Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1.1M 58.5K 6.3K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉
Inner Art မိတ်ဆက် ❤️
Chibi Art ❤️
📌 Book Details 📌

Chapter - 51

12.9K 722 66
By MikkyLay1

ဧကရာဇ်မောင်ဘေးအခန်းသို့ ရောက်လာချိန်မှစ၍  သားလေးဟာ အရင်လိုအပြင်လျှောက်လည်ဖို့ မုဒြာအားမပူစာတော့ပဲ ဘေးအခန်းကိုသာသွားပြီး ဆော့ကစားနေတတ်သည် ။ မုဒြာက တားပေမဲ့ သူတို့ရဲ့ဆက်နွယ်မှုက တားစီး၍မရပဲ ပို၍သာခင်မင်လာကြသည် ။

မုဒြာတို့သားအဖ ကျောင်းအသွားအပြန်ကို ဧကရာဇ်မောင်က အကြိုအပို့လုပ်ပေးပြီး မုန့်ဆိုင်မှာ ၂ နာရီခန့် မုန့်လုပ်သင်ကာ ကျန်ရှိနေတဲ့အချိန်တွေမှာ မုဒြာတို့အခန်းမှာ သန့်ရှင်းရေးလုပ်ပေးရင်း မုဒြာနဲ့နီးနီးကပ်ကပ်နေနိုင်ရန် သူ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးနေသည် ။ မုဒြာကအတင်းပြန်ခိုင်းလျှင်လဲ သားလေးနဲ့သူ့အခန်းဆီပြန်ပြီး သားလေးကိုအဖော်ပြုကာ ဆော့ကစားပေးနေပြန်သည် ။

အလုပ်ကိစ္စတွေနဲ့ အချိန်ဇယားတွေပြည့်နေသင့်တဲ့ ဥက္ကဌတစ်ယောက်က ၂၄ နာရီလုံး သူ့ရဲ့မျက်စိအောက်ကနေ ပျောက်မသွား၍ မုဒြာ ဧကရာဇ်မောင်ဘာလုပ်ဖို့ကြိုးစားနေလဲ မတွေးတတ်တော့ပေ ။

သူကအိမ်မပြန်တော့ပဲ အခန်းပါပြောင်းရွှေ့လာ၍ အရင်လို နှင်ထုတ်၍လဲမရတော့ပေ ။ ဧကရာဇ်မောင်အနောက်မှာ တကောက်ကောက်လိုက်ကာ စောင့်ကြည့်ပေးနေတဲ့ ကိုယ်ရံတော်လင်းထက်ကိုလဲမမြင်မိ၍ တကယ်ပဲအနားယူဖို့ခနလာနေသည်ဟုထင်မှတ်ကာ မုဒြာဒီတိုင်းပဲ ငြိမ်နေလိုက်တော့သည် ။

ခုဆို ဧကရာဇ်မောင် ဘေးအခန်းသို့ ပြောင်းရွှေ့လာတာ လဝက်ခန့်ရှိလေပြီ ။ သူတို့ပြန်ပြီးတွေ့ဆုံခဲ့တာ တစ်လပင်ပြည့်ခဲ့ပြီ ။ အတိတ်မှာ မုဒြာပြုလုပ်ခဲ့သမျှ အလုပ်တွေအားလုံးကို လက်ရှိအချိန်၌ ဧကရာဇ်မောင်ဟာ အားလုံးနဲ့ထပ်တူညီစွာလုပ်ဆောင်ပေးနေသည် ။

မုဒြာအိပ်ယာကနေနိုးထလာလျှင် ဘေးခန်းက ဧကရာဇ်မောင်ဟာ သူ့အခန်းတွင်းရောက်ရှိနေပြီး သူတို့အတွက်မနက်စာအရန်သင့် ပြင်ဆင်ထားပြီးဖြစ်သည် ။ အစကမလုပ်ပေးဖို့တားပေမဲ့ တားမရသည့်အဆုံးခွင့်ပြုလိုက်ရသည် ။

နေ့လည်စာအတွက်လဲ ဧကရာဇ်မောင်က သားလေးရဲ့အတွက်ပါ ကျောင်းသို့ ထမင်းဘူးယူလာပေးပြန်သည် ။ မုဒြာနဲ့အတူ တာဝန်တမ်းဆောင်နေတဲ့ စေတနာ့ဝန်တမ်းတွေက သူတို့ရဲ့ဆက်ဆံရေးကို ရိတ်မိလာကာ တိုးတိုးသဖုံတိုက်ရိုက်သဖုံပြောဆိုမေးမြန်းလာ၍ မုဒြာကဧကရာဇ်အား ထမင်းချိုင့်မယူလာတော့ဖို့ပြောပေမဲ့တားမရပေ ။

ဧကရာဇ်မောင် ဘယ်လောက်ပင် ရုပ်ဖျက်ထားပါစေ ဆွဲဆောင်မှုရှိလှတဲ့သူ့ရဲ့အသွင်ပြင်ကြောင့် ပတ်ဝန်းကျင်ကလူတွေရဲ့အာရုံစိုက်မှုကို ရရှိထားသည် ။ ခုဆိုရင် မုန့်ဆိုင်မှာပါ လူတိုင်းနဲ့ရင်းနီးနေကာ ဆိုင်အလုပ်တွေကို သွက်လက်စွာကူညီရင်း သူ့ကိုယ်သူ ဥက္ကဌတစ်ယောက်ဆိုတာကိုပင် မေ့လျော့နေပုံပင် ။

အဆုံး၌ ခုလိုသူမတူတဲ့ပုံစံနဲ့ ချည်ကပ်ခြင်းဟာ ဧကရာဇ်မောင်လိုလူအတွက် ဘယ်နှစ်ရက်ထိခံမလဲစမ်းသပ်သည့်သဘော မုဒြာက ခွင့်ပြုလိုက်သည် ။ ခုတော့ မုဒြာကိုယ်တိုင်ပင် နေသားကျလာသည် ။

ညနေအိမ်ပြန်ရောက်လျှင်လဲ အရန်သင့်ချက်ပြုတ်ထားပြီးဖြစ်သလို ညစာစားပြီးမှ ဧကရာဇ်မောင်က သူ့အခန်းသို့ပြန်အိပ်လေ့ရှိသည် ။ နေ့တစ်နေ့မှာ ညအိပ်ချိန်ကလွဲပြီး ဧကရာဇ်မောင်ကမုဒြာအနားနဲ့မုဒြာအခန်းထဲမှာပဲရှိနေတတ်သည် ။ ဧကရာဇ်မောင်ရဲ့ အငွေ့အသက်တွေဟာ ဟိုအရင်ကအချိန်တွေလိုမျိုး မုဒြာအတွက် အသားကျစွာရှိလာ၍ ဟိုအရင်အချိန်တွေကိုပြန်မသွားဖို့တင်းခံထားတဲ့ မုဒြာရဲ့ခံနိုင်ရည်တွေက တဖြေးဖြေးလျော့နည်းစပြုလာသည် ။

*

*

*

မုဒြာရဲ့ဆိုင်ငယ်လေးက သတင်းမီဒီယာတွေပေါ်မှာပြန့်နှံ့ကာ တစ်ချို့ Channel တွေက ကျော်ငြာတွေရိုက်ကူးဖို့ ကမ်းလှမ်းလာကြသည် ။ အားလုံးရဲ့တရားခံက မုဒြာရဲ့ဆိုင်လေးမှာ အမြဲရှိနေတတ်တဲ့ ချောမောခန့်ညားတဲ့ ဆိုင်အကူဝန်ထမ်းကြောင့်ဟုဆိုရမည် ။ မုန့်ရဲ့အရသာက တူမတူအောင်ကောင်းမွန်သလို ဆိုင်အကူအဖြစ်ကူညီပေးနေတဲ့ ဧကရာဇ်မောင်ရဲ့ခန့်ညားမှုတွေကြောင့်လဲ လူတွေမျက်စိကျတာမြန်ဆန်လာခြင်းဖြစ်သည် ။

ဧကရာဇ်မောင်ဟာ အရင်ကနဲ့ဆန့်ကျင်စွာ မျက်နှာကရွှင်လန်းနေပြီး လူတွေကိုလဲ ဖော်ရွေစွာဆက်ဆံတတ်လာသည် ။  သူ့အပြုံးတွေက ဟန်ဆောင်အပြုံးတွေမဟုတ်ပဲ အမှန်တကယ်တောက်ပစွာပြုံးနေခြင်းဖြစ်၍ လူတွေကလဲ ချစ်ခင်လေးစားကြသည် ။ သူ့ကိုတော့ ဒီမြို့ရဲ့ပိုင်ရှင်သူဌေးမှန်း ဘယ်သူမှမသိကြပေ ။ ဥက္ကဌရဲ့ပုံတွေကိုလူတွေမြင်ဖူးကြပေမဲ့ မျက်နှာတည်နဲ့အရှိန်အဝါကြီးလွန်းတဲ့ဥက္ကဌဟာ သူတို့ရှေ့မှာပြုံးရယ်နေတဲ့ ပါဝါမျက်မှန်ထူထူတပ်ထားတတ်တဲ့ လူငယ်တစ်ယောက်ဆိုတာကိုတော့ ဘယ်သူမှမသိကြပေ ။

သူကိုယ်တိုင်က သာမာန်လူတစ်ယောက်လို သူ့ရဲပုံစံကိုပြောင်းလဲကာ နေနေခြင်းဖြစ်သည် ။ဧကရာဇ်မောင်ဟာ သူ့ရဲ့ရုပ်ကိုဖျက်ဖို့အတွက် နက်မှောင်တဲ့ဆံနွယ်တွေကို နှဖူးပေါ်ချထားပြီး ပါဝါမျက်မှန်ကိုတပ်ဆင်ထားသည် ။ ဒါကြောင့်သူ့အား ဥက္ကဌတစ်ယောက်ဟု ဘယ်သူမှမသိရှိကြခြင်းဖြစ်လေသည် ။

လူတွေရဲ့အာရုံစိုက်ခြင်းခံလာရချိန်မှာ မုဒြာကဧကရာဇ်မောင်အတွက် အနည်းငယ်စိတ်ပူပန်မိကာ ဆိုင်ကိုမလာပဲ အခန်းမှာပဲနေဖို့ပြောပေမဲ့ ဧကရာဇ်ဟာ သူလဲလူတွေနဲ့ပနံသင့်စွာနေထိုင်တတ်ကြောင်းပြသဖို့ ဆိုင်ကိုလာပြီးလုပ်ကူကာ မုဒြာအနားကနေမခွာပေ ။

တစ်ဖြေးဖြေးချမ်းအေးတဲ့ရာသီ ဒီဇင်ဘာလသို့ရောက်ရှိလာချိန်မှာ မုန့်ဆိုင်လေးက တစ်ဖြေးဖြေးလူတွေပိုစည်ကားလာပြီး ဝန်ထမ်းတွေလဲ ညလယ်အထိအလုပ်ဆင်းကြရသည် ။

မုဒြာက သူ့အနားမှာ ၁ လတိတိမညည်းမငြူရှိနေတဲ့ ဧကရာဇ်မောင်အား တစ်ဖြေးဖြေးအာနာစိတ်တို့ဖြစ်တည်လာပြီး အနားကနေထွက်သွားဖို့အချိန်ကျပြီမို့ သွားရန်တိုက်သွန်းဖို့ဆုံးဖြတ်လိုက်သည် ။

' ကျီ '

တံခါးဖွင့်သံနဲ့အတူ ဝင်လာတဲ့ ဧည့်သည်ကြောင့် မုဒြာသိမ်းလက်စအလုပ်တွေကို ရပ်ခဲ့ကာ မီးဖိုချောင်ထဲကနေထွက်လာခဲ့သည် ။ ဝန်ထမ်းတွေအားလုံးက အမလီနဲ့အတူ ညစာစားဖို့ထွက်သွားပြီမို့ ဆိုင်မှာမုဒြာတစ်ယောက်သာ ကျန်နေခဲ့ခြင်းဖြစ်သည် ။

" မင်္ဂလာပါဧည့်သည် … ကျွန်တော်တို့ဆိုင်ပိတ်ချိန်ရောက်ပြီမို့ မရောင်းတော့ပါဘူး "

ဝင်လာသူက ရုံးဝန်ထမ်းနဲ့တူပြီး လက်ထဲမှာလဲ စာရွက်စာတန်းတွေထည့်ထားတဲ့ဖိုင်အိပ်ကိုင်ထားသေးသည် ။ ပါဝါမျက်မှန်ကြောင့် လူကြီးတစ်ယောက်နဲ့တူပေမဲ့ အသားအရေကချောမွှေ့ကာ အပြုံးသို့ကတောက်ပနေ၍ မုဒြာထက်တော့သိပ်ကြီးသေးပုံမပေါ်ပေ ။ သူကတော့ ဧကရာဇ်ရဲ့လက်ထောက် သက်မောင်ဖြစ်သည် ။ သက်မောင်ကမုဒြာကိုပြုံးပြကာ နှုတ်ဆက်လာသည် ။

" မင်္ဂလာပါသူဌေး … ကျွန်တော်လာတာ နောက်ကျသွားတဲ့ပုံပဲ … ဆိုင်ပိတ်ပြီဆိုတော့ "

"  ဒီကဧည့်သည်က စားချင်တယ်ဆိုရင် ကျွန်တော်ပြင်ပေးလို့ရပါတယ် "

" ဒါဆို ကျွန်တော်အဖော်တစ်ယောက်လဲပါလာတာမို့ သူနဲ့အတူဝင်ထိုင်လို့ရလား "

" ဟုတ်ကဲ့ ရပါတယ် "

မုဒြာခွင့်ပြုချက်ရတော့ လူတစ်ယောက်အထဲဝင်လာသည် ။ ထိုလူကိုမြင်တော့ မုဒြာချက်ချင်းမှတ်မိသွားသည် ။ ထိုလူက ဧကရာဇ်အနောက်မှာတစ်ကောက်ကောက်လိုက်နေတဲ့ ဘော်ဒီဂတ်လင်းထက်ဖြစ်သည် ။

" လင်းထက် "

" သခင်လေး … အာ … သူဌေး "

လင်းထက်က ဦးညွှန့်ကာနှုတ်ဆက်လာသည် ။ သူကဘော်ဒီဂတ်တွေလို ဝတ်ဆုံပြည့်ဝတ်မထားပဲ နေရင်းပုံစံပေါ့ပေါ့ပါးပါးဝတ်ဆင်ထား၍ ပို၍လူငယ်ဆန်ကာ သွက်လက်သည့်ပုံပေါ်သည် ။ မုဒြာက သူတို့မုန့်လာစားရုံပဲဟုထင်မှတ်ကာ မှာထားတဲ့မုန့်တွေကိုချပေးပြီး အေးဆေးနေဖို့ပြောလိုက်သည် ။

သို့ပေမဲ့ လင်းထက်တို့က မုန့်မစားပဲ တစ်စုံတစ်ယောက်ကိုသာ ရှာဖွေနေသည် ။ ဆိုင်မှာဘယ်သူမှရှိမနေတော့၍ မုဒြာအားမေးကြည့်လိုက်သည် ။

" ဟိုလေ သူဌေး … သခင်ကြီးဧကရာဇ်ကိုတွေ့မိသေးလား "

" သူလား … အခန်းကိုပြန်သွားတာကြာပြီ "

" ဒါပေမဲ့ ကျွန်တော်တို့သွားရှာတာ မတွေ့ခဲ့ဘူး "

" ဒါဆို သူဈေးသွားဝယ်နေတာဖြစ်မယ် … ပြီးရင်ဒီကိုလာဦးမှာမို့ ဒီမှာပဲစောင့်နေလိုက်လို့ရတယ် "

" ကျေးဇူးပါဗျ "

မုဒြာအားလုံးသိမ်းစည်းပြီးသွားတဲ့ထိ စောင့်နေတဲ့ ၂ ယောက်ကမပြန်သေးပေ ။ ဧကရာဇ်မောင်ကို ဖုန်းဆက်ပြီးအသိပေးမယ်ကြံတုန်း အထုတ်တွေဆွဲပြီး ဧကရာဇ်မောင် ဆိုင်ထဲသို့ဝင်လာသည် ။ထိုစဉ် ဧကရာဇ်မောင်က ဆိုင်ထဲမှာသူ့အားထိုင်စောင့်နေတဲ့လူတွေကိုမြင်ပြီးအံ့ဩသွားသလို စောင့်နေတဲ့လူတွေကလဲ ဧကရာဇ်မောင်ကိုမြင်ပြီး အံ့ဩသွားကြသည် ။

" ဥက္ကဌ "

သက်မောင်က ပြာပြာသလဲပြေးလာကာ ဥက္ကဌရဲ့ခုလိုပုံစံကိုမမြင်ဖူး၍အံ့ဩနေပြီ လက်ထဲကအထုတ်တွေကိုကူဆွဲပေးကာ ချပေးလိုက်သည် ။ သတင်းတွေထဲမှာတက်လာတဲ့ မုန့်ဆိုင်ကဝန်ထမ်းက ဥက္ကဌနဲ့ဆင်ပေမဲ့ ဥက္ကဌမဖြစ်နိုင်ဘူးဟုထင်ထားခဲ့သည် ။ ခုတော့ ထိုလူက တကယ်ပဲဥက္ကဌဧကရာဇ်မောင်ဖြစ်နေ၍ အံ့အားသင့်နေသည် ။

" သက်မောင် မင်းကဒီကိုဘာလာလုပ်တာလဲ "

ဧကရာဇ်မောင်က အနောက်ကလင်းထက်ကိုပါကြည့်လိုက်ပြီး …

" လင်းထက် ငါမင်းကိုဘာမှာထားလဲ … ငါအမိန့်မပါပဲ ငါ့ကိုဘယ်သူမှလာမတွေ့ရဘူးလို့ ပြောထားတာမေ့နေပြီလား "

" သခင်ကြီး … ကိုသက်မောင်က အရေးကြီးကိစ္စရှိတယ်ပြောလို့ အတင်းလိုက်ပို့ခိုင်းနေတာနဲ့ … "

" ဆင်ခြေတွေမလိုချင်ဘူး … ခုထွက်သွားကြတော့ "

သက်မောင်က ဒေါသထွက်နေတဲ့ဧကရာဇ်အား တားလိုက်ရသည် ။

" လင်းထက်ကိုမငေါက်ပါနဲ့ဥက္ကဌ … ဒီကိုလာဖို့ကကျွန်တော့ဆန္ဒပါ … သူကအဖော်လိုက်လာပေးယုံပါ "

" ဒါဆိုပြော … မင်းမှာဘယ်လောက်ထိအရေးကြီးတဲ့ကိစ္စရှိနေလို့လဲ "

" ပထမတစ်ခုက ရုံးချုပ်ပြောင်းဖို့အတွက်ပါ … ဥက္ကဌရဲ့အမိန့်မပါလို့ ခုထိဘာမှမစရသေးဘူး "

" ငါဘယ်နေရာလဲဆုံးဖြတ်ပြီးပြီမို့ မကြာခင်ပြောင်းရွှေ့ဖို့လုပ်ဆောင်ရမယ် … မင်းသိချင်တာ ဒါပဲလား "

" မဟုတ်ပါဘူး … နောက်တစ်ခုက ခုဥက္ကဌရဲ့ပုံကနေရာတိုင်းပျံ့နေပြီး ရုံကလူတွေကပါ ပြောနေကြပြီ … အားလုံးကတော့ ဥက္ကဌနဲ့ဆင်တယ်လို့ပဲပြောကြပေမဲ့ ဥက္ကဌအစစ်မှန်းသာသိသွားရင် ဒီနေရာကမလုံခြုံမှာဆိုးမိတယ် … ရှယ်ယာဝင်တွေကလဲ အလုပ်တွေကိုပြစ်ထားတာကြာလို့ မေးနေကြပြီ … ပြီးတော့ရှန်ဟွှာဘက်ကကမ်းလှမ်းတဲ့ကိစ္စ နောက်လမှာအဖြေလိုချင်တယ်လို့ပြောပါတယ်  "

မုဒြာကသူတို့ပြောနေတာတွေကို အနောက်ကနေတိတ်ဆိတ်စွာနားထောင်နေသည် ။ ဧကရာဇ်မောင်က အလုပ်အားလက်ရက်မို့သူ့တို့နားမှာလာနေတာမဟုတ်ပဲ အလုပ်တွေကိုပြစ်ထားပြီလာနေနေတဲ့အပြင် ရှန်ဟွှာလိုအဆင့်မြင့်တဲ့နိုင်ငံခြားက မျိုးနွယ်စုထံက ကမ်းလှမ်းမှုကိုတောင် အရေးမစိုက်ပဲနေနေတာကိုကြားသိရတော့ ဧကရာဇ်မောင်ကို နှင်ထုတ်ဖို့အတွက် လုံလောက်တဲ့ဆင်ခြေရရှိသွားသည် ။

ဆရာတပည့်တွေအချိန်အတော်ကြာစကားပြောပြီးနောက် ဧကရာဇ်မောင်က လင်းထက်နဲ့သက်မောင်ကို ဆူပြီးပြန်ခိုင်းလိုက်သည် ။ ကြည့်ရတာ ဧကရာဇ်မောင်က အိမ်တော်ကို ပြန်မဲ့ပုံမပေါ်တဲ့အပြင် နောက်မလာဖို့ပါအမိန့်ပေးလိုက်ပုံပင် ။ လင်ထက်နဲ့ထက်မောင် ခေါင်းတကုတ်ကုတ်နဲ့ပြန်သွားကြသည် ။ ထိုစဉ်ညစာသွားစားကြတဲ့အမလီတို့လဲ ပြန်ရောက်လာကြပြီး မုဒြာတို့ကို လှမ်းနှုတ်ဆက်လာသည် ။

" မုဒြာ အမတို့ပြန်နှင့်ပြီ … ဒီနေ့ လူအရမ်းကျပြီး ညလယ်တောင်ရောက်တော့မယ် … ဆိုင်သိမ်းပြီးရင်အမြန်ပြန်နော် … နှင်းတွေကမိုးလင်းခါနီးရင် လမ်းတောင်မမြင်နိုင်လောက်တော့ဘူး … ခုတောင်အေးနေပြီ "

" ဟုတ်ကဲ့ပါအမလီ … ဝန်ထမ်းတွေကိုလဲ သေချာလေးလိုက်ပို့လိုက်နော် "

" စိတ်ချပါ … သူတို့အခန်းဆီထိရောက်အောင်ပို့ပေးမယ် "

ညလယ် ၁၁ နာရီအချိန်၌ ဝန်ထမ်းတွေနဲ့အမလီကပြန်သွားကြပြီး မုဒြာနဲ့ဧကရာဇ်မောင် ၂ ယောက်သာကျန်ရှိနေတော့သည် ။ သားလေးကတော့ ည ၉ နာရီကတည်းက မုဒြာအခန်းဆီပြန်ပြီး သိပ်ပြီးလေပြီ ။  အပြင်မှာအေးနေ၍ ဧကရာဇ်မောင်က မုဒြာဆိုင်ပြင်မထွက်ခင် သူ့ရဲ့အနက်ရောင်ဂျာကင်အတူကြီးကို မုဒြာကိုယ်ပေါ် ခြုံလွှမ်းပေးပြီး ဆိုင်တံခါးကိုသော့ခပ်လိုက်သည် ။

ဧကရာဇ်မောင်က ဆွယ်တာလေးတစ်ထည်သာဝတ်ထားပေမဲ့ သူအေးမှာထက် မုဒြာလုံခြုံဖို့အတွက်ကိုသာတွေးပေးနေသည် ။ မုဒြာအနားမှာသာ ရှိနေခွင့်ရလျှင် ဘယ်လောက်ပင်အေးခဲနေပါစေ သူ့ရင်ထဲမှာတော့ နွေးထွေးမှုအပြည့်ပင် ။

ဧကရာဇ်မောင်က မုဒြာရဲ့ကိုယ်ကိုတစ်ချက်စစ်ဆေးလိုက်ပြီး ဘောင်းဘီဒူးဖုံးယုံသာဝတ်ထား၍ အအေးဒါဏ်ကြောင့် အသားတွေနီနေတာကို သတိထားမိသွားသည် ။

" မုဒြာ … မင်းခြေထောက်တွေ အေးနေပြီ … ကိုယ်ချီမေးမယ် "

မုဒြာကအနားကပ်လာတဲ့ဧကရာဇ်မောင်အား တွန်းထုတ်ကာ ငြင်းဆန်လိုက်သည် ။

"  ရတယ် … လူမြင်ကွင်းကြီးမှာမလုပ်သင့်ဘူး "

လမ်းပေါ်မှာတိတ်ဆိတ်နေပြီး လမ်းမီးရောင်မှာပလူပျံနေတဲ့ပိုးကောင်ကလွှဲ၍ သက်ရှိဟူ၍မရှိခြေ ။ ဧကရာဇ်မောင်က မုဒြာငြင်းဆန်လာတော့ ရှေ့ဆက်မတိုးတော့ပဲ ရပ်လိုက်ကာ မုဒြာကိုအရှေ့ကနေသွားခိုင်းလိုက်သည် ။

မုဒြာက သူကြိုးစားပြီးစုစည်းထားတဲ့စကားလုံးတွေကိုအစဉ်လိုက်တွေးတောနေပြီး တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ လမ်းလျှောက်လာရင်း ဧကရာဇ်မောင်ကို သူ့အနားကနေထွက်သွားရန်ပြောထွက်ဖို့ကြိုးစားနေသည် ။

အဆုံး၍စိတ်ဆုံးဖြတ်ချက်ချကာ မုဒြာခြေလှမ်းတွေကိုရပ်လိုက်ပြီး အနောက်ကိုလှည့်၍ မေးလိုက်တော့သည် ။

" ဘယ်တော့ထွက်သွားမှာလဲ "

" ကိုယ်တို့ Date ကြရအောင် "

" …… "

" …… "

စကားသံတွေကတစ်ချိန်ထည်းမှာထွက်ပေါ်လာပြီး ချက်ချင်းတိတ်စိတ်သွားကာ လေထုကပို၍ပင်အေးဆိမ့်လာသည် ။ အကြည့်တွေဆုံသွားပေမဲ့ တစ်ယောက်စကားတစ်ယောက်ကြားကာ အံ့အားသင့်စွာဖြင့် အဖြေစကားမပြန်နိုင်ကြတော့ပေ ။ ဧကရာဇ်မောင်က ဦးစွာဆိုလိုက်သည် ။

" အာ … ကိုယ်ပြောချင်တာက ဒီနေ့ဆိုင်မှာပင်ပန်းထားတော့ မနက်ဖြန် မနက်ပိုင်းလောက် ရုပ်ရှင်အတူသွားကြည့်ကြမလားလို့ … သားလေးလဲကျောင်းပိတ်ပြီဆိုတော့ လည်ချင်ရှာမှာ "

မုဒြာပြောလိုက်တဲ့စကားကို ဧကရာဇ်မောင်က မကြားသယောင်ဟန်ဆောင်နေသည် ။ မုဒြာက ဧကရာဇ်မောင်ရဲ့တုန့်ပြန်မှုကြောင့် သူကြိုးစားသမျှတွေ ပျက်စီးတော့မလိုဖြစ်သွားပေမဲ့ ကြိုးစားကာ ထပ်မံပြောလိုက်သည် ။

" ဘယ်တော့အိမ်တော်ကိုပြန်မှာလဲ "

" မင်း … ရုပ်ရှင်မကြည့်ချင်ရင် သားလေးကြိုက်တဲ့ ကစားကွင်းကိုသွားကြရင်ရော … မြို့ပေါ်က … "

" ငါပြောနေတာမကြားဘူးလား ဧကရာဇ်မောင် …  မင်းထွက်သွားတော့လို့  "

မုဒြာအသံကကျယ်လွန်း၍ ဧကရာဇ်မောင်ဆက်ပြီး ဟန်မဆောင်နိုင်တော့ပေ ။ အားလုံးအဆင်ပြေပြီထင်ထားပေမဲ့ မုဒြာကရုတ်တရပ်ကြီး နှင်ထုတ်လာတော့ ကြိုးစားထားသမျှတွေ ပျက်စီးကာ ထပ်မံဝေးကွာသွားမှာကို ဧကရာဇ်စိုးရိမ်သွားလေးသည် ။

" ကိုယ် … ကိုယ်က ဘယ်ကိုထွက်သွားရမှာလဲ …ကိုယ့်မိသားစုအနားမှာကိုယ်နေနေတာပဲလေ … ဘာကြောင့် … "

" ငါတို့ကကွားရှင်းပြီးသားပဲလေ … ဘာကြောင့်မိသားစုဖြစ်နေဦးမှာလဲ "

ဧကရာဇ်မောင်ရဲ့ကိုယ်ကအနည်းငယ်တုန်ယင်နေသည် ။ ပါးလွှာတဲ့ဆွယ်တာတစ်ထည်ပဲဝတ်ဆင်ထား၍ ချမ်းပြီးတုန်နေခြင်းလား သူ့ရဲ့စကားကြောင့်လားဆိုတာ မုဒြာမသိချေ ။ မျှော်လင့်ချက်ပျောက်ဆုံးလုနီးပါဖြစ်နေတဲ့ ဧကရာဇ်မျက်ဝန်းတွေက မုဒြာအားဆက်ပြီးကြည့်နေကာ မျှော်လင့်နေဆဲဖြစ်သည် ။ ပြီးနောက်သူကတုန်တုန်ရီရီဖြင့် မေးလာသည် ။

" ကိုယ်ဘာအမှားလုပ်မိလို့လဲမုဒြာ … ကိုယ်ပြန်ပြင်ပါ့မယ် … မင်းလိုချင်တာပြော ဘာမဆိုကိုယ်လုပ်ပေးမယ် … မင်းအနားကနေကိုယ့်ကိုတော့ နှင်မထုတ်ပါနဲ့လား "

မုဒြာက ဧကရာဇ်ထံကအကြည့်တွေကို လွှဲလိုက်ပြီး သူစီထားတဲ့စကားလုံးတွေကို ရေရွတ်လိုက်သည် ။

" မင်းအလုပ်တွေအားလုံးကိုပြစ်ပြီး ဒီနေရာမှာနေနေတော့ရော ဘာအကျိုးရှိမှာလဲ …  ငါ့သားလေးနဲ့ငါ့ရဲ့အေးချမ်းတဲ့ဘဝလေးကို မနှောက်ယှက်လို့မရဘူးလား "

" ကိုယ်မင်းတို့ကိုစောင့်ရှောက်ပေးနိုင်တယ် … ဘယ်တော့မှမထိခိုက်စေရဘူး … ခုကိုယ်သက်သေပြနေတာပဲလေ … ကိုယ်လဲမင်းတို့နဲ့ ဒီလိုဘဝမျိုးမှာ အတူနေနိုင်နေပြီပဲ … ဘာကိုစိတ်ပူနေသေးတာလဲ "

" နေနိုင်ယုံနဲ့မပြီးဘူး … မင်းရဲ့လက်ရှိဘဝကိုမေ့နေတာလား … ဥက္ကဌတစ်ယောက်က ကို့သာဝန်ကိုမယူပဲ ဒီလိုနေရာမှာစိတ်အေးလက်အေးနေနေတယ် … နောက်မှာအလုပ်ကိစ္စတွေအားလုံးဖြစ်ချင်ရာဖြစ်ပြစ်ထားတာက တာဝန်မဲ့တဲ့လုပ်ရပ်ပဲ … ဒီလိုပုံစံနဲ့မိသားစုကိုဘယ်လိုကာကွယ်ပေးမှာလဲ … ဘာမှဆက်ငြင်းမနေတော့ပဲ မင်းဘဝဆီမင်းပြန်နေပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့တာဝန်ကိုပြန်ယူပါ … ဒီလိုမုန့်ဆိုင်သေးသေးလေးက မင်းနေသင့်တဲ့နေရာမဟုတ်ဘူး "

" ကိုယ်မပြန်ဘူး … မင်းကိုယ့်ကို နေခွင့်ပေးမယ်လို့ ကတိပေးထားတယ်လေ "

" ငါတို့ပေးထားတဲ့ကတိက ပြည့်နေပြီ … မင်းကိုသင်ပေးစရာဘာပညာမှမရှိတော့ဘူး … မုန့်လုပ်နည်းတွေအကုန်မင်တတ်မြောက်နေပြီပဲ … ဆက်ပြီးအချိန်ဖြုန်းမနေပါနဲ့တော့ … မနက်ဖြန်မင်းလာစရာမလိုတော့ဘူး  "

ဧကရာဇ်မောင်က သူဘယ်လိုဆင်ခြေတွေသုံးပြီး မုဒြာအနားမှာဆက်နေခွင့်ပေးဖို့တောင်းဆိုရမလဲစဉ်းစားနေပေမဲ့ အကြံဉာဏ်မရတော့ပေ ။ သူ့အားထားခဲ့ကာလှည့်ထွက်သွားတဲ့မုဒြာအနောက်ကို ပြေးလိုက်ချင်ပေမဲ့ အရင်လိုသူမမြင်နိုင်မဲ့နေရာကိုပြေးထွက်သွားမည်ဆိုးကာ မလိုက်ပဲ မုဒြာထားခဲ့သည့်နေရာမှာပဲ ကျောက်ရုပ်လိုရပ်နေမိတော့သည် ။

နှင်မှုန်တွေကြားမှုန်ဝါးဝါးဖြင့်ပျောက်ကွယ်သွားသည့် ပုံရိပ်လေးကိုငေးကြည့်ရင်း အမှောင်ထုကြီးကြီးဆိုးလာတဲ့ပတ်ဝန်းကျင်မှာ ဧကရာဇ်မောင်အချိန်အတော်ကြာရပ်နေခဲ့သည် ။ ပြန်လှည့်မလာမှန်းသိပေမဲ့ သူ့ရဲ့အမြင်အာရုံထဲကနေထွက်ပြေးမသွားရင်ပင် ကျေနပ်မိသည် ။

မုဒြာအခန်းသို့ပြန်ရောက်တော့မှ သူ့ကိုယ်ပေါ်က ဧကရာဇ်မောင်ရဲ့ဂျာကင်ကို ပြန်မပေးခဲ့မိမှန်းသိလိုက်ရသည် ။ တစ်ဖက်ခန်းကအသံကြားမှ တံခါးဝမှာသွားထားလိုက်မည်ဟုတွေကာ လုပ်စရာရှိတာတွေလုပ်ရင်းစောင့်နေလိုက်သည် ။ သူပြောခဲ့တဲ့စကားတွေက ရင့်သီးသွားပေမဲ့ ဧကရာဇ်မောင်သူ့အနားနေပြီးဒုက္ခခံနေတာတွေရပ်တန့်နိုင်ဖို့ ဒီတစ်နည်းသာရှိတော့သည် ။

မုဒြာအိပ်ယာဝင်ဖို့အဆင်သင့်ဖြစ်နေပေမဲ့ တစ်ဖက်ခန်းကခုချိန်ထိပြန်ရောက်လာသံမကြားသေးပေ ။ ပြတင်းပေါက်ကနေကြည့်လိုက်တော့ လူရိတ်လူယောင်မမြင်ရသလို ဘေးအခန်းကမီးအလင်းရောင်လဲမရှိခြေ ။ ဧကရာဇ်မောင် သူ့အနောက်ကနေချက်ချင်းလိုက်ပါလာသည်ဟု ထင်မိခဲ့၍ အနောက်ပင်လှည့်မကြည့်ခဲ့မိပေ ။

အခန်းတွင်းကြည့်လိုက်တော့ သားလေးက နှစ်ခြိုက်စွာအိပ်မောကျနေတာနဲ့ မုဒြာလဲအခန်းပြင်ပြန်ထွက်လာခဲ့ပြီး ဧည့်ခန်းထဲမှာ ဧကရာဇ်မောင်ရဲ့ဂျာကင်ကိုပွေ့ပိုက်ရင်စောင့်နေလိုက်သည် ။ ဂျာကင်ပေါ်က ဧကရာဇ်မောင်ရဲ့ မြေသင်းနံ့အေးအေးက ချမ်းအေးတဲ့ရာသီမှာတောင် မုဒြာအားအနွေးဓာတ်အပြည့်ပေးစွမ်းကာ တစ်နေ့လုံးမောပန်းလာခဲ့သည့်မုဒြာအား နှစ်ခြိုက်စွာ အိပ်မောကျသွားစေခဲ့သည် ။

နံနက် ၇ နာရီထိုးမှသာမုဒြာနိုးထလာခဲ့သည် ။ အိမ်ခန်းတွင်းလျှောက်ပြေးနေတဲ့သားလေးကြောင့် မုဒြာနိုးထထခြင်း သူအိပ်ခန်းထဲပြန်မအိမ်မိမှန်းသတိရသွားသလို ညကဘေးအခန်းကလူပြန်လာပြီလားဆိုတာပင်မသိလိုက်ပဲအိမ်ပျော်သွားမိမှန်းသတိရသွားသည် ။ သူ့ကိုယ်ပေါ်မှာလဲ ဂျာကင်က နကိုအတိုင်းရှိနေဆဲပင် ။

" ပါပါး … ပါပါး … ဦးဦးရောဟင် "

သားလေးကမုဒြာနိုးလာတော့ အလောတကြီးပြေးလာကာ ဧကရာဇ်မောင်ကိုဦးစွာမေးလာသည် ။ မုဒြာလဲမီးဖိုချောင်ဘက်ကိုကြည့်လိုက်တော့ အားလုံးကခြေရာလက်ရာမပျက်ရှိနေ၍ ဒီမနက်ဧကရာဇ်မောင်အခန်းထဲရောက်မလာမှန်းသိလိုက်ပြီး ညကသူပြောခဲ့တဲ့စကားကြောင့် ချက်ချင်းထွက်သွားပြီဟုထင်မိသွားသည် ။ သူကသားလေးအား ပွေ့ချီလိုက်ပြီး …

" သားလေး … ဗိုက်ဆာနေပြီလား "

" ဟင့်အင် .… ပါပါး ဦးဦးလဲလာသေးဘူး … သားမစားချင်ဘူး … ဦးဦးကိုသွားခေါ်မယ် "

" ဦးဦးက သူ့အိမ်သူပြန်သွားပြီ "

" ဦးဦးအိမ်က ဘေးမှာပဲလေး  …  သားသွားရှာမယ် … တံခါးဖွင့်ပေး "

" ဟိုးအဝေးကြီးကအိမ်ကိုပြန်သွားတာ … သားလေးသွားရှာလဲတွေ့မှာမဟုတ်ဘူး … လာမနက်စာသွားပြင်ကြမယ် "

သားလေးရဲ့မျက်နှာက ဆူပုတ်နေကာ မုဒြာအနောက်လိုက်မလာပေ ။ မုဒြာကိုယ်လက်သန့်စင်ပြီး ပထမဆုံးမီးဖိုချောင်သို့ပြန်ဝင်ရတော့သည် ။ ခုလိုကြတော့လဲ သူ့ရင်ထဲမှာဟာတာတာဖြစ်နေကာ သူ့ရဲ့ဘဝက ပြန်ပြီးအေးဆက်သွားသလိုခံစားရသည် ။ ဒါကသူရွေးချယ်ထားတဲ့လမ်းမို့  ရှေ့ဆက်လျှောက်ယုံသာရှိတော့သည် ။

မနက်စာပြင်ပြီးသွားတော့ စိတ်ကောက်ပြီး အခန်းထဲဝင်သွားတဲ့သားလေးကို သွားခေါ်နေစဉ် အနောက်က တံခါးခေါက်သံကိုကြားလိုက်ရသည် ။ မုဒြာပြေးဖွင့်ကြည့်တော့ ယံယံနဲ့သူ့သားလေးရောက်နေတာကို တွေ့လိုက်ရသည် ။

" ယံယံ … ဘယ်လိုရောက်လာတာလဲ "

" ဧကရာဇ်မောင်အထဲမှာလား "

" ဟမ် … သူအိမ်တော်ကိုပြန်သွားပြီမဟုတ်ဘူးလား … ဒါနဲ့ဘာကိစ္စရှိလို့လဲ "

" မင်းမသိဘူးလား … ဧကရာဇ်မောင်ဖျားနေလို့ ငါ့ကိုဖုန်ဆက်ခေါ်လို့ဒီကိုရောက်လာတာ … ငါကသူမင်းအခန်းမှာရှိလောက်မယ်ထင်နေတာ "

" သူဖျားနေတယ် "

ညကအအေးထဲမှာအကြာကြီးရပ်နေ၍ဖျားသွားမှန်း မုဒြာသိသွားသည် ။ ယံယံကမုဒြာနဲ့ဧကရာဇ်မောင်ပြန်ပြီးအဆင်ပြေနေလောက်ပြီဟုထင်မိပေမဲ့ ခုတော့စိတ်ဆိုးနေကြသည့်ဇနီးမောင်နှံအတိုင်းဖြစ်နေသည် ။ နောက်ဆုံးသူကကူညီရန်ဆုံးဖြတ်လိုက်သည် ။

" ဒါဆို ငါသူ့အခန်းကိုသွားတော့မယ် … မင်းလိုက်ကြည့်ချင်လား "

" ငါ မလိုက်တော့ပါဘူး "

" သေချာလို့လား … သူခုလိုဖြစ်တာ မင်းကြောင့်များလား "

ယံယံပြောတာမှန်သွား၍ မုဒြာမျက်နှာပျက်သွားသည် ။

" ငါ ငါနဲ့မဆိုင်ဘူး … သူ့ဘာသာအပြင်မှာ ဘယ်လောက်အကြာကြီးနေနေမှန်းမှမသိတာ "

" ဟုတ်ပါပြီ … မင်းနဲ့မဆိုင်ပေမဲ့ မင်းကြောင့်လဲပါတော့ လိုက်ကြည့်သင့်တယ် … မင်းတို့ဘာဖြစ်ခဲ့ကြလဲငါမသိပေမဲ့ သူခုလိုနေမကောင်းဖြစ်နေချိန်မှာ မင်းဂရုစိုက်ပေးသင့်တယ် "

မုဒြာကစဉ်းစားသွားပြီး ယံယံအကြံကိုလက်ခံလိုက်သည် ။

" ဒါဆို ငါလိုက်ခဲ့မယ် … ဒါပေမဲ့သားလေး … "

" မပူပါနဲ့ "

ယံယံကသူ့ရဲ့သားလေးအားကြည့်ကာ ပြောလိုက်သည် ။

" ရတု … သားရဲ့ညီလေးရှင်းခန့်ကို သွားကြည့်ပေးထား … ဖေဖေတို့ ဘေးအခန်းကိုသွားလိုက်ဦးမယ် "

" ဟုတ်ကဲ့ဒယ်ဒီ "

ကလေးတွေစိတ်ချရပြီဆိုတော့ ယံယံနဲ့မုဒြာဘေးအခန်းထဲသို့ဝင်လာကြသည် ။ ဧကရာဇ်မောင်အခန်းက အလုံပိတ်ထား၍ မှောင်မဲနေပြီး တိတ်ဆိတ်နေသည် ။ မုဒြာက ဧကရာဇ်ရဲ့အိပ်ခန်းနေရာကိုသိနေ၍ ယံယံအား ဦးဆောင်ကာခေါ်သွားသည် ။

အခန်းတံခါးဖွင့်လိုက်တော့ ပူလောင်တဲ့လေထုနဲ့အတူ ကုတင်ပေါ်ကစောင်အထူကြီးထဲမှာအိပ်စက်နေတဲ့ ဧကရာဇ်မောင်ကိုတွေ့လိုက်ရသည် ။ ဘယ်လောက်ထိအဖျားပြင်းနေလဲဆိုရင် အငွေ့အသက်တွေနဲ့ပင်ခံစားလို့ရနေသည် ။

ယံယံကချက်ချင်းပဲ အဖျားတိုင်းကြည့်လိုက်တော့ အမြင့်ဆုံးသို့ရောက်ရှိနေတာကိုတွေ့လိုက်ရသည် ။

" အဖျား 140° တောင်ရှိတယ် … အအေးမိတာဆိုပေမဲ့ ဒိထပ်ပြင်းရင် သုပ်ကွေးပိုးဝင်နိုင်တယ် … အချိန်မှီလို့တော်သေးတာပေါ့ "

မုဒြာကစိတ်မပူဘူးဟုသာပြောပေမဲ့ သူ့မျက်နှာကစိုးရိမ်နေမှန်းသိသာသည် ။ ထိုအချိန်မှာ ဧကရာဇ်မောင်လဲ နိုးထလာပြီဖြစ်သလို သူ့အနားမှာရပ်နေတဲ့မုဒြာကိုမြင်တော့ နာကျင်မှုတွေကသက်သာသွားလေသည် ။ ယံယံကဆေးတစ်လုံးထိုးပေးပြီး ဂရုစိုက်ဖို့မှာကြားနေသည် ။

" ခုအချိန်က ရာသီဖျားတွေပေါတယ် … သေချာလေးဂရုစိုက်ပေး … အဖျားကပြင်းတော့ အစားမာတွေမစားသေးပဲ ဆန်ပြုတ်လေးပဲလုပ်တိုက် … ငါသောက်ရမဲ့ဆေးတွေပေးခဲ့မယ်…  မုဒြာမင်းသူ့ကိုဂရုစိုက်လိုက်ပါ "

" ငါနဲ့ဘာဆိုင်လို့လဲ "

" အဟွတ် … အဟွတ် "

မုဒြာကငြင်းဆန်တော့ ဧကရာဇ်မောင်က သနားစရာကောင်းအောင်လုပ်ပြနေသည် ။ ယံယံကလဲ ဆက်ပြီးတိုက်တွန်းလိုက်သည် ။

" သူ့ရဲ့အခြေအနေကဒီလောက်ဆိုးနေတာ မင်းကလစ်လျှူရှုထားမလို့လား "

" သူ့အိမ်တော်ကိုပြန်ပြီးအနားယူလိမ့်မယ် "

" ခေါင်းမမာချင်စမ်းပါနဲ့ကွာ … ဒီမှာစောင့်ရှောက်ပေးရတာ ဘယ်လောက်ခက်လို့လဲ … ခုလိုဖြစ်တာလဲမင်းကြောင့်ပဲမဟုတ်လား … သူကအအေးဓာဏ်မခံနိုင်မှန်းသိရက်နဲ့အပြင်မှာထားခဲ့တာ "

ဧကရာဇ်မောင်က ယံယံအားပြောထားပြီးဖြစ်သည် ။ မုဒြာသူ့အားထွက်မသွားခိုင်းအောင် ကူညီနိုင်သူက ယံယံသာရှိတော့သည် ။ အတိတ်တုန်းက မုဒြာက ဆောင်းရာသီရောက်တိုင်း သူ့အားနွေးနွေးထွေးထွေးထားကာ ရာသီဖျားဖြစ်ပေါ်လာလျှင် မိသားစုဆရာဝန်ခေါ်ပြီး အမြဲစောင့်ကြည့်ပေးတတ်သည် ။

ထိုအကျင့်က မုဒြာထံမှာ ရှိနေဆဲဖြစ်သလို ခုလိုအခြေအနေအား လစ်လျူရှုမထားနိုင်မှန်းသိနေသည် ။ လက်မခံချင်ပေမဲ့ လစ်လျှူမရှုနိုင်တဲ့မုဒြာရဲ့စိတ်ကြောင့် ဧကရာဇ်မောင်ရဲ့အကြံအောင်သွားသည် ။

" ကောင်းပြီ ဒီတစ်ခါပဲ … အဖျားပျက်တာနဲ့ ထွက်သွားရမယ် "

" ဟုတ်ပါပြီ … ဒါဆိုသူစားဖို့ဆန်ပြုတ်လေးသွားပြုတ်ထား … ငါဆက်ပြီးစောင့်ကြည့်ပေးထားမယ် "

မုဒြာထွက်သွားတော့မှ ယံယံက ခုံပေါ်မှာထိုင်ကာ ဧကရာဇ်မောင်အား ဆူလေတော့သည် ။

" ကြံစရာရှားလို့ အအေးပတ်ပြီးဖျားတဲ့ထိ လုပ်ရလား "

" ငါ့မှာဒီတစ်နည်းပဲရှိတော့တယ် … မုဒြာကိုစိတ်မပူစေချင်ပေမဲ့ ဒီလိုလုပ်မှ သူ့အနားမှာ နေခွင့်ပေးမှာ "

" အဖျားပျက်ရင်ရော ဘာဆက်လုပ်မှာလဲ "

" နောက်တစ်နည်းစဉ်းစားရမှာပေါ့ "

" မင်းကတော့ တကယ်ရူးသွားပြီပဲ "

ဧကရာဇ်မောင်က စိတ်မဆိုးတဲ့အပြင် ပြုံးတောင်ပြုံးနေသေးသည် ။

" ရူးတယ်လို့ပြောလဲခံရမှာပဲ … ငါခုလိုဖြစ်တော့ ဟိုးအရင်ကလိုစိတ်ပူနေတတ်တဲ့ မုဒြာကိုပြန်မြင်ခွင့်ရလိုက်တယ် … ငါသူ့ရဲ့အချစ်တွေကို မျက်ကန်းတစ်ယောက်လို မမြင်ခဲ့မိလို့ နောင်တရမိနေပြီ "

" တအားလဲစိတ်ဓာတ်မကျပါနဲ့ကွာ … မုဒြာတစ်နေ့တော့ အရင်လိုပြန်ဖြစ်လာမှာပါ … သူ့ကိုလဲ စိတ်ဒါဏ်ရာတွေကိုကုသဖို့အချိန်ပြန်ပေးလိုက်ပေါ့ "

" အင်း … ငါနားလည်ပါတယ် … ငါ့ရဲ့လုပ်ရပ်တွေအတွက် ငါပြန်ခံစားရတာ တန်ပါတယ် … ဘယ်အချိန်ထိဖြစ်ဖြစ်ငါစောင့်မယ် … ခုလိုကူညီပေးတဲ့မင်းကိုလဲ ကျေးဇူးတင်ပါတယ်ယံယံ "

" မလိုပါဘူး … မုဒြာကငါ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲ … မင်းတို့အဆင်ပြေဖို့ဘာမဆိုငါကူညီပေးမယ် … ဒါဆိုလုပ်စရာလေးရှိသေးလို့ ငါသွားတော့မယ် … မင်းတို့ရဲ့အချိန်ကောင်းကို ငါမနှောက်ယှက်တော့ဘူး "

ယံယံက နှုတ်ဆက်ကာ အခန်းထဲကနေထွက်သွားပြီး မုဒြာကိုလဲ ဧကရာဇ်ကိုသေချာလေးဂရုစိုက်ပေးဖို့မှာကြားကာ ပြန်သွားသည် ။ ဆန်ပြုတ်ခွက်နဲ့ မုဒြာပြန်ဝင်လာတော့ ဧကရာဇ်မောင်က ခုတင်ပေါ်မှာ အနောက်ကိုမှီပြီးထိုင်နေသည် ။ သူ့ရဲ့ပုံက အင်အားလျော့နည်းက နွမ်းလျှနေပြီး ပုံလဲကျတော့မလိုပင် ။

မုဒြာက ဆန်ပြုတ်ပူပူခွက်ကို ဧကရာဇ်ဘေးက စားပွဲပေါ် ချလိုက်ပြီး …

" မအေးခင်လေးသောက်လိုက် … ပြီးရင်ဆေးသောက်ဖို့ပါ ထားခဲ့မယ် … ဒါဆို ငါသွားတော့မယ် "

ဧကရာဇ်က အသွားမခံပဲ တားလိုက်သည် ။

" မုဒြာ … ကိုယ်အားမရှိဘူး "

" အဲ့ဒါကြောင့် ဆန်ပြုတ်သောက်ခိုင်းနေတာ "

" ခွင့်ကြွေးပါလား … ကိုယ့်လက်တွေအားမရှိဘူး "

မုဒြာကငြင်းဆန်ချင်ပေမဲ့ ဧကရာဇ်မောင်အခြေအနေတကယ်မဟန်၍ ခွက်ကိုယူပြီး ကုတင်ဘေးမှာဝင်ထိုင်လိုက်သည် ။

" ဒီတစ်ခါတော့ကူညီပေးမယ် … နောက်ဆိုကို့ဘာသာသောက်ရမယ် "

" အင်း "

မုဒြာက ဆန်ပြုတ်ပူပူကိုမှုတ်ပြီးတိုက်လိုက်သည် ။ ဒီလိုအခြေအနေက အတိတ်မှာလဲမကြာခန ပြုလုပ်ခဲ့ဖူးတာကြောင့် မုဒြာ ဧကရာဇ်မောင်ကို သေသေချာချာလေးဂရုစိုက်ပေးကာ နှုတ်ခမ်းကနေဖိတ်ကျနေတာတွေကိုပင် သေချာလေးသုတ်ပေးနေမိသည် ။ မုဒြာရဲ့မျက်နှာပြုံးရွှင်မနေတာကလွှဲ၍ အပြုအမူတိုင်းက အတိတ်နဲ့ထပ်တူပင် နွေးထွေးလွန်းသည် ။

ဆန်ပြုတ်တိုက်ပြီး ဆေးတိုက်ကာ ဧကရာဇ်မောင်ကို အိပ်ဆက်ဖို့အတွက် မုဒြာပြင်ပေးနေသည် ။ ဧကရာဇ်မောင်က သူ့အားစောင်ခြုံပေးဖို့ကြိုးစားနေတဲ့မုဒြာလက်လေးကို ဖမ်းဆွဲကာ သူ့ရဲ့ဘေးမှာလှဲစေလိုက်သည် ။

" အရမ်းအေးလာလို့ ကိုယ့်ဘေးမှာ ခနလောက်အိပ်ပေးပါလား "

" အေးရင်စောင်ခြုံလို့ရနေတာပဲ … ဘာလို့အိပ်ပေးရမှာလဲ "

" မင်းပဲဂရုစိုက်မယ်လို့ ကတိပေးထားတယ်လေ … ခနလေးပဲနေပေးပါနော် "

သနားစရာကောင်းအောင် လုပ်ပြနေတော့ မုဒြာမငြင်းဆန်နိုင်တော့ပဲ စောင်ခြုံပေးပြီး အပြင်မှာဝင်လှဲလိုက်သည် ။

" အိပ်ပျော်တဲ့ထိပဲနေပေးမယ် "

ဧကရာဇ်မောင်က ပြုံးကာခေါင်းငြိမ်လိုက်ပြီး သူ့ရဲ့နဖူးကို မုဒြာပခုံးနဲ့ထိအောင်တိုးပြီး ကွေးကွေးလေးအိပ်ဆက်လိုက်သည် ။ နာရီဝက်ခန့်ကြာတော့ ဧကရာဇ်မောင်က အိပ်မပျော်သေးပဲ မုဒြာကနှစ်ခြိုက်စွာအိပ်ပျော်သွားလေသည် ။

ထိုအခါမှ မုဒြာကို စောင်ခြုံထဲသို့ဆွဲတွင်းကာ သူ့ရဲ့တစ်ကိုယ်လုံးနဲ့ရစ်နွယ်လျှက် ရင်ခွင်ကြားပွေ့ဖက်ထားလိုက်တော့သည် ။  နှစ်ခြိုက်စွာအိပ်မောကြနေတဲ့မုဒြာက မသိတဲ့အပြင် နွေးထွေးလွန်း၍ သူ့ရဲ့ကိုယ်လေးက ဧကရာဇ်ရင်ခွင်ထဲသို့ တိုးဝင်လျှက် သူ့ရဲ့မျက်နှာကို ဧကရာဇ်ရဲ့ရင်အုံထံ အပ်ထားလေသည် ။

" မင်းလေးကအရင်အတိုင်းမပြောင်းလဲဘူးပဲ … ကို့ရင်ခွင်ထဲရောက်ရင် ကလေးလေးလိုပွေ့ဖက်ရတာကြိုက်နေတုန်းပဲ … ဒါများ ကိုယ့်ကိုဘာလို့ငြင်းဆန်နေသေးလဲကွာ … အရင်လိုပြန်ပြီးနေခွင့်ရဖို့ ကိုယ်မှာမျှော်လင့်ချက်ရှိသေးတယ်မဟုတ်လား မုဒြာ "

တစ်ဖက်က ပြန်မဖြေကြားပေမဲ့ မုဒြာရဲ့အပြုအမူတိုင်းက မျှော်လင့်ချက်ရှိသေးကြောင်း ပြောပြနေသည် ။ ဧကရာဇ်မောင်လဲ မုဒြာအားပွေ့ဖက်လျှက် မုဒြာရဲ့ခေါင်းလေးပေါ် မေးတင်ကာ စိတ်ချစွာ အိပ်ဆက်လိုက်လေတော့သည် ။

…………………………………………………………………………………

To Be Continued ……











*

*

*







' ကျီ '







" ဟုတ်ကဲ့ ရပါတယ် "


" လင်းထက် "

" သခင်လေး … အာ … သူဌေး "







" ကျေးဇူးပါဗျ "


" ဥက္ကဌ "





























" …… "

" …… "





































" သူဖျားနေတယ် "



" ငါ မလိုက်တော့ပါဘူး "







" မပူပါနဲ့ "



" ဟုတ်ကဲ့ဒယ်ဒီ "







" ငါနဲ့ဘာဆိုင်လို့လဲ "

" အဟွတ် … အဟွတ် "





























" အင်း "












…………………………………………………………………………………

To Be Continued ……

Continue Reading

You'll Also Like

2.8M 62.6K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
2.6M 146K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1M 24.6K 44
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.1K 100 12
ကင်မ်ဆွန်မင်းက ကြွေရုပ်လေးလိုဘဲနူးနူးညံ့ညံ့နဲ့သိပ်လှပတာ...