"အဒေါ်နောက်တစ်ခါဆိုရင် ကိုယ့်အလုပ်ကို ဂရုစိုက်လုပ်ပါ ၊ မဟုတ်ရင် တရားဝင်ဇနီး မဖြစ်ရုံတင်မကဘဲ ကိုယ်လုပ်တော် ရာထူပါ ဆုံးရှုံးသွားလိမ့်မယ်။ အဖေ့ရဲ့ သည်းခံနိုင်မှုကလည်း အကန့်အသတ်တွေ ရှိတယ်။ အဒေါ် ကျေးဇူးပြုပြီး တစ်ခုခုလုပ်တဲ့အခါ မောင်လေးနဲ့တို့ကို ကြည့်လှည့်ပါ။ အဆင့်အတန်းနိမ့်တဲ့ ကလေးကစားကွက်တွေကို ထပ်မလုပ်ပါနဲ့ ။ လုအိမ်တော်နှင်ြ မိုအိမ်တော်ကြားက အရင်ကဆက်ဆံရေးညံ့ဖျင်းလို့ ပြောစရာသိပ်မရှိခဲ့ဘူး။ ဒါပေမဲ့ အခုဒီကြွက်လေးပြန်လာပြီ၊ ဒါကြောင့် အခုဆို တို့မထိန်းချုပ်နိုင်တဲ့ အရာတွေအများကြီးရှိလာပြီ "
မို့ရွှမ်မင် စကားပြောရင်း ရုတ်တရက် တုန်လှုပ်သွားပြီး တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ မိုဂျင်ကိုတောင် လှည့်မကြည့်ရဲတော့ဘူး ။
"အဒေါ်ဖန် ၊ ကျေးဇူးပြုပြီး ပြန်သွားပါ။ ဖေဖေက အဒေါ်ကို မေးခွန်းတွေ မေးကောင်းမေးနိုင်မယ်။ ကျေးဇူးပြုပြီး ဦးနှောက်ကိုသုံးပြီး အဖေ့ကို စိတ်ဆိုးအောင် ထပ်မလုပ်ပါနဲ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အဖေ့နဲ့ စကားပြောနိုင်ဖို့ အချိန်ရှာပါ။ နည်းနည်းတော့ စိတ်မကောင်း ဟန်ဆောင်ပါ။ အခု ထွက်သွားတော့ "
အဒေါ်ဖန်က တခြားတစ်ခုပြောချင်သေးသည် ။ သို့သော် မို့ရွှမ်မင် မျက်လုံးမှိတ်ထားလိုက်သည်ကို သူမမြင်လိုက်ရပြီး သူမပါးစပ်ကိုပိတ်လိုက်သည် ။ ထို့နောက် သူမသည် မိုဟွာဝမ်မည်ကဲ့သို့ဖြစ်လာနိုင်သည်ကို သူမတွေးပြီး ထိတ်လန့်သွားခဲ့ကာ သူမ ကမန်းကတန်း လှည့်ထွက်သွားသည်။ အပြင်မှာစောင့်နေတဲ့ နန်နီလီက သူ့မအင်္ကျီကို ဝတ်ပေးပြီး အမြန်ထွက်သွားတယ်။
"မိုဂျင်း၊ ဒီမှာ တစ်ယောက်ယောက် ရှိမရှိ သွားကြည့်။ သူတို့ ဒီမှာရှိရင် ပန်းခြံထဲမှာ ခဏစောင့်ခိုင်းပါ။ တို့ အပြင်ထွက်မယ် ပြောလိုက်။ တို့အတွက် လက်ဖက်ရည် ပြင်ထားခိုင်းလိုက်"
မိုဂျင်အိမ်ထဲရောက်လာတော့ မို့ရွှမ်မင် မျက်လုံးဖွင့်လိုက်တယ်။ သူမသည် သာမာန် နူးညံ့သိမ်မွေ့သော အပြုံးကို တပ်ဆင်ထားပြီးဖြစ်သည်။ သူမသည် မိုမိသားစု၏ ပထမဆုံးသော ကြင်နာသနားတတ်သူ ဖြစ်နေဆဲပင်။ သေချာတာကတော့ သူမ ပန်းလေးမြတ်ပွဲကို တက်ရောက်ဖို့ လိုပါတယ်။
သူမ၏အကြံအစည်များကို ကြွက်လေးတစ်ကောင်က ဖျက်ဆီးပစ်နိုင်မည်မဟုတ်ပေ။
"ဟုတ်ကဲ!" ကန့်လန့်ကာနောက်တွင်ရပ်နေတဲ့ မိုဂျင်က သူမခေါင်းငုံ့ပြီး ပြန်ထွက်သွားတယ်။
"ဘာလဲ၊ မင်းက ဖိတ်စာယူလာတဲ့သူလား။"
မို့ဟွာဝမ်၏ မျက်လုံးများသည် အနည်းငယ် အေးစက်နေပြီး အနည်းငယ် စိတ်ပျက်သွားသည်။ သူသည် သူ့သမီးအငယ်ဆုံးကို အဝေးမှ အေးစက်စွာ ကြည့်နေ၏။ သူတို့နှစ်ယောက်လုံးက အသက် 13 နှစ်ဖြစ်ပြီး တုန်းအာက သူ့ထက် ရက်အနည်းငယ်သာကြီးတယ်။
သို့သော် တုန်းအာသည် သူ့ရှေ့တွင် အမြဲတမ်း ချစ်စရာကောင်းစွာ ပြုမူပြီး ၎င်း၏ အငယ်ဆုံးသမီးဖြစ်သူမှာ အလွန်ပင် မျက်စိမှုန်နေသော်လည်း အခုတော့ သူ့သမီး အငယ်ဆုံးက ရုတ်တရက်ပြောဆိုတတ်လာသည် ။ သူမ ဘယ်တုန်းက ကြီးပြင်းလာတာလဲ။ သူမသည် မြင့်မားပြီး ခွန်အားကြီးရုံသာမက တုန်းအာအတွက် ရည်ရွယ်သည့် ဖိတ်ခေါ်ချက်ကိုလည်း ယူဆောင်လာခဲ့သည်။
"သခင်ကြီး၊ ချောင်အာက ဥာဏ်မမှီပါဘူး။ အဒေါ်ချင်က လုပ်ဖို့ မရည်ရွယ်ပါဘူး။ တစ်စုံတစ်ယောက်က သူမကို ဒီလိုပြုလုပ်ဖို လှုံ့ဆော်ပေးခဲ့တာဖြစ်မယ် ၊ ဒီလိုမှမဟုတ်ရင် သူမ ဒီလိုမျိုး မလုပ်ဝံ့ပါဘူး။ ပြီးတော့ သမီးကရောဘာလို့ ပန်းလေးမြတ်ပွဲကို သွားခွင့်မရှိတာလဲ"
မို့ရွှမ်ချောင်က သူမအမေဖြစ်သော အဒေါ်ချင်က
ထိုစုံစမ်းစစ်ဆေးမှုတွက် ပါဝင်ပတ်သက်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ မို့ရွှမ်ချောင်က အနားမှာ ဒူးထောက်ပြီး သူမအတွက် အသနားခံခဲ့ပါတယ်။
"မင်းဘယ်လိုပြောရဲတာလဲ။ ပင်မသမီးနှင့် မောင်းမမိဿံသမီးတို့ကြား အဆင့်အတန်း ကွာခြားချက်ကို မင်း မသိဘူးလား ၊ မင်းက ကိုယ်လုပ်တော်တစ်ဦးရဲ သမီးမျှသာဖြစ်ပြီး တုန်းအာကို ဆန့်ကျင်ရဲတယ်လား ။ တုန်းအာက တရားဝင်သမီးဖြစ်ပြီး ပွဲတက်ခွင့်ရှိသည်။ မင်းသွားရင်တော့ မင်းငါ့ကို အရှက်ရစေလိမ့်မယ်။ မင်းဘယ်လိုတောင်တွေးဝံ့တာလဲ။"
မို့ဟွာဝမ်က ပြင်းပြင်းထန်ထန်အော်လိုက်တယ်။ ဒီသမီးလေးအတွက် အလွန်စိတ်ပျက်သွားသလို ခံစားလိုက်ရတယ်။
"ဖေဖေ၊ အစ်မအကြီးဆုံးက မနှစ်က ပန်းလေးမြတ်ပွဲကို သွားခဲ့တယ် ။ အစ်မအကြီးဆုံးတောင် သွားခွင့်ရတာ ဘာလို့သမီးက မရတာလဲ ။ သမီးတို့အားလုံးက မောင်းမမိဿံတွေဖြစ်တဲ့ ကိုယ်လုပ်တော်တွေရဲ့ သမီးတွေမို့လို့ သမီးတို့ကြားက ကွာခြားမှု မရှိသင့်ဘူး။ ထို့ပြင် တတိယညီမက မြို့တော်ကို ပြန်ရောက်ရုံသာ ရှိသေးတယ်။ ဒီလိုပွဲမျိုးမှာ ဘာမှတ်သားရမလဲဆိုတာ သူမ ဘယ်လိုသိနိုင်မလဲ။ အဖေ ဂုဏ်ယူနိုင်စေဖို့အတွက်
သမီးကို တက်ခွင့်ပြုပါ"
မို့ရွှမ်ချောင်သည် အလွန်ထိတ်လန့်သွားကာ မျက်နှာဖြူဖျော့သွားခဲ့သည်။သို့သော်လည်း ပွဲတက်ရန်အခွင့်အရေးကို သူမလက်မလွှတ်နိုင်ခဲ့သောကြောင့် ငိုရင်းငြင်းခုံနေခြင်းဖြစ်သည်။
"မင်းက သစ္စာမဲ့တဲ့သမီးပဲ ၊မင်းကငါ့ကို ဘယ်လို ငြင်းဆန်ရဲတာလဲ။ မင်းက ပုန်ကန်နေတာလား။ လာခဲ့ ၊ စတုတ္ထသခင်မလေးကို အိမ်ထဲကို ခေါ်သွားပြီး အိမ်တော်အပြင်ထွက်ခွင့်မပြုပဲ သော့ခတ်ထားလိုက်"
မိုဟွာဝမ်သည် ဒေါသနှင့် တုန်ခါကာ သူ့နဖူးပေါ်ရှိ အစိမ်းရောင်သွေးပြန်ကြောများ ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။ အစေခံအနည်းငယ်သည် မို့ရွှမ်ချောင် ကို ဆွဲထုတ်ရန် တက်လာခဲ့သည်။
"အဖေ၊ အဖေ၊ သမီး နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး၊ သမီး ထပ်မလုပ်တော့ပါဘူး"
မို့ရွှမ်ချောင်သည် မိုဟွာဝမ်၏ တင်းမာသောအမူအရာကိုမြင်သောအခါတွင် အခြားဘာမျှ မပြောဝံ့ပေ။ သူမသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ဖခင်ကို တောင်းပန်ရင်း မျက်ရည်ကျကာ တုန်လှုပ်သွားသည်။
"နောက်တစ်ခါဆိုတာ ရှိသေးလား"
မိုဟွာဝမ်က သူ့အင်္ကျီတွေကို အေးစက်စွာ ခါလိုက်ပြီး လှည့်ထွက်သွားတယ်။ သူမဆွဲထုတ်ခံရစဉ် ငိုနေသော မို့ရွှမ်ချောင် ကို သူလျစ်လျူရှုခဲ့သည်။ သူသည် ဒီအငယ်ဆုံးသမီးလေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။
မင်အာသည် အသိဉာဏ်ရှိပြီး ဖန်အာသည် ယောက်ျားလေးဖြစ်သည် ။ တုန်းအာသည် တိမ်တိုက်မြို့တွင်ကျန်ရစ်ခဲ့ပြီး အလွန်ချစ်စရာကောင်းသည် ။ ချောင်အာ သည် အငယ်ဆုံးဖြစ်ပြီး သူမ လိုချင်တာကို ရယူရန် သောင်းကျန်းနေချိန်တွင် ငယ်စဉ်ကတော့ လူတိုင်းက သူ့ကို သဘောကျကြသည်။
သို့သော် ချောင်အာ သည် ယနေ့ထိ သူမဒီလိုဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ပေ။ သူမ၏ ပင်ကိုယ်စရိုက်က သူမကို ဒုက္ခပေးရုံသာ ရှိသည်။ မို့ရွှီချောင်သည် ခင်ပွန်းဖြစ်သူကို အမြန်ရှာနိုင်လျှင် ပိုကောင်းမည်ဟု သူ့ကိုယ်သူ တွေးခဲ့သည်။
ထိုသူက သိပ်ချမ်းသာဖို့ မလိုပေ ။ မို့ရွှမ်ချောင်ကဲ့သို့လူတစ်ယောက်သည် ထိုကဲ့သို့သော ချမ်းသာသည့်မိသားစုတွင် လက်ထပ်ပါက ပြဿနာတက်လိမ့်မည်။ ပြီးတော့ သူမလည်း အဲဒီမိသားစုကို ဒုက္ခပေးလိမ့်မယ်။
ချင်ဝေ့ ဥယျာဉ်အတွင်း
"သခင်မလေး၊ ပထမသခင်မလေးက အဒေါ်ဖန်ကို ကြိမ်းမောင်းဖို့ လိဟွာဥယျာဉ်ကိုသွားခဲ့တယ်။ နောက်တော့ စတုတ္တသခင်မလေးက ဒီဖိတ်ကြားစာကို မမလေးဆီ မပို့တဲ့သူလို့ပြောခဲ့တယ် ။ဒါက အရမ်းထူးဆန်းတယ်။ စတုတ္တသခင်မလေး က ဉာဏ်မမီပေမယ့် ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ"
မိုဟယ်သည် သူမစောစောက ကြားခဲ့သည့် အရာကို စိတ်ဝင်တစား ပြန်ပြောပြသည်။ သူမအနားရှိ မိုလန်ကို ဆွဲကိုင်ဖို့ မမေ့ဘဲ သူ့မေးခွန်းကို မေးသည်။ မို့ရွှီတုန်းသည် အလှပြင်မှန်ရှေ့တွင် ထိုင်နေသည်။ မိုယုသည် သူမ၏ မျက်နှာချေများဖျက်ရန် ကူညီပေးနေသည်။
မိုဟယ်ပြောသည်ကို ကြားသောအခါတွင် မို့ရွှီတုန်း၏နှုမ်ခမ်း၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ အဒေါ်ဖန်က တကယ်ကို အားနည်းတဲ့သူကို အသုံးချခဲ့တာပဲ
“စတုတ္ထသခင်မလေးက မိုက်မဲတဲ့အဒေါ်ဖန်နဲ့ ပထမသခင်မလေးရဲ့ လှည့်စားခံရတာဖြစ်မယ်။ ဒါက ဘယ်လိုနေရာမျိုးလဲ ၊ အဒေါ်ဖန်က အိမ်နောက်ဖေးမှာ တာဝန်ရှိသူဖြစ်သည် ။စတုတ္ထသခင်မလေးက ရိုင်းတယ်ဆိုရင်တောင် အဒေါ်ဖန်နောက်ကွယ်မှာ ဘာမှမလုပ်နိုင်ပါဘူး ။နောက်တော့ ဖိတ်စာက ပျောက်သွားတယ်လို့ပြောတယ် ။ ပထမသခင်မလေးက အရင်ကတည်းက အဝတ်အထည်တွေကို ပြင်ဆင်ပြီးသွားပြီ ။ဒါက သူမပွဲတက်ဖို့ ပြင်ဆင်နေတယ်ဆိုတာ ရှင်းနေတာပဲ့ မဟုတ်လား။ သခင်ကြီး အရမ်းကြီး တွေးတောင်မတွေးတတ်ဘူး"
မိုယုက မကျေနပ်သဖြင့် နှုတ်ခမ်းကို ဖွဖွပြောသည် ။သူမသည် စိတ်ထဲရှိတဲ့အတိုင်းပြောတတ်သောသူ ဖြစ်သည် ။ဘယ်လိုပဲဖြစ်ဖြစ် သူမ အဒေါ်ဖန်အကြောင်းသိလေသည် ။ ထို့ပြင် ထိုကိစ္စနောက်ကွယ်တွင် အဒေါ်ဖန်ရှိနေကြောင်း သေချာပေါက် သိနေသည် ။
အဒေါ်ဖန်နဲ့ ပထမသခင်မလေး တို့ဟာ အပြစ်ကင်းတဲ့ဟန်ဆောင်ပြီး နောက်ကွယ်မှာ အမျိုးမျိုးကြံစည်နေတာ တကယ်ကို စိတ်ပျက်စရာဖြစ်ကောင်းတယ် ။
"ထူးဆန်းတယ်လို့ တို့ထင်ခဲ့တာလည်း မဆန်းပါဘူး ၊ မိုယုတောင်မှ ထိုအရာတွေကို ရှင်းရှင်းလင်းလင်းမြင်နေရပြီ!"
မိုရွှီတုန်းပြောတာကို သူမကြားလိုက်တဲ့အခါ မိုယုရဲ့ မျက်လုံးတွေ တောက်ပလာခဲ့တယ်။ သူမကိုယ်တိုင် သတင်းကြားရတဲ့အခါ တစ်ခုခုထူးဆန်းနေတယ်လို့ သူမခံစားလိုက်ရတာကို ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။ အမှန်အတိုင်းပြောရရင် မမလေးက သူမကို ချီးကျူးလိုက်တယ်။
သူတို့တွေက သူမနဲ့အတူ အတူကြီးပြင်းလာတဲ့အတွက် အပြန်အလှန် အချင်းချင်း သိနေတာတာများလား ။ မိုယုက မို့ရွှီတုန်းရဲ့ ချီးကျူးမှုကို နှစ်သက်ပြီး ကျေနပ်တဲ့အကြည့်နဲ့ မိုဟယ်ကို ကြည့်ရင်း ပြောလိုက်သည် ။
“မမလေး ၊ အနာဂတ်မှာ တစ်ခုခုဖြစ်ရင် မိုလန်ကို အရင်မေးဖို့ မလိုပါဘူး။ မမလေးကျုပ်ကို မေးလို့ရတယ်။ ကျုပ်မှာ အကြံအဉာဏ်တွေ အများကြီးရှိပါတယ် ။"
"ဟားဟား ၊ မင်းက ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီး နေတာပဲ။ မမလေး ကြည့်ပါဦး ၊ မိုယုက ကျုပ်ကို အနိုင်ကျင့်နေတာ၊ မမလေး သူ့ကို လက်ထဲမှာ ကိုင်ထားသင့်တယ်။"
သူ့ကိုယ်သူ အထင်ကြီးနေတဲ့မိုယုကြောင့် မိုဟယ်က ဒေါ်သတကြီး ပြောလေသည် ။သူမ လက်ထဲက လက်ဖက်ရည်အိုးကို ချလိုက်ပြီ မို့ရွှီတုန်း ကို တိုင်တန်းခဲ့တယ်။
" မင်းကိုကြည့်စမ်း၊ မင်းက အိမ်အကူတစ်ယောက်ပဲ။ မင်းက သခင်မလေးတွေကြားဝင်ဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ။ မင်းက တကယ်ပဲ သခင်မလေး တစ်ယောက်လို့ ထင်နေတာလား။"
မိုယုဟာ ရိုးရှင်းတဲ့ ပြိုင်ဘက်တစ်ယောက်တော့ မဟုတ်ပါဘူး။ မို့ရွှီတုန်းက ပြုံးပြီး ဘီးကို ပြန်ပေးလိုက်တယ်။ မိုယုက မို့ရွှီတုန်းရဲ့ ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ပေးလိုက်ပြီး လှဲအိပ်ဖို့ ကူညီပေးသည် ။
"သခင်မလေးက မင်းတို့အားလုံးနဲ့ တူမှာမဟုတ်ဘူး ။ မင်းတို့ စကားနိုင်လုမနေကြနဲ့တော့ ။ မနက်ဖြန် ငါတို့ မမလေးနဲ့အတူ နန်းတော်သွားရမယ်။"
မိုလန် က ပြုံးပြီး သူတို့ နှစ်ယောက်ကို ရပ်လိုက်တယ်။ သခင်မကြီးဆု ပြင်ဆင်ထားတဲ့ အဝတ်အစားတွေကို ချိတ်ဆွဲပြီး ခေါင်းစွပ်ကို ၀တ်စုံပေါ်မှာ တင်ထားပြီးသားဖြစ်သည်။ ခေါင်းစွပ်နဲ့ အဝတ်အစားက တစ်ထည်တည်းဖြစ်ကာ အရောင်တောက်တောက်မဟုတ်သော်လည်း ရိုးရိုးရှင်းရှင်းမဟုတ်ပေ။ သူတို့က ကြော့ရှင်းပြီး ဂန္တဝင်ပုံပေါက်ပြီး မဟာဆန်ကာ လှပသည် ။
"ကောင်းပြီ ၊ကောင်းပြီး ၊ မင်းရဲ့အဆင့်က တို့နဲ့မတူဘူး !"
မိုဟယ်က နှာခေါင်းကို ပွတ်ကာ မိုယုကို စိန်ခေါ်သည့် အကြည့်ကို ပေးလိုက်သည် ။ သို့သော် သူမသည် ပထမဆုံး ရယ်သည်။ သူတို့ထဲက အနည်းစုက ဒီနေ့ စိတ်ကောင်းဝင်နေကြတယ်။
အဒေါ်ဖန်ကို သခင်ကြီးရဲ့ ကြိမ်းမောင်းခံရပုံကို တွေးလိုက်တိုင်း သူတို့အားလုံး ပျော်သွားကြတယ်။ မည်သို့ပင်ဆိုစေ အဒေါ်ဖန်သည် ယနေ့တွင် အရိုက်ခံရမည်မှာ သေချာပါသည်။
အဲဒါက သူတို့ကို တကယ်စိတ်ကောင်းဝင်စေသည့် အချက်ဖြစ်သည် ။
"အဒေါ်ဖန်က ဒီနေ့ သူ့ ကြိမ်းမောင်းခံရပြီး သူ့ရာထူးကို လက်လွတ်လိုက်ရမယ်လို့ အားလုံးက ထင်နေသလား"
မို့ရွှီတုန်းက လှဲချလိုက်ပြီး သူမ၏ဆံပင်များက ခေါင်းအုံးပေါ်ဖြန့်ကာ ဖြူဖျော့ဖျော့နှင့် ပျော့ပျောင်းသောမျက်နှာကို ပေါ်လွင်စေသည်။ သူမ နှုတ်ခမ်းပေါ်မှ အပြုံးမပျက်ကာ အနားရှိ အိမ်ဖော်များကို လှမ်းကြည့်လိုက်သည်။ သူမသည် ချပြီးပြီးချင်း ဆံပင်တွေကို ချည်နှောင်ပြီး အိပ်ရတာ မကြိုက်ဘူး။ ဒါဟာ သူမကို အသက်ရှူကျပ်စေတယ်။
"သခင်မလေး ၊ ဒီလိုမဖြစ်နိုင်လို့လား "
မိုယုသည် မို့ရွှီတုန်း၏မေးခွန်းများကိုကြားသောအခါတွင် သူမအားထရန် ကူညီပေးလိုက်သည် ။
"အဖေက အဒေါ်ဖန်ကို ဆူပူကြိမ်းမောင်းတယ်လို့ မိုဟယ်က ပြောခဲ့ပေမဲ့ ၊ အဒေါ်ဖန်က နောက်ဆုံးတော့ ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိလိုက်ရတော့ ဖေဖေက အဒေါ် ဖန်ကို ထပ်မတွေ့တော့ပေမယ့် အဒေါ်ဖန်အပေါ် စိတ်မကောင်းဖြစ်နေလိမ့်မယ် ။ အဒေါ်ဖန်ကလည်း ဒီအခွင့်အရေးကိုသေချာပေါက် အသုံးချလိမ့်မယ်"
မို့ရွှီတုန်း၏ ကြည်လင်သော မျက်လုံးများ တောက်ပလာပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ နူးညံ့လာသည်။
"သခင်မလေး ၊ အဒေါ်ဖန်က ဒါကို သခင်ကြီးထံ တိုင်တန်းပြီး သူ့နှလုံးသားကို ပျော့ပျောင်းစေဖို့အတွက် သေချာပေါက် သုံးမယ်လို့ ဆိုလိုတာလား။"
မိုလန်သည် အမြဲတမ်း ဉာဏ်ရည်ထက်မြက်ခဲ့သည်။ နောက်ဆက်တွဲဖြစ်လာမယ့် အရေးကြီးဆုံးအချက်ကို သူမ အမြန်တွေးလိုက်မိသည်။ သူမလက်ထဲတွင် ဝါးခြင်းတောင်းကိုကိုင်ကာ ရပ်လိုက်သည်။
"အဒေါ်ဖန် က အမြဲတမ်း ထက်မြက်တယ်။ ပြီးတော့ တို့အစ်မ အကြီးဆုံးကလည်း အဒေါ်ဖန်အပေါ် ဒီကိစ္စနဲပတ်သက်ပြီး ဖေဖေ စိတ်ပြောင်းလဲသွားအောင် အတတ်နိုင်ဆုံး ကူညီသွားမှာပဲ ။ အဒေါ်ဖန်က အကြောင်းပြချက်မရှိ ဆူပူကြိမ်းမောင်းခံရပြီး ဒုက္ခရောက်ခဲ့ရတာ။"
မို့ရွှီတုန်း က အေးစက်သော အပြုံးဖြင့် ပြောသည်။ မို့ရွှမ်မင်သည် ဤရက်အနည်းငယ်အတွင်း သူတို့၏ဖခင်ကို လိဟွာဥယျာဉ် သို့ ခေါ်ဆောင်ရန် နည်းလမ်းရှာတွေ့သွားပြီ ဖြစ်သည်။ အဒေါ်ဖန် သည် ထိုအချိန်တွင် သူမ၏ မကျေနပ်ချက်များကို တိုင်ကြားမည်ဖြစ်ပြီး လိဟွာဥယျာဉ်၌ အကျဉ်းချခံရခြင်းမှ လွတ်မြောက်အောင် ကြိုးစားမည်ဖြစ်သည်။
"ဒါဆို ကျုပ်တို့ဘာလုပ်ရမလဲ"
မိုယုသည် ဤကိစ္စ၏အန္တရာယ်များကို သဘောပေါက်ပြီး အလျင်အမြန်မေးလိုက်သည်။ အဒေါ်ဖန်သည် လိဟွာဥယျာဉ်မှ လွတ်မြောက်ပါက၊ အဒေါ်ဖန်သည် သူတို့၏သခင်မကို နောက်တစ်ခါထပ်ဒုက္ခပေးလိမ့်မည် ။
အကယ်၍ သခင်ကြီး သည် သူမအား ရက်အနည်းငယ်အတွင်း လွှတ်ပေးခဲ့ပြီး သူမသည်လည်း အမှားများကို ထပ်မံမလုပ်ဆောင်ပါက၊ အဒေါ်ဖန်သည် သခင်ကြီး၏ ချစ်ခြင်းမေတ္တာများ ပြန်လည်ရရှိနေပြီဟု အခြားလူတိုင်းက ထင်နေကြပါသည်။ အနာဂတ်တွင် မို့ရွှီတုန်း အတွက် ခက်ခဲလိမ့်မည် ။
"အဆင်ပြေပါတယ်။ အဖေက သူ့ကိုဒီလိုလုပ်ခွင့်မပြုဘူး!"
မို့ရွှီတုန်းက ပေါ့ပေါ့ပါးပါး သမ်းပြီး မျက်လုံးမှိတ်ထားလိုက်တယ်။ ကလေးနှင့်တူသော သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ အေးစက်တဲ့ အပြုံးမဟုတ်ပေမယ့် သူ့အပြုံးကို ကြည့်လိုက်ရင် နွေးထွေးမှုတစ်ခု ဖြစ်စေတယ်။ သူ့အပြုံးက စောစောကနဲ့မတူဘဲ တခြားသူတွေရဲ့ ရင်ထဲမှာ အေးစက်သွားသလို ခံစားလိုက်ရတယ်။
မို့ရွှီတုန်း မျက်လုံးမှိတ်ထားသည်ကို မြင်သောအခါ အိမ်အကူသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် အခန်းထဲက တိတ်တိတ်လေး ထွက်သွားကြတယ်။ မိုဟယ်သည် အခန်းထဲကထွက်လာတဲ့အချိန် သည်းမခံနိုင်တော့တစ်ချက်ကြည့်လိုက်ပြီး အထဲကို လက်ညှိုးထိုးပြသည် ။
"မမလေးက........"
"ကောင်းပြီ။ မိုဟယ် ဘာမှ မပြောနဲ့တော့ ၊ ငါတို့လည်း ဘာလုပ်ရမှန်း မသိဘူး၊ ငါတို့က မမလေးစကား နားထောင်ဖို့ပဲ လိုတာ။"
မိုလန်က ပြုံးပြီး တခြားဘာမှ မပြောဖို့ တားလိုက်တယ်။ သူမသည် ဤအရာများကို သူ့သခင်မအနားတွင် ရှိနေစဉ်အတွင်း သူသခင်မကိုင်တွယ်ပုံကို မြင်ခဲ့သည်။ မမလေး သည် ပုံမှန်ထက်အားနည်းသည့်ကိုယ်နှင့်မတူဘဲ ဦးနှောက်ကိုတော့ ဉာဏ်ရည်ထက်မြက်စွာဖြင့် ဖွဲ့စည်းထားသည်။
သူ့သခင်မသည် မြို့တော်သို့ပြန်ရန် နည်းလမ်းကို တွေးပြီး မြို့တံခါးတွင် ပထမသခင်မလေးကိုပင် အနိုင်ယူခဲ့သည်။ ထို့နောက် အဒေါ်ဖန်ပြင်ဆင်သော အ၀တ်အစားများတွင် အပ်ကောင်းများကို ရည်ရွယ်ချက်ရှိရှိထားကာ ပိတ်ထားလိုက်သည်။
ဒါတွေအားလုံးက သူ့သခင်မ ဘယ်လောက် ဉာဏ်ကောင်းတယ်ဆိုတာ သက်သေပြခဲ့တယ်။ သူမသည် အတိတ်က သူရဲဘောကြောင်သော မို့ရွှီတုန်း မဟုတ်တော့ပါ။ သူ့သခင်မကို အားကိုးလို့ရတယ်။
"ဒါပေမယ့် ငါတို့ပြောစရာရှိတယ် ဟုတ်တယ်!" မိုဟယ်က နှုတ်ခမ်းစူလိုက်သည်။
"ဟုတ်ပါတယ်၊ ငါတို့က အဲဒါကို ပြောရမယ်။ ဒါပေမယ့် ငါတို့က အမိန့်မပေးဘဲ ဘာမှလုပ်လို့မရဘူး။"
မိုလန်၏ အပြုံးသည် ပျောက်ကွယ်သွားပြီး သူမသည် လေးနက်သော ပုံစံဖြင့် ပြောလိုက်သည်။
"ကျုပ် သခင်မလေး ရဲ့ အစီအစဉ်တွေကို မဖျက်ပါဘူး။ သူက အရမ်း ထက်မြက်တယ်၊ သူ့အကြံအစည်တွေကို ဘယ်လို ဖျက်ပစ်ရဲမှာလဲ!" မိုဟယ်က မကျေမနပ် နှုတ်ခမ်းစူလိုက်သော်လည်း သဘောတူလိုက်သေးသည်။
"သခင်မလေး က ဉာဏ်ကောင်းတယ်ဆိုတာ မင်းသိတယ်၊ ဒါနဲ့ မင်းဘာလို့ သူ့ကို စိတ်ပူနေတာလဲ၊ သခင်ကြီးက အဒေါ်ဖန်ကို မလွှတ်ပေးနိုင်ဘူးလို့ မမလေး ပြောတယ်၊ ဒါကြောင့် အဆင်ပြေသွားမှာပါ "
မိုယုသည် မကြာသေးမီက မိုရွှီတုန်း၏ အမိန့်ကို ကောင်းစွာ လိုက်နာခဲ့သည်။ သူမ နှုတ်ခမ်းတွေ တွန့်ကွေးသွားသည်။ မိုဟယ်ပြောသည့်စကားကြောင့် သူမ လုံးဝမစိုးရိမ်ပါ။ သူ့သခင်မက တကယ်ကိုဘာမှမဖြစ်နိုင်ဘူး ။
မိုဟယ်က ပြုံးနေမိသည်။ သူမသည် မိုလန်၏လက်မှ ဝါးခြင်းတောင်းကိုယူကာ အပ်နှင့်ချည်မျှင်တို့ကို ချည်နှောင်ချင်သည်။ သို့သော် သူမသည် အဖြူရောင် ကျောက်စိမ်းပုလင်းကို တွေ့ပြီး "ဒါက ဘယ်သူလဲ။ ဘာလို့ ဒီလောက်ကောင်းတဲ့ ပုလင်းကို ထားခဲ့ရတာလဲ" ဟု မေးသည်။
"မသိဘူး ဒါပေမယ့် ဒါက အရမ်းကြည့်ကောင်းတဲ့ ပုလင်းပဲ" မိုယုက ၎င်းကိုဖွင့်ကာ ရှူရှိုက်လိုက်သည်။ "အနံ့ ကောင်းတယ်"
"မထိနဲ့။ ဒါကို သခင်မလေးရဲ့ အခန်းမှာ ထားဖို့ ၊ မပျောက်စေနဲ့။ မမလေးက မကြာသေးခင်ကမှ ဆေးပညာကိုလေ့လာနေတာ ၊ အဲဒါက မမလေးအတွက် အသုံးဝင်နိုင်တယ်။" မိုလန်က မော့မကြည့်ဘဲ ပြောလိုက်သည်။
"ကောင်းပြီ၊ ရှာရလွယ်အောင် မမလေး အ၀တ်အစားထဲမှာ ထည့်ထားလိုက်မယ်"
.............
Translated by Chai
ဒါလေးကိုမျှော်နေကြတဲ့ readerလေးတွေ ရှိရဲလား❤❤❤