မို့ရွှီတုန်းသည် မနက်ခင်းတွင် စောစောနိုးလာခဲ့တယ်။ ဒါပေမယ့် မိုလန်နဲ့ တခြားသူတွေကတော့ သူမရဲ့ဆံပင်နဲ့ မျက်နှာချေလိမ်းပေးဖို့ အချိန်အနည်းငယ်ယူခဲ့ရပါတယ်။ မို့ရွှီတုန်း ထွက်ခွာသွားသောအချိန်သည် နန်းတော်အတွင်းသို့ ဝင်ရောက်ရန် အချိန်ကောင်း ဖြစ်သည်။
ရထားတွဲများသည် နန်းတော်တံခါးများကို စည်းစနစ်တကျ ဖြတ်သန်းပြီးနောက် ရထားများ မောင်းနှင်ကြသည်။ ထို့နောက် ကျယ်ပြောလှသော လမ်းမကြီးပေါ်သို့ ဖြည်းညှင်းစွာ မောင်းလာကြသည်။ မြင်းခွာသံများမှလွဲ၍ အခြားအသံများမရှိပေ။ နန်းတော်ရှိ ပန်းလေးမြတ်ပွဲကို လာသူအားလုံးသည် မြင့်မြတ်သောမိသားစုမှဖြစ်သည်။
သူတို့သည် တင်းကြပ်စွာ ကြီးပြင်းလာကာ နန်းတော်ထဲတွင် ရှိနေကြသည်။ ထို့ကြောင့် သူတို့အားလုံးသည် မငြိမ်မသက်မပြုမူဘဲ မနေရဲကြသလို ကျယ်လောင်စွာ မပြောဝံ့ကြပေ။ ဒီနေရာမှာ သူတို့ကိုယ်သူတို့ အရှက်ရစေရင် သူတို့ကိုယ်သူတို့ ရှက်စရာအဖြစ်နဲ့တင် အဆုံးသတ်သွားမှာမဟုတ်ပဲ သူတို့ရဲ့ မိသားစုဝင်တွေတောင် အသက်ဆုံးရှုံးနိုင်တယ်။
သူမ ထိုနေရာသို့ ရောက်သောအခါ ရထားပေါ်မှဆင်းကာ သေးငယ်သောလှည်းပေါ်သို့ တက်ကြသည်။ ထို့နောက် တော်ဝင်ဥယျာဉ်သို့ ပို့ဆောင်ခဲ့သည်။ ပန်းလေးမြတ်ပွဲတော်ကို တော်ဝင်ဥယျာဉ် အရှေ့တောင်အရပ်မှာ ကျင်းပခဲ့ပါတယ်။
ထိုနေရာတွင် ဆောင်းဦးပေါက်ပန်းပင်များ အားလုံးသည် ဆောင်းဦးပွင့်များပွင့်သော ဆောင်းဦးဥယျာဉ်တစ်ခုရှိသည်။ အဲဒီမှာ ဂန္ဓမာတွေ များပါတယ်။ လှပသော ဂန္ဓမာပန်းများ၊လှပသော ပန်းပွင့်မျိုးစုံနှင့် မြင့်မားသော ဂန္ဓမာ သစ်ပင်များ အမျိုးမျိုးရှိသည်။
ဂန္ဓမာပန်း များ၏ ရနံ့သည် အလွန်မွှေးကြိုင်သည်။ သင်ပျံနေသော ပန်းရနံ့က လေကတစ်ဆင့် ပတ်ဝန်းကျင်တစ်ခွင့်လုံးကို ပျံနှံကာ လူတိုင်းအား သက်သောင့်သက်သာ ပျော်ရွှင်စေတယ်။ ယန်ဇီမြစ်တောင်ဘက်တွင် ပန်းများပွင့်သည့်ရာသီတွင် ရောက်နေသကဲ့သို့ပင်။
မိုလန်သည် မြင်းရထားပေါ်မှ ဆင်းသောအခါ သူမ၏ စကတ်များကို ဂရုတစိုက် ကိုင်လိုက်သည်။ သူမသည် အသေးငယ်ဆုံးသော အတွန့်ကိုပင် ချောမွတ်အောင်လုပ်သည် ။
ပန်းလေးမြတ်ပွဲသည် စောသေးသည်ဖြစ်၍ မစသေးပါ။ မိန်းမပျိုများသည် ရာနှင့်ချီသော ပန်းပွင့်များပွင့်နေသော လှပသောရှုခင်းကို နှစ်ယောက်၊ သုံးယောက်တွဲစုရုံးကာ ကြည့်နေကြသည်။ ဧကရီသည် ပွဲစီစဉ်သူဖြစ်ပြီး မိသားစုတစ်ခုစီ၏ အဓိကဌာနခွဲမှ တရားဝင်သားသမီးများကို ဖိတ်ကြားခဲ့သည်။
ဤသည်မှာ တော်ဝင်မိသားစုသည် ၎င်းတို့၏လူများအပေါ် ချုပ်ကိုင်နိုင်စေရန်နှင့် မိသားစုများ လိုက်ဖက်ညီစေရန်အတွက် နည်းလမ်းတစ်ခုဖြစ်ကာ လက်ဆင့်ပေးသည့်ပွဲတော်ဆိုလည်း မမှားနိုင်ပေ ။ နှစ်ဖက်စလုံးက တစ်ယောက်နဲ့တစ်ယောက် သဘောကျရင် ဧကရီကို လက်ထပ်ခွင့်တောင်းလို့ရတယ်။ ထို့ကြောင့် ခါတိုင်းပွဲများထက် ပို၍ပင် သာယာနေခဲ့သည်။ ဒီနေရာမှာ အမျိုးသားရော အမျိုးသမီးပါ ပေါများကြတာ ပုံမှန်ပါပဲ။
ချင်းနိုင်ငံတွင် ပွဲတစ်ခုရှိ အမျိုးသားနှင့် အမျိုးသမီးကြားတွင် စည်းမျဥ်းများ များများစားစားမရှိပေ။
"ဒီနေ့တက်ရောက်တဲ့သူက မိုမိသားစုရဲ့ပထမဆုံးသခင်မလေး မဟုတ်ဘူးဆိုတာ ဘယ်သူကမှ မကြားမိဘူးလား။ ဒီနေ့ ဒီကို ရောက်နေတဲ့သူက မိုမိသားစုရဲ့ ရုပ်ဆိုး၊ ထူးဆန်းပြီး မာနကြီးတယ်လို့ ပြောကြတဲ့ တတိယမြောက်သခင်မလေးတဲ့လေ "
ထိုစကားအဆုံးတွင် အမျိုးသမီး အနည်းငယ်၏ ရယ်မောသံကို ကြားလိုက်ရသည် ။
" ပထမသခင်မလေးက အနည်းငယ်ထူးချွန်ပေမဲ့ ဒီတတိယသခင်မလေးက ဘယ်နေရာကနေ ရောက်လာတာလဲ ၊ ။ ပြီးတော့ မိုတစ်မိသားစုလုံးတွင် ကိုယ်လုပ်တော် ကလေးတွေနဲ့ ပြည့်နှက်နေသည် တို့စိတ်တောင် မကောင်းဘူး။”
“တကယ်တော့ တရားဝင်သမီးတစ်ယောက်ရှိတယ်တဲ့ ။ သူမက ထူးဆန်းသော စိတ်ဓာတ်နှင့် စရိုက်လက္ခဏာရှိသည်ဟု ဆိုကြတယ် ။ နောက်ပြီးတော့ ရုပ်ဆိုးတယ်တဲ့ ။ဒါကြောင့် သခင်မိုက မြို့တော်သို့ဝင်သောအခါ သူ့ရဲ့တရားဝင်သမီးကို နယ်စပ်မြို့တစ်မြို့မှာ ထားခဲ့သည်။ မဟုတ်ရင် တရားဝင်သမီးတစ်ယောက်ကို ဘာလို့ ချန်ထားခဲ့မှာလဲ။ သူမ တကယ်ရုပ်ဆိုးတယ်လို့ တို့ထင်ပါတယ်။"
"သူမက တကယ်ကြောက်ဖို့ကောင်းလား?" လူတိုင်းက အံ့သြသွားကြတယ်။
"ဟုတ်ပါတယ်၊ မို့ရွှမ်မင် က အရမ်းသနားဖို့ကောင်းပါတယ်။ သူမသည် အလွန်လှပပြီး ထက်မြက်သည်။ သူမက အလွန်နူးညံ့သိမ်မွေ့ပေမဲ့ သူမက ကိုယ်လုပ်တော်ရဲ့သမီးသာ ဖြစ်တယ် ။ မနှစ်တုန်းက သူတို့မိသားစုမှာ အဓိက သမီးလေး မရှိလို့ မို့ရွှမ်မင်က လာလည်လို့ရတယ်။ ဒီတစ်ခါတော့ သူမကံမကောင်းမှာကြောက်တယ်"
"မှန်တယ်။ မဟုတ်ရင် ကိုယ်လုပ်တော် သမီး မို့ရွှမ်မင်က မြို့တော်မှာ ဒီလိုအခွင့်အရေးမျိုးကို ဘယ်လိုခံစားခွင့်ရမလဲ။ ဒါပေမယ့် ဘယ်လောက်ပဲ သူမကကောင်းနေပါစေ၊ သူမက ကိုယ်လုပ်တော်ရဲ့သမီးပဲ" လို့ တစ်စုံတစ်ယောက်က အထင်အမြင်သေးစွာ ပြောခဲ့ပါတယ်။
"သူမ၏မွေးသမိခင်က တရားဝင်ဇနီးဖြစ်လာတော့မည်ကို တို့ကြားမိတယ် ။ သခင်မို့က မကြာမီ သူ့ကို လက်ထပ်တော့မယ်ဆို"
"ကောင်းပြီ၊ အခုလက်ရှိတော့ သူမက ပင်မဌာနခွဲရဲ့ တရားဝင် သမီးအစစ်မဖြစ်သေးဘူး။"
ညစ်ပတ်တဲ့ ဒေါသ၊ ထူးဆန်းတဲ့ စိတ်ထားနဲ့ ရုပ်ဆိုးတယ်တဲ့လား ။ သူမကို တကယ်ပဲ အထင်ကြီးကြပါလား ။ သူမသည် တိမ်တိုက်မြို့တွင် တွင်ကျန်ရစ်ခဲ့သော်လည်း သူမသည် အလွန်ကျော်ကြားခဲ့သည်။ သူမကို သူတို့ ဘယ်လောက် အာရုံစိုက်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။
သူတို့က မို့ရွှမ်မင် ကို တော်တော်များများ ချီးကျူးခဲ့ကြပေမယ့် မို့ရွှီတုန်းကိုတော့ ရုပ်ဆိုးပြီး အရည်အချင်းမရှိသူလို့ ဆိုပါတယ်။ သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးမပျက်ပေါ်လာသည်။ သူမသည် ပန်းပွင့်များတွင် ပြေပြစ်ပြီး လှပနေပုံရသည်။ သူမသည် လှပနေသော်လည်း သူမ၏ ငယ်ရွယ်မှုကြောင့် အသွင်အပြင် အပြည့်အဝ မဖွံ့ဖြိုးသေးပေ။
သူ့မမျက်နှာက ကလေးဆန်ပြီး ရိုင်းစိုင်းတဲ့ပုံပေါက်နေတုန်းပဲ။ သူမ၏ ကြည်လင်သော မျက်လုံးများသည် ပင်လယ်၏ အနက်ရှိုင်းတွင် တောက်ပနေသော ပုလဲများကဲ့သို့ အလင်းရောင်နှင့် ကျက်သရေရှိစွာ လင်းလက်နေသည်။
သူမမျက်နှာက ကြည်လင်နေပြီး နှုတ်ခမ်းတွေက ပတ္တမြားတွေနီနေတယ်။ ပန်းချုံပုတ်များကြားတွင် သူမရပ်နေချိန်တွင် သူမ၏ အဖြူရောင်ဖဲစကတ်များကို သပ်သပ်ရပ်ရပ် ပတ်ထားသည်။ သူ့ခြေရင်းမှာ လိပ်ပြာလေးတွေ ပျံဝဲနေပြီး လေညင်းက သူမအပေါ်ကို ညင်သာစွာ မှုတ်ထုတ်နေတယ်။
သူမသည် အပြစ်ကင်းစင်ပြီး လှပနေပုံရသည်။ လှပသောရှုခင်းသည် သူမပတ်ဝန်းကျင်တွင် ရိုးရှင်းသောမြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်။ သစ်ပင်အောက်နှင့် ပန်းများကြားတွင် ရပ်နေသော သူမ၏ရုပ်ပုံသဏ္ဍာန်က လူအများ၏အာရုံကို ဆွဲယူနိုင်ခဲ့သည်။
သူမရဲ့အဝတ်အစားတွေက ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့ သပ်ရပ်လှပတယ်။ သူ့အသားအရောင်ကို ချီးကျူးလောက်အောင်ပင်လှပပြီး လူအများက သက်ပြင်းများစွာချခဲ့သည်။ ဒါဘယ်သူ့သမီးလဲ။ သူမသည် အလွန်လှပပြေပြစ်သည်။
"ဝမ်းကွဲ၊ မင်းလား ၊ မင်းဘာလို့နောက်ကျနေတာလဲ၊ ငါမင်းကိုလိုက်ရှာနေတာကြာပြီ"
လုမင်းရှု သည် မည်သည့်နေရာမှ ပေါ်လာသည်မသိ သူမကိုမြင်သောအခါ အပြုံးဖြင့် မို့ရွှီတုန်းဆီသို့ ပြေးသွားသည်။
"ဒုတိယအမဝမ်းကွဲ။ အမဒီကိုစောစောရောက်နေတာလား ။ တုန်းအာ နောက်ကျနေပြီး အမကိုရှာဖို့လုပ်နေတာ ။ဒါပေမယ့် အမကိုဘယ်မှာရှာရမှန်းမသိလို့ စိတ်ပူသွားတယ်!" သူမ၏ နူးညံ့ချိုသာသော စကားသံတွင် ရှက်ရွံ့မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။
"ဝမ်းကွဲ၊ မင်းကို ငါနဲ့အတူလိုက်ခဲ့ဖို့ပြောထားပေမယ့် မင်းငြင်းတယ်။ မင်းငါ့ကိုမတွေ့ချင်ဘူးလား။"
လုမင်ရှုသည် မို့ရွှီတုန်းပျောက်ဆုံးသွားမှာကို သူမတကယ်စိုးရိမ်နေတာကြောင့် နန်းတော်မဝင်ခင် ဗိုလ်ချုပ်စံအိမ်ကို အရင်လာဖို့ မို့ရွှီတုန်းကိုပြောခဲ့ပါတယ်။ သို့သော်လည်း မို့ရွှီတုန်းက ငြင်းဆိုခဲ့သည်။
မို့အိမ်တော်တွင် စည်းကမ်းတွေရှိပြီး မို့ရွှီတုန်းသည် သူမအဖေကို အရှက်မခွဲနိုင်ပေ ။ သူမသည် မိုအိမ်တော် ၏အဓိကသမီးဖြစ်သည်၊ ထို့ကြောင့်သူမတစ်ယောက်တည်းပွဲသို့ မသွားဝံ့သောကြောင့် လုအိမ်တော်နှင့်အတူလိုက်ပါသည်ဟု မည်သူ့ဆီကမှ အတင်းအဖျင်းပြောခွင့်မပြုနိုင်ပေ ။
လုမင်ရှုသည် ကောင်းမွန်စွာဆိုလိုသည်ကို သူမသိသော်လည်း သူမနှင့်ပတ်သက်သည့် အပျက်သဘော ကောလာဟလများစွာရှိသည်။ သူမ ပိုသတိမထားရင် သူ့ဂုဏ်သိက္ခာကို ထိန်းနိုင်မှာမဟုတ်ဘူး။
သူမသည် အတိတ်ဘဝကကဲ့သို့ တူညီသောလမ်းကို လျှောက်မည်မဟုတ်ပေ။ သူမသည် ဘဝနှစ်ခုနေထိုင်ခဲ့ပြီး အမျိုးသမီးတစ်ဦးအတွက် ဂုဏ်သတင်းသည် မည်မျှအရေးကြီးသည်ကို သိခဲ့သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဒုတိယဝမ်းကွဲ။ တို့ အခုတင် ရထားပေါ်ကဆင်းပြီး အကြာကြီးမစောင့်လိုက်ရဘူး။ ဝမ်းကွဲက တို့ကိုရှာဖို့ နှောင့်ယှက်မိသွားတယ်" မို့ရွှီတုန်းက အပြုံးဖြင့် ရှင်းပြသည်။
"အိုး......မိုအိမ်တော်က ပထမဆုံးသခင်မလေးလည်း ဒီနေ့ လာတာလား၊ သူက ကိုယ်လုပ်တော်ရဲ့ သမီးတစ်ယောက်ပဲ ၊ သူမ ဘယ်လို ဝင်လာနိုင်တာလဲ"
လုမင်ရှု က သူ့ကို မျက်စောင်းထိုးကာ ပြုံးပြသည်။ သူမ တကယ်ကို စိတ်ဆိုးခဲ့တာ မဟုတ်ပါဘူး။ သူမသည် မို့ရွှီတုန်း ၏လက်ကိုဆွဲကာ သစ်ပင်တစ်ပင်အောက်တွင် လမ်းလျှောက်လာရင်း ရပ်လိုက်သည်။
"အစ်မအကြီးဆုံး?" မို့ရွှီတုန်း က အံ့သြဟန်ဆောင်သည်။
"တို့ သူ့ကို မခေါ်ခဲ့ပါဘူး!"
မို့ရွှမ်မင်သည် နန်းတော်ထဲသို့ အမှန်ပင် ၀င်ရောက်လာခဲ့သည်။ ဒါက မို့ရွှီတုန်း မှန်းဆထားတဲ့အတိုင်းပါပဲ။ သူမ ကျောရိုးအောက်သို့ အေးစက်သွားသလို ခံစားလိုက်ရသည်။
"မင်းသာခေါ်မလာရင် သူမဘယ်လိုဝင်လာတာလဲ။"
လုမင်ရှုလည်း အံ့သြသွားသည်။ သူမက မျက်မှောင်ကြုတ်ပြီး သူ့နောက်က အိမ်အကူကို မေးလိုက်သည် ။
"စောစောကတွေ့လိုက်တဲ့လူက ပထမဆုံးသခင်မလေးမို့ ဟုတ်တယ်မလား"
မို့ရွှီတုန်းသည် အရင်အချိန်များက မြို့တော်တွင် မရှိသောကြောင့် အဒေါ်ဖန်သည် မိုမိသားစုရှိ အရာအားလုံးကို တာဝန်ယူခဲ့သည်။ ဒါကြောင့် ပထမသခင်မလေး ဟာ ဧည့်သည်တွေကို အမြဲတမ်း ကြိုဆိုနေသူတစ်ယောက်ဖြစ်၍ လုမင်ရှုနှင့် မို့ရွှမ်မင် တို့ မပြေလည်ကြသော်လည်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသေးသည်။ လုမင်ရှုက မို့ရွှမ်မင်ကို သိရုံသာမက သူမ၏ အိမ်အကူများလည်း သိခဲ့သည်။
"သခင်မလေး ၊ စောစောက တခြားအမျိုးသမီးတွေနဲ့ အတူရှိခဲ့တဲ့သူက ပထမဆုံးသခင်မလေးမို ပါ!" အိမ်အကူက လေးလေးစားစား ပြန်ဖြေတယ်။
"ကြည့်စမ်း၊ မင်းအစ်မအကြီးဆုံးက ဒီကိုရောက်နေတာ။ သူတကယ်မင်းနဲ့မလိုက်လာဘူးလား ၊"
လုမင်ရှုက အိမ်ဖော်ကို လက်ညှိုးထိုးပြပြီး ကျယ်လောင်သော အသံဖြင့် မေးသည်။ သူမ၏ အသံသည် အနည်းငယ် ကျယ်လောင်ပြီး လူအုပ်ကြားတွင် ရုတ်ခြည်း ထွက်ပေါ်လာသည်။ ဝိုင်းပြောနေကြသူ တော်တော်များများက သူတို့ကို လှည့်ကြည့်လိုက်ကြသည်။ မို့ရွှီတုန်းသည် လုမင်ရှု ၏ အင်္ကျီလက်စများကို ဆွဲကိုင်လိုက်ပြီး ပတ်ဝန်းကျင်ရှိလူများ၏ အာရုံကို ဖမ်းစားလိုက်ပါသည်။
"မင်းဘာကိုကြောက်တာလဲ။ အကယ်လို့ ဝမ်းကွဲက ပထမဆုံးသခင်မလေးကို ခေါ်ဆောင်လာသူမဟုတ်ရင် သူမကို အခြားသူတစ်ဦးကခေါ်လာတာ ဖြစ်ပါသလား။ အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ။ တခြားမိသားစုက ကိုယ်လုပ်တော်တစ်ယောက်ရဲ့သမီးကို ဘယ်သူကခေါ်သွားမလဲ။”
လုမင်ရှုသည် မို့ရွှီတုန်း၏လက်မောင်းကို ပေါ့ပေါ့ဆဆ ဆုပ်ကိုင်ထားပြီး မို့ရွှီတုန်း၏ ရှင်းပြချက်ကို ငြင်းဆိုထားသည်။ဒါက စိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်သည်။ မောင်းမမိဿံသမီးများကို ပန်းလေးမြတ်သည့်ပွဲသို့ လာခွင့်မပြုပေ။ ထူးထူးခြားခြား အခြေအနေ တစ်ခုခု ရှိခဲ့ ရင်တောင် ပင်မသမီး ရဲ့ နောက်မှာသာနေသင့် ပါ တယ်။
သူမ တခြားတစ်ယောက်နဲ့ ဘယ်လိုဝင်လာနိုင်သလဲ ၊ သူမလို တစ်ယောက်ယောက် ကို ဘယ်သူက ခေါ်ဆောင်လာတာလဲ ၊ ဒါက စိတ်ဝင်စားဖို့ ကောင်း သည် ။ မို့ရွှီတုန်းဟာ ကောလဟာလတွေ များလွန်းတယ်လို့ ခံစားမိကြတယ်။ ကောလဟာလတွေဟာ အတုအယောင်တွေ ဖြစ်ခဲ့ရင် ဘယ်သူက ဖြန့်ပေးမလဲ ဆိုတာကို သိချင်လာကြတယ်။
"တို့လည်းမသိဘူး။ တို့ဒီကိုရောက်ပြီး ဘာမှမသိဘူး၊ အစ်မအကြီးဆုံးက ဒီမှာ တကယ်ရှိနေတာလား ၊ ဒုတိယဝမ်းကွဲ၊ သူ့ကိုတွေ့ဖို့ ခေါ်သွားလို့ရမလား "
မို့ရွှီတုန်း သည် သူမ၏မျက်နှာပေါ်တွင် စိုးရိမ်သောက အပြုံးတစ်ခုရှိသည်။ သူမ၏ မျက်ခုံးများသည် အနည်းငယ် ကုပ်သွားကာ သနားစရာ ကောင်းလှသည်။ ၎င်းသည် အခြားသူများအပေါ် အထင်ကြီးသွားစေသော်လည်း သူမ၏ စိတ်ရှုပ်ထွေးမှုကိုလည်း မြင်နိုင်သည်။
"ဝမ်းကွဲ၊ မင်းမေ့နိုင်ရင် ပိုကောင်းမယ်။ မင်းရဲ့အစ်မအကြီးဆုံးက တခြားမြင့်မြတ်တဲ့ အမျိုးကောင်းသမီးတချို့နဲ့ စကားပြောနေတာကို ကြည့်လိုက်စမ်း။ သူမက မင်းကိုရှာဖို့ ရည်ရွယ်ချက်မရှိဘူး၊ သူက ဒီပွဲလာတက်တာ ထင်ရှားတယ်။ သူဒီမှာရှိနေတယ်လို့တောင် မင်းကိုမပြောဘူး ။ မင်းက သူကိုလိုက်ရှာဖို့စဥ်းစားပြီး သူ့ကိုစိုးရိမ်နေတုန်းပဲ။ သူသာ မင်းကိုရှာဖို့အစီစဥ်ရှိနေရင် သူမကအရင်ကတည်းကလာလိမ့်မယ်"
လုမင်ရှုက အခြေအနေ မကောင်းတော့ပေ ။ သူမသည် မို့ရွှီတုန်းကိုယ်စား အနည်းငယ် ဒေါသထွက်သွားသည်။
"မင်းရဲ့အစ်မအကြီးဆုံးက ဒီနေ့ အရမ်းကောင်းတဲ့အဝတ်အစားတွေဝတ်ထားတယ်။ အဲဒီအဝတ်အစားတွေပေါ်မှာ အများကြီး အားစိုက်ထုတ်ထားပုံရတယ်။ ဘယ်လိုဖြစ်ရတာလဲ။"
"အစ်မအကြီးဆုံးရဲ့အဝတ်အစားတွေက အသစ်လုပ်ထားပေမဲ့ ပွဲတက်ဖို့လာနေတယ်လို့ မပြောခဲ့ဘူး။ အမှားရှိနိုင်လား" မို့ရွှီတုန်းက မို့ရွှမ်မင်ကို ညင်သာသော အပြုံးဖြင့် ကာကွယ်သည်။
"မင်း အရမ်းတော်တာပဲ၊ ဘာလို့ ရှင်းရှင်းလင်းလင်း မမြင်ရတာလဲ။ အဲဒါကို မေ့လိုက်ပါ၊ အနာဂတ်မှာ သူမနဲ့သာ ဝေးဝေးနေပါ။"
လုမင်ရှု ဒေါသအရမ်းထွက်ပြီး မိုရွှမ်မင်ကို ပါးရိုက်လိုက်ချင်သည်။ မိခင်နှင့်သမီး စုံတွဲသည် ဝမ်ကွဲ၏ အဓိက သမီးနေရာကို ပေါ်တင်မျက်စီချနေသည်မှာ ထင်ရှားသည်။ သို့သော်လည်း မို့ရွှီတုန်းသည် ၎င်းတို့အပေါ် အလွန်ထောက်ထားဆဲဖြစ်သည်။ သူ ဘယ်လိုမှ ဒေါသမထွက်ပဲမနေနိုင်ဘူး!
"အိုး.. ဒါ တတိယသခင်မလေး မိုလား ၊. မင်းတကယ်ပဲ..."
သူတို့ဘေးက သစ်ပင်အောက်မှာ ရွှေပန်းချယ်လှယ်တဲ့ ၀တ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးသည် စူးရှထက်မြက်သော ဟန်ဆောင်သော အသံဖြင့် ပြောလိုက်သည်။ သူမ၏ အသံသည် အလွန်ကျယ်လောင်ပြီး သူတို့ကို စိန်ခေါ်ကာ ကြည့်နေလေသည်။ သူမ၏အသံသည် ကွက်လပ်ဖြည့်ရန် အခြားသူများကို ချန်ထားခဲ့သည်။
လူတိုင်းက ကိုယ့်အခြေအနေကိုသာ အာရုံစိုက်နေကြတယ်။ အမျိုးသမီးက ရည်ရွယ်ချက်ရှိရှိ အော်ဟစ်သံကိုကြားသောအခါတွင် ၎င်းတို့ကို အာရုံမစိုက်နိုင်ပေ။
မို့ရွှီတုန်း စကားမပြောမီ လုမင်ရှုစိတ်ဆိုးလာသည်။
"လင်းမင်ရန်၊ ငါတို့စကားဝိုင်းမှာ မင်းဘာလို့ နှောက်ယှက်နေတာလဲ၊ ငါတို့က နန်းတော်ထဲမှာဘဲ၊ မင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဒုက္ခရောက်ပြီး အခု မင်း နန်းတော်ထဲမှာပါ ပြဿနာတက်ချင်နေတာလား ။ မင်း ဘယ်သူ့ကိုမှ အနိုင်ကျင့်တယ်လို့ မထင်လိုက်ပါနဲ့ မင်းဒီလောက်မာနကြီးပြီး သူများကိစ္စဝင်ရှုတ်နေရင် နောက်မှ ဧကရီကို မင်းအကြောင်း ငါပြောပြမယ်။"
"လုမင်ရှု မင်းကသာ သူများကိစ္စဝင်ရှုပ်နေတာ မဟုတ်ဘူးလား။ တတိယသခင်မလေးမိုနဲ့ တို့စကားပြောနေတာ။ မင်းဘယ်သူကို နှောင့်ယှက်နေတာလဲ၊ မင်းဟာ မင်းအလိုရှိတဲ့သူတိုင်းကို ဆဲဆိုနိုင်တဲ့ နန်းတော်ထဲက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ မင်းထင်နေတာလား။ မင်းဧကရီကို ပြောပြချင်တာလား။ ငါလည်း အဲဒီကို သွားပြောပြ ချင်တယ်၊ ဧကရီက မင်းကို ကူညီလိမ့်မလားဆိုတာ တို့မယုံဘူး!"
လင်မင်ရန်သည် လုမင်ရှုကို လက်ညိုးထိုးပြပြီး သူမအား ကြိမ်းမောင်းသည်။ လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက်ဟာ ထိပ်တိုက်တွေ့နေတာ ကြာပြီဖြစ်သည် ။
မို့ရွှီတုန်း၏ မျက်လုံးများ တောက်ပလာသည်။ လင်းမင်ရန်သည် တင်အိမ်တော် ၏ အဓိကသမီးဖြစ်သည်။ သူမ ဘယ်လိုများ ဒီလောက် မာနကြီးရတာလဲ။ တင်မျိုးရိုးသည် နိုင်ငံတော်တည်ဆောက်ရေး မိသားစုများထဲမှ တစ်ဦးသာမက သူမ၏မိခင်ဘက်ခြမ်းရှိ ဧကရီနှင့်လည်း အမျိုးတော်စပ်ပါသည်။ သူတို့သည် ဧကရီ နှင့် သက်ဆိုင်သည်။
သို့ဖြစ်၍ တင်အိမ်တော်သည် အခြားသော စစ်ဗိုလ်ချုပ်များထက် ပို၍ အားကောင်းသည်။ ထိုကြောင့်ပင် လင်းမင်ရန်က ဒီလောက်ယုံကြည်မှုရှိပြီး ထင်တိုင်းကြဲရဲတာဖြစ်သည် ။
...........
Translated by Chai