EP89&90(Z)

647 11 0
                                    

..

..EP 89မြေပြိုမှု အစ်ြပျက်

နောက်တနေ့ မနက်ပိုင်းစောစော၌ ဆေးခန်းကို ဖွင့်လှစ်ခဲ့တယ်၊ဆေးခန်းအဝ၌ တန်းစီရန် အတွက် မျဉ်းတစ်ခုဆွဲထားတယ်။ခဲ့မိုင်နဲ့ ရှလင်တို့က ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေမို့ ပုံမှန်ဖျားနာခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေအား ရှာဖွေဖို့ရန် ပြသနာရှိမနေခဲ့။ကောင်းစွာလမ်း
မလျှောက်နိုင်တဲ့ လူနာတွေအတွက်ကိုမူ ကားဖြင့်
သွားခေါ်ဖို့လိုတယ်။

စုန့်ယန်က ကားအပို့အကြို လုပ်ပေးဖို့ ဆန္ဒရှိပြီး
ခဲ့မိုင်ကလည်း ရှလင်ကို စုန့်ယန်နောက်သို့
လိုက်ဖို့တောင်းဆိုတယ်၊သူတို့ နှစ်ယောက်
ကားထဲသို့ ရောက်နေပေမယ့် ဘယ်သူကမှ
စကားစမပြောမိကြဘူး။

စုန့်ယန်က ရှလင်ကို ခိုးကြည့်တယ်၊မနေ့ညက
သူရှလင်ကို စကားတွေအများကြီး ပြောခဲ့တယ်
၊ပြီးတော့ ရှလင်အိပ်ပျော်သွားတယ်။
ဆန့်ကျင်ဘက်အနေနဲ့သူကတော့အိပ်
လို့မရခဲ့ဘူး။

ရှလင်ရဲ့ စိတ်တွေပြောင်းလဲလာဖို့ သူမျှော်
လင့်ခဲ့ပေမယ့် ရှလင်က ခဲ့မိုင်ကို ကူညီဖို့ ထွက်လာသည့်တိုင် သူ့ကို တော့တချက်မျှစေ့စေ့တောင်မကြည့်ခဲ့ဘူး။

စုန့်ယန်ဒီ ကိစ္စကို ခဏမျှ မေ့ထားလိုက်တယ်။

သူတို့ကားက လူနာရဲ့ အိမ်ရှေ့သို့ရောက်တဲ့အချိန် လူနာရဲ့ မိသားစုက ပြင်ဆင်မှုတွေလုပ်နေဆဲဖြစ်တာမို့ မိသားစုဝင်တွေက သူတို့ကို ခဏစောင့်ပေးဖို့ ပြောလာတယ်။
ဒါကြောင့်မို့ သူတို့နှစ်ယောက် အိမ်အပြင်ဘက် ကျောက်
ခင်းလမ်းပေါ်ကနေသာစောင့်နေလိုက်တယ်၊သူတို့လက်ရှိရောက်နေတဲ့နေရာက တောင်ပေါ်ရှိ ရေတံခွန်အနီးတွင်ရှိပြီး မြင့်မားပြီး စိမ်းစိုလန်းဆန်းနေတဲ့ရေတံခွန်
တဝိုက်ကို လှမ်းမြင်နေရတယ်။

စုန့်ယန်က ရေတံခွန်ဘက်ဆီသို့ အံ့သြတကြီး
ငေးကြည့်နေတာကို ရှလင်တွေ့နေရတယ်။
သူ့စိတ်ထဲ အနည်းငယ် ပူပန် နေမိရာမှ
စုန့်ယန်ကို ပြောလိုက်မိတယ်။

"အဲ့ဒီကို သွားဖို့ လုံးဝ မစဉ်းစားနဲ့ ,ဖြစ်နိုင်ရင်
ခဏလေးတောင်မသွားမိစေနဲ့မြေပြိုမှု ဖြစ်တတ်တယ်"

နောင်ဘဝတွေထိမင်းနဲ့ထပ်မဆုံချင်တော့ဘူး(Complete)Where stories live. Discover now