For Unicode
လွှမ်းတစ်ယောက် အဲလက်စ်နှင့်ဖုန်းပြောပြီးသည်နှင့် အိမ်ပေါ်သို့ပြန်တက်ကာ အိပ်ခန်းဆီသို့ဦးတည်လိုက်သည်။ သူ၏အတွင်းရေးမှုး သုခထက်နိုင်အား အတွင်းရေးမှုးရာထူးမှ မြှင့်ကာ သူ၏လူယုံနေရာသို့ခန့်အပ်လိုက်၏။ ဒီ့တော့လဲ သုခတစ်ယောက် အလုပ်ပိုများသွားတာပေါ့။
ကုတင်ထက်သို့တက်ကာ လက်တော့ပ်အား ဖွင့်လိုက်၏။ဝင်လာသော မေးလ်တို့သည် သုခဆီမှပေးပို့သော လုပ်ငန်းဆိုင်ရာမေးလ်များပင်။ ဒီကောင်တော်တော်အလုပ်လုပ်နိုင်တယ်။ သုခအား အလုပ်နှင့်ပက်သက်၍ ကျောက်တန်းဘက် လွှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မနက်ကတည်းက သူ့အနား၌မရြှိခင်းဖြစ်သည်။
မေးလ်းများအားစစ်ကာ သုခအားဖုန်းခေါ်လိုက်သည်။
"ဟယ္လို ဘောစ့် .."
"အင်း ..၊ ကျောက်တန်းကကိစ္စအဆင်ပြေလား"
"ဟုတ် ပြေပါတယ်၊ ကျွန်တော်ခုပဲပြန်လာတာ"
"ဘာ .! မင်းခုမြှပန်ရတာလား"
"ဟုတ်ပါတယ်ဘောစ့်၊ ခုကားမောင်းနေတာပါ"
"အေးအေး ဂရုစိုက်မောင်း၊ ရောက်ရင်ဖုန်းဆက် ငါအခုဖုန်းချလိုက်တော့မယ်"
"ဟုတ် ဘောစ့်"
ဘောစ့်၏ဖုန်းကျသွားသည်နှင့် သုခထက်နိုင်တစ်ယောက် မေတ္တာပို့လိုက်၏။
"ငါ့က် ဟိုသြားပါဦး၊ ဒီသွားပါဦးနဲ့ သူက် သာယာချင်တိုင်း သာယာနေတယ် ဘောစ့်စုတ် !!!"
လွှမ်းသည်လဲ ဖုန်းအားပိတ်ကာ၊ လက်တော့ပ်ဆီသို့ အာရုံပြန်စိုက်လိုက်သည်။ နေ့လည်က ရုံးတွင်မပြီးပြတ်သေးသည့် စာရင်းများအား ပြန်လည်ကာလုပ်ရသည်။ မပြီးရသောအကြောင်းရင်းကတော့ ကိုကို့အားခိုးခိုးကြည့်ရ၍ မပြီးခြင်းဖြစ်သည်။
"အင်း ..၊ မနက်ဖြန် ၂နာရီ Golden Lord ကုပ္မဏီနဲ့အစည်းဝေးရှိတာပဲ"
လွှမ်းသည် ထိုအကြောင်းအား သင်္ခ၏အလုပ်မှ လက်တော့ပ်အားမေးလ်ပို့ထားလိုက်သည်။ ဖုန်းအားပြန်စစ်ကာ ကြည့်တော့ အဝင်ကောလ်တစ်ခုမှမရိြှခင်းကြောင့် အခန်းမီးရောင်အား ညအိပ်မီးရောင်ပြောင်းကာ အိပ်စက်ရန်ပြင်လိုက်သည်။
_________________
သုခတစ်ယောက် ကွန်ဒိုပြန်ရောက်တော့ မနက် ၂ နာရီပင်ကျော်နေပြီမလို့ ဘောစ့်အားဖုန်းမဆက်ဖြစ်တော့ပါ။ အိပ်နေသော ဘောစ့်ဖြစ်သူအား မနှောင့်ယှက်ပါပဲ သူသည်လဲ ကိုယ်လက်သန့်စင်ပြီး အိပ်ဖို့ရန်သာပြင်လိုက်တော့သည်။
ဒီနေ့တွင်လည်း သင်္ခတစ်ယောက် ပုံမှန်ထက်အနည်းငယ်စောကာ ကုပ္မဏီသို့ထွက်လာခဲ့လိုက်သည်။ အချိန်အနည်းလေးရရင်တော့ ကော်ဖီဆိုင်ထိုင်ချင်ပါသေးသည်။
သင်္ခကုပ္မဏီရောက်ချိန်တွင်တော့ ၈နာရီ ၂မိနစ်သာရှိသေး၍ အောက်ထပ်သို့ပြန်ဆင်းကာ ကော်ဖီဆိုင်ရှာပုံတော်ဖွင့်ရသည်။ ကုပ္မဏီသည် ကားလမ်းမဘေး နည်းတူကုပ္မဏီကြီးများကြားတွင် တည်ဆောက်ထားခြင်းကြောင့် ကော်ဖီဆိုင်၊ one stop martတို့ဆီသွားရန် အတော်လေးလျှောက်ရသည်။
လွှမ်းတစ်ယောက် ကုပ္မဏီသို့ရောက်ခါနီးတွင် တလှုပ်လှုပ်သွားနေသည့် ကျောပြင်သေးသေးလေးအားတွေ့၏။ ထိုကျောပြင်လေးသည် ကိုကိုဖြစ်သည်ဆိုတာ သက်သေပြစရာကိုမလိုပင်။ ကားအားအရှိန်တင်ကာ ကိုကို့ဘေးကပ်ကာ ရပ်လိုက်၏။
သင်္ခတစ်ယောက် မိမိအတွေးနှင့်လမ်းလျှောက်နေစဉ် ရုတ်တရက် ရပ်လာသော ကားကြောင့် လန့်ဖြန့်သွားရသည်။ ကြည့်မိတော့ မိမိ၏ သူဌေးဖြစ်သူပင်။
"လွှမ်းစက် .."
"အကို ..၊ အပြင်ဘာထွက်လုပ်တာလဲ။ ဘာသွားဝယ်မလို့လဲ"
"မဟုတ်ပါဘူး ဒီတိုင်း ..၊"
"မဖြစ်နိုင်တာ ..၊ အကောင်းမေးတာ ဖြေပါဗျာ၊ ဘယ်သွားမလို့လဲလို့"
"ကော်ဖီဆိုင်လိုက်ရှာနေတာ"
"ဪ ဒါလား၊ တက် ကျွန်တော်လိုက်ပို့မယ်"
"မတက်ပါဘူး၊ မတွေ့လဲကုပ္မဏီပဲပြန်တော့မယ်"
"ဟောဗျာ၊ တစ်ဖက်ကခေါ်ရင် မငြင်းကောင်းဘူးဆိုတာ မသိဘူးလား။ ငြင်းတာက လူ့ကျင့်ဝတ်နဲ့မညီဘူးနော်"
ထိုစကားအားကပ်သတ်ပြောနေသည့် သူဌေးဖြစ်သူအား မျက်စောင်းထိုးကြည့်ကာ သင်္ခတစ်ယောက် ကားပေါ်သို့တက်လိုက်၏။
"အစကတည်းက လိမ်မာရင်ရနေပြီကို"
"စကားမများပဲမောင်းမှာသာမောင်းပါ၊ အလုပ်နောက်ကျနေမယ်"
"ကျွန်တော်ကသူဌေးပဲ နောက်ကျတာကို ဘယ်သူကပြောမှာလဲ"
"အေး မင်းကသူဌေး၊ ငါကအလုပ်သမား ငါ့တော့ပြောနိုင်တယ်"
"အကို့ကို ဘယ်သူပြောရဲမှာလဲ၊ အကို့ကိုပြောတဲ့လူကိုလာပြော ကျွန်တော်အလုပ်ထုတ်ပစ်မယ်"
"သူများထမင်းအိုး တုတ်နဲ့ထိုးနေတယ်"
လွှမ်းစက် မည်သည့်စကားမျှမဆိုတော့ပါပဲ၊ စမ်းချောင်းရှိ ကော်ဖီဆိုင်တစ်ဆိုင်သို့ မောင်းလာခဲ့လိုက်သည်။ ထိုဆိုင်လေးသည် သင်္ခအရင်ရုံးခွဲ၌ အလုပ်မဝင်ခင်တိုင်း သောက်ခဲ့ဖူးတဲ့ ဆိုင်လေးဖြစ်သည်။
"အကို ဆင်းလေ.."
"ဘယ်လိုဖြစ်လို့ ဒီဆိုင်ကိုလာရတာလဲ"
"မကြိုက်လို့လား"
"မဟုတ်ပါဘူး၊ အရင်ကလဲဒီမှာပဲသောက်တာလေ "
"ဪ ကျွန်တော်လဲသောက်ဖူးတယ်၊ ဒီဆိုင်အပြင်ဆင်လေးကိုသဘောကျလို့၊ ဒါတင်မကပဲ ဒီတိုင်း လာချင်စိတ်လဲရှိနေလို့ "
"ဪ .."
သင်္ခတစ်ယောက် ဪဟုဆိုကာ ဆိုင်ထဲသို့ဝင်လာခဲ့လိုက်သည်။ သူထိုင်နေကျဝိုင်းလေးတွင် ဝင်ထိုင်တော့ ဘေးနားလာရပ်သည့် ဝိတ်တာလေးက သူ့အားပြုံးပြသည်။
"အကို ပုံမှန်ပဲမလား"
"အင်း၊ ခဏေလး black Coffee တစ်ခွက်ပါထပ်ပေး"
"ဒါဆို နှစ်ခွက်ပေါ့"
"အင်း .."
ထိုအခါမွ လွှမ်းလဲထိုဝိုင်းသို့လာကာ သင်္ခရှေ့ခုံတွင်ဝင်ထိုင်လိုက်သည်။
"မင်းဖို့မှာပြီးပြီ"
"အကိုက ကျွန်တော့်အကြိုက်သိလို့လား"
"Black coffee ပဲမလား"
သင်္ခကပြောတော့ လွှမ်းက ပြုံးဖြီးကာ
"အကိုက သိနေတာပဲ"
"မင်းဟိုနေ့က ပြောထားတာလေ"
"ဪ ..ဟုတ်ပါပြီ"
ထို့နောက်တွင်တော့ ဝိတ်တာလေးလာချပေးသည့် ကော်ဖီအား နှစ်ဦးသား တိတ္ဆိတ္စြာ သောက်နေလိုက်၏။ တိတ်ဆိတ်မှုကို ဦးစွာဖြိုခွဲလိုက်သည်ကတော့ လွှမ်းစက်ပင် ..။
"သားက ကျောင်းတက်ရတော့မှာမလား"
"အင်း ..၊ နောက်အပတ်ထဲမှာပဲ"
"အကိုခွင့်ယူမှာလား"
"တစ်ပတ်လောက်တော့ ယူရမယ်၊ သားကိုတစ်ပတ်လောက်တော့ အပို့အကြိုလုပ်ပေးချင်လို့"
"ဪ ..နောက်ပိုင်းတွေကိုရော ဘယ်လိုလုပ်မှာလဲ"
"အင်း ..လူငှားရမယ်ထင်တယ်"
"ကျွန်တော်စီစဉ်ပေးမယ်၊ ဒါမှမဟုတ်လဲ ကျွန်တော်ကြိုပေးမယ်"
"ဘယ္လို ..၊ မင်းကငါ့သူဌေးလေ မလုပ်သင့်ပါဘူး"
"လာပြန်ပြီ သူဌေး၊ ကျွန်တော်ပြောပြီးသားလေ မိသားစုတွေပါဆို ရတာ၊မရတာ ရှိလို့လား"
"ဒါပေမဲ့ .."
"ဘာမွ ဒါပေမမဲ့ရဘူး အကို၊ ကျွန်တော်စီစဉ်ပေးမယ် သားကိုကြိုပို့ဖို့ကိစ္စကို"
သင်္ခသက်ပြင်းသဲ့သဲ့ချကာ ..
"သေဘာပဲ.."
"အကိုက လိမ်မာတယ်"
သဘောကျစွာပြုံးပြရင်း ကော်ဖီပြန်သောက်နေသည့် လွှမ်းအားကြည့်ကာ သင်္ခတစ်ယောက် ပြုံးလိုက်မိသည်။
နေပါဦး ! ငါကဘာလို့ပြုံးလိုက်ရတာလဲ ?
မယုံနိုင်ခြင်းများစွာဖြင့် သင်္ခတစ်ယောက် သူ၏နှုတ်ခမ်းအား အယောင်ယောင်အနနဖြင့် ကိုင်လိုက်မိ၏။ဒါကြိုမင်သွားသည့် လွှမ်းစက်က
"အကို ဘာဖြစ်လို့လဲ၊ ပူသွားလို့လား"
"မဟုတ် ...မဟုတ်ပါဘူး"
"အကို ..တစ်ခုခုဖြစ်လို့လား၊ စကားတွေတောင်ထစ်လို့"
စိတ်ပူလွန်စွာမေးနေသည့် လွှမ်းစက်အားကြည့်ကာ သင်္ခ၏ စိတ်တွင်းတစ်နေရာ၌ တစ်မျိုးမည်သော ဖြစ်ရပ်လေးဖြစ်သွားရသည်။ ဒီကောင်လေးဘာကြောင့် ဒီလောင်ပြာယာခတ်နေရတာလဲ .?
"ငါဘာမွမျဖစ္ဘူး၊ မင်းပြီးရင် သွားကြမယ်"
"သေချာလား အကို"
"သေချာတယ်"
လွှမ်းစက်လဲ ကော်ဖီဖိုးရှင်းကာ ထိုဆိုင်ထဲမှထွက်လာခဲ့လိုက်သည်။ ကိုကိုကရုတ်တရက် ဘာလို့ နှုတ်ခမ်းကိုကိုင်ရတာလဲ။ အပူလောင်သွားလို့လား။ ပြီးတော့ ဘာလို့စကားတွေထစ်နေရတာလဲ။
လွှမ်းစက်လဲ ဆက်မတွေးချင်တာကြောင့် ခေါင်းအားခါကာ ကားဆီသို့ပြန်လာခဲ့လိုက်သည်။ ကိုကိုကတော့ကားခေါင်းထဲသို့ ကြိုရောက်နေပြီးဖြစ်သည်။ လွှမ်းသည်လဲ ကားပေါ်သို့တက်ကာ ကုပ္မဏီဆီသို့ ပြန်လာခဲ့လိုက်သည်။
သင်္ခတစ်ယောက် လမ်းတစ်လျှောက်လုံး အတွေးနယ်ကြီးစိုးနေသည်။ ငါဘာကြောင့် ပြုံးလိုက်မိတာလဲ၊ ဘာကြောင့် ငါ့စိတ်ထဲမှာရော တစ်မျိုးဖြစ်သွားရတာလဲ။ အတွေးတို့ဖြင့်သာ တစ်လမ်းလုံးတိတ်ဆိတ်စွာ လိုက်ပါလာသည်။
ကုပ္မဏီသို့ရောက်သည်နှင့် ကားအားပါကင်ထိုးကာ Elevatorဖြင့် ရုံးခန်းဆီသို့ တက်လာခဲ့လိုက်သည်။ သင်္ခတစ်ယောက် စားပွဲဆီသို့သွားကာ လက်တော့ပ်အားဖွင့်ကာ အလုပ်စရန်ပြင်လိုက်သည်။ လွှမ်းစက်ဆီမှဝင်လာသော မေးလ်ကြောင့် သင်္ခထိုမေးလ်အားဖွင့်ကြည့်လိုက်သည်။
ဒီနေ့ နေ့လည် ၂နာရီ Golden Lord ကုပ္မဏီနှင့် meeting ရှိတာကြောင့် သတိပေးရန်ဖြစ်သည်။
လွှမ်းသည်လဲ မိမိစားပွဲ၌ထိုင်ကာ လက်တေ့ာပ်အားဖွင့်ကာ အလုပ်လုပ်ဟန်ပြရင်း ကိုကို့အားခိုးခိုးငေးကြည့်နေမိသည်။ အဆင်မပြေတာတော့ မရှိပါဘူး။ ဒါဆိုဘာများဖြစ်လို့လဲ ..။ ထားပါလေ ကိုကိုအဆင်ပြေနေရင်ကို ရပြီပဲလေ။ လွှမ်းစက်လဲ လက်တော့ပ်အား အာရုံစိုက်ကာ အလုပ္ကိုသာ လုပ်နေတော့သည် ..။
ထိုအခန်းလေးတွင်တော့ လွှမ်းစက်တစ်ယောက်တည်းကသာ ခိုးကြည့်ခြင်းမဟုတ်ပါပဲ သင်္ခကပါ တစ်ချက်တစ်ချက်ခိုးကြည့်နေခြင်းဖြစ်သည်။ လွှမ်းစက် တစ်ယောက်တည်းကသာ အတွေးနယ်ချဲ့ခြင်းမဟုတ်ပဲ သင်္ခကပါ အတွေးလွန်ခြင်းဆိုတာကိုတော့ ..မည်သူမျှ သိလိုက်မည်မဟုတ်ပါချေ ..။
Kera-Iris
၇ရက်၊ ၉လ၊ ၂၀၂၂ခုနှစ်။
For Zawgyi
"ဟယ်လို ဘောစ့် .."
"ဟုတ် ဘောစ့်"
"ငါ့ကျ ဟိုသွားပါဦး၊ ဒီသွားပါဦးနဲ့ သူကျ သာယာချင်တိုင်း သာယာနေတယ် ဘောစ့်စုတ် !!!"
_________________
"လွှမ်းစက် .."
"မဟုတ်ပါဘူး ဒီတိုင်း ..၊"
"အကို ဆင်းလေ.."
"မကြိုက်လို့လား"
"ဪ .."
"အကို ပုံမှန်ပဲမလား"
"အင်း၊ ခဏလေး black Coffee တစ်ခွက်ပါထပ်ပေး"
"ဒါဆို နှစ်ခွက်ပေါ့"
"အင်း .."
ထိုအခါမှ လွှမ်းလဲထိုဝိုင်းသို့လာကာ သင်္ခရှေ့ခုံတွင်ဝင်ထိုင်လိုက်သည်။
"မင်းဖို့မှာပြီးပြီ"
"Black coffee ပဲမလား"
"အကိုက သိနေတာပဲ"
"ဪ ..ဟုတ်ပါပြီ"
"အကိုခွင့်ယူမှာလား"
"ဘယ်လို ..၊ မင်းကငါ့သူဌေးလေ မလုပ်သင့်ပါဘူး"
"ဒါပေမဲ့ .."
"ဘာမှ ဒါပေမမဲ့ရဘူး အကို၊ ကျွန်တော်စီစဉ်ပေးမယ် သားကိုကြိုပို့ဖို့ကိစ္စကို"
"သဘောပဲ.."
"အကိုက လိမ်မာတယ်"
"မဟုတ် ...မဟုတ်ပါဘူး"
"ငါဘာမှမဖြစ်ဘူး၊ မင်းပြီးရင် သွားကြမယ်"
"သေချာလား အကို"
"သေချာတယ်"
Kera-Iris
၇ရက်၊ ၉လ၊ ၂၀၂၂ခုနှစ်။