာင္းႏွင္လာသည့္ ကားေလးသည္ ေကာ္ဖီဆိုင္တစ္ဆိုင္ေရွ႕တြင္ ၿငိမ့္ခနဲ ထိုးရပ္သည္။ ၿပီးေနာက္ Diver Seatမွာထိုင္ေနသည့္ ဦးသည္ ကားေပၚမွဆင္းကာ သူ႕ကို ကားတံခါးဖြင့္ေပးသည္။ ထိုအခိုက္အတန႔္ဟာ ႏြေးေထြးစရာေကာင္းတယ္ဟုဆိုရေပမယ့္ တကယ္တမ္းက် အားနာေနရသည္ပင္။

ေကာ္ဖီဆိုင္ေရွ႕တြင္ ရပ္ထားသည့္ ကားအနည္းငယ္ရွိသည္။ တကယ့္မွ အနည္းငယ္။ ေရတြက္လို႔ပင္ရသည္။ ထိုအထဲမွာမွ သူႏွင့္မစိမ္းသက္သည့္ ကားတစ္စီး။ဘယ္သူကားပါလိမ့္ဟု စဥ္းစားလည္း အေျဖကား ခ်က္ခ်င္းမေပၚ။ ေသခ်ာသည္က သူထိုကားကို ရင္းႏွီးေနသည္သာ။

"ခ်ာတိတ္ သြားမယ္ေလ"

"ဗ်ာ ဟုတ္"

"ဘာလဲ အသိကားလား"

"အင္း ဟုတ္မယ္ထင္တယ္"

"ေဟာဗ်ာ ေသခ်ာမသိဘူးလား"

အကၡရာ တကယ္မမွတ္မိတာပါ။ ေသခ်ာတာကေတာ့ ဒီကားဟာ သူနဲ႕ စိမ္းသက္မေနဘူးဆိုတာပါပဲ။ သို႔ေသာ္ ကားပိုင္ရွင္ ဘယ္သူလဲဆိုတာ ေသခ်ာမသိျပန္။ သိပ္စဥ္းစားမေနေတာ့ဘဲ ဦးႏွင့္အတူ ေကာ္ဖီဆိုင္ထဲ ဝင္လာခဲ့လိုက္သည္။

"ဟိတ္ေကာင္ သစ္လြင္"

ဟင္။ အာသာ။
ေကာ္ဖီဆိုင္ထဲဝင္ဝင္ခ်င္း အေပါက္ဝတြင္ အာသာရွင္းသန႔္ႏွင့္ ေရွာင္လႊဲမရေအာင္ တည့္တိုးတိုးပါသည္။ ဆိုင္ေရွ႕မွာ ရပ္ထားတာလည္း အာသာ့ကားမဟုတ္ပါဘူး။ ထင္ေယာင္ထင္မွားေတြမ်ား ျဖစ္ေနသလား။

ဒီအာသာ အစုတ္ပလုတ္နဲ႕ ေတြ႕လည္း ေတြ႕တတ္ပါဘိ။ မေန႕ကလည္း ေဆး႐ုံမွာ ေတြ႕ခဲ့ရၿပီးၿပီ။ ဒီေန႕လည္း ေကာ္ဖီဆိုင္မွာ ထပ္ေတြ႕ရျပန္ၿပီ။ ခ်စ္သူရည္းစားနဲ႕မွ ထိုင္လို႔ေကာင္းတဲ့ ေကာ္ဖီဆိုင္ကို ဒီေကာင္ ဘယ္သူနဲ႕လာတာပါလိမ့္။

"သစ္လြင္"

"ဘာလဲကြာ"

"မင္းကလဲ ဘာျဖစ္ရျပန္တာလဲ မ်က္ႏွာက ဘာလဲ သူခိုးလူမိလို႔လား"

"အာသာ မင္းေနာ္။ ငါက ဘာကိစၥသူခိုးလူမိရာမွာလဲ မင္းကိုေျပာျပဖို႔ ရည္႐ြယ္ၿပီးသား"

"ေအးပါကြာ။ သူခိုးလူမိေတာ့လည္း မျငင္းသာေတာ့ဘူးေပါ့"

အာသာရွင္းသန႔္က ခပ္ေထ့ေထ့စကားဆိုသည္။ ဟုတ္သည္။ ဦးနဲ႕ခ်စ္သူျဖစ္ေနၿပီဆိုတဲ့အေၾကာင္း အရင္းႏွီးဆုံးသူငယ္ခ်င္း အာသာ့ကို မေျပာျပရေသး။ ဒါေၾကာင့္ ဒီေကာင္ စကားနာထိုးေနတာ။

"မင္း ျပန္ေတာ့မွာလား"

"မျပန္ေသးပါဘူး။ ပစၥည္းလာပို႔မယ္ေျပာလို႔ အျပင္ထြက္ေစာင့္မလို႔"

"ဪ"

"ဒါနဲ႕ မင္းကေရာ ဒီကိုဘာလာလုပ္တာလဲ"

"ဘာလုပ္ရမွာလဲ ငါလည္း ငါ့ဘဲႀကီးနဲ႕လာတာေပါ့ကြ"

"ဘယ္မွာလဲ မင္းဘဲႀကီးက"

"ဟိုဘက္ေထာင့္စြန္းအကြယ္မွာ..ကဲပါ လာ ငါတစ္ခါတည္းမိတ္ဆက္ေပးမယ္။ ငါက မင္းလို မလ်ိဳတတ္ဘူးေနာ္ သစ္လြင္"

"ေအးပါကြာ မိေက်ာင္းသား စကားမ်ားလိုက္တာ"ဟု၍ စကားျဖတ္ရသည္။ နို႔မို႔ဆို အာသာက သူ႕ကို အပီအျပင္ ေျပာေနဦးမွာ။

"ဦး အတူတူထိုင္လို႔ ျဖစ္တယ္မလား"

"ျဖစ္ပါတယ္ ခ်ာတိတ္ရ"

ဦးထံမွ ခြင့္ျပဳခ်က္ရသည္ႏွင့္ အာသာေခၚေဆာင္ရာ စားပြဲဝိုင္းေလးဆီ လိုက္လာခဲ့ရသည္။ စားပြဲဝိုင္းတြင္ လူတစ္ေယာက္ ထိုင္ေနသည္။ အေဝးက ခပ္ေရးေရးျမင္လိုက္တာႏွင့္ ဘယ္သူလဲဆိုတာ အကၡရာမွတ္မိေနၿပီ။ အျပင္မွာေတြ႕ခဲ့တဲ့ ကားပိုင္ရွင္ေပါ့။ အင္း ႀကဳံတတ္ဆုံတတ္ပါေပ့ ေလာကႀကီးရယ္...။

"ဦးခန႔္"

မထင္မွတ္ထားတာေၾကာင့္ အသံကေလးထြက္ကာ ေခၚလိုက္မိျခင္းပင္။ ဦးခန႔္။
သူ ဒုကၡေရာက္ခ်ိန္တိုင္း ဆုံတတ္သည့္ ဦးခန႔္။ အကူအညီေပးၿပီးတိုင္း ေကာ္ဖီဝယ္တိုက္ရမယ္ဟု စေနာက္တတ္သည့္ ဦးခန႔္။
ဦးခန႔္ကို အာသာအစုတ္ပလုတ္က ဘဲႀကီးလိုေခၚသတဲ့။ ဒါဆို အာသာနဲ႕ ဦးခန႔္က ခ်စ္သူေတြေပါ့။

"ခ်ာတိတ္ ကိုယ္တို႔ ထပ္ဆုံရျပန္ၿပီ"

"ဘဲႀကီးက သစ္လြင္နဲ႕သိတယ္"

အာသာက သူတို႔ႏွစ္ေယာက္ကို ၾကည့္ရင္းေျပာသည္။ ဦးခန႔္က ခ်စ္စရာေကာင္းေအာင္ ၿပဳံးၿပီးေနာက္

"သိတာေပါ့။ အဲ့ဒီခ်ာတိတ္က တကယ့္ဒုကၡအိုးပဲဟာ"

"ဦးခန႔္ကလဲ အာသာ့အားကိုးနဲ႕ ကြၽန္ေတာ့္ကို ႏွိပ္ကြပ္ေနျပန္ပါၿပီ"

"ခ်ာတိတ္ ကိုယ့္ကိုလည္း မိတ္ဆက္ေပးဦးေလ"

ဟာ ဟုတ္သားပဲ။ ဦးကို ပစ္ထားသလိုျဖစ္ရၿပီ။ သူ႕အနားနားသို႔ ခပ္တိုးတိုးေျပာလာမွ အကၡရာ မိတ္ဆက္ေပးဖို႔ သတိရရေတာ့သည္။

"ဦး ဒါက ကြၽန္ေတာ့္သူငယ္ခ်င္း မေန႕က ေဆး႐ုံမွာ မိတ္ဆက္ေပးခဲ့တဲ့ တစ္ေယာက္။ ဒီဘက္က အာသာ့ရဲ႕ ဘဲႀကီး ဦးမင္းဟိဏ္းခန႔္တဲ့။ သူကလည္း ဦးလိုပဲ ေဆာက္လုပ္ေရးကုမၸဏီတစ္ခုေထာင္ထားတယ္ေလ။ ဦးခန႔္ ဒါက အကၡရာ့ခ်စ္သူ ဦးထိန္လင္းေအာင္တဲ့"

အကၡရာကပင္ ႏွစ္ဦးႏွစ္ဖက္အား မိတ္ဆက္ေပးေနမိသည္။ အာသာကေတာ့ ၿငိမ္၍သာနားေထာင္ေနသည္။ သူတို႔ေလးေယာက္ထိုင္ေနသည့္ စကားဝိုင္းေလးတြင္ ေခတၱမွ် တိတ္ဆိတ္ေနၿပီးမွ ထိုတိတ္ဆိတ္မႈအား ပယ္ဖ်က္လိုက္သည့္ စကားသံတို႔ေၾကာင့္ အကၡရာသစ္လြင္ႏွင့္ အာသာရွင္းသန႔္တို႔ သူငယ္ခ်င္းႏွစ္ေယာက္ အံ့ဩမႈတို႔ စိုးမိုးသြားခဲ့ရသည္။

"ဟိဏ္းခန့္"

"ကိုထိန္"

တစ္ေယာက္ကို တစ္ေယာက္ ရင္းႏွီးစြာ ေခၚၿပီး အႏွစ္ႏွစ္အလလက ကြဲကြာသြားခဲ့ၾကသည့္ မိတ္ေဆြမ်ား ျပန္ေတြ႕ၾက၍ ႏွစ္ေထာင္းအားရျဖစ္ၾကသည္ဟန္ ေပြ႕ဖက္ၾကသည္။ ဦးႏွင့္ ဦးခန႔္တို႔ဟာ တကၠသိုလ္ေက်ာင္းသား ဘဝကတည္းက အေဆာင္ေနတစ္ခန္းတည္း သူငယ္ခ်င္းတဲ့။
ညီအစ္ကိုအရင္းလို ခင္မင္ခဲ့ၾကၿပီး အမွတ္တရမ်ားစြာရွိခဲ့ေၾကာင္း ဝမ္းသာအားရေျပာျပသည္။

ကံၾကမၼာက ဆန္းၾကယ္လိုက္တာေနာ္..။

"ေက်ာင္းၿပီးကတည္းက ငါတို႔ မေတြ႕ရေတာ့တာ ခုေတာ့ မထင္မွတ္ဘဲ ငါတို႔ျပန္ေတြ႕ၾကရၿပီ"

"ဟုတ္တယ္ ကိုထိန္ရာ။ ရွာရင္ေတြ႕ခ်င္မွ ေတြ႕လိမ့္မယ္ ခုေတာ့ ဝမ္းသာလိုက္တာ ကိုထိန္ရာ။"

"ငါလည္း ဝမ္းသာတယ္ ဟိဏ္းခန႔္ရာ။ မင္း ရန္ကုန္ကို ေက်ာင္းေျပာင္းသြားကတည္းက မေတြ႕ရေတာ့တာ"

"ဒါနဲ႕ ေနာင္ရိုးတစ္ေယာက္ေရာ ကိုထိန္"

ဦး မ်က္ႏွာကြက္ခနဲ ပ်က္သြားသည္။
သူ႕ရင္သည္လည္း ဆစ္ခနဲ ေအာင့္သြားရသည္။ ဘာေၾကာင့္မ်ားလဲ...။

_ေနာက္ သုံးေလးပိုင္းဆို အဆုံးသတ္ေတာ့မယ္ေနာ္။ ဖတ္ေပးတဲ့သူ သိပ္မရွိေပမယ့္လည္း အဆုံးသတ္ရေတာ့မယ္။

Continue Reading

You'll Also Like

283K 6.9K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
358K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...