ည(၁၀:၂၀)လောက်တွင် ရှန့်ချန်ခုန်း အိမ်ရှေ့တံခါးကိုဖြည်းဖြည်းချင်းဖွင့်နေခဲ့သည်။ အခန်းကတိတ်ဆိတ်နေလျက် သူ့အမေလည်းအိပ်ပျော်နေတာကြာလေပြီ။ သူက တံခါးပိတ်လိုက်သော်လည်း မီးမဖွင့်ခဲ့..တံခါးကိုသာလော့ချပြီး ဝမ်းရှုလီအိပ်ရာမဝင်ခင်ဖယ်ရှားပေးခဲ့သည့်ချိန်းကြိုးကိုပြန်စေ့ပိတ်လိုက်၏။
ဧည့်ခန်းထဲရှိစားပွဲပေါ်တွင် ပန်းကန်များစွာရှိနေကာ ရှန့်ချန်ခုန်းက ပန်းကန်တွေကိုအထပ်ထပ်ဆင့်စီရင်း ဆေးကြောရန်မီးဖိုချောင်ထဲသယ်သွား၏။ ဆေးကြောပြီးနောက် ပလတ်စတစ်အိတ်အသစ်တစ်လုံးကိုယူကာ မနက်ဖြန်မနက်ပိုင်းတွင်လွှင့်ပစ်မည့်အမှိုက်ပုံးထဲကအိတ်နှင့်လဲလှယ်လိုက်သည်။
သို့သော် အိတ်လဲရန်ငုံ့လိုက်ချိန်၌ ရှန့်ချန်ခုန်းတုံ့ဆိုင်းသွားခဲ့၏။ အမှိုက်ပုံးထဲတွင်စာတစ်စောင်ရှိနေကာ အလယ်ကနေဖြဲထားလျက်...စာအိတ်ပုံစံနှင့်အရောင်ကို သူရင်းနှီးနေသည်။
စာအိတ်ကိုအပြင်ထုတ်ယူလိုက်ချိန်တွင်သူအံ့ဩနေမိသား...
သေချာတာပေါ့ ဒါကလေကြောင်းတက္ကသိုလ်ကစာအိတ်...
စာအိတ်ပေါ်ကလိပ်စာကို 'ရှန့်ချန်ခုန်း' ဟုထင်ထင်ရှားရှားဖြင့် တညီတညာတည်း အတိုင်းသားရိုက်နှိပ်ထား၏။
အတော်ကြာရပ်နေပြီးနောက် မီးဖိုချောင်မီးကိုပိတ်ကာ စာရွက်အပိုင်းအစတွေကို သူ့အခန်းထဲသို့ပြန်ယူသွားတော့သည်။ အိပ်ရာဘေးကမီးအိမ်သေးလေးကိုဖွင့်ရင်း ဆုတ်ဖြဲထားသည့်အပိုင်းအစနှစ်ခုကို နဂိုအတိုင်းပြန်ဖြစ်အောင်လုပ်လိုက်၏။
'ချန်ခုန်း ;
လေကြောင်းတက္ကသိုလ်ဘွဲ့ရကျောင်းသားတွေအတွက် စာရင်းပေးသွင်းခြင်းကမကြာခင်စတင်တော့မယ် ၊ လေယာဉ်ဒီဇိုင်းမေဂျာအတွက်နှစ်နေရာရှိတယ်..ဒီအကြောင်းတွေကိုမင်းသိလားဆိုတာတော့အန်ကယ်မသိဘူး..အဲဒါကြောင့် စာရင်းပေးသွင်းရမယ့်ဖောင်ကို အန်ကယ်ပရင့်ထုတ်ပြီးတော့ မင်းဆီကိုပို့ပေးလိုက်တယ်..အန်ကယ် မင်းရဲ့အခက်အခဲတွေကိုလည်းသိတယ် မင်းအနေအထားကိုလည်းနားလည်ပေမဲ့ မင်းကအရမ်းငယ်သေးတယ် ၊ မင်းမှာအရည်အချင်းကောင်းတွေနဲ့မင်းအဖေထက်မနည်းနိုင်တဲ့စိတ်အားထက်သန်မှုတွေရှိတယ်..မင်း ဒီလိုမျိုးလက်လျှော့မှာမဟုတ်ခဲ့ဘူးလို့ အန်ကယ်မင်းကိုအမြဲယုံကြည်ခဲ့တာ...
အန်ကယ် ထောက်ခံစာနဲ့တွဲပေးထားတယ်..နောက်နှစ် လေကြောင်းတက္ကသိုလ်မှာ မင်းကိုတွေ့ရမယ်လို့ အန်ကယ်မျှော်လင့်ပါတယ်...
အန်ကယ်ဟော်'
အန်ကယ်ဟော်၏စာကတိုလွန်းနေပေမဲ့လည်း ရှန့်ချန်ခုန်း ထိုစာကိုထပ်ခါထပ်ခါဖတ်နေမိ၏။ စာရင်းပေးသွင်းရမည့်ဖောင်ကိုတွေ့တော့ မှတ်ပုံတင်ရမည့်ကာလကိုကြည့်လိုက်သည်။
အောက်တိုဘာ ၂၁ မှ အောက်တိုဘာ ၃၁ ထိ။
တိတ်ဆိတ်နေသည့်ညချမ်း၌ ရှန့်ချန်ခုန်းမျက်ဝန်းထဲအနည်းငယ်ဝင်းလက်သွား၏။ တဖျက်ဖျက်တောက်ပနေကာ...သိုသိုသိပ်သိပ်ဖြင့် အမှောင်ထဲပျောက်ကွယ်သွားတော့သည်။
သူ စာအိတ်ကိုခေါက်ကာ အံဆွဲကိုဖွင့်၍ ဟိုးအောက်ဆုံး၌သိမ်းထားလိုက်တော့၏။
နောက်တစ်နေ့ ရှန့်ချန်ခုန်း စောစောအိပ်ရာနိုးလာသည်။ ယနေ့ သူကနေ့ဆိုင်း ၊ အမှာစာတွေက ဆယ်နာရီမတိုင်ခင်ထိမစသေးတာကြောင့် ရှစ်နာရီခွဲလောက်တွင် မနက်စာကိုအေးအေးဆေးဆေးပြင်ဆင်နေခဲ့သည်။ ထို့နောက် ဝမ်းရှုလီအခန်းတံခါးကိုခေါက်ကာ
"အမေ ထတော့လေ မနက်စာစားကြမယ်"
ဝမ်းရှုလီပြန်မဖြေ ၊ သို့သော် ခဏအကြာတွင် တံခါးပွင့်လာ၏။ သူမက မျက်နှာသစ်သန့်စင်ရန်ရေချိုးခန်းထဲသွားကာ စားပွဲ၌ ရှန့်ချန်ခုန်းနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်တွင် ပေါင်မုန့်မီးကင်ထည့်ထားသည့်ပန်းကန်ပြားတစ်ချပ်နှင့်ဆန်ပြုတ်တစ်ပန်းကန်ရှိ၏။ ရှန့်ချန်ခုန်းက သူမအား အပူမလောင်စေရန်ဂရုစိုက်ဖို့ကိုလည်း သတိပေးရန်မမေ့ခဲ့...
ဝမ်းရှုလီကဇွန်းမသုံးတော့ဘဲ ပန်းကန်လုံးကိုယူကာတစ်ငုံသောက်လိုက်သည်။ သူမမျက်လုံးတွေက စားပွဲနားကအမှိုက်ပုံးထံကျရောက်နေလျက် ၊ မနေ့ကအမှိုက်တွေကိုတော့ ချန်ခုန်းကသန့်ရှင်းရေးလုပ်ပြီးသွားပြီဖြစ်တာကြောင့် ယခုတွင် အမှိုက်ပုံးထဲမှာဘာမျှမရှိ။ သူမအကြည့်တွေကိုပြန်ရုတ်သိမ်းရင်း ပန်းကန်လုံးကိုအောက်ချကာ ပေါင်မုန့်ချပ်ကိုယူရန်တူကိုကောက်ကိုင်လိုက်တော့သည်။
စားပွဲတစ်ခုလုံးတိတ်ဆိတ်နေကာ မည်သူမှစကားမပြောကြ..အသုံးအဆောင်ပစ္စည်းတွေနှင့်သူတို့စားသောက်နေရာမှထွက်ပေါ်လာသည့်အသံတွေသာရှိ၏။ စားသောက်ပြီးနောက် ရှန့်ချန်ခုန်းက ဝမ်းရှုလီ၏ဆေးကိုကမ်းပေးလိုက်ပြီး ပန်းကန်တွေကိုဆေးကြောရန် မီးဖိုချောင်ထဲယူသွား၏။ ထို့နောက် အလုပ်သွားရန်ထွက်လာတော့သည်။
သူ အလုပ်ကိုရောက်ချိန်တွင် ရှန့်ချန်ခုန်းကသူ့ကတ်ဖြင့်ထိုးကာ အင်္ကျီလဲရန်အဝတ်အစားလဲခန်းထဲသို့သွား၏။
သူဝင်သွားတော့ သူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က အတူတူထိုင်ရင်းစကားပြောနေကြသည်ကိုတွေ့လိုက်သည်။ ဖြတ်လျှောက်လာရင်းဖြင့် ရှန့်ချန်ခုန်း သူတို့ကိုနှုတ်ဆက်လိုက်၏။
"ဟယ်လို ဝမ်ကော ဝူကော"
"ရှောင်ရှန့် စောလှချည်လား"
ဝမ်ကောက သက်လတ်ပိုင်းအရွယ် နည်းနည်းလူကောင်ကြီးသည့်ယောက်ျားတစ်ယောက် ၊ ထူးထူးခြားခြား ဒီနေ့စိတ်ကောင်းဝင်နေလျက် ထိုသူက ရှန့်ချန်ခုန်းကိုကြည့်ရင်းပြုံးပြကာ
"အခုလေးတင် ငါ မင်းအကြောင်းကို ဝူကောနဲ့အတူတူပြောနေကြတာ"
သူ့နှုတ်ခမ်းထောင့်စွန်းကိုပင့်မ၍ ရှန့်ချန်ခုန်းက သူ့လော့ကာကိုဖွင့်ရင်းမေး၏။
"ဘာတွေပြောနေကြတာလဲ"
"အဆင့်လေ အာ မင်းကပစ္စည်းပို့တာအမြန်ဆုံးပဲ နောက်ပြီး မင်းရဲ့အဆင့်သတ်မှတ်ချက်တွေကလဲ အကုန်လုံးအကောင်းတွေချည်းပဲ..ရှောင်ကျန်းရဲ့မျက်လုံးတွေက ဒီရက်ပိုင်းမှာ တဖြည်းဖြည်းဖော်ရွေမှုနည်းလာတယ်လို့မင်းမထင်ဘူးလား"
ရှောင်ကျန်းက ရှန့်ချန်ခုန်းအလုပ်စဝင်တုန်းက အဆင့်သတ်မှတ်ချက်ထိပ်ဆုံးမှာရှိနေခဲ့တာ..
အပြုံးယဲ့ယဲ့လေးဖြင့် ရှန့်ချန်ခုန်းပြန်ဖြေ၏။
"အစ်ကိုကအတွေးလွန်နေတာပါ..အားလုံးက သူတို့အလုပ်တွေကို ကောင်းကောင်းမွန်မွန် ကြိုးကြိုးစားစားလုပ်နေကြတာပါ"
ဝမ်ကောက
"အရမ်းကြိုးစားပြီးမလုပ်နဲ့ အထူးသဖြင့် ပစ္စည်းပို့နေတဲ့အချိန်အတွင်းမှာ..အမြန်နှုန်းအစား ပို့နေစဉ်အတွင်းဘေးကင်းလုံခြုံမှုကိုပိုပြီးအလေးထားသင့်တယ်"
"ဟုတ်ကဲ့ပါ ကျွန်တော့်ကိုသတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဝမ်ကော"
"ဒါပေမဲ့ ငါအရမ်းသိချင်နေလို့...မင်းကဒီမှာနှစ်လပဲရှိသေးတယ်လေ ထိပ်ဆုံးကိုဘယ်လိုလုပ်ဒီလောက်မြန်မြန်ကြီးရောက်သွားရတာလဲ။ တခြားလူသစ်လေးတွေက မြေအနေအထားကိုမှတ်မိဖို့ အနည်းဆုံးတစ်လအချိန်ယူရပြီး အော်ဒါအများကြီးကိုလည်း မပို့နိုင်ကြဘူး...မင်းကိုင်တွယ်ထားတဲ့ပစ္စည်းပို့တဲ့အရေအတွက်နဲ့ နှိုင်းယှဉ်ကြည့်ရင်နည်းနေသေးတယ် မင်းကတော့စလုပ်တဲ့အချိန်ကနဲ့အတူတူပဲ"
နားထောင်နေတဲ့ဝူကောကလည်း မနေနိုင်တော့ဘဲ အံ့အားသင့်စွာဆိုလာ၏။
"ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ...အရင်က ငါသူ့ပစ္စည်းပို့တဲ့ဧရိယာကိုမြင်ဖူးတယ်..ဝိုး..နေရာကထူထပ်သိပ်သည်းပြီးရှုပ်ထွေးနေတာပဲ ၊ ဘယ်မြေအောက်ဥမင်မြေပုံထက်မဆို ပိုပြီးရှုပ်ထွေးတယ်..တကယ်လို့ တခြားအသစ်လေးတွေသာဆို နေရာမှာတင်အော်ငိုနေလိမ့်မယ်"
သူ့ယူနီဖောင်းကိုအပြင်ထုတ်ပြီး ရှန့်ချန်ခုန်းကသူ့လော့ကာကိုပိတ်ရင်းပြန်ဖြေ၏။
"ကျွန်တော်ငယ်ငယ်လေးတည်းက ကောင်းကောင်းမှတ်မိနိုင်စွမ်းရှိတယ်လေ..ဘယ်အရာမဆို အကြိမ်အနည်းငယ်ကြည့်လိုက်တာနဲ့ အခြေခံအားဖြင့်မှတ်မိနိုင်တယ် ၊ ကျွန်တော့်အော်ဒါတွေအတွက်ဆို ကျွန်တော့်မှာအော်ဒါတစ်ခုတည်းရှိတဲ့အချိန်တော့ ပုံမှန်အားဖြင့် မြေပုံကြည့်တက်တယ်...ဒါပေမဲ့ အော်ဒါအများကြီးကျတဲ့အချိန်ဆိုရင်တော့ မြေပုံကိုကြည့်ပြီးအနှောင့်အယှက်အဖြစ်မခံတော့ဘူး"
ဝူကောက
"မင်းလမ်းကြောင်းတွေအကုန်လုံးကို မှတ်မိတယ်ပေါ့"
"အင်း ပုံမှန်ဆို ကျွန်တော်ကအကွာအဝေးနဲ့အချိန်ကို ကျွန်တော့်ဘာသာတွက်ချက်ပြီးတော့ အချိန်တိုတိုနှင့်ခရီးရောက်စေမယ့်အနီးဆုံးလမ်းကိုစီစဉ်လိုက်တယ်"
ဝူကောကတအံတဩမပြောလာခင်အထိ ဝူကောနဲ့ဝမ်ကောတို့က တစ်ယောက်နှင့်တစ်ယောက် နှစ်စက္ကန့်လောက်ကြည့်နေကြလေသည်။
"ဒါကတက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ဦးနှောက်ဆိုတာပဲကို ၊ သူက...ဘာပါလိမ့်...အဆင့်မြင့်ကစားသမားတစ်ယောက်လိုမျိုးလား"
'ဘန်း'ဆိုသည့်အသံနှင့်အတူ ဝမ်ကောကသူ့ကိုအမြန်ပြန်ပြင်ပေးလိုက်၏။
"တက္ကသိုလ်ကျောင်းသားတိုင်းက ဒီလိုမျိုးတော်နေကြတာမဟုတ်ဘူး..ငါ့ရဲ့တူအကြီးဆုံးကလဲတက္ကသိုလ်ကျောင်းသားပဲ ၊ ဒါပေမဲ့ သူကငါ့လောက်တောင်မတော်ဘူး"
အင်္ကျီဝတ်နေရင်းဖြင့် ရှန့်ချန်ခုန်းကပြုံးရင်းဆို၏။
"ဝမ်ကော ဝူကော ကျွန်တော်အရင်သွားနှင့်တော့မယ်"
"ကောင်းပြီ ဒီနေ့ကလေထန်တယ်နော် မင်းမှာ mask ရောရှိရဲ့လား..မရှိဘူးဆို နောက်တစ်ခေါက်ဝယ်ဖို့မမေ့နဲ့ဦး"
"ဟုတ်ကဲ့ပါ"
ရှန့်ချန်ခုန်းထွက်သွားသည့်အချိန်မှာပဲ ရွှီလျန်လည်း သူမအိမ်ကနေထွက်လာခဲ့လေပြီ။ သူမဆိုင်က ဆယ်နာရီမတိုင်ခင်ထိ မဖွင့်သေးတာကြောင့် သူမအိပ်ရာထပြီးတိုင်း သူမတို့အိမ်ရာပတ်လည်၌ တစ်နာရီခွဲလောက် အမြဲလိုလိုပတ်ပြေးတက်၏။ သူမက Starlight ပန်းခြံအနီးမှာနေတာကြောင့် ကားလမ်းပိတ်ဆို့မှုမရှိလျှင် အလုပ်ကိုမိနစ်နှစ်ဆယ်လောက်ပဲကားမောင်းရ၏။
ဒီနေ့ သူမဝန်ထမ်းလေးက ဆိုင်တံခါးရှေ့တွင် အချိန်မီပေါ်လာ၏။ ရွှီလျန်၏ကားရောက်လာသည်ကိုမြင်တော့ နှုတ်ဆက်ရန် သူမလက်လှမ်းပြလိုက်သည်။ ရွှီလျန်က သူမကားကိုဆိုင်နှင့်အဝေးကြီးတွင် ပါကင်မထိုးခဲ့ ၊ ထို့နောက် ဆိုင်တံခါးဖွင့်ရန်လမ်းလျှောက်လာတော့၏။
"ဘော့စ် မနေ့ကဆိုင်မှာအလုပ်များခဲ့သေးလား"
"အရမ်းမဆိုးပါဘူး"
"အဲတော့ မနေ့က ဘော့စ်ဘာစားခဲ့လဲ...ကြက်ခြေထောက်တော့ထပ်မစားခဲ့ဘူးမလား ဟုတ်တယ်မလား"
ကျန်းကော်အာ ဤသို့ပြောနေရင်း သူမကတခြားသူ၏လက်မောင်းကိုပုတ်ကာ
"အမှန်တိုင်းပြော အဲဒီပစ္စည်းပို့တဲ့ကောင်လေးကိုတွေ့ချင်လို့ ဘော့စ်ကအမြဲတမ်း Chicken Set ပဲမှာနေတာမလား"
လမ်းလျှောက်ဝင်လာသည့်ရွှီလျန်က ခဏရပ်တန့်သွားပြီး သူမကိုပြန်ကြည့်လျက်
"ဘာလို့လဲ..အော်ဒါလာပို့တဲ့အချိန်တိုင်း ပစ္စည်းပို့တဲ့ကောင်လေးကအတူတူပဲလား"
ကျန်းကော်အာ "....."
အိုကေ ငါမမေးခဲ့သလိုပဲဟန်ဆောင်လိုက်မယ်..
"သူတို့အားလုံးကတူညီတဲ့အင်္ကျီနဲ့ဦးထုပ်တွေကိုပဲဝတ်ထားတာလေ ငါကလူကိုဘယ်လိုလုပ်မှတ်မိမှာလဲ"
ရွှီလျန်ကဂရုမစိုက် ၊ ကျန်းကော်အာကလုံးဝသဘောမတူ..သူမနှုတ်ခမ်းတွေစူရင်းစကားဆို၏။
"ဒီပစ္စည်းပို့တဲ့ကောင်လေးက တခြားသူတွေထက်ပိုပြီးအသားဖြူတယ်..သူ sunscreen ဘာသုံးတာလဲလို့တောင် ကျွန်မကသူ့ကိုမေးချင်နေတာ"
"အို့"
"နောက်ပြီး သူကချောလည်းချောတယ်..အထူးသဖြင့် သူ့မျက်လုံးတွေက စူးရှနက်နဲပြီးလွမ်းဆွေးဖွယ်ကောင်းတယ်လို့မထင်ဘူးလား ၊ သူက idol drama ထဲမှာဆိုဒုတိယဇာတ်လိုက်မင်းသားတောင်ဖြစ်နိုင်တယ်"
"ငါသတိမထားမိဘူး"
နောက်ဆုံးတော့ ရွှီလျန်စကားရပ်ကာ ကောင်မလေးကိုသေသေချာချာလှည့်ကြည့်ရင်း
"မင်းသူ့ကိုကြိုက်နေတာလား"
"ဟား ဟား ဟား"
ကျန်းကော်အာက သူမကျောပိုးအိတ်ထဲက အမည်းရောင်မှတ်စုစာအုပ်သေးသေးလေးတစ်အုပ်ကိုမထုတ်လိုက်ခင်ထိ အားရပါးရရယ်မောနေတော့သည်။ ရွှီလျန်ကိုလက်ဝှေ့ယမ်းပြရင်းပြော၏။
"ကျွန်မကမကြိုက်ပါဘူး..ကျွန်မကသူ့ကို လေ့လာချက်နံပါတ်.0123 အဖြစ်စာရင်းမှတ်ထားရုံပါပဲ"
ရွှီလျန်အကြည့်တွေက မှတ်စုစာအုပ်လေးပေါ်ရောက်သွား၏။ '1000 faces'ဆိုသည့်စကားလုံးတွေကို မှင်အဖြူရောင်ဖြင့်ရေးသားထားကာ အထူးသဖြင့် ဤစကားလုံးတွေကမျက်စိဖမ်းစားနိုင်လေသည်။ ရွှီလျန် ဘာမှထပ်မပြောတော့ဘဲ အပေါ်ထပ်တက်သွားတော့၏။
ကျန်းကော်အာ သူမလက်ကိုပြန်ရုတ်ကာ မှတ်စုစာအုပ်လေးကိုဖွင့်လိုက်သည်။ နံပါတ်.0121 ၏အောက်ခြေ၌ သူမဤသို့ရေးမှတ်လိုက်၏။ —ဒီနေ့ ဘော့စ်ကအမြဲလိုပဲအေးစက်နေဆဲ— ထို့နောက် သူမကမျက်မှောင်ကြုတ်ထားသည့်မျက်နှာပုံလေးတစ်ပုံဆွဲလိုက်၏။
ကျန်းကော်အာက အနုပညာတက္ကသိုလ်ရှိဒရာမာ၊ရုပ်ရှင်နှင့်ရုပ်မြင်သံကြားစာပေအထူးပြုစီိီနီယာတစ်ယောက် ၊ သူမက မတူညီသည့်လူပေါင်း ၁၀၀၀ ကိုကုန်ကြမ်းအဖြစ်စုဆောင်းကာ သူမရေးသားမည့်အနာဂတ်ဇာတ်ကောင်များကို မှီငြမ်းရန်အတွက် သူမ၏မှတ်စုစာအုပ်လေးထဲတွင် ၎င်းတို့၏ကိုယ်ရည်ကိုယ်သွေးများနှင့်လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားရန် အိပ်မက်ကြီးတစ်ခုရှိခဲ့သည်။
ရွှီလျန်ကလည်း သူမလေ့လာနေသည့်လူတွေထဲကတစ်ယောက်..
သူမ အလုပ်အင်တာဗျူးအတွက်လာတဲ့အချိန်တည်းက သူမကဒီအကြောင်းကို ရွှီလျန်အားပြောပြပြီးပြီဲဖြစ်ကာ ရွှီလျန်ကလည်းဂရုမစိုက်ခဲ့ပေ။
ဆိုင်ကဆယ်နာရီဖွင့်မှာဖြစ်သောကြောင့် မနက်ခင်းကုန်ဆုံးရန်အချိန်သိပ်မကျန်တော့ ၊ ရွှီလျန်အား နေ့လည်စာဘာစားချင်လဲမေးရန်အတွက် ကျန်းကော်အာကအပေါ်ထပ်သို့ပြေးတက်သွား၏။ ကျန်းကော်အာ သူမကိုမေးလာချိန်၌ ရွှီလျန်က bubbler(ဓာတုဓာတ်ခွဲခန်းတွင်သုံးသည့်ပစ္စည်းတစ်မျိုး) ဖြင့်ဖယောင်းအရောင်တင်နေရင်းတန်းလန်း...
"ဘော့စ် နေ့လည်စာဘာစားချင်လဲ"
"ငါ အသီးအရွက်ပဲစားချင်တယ်"
"ဘော့စ် မျှစားချင်သေးလား..အဲတာဆို ကျွန်မတို့ဟင်းပွဲနည်းနည်းလောက်ထပ်မှာလို့ရတယ်"
"ရတာပေါ့"
"ဒါဆို တစ်ချက်ကြည့်ပြီး ဘော့စ်စားချင်တာရွေးလိုက်"
ကျန်းကော်အာက သူမဖုန်းကိုကမ်းပေးလိုက်သည်။ သူတို့အော်ဒါမှာပြီးနောက် ကျန်းကော်အာကအောက်ထပ်သို့ပြေးဆင်းသွားပြီး ပစ္စည်းပို့သည့်ကောင်လေးကိုစောင့်နေတော့၏။ ရွှီလျန်ကတော့ အပေါ်ထပ်တွင်သာနေခဲ့ရင်း သူမအလုပ်ကိုဆက်လုပ်နေခဲ့သည်။ အကယ်၍ အရည်ဖျော်ပြီးသားဖယောင်းကိုသာ ပုံစံခွက်ထဲအချိန်မီမထည့်နိုင်ခဲ့လျှင် ဖယောင်းတွေကမာကျောလာပြီးခဲသွားလိမ့်မည်။ အရင်ကလုပ်ထားသမျှအားလုံးက အချည်းနှီးသာဖြစ်သွားပေလိမ့်မည်။
ပုံစံခွက်နှစ်ခွက်ထဲကိုဖြည့်ပြီးနောက် ရွှီလျန်ကလက်ဆေးရန် အောက်ထပ်ဆင်းလာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစားအသောက်ကလည်း တစ်ချိန်တည်းရောက်လာခဲ့၏။ ဒီတစ်ခေါက်တော့ ရွှီလျန်က ပစ္စည်းပို့တဲ့ကောင်လေး၏ပုံပန်းသွင်ပြင်ကို ပုံမှန်ထက်ပိုပြီးအာရုံစိုက်လိုက်၏။ သို့သော် ဒီကောင်လေးက သူမထင်ထားသလို အသားမဖြူဘူးဆိုတာကိုတွေ့လိုက်ရလေသည်။
"သူမဟုတ်ဘူး"
ပစ္စည်းပို့သည့်ကောင်လေးထွက်သွားပြီးနောက် ကျန်းကော်အာကဘူးကိုဖွင့်ရင်း ရွှီလျန်အားပြော၏။
"ဒီနေ့ အော်ဒါလာပို့တဲ့သူက တခြားတစ်ယောက်..နောက်တစ်ခေါက် လွမ်းဆွေးဖွယ်မျက်ဝန်းတွေနဲ့အသားဖြူဖြူကောင်လေး အော်ဒါပို့ဖို့ရောက်လာရင် ကျွန်မဘော့စ်ကိုခေါ်လိုက်မယ်"
"ငါသူ့ကိုတကယ်မတွေ့ချင်ပါဘူးနော်"
"ခုနက ဘော့စ် အဲဒီသူကိုခိုးကြည့်လိုက်တာ ကျွန်မမြင်ပါတယ်နော်"
ရွှီလျန်က သူမတူကိုကောက်ကိုင်ကာ သူမလေးနဲ့စကားပြောရပ်ရန်ဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် စားပွဲပေါ်ကသူမဖုန်းကတုန်ခါလာ၏။ ရွှီလျန်က တူကိုသူမပါးစပ်ထဲထည့်ကာ ဖုန်းကိုယူလိုက်သည်။
အတန်းခေါင်းဆောင် : [ ရွှီလျန် ငါတို့တွေအတန်းပြန်လည်တွေ့ဆုံပွဲလုပ်ဖို့စီစဉ်နေကြတာ နင်ရောပါဝင်ဖို့စိတ်ဝင်စားလား ]
ရွှီလျန်က'စိတ်မဝင်စားဘူး'ဟုချက်ချင်းရေးလိုက်သော်လည်း စာကြောင်းကိုပြန်ဖျက်ကာ 'ငါ့မှာအချိန်မရှိဘူး'ဟုသာရေးခဲ့၏။
အတန်းခေါင်းဆောင် : [ နင်အလုပ်ရှုပ်နေလို့လား ဒါပေမဲ့ ငါတို့က ဘယ်အချိန်တွေ့ဆုံပွဲလုပ်မှာလဲဆိုတာ မဆုံးဖြတ်ရသေးဘူး...ငါတို့အချိန်သတ်မှတ်ပြီးရင် ငါနင့်ကိုအကြောင်းကြားလိုက်မယ် လာနိုင်အောင်ကြိုးစားကြည့်ပါ ငါတို့အားလုံးမဆုံဖြစ်ကြတာအတော်ကြာနေပြီလေ ]
ရွှီလျန် : [ ဒါဆိုလည်း တွေ့ကြတာပေါ့ ]
အတန်းခေါင်းဆောင် : [ အိုကေ ဒါနဲ့ နင်ကအထက်တန်းကျောင်းဂရုထဲမှာ ဘာလို့မရှိရတာလဲ ]
ရွှီလျန် : [ ငါမရှိဘူးလား? ငါ မတော်တဆ ဖျက်လိုက်မိတာပဲနေမယ် ]
အတန်းခေါင်းဆောင် : [ ဒါဆို နောက်ကျရင် ငါနင့်ကိုပြန်ထည့်လိုက်မယ် ]
"........."
နောက်ကျရင်လည်း သူမ မတော်တဆ အထုတ်ခံလိုက်ရလိမ့်မယ်လို့တွေးလိုက်၏။
"ဘော့စ် ဘယ်သူလဲ"
ကျန်းကော်အာက သူမကိုသိချင်စိတ်ဖြင့်ကြည့်နေ၏။ ရွှီလျန်က သူမဖုန်းကိုစားပွဲပေါ်ပြန်မထားမီ သူမကိုဖျက်ခနဲကြည့်လိုက်သည်။
"ငါ့ရဲ့အထက်တန်းအတန်းခေါင်းဆောင်က အတန်းပြန်လည်တွေ့ဆုံပွဲကိုလာဖို့ စိတ်ဝင်စားလားလို့မေးနေတာ"
"အို့ ကျွန်မမှန်းကြည့်မယ် ဘော့စ်လုံးဝစိတ်မဝင်စားဘူးမလား"
ဒီလအနည်းငယ်အတွင်း သူမ ရွှီလျန်ကိုလေ့လာမှုအရ သူမ၏ဘော့စ်က ဘယ်လူမှုရေးလှုပ်ရှားမဆိုပါဝင်ခဲပြီး ရွှီလျန်ထံသူငယ်ချင်းတစ်ယောက်တစ်လေလာလည်သည်ကိုတောင် သူမလုံးဝမတွေ့ဖူးပေ။ နံပါတ်.0122 မှလွဲ၍....
ရွှီလျန် : "ငါတကယ်စိတ်မဝင်စားဘူး"
ကျန်းကော်အာ ခေါင်းယမ်းလျက်
"ဘော့စ် ဒီလိုဆက်လုပ်နေလို့မရဘူး ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ယနေ့ခေတ်လူငယ်တွေကို အပြစ်ရှာဝေဖန်နေတဲ့ပို့စ်တစ်ခုကို ကျွန်မတွေ့လိုက်တယ်..ပြောထားတာက သူတို့ကအချိန်ပြည့်အိမ်မှာပဲနေနေကြတယ်..ပတ်ဝန်းကျင်နဲ့ရောရောနှောနှောမနေကြဘူး အဲတော့ သူတို့ဘယ်လိုလုပ်ချစ်သူကောင်လေးတွေ၊ကောင်မလေးတွေရှာနိုင်ကြမှာလဲတဲ့"
"အဓိပ္ပာယ်မရှိလိုက်တာ"
ရွှီလျန်က နှာတစ်ချက်မှုတ်ရင်း
"ငါအပြင်ကိုမထွက်တဲ့၊ရောရောနှောနှောမနေတဲ့အချက်က ငါကဒီအတိုင်းငါ့ဘာသာနေရတာကိုပဲကြိုက်လို့..ဆိုလိုတာက ငါတစ်ယောက်တည်းနေရတာကိုပဲလိုလားတယ်"
_______________
ည(၁၀:၂၀)ေလာက္တြင္ ရွန့္ခ်န္ခုန္း အိမ္ေရွ႕တံခါးကိုျဖည္းျဖည္းခ်င္းဖြင့္ေနခဲ့သည္။ အခန္းကတိတ္ဆိတ္ေနလ်က္ သူ႕အေမလည္းအိပ္ေပ်ာ္ေနတာၾကာေလၿပီ။ သူက တံခါးပိတ္လိုက္ေသာ္လည္း မီးမဖြင့္ခဲ့..တံခါးကိုသာေလာ့ခ်ၿပီး ဝမ္းရႈလီအိပ္ရာမဝင္ခင္ဖယ္ရွားေပးခဲ့သည့္ခ်ိန္းႀကိဳးကိုျပန္ေစ့ပိတ္လိုက္၏။
ဧည့္ခန္းထဲရွိစားပြဲေပၚတြင္ ပန္းကန္မ်ားစြာရွိေနကာ ရွန့္ခ်န္ခုန္းက ပန္းကန္ေတြကိုအထပ္ထပ္ဆင့္စီရင္း ေဆးေၾကာရန္မီးဖိုေခ်ာင္ထဲသယ္သြား၏။ ေဆးေၾကာၿပီးေနာက္ ပလတ္စတစ္အိတ္အသစ္တစ္လုံးကိုယူကာ မနက္ျဖန္မနက္ပိုင္းတြင္လႊင့္ပစ္မည့္အမွိုက္ပုံးထဲကအိတ္ႏွင့္လဲလွယ္လိုက္သည္။
သို႔ေသာ္ အိတ္လဲရန္ငုံ႕လိုက္ခ်ိန္၌ ရွန့္ခ်န္ခုန္းတုံ႕ဆိုင္းသြားခဲ့၏။ အမွိုက္ပုံးထဲတြင္စာတစ္ေစာင္ရွိေနကာ အလယ္ကေနၿဖဲထားလ်က္...စာအိတ္ပုံစံႏွင့္အေရာင္ကို သူရင္းႏွီးေနသည္။
စာအိတ္ကိုအျပင္ထုတ္ယူလိုက္ခ်ိန္တြင္သူအံ့ဩေနမိသား...
ေသခ်ာတာေပါ့ ဒါကေလေၾကာင္းတကၠသိုလ္ကစာအိတ္...
စာအိတ္ေပၚကလိပ္စာကို 'ရွန့္ခ်န္ခုန္း' ဟုထင္ထင္ရွားရွားျဖင့္ တညီတညာတည္း အတိုင္းသားရိုက္ႏွိပ္ထား၏။
အေတာ္ၾကာရပ္ေနၿပီးေနာက္ မီးဖိုေခ်ာင္မီးကိုပိတ္ကာ စာ႐ြက္အပိုင္းအစေတြကို သူ႕အခန္းထဲသို႔ျပန္ယူသြားေတာ့သည္။ အိပ္ရာေဘးကမီးအိမ္ေသးေလးကိုဖြင့္ရင္း ဆုတ္ၿဖဲထားသည့္အပိုင္းအစႏွစ္ခုကို နဂိုအတိုင္းျပန္ျဖစ္ေအာင္လုပ္လိုက္၏။
'ခ်န္ခုန္း ;
ေလေၾကာင္းတကၠသိုလ္ဘြဲ႕ရေက်ာင္းသားေတြအတြက္ စာရင္းေပးသြင္းျခင္းကမၾကာခင္စတင္ေတာ့မယ္ ၊ ေလယာဥ္ဒီဇိုင္းေမဂ်ာအတြက္ႏွစ္ေနရာရွိတယ္..ဒီအေၾကာင္းေတြကိုမင္းသိလားဆိုတာေတာ့အန္ကယ္မသိဘူး..အဲဒါေၾကာင့္ စာရင္းေပးသြင္းရမယ့္ေဖာင္ကို အန္ကယ္ပရင့္ထုတ္ၿပီးေတာ့ မင္းဆီကိုပို႔ေပးလိုက္တယ္..အန္ကယ္ မင္းရဲ႕အခက္အခဲေတြကိုလည္းသိတယ္ မင္းအေနအထားကိုလည္းနားလည္ေပမဲ့ မင္းကအရမ္းငယ္ေသးတယ္ ၊ မင္းမွာအရည္အခ်င္းေကာင္းေတြနဲ႕မင္းအေဖထက္မနည္းနိုင္တဲ့စိတ္အားထက္သန္မႈေတြရွိတယ္..မင္း ဒီလိုမ်ိဳးလက္ေလွ်ာ့မွာမဟုတ္ခဲ့ဘူးလို႔ အန္ကယ္မင္းကိုအၿမဲယုံၾကည္ခဲ့တာ...
အန္ကယ္ ေထာက္ခံစာနဲ႕တြဲေပးထားတယ္..ေနာက္ႏွစ္ ေလေၾကာင္းတကၠသိုလ္မွာ မင္းကိုေတြ႕ရမယ္လို႔ အန္ကယ္ေမွ်ာ္လင့္ပါတယ္...
အန္ကယ္ေဟာ္'
အန္ကယ္ေဟာ္၏စာကတိုလြန္းေနေပမဲ့လည္း ရွန့္ခ်န္ခုန္း ထိုစာကိုထပ္ခါထပ္ခါဖတ္ေနမိ၏။ စာရင္းေပးသြင္းရမည့္ေဖာင္ကိုေတြ႕ေတာ့ မွတ္ပုံတင္ရမည့္ကာလကိုၾကည့္လိုက္သည္။
ေအာက္တိုဘာ ၂၁ မွ ေအာက္တိုဘာ ၃၁ ထိ။
တိတ္ဆိတ္ေနသည့္ညခ်မ္း၌ ရွန့္ခ်န္ခုန္းမ်က္ဝန္းထဲအနည္းငယ္ဝင္းလက္သြား၏။ တဖ်က္ဖ်က္ေတာက္ပေနကာ...သိုသိုသိပ္သိပ္ျဖင့္ အေမွာင္ထဲေပ်ာက္ကြယ္သြားေတာ့သည္။
သူ စာအိတ္ကိုေခါက္ကာ အံဆြဲကိုဖြင့္၍ ဟိုးေအာက္ဆုံး၌သိမ္းထားလိုက္ေတာ့၏။
ေနာက္တစ္ေန႕ ရွန့္ခ်န္ခုန္း ေစာေစာအိပ္ရာနိုးလာသည္။ ယေန႕ သူကေန႕ဆိုင္း ၊ အမွာစာေတြက ဆယ္နာရီမတိုင္ခင္ထိမစေသးတာေၾကာင့္ ရွစ္နာရီခြဲေလာက္တြင္ မနက္စာကိုေအးေအးေဆးေဆးျပင္ဆင္ေနခဲ့သည္။ ထို႔ေနာက္ ဝမ္းရႈလီအခန္းတံခါးကိုေခါက္ကာ
"အေမ ထေတာ့ေလ မနက္စာစားၾကမယ္"
ဝမ္းရႈလီျပန္မေျဖ ၊ သို႔ေသာ္ ခဏအၾကာတြင္ တံခါးပြင့္လာ၏။ သူမက မ်က္ႏွာသစ္သန့္စင္ရန္ေရခ်ိဳးခန္းထဲသြားကာ စားပြဲ၌ ရွန့္ခ်န္ခုန္းႏွင့္မ်က္ႏွာခ်င္းဆိုင္ဝင္ထိုင္လိုက္သည္။ စားပြဲေပၚတြင္ ေပါင္မုန့္မီးကင္ထည့္ထားသည့္ပန္းကန္ျပားတစ္ခ်ပ္ႏွင့္ဆန္ျပဳတ္တစ္ပန္းကန္ရွိ၏။ ရွန့္ခ်န္ခုန္းက သူမအား အပူမေလာင္ေစရန္ဂ႐ုစိုက္ဖို႔ကိုလည္း သတိေပးရန္မေမ့ခဲ့...
ဝမ္းရႈလီကဇြန္းမသုံးေတာ့ဘဲ ပန္းကန္လုံးကိုယူကာတစ္ငုံေသာက္လိုက္သည္။ သူမမ်က္လုံးေတြက စားပြဲနားကအမွိုက္ပုံးထံက်ေရာက္ေနလ်က္ ၊ မေန႕ကအမွိုက္ေတြကိုေတာ့ ခ်န္ခုန္းကသန့္ရွင္းေရးလုပ္ၿပီးသြားၿပီျဖစ္တာေၾကာင့္ ယခုတြင္ အမွိုက္ပုံးထဲမွာဘာမွ်မရွိ။ သူမအၾကည့္ေတြကိုျပန္႐ုတ္သိမ္းရင္း ပန္းကန္လုံးကိုေအာက္ခ်ကာ ေပါင္မုန့္ခ်ပ္ကိုယူရန္တူကိုေကာက္ကိုင္လိုက္ေတာ့သည္။
စားပြဲတစ္ခုလုံးတိတ္ဆိတ္ေနကာ မည္သူမွစကားမေျပာၾက..အသုံးအေဆာင္ပစၥည္းေတြႏွင့္သူတို႔စားေသာက္ေနရာမွထြက္ေပၚလာသည့္အသံေတြသာရွိ၏။ စားေသာက္ၿပီးေနာက္ ရွန့္ခ်န္ခုန္းက ဝမ္းရႈလီ၏ေဆးကိုကမ္းေပးလိုက္ၿပီး ပန္းကန္ေတြကိုေဆးေၾကာရန္ မီးဖိုေခ်ာင္ထဲယူသြား၏။ ထို႔ေနာက္ အလုပ္သြားရန္ထြက္လာေတာ့သည္။
သူ အလုပ္ကိုေရာက္ခ်ိန္တြင္ ရွန့္ခ်န္ခုန္းကသူ႕ကတ္ျဖင့္ထိုးကာ အကၤ်ီလဲရန္အဝတ္အစားလဲခန္းထဲသို႔သြား၏။
သူဝင္သြားေတာ့ သူ႕လုပ္ေဖာ္ကိုင္ဖက္ႏွစ္ေယာက္က အတူတူထိုင္ရင္းစကားေျပာေနၾကသည္ကိုေတြ႕လိုက္သည္။ ျဖတ္ေလွ်ာက္လာရင္းျဖင့္ ရွန့္ခ်န္ခုန္း သူတို႔ကိုႏႈတ္ဆက္လိုက္၏။
"ဟယ္လို ဝမ္ေကာ ဝူေကာ"
"ေရွာင္ရွန့္ ေစာလွခ်ည္လား"
ဝမ္ေကာက သက္လတ္ပိုင္းအ႐ြယ္ နည္းနည္းလူေကာင္ႀကီးသည့္ေယာက္်ားတစ္ေယာက္ ၊ ထူးထူးျခားျခား ဒီေန႕စိတ္ေကာင္းဝင္ေနလ်က္ ထိုသူက ရွန့္ခ်န္ခုန္းကိုၾကည့္ရင္းၿပဳံးျပကာ
"အခုေလးတင္ ငါ မင္းအေၾကာင္းကို ဝူေကာနဲ႕အတူတူေျပာေနၾကတာ"
သူ႕ႏႈတ္ခမ္းေထာင့္စြန္းကိုပင့္မ၍ ရွန့္ခ်န္ခုန္းက သူ႕ေလာ့ကာကိုဖြင့္ရင္းေမး၏။
"ဘာေတြေျပာေနၾကတာလဲ"
"အဆင့္ေလ အာ မင္းကပစၥည္းပို႔တာအျမန္ဆုံးပဲ ေနာက္ၿပီး မင္းရဲ႕အဆင့္သတ္မွတ္ခ်က္ေတြကလဲ အကုန္လုံးအေကာင္းေတြခ်ည္းပဲ..ေရွာင္က်န္းရဲ႕မ်က္လုံးေတြက ဒီရက္ပိုင္းမွာ တျဖည္းျဖည္းေဖာ္ေ႐ြမႈနည္းလာတယ္လို႔မင္းမထင္ဘူးလား"
ေရွာင္က်န္းက ရွန့္ခ်န္ခုန္းအလုပ္စဝင္တုန္းက အဆင့္သတ္မွတ္ခ်က္ထိပ္ဆုံးမွာရွိေနခဲ့တာ..
အၿပဳံးယဲ့ယဲ့ေလးျဖင့္ ရွန့္ခ်န္ခုန္းျပန္ေျဖ၏။
"အစ္ကိုကအေတြးလြန္ေနတာပါ..အားလုံးက သူတို႔အလုပ္ေတြကို ေကာင္းေကာင္းမြန္မြန္ ႀကိဳးႀကိဳးစားစားလုပ္ေနၾကတာပါ"
ဝမ္ေကာက
"အရမ္းႀကိဳးစားၿပီးမလုပ္နဲ႕ အထူးသျဖင့္ ပစၥည္းပို႔ေနတဲ့အခ်ိန္အတြင္းမွာ..အျမန္ႏႈန္းအစား ပို႔ေနစဥ္အတြင္းေဘးကင္းလုံၿခဳံမႈကိုပိုၿပီးအေလးထားသင့္တယ္"
"ဟုတ္ကဲ့ပါ ကြၽန္ေတာ့္ကိုသတိေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ ဝမ္ေကာ"
"ဒါေပမဲ့ ငါအရမ္းသိခ်င္ေနလို႔...မင္းကဒီမွာႏွစ္လပဲရွိေသးတယ္ေလ ထိပ္ဆုံးကိုဘယ္လိုလုပ္ဒီေလာက္ျမန္ျမန္ႀကီးေရာက္သြားရတာလဲ။ တျခားလူသစ္ေလးေတြက ေျမအေနအထားကိုမွတ္မိဖို႔ အနည္းဆုံးတစ္လအခ်ိန္ယူရၿပီး ေအာ္ဒါအမ်ားႀကီးကိုလည္း မပို႔နိုင္ၾကဘူး...မင္းကိုင္တြယ္ထားတဲ့ပစၥည္းပို႔တဲ့အေရအတြက္နဲ႕ ႏွိုင္းယွဥ္ၾကည့္ရင္နည္းေနေသးတယ္ မင္းကေတာ့စလုပ္တဲ့အခ်ိန္ကနဲ႕အတူတူပဲ"
နားေထာင္ေနတဲ့ဝူေကာကလည္း မေနနိုင္ေတာ့ဘဲ အံ့အားသင့္စြာဆိုလာ၏။
"ဘယ္လိုလုပ္ျဖစ္နိုင္တာလဲ...အရင္က ငါသူ႕ပစၥည္းပို႔တဲ့ဧရိယာကိုျမင္ဖူးတယ္..ဝိုး..ေနရာကထူထပ္သိပ္သည္းၿပီးရႈပ္ေထြးေနတာပဲ ၊ ဘယ္ေျမေအာက္ဥမင္ေျမပုံထက္မဆို ပိုၿပီးရႈပ္ေထြးတယ္..တကယ္လို႔ တျခားအသစ္ေလးေတြသာဆို ေနရာမွာတင္ေအာ္ငိုေနလိမ့္မယ္"
သူ႕ယူနီေဖာင္းကိုအျပင္ထုတ္ၿပီး ရွန့္ခ်န္ခုန္းကသူ႕ေလာ့ကာကိုပိတ္ရင္းျပန္ေျဖ၏။
"ကြၽန္ေတာ္ငယ္ငယ္ေလးတည္းက ေကာင္းေကာင္းမွတ္မိနိုင္စြမ္းရွိတယ္ေလ..ဘယ္အရာမဆို အႀကိမ္အနည္းငယ္ၾကည့္လိုက္တာနဲ႕ အေျခခံအားျဖင့္မွတ္မိနိုင္တယ္ ၊ ကြၽန္ေတာ့္ေအာ္ဒါေတြအတြက္ဆို ကြၽန္ေတာ့္မွာေအာ္ဒါတစ္ခုတည္းရွိတဲ့အခ်ိန္ေတာ့ ပုံမွန္အားျဖင့္ ေျမပုံၾကည့္တက္တယ္...ဒါေပမဲ့ ေအာ္ဒါအမ်ားႀကီးက်တဲ့အခ်ိန္ဆိုရင္ေတာ့ ေျမပုံကိုၾကည့္ၿပီးအေႏွာင့္အယွက္အျဖစ္မခံေတာ့ဘူး"
ဝူေကာက
"မင္းလမ္းေၾကာင္းေတြအကုန္လုံးကို မွတ္မိတယ္ေပါ့"
"အင္း ပုံမွန္ဆို ကြၽန္ေတာ္ကအကြာအေဝးနဲ႕အခ်ိန္ကို ကြၽန္ေတာ့္ဘာသာတြက္ခ်က္ၿပီးေတာ့ အခ်ိန္တိုတိုႏွင့္ခရီးေရာက္ေစမယ့္အနီးဆုံးလမ္းကိုစီစဥ္လိုက္တယ္"
ဝူေကာကတအံတဩမေျပာလာခင္အထိ ဝူေကာနဲ႕ဝမ္ေကာတို႔က တစ္ေယာက္ႏွင့္တစ္ေယာက္ ႏွစ္စကၠန့္ေလာက္ၾကည့္ေနၾကေလသည္။
"ဒါကတကၠသိုလ္ေက်ာင္းသားတစ္ေယာက္ရဲ႕ဦးေႏွာက္ဆိုတာပဲကို ၊ သူက...ဘာပါလိမ့္...အဆင့္ျမင့္ကစားသမားတစ္ေယာက္လိုမ်ိဳးလား"
'ဘန္း'ဆိုသည့္အသံႏွင့္အတူ ဝမ္ေကာကသူ႕ကိုအျမန္ျပန္ျပင္ေပးလိုက္၏။
"တကၠသိုလ္ေက်ာင္းသားတိုင္းက ဒီလိုမ်ိဳးေတာ္ေနၾကတာမဟုတ္ဘူး..ငါ့ရဲ႕တူအႀကီးဆုံးကလဲတကၠသိုလ္ေက်ာင္းသားပဲ ၊ ဒါေပမဲ့ သူကငါ့ေလာက္ေတာင္မေတာ္ဘူး"
အကၤ်ီဝတ္ေနရင္းျဖင့္ ရွန့္ခ်န္ခုန္းကၿပဳံးရင္းဆို၏။
"ဝမ္ေကာ ဝူေကာ ကြၽန္ေတာ္အရင္သြားႏွင့္ေတာ့မယ္"
"ေကာင္းၿပီ ဒီေန႕ကေလထန္တယ္ေနာ္ မင္းမွာ mask ေရာရွိရဲ႕လား..မရွိဘူးဆို ေနာက္တစ္ေခါက္ဝယ္ဖို႔မေမ့နဲ႕ဦး"
"ဟုတ္ကဲ့ပါ"
ရွန့္ခ်န္ခုန္းထြက္သြားသည့္အခ်ိန္မွာပဲ ႐ႊီလ်န္လည္း သူမအိမ္ကေနထြက္လာခဲ့ေလၿပီ။ သူမဆိုင္က ဆယ္နာရီမတိုင္ခင္ထိ မဖြင့္ေသးတာေၾကာင့္ သူမအိပ္ရာထၿပီးတိုင္း သူမတို႔အိမ္ရာပတ္လည္၌ တစ္နာရီခြဲေလာက္ အၿမဲလိုလိုပတ္ေျပးတက္၏။ သူမက Starlight ပန္းၿခံအနီးမွာေနတာေၾကာင့္ ကားလမ္းပိတ္ဆို႔မႈမရွိလွ်င္ အလုပ္ကိုမိနစ္ႏွစ္ဆယ္ေလာက္ပဲကားေမာင္းရ၏။
ဒီေန႕ သူမဝန္ထမ္းေလးက ဆိုင္တံခါးေရွ႕တြင္ အခ်ိန္မီေပၚလာ၏။ ႐ႊီလ်န္၏ကားေရာက္လာသည္ကိုျမင္ေတာ့ ႏႈတ္ဆက္ရန္ သူမလက္လွမ္းျပလိုက္သည္။ ႐ႊီလ်န္က သူမကားကိုဆိုင္ႏွင့္အေဝးႀကီးတြင္ ပါကင္မထိုးခဲ့ ၊ ထို႔ေနာက္ ဆိုင္တံခါးဖြင့္ရန္လမ္းေလွ်ာက္လာေတာ့၏။
"ေဘာ့စ္ မေန႕ကဆိုင္မွာအလုပ္မ်ားခဲ့ေသးလား"
"အရမ္းမဆိုးပါဘူး"
"အဲေတာ့ မေန႕က ေဘာ့စ္ဘာစားခဲ့လဲ...ၾကက္ေျခေထာက္ေတာ့ထပ္မစားခဲ့ဘူးမလား ဟုတ္တယ္မလား"
က်န္းေကာ္အာ ဤသို႔ေျပာေနရင္း သူမကတျခားသူ၏လက္ေမာင္းကိုပုတ္ကာ
"အမွန္တိုင္းေျပာ အဲဒီပစၥည္းပို႔တဲ့ေကာင္ေလးကိုေတြ႕ခ်င္လို႔ ေဘာ့စ္ကအၿမဲတမ္း Chicken Set ပဲမွာေနတာမလား"
လမ္းေလွ်ာက္ဝင္လာသည့္႐ႊီလ်န္က ခဏရပ္တန့္သြားၿပီး သူမကိုျပန္ၾကည့္လ်က္
"ဘာလို႔လဲ..ေအာ္ဒါလာပို႔တဲ့အခ်ိန္တိုင္း ပစၥည္းပို႔တဲ့ေကာင္ေလးကအတူတူပဲလား"
က်န္းေကာ္အာ "....."
အိုေက ငါမေမးခဲ့သလိုပဲဟန္ေဆာင္လိုက္မယ္..
"သူတို႔အားလုံးကတူညီတဲ့အကၤ်ီနဲ႕ဦးထုပ္ေတြကိုပဲဝတ္ထားတာေလ ငါကလူကိုဘယ္လိုလုပ္မွတ္မိမွာလဲ"
႐ႊီလ်န္ကဂ႐ုမစိုက္ ၊ က်န္းေကာ္အာကလုံးဝသေဘာမတူ..သူမႏႈတ္ခမ္းေတြစူရင္းစကားဆို၏။
"ဒီပစၥည္းပို႔တဲ့ေကာင္ေလးက တျခားသူေတြထက္ပိုၿပီးအသားျဖဴတယ္..သူ sunscreen ဘာသုံးတာလဲလို႔ေတာင္ ကြၽန္မကသူ႕ကိုေမးခ်င္ေနတာ"
"အို႔"
"ေနာက္ၿပီး သူကေခ်ာလည္းေခ်ာတယ္..အထူးသျဖင့္ သူ႕မ်က္လုံးေတြက စူးရွနက္နဲၿပီးလြမ္းေဆြးဖြယ္ေကာင္းတယ္လို႔မထင္ဘူးလား ၊ သူက idol drama ထဲမွာဆိုဒုတိယဇာတ္လိုက္မင္းသားေတာင္ျဖစ္နိုင္တယ္"
"ငါသတိမထားမိဘူး"
ေနာက္ဆုံးေတာ့ ႐ႊီလ်န္စကားရပ္ကာ ေကာင္မေလးကိုေသေသခ်ာခ်ာလွည့္ၾကည့္ရင္း
"မင္းသူ႕ကိုႀကိဳက္ေနတာလား"
"ဟား ဟား ဟား"
က်န္းေကာ္အာက သူမေက်ာပိုးအိတ္ထဲက အမည္းေရာင္မွတ္စုစာအုပ္ေသးေသးေလးတစ္အုပ္ကိုမထုတ္လိုက္ခင္ထိ အားရပါးရရယ္ေမာေနေတာ့သည္။ ႐ႊီလ်န္ကိုလက္ေဝွ႕ယမ္းျပရင္းေျပာ၏။
"ကြၽန္မကမႀကိဳက္ပါဘူး..ကြၽန္မကသူ႕ကို ေလ့လာခ်က္နံပါတ္.0123 အျဖစ္စာရင္းမွတ္ထား႐ုံပါပဲ"
႐ႊီလ်န္အၾကည့္ေတြက မွတ္စုစာအုပ္ေလးေပၚေရာက္သြား၏။ '1000 faces'ဆိုသည့္စကားလုံးေတြကို မွင္အျဖဴေရာင္ျဖင့္ေရးသားထားကာ အထူးသျဖင့္ ဤစကားလုံးေတြကမ်က္စိဖမ္းစားနိုင္ေလသည္။ ႐ႊီလ်န္ ဘာမွထပ္မေျပာေတာ့ဘဲ အေပၚထပ္တက္သြားေတာ့၏။
က်န္းေကာ္အာ သူမလက္ကိုျပန္႐ုတ္ကာ မွတ္စုစာအုပ္ေလးကိုဖြင့္လိုက္သည္။ နံပါတ္.0121 ၏ေအာက္ေျခ၌ သူမဤသို႔ေရးမွတ္လိုက္၏။ —ဒီေန႕ ေဘာ့စ္ကအၿမဲလိုပဲေအးစက္ေနဆဲ— ထို႔ေနာက္ သူမကမ်က္ေမွာင္ၾကဳတ္ထားသည့္မ်က္ႏွာပုံေလးတစ္ပုံဆြဲလိုက္၏။
က်န္းေကာ္အာက အႏုပညာတကၠသိုလ္ရွိဒရာမာ၊႐ုပ္ရွင္ႏွင့္႐ုပ္ျမင္သံၾကားစာေပအထူးျပဳစီိီနီယာတစ္ေယာက္ ၊ သူမက မတူညီသည့္လူေပါင္း ၁၀၀၀ ကိုကုန္ၾကမ္းအျဖစ္စုေဆာင္းကာ သူမေရးသားမည့္အနာဂတ္ဇာတ္ေကာင္မ်ားကို မွီျငမ္းရန္အတြက္ သူမ၏မွတ္စုစာအုပ္ေလးထဲတြင္ ၎တို႔၏ကိုယ္ရည္ကိုယ္ေသြးမ်ားႏွင့္လုပ္ေဆာင္ခ်က္မ်ားကို မွတ္တမ္းတင္ထားရန္ အိပ္မက္ႀကီးတစ္ခုရွိခဲ့သည္။
႐ႊီလ်န္ကလည္း သူမေလ့လာေနသည့္လူေတြထဲကတစ္ေယာက္..
သူမ အလုပ္အင္တာဗ်ဴးအတြက္လာတဲ့အခ်ိန္တည္းက သူမကဒီအေၾကာင္းကို ႐ႊီလ်န္အားေျပာျပၿပီးၿပီဲျဖစ္ကာ ႐ႊီလ်န္ကလည္းဂ႐ုမစိုက္ခဲ့ေပ။
ဆိုင္ကဆယ္နာရီဖြင့္မွာျဖစ္ေသာေၾကာင့္ မနက္ခင္းကုန္ဆုံးရန္အခ်ိန္သိပ္မက်န္ေတာ့ ၊ ႐ႊီလ်န္အား ေန႕လည္စာဘာစားခ်င္လဲေမးရန္အတြက္ က်န္းေကာ္အာကအေပၚထပ္သို႔ေျပးတက္သြား၏။ က်န္းေကာ္အာ သူမကိုေမးလာခ်ိန္၌ ႐ႊီလ်န္က bubbler(ဓာတုဓာတ္ခြဲခန္းတြင္သုံးသည့္ပစၥည္းတစ္မ်ိဳး) ျဖင့္ဖေယာင္းအေရာင္တင္ေနရင္းတန္းလန္း...
"ေဘာ့စ္ ေန႕လည္စာဘာစားခ်င္လဲ"
"ငါ အသီးအ႐ြက္ပဲစားခ်င္တယ္"
"ေဘာ့စ္ မွ်စားခ်င္ေသးလား..အဲတာဆို ကြၽန္မတို႔ဟင္းပြဲနည္းနည္းေလာက္ထပ္မွာလို႔ရတယ္"
"ရတာေပါ့"
"ဒါဆို တစ္ခ်က္ၾကည့္ၿပီး ေဘာ့စ္စားခ်င္တာေ႐ြးလိုက္"
က်န္းေကာ္အာက သူမဖုန္းကိုကမ္းေပးလိုက္သည္။ သူတို႔ေအာ္ဒါမွာၿပီးေနာက္ က်န္းေကာ္အာကေအာက္ထပ္သို႔ေျပးဆင္းသြားၿပီး ပစၥည္းပို႔သည့္ေကာင္ေလးကိုေစာင့္ေနေတာ့၏။ ႐ႊီလ်န္ကေတာ့ အေပၚထပ္တြင္သာေနခဲ့ရင္း သူမအလုပ္ကိုဆက္လုပ္ေနခဲ့သည္။ အကယ္၍ အရည္ေဖ်ာ္ၿပီးသားဖေယာင္းကိုသာ ပုံစံခြက္ထဲအခ်ိန္မီမထည့္နိုင္ခဲ့လွ်င္ ဖေယာင္းေတြကမာေက်ာလာၿပီးခဲသြားလိမ့္မည္။ အရင္ကလုပ္ထားသမွ်အားလုံးက အခ်ည္းႏွီးသာျဖစ္သြားေပလိမ့္မည္။
ပုံစံခြက္ႏွစ္ခြက္ထဲကိုျဖည့္ၿပီးေနာက္ ႐ႊီလ်န္ကလက္ေဆးရန္ ေအာက္ထပ္ဆင္းလာခဲ့သည္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ အစားအေသာက္ကလည္း တစ္ခ်ိန္တည္းေရာက္လာခဲ့၏။ ဒီတစ္ေခါက္ေတာ့ ႐ႊီလ်န္က ပစၥည္းပို႔တဲ့ေကာင္ေလး၏ပုံပန္းသြင္ျပင္ကို ပုံမွန္ထက္ပိုၿပီးအာ႐ုံစိုက္လိုက္၏။ သို႔ေသာ္ ဒီေကာင္ေလးက သူမထင္ထားသလို အသားမျဖဴဘူးဆိုတာကိုေတြ႕လိုက္ရေလသည္။
"သူမဟုတ္ဘူး"
ပစၥည္းပို႔သည့္ေကာင္ေလးထြက္သြားၿပီးေနာက္ က်န္းေကာ္အာကဘူးကိုဖြင့္ရင္း ႐ႊီလ်န္အားေျပာ၏။
"ဒီေန႕ ေအာ္ဒါလာပို႔တဲ့သူက တျခားတစ္ေယာက္..ေနာက္တစ္ေခါက္ လြမ္းေဆြးဖြယ္မ်က္ဝန္းေတြနဲ႕အသားျဖဴျဖဴေကာင္ေလး ေအာ္ဒါပို႔ဖို႔ေရာက္လာရင္ ကြၽန္မေဘာ့စ္ကိုေခၚလိုက္မယ္"
"ငါသူ႕ကိုတကယ္မေတြ႕ခ်င္ပါဘူးေနာ္"
"ခုနက ေဘာ့စ္ အဲဒီသူကိုခိုးၾကည့္လိုက္တာ ကြၽန္မျမင္ပါတယ္ေနာ္"
႐ႊီလ်န္က သူမတူကိုေကာက္ကိုင္ကာ သူမေလးနဲ႕စကားေျပာရပ္ရန္ဆုံးျဖတ္လိုက္ေတာ့သည္။
ထို႔ေနာက္ စားပြဲေပၚကသူမဖုန္းကတုန္ခါလာ၏။ ႐ႊီလ်န္က တူကိုသူမပါးစပ္ထဲထည့္ကာ ဖုန္းကိုယူလိုက္သည္။
အတန္းေခါင္းေဆာင္ : [ ႐ႊီလ်န္ ငါတို႔ေတြအတန္းျပန္လည္ေတြ႕ဆုံပြဲလုပ္ဖို႔စီစဥ္ေနၾကတာ နင္ေရာပါဝင္ဖို႔စိတ္ဝင္စားလား ]
႐ႊီလ်န္က'စိတ္မဝင္စားဘူး'ဟုခ်က္ခ်င္းေရးလိုက္ေသာ္လည္း စာေၾကာင္းကိုျပန္ဖ်က္ကာ 'ငါ့မွာအခ်ိန္မရွိဘူး'ဟုသာေရးခဲ့၏။
အတန္းေခါင္းေဆာင္ : [ နင္အလုပ္ရႈပ္ေနလို႔လား ဒါေပမဲ့ ငါတို႔က ဘယ္အခ်ိန္ေတြ႕ဆုံပြဲလုပ္မွာလဲဆိုတာ မဆုံးျဖတ္ရေသးဘူး...ငါတို႔အခ်ိန္သတ္မွတ္ၿပီးရင္ ငါနင့္ကိုအေၾကာင္းၾကားလိုက္မယ္ လာနိုင္ေအာင္ႀကိဳးစားၾကည့္ပါ ငါတို႔အားလုံးမဆုံျဖစ္ၾကတာအေတာ္ၾကာေနၿပီေလ ]
႐ႊီလ်န္ : [ ဒါဆိုလည္း ေတြ႕ၾကတာေပါ့ ]
အတန္းေခါင္းေဆာင္ : [ အိုေက ဒါနဲ႕ နင္ကအထက္တန္းေက်ာင္းဂ႐ုထဲမွာ ဘာလို႔မရွိရတာလဲ ]
႐ႊီလ်န္ : [ ငါမရွိဘူးလား? ငါ မေတာ္တဆ ဖ်က္လိုက္မိတာပဲေနမယ္ ]
အတန္းေခါင္းေဆာင္ : [ ဒါဆို ေနာက္က်ရင္ ငါနင့္ကိုျပန္ထည့္လိုက္မယ္ ]
"........."
ေနာက္က်ရင္လည္း သူမ မေတာ္တဆ အထုတ္ခံလိုက္ရလိမ့္မယ္လို႔ေတြးလိုက္၏။
"ေဘာ့စ္ ဘယ္သူလဲ"
က်န္းေကာ္အာက သူမကိုသိခ်င္စိတ္ျဖင့္ၾကည့္ေန၏။ ႐ႊီလ်န္က သူမဖုန္းကိုစားပြဲေပၚျပန္မထားမီ သူမကိုဖ်က္ခနဲၾကည့္လိုက္သည္။
"ငါ့ရဲ႕အထက္တန္းအတန္းေခါင္းေဆာင္က အတန္းျပန္လည္ေတြ႕ဆုံပြဲကိုလာဖို႔ စိတ္ဝင္စားလားလို႔ေမးေနတာ"
"အို႔ ကြၽန္မမွန္းၾကည့္မယ္ ေဘာ့စ္လုံးဝစိတ္မဝင္စားဘူးမလား"
ဒီလအနည္းငယ္အတြင္း သူမ ႐ႊီလ်န္ကိုေလ့လာမႈအရ သူမ၏ေဘာ့စ္က ဘယ္လူမႈေရးလႈပ္ရွားမဆိုပါဝင္ခဲၿပီး ႐ႊီလ်န္ထံသူငယ္ခ်င္းတစ္ေယာက္တစ္ေလလာလည္သည္ကိုေတာင္ သူမလုံးဝမေတြ႕ဖူးေပ။ နံပါတ္.0122 မွလြဲ၍....
႐ႊီလ်န္ : "ငါတကယ္စိတ္မဝင္စားဘူး"
က်န္းေကာ္အာ ေခါင္းယမ္းလ်က္
"ေဘာ့စ္ ဒီလိုဆက္လုပ္ေနလို႔မရဘူး ၊ လြန္ခဲ့တဲ့ရက္အနည္းငယ္ေလာက္က ယေန႕ေခတ္လူငယ္ေတြကို အျပစ္ရွာေဝဖန္ေနတဲ့ပို႔စ္တစ္ခုကို ကြၽန္မေတြ႕လိုက္တယ္..ေျပာထားတာက သူတို႔ကအခ်ိန္ျပည့္အိမ္မွာပဲေနေနၾကတယ္..ပတ္ဝန္းက်င္နဲ႕ေရာေရာေႏွာေႏွာမေနၾကဘူး အဲေတာ့ သူတို႔ဘယ္လိုလုပ္ခ်စ္သူေကာင္ေလးေတြ၊ေကာင္မေလးေတြရွာနိုင္ၾကမွာလဲတဲ့"
"အဓိပၸာယ္မရွိလိုက္တာ"
႐ႊီလ်န္က ႏွာတစ္ခ်က္မႈတ္ရင္း
"ငါအျပင္ကိုမထြက္တဲ့၊ေရာေရာေႏွာေႏွာမေနတဲ့အခ်က္က ငါကဒီအတိုင္းငါ့ဘာသာေနရတာကိုပဲႀကိဳက္လို႔..ဆိုလိုတာက ငါတစ္ေယာက္တည္းေနရတာကိုပဲလိုလားတယ္"
_______________