.Uni
EP 7 မင်းနောက်ကို လိုက်လာမယ်
စုန့်ယန် ထိုအခိုက်အတန့် ဘာဖြေရမှန်းမသိဖြစ်နေခဲ့သည်။
သူ့စိတ်တို့က အလွန်အမင်းရှုပ်ထွေးနေခဲ့သည်။ ရှလင်၏ရောဂါအကြောင်းကို သူစတင်သိရှိစဥ်ကလည်း ယခုအတိုင်းပင်မှင်သက်နေခဲ့မိသည်။
နှစ်ပေါင်းများစွာကြာလာခဲ့သည့်တိုင်
သူ့လုံးဝပင် စုန့်မိသားစုထံသိူ့ ခြေဦးမလှည့်ခဲ့။ရှလင်အား အချိန်တိုလေးအတွင်းမှာ
ရှာဖွေဖို့ရာအတွက်မူသူလုံးဝပင် မတုံ့ဆိုင်းခဲ့ဘဲ သူ အပြေးပင် ပြန်သွားမိခဲ့သည်။သူ့ဖခင်ရှေ့ ဒူးထောက်တောင်းပန်ပြီး ရှလင်အား ရှာဖွေပေးဖို့ အကူအညီတောင်းခဲ့ရသည်။
ရှလင်သူ့အား ယခုကဲ့သို့ လှောင်ပြောင်သရော်သည့် စကားများ ပြောနေခဲ့တာတောင် ,သူက နားထုံနားထိုင်းတစ်ဦးကဲ့သို့
ရှိနေခဲ့သည်။
အဲ့ဒီအချိန်ကလည်း သူ့ခေါင်းထဲ၌အတွေး တစ်ခုသာရှိနေခဲ့သည်။ထိုအရာကရှလင်
အား ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်၍ တွေ့နိုင်ဖို့ရာပင်ဖြစ်သည်။သူ လုပ်ခဲ့သည့် အမှားများစွာအတွက် ပြန်လည် ဖြည့်ဆည်းပေးဖို့အခွင့်အရေး တစ်ခုရ နိုင်ရန်သာဖြစ်သည်။
သို့သော် ယခုတွင် , ရှလင် အားသူ့ဖက်မှ
နည်းမျိုးစုံဖြင့် လိုက်လျောညီထွေဖြစ်ဖို့ရာ
ကြိုးစားနေခဲ့သည့်တိုင် , ရှလင်ကတော့
သူ၏တကိုယ်ကောင်းဆန်ခဲ့မှုများအား
ပြန်လည်တူးဆွရန် ကြိုးစားနေခဲ့သည်။
ရှလင်၏ရင်ထဲမှ နှစ်ပေါင်းများစွာမျိုသိပ်
ခဲ့ရသည့် ဖုံးကွယ်သိုဝှက်ထားမှုများအား
ယခုအခါ အကုန်အစင်ပင် ထုတ်ဖော်ပြသလာခဲ့သည်။
သူငြင်းဆိုချင်ပါသည်။သို့သော် ,သူထိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးယခုအချိန်မှာ အသေအချာပင်ရှင်းလင်းစွာပြော
မပြတတ်ဘူးဖြစ်နေခဲ့သည်။ရှလင်ရဲ့ ဝေ့သီနေတဲ့ မျက်ဝန်းအကြည့်တွေက , သူ့အား ပို၍ပင် မည်သည့်အကြောင်းပြချက်ကိုမှရှာဖွေ၍ပင်မရနိုင်လျက် ရှလင်၏ယုံကြည်မှုကို ပြန်လည်ရရှိရန် မဖြစ်နိုင်တော့သကဲ့သို့ပင်ရှိနေချေသည်။
" သွားတော့ "
ရှလင်က သူ့မျက်နှာကိုလှည့်ပြီးနာကြည်းစွာဖြင့် ပြောလာခဲ့သည်။
" အခုချိန်ကစပြီး ,မင်းနဲ့ပတ်သက်ပြီး
ငါ့မှာဘာမှပြောစရာမရှိတော့ဘူး ၊
မင်းငါ့ကို တောင်းပန်ဖို့လဲမလိုတော့ဘူး ...
ဘာလို့လဲဆိုတော့ ...ငါလည်းမင်းကို လွတ်လပ်ခွင့်ပြုလိုက်ပြီ...ပြီးတော့
ငါလည်း လွတ်လပ်သွားပြီ ....."
စုန့်ယန် ၏ရှလင်နှင့် တွေ့ဆုံမှုက ဤတွင်
အဆုံးသတ်ခဲ့ပြီဖြစ်လျက် စည်းရုံးမှုတွင်လည်း ရှုံးနိမ်မှုဖြင့် နိတ္ထိတံချေပြီ။
ရှလင်၏အိပ်ခန်းထဲမှ နှင်ထုတ်ခံရသည့်တိုင်,
စုန့်ယန်ကတော့ ထွက်မသွားခဲ့ဘူး။
သူက ညဘက်အချိန်၌ ရှအိမ်၏ဧည့်ခန်းဆောင် ဆိုဖာတွင်သာအိပ်ပြီး ရှအိမ်မှသူ့အား နှင်မထုတ်စေရန်အတွက် လိမ္မာပါးနပ်စွာဖြင့်
ကုတ်ကပ်ကာနေထိုင်ခဲ့သည်။
ရှလင်ကလည်း မကြည်ဖြူသည့်အပြင် ,
ရောဂါအား ကုသရန်လည်း မစည်းရုံးနိုင်သည်မို့ , ရှလျန်က စုန့်ယန်၏မျက်လုံးများဆီသို့ တန်ဖိုးမရှိအသုံးမတည့်သည့်
ပစ္စည်းတစ်ခုကဲ့သို့သောလူတစ်ယောက်
ကဲ့သို့ပင် ကြည့်လာခဲ့သည်။
အခြားသောရှအိမ်အဆက်အနွယ်များကလည်းသူ့အားမရှိသလိုသာသဘောထားခဲ့
ကြသည်။သူ့အား နှင်မထုတ်ခဲ့ကြသလို အသေအချာပင် ဆက်နေပေးဖို့ရာလည်း
မတောင်းဆိုခဲ့ကြဘဲရှိနေခဲ့ကြသည်။
ဒါပေမယ့် စုန့်ယန်လုံးဝ ဂရုမစိုက်ခဲ့ဘူး။
ဒီရက်အတောအတွင်းမှာကိုဘဲ သူ့မျက်နှာက
ရုတ်တရက်ပင် အရေထူလာနေသကဲ့သို့
ရှိနေသည်ကို တွေ့ရသည်။ယခုလိုအချိန်မှာ
သူ့မျက်နှာက နှစ်ဖက် မိသားစုအတွက်
ရောင့်ရဲမှု မရှိနိုင်သကဲ့သို့ ဖြစ်နေခဲ့သည်။
သူက ရှမိသားစုတွင် ခေါင်းမာစွာဖြင့် ဘာကြောင့်များ ဆက်လက်ရှိနေခဲ့ရသည်ဆိုတာကိုလည်း သူ့ကိုယ်သူပင် နားမလည်တော့ဘူး
ဖြစ်နေခဲ့သည်။သို့သော်, သူရှင်းလင်းစွာသိရှိနေသည့် တစ်ခုတည်းသောအရာက
သူ ရှလင်ရှိရာ နေရာဒေသမှလုံးဝပင်ထွက်မသွားနိုင်ခြင်း ဖြစ်သည်။
သူထွက်သွားသည်နှင့်တပြိုင်နက် ,
သူမှာတကယ့်ကိုဘာမှကျန်ရှိတော့မှာ
မဟုတ်ဘူး။
သို့သော်, ခုအနေအထားကလည်း ရှလင်
ပို၍ အခြေအနေဆိုးလာသည်ကိုပင်
မတားဆီးနိုင်ခဲ့ဘူး ဖြစ်သည်။
ရှအိမ်သို့ ပြန်ရောက်ပြီး သုံးရက်မြောက်
အကြာ ညနေခင်းအချိန်တွင် , ရှလင်
အချိန်အတော်ကြာမေ့မျောသွားခဲ့ပြီး
လုံးဝပင် ပြန်၍နိုးမလာတော့။
ရှလျန်က ရှလင်အားဆေးရုံ၏အထူးကြပ်မတ်ကုသဆောင်သို့ပို့ခဲ့ပြီးနောက်ဆုံးတွင် စုန့်ယန်သည်ရှလင်၏ အိမ်ထောင်ဖက်အနေဖြင့် ဆေးရုံသို့ လိုက်ပါခွင့်ရခဲ့သည်။
ရှလင်၏ ရောဂါအခြေအနေ၊ဆေးရုံကိစ္စများဖြင့် အလုပ်ရှုပ်နေကြသည်မို့ဘယ်သူကမှ
သူ့အားစကားအချီအချပြောမနေကြတော့
သလို မည်သူကမှလည်းသူ့ကိုဂရုစိုက်မနေကြတော့ သည်မို့ ဖြစ်သည်။
ရှလင်ကိုမာဝင်ကာမေ့မျောသွားခဲ့ပြီး
ထိုည၏ ရှစ်နာရီခန့်အကြာတွင်ဆုံးပါး
သွားခဲ့သည်။
စုန့်ယန်အတွက် မေ့မျောသွားခဲ့သည့်ရှစ်နာရီဟူသော အချိန်ကာလလေးကရှစ်နှစ်တာကာလကဲ့သို့ပင်ရှည်ကြာစေခဲ့သည်။
သူရှလင်၏ခုတင်ဘေးတွင်ထိုင်ပြီး
ရှလင်၏လက်လေးအား ဆုပ်ကိုင်ထားခဲ့သည်။တဖြေးဖြေးပင် အေးစက်လာပုံရ
သည့် လက်လေးအား ဆုပ်ကိုင်ထားလျက်
သူတို့နှစ်ယောက်၏ငယ်စဥ်ကလေးဘဝ အမှတ်တရလေးများကိုပြန်၍အမှတ်ရတွေးတောနေမိခဲ့သည်။
သူ၏မှတ်ညာဏ်တွင်နက်ရှိုင်းစွာမြုပ်နှံထားခဲ့ရသော အသေးစိတ် အချက်အလက်လေးများကိုပင် သူရုတ်တရက် တစ်ခုပြီးတစ်ခု
သတိရလျက်ရှင်းလင်းစွာဖြင့်ပေါ်လာခဲ့ပြီ ဖြစ်သည်။
သူနဲ့ ရှလင်တို့ အကျီဆင်တူလေးများဖြင့်
ခင်မင်ရင်းနှီးမှုအား သတ်မှတ်ခဲ့ကြသည်။
သူတို့နှစ်ယောက် အချစ်ဆိုတဲ့အရာကို
ဘာမှန်းမသိခင်မှာဘဲရှလင်ကသူ့ကို
စိတ်အားထက်သန်စွာဖြင့် အရင်ဝန်ခံ
ခဲ့သည်။သူ ယွီလော့တုန်နှင့်မတွေ့ခင်အထိ,
သူ့ဘဝကြီး တစ်ခုလုံးက ရှလင်နှင့်သာ
ပြည့်နှက်နေလျက်အတူ ရှိနေခဲ့သည်။
သူတို့နှစ်ယောက်၏ အရေးကြီးသည့် အမှတ်တရများစွာက သူ၏လျစ်လျူရှုခဲ့မှုများကြောင့် ၊သူ၏ဂရုမစိုက်တန်ဖိုးမထားမိခဲ့မှုများကြောင့် , ထိုအရာများအားလုံးက
လေထဲသို့ ပျောက်ကွယ်သွားသည့်ပူဖောင်းလေးများသဖွယ်ဖြစ်ခဲ့ရသည်။
ရှလင် နောက်ဆုံးအသက်ရှုခြင်း
ရပ်တန့် သွားသည့်အချိန်ထိပင်,စုန့်ယန်
သည် ဆေးဖက်ဆိုင်ရာဝန်ထမ်းများမှ
မည်မျှပင်ခက်ခဲစွာကြိုးစားနေသည့်တိုင်
ရှလင်လက်လေးအား မလွတ်ပေးဘဲ
ဆုပ်ကိုင်ထားမြဲရှိနေခဲ့သည်။
စုန့်ယန်အရူးတစ်ယောက်လိုပင်ရှလင်လက်အား မလွှတ်ဘဲ ပြန်လည်၍နိုးထလာပေးပါရန် ငိုယို ၍ တောင်းပန်လျက် ရှိနေဆဲ ဖြစ်သည်။အဆုံးသတ်၌ , ရှလျန် ဝင်လာပြီး
ကျုန်းရှို့ အား ပြင်းထန်စွာဖြင့်စုန့်ယန်အား ထိုးနှက်စေလျက်ရှလင်နှင့်လူစု ခွဲလိုက်ရသည်။
" သူသေသွားပြီ "
ရှလျန် စုန့်ယန်၏ အကျီ ကော်လာအား
ဆွဲကိုင် လျက်ဒေါသတကြီးဖြင့်ဝမ်းနည်းစွာပြောလိုက်သည်။
" မင်းအခုမှသူ့ကိုဘာလို့ဆွဲထားဖို့
လုပ်နေတာလဲ ?
မင်းပါ သူနဲ့ အတူလိုက်သေမလို့လား ? "
စုန့်ယန် ငါးချက်မျှ အထိုးခံရပြီးနောက်
လွတ်ပေးခြင်းခံလိုက်ရသည်။
လှုပ်ရှားခြင်းကင်းမဲ့သောဗလာမဲ့ မျက်ဝန်းများဖြင့် ရှလင်၏ အဝတ်ဖြူဖုံးလွှမ်းထား
သည့် ရုပ်အလောင်းအား တွန်းလှည်းဖြင့်
သယ်သွားသည်ကိုလိုက်၍ ကြည့်နေခဲ့ပြီး
တွန်းလှည်းသည် ရေခဲတိုက်ဆီသို့ ဦးတည်နေသည့် ကော်ရစ်တာလမ်း အဆုံးမှာ ပျောက်ကွယ် သွားခဲ့သည်။
ရှလျန် ၏စကားများကသူ့အတွေးများထဲ၌ အကြိမ်ကြိမ် ပဲ့တင်ထပ်လျက် ကျန်ရစ်နေခဲ့သည်။
" မင်းပါ သူနဲ့ အတူ လိုက်သေမလို့လား ? "
ဘာလို့ မဖြစ်နိုင်ရမှာလဲ ? ။
စုန့်ယန်၏နှလုံးသားများက လုံးဝပင်
ဗလာဖြစ်နေလျက် ထိုရက်များအတွင်း
သူ့အား အလုံးစုံပင် ညှင်းပန်းနှိပ်စက်နေခဲ့သည်။အကြာင်းကမူ , ရှလျန် ပြောခဲ့သည့်
စကားတစ်ခွန်းက ရုတ်တရက်နေရာအနှံ့မှပင်
သူကြားနေရလျက် သူ၏အိမ်၌လည်းထိုအသံက ပဲ့တင်ထပ်နေခဲ့သည်။
နောက်ထပ်အချိန်ကာလတစ်ခုအထိ ,
စုန့်ယန် အေးဆေးတည်ငြိမ်စွာပင်
ရှလင်နှင့် ပတ်သက်သည့် ကိစ္စများကို
ပြုလုပ်ပေးနေခဲ့သည်။
သူသည် ရှလျန်အား ရှလင်၏ စျာပနအခမ်းအနားကို ဦးဆောင်ရာတွင် အေးဆေးတည်ငြိမ်စွာပင်ကူညီပေးခဲ့ပြီး ရှင်သန်လွတ်မြောက်သွားခဲ့သူအဖြစ် အောက်မေ့ဖွယ်ရာအခမ်းအနားတွင်လည်း အေးဆေး
တည်ငြိမ်စွာပင် မိန့်ခွန်းပြောခဲ့ပြီး နောက်ဆုံးအနေဖြင့် သူ့ဘဝကြီးကိုလည်း လွတ်မြောက်စေခဲ့သည်။
ရှလင်ဆုံးပါးပြီး ခုနှစ်ရက်မြောက် နေ့၏ညနေပိုင်းတွင် ,စုန့်ယန်တစ်ယောက်
မုတ်ဆိတ်များဖြင့် ညစ်ထေးနေသည့်သူ့မျက်နှာကို ရှင်းလင်းသေသပ်အောင်ပြုလုပ်လိုက်သည်။ဝတ်စုံအသစ်တစ်စုံအား
သေသပ်ကျော့မော့ စွာဝတ်ဆင်ပြီး ,
24ထပ်မြောက်တိုက်၏အမြင့်ဆုံးအလွှာခေါင်မိုးထိပ်လသာဆောင်သို့ တက်သွားခဲ့သည်။ထို့နောက် လေဟာပြင်အား ပွေ့ဖက်ကာ မျောလွင့် သောကိုယ်ဟန်အနေအထား
ဖြင့် ပြုံးလျက်ခုန်ချသွားခဲ့သည်။
ကျဆင်းသွားသည့်အခိုက်အတန့် ,
သူ၏ ပျက်ရွေ့နေသည့် မျက်ဝန်းတို့က
အမှောင်ထုအား ကြည့်နေမိခဲ့ရင်း
တိတ်ဆိတ်စွာဖြင့် တောင်းဆု ပြုနေခဲ့မိသည်။
အကယ်၍များ နောက်ဘဝတစ်ခုသာ
ရှိခဲ့မယ်ဆိုပါလျှင် .....။
W 1911
28-6-2021
(TN..ဒီနေ့ 6& 7 up လိုက်ပါတယ်ရှင့် ❤)
......
Zawgyi
EP 7 မင္းေနာက္ကို လိုက္လာမယ္
စုန့္ယန္ ထိုအခိုက္အတန့္ ဘာေျဖရမွန္းမသိျဖစ္ေနခဲ့
သည္။
သူ႕စိတ္တို႔က အလြန္အမင္းရႈပ္ေထြးေနခဲ့သည္။
ရွလင္၏ေရာဂါအေၾကာင္းကို သူစတင္သိရွိစဥ္ကလည္း ယခုအတိုင္းပင္မွင္သက္ေနခဲ့မိသည္။
ႏွစ္ေပါင္းမ်ားစြာၾကာလာခဲ့သည့္တိုင္
သူ႕လုံးဝပင္ စုန့္မိသားစုထံသိူ႕ ေျခဦးမလွည့္ခဲ့။
ရွလင္အား အခ်ိန္တိုေလးအတြင္းမွာ
ရွာေဖြဖို႔ရာအတြက္မူသူလုံးဝပင္ မတုံ႕ဆိုင္းခဲ့ဘဲသူ
အေျပးပင္ ျပန္သြားမိခဲ့သည္။သူ႕ဖခင္ေရွ႕ဒူးေထာက္
ေတာင္းပန္ၿပီး ရွလင္အား ရွာေဖြေပးဖို႔ အကူအညီ
တာင္းခဲ့ရသည္။ရွလင္သူ႕အား ယခုကဲ့သို႔ ေလွာင္ေျပာင္သေရာ္သည့္ စကားမ်ား ေျပာေနခဲ့တာေတာင္ ,
သူက နားထုံနားထိုင္းတစ္ဦးကဲ့သို႔ ရွိေနခဲ့သည္။
အဲ့ဒီအခ်ိန္ကလည္း သူ႕ေခါင္းထဲ၌အေတြးတစ္ခုသာရွိေနခဲ့သည္။ထိုအရာကရွလင္အား ျဖစ္နိုင္သမွ်အျမန္ဆုံးျပန္
၍ ေတြ႕နိုင္ဖို႔ရာပင္ျဖစ္သည္။သူ လုပ္ခဲ့သည့္ အမွားမ်ားစြာအတြက္ ျပန္လည္ ျဖည့္ဆည္းေပးဖို႔အခြင့္အေရး တစ္ခုရ နိုင္ရန္သာျဖစ္သည္။
သို႔ေသာ္ ယခုတြင္ , ရွလင္ အားသူ႕ဖက္မွ
နည္းမ်ိဳးစုံျဖင့္ လိုက္ေလ်ာညီေထြျဖစ္ဖို႔ရာ
ႀကိဳးစားေနခဲ့သည့္တိုင္ , ရွလင္ကေတာ့
သူ၏တကိုယ္ေကာင္းဆန္ခဲ့မႈမ်ားအား
ျပန္လည္တူးဆြရန္ ႀကိဳးစားေနခဲ့သည္။
ရွလင္၏ရင္ထဲမွ ႏွစ္ေပါင္းမ်ားစြာမ်ိဳသိပ္
ခဲ့ရသည့္ ဖုံးကြယ္သိုဝွက္ထားမႈမ်ားအား
ယခုအခါ အကုန္အစင္ပင္ ထုတ္ေဖာ္ျပသလာခဲ့သည္။
သူျငင္းဆိုခ်င္ပါသည္။သို႔ေသာ္ ,သူထိုအေၾကာင္း
အရာေတြနဲ႕ ပတ္သက္ၿပီးယခုအခ်ိန္မွာ အေသအခ်ာ
ပင္ရွင္းလင္းစြာေျပာမျပတတ္ဘူးျဖစ္ေနခဲ့သည္။ရွလင္ရဲ႕ ေဝ့သီေနတဲ့ မ်က္ဝန္းအၾကည့္ေတြက , သူ႕အား ပို၍ပင္
မည္သည့္အေၾကာင္းျပခ်က္ကိုမွရွာေဖြ၍ပင္မရနိုင္လ်က္ ရွလင္၏ယုံၾကည္မႈကို ျပန္လည္ရရွိရန္ မျဖစ္နိုင္ေတာ့
သကဲ့သို႔ပင္ရွိေနေခ်သည္။
" သြားေတာ့ "
ရွလင္က သူ႕မ်က္ႏွာကိုလွည့္ၿပီးနာၾကည္းစြာျဖင့္
ေျပာလာခဲ့သည္။
" အခုခ်ိန္ကစၿပီး ,မင္းနဲ႕ပတ္သက္ၿပီး
ငါ့မွာဘာမွေျပာစရာမရွိေတာ့ဘူး ၊
မင္းငါ့ကို ေတာင္းပန္ဖို႔လဲမလိုေတာ့ဘူး ...
ဘာလို႔လဲဆိုေတာ့ ...ငါလည္းမင္းကို
လြတ္လပ္ခြင့္ျပဳလိုက္ၿပီ...ၿပီးေတာ့
ငါလည္း လြတ္လပ္သြားၿပီ ....."
စုန့္ယန္ ၏ရွလင္ႏွင့္ ေတြ႕ဆုံမႈက ဤတြင္
အဆုံးသတ္ခဲ့ၿပီျဖစ္လ်က္ စည္း႐ုံးမႈတြင္လည္း
ရႈံးနိမ္မႈျဖင့္ နိတၳိတံေခ်ၿပီ။
ရွလင္၏အိပ္ခန္းထဲမွ ႏွင္ထုတ္ခံရသည့္တိုင္,
စုန့္ယန္ကေတာ့ ထြက္မသြားခဲ့ဘူး။
သူက ညဘက္အခ်ိန္၌ ရွအိမ္၏ဧည့္ခန္းေဆာင္
ဆိုဖာတြင္သာအိပ္ၿပီး ရွအိမ္မွသူ႕အား
ႏွင္မထုတ္ေစရန္အတြက္ လိမၼာပါးနပ္စြာျဖင့္
ကုတ္ကပ္ကာေနထိုင္ခဲ့သည္။
ရွလင္ကလည္း မၾကည္ျဖဴသည့္အျပင္ ,
ေရာဂါအား ကုသရန္လည္း မစည္း႐ုံးနိုင္သည္မို႔ ,
ရွလ်န္က စုန့္ယန္၏မ်က္လုံးမ်ားဆီသို႔ တန္ဖိုးမရွိ
အသုံးမတည့္သည့္ ပစၥည္းတစ္ခုကဲ့သို႔ေသာ
လူတစ္ေယာက္ကဲ့သို႔ပင္ ၾကည့္လာခဲ့သည္။
အျခားေသာရွအိမ္အဆက္အႏြယ္မ်ားကလည္း
သူ႕အားမရွိသလိုသာသေဘာထားခဲ့
ၾကသည္။သူ႕အား ႏွင္မထုတ္ခဲ့ၾကသလို
အေသအခ်ာပင္ ဆက္ေနေပးဖို႔ရာလည္း
မေတာင္းဆိုခဲ့ၾကဘဲရွိေနခဲ့ၾကသည္။
ဒါေပမယ့္ စုန့္ယန္လုံးဝ ဂ႐ုမစိုက္ခဲ့ဘူး။
ဒီရက္အေတာအတြင္းမွာကိုဘဲ သူ႕မ်က္ႏွာက
႐ုတ္တရက္ပင္ အေရထူလာေနသကဲ့သို႔
ရွိေနသည္ကို ေတြ႕ရသည္။ယခုလိုအခ်ိန္မွာ
သူ႕မ်က္ႏွာက ႏွစ္ဖက္ မိသားစုအတြက္
ေရာင့္ရဲမႈ မရွိနိုင္သကဲ့သို႔ ျဖစ္ေနခဲ့သည္။
သူက ရွမိသားစုတြင္ ေခါင္းမာစြာျဖင့္
ဘာေၾကာင့္မ်ား ဆက္လက္ရွိေနခဲ့ရသည္
ဆိုတာကိုလည္း သူ႕ကိုယ္သူပင္
နားမလည္ေတာ့ဘူးျဖစ္ေနခဲ့သည္။သို႔ေသာ္,
သူရွင္းလင္းစြာသိရွိေနသည့္ တစ္ခုတည္းေသာ
အရာက သူ ရွလင္ရွိရာ ေနရာေဒသမွ
လုံးဝပင္ထြက္မသြားနိုင္ျခင္း ျဖစ္သည္။
သူထြက္သြားသည္ႏွင့္တၿပိဳင္နက္ ,
သူမွာတကယ့္ကိုဘာမွက်န္ရွိေတာ့မွာ
မဟုတ္ဘူး။
သို႔ေသာ္, ခုအေနအထားကလည္း ရွလင္
ပို၍ အေျခအေနဆိုးလာသည္ကိုပင္
မတားဆီးနိုင္ခဲ့ဘူး ျဖစ္သည္။
ရွအိမ္သို႔ ျပန္ေရာက္ၿပီး သုံးရက္ေျမာက္
အၾကာ ညေနခင္းအခ်ိန္တြင္ , ရွလင္
အခ်ိန္အေတာ္ၾကာေမ့ေမ်ာသြားခဲ့ၿပီး
လုံးဝပင္ ျပန္၍နိုးမလာေတာ့။
ရွလ်န္က ရွလင္အားေဆး႐ုံ၏အထူးၾကပ္မတ္
ကုသေဆာင္သို႔ပို႔ခဲ့ၿပီးေနာက္ဆုံးတြင္ စုန့္ယန္သည္
ရွလင္၏ အိမ္ေထာင္ဖက္အေနျဖင့္ ေဆး႐ုံသို႔
လိုက္ပါခြင့္ရခဲ့သည္။ရွလင္၏ ေရာဂါအေျခအေန
၊ေဆး႐ုံကိစၥမ်ားျဖင့္ အလုပ္ရႈပ္ေနၾကသည္မို႔
ဘယ္သူကမွ သူ႕အားစကားအခ်ီအခ်ေျပာ
မေနၾကေတာ့ သလို မည္သူကမွလည္း
သူ႕ကိုဂ႐ုစိုက္မေနၾကေတာ့ သည္မို႔ ျဖစ္သည္။
ရွလင္ကိုမာဝင္ကာေမ့ေမ်ာသြားခဲ့ၿပီး
ထိုည၏ ရွစ္နာရီခန့္အၾကာတြင္ဆုံးပါး
သြားခဲ့သည္။
စုန့္ယန္အတြက္ ေမ့ေမ်ာသြားခဲ့သည့္ရွစ္နာရီဟူေသာ
အခ်ိန္ကာလေလးကရွစ္ႏွစ္တာကာလကဲ့သို႔ပင္
ရွည္ၾကာေစခဲ့သည္။
သူရွလင္၏ခုတင္ေဘးတြင္ထိုင္ၿပီး
ရွလင္၏လက္ေလးအား ဆုပ္ကိုင္ထားခဲ့သည္။
တေျဖးေျဖးပင္ ေအးစက္လာပုံရ
သည့္ လက္ေလးအား ဆုပ္ကိုင္ထားလ်က္
သူတို႔ႏွစ္ေယာက္၏ငယ္စဥ္ကေလးဘဝ
အမွတ္တရေလးမ်ားကိုျပန္၍အမွတ္ရ
ေတြးေတာေနမိခဲ့သည္။
သူ၏မွတ္ညာဏ္တြင္နက္ရွိုင္းစြာျမဳပ္ႏွံထားခဲ့ရေသာ
အေသးစိတ္ အခ်က္အလက္ေလးမ်ားကိုပင္
သူ႐ုတ္တရက္ တစ္ခုၿပီးတစ္ခု
သတိရလ်က္ရွင္းလင္းစြာျဖင့္ေပၚလာခဲ့ၿပီ ျဖစ္သည္။
သူနဲ႕ ရွလင္တို႔ အက်ီဆင္တူေလးမ်ားျဖင့္
ခင္မင္ရင္းႏွီးမႈအား သတ္မွတ္ခဲ့ၾကသည္။
သူတို႔ႏွစ္ေယာက္ အခ်စ္ဆိုတဲ့အရာကို
ဘာမွန္းမသိခင္မွာဘဲရွလင္ကသူ႕ကို
စိတ္အားထက္သန္စြာျဖင့္ အရင္ဝန္ခံ
ခဲ့သည္။သူ ယြီေလာ့တုန္ႏွင့္မေတြ႕ခင္အထိ,
သူ႕ဘဝႀကီး တစ္ခုလုံးက ရွလင္ႏွင့္သာ
ျပည့္ႏွက္ေနလ်က္အတူ ရွိေနခဲ့သည္။
သူတို႔ႏွစ္ေယာက္၏ အေရးႀကီးသည့္
အမွတ္တရမ်ားစြာက သူ၏လ်စ္လ်ဴရႈခဲ့မႈ
မ်ားေၾကာင့္ ၊သူ၏ဂ႐ုမစိုက္တန္ဖိုးမထားမိခဲ့မႈ
မ်ားေၾကာင့္ , ထိုအရာမ်ားအားလုံးက
ေလထဲသို႔ ေပ်ာက္ကြယ္သြားသည့္
ပူေဖာင္းေလးမ်ားသဖြယ္ျဖစ္ခဲ့ရသည္။
ရွလင္ ေနာက္ဆုံးအသက္ရႈျခင္း
ရပ္တန့္ သြားသည့္အခ်ိန္ထိပင္,စုန့္ယန္
သည္ ေဆးဖက္ဆိုင္ရာဝန္ထမ္းမ်ားမွ
မည္မွ်ပင္ခက္ခဲစြာႀကိဳးစားေနသည့္တိုင္
ရွလင္လက္ေလးအား မလြတ္ေပးဘဲ
ဆုပ္ကိုင္ထားၿမဲရွိေနခဲ့သည္။
စုန့္ယန္အ႐ူးတစ္ေယာက္လိုပင္ရွလင္လက္အား
မလႊတ္ဘဲ ျပန္လည္၍နိုးထလာေပးပါရန္ ငိုယို ၍
ေတာင္းပန္လ်က္ ရွိေနဆဲ ျဖစ္သည္။အဆုံးသတ္၌
ရွလ်န္ ဝင္လာၿပီး က်ဳန္းရွို႔ အား ျပင္းထန္စြာျဖင့္စုန့္ယန္အား ထိုးႏွက္ေစလ်က္ရွလင္ႏွင့္လူစု ခြဲလိုက္ရသည္။
" သူေသသြားၿပီ "
ရွလ်န္ စုန့္ယန္၏ အက်ီ ေကာ္လာအား
ဆြဲကိုင္လ်က္ေဒါသတႀကီးျဖင့္ဝမ္းနည္းစြာေျပာလိုက္
သည္။
" မင္းအခုမွသူ႕ကိုဘာလို႔ဆြဲထားဖို႔ လုပ္ေနတာလဲ ?
မင္းပါ သူနဲ႕ အတူလိုက္ေသမလို႔လား ? "
စုန့္ယန္ ငါးခ်က္မွ် အထိုးခံရၿပီးေနာက္
လြတ္ေပးျခင္းခံလိုက္ရသည္။
လႈပ္ရွားျခင္းကင္းမဲ့ေသာဗလာမဲ့ မ်က္ဝန္းမ်ားျဖင့္
ရွလင္၏ အဝတ္ျဖဴဖုံးလႊမ္းထား
သည့္ ႐ုပ္အေလာင္းအား တြန္းလွည္းျဖင့္
သယ္သြားသည္ကိုလိုက္၍ ၾကည့္ေနခဲ့ၿပီး
တြန္းလွည္းသည္ ေရခဲတိုက္ဆီသို႔ ဦးတည္ေနသည့္
ေကာ္ရစ္တာလမ္း အဆုံးမွာ ေပ်ာက္ကြယ္ သြားခဲ့သည္။
ရွလ်န္ ၏စကားမ်ားကသူ႕အေတြးမ်ားထဲ၌
အႀကိမ္ႀကိမ္ ပဲ့တင္ထပ္လ်က္ က်န္ရစ္ေနခဲ့သည္။
" မင္းပါ သူနဲ႕ အတူ လိုက္ေသမလို႔လား ? "
ဘာလို႔ မျဖစ္နိုင္ရမွာလဲ ? ။
စုန့္ယန္၏ႏွလုံးသားမ်ားက လုံးဝပင္
ဗလာျဖစ္ေနလ်က္ ထိုရက္မ်ားအတြင္း
သူ႕အား အလုံးစုံပင္ ညွင္းပန္းႏွိပ္စက္ေနခဲ့သည္။
အၾကာင္းကမူ , ရွလ်န္ ေျပာခဲ့သည့္
စကားတစ္ခြန္းက ႐ုတ္တရက္ေနရာအႏွံ႕မွပင္
သူၾကားေနရလ်က္ သူ၏အိမ္၌လည္း
ထိုအသံက ပဲ့တင္ထပ္ေနခဲ့သည္။
ေနာက္ထပ္အခ်ိန္ကာလတစ္ခုအထိ ,
စုန့္ယန္ ေအးေဆးတည္ၿငိမ္စြာပင္
ရွလင္ႏွင့္ ပတ္သက္သည့္ ကိစၥမ်ားကို
ျပဳလုပ္ေပးေနခဲ့သည္။
သူသည္ ရွလ်န္အား ရွလင္၏ စ်ာပနအခမ္းအနားကို
ဦးေဆာင္ရာတြင္ ေအးေဆးတည္ၿငိမ္စြာပင္ကူညီေပးခဲ့ၿပီး ရွင္သန္လြတ္ေျမာက္သြားခဲ့သူအျဖစ္ ေအာက္ေမ့ဖြယ္ရာအခမ္းအနားတြင္လည္း ေအးေဆးတည္ၿငိမ္စြာပင္
မိန့္ခြန္းေျပာခဲ့ၿပီး ေနာက္ဆုံးအေနျဖင့္
သူ႕ဘဝႀကီးကိုလည္း လြတ္ေျမာက္ေစခဲ့သည္။
ရွလင္ဆုံးပါးၿပီး ခုႏွစ္ရက္ေျမာက္ ေန႕၏ညေနပိုင္းတြင္ ,
စုန့္ယန္တစ္ေယာက္ မုတ္ဆိတ္မ်ားျဖင့္ ညစ္ေထးေနသည့္သူ႕မ်က္ႏွာကို ရွင္းလင္းေသသပ္ေအာင္ျပဳလုပ္လိုက္
သည္။ဝတ္စုံအသစ္တစ္စုံအား ေသသပ္ေက်ာ့ေမာ့စြာ
ဝတ္ဆင္ၿပီး , 24ထပ္ေျမာက္တိုက္၏အျမင့္ဆုံးအလႊာ
ေခါင္မိုးထိပ္လသာေဆာင္သို႔ တက္သြားခဲ့သည္။
ထို႔ေနာက္ ေလဟာျပင္အား ေပြ႕ဖက္ကာ
ေမ်ာလြင့္ ေသာကိုယ္ဟန္အေနအထား
ျဖင့္ ၿပဳံးလ်က္ခုန္ခ်သြားခဲ့သည္။
က်ဆင္းသြားသည့္အခိုက္အတန့္ ,
သူ၏ ပ်က္ေ႐ြ႕ေနသည့္ မ်က္ဝန္းတို႔က
အေမွာင္ထုအား ၾကည့္ေနမိခဲ့ရင္း
တိတ္ဆိတ္စြာျဖင့္ ေတာင္းဆု ျပဳေနခဲ့မိသည္။
အကယ္၍မ်ား ေနာက္ဘဝတစ္ခုသာ
ရွိခဲ့မယ္ဆိုပါလွ်င္ .....။
W 1911
28-6-2021
(TN..ဒီေန႕ 6& 7 up လိုက္ပါတယ္ရွင့္ )
......