ချိုမြိန်​သောဥပါယ်(ခ်ိဳၿမိန္​...

By newjuly

877K 34.8K 937

မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကေ... More

Ep1(Uni)
Ep1(Zawgyi)
Hello‼️
Ep 2 Uni
Ep2 Zawgyi
Ep3 Uni
Ep3 Zawgyi
Ep4 Uni+Zawgyi
Ep5 Uni
Ep 5 Zawgyi
Ep6 Uni
Ep6 Zawgyi
Ep 7 Uni
Ep7 Zawgyi
Ep8 Uni+Zawgyi
Ep 9 Uni+Zawgyi*
Recommend song
Ep 10 Uni+Zawgyi
Ep 11 Uni+Zawgyi
Ep 12 Uni
Ep 12 Zawgyi
Ep 13 Uni
Ep 13 Zawgyi
ပုံ​ဖော်ဇာတ်​ကောင်
Ep 14 Uni
Ep 14 Zawgyi
Ep 15 Uni**
Ep 15 Zawgyi**
Ep 16 Uni*
Ep 16 Zawgyi*
Ep 17 Uni+Zawgyi
Ep 18 Uni
Ep 18 Zawgyi
Ep 19 Uni*
Ep 19 Zawgyi*
Ep 20 Uni
Ep 20 Zawgyi
Ep 21 Uni+Zawgyi
Ep 22 Uni
Ep 22 Zawgyi
Ep 23 Uni**
Ep 23 Zawgyi**
Ep 23 Uni*
Ep 23 Zawgyi*
Ep 24 Uni
Ep 24 Zawgyi
Ep 25 Uni+Zawgyi
Ep 26 Uni
Ep 27 Uni+Zawgyi
Ep 28 Uni**
Ep 28 Zawgyi **
Ep 29 Uni**
Ep 29 Zawgyi**
Recommend song
Ep 30 Uni**
Ep 30 Zawgyi**
Ep 31 Uni
Ep 31 Zawgyi
Ep 32 Uni
Ep 32 Zawgyi
Ep 33 Uni
Ep 33 Zawgyi
Ep 34 Uni+Zawgyi
Ep 35 Uni
Ep 35 Zawgyi
Ep 36 Uni
Ep 36 Zawgyi
Ep 37 Uni
Ep 37 Zawgyi
Ep 38 Uni+Zawgyi
Ep 39 Uni+Zawgyi
Ep 40 Uni
Ep 40 Zawgyi
Ep 41 Uni*
Ep 41 Zawgyi*
Ep 42 Uni*
Ep 42 Zawgyi*
Ep 43 Uni+Zawgyi
Final Ep Uni**
Final Ep Zawgyi**
နှုတ်ဆက်စကား​လေး

Ep 26 Zawgyi

4.3K 92 2
By newjuly

"ငယ် မနက်ဖြန်စာ​မေးပွဲသွား​ဖြေမှာဆို​တော့ ကိုကိုလိုက်ပို့မယ် ပြီးရင် ကိုကို အလုပ်ဝင်လိုက်မယ် ည​နေလာ​ခေါ်မယ်​လေ​နော်"

"ဟုတ်ကိုကို"

"စာ​တွေ​ရော​နေတယ်အခု​ခေါင်းထဲမှာ"

စာအုပ်ကိုင်ပြီးငိုမဲ့မဲ့ ဖြစ်​နေ​သောက​လေးအား ​ဆံသားလေးများကို ခပ်ဖွဖွပွတ်​ပေးရင်း

"ရသွားမှာပါ ငယ်ရယ် စိတ်​အေး​အေးထား​နော်"

"ကိုကိုမှမ​ဖြေရပဲ အဲ့လို​ပြောနိုင်မှာ​ပေါ့"

"​အော်​ဟော် သူစာမရတိုင်း ပတ်ရမ်းပြန်ပြီ ​ကောင်ဆိုး​လေး"

မျက်​စောင်း​တောင်ခဲလိုက်​သေးတာ ကျွန်​တော့်ကို တကယ့်ရစ်စိန်​လေးပါပဲ

တီတီ!!

"ဟယ်လို ကြည်နူး​ပြော"

"ဆရာ အ​ရေးကြီးကိစ္စ​ပေါ်လာလို့ အခု ဦးတည်မြဲ ဆရာ့ကို​တွေ့ချင်တယ်ဆိုပြီး ဝုန်းဒိုင်းကြဲ​နေလို့ဆရာ"

"Ok ငါအခုထွက်လာမယ်"

"ငယ် ကိုကို အလုပ်မှာအ​ရေးကြီးကိစ္စ​ပေါ်လာလို့ ကိုကိုအပြန်​​ရေခဲမုန့်ဝယ်လာမယ်​နော် ငယ်​လေး"

ရွှတ်

ပါး​ဖောင်း​ဖောင်း​လေးကို ဖြတ်ခနဲ နမ်းပြီး ထွက်ခံနီး ငယ်​လေးက ထိုင်​နေရာမှအလျင်စလိုထ၍

ကျွန်​တော့် လည်ပင်း​ပေါ်လက်ချိတ်ပြီး နှုတ်ခမ်းကိုပြွတ်ခနဲနမ်းခြင်းအမှုကိုပြုသည်

"အားဖြည့်​ပေးတာ ​ချောကလတ်ပါဝယ်ခဲ့​ပေး​နော်"

ဒီရက်ပိုင်းကိုကိုက သူ့နားအ​နေများတာမို့ အ​လုပ်သွားတာ​တောင် သိပ်မကြိုက်ချင်​တော့ ကိုကိုအရင်ကထက် သူ့အ​ပေါ်နူးနူးညံ့ညံ့ဆက်ဆံလာပြီး အခြားလူတစ်​ယောက်လို ​ပြောင်းလဲလာခြင်းကို သူအတိုင်းမသိ ​ပျော်ရပါ၏ တစ်ဖက်မှာလည်း မသိစိတ်၏စိုးရိမ်မှုက ဘာ​ကြောင့်များပါလိမ့်

"ဒါဆို ကိုကို သွားပြီ အကုန်ဝယ်လာမယ်​နော်ငယ်"
×××× ×××××× ××××××× ××××× ××××××××××××
"မာန်ထက်လွှားဘယ်မှာလဲ ထွက်လာစမ်း ခု​တော့မဟုတ်တာလုပ်ပြီး​​ရှောင်​နေတာလား"

"ဆရာ အခုလာ​​နေပါပြီ"

"မင်းတို့ဆီ အပ်ထားတဲ့အလုပ်​တွေ အကုန်cancelတယ် စရန်လဲဆုံးပါ​စေ"

"ရပါတယ် ဒါ​ပေမယ့် စာချုပ်ထဲမှာ ဘယ်သူ့ဘက်က ပျက်ကွက် ပျက်ကွက် စာချုပ်ကို ဖျက်သိမ်းသူက ၃ဆ ပြန်​လျော်ရမယ်ဆိုတဲ့ စည်းကမ်းပါပါတယ် ဦးတည်မြဲဆန္ဒရှိရင်လုပ်ခွင့်ရှိပါတယ်"

ဦးတည်မြဲ ကြည်နူးရဲ့စကား​ကြောင့် တန့်သွားသည် ဆရာက ထိုသို့ တိကျသူ သူတို့ကြား ဘာကိစ္စရှိလဲ မသိ​သော်လဲ ဦးတည်မြဲအား လုပ်​ဆောင်​ပေး​နေသမျှ ဆရာ့ဘက်က ရပ်ဖို့ အမိန့်မ​ပေး​သေး​ပေ ဆရာသည် အလုပ်တစ်ခုလုပ်လျှင် ​ထောင့်​စေ့သည် တိကျသည် ထို့​ကြောင့်ပင် ထို​နေရာကို​ရောက်​နေသည် သူ့ကိုစုံစမ်းခိုင်းသည့် ကိစ္စနဲ့များ ပတ်သက်​နေမလားလို့ ကြည်နူးဟာလည်း ထက်မြက်သူပီပီ ရိပ်ဖမ်းသံဖမ်း ​တွေး​တောမိ​သေးသည် ဒါဟာ သူ့အ​ကြောင်း​တော့ မဟုတ်​သော်ငှား​ပေါ့

"ဆရာ ထွက်လာ​နေပြီမို့ အခန်းထဲခဏ​စောင့်​ပေးပါရှင့်"

အလျင်စလို ဝင်လာ​သော ဆရာ့ပုံရိပ်ကို မှန်တံခါးမှ​တွေ့သည်နှင့် အလိုက်သိစွာ ကြည်နူးထွက်ခဲ့သည်

"ကြည်နူး ဘာအသံကြားကြား မင်းဝင်မလာနဲ့ ငါစုံစမ်းခိုင်းထားတာရ​တော့မလား"

"​နောက်အပတ်အတွင်းရပါမယ်ဆရာ ခက်​ပေမယ့် ​ငွေအားအ​တော်လိုက်ထားတာမို့ ထွက်လာဖို့​သေချာပါတယ်ဆရာ"

"Okဘယ်​လောက်ကုန်ကုန်"

"ဦးတည်မြဲက စာချုပ်ဖျက်သိမ်းမယ်​ပြော​နေပါတယ်ဆရာ"

"ဒါဆို စာချုပ်ယူပြီး ငါ့ဆီ ပြန်လာခဲ့"

"ဟုတ်ကဲ့ဆရာ"

"ခဏ လိုရမယ်ရ ​ရှေ့​နေ ဘုန်းမာန်ကို ဖုန်းဆက်​ခေါ်ထားလိုက်"

"ဟုတ်ကဲ့ဆရာ"

မာန်ထက်လွှားလဲ ကြည်နူးကို လက်ရမ်းပြရင်း ထွက်သွားဖို့ အသိ​ပေးပြီး သူလဲ​ခြေလှမ်းကျဲများနှင့် အခန်းထဲဝင်လာသည်

အခန်းထဲ​ရောက်​သော် ရှုးရှုးရှဲရှဲ​ဒေါသကြီး​နေသည့် ဦးတည်မြဲမျက်နှာကို မြင်ရသည် မာန်ထက်လွှားက​တော့ အပြုံး​လေးဖြင့် ခပ်​အေး​အေးသာ သူ့ခုံ​ပေါ်ထိုင်ခံနီး suitအလည်၌တပ်ထား​သော ကြယ်သီး​လေး​တောင် ​အေး​ဆေး ဖြုတ်ချပြီး စမတ်ကျကျထိုင်နေ​လိုက်​သေးသည် ထိုအပြုအမူက ဦးတည်မြဲ​ဒေါသကို ပင့်​ပေးသလိုပါပဲ

"ဦးတည်မြဲ ကျွန်​တော့်ကို​တွေ့ချင်တယ်ဆိုလို့ ​နောက်ကျသွားလို့​တောင်းပန်ပါတယ် ကျွန်​တော့်ခင်ပွန်း​​နေသိပ်မ​ကောင်း​တော့ အလုပ်​တောင်မလာဖြစ်ဘူး"

မာန်ထက်လွှား တမင် ခင်ပွန်းဆိုသည့် စကားကို သတိတထား ထည့်​ပြောမိသည် ဘာ​ကြောင့်လာ​ကြောင်းသူသိသည်​လေ ထိုစကား​ကြောင့်ပဲ ဦးတည်မြဲမျက်နှာသိသိသာသာ ပျက်ယွင်း​နေ​လေပြီ

"ငါ့သမီးနဲ့ မင်း လွန်လွန်ကျူးကျူးဖြစ်ခဲ့တယ်ဆို"

မာန်ထက်လွှား သည့်စကား​ကြောင့်ပဲ အမြင်ကတ်စရာ​ကောင်း​လောက်​အောင် ခပ်ဟဟပြုံးရင်း မျက်ခုံးပင့်ပြလိုက်သည်

"ဦးတည်မြဲက သမီးဖြစ်သူကို အ​တော်ချစ်ပုံပဲ အ​ဖေကိုယ်တိုင်လာ​ပြောတာဆို​တော့ ကျွန်​တော်က အစ်မကို​စောင့်​နေတာ"

တမင် အသက်ကွာမှုကို သိသာစွာ ထည့်ခနဲ့လိုက်သည် ဦးဆိုတာ လုပ်ငန်းသ​ဘောအရ တပ်​ခေါ်​​ပေမယ့် သူနဲ့ဦးတည်မြဲက၂၀နှစ်လောက်သာကွာပြီး မိန်းမဖြစ်သူက ဦးတည်မြဲထက်​တောင်ငယ်ရွယ်​သေးသည်

"ပြီး​တော့ ဒီအ​ကြောင်းကို သမီးဖြစ်သူ​က အ​ဖေဖြစ်သူကို ပွင့်ပွင့်လင်းလင်း​ပြောရဲတာဆို​​တော့ မိသားစုက အ​တော်​ပျော်စရာ​ကောင်းတာပဲ​နော့"

မာန်ထက်လွှားကငယ်ရွယ်ပြီး စီးပွားရှာ​တော်တာ လူဝင်ဆံ့​တာ​ကြောင့် သမက်ဖမ်းချင်သူက ဒုနဲ့​ဒေး အိမ်​ထောင်ရှိ​သော်လဲ လက်ထပ်ထားသူက ​ယောက်ျား​​​လေးမို့ သူတို့အလွယ်​လေး ပြတ်​တောက်နိုင်မည်ဟု ထင်​ကြေး​ပေး​နေကြ​သေးသည်  အစကတည်းကလဲ ကျွန်​တော်က ထိုက​လေးကို မထုတ်​ဖော်ခဲ့သည့်အပြစ်​တွေ​ပေါ့ ပွဲတက်ရင်လဲ တစ်​ယောက်တည်းတက်တာမို့ ဒါဟာ အိမ်​ထောင်​ရေးအဆင်မ​ပြေ​ကြောင်း မီး​မောင်းထိုးပြသည့်နှယ် သူ့​​ကြောင့်ငယ်ဟာ တရားဝင်​သော်ငှား ​ဘောင်မဝင်သလိုဖြစ်ခဲ့ရသည်

ပညာသားပါပါ မာန်ထက်လွှားရဲ့ သိက္ခာချမှု​​​တွေကို ဦးတည်မြဲလဲ​ခေသူမဟုတ်​တော့ ရိပ်စားမိပါသည်

"ငါ့မိန်းမက မင်းဆီဘယ်မျက်နှာနဲ့လာ​ပြောရမလဲ"

"ဒါ​ပေါ့ဗျာ ဦးတည်မြဲနဲ့ ကျွန်​တော်က လုပ်ငန်းဖက်​တွေဆို​တော့ ဦးတည်မြဲက ​မျက်နှာပြောင်​ ​အော် ​Sorry ပွင့်ပွင့်လင်းလင်း လာ​ဖြေရှင်း​ပေးတာ​ကျေးဇူးပါဗျာ"

"တစ်ခု​လောက်​မေးပါရ​စေ ဦးတည်မြဲ သမီးက ဘယ်အ​ထောက်အထား​တွေနဲ့များ ကျွန်​တော်နဲ့ ကျူးလွန်ခဲ့တယ်လို့ အ​ဖေဖြစ်သူကို ​ပြောလဲဗျ နားနဲ့မနာ ဖဝါးနဲ့နာ ကိုယ်ဝန်များရှိ​နေပြီလားဗျ ဒီအချိန်​လေးအတွင်း​လေ"

ခပ်ပြုံးပြုံး​အေး​အေး​ပြော​လေ ဦးတည်မြဲ အထိနာ​လေပင်

"ငါ့သမီးကို ငါယုံတယ် မိန်းက​လေးတစ်​ယောက်က ဒီစကားကို လီဆယ်​ပြောမလား"

"ဟုတ်ကဲ့ပါဗျ လက်​တွေ့ကျကျစဉ်းစားကြည့်ပါဗျ ဘာမှမမှတ်မိ​အောင်မူး​နေတဲ့ ​ယောက်ျားတစ်​ယောက်က မိန်းမတစ်​ယောက်ဖျက်ဆီးဖို့ အားသန်​နေမလားဗျ အဲ့မိန်းမကလဲ အသိစိတ်ရှိ​နေတယ်​လေဗျာ ကျွန်​တော့်အားကို ယှဉ်နိုင်ပါတယ်ဗျ အလိုတူရင်​တော့ တစ်မျိုး​ပေါ့ ကျွန်​တော်မရှက်တမ်းဝန်ခံရရင် ကျွန်​တော့်ခင်ပွန်းကို​တောင် မူး​​နေတုန်း အသိစိတ်ရှိ​နေချိန်ပဲ ကျွန်​တော်တို့နှစ်ဦးသ​ဘောတူ အထ​မြောက်တာဗျ"

ဒီစကားက လက်​တွေ့ကျကျ ချဲ့ကား​ပြောလိုက်တာပင် ဦးတည်မြဲသမီး​ဆိုတာ ဥဖက်ပြီး ပိန်ပိန်သွယ်သွယ်လဲမဟုတ် ​​ဒေါင်​ကောင်း​ကောင်း ခန္ဓာကိုယ် ခပ်ထွားထွားပင် လုံးကြီး​ပေါက်လှပုံစံမို့ ကျွန်​တော့်နဲ့​တောင် အရပ်ကမတိမ်းမယိမ်း

"မင်း ငါ့သမီး အရှက်ကိုပါ ထိပါး​နေတာပဲ မင်းကို ငါတရားစွဲမယ်"

"ရပါတယ်ဗျ သက်​သေရှိရင်စွဲပါ သမီးဖြစ်သူနဲ့ ကျွန်​တော်ဒီတစ်လ ညှိထားပါတယ် အ​ဖေဖြစ်သူက မရှက်တမ်း စွဲဆိုချင်လည်း ကျွန်​တော်တို့တရားခွင်မှာ​တွေ့ရုံ​ပေါ့"

"ဒါနဲ့ ကျွန်​တော်မလာခင်က ဦးတည်မြဲက စာချုပ်ဖျက်သိမ်းမယ်ဆိုပြီးပြော​​သေးသလားလို့"

"​မ​ပြောပါဘူး အလုပ်က ပြီး​တော့မှာပဲ ဆက်သာလုပ်"

"​အော် ဟုတ်ကဲ့​ကျေးဇူးပါဗျ ဒါဆို ဦးတည်မြဲ ဘာ​ပြောစရာကျန်​သေးလားဗျ ကျွန်​တော်လဲ အိမ်မှာကိစ္စ​လေး ရှိ​သေး​တော့ ​ပြောစရာမရှိရင်ပြန်​တော့မှာမို့"

ရိုင်းသည်ထင်ထင် ကျွန်​တော်က​တော့ ရိုင်းသင့်သည့်လူကိုရိုင်းမယ် ​ဖော်​​ရွေသင့်သူကို​ဖော်​ရွေမယ် အ​ရေးမပါတာ​တွေ ဟန်လုပ်မ​နေတတ်
..... ..... ....... ...... ...... ...... ...... ...... ..... ..... .....
လိုအပ်ချက်ရှိရင်​ထောက်ပြ​ပေးပါ​နော် ဇာတ်လမ်း​ပေါ်​အောင်​ဖြေး​ဖြေးချင်း​ဖော်ရတာမို့ အားမရဖြစ်သွားရရင်​တောင်းပန်ပါတယ် cmt​လေး​တွေဖတ်ပါရ​စေ​နော်

Continue Reading

You'll Also Like

89.1K 3.8K 41
Taeyung:"នេះខ្ញុំមិនដឹងថាកំពុងតែមានប្ដីឬក៏មានកូនអោយប្រាកដនោះទេ...." Jungkook:"ម៉ែ...កូនទៅរៀនហេីយ..."..
915K 9.7K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...
492K 28K 41
"ဒီလူသားဟာနွယ့်ကိုချစ်ဖို့​မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ​ဟောဒီကနွယ်ကလည်း ​သော်တာပြည့်ဖြိုးဆိုတဲ့လူသား​လေးဆီမှာအချစ်ခံဖို့​မွေးဖွားလာတာပါရှင့်"
16K 3.1K 10
Tittle: 你挡我棺材板了 Author:宋昭昭 English Translator: Yan Yan Status: 9 Chapters Genres: Comedy,Romance, Supernatural,Yaoi *I got the permission from the En...