ဆေးမိထားတဲ့ ဆရာတပည့်နှစ်ယောက်ကတော့ သတိလက်လွတ်နဲ့ပဲ ပြင်းထန်တဲ့(ပြင်သစ်အနမ်း)အနမ်းတစ်ခုဖန်တီး နေချိန်မှာ လီဖေးဟန်က ပူလောင်လာတဲ့ခန္တာကိုယ်ကေ့ာင့် သတိလက်လွတ်နဲ့ပဲ အပေါ်ဝတ်ရုံနဲ့အတွင်းဝတ်ရုံတွေကို ဆွဲချွတ်ပစ်နေတော့တယ်။
ရှင်းပေါ်ဟတန်တစ်ယောက်ကတော့ သူ့ဆရာရဲ့ ဝတ်ရုံတွေ၊ခါးစည်းတွေ ပြေကျသွားပြီး ပေါ်လာတဲ့ ဖြူဖွေးပြီးသေးသွယ်တဲ့ခါးကို ကြည့်ပြီး သူ့ရဲ့မျက်လုံးက အနီရောက်ကိုပေ့ာင်းသွားတော့တယ်။
(ရှင်းပေါ်ဟန်)
ငါ့ဟာ၊အဲ့တာငါ့ဟာ ငါပိုင်တဲ့အရာ ငါပိုင်တဲ့အရာ ၊စိတ်ထဲကနေပေါက်ကွဲမတက်အော်ဟစ်နေတော့တယ်၊လီဖေးဟန်ကတော့ ...
"ပူတယ် ၊ရှင်းလေး ဆရာအရမ်းတွေ ပူလောင်နေတယ် "ဆေးမိနေတာကြောင့်ရော ပြင်းထန်တဲ့အနမ်းကြောင့်ပါ လီဖေးဟန်ရဲ့ အသံတွေက အက်ကွဲနေပြီ ညိုံအားပြင်းတဲ့ ညည်းညူသံတွေ လိုပဲထွက်ပေါ်လာတော့တယ်၊ရှင်းပေါ်ဟန်တစ်ယောက် လီဖေးဟန်ရဲ့ ဆံပင်ကိုဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့နဖူးနဲ့နဖူးချင်းကပ်ကာ "ဆရာ ...ဆရာကျွန်တော်မထိန်းနိုင်ဘူး ...ဆရာ ကျွန်တော်မရတော့ဘူး "တဖြည်းဖြည်းနဲ့ လီဖေးဟန်ရဲ့လည်ပင်းထပ်ကို ရှင်းပေါ်ဟန်ရဲ့ခေါင်းကနိမ့်ဆင်းသွားပြီး သူ့ရဲ့ဆရာကို ပထမဆုံးညအဖြစ်နဲ့ပြင်းထန်ပြီးနာကျင်ရတဲ့ ညတစ်ညကို ပေးခဲ့တယ်။
(ကားကြီးမောင်းထွက်ပြီး အသားလည်းအစားခံလိုက်ရပါပြီ)
နောက်တစ်ရက်နေ့လည်ခင်းမှာ မှလီဖေးဟန်ဟာအရင်ဆုံးနိုးလာခဲ့တယ်၊နိုးလာလာချင်းသူသိလိုက်တာက သူ့ရဲ့လည်ပင်းကစလို့အောက်ပိုင်းတစ်ခုလုံး အရမ်းကိုနာကျင်နေတယ်ဆိုတာပါပဲ၊မူးနောက်နေတဲ့ခေါင်းကိုကိုင်ပြီး ထလိုက်ချိန်မှာတော့ သူ့ရဲ့အောက်ပိုင်းကနင့်ခနဲ့နာကျင်လာတော့တယ်။
(လီဖေးဟန်)
"အာ့ ဘာတွေ ...ဘာတွေဖြစ်ကုန်တာလည်း ရှင်း...ရှင်းလေးကထိကိုဘယ်လိုလုပ်ရောက်လာတာလည်း မနေ့ညက ဘာတွေဖြစ်ကုန်တာလည်း "
အထိတ်တလန့်ဖြစ်နေတဲ့ လီဖေးဟန်ဟာ သေချာစဉ်းစားရင်း မနေ့ညကဖြစ်ရပ်ကို မှတ်မိသွားချိန်မှာ သူ့ရဲ့မျက်နာကဒေါသတွေကြောင့်ရော ရှက်စိတ်ကြောင့်ရော နီရဲတွတ်လာပြီး...ထိုအချိန်
(လီဟန်ခန်း)
"ဂိုဏ်ချုပ် ကျွန်တော် အမူးပြေစွတ်ပြုတ်လာပို့ရင်း ဂိုဏ်းကိစ္စလေးတွေ လာတင်ပြတာပါ၊ဝင်လာခဲ့ရမလား"
(လီဖေးဟန်)
"မဟုတ်၊မဟုတ်ဘူး ဝင်မလာနဲ့အုန်း..."
တညလုံးငိုတလှည့်အော်တလှည့်လုပ်ထားရတဲ့ အသံကြောင့် အပြင်ဘက်မှာ အခွင့်ကောင်းစောင့်နေတဲ့ လီဟန်ခန်းက ...
တံခါးကိုအရှိန်နဲ့ (ဝုန်း)ဆိုဖွင့်လိုက်ပြီး ..
အထဲမှာမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ရဲ့လက်ထဲကအမူးပြေစွတ်ပြုတ်က ကျကွဲသွားခဲ့တယ်။
"ဒါ...ဒါကဘယ်လိုဖြစ်ရတာလည်း ရှက်...ရှက်စရာပဲ"ဆိုပြီး အလျှင်အမြန် ထွက်သွားတော့တယ်။
(လီဖေးဟန်)
"မဟုတ်...မဟုတ်ဘူး ခဏစောင့်ပါအုန်း"
တားဖို့တောင်မမှီပဲ လီဟန်ခန်းကအလျှင်အမြန်နူန်းနဲ့ထွက်ခွာသွားပြီ ဖြစ်တယ်။
အဲ့အချိန်မှာမှ လီဖေးဟန်ရဲ့ ဘေးနားစောင်ပုံထဲကနေ ရှင်းတစ်ယောက် ခွန်အားအပြည့်နဲ့အိပ်ရာကနိုးလာတော့တယ်။
သူနိုးလာချင်း ဖရိုဖရဲနဲ့အဝတ်အစားကပ်မနေတဲ့ သူ့ရဲ့ဆရာကိုတွေ့ပြီး သူ့ကိုပြန်ကြည့်ကာ ဘာဖြစ်သွားလည်း သိသွားပေမယ့် သူတို့တကယ်လုပ်ခဲ့လားဆိုတာကိုတော့ သူလုံးဝမမှတ်မိပဲ သူကသာလျှင်သူ့ဆရာကသူ့ကို အခွင့်ကောင်းယူခဲ့လို့ထင်သွားတော့တယ်။
(ဟုတ်ပါတယ် ၊ရှင်တို့ရှင်းလေးက သူအစားခံလိုက်ရတာလို့ထင်နေတာပါ။)
(ရှင်းပေါ်ဟန်)
"ဘာလို့လဲ၊ဆရာ ..ကျွန်တော့်အပေါ်ဘာလို့ ဒီလိုလုပ်ရတာလည်း...ကျွန်တော်ဆရာ့အပေါ် တကယ်ကို ချစ်ခဲ့တာပါဗျာ...ကျွန်တော်အပေါ်ဘာလို့အခုလိုအခွင့်ကောင်းယူရတာလည်း.."
ရှင်းပေါ်ဟန်တစ်ယောက် ကုတင်ပေါ်ကနေဆင်းသွားပြီး အဝတ်အစားတွေ ကောက်ဝတ်ကာ ထွက်သွားတော့တယ်၊ရှင်းပေါ်ဟန်တစ်ယောက် ဒေါသထွက်နေပေမယ့် သူ့ရဲ့ဒေါသတွေကို သူ့ဆရာကို ပုံချဖို့အစီအစဉ်မရှိပေ။
လီဖေးဟန်တစ်ယောက် သူ့တပည့်ကိုရှင်းပြဖို့ လှမ်းခေါ်လိုက်ပေမယ့် အသံကထွက်မလာတော့ပဲ ရင်ဘတ်ထဲမှာစို့လာပြီး အဲ့အစားမျက်ရည်တွေပဲကျလာတော့တယ်၊မနေ့ညက အဝတ်အစားတွေ အရင်ချွတ်ခဲ့တာသူမို့ ရှင်းလေးအပေါ်အခွင့်ကောင်းသူတကယ်ပဲယူခဲ့တာလား။
(အေးအက်မာလွဲနေလိုက်ကြ)
သူ့တပည့်အပေါ် သူကမကောင်းစိတ်ထားမိတာမို့ လီဖေးဟန်တစ်ယောက် အရမ်းကိုဝမ်းနည်းသွားတော့တယ်။
သူဝမ်းနည်းစွာငိုကြွေးပြီးချိန် သူရေချိုးဖို့လိုတာကိုသတိရပြီး မတ်တပ်ရပ်လိုက်ချိန်မာတော့ သူ့ရဲ့ပေါင်ကြားထဲကနေ အရည်တချို့ကစီးကျလာတော့တယ် ၊လီဖေးဟန်လွန်စွာရှက်ရွံသွားပြီး ဝတ်ရုံတွေယူပြီး ရေချိုးကန်ဆီအလျှင်အမြန် သွားတော့တယ်။
🙆🙆🙆🙆
အများကြီးမရေးနိုင်လို့တောင်းပန်ပါတယ်နော်။
16+ပါနိုင်ပေမယ့်
18+/21+တွေလုံးဝထည့်မရေးနိုင်လို့ပါ။
မရေးတက်လို့ပါနော်။
နားလည်ပေးပါ။