Slowly Falling For Changkong...

Galing kay ANyein_26

50.2K 5.4K 165

COMPLETED βœ”οΈ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... Higit pa

Description
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်ထချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်ထချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်ထချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်ထချပ်ပို - ၄ )
Chapter-61 ( α€œα€€α€Ία€‘α€•α€Ία€α€½α€„α€Ία€·α€α€±α€¬α€„α€Ία€Έα€α€Όα€„α€Ία€Έ )
Chapter-62 ( α€œα€€α€Ία€‘α€•α€Ία€‘α€­α€™α€Ία€Έα€™α€Όα€¬α€Έα€α€Όα€„α€Ία€Έ )
Chapter-63 ( α€€α€œα€±α€Έα€œα€±α€Έ )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-1

2.7K 130 0
Galing kay ANyein_26



ရှင်းဟယ်လမ်းဆုံရှိမီးပွိုင့်က အထူးသဖြင့် ယနေ့မှကြာနေသလိုခံစားနေရ၏။ ကိုးဆယ့်ခြောက်စက္ကန့်လောက်စောင့်နေပြီးနောက် ရှန့်ချန်ခုန်းခေါင်းမော့ကြည့်လိုက်တဲ့အခိုက် လေယာဉ်တစ်စင်းပျံသွားသည်ကိုတွေ့လိုက်ရလေသည်။ ယနေ့ရာသီဥတုကအလွန်ကောင်းမွန်နေ၏။ လေယာဉ်ပျံသွားသည်နှင့် အဖြူရောင်မီးခိုးငွေ့တွေဟာ ကျယ်ပြောလှသည့်ကောင်းကင်ပြာကြီးကိုဆေးခြယ်နေသကဲ့သို့ပင်...

ရှန့်ချန်ခုန်း လေယာဉ်ကသူ့မြင်ကွင်းထဲကနေပျောက်သွားပြီး မီးပွိုင့်မီးစိမ်းလာတဲ့ထိဆက်ကြည့်နေမိသည်။ သူ့ဘေးနားမှဝီစီသံက သူ့ကိုလက်တွေ့ဘဝထဲသို့ပြန်လည်ခေါ်ဆောင်လာကာမှ ဘတ္တရီစကူတာလေးဖြင့်ရှေ့ဆက်သွားရန် လီဗာကိုနင်းလိုက်တော့သည်။

သူက အနီးရှိအဆောက်အဦးတစ်ခုထံသို့ အစားအစာပို့ဆောင်ရန်အလျင်လိုနေခဲ့ခြင်း ၊ လက်ရှိမှာအောက်တိုဘာလရောက်နေပြီဖြစ်တာကြောင့် မြို့တော်Aဟာဆောင်းဦးရာသီထဲဝင်ရောက်လာခဲ့ချေပြီ။ လေပြည်ကသူ့မျက်နှာတစ်လျှောက်ဖြတ်တိုက်သွားသည်နှင့် အအေးဓာတ်အနည်းငယ်ကိုထိတွေ့ခံစားလိုက်ရတော့သည်။

သူ ရုံးအဆောက်အဦးသို့ရောက်ရှိချိန်တွင် သူ့စကူတာကိုအောက်ထပ်တွင်ရပ်ထားခဲ့ကာ အနွေးသေတ္တာထဲမှပါဆယ်ဘူးများကိုအပြင်ထုတ်လိုက်သည်။ ကာစတန်မာကိုဖုန်းခေါ်ဆိုပြီးနောက် အဆောက်အဦးထဲမြန်မြန်ဆန်ဆန်ဝင်သွားခဲ့၏။ အဆင့်မြင့်အဆောက်အဦးတစ်ခုဖြစ်ကာ ဝင်လိုက်ထွက်လိုက်လုပ်နေသည့်ယောက်ျား၊မိန်းမအားလုံးဟာ ငယ်ရွယ်ကြပြီးခေတ်မီဆန်းသစ်တဲ့အဝတ်အစားများကိုဝတ်ဆင်ထားကြလေသည်။ ရှန့်ချန်ခုန်းဓာတ်လှေကားထဲမဝင်ခင် လူအားလုံးအပြင်ထွက်လာတဲ့ထိစောင့်နေခဲ့၏။

ယခုက နေ့လည်စာစားချိန်ဖြစ်တာကြောင့် အပေါ်ထပ်တက်မည့်လူသိပ်မရှိ ၊ ထို့ကြောင့် ဓာတ်လှေကားက(၂၃)ထပ်သို့ မည်သည့်အနှောင့်အယှက်မှမရှိဘဲချောချောမွေ့မွေ့ရောက်နိုင်ခဲ့၏။ 'တင်'ဆိုသည့်အသံနှင့်အတူ မကြာခင်တံခါးပွင့်လာတော့သည်။ ဓာတ်လှေကားထဲမှထွက်ပြီးနောက် ရှန့်ချန်ခုန်းကကုမ္ပဏီတံခါးကိုတွေ့တဲ့အထိ လှည့်ပတ်ကြည့်နေခဲ့သည်။ သူကမှန်တံခါးကိုဆွဲဖွင့်ပြီးအော်ပြောလိုက်၏။

"ဟယ်လို ဘယ်သူကမစ္စကျိုးလဲ"

"ဒီမှာ!"

ဆံပင်တိုတိုနှင့်မိန်းကလေးတစ်ယောက်က အခန်းတစ်ခန်းတွင်းအကန့်ခွဲထားသော သူမအခန်းငယ်ထဲကနေခေါင်းပြူထွက်လာပြီး ရှန့်ချန်ခုန်းထံလက်လှမ်းပြလိုက်၏။

သူမနေရာကိုကြည့်ရင်းဖြင့် ပါဆယ်ဘူးကိုထုတ်ကာလမ်းလျှောက်သွားလိုက်သည်။

"မင်းဘာမှာထားတာလဲ"

မစ္စကျိုးအနောက်မှာထိုင်နေသည့်လုပ်ဖော်ကိုင်ဖက်ယောက်ျားလေးတစ်ယောက်ကမတ်တပ်ရပ်ပြီး စပ်စပ်စုစုဖြင့် သူမစားပွဲနားချည်းကပ်လာကာ စားပွဲကိုနှစ်ချက်ခေါက်လိုက်၏။ သူ့စိတ်လှုပ်ရှားမှုကြောင့် သူကိုင်ထားတဲ့ဖိုင်တွဲက သူ့လက်ထဲကနေချော်ထွက်သွားလေသည်။

"အသီးအရွက်ပါ"

မစ္စကျိုးက သူမစားပွဲပေါ်တွင်နေရာရှင်းနေရင်းဖြင့် အနည်းအကျဉ်းမျှသာပြန်ဖြေခဲ့၏။

"ကျေးဇူးပါ ဒီနေရာမှာတင်ထားလိုက်ပါ"

ပါဆယ်ဘူးကိုချထားပြီး ရှန့်ချန်ခုန်းမပြန်ခင် 'ပျော်ရွှင်စွာသုံးဆောင်ပါ'ဟုတုံ့ပြန်ခဲ့သည်။ လုပ်ဖော်ကိုင်ဖက်ယောက်ျားလေး၏ဖိုင်တွဲက သူ့ခြေထောက်နားသို့တိုက်တိုက်ဆိုင်ဆိုင်ကျလာတာကြောင့် ရှန့်ချန်ခုန်းငုံ့၍ကူကောက်ပေးလိုခဲ့၏။ သို့သော် သူ ဖိုင်တွဲကိုထိတောင်မထိရသေးခင်မှာပဲ လုပ်ဖော်ကိုင်ဖက်ယောက်ျားလေးက ရေးကြီးခွင့်ကျယ်ဖြင့်အော်ပြောလာ၏။

"မထိနဲ့! ငါ့ဘာသာငါကောက်လိုက်မယ် ငါ့ပစ္စည်းတွေကိုညစ်ပတ်အောင်မလုပ်နဲ့"

ထိုစကားက ရှန့်ချန်ခုန်းကိုရပ်တန့်အောင်လုပ်လိုက်၏။ မည်သည့်စကားမှမဆိုဘဲ သူကဖိုင်တွဲကိုကျော်ပြီး ထွက်ပေါက်ထံဦးတည်လိုက်တော့သည်။ သူ ဖန်တံခါးကိုဖွင့်တော့မည်အချိန်၌ သူ့လက်ကိုသူပြန်ကြည့်မိ၏။ ထို့နောက် တံခါးမဖွင့်ခင် သူ့လက်ကိုသူ့အပေါ်အင်္ကျီဖြင့်နှစ်ကြိမ်သုတ်လိုက်၏။

သူ ဓာတ်လှေကားနားရောက်တာနှင့်တံခါးပွင့်လာပြီး တခြားပစ္စည်းပို့သည့်ကောင်လေးတစ်ယောက်က အလျင်စလိုထွက်လာခဲ့သည်။ ရှန့်ချန်ခုန်းကိုမြင်တော့ ထိုသူကနှုတ်ဆက်၏။

သူက ရှန့်ချန်ခုန်းနဲ့ပစ္စည်းပို့တဲ့ကုမ္ပဏီတစ်ခုတည်းတော့မဟုတ် ၊ ဒါပေမဲ့ သူတို့တွေက တူညီတဲ့နေရာတစ်ခုထဲမှာ ပစ္စည်းပို့ကြတဲ့သူတွေ...သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် မကြာမကြာဆုံနေကြပဲ။

ရှန့်ချန်ခုန်းကဓာတ်လှေကားထဲဝင်ရင်း သူ့ကိုခေါင်းပြန်ညိတ်ပြကာ အောက်ထပ်ဆင်းမည့်ခလုတ်ကိုမြန်မြန်နှိပ်လိုက်သည်။

"......"

အပြင်ဘက်တွင်မတ်တပ်ရပ်နေသည့်ကောင်လေးက အံဩတကြီးပြန်ကြည့်၏။ ဓာတ်လှေကားတံခါးမပိတ်ခင်အထိ သူကြောင်အနေမိလျက်...

"ဒီနေ့မှ အစ်ကိုကရုတ်တရက်ကြီးအရမ်းအေးစက်နေပါ့လား"

ရှန့်ချန်ခုန်းအကြောင်းကို သူ့စိတ်ထဲတွင်သာမြန်မြန်ထည့်ထားလိုက်ရင်း သူ့ပါဆယ်ထုတ်ကိုပို့ဆောင်ရန်ထွက်သွားတော့၏။

ဓာတ်လှေကားထဲတွင် ရှန့်ချန်ခုန်းက နောက်အော်ဒါကိုစစ်ရန်သူ့ဖုန်းကိုမထုတ်လိုက်ခင်ထိ နံပါတ်တွေပြောင်းနေသည်ကို တိတ်တဆိတ်စောင့်ကြည့်နေ၏။

နောက်ထပ်အော်ဒါအတွက် Starlight ပန်းခြံကိုသွားရမှာဖြစ်ကာ မစ္စရွှီလျန်ထံပို့ဆောင်ရမည် ၊ လတ်တလော မစ္စရွှီလျန်ထံကအော်ဒါတွေကိုမကြာခဏလက်ခံရရှိနေတာဖြစ်၏။ လွန်ခဲ့တဲ့သုံးရက်စလုံး သူမက ဝူးလုံစားသောက်ဆိုင်က Chicken Sets ကိုပဲမှာနေခဲ့တာ...

လော်ဘီကိုရောက်လာပြီး ရှန့်ချန်ခုန်းကအဆောက်အဦးထဲကနေထွက်လာကာ သူ့စကူတာဆီသွား၍ Starlight ပန်းခြံသို့ဦးတည်သွားတော့၏။

လွန်ခဲ့တဲ့ဆယ်နှစ်က ယခုလက်ရှိ Starlight ပန်းခြံကလူသူကင်းမဲ့သည့်နေရာတစ်ခု ၊ ကျန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ အစိုးရကတက်တက်ကြွကြွထောက်ပံ့ပေးမှုနှင့်အတူ Starlight ပန်းခြံကိုဆောက်လုပ်ခဲ့ပြီးနောက် လျင်လျင်မြန်မြန်တိုးတက်လာခဲ့သည်။ ယနေ့မှာတော့ မြို့တော်Aကအကြီးဆုံးပန်းဥယျာဉ်အပြင် ပြခန်းအမြောက်အများနှင့်တစ်မူထူးခြားသောဆိုင်များလည်း ပန်းခြံထဲမှိုလိုပေါလာခဲ့၏။ ထောင်ပေါင်းများစွာသောကမ္ဘာလှည့်ခရီးသည်များနှင့်ဓာတ်ပုံဆရာတွေကိုလည်းဆွဲဆောင်လျက်ရှိ၏။

ရှန့်ချန်ခုန်း ဒီနှစ်ထဲမှာတောင်ကြားလိုက်သေးတယ်..လူတွေကမြေကိုဌားရမ်းပြီး အတွင်းမှာဟင်းသီးဟင်းရွက်တွေကိုစိုက်ပျိုးနိုင်တဲ့စိုက်ပျိုးရေးခြံကိုဖွင့်မယ်တဲ့...

Chicken Set ကိုကြိုက်နှစ်သက်တဲ့အမျိုးသမီးရွှီလျန်ကတော့ Starlight ပန်းခြံထဲမှာဆိုင်ခန်းဌားပြီး ဆိုင်သေးသေးလေးတစ်ခုဖွင့်လှစ်ထား၏။

သူပစ္စည်းပို့ဖို့ Starlight ပန်းခြံကိုပထမဆုံးအကြိမ်ရောက်လာချိန်က ရှန့်ချန်ခုန်းကမြေပုံလမ်းညွှန်ကိုတောင်အမှီပြုရန်လိုအပ်ခဲ့ရသည်။ သို့သော် အကြိမ်အနည်းငယ်ကြာပြီးနောက် Starlight ပန်းခြံတစ်ခုလုံးသူ့စိတ်ထဲတွင်ရှိနေလေပြီ။

သူ့စကူတာလေးကို ရွှီလျန်ဆိုင်အပြင်ဘက်တွင်ရပ်ကာ သူမအော်ဒါကိုယူ၍လမ်းလျှောက်သွားရင်း မှန်ပြတင်းပေါက်ကနေခိုးကြည့်လိုက်သေး၏။ ကြည့်ရတာ ဆိုင်ကိုကြည့်ဖို့ပထမထပ်မှာအမြဲထိုင်နေတက်တဲ့ကောင်မလေး ဒီမှာမရှိဘူးနဲ့ထင်တယ်..ဒီနေ့ သူမ set တစ်ခုတည်းမှာတာအံ့ဩစရာမရှိတော့ဘူး။

"ဟယ်လို"

သူ တံခါးဆွဲမဖွင့်ခင် ညင်ညင်သာသာခေါက်လိုက်တော့ တံခါးထိပ်နဲ့တွဲချည်ထားတဲ့သံစုံခေါင်းလောင်းလေးက တချွင်ချွင်မြည်ဟီးလာ၏။

ရွှီလျန်က ဒုတိယထပ်တွင်ဖယောင်းအရည်ဖျော်နေခဲ့ခြင်း ၊ သူမဘဲလ်သံကိုကြားတော့ ဝင်ပေါက်ကိုလှည့်ကြည့်လိုက်သည်။ သူမအလုပ်ရုံကဒုတိယထပ်တွင်ဖြစ်ကာ အရှေ့တံခါးနှင့်ဆန့်ကျင်ဘက် ၊ မည်သည့်နံရံ၊လက်ရန်းမှတားဆီးထားတာမရှိ။ ထိုအစား သူမက ကြမ်းပြင်ကနေမျက်နှာကျက်ထိပြတင်းပေါက်ကိုတပ်ဆင်ထား၏။ မည်သည့်ကာစတန်မာမဆို အထဲဝင်လာပါက သူမနဲ့မြင်ကွင်းကောင်းရှိစေရန်အတွက်...

တစ်ကိုယ်လုံးအပြာရောင်နဲ့ကောင်လေးက လက်ထဲတွင်ပါဆယ်ဘူးနှင့်အတူ အောက်ထပ်မှာရပ်နေသည်ကို ရွှီလျန်မြင်လိုက်ရသည်။

"ခဏလောက်စောင့်ပါဦးနော်"

ရွှီလျန်က ဖယောင်းမီးပြင်းဖိုကိုပိတ်ကာ အောက်ထပ်သို့မဆင်းခင် သူမလက်တွေကိုသုတ်ရန် တစ်ရှုးကိုဆွဲယူလိုက်၏။

ဒေါက်မြင့်ဖိနပ်အသံကိုကြားနေရပြီး အချို့အကြောင်းပြချက်တွေကြောင့် ရှန့်ချန်ခုန်းကိုအသက်အောင့်ထားမိစေလျက်...

လွန်ခဲ့တဲ့နှစ်ရက်က အနက်ရောင်သားရေဘောင်းဘီနှင့်ဆွဲဆောင်မှုရှိလှသည့်အင်္ကျီဝတ်ထားတဲ့သူမကို သူပထမဆုံးမြင်ခဲ့၏။ သူမ၏တစ်မူထူးခြားတဲ့ပုံစံလေးနှင့်ဤအတွဲအစပ်က သူမကိုသူဌေးကြီး၏အမျိုးသမီးတစ်ယောက်လို့တောင် သူ့ကိုထင်စေခဲ့သည်။ ဒီနေ့ သူမက အနက်ရောင်လေကာအင်္ကျီရှည်ကိုခါးပတ်နှင့်အတူဝတ်ဆင်ထားရင်း အနက်ရောင်ဒေါက်မြင့်ဖိနပ်ကိုစီးကာ သူမဆံပင်ကိုမြင်းမြီးပုံစံခပ်မြင့်မြင့်စုချည်ထားလျက် သူမ၏အမည်းရောင်ဆံပင်ရှည်တွေဟာဖြောင့်စင်းပြီးချောမွေ့တောက်ပနေလေ၏။ ဤပုံစံအားဖြင့် သူမက သူဌေးကြီး၏အမျိုးသမီးတစ်ယောက်ဆိုတာ သူ မယုံနိုင်တော့ ၊ သို့သော် သူမကိုယ်တိုင်ကသူဌေးတစ်ယောက်ပဲ။

"ကျေးဇူးတင်ပါတယ်"

ထိုအခိုက်အတန့်တွင် သူဘာတွေးနေခဲ့လဲဆိုတာ ရွှီလျန်မသိ...သူ့လက်ထဲကအိတ်ကိုအလွယ်တကူယူလိုက်၏။

သူမလက်တွေသူ့ကိုထိလိုက်သည်ကိုခံစားမိတော့ ဆိုင်ထဲကပြန်မထွက်ခင် ရှန့်ချန်ခုန်း အလိုလိုပြန်ဖြေ၏။

"ရပါတယ်"

သူ့စကူတာထဲသော့ထိုးပြီးနောက် ရွှီလျန်ကိုပြန်လှည့်ကြည့်မိသည်။ သူမကပါဆယ်အိတ်ကို ပထမထပ်ရှိအခြားအခန်းတစ်ခန်းထဲယူသွားသည်ကိုတွေ့လိုက်ရ၏။

သူမမျက်နှာလေးကအလွန်လှပ၏။ ဆံမြိတ်မရှိသည့်ဘဲဥပုံသဏ္ဍန်မျက်နှာဝိုင်းဝိုင်းလေးက ပြေပြစ်လှသည့်နဖူးပြင်တစ်ခုလုံးကိုလှစ်ဟပြထားလေသည်။ သူမမျက်ခုံးကိုလည်းပိုပြီးနက်မှောင်အောင်ဆွဲထားကာ သာမန်မိန်းကလေးများထက်တောင်ထူထဲနေ၏။ သူမနှုတ်ခမ်းနီမှာလည်း အနီရောင်ရင့်ရင့်...

အထူးသဖြင့် သူမကဒီလိုစတိုင်မျိုးကိုဝတ်ဆင်ရတာ ကြိုက်နှစ်သက်ပုံပဲ ၊ ထင်ရှားစေတဲ့အချက်က သူမက လူလတ်တန်းစားလက်လုပ်ရနံ့ကုထုံးရေမွှေးဖယောင်းတိုင်ဆိုင်ကို ဖွင့်ထားသော်လည်း ဆိုင်နာမည်ကိုဖြင့်'Monster'ဟုအမည်ပေးထား၏။

သူ့အကြည့်တွေကိုလွှဲရင်း ရှန့်ချန်ခုန်း နောက်ပို့ရမည့်နေရာသို့ထွက်လာခဲ့တော့သည်။

......

ဒီရက်ပိုင်းထဲ ရွှီလျန်အရမ်းအလုပ်များနေသဖြင့် နေ့လည်စာစားရန်အတွက် ဆယ်မိနစ်သာအချိန်ရ၏။ လကုန်ရင် အဆောက်အဦးအသစ်တစ်ခုဖွင့်လိမ့်မည် ၊ ကုမ္ပဏီဘက်က သူတို့အခမ်းအနားဖွင့်ပွဲကိုလာမည့် VIPဧည့်သည်တွေအတွက် ရနံ့ကုထုံးရေမွှေးဖယောင်းတိုင်လက်ဆောင်ဘူး(၂၀၀)ကို အော်ဒါမှာထားခဲ့သည်။

ဤကုမ္ပဏီကပြည်တွင်းမှာလူသိများပြီး ဘဏ္ဍာရေးအရင်းအမြစ်တွေလည်းခိုင်ခိုင်မာမာရှိ၏။ သူတို့က သူမနဲ့စာချုပ်ချုပ်ခဲ့ပြီး ဒီအော်ဒါအတွက် သူမကိုတစ်သိန်းပေးထားပြီးခဲ့ပြီ။ ရွှီလျန်က ဘယ်အော်ဒါမဆို အမြဲတမ်း သူမကိုယ်တိုင်လုပ်၏။ သူမက အခြားသူတွေ၏လက်မှုပညာအရည်အသွေးကို (၁၀၀)ရာခိုင်နှုန်းစိတ်မချနိုင်တာကြောင့် တခြားသူတွေကိုအကူအညီတောင်းတက်သည့်အကျင့် သူမတွင်မရှိ ၊ ထို့ကြောင့် နောက်ဆုံးတော့ သူမအခုပင်ပန်းနေလေပြီ။

သူမဆိုင်လေးကိုဖွင့်ထားတာ နှစ်နှစ်ရှိခဲ့ပြီ ၊ ဤနှစ်နှစ်အတွင်းမှာ စီးပွါးရေးကသိပ်မကောင်းခဲ့...ထို့ကြောင့် တခါတရံ ဆိုင်တွင်လူသူကင်းမဲ့နေတက်သည်။ ရေမွှေးဖယောင်းတိုင်တွေအတွက် စျေးကွက်ကြီးကြီးမားမားမရှိခဲ့တာကြောင့် ရေမွှေးဖယောင်းတိုင်တွေက ခေတ်ရေစီးကြောင်း၏ပထမနေရာတွင်မရှိခဲ့။ သို့သော် ယနေ့ခေတ်မှာတော့ သူမဆိုင်လေးဟာ ဘေးက'Sugar Honey Heart'ဆိုတဲ့မုန့်ဆိုင်နှင့် လတ်တလောစီးပွါးဖက်အဖြစ်ပူးပေါင်းထားတာကြောင့် စီးပွါးရေးကောင်းနေ၏။

လွန်ခဲ့တဲ့ခရစ်စမက်က 'Sugar Honey Heart' ဆိုင်ပိုင်ရှင်က သူမထံချည်းကပ်လာခဲ့ပြီး သူတို့ရဲ့ခရစ်စမက်ပန်းကုံးတွေနှင့်အတူ ရေမွှေးဖယောင်းတိုင်အချို့ကိုတွဲစပ်ရန် တောင်းဆိုလာခဲ့သည်။ သူတို့က ကုန်ချောပစ္စည်းတွေကို အမှန်တကယ်ကြိုက်နှစ်သက်တာကြောင့် သူဌေးကဓာတ်ပုံများရိုက်ယူကာ သူမဆိုင်၏တရားဝင်ပေ့ချ်နှင့်အတူအွန်လိုင်းပေါ်တင်ခဲ့၏။

'Sugar Honey Heart' ဆိုင်ကအင်တာနက်ပေါ်တွင်နာမည်ကြီးဆိုင်တစ်ဆိုင်ဖြစ်ကာ ၎င်းဆိုင် Weibo ၌လည်းဖော်လိုဝါတစ်သန်းကျော်ရှိ၏။ သူတို့ဓာတ်ပုံနှင့်အတူ ရွှီလျန်၏ဆိုင်သည်လည်း သူတို့၏ကျော်ကြားမှုဖြင့် လာရောက်သည့်ကာစတန်မာများပို၍များပြားလာခဲ့သည်။ ရွှီလျန်လည်း အခြားစီးပွါးရေးများနှင့်ပူးပေါင်းရန် အခွင့်အရေးများပိုရလာခဲ့တော့သည်။

ဒီနှစ်ဂျွန်လကတည်းက သူမအလွန်အလုပ်များလာခဲ့တာကြောင့် သူမဆိုင်ကိုစောင့်ကြည့်ပေးရန်နှင့်ငွေရှင်းကောင်တာအတွက် တစ်ယောက်ယောက်ကိုဌားရမ်းခဲ့ရသည်။

သူမ ခဏအနားယူပြီးနောက် ရွှီလျန်ကဒုတိယထပ်ကိုပြန်သွားပြီး အော်ဒါတွေကိုအမီလုပ်တော့၏။ သူမအလုပ်စလုပ်လိုက်သည်နှင့် အချိန်တွေကမြန်မြန်ကုန်ဆုံးသွားခဲ့သည်။ သူမသတိပြန်ဝင်လာချိန်မှာတော့ သူမနှိုးစက်နာရီက အချိန်ပြည့်ကြောင်းအသံမြည်ပြီးသွားခဲ့ပြီဖြစ်၏။ သူမအသက်ပြင်းပြင်းရှုကာ နှိုးစက်ကိုပိတ်ပြီး အစားအစာမှာရန်သတိရလိုက်သည်။

သူမတပ်ဆင်ထားသည့်နှိုးစက်နာရီက ခေတ်ပေါ်ပစ္စည်းတစ်ခု ၊ နောက်ပိုင်းမှာ ပစ္စည်းတွေကအလွန်ဗျာများလာတာကြောင့် သူမ၏အလုပ်သမားလေးပျက်ကွက်တဲ့အချိန်ပဲဖြစ်ဖြစ် သူမအော်ဒါမှာရမှာကိုလုံးဝမေ့သွားပေလိမ့်မည်။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ သူမကိုယ်သူမ အစားစားရန်သတိပေးဖို့ နှိုးစက်ထားလိုက်ရတော့၏။

Takeaway App ထဲတွင်ပြသထားသော အမျိုးအစားပေါင်းများစွာရှိပေမဲ့ အနည်းအကျဉ်းမျှသာအရသာရှိပြီး ပိုက်ဆံအကုန်အကျခံဖို့ရာတန်၏။ ရွှီလျန်က တခါတလေ ညနေပိုင်းတွေမှာဘာစားရမလဲရွေးရသည်ကို အလွန်ပျင်းသောကြောင့် Chicken Set ကိုသာအော်ဒါထပ်မှာလိုက်သည်။

......

တစ်ချိန်တည်းမှာပဲ ရှန့်ချန်ခုန်းက အဝေးတစ်နေရာသို့ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေလေပြီ ၊ သူ မပို့ခင်အိမ်ကိုဖုန်းခေါ်လိုက်၏။

ဖုန်းမကိုင်ခင် ဖုန်းကအတော်ကြာအသံမြည်နေခဲ့သည်။ တစ်ဖက်လူကဖုန်းကိုင်လိုက်သော်လည်း မည်သည့်အသံကိုမှမကြားနိုင်...ကြည့်ရတာတော့ ထိုအရာက ရှန့်ချန်ခုန်းအတွက်မထူးဆန်းတော့။ ထို့ကြောင့် သူစပြီးစကားဆိုလိုက်သည်။

"အမေ ညစာစားဖို့မမေ့နဲ့နော်..ကျွန်တော် အစားအသောက်တွေကိုပြင်ထားပြီး ရေခဲသေတ္တာထဲထည့်ပေးထားတယ်..အမေမစားခင်ပြန်နွေးလိုက်ဦးနော်"

ဖုန်းတစ်ဖက်ကမည်သည့်အသံမှပြန်မလာ..အသက်ရှုသံပါးပါးလေးကသာ တစ်ယောက်ယောက်ကတကယ်နားထောင်နေမှန်းညွှန်ပြနေခဲ့သည်။

ရှန့်ချန်ခုန်းဆက်ပြော၏။

"ကျွန်တော်ပြန်လာတဲ့အချိန်မှ ပန်းကန်တွေကိုဆေးလိုက်မယ် ဒီအတိုင်းပဲထားထားလိုက်..ကျွန်တော် ဆယ်နာရီလောက်အိမ်ပြန်ရောက်မယ်..အဲဒါကြောင့် အိပ်ရာစောစောဝင်နော်"

ဒီတစ်ခေါက်တော့ သူစောင့်နေခဲ့၏။ ဒါပေမဲ့ တိတ်ဆိတ်မှုကလွဲ မည်သည့်အသံမှမကြားရ..သက်ပြင်းချသံညင်းညင်းနှင့်အတူ ရှန့်ချန်ခုန်းနှုတ်ဆက်ရင်း ဖုန်းချလိုက်တော့သည်။

ဖုန်းကျသွားပြီးနောက် ဝမ်းရှုလီကဖုန်းမချခင် သုံးစက္ကန့်လောက်စောင့်နေခဲ့သည်။ သူမက ရေခဲသေတ္တာဆီသွားပြီး ရှန့်ချန်ခုန်းထားခဲ့သည့်ဟင်းပွဲတွေကိုအပြင်ထုတ်လိုက်၏။ သူမ ဟင်းပွဲတွေကိုမိုက်ခရိုဝေ့ထဲထည့်ပြီးချိန်တွင် တံခါးခေါက်သံတစ်ချက်ကိုကြားလိုက်ရသည်။

သူတို့နေတဲ့တိုက်ခန်းကတော်တော်အိုဟောင်းနေလေပြီ ၊ ဥယျာဉ်ပန်းခြံလည်းမရှိသလို မီးဖိုချောင်ဟာလည်း အိမ်ရှေ့တံခါးဘေးနားမှာသာ...ဝမ်းရှုလီက မီးဖိုချောင်ထဲကထွက်ပြီး အိမ်ရှေ့တံခါးကိုကြည့်လိုက်၏။ အပြင်ဘက်ကလူကတံခါးခေါက်နေဆဲပဲ ၊ ဝမ်းရှုလီ ဖြည်းဖြည်းချင်းတံခါးမဖွင့်ခင် ထိုနေရာ၌တစ်ခဏလောက်ရပ်နေခဲ့သည်။

သူမက တံခါးကိုအပြည့်မဖွင့် ၊ ချိန်းကြိုးကိုတွဲချည်ထားဆဲ..ရှန့်ချန်ခုန်းကဤအရာကိုအထူးတပ်ဆင်ပေးထားတာဖြစ်၏။

အပြင်ကလူကသူမကိုမြင်တော့ ပြုံးရင်းပြော၏။

"ဟယ်လို မားမားရှန့် ရှောင်လျှိုပါ ကျွန်မကခန်းမတစ်ဖက်ကတိုက်ခန်းမှာနေတာပါ...ကျွန်မကိုမှတ်မိသေးလား"

ဝမ်းရှုလီ မည်သည့်စကားမှမဆို ၊ သူမမျက်နှာ၌လည်း ဘာအမူအရာမှမရှိ။ ရှောင်လျှိုကြောက်သလိုခံစားလာရတော့သည်။ သူမက လွန်ခဲ့တဲ့နှစ်နှစ်က ရှန့်မိသားစုအိမ်ဘေးကိုပြောင်းလာခဲ့ကာ တခါတရံ ဒီမှာနေတဲ့မောင်နှစ်မနှစ်ယောက်နှင့်လည်း မထင်မှတ်ဘဲတွေ့တက်၏။ သူမအမှန်တကယ်မတွေ့ဖူးတဲ့သူကတော့ နာမကျန်းဖြစ်နေသည့်မားမားရှန့်ပဲ။

"ကျွန်မအောက်ထပ်မှာပါဆယ်သွားယူတော့ အန်တီ့ရဲ့ချန်ခုန်းအတွက်စာတစ်စောင်ကိုတွေ့လိုက်လို့...ကျွန်မနဲ့ကြုံလို့ အန်တီအတွက်ယူလာပေးခဲ့တာ"

ရှောင်လျှိုကစာကိုလက်လွှဲ​ပေးရင်းရှင်းပြနေ၏။

"အင်း ဒါပါပဲ ကျွန်မ အန်တီ့ကိုမနှောင့်ယှက်တော့ပါဘူး"

စာကိုဝမ်းရှုလီထံလွှဲပေးပြီးနောက် ကပျာကယာလှည့်ကာ သူမတိုက်ခန်းပြန်ရန်တံခါးဖွင့်လိုက်တော့သည်။ ဝမ်းရှုလီတံခါးပြန်ပိတ်ပြီး သူမလက်ထဲကစာကိုကြည့်နေ၏။

ဒီစာကချန်ခုန်းအတွက် ၊ မြို့တော်Aရှိလေကြောင်းနည်းပညာတက္ကသိုလ်မှ...

ဝမ်းရှုလီက ၎င်းစကားလုံးတွေကိုခဏလောက်စိုက်ကြည့်နေ၏။ ထို့နောက် သူမက စာအိတ်ကိုအလယ်ကနေဖြဲပစ်ပြီး အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်တော့သည်။

_______________

ရွင္းဟယ္လမ္းဆုံရွိမီးပြိုင့္က အထူးသျဖင့္ ယေန႕မွၾကာေနသလိုခံစားေနရ၏။ ကိုးဆယ့္ေျခာက္စကၠန့္ေလာက္ေစာင့္ေနၿပီးေနာက္ ရွန့္ခ်န္ခုန္းေခါင္းေမာ့ၾကည့္လိုက္တဲ့အခိုက္ ေလယာဥ္တစ္စင္းပ်ံသြားသည္ကိုေတြ႕လိုက္ရေလသည္။ ယေန႕ရာသီဥတုကအလြန္ေကာင္းမြန္ေန၏။ ေလယာဥ္ပ်ံသြားသည္ႏွင့္ အျဖဴေရာင္မီးခိုးေငြ႕ေတြဟာ က်ယ္ေျပာလွသည့္ေကာင္းကင္ျပာႀကီးကိုေဆးျခယ္ေနသကဲ့သို႔ပင္...

ရွန့္ခ်န္ခုန္း ေလယာဥ္ကသူ႕ျမင္ကြင္းထဲကေနေပ်ာက္သြားၿပီး မီးပြိုင့္မီးစိမ္းလာတဲ့ထိဆက္ၾကည့္ေနမိသည္။ သူ႕ေဘးနားမွဝီစီသံက သူ႕ကိုလက္ေတြ႕ဘဝထဲသို႔ျပန္လည္ေခၚေဆာင္လာကာမွ ဘတၱရီစကူတာေလးျဖင့္ေရွ႕ဆက္သြားရန္ လီဗာကိုနင္းလိုက္ေတာ့သည္။

သူက အနီးရွိအေဆာက္အဦးတစ္ခုထံသို႔ အစားအစာပို႔ေဆာင္ရန္အလ်င္လိုေနခဲ့ျခင္း ၊ လက္ရွိမွာေအာက္တိုဘာလေရာက္ေနၿပီျဖစ္တာေၾကာင့္ ၿမိဳ႕ေတာ္Aဟာေဆာင္းဦးရာသီထဲဝင္ေရာက္လာခဲ့ေခ်ၿပီ။ ေလျပည္ကသူ႕မ်က္ႏွာတစ္ေလွ်ာက္ျဖတ္တိုက္သြားသည္ႏွင့္ အေအးဓာတ္အနည္းငယ္ကိုထိေတြ႕ခံစားလိုက္ရေတာ့သည္။

သူ ႐ုံးအေဆာက္အဦးသို႔ေရာက္ရွိခ်ိန္တြင္ သူ႕စကူတာကိုေအာက္ထပ္တြင္ရပ္ထားခဲ့ကာ အေႏြးေသတၱာထဲမွပါဆယ္ဘူးမ်ားကိုအျပင္ထုတ္လိုက္သည္။ ကာစတန္မာကိုဖုန္းေခၚဆိုၿပီးေနာက္ အေဆာက္အဦးထဲျမန္ျမန္ဆန္ဆန္ဝင္သြားခဲ့၏။ အဆင့္ျမင့္အေဆာက္အဦးတစ္ခုျဖစ္ကာ ဝင္လိုက္ထြက္လိုက္လုပ္ေနသည့္ေယာက္်ား၊မိန္းမအားလုံးဟာ ငယ္႐ြယ္ၾကၿပီးေခတ္မီဆန္းသစ္တဲ့အဝတ္အစားမ်ားကိုဝတ္ဆင္ထားၾကေလသည္။ ရွန့္ခ်န္ခုန္းဓာတ္ေလွကားထဲမဝင္ခင္ လူအားလုံးအျပင္ထြက္လာတဲ့ထိေစာင့္ေနခဲ့၏။

ယခုက ေန႕လည္စာစားခ်ိန္ျဖစ္တာေၾကာင့္ အေပၚထပ္တက္မည့္လူသိပ္မရွိ ၊ ထို႔ေၾကာင့္ ဓာတ္ေလွကားက(၂၃)ထပ္သို႔ မည္သည့္အေႏွာင့္အယွက္မွမရွိဘဲေခ်ာေခ်ာေမြ႕ေမြ႕ေရာက္နိုင္ခဲ့၏။ 'တင္'ဆိုသည့္အသံႏွင့္အတူ မၾကာခင္တံခါးပြင့္လာေတာ့သည္။ ဓာတ္ေလွကားထဲမွထြက္ၿပီးေနာက္ ရွန့္ခ်န္ခုန္းကကုမၸဏီတံခါးကိုေတြ႕တဲ့အထိ လွည့္ပတ္ၾကည့္ေနခဲ့သည္။ သူကမွန္တံခါးကိုဆြဲဖြင့္ၿပီးေအာ္ေျပာလိုက္၏။

"ဟယ္လို ဘယ္သူကမစၥက်ိဳးလဲ"

"ဒီမွာ!"

ဆံပင္တိုတိုႏွင့္မိန္းကေလးတစ္ေယာက္က အခန္းတစ္ခန္းတြင္းအကန့္ခြဲထားေသာ သူမအခန္းငယ္ထဲကေနေခါင္းျပဴထြက္လာၿပီး ရွန့္ခ်န္ခုန္းထံလက္လွမ္းျပလိုက္၏။

သူမေနရာကိုၾကည့္ရင္းျဖင့္ ပါဆယ္ဘူးကိုထုတ္ကာလမ္းေလွ်ာက္သြားလိုက္သည္။

"မင္းဘာမွာထားတာလဲ"

မစၥက်ိဳးအေနာက္မွာထိုင္ေနသည့္လုပ္ေဖာ္ကိုင္ဖက္ေယာက္်ားေလးတစ္ေယာက္ကမတ္တပ္ရပ္ၿပီး စပ္စပ္စုစုျဖင့္ သူမစားပြဲနားခ်ည္းကပ္လာကာ စားပြဲကိုႏွစ္ခ်က္ေခါက္လိုက္၏။ သူ႕စိတ္လႈပ္ရွားမႈေၾကာင့္ သူကိုင္ထားတဲ့ဖိုင္တြဲက သူ႕လက္ထဲကေနေခ်ာ္ထြက္သြားေလသည္။

"အသီးအ႐ြက္ပါ"

မစၥက်ိဳးက သူမစားပြဲေပၚတြင္ေနရာရွင္းေနရင္းျဖင့္ အနည္းအက်ဥ္းမွ်သာျပန္ေျဖခဲ့၏။

"ေက်းဇူးပါ ဒီေနရာမွာတင္ထားလိုက္ပါ"

ပါဆယ္ဘူးကိုခ်ထားၿပီး ရွန့္ခ်န္ခုန္းမျပန္ခင္ 'ေပ်ာ္႐ႊင္စြာသုံးေဆာင္ပါ'ဟုတုံ႕ျပန္ခဲ့သည္။ လုပ္ေဖာ္ကိုင္ဖက္ေယာက္်ားေလး၏ဖိုင္တြဲက သူ႕ေျခေထာက္နားသို႔တိုက္တိုက္ဆိုင္ဆိုင္က်လာတာေၾကာင့္ ရွန့္ခ်န္ခုန္းငုံ႕၍ကူေကာက္ေပးလိုခဲ့၏။ သို႔ေသာ္ သူ ဖိုင္တြဲကိုထိေတာင္မထိရေသးခင္မွာပဲ လုပ္ေဖာ္ကိုင္ဖက္ေယာက္်ားေလးက ေရးႀကီးခြင့္က်ယ္ျဖင့္ေအာ္ေျပာလာ၏။

"မထိနဲ႕! ငါ့ဘာသာငါေကာက္လိုက္မယ္ ငါ့ပစၥည္းေတြကိုညစ္ပတ္ေအာင္မလုပ္နဲ႕"

ထိုစကားက ရွန့္ခ်န္ခုန္းကိုရပ္တန့္ေအာင္လုပ္လိုက္၏။ မည္သည့္စကားမွမဆိုဘဲ သူကဖိုင္တြဲကိုေက်ာ္ၿပီး ထြက္ေပါက္ထံဦးတည္လိုက္ေတာ့သည္။ သူ ဖန္တံခါးကိုဖြင့္ေတာ့မည္အခ်ိန္၌ သူ႕လက္ကိုသူျပန္ၾကည့္မိ၏။ ထို႔ေနာက္ တံခါးမဖြင့္ခင္ သူ႕လက္ကိုသူ႕အေပၚအကၤ်ီျဖင့္ႏွစ္ႀကိမ္သုတ္လိုက္၏။

သူ ဓာတ္ေလွကားနားေရာက္တာႏွင့္တံခါးပြင့္လာၿပီး တျခားပစၥည္းပို႔သည့္ေကာင္ေလးတစ္ေယာက္က အလ်င္စလိုထြက္လာခဲ့သည္။ ရွန့္ခ်န္ခုန္းကိုျမင္ေတာ့ ထိုသူကႏႈတ္ဆက္၏။

သူက ရွန့္ခ်န္ခုန္းနဲ႕ပစၥည္းပို႔တဲ့ကုမၸဏီတစ္ခုတည္းေတာ့မဟုတ္ ၊ ဒါေပမဲ့ သူတို႔ေတြက တူညီတဲ့ေနရာတစ္ခုထဲမွာ ပစၥည္းပို႔ၾကတဲ့သူေတြ...သူတို႔ေတြက တစ္ေယာက္နဲ႕တစ္ေယာက္ မၾကာမၾကာဆုံေနၾကပဲ။

ရွန့္ခ်န္ခုန္းကဓာတ္ေလွကားထဲဝင္ရင္း သူ႕ကိုေခါင္းျပန္ညိတ္ျပကာ ေအာက္ထပ္ဆင္းမည့္ခလုတ္ကိုျမန္ျမန္ႏွိပ္လိုက္သည္။

"......"

အျပင္ဘက္တြင္မတ္တပ္ရပ္ေနသည့္ေကာင္ေလးက အံဩတႀကီးျပန္ၾကည့္၏။ ဓာတ္ေလွကားတံခါးမပိတ္ခင္အထိ သူေၾကာင္အေနမိလ်က္...

"ဒီေန႕မွ အစ္ကိုက႐ုတ္တရက္ႀကီးအရမ္းေအးစက္ေနပါ့လား"

ရွန့္ခ်န္ခုန္းအေၾကာင္းကို သူ႕စိတ္ထဲတြင္သာျမန္ျမန္ထည့္ထားလိုက္ရင္း သူ႕ပါဆယ္ထုတ္ကိုပို႔ေဆာင္ရန္ထြက္သြားေတာ့၏။

ဓာတ္ေလွကားထဲတြင္ ရွန့္ခ်န္ခုန္းက ေနာက္ေအာ္ဒါကိုစစ္ရန္သူ႕ဖုန္းကိုမထုတ္လိုက္ခင္ထိ နံပါတ္ေတြေျပာင္းေနသည္ကို တိတ္တဆိတ္ေစာင့္ၾကည့္ေန၏။

ေနာက္ထပ္ေအာ္ဒါအတြက္ Starlight ပန္းၿခံကိုသြားရမွာျဖစ္ကာ မစၥ႐ႊီလ်န္ထံပို႔ေဆာင္ရမည္ ၊ လတ္တေလာ မစၥ႐ႊီလ်န္ထံကေအာ္ဒါေတြကိုမၾကာခဏလက္ခံရရွိေနတာျဖစ္၏။ လြန္ခဲ့တဲ့သုံးရက္စလုံး သူမက ဝူးလုံစားေသာက္ဆိုင္က Chicken Sets ကိုပဲမွာေနခဲ့တာ...

ေလာ္ဘီကိုေရာက္လာၿပီး ရွန့္ခ်န္ခုန္းကအေဆာက္အဦးထဲကေနထြက္လာကာ သူ႕စကူတာဆီသြား၍ Starlight ပန္းၿခံသို႔ဦးတည္သြားေတာ့၏။

လြန္ခဲ့တဲ့ဆယ္ႏွစ္က ယခုလက္ရွိ Starlight ပန္းၿခံကလူသူကင္းမဲ့သည့္ေနရာတစ္ခု ၊ က်န္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာပဲ အစိုးရကတက္တက္ႂကြႂကြေထာက္ပံ့ေပးမႈႏွင့္အတူ Starlight ပန္းၿခံကိုေဆာက္လုပ္ခဲ့ၿပီးေနာက္ လ်င္လ်င္ျမန္ျမန္တိုးတက္လာခဲ့သည္။ ယေန႕မွာေတာ့ ၿမိဳ႕ေတာ္Aကအႀကီးဆုံးပန္းဥယ်ာဥ္အျပင္ ျပခန္းအေျမာက္အမ်ားႏွင့္တစ္မူထူးျခားေသာဆိုင္မ်ားလည္း ပန္းၿခံထဲမွိုလိုေပါလာခဲ့၏။ ေထာင္ေပါင္းမ်ားစြာေသာကမာၻလွည့္ခရီးသည္မ်ားႏွင့္ဓာတ္ပုံဆရာေတြကိုလည္းဆြဲေဆာင္လ်က္ရွိ၏။

ရွန့္ခ်န္ခုန္း ဒီႏွစ္ထဲမွာေတာင္ၾကားလိုက္ေသးတယ္..လူေတြကေျမကိုဌားရမ္းၿပီး အတြင္းမွာဟင္းသီးဟင္း႐ြက္ေတြကိုစိုက္ပ်ိဳးနိုင္တဲ့စိုက္ပ်ိဳးေရးၿခံကိုဖြင့္မယ္တဲ့...

Chicken Set ကိုႀကိဳက္ႏွစ္သက္တဲ့အမ်ိဳးသမီး႐ႊီလ်န္ကေတာ့ Starlight ပန္းၿခံထဲမွာဆိုင္ခန္းဌားၿပီး ဆိုင္ေသးေသးေလးတစ္ခုဖြင့္လွစ္ထား၏။

သူပစၥည္းပို႔ဖို႔ Starlight ပန္းၿခံကိုပထမဆုံးအႀကိမ္ေရာက္လာခ်ိန္က ရွန့္ခ်န္ခုန္းကေျမပုံလမ္းၫႊန္ကိုေတာင္အမွီျပဳရန္လိုအပ္ခဲ့ရသည္။ သို႔ေသာ္ အႀကိမ္အနည္းငယ္ၾကာၿပီးေနာက္ Starlight ပန္းၿခံတစ္ခုလုံးသူ႕စိတ္ထဲတြင္ရွိေနေလၿပီ။

သူ႕စကူတာေလးကို ႐ႊီလ်န္ဆိုင္အျပင္ဘက္တြင္ရပ္ကာ သူမေအာ္ဒါကိုယူ၍လမ္းေလွ်ာက္သြားရင္း မွန္ျပတင္းေပါက္ကေနခိုးၾကည့္လိုက္ေသး၏။ ၾကည့္ရတာ ဆိုင္ကိုၾကည့္ဖို႔ပထမထပ္မွာအၿမဲထိုင္ေနတက္တဲ့ေကာင္မေလး ဒီမွာမရွိဘူးနဲ႕ထင္တယ္..ဒီေန႕ သူမ set တစ္ခုတည္းမွာတာအံ့ဩစရာမရွိေတာ့ဘူး။

"ဟယ္လို"

သူ တံခါးဆြဲမဖြင့္ခင္ ညင္ညင္သာသာေခါက္လိုက္ေတာ့ တံခါးထိပ္နဲ႕တြဲခ်ည္ထားတဲ့သံစုံေခါင္းေလာင္းေလးက တခြၽင္ခြၽင္ျမည္ဟီးလာ၏။

႐ႊီလ်န္က ဒုတိယထပ္တြင္ဖေယာင္းအရည္ေဖ်ာ္ေနခဲ့ျခင္း ၊ သူမဘဲလ္သံကိုၾကားေတာ့ ဝင္ေပါက္ကိုလွည့္ၾကည့္လိုက္သည္။ သူမအလုပ္႐ုံကဒုတိယထပ္တြင္ျဖစ္ကာ အေရွ႕တံခါးႏွင့္ဆန့္က်င္ဘက္ ၊ မည္သည့္နံရံ၊လက္ရန္းမွတားဆီးထားတာမရွိ။ ထိုအစား သူမက ၾကမ္းျပင္ကေနမ်က္ႏွာက်က္ထိျပတင္းေပါက္ကိုတပ္ဆင္ထား၏။ မည္သည့္ကာစတန္မာမဆို အထဲဝင္လာပါက သူမနဲ႕ျမင္ကြင္းေကာင္းရွိေစရန္အတြက္...

တစ္ကိုယ္လုံးအျပာေရာင္နဲ႕ေကာင္ေလးက လက္ထဲတြင္ပါဆယ္ဘူးႏွင့္အတူ ေအာက္ထပ္မွာရပ္ေနသည္ကို ႐ႊီလ်န္ျမင္လိုက္ရသည္။

"ခဏေလာက္ေစာင့္ပါဦးေနာ္"

႐ႊီလ်န္က ဖေယာင္းမီးျပင္းဖိုကိုပိတ္ကာ ေအာက္ထပ္သို႔မဆင္းခင္ သူမလက္ေတြကိုသုတ္ရန္ တစ္ရႈးကိုဆြဲယူလိုက္၏။

ေဒါက္ျမင့္ဖိနပ္အသံကိုၾကားေနရၿပီး အခ်ိဳ႕အေၾကာင္းျပခ်က္ေတြေၾကာင့္ ရွန့္ခ်န္ခုန္းကိုအသက္ေအာင့္ထားမိေစလ်က္...

လြန္ခဲ့တဲ့ႏွစ္ရက္က အနက္ေရာင္သားေရေဘာင္းဘီႏွင့္ဆြဲေဆာင္မႈရွိလွသည့္အကၤ်ီဝတ္ထားတဲ့သူမကို သူပထမဆုံးျမင္ခဲ့၏။ သူမ၏တစ္မူထူးျခားတဲ့ပုံစံေလးႏွင့္ဤအတြဲအစပ္က သူမကိုသူေဌးႀကီး၏အမ်ိဳးသမီးတစ္ေယာက္လို႔ေတာင္ သူ႕ကိုထင္ေစခဲ့သည္။ ဒီေန႕ သူမက အနက္ေရာင္ေလကာအကၤ်ီရွည္ကိုခါးပတ္ႏွင့္အတူဝတ္ဆင္ထားရင္း အနက္ေရာင္ေဒါက္ျမင့္ဖိနပ္ကိုစီးကာ သူမဆံပင္ကိုျမင္းၿမီးပုံစံခပ္ျမင့္ျမင့္စုခ်ည္ထားလ်က္ သူမ၏အမည္းေရာင္ဆံပင္ရွည္ေတြဟာေျဖာင့္စင္းၿပီးေခ်ာေမြ႕ေတာက္ပေနေလ၏။ ဤပုံစံအားျဖင့္ သူမက သူေဌးႀကီး၏အမ်ိဳးသမီးတစ္ေယာက္ဆိုတာ သူ မယုံနိုင္ေတာ့ ၊ သို႔ေသာ္ သူမကိုယ္တိုင္ကသူေဌးတစ္ေယာက္ပဲ။

"ေက်းဇူးတင္ပါတယ္"

ထိုအခိုက္အတန့္တြင္ သူဘာေတြးေနခဲ့လဲဆိုတာ ႐ႊီလ်န္မသိ...သူ႕လက္ထဲကအိတ္ကိုအလြယ္တကူယူလိုက္၏။

သူမလက္ေတြသူ႕ကိုထိလိုက္သည္ကိုခံစားမိေတာ့ ဆိုင္ထဲကျပန္မထြက္ခင္ ရွန့္ခ်န္ခုန္း အလိုလိုျပန္ေျဖ၏။

"ရပါတယ္"

သူ႕စကူတာထဲေသာ့ထိုးၿပီးေနာက္ ႐ႊီလ်န္ကိုျပန္လွည့္ၾကည့္မိသည္။ သူမကပါဆယ္အိတ္ကို ပထမထပ္ရွိအျခားအခန္းတစ္ခန္းထဲယူသြားသည္ကိုေတြ႕လိုက္ရ၏။

သူမမ်က္ႏွာေလးကအလြန္လွပ၏။ ဆံၿမိတ္မရွိသည့္ဘဲဥပုံသ႑န္မ်က္ႏွာဝိုင္းဝိုင္းေလးက ေျပျပစ္လွသည့္နဖူးျပင္တစ္ခုလုံးကိုလွစ္ဟျပထားေလသည္။ သူမမ်က္ခုံးကိုလည္းပိုၿပီးနက္ေမွာင္ေအာင္ဆြဲထားကာ သာမန္မိန္းကေလးမ်ားထက္ေတာင္ထူထဲေန၏။ သူမႏႈတ္ခမ္းနီမွာလည္း အနီေရာင္ရင့္ရင့္...

အထူးသျဖင့္ သူမကဒီလိုစတိုင္မ်ိဳးကိုဝတ္ဆင္ရတာ ႀကိဳက္ႏွစ္သက္ပုံပဲ ၊ ထင္ရွားေစတဲ့အခ်က္က သူမက လူလတ္တန္းစားလက္လုပ္ရနံ႕ကုထုံးေရေမႊးဖေယာင္းတိုင္ဆိုင္ကို ဖြင့္ထားေသာ္လည္း ဆိုင္နာမည္ကိုျဖင့္'Monster'ဟုအမည္ေပးထား၏။

သူ႕အၾကည့္ေတြကိုလႊဲရင္း ရွန့္ခ်န္ခုန္း ေနာက္ပို႔ရမည့္ေနရာသို႔ထြက္လာခဲ့ေတာ့သည္။

......

ဒီရက္ပိုင္းထဲ ႐ႊီလ်န္အရမ္းအလုပ္မ်ားေနသျဖင့္ ေန႕လည္စာစားရန္အတြက္ ဆယ္မိနစ္သာအခ်ိန္ရ၏။ လကုန္ရင္ အေဆာက္အဦးအသစ္တစ္ခုဖြင့္လိမ့္မည္ ၊ ကုမၸဏီဘက္က သူတို႔အခမ္းအနားဖြင့္ပြဲကိုလာမည့္ VIPဧည့္သည္ေတြအတြက္ ရနံ႕ကုထုံးေရေမႊးဖေယာင္းတိုင္လက္ေဆာင္ဘူး(၂၀၀)ကို ေအာ္ဒါမွာထားခဲ့သည္။

ဤကုမၸဏီကျပည္တြင္းမွာလူသိမ်ားၿပီး ဘ႑ာေရးအရင္းအျမစ္ေတြလည္းခိုင္ခိုင္မာမာရွိ၏။ သူတို႔က သူမနဲ႕စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး ဒီေအာ္ဒါအတြက္ သူမကိုတစ္သိန္းေပးထားၿပီးခဲ့ၿပီ။ ႐ႊီလ်န္က ဘယ္ေအာ္ဒါမဆို အၿမဲတမ္း သူမကိုယ္တိုင္လုပ္၏။ သူမက အျခားသူေတြ၏လက္မႈပညာအရည္အေသြးကို (၁၀၀)ရာခိုင္ႏႈန္းစိတ္မခ်နိဳင္တာေၾကာင့္ တျခားသူေတြကိုအကူအညီေတာင္းတက္သည့္အက်င့္ သူမတြင္မရွိ ၊ ထို႔ေၾကာင့္ ေနာက္ဆုံးေတာ့ သူမအခုပင္ပန္းေနေလၿပီ။

သူမဆိုင္ေလးကိုဖြင့္ထားတာ ႏွစ္ႏွစ္ရွိခဲ့ၿပီ ၊ ဤႏွစ္ႏွစ္အတြင္းမွာ စီးပြါးေရးကသိပ္မေကာင္းခဲ့...ထို႔ေၾကာင့္ တခါတရံ ဆိုင္တြင္လူသူကင္းမဲ့ေနတက္သည္။ ေရေမႊးဖေယာင္းတိုင္ေတြအတြက္ ေစ်းကြက္ႀကီးႀကီးမားမားမရွိခဲ့တာေၾကာင့္ ေရေမႊးဖေယာင္းတိုင္ေတြက ေခတ္ေရစီးေၾကာင္း၏ပထမေနရာတြင္မရွိခဲ့။ သို႔ေသာ္ ယေန႕ေခတ္မွာေတာ့ သူမဆိုင္ေလးဟာ ေဘးက'Sugar Honey Heart'ဆိုတဲ့မုန့္ဆိုင္ႏွင့္ လတ္တေလာစီးပြါးဖက္အျဖစ္ပူးေပါင္းထားတာေၾကာင့္ စီးပြါးေရးေကာင္းေန၏။

လြန္ခဲ့တဲ့ခရစ္စမက္က 'Sugar Honey Heart' ဆိုင္ပိုင္ရွင္က သူမထံခ်ည္းကပ္လာခဲ့ၿပီး သူတို႔ရဲ႕ခရစ္စမက္ပန္းကုံးေတြႏွင့္အတူ ေရေမႊးဖေယာင္းတိုင္အခ်ိဳ႕ကိုတြဲစပ္ရန္ ေတာင္းဆိုလာခဲ့သည္။ သူတို႔က ကုန္ေခ်ာပစၥည္းေတြကို အမွန္တကယ္ႀကိဳက္ႏွစ္သက္တာေၾကာင့္ သူေဌးကဓာတ္ပုံမ်ားရိုက္ယူကာ သူမဆိုင္၏တရားဝင္ေပ့ခ်္ႏွင့္အတူအြန္လိုင္းေပၚတင္ခဲ့၏။

'Sugar Honey Heart' ဆိုင္ကအင္တာနက္ေပၚတြင္နာမည္ႀကီးဆိုင္တစ္ဆိုင္ျဖစ္ကာ ၎ဆိုင္ Weibo ၌လည္းေဖာ္လိုဝါတစ္သန္းေက်ာ္ရွိ၏။ သူတို႔ဓာတ္ပုံႏွင့္အတူ ႐ႊီလ်န္၏ဆိုင္သည္လည္း သူတို႔၏ေက်ာ္ၾကားမႈျဖင့္ လာေရာက္သည့္ကာစတန္မာမ်ားပို၍မ်ားျပားလာခဲ့သည္။ ႐ႊီလ်န္လည္း အျခားစီးပြါးေရးမ်ားႏွင့္ပူးေပါင္းရန္ အခြင့္အေရးမ်ားပိုရလာခဲ့ေတာ့သည္။

ဒီႏွစ္ဂြၽန္လကတည္းက သူမအလြန္အလုပ္မ်ားလာခဲ့တာေၾကာင့္ သူမဆိုင္ကိုေစာင့္ၾကည့္ေပးရန္ႏွင့္ေငြရွင္းေကာင္တာအတြက္ တစ္ေယာက္ေယာက္ကိုဌားရမ္းခဲ့ရသည္။

သူမ ခဏအနားယူၿပီးေနာက္ ႐ႊီလ်န္ကဒုတိယထပ္ကိုျပန္သြားၿပီး ေအာ္ဒါေတြကိုအမီလုပ္ေတာ့၏။ သူမအလုပ္စလုပ္လိုက္သည္ႏွင့္ အခ်ိန္ေတြကျမန္ျမန္ကုန္ဆုံးသြားခဲ့သည္။ သူမသတိျပန္ဝင္လာခ်ိန္မွာေတာ့ သူမႏွိုးစက္နာရီက အခ်ိန္ျပည့္ေၾကာင္းအသံျမည္ၿပီးသြားခဲ့ၿပီျဖစ္၏။ သူမအသက္ျပင္းျပင္းရႈကာ ႏွိုးစက္ကိုပိတ္ၿပီး အစားအစာမွာရန္သတိရလိုက္သည္။

သူမတပ္ဆင္ထားသည့္ႏွိုးစက္နာရီက ေခတ္ေပၚပစၥည္းတစ္ခု ၊ ေနာက္ပိုင္းမွာ ပစၥည္းေတြကအလြန္ဗ်ာမ်ားလာတာေၾကာင့္ သူမ၏အလုပ္သမားေလးပ်က္ကြက္တဲ့အခ်ိန္ပဲျဖစ္ျဖစ္ သူမေအာ္ဒါမွာရမွာကိုလုံးဝေမ့သြားေပလိမ့္မည္။ ထို႔ေၾကာင့္ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ သူမကိုယ္သူမ အစားစားရန္သတိေပးဖို႔ ႏွိုးစက္ထားလိုက္ရေတာ့၏။

Takeaway App ထဲတြင္ျပသထားေသာ အမ်ိဳးအစားေပါင္းမ်ားစြာရွိေပမဲ့ အနည္းအက်ဥ္းမွ်သာအရသာရွိၿပီး ပိုက္ဆံအကုန္အက်ခံဖို႔ရာတန္၏။ ႐ႊီလ်န္က တခါတေလ ညေနပိုင္းေတြမွာဘာစားရမလဲေ႐ြးရသည္ကို အလြန္ပ်င္းေသာေၾကာင့္ Chicken Set ကိုသာေအာ္ဒါထပ္မွာလိုက္သည္။

......

တစ္ခ်ိန္တည္းမွာပဲ ရွန့္ခ်န္ခုန္းက အေဝးတစ္ေနရာသို႔ပို႔ေဆာင္ရန္ အဆင္သင့္ျဖစ္ေနေလၿပီ ၊ သူ မပို႔ခင္အိမ္ကိုဖုန္းေခၚလိုက္၏။

ဖုန္းမကိုင္ခင္ ဖုန္းကအေတာ္ၾကာအသံျမည္ေနခဲ့သည္။ တစ္ဖက္လူကဖုန္းကိုင္လိုက္ေသာ္လည္း မည္သည့္အသံကိုမွမၾကားနိုင္...ၾကည့္ရတာေတာ့ ထိုအရာက ရွန့္ခ်န္ခုန္းအတြက္မထူးဆန္းေတာ့။ ထို႔ေၾကာင့္ သူစၿပီးစကားဆိုလိုက္သည္။

"အေမ ညစာစားဖို႔မေမ့နဲ႕ေနာ္..ကြၽန္ေတာ္ အစားအေသာက္ေတြကိုျပင္ထားၿပီး ေရခဲေသတၱာထဲထည့္ေပးထားတယ္..အေမမစားခင္ျပန္ေႏြးလိုက္ဦးေနာ္"

ဖုန္းတစ္ဖက္ကမည္သည့္အသံမွျပန္မလာ..အသက္ရႈသံပါးပါးေလးကသာ တစ္ေယာက္ေယာက္ကတကယ္နားေထာင္ေနမွန္းၫႊန္ျပေနခဲ့သည္။

ရွန့္ခ်န္ခုန္းဆက္ေျပာ၏။

"ကြၽန္ေတာ္ျပန္လာတဲ့အခ်ိန္မွ ပန္းကန္ေတြကိုေဆးလိုက္မယ္ ဒီအတိုင္းပဲထားထားလိုက္..ကြၽန္ေတာ္ ဆယ္နာရီေလာက္အိမ္ျပန္ေရာက္မယ္..အဲဒါေၾကာင့္ အိပ္ရာေစာေစာဝင္ေနာ္"

ဒီတစ္ေခါက္ေတာ့ သူေစာင့္ေနခဲ့၏။ ဒါေပမဲ့ တိတ္ဆိတ္မႈကလြဲ မည္သည့္အသံမွမၾကားရ..သက္ျပင္းခ်သံညင္းညင္းႏွင့္အတူ ရွန့္ခ်န္ခုန္းႏႈတ္ဆက္ရင္း ဖုန္းခ်လိဳက္ေတာ့သည္။

ဖုန္းက်သြားၿပီးေနာက္ ဝမ္းရႈလီကဖုန္းမခ်ခင္ သုံးစကၠန့္ေလာက္ေစာင့္ေနခဲ့သည္။ သူမက ေရခဲေသတၱာဆီသြားၿပီး ရွန့္ခ်န္ခုန္းထားခဲ့သည့္ဟင္းပြဲေတြကိုအျပင္ထုတ္လိုက္၏။ သူမ ဟင္းပြဲေတြကိုမိုက္ခရိုေဝ့ထဲထည့္ၿပီးခ်ိန္တြင္ တံခါးေခါက္သံတစ္ခ်က္ကိုၾကားလိုက္ရသည္။

သူတို႔ေနတဲ့တိုက္ခန္းကေတာ္ေတာ္အိုေဟာင္းေနေလၿပီ ၊ ဥယ်ာဥ္ပန္းၿခံလည္းမရွိသလို မီးဖိုေခ်ာင္ဟာလည္း အိမ္ေရွ႕တံခါးေဘးနားမွာသာ...ဝမ္းရႈလီက မီးဖိုေခ်ာင္ထဲကထြက္ၿပီး အိမ္ေရွ႕တံခါးကိုၾကည့္လိုက္၏။ အျပင္ဘက္ကလူကတံခါးေခါက္ေနဆဲပဲ ၊ ဝမ္းရႈလီ ျဖည္းျဖည္းခ်င္းတံခါးမဖြင့္ခင္ ထိုေနရာ၌တစ္ခဏေလာက္ရပ္ေနခဲ့သည္။

သူမက တံခါးကိုအျပည့္မဖြင့္ ၊ ခ်ိန္းႀကိဳးကိုတြဲခ်ည္ထားဆဲ..ရွန့္ခ်န္ခုန္းကဤအရာကိုအထူးတပ္ဆင္ေပးထားတာျဖစ္၏။

အျပင္ကလူကသူမကိုျမင္ေတာ့ ၿပဳံးရင္းေျပာ၏။

"ဟယ္လို မားမားရွန့္ ေရွာင္လွ်ိုပါ ကြၽန္မကခန္းမတစ္ဖက္ကတိုက္ခန္းမွာေနတာပါ...ကြၽန္မကိုမွတ္မိေသးလား"

ဝမ္းရႈလီ မည္သည့္စကားမွမဆို ၊ သူမမ်က္ႏွာ၌လည္း ဘာအမူအရာမွမရွိ။ ေရွာင္လွ်ိုေၾကာက္သလိုခံစားလာရေတာ့သည္။ သူမက လြန္ခဲ့တဲ့ႏွစ္ႏွစ္က ရွန့္မိသားစုေဘးနားကိုေျပာင္းလာခဲ့ကာ တခါတရံ ဒီမွာေနတဲ့ေမာင္ႏွစ္မႏွစ္ေယာက္ႏွင့္လည္း မထင္မွတ္ဘဲေတြ႕တက္၏။ သူမအမွန္တကယ္မေတြ႕ဖူးတဲ့သူကေတာ့ နာမက်န္းျဖစ္ေနသည့္မားမားရွန့္ပဲ။

"ကြၽန္မေအာက္ထပ္မွာပါဆယ္သြားယူေတာ့ အန္တီ့ရဲ႕ခ်န္ခုန္းအတြက္စာတစ္ေစာင္ကိုေတြ႕လိုက္လို႔...ကြၽန္မနဲ႕ႀကဳံလို႔ အန္တီအတြက္ယူလာေပးခဲ့တာ"

ေရွာင္လွ်ိုကစာကိုလက္လႊဲ​ေပးရင္းရွင္းျပေန၏။

"အင္း ဒါပါပဲ ကြၽန္မ အန္တီ့ကိုမေႏွာင့္ယွက္ေတာ့ပါဘူး"

စာကိုဝမ္းရႈလီထံလႊဲေပးၿပီးေနာက္ ကပ်ာကယာလွည့္ကာ သူမတိုက္ခန္းျပန္ရန္တံခါးဖြင့္လိုက္ေတာ့သည္။ ဝမ္းရႈလီတံခါးျပန္ပိတ္ၿပီး သူမလက္ထဲကစာကိုၾကည့္ေန၏။

ဒီစာကခ်န္ခုန္းအတြက္ ၊ ၿမိဳ႕ေတာ္Aရွိေလေၾကာင္းနည္းပညာတကၠသိုလ္မွ...

ဝမ္းရႈလီက ၎စကားလုံးေတြကိုခဏေလာက္စိုက္ၾကည့္ေန၏။ ထို႔ေနာက္ သူမက စာအိတ္ကိုအလယ္ကေနၿဖဲပစ္ၿပီး အမွိုက္ပုံးထဲသို႔ပစ္ထည့္လိုက္ေတာ့သည္။

_______________

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

30.5K 3.6K 48
ထရင်တစ်ထုပ်က α€α€„α€Ία€™α€›α€α€±α€¬α€·α€œα€­α€―α€·α€•α€«
1.6M 139K 47
✫ 𝐁𝐨𝐨𝐀 𝐎𝐧𝐞 𝐈𝐧 π‘πšπ­π‘π¨π«πž π†πžπ§'𝐬 π‹π¨π―πž π’πšπ πš π’πžπ«π’πžπ¬ ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.3M 70K 59
π’πœπžπ§π­ 𝐨𝐟 π‹π¨π―πžγ€’ππ² π₯𝐨𝐯𝐞 𝐭𝐑𝐞 𝐬𝐞𝐫𝐒𝐞𝐬 γ€ˆπ›π¨π¨π€ 1〉 π‘Άπ’‘π’‘π’π’”π’Šπ’•π’†π’” 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...