မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...
Door ma_roses_are_blue
86.5K 10.3K 163
The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... Meer
Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶
အပိုင်း(၄၈)
784 102 0
Door ma_roses_are_blue
ဧကရီဘွားတော်က သံလွင်ပင်လေးကို တင်းတင်းကြပ်ကြပ်ကိုင်ရင်း ပြောလိုက်သည်
"တွေးကြည့်လိုက်ရင် ငါမင်းနဲ့တခါမှ စကားအေးအေးဆေးဆေးမပြော‌ဖြစ်သေးဘူးပဲ မင်းလဲ ဒီရောက်နေပြီဆိုမှတော့ လက်ဖက်ရည်တစ်ခွက်လောက်သောက်သွားပါအုမ်း"
"အဆင်ပြေပါမလား"
"မင်းက ဧကရာဇ်အတွက် တန်ဖိုးရှိပြီး အရေးပါတဲ့လူတစ်ယောက်မဟုတ်ဘူးလား မင်းနဲ့ထိုက်ထန်ပါတယ်"
"ဒါဆို လေဒီပါနေးရားကိုပါ ‌ကျွန်တော်ခေါ်လာပြီး ကျွန်တော်တို့နဲ့ စကားပြောခွင့်ရှိမလား"
သူမနာမည် လုရှန်ပါးစပ်ထဲကထွက်လာတာကြားလိုက်ရတော့ ဧကရီဘွားတော်မျက်နှာမှာ ခက်ထန်သွားသည် ရှင်းရှင်းလင်းလင်းပဲ ထိုနာမည်ကြားလိုက်ရတာက တခဏကဖြစ်ခဲ့တဲ့ ကိစ္စကို သတိပေးလိုက်သလိုဖြစ်သွားသည်
လုရှန်က မျက်ခုံးတွေကိုနှိမ့်ချရင်း သူ့ကိုအဖြေပြန်မပေးသေးတဲ့ဧကရီဘွားတော်ကို ပြောလိုက်သည်
"အခု ကျွန်တော်တို့သုံးယောက်ဆုံပြီပဲ ဧကရီဘွားတော်နဲ့ ကျွန်တော်တို့နှစ်ယောက်ကြားက ပြဿနာကိုဖြေရှင်းချင်ပါတယ် အဲ့တာက အရှင့်မကို အဆင်မပြေဖြစ်နေတာလား"
“·······!”
လုရှန်ရဲ့ သေလောက်အောင်တောက်ပနေတဲ့မျက်လုံးအစုံနှင့် မျက်နှာချင်းဆိုင်လိုက်သောအခါ ဧကရီဘွားတော်မှာ မငြင်းနိုင်ပဲ ခေါင်းညိမ့်လိုက်ရတော့သည် ဧကရီဘွားတော်က မျက်လုံးတွေကိုကျယ်ကျယ်ဖွင့်ရင်း ပြောလိုက်သည်
"မင်းလုပ်နိုင်ပါတယ် လေဒီပါနေးရား အဲ့နေရာမှာဘာလုပ်နေသေးတာလဲ"
ဧကရီဘွားတော်၏ စွဲဆောင်မှုအပြည့်နှင့်ဖိတ်ခေါ်သံကို ကြားလိုက်ရသောအခါ သူမ လုရှန်တို့ရှိရာဆီသို့သွားလိုက်သည် သူမ လုရှန်ဘေးမှာထိုင်လိုက်ရင်း သူနှင့်အကြည့်ချင်းဆုံသွားသည် လုရှန်က မျက်လုံးတွေကိုညင်သာစွာကွေးပြီး ပြုံးပြနေသည်
'ကိုယ် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်မလား'
သူက ကမ္ဘာကြီးအကြောင်းဘာမှမသိတဲ့ နူးညံညင်သာသူလေးဟု သူမထင်ခဲ့မိသည် သူရဲ့ရုပ်ရည်ကိုအခုလို အသုံးချတဲ့အရည်အချင်းရှိတယ်ဆိုတာ သူမမသိခဲ့ပေ
သူမခေါင်းညိမ့်ရင်း ခိုးကြောင်ခိုးဝှက်နှင့် လက်မထောင်ပြလိုက်သည်
───── 〔✿〕─────
ဧကရီဘွားတော်က လုရှန်ကို သေသေချာချာ ဂရုစိုက်ခဲ့သည် သူမပုံစံက နံနက်ခင်းဒရမ်မားကားထဲက သူဌေးအိမ်က အမေတစ်ယောက်နေရာကနေ "Human Theater"ထဲက ဘေးအိမ်က နွေးထွေးတဲ့ အဘွားတစ်ယောက်လို ပြောင်းလဲသွားသည်ဟု ခံစားရစေသည်(Human Theater-인간극장က reality showပါတဲ့)
ထိုကျေးဇူးကြောင့် ပွဲသည် အလွန်အေးချမ်းခဲ့သည် သူမကို အားကုန်သုံးပြီးတိုက်ခိုက်ခဲ့တဲ့ အီရစ်ကာကလဲ ဂျောင်တစ်ခုမှာ ချဉ်စုပ်နေသောမျက်နှာနှင့် ကပ်နေကာ ဘယ်သူမှမမြင်ကြတော့ပေ သူ့မခန္ဓာကိုယ်က လှုပ်ခါနေတာကြောင့် ငိုနေပုံရသည်
'ဒါကြောင့် နင်ငါကို မတိုက်ခိုက်နိုင်တာ ငါက နှစ်တစ်သောင်း အရံဗီလိန်လေ နင်ဘယ်လောက်ကြိုးစားကြိုးစား ငါကိုမယှဉ်နိုင်ဘူး'
သူမ လျှာကို ကျစ်ခနဲ သပ်လိုက်ခါ အစားအစာတွေကိုပျော်ပျော်ကြီးစားလိုက်တော့သည် လုရှန်ကလဲ သူ့နည်းသူ့ဟန်နှင့် ပျော်ရွှင်နေတော့သည် လုရှန်က ခါးကိုမတ်မတ်ထိုင်ကာ ဧကရီဘွားတော်နှင့်စကားပြောနေတော့သည် သူတို့နားလာသမျှအမျိုးသမီးတိုင်းကိုလဲ နှုတ်ဆက်သေးသည်
နာမည်အရရော ပုံစံအရရောကြောင့် သူက ဒီနေ့ပွဲရဲ့ ပန်းကလေးပင်
ပွဲပြီးချိန်ရောက်တော့ လုရှန်ဖန်မီတင်းအတွက် ခန်းမတစ်ခုလိုဖြစ်လာတော့သည်
"ဒါဆို ကျွန်တော်ပြန်ပါတော့မယ်"
လုရှန်ခုံကနေထပြီး ကပွဲကထွက်လာသောအခါ ဧကရီဘွားတော်ပုံစံမှာ အတော်လေးစိတ်ပျက်သွားပုံရသည် ဒါပေမဲ့ သူမ၏ ရိုင်းစိုင်းသော စရိုက်ကိုထုတ်ဖော်ပြီး မသွားဖို့ သူ့ကိုမတားခဲ့ပေ ထို့အစား သူမက သံလွင်ပင်ကို ညင်ညင်သာသာဖက်ထားရင်း နူးနူးညံ့ညံ့စကားပြောလာလေသည်
"အရှင်ကာဒီယမ် ငါဒီနေ့အတော်ပျော်ခဲ့ရတယ် ငါမင်းကို တချိန်လုံးအထင်လွဲနေခဲ့တာပဲ နောက်ကျရင်ထပ်တွေ့ကြတာပေါ့"
လုရှန်က အင်ပါယာရဲ့အကောင်းဆုံးစစ်သည်ဖြစ်သော်လည်းသူမှာရန်သူများစွာရှိတာကြောင့် ကပွဲတွေတတ်ခဲပြီး သူက သာမန်လူတန်းစားကဖြစ်တာကြောင့် သူသည် တော်ဝင်မိသားစုနှင့် အထက်တန်းလွှာများကို ခင်မင်ရင်းနှီးသည့်ပုံစံဖြင့် ဘယ်သောအခါမှ မချဉ်းကပ်ခဲ့
သို့သော်လည်း ထိုကဲ့သို့ နာမည်ပျက်မျိုးရှိတော့မည်မဟုတ်ပေ ဧကရီဘွားတော်အမည်နှင့်ခေါင်းဆောင်ဥက္ကဌရှိသော အံဩစရာဖန်ကလပ်တစ်ခုပင်ရှိလာတော့သည်
"အရှင်ကာဒီယမ်, နောက်ကျရင်လဲ ကပွဲတွေများများတပ်ပေးပါအုမ်းနော်"
"ကျွန်မ လေဒီပါနေးရားကို ဖိတ်စာပို့လိုက်မယ် ရှင်မှာအချိန်ရရင် သူမနဲ့လာရမယ်နော် ကတိ"
ဖန်ဂဲအတော်များများကပင်ထိုကဲ့သိုပြောလာရအောင်ပင်
သူမ ကပွဲကထွက်လာတော့ သူကိုမေးလိုက်သည်
"ဘာဖြစ်တာလဲ လုရှန်ရုပ်တရက်ကြီးရောက်လာလို့ ကျွန်မအရမ်းအံဩသွားတာပဲ"
လုရှန်က နူးညံ‌စွာဖြေလာခဲ့သည်
"ဧကရာဇ်ကပြောလာတယ်လေ ကိုယ်က လေဒီကိုကာကွယ်ချင်တယ်ဆိုရင် ကိုယ်သွားပြီး ဧကရီဘွားတော်ကိုဆွဲဆောင်သင့်တယ်တဲ့လေ သူမအပေါ် အလုပ်ဖြစ်မှာသေချာတယ်တဲ့လေ"
ဧကရာဇ်က သူအမေအကြောင်းထိုကဲ့သို့အရာမျိုးနှင့် တကယ်ကိုပြောရဲတာပင် ဒါက Talent ပဲ
"အလုပ်ဖြစ်ရဲ့လား"
လုရှန် ရဲ့ စကားကို သူမ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်သည်
"ဖြစ်တယ်လေ ရှင်လဲမြင်မှာပဲ လူတိုင်းက ကျွန်မအပေါ်ကောင်းနေတာလေ"
လုရှန် ရဲ့ ၀င်စွက်ဖက်မှုကြောင့်ဆိုပေမဲ့ သူမဘယ်သွားသွား သူတို့ သူမဘက်မှာ ရှိနေဖို့က အရေးကြီးလေသည် အဓိကက သူ အချိန်မှန်ပေါ်လာပြီး Pewကို နှိမ့်ချမိတဲ့အမှုက နစ်မြှုပ်သွားခဲ့သည်
လုရှန်လို ‌ချစ်သူကောင်လေးရှိရတာ သူမအတွက် အလွန် အကျိုးရှိလေသည်
သူမခြေဖျားထောက်ပြီး တိုးတိုးလေးပြောလိုက်သည်
"ဒါပေမဲ့ ဒါမျိုးထပ်မလုပ်ပါနဲ့တော့ တခြားအမျိုးသမီးတွေ ရှင်ကိုတကယ်ကြွေသွားမျိုး မဖြစ်ချင်ဘူး ရှင်နှလုံးသားထဲမှာ ကျွန်မပဲရှိတယ်ဆိုတာသိပေမဲ့ ကျွန်မ မနာလိုဖြစ်တုန်းပဲ"
လုရှန်က သူမစကားတွေကြားပြီး တောက်ပစွာပြုံးပြတော့သည် ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးစကားလုံးတွေကို ကြားလိုက်ရသလို
───── 〔✿〕─────
ဘယ်လိုဝောာင်တိုက်ဆိုင်လိုက်သလဲ
လေညင်းအနည်းငယ်ခံဖို့ လမ်းမ၌ လမ်းလျှောက်ထွက်လာချိန် သူမ လုရှန်နှင့် သူ့လက်ထောက်ပေါလ်ကိုတွေ့ခဲ့သည်
'ဒါလင်!'
သူမလုရှန်ဆီပြေးသွားမလို့လုပ်လိုက်ပေမဲ့ စိတ်ပြောင်းသွားခဲ့သည် သူမမရှိတဲ့အချိန်တွင် သူဘာတွေလုပ်နေမလဲသိချင်တာကြောင့်ပင် လုရှန်က အမျိုးသမီးလက်၀တ်ရတနာတွေရောင်းတဲ့ ဆိုင်ထဲမှာ ရှိနေသည် ပန်းရောင်တွေအလည် သူမတ်တပ်ရပ်နေပုံကိုကြည့်ပြီး သူမရီမိတော့သည်
'သူ ငါ့အတွက် လက်ဆောင်၀ယ်ပေးဖို့ ရောက်နေတာပဲဖြစ်ရမယ်'
သူလက်ဆောင်ပစ္စည်းရွေးတာကို မြင်ရတာ ပထမဆုံးအကြိမ်ပင် လုရှန်က သူမဆီ ပစ္စည်းများစွာပို့ဖူးသည် ဒါကြောင့် သူက တွေ့ရာရွေးယူလိုက်ဝာာပဲဖြစ်ရမယ်လို့သူမထင်ခဲ့ဖူးသည်
ဒါပေမဲ့ အဲ့လိုပုံစံဟုတ်ခဲ့‌ပုံမရပေ
လုရှန်သည် ကမ္ဘာပေါ်တွင် အလေးအနက်ဆုံးသော မျက်နှာဖြင့် စင်ပေါ်ရှိ ဆံညှပ်ကလစ်ကို ကြည့်နေသည် သူ့ဘေးနားက ကလစ်ကို စူးစူးရဲရဲနဲ့ ကြည့်နေပြန်သည် ထို့နောက် သူ့ဘေးနားရှိ နောက်ထပ် ကလစ်တစ်ချောင်းကို စိတ်ရှုပ်နေသော မျက်နှာဖြင့် ကြည့်နေပြန်သည် ကလစ်တွေအားလုံးကို ကြည့်ပြီးနောက် လုရှန် စိတ်ဖိစီးမှုအပြည့်နှင့် ပြောလာတော့သည်
"ငါထင်တာကတော့ ဒါရော ဒါရော ဒီဟာရော အားလုံးက သူမနဲ့လိုက်မယ်ထင်တယ်"
ရီဝေသောမျက်လုံးများဖြင့်သူ့ဘေးမှာရပ်နေတဲ့ ပေါလ်က ထိုစကားမျိုးကို ယခင်ကအကြိမ်ကြိမ်ကြားခဲ့ရသလို ကျွမ်းကျင်စွာပြန်ပြောခဲ့သည်
"ဒါဆိုလဲ အားလုံး၀ယ်လိုက်ရအောင်"
ထို့နောက် လုရှန်သည် စင်ထဲက ကလစ်တွေအားလုံးကို ၀ယ်သွားခဲ့သည် တစ်ပတ်စာ ရင်ထိုးကလစ်ဖိုး တစ်ခါတည်းရောင်းလိုက်ရတဲ့ ဆိုင်ပိုင်ရှင်က အရင်းရှင်ရဲ့ အပြုံးနဲ့ ပြောလိုက်သည်
"မင်း၀ယ်သွားတဲ့ အားလုံးက လူကြိုက်များနေတဲ့ဟာတွေ လက်ဆောင်ရသူက သဘောကျမှာ သေချာတယ်"
ထိုစကားတွေကြားပြီး လုရှန်ကမျက်လုံးတွေကို ညင်သာစွာ ခတ်နေတော့သည်
"ကျွန်တော်လဲအဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ်"
ထိုအပြုံးက အရမ်းကိုလှပလေသည် သူမရင်တွေခုန်လွန်းလို့ ထို့နေ့ကလို လုရှန်ကိုမသိသလို ဟန်မဆောင်နိုင်တော့ပေ
လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကဖြစ်သည်
ထိုအကြောင်းကို အခုတွေးနေမိသည် ထိုအရာက သူမ ပါနေးရားဖြစ်လာကထဲက အကြီးမားဆုံးစိုးရိမ်မှုဖြစ်လိမ့်မည်
လုရှန်မွေးနေ့က သိပ်မကြာခင်လာတော့မည်
'ငါတို့စဒိတ်ကထဲကဆိုရင် ပထမဆုံးအကြိမ် ကြုံရမဲ့ ငါကောင်လေးရဲ့မွေးနေ့ပဲ'
သူဘာကြိုက်လောက်မလဲ
သူ့ကိုလက်ဆောင်တွေအများကြီး မပေးဖြစ်ပေမဲ့ သူဆီကတော့ အများကြီး လက်ဆောင်ရခဲ့သည်
'မကြာခဏ သူဝယ်လာနေကြ ကိတ်မုန့်ကို ငါ၀ယ်ရမလား ဒါမှမဟုတ် သူ့ကို ဆိုင် ခေါ်သွားပြီး အဝတ်အစားတွေ ဝယ်တာမျိုး လုပ်ရမလား'
ပွင့်ပွင့်လင်းလင်းပြောရရင် ဒါတွေအားလုံးက သူမဆန္ဒတွေပင် သူ့အတွက် သက်သက်ဖြစ်လာတာမျိုးမဟုတ်ပေ ဒါကြောင့် ဒါဟာ တကယ်လက်ဆောင်လို့မခေါ်ထိုက်ပေ
'ဒီတခါလဲ ငါသူ့ကို လက်ဆောင်တစ်ခုပေးရမယ် သူတကယ်ကြိုက်လောက်မဲ့ အရာတစ်ခု'
လုရှန်ရဲ့ပထမဆုံးမွေးနေ့ကို မည်သို့ကျင်းပရမည်ကို တွေးကာ ခေါင်းရှုပ်နေတော့သည်
သို့သော် လက်တွေ့ဘဝ၏ အေးစက်သော နံရံကို မထိခင်အထိ သိပ်မကြာလိုက်ပင်
'ပိုက်ဆံ ငါမှာပိုက်ဆံမရှိဘူးလေ'
နေ့တိုင်း ချိန်းတွေ့ဖို့ အရမ်းအလုပ်ရှုပ်နေတာကြောင့် ပိုက်ဆံတွေ အများကြီးကုန်သွားမှန်း သူမပင်သတိမထားမိလိုက်ပေ သူမရဲ့၀က်စုဘူးထဲမှာ ဘာမှမရှိသလို သူမရဲ့ပိုက်ဆံအိတ်ထဲမှာ လေကလွဲပြီးဘာမှမရှိပေ
'အဖေ့ဆီကနေ မုန့်ဖိုးထပ်တောင်းသင့်လား'
ငွေရေးကြေးရေးက သူမအဖေအတွက် အထိအခိုက်မခံသောပြဿနာဖြစ်လေသည် သူမ မုန့်ဖိုးထပ်တောင်းတဲ့အချိန်ကြရင် သူမအဖေကတော့ 'ဟဟဟ စိတ်မကောင်းပါဘူး ပါနေးရား'လို့ ပြန်ပြောပြီး ငိုချလိ့မ်မည်
ဒါကြောင့် သူမတောင်းမရပေ
'ငါလုပ်နေကြအတိုင်း လုရှန်ဆီကနေ ပိုက်ဆံချေးလို့ကလဲမဖြစ်'
သူ့ကိုလက်ဆောင်၀ယ်ပေးဖို့ သူ့ဆီကနေပိုက်ဆံချေးတာလောက် စိတ်ပျက်စရာကောင်းတာရှိမည်မဟုတ်ပေ
ဒါပေမဲ့ ဒီကမ္ဘာနဲ့မသက်ဆိုင်သူ အပြင်လူတစ်ယောက်အနေနဲ့ပိုက်ဆံချေးဖို့  သူ့ကလွဲလို့ ဘယ်သူမှ မရှိပေ
'ငါမချေးနိုင်ရင် ငါရအောင်လုပ်ရမှာပေါ့ ငါ့လက်ဆောင်မှာ အရည်အသွေးကွာဟချက်ပဲ ရှိမှာပါ'
သူမအခန်းက တန်ဖိုးရှိပစ္စည်းတွေအများအပြားနှင့် ပြည့်နှက်နေလေသည်
လုရှန်ဆီမှရသောလက်ဆောင်တွေပင်
ကျောက်မျက်ရတနာသေးသေးလေးတွေတောင် ရောင်းရင် တော်တော်လေး ဘ၀ကအဆင်ပြေနေပြီ လည်ဆွဲကို ကိုင်ထားပြီး ပြုံးစိစိလုပ်ရင်း မကြာခင်မှာပဲ ခေါင်းယမ်းလိုက်သည်
'ဘာတွေတွေးနေတာလဲ ပါနေးရား ဒါလေးတွေက လုရှန်ပေးတဲ့ အဖိုးတန်ကလေးလေးတွေလေ မှုးမတ်အိမ်ဒေဝါလီခံသွားရရင်တောင် နင် ဒါတွေကိုသိမ်းထားရမှာလေ'
တကယ်တော့၊ သူမမှာ ပိုက်ဆံရှိရင်တောင် လုရှန် စိတ်ကျေနပ်စေမယ့် လက်ဆောင်တစ်ခုကို ရွေးဖို့ဆိုတာ မလွယ်ကူပေ လုရှန်သည် ရုပ်ပိုင်းဆိုင်ရာ လွန်စွာထူးခြားသူဖြစ်သည်
သူလိုချင်တာ တစ်ခုခုဆိုရင်....
"ငါများဖြစ်နေမလားမသိဘူး"
'အားး ငါဘာတွေပြောနေတာလဲ'
သူမပြောတာကို သည်းမခံနိုင်လို့ လက်တွေ ခြေတွေ တဆတ်ဆတ်တုန်နေတော့သည်
ဒါပေမဲ့ အမှန်ပဲလေ
'လုရှန်လိုချင်တဲ့တစ်ခုထဲသောအရာက ငါလေ'
နီရဲသောမျက်နှာဖြင့် မှန်ကိုကြည့်ရင်း ရေရွတ်လိုက်သည်
"ဒါဆိုလဲ သူစိတ်ကျေနပ်ဆုံးဖြစ်စေမဲ့ လက်ဆောင်တစ်ခုကို ငါပေးရမှာပေါ့"
ဒါကြောင့် သူမ သူ့အတွက်လက်ဆောင်တစ်ခုပေးဖို့ဆုံးဖြတ်လိုက်သည်
───── 〔✿〕─────
ဒီနေ့ သူမ မိတ်ကပ်လိမ်းတာကို ပုံမှန်ထက် ပိုပြီး အာရုံစိုက်ထားသည် အဖြူရောင်ပေါင်ဒါနဲ့ ပန်းနုရောင် eyeshadow လေးကို သူမမျက်လုံးတစ်ဝိုက်မှာလိမ်းလိုက်သည် ရှည်လျားတဲ့အိုင်းလိုင်နာနှင့် သူမရဲ့ကြောင်မျက်လုံးတွေက ဒီlookရဲ့ အဓိက highlightဖြစ်သည်
အကုန်အပြီးအစီးပြင်ပြီးသွားတဲ့ မိတ်ကပ် lookကို ကြည့်ပြီး အန်နီလက်ခုပ်တွေထတီးတော့သည်
"ထင်ထားသလိုပဲ လေဒီရဲ့လက်တွေက အရမ်းကောင်းတာ"
ဘာပုံစံလုပ်ရမယ်ဆိုတာကို သူမမသိခဲ့ ဒါပေမဲ့ သူမက မိတ်ကပ်နဲ့ပတ်သတ်ရင် ယုံကြည်မှုအမြဲရှိလေသည်
သူမ အန်နီကိုပြုံးပြရင်းပြောလိုက်သည်
"အခု နင်အလှည့်ကိုရောက်ပြီ လုပ်တော့"
အန်နီက ခေါင်းတဆတ်ဆတ်ငြိမ့်ပြတော့သည် အန်နီက သူမရဲ့ခပ်ကောက်ကောက်ခရမ်းပြာရောင်ဆံနွယ်တွေကို တစ်ဖက်ထဲ၌ ကျစ်ဆံမြီးကျစ်လိုက်ပြီး ပန်းသေးသေးလေးတွေနှင့် အလှဆင်တော့သည် ပြီးနောက် ပန်းပွင်ပုံစံ စိန်တွေစီထားတဲ့ အဆင်တန်ဆာကို သူမခေါင်းမှာတပ်ပေးလိုက်သည်
အန်နီက ဂုဏ်ယူနေသောမျက်နှာနှင့် ပြောလိုက်သည်
"မစ်,ရှင် တကယ်ကိုလှနေတာပဲ အရှင်ကာဒီယမ်ကြိုက်မယ်ဆိုတာ ကျွန်မအာမခံတယ်"
"တကယ်လား"
"ဒါပေါ့"
အန်နီရဲ့အားပေးမှုကြောင့် သူမ လုရှန်ရဲ့စံအိမ်ဆီသို့ ချီတတ်သွားတော့သည် သူမကိုနှုတ်ဆက်လာတာကတော့ သူရဲ့လက်ထောက်ပေါလ်ပင် သူ့ကို ကြိုပြောထားတာကြောင့် ပေါလ်ပုံစံက အံဩသလိုမရှိပဲ သူမကိုနှုတ်ဆက်လာလေသည်
"ကြိုဆိုပါတယ် အရှင်လုရှန်က ကိစ္စတစ်ခုရှိလို့အပြင်သွားနေတယ် သူညနေလောက်ဆိုပြန်လာမှာပါ"
သူမ ခေါင်းကို ညင်သာစွာညိမ့်ပြရင်းပြောလိုက်သည်
"သတိပေးလို့ကျေးဇူးပါ ပေါလ်, ရှင်သွားလို့ရပြီ"
ပေါလ်က ဘယ်လောက်ပင် သစ္စာရှိနေပါစေ အလုပ်စောစောဆင်းရတာရဲ့ ချိုမြိန်မှုကိုတော့ မတွန်းလှန်နိုင်ပေ ပေါလ်က သူ့အိတ်ကို ထုပ်ပိုးကာ ပြေးသွားခဲ့သည်
"လေဒီပြန်ခိုင်းလို့ ကျွန်တော်ပြန်တာနော် ခွင့်ပြုချက်မရှိဘဲ ပြန်တာမဟုတ်ဘူးနော် အရှင်လုရှန်ကိုလဲ ဒီအကြောင်း လေဒီ ပြောဖြစ်အောင်ပြောလိုက်ရမယ်နော်"
"အိုခေ ကျွန်မပြောလိုက်ပါမယ် ပေါလ်က ဘယ်တော့မှ အလုပ်ကစောစောပြန်ချင်တာမဟုတ်ကြောင်း ကျွန်မ သူ့နားကိုဆွဲပြီး အပြင်ဘက်ကန်ထုတ်လိုက်တာလို့ ပြောလိုက်မယ်"
'ဒါကြောင့် ပြန်ပါတော့'
ဒီလိုနည်းနဲ့ ဒီစံအိမ်ကြီးရဲ့ တစ်ခုတည်းသော လူကို ဖယ်ရှားပစ်လိုက်သည်
Ga verder met lezen
Dit interesseert je vast
1.7M 208K 165
1.8M 188K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
389K 27.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.