ကျမရဲ့ ငှက်ကုလားအုတ်လေး (Comp...

بواسطة TheimtWai

88.5K 10.8K 982

ကုမင်ရှီ နှင့် ဖန်ချန် တို့က အိမ်နီးချင်း၊ တတန်းတည်းသား၊ စားပွဲတူထိုင် သူငယ်ချင်းများ ဖြစ်ကြသည်။ တစ်နှစ်ပြီးတ... المزيد

Description
အစ
Part I. Chapter : 1
Chapter : 2
Chapter : 3
Chapter : 4
Chapter : 5
Chapter : 6
Chapter : 7
Chapter : 8
Chapter : 9
Chapter : 10
Chapter : 11
Chapter : 12
Chapter : 13
Chapter : 14
Chapter : 15
Chapter : 16
Chapter : 17
Chapter : 18
Chapter : 19
Chapter : 20
Chapter : 21
Chapter : 22
Chapter : 23
Chapter : 24
Chapter : 25
Chapter : 26
Chapter : 27
Chapter : 28
Chapter : 29
Chapter : 30
Chapter : 31
Chapter : 32
Chapter : 33
Please
Chapter : 34
Chapter : 35
Chapter : 36
Chapter : 37
Chapter : 38
Chapter : 39
Chapter : 40
Chapter : 41
Chapter : 42
Chapter : 43
Chapter : 44
Chapter : 45
Chapter : 46
Chapter : 47
Chapter : 48
Chapter : 49
Chapter : 50
Chapter : 52
Chapter : 53
Part II. Chapter : 54
Chapter : 55
Chapter : 56
Chapter : 57
Chapter : 58
Chapter : 59
Chapter: 60
Chapter : 61
Chapter : 62
Chapter : 63
Chapter : 64
Chapter : 65
Chapter : 66
Chapter : 67
Chapter: 68
Chapter: 69 (1) -Unicode
Chapter: 69(1) -Zawgyi
Chapter: 69 (2)
Part III. Chapter: 70
Chapter: 71
Chapter : 72
Chapter: 73 | Distance Between North and South
Chapter : 74 | A Tale of Two Cities (1)
Chapter: 75 | A Tale of Two Cities (2)
Chapter : 76 | A Tale of Two Cities (3)
Chapter: 77 | A Tale of Two Cities (4)
Chapter : 78 | Walk Down Memory Lane
Chapter: 79 | Be There or Be Square (Won't Leave 'Til I See You)
Chapter: 80 | Gentle and Cautious
Chapter : 81 | Two Trains
Chapter : 82 | Crazy Christmas
Chapter : 83 | Another Person
Chapter : 84 | Farewell, Compound
Chapter : 85 | End of the Road
Chapter : 86 | Endless Mountains and Rivers
Chapter : 87 | Before the Dawn
Chapter : 88| Entering the Workplace
Chapter : 89 | Change of Luck
Chapter : 90 | Perfect Ending
Chapter : 91 | Ends of the Earth
Chapter : 92 | Teacher Xiao Gu
PART.IV - Chapter : 93 | Tranquil Sea
Chapter : 94 | Dou Dou's Plea
Chapter : 95 | Heading Home With Mixed Feelings
Chapter : 96 (Part 1) | Unexpected Surprise
Chapter : 96 (Part 2) | Unexpected Surprise
Chapter : 97 (Part 1) | Happy New Year
Chapter : 97 (Part 2) | Happy New Year
Chapter : 98 | Spring Festival Dinner
Chapter : 99 | Under the Chinese Parasol Tree
Chapter : 100 | Dream Becomes Reality
Chapter : 101 | Three Days and Two Nights
Chapter : 102 | Will of the Heavens
Chapter : 103 | Aged Examinee
Chapter : 104 | Victorious First Battle
Chapter : 105 | The Gu Family
Chapter : 106 (Part 1) | Re-challenging the Entrance Exam
Chapter : 106 (Part 2) | Re-challenging the Entrance Exam
Chapter : 107
Chapter : 108 | On the Same Track
Chapter : 109
Chapter : 110 (Part 1) | Wedding Banquet
Chapter : 110 (Part 2) | Wedding Banquet
Chapter :111 | I'm You
Chapter : 112 (Part 1) | Won't Ever Leave You
Chapter : 112 (Part 2) | Won't Ever Leave You (END)
Side Story : HOW MUCH I ENVY YOU (1/4)
Side Story : HOW MUCH I ENVY YOU (2/4)
Side Story : HOW MUCH I ENVY YOU (3/4)
Side Story : HOW MUCH I ENVY YOU (4/4)
Side Story 2 : HANDWRITTEN POSTERS
Epilogue (နိဂုံး)

Chapter : 51

477 68 3
بواسطة TheimtWai

Chapter – 51

51 | African Drum

နင် နောက်ဆုံးတော့ Milky Way ဆိုတာ ဘာမှန်း သိသွားပြီပေါ့။

ဖယောင်းတိုင်မီးအလင်းရောင်က ဖန်ချန့်ရဲ့ နုနယ်တဲ့မျက်နှာလေးပေါ် လင်းဖြာနေ၏။ သူ့ရှေ့မှောက်၌ ကုမင်ရှီ မျက်လုံးကို မှိတ်၍ ဆုတစ်ခု ဆန္ဒပြုလိုက်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ ဖယောင်းတိုင်တို့အား မှုတ်လိုက်၏။

သူ့ရဲ့ အတန်းဖော်တို့မှာ ဖန်ချန့်ကို ကိတ်ခွဲပေးရန် ဝိုင်းအော်ဟစ်တောင်းဆိုနေကြသည်။ ကျောင်းသားရော၊ ဆရာများပါ အယောက်တိုင်း မုန့် တစ်စိတ်စီ ရကြသည်။ ကိတ်ကို ခွဲဝေပေးပြီးနောက် ဖန်ချန်က ကုမင်ရှီအား တစ်စိတ်ကို ခွံ့ကျွေးလာတော့ လူများစွာ၏ ရှေ့မှောက်မှာမို့ ကုမင်ရှီမှာ အတော်လေး ရှက်ရွံ့ရွံ့။ သို့သော်လည်း သူ့အား စိုက်ကြည့်နေသည့် ဖန်ချန်၏ တလက်လက်တောက်ပနေသော မျက်ဝန်းတို့ကြောင့် နောက်ဆုံး‌တော့ သူ့ပါးစပ်ကို ဟကာ ကိတ်ကို ယူစားလိုက်ရသည်။

ဖန်ချန်က တခစ်ခစ် ရယ်လျက်.. "အရသာကောင်းတယ်မလား"

ကုမင်ရှီက ရှက်ကိုးရှက်ကန်း ကြည့်လာသည်။ ခေါင်းညိတ်လျက် .. "အင်း"

ဖန်ချန် တော်တော်လေး ကျေနပ်သွား၏။

"ငါတို့ သရုပ်ဆောင် ကောင်းကြတယ်နော်၊ နင် လုံးဝ သံသယ မဝင်ဘူး မဟုတ်လား။"

ကုမင်ရှီ , "..."

ကျိုးနန်ကျုံးက ကုမင်ရှီရဲ့ ပခုံးကို ပုတ်ကာ..

"ညီကို.. ခုနက မင်းကို ရေသေနတ်နဲ့ ပစ်မိတာ စိတ်မရှိပါနဲ့ကွာ။ အဲ့ဒါ ဂဏန်းလေးရဲ့ ပေါက်ကရ အကြံကွ"

"ပေါက်ကရ အကြံ ဟုတ်လား။ ငါတို့ အဲ့လို မလုပ်ရင် ကုမင်ရှီကို သူ့အခန်းထဲ သူ့ဘာသာ သွားအောင် ဘယ်လို လှည့်ကွက်ဆင်မှာလဲဟဲ့" ဖန်ချန့်လေသံက မကျေမချမ်း ဖြစ်နေဟန်။ "ကုမင်ရှီနဲ့ ငါ့မွေးနေ့က နွေရာသီကျောင်းပိတ်ရက်နဲ့ချည်း အမြဲတိုက်နေလို့ တစ်ခါမှ ငါတို့ အတန်းဖော်တွေနဲ့အတူ မွေးနေ့ပွဲ မလုပ်ဖူးဘူး။ အခုမှ သူ့မွေးနေ့အချိန်နဲ့ ခရီးထွက်တာနဲ့ အချိန်ကိုက်သွားကျတာ။ အဲ့တော့ ငါက သူ့အတွက် စီစဥ်ပေးရတာပေါ့။"

ဝမ်ဆုန်းက သူ့ကို လှမ်းစသည်။

"ဂဏန်းလေး၊ နင် သူ့မွေးနေ့အတွက် အဲ့လောက် ဂရုတစိုက်လုပ်ပေးထားတာ၊ ငါတို့ မီးပုံပွဲပါတီကျရင် နင် ကုမင်ရှီအတွက် ကပေးသင့်တယ်။"

ဖန်ချန်က သူ့အား မဲ့ရွဲ့ကာ..

"ရတယ်လေ၊ က.ဆိုတော့လည်း ကတာပေါ့။ ဘယ်သူ့ကြောက်နေရဦးမှာလဲ"

ညစာစားပြီးချိန်တွင် အလုပ်သမားတစ်ယောက်က ကွင်းပြင်ကျယ်၌ မီးပုံပွဲတစ်ခု စီစဥ်ကာ သီချင်းဖွင့်ပေးလာသည်။ ကျောင်းသားတို့မှာ မီးဖိုပတ်လည်တွင် ဝိုင်းဖွဲ့ထိုင်ကြပြီး အနုပညာကော်မတီမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို၊ အသံလည်းကောာင်းတဲ့ ကျန်းကျီယာက ဦးဆောင်၍ သီချင်းတစ်ပုဒ်ဆိုသည်။

အများစုမှာ သူနှင့်အတူ လိုက်ဆိုကြ၏။ နောက်တော့ ဂီတသံက ပိုမို မြူးထူးလာသည်နှင့် ကျောင်းသားအချို့ ထရပ်ကာ လက်ချင်းချိတ်၍ မီးပုံအား ဝိုင်းဖွဲ့ ကကြတော့သည်။ သူတို့ ကသည်နှင့် ကျန်သူများပါ ဝင်ပါလာပြီး၊ ဆရာမတိုက် တောင်မှ ကျန်းကျီယာ၏ ဆွဲခေါ်ခြင်း ခံရသည်အထိ။

အခန်းရဲ့ထောင့်နားလေးမှာ ထိုင်နေခဲ့သည့် ဖန်ချန်မှာ၊ အတန်းထဲမှာလည်း ဘိတ်ချေးအဆင့်လို ဖြစ်နေတော့ အတန်းထဲက ကျန်သူများနှင့် သိပ်မရင်းနှီးလှ။ သူ နှင့် ခင်မင်သူဆို၍ ကျိုးနန်ကျုံး၊ ဝမ်ဆုန်း နှင့် ရူပဗေဒလက်တွေ့ချိန်များမှာ တွဲဖက်ကျသူ လီရှောင်ယန် တို့သာ ရှိသည်။ သို့ပေမဲ့ ထိုအခိုက်အတန့်လေးမှာတော့ မီးအလင်းရောင်ထဲ မြင်နေရသည့် ရင်းနှီးသော၊ မရင်းနှီးလေသော မျက်နှာတို့က ဖန်ချန့်ကို တသိမ့်သိမ့် ကြည်နူးပျော်ရွှင်စေသည်။

အခန်း ၂ မှ ကျောင်းသား အများစုမှာ အမြန်တန်းထဲ ဆက်လက်သင်ကြားခွင့် ရမည်ဖြစ်ပြီး၊ ၈ယောက်၊ ၉ယောက်လောက်သာ အခြားတန်းခွဲသို့ ခွဲထုတ်ခံရလိမ့်မည်။ ဒီနွေရာသီကျောင်းပိတ်ရက်ပြီးလျှင်တော့ သူတို့ သီးခြားစီ ဖြစ်သွားကြရတော့မည်။ ဒါက သူတို့ဘဝမှာ တကြိမ်တခါမျှ ရေစက်ဆုံရသည်နှင့် တူပေသည်။ ဖန်ချန်က ဘေးနားတွင် ရှိနေသော ကုမင်ရှီကို လှည့်ကြည့်လိုက်မိ၏။ သူက ဒူးထောင်၍ ထိုင်နေပြီး၊ ဒူးပေါ်မေးတင်ကာ သီချင်းဆိုနေ၊ ကနေကြသော သူတို့ကို ကြည့်နေ၏။ မီးပုံပွဲမှ မီးတောက်တို့က သူ့မျက်ဝန်းထဲ ကခုန်နေသလိုပင်၊ သူ့နှုတ်ခမ်းထက်၌ အပြုံးပါးပါးတွဲခိုလျက် ရှိနေပုံက ဖန်ချန့်အား နှလုံးသားထဲ တချက်ဆွဲငင် ခံထားရသလို ဖြစ်သွားစေ၏။

သူ ထရပ်ကာ ဖုန်ခါလိုက်သည်။ "ကုမင်ရှီ.. ငါတို့လည်း အတူ ကကြရအောင်'

ကုမင်ရှီက မော့ကြည့်လာ၏၊ သူ့မျက်ဝန်းတို့တွင် မရေမရာဖြစ်မှုတို့ ရှိနေ၏။ ဖန်ချန်က သူ့ပခုံးအား လှမ်းပုတ်ကာ..

"ထပါ၊ ငါတို့ အတူ ကကြရအောင်လို့"

ကုမင်ရှီ မငြင်းတော့။ သူ ထရပ်ကာ ဖန်ချန်နှင့်အတူ ဝိုင်းပတ်ကခုန်နေသော လူအုပ်ဘက်သို့ သွားလိုက်၏။ ဖန်ချန်က သံစဥ်နှင့်အတူ လှည့်ပတ်ရင်း ပြုံးရယ်နေကာ..

"လာလေ၊ ကကြမယ်၊ လွယ်လွယ်လေးရယ်။"

Beat သံမြိုင်မြိုင်နှင့် တေးသံဖြစ်၍ အယောက်တိုင်းပင် လက်ချင်းတွဲလျက်၊ ခြေထောက်ကို ဘေးသို့ လွှဲကန်၍ ကခုန်နေကြသည်။ ကုမင်ရှီက သူတို့အား ကြည့်နေခဲ့သော်လည်း သူ ဘယ်လိုကရမလဲ မသိ။

ဖန်ချန်က သူ့ဘေးတွင် ရပ်ကာ ဘာမှ ရှင်းပြမနေဘဲ၊ သူ့ဘယ်ဘက်လက်ဖြင့် မင်ရှီ၏ ခါးအား သိုင်းဖက်ထားလိုက်သည်။ ထို့နောက် ကျန်တစ်ဖက်က လီရှောင်းယန်အား ဖက်ကာ စီတန်းကနေသည့် လူတန်း၏ အဆုံး၌ ဝင်ပါလိုက်၏။ ကုမင်ရှီမှာ ရုတ်ချည်း ဖန်ချန်ဆွဲခေါ်တာကိုသာ သိလိုက်ပြီး၊ သူတို့ ခြေထောက်တွေ လွှဲကန်နေကြသည်။

တစ်၊ နှစ်၊ သုံး ဘယ်ခြေလွှဲကန်။ တစ်၊ နှစ်၊ သုံး ညာခြေလွှဲကန်။

ပထမပိုင်းမှာတော့ ကုမင်ရှီက ဖန်ချန့်နောက်ကနေ စက်ရုပ်လို လမ်းလျှောက်လိုက်နေရုံသာ။ နောက် ခဏနေတော့ သူပါ နည်းနည်း ခြေကန်ထုတ်ဖို့ ကြိုးစားကြည့်လိုက်သည်။ သူ ပါ လိုက်ကဖို့ ကြိုးစားနေတာ မြင်ရတော့ ဖန်ချန် ပျော်သွား၏။ ကုမင်ရှီအား ထူးခြားစွာ ပျော်မြူးနေသောအပြုံး ဖြင့် ပြုံးပြလိုက်သည်၊ လက်ကတော့ မင်ရှီရဲ့ခါးနားမှာ ရှိနေဆဲ။

ကုမင်ရှီ့မျက်နှာကတော့ နီရဲသွားပြန်သည်။ တော်သေး၍ မီးပုံအရှိန်ကြောင့် လူတိုင်းလိုလို ချွေးပြန်နေကြရာ သူ့ရဲ့ ခံစားချက်အား ဘယ်သူမှ ထူးခြားသည် မထင်မိကြ။

ခဏနေတော့ ဂီတသံနှင့်အတူ ဗုံသံ တစ်သံ ထွက်ပေါ်လာသည်။ ဗုံသံမှာ အတော်လေး နားထောင်ကောင်း၏။ တခါတခါ အသံနိမ့်သွားလိုက်၊ တခါတခါမှာ စိတ်လှုပ်ရှားဖွယ် မြူးကြွလာပြန်လိုက်။ တည်ငြိမ်နေသည့် လေထုထဲ ရုတ်ချည်း တက်ကြွဖွယ်အသံဖြင့် ပြည့်နှက်သွား၏။ အခြားကျောင်းသားများလိုပင် ဖန်ချန်လည်း အသံကြားရာဆီ လှည့်ရှာမိတော့ ဗုံတစ်လုံးကို တီးနေသူက ရှောက်ယွီကျင်း။

သူ့တွင် ဗုံတစ်လုံးအား ပတ်သိုင်းထားသည့် ကြိုးကို လွယ်ထားသည်။ ဗုံက သိပ်တော့ မကြီးပါ။ ကိုယ်ထည်မှာ ရုပ်တုလေးနှင့်တောင် တူသည်။ ကြိုးတို့ဖြင့် ကောင်းကောင်း စည်းပတ်ထားသလို ပုံအချို့လည်း ရေးဆွဲထားသည်။ ရှောက်ယွီကျင်းက လက်ဖဝါးဖြင့် ဗုံကို ရိုက်ခတ်နေကာ ခေါင်းက စည်းချက်အတိုင်း ညိတ်နေသည်။ သူ့ပုံစံကို ကြည့်မြင်ရသည်မှာ ထူးဆန်းလို့နေ၏။

ဖန်ချန့်စိတ်ထဲ ရှောက်ယွီကျင်းက တကယ် ဆန်းကြယ်သည်၊ ဗုံတီးပုံကလည်း ယစ်မူးစွဲမက်ဖွယ်။ သူ့ဘက်မှ ရုတ်ချည်း မျက်ခုံးပင့်ကြည့်လာကာ ဖန်ချန်နှင့် အကြည့်ချင်း ဆုံသွား၏။ ရှောက်ယွီကျင်းက တစ်ချက်ပြုံးကာ၊ နောက်တော့ မျက်လုံးများမှိတ်၍ ဗုံကို စည်းချက်ကျ ဆက်တီးနေသည်။

ရှောက်ယွီကျင်း ဗုံတီးနေတော့ ဆရာမတိုက်နှင့် ကျန်းကျီယာတို့က လက်ချင်းချိတ်ဆက်၍ အမိုးခုံးသဏ္ဍန် အုပ်မိုးလိုက်သည်။ ကျောင်းသားများက တန်းစီ၍ တံခါးဖြတ်သည့်သဖွယ် လျှောက်ဝင်သွားကြ၏။ ရှောက်ယွီကျင်း၏ ဗုံသံ တိခနဲ ရပ်သွားသည့်ခဏ၌ ဆရာမတိုက်နှင့် ကျန်းကျီယာတို့က လက်တို့ကို နှိမ့်ချကာ ကြုံကြိုက်သူအား 'ငါးလေး' အဖြစ် ဖမ်းလိုက်တော့သည်။

ကလေးဘဝတုန်းက ကစားခဲ့သည့် ကစားနည်းလေးမို့ အားလုံးပဲ ပျော်မြူးစွာ ပါဝင်လာကြသည်။ ဖန်ချန်နှင့် ကုမင်ရှီတို့လည်း ပါကြသည်။ တချိန်လုံး ဖန်ချန်ရဲ့ လက်တို့က ကုမင်ရှီရဲ့ ခါးထက်၌ တင်ထားလျက် သူ့ကို တွန်းပို့နေ၏။ သူတို့ ကံကောင်းနေသေး၍ တခါမှ ဖမ်းမမိသေးပေ။ 'ငါး' အဖြစ် အဖမ်းခံရသူက တစ်ခုခု လုပ်ပြရသည်။ တစ်ကြိမ်၌ ဝမ်ဆုန်းကို ဖမ်းမိသွားသည်။ သူက လည်ချောင်းတချက်ရှင်းကာ ရုတ်ချည်း လီရှောင်းယန်ဘက်သို့ လှည့်၍ ထအော်၏။ "လီရှောင်းယန်၊ ငါ နင့်ကို ကြိုက်တယ်၊ နင် ငါနဲ့ အတူ အပြင်ထွက်လည်ပေးမလား။"

လီရှောင်းယန့် မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ရဲတွတ်နေတော့သည်။ သူတို့အားလုံးပင် အတန်းဖော်တွေမို့ မစိမ်းသက်နေကြ။ ဆရာမတိုက်ကလည်း ငယ်ရွယ်သူမို့ ကျောင်းသားတွေကို ပိတ်ပင်တားမြစ်ဖို့ မတွေးပါ။ သူက ဝမ်ဆုန်းအား .. "မင်းတို့ နောက်စာသင်နှစ်မှာလည်း ငါ့အတန်းမှာပဲ ဖြစ်နေမှာနော်။ အဲ့ဒီတော့မှ တွေ့မယ်" ဟုသာ ပြောသည်။

ဖန်ချန်က ထိုမြင်ကွင်းအား ကြည့်နေရာမှာ လူအုပ်ကြီးနှင့်အတူ အော်ဟစ်နေ၏။ ထို့နောက် သူက ကုမင်ရှီနား တိုးကပ်လျက် အတင်းအဖျင်း ကပ်ပြောလာသည်။

"ငါ နင်နဲ့ လောင်းရဲတယ်။ လီရှောင်းယန် သဘောတူမှာ မဟုတ်လောက်ဘူး"

ကုမင်ရှီက ပြန်မေး၏။ "ဘာလို့လဲ"

"ငါ နင့်ကို ပြီးရင် ပြောပြမယ်။"

ကောင်လေးများက လေချွန်ကြ၊ လက်ခုပ်တီးကြနှင့် မိန်းကလေးများကတော့ လီရှောင်းယန်ကို လက်ခံလိုက်ဖို့ တိုက်တွန်းကြသည်။ လီရှောင်းယန်မှာ ဆရာမတိုက်ကလည်း ရှိနေတော့ သူ့စိတ်ရှိသည့်အတိုင်း မပြောရဲ၊ ထို့ကြောင့် တဖက်လှည့်ကာ ထွက်ပြေးလေတော့သည်။

ဖန်ချန်က အသံတိုးတိုးဖြင့်.. "ကြည့်ပါလား၊ ငါမှန်တယ် တွေ့လား"

အယောက်တိုင်းလိုလို အသံစုံမြည်ကြွေးအော်ဟစ်နေကြစဥ်မှာ ကုမင်ရှီက ဖန်ချန်အား သိလိုစွာ မေးလာသည်။

"နင် ဘယ်လိုလုပ် သေချာပေါက် သိနေတာလဲ"

ဖန်ချန်က သူ့နားနားကပ်၍ လေသံတိုးတိုးဖြင့်

"လီရှောင်းယန်က ငါ့ကို အရင်က ပြောဖူးတယ်၊ သူက နင့်ကို ကြိုက်နေတာ တဲ့"

ကုမင်ရှီ - "....."

ဖန်ချန် တဟားဟား ရယ်နေတော့သည်။ ရယ်ရင်း လှမ်းကြည့်လိုက်တော့ မီးဖိုငြိမ်းဖို့ ရောက်နေသည့် ဝန်ထမ်းလေးကို မြင်ရ၍ သူတို့ ကိုယ်စီ အခန်းသို့ ပြန်ချိန်ရောက်တော့မည်ဟု သိလိုက်၏။

သူ အချိန်ရတုန်းလေး ကုမင်ရှီအား ရှောက်ယွီကျင်းနားသို့ ဆွဲခေါ်သွားလိုက်သည်။ ‌ရှောက်ယွီကျင်းက ဗုံကို သယ်လျက် သွားတော့မည်အပြု ဖန်ချန်က..

"ရှောက်ယွီကျင်း အဲ့ဒါ ဗုံ မဟုတ်လား။"

"အင်း၊ ဒါကို ဂျမ်ဘေ (Djembe) လို့ ခေါ်တယ်။ အာဖရိက ဗုံတစ်မျိုးပဲ။ ငါ ဒါကို ပြည်မကို ပြန်လာတော့ သယ်လာခဲ့တာ။" ရှောက်ယွီကျင်းက ဗုံ၏ မျက်နှာစာအား ပုတ်လိုက်တော့ နားဝင်ချိုဖွယ် ဗုံသံ ထွက်လာသည်။ "ဒီနေ့ မီးပုံပွဲလုပ်ကြမယ်လို့ ငါ ကြားထားတာနဲ့ ဒါပါ ယူလာလိုက်တာ။ ငါတို့ ဒီကပြန်ရင် ဒါကို တီးခွင့် ရတော့မှာမဟုတ်ဘူး။ အိမ်နီးချင်းတွေအတွက် အနှောက်အယှက်ဖြစ်မှာ စိုးလို့လေ။"

ဖန်ချန့်မျက်ဝန်းမှာ အားကျမှုဖြင့် လင်းလက်နေ၏။ "ငါ တစ်ခါလောက် စမ်းကြည့်လို့ ရမလား"

"ရတာပေါ့" ရှောက်ယွီကျင်းက ဗုံအား ဖန်ချန့်ထံသို့ ကမ်းပေးလာသည်။ ဖန်ချန်က ..

"လေးသားပဲနော်"

"အင်း၊ သစ်သားနဲ့ လုပ်ထားတာ" ရှောက်ယွီကျင်းက ဖန်ချန်အား ကူညီ၍ ဆင်ပေး၏။ ကုမင်ရှီ ဘေးမှာရပ်ကြည့်နေတာကို မြင်တော့ သူက ..

"ဂဏန်းလေး စမ်းကြည့်လေ"

ဖန်ချန် လက်ဖြင့် ဗုံမျက်နှာစာအား ရိုက်ခတ်ကြည့်လိုက်သည်။ ဗုံဗုံ၊ ဗုံဗုံ၊ ဗုံဗုံဗုံ။

"ပျော်စရာကောင်းသားပဲ၊ တကယ်ပြောတာ၊ စိတ်ဝင်စားဖို့ ကောင်းတယ်။"

"နင် ကြိုက်လား" ရှောက်ယွီကျင်းက လက်ချောင်းလေးများအား ခါလိုက်သည်။ "ငါ နင့်ကို ပေးလိုက်မယ်"

ဖန်ချန်နှင့် ကုမင်ရှီတို့ သူ့အား တအံ့တသြ ကြည့်နေမိကြသည်။

ဖန်ချန်မှာ အလန့်တကြား ဗုံကို ပြန်ပေးမိ၏။

"အိုက်ယား.. မနောက်ပါနဲ့၊ ငါက ဒီအတိုင်း စပ်စုကြည့်တာပါ။ ဒါက နင် ပြည်ပကတောင် သယ်လာတဲ့ ဗုံ ကိုပဲ"

ရှောက်ယွီကျင်းက စိတ်ထဲမထားပါ။ "နင် လက်မခံမှန်း ငါ သိသားပဲ။ တကယ်တော့ ငါ ဒီဗုံကို မတီးဖြစ်တာ နှစ်တော်တော်ကြာပြီ။ ဒီဗုံက ငါ့အတွက် ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ တကယ်လို့ နင် မလိုချင်ဘူးဆိုရင်..." သူ ရုတ်တရက် ကုမင်ရှီဘက် လှည့်ကာ ..

"ဒါဆို ကုမင်ရှီကို လက်ဆောင်အဖြစ် ပေးလိုက်မယ်လေ။ ဒီနေ့ နင့်ရဲ့ မွေးနေ့ပဲဟာ၊ အဲ့တော့ မွေးနေ့လက်ဆောင်ပေါ့။ နည်းနည်း ဟောင်းနေတာကိုတော့ စိတ်မရှိနဲ့နော်။"

ဗုံမှာ ဖန်ချန့်လက်ထဲတွင်သာ ရှိနေသေးသည်။ ရှောက်ယွီကျင်းက လက်ကိုကျောတွင်ဝှက်လျက် သူတို့နှစ်ယောက်အား ပြုံးကြည့်နေသည်။ "အိုကေ.. ၊ အပြင်မှာ တော်တော်ပူတယ်။ ငါ ပြန်ပြီး ရေချိုးပြီး အိပ်တော့မယ်။ ငါ အရင်သွားနှင့်မယ်နော်။ ဂွတ်နိုက်"

သူ့စကားဆုံးသည်နှင့် တည်းခိုဆောင်ဘက်သို့ ပြန်သွားသည်။ ကုမင်ရှီနှင့် ဖန်ချန်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက်။ နောက်တော့ ဖန်ချန်က လက်ထဲရှိ ဗုံအား ပြန်ငုံ့ကြည့်မိ၏။ အတော်ကြာအောင် ငေးငိုင်ကြည့်နေမိပြီးမှ..

"ကုမင်ရှီ .. နင် သူ့ကို ကျေးဇူးမတင်နဲ့ "

ကုမင်ရှီ - "...."

"ငါ့စိတ်ထဲ ဒါကြီးက မူမမှန်ဘူးလို့ ခံစားနေရတယ်" ဖန်ချန် တကယ်ပဲ ပြောရခက်သည့် အနေရခက်မှုမျိုး ခံစားနေရခြင်း။ "ငါတို့ နောက်မှ သူ့ကို ပြန်ပေးလိုက်မယ် ဆိုရင်ရော.."

ကုမင်ရှီ စက္ကန့်ပိုင်းလောက် တွေးနေပြီးမှ နောက်တော့ ခေါင်းခါလိုက်သည်။ "မလိုဘူး။ ဒီဗုံကို နင် ယူထားလို့ရတယ်"

" ငါကလား" ဖန်ချန် လန့်သွား၏။ "ရှောက်ယွီကျင်းပြောတာ နင့်အတွက် လက်ဆောင်တဲ့"

ကုမင်ရှီက သူမအား စိုက်ကြည့်နေ၏။ "လက်နဲ့တီးရတဲ့ ဗုံက ငါ့အတွက် ဘာအသုံးကျမှာမို့လဲ"

"ဒီအတိုင်း အဆင်အယင်အဖြစ်ထားလည်း လှတာပဲလေ။"

"ငါထင်တာတော့... ရှောက်ယွီကျင်းက ဒါကို တကယ် အလေးမထားလို့ပဲ ဖြစ်မယ်" ကုမင်ရှီ ပြောလာ၏။ "သူက ငါ နင့်ကိုပဲ ဗုံကို ပေးမယ်ဆိုတာ သူ သိနေမှာပဲ။ ပြီးတော့ နင်လည်း အရမ်း သဘောကျနေတာလေ။"

ဖန်ချန် မျက်မှောင်ကုပ်သွားသည်။

"နေပါဦး.. ငါ အဲ့လောက်ကြီးလဲ မကြိုက်ပါဘူးနော်..."

ရှောက်ယွီကျင်းက တော်တော် ထူးဆန်းသည့်မိန်းကလေးပဲဟု သူတွေးမိရသည်။

ကျောင်းသားများ တည်းခိုဆောင်သို့ ပြန်ကုန်ကြပြီ။ ဖန်ချန်လည်း ဗုံကို သယ်ကာ ကုမင်ရှီနှင့်အတူ ပြန်လျှောက်လာ၏။

သစ်ပင်ပေါ်ရှိ သစ်ရွက်တို့အား လေအဝှေ့တွင် တရွှမ်းရွှမ်း ပွတ်တိုက်သွားကြသည်။ ဖန်ချန်က မြို့ပြမှာ မြင်ရခဲသော ကောင်းကင်ပြင်ကျယ်ကြီးကို မော့ကြည့်လိုက်မိ၏။ ရုတ်တရက် သူ့မျက်နှာ လင်းလက်သွားကာ မိုးပေါ်သို့ လက်ညွှန်ရင်း..

"ဟိုမှာကြည့်.. Milky Way "

ကုမင်ရှီလည်း လိုက်မော့ကြည့်ကာ ပြုံးမိ၏။

"နင် နောက်ဆုံးတော့ Milky Way ဆိုတာ ဘာမှန်း သိသွားပြီပေါ့"

"ငါ ရှဲ့ယီကို မေးထားတာ" ဖန်ချန်က ဝင့်ကြွားစွာ ပြောနေ၏။ "သူက ငါ့ကိုပြဖို့ ပုံတွေ ပရင့်ထုတ်ပေးပြီး Milky Way ဆိုတာ ဘယ်နားမှာ ဆိုတာ ပြောပြတယ်။ သူ့အိမ်က ကွန်ပျူတာမှာ Printer ပါ ရှိတယ်တဲ့။ အ‌ရောင်ထွက်လည်း မိုက်တယ်။"

ကုမင်ရှီ မျက်နှာ တင်းသွား၏။

ဖန်ချန်က သတိမမူမိလိုက်ပေ။ မြူးထူးစွာ ဆက်ပြောနေသေးသည်။ "ဒါနဲ့ စကားမစပ်၊ ကုမင်ရှီ၊ နင်သိလား .. ‌နောက် စာသင်နှစ်ဝက်ကျရင် ငါ ရှဲ့ယီနဲ့ တစ်ခန်းထဲ ဖြစ်လိမ့်မယ်တဲ့။"

-

(4-Sep-2022)

-


Chapter – 51

51 | African Drum

နင္ ေနာက္ဆုံးေတာ့ Milky Way ဆိုတာ ဘာမွန္း သိသြားၿပီေပါ့။

ဖေယာင္းတိုင္မီးအလင္းေရာင္က ဖန္ခ်န႔္ရဲ႕ ႏုနယ္တဲ့မ်က္ႏွာေလးေပၚ လင္းျဖာေန၏။ သူ႔ေရွ႕ေမွာက္၌ ကုမင္ရွီ မ်က္လုံးကို မွိတ္၍ ဆုတစ္ခု ဆႏၵျပဳလိုက္သည္။ ထို႔ေနာက္ မ်က္လုံးျပန္ဖြင့္ကာ ဖေယာင္းတိုင္တို႔အား မႈတ္လိုက္၏။

သူ႔ရဲ႕ အတန္းေဖာ္တို႔မွာ ဖန္ခ်န႔္ကို ကိတ္ခြဲေပးရန္ ဝိုင္းေအာ္ဟစ္ေတာင္းဆိုေနၾကသည္။ ေက်ာင္းသားေရာ၊ ဆရာမ်ားပါ အေယာက္တိုင္း မုန႔္ တစ္စိတ္စီ ရၾကသည္။ ကိတ္ကို ခြဲေဝေပးၿပီးေနာက္ ဖန္ခ်န္က ကုမင္ရွီအား တစ္စိတ္ကို ခြံ႕ေကြၽးလာေတာ့ လူမ်ားစြာ၏ ေရွ႕ေမွာက္မွာမို႔ ကုမင္ရွီမွာ အေတာ္ေလး ရွက္႐ြံ႕႐ြံ႕။ သို႔ေသာ္လည္း သူ႔အား စိုက္ၾကည့္ေနသည့္ ဖန္ခ်န္၏ တလက္လက္ေတာက္ပေနေသာ မ်က္ဝန္းတို႔ေၾကာင့္ ေနာက္ဆုံး‌ေတာ့ သူ႔ပါးစပ္ကို ဟကာ ကိတ္ကို ယူစားလိုက္ရသည္။

ဖန္ခ်န္က တခစ္ခစ္ ရယ္လ်က္.. "အရသာေကာင္းတယ္မလား"

ကုမင္ရွီက ရွက္ကိုးရွက္ကန္း ၾကည့္လာသည္။ ေခါင္းညိတ္လ်က္ .. "အင္း"

ဖန္ခ်န္ ေတာ္ေတာ္ေလး ေက်နပ္သြား၏။

"ငါတို႔ သ႐ုပ္ေဆာင္ ေကာင္းၾကတယ္ေနာ္၊ နင္ လုံးဝ သံသယ မဝင္ဘူး မဟုတ္လား။"

ကုမင္ရွီ , "..."

က်ိဳးနန္က်ဳံးက ကုမင္ရွီရဲ႕ ပခုံးကို ပုတ္ကာ..

"ညီကို.. ခုနက မင္းကို ေရေသနတ္နဲ႔ ပစ္မိတာ စိတ္မရွိပါနဲ႔ကြာ။ အဲ့ဒါ ဂဏန္းေလးရဲ႕ ေပါက္ကရ အႀကံကြ"

"ေပါက္ကရ အႀကံ ဟုတ္လား။ ငါတို႔ အဲ့လို မလုပ္ရင္ ကုမင္ရွီကို သူ႔အခန္းထဲ သူ႔ဘာသာ သြားေအာင္ ဘယ္လို လွည့္ကြက္ဆင္မွာလဲဟဲ့" ဖန္ခ်န္႔ေလသံက မေက်မခ်မ္း ျဖစ္ေနဟန္။ "ကုမင္ရွီနဲ႔ ငါ့ေမြးေန႔က ေႏြရာသီေက်ာင္းပိတ္ရက္နဲ႔ခ်ည္း အၿမဲတိုက္ေနလို႔ တစ္ခါမွ ငါတို႔ အတန္းေဖာ္ေတြနဲ႔အတူ ေမြးေန႔ပြဲ မလုပ္ဖူးဘူး။ အခုမွ သူ႔ေမြးေန႔အခ်ိန္နဲ႔ ခရီးထြက္တာနဲ႔ အခ်ိန္ကိုက္သြားက်တာ။ အဲ့ေတာ့ ငါက သူ႔အတြက္ စီစဥ္ေပးရတာေပါ့။"

ဝမ္ဆုန္းက သူ႔ကို လွမ္းစသည္။

"ဂဏန္းေလး၊ နင္ သူ႔ေမြးေန႔အတြက္ အဲ့ေလာက္ ဂ႐ုတစိုက္လုပ္ေပးထားတာ၊ ငါတို႔ မီးပုံပြဲပါတီက်ရင္ နင္ ကုမင္ရွီအတြက္ ကေပးသင့္တယ္။"

ဖန္ခ်န္က သူ႔အား မဲ့႐ြဲ႕ကာ..

"ရတယ္ေလ၊ က.ဆိုေတာ့လည္း ကတာေပါ့။ ဘယ္သူ႔ေၾကာက္ေနရဦးမွာလဲ"

ညစာစားၿပီးခ်ိန္တြင္ အလုပ္သမားတစ္ေယာက္က ကြင္းျပင္က်ယ္၌ မီးပုံပြဲတစ္ခု စီစဥ္ကာ သီခ်င္းဖြင့္ေပးလာသည္။ ေက်ာင္းသားတို႔မွာ မီးဖိုပတ္လည္တြင္ ဝိုင္းဖြဲ႕ထိုင္ၾကၿပီး အႏုပညာေကာ္မတီမွ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သလို၊ အသံလည္းေကာာင္းတဲ့ က်န္းက်ီယာက ဦးေဆာင္၍ သီခ်င္းတစ္ပုဒ္ဆိုသည္။

အမ်ားစုမွာ သူႏွင့္အတူ လိုက္ဆိုၾက၏။ ေနာက္ေတာ့ ဂီတသံက ပိုမို ျမဴးထူးလာသည္ႏွင့္ ေက်ာင္းသားအခ်ိဳ႕ ထရပ္ကာ လက္ခ်င္းခ်ိတ္၍ မီးပုံအား ဝိုင္းဖြဲ႕ ကၾကေတာ့သည္။ သူတို႔ ကသည္ႏွင့္ က်န္သူမ်ားပါ ဝင္ပါလာၿပီး၊ ဆရာမတိုက္ ေတာင္မွ က်န္းက်ီယာ၏ ဆြဲေခၚျခင္း ခံရသည္အထိ။

အခန္းရဲ႕ေထာင့္နားေလးမွာ ထိုင္ေနခဲ့သည့္ ဖန္ခ်န္မွာ၊ အတန္းထဲမွာလည္း ဘိတ္ေခ်းအဆင့္လို ျဖစ္ေနေတာ့ အတန္းထဲက က်န္သူမ်ားႏွင့္ သိပ္မရင္းႏွီးလွ။ သူ ႏွင့္ ခင္မင္သူဆို၍ က်ိဳးနန္က်ဳံး၊ ဝမ္ဆုန္း ႏွင့္ ႐ူပေဗဒလက္ေတြ႕ခ်ိန္မ်ားမွာ တြဲဖက္က်သူ လီေရွာင္ယန္ တို႔သာ ရွိသည္။ သို႔ေပမဲ့ ထိုအခိုက္အတန႔္ေလးမွာေတာ့ မီးအလင္းေရာင္ထဲ ျမင္ေနရသည့္ ရင္းႏွီးေသာ၊ မရင္းႏွီးေလေသာ မ်က္ႏွာတို႔က ဖန္ခ်န႔္ကို တသိမ့္သိမ့္ ၾကည္ႏူးေပ်ာ္႐ႊင္ေစသည္။

အခန္း ၂ မွ ေက်ာင္းသား အမ်ားစုမွာ အျမန္တန္းထဲ ဆက္လက္သင္ၾကားခြင့္ ရမည္ျဖစ္ၿပီး၊ ၈ေယာက္၊ ၉ေယာက္ေလာက္သာ အျခားတန္းခြဲသို႔ ခြဲထုတ္ခံရလိမ့္မည္။ ဒီေႏြရာသီေက်ာင္းပိတ္ရက္ၿပီးလွ်င္ေတာ့ သူတို႔ သီးျခားစီ ျဖစ္သြားၾကရေတာ့မည္။ ဒါက သူတို႔ဘဝမွာ တႀကိမ္တခါမွ် ေရစက္ဆုံရသည္ႏွင့္ တူေပသည္။ ဖန္ခ်န္က ေဘးနားတြင္ ရွိေနေသာ ကုမင္ရွီကို လွည့္ၾကည့္လိုက္မိ၏။ သူက ဒူးေထာင္၍ ထိုင္ေနၿပီး၊ ဒူးေပၚေမးတင္ကာ သီခ်င္းဆိုေန၊ ကေနၾကေသာ သူတို႔ကို ၾကည့္ေန၏။ မီးပုံပြဲမွ မီးေတာက္တို႔က သူ႔မ်က္ဝန္းထဲ ကခုန္ေနသလိုပင္၊ သူ႔ႏႈတ္ခမ္းထက္၌ အၿပဳံးပါးပါးတြဲခိုလ်က္ ရွိေနပုံက ဖန္ခ်န႔္အား ႏွလုံးသားထဲ တခ်က္ဆြဲငင္ ခံထားရသလို ျဖစ္သြားေစ၏။

သူ ထရပ္ကာ ဖုန္ခါလိုက္သည္။ "ကုမင္ရွီ.. ငါတို႔လည္း အတူ ကၾကရေအာင္'

ကုမင္ရွီက ေမာ့ၾကည့္လာ၏၊ သူ႔မ်က္ဝန္းတို႔တြင္ မေရမရာျဖစ္မႈတို႔ ရွိေန၏။ ဖန္ခ်န္က သူ႔ပခုံးအား လွမ္းပုတ္ကာ..

"ထပါ၊ ငါတို႔ အတူ ကၾကရေအာင္လို႔"

ကုမင္ရွီ မျငင္းေတာ့။ သူ ထရပ္ကာ ဖန္ခ်န္ႏွင့္အတူ ဝိုင္းပတ္ကခုန္ေနေသာ လူအုပ္ဘက္သို႔ သြားလိုက္၏။ ဖန္ခ်န္က သံစဥ္ႏွင့္အတူ လွည့္ပတ္ရင္း ၿပဳံးရယ္ေနကာ..

"လာေလ၊ ကၾကမယ္၊ လြယ္လြယ္ေလးရယ္။"

Beat သံၿမိဳင္ၿမိဳင္ႏွင့္ ေတးသံျဖစ္၍ အေယာက္တိုင္းပင္ လက္ခ်င္းတြဲလ်က္၊ ေျခေထာက္ကို ေဘးသို႔ လႊဲကန္၍ ကခုန္ေနၾကသည္။ ကုမင္ရွီက သူတို႔အား ၾကည့္ေနခဲ့ေသာ္လည္း သူ ဘယ္လိုကရမလဲ မသိ။

ဖန္ခ်န္က သူ႔ေဘးတြင္ ရပ္ကာ ဘာမွ ရွင္းျပမေနဘဲ၊ သူ႔ဘယ္ဘက္လက္ျဖင့္ မင္ရွီ၏ ခါးအား သိုင္းဖက္ထားလိုက္သည္။ ထို႔ေနာက္ က်န္တစ္ဖက္က လီေရွာင္းယန္အား ဖက္ကာ စီတန္းကေနသည့္ လူတန္း၏ အဆုံး၌ ဝင္ပါလိုက္၏။ ကုမင္ရွီမွာ ႐ုတ္ခ်ည္း ဖန္ခ်န္ဆြဲေခၚတာကိုသာ သိလိုက္ၿပီး၊ သူတို႔ ေျခေထာက္ေတြ လႊဲကန္ေနၾကသည္။

တစ္၊ ႏွစ္၊ သုံး ဘယ္ေျခလႊဲကန္။ တစ္၊ ႏွစ္၊ သုံး ညာေျခလႊဲကန္။

ပထမပိုင္းမွာေတာ့ ကုမင္ရွီက ဖန္ခ်န္႔ေနာက္ကေန စက္႐ုပ္လို လမ္းေလွ်ာက္လိုက္ေန႐ုံသာ။ ေနာက္ ခဏေနေတာ့ သူပါ နည္းနည္း ေျခကန္ထုတ္ဖို႔ ႀကိဳးစားၾကည့္လိုက္သည္။ သူ ပါ လိုက္ကဖို႔ ႀကိဳးစားေနတာ ျမင္ရေတာ့ ဖန္ခ်န္ ေပ်ာ္သြား၏။ ကုမင္ရွီအား ထူးျခားစြာ ေပ်ာ္ျမဴးေနေသာအၿပဳံး ျဖင့္ ၿပဳံးျပလိုက္သည္၊ လက္ကေတာ့ မင္ရွီရဲ႕ခါးနားမွာ ရွိေနဆဲ။

ကုမင္ရွီ႕မ်က္ႏွာကေတာ့ နီရဲသြားျပန္သည္။ ေတာ္ေသး၍ မီးပုံအရွိန္ေၾကာင့္ လူတိုင္းလိုလို ေခြၽးျပန္ေနၾကရာ သူ႔ရဲ႕ ခံစားခ်က္အား ဘယ္သူမွ ထူးျခားသည္ မထင္မိၾက။

ခဏေနေတာ့ ဂီတသံႏွင့္အတူ ဗုံသံ တစ္သံ ထြက္ေပၚလာသည္။ ဗုံသံမွာ အေတာ္ေလး နားေထာင္ေကာင္း၏။ တခါတခါ အသံနိမ့္သြားလိုက္၊ တခါတခါမွာ စိတ္လႈပ္ရွားဖြယ္ ျမဴးႂကြလာျပန္လိုက္။ တည္ၿငိမ္ေနသည့္ ေလထုထဲ ႐ုတ္ခ်ည္း တက္ႂကြဖြယ္အသံျဖင့္ ျပည့္ႏွက္သြား၏။ အျခားေက်ာင္းသားမ်ားလိုပင္ ဖန္ခ်န္လည္း အသံၾကားရာဆီ လွည့္ရွာမိေတာ့ ဗုံတစ္လုံးကို တီးေနသူက ေရွာက္ယြီက်င္း။

သူ႔တြင္ ဗုံတစ္လုံးအား ပတ္သိုင္းထားသည့္ ႀကိဳးကို လြယ္ထားသည္။ ဗုံက သိပ္ေတာ့ မႀကီးပါ။ ကိုယ္ထည္မွာ ႐ုပ္တုေလးႏွင့္ေတာင္ တူသည္။ ႀကိဳးတို႔ျဖင့္ ေကာင္းေကာင္း စည္းပတ္ထားသလို ပုံအခ်ိဳ႕လည္း ေရးဆြဲထားသည္။ ေရွာက္ယြီက်င္းက လက္ဖဝါးျဖင့္ ဗုံကို ႐ိုက္ခတ္ေနကာ ေခါင္းက စည္းခ်က္အတိုင္း ညိတ္ေနသည္။ သူ႔ပုံစံကို ၾကည့္ျမင္ရသည္မွာ ထူးဆန္းလို႔ေန၏။

ဖန္ခ်န္႔စိတ္ထဲ ေရွာက္ယြီက်င္းက တကယ္ ဆန္းၾကယ္သည္၊ ဗုံတီးပုံကလည္း ယစ္မူးစြဲမက္ဖြယ္။ သူ႔ဘက္မွ ႐ုတ္ခ်ည္း မ်က္ခုံးပင့္ၾကည့္လာကာ ဖန္ခ်န္ႏွင့္ အၾကည့္ခ်င္း ဆုံသြား၏။ ေရွာက္ယြီက်င္းက တစ္ခ်က္ၿပဳံးကာ၊ ေနာက္ေတာ့ မ်က္လုံးမ်ားမွိတ္၍ ဗုံကို စည္းခ်က္က် ဆက္တီးေနသည္။

ေရွာက္ယြီက်င္း ဗုံတီးေနေတာ့ ဆရာမတိုက္ႏွင့္ က်န္းက်ီယာတို႔က လက္ခ်င္းခ်ိတ္ဆက္၍ အမိုးခုံးသ႑န္ အုပ္မိုးလိုက္သည္။ ေက်ာင္းသားမ်ားက တန္းစီ၍ တံခါးျဖတ္သည့္သဖြယ္ ေလွ်ာက္ဝင္သြားၾက၏။ ေရွာက္ယြီက်င္း၏ ဗုံသံ တိခနဲ ရပ္သြားသည့္ခဏ၌ ဆရာမတိုက္ႏွင့္ က်န္းက်ီယာတို႔က လက္တို႔ကို ႏွိမ့္ခ်ကာ ႀကဳံႀကိဳက္သူအား 'ငါးေလး' အျဖစ္ ဖမ္းလိုက္ေတာ့သည္။

ကေလးဘဝတုန္းက ကစားခဲ့သည့္ ကစားနည္းေလးမို႔ အားလုံးပဲ ေပ်ာ္ျမဴးစြာ ပါဝင္လာၾကသည္။ ဖန္ခ်န္ႏွင့္ ကုမင္ရွီတို႔လည္း ပါၾကသည္။ တခ်ိန္လုံး ဖန္ခ်န္ရဲ႕ လက္တို႔က ကုမင္ရွီရဲ႕ ခါးထက္၌ တင္ထားလ်က္ သူ႔ကို တြန္းပို႔ေန၏။ သူတို႔ ကံေကာင္းေနေသး၍ တခါမွ ဖမ္းမမိေသးေပ။ 'ငါး' အျဖစ္ အဖမ္းခံရသူက တစ္ခုခု လုပ္ျပရသည္။ တစ္ႀကိမ္၌ ဝမ္ဆုန္းကို ဖမ္းမိသြားသည္။ သူက လည္ေခ်ာင္းတခ်က္ရွင္းကာ ႐ုတ္ခ်ည္း လီေရွာင္းယန္ဘက္သို႔ လွည့္၍ ထေအာ္၏။ "လီေရွာင္းယန္၊ ငါ နင့္ကို ႀကိဳက္တယ္၊ နင္ ငါနဲ႔ အတူ အျပင္ထြက္လည္ေပးမလား။"

လီေရွာင္းယန္႔ မ်က္ႏွာမွာ ရွက္႐ြံ႕မႈေၾကာင့္ ရဲတြတ္ေနေတာ့သည္။ သူတို႔အားလုံးပင္ အတန္းေဖာ္ေတြမို႔ မစိမ္းသက္ေနၾက။ ဆရာမတိုက္ကလည္း ငယ္႐ြယ္သူမို႔ ေက်ာင္းသားေတြကို ပိတ္ပင္တားျမစ္ဖို႔ မေတြးပါ။ သူက ဝမ္ဆုန္းအား .. "မင္းတို႔ ေနာက္စာသင္ႏွစ္မွာလည္း ငါ့အတန္းမွာပဲ ျဖစ္ေနမွာေနာ္။ အဲ့ဒီေတာ့မွ ေတြ႕မယ္" ဟုသာ ေျပာသည္။

ဖန္ခ်န္က ထိုျမင္ကြင္းအား ၾကည့္ေနရာမွာ လူအုပ္ႀကီးႏွင့္အတူ ေအာ္ဟစ္ေန၏။ ထို႔ေနာက္ သူက ကုမင္ရွီနား တိုးကပ္လ်က္ အတင္းအဖ်င္း ကပ္ေျပာလာသည္။

"ငါ နင္နဲ႔ ေလာင္းရဲတယ္။ လီေရွာင္းယန္ သေဘာတူမွာ မဟုတ္ေလာက္ဘူး"

ကုမင္ရွီက ျပန္ေမး၏။ "ဘာလို႔လဲ"

"ငါ နင့္ကို ၿပီးရင္ ေျပာျပမယ္။"

ေကာင္ေလးမ်ားက ေလခြၽန္ၾက၊ လက္ခုပ္တီးၾကႏွင့္ မိန္းကေလးမ်ားကေတာ့ လီေရွာင္းယန္ကို လက္ခံလိုက္ဖို႔ တိုက္တြန္းၾကသည္။ လီေရွာင္းယန္မွာ ဆရာမတိုက္ကလည္း ရွိေနေတာ့ သူ႔စိတ္ရွိသည့္အတိုင္း မေျပာရဲ၊ ထို႔ေၾကာင့္ တဖက္လွည့္ကာ ထြက္ေျပးေလေတာ့သည္။

ဖန္ခ်န္က အသံတိုးတိုးျဖင့္.. "ၾကည့္ပါလား၊ ငါမွန္တယ္ ေတြ႕လား"

အေယာက္တိုင္းလိုလို အသံစုံျမည္ေႂကြးေအာ္ဟစ္ေနၾကစဥ္မွာ ကုမင္ရွီက ဖန္ခ်န္အား သိလိုစြာ ေမးလာသည္။

"နင္ ဘယ္လိုလုပ္ ေသခ်ာေပါက္ သိေနတာလဲ"

ဖန္ခ်န္က သူ႔နားနားကပ္၍ ေလသံတိုးတိုးျဖင့္

"လီေရွာင္းယန္က ငါ့ကို အရင္က ေျပာဖူးတယ္၊ သူက နင့္ကို ႀကိဳက္ေနတာ တဲ့"

ကုမင္ရွီ - "....."

ဖန္ခ်န္ တဟားဟား ရယ္ေနေတာ့သည္။ ရယ္ရင္း လွမ္းၾကည့္လိုက္ေတာ့ မီးဖိုၿငိမ္းဖို႔ ေရာက္ေနသည့္ ဝန္ထမ္းေလးကို ျမင္ရ၍ သူတို႔ ကိုယ္စီ အခန္းသို႔ ျပန္ခ်ိန္ေရာက္ေတာ့မည္ဟု သိလိုက္၏။

သူ အခ်ိန္ရတုန္းေလး ကုမင္ရွီအား ေရွာက္ယြီက်င္းနားသို႔ ဆြဲေခၚသြားလိုက္သည္။ ‌ေရွာက္ယြီက်င္းက ဗုံကို သယ္လ်က္ သြားေတာ့မည္အျပဳ ဖန္ခ်န္က..

"ေရွာက္ယြီက်င္း အဲ့ဒါ ဗုံ မဟုတ္လား။"

"အင္း၊ ဒါကို ဂ်မ္ေဘ (Djembe) လို႔ ေခၚတယ္။ အာဖရိက ဗုံတစ္မ်ိဳးပဲ။ ငါ ဒါကို ျပည္မကို ျပန္လာေတာ့ သယ္လာခဲ့တာ။" ေရွာက္ယြီက်င္းက ဗုံ၏ မ်က္ႏွာစာအား ပုတ္လိုက္ေတာ့ နားဝင္ခ်ိဳဖြယ္ ဗုံသံ ထြက္လာသည္။ "ဒီေန႔ မီးပုံပြဲလုပ္ၾကမယ္လို႔ ငါ ၾကားထားတာနဲ႔ ဒါပါ ယူလာလိုက္တာ။ ငါတို႔ ဒီကျပန္ရင္ ဒါကို တီးခြင့္ ရေတာ့မွာမဟုတ္ဘူး။ အိမ္နီးခ်င္းေတြအတြက္ အေႏွာက္အယွက္ျဖစ္မွာ စိုးလို႔ေလ။"

ဖန္ခ်န႔္မ်က္ဝန္းမွာ အားက်မႈျဖင့္ လင္းလက္ေန၏။ "ငါ တစ္ခါေလာက္ စမ္းၾကည့္လို႔ ရမလား"

"ရတာေပါ့" ေရွာက္ယြီက်င္းက ဗုံအား ဖန္ခ်န႔္ထံသို႔ ကမ္းေပးလာသည္။ ဖန္ခ်န္က ..

"ေလးသားပဲေနာ္"

"အင္း၊ သစ္သားနဲ႔ လုပ္ထားတာ" ေရွာက္ယြီက်င္းက ဖန္ခ်န္အား ကူညီ၍ ဆင္ေပး၏။ ကုမင္ရွီ ေဘးမွာရပ္ၾကည့္ေနတာကို ျမင္ေတာ့ သူက ..

"ဂဏန္းေလး စမ္းၾကည့္ေလ"

ဖန္ခ်န္ လက္ျဖင့္ ဗုံမ်က္ႏွာစာအား ႐ိုက္ခတ္ၾကည့္လိုက္သည္။ ဗုံဗုံ၊ ဗုံဗုံ၊ ဗုံဗုံဗုံ။

"ေပ်ာ္စရာေကာင္းသားပဲ၊ တကယ္ေျပာတာ၊ စိတ္ဝင္စားဖို႔ ေကာင္းတယ္။"

"နင္ ႀကိဳက္လား" ေရွာက္ယြီက်င္းက လက္ေခ်ာင္းေလးမ်ားအား ခါလိုက္သည္။ "ငါ နင့္ကို ေပးလိုက္မယ္"

ဖန္ခ်န္ႏွင့္ ကုမင္ရွီတို႔ သူ႔အား တအံ့တၾသ ၾကည့္ေနမိၾကသည္။

ဖန္ခ်န္မွာ အလန႔္တၾကား ဗုံကို ျပန္ေပးမိ၏။

"အိုက္ယား.. မေနာက္ပါနဲ႔၊ ငါက ဒီအတိုင္း စပ္စုၾကည့္တာပါ။ ဒါက နင္ ျပည္ပကေတာင္ သယ္လာတဲ့ ဗုံ ကိုပဲ"

ေရွာက္ယြီက်င္းက စိတ္ထဲမထားပါ။ "နင္ လက္မခံမွန္း ငါ သိသားပဲ။ တကယ္ေတာ့ ငါ ဒီဗုံကို မတီးျဖစ္တာ ႏွစ္ေတာ္ေတာ္ၾကာၿပီ။ ဒီဗုံက ငါ့အတြက္ ဘာအဓိပၸါယ္မွ မရွိေတာ့ဘူး။ တကယ္လို႔ နင္ မလိုခ်င္ဘူးဆိုရင္..." သူ ႐ုတ္တရက္ ကုမင္ရွီဘက္ လွည့္ကာ ..

"ဒါဆို ကုမင္ရွီကို လက္ေဆာင္အျဖစ္ ေပးလိုက္မယ္ေလ။ ဒီေန႔ နင့္ရဲ႕ ေမြးေန႔ပဲဟာ၊ အဲ့ေတာ့ ေမြးေန႔လက္ေဆာင္ေပါ့။ နည္းနည္း ေဟာင္းေနတာကိုေတာ့ စိတ္မရွိနဲ႔ေနာ္။"

ဗုံမွာ ဖန္ခ်န႔္လက္ထဲတြင္သာ ရွိေနေသးသည္။ ေရွာက္ယြီက်င္းက လက္ကိုေက်ာတြင္ဝွက္လ်က္ သူတို႔ႏွစ္ေယာက္အား ၿပဳံးၾကည့္ေနသည္။ "အိုေက.. ၊ အျပင္မွာ ေတာ္ေတာ္ပူတယ္။ ငါ ျပန္ၿပီး ေရခ်ိဳးၿပီး အိပ္ေတာ့မယ္။ ငါ အရင္သြားႏွင့္မယ္ေနာ္။ ဂြတ္ႏိုက္"

သူ႔စကားဆုံးသည္ႏွင့္ တည္းခိုေဆာင္ဘက္သို႔ ျပန္သြားသည္။ ကုမင္ရွီႏွင့္ ဖန္ခ်န္တို႔မွာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လ်က္။ ေနာက္ေတာ့ ဖန္ခ်န္က လက္ထဲရွိ ဗုံအား ျပန္ငုံ႔ၾကည့္မိ၏။ အေတာ္ၾကာေအာင္ ေငးငိုင္ၾကည့္ေနမိၿပီးမွ..

"ကုမင္ရွီ .. နင္ သူ႔ကို ေက်းဇူးမတင္နဲ႔ "

ကုမင္ရွီ - "...."

"ငါ့စိတ္ထဲ ဒါႀကီးက မူမမွန္ဘူးလို႔ ခံစားေနရတယ္" ဖန္ခ်န္ တကယ္ပဲ ေျပာရခက္သည့္ အေနရခက္မႈမ်ိဳး ခံစားေနရျခင္း။ "ငါတို႔ ေနာက္မွ သူ႔ကို ျပန္ေပးလိုက္မယ္ ဆိုရင္ေရာ.."

ကုမင္ရွီ စကၠန႔္ပိုင္းေလာက္ ေတြးေနၿပီးမွ ေနာက္ေတာ့ ေခါင္းခါလိုက္သည္။ "မလိုဘူး။ ဒီဗုံကို နင္ ယူထားလို႔ရတယ္"

" ငါကလား" ဖန္ခ်န္ လန႔္သြား၏။ "ေရွာက္ယြီက်င္းေျပာတာ နင့္အတြက္ လက္ေဆာင္တဲ့"

ကုမင္ရွီက သူမအား စိုက္ၾကည့္ေန၏။ "လက္နဲ႔တီးရတဲ့ ဗုံက ငါ့အတြက္ ဘာအသုံးက်မွာမို႔လဲ"

"ဒီအတိုင္း အဆင္အယင္အျဖစ္ထားလည္း လွတာပဲေလ။"

"ငါထင္တာေတာ့... ေရွာက္ယြီက်င္းက ဒါကို တကယ္ အေလးမထားလို႔ပဲ ျဖစ္မယ္" ကုမင္ရွီ ေျပာလာ၏။ "သူက ငါ နင့္ကိုပဲ ဗုံကို ေပးမယ္ဆိုတာ သူ သိေနမွာပဲ။ ၿပီးေတာ့ နင္လည္း အရမ္း သေဘာက်ေနတာေလ။"

ဖန္ခ်န္ မ်က္ေမွာင္ကုပ္သြားသည္။

"ေနပါဦး.. ငါ အဲ့ေလာက္ႀကီးလဲ မႀကိဳက္ပါဘူးေနာ္..."

ေရွာက္ယြီက်င္းက ေတာ္ေတာ္ ထူးဆန္းသည့္မိန္းကေလးပဲဟု သူေတြးမိရသည္။

ေက်ာင္းသားမ်ား တည္းခိုေဆာင္သို႔ ျပန္ကုန္ၾကၿပီ။ ဖန္ခ်န္လည္း ဗုံကို သယ္ကာ ကုမင္ရွီႏွင့္အတူ ျပန္ေလွ်ာက္လာ၏။

သစ္ပင္ေပၚရွိ သစ္႐ြက္တို႔အား ေလအေဝွ႔တြင္ တ႐ႊမ္း႐ႊမ္း ပြတ္တိုက္သြားၾကသည္။ ဖန္ခ်န္က ၿမိဳ႕ျပမွာ ျမင္ရခဲေသာ ေကာင္းကင္ျပင္က်ယ္ႀကီးကို ေမာ့ၾကည့္လိုက္မိ၏။ ႐ုတ္တရက္ သူ႔မ်က္ႏွာ လင္းလက္သြားကာ မိုးေပၚသို႔ လက္ၫႊန္ရင္း..

"ဟိုမွာၾကည့္.. Milky Way "

ကုမင္ရွီလည္း လိုက္ေမာ့ၾကည့္ကာ ၿပဳံးမိ၏။

"နင္ ေနာက္ဆုံးေတာ့ Milky Way ဆိုတာ ဘာမွန္း သိသြားၿပီေပါ့"

"ငါ ရွဲ႕ယီကို ေမးထားတာ" ဖန္ခ်န္က ဝင့္ႂကြားစြာ ေျပာေန၏။ "သူက ငါ့ကိုျပဖို႔ ပုံေတြ ပရင့္ထုတ္ေပးၿပီး Milky Way ဆိုတာ ဘယ္နားမွာ ဆိုတာ ေျပာျပတယ္။ သူ႔အိမ္က ကြန္ပ်ဴတာမွာ Printer ပါ ရွိတယ္တဲ့။ အ‌ေရာင္ထြက္လည္း မိုက္တယ္။"

ကုမင္ရွီ မ်က္ႏွာ တင္းသြား၏။

ဖန္ခ်န္က သတိမမူမိလိုက္ေပ။ ျမဴးထူးစြာ ဆက္ေျပာေနေသးသည္။ "ဒါနဲ႔ စကားမစပ္၊ ကုမင္ရွီ၊ နင္သိလား .. ‌ေနာက္ စာသင္ႏွစ္ဝက္က်ရင္ ငါ ရွဲ႕ယီနဲ႔ တစ္ခန္းထဲ ျဖစ္လိမ့္မယ္တဲ့။"

-

(4-Sep-2022)

-

واصل القراءة

ستعجبك أيضاً

777K 65K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
7.9K 726 8
သူမ ပြန်လည်မမွေးဖွားခင်က ဝေ့လော့ဟာ ဖြူစင်တဲ့မိန်းကလေးတစ်ယောက်။ ပြန်လည်မွေးဖွားပြီးသည့်နောက်တွင်တော့ အပြင်ပန်းမှာချစ်စရာကောင်းသလောက် အတွင်းသဏ္ဍာန်မှာတ...
1.6M 67.3K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
32.6K 1.6K 51
ချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။...