Forever[Completed]

By Sandara_Jung7

8.8K 1.1K 1.4K

// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော... More

Start this story(Kai)
EP-(1)
EP-(2)
EP-(2)½
Ep-(3)
Ep-(4)
Ep-(5)
Part-(6)
Ep-(7) (birthday)
Ep-(8)
Ep-(9)
Yeonjun's Birthday (short part)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
~~Thanks for reading~~
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
Ep-(29)
အမှတ်တရသိမ်းမယ်။
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35) (End)
End this story (Yeonjun)

Ep-(10)

202 29 78
By Sandara_Jung7

"Soobin.....ဘာလို့ငိုနေတာလည်း "

-တဖြည်းဖြည်းမျက်လုံးဖွင့်ကာကြည့်လာသည်။ မျက်ရည်တွေလည်းရွှဲလို့ ၊ နှာရည်တွေလည်းကျလို့။ ရှိုက်ငို​နေရင်းပင် နံရံကိုမှီထားရာကနေ လက်ကိုဆန့်ကာ သူ့ကိုပြေးဖက်လာသော soobin။-

"Yeonjun hyung!!!!"

"ဘယ်နားထိခိုက်သွားသေးလည်း....
Ahn Juhoဘာလုပ်လိုက်သေးလည်း။ "

"ဟင့်အင်း....ဘာမှမဖြစ်ဘူး။ အဟင့်....ရွှတ်...."

-သူ့ကိုဖက်ပြီးသာငိုနေသော soobinကိုကြည့်ကာ ဘာမှမပြောတော့ဘဲ ပြန်လည်ပွေ့ဖက်ထားလိုက်သည်။ -
.
.
.
-Yeonjunတို့ကြာနေ၍ တစ်ခုခုအန္တရာယ်ဖြစ်နေပြီလားဟူ၍ ဖုန်းလှမ်းဆက်ကြည့်ကြသည်။ -

"Noona
ပြန်လာကြပြီ...."

-ဖုန်းကခေါ်ပြီးသားဖြစ်ပြီမလို့ yeonjunရဲ့ ဖုန်း ringtoneဖြစ်သော At My Worstသီချင်းကို ကြားလိုက်ရသည်။ ထိုနည်းတူ yeonjunရဲ့ ဖုန်းထောင်ပြတာကိုလည်းတွေ့လိုက်သောကြောင့် ပြန်ချလိုက်သည်။ ဘေးက soobinကတော့ ငူငူငိုင်ငိုင်ဖြင့်။ -

"SOOBIN!!!!" (Felix)

"မင်းအဆင်ပြေရဲ့လား။
ထိခိုက်မိသေးလား။ "(Taehyun)

"Ahn Juhoနဲ့ရော တွေ့သေးလား။
သူဘာလုပ်လိုက်သေးလည်း။ မင်းအသက်ကလေးလည်းရှိနေသေးတယ်မလား။ " (Kai)

"Kai....သူအသက်ရှိနေလို့ လမ်းလျှောက်လာတာပေါ့။ မဟုတ်ရင် စီနီယာ yeonjun က ထမ်းလာမှာပေါ့"

"ဖြေးဖြေးမေးကြပါ။
ငါအသက်လည်းရှိသေးတယ်။ အဆင်လည်းပြေတယ်။ ထိခိုက်မိတာလည်းမရှိဘူး။ ပြီးတော့...ပြီးတော့ Ahn Juhoနဲ့လည်း....

-သူyeonjunကိုတစ်ချက်လှမ်းကြည့်လိုက်ကာ....

"Ahn Juhoနဲ့လည်း မတွေ့ခဲ့ဘူး။
ငါလျှောက်ပြေးနေရင်း Choi Yeonjunနဲ့တွေ့တာ။ "

-yeonjunကလည်း ထောက်ခံသလိုခေါင်းညှိမ့်ရင်းပြုံးပြလာသည်။ -

"တော်သေးတာပေါ့။ "

"ပျောက်ဆုံးနေတဲ့လူတွေ ပြန်တွေ့ပြီဆိုတော့ စခန်းကို သက်သေအနေနဲ့ တစ်စုံတစ်ယောက်လောက်လိုက်ခဲ့ပေးစေချင်ပါတယ်။ "

"ကျွန်မတို့လိုက်ခဲ့ပေးပါ့မယ်။ "

-da bin နဲ့ boramက ခုနက ရဲသားနဲ့အတူလိုက်သွားကြပြီး အခုတော့သူတို့ခုနစ်ယောက်ပင်။ -

"Soobin....
အသက်ကလေးဖြေးဖြေးရှူ....
ပြီးရင် ငါတို့အိမ်ပြန်လိုက်ပို့ပေးမယ်။ "

"မလိုတာ...။
အိမ်မှာ အိမ်ရှင်အန်တီကြီးရှိပါတယ်။ "

"သူစိမ်းလေကွာ။ "

"ငါ့အတွက်တော့တစ်ဦးတည်းသော မိသားစုဝင်ဘဲ။
မေမေတို့ဆုံးသွားကတည်းက ငါ့ကိုဒီပုံစံရောက်အောင်အထိသူဘဲ ပြုစုစောင့်ရှောက်ခဲ့တာ။ "

"အေးပါ...ငါတို့ သွားကြမယ်။ "

"ငါတို့လိုက်ပို့မယ်။
ငါ့ကားက ခုနစ်ယောက်လောက်တော့ ကောင်းကောင်းဆံ့ပါတယ်။ " (yeonjun)

"နေပါစေ...ကလေးတွေဘဲ ခေါ်သွားပေးလိုက်ပါ။
ကျွန်တော်မလိုက်တော့ဘူး yeonjun"

"ဘာလို့လည်း felix...."

"ကျွန်တော် စခန်းကို လိုက်သွားရမယ်။
နစ်နာသူတစ်ယောက်အနေနဲ့....
သွားလိုက်ပါ။ ကျွန်တော်မလိုက်တော့ဘူး။ "

"အာ....ဒါဆို သွားလိုက်မယ်နော်။
Soobin.... ဟိုကောင်လေး ရှေ့မှာလာထိုင်။ "

"ရတယ်...."

"အောဟော....ရှည်လျားလိုက်တာ။
လာထိုင်ဆို....လာထိုင်ပေါ့။ "

-သူပြောတော့ soobinက သက်ပြင်းချပြီး ရှေ့ခန်းမှာလာထိုင်လေသည်။ soobinဘာလို့ဒီလောက်အထိ သူနဲ့ပြိုင်မငြင်းတော့လည်းတော့မသိပေ။ -

-သူတို့အကုန်သွားစရာရှိတဲ့လမ်းကိုသွားကြပြီး yeonjunတို့က soobinအိမ်ကိုမောင်းပို့ပေးခဲ့ပြီး ထိုသုံးယောက်လုံး ထိုအိမ်၌သာ ဆင်းသွားကြသည်။ သူတို့ကတော့ hyunjinအိမ်(felixနေတဲ့နေရာမဟုတ်)သို့သာ မောင်းထွက်လာတယ်။-

-hyunjinအိမ်ရောက်တော့ သုံးယောက်လုံးဆိုဖာပေါ်တွင်ထိုင်ကာ တစ်နေ့တာပင်ပန်းထားသမျှ အားအင်တွေကို ပြန်လည်ထည့်သွင်းရတော့သည်။ မျက်လုံးလေးမှိတ်ပြီး တစ်ယောက်တစ်နေရာဆီထိုင်ကာ အတွေးကလည်းမတူညီကြဘူးပေါ့။ beomgyuကတော့ သူ့အချစ်ကလေးအကြောင်းပင်။
Yeonjunကတော့ soobinနဲ့တွေ့တုန်းက ဘာလို့သူရင်တွေ ဗြောင်းဆန်နေရလည်း ဆိုသည့်အကြောင်းအရင်းနှင့် hyunjinကတော့ felixငြင်းသည့်အကြောင်းပင်။ -

Hyunjin's Mind:

-သူအရမ်းသိချင်နေတယ်...
Felixက သူ့ကိုဘာလို့ငြင်းလိုက်ရတာလည်း။
သူဘာမှားသွားတာရှိလို့လည်း...ဒါမှမဟုတ် ဖွင့်ပြောမိတာက မှားသွားတာလား။ အရင်လိုတိတ်တဆိတ်သဘောကျနေရတာဘဲ ကောင်းတာလား။ သူဘာမှစဥ်းစားလို့မရပေ။ သူနဲ့ လက်မတွဲချင်ဘူးလို့ ပြောတာကိုသူအဖြေရှာမရပေ။ -

"အား......စိတ်ရှုပ်တယ် "

"ဘာဖြစ်တာလည်းကွာ...လန့်လိုက်တာ "

"ဘာမှမဟုတ်ဘူး..."

"ဟူးးးးးး"

-Beomgyu သက်ပြင်းချပြီး နာရီကိုကြည့်မိတော့ 7:29PM-

-7:30တော့မှာဘဲ...။
အော်...ဒီနေ့သူအမေပြန်ရောက်နေတာဘဲ။ အိမ်ပြန်မှပါ...အမေက သံသယများရတဲ့ကြားထဲ....။ -

"ငါပြန်တော့မယ်။ "

"ဘာလို့လည်း... မအိပ်သွားတော့ဘူးလား။ "

"အမေပြန်ရောက်နေတယ်လေ..."

"အေး...ဟုတ်သား ။
ငါ့အဖေလည်းမျှော်နေတော့မှာ..."

"ထားခဲ့ကြတော့မယ်ပေါ့..."

"အွန်း..."

"အွန်းတဲ့လားကွာ...
မင်းတို့တွေရက်စက်လိုက်ကြတာ။ "

"⚽ကို ရက်စက်...
တစ်ယောက်တည်း ဒွမ်မာခင်းနေတယ်။
သွားပြီ ဟေ့ကောင်"

"ဘိုင်အီ..."

-beomgyuနှင့် Yeonjunတို့ထွက်သွားပြီးတော့ hyunjinလည်းဆက်လက်ပြီးသာ အတွေးစတို့ကို ပြန်လည်ဆွဲထုတ်လိုက်သည်။ -

-တစ်ဖက်ခြမ်းက Felixကလည်း သူ့အတွေးနဲ့သူရှိနေသေးသည်။ Felixနဲ့ hyunjinအတွေးတူခဲ့ရင်တော့ ဒါဟာ စိတ်ခံစားချက်တိုက်ဆိုင်တာနေမှာပေါ့။ -
.
.
.
-beomgyuအိမ်တွင်တော့ beomgyu Ommaက သူပြန်အလာကိုစောင့်နေသည်။ ထို့အပြင် Yoon Rubyလည်းရောက်နေသည်။ မိန်းကလေးတစ်ယောက်က ဒီအချိန်ကြီး ယောက်ျားလေးတစ်ယောက်အိမ်ကိုရောက်နေတယ်ဆိုတာ စဥ်းစားစရာပင်။ မာတာမိခင်ကရှိနေသေးတော့လည်း ဘာမှသိပ်ပြောစရာတော့မဟုတ်။ -

-အိမ်ရှေ့က ကားသံကြားတော့ beomgyu ommaရော Yoon Rubyရော အိမ်ရှေ့ထွက်လာကြသည်။ -

"သားရယ်
ပြန်လာတာနောက်ကျလိုက်တာ...မေမေနဲ့ သမီးလေးရူဘီကစောင့်နေတာ။"

"ဟုတ်ပ gyuရယ်...။
ငါကနင့်ကိုစောင့်နေတာ..."

"ဘာလို့စောင့်နေသေးလည်း...ပြန်ရောပေါ့။
ခါတိုင်းလည်း နှစ်ယောက်လုံးက ထားသွားနေကြဘဲကို..."

"တော်စမ်း beomgyu...
သမီးလေးက မင်းနဲ့တွေ့ချင်လို့ စောင့်နေတာကို...."

"Ommaလည်း အလုပ်ကိစ္စပြီးရင်ပြန်မှာမလား။
Yoon Ruby....မင်းလည်း ပြန်တော့။ ပြောစရာလည်းမရှိဘူး။ မင်းကိုလည်းငါမလွမ်းဘူး။ တွေ့လည်းမတွေ့ချင်ဘူး။ ငါ့အပေါ်ဘာလုပ်ခဲ့လည်းရောသိလား။ ဒါတောင် ငါ့ရှေ့ပေါ်လာရဲသေးတယ်ဆိုတော့ လေးစားပါတယ် နင့်ရဲ့စောက်ရှက်ကိုတော့....."

"Choi Beomgyu!!!!!
ငါနင့်ကိုအဲ့လိုမျိုးဖြစ်အောင်မွေးမထားဘူး။ စကားကို ယဥ်ယဥ်ကျေးကျေးပြော...မိန်းကလေးတစ်ယောက်ကို ဒီလိုပြောဖို့ ငါသင်ပေးထားသလား။ "

"Ommaကဘာသင်ပေးထားခဲ့လို့လည်း....မွေးကတည်းက yeonjunတို့ hyunjinတို့အမေ၊အဖေလက်ထဲမှာကြီးလာခဲ့ပြီး သိတတ်စအရွယ်ရောက်တော့ အဖေနဲ့ကျွန်တော့်ကိုပစ်သွားတာဘယ်သူလည်း....ဘယ်တုန်းကသင်ပေးဖူးလည်း။ အဖေကတော့ပြောရှာပါတယ်...မင်းအမေက စီးပွားသွားရှာနေတာတဲ့...."

"ဒါမှန်နေတာဘဲလေ...."

"ဘယ်လိုမျိုး စီးပွားလည်း....
သူများ....မယားငယ်ဘဝနဲ့နေပြီးတော့လား။
အဖေ့ကိုဖောက်ပြန်ပြီးတော့လား!!!!!"

"တော်တော့....."

"Ommaလည်း မပြန်ခင်အချိန်အထိ ကျွန်တော့်ကိုမရှိသလိုသဘောထားပါ။ တိတ်တဆိတ်ပြန်ထွက်သွားပါ။ ရူဘီ မင်းရောဘဲ....ငါ့ဘဝထဲကို ဝင်မလာနဲ့တော့။"

-beomgyuပြောပြီးတော့ မျက်ရည်တွေကို သုတ်ပြီး အပေါ်သို့ တန်းတက်သွားသည်။ သူ့အမေကိုတော့ ရူဘီကနှစ်သိမ့်ပေးပြီး မျက်နှာလုပ်ယူနေသည်။ -

-beomgyuသူ့အမေကို စိတ်နာတာမပြောပါနဲ့ဦး....
Beomgyuငယ်စဥ်ကတည်းက မွေးပေးခဲ့တဲ့ မွေးမေမေသာဖြစ်သည်။ အဖေကဘဲ သူ့သူငယ်ချင်းတွေနဲ့အတူ beomgyuကိုပျိုးထောင်ပေးခဲ့တာ အလယ်တန်းနောက်ဆုံးနှစ်သူမဆုံးခင်အချိန်ထိဖြစ်သည်။ ထို့ကြောင့်လည်း အမေထက်အဖေ့ကို beomgyuပိုချစ်သည်။ ပိုလည်း ခင်တွယ်သည်။ အဖေဆုံးပြီးကတည်းက ပျော်ရွှင်မှုဆိုတာကိုသူမသိတော့ပေ။ အမေကသူ့ကို ပိုက်ဆံပို့ပေးနေပြီး ဒီအိမ်အကြီးကြီးထဲမှာ ထားထားတာ၊ ommaထားရာနေ ကျွေးရာစား၊ ခိုင်းရာလုပ်နေသော စက်ရုပ်တစ်ရုပ်လိုပင်။ ဒီကြားထဲ အချစ်ဦးအရူးလုပ်တာကခံရသေးသည်။ (အခုလိုမျိုးပြောရင် ပလေးခံရတာပေါ့။)-

"Appa! သတိရလိုက်တာဗျာ....
အခုချိန် appaသာရှိနေရင် ဒီလိုမျိုးရှင်သန်​နေရမှာမဟုတ်ဘူး။ appa သတိရတယ်..."

-ကုတင်ပေါ်တွင် ခေါင်းအုံးကိုကိုက်ကာ သူနဲ့အဖေ၏photo albumကိုကြည့်ကာ ငိုကျွေးနေခဲ့ရပြန်သည်။ အဖေကိုသတိရရင် အမြဲလိုလို လုပ်တတ်လေ့ရှိသော beomgyuအကျင့်။ -

"Appa....ဒါကိုသိလား။
အခုလေ appaနဲ့တူတဲ့လူတစ်ယောက်ကို ကျွန်တော်တွေ့ထားတယ်သိလား။ appaနဲ့တုန်းကလိုမျိုး သူနဲ့အတူရှိရင်ပျော်​နေရတယ်၊ သူ့အပြုံးကအရမ်းအေးချမ်းတာသိလား....နာမည်က ဂန်ထယ်ဟျွန်းတဲ့...ကတိတည်တတ်တဲ့လူမျိုး..အဖေရဲ့....ကျွန်တော်ထပ်ယုံကြည်ရတော့မဲ့လူတစ်ယောက်ပေါ့.... Appaရှိနေသေးရင် appaလည်းသူ့ကိုသဘောကျမှာသိလား..."

-ထယ်ဟျွန်းအကြောင်းတွေကို တလာစီပြီး သူ၏အဖေကိုပြောပြနေရင်း ပြန်လည်ပြုံးရွှင်လာသည်။ Photo albumလေးရယ်၊ ဖုန်းထဲက ထယ်ဟျွန်းပုံလေးရယ်ကို ကြည့်ရင်းအိပ်ပျော်သွားခဲ့သည်။ -
.
.
.
-မနက်ရောက်တော့ ကျောင်းသွားရန် ပြင်ဆင်ပြီး မနက်စာစားဖို့ဆင်းလာခဲ့သည်။ -

"Morning my son! "

-ဘာမှပြန်မဖြေဘဲ ရေခဲသေတ္တာထဲက သူ့coffeeဘူးနဲ့ sandwichကို ထုတ်ကာ မီးဖို့ဆောင်က ပြန်ထွက်မယ်အလုပ်...

"သား...မနက်စာကို အာဟာရရှိရှိစားရမယ်လေ။
Ommaက သားအတွက် အပင်ပန်းခံပြီးလုပ်ပေးထားတဲ့ မနက်စာတော့စားသွားမှပေါ့ကွ...။ "

"တော်ပါပြီ ။
ဒါနဲ့တင် လုံလောက်ပါတယ်။ သွားလိုက်ပါဦးမယ်... "

"သား...ရည်းစားရှိရင်လည်း အိမ်ခေါ်လာခဲ့ဦးနော်။
Omma စမ်းသပ်ကြည့်မယ်။ "

"မလိုပါဘူး....သားမှာရှိရှိမရှိရှိommaနဲ့မဆိုင်ဘူး။ "

"အောဟော်....သားလေးက ညကကိစ္စကိုစိတ်ဆိုးနေတုန်းထင်တယ်။ အွန်းပါလေ....ommaအမှားတွေလည်းပါတာပေါ့...ငါ့သားလေးကို စိတ်နာအောင်လုပ်မိတာ။ ommaသိပ်မှားသွားတယ်ကွာ...အခုကျောင်းသွားတော့နော်...အိမ်ကိုသေချာပြန်လာခဲ့ဦး...ညနေကျရင် ထမင်းစားစောင့်နေမယ်။ "

"သွားလိုက်ပါဦးမယ်... "

-သူommaကိုနှုတ်ဆက်ပြီး ကားထဲဝင်ကာ အရှိန်ကုန်မောင်းလာခဲ့သည်။ -
.
.
.
-yeonjun သူ့အဖေနှင့်အလွမ်းသယ်နေရင်း မနေ့ညကသားအဖတွေသောက်ကျတာ နောက်ကျမှအိပ်သည်မလို့ မနက်ပိုင်းအချိန်ပို7:00 အတန်းအားလက်လွှတ်လိုက်ရသည်။ -

"သား ကျောင်းသွားတော့မလို့လား။ "

"ဟုတ်တယ် appaရဲ့...။ "

"အေး...အိမ်ရှေ့မှာ မင်သူငယ်ချင်းဆိုလား၊ ဂျူနီယာဆိုလား ရောက်နေတယ်။ သားကိုကျောင်းသွားဖို့လာခေါ်တာတဲ့..."

"ဗျာ...။ "

-ဟိုနှစ်ကောင်ဆိုရင် အဖေကနာမည်ပြောလိမ့်မည်၊ အခုမရေရာ မသေချာဆိုတော့ ဘယ်သူများလည်း။ -

-သိချင်ဇောနဲ့ တစ်ခါဆင်းလျှင် လှေကားထစ်နှစ်ခုနှုန်းဖြင့် ကျော်ချပြီး ပြေးထွက်လာလိုက်သည်။ -

"ဟာ...ချွဲဆူဘင်း ။
မင်းက...ဘယ်လိုဖြစ်ပြီး.....?"

"အာ...မနေ့က ခင်ဗျားကူညီပေးတာကို ကျေးဇူးတင်လို့ ဒီမနက်မုန့်လိုက်ကျွေးမလို့..."

"အော်....မလိုပါဘူးကွာ...ဟဲဟဲ... "

"မစားဘူးလား
မစားရင် ပြန်တော့မယ်။ "

"နေ...နေ...နေပါဦး။
မင်းကလည်း ငါမူပါရစေ...စိတ်ကြီးဘဲ... "

"မြန်မြန်လုပ်...busမမှီဘဲနေမယ်။ "

"ဟော...busထပ်စီးဦးမလို့လား။
အန္တရာယ်ထပ်​ဖြစ်ချင်လို့လား။ ငါ့ကားနဲ့သွားမယ်။ "

"သား...ဟိတ်ကောင်...ကားသတိထားမောင်းနော်။ ဘေးကကောင်လေးကိုလည်းဂရုစိုက်...မင်းတစ်​ယောက်တည်းမဟုတ်ဘူး။ "

"ဟာ...အဖေကလည်း....ကျွန်တော်က တစ်ယောက်တည်းမှ အရမ်းမောင်းတာပါဗျ။
စိတ်ချ...စိတ်ချ...ဒီစွာစိပါမှတော့ အရှိန်မလျော့ဘဲ မနေနိုင်ဘူး။ "

"မင်းကောင်လေးလား။ "

"အယ်...အမ်...မဟုတ်ပါဘူး အဖေကလည်း...ဘာတွေပြောနေတာလည်း။ စီနီယာ နဲ့ ဂျူနီယာလေးပါ။ သူကအရမ်းစွာတော့ စွာစိလို့ခေါ်တာ။ "

"ဟုတ်...ဟုတ်တယ် ဦးလေးရဲ့..."

"ကဲ... သွားကြပါကွာ...နားညီးလာပြီ။
ခြံတံခါးသေချာပိတ်သွားကြ...။ "

"ဟုတ်..အဖေ"

-ဆူဘင်းလည်း လှုပ်တုတ်လှုပ်တုတ်နဲ့အရှေ့ကပြေးသွားတာ ခြံရှေ့အထိရောက်သွားသည်။ yeonjunကတော့ ကားထုတ်ပြီးတော့ ခြံရှေ့ထွက်လာသည်။ -

"စွာစိကမြန်တာကွာ....ကားထုတ်တာတောင်မစောင့်ဘူး။ ဘာလည်း.... ငါ့အဖေပြောတာရှက်သွားတာလား။ "

"ရှက်စရာလား...မဟုတ်ပါဘူး ။ "

"အမယ်လေး...ဟုတ်ပါပြီဟုတ်ပါပြီ ။
ခဏစောင့်...ငါခြံတံခါးပိတ်ဦးမယ်။ "

-ဆက်ပြောလျှင် ပေါက်ထွက်တော့မည့်ခရမ်းချဥ်သီးလေးဖြစ်နေပြီမလို့ ဆူဘင်းကိုမစတော့ဘဲ ယောန်ဂျွန်းတံခါးပိတ်ဖို့ ပြန်လှည့်လာခဲ့သည်။ -

"သွားမယ် ဆူဘင်း"

"အွ...အွန်း..."

-ကားပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။ -
.
.
.
-စိတ်တွေရှုပ်နေပြီး ကျောင်းလာတော့လည်း တစ်ယောက်မှမတွေ့ရချေ။ ရည်စားလေးကိုမပြောနဲ့...ရည်းစားဖြစ်သူ၏သူငယ်ချင်းတွေကိုတောင်မတွေ့ရပေ။ -

"ဘောမ်ဂယူဟျောင်း...ဒီမှာဘာလုပ်နေတာလဲ "

"Kai....
Taehyun ကိုမတွေ့မိဘူးလား။ "

"Taehyunလား....
ဒီအချိန်အတန်းတက်နေမှာပေါ့ hyungရဲ့...
ဘာဖြစ်လို့လည်း..."

"အော်...အော်....ဒီအတိုင်းဘဲ...တစ်ယောက်မှမတွေ့လို့ ပါးစပ်ထဲရှိတဲ့လူမေးလိုက်တာ။ "

"အော်...
ကျွန်တော်ကအခုမှလာတာ...။
Yeonjun hyungနဲ့ soobinက မုန့်သွားစားကြမယ်ပြောတယ်။ hyunjin hyungကမေးကြည့်တော့ မလာဘူးတဲ့...အိပ်ရေးမဝလို့တဲ့...felix hyungကလည်း အလုပ်ကိစ္စရှိလို့ ကျောင်းနောက်ကျမယ်တဲ့...boramကတော့ သိတဲ့အတိုင်း part-time model။ Noonaက အမှတ်သွား​ကြည့်တယ်။ "

"ဘာအမှတ်လည်း..."

"ကျွန်တော်တို့ golden project တုန်းက တင်ထားတဲ့ Movieလေးလေ။ "

"အော်...သိရပြီလား။ "

"စုစုပေါင်းရမှတ်တော့မဟုတ်သေးဘူး...Top(5)ကိုရွေးထားတာ။ ပါမပါသိချင်လို့တဲ့..."

"ပါမှာပါ...ငါတို့ဘဲဟာကို..."

"ဟော...ပြောရင်းဆိုရင်း hyungမေးတဲ့လူ​ လာပါပြီ။ ဒါဆို ကျွန်တော်သွားတော့မယ်နော်...."

"အွန်း..."

-Kaiထွက်သွားတော့ ဆူပုတ်ပုတ်မျက်နှာထားနဲ့ ရောက်လာတဲ့ ထယ်ဟျွန်း....။ -

"ဘာဖြစ်လာတာတုန်း ကမ္ဘာငယ်လေး"

"ဒီနေ့ assignment သွားထပ်တာကို တစ်ခုမှအဆင်မပြေလာလို့..."

"အော်...ဒီတစ်ခါမပြေရင် နောက်တစ်ခါပြေမှာပေါ့...။ ကိုယ်တို့တုန်းကလည်း အဲ့လိုဘဲ...စိတ်ထဲမထားနဲ့... စိတ်ထဲမထားနဲ့...လာပါဦး... ကိုယ်ဆီကို"

-လက်ကြီးဆန့်ပေးလိုက်တော့ တိုးဝင်လာသော အကောင်ပေါက်စလေး....။ ပြီးတော့နှစ်ယောက်သားမိုးမမြင်လေမမြင်ပြုံးဖြီးနေကြတာ ပတ်ဝန်းကျင်ကိုတောင်မေ့နေကြသည်။ ပတ်ဝန်းကျင်ကိုမေ့နေပေမဲ့ ပတ်ဝန်းကျင်ကတော်မမေ့ပေ...သူတို့ကို သစ်ပင်အကွယ်ကနေ ဓာတ်ပုံခိုးရိုက်နေသော လူတစ်ယောက်ရှိခဲ့သည်။ -
.
.
.
-နေ့ခင်း3:50လောက်ရောက်တော့ ကန်တင်းကို ချီတက်လာခဲ့ကြသည်။ ဒီတစ်ခါမှာတော့ မနက်မုန့်သွားစားပါတယ်ဆိုသော yeonjunနှင့်soobin၊ ကျောင်းနောက်ကျနေသော felixပါရောက်လာကြသည်။ -

"တစ်နေ့တစ်နေ့စာသင်ရတာ ပျင်းဖို့ကောင်းလိုက်တာ။ ဒီစာတွေကိုဘဲ နှစ်ခါလောက်ခွဲသင်နေတယ်..."

"ဒုတိယနှစ်တုန်းကကျက်ခဲ့ရတဲ့စာတွေက တတိယနှစ်မှာပြန်ပါလာမယ်လို့ ဘယ်သူထင်မှာလည်းဟာ..."

"စိတ်ဝင်စားဖို့ကောင်းတာပြရမလား။"

"ဘာလည်း...ဘာလည်း"

-kaiက လူယုတ်မာများပြုံးသကဲ့သို့သော အပြုံးကိုပန်ဆင်ကာ ဖုန်းကိုထုတ်လိုက်သည်။ -

Kai created this Group.

-Groupထဲသို့ လူကိုးယောက်ထည့်လိုက်ကာ သူကဦးဆောင်ပြီး ပုံတစ်ပုံပို့ပေးလိုက်သည်။ အားလုံး၏ဖုန်းများ၌လည်း notiတက်လာသောကြောင့် အားလုံးကထုတ်ပြီးကြည့်လိုက်ကြသည်။ -

"ဟင်...
ဟမ်....
ဟော်တော့....
Choi beomgyu.....Kang Taehyun!!!"

"မဟုတ်...မဟုတ်..."

"Choi Beomgyu shi!!!!
Kang Taehyum shi!!!!
ဒီဓာတ်ပုံရဲ့ အကြောင်းကိုရှင်းပြပေးပါဦး။ "

- ခုနကသူနဲ့ Taehyunတို့ အချင်းချင်းဖက်နေတဲ့ ပုံဖြစ်သည်။ ဘယ်အချိန်က ရိုက်လိုက်လည်းမသိ။ -

"အဲ့...အဲ့ဒါကလေ...အဲ့ဒါက....
ဟို....ဟို....ဟိုလေ...

"Hah!!!!!
မဟုတ်မှ နှစ်​ယောက်သားတွဲနေကြတာလား။ "

"မဟုတ်...မဟုတ်...."

"ဟူးးးးးးးးးးး"

"ဟုတ်တယ်.... ကျွန်တော်တို့တွဲနေကြတာပါ နူနား"

"တ...တကယ်လား"

"အွန်း...တကယ်ဘဲ...သူတို့တွဲနေကြတာ။
ငါလည်းမနက်မှ yeonjunပြောပြလို့သိရတာ။ "

"Ya!!!! CHOI YEONJUN!!!!!"

"အိုမို....မီယားနဲ...."

"အွန်း နှစ်ပတ်ဘဲရှိသေးတယ်။ "

"နှစ်ပတ်....နှစ်ပတ်ဆိုရင်.... yeonjun hyungဆေးရုံတက်နေတုန်းက..."

"ဟုတ်တယ်...။ "

"ဝိုးးးး ကွန်ကွန် ငါ့ကောင်ကြီးတွေ..."

"ရေခဲတုံး choi beomgyuလည်း Kang taehyunနဲ့တွေ့မှ ဖယောင်းလေးလိုမျိုးအရည်ပျော်ကျကုန်ပါလားဟေ့...."

"ဒါကတော့ အချစ်ကိုး အကိုယောန်ဂျွန်းရဲ့...အချစ်ကိုးဗျ"

-ပြောပြီး ရေဘူးတစ်ဘူးကောက်ကိုင်ကာ မော့လိုက်သည်။ -

"ဒါနဲ့....ယောန်ဂျွန်းနဲ့ ဆူဘင်းကရော ကြိုက်နေကြတာလား။ "

"အဟွတ်...ဟွတ်...ဘယ်ကသာ...ဒီနေ့တင် အဲ့မေးခွန်းနှစ်ခါရှိပြီ....မဟုတ်ဘူး မဟုတ်ဘူး။ သူနဲ့တစ်သက်လုံးကြိုက်မှာမဟုတ်ဘူး။ "

-soobinကသာ ငြင်းနေပေမဲ့ yeonjunကတော့ပြုံးမြဲပြုံးလျက်သာ ခေါင်းငုံ့ပြီး နေလေနေသည်။ ​ဘာမှလည်းပြန်မပြော...-

-ထိုအချိန် ခုနကမှဖွဲ့လိုက်သော Group ထဲမှ hyunjinနှင့် boram၏ စာကတစ်ပြိုင်နက်ထဲဝင်လာလေသည်။ -

Hyunjin- ဘာလည်း....ငါဘဲမသိတာလား။

Boram- ဟဲ့...ဟဲ့..ဘာတွေလည်း...စီနီယာနဲ့ taehyunက ဘယ်လိုတွေတောင်လည်း။

Hyunjin- နှစ်ယောက်သားတွဲနေတာမဟုတ်ဘူးလား။

Boram- ဟုတ်မယ် hyunjin
တစ်ခုခုပြောကြပါဦးဟာ....

Taehyun- ဟုတ်တယ်....။
ငါတို့တွဲနေတာ။
ရပြီလား။

-စာပြန်ပြီးတာနဲ့ ဖုန်းပိတ်ကာ တစ်ယောက်တည်း ကြိတ်ပြုံးနေမိသည်။ -

"အဟိ...."

"ဟျောင့် ဂန်ထယ်ဟျွန်း...
တွဲဲာလည်းတွဲတာပေါ့ကွာ...ငါတို့ရှေ့မှာတော့ အဲ့လောက်ထိကျေနပ်ပြမနေနဲ့လေ...."

"အေးလေ...။ "

"ဘာဖြစ်လည်း...gyu hyungကချစ်ပြီးသား"

"အော်....ခွေးလေး"

"မင်းတို့ကလည်းကွာ.... hyunလေးကို လက်နဲ့မရွယ်ကြပါနဲ့...hyunလေးကသေးသေးလေးကွ။ "

"အေး...
မင်းကိုကအဖြစ်သည်းတယ်။
တကယ့်ကို သဲသဲကဲကဲအတွဲတွေ...."

-သူတို့ဝိုင်းမှာ ပြုံးရွှင်နေရင်း သူတိူ့နားသို့မိန်းကလေးတစ်ယောက်ရောက်လာသည်။ -

"Gyu...."

"Ruby!!!!"
.
.
.

*FOREVER *

Updateနောက်ကျသွားလို့တောင်းပန်ပါတယ်။
အခုလာပါပြီ။ 🏃🏻‍♀️🏃🏻‍♀️

Continue Reading

You'll Also Like

10.2K 1.3K 10
Uni ဖမ်းဆုပ်ဖို့မတတ်နိုင်တဲ့တိမ်စိုင်ငယ်လို မင်းကို ကိုယ်က သိပ်ချစ်ခဲ့တာပေါ့...... Zawgyi ဖမ်းဆုပ်ဖို့မတတ်နိုင်တဲ့တိမ်စိုင်ငယ်လို မင်းကို ကိုယ်က သိပ်...
271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
154K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
441K 62.2K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...