ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

By Ice_berry_

666K 121K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-55

5.8K 1K 42
By Ice_berry_

[Unicode]

မားမားဟော်၏နားထဲတွင် တဝီဝီမြည်သံများ ဗြုန်းဆိုင်းဝင်ရောက်လာသကဲ့သို့ စိတ်တွေရုတ်ချည်းလွတ်ထွက်သွားရသလို ခံစားလိုက်ရသည်။ ပါးပါးဟော်ကသာ အချိန်မီထိန်းမကူထားလိုက်နိုင်ပါက သူမ၏ ယိုင်ယိုင်နဲ့နဲ့၊ယိမ်းထိုးနေတဲ့ခန္ဓာကိုယ်ဟာ နေရာမှာတင် မြေကြီးပေါ်သို့လဲပြိုကျသွားပေလိမ့်မည်။

သူမဟာ ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့မျက်နှာကိုပင့်မော့ထားပြီး ဟော်ချွီအား မယုံနိုင်သဖွယ် စိုက်ကြည့်နေကာ စကားလုံးများနှင့်အတူ တုန်တုန်ရီရီဖြစ်နေရှာ၏။

"သား! မင်းဘာဖြစ်ချင်နေတာလဲ? ဘာတွေများဖြစ်ချင်နေတာလဲ?"

သာမာန်ကလေးများနှင့်မတူ ကွဲပြားခြားနားသောစရိုက်လက္ခဏာများဖြင့် မွေးဖွားလာခဲ့သည့် ဟော်ချွီမှာ သူ၏ညီအစ်ကိုများကြားတွင် သဘာဝကျကျ မားမားဟော်ထံမှ မျက်နှာသာပေးခြင်းအခံရဆုံးကိုရရှိခဲ့သည်။ငယ်ငယ်လေးကတည်းက ရှက်ဖွယ်လုလုရိုက်နှက်ခံရခြင်းမျိုးကိုမဆိုထားနှင့် ဆူပူကြိမ်းမောင်းတာမျိုးကိုတောင် တစ်ခါမှမခံယူရဖူးခဲ့ပေ။

သို့ပေမယ့် ဒီနေ့မှာတော့ သူ့အမေဖြစ်သူဟာ သူမရဲ့နဂိုမူလ နူးညံ့သိမ်မွေတဲ့အသွင်အပြင်ကို လွှတ်ချလိုက်ပြီး ဟော်ချွီအား ကြမ်းတမ်းခက်ထန်တဲ့ မျက်ဝန်းတစ်စုံဖြင့် စူးစိုက်ကြည့်နေသည်။

"မင်းငါ့ကို ရှင်းရှင်းလင်းလင်းပြောပြတာပိုကောင်းလိမ့်မယ်!"

ဟော်ချွီသည် သူ့အမေ၏ ရုတ်တရက်ထွက်ပေါ်လာသည့် အမျက်ဒေါသကိုသတိမမူမိပေ။ သူက မားမားဟော်ကို ခံစားချက်ကင်းမဲ့စွာကြည့်နေရင်း ထပ်ပြောလိုက်၏။

"ကျွန်တော် ချင့်ဟွမ်ကို သဘောကျတယ် သူနဲ့အမြဲအတူနေသွားချင်တယ်"

ယွီချင့်ဟွမ်အကြောင်းအား တွေးတောမိလိုက်သည်နှင့် ဟော်ချွီ၏နှလုံးအိမ်မှာ ချိုမြမြပျားရည်အိုးထဲတွင် နှစ်ခံထားရသည့်အလားပင်။ ရှက်ရွံ့နေတဲ့မျက်နှာမှာ ဘယ်ဘက်ပါးပြင်ရှိပါးချိုင့်ဝိုင်းဝိုင်းလေးကိုထွက်ပေါ်လာစေပြီး သူကတီးတိုးလေးပြောလာ၏။

"သူအိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်ကိုတန်းမြင်စေချင်တယ်"

"မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်း!" မားမားဟော်၏မျက်လုံးများတွင် မျက်ရည်များရစ်သိုင်းလာသည်။

သူမဟာ အလဲလဲအပြိုပြို ရှိုက်ငိုနေရင်းက ရုတ်တရက် ဟော်ချွီရှေ့သို့ တဟုန်ထိုးရောက်သွားပြီး သူမလက်အားမြှောက်ကာရိုက်ချလိုက်သည်။

"မင်းဘယ်ကိုမှသွားခွင့်မရှိဘူး! အိမ်ထဲမှာပဲနေ! မင်းကိုအပြင်ထွက်ခွင့်ပိတ်တယ် နားလည်လား?"

"မား!"

"မိန်းမ!"

ပါးပါးဟော်နှင့် ဟော်ယုံနှစ်ယောက်စလုံးမှာ သူမ၏ ဟော်ချွီအပေါ်ရိုက်ချက်ကြောင့် အံ့အားသင့်တုန်လှုပ်သွားကြသည်။ သူတို့ဟာနေရာမှာတင် အချိန်တခုလောက်ငုတ်တုတ်မေ့နေကြပြီး ‌ပြီးခါမှ သူမအားအမြန်အဝေးဆွဲခေါ်သွား၏။

"မင်းဘယ်လိုလုပ်လိုက်တာလဲ?"

ပါးပါးဟော်သည် ရူးကြောင်ကြောင်အရာများအား သူမဆက်လက်လုပ်ဆောင်နေခြင်းမှ တားဆီးနိုင်ရန် သူမကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီး နားထဲသို့ အသံတိုးတိုးသာသာဖြင့် ပြောဆိုနေသည်။

"စိတ်အေးအေးထား မင်း,သားကို ခြောက်လှန့်မိသွားလိမ့်ဦးမယ် ကိုယ်တို့အခန်းထဲပြန်ပြီးစကားပြောရအောင်"

"ကျမဘယ်မှမသွားဘူး!" မားမားဟော်သည် ဟော်ချွီအား မျက်ရည်တသွင်သွင်စီးကျနေသော မျက်လုံးများဖြင့်စိုက်ကြည့်လို့နေပြီး ရှိုက်ကြီးတငင်ငိုကြွေးနေလေသည်။ အမှန်တရားက သူမအတွက်တော့ အလွန်လေးလံသောဝန်ထုပ်ဝန်ပိုးပင်။

"ဒါဘယ်လိုများဖြစ်နိုင်မှာလဲ? ကျမတို့ ချွီ တခုခုမှားနေတာဖြစ်ရမယ်!"

ငယ်စဉ်ကလေးဘဝကတည်းက သာမန်ကလေးများနဲ့မတူ ကွဲပြားခြားနားနေသည့် သူမ၏သားထွေးလေးဟာ နာကျင်မှုများစွာ၊လှောင်ပြောင်သရော်မှုများစွာကို ရရှိခံစားခဲ့ရ၏။ သူအရွယ်ရောက်ကြီးပြင်းလာသည့် သက်တမ်းတလျှောက်မှာ အထီးကျန်အဖော်မဲ့ခြင်းက လမ်းခင်းအဖော်ပြုထားခဲ့သည်။

ယခု နောက်ဆုံးမှာမှ သူ့တွင် သာမာန်ဘဝသို့ရောက်ရှိနိုင်သည့်လက္ခဏာအချို့ရှိလာခဲ့ပြီး အခြားသူများကိုဘယ်လိုဂရုစိုက်ရတာ၊ လူမှုဆက်ဆံရေးတခု မိမိဘာသာ ဘယ်လိုတည်ဆောက်ရမယ်ဆိုတာကိုပါ သင်ယူနိုင်လာသည်။

သို့ပေမယ့် တနေ့သောအခါ သားငယ်ဖြစ်သူမှာ ပုံမှန်ဘဝအခြေအနေတစ်ခုသို့ လျှောက်လှမ်းသွားနိုင်လိမ့်မည်ဟုတွေးကာ သူမ,အားရကျေနပ်ထားခဲ့မိသလောက် လုံးဝထင်မှတ်မထားခဲ့သော ဖြစ်ရပ်တခုက သူမအားအိပ်မက်ထဲကနေ ရုတ်တရက်နိုးထလာစေခဲ့သည်။

ဟော်ချွီက သူယောက်ျားတစ်ယောက်ကို ချစ်ခင်စုံမက်နေတယ်လို့ သူမအားတကယ်ကြီးပြောလာခဲ့၏! သူမ ဒါကိုဘယ်လိုလက်သင့်ခံရမလဲ?

ဒါဟာပို့လိုတောင် ခက်ခဲကြမ်းတမ်းတဲ့လမ်းကြောင်းတခုဖြစ်နေခဲ့သည်။ ဟော်ချွီသာ ဒီလမ်းကိုရွေးချယ်ခဲ့မယ်ဆိုရင် ယခင့်ယခင်ကထက် အဆပေါင်းရာထောင်ချီ၍ ပိုနာကျင်ထိခိုက်ရမည်ဖြစ်၏။

ဟော်ချွီသည် သူမသွေးသားဖြစ်ပြီး သူမကိုယ်တိုင်ကြီးပြင်းအောင်မွေးမြူလာရသည့် သားတယောက်ဖြစ်သည်။သူအခုလို လမ်းကြောင်းသွေဖည်သွားတာကို မြင်ရက်နိုင်တဲ့နှလုံးသား သူမမှာအဘယ်ရှိအံ့နည်း!?

မားမားဟော်၏အသိစိတ်သည် တဖြေးဖြေးချင်း ပြန်လည်နေရာယူလာသည်။ သူမဟာ ခင်ပွန်းဖြစ်သူကိုဘေးတွန်းပြီး ဟော်ချွီရှေ့မှောက်သို့ လျှောက်သွားလိုက်၏။ သူမစကားပြောမလို့ရှိတုန်းမှာ လက်ချောင်းရှည်ရှည်သွယ်သွယ်တခုက သူမဆီချဉ်းကပ်လာသည်။

"မား မငိုပါနဲ့" ဟော်ချွီသည် သူမမျက်နှာပေါ်ရှိ မျက်ရည်များကို ဂရုတစိုက်သုတ်ပေးလိုက်သည်။ သူ၏လှပနက်မှောင်သော မျက်ဝန်းများထဲတွင် ထိတ်ထိတ်ပျာပျာဖြစ်ရမှုအရိပ်အယောင်တချို့စွန်းထင်းနေပြီး

"ကျွန်တော် မားကို စိတ်ဆိုးသွားမိစေတာလား? တောင်းပန်ပါတယ်"

သူ့ဆံပင်တွေကရှုပ်ပွေနေပြီး ဇဝေဇဝါဖြစ်နေသည့်မျက်နှာပေါ်တွင် လက်သည်းခြစ်ရာအစင်းကြောင်းထင်နေသည်။ သို့ပေမယ့် သူ့အခြေအနေကိုသူ လုံးလုံးသတိမပြုမိပဲ မအေဖြစ်သူကိုသာ "မား မငိုပါနဲ့" ဆိုပြီး ကိုးယိုးကားယားနိုင်စွာ နှစ်သိမ့်ဖို့ကြိုးစားနေ၏။

ဒါဟာ ဟော်ချွီအနေဖြင့် သူ့မိသားစုဝင်များ၏ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများအပေါ် ပထမဆုံးအကြိမ် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ မားမားဟော်၏ နှလုံးသားသည် တချိန်တည်းမှာ ခါးသက်သလို၊ ချိုလည်းချိုမြိန်နေရ၏။ တကယ့်ကို ရောထွေးနေတဲ့စိတ်ခံစားချက်တခုပင်!

မျက်ရည်များမှာ သူမပါးပြင်ပေါ်သို့ အထိန်းအကွပ်မဲ့စီးကျလာသည်။သူမသားငယ်မျက်နှာပေါ်ရှိ ဒဏ်ရာကို နောင်တကြီးစွာ သွားရောက်ထိ‌တွေ့မိလိုက်သည်။ သူမရဲ့ အမျက်ဒေါသနှင့်ထိတ်လန့်ခြောက်ခြားရမှု အလုံးစုံကိုမေ့လျော့သွားခဲ့ပြီး သားဖြစ်သူအပေါ် ချစ်ခြင်းတရားသာကျန်ရစ်တော့၏။

"မား အဆင်ပြေပါတယ် စိတ်မပူနဲ့ သားမျက်နှာ နာနေလား?"

ဟော်ချွီက "အင်း" ဟူ၍ ရိုးရိုးသားသားခေါင်းညိတ်ပြလာသည်။

"ဒါမားအပြစ်ပါ မား မင်းကိုမရိုက်သင့်ဘူး"

မားမားဟော်သည် သူမကိုယ်သူ အလွန်အမင်းအပြစ်တင်‌နေ၏။ သူမဟာ တအင့်အင့်ရှိုက်ငိုနေရင်းက သူမသားအပေါ် ရိုက်မိခဲ့သော ထိုလက်ချောင်းများကိုပင် ရိုက်ချိုးပစ်ချင်နေသည်။

ဇနီးဖြစ်သူ၏စိတ်အခြေအနေ နောက်ဆုံးမှာအနည်ထိုင်လာသည်ကိုမြင်လိုက်ရလေသော် ပါးပါးဟော်က ဟော်ယုံအားမျက်စပစ်ပြလိုက်ပြီး

"ဟော်ယုံ ချွီကို ဆေးလိမ်းပေးရအောင် ဧည့်ခန်းထဲခေါ်သွားလိုက်"

ဟော်ယုံက တက်သိနားလည်စွာ ခေါင်းညိတ်ပြလာပြီး ဟော်ချွီအား အခန်းထဲကခေါ်ထုတ်သွားတော့သည်။

ညီအစ်ကိုနှစ်ယောက်ထွက်သွားပြီးတဲ့နောက် ပါးပါးဟော်က မားမားဟော်ဘက်သို့လှည့်ပြီး

"ရှင်မ မင်း ကိုယ်တို့သားကို အထိတ်တလန့်ဖြစ်သွားစေပြီ"

သူဟာ သူမ၏လုပ်ရပ်များအပေါ် သဘောမတွေ့ပေ။

"ယောကျာ်း" မားမားဟော်မှာ သူမကိုယ်သူထောက်ကူဖို့ ခွန်အားရှာနေသကဲ့သို့ ပါးပါးဟော်ရဲ့လက်ကောက်ဝတ်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

"ကျမတို့သားလေး ဘယ်လိုလုပ်မလဲ? သူ... အဲ့ဒီယွီချင့်ဟွမ်ကိုချစ်မိသွားတာ ဖြစ်နိုင်လောက်လား?"

သူမသည် မယုံကြည်နိုင်စွာ တတွတ်တွတ်တီးတိုးရွတ်ဆိုနေ၏။

"ဒီကလေးနှစ်ယောက်ဘယ်လိုဖြစ်ကြရတာလဲ?"

ပါးပါးဟော်၏မျက်နှာမှာ မျက်နှာဖုံးတခုကဲ့သို့တည်ငြိမ်လေးနက်နေသည်။အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်မှ သက်ပြင်းတခုလေးလေးပင်ပင်ချကာ

"ကိုယ်မသိဘူး"

သူဟာ မားမားဟော်၏လက်များကို ဆုပ်ကိုင်ထားရင်း ခဏရပ်သွား၏။

"ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်တမ်း ကိုယ်သူတို့ကို မင်းလောက်ကြီး ပြင်းပြင်းထန်ထန်မကန့်ကွက်မိဘူး"

"ဘာကြောင့်လဲ?" မားမားဟော်၏ မျက်လုံးမှာပြူးကျယ်လာပြီး သူ့အားစိုက်ကြည့်နေကာ သူ့လက်များကိုပုတ်ထုတ်လိုက်သည်။ သူမအသံက အတော်လေးတင်းမာနေ၏။

"ရှင့်သားဂေးဖြစ်တာ ကောင်းတယ်လို့ ရှင်ထင်နေတာလား? လူတွေသူ့ကို ဘယ်လောက်တောင်မှ ရယ်သွမ်းသွေးကြမလဲ၊ ကဲ့ရဲ့လှောင်ပြောင်ကြလိမ့်မလဲဆိုတာ ရှင်မတွေးမိဘူးလား?"

"ရှင်မ စိတ်အေးအေးထားပါဦး" ပါးပါးဟော်က တံခါးကိုလုံအောင်ပိတ်ပြီး ဆက်ပြောလာသည်။

"ယွီချင့်ဟွမ်အတွေးကိုတော့ကိုယ်မသိဘူး ဒါပေမယ့် အကယ်၍များ သူတို့နှစ်ယောက် တစ်သက်လုံးမခွဲမခွာအတူ တကယ်နေထိုင်သွားနိုင်မယ်ဆိုရင် ဒါတကယ့်ကိုမဆိုးလှပါဘူး"

"တ‌နေ့ကျရင် ကိုယ်တို့ချွီဆီမှာ သူငယ်ချင်းအပေါင်းအသင်းနဲ့ ချစ်သူရည်းစားဆိုတာတောင်ရှိလာလိမ့်မယ်ဆိုတာကို ကိုယ်ပုံဖော်ကြည့်ဖို့ သတ္တိတောင်မရှိခဲ့ဘူး"

သူ့ဟန်ပန်အမူအရာကရှုပ်ထွေးနေပြီး အိတ်ကပ်ထဲမှ ဟော်ချွီပေးထားသည့်လက်အိတ်တစုံကို ထိတွေ့လိုက်သည်။

"ဒါပေမယ့် ယွီချင့်ဟွမ်ပေါ်လာပြီးကတည်းက ချွီကပြောင်းလဲသွားခဲ့ပြီ ကိုယ်တို့ ချွီ နောက်ထပ်အထီးကျန်အဖော်မဲ့ရတော့မှာမဟုတ်ဘူးလို့တွေးမိလိုက်ရုံနဲ့တင် ကိုယ်အရမ်းဝမ်းသာမိတယ်"

"မင်းဒါကိုသတိမပြုမိဘူးလား?" ပါးပါးဟော်က သူ့လက်ကိုဆန့်ထုတ်ပြီး မျက်ရည်တွေနဲ့စွတ်စိုနေတဲ့ မားမားဟော်၏ဆံနွယ်တွေကို သူမ နားအနောက်သို့ သိမ်းယူပေးလိုက်ပြီး သက်ပြင်းချ၏။

"ယွီချင့်ဟွမ်က ကိုယ်တို့ချွီရဲ့ ကံကြမ္မာရေစက်လေးဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာကိုပေါ့"

သူတို့နှစ်ဦးရဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှုကနေ ယနေ့အချိန်အထိ သူတို့သားအငယ်ဆုံးလေးရဲ့ ပြောင်းလဲမှုတိုင်းဟာ ယွီချင့်ဟွမ်ကြောင့်သာ။ သူ့စိတ်ထဲမချင့်မရဲဖြစ်မိရပေမယ့် ယွီချင့်ဟွမ်မှာ ဟော်ချွီ၏နှလုံးအိမ်ထဲဝယ် အတုမရှိ တမူထူးခြားကွဲပြားနေတယ်ဆိုတာကိုတော့ ဝန်ခံရမည်ပင်။

"ဒါပေမယ့် ကျမသားကို လိင်တူချစ်သူတယောက်အဖြစ် ကင်ပွန်းတပ်မခံချင်ဘူး" မားမားဟော်က သူမနဖူးပြင်ကို ပါးပါးဟော်ပခုံးထက်အပ်ထားပြီး သုန်သုန်မှုန်မှုန်ပြောလာသည်။

"ယောကျာ်း ကျမအရမ်းကြောက်တယ်။ဒါပေမယ့်.." သူမကနှုတ်ခမ်းသားများကိုဖိပိတ်လိုက်သည်။

"ကျမက သူ ယွီချင့်ဟွမ်နဲ့ အဆက်အဆံလုပ်တာကိုတားမြစ်ပိတ်ပင်တဲ့အထိ ဆိုးသွမ်းရက်စက်နိုင်တဲ့အမေတယောက်မဟုတ်သေးဘူး "

"သဘာဝအရ သူ့ဖြစ်ရိုးဖြစ်စဉ်အတိုင်းပဲရှိစေတော့"

ပါးပါးဟော်က သူမပုခုံးကိုပုတ်ပေးနေသည်။

"ဒါ ကိုယ်တို့မိဘတွေရဲ့ တာဝန်ဝတ္တရားပဲမဟုတ်ဘူးလား? သူတစ်ယောက်တည်း လောကကြီးထဲ အထီးကျန်နေတာထက်စာရင် သူလှောင်ပြောင်ရယ်မောခံရမှာကိုပဲ ကိုယ်ရွေးချယ်လိုက်မယ်"

ထိုသို့ပြောနေရင်း ပါးပါးဟော်က သရော်တော်တော်
ဆိုလာပြန်၏။

"ဒါ့အပြင် ဘယ်သူကများ ကိုယ်တို့သားကို လှောင်ပြောင်ရဲမတဲ့လဲ?!"

"ကိုယ့်ကိုကိုယ် အမွှမ်းတင်မနေနဲ့!" မားမားဟော်သည် သူမ၏နီမြန်းနေသော မျက်လုံးထောင့်စွန်းကို ပွတ်သုတ်လိုက်ပြီး အနည်းငယ်စိတ်သက်သာရာရသွားသည်။

လက်ရှိအချိန်ထိ ထိုအမှန်တရားကို သူမအနေနဲ့ လက်သင့်မခံနိုင်သေးပေမယ့် ခုနတုန်းကလောက်ထိ ပြင်းပြင်းထန်ထန်မတုံ့ပြန်မိတော့ပေ။

"ကျမတို့ ယွီချင့်ဟွမ်နဲ့ စကားပြောသင့်တယ်လို့ ရှင်ထင်လား?"

"မထင်ဘူး" ပါးပါးဟော်က မျက်မှောင်ကြုတ်သွားပြီး သူ့အမူအရာက ရုတ်တရက်တည်တင်းလာ၏။

"မင်း,သားကို မင်းချစ်တာကိုယ်နားလည်တယ် ဒါပေမယ့် အဲ့ဒါကြောင့်နဲ့ပဲ ယွီချင့်ဟွမ်အပေါ်ကို ဖိအားသွားပေးလို့မရဘူး။ ချွီက သူ့အပေါ် ခံစားချက်ရှိနေတာနဲ့ပဲ ယွီချင့်ဟွမ်ကလည်း ကိုယ်တို့ချွီအပေါ် တူညီတဲ့ခံစားချက်ပြန်ရှိရလိမ့်မယ်လို့ ဘယ်သူကမှမပြဌာန်းထားဘူး"

"ဒါပေမယ့်..."

"ရှင်မ ကိုယ်ပြောတာနားထောင်" ပါးပါးဟော်က လက်ကိုဆန့်တန်းပြီး သူမအားရင်ခွင်ထဲဖက်ထားလိုက်၏။ သူ၏မျက်လုံးတွေထဲမှာတော့ သနားဂရုဏာစိတ်အပြည့်ဖြင့်ပင်။

"ကိုယ်တို့သားအတွက်ကြောင့်နဲ့ တပါးသူရဲ့သားအပေါ် ဖိအားအတင်းသွားပေးလို့မရဘူး။ ကိုယ်တို့ရဲ့ချွီမှာ သူ့အတွက် ကျောထောက်နောက်ခံ ကိုယ်တွေရှိပေမယ့် ယွီချင့်ဟွမ်မှာတော့ မိဘတွေမရှိတော့တာကြာလှပြီ။ ကလေးတွေကို သူတို့ကိစ္စသူတို့ဘာသာဖြေရှင်းကြပါ‌စေ"

မားမားဟော်က "အင်း" ဟူ၍ မဖြေမပေးလာမီ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။

ဟော်ယုံမှ ဟော်ချွီကိုပြန်ခေါ်လာတဲ့အခါ မားမားဟော်သည် သူ့စိတ်ခံစားချက်များကို ထုပ်ပိုးသိမ်းဆည်းပြီးဖြစ်သည်။ သူမကိုယ်သူမ အပြည့်အဝဖျောင်းဖျလို့မရသေးပေမယ့် အမှန်တရားကိုလက်ခံနိုင်ဖို့တော့ စတင်ကြိုးစားနေလေပြီ။

သို့သော်လည်း သူမသည် ဟော်ချွီအပြီးအပိုင် ပြောင်းရွှေ့သွားတာကိုတော့ သဘောမတူကန့်ကွက်နေဆဲဖြစ်၏။ ယွီချင့်ဟွမ် အိမ်ပြောင်းခါနီးဆဲဆဲဖြစ်သည့်အချက်ကိုယူပြီး သူမသည် ဟော်ချွီအား သူပုံမှန်သုံးလေ့သုံးထရှိသော အဝတ်အစားများနှင့်
ဆောင်းပါးများကိုသာ ယူဆောင်သွားခွင့်ပြုခဲ့သည်။

ဒါဟာ ဟော်ချွီအတွက်တော့ ချင့်ဟွမ်၏အိမ်တွင် ပိုင်ရှင်အဝေးရောက်နေချိန် တစ်ယောက်တည်းနေဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။သူဟာ ဆိုဖာပေါ်တွင် ငြိမ်ငြိမ်သက်သက်လေးထိုင်နေပြီး သူ့ရင်ဘတ်ကိုသူ စိတ်မသက်မသာအုပ်ကိုင်ထား၏။

ချင့်ဟွမ်အပေါ်ထားတဲ့ သူ့ခံစားချက်ကိုထုတ်ဖော်ပြောကြားပြီးတဲ့နောက် သူ့အမေဖြစ်သူဟာ ရုတ်တရက်ကြီး အလွန်ဝမ်းနည်းပန်းနည်းငိုကြွေးလာခဲ့သည်။ ဒါဘယ်လိုကြောင့်ဖြစ်ရတာလဲ?

သူဟာ နှာတချက်ရှုပ်လိုက်ပြီး ကြမ်းပြင်ပေါ်ကို ဗလာသက်သက်ငေးကြည့်နေမိသည်။ ချင့်ဟွမ်ကအရမ်းကိုမှကောင်းပြီး သူ သူ့ကိုသဘောကျ၏။ဘာလို့ သူ့အမေက ဒီလောက်တောင် စိတ်သောကရောက်နေရတာလဲ? သူသေချာပေါက်အလိုရှိခဲ့သည်မှာ သူတို့အားလုံးရဲ့ ကောင်းချီးပေးမှုနှင့် အားကျဝန်တိုမှုသာ။

သူဟာလက်ပတ်နာရီကို မသိစိတ်ကအလျောက်အလိုလိုသွားရောက်ထိတွေ့မိလိုက်ပြီး စိတ်အလိုမကျမှုတွေဖြင့် ဖုန်းကိုကောက်ယူကာ ယွီချင့်ဟွမ်၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။

ထိုအချိန်တွင် တစ်ရက်တာရိုက်ကူးရေးပြီးစီးရုံတင်ရှိသေးတဲ့ ယွီချင့်ဟွမ်မှာ မောပန်းနွမ်းလျနေပြီး ခါးကိုတောင် ဖြောင့်ဖြောင့်မတ်မထားနိုင်ပေ။

သူ့ဒီဘဝမှာကော ယခင်ဘဝမှာပါ လယ်ယာအလုပ်ကို များများစားစားမလုပ်ခဲ့ဖူးပေ။ သူ၏ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကြောင့်သာမဟုတ်ပါက ဒါတွေအားလုံးကို သူ မကိုင်တွယ်နိုင်လောက်အောင်ပင်။

သူဟာ ကုတင်ပေါ်တွင်ခဏထိုင်နေပြီး တခုခုသောက်ရန် အောက်ဆင်းခါနီးတွင် ကျောက်ချင်းယွမ်မှတံခါးကိုတွန်းဖွင့်ပြီး မျက်နှာတခုလုံးတွင် စိတ်မကြည်မလင်မှုတွေအပြည့်အသိပ်ဖြင့် ဝင်ရောက်လာသည်။

"ငါခုလေးတင် အန်ကယ်လျိုဆီဖုန်းဆက်လာတာ။ ဝမ်ချန်ချန် ဒီအစီအစဉ်ကိုရောက်လာတာ သူ့အဆက်အသွယ်နဲ့ပဲ! ဇာတ်ကားပရိုမိုးရှင်းဆင်းဖို့အတွက် ဝမ်ချန်ချန်နဲ့ ငါ့ကို ရသစုံရှိုးတခုထဲကို သူတမင်တကာထည့်လိုက်တာ။ ငါကတော့ ဒီလောက်တိုက်ဆိုင်တာမျိုးဘယ်လိုရှိနိုင်မှာလဲလို့ တွေးနေမိတာ!"

သူဟာ ကုတင်အစွန်းကို ဒေါသတကြီးထုနှက်နေ၏။

"ငါမသွားမှာစိုးရိမ်လို့ သူကတမင်သက်သက်ကို ပရိုဂရမ်အဖွဲ့သားတွေဆီ ငါ့ကိုပါဝင်ဧည့်သည်စာရင်းကြိုမပြောပြခိုင်းထားတာ! သစ္စာဖောက်မြေခွေးအိုကြီး!"

"စိတ်အေးအေးထား" ယွီချင့်ဟွမ်က ကျောက်ချင်းယွမ်ရဲ့ လက်ကိုပုတ်ထုတ်လိုက်ပြီး လေထုထဲကဖုန်မှုန့်တွေကို ညွှန်ပြလိုက်ပါ၏။

"မင်းဒီလိုသာဆက်လုပ်နေရင် ငါတို့ဒီအခန်းထဲမှာနေလို့ရမှာမဟုတ်တော့ဘူး"

ကျောက်ချင်းယွမ်က သူ့လက်ကိုပြန်ရုတ်လိုက်ပြီး

"ငါပြန်ရောက်တာနဲ့ သူ့ကိုအကြီးကြီးတခုပြန်တောင်းဆိုရမယ်!" သူက မျက်နှာပေါ်က ချွေးတွေကိုသုတ်လိုက်ပြီး မနှစ်မြို့စွာဆိုလာ၏။

"ချင့်ဟွမ်၊ ငါ့ကိုမီးမွှေးကူပါဦး။ ငါရေနွေးကျိုပြီး ရေသွားချိုးဦးမယ်"

"ကောင်းပြီ" ယွီချင့်ဟွမ်က အကြောင်းပြန်လိုက်ပြီး
ကျောက်ချင်းယွမ်နဲ့ အပြင်လိုက်ထွက်ဖို့ လုပ်လိုက်တဲ့အချိန်မှာ ဖုန်းဝင်လာခဲ့သည်။သူ့လက်ကိုင်ဖုန်းကို ယူကြည့်လိုက်တော့ ခေါ်ဆိုသူမှာ ဟော်ချွီဖြစ်နေတာကိုတွေ့လိုက်ရ၏။

ဟော်ချွီက သူ့ကိုဖုန်းခေါ်ခဲလှသည်။ အချိန်အများစုမှာ သူဟာစာပို့ရတာကိုပိုနှစ်သက်၏။ သူတစ်ခုခုများဖြစ်သလား စိုးရိမ်သွားကာ ယွီချင့်ဟွမ်က ဖုန်းဖြေဆိုတဲ့ခလုတ်ကို အမြန်နှိပ်လိုက်သည်။

"ချင့်ဟွမ်" ဖုန်းချိတ်ဆက်ပြီးပြီးချင်းမှာပဲ ဟော်ချွီအသံအုပ်အုပ်ကို သူကြားလိုက်ရ၏။

"မင်းအဆင်ပြေရဲ့လား?" သူ့စိတ်အခြေအနေ သိပ်ကောင်းပုံမရတာကို အာရုံခံမိလိုက်ရသဖြင့် ယွီချင့်ဟွမ်မှာ သူ့အလိုလိုမျက်မှောင်ကြုတ်သွားရရင်း စိုးရိမ်တကြီးမေးလိုက်သည်။

"ဘာများဖြစ်လို့လဲ?"

"ကိုယ်မင်းကိုလွမ်းတယ်" ဟော်ချွီ၏အသံမှာ စိတ်အလိုမကျမှုတွေဖြင့် တိုးဖျော့နေသည်။

"မင်းဘယ်တော့ပြန်လာမှာလဲ?"

"နောက်သုံးရက်လောက်နေမှဖြစ်မှာ စိုးမိတယ်" ယွီချင့်ဟွမ်၏အသံသည် မသိလိုက်မသိဘာသာ နူးညံ့ပျော့ပြောင်းသွားရပြီး

"မင်းအိမ်မှာပျင်းနေတာလား?"

ဟော်ချွီသည် ပျင်းရိငြီးငွေ့ခြင်းဆိုတဲ့အဓိပ္ပါယ်ကို သိပ်နားမလည်တာကြောင့် ထိုစကားလုံးများကိုလစ်လျူရှုထားလိုက်ပြီး ဒီနေ့ သူအိမ်မှာဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ပြန်လည်ပြောပြဖို့ စကားလုံးတွေကို ကြိုးစားပမ်းစားစီရီနေ၏။

"ချင့်ဟွမ်၊ ဒီနေ့... အရမ်းထူးဆန်းတာတစ်ခုဖြစ်ခဲ့တယ််"

"ဟမ်?" ယွီချင့်ဟွမ် ရပ်တန့်သွားရ၏။ သူအ‌ခြေအနေကို မေးမြန်းဖို့လုပ်စဉ်မှာ ရုတ်တရက်ဆိုသလို နောက်ဖက်ကနေ ဆူဆူညံညံအသံတစ်ခု ထွက်ပေါ်လာသည်။

"ချင့်ဟွမ်! ဒီကိုလာခဲ့ မြန်မြန်၊ မနက်ဖြန်အတွက် ပျိုးပင်တွေ လုံလုံလောက်လောက်မရှိသေးဘူး။ ဒါကြောင့်မို့ ငါတို့တွေအခုပဲ ပိုပိုသာသာလေး စုဆောင်းထားရမယ်"

"ဖုန်းပြောနေတာရပ်လိုက်တော့၊ငါတို့အားလုံး မင်းကိုစောင့်နေတာ! လာ! အမြန်"

"တောင်းပန်ပါတယ် ဟော်ချွီ ငါရုတ်တရက်ကြီး အလုပ်ကိစ္စတစ်ခုပေါ်လာလို့ မင်းအခုအိပ်ရာဝင်လိုက်တော့ ငါ မနက်ဖြန်ဖုန်းပြန်ခေါ်လိုက်မယ်"

သူ့စကားဆုံးတာနှင့် ချင့်ဟွမ်သည် အလုပ်ဝန်ထမ်းငယ်လေး၏ ကြိမ်ဖန်များစွာလောဆော်မှုအောက်မှာ ဖုန်းကိုချလိုက်သည်။

ဟော်ချွီသည် ဖုန်းကျသွားသည့်အသံ တူ..တူ..တူ ဟူသောအသံကို အတန်ကြာနားထောင်နေခဲ့ပြီး သူ့ဖုန်းကို စိတ်ပျက်အားလျော့စွာ အောက်ချလိုက်ဖို့ အချိန်တခုယူခဲ့ရလေသည်။

သူ ချင့်ဟွမ်ကို တကယ်လွမ်းမိသည်။ သူ့အား ပြောစရာတွေ အများကြီးရှိနေ၏။ သို့ပေမယ့် ချင့်ဟွမ်ကတော့ သူ့ကိုသတိမရပုံပင်။ သူ့အလုပ်ကိုသာသဘောကျပြီး အလုပ်အတွက်ကြောင့်နဲ့ သူ့ဖုန်းကိုတောင်ချပစ်ခဲ့သည်။ဟော်ချွီသည် နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်ထားပြီး ပထမဆုံးအကြိမ်အဖြစ် စိတ်အနည်းငယ်တိုမိသည်။

ထိုအချိန်တွင် ဖုန်းကရုတ်တရက်အသံမြည်လာပြီး မက်ဆေ့ခ်ျအသစ်တစ်စောင် ဝင်လာခဲ့သည်။ ၎င်းမှာ ယွီချင့်ဟွမ်ထံမှဖြစ်ပြီး စကားတိုလေး လေးလုံးထဲသာပါရှိသည် --

"ကိုယ်လည်းမင်းကိုလွမ်းတယ်"

ဟော်ချွီသည် ဖန်သားပြင်ပေါ်ရှိ စကားလုံးများကို ထပ်ခါထပ်ခါပွတ်သပ်ရင်း နှုတ်ခမ်းများက မသိလိုက်မသိဘာသာ ကော့ညွတ်တက်သွားခဲ့သည်။ ချင့်ဟွမ်လည်း သူ့ကိုလွမ်းနေတယ်ဆိုမှတော့ သူ သူ့ကိုခွင့်လွှတ်လိုက်ပေးလိုက်ပါမည်လေ။သို့ပေမယ့် နည်းနည်းပါးပါးလောက်သာခွင့်လွှတ်မည်။ကျန်တာကတော့ လူချင်းတွေ့ကြတဲ့အထိစောင့်ကြတာပေါ့ ဟူ၍။


*************

စာရေးသူမှတ်ချက် >>> ဟုတ်ပါတယ်၊ အရင်အပိုင်းရဲ့ဇာတ်ကြောင်းကို စာဖတ်သူတွေတော်တော်များများ ဇာတ်ရည်မလည်ဘူးဖြစ်သွားခဲ့တယ်။ တကယ်တော့ အဲ့ဒီအပိုင်းမှာ မြှပ်ကွက်တခုရှိနေခဲ့တာပါ။
ချင့်ဟွမ်က သူ့အရင်ဘဝတုန်းက အခြားသူတစ်ယောက်ကိုကယ်တင်ဖို့သေဆုံးခဲ့ရတာပါ။ အရှေ့အပိုင်းက အဲ့ဒီလူဟာဟော်ချွီဖြစ်ကြောင်းကိုထောက်ပြထားခဲ့တာ။ ဒါကြောင့်မို့ သူတို့တွေရဲ့ကံကြမ္မာက အရင်ဘဝကနေ အခုဘဝအထိ ဆက်စပ်နေကြတာပါ။ အသေးစိတ်ကိုတော့ extra အခန်းတွေမှာထည့်ပေးပါ့မယ်။ ချင့်ဟွမ်ရဲ့ပြန်လည်မွေးဖွားခြင်းက ဒီလောက်မရိုးရှင်းပါဘူး။ အရာအားလုံးက အကြောင်းရှိလို့အကျိုးဖြစ်လာခဲ့တာပါ။ စာဖတ်သူတွေအားလုံးကို ခွေးစာတပန်ကန်ကြီးကျွေးပါ့မယ်နော် ဟီးဟီး~~~

သောက်ပျင်းထရန်စလေတာမှတ်ချက်>>>

ဘစ်စပရိုက်~~ ဟုတ်ပါတယ် ချင့်ဟွမ်အရင်ဘဝကကယ်တင်ခဲ့တဲ့သူက ချွီချွီပါနော်
သိပ်နားမလည်လိုက်တဲ့ or Update ကြာသွားလို့မေ့ကုန်တဲ့သူတွေကတော့ အောက်ပါအတိုင်း မန်မိုရီ ရီ‌ကောပြန်ခေါ်နိုင်ပါသည် (⁠。⁠ŏ⁠﹏⁠ŏ⁠)

∆ ချင့်ဟွမ်အရင်ဘဝက ဘယ်လိုသေဆုံးခဲ့ရတာ ပြန်ဖတ်ချင်ရင် အပိုင်း ၃၁ အလယ်နားလောက်မှာ ဖတ်ပါ (ကြိုတင်မှန်းဆနိုင်ခဲ့တဲ့ ကောမန့်ပိုင်ရှင်လေး၂ယောက်ကို ကွန်ကွန်ပါနော်)

∆ပြီးတာနဲ့ အပိုင်း ၅၄ ရဲ့ အောက်ဆုံးအပိုဒ်ကို ပြန်ဖတ်ပါ

∆နောက်ဆုံးမှာမှ အပေါ်က Author Note ကို တခေါက်ပြန်ဖတ်ကြည့်ပါ နားလည်သွားပါလိမ့်မယ်

~~~~~~~~~~~~~~~

[Zawgyi]

မားမားေဟာ္၏နားထဲတြင္ တဝီဝီျမည္သံမ်ား ျဗဳန္းဆိုင္းဝင္ေရာက္လာသကဲ့သို႔ စိတ္ေတြ႐ုတ္ခ်ည္းလြတ္ထြက္သြားရသလို ခံစားလိုက္ရသည္။ ပါးပါးေဟာ္ကသာ အခ်ိန္မီထိန္းမကူထားလိုက္ႏိုင္ပါက သူမ၏ ယိုင္ယိုင္နဲ႔နဲ႔၊ယိမ္းထိုးေနတဲ့ခႏၶာကိုယ္ဟာ ေနရာမွာတင္ ေျမႀကီးေပၚသို႔လဲၿပိဳက်သြားေပ
လိမ့္မည္။

သူမဟာ ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနတဲ့မ်က္ႏွာကိုပင့္ေမာ့ထားၿပီး ေဟာ္ခြၽီအား မယုံႏိုင္သဖြယ္ စိုက္ၾကည့္
ေနကာ စကားလုံးမ်ားႏွင့္အတူ တုန္တုန္ရီရီျဖစ္ေနရွာ၏။

"သား! မင္းဘာျဖစ္ခ်င္ေနတာလဲ? ဘာေတြမ်ားျဖစ္ခ်င္ေနတာလဲ?"

သာမာန္ကေလးမ်ားႏွင့္မတူ ကြဲျပားျခားနားေသာစ႐ိုက္လကၡဏာမ်ားျဖင့္ ေမြးဖြားလာခဲ့သည့္ ေဟာ္ခြၽီမွာ သူ၏ညီအစ္ကိုမ်ားၾကားတြင္ သဘာဝက်က် မားမားေဟာ္ထံမွ မ်က္ႏွာသာေပးျခင္းအခံရဆုံးကိုရရွိခဲ့သည္။ငယ္ငယ္ေလးကတည္းက ရွက္ဖြယ္လုလု႐ိုက္ႏွက္ခံရျခင္းမ်ိဳးကိုမဆိုထားႏွင့္ ဆူပူႀကိမ္းေမာင္းတာမ်ိဳးကိုေတာင္ တစ္ခါမွမခံယူရဖူးခဲ့ေပ။

သို႔ေပမယ့္ ဒီေန႔မွာေတာ့ သူ႔အေမျဖစ္သူဟာ သူမရဲ႕နဂိုမူလ ႏူးညံ့သိမ္ေမြတဲ့အသြင္အျပင္ကို လႊတ္ခ်လိုက္ၿပီး ေဟာ္ခြၽီအား ၾကမ္းတမ္းခက္ထန္တဲ့ မ်က္ဝန္းတစ္စုံျဖင့္ စူးစိုက္ၾကည့္ေနသည္။

"မင္းငါ့ကို ရွင္းရွင္းလင္းလင္းေျပာျပတာပိုေကာင္းလိမ့္မယ္!"

ေဟာ္ခြၽီသည္ သူ႔အေမ၏ ႐ုတ္တရက္ထြက္ေပၚလာသည့္ အမ်က္ေဒါသကိုသတိမမူမိေပ။ သူက မားမားေဟာ္ကို ခံစားခ်က္ကင္းမဲ့စြာၾကည့္ေနရင္း ထပ္ေျပာလိုက္၏။

"ကြၽန္ေတာ္ ခ်င့္ဟြမ္ကို သေဘာက်တယ္ သူနဲ႔အၿမဲအတူေနသြားခ်င္တယ္"

ယြီခ်င့္ဟြမ္အေၾကာင္းအား ေတြးေတာမိလိုက္သည္ႏွင့္ ေဟာ္ခြၽီ၏ႏွလုံးအိမ္မွာ ခ်ိဳျမျမပ်ားရည္အိုးထဲတြင္ ႏွစ္ခံထားရသည့္အလားပင္။ ရွက္႐ြံ႕ေနတဲ့မ်က္ႏွာမွာ ဘယ္ဘက္ပါးျပင္ရွိပါးခ်ိဳင့္ဝိုင္းဝိုင္းေလးကိုထြက္ေပၚလာေစၿပီး သူကတီးတိုးေလးေျပာလာ၏။

"သူအိမ္ျပန္ေရာက္တာနဲ႔ ကြၽန္ေတာ့္ကိုတန္းျမင္ေစခ်င္တယ္"

"မင္းပါးစပ္ကိုပိတ္ထားလိုက္စမ္း!" မားမားေဟာ္၏မ်က္လုံးမ်ားတြင္ မ်က္ရည္မ်ားရစ္သိုင္းလာသည္။

သူမဟာ အလဲလဲအၿပိဳၿပိဳ ရႈိက္ငိုေနရင္းက ႐ုတ္တရက္ ေဟာ္ခြၽီေရွ႕သို႔ တဟုန္ထိုးေရာက္သြားၿပီး သူမလက္အားေျမႇာက္ကာ႐ိုက္ခ်လိုက္သည္။

"မင္းဘယ္ကိုမွသြားခြင့္မရွိဘူး! အိမ္ထဲမွာပဲေန! မင္းကိုအျပင္ထြက္ခြင့္ပိတ္တယ္ နားလည္လား?"

"မား!"

"မိန္းမ!"

ပါးပါးေဟာ္ႏွင့္ ေဟာ္ယုံႏွစ္ေယာက္စလုံးမွာ သူမ၏ ေဟာ္ခြၽီအေပၚ႐ိုက္ခ်က္ေၾကာင့္ အံ့အားသင့္တုန္လႈပ္သြားၾကသည္။ သူတို႔ဟာေနရာမွာတင္ အခ်ိန္တခုေလာက္ငုတ္တုတ္ေမ့ေနၾကၿပီး ‌ၿပီးခါမွ သူမအားအျမန္အေဝးဆြဲေခၚသြား၏။

"မင္းဘယ္လိုလုပ္လိုက္တာလဲ?"

ပါးပါးေဟာ္သည္ ႐ူးေၾကာင္ေၾကာင္အရာမ်ားအား သူမဆက္လက္လုပ္ေဆာင္ေနျခင္းမွ တားဆီးႏိုင္ရန္ သူမကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္ၿပီး နားထဲသို႔ အသံတိုးတိုးသာသာျဖင့္ ေျပာဆိုေနသည္။

"စိတ္ေအးေအးထား မင္း,သားကို ေျခာက္လွန္႔မိသြားလိမ့္ဦးမယ္ ကိုယ္တို႔အခန္းထဲျပန္ၿပီးစကားေျပာရေအာင္"

"က်မဘယ္မွမသြားဘူး!" မားမားေဟာ္သည္ ေဟာ္ခြၽီအား မ်က္ရည္တသြင္သြင္စီးက်ေနေသာ မ်က္လုံးမ်ားျဖင့္စိုက္ၾကည့္လို႔ေနၿပီး ရႈိက္ႀကီးတငင္ငိုေႂကြးေနေလသည္။ အမွန္တရားက သူမအတြက္ေတာ့ အလြန္ေလးလံေသာဝန္ထုပ္ဝန္ပိုးပင္။

"ဒါဘယ္လိုမ်ားျဖစ္ႏိုင္မွာလဲ? က်မတို႔ ခြၽီ တခုခုမွားေနတာျဖစ္ရမယ္!"

ငယ္စဥ္ကေလးဘဝကတည္းက သာမန္ကေလးမ်ားနဲ႔မတူ ကြဲျပားျခားနားေနသည့္ သူမ၏သားေထြးေလးဟာ နာက်င္မႈမ်ားစြာ၊ေလွာင္ေျပာင္သေရာ္မႈမ်ားစြာကို ရရွိခံစားခဲ့ရ၏။ သူအ႐ြယ္ေရာက္ႀကီးျပင္းလာသည့္ သက္တမ္းတေလွ်ာက္မွာ အထီးက်န္အေဖာ္မဲ့ျခင္းက လမ္းခင္းအေဖာ္ျပဳထားခဲ့သည္။

ယခု ေနာက္ဆုံးမွာမွ သူ႔တြင္ သာမာန္ဘဝသို႔ေရာက္ရွိႏိုင္သည့္လကၡဏာအခ်ိဳ႕ရွိလာခဲ့ၿပီး အျခားသူမ်ားကိုဘယ္လိုဂ႐ုစိုက္ရတာ၊ လူမႈဆက္ဆံေရးတခု မိမိဘာသာ ဘယ္လိုတည္ေဆာက္ရမယ္ဆိုတာကိုပါ သင္ယူႏိုင္လာသည္။

သို႔ေပမယ့္ တေန႔ေသာအခါ သားငယ္ျဖစ္သူမွာ ပုံမွန္ဘဝအေျခအေနတစ္ခုသို႔ ေလွ်ာက္လွမ္းသြားႏိုင္လိမ့္မည္ဟုေတြးကာ သူမ,အားရေက်နပ္ထားခဲ့မိသေလာက္ လုံးဝထင္မွတ္မထားခဲ့ေသာ ျဖစ္ရပ္တခုက သူမအားအိပ္မက္ထဲကေန ႐ုတ္တရက္ႏိုးထလာေစခဲ့သည္။

ေဟာ္ခြၽီက သူေယာက္်ားတစ္ေယာက္ကို ခ်စ္ခင္စုံမက္ေနတယ္လို႔ သူမအားတကယ္ႀကီးေျပာလာခဲ့၏! သူမ ဒါကိုဘယ္လိုလက္သင့္ခံရမလဲ?

ဒါဟာပို႔လိုေတာင္ ခက္ခဲၾကမ္းတမ္းတဲ့လမ္းေၾကာင္းတခုျဖစ္ေနခဲ့သည္။ ေဟာ္ခြၽီသာ ဒီလမ္းကိုေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ ယခင့္ယခင္ကထက္ အဆေပါင္းရာေထာင္ခ်ီ၍ ပိုနာက်င္ထိခိုက္ရမည္ျဖစ္၏။

ေဟာ္ခြၽီသည္ သူမေသြးသားျဖစ္ၿပီး သူမကိုယ္တိုင္ႀကီးျပင္းေအာင္ေမြးျမဴလာရသည့္ သားတေယာက္ျဖစ္သည္။သူအခုလို လမ္းေၾကာင္းေသြဖည္သြားတာကို ျမင္ရက္ႏိုင္တဲ့ႏွလုံးသား သူမမွာအဘယ္ရွိအံ့နည္း!?

မားမားေဟာ္၏အသိစိတ္သည္ တေျဖးေျဖးခ်င္း ျပန္လည္ေနရာယူလာသည္။ သူမဟာ ခင္ပြန္းျဖစ္သူကိုေဘးတြန္းၿပီး ေဟာ္ခြၽီေရွ႕ေမွာက္သို႔ ေလွ်ာက္သြားလိုက္၏။ သူမစကားေျပာမလို႔ရွိတုန္းမွာ လက္ေခ်ာင္းရွည္ရွည္သြယ္သြယ္တခုက သူမဆီခ်ဥ္းကပ္လာသည္။

"မား မငိုပါနဲ႔" ေဟာ္ခြၽီသည္ သူမမ်က္ႏွာေပၚရွိ မ်က္ရည္မ်ားကို ဂ႐ုတစိုက္သုတ္ေပးလိုက္သည္။ သူ၏လွပနက္ေမွာင္ေသာ မ်က္ဝန္းမ်ားထဲတြင္ ထိတ္ထိတ္ပ်ာပ်ာျဖစ္ရမႈအရိပ္အေယာင္တခ်ိဳ႕စြန္းထင္းေနၿပီး

"ကြၽန္ေတာ္ မားကို စိတ္ဆိုးသြားမိေစတာလား? ေတာင္းပန္ပါတယ္"

သူ႔ဆံပင္ေတြကရႈပ္ေပြေနၿပီး ဇေဝဇဝါျဖစ္ေနသည့္မ်က္ႏွာေပၚတြင္ လက္သည္းျခစ္ရာအစင္းေၾကာင္းထင္ေနသည္။ သို႔ေပမယ့္ သူ႔အေျခအေနကိုသူ လုံးလုံးသတိမျပဳမိပဲ မေအျဖစ္သူကိုသာ "မား မငိုပါနဲ႔" ဆိုၿပီး ကိုးယိုးကားယားႏိုင္စြာ ႏွစ္သိမ့္ဖို႔ႀကိဳးစားေန၏။

ဒါဟာ ေဟာ္ခြၽီအေနျဖင့္ သူ႔မိသားစုဝင္မ်ား၏ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈမ်ားအေပၚ ပထမဆုံးအႀကိမ္ ျပန္လည္တုံ႔ျပန္ခဲ့ျခင္းျဖစ္သည္။ မားမားေဟာ္၏ ႏွလုံးသားသည္ တခ်ိန္တည္းမွာ ခါးသက္သလို၊ ခ်ိဳလည္းခ်ိဳၿမိန္ေနရ၏။ တကယ့္ကို ေရာေထြးေနတဲ့စိတ္ခံစားခ်က္တခုပင္!

မ်က္ရည္မ်ားမွာ သူမပါးျပင္ေပၚသို႔ အထိန္းအကြပ္မဲ့စီးက်လာသည္။သူမသားငယ္မ်က္ႏွာေပၚရွိ ဒဏ္ရာကို ေနာင္တႀကီးစြာ သြားေရာက္ထိ‌ေတြ႕မိလိုက္သည္။ သူမရဲ႕ အမ်က္ေဒါသႏွင့္ထိတ္လန႔္ေျခာက္ျခားရမႈ အလုံးစုံကိုေမ့ေလ်ာ့သြားခဲ့ၿပီး သားျဖစ္သူအေပၚ ခ်စ္ျခင္းတရားသာက်န္ရစ္ေတာ့၏။

"မား အဆင္ေျပပါတယ္ စိတ္မပူနဲ႔ သားမ်က္ႏွာ နာေနလား?"

ေဟာ္ခြၽီက "အင္း" ဟူ၍ ႐ိုး႐ိုးသားသားေခါင္းညိတ္ျပလာသည္။

"ဒါမားအျပစ္ပါ မား မင္းကိုမ႐ိုက္သင့္ဘူး"

မားမားေဟာ္သည္ သူမကိုယ္သူ အလြန္အမင္းအျပစ္တင္‌ေန၏။ သူမဟာ တအင့္အင့္ရႈိက္ငိုေနရင္းက သူမသားအေပၚ ႐ိုက္မိခဲ့ေသာ ထိုလက္ေခ်ာင္းမ်ားကိုပင္ ႐ိုက္ခ်ိဳးပစ္ခ်င္ေနသည္။

ဇနီးျဖစ္သူ၏စိတ္အေျခအေန ေနာက္ဆုံးမွာအနည္ထိုင္လာသည္ကိုျမင္လိုက္ရေလေသာ္ ပါးပါးေဟာ္က ေဟာ္ယုံအားမ်က္စပစ္ျပလိုက္ၿပီး

"ေဟာ္ယုံ ခြၽီကို ေဆးလိမ္းေပးရေအာင္ ဧည့္ခန္းထဲေခၚသြားလိုက္"

ေဟာ္ယုံက တက္သိနားလည္စြာ ေခါင္းညိတ္ျပလာၿပီး ေဟာ္ခြၽီအား အခန္းထဲကေခၚထုတ္သြားေတာ့သည္။

ညီအစ္ကိုႏွစ္ေယာက္ထြက္သြားၿပီးတဲ့ေနာက္ ပါးပါးေဟာ္က မားမားေဟာ္ဘက္သို႔လွည့္ၿပီး

"ရွင္မ မင္း ကိုယ္တို႔သားကို အထိတ္တလန္႔ျဖစ္သြားေစၿပီ"

သူဟာ သူမ၏လုပ္ရပ္မ်ားအေပၚ သေဘာမေတြ႕ေပ။

"ေယာက်ာ္း" မားမားေဟာ္မွာ သူမကိုယ္သူေထာက္ကူဖို႔ ခြန္အားရွာေနသကဲ့သို႔ ပါးပါးေဟာ္ရဲ႕လက္ေကာက္ဝတ္အား တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားသည္။

"က်မတို႔သားေလး ဘယ္လိုလုပ္မလဲ? သူ... အဲ့ဒီယြီခ်င့္ဟြမ္ကိုခ်စ္မိသြားတာ ျဖစ္ႏိုင္ေလာက္လား?"

သူမသည္ မယုံၾကည္ႏိုင္စြာ တတြတ္တြတ္တီးတိုး႐ြတ္ဆိုေန၏။

"ဒီကေလးႏွစ္ေယာက္ဘယ္လိုျဖစ္ၾကရတာလဲ?"

ပါးပါးေဟာ္၏မ်က္ႏွာမွာ မ်က္ႏွာဖုံးတခုကဲ့သို႔တည္ၿငိမ္ေလးနက္ေနသည္။အခ်ိန္အေတာ္ၾကာတိတ္ဆိတ္ေနၿပီးေနာက္မွ သက္ျပင္းတခုေလးေလးပင္ပင္ခ်ကာ

"ကိုယ္မသိဘူး"

သူဟာ မားမားေဟာ္၏လက္မ်ားကို ဆုပ္ကိုင္ထားရင္း ခဏရပ္သြား၏။

"ဒါေပမယ့္ ပြင့္ပြင့္လင္းလင္းေျပာရရင္ တကယ္တမ္း ကိုယ္သူတို႔ကို မင္းေလာက္ႀကီး ျပင္းျပင္းထန္ထန္မကန႔္ကြက္မိဘူး"

"ဘာေၾကာင့္လဲ?" မားမားေဟာ္၏ မ်က္လုံးမွာျပဴးက်ယ္လာၿပီး သူ႔အားစိုက္ၾကည့္ေနကာ သူ႔လက္မ်ားကိုပုတ္ထုတ္လိုက္သည္။ သူမအသံက အေတာ္ေလးတင္းမာေန၏။

"ရွင့္သားေဂးျဖစ္တာ ေကာင္းတယ္လို႔ ရွင္ထင္ေနတာလား? လူေတြသူ႔ကို ဘယ္ေလာက္ေတာင္မွ ရယ္သြမ္းေသြးၾကမလဲ၊ ကဲ့ရဲ႕ေလွာင္ေျပာင္ၾကလိမ့္မလဲဆိုတာ ရွင္မေတြးမိဘူးလား?"

"ရွင္မ စိတ္ေအးေအးထားပါဦး" ပါးပါးေဟာ္က တံခါးကိုလုံေအာင္ပိတ္ၿပီး ဆက္ေျပာလာသည္။

"ယြီခ်င့္ဟြမ္အေတြးကိုေတာ့ကိုယ္မသိဘူး ဒါေပမယ့္ အကယ္၍မ်ား သူတို႔ႏွစ္ေယာက္ တစ္သက္လုံးမခြဲမခြာအတူ တကယ္ေနထိုင္သြားႏိုင္မယ္ဆိုရင္ ဒါတကယ့္ကိုမဆိုးလွပါဘူး"

"တ‌ေန႔က်ရင္ ကိုယ္တို႔ခြၽီဆီမွာ သူငယ္ခ်င္းအေပါင္းအသင္းနဲ႔ ခ်စ္သူရည္းစားဆိုတာေတာင္ရွိလာလိမ့္မယ္ဆိုတာကို ကိုယ္ပုံေဖာ္ၾကည့္ဖို႔ သတၱိေတာင္မရွိခဲ့ဘူး"

သူ႔ဟန္ပန္အမူအရာကရႈပ္ေထြးေနၿပီး အိတ္ကပ္ထဲမွ ေဟာ္ခြၽီေပးထားသည့္လက္အိတ္တစုံကို ထိေတြ႕လိုက္သည္။

"ဒါေပမယ့္ ယြီခ်င့္ဟြမ္ေပၚလာၿပီးကတည္းက ခြၽီကေျပာင္းလဲသြားခဲ့ၿပီ ကိုယ္တို႔ ခြၽီ ေနာက္ထပ္အထီးက်န္အေဖာ္မဲ့ရေတာ့မွာမဟုတ္ဘူးလို႔ေတြးမိလိုက္႐ုံနဲ႔တင္ ကိုယ္အရမ္းဝမ္းသာမိတယ္"

"မင္းဒါကိုသတိမျပဳမိဘူးလား?" ပါးပါးေဟာ္က သူ႔လက္ကိုဆန႔္ထုတ္ၿပီး မ်က္ရည္ေတြနဲ႔စြတ္စိုေနတဲ့ မားမားေဟာ္၏ဆံႏြယ္ေတြကို သူမ နားအေနာက္သို႔ သိမ္းယူေပးလိုက္ၿပီး သက္ျပင္းခ်၏။

"ယြီခ်င့္ဟြမ္က ကိုယ္တို႔ခြၽီရဲ႕ ကံၾကမၼာေရစက္ေလးျဖစ္ေကာင္းျဖစ္ႏိုင္တယ္ဆိုတာကိုေပါ့"

သူတို႔ႏွစ္ဦးရဲ႕ပထမဆုံးအႀကိမ္ေတြ႕ဆုံမႈကေန ယေန႔အခ်ိန္အထိ သူတို႔သားအငယ္ဆုံးေလးရဲ႕ ေျပာင္းလဲမႈတိုင္းဟာ ယြီခ်င့္ဟြမ္ေၾကာင့္သာ။ သူ႔စိတ္ထဲမခ်င့္မရဲျဖစ္မိရေပမယ့္ ယြီခ်င့္ဟြမ္မွာ ေဟာ္ခြၽီ၏ႏွလုံးအိမ္ထဲဝယ္ အတုမရွိ တမူထူးျခားကြဲျပားေနတယ္ဆိုတာကိုေတာ့ ဝန္ခံရမည္ပင္။

"ဒါေပမယ့္ က်မသားကို လိင္တူခ်စ္သူတေယာက္အျဖစ္ ကင္ပြန္းတပ္မခံခ်င္ဘူး" မားမားေဟာ္က သူမနဖူးျပင္ကို ပါးပါးေဟာ္ပခုံးထက္အပ္ထားၿပီး သုန္သုန္မႈန္မႈန္ေျပာလာသည္။

"ေယာက်ာ္း က်မအရမ္းေၾကာက္တယ္။ ဒါေပမယ့္..." သူမကႏႈတ္ခမ္းသားမ်ားကိုဖိပိတ္လိုက္သည္။

"က်မက သူ ယြီခ်င့္ဟြမ္နဲ႔ အဆက္အဆံလုပ္တာကိုတားျမစ္ပိတ္ပင္တဲ့အထိ ဆိုးသြမ္းရက္စက္ႏိုင္တဲ့အေမတေယာက္မဟုတ္ေသးဘူး "

"သဘာဝအရ သူ႔ျဖစ္႐ိုးျဖစ္စဥ္အတိုင္းရွိပါေစေတာ့"

ပါးပါးေဟာ္က သူမပုခုံးကိုပုတ္ေပးေနသည္။

"ဒါ ကိုယ္တို႔မိဘေတြရဲ႕ တာဝန္ဝတၱရားပဲမဟုတ္ဘူးလား? သူတစ္ေယာက္တည္း ေလာကႀကီးထဲ အထီးက်န္ေနတာထက္စာရင္ သူေလွာင္ေျပာင္ရယ္ေမာခံရမွာကိုပဲ ကိုယ္ေ႐ြးခ်ယ္လိုက္မယ္"

ထိုသို႔ေျပာေနရင္း ပါးပါးေဟာ္က သေရာ္ေတာ္ေတာ္
ဆိုလာျပန္၏။

"ဒါ့အျပင္ ဘယ္သူကမ်ား ကိုယ္တို႔သားကို ေလွာင္ေျပာင္ရဲမတဲ့လဲ?!"

"ကိုယ့္ကိုကိုယ္ အမႊမ္းတင္မေနနဲ႔!" မားမားေဟာ္သည္ သူမ၏နီျမန္းေနေသာ မ်က္လုံးေထာင့္စြန္းကို ပြတ္သုတ္လိုက္ၿပီး အနည္းငယ္စိတ္သက္သာရာရသြားသည္။

လက္ရွိအခ်ိန္ထိ ထိုအမွန္တရားကို သူမအေနနဲ႔ လက္သင့္မခံႏိုင္ေသးေပမယ့္ ခုနတုန္းကေလာက္ထိ ျပင္းျပင္းထန္ထန္မတုံ႔ျပန္မိေတာ့ေပ။

"က်မတို႔ ယြီခ်င့္ဟြမ္နဲ႔ စကားေျပာသင့္တယ္လို႔ ရွင္ထင္လား?"

"မထင္ဘူး" ပါးပါးေဟာ္က မ်က္ေမွာင္ၾကဳတ္သြားၿပီး သူ႔အမူအရာက ႐ုတ္တရက္တည္တင္းလာ၏။

"မင္း,သားကို မင္းခ်စ္တာကိုယ္နားလည္တယ္ ဒါေပမယ့္ အဲ့ဒါေၾကာင့္နဲ႔ပဲ ယြီခ်င့္ဟြမ္အေပၚကို ဖိအားသြားေပးလို႔မရဘူး။ ခြၽီက သူ႔အေပၚ ခံစားခ်က္ရွိေနတာနဲ႔ပဲ ယြီခ်င့္ဟြမ္ကလည္း ကိုယ္တို႔ခြၽီအေပၚ တူညီတဲ့ခံစားခ်က္ျပန္ရွိရလိမ့္မယ္လို႔ ဘယ္သူကမွမျပဌာန္းထားဘူး"

"ဒါေပမယ့္..."

"ရွင္မ ကိုယ္ေျပာတာနားေထာင္" ပါးပါးေဟာ္က လက္ကိုဆန႔္တန္းၿပီး သူမအားရင္ခြင္ထဲဖက္ထားလိုက္၏။ သူ၏မ်က္လုံးေတြထဲမွာေတာ့ သနားဂ႐ုဏာစိတ္အျပည့္ျဖင့္ပင္။

"ကိုယ္တို႔သားအတြက္ေၾကာင့္နဲ႔ တပါးသူရဲ႕သားအေပၚ ဖိအားအတင္းသြားေပးလို႔မရဘူး။ ကိုယ္တို႔ရဲ႕ခြၽီမွာ သူ႔အတြက္ ေက်ာေထာက္ေနာက္ခံ ကိုယ္ေတြရွိေပမယ့္ ယြီခ်င့္ဟြမ္မွာေတာ့ မိဘေတြမရွိေတာ့တာၾကာလွၿပီ။ ကေလးေတြကို သူတို႔ကိစၥသူတို႔ဘာသာေျဖရွင္းၾကပါ‌ေစ"

မားမားေဟာ္က "အင္း" ဟူ၍ မေျဖမေပးလာမီ အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနခဲ့သည္။

ေဟာ္ယုံမွ ေဟာ္ခြၽီကိုျပန္ေခၚလာတဲ့အခါ မားမားေဟာ္သည္ သူ႔စိတ္ခံစားခ်က္မ်ားကို ထုပ္ပိုးသိမ္းဆည္းၿပီးျဖစ္သည္။ သူမကိုယ္သူမ အျပည့္အဝေဖ်ာင္းဖ်လို႔မရေသးေပမယ့္ အမွန္တရားကိုလက္ခံႏိုင္ဖို႔ေတာ့ စတင္ႀကိဳးစားေနေလၿပီ။

သို႔ေသာ္လည္း သူမသည္ ေဟာ္ခြၽီအၿပီးအပိုင္ ေျပာင္းေ႐ႊ႕သြားတာကိုေတာ့ သေဘာမတူကန္႔ကြက္ေနဆဲျဖစ္၏။ ယြီခ်င့္ဟြမ္ အိမ္ေျပာင္းခါနီးဆဲဆဲျဖစ္သည့္အခ်က္ကိုယူၿပီး သူမသည္ ေဟာ္ခြၽီအား သူပုံမွန္သုံးေလ့သုံးထရွိေသာ အဝတ္အစားမ်ားႏွင့္
ေဆာင္းပါးမ်ားကိုသာ ယူေဆာင္သြားခြင့္ျပဳခဲ့သည္။

ဒါဟာ ေဟာ္ခြၽီအတြက္ေတာ့ ခ်င့္ဟြမ္၏အိမ္တြင္ ပိုင္ရွင္အေဝးေရာက္ေနခ်ိန္ တစ္ေယာက္တည္းေနဖူးသည့္ ပထမဆုံးအႀကိမ္ျဖစ္သည္။သူဟာ ဆိုဖာေပၚတြင္ ၿငိမ္ၿငိမ္သက္သက္ေလးထိုင္ေနၿပီး သူ႔ရင္ဘတ္ကိုသူ စိတ္မသက္မသာအုပ္ကိုင္ထား၏။

ခ်င့္ဟြမ္အေပၚထားတဲ့ သူ႔ခံစားခ်က္ကိုထုတ္ေဖာ္ေျပာၾကားၿပီးတဲ့ေနာက္ သူ႔အေမျဖစ္သူဟာ ႐ုတ္တရက္ႀကီး အလြန္ဝမ္းနည္းပန္းနည္းငိုေႂကြးလာခဲ့သည္။ ဒါဘယ္လိုေၾကာင့္ျဖစ္ရတာလဲ?

သူဟာ ႏွာတခ်က္ရႈပ္လိုက္ၿပီး ၾကမ္းျပင္ေပၚကို ဗလာသက္သက္ေငးၾကည့္ေနမိသည္။ ခ်င့္ဟြမ္ကအရမ္းကိုမွေကာင္းၿပီး သူ သူ႔ကိုသေဘာက်၏။ဘာလို႔ သူ႔အေမက ဒီေလာက္ေတာင္ စိတ္ေသာကေရာက္ေနရတာလဲ? သူေသခ်ာေပါက္အလိုရွိခဲ့သည္မွာ သူတို႔အားလုံးရဲ႕ ေကာင္းခ်ီးေပးမႈႏွင့္ အားက်ဝန္တိုမႈသာ။

သူဟာလက္ပတ္နာရီကို မသိစိတ္ကအေလ်ာက္အလိုလိုသြားေရာက္ထိေတြ႕မိလိုက္ၿပီး စိတ္အလိုမက်မႈေတြျဖင့္ ဖုန္းကိုေကာက္ယူကာ ယြီခ်င့္ဟြမ္၏နံပါတ္ကို ေခၚဆိုလိုက္သည္။

ထိုအခ်ိန္တြင္ တစ္ရက္တာ႐ိုက္ကူးေရးၿပီးစီး႐ုံတင္ရွိေသးတဲ့ ယြီခ်င့္ဟြမ္မွာ ေမာပန္းႏြမ္းလ်ေနၿပီး ခါးကိုေတာင္ ေျဖာင့္ေျဖာင့္မတ္မထားႏိုင္ေပ။

သူ႔ဒီဘဝမွာေကာ ယခင္ဘဝမွာပါ လယ္ယာအလုပ္ကို မ်ားမ်ားစားစားမလုပ္ခဲ့ဖူးေပ။ သူ၏ေကာင္းမြန္တဲ့ ႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈေၾကာင့္သာမဟုတ္ပါက ဒါေတြအားလုံးကို သူ မကိုင္တြယ္ႏိုင္ေလာက္ေအာင္ပင္။

သူဟာ ကုတင္ေပၚတြင္ခဏထိုင္ေနၿပီး တခုခုေသာက္ရန္ ေအာက္ဆင္းခါနီးတြင္ ေက်ာက္ခ်င္းယြမ္မွတံခါးကိုတြန္းဖြင့္ၿပီး မ်က္ႏွာတခုလုံးတြင္ စိတ္မၾကည္မလင္မႈေတြအျပည့္အသိပ္ျဖင့္ ဝင္ေရာက္လာသည္။

"ငါခုေလးတင္ အန္ကယ္လ်ိဳဆီဖုန္းဆက္လာတာ။ ဝမ္ခ်န္ခ်န္ ဒီအစီအစဥ္ကိုေရာက္လာတာ သူ႔အဆက္အသြယ္နဲ႔ပဲ! ဇာတ္ကားပ႐ိုမိုးရွင္းဆင္းဖို႔အတြက္ ဝမ္ခ်န္ခ်န္နဲ႔ ငါ့ကို ရသစုံရႈိးတခုထဲကို သူတမင္တကာထည့္လိုက္တာ။ ငါကေတာ့ ဒီေလာက္တိုက္ဆိုင္တာမ်ိဳးဘယ္လိုရွိႏိုင္မွာလဲလို႔ ေတြးေနမိတာ!"

သူဟာ ကုတင္အစြန္းကို ေဒါသတႀကီးထုႏွက္ေန၏။

"ငါမသြားမွာစိုးရိမ္လို႔ သူကတမင္သက္သက္ကို ပ႐ိုဂရမ္အဖြဲ႕သားေတြဆီ ငါ့ကိုပါဝင္ဧည့္သည္စာရင္းႀကိဳမေျပာျပခိုင္းထားတာ! သစၥာေဖာက္ေျမေခြးအိုႀကီး!"

"စိတ္ေအးေအးထား" ယြီခ်င့္ဟြမ္က ေက်ာက္ခ်င္းယြမ္ရဲ႕ လက္ကိုပုတ္ထုတ္လိုက္ၿပီး ေလထုထဲကဖုန္မႈန႔္ေတြကို ၫႊန္ျပလိုက္ပါ၏။

"မင္းဒီလိုသာဆက္လုပ္ေနရင္ ငါတို႔ဒီအခန္းထဲမွာေနလို႔ရမွာမဟုတ္ေတာ့ဘူး"

ေက်ာက္ခ်င္းယြမ္က သူ႔လက္ကိုျပန္႐ုတ္လိုက္ၿပီး

"ငါျပန္ေရာက္တာနဲ႔ သူ႔ကိုအႀကီးႀကီးတခုျပန္ေတာင္းဆိုရမယ္!" သူက မ်က္ႏွာေပၚက ေခြၽးေတြကိုသုတ္လိုက္ၿပီး မႏွစ္ၿမိဳ႕စြာဆိုလာ၏။

"ခ်င့္ဟြမ္၊ ငါ့ကိုမီးေမႊးကူပါဦး။ ငါေရေႏြးက်ိဳၿပီး ေရသြားခ်ိဳးဦးမယ္"

"ေကာင္းၿပီ" ယြီခ်င့္ဟြမ္က အေၾကာင္းျပန္လိုက္ၿပီး
ေက်ာက္ခ်င္းယြမ္နဲ႔ အျပင္လိုက္ထြက္ဖို႔ လုပ္လိုက္တဲ့အခ်ိန္မွာ ဖုန္းဝင္လာခဲ့သည္။သူ႔လက္ကိုင္ဖုန္းကို ယူၾကည့္လိုက္ေတာ့ ေခၚဆိုသူမွာ ေဟာ္ခြၽီျဖစ္ေနတာကိုေတြ႕လိုက္ရ၏။

ေဟာ္ခြၽီက သူ႔ကိုဖုန္းေခၚခဲလွသည္။ အခ်ိန္အမ်ားစုမွာ သူဟာစာပို႔ရတာကိုပိုႏွစ္သက္၏။ သူတစ္ခုခုမ်ားျဖစ္သလား စိုးရိမ္သြားကာ ယြီခ်င့္ဟြမ္က ဖုန္းေျဖဆိုတဲ့ခလုတ္ကို အျမန္ႏွိပ္လိုက္သည္။

"ခ်င့္ဟြမ္" ဖုန္းခ်ိတ္ဆက္ၿပီးၿပီးခ်င္းမွာပဲ ေဟာ္ခြၽီအသံအုပ္အုပ္ကို သူၾကားလိုက္ရ၏။

"မင္းအဆင္ေျပရဲ႕လား?" သူ႔စိတ္အေျခအေန သိပ္ေကာင္းပုံမရတာကို အာ႐ုံခံမိလိုက္ရသျဖင့္ ယြီခ်င့္ဟြမ္မွာ သူ႔အလိုလိုမ်က္ေမွာင္ၾကဳတ္သြားရရင္း စိုးရိမ္တႀကီးေမးလိုက္သည္။

"ဘာမ်ားျဖစ္လို႔လဲ?"

"ကိုယ္မင္းကိုလြမ္းတယ္" ေဟာ္ခြၽီ၏အသံမွာ စိတ္အလိုမက်မႈေတြျဖင့္ တိုးေဖ်ာ့ေနသည္။

"မင္းဘယ္ေတာ့ျပန္လာမွာလဲ?"

"ေနာက္သုံးရက္ေလာက္ေနမွျဖစ္မွာ စိုးမိတယ္" ယြီခ်င့္ဟြမ္၏အသံသည္ မသိလိုက္မသိဘာသာ ႏူးညံ့ေပ်ာ့ေျပာင္းသြားရၿပီး

"မင္းအိမ္မွာပ်င္းေနတာလား?"

ေဟာ္ခြၽီသည္ ပ်င္းရိၿငီးေငြ႕ျခင္းဆိုတဲ့အဓိပၸါယ္ကို သိပ္နားမလည္တာေၾကာင့္ ထိုစကားလုံးမ်ားကိုလစ္လ်ဴရႈထားလိုက္ၿပီး ဒီေန႔ သူအိမ္မွာဘာေတြျဖစ္ပ်က္ခဲ့တယ္ဆိုတာကို ျပန္လည္ေျပာျပဖို႔ စကားလုံးေတြကို ႀကိဳးစားပမ္းစားစီရီေန၏။

"ခ်င့္ဟြမ္၊ ဒီေန႔... အရမ္းထူးဆန္းတာတစ္ခုျဖစ္ခဲ့တယ္္"

"ဟမ္?" ယြီခ်င့္ဟြမ္ ရပ္တန႔္သြားရ၏။ သူအ‌ေျခအေနကို ေမးျမန္းဖို႔လုပ္စဥ္မွာ ႐ုတ္တရက္ဆိုသလို ေနာက္ဖက္ကေန ဆူဆူညံညံအသံတစ္ခု ထြက္ေပၚလာသည္။

"ခ်င့္ဟြမ္! ဒီကိုလာခဲ့ ျမန္ျမန္၊ မနက္ျဖန္အတြက္ ပ်ိဳးပင္ေတြ လုံလုံေလာက္ေလာက္မရွိေသးဘူး။ ဒါေၾကာင့္မို႔ ငါတို႔ေတြအခုပဲ ပိုပိုသာသာေလး စုေဆာင္းထားရမယ္"

"ဖုန္းေျပာေနတာရပ္လိုက္ေတာ့၊ငါတို႔အားလုံး မင္းကိုေစာင့္ေနတာ! လာ! အျမန္"

"ေတာင္းပန္ပါတယ္ ေဟာ္ခြၽီ ငါ႐ုတ္တရက္ႀကီး အလုပ္ကိစၥတစ္ခုေပၚလာလို႔ မင္းအခုအိပ္ရာဝင္လိုက္ေတာ့ ငါ မနက္ျဖန္ဖုန္းျပန္ေခၚလိုက္မယ္"

သူ႔စကားဆုံးတာႏွင့္ ခ်င့္ဟြမ္သည္ အလုပ္ဝန္ထမ္းငယ္ေလး၏ ႀကိမ္ဖန္မ်ားစြာေလာေဆာ္မႈေအာက္မွာ ဖုန္းကိုခ်လိုက္သည္။

ေဟာ္ခြၽီသည္ ဖုန္းက်သြားသည့္အသံ တူ..တူ..တူ ဟူေသာအသံကို အတန္ၾကာနားေထာင္ေနခဲ့ၿပီး သူ႔ဖုန္းကို စိတ္ပ်က္အားေလ်ာ့စြာ ေအာက္ခ်လိုက္ဖို႔ အခ်ိန္တခုယူခဲ့ရေလသည္။

သူ ခ်င့္ဟြမ္ကို တကယ္လြမ္းမိသည္။ သူ႔အား ေျပာစရာေတြ အမ်ားႀကီးရွိေန၏။ သို႔ေပမယ့္ ခ်င့္ဟြမ္ကေတာ့ သူ႔ကိုသတိမရပုံပင္။ သူ႔အလုပ္ကိုသာသေဘာက်ၿပီး အလုပ္အတြက္ေၾကာင့္နဲ႔ သူ႔ဖုန္းကိုေတာင္ခ်ပစ္ခဲ့သည္။ေဟာ္ခြၽီသည္ ႏႈတ္ခမ္းကိုတင္းတင္းေစ့ပိတ္ထားၿပီး ပထမဆုံးအႀကိမ္အျဖစ္ စိတ္အနည္းငယ္တိုမိသည္။

ထိုအခ်ိန္တြင္ ဖုန္းက႐ုတ္တရက္အသံျမည္လာၿပီး မက္ေဆ့ခ္်အသစ္တစ္ေစာင္ ဝင္လာခဲ့သည္။ ၎မွာ ယြီခ်င့္ဟြမ္ထံမွျဖစ္ၿပီး စကားတိုေလး ေလးလုံးထဲသာပါရွိသည္ --

"ကိုယ္လည္းမင္းကိုလြမ္းတယ္"

ေဟာ္ခြၽီသည္ ဖန္သားျပင္ေပၚရွိ စကားလုံးမ်ားကို ထပ္ခါထပ္ခါပြတ္သပ္ရင္း ႏႈတ္ခမ္းမ်ားက မသိလိုက္မသိဘာသာ ေကာ့ၫြတ္တက္သြားခဲ့သည္။ ခ်င့္ဟြမ္လည္း သူ႔ကိုလြမ္းေနတယ္ဆိုမွေတာ့ သူ သူ႔ကိုခြင့္လႊတ္လိုက္ေပးလိုက္ပါမည္ေလ။သို႔ေပမယ့္ နည္းနည္းပါးပါးေလာက္သာခြင့္လႊတ္မည္။က်န္တာကေတာ့ လူခ်င္းေတြ႕ၾကတဲ့အထိေစာင့္ၾကတာေပါ့ ဟူ၍။

*************

စာေရးသူမွတ္ခ်က္ >>> ဟုတ္ပါတယ္၊ အရင္အပိုင္းရဲ႕ဇာတ္ေၾကာင္းကို စာဖတ္သူေတြေတာ္ေတာ္မ်ားမ်ား ဇာတ္ရည္မလည္ဘူးျဖစ္သြားခဲ့တယ္။ တကယ္ေတာ့ အဲ့ဒီအပိုင္းမွာ ျမႇပ္ကြက္တခုရွိေနခဲ့တာပါ။
ခ်င့္ဟြမ္က သူ႔အရင္ဘဝတုန္းက အျခားသူတစ္ေယာက္ကိုကယ္တင္ဖို႔ေသဆုံးခဲ့ရတာပါ။ အေရွ႕အပိုင္းက အဲ့ဒီလူဟာေဟာ္ခြၽီျဖစ္ေၾကာင္းကိုေထာက္ျပထားခဲ့တာ။ ဒါေၾကာင့္မို႔ သူတို႔ေတြရဲ႕ကံၾကမၼာက အရင္ဘဝကေန အခုဘဝအထိ ဆက္စပ္ေနၾကတာပါ။ အေသးစိတ္ကိုေတာ့ extra အခန္းေတြမွာထည့္ေပးပါ့မယ္။ ခ်င့္ဟြမ္ရဲ႕ျပန္လည္ေမြးဖြားျခင္းက ဒီေလာက္မ႐ိုးရွင္းပါဘူး။ အရာအားလုံးက အေၾကာင္းရွိလို႔အက်ိဳးျဖစ္လာခဲ့တာပါ။ စာဖတ္သူေတြအားလုံးကို ေခြးစာတပန္ကန္ႀကီးေကြၽးပါ့မယ္ေနာ္ ဟီးဟီး~~~

ေသာက္ပ်င္းထရန္စေလတာမွတ္ခ်က္>>>

ဘစ္စပ႐ိုက္~~ ဟုတ္ပါတယ္ ခ်င့္ဟြမ္အရင္ဘဝကကယ္တင္ခဲ့တဲ့သူက ခြၽီခြၽီပါေနာ္
သိပ္နားမလည္လိုက္တဲ့ or Update ၾကာသြားလို႔ေမ့ကုန္တဲ့သူေတြကေတာ့ ေအာက္ပါအတိုင္း မန္မိုရီ ရီ‌ေကာျပန္ေခၚႏိုင္ပါသည္ (⁠。⁠ŏ⁠﹏⁠ŏ⁠)

∆ ခ်င့္ဟြမ္အရင္ဘဝက ဘယ္လိုေသဆုံးခဲ့ရတာ ျပန္ဖတ္ခ်င္ရင္ အပိုင္း ၃၁ အလယ္နားေလာက္မွာ ဖတ္ပါ (ႀကိဳတင္မွန္းဆႏိုင္ခဲ့တဲ့ ေကာမန႔္ပိုင္ရွင္ေလး၂ေယာက္ကို ကြန္ကြန္ပါေနာ္)

∆ၿပီးတာနဲ႔ အပိုင္း ၅၄ ရဲ႕ ေအာက္ဆုံးအပိုဒ္ကို ျပန္ဖတ္ပါ

∆ေနာက္ဆုံးမွာမွ အေပၚက Author Note ကို တေခါက္ျပန္ဖတ္ၾကည့္ပါ နားလည္သြားပါလိမ့္မယ္

Continue Reading

You'll Also Like

1M 52.4K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
273K 17.2K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
804K 8.5K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
223K 5.5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်