လူဆိုးကောင် (completed)
By AyeMon687
125K 9K 987
ကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။ More
🤍အပိုင်းတစ်🤍
🤍အပိုင်းနှစ်🤍
🤍အပိုင်းသုံး🤍
🤍အပိုင်းလေး🤍
🤍အပိုင်းခြောက်🤍
🤍အပိုင်းခုနစ်🤍
🤍အပိုင်းရှစ်🤍
🤍အပိုင်းကိုး🤍
🤍အပိုင်းတစ်ဆယ်🤍
🤍အပိုင်းတစ်ဆယ့်တစ်🤍
🤍အပိုင်းတစ်ဆယ့်နှစ်🤍
🤍အပိုင်းတစ်ဆယ့်သုံး🤍
🤍အပိုင်းတစ်ဆယ့်လေး🤍
🤍အပိုင်းတစ်ဆယ့်ငါး🤍
🤍အပိုင်းတစ်ဆယ့်ခြောက်🤍
🤍အပိုင်းတစ်ဆယ့်ခုနစ်🤍
🤍အပိုင်းတစ်ဆယ့်ရှစ်🤍
🤍ဇာတ်သိမ်းပိုင်း🤍
🤍အချပ်ပို🤍
အချပ်ပိုနှစ်🤎
🤍အပိုင်းငါး🤍
5.5K 462 73
By AyeMon687
(Unicode)
(အပိုင်းငါး)
ဘာကြောင့်ရယ်မှန်းမသိပေမယ့် အိမ်အပြန်လမ်းဟာ တိတ်ဆိတ်လွန်းခဲ့ပါတယ်။ဒါ့အပြင် စောဏလေးတင်မှ ပူပူနွေးနွေးဒိတ်လာကြတဲ့အတွဲက ရုတ်တရပ်ကြီးငြိမ်သက်လွန်းနေတော့..သူ မသိလိုက်ခင်တွင် ကဖေးမှာပြဿနာတက်လာကျတာများလား။
တစ်လမ်းလုံး မင်ဟီကိုစကားတစ်ခွန်းမပြောတဲ့လူက၊ဂျီမင်ကိုတော့ ရနိုင်သမျှအချိန်တိုလေးအတွင်း စက္ကန့်ပိုင်းလေးအတွင်းတွင် သူခိုးခိုးကြည့်နေခဲ့တယ်။သူက အိမ်ရှေ့အထိပြန်ပို့ပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒါက မင်ဟီရဲ့အိမ်ရှေ့မဟုတ်ခဲ့ပါဘူး။
ဘာတွေလုပ်နေတာလဲ?ဒီအရူး...။
* ပတ်ခ်ဂျီမင် ခဏနေဦး *
ထို့နောက် ဂျွန်ဂျောင်ကုဟာ ခြံတံခါးတွန်းဖွင့်လုပ်နေတဲ့ဂျီမင်ကိုလှမ်းတားလေပြီး ပါကင်လှလှထုတ်ပိုးထားတဲ့ကိတ်မုန့်ဗူးကို ကမ်းပေးလာခဲ့တယ်။
အဲ့ဒီအခြေအနေက ဘာမှန်းမသိတော့ပေမယ့် ရှုပ်ထွေးစပြုနေပြီဆိုတာကိုတော့ ဂျီမင်ကိုယ်ကိုတိုင်ရိပ်စားမိပါသည်။စိုးရိမ်တကြီးလှမ်းကြည့်မိတော့ ကွက်ခနဲပျက်သွားတဲ့မင်ဟီမျက်နှာလေးကိုလှမ်းတွေ့လိုက်ရတယ်။
* ရှုပ်ထွေးအောင်လာမလုပ်နဲ့။လက်ရှိ မင်းရှိနေသင့်တဲ့နေရာမှာပဲမင်းနေပေးပါ။တားထားတဲ့စည်းကို ငါလည်းကျော်လာမှာမဟုတ်လို့!မင်းလည်းကျော်မလာခဲ့နဲ့။တောင်းဆိုတာပါ *
* ငါ...ငါ မဟုတ်ဘူး ကိုယ် ရှစ်!ငါပြောတာတော့မင်းနားထောင်ပေးသင့်တယ်လို့မထင်ဘူးလား *
* ငါ့ဘက်ကပြောစရာကုန်ပြီ မင်းပြန်တော့ *
* နေဦး ဂျီမင်~~ *
' ဘုတ်...! "။
ကိတ်မုန့်ဗူးလေးကိုလည်း ထိုစကားတွေနဲ့အတူ မြေပြင်ပေါ်သို့ပစ်ချပေးခဲ့ရင်းကျောခိုင်းထွက်ခဲ့သည်။တစ်ချို့ကြိုးတွေက ကိုယ့်ဘက်ကမလိုလားနေရင်းနဲ့ကို ကိုယ့်အား လာလာချည်တတ်တာတွေလည်းရှိလို့ ဘယ်သောအခါမှအချည်နှောင်မခံချင်ပါ...။
* * * * * * * * * * * * * * * * * * * * * * * *
ထို့နေ့ညမှစ၍ ကျွန်တော်တို့တွေ ထပ်မတွေ့ခဲ့ဖြစ်ကြပါဘူး။မင်ဟီနဲ့ရောပေါ့။ဆိုးလ်ပြည်သူ့ဆေးရုံကြီးတွင်အလုပ်သင်ဝင်လုပ်နေရပြီဖြစ်၍ ကိစ္စတော်တော်များများကိုကျွန်တော်မျက်ကွယ်ပြုထားတာကြောင့်လည်းဖြစ်လိမ့်မည်။
* ခဏထိုင်မယ်နော် *
ကြားဖူးနေကြအသံဖြစ်နေ၍ စာအုပ်ကိုလှန်လှောနေရာမှနေ ဆတ်ခနဲခေါင်းထောင်ကြည့်မိသည်။ဒါဂျွန်ဂျောင်ကုကြီးလား!။
လနဲ့ချီပြီးပျောက်နေခဲ့ပြီးမှ ဘယ်ကနေဘယ်လိုမျက်စိရှေ့ပြန်ရောက်လာရပြန်တာလဲ။ပျောက်ကွယ်သွားပေးမယ်ဆိုလည်းအဆုံးထိ ပျောက်ကွယ်သွားပေးလိုက်ပါတော့လား။ဘာလို့ပြန်ပေါ်လာရတာလဲ။
* ဒီဝိုင်းမှာ ထိုင်လို့ရတယ်မလား *
* မရဘူး တစ်ခြားနေရာသွား *
အသံသေးသေးလေးက စူစူအောက်အောက်ထွက်လာခဲ့၏။အဲ့လိုအော်ထုတ်လိုက်ပေမယ့် တစ်ဖက်ကလူမှာတော့ ပြုံးတုံ့တုံ့မျက်နှာပေးလေးဖြင့် မျက်နှာချင်းဆိုင်ရှိခုံမှာဝင်ထိုင်လာသည်။
* ထိုင်ခွင့်ပေးလို့ကျေးဇူးပဲနော် *
* ဘယ်သူက ထိုင်ခိုင်းလို့လဲ ပြန်ထ *
* ဟင့်အင်း~မထချင်တော့ဘူး။အဝေးကြီးကနေ ဒီအထိဆိုင်ကယ်မောင်းလာရတာ... ညောင်းတယ် *
နှုတ်ခမ်းလေးထော်ပြလာရင်းပြောလာသော ခပ်ချွဲချွဲအပြောလေးကြောင့် ဆေးကျောင်းသား၏မျက်နှာလေးမှာ မဲ့ကျသွားရင်း မျက်စောင်းထိုးပစ်လိုက်သည်။
* သေလိုက်လေ *
* မသေနိုင်သေးပါဘူးကွာ ချစ်တဲ့သူနဲ့မင်္ဂလာတောင်မဆောင်ရသေးတာကို ဘာလို့ပေးသေခိုင်းနေရတာလဲ။ရက်စက်လိုက်တာ *
* ဒီမှာဂျွန်ဂျောင်ကု။ဒီဝိုင်းမှာမင်ဟီမရှိဘူးနော်၊ငါတစ်ယောက်တည်းထိုင်နေတာ။သူ့တွေ့ချင်ရင် သူ့အိမ်လိုက်သွား! *
* မြင်သားပဲ *
ဘာကိုမြင်တာလဲ?အဆုံးမရှိအစမရှိ။ကြောင်တောင်တောင်တွေလာလာပြောနေသောဂျွန်ဂျောင်ကုအား မှုန်တေတေစိုက်ကြည့်ပေးမိတော့ အဲ့အရူးက နွားပွဲစားလိုတဟီးဟီးဖြီးပြလာသည်။
* မင်းတစ်ယောက်တည်းထိုင်နေတာကို
ကိုယ်မြင်တယ်လေ။မင်ဟီမပါတာလည်း ကိုယ်သိတယ် *
* သိရင် သွားလိုက်တော့ဂျွန်ဂျောင်ကု...ဒီစားပွဲကနေ မင်းမြန်မြန်လစ်! *
* မင်းနှင်ထုတ်တိုင်း ကိုယ်ကလစ်စရာလား...
ဒါနဲ့ မင်းပိုလှလာတယ် ဟူး!ဘာလဲ...ဒီလတွေထဲ ငါလာမတွေ့လို့ အေးချမ်းနေတာလား။ *
* အေး သောက်ရမ်းကိုအေးချမ်းနေတာရပြီလား *
* ဟာ မင်း တအားရိုင်းတယ်နော်။ဘာလို့ဆဲနေရတာလဲ မင်းနဲ့ကိုယ့်ကြား ဒီလောက်ရင်းတာကိုအေးဆေးပေါ့ *
ဂျွန်သည် ဆေးကျောင်းသား၏သောက်လက်စလိ​ေမ္မာ်ရည်ခွက်လေးကိုဆွဲယူလိုက်ရင်း တစ်ရှိန်ထိုးမော့ချပစ်ပလိုက်တာမို့ ဂျီမင်မှာကြောင်ကြောင်အအဖြင့်။ခွက်ကိုပြန်ဆွဲလုတော့လည်း မမှီတော့ပါ။
* အဲ့တာငါ့ခွက်လေ *
* ကိုယ်သိတယ် *
* မင်းသောက်ချင်မှာသောက်လေ ရွံစရာကောင်းအောင်လို့ ဘယ်သူခွက်ကိုလာသောက်တာလဲ!မင်းလွန်နေပြီ *
* မင်းရွံပေမယ့်ငါကမှမရွံချင်တာ၊ဒါIndirect Kissပေးတာလေကွာ...ဒီလိုလေး"kiss"သောက်ဦးမလား *
မျက်လုံးတစ်ဖက်ကိုဟန်ပါပါမှိတ်ပြလာခဲ့ပြီးပြောလာတဲ့စကားဟာ တကယ့်ကိုမလွတ်မကင်းနဲ့။ဘာတဲ့ Indirect Kissဆိုပဲ။ဖန်ခွက်လေးကိုတောင်နမ်းပြလိုက်သေးသတဲ့။သည်းမခံနိုင်လို့ ဖန်ခွက်နဲ့ကောက်ထုရ!နဖူးကွဲတော့မယ်။
* တော်စမ်းပါ မသောက်ဘူး *
* ပြီးတာပါပဲဗျာ *
ပြန်တိုးပေးတဲ့ခွက်လေးကိုကြည့်ရင်း ဆေးကျောင်းသား၏မျက်နှာလှလှမှာရှုံ့ရှုံ့မဲ့မဲ့ဖြင့်။သူ့စိတ်ထဲ လူဆိုးကောင်ဟာ သဲအိတ်ဖြစ်သွားပြီးပါပြီ။ဂျီမင်သည် စိတ်ထဲမှနေပယ်ပယ်နှယ်နှယ်ကြိမ်းဝါးပစ်လေကာ လက်သီးလေးကိုလည်းတင်းတင်းဆုပ်ချေရှာသည်။
* ဒီလတွေထဲ ကိုယ်ဘာလို့မင်းဆီမလာလဲ မမေးတော့ဘူးလား *
* မသိချင်ဘူး *
* မသိချင်လည်းနေပေါ့ ငါကတော့ပြောရမှာပဲ *
* စိတ်ပျက်ဖို့သိပ်ကောင်းတယ် *
* မင် းဆေးရုံကြီးမှာအလုပ်သင်ဝင်နေပြီကြားလို့ မင်းရှေ့ထိငါရောက််မလာခဲ့တာ။တစ်နေကုန်ငါ့ကိုလွမ်းနေရတာနဲ့ စာတွေမကျက်နိုင်မှာစိုးလို့ပါ...။အဲ့လိုဆို ဆရာဝန်ကြီးတွေဆီမှာမင်းအမှတ်တွေအလျှော့ခံရမှာ...။
ငါ့မှာ မင်းအတွက်ကိုတွေးပေးပြီး တစ်ယောက်တည်းလွမ်းနာတွေကျ...၊အလွမ်းတွေကိုရင်မှာပိုက်ပြီး ကြိတ်ကြိတ်မှိတ်မှိတ်နဲ့ဂျယ်ဂျူဒိုမှာ အပန်းသွားဖြေနေခဲ့ရတာ သေးသေးလေးရဲ့ *
* မင်း!ပါးစပ်ကိုက စည်းကမ်းမရှိဘူး။ ပေါက်လွှတ်ပဲစားစကားတွေပဲ မင်းထွက်တတ်တာလား *
* တကယ်​ပါကွာ ငါမင်းကိုသိပ်လွမ်းခဲ့ရတာ မှ ရင်နဲ့မချိ့မဆန့်ပဲ။လွမ်းလွန်းလို့ မင်းမျက်နှာလေးကိုမနေနိုင်မထိုင် လာကြည့်တာလေ။ဒါနဲ့ မင်းရော ငါ့ကိုမလွမ်းဘူးလား *
* ပေါက်လွှတ်ပဲစားစကားတွေ!ရွံစရာကောင်းလွန်းတယ် *
* ပေါက်လွှတ်ပဲစားစကားဆိုတော့လည်း
ပေါက်လွှတ်ပဲစားစကားပေါ့။ဒါပေမယ့်မင်းကိုလွမ်းတာကတော့ အတည်နော်။ငါ့အလွမ်းတွေကို ပါဆယ်ဗူးနဲ့လှလှပပလေးထုတ်ပိုးပြီး မင်းဆီအရောက်ပို့ပေးလိုက််မှာမို့ မင်းကလက်ခံပေးနော်အသေးလေး *
မျက်စိရှေ့ကလူကို စိတ်ပျက်ခြင်းကြီးစွာနဲ့စိုက်ကြည့်နေရုံသာတက်နိုင်ခဲ့တော့သည်။ပါးစပ်ကပလီပလာတွေဆို သိပ်ထွက်တတ်တဲ့ကောင်မှန်းသိပြီးသားပါ။ဒါပေမယ့်ဒီလောက်ကြီးထိ မျက်နှာပြောင်တိုက်ရဲလိမ့်မယ်လို့တော့မထင်ထားခဲ့တာလည်းအမှန်။
ဒီကောင်နဲ့ဆုံခိုက််မှာ ကင်မင်ဟီအတွက်ဆွေးနွေးပေးဖို့လုပ်ရပေဦးမည်။ကင်မင်ဟီနဲ့ပတ်သတ်လာရင် ကာကွယ်ပေးရမယ့်တာဝန်တွေဟာ ကိုယ့်ထံမှာပဲရှိနေတာ။သူမ မေမေကိုယ်တိုင်လွှဲပေးထားတဲ့ ကိုယ့်အပေါ်စိတ်ချခြင်းတွေကိုအဆုံးထိယုံကြည်သွားစေချင်တယ်။
* မင်ဟီကိုတကယ်ချစ်ရဲ့လား *
* ဆိုပါတော့ *
* ပေါ့တိပေါ့တန်နဲ့မင်းအဖြေပေးတာ လွယ်လွန်းနေပြီ *
* ဘာလဲကွာ မင်းမေးလို့လည်းဖြေရသေးတယ် *
* ဒါဆိုမင်ဟီကိုတကယ်ချစ်တယ်ပေါ့ *
* သေချာတယ် ...တကယ် *
ဆေးကျောင်းသားလေး၏မျက်ဝန်းတွေထဲထိစိုက်ကြည့်လာရင်း ထိုသို့အဖြေပေးသည်။စကားသံတွေထဲ မည်သည့်လေးနက်မှုတစ်စုံတရာမျှမပါ။ဒီအတိုင်းရွဲ့တဲ့တဲ့ပြောချလိုက်တာမှန်း ဆေးကျောင်းသားကိုယ်တိုင်ကသိခဲ့ပါသည်။
ဒါပေမယ့်ဘာတစ်ခုမှတော့ အငြင်းအခုန်ထပ်မလုပ်လာခဲ့ပါဘူး။ဂျွန့်မျက်ဝန်းတွေထဲထိ ပြန်လည်ကာစိုက်ကြည့်လိုက်ရင်း ခါးခါးတူးတူးပင်ပြုံးချလိုက်သည်။လှလွန်းတဲ့လူတွေများတော့လည်း ဘာလုပ်လုပ်ကိုလှနေတော့တာပါပဲဗျာ။ပတ်ခ်ဂျီမင်ရဲ့မဲ့ပြုံးလေးက တအားလှတယ်။
ဤသို့နှင့်နှစ်ယောက်သားအတော်ကြာအောင်အကြည့်ချင်းစစ်ထိုးခဲ့ကြပြီး ခနဲ့ပြုံးလေးဖြင့်အရင်ဆုံးအကြည့်လွှဲသွားခဲ့သူမှာ ဂျီမင်
ဖြစ်သလိ၊ဂျွန်ဘက်ကတော့ မျက်နှာလှလှလေးကိုသာ ငေးနေခဲ့ရင်းတကယ့်ကို အေးအေးလူလူရှိနေခဲ့တယ်။
* ဂျွန်ဂျောင်ကု ! *
* ဗျာ... *
စူစူအောက်အောက်နဲ့ခေါ်မိပြန်တော့ စပ်ဖြီးဖြီးနဲ့ရိုရိုကျိုးကျိုးလေးပြန်ထူးရှာသေးတာ။မျက်​ေစာင်းတစ်ချက်ပိတ်ထိုးလိုက်ကာ ခပ်စွေစွေစိုက်ကြည့်ပေးလိုက်သည့်အခါမျက်နှာပိုးသတ်သွားတယ်လေ။တကယ်ပါ
..ဒီလိုကောင်နဲ့မှရေစက်ကဆုံကိုဆုံနိုင်လွန်းတယ်။
* မင်ဟီကိုရွေးချယ်ထားပြီးပြီဆိုရင်လည်း သူ့အပေါ်မှာသစ္စာရှိပေးပါ။မင်းထပ်ပြီး မင်ဟီကို နာကျင်အောင်ထပ်မလုပ်ပါနဲ့ *
ထိုအခါ လူဆိုးကောင်၏မျက်နှာမှာအနည်းငယ်တွေဝေသွားပုံရကာ ဂျီမင်ရဲ့မျက်နှာအား ငေးငေးလေးစိုက်ကြည့်လာပုံသည်အကြောင်းပြချက်တစ်ခုခုပေးစရာရှိနေသလို..!။ဒါပေမယ့်လည်း ဘာတစ်ခုမှတော့ထုတ်မပြောလာပါဘူး။ဂျီမင်ပြောသမျှကိုသာ ငြိမ်ပြီးနားထောင်ပေးခဲ့တယ်။
* မင်ဟီက သူ့ကိုယ်သူထက်တောင်မင်းကို
ပိုသဘောကျလိမ့်မယ်။မင်းပေးခဲ့တဲ့အချစ်တစ်ခုမှာ ပျော်ဝင်နေတဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်ကိုမင်းမကစားပါနဲ့သူမမျှော်လင့်ချက်တွေ... အားလုံးဟာ
မင်းအပေါ်မှာပဲမူတည်နေတယ်။မင်ဟီရဲ့
အဲ့လိုစိတ်ကို ငါ့ထက််မင်းကပိုသိမှာပါ။ဒါငါ့ရဲ့နောက်ဆုံးသောသတိပေးခြင်းပဲ မင်းသူ့ကိုမကစားပါနဲ့၊မင်ဟီကို မင်းမချစ်နိုင်ရင်လက်လွှတ်ပေးလိုက်တာကအကောင်းဆုံးပဲ*
ဂျွန်ဟာ ဒီစကားတွေရဲ့အဆုံးမှာတော့
တစ်ခဏတော့ငူငူငိုင်ငိုင်ဖြစ်သွားခဲ့တယ်။မျက်ဝန်းတွေဟာလည်း တစ်နေရာထဲ၌သာမြဲမြံနေခဲ့ပြီး တစ်စုံတစ်ခုအားအသည်းအသန်ရှာဖွေနေပုံဖြင့်..!။
ပြီးနောက်တွင်တော့ သူသည်ကုလားထိုင်ကျောမှီပေါ်သို့ ခေါင်းလှန်တင်လိုက်ရင်း ခန္ဓာကိုယ်ကိုပါခပ်လျောလျောပြင်ထိုင်လိုက်ကာ သူ့အိမ်သူ့ရာမှာပြုမူသလိုမျိုး
တကယ့်ကိုလွတ်လွတ်လပ်လပ်ပြင်ထိုင်လိုက်၏။
ဘာတွေကိုအကြံထုတ်နေပြန်သည်မသိ၊သူ၏မရှိတဲ့ မုတ်ဆိတ်မွှေးကိုအရသာခံပွတ်နေခဲ့ပြီး သူ့မျက်လုံးအစုံဟာ ပြူးသွားလိုက်ကျယ်သွားလိုက်နှင့်။ခပ်ချဥ်ချဥ်စိုက်ကြည့်လိုက်တဲ့ဂျီမင့်နှုတ်ခမ်းထောင့်စွန်းတစ်ဖက််မှာ အသာအယာကော့တက်သွားရင်း ဟွန်းခနဲအသံထွက်သည်အထိ ခနဲ့ရှာသည်။
* ငါဘက်က ပြောစရာရှိတာအကုန်ပြောလိုက်ပြီးပြီမို့ မင်းဘက်ကလိုက်နာ​ပေးရင်ရပြီ *
* နေစမ်းပါဦး။ငါ့ကိုဟိုလိုလုပ်ဒီလိုလုပ်နဲ့အမိန့်တွေလာပေးနေရင်အောင် မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ?ငါနဲ့မင်းက ဘာတွေများပတ်သတ်နေလို့ ငါ့ကိစ္စတွေမှာဝင်ခြယ်လှယ်နေရတာလဲ*
* မင်းစကားကဘာလဲ!မင်းသိထားဖို့က မင်ဟီက ငါ့သူငယ်ချင်း ငါ..... *
* တော်တော့ မင်းဆက်မပြောနဲ့ သူမကမင်းသူငယ်ချင်းဆိုတာငါသိတယ်။ဒါပေမယ့်
မင်းနဲ့ဘာမှမဆိုင်ဘူး ပတ်ခ်ဂျီမင်။အထူးသဖြင့် ဒီလိုအချစ်ရေးကိစ္စတွေမှာပိုလိုတောင်မင်းနဲ့မဆိုင်ဘူး။ဒါ ငါနဲ့သူမကြားက ကိစ္စ!
မင်းနဲ့အနေသာကြီးပဲ...မင်းနဲ့ဆိုင်တာ မင်းနဲ့ငါနဲ့ကြား!မင်းစည်းသိပ်မကျော်နဲ့
ငါ့အချစ်ရေးကို ငါကြိုက်သလိုဖန်တီးမယ် သူမကိုငါတကယ်ပဲချစ်ချစ် ခဏတာပဲချစ်ချစ်အဲ့တာငါ့နဲ့ပဲဆိုင်တယ်။နောက်ဆက်တွဲအားလုံးကို ငါပဲခံယူရမှာ။
ဂျီမင် မင်းကတော့ ငါ့ကိစ္စတွေမှာဝင်မပါပါနဲ့လား။မင်းကြောင့် ကြာရင်ပိုရှုပ်ကုန်တော့မယ်ကွာ *
သူ့စကားတွေဟာ တစ်ထစ်ချမှန်မနေသည့်တိုင် မှား၍လည်းမနေတာမို့ ပြန်လည်ပြီးချေပနိုင်စွမ်းမသာခဲ့။မျက်နှာလွှဲရင်း ခပ်ဆိတ်ဆိတ်ငြိမ်ကျသွားခဲ့သူအားကြည့်၍ လူဆိုးကောင်ခမျာသက်ပြင်းချည်းပဲလှိမ့်ချလိုက်ရတော့သည်။ဒီလိုမျိုးကြီးအသံဆိတ်နေတာကိုလည်း ဂျွန့်မှာမကြိုက်လှပါ။
ကိုယ်နဲ့စကားများဖို့ဆုံးဖြတ်ထားရင်လည်း အငြင်းအခုန်လေးတော့လုပ်ပေးဦးမှပေါ့။အခုဟာက သူ့ဘက်ကချည်းစွာရရင်တော့ ကောင်းတယ်!ကိုယ့်ဘက်က သူ့စကားကို
နင်းပြီးနည်းနည်းလေးများ ပြန်မချေပလိုက်နဲ့ အဲ့ဘဲနှုတ်သီးနှုတ်ခမ်းက ရှေ့ကိုတစ်လံလောက်စူထွက်လာပြပါမယ်။
စိတ်တိုရင်မှုန်ကုပ်ကုပ်နဲ့စိုက်ကြည့်မယ်...၊အံကြိတ်ပြမယ်...၊မျက်စောင်းထိုးမယ်ဒါပဲ
သူလုပ်တတ်သလားပဲ။အဲ့လိုတွေကြပ်ကြပ်လုပ်!ကိုယ့်ရင်ဘက်ထဲကအကောင်မှာ သံပတ်ပါတာမဟုတ်ဘူး။ဆောင့်ဆက်ပြီးရက်ရက်စက်စက်တွေရင်ခုန်လာမှတကယ့်ကိွုင်တတ်ရမယ်မှတ် ပတ်ခ်ဂျီမင်။
လာလာပြီး ငါ့ရင်ဘတ်ထဲကအကောင်ကိုပဲ မင်းခလုတ်ဝင်တိုက်တာလား။မင်းကျူးလွန်နေတဲ့ပြစ်မှုက သိပ်ကြီးလွန်းတယ်ဂျီမင်ရဲ့။တာဝန်ယူပါလို့ထုတ်​ပြောရင်လည်း မင်းလေးဟာ ဝေ့လည်ကြောင်ပတ်နဲ့အရူးကွက်တွေနင်းပြမယ်။နောက်ဆုံးကျ ငါပဲမင်းရဲ့ဗီလိန်ကောင်ဖြစ်ရပြန်ဦးမှာ။
ရင်ခုန်လာအောင်မင်းပဲသင်ပေးခဲ့တယ်။မင်းပဲ ငါ့ကိုအခါခါနှင်ထုတ်တယ်။ပတ်ခ်ဂျီမင်ဟာလေ သိပ်မုန်းဖို့ကောင်းလိုက်တာဗျာ ...။
* ၄၅မိနစ်အချိန်ရဦးမယ်။ပတ်ခ်ဂျီမင်..မင်း
ငါ့ကိုဘာတွေများပြောစရာကျန်သေးလဲ *
မနေနိုင်သူက စလျော့ရမှာပေါ့ဆိုတဲ့အတိုင်း ဂျွန်ကပဲအရင်စလျှော့ပေးခဲ့သည်။လက်ကောက်ဝတ်မှာသေသပ်ကျနစွာနဲ့
ပတ်ထားသည့်လတ်ပတ်နာရီကို ငုံကြည့်လိုက်ရင်းထိုသို့အသိပေးပြန်တော့ ဆေးကျောင်းသားရဲ့ ကြောင်နနအကြည့်တစ်စုံဟာ ရုတ်ချည်းသူထံသို့ရောက်လာခဲ့၏။
* အဲ့လိုကြည့်ပြန်ပြီကွာ~~ငါပြောချင်တာ မင်းဆေးရုံဝင်ဖို့ အချိန်နီးနေပြီမလား ထပ်ပြီးဘာတွေတောင်းဆိုချင်တာများရှိသေးလဲ
မင်းအနေနဲ့ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောလို့ရတယ် *
လူစွမ်းကောင်းက လုပ်ချင်နေပြန်ပြီ ဒီဂျွန်ဂျောင်ကုကတော့။ငါပြောမိတာကနည်းနည်း ငါ့ကို ပြန်စွာမှာကခပ်များများ...။ထို့ကြောင့် မျက်စောင်းထိုးပစ်လိုက်ရင်း နှာခေါင်းရှုံချေသည်။
* ကောင်းပြီလေ...ဒီတစ်ခါတော့ ငါ့ဘက်ကတောင်းဆိုတယ်လို့ပဲ မင်းအနေနဲ့သဘောထားပေး *
* ပြောကြည့်လေ *
* မင်ဟီကိုထိခိုက်နစ်နာအောင်လို့ မင်းမလုပ်မိပါစေနဲ့ ငါတောင်းဆိုတာပါ။သူ့ရဲ့အရှက်နဲ့ဂုဏ်သိက္ခာကို မင်းအနေနဲ့စောင့်ထိန်းပေးစေချင်တယ် *
ဘာစကားလဲ?အဓိပ္ပါယ်ကရော ဘာများလဲ။
ဂျီမင်ကအခု ငါ့ကိုစော်ကားပုတ်ခတ်လိုက်တာလား။ဒီစကားတွေအရ ငါကဘာကောင်ဖြစ်သွားမလဲ။အဲ့လောက်တောင်ပဲ အထင်သေးနေတာလား။ငါ့ကိုသိပ်ရွံမုန်းနေတယ်ပေါ့လေ။
ရတယ်...ရွံ ဆက်ရွံ!သေတဲ့ထိရွံရှာသွား။
မင်းအထင် ငါကအဲ့လိုကောင်ဆိုတော့လေ
အဲ့လိုကောင်ပေါ့။မင်းနဲ့ငါရဲ့လက်ရှိအနေအထားအရ ဖယောင်းသွင်းသူနဲ့ဖယောင်းလိုမျိုးဖြစ်တည်မှုနဲ့သိပ်တူနေလို့ မင်းရေးခြယ်ရာအတိုင်းငါပုံရိပ်ထင်ပေးမယ်။ဒါဆိုကျေနပ်ပေးမယ်မလား။
ခေါင်းလေးမော့၍တဟားဟားအော်ရယ်မိပြန်တော့ ပတ်ခ်ဂျီမင်ကခပ်စူးစူးစိုက်ကြည့်လာသေးတာ။
* ဘာရယ်တာလဲ...ငါပြောတဲ့ထဲ မင်းလှောင်ရယ်စရာတစ်ခွန်းမှမပါဘူး *
* ဒီစကားတွေဟာ မင်းရင်ထဲကဆန္ဒအမှန်ပဲလား။အတည်ကြီး ငါ့သိက္ခာကိုရိုးစွပ်(စွပ်စွဲ)မယ်ပေါ့ *
* သိက္ခာတွေကိုယ်ကျင့်တရားတွေလာပြောနေရအောင် မင်းလိပ်ပြာမင်းလုံလား။မင်းသုံးလိုက်တဲ့အသုံးအနှုန်းက မင်းနဲ့တန်ရောတန်ရဲ့လား ပြန်စဥ္းစားဦး *
အအေးခွက်ကိုကိုင်ထားသည့်ဂျွန်လက်တွေမှာတင်းခနဲပါပဲ။ပါးစောင်ကွဲလုမတတ် လျှာကိုကစားလိုက်ရင်း ဂျစ်ကန်ကန်စိုက်ကြည့်လာခဲ့တယ်။
* မင်းအမြင်မှာ ငါကအဲ့လိုကောင်လား...!။
ရတယ် မင်းထင်ချင်သလိုထင်​ေနလိုက် ငါ့ကိုစော်ကားလိုက်ရလို့ မင်းပျော်တယ်ဆို ငါကျေနပ်ပြီ။ငါ့ကိုဒီလိုစွပ်စွဲဖို့ ဘယ်ကောင်က မင်းကိုအချွန်နဲ့"မ"လိုက်လဲငါမသိဘူး။အေး!သိလဲမသိချင်ဘူး မင်းရဲ့နားကိုတစ်ဖက်တည်းဖွင့်မထားနဲ့ပတ်ခ်ဂျီမင်။*
အမုန်းချင်းအားပြိုင်လာတဲ့အခါဘယ်သူကများအနိုင်ရပါ့မလဲ။ဘယ်အချိန်ကနေစပြီး မုန်းခဲ့ကြသလဲ သူတို့ကိုယ်တိုင်ပဲအသိဆုံးဖြစ်ပါလိမ့်မည်။သေချာတာကတော့အတိတ်တွေဟာ မလှပခဲ့တဲ့အတိတ်ဟောင်းတွေပါ။
တစ်ချို့ကျမုန်းချင်လို့မုန်းနေတတ်ကြပြီး တစ်ချို့ကျချစ်လျက်နဲ့မုန်းသွားရတာမျိုး..။
* လူငယ်သဘာဝမို့ ငါရည်းစားရှုပ်​ေတာ့ရော့
ဘာဖြစ်လဲ။နှစ်ဦးသဘောတူနမ်းတယ်၊ဖက်တယ်...!ဒါနဲ့တင် ငါကယုတ်မာတဲ့ကောင်
ဖြစ်သွားရောလား။အခွင့်အရေးပေးရင်တော့ ဘယ်ကျားမဆိုယူမှာပဲ။ငါမှမဟုတ်ဘူး ကျားဆိုတဲ့သတ္တဝါတိုင်းကအသားကြိုက်တယ်ကွ။ဒါပေမယ့် ဘယ်အိမ်ရဲ့သားပျိုသမီးပျိုကိုမှ ငါမထိပါးခဲ့ဖူးဘူး။မင်းတို့ပြောပြောနေသလို ဟိုတယ်တကာ တက်အိပ်ဖို့ဆိုတာအဝေးဆုံးမှာထားခဲ့လိုက်!။ဘယ်ကောင်က အားယားပြီး မင်းနဲ့ငါ့ကြားဂုန်းချောနေလဲ မင်းအသိဆုံးပါ။ပတ်ခ်ဂျီမင်ဆိုတဲ့မင်းက တစ်လောကလုံးကမှားနေရင်တောင် အဲ့အမှားအတွက်ခွင့်လွတ်ပေးချင်ပေးလိမ့်မယ်...!တစ်ခုပဲ ငါဖြစ်နေလို့ကို မင်းခွင့်မလွှတ်ပေးနိုင်တာ။ငါ့အပေါ်ဆိုသိပ်ကိုသွေးအေးလွန်းတယ်ပတ်ခ်ဂျီမင် မင်းတကယ်ရက်စက်တယ်*
ဒီလိုကျတော့လည်း ဂျွန်ဂျောင်ကုဟာ ဆိုးသွမ်းနေတဲ့ လူဆိုးကောင်နဲ့တူမနေပြန်တော့ပါဘူး။ဘယ်သူတွေဘာပြောပြောခေါင်းမာမာနဲ့ ပေပေတေတေနေပြတတ်သူဟာ အခုတော့လည်းသူ့ရှေ့မှာ ခေါင်းငိုက်စိုက်ကျလို့။
ဘယ်သူက သူ့အကြောင်းတွေ သိချင်နေလို့လာရှင်းပြနေရတာလဲ။မသိချင်ပါဘူး။
ဆေးကျောင်းသားသည် သူ၏မျက်ခုံးတန်းသွယ်သွယ်များကို အနည်းငယ်တွန့်ကျုံ့ပစ်လေကာ မုန်ယိုနေတဲ့သားရဲတစ်ကောင်လိုမျိုး သတ်တော့ဖြတ်တော့မတတ်စိုက်ကြည့်ပေးနေခဲ့ပေမယ့်လည်း လေကြောမပြတ်နိုင်သေးသူမှာတော့ လေပေါ၍ကောင်းနေဆဲပါ...။
* မင်းကိုယ်တိုင်လည်းလူငယ်တစ်ယောက်ပဲ သမီးရည်းစားတွေကြားက ကဏ္ဍတွေကို မင်းကိုယ်တိုင်လည်းသိမှာပါ။လက်ကိုင်တာ နမ်းတာလောက်က ဘာတစ်ခုမှရေးကြီးခွင်ကျယ်ဟုတ်မနေဘူး။ဒါအတွဲတွေကြားက ပေါ်လစီပဲ။ဒီဆက်နွယ်မှုကြားက ဆက်ထုံးတွေကို ငါမှမဟုတ်ဘူး!ဘယ်ကောင်မဆို"သူ"ရသင့်ရထိုက်တဲ့အခွင့်အရေးတော့ရယူကြမှာပဲ ...မင်းနားလည်လား။မင်းရဲ့မင်ဟီကို မင်းကိုယ်တိုင်ပြန်မေးကြည့်လိုက်ပါဦး ငါဘယ်နှစ်ခါများအသားယူခဲ့ဖူးလဲလို့! *
* ဟား...ယူလို့ရမလား။မိန်းကလေးတစ်ယောက်ကို အဲ့လိုလုပ်ကြည့်လိုက်လေ မင်းလောက်ယုတ်မာရိုင်းစိုင်းတဲ့သူဆိုလို့ ဒီကမ္ဘာမှာမင်းပြီးရင်မင်းပဲရှိလိမ့်မယ် *
* ဟာကွာ။ပတ်ခ်ဂျီမင်က အထအနသိပ်ကောက်တာပဲ ။ဒီမှာ ငါပြောနေတာ ရှင်းရှင်းလေး မင်းသာဝင်ဝင်မရှုပ်ဘဲ နားထောင်ပေးပါ အိုကေ...!လက်ရှိမှာ မင်ဟီကငါ့ရည်းစား
ဒီအချိန်မှာသူမကငါနဲ့ပဲသက်ဆိုင်တယ်။ငါနမ်းလို့လည်းရတယ် ဖက်လို့လည်းရတယ်။
ငါလိုကောင်က ရည်းစားတစ်ယောက်ရဲ့
အခွင့်အရေးတွေကိုရယူလို့ရခဲ့ပါလျက်နဲ့
ဘာတစ်ခုမှမကျူးလွန်ခဲ့တာကို ဘာကြောင့်လို့မင်းထင်သလဲ *
* ဘာကြောင့်မှမထင်ဘူး သိလည်းမသိချင်ဘူးမင်းဆက််မပြောနဲ့တော့ *
* ပြောမယ် မင်းနားထောင်ရဲဖို့ ခံနိုင်ရည်စုထား!အားလုံးဟာမင်းကြောင့်ပဲပတ်ခ်ဂျီမင် မင်းကြောင့်ပဲ..၊ငါသူမကိုထိလိုက်ရင် မင်းငါ့ကိုပိုမုန်းသွားမှာသိနေလို့ ငါမမှားဝံခဲ့တာ *
* တော်ပြီ အရေမရအဖက််မရတွေဆက်ပြောနေမယ်ဆိုမင်းပြန်လိုက်တော့ *
မျက်နှာလေးတစ်ခုလုံးရဲရင်း မျက်လုံးလေးတွေကို တောင်တောင်အီအီလွှဲကာ ဆေးစာအုပ်ကြီးကိုအလျင်အမြန်ကောက်ကိုင်လေတော့ သူက ဂျီမင်၏လက်ထဲက ထိုဆေးစာအုပ်ထူထူကြီးကို ဆတ်ခနဲဆွဲယူသွားခဲ့သည်။
အပြုအမူတွေက လျင်မြန်လွန်းလို့တားဆီးချိန်ပင်မရလိုက်ပါ။ဂျွန်တစ်ယောက်ဟာ စာအုပ်ထဲမှာရေးထားတဲ့ဆေးအကြောင်းတွေကို ဘာတစ်ခုနားမလည်ပါဘဲနဲ့ဟိုလှန်ဒီလှန်လျှောက်ကြည့်နေကာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေခဲ့ပြီး တကယ့်ကိုဆေးကျောင်းသားကြီးစတိုင်လ်နဲ့ပဲများနေပြန်သည်။
* ဘာတွေလျှောက်ရေးထားမှန်းလည်းမသိဘူး ခေါင်းကိုမူးသွားတာပဲ။ပျင်းစရာကြီး.. မင်းရော နေ့တိုင်းလိုလိုဒါတွေကြီး ဖတ်နေရတာ မငြီးငွေ့ဘူးလား *
* ဟုတ်တာပေါ့ ပိုက်ဆံဖြုန်းရုံပဲကျောင်းတက်ခဲ့တဲ့လူတွေဆိုတော့ ဒီစာတွေကိုဘယ်လိုလုပ်ပြီးများဖတ်တတ်ကြပါ့မလဲ *
" ဘုန်း... "။
ဂျွန်သည် ဆေးကျောင်းရဲ့မျက်နှာနုနုလေးကို ခိုးကြည့်လို့ဝမှ စာအုပ်ကိုသူ့အားကြီးနဲ့ပိတ်ချပစ်လေကာ စားပွဲပေါ်ကိုအကြမ်းပတမ်းပစ်တင်လိုက်သည်။ပြီးနောက်တွင်တော့ မချိုမချဥ်ပြုံးလေးပြုံးလိုက်ရင်း သူ၏စပ်ဖြီးဖြီးရုပ်မှာတစ်ခါပြန်လည်ကာဖြစ်ထွန်းလာခဲ့တယ်။
* ဒီစာတွေဖတ်တတ်တော့ရော ဘာတွေကများပိုကြီးကျယ်သွားလို့လဲ။လူ့လောကမှာ နေရတုန်းလေး ပျော်ပျော်နေသွားမှ လူဖြစ်ရကျိုးနပ်မှာပေါ့ကွ။ပညာတွေတက်နေပြီး အချစ်မရှိတော့ရော အဲ့လူက ဘာများသုံးစားလို့ရမှာလဲဟမ်။လူဖြစ်ခိုက်မှာ ချစ်ဖူးမှအဓိပ္ပါယ်ရိှမှာ...။စာအုပ်ထဲ ခေါင်းစိုက်ထားမယ့်အစား မင်းရဲ့အနီးအနားမှာ ဘာတွေရှိနေလဲ မြင်အောင်ကြည့်ပေးမှဖြစ်မှာပေါ့သေးသေးလေးရယ်။ဟိုသီချင်းထဲကလိုလေ အချစ်ကမင်းအနားမှာပါ~~မင်းမကြည့်လို့မသိတာပါ
အဟမ်း..!အဲ့ထဲကလိုဖြစ်နေဦးမယ်နော် ပတ်ဝန်းကျင်ကိုပြန်ငဲ့ကြည့်ဖို့မမေ့နဲ့ *
* တိတ်စမ်းပါ အရေးမပါတွေ!ဘာကိုအချစ်လဲ ဘာလုပ်ရမှာလဲ။အဲ့တာကြီးကိုဘဝတစ်ခုလို့ယုံမှတ်မယ့်ထဲ ပတ်ခ်ဂျီမင်တို့သေတောင်မပါဘူး...ဒီစကားကို မင်းတစ်ခါတည်းမှတ်သွား *
* ပြန်တော့မယ်နော်။မဟုတ်လည်းမင်းက
ကိုယ့်ကိုဆိုနှင်ပဲနှင်နေတော့ ကြာရင်ကိုယ့်နှလုံးသားလေးမင်းကြောင့်နဲ့နွမ်းရပါတော့မယ်။လာမယ့်(၁၃)ရက်နေ့မှာ ကိုယ်တို့တွေတစ်ခါလောက်ထပ်တွေ့ကြမလား။အဲ့နေ့ မင်းဆေးရုံမဝင်ရဘူး မင်းရဲ့နားရက်ဟုတ်တယ်ဟုတ်...အဟင်း!အရင်နေရာဟောင်းမှာ ကိုယ့်ကိုလာတွေ့ပါ *
အင်္ကျီလက်တွေဆွဲချလိုဆွဲချ...၊ဖုန်ခါသလိုလိုဘာလိုလိုနဲ့ ဟိုဆွဲချဒီဆွဲချနဲ့ပဲများနေပြန်ကာ ယွပိုးထိုးနေပြန်သူလူဆိုးအား ကြည့်နေရုံပဲတတ်နိုင်တော့၏။စားပွဲပေါ်ပစ်တင်ထားတဲ့ ဆိုင်ကယ်သော့ကိုပါ ကောက်ဆွဲနေပြီမို့ တကယ်ကြီးပြန်တော့မယ့်ပုံပါပဲ။
မြန်မြန်ပြန်လေ စိတ်ရှုပ်ရသက်သာလေပါပဲ။ဒါနဲ့နေစမ်းပါဦး ဒီကောင်ကဘယ်လိုလုပ်
ကိုယ့်နားရက်တွေထိသိနေရတာလဲ။မဟုတ်မှ!နောက်ယောင်ခံ လိုက်ချောင်းနေတာတော့မဟုတ်ဘူးမလား။မသင်္ကာဖြစ်ဖြစ်နဲ့အံဩတကြီးပဲ လိုက်ကြည့်နေမိသည်။
* မအံဩပါနဲ့ ဒါကမထူးဆန်းပါဘူး။မင်းနဲ့ပတ်သတ်လာရင် ငါအကုန်သိထားပြီးသား *
ဒီကောင်က တကယ်မလွယ်ဘူးပဲ။လုံးဝကို
မသမာတဲ့ကောင်...ယုံကြည်စရာတစ်ကွက််မရှိဘူး။ကြောက်စရာအရမ်းကောင်းတယ်။
တစ်မိုးအောက်မှာနှစ်ယောက်ထပ်မရှိနိုင်တဲ့ ဆရာဝန်အစွာလေး။ထိုအစွာလေး၏ပါးစပ်ဟောင်းလောင်းပွင့်နေသည့်မှုန်ကုပ်ကုပ်မျက်နှာလေးမှာချစ်စရာကောင်းလွန်းနေလို့ လူဆိုးကောင်သည် မနေနိုင်မနိုင်ဖြင့်မေးစိအိအိလေးကိုဖျစ်ညှစ်မိတော့ လက်တွေကို ချက်ချင်းရိုက်ချလာခဲ့ပြီး ကြိမ်းဝါးလာခဲ့၏။
* ဘယ်ကိုမဆင်မခြင်လာထိတာလဲ အထိုးခံချင်လို့လား။ဒီရွံစရာလက်တွေကိုဖယ်စမ်းပါ လာမထိနဲ့ *
* မင်းအရမ်းစွာတယ်နော်။အာရီဂူး...အာရီဂူး ပါးနှစ်ဖက်က ဖောင်းကားနေတာပဲကွာ။စားသမျှ ပါးထဲချည်းလှိမ့်ထည့်နေသလားဟမ်။ဆရာဝန်ပဲဖြစ်နေပြီ ရုပ်က ကလေးမသာရုပ်နဲ့ *
ပြောလိုက်ကာမှ သူ့လက်တွေကိုမရပ်တန့်ပေးတဲ့အပြင် ကိုယ့်ပါးနှစ်ဖက်ကိုပါ ဂျုံနယ်သလိုမျိုး သူ့လက်ဖဝါးနဲ့အပြည့်အုပ်ကိုင်ရင်း ဖွဖွယယလေးဆော့ကစားနေပြန်သည်။
ရင်းရင်းနှီးနှီးလာပြုမူပြနေတာကိုမကြိုက်တာမို့ မျက်လုံးလှန်ကြည့်ပေးတော့ ဒီအရူးဟာနှုတ်ခမ်းကိုက်ပြလာခဲ့ပြီး ပါးတစ်ဖက်ကိုသူ့အားကြီးနဲ့ သရဲစီးမတတ်ဆွဲညှစ်သွားခဲ့သည်။
လုပ်ချင်တိုင်းလာပြီးလုပ်နေတာ ဒီအစုတ်အပြတ်ကောင်ကတော့ တကယ်သေနေချင်နေပြီထင်တယ်။
* လာမယ့်၁၃ရက်နေ့ မမေ့နဲ့နော် *
* ငါမေးပါဦးမယ်...လွန်ခဲ့တဲ့ငါးနှစ်ဆိုတာ
ဘာလဲ?ပြီးတော့ ငါ့ကိုဘယ်နေရာတွေလာခိုင်းနေတာလဲ ငါဘာတစ်ခုမှမသိဘူးလေ *
ထိုသို့ပြောလေတော့ ဂျွန်ဟာသူ့ပါးစပ်ကိုလက်ချောင်းတွေနဲ့အုပ်ပစ်လိုက်ရင်း အံဩ လှပါချည်ရဲ့ဆိုတဲ့ပုံစံမျိုးလုပ်ပြလာသည်။ပြီးတွင်တော့ သူ့ရှေ့မှာထိုင်နေလေသည့်ဆရာဝန်ပေါက်စနလေးကို ခေါင်းအစခြေအဆုံးအခါခါပြန်ကြည့်နေသည်။
* ဝါး...မင်းတကယ်ပဲ ပတ်ခ်ဂျီမင်ပြီသပါပေတယ်။ဘာလဲ မင်းမသိဘူးလို့ငြင်းဦးမလို့လား။လာလုပ်မနေနဲ့၊ရူးချင်ယောင်ဆောင်နေလည်းအပိုပဲ။အဲ့နေ့မှာ မင်းရောက်အောင်လာခဲ့ရမယ်။ငါသွားပြီ *
* မသွားနဲ့ဦး အခုရပ် *
ပတ်ခ်ဂျီမင်စကားနားထောင်လိုက်ပုံများ ခြေလှမ်းတွေဟာတိခနဲရပ်ကျသွားခဲ့၏။
* လွန်ခဲ့တဲ့ငါးနှစ်တုန်းက ငါတို့တွေဘာဖြစ်ခဲ့လဲ မင်းသိတယ်မလား ငါ့ကိုပြောပြပါ *
လူကြည့်တော့သေးသေးလေးနဲ့ အမိန့်တွေသိပ်ပေးလွန်းတဲ့ ကိုကြီးကျယ်လေးနားကို ပြန်လျှောက်သွားလိုက်ပြီး ကိုယ့်ထက်ခေါင်းတစ်လုံးစာမကနိမ့်နေတဲ့ သေးသေးကွေးကွေးလေး၏မျက်နှာကို ငုံကြည့်လေတော့ ပါးပြင်မို့မို့လေးတွေမှာ ရှက်သွေးကြောင့်ရဲတတ်လာခဲ့၏။ဒီလိုစွာပြီး ဒီလိုအရှက်သည်းတတ်ပုံကိုကြည့်ရသလောက်ဆို ပတ်ခ်ဂျီမင်ဟုတ်နေသားပဲ။
* မင်းကဘယ်သူများလဲ?ဒီလိုကြည့်လိုက်တော့လည်း ပတ်ခ်ဂျီမင်က ပတ်ခ်ဂျီမင်မှန်နေတာပဲ။ဒီကြားထဲအတိတ်မေ့သွားသေးတာလား။မဖြစ်နိုင်တာတွေ *
* အပိုတွေမပြောဘဲ ငါမေးတာပဲဖြေပေးလို့
မရဘူးလား *
* သိချင်တယ်ပေါ့~~ကောင်းပြီလေ။ မင်းသာ၁၃ရက်နေ့ရောက်အောင်လာခဲ့ ။ထပ်ပြီး အဲ့နေ့ကလို...ရောက််မလာတာမျိုးမလုပ်မိစေနဲ့ကြားလား *
ပြောမှာဖြင့် တစ်ခါတည်းပြောသွားရင် သူ့ငယ်ထိပ်မြွေတက်ကိုက်မှာစိုးလို့လား!။မြောက်ကြွမြောက်ကြွနဲ့လှည့်ထွက်သွားခဲ့သူကို တစ်စစီလုပ်ပစ်လိုက်ချင်တာမှလက်ကိုယားလို့။ကိုယ့်စိတ်ကိုယ်မနည်းထိန်းထားရတယ်။
ထိုင်ခုံပေါ်ထိုင်ချလိုက်ရင်းဆံနွယ်စတွေကိုနားရွက်နောက် လှန်သပ်ပစ်သည်။ဟင်းခနဲသက်ပြင်းချမိကာ မျက်လုံးတွေကိုမှိတ်ချရင်း ၁၃ရက်နေ့ဆီမြန်မြန်ရောက်ဖို့သာ ဆုတောင်းခဲ့မိတယ်။ဒီအကြောင်းတွေကို မင်ဟီသာသိသွားခဲ့ရင် စိတ်ဆိုးမှာလား?။
* * * * * * * * * * * * * * * * * * * * * * * *
အမြန်ရောက်စေချင်၍လားမသိ ၁၃ရက်နေ့ဟာလျင်လျင်မြန်မြန်ပဲရောက်လာခဲ့ပါသည်။
ဒီနေ့ဟာသူ၏နားရက်ဖြစ်၍နေ့လယ်မှအိပ်ရာက ထဖြစ်ခဲ့တယ်။ဒီလိုနေ့မျိုးဆို တစ်နေကုန်အခန်းထဲအောင်းနေတတ်လို့
သူ့မေမေဟာစားစရာပါအဆင်သင့် သူ့အခန်းထဲထိပို့ပေးတတ်သည်။
အခုလည်းကင်ချီထမင်းသုပ်စားနေရင်းနဲ့မှ
ဝရံတာဘောင်မှာတက်ထိုင်နေမိသည်။စားချင်တာစားနေရတဲ့အခိုက်အတန့်ဟာ တကယ့်ကို လူဖြစ်ရကျိုးနပ်တဲ့အခိုက်အတန့်ပါပဲ။
ထိုအချိန်မင်ဟီတို့ခြံထဲကို ဒရောသောပါးမောင်းဝင်ချလာသည့်ကားတစ်စီးကို
သူတွေ့လိုက်ရ၏။ထိုကားဟာ မင်ဟီရဲ့ကားဖြစ်နေခဲ့ပြီး ဒီလိုကြမ်းကြမ်းတမ်းတမ်းမောင်းရတဲ့အထိ ဒီကောင်မလေးအပြင်မှာဘာတွေဖြစ်လာပြန်တာလဲ။
ငယ်ထိပ်ထိဆောင့်တက်လာတဲ့စိုးရိမ်စိတ်တွေကြောင့် သူချက်ချင်းပဲဘေးခြံဆီကို ပြေးသွားမိသည်။
* အန်တီ မင်ဟီ~~*
*သားမင် လာလေ ။သူ့အခန်းထဲမှာရှိတယ် *
မင်ဟီရဲ့မေမေကိုခေါင်းညိတ်ပြလိုက်ကာ လှေကားတွေပေါ်ကိုခပ်သွက်သွက်နင်းရင်း မင်ဟီအခန်းဆီသို့ဦးတည်မိသည်။
အခန်းတံခါးဖွင့်လျင်ဖွင့်ချင်းမှာမြန်လိုက်ရတာက ခုတင်ပေါ်တွင်ခပ်ကျုံ့ကျုံလေးငိုနေလေတဲ့မင်ဟီကိုပါ။တစ်ခန်းလုံးလည်းအမှောင်ချထားသေးတယ်။မနေ့ညကထိတောင်တက်ကြွနေခဲ့တဲ့မိန်းကလေးက တစ်မနက်ခင်းလေးနဲ့တင်အလဲလဲအပြိုပြိုကိုဖြစ်ရလို့။
* ဘာတွေဖြစ်နေတာလဲကင်မင်ဟီ *
* ဘာ မှ မ ဖြစ် ဘူး *
ဘာမှမဖြစ်ဘူးလို့ပြောပြီး ဘာကြောင့်ငိုနေရတာလဲ။အခုလိုအနေအထားမှာတောင် မင်ဟီဟာ ခေါင်းမာနေတုန်း။
* ကင်မင်ဟီ!! *
* ငါတစ်ယောက်တည်းပဲနေချင်တယ် *
* ထစမ်းကင်မင်ဟီ!ထထိုင်ပြီးငါ့ကိုကြည့် *
လှဲလှောင်း၍ရှိုက်ငိုနေသူအား ပခုံးတွေမှနေ ခပ်ကြမ်းကြမ်းဆွဲထူပစ်ကာ မျက်ရည်တွေကိုကြည့်ရင်း မချိ့တင်ကဲဖြစ်ရပြန်သည်။ဘာလို့ အခုလောက်ထိ ရင်ကွဲနေသူတစ်ယောက်လိုမျိုးငိုကြွေးနေရတာလဲ။ဘာကြောင့်လဲ..။
* ငါ...ငါအဆင်ပြေတယ် ဘာမှမဖြစ်ဘူး
ငိုနေတာလည်းမဟုတ်ဘူး။ဒီအတိုင်းမျက်ရည်ကျရုံ ....*
* ကင်မင်ဟီ တော်စမ်း!ဒါလား နင်အဆင်ပြေနေတာ။ဒီလောက်ထိပြိုလဲနေတာတောင် အဆင်ပြေနေသေးတာလား။ *
* ငါဘာလုပ်ရမလဲမသိတော့ဘူးဂျီမင်ရယ်
ငါ့ရင်တွေနာရလွန်းလို့ရူးတော့မယ် *
* ဟိုကောင်နဲ့သွားတွေ့ခဲ့တာလား။သူနင့်ကို ဘာလုပ်လိုက်တာလဲ။နင်ထိခိုက်အောင် ဘာလုပ်လိုက်တာလဲလို့ *
သို့သော် မင်ဟီဟာ မေးတာကိုမဖြေဘဲနဲ့ပခုံးလေးတွေလှုပ်သည်အထိရှိုက်ခါနေကာ ပိုတိုးငိုလာခဲ့ပြီး ဂျီမင်၏လက်ဖဝါးတွေကိုကျစ်နေအောင်ထပ်ဆုပ်ကိုင်လိုက်ကာ တအင့်အင့်ရှိုက်ပြန်၏။သူမကို တကယ်ပဲ တစ်ခုခုနစ်နာအောင်လုပ်လိုက်တာမဟုတ်ဘူးမလား။
* သူဘာလုပ်လိုက်တာလဲလို့ ငါမေးနေတယ်လေ *
* ဘာမှမလုပ်ဘူး ဂျွန်ကအဲ့လိုလူမဟုတ်ဘူးလို့။ငါ့အသားကို ထိခဲ့တာတောင်မဟုတ်လို့ သူ့ကိုပြဿနာသွားမရှာပါနဲ့ *
* ဘာကိုဘာမှမလုပ်ရမှာတုန်း..!။သူကလွဲပြီး
နင့်မှာဒီလောက်ထိငိုစရာဘာအကြောင်းရှိလို့လဲ။နင့်အလိမ်အညာတွေကို ဒီမှာရပ်လိုက်တော့ *
မင်ဟီက သူမ၏အောက်နှုတ်ခမ်းလေးကို
ခပ်ကြိတ်ကြိတ်ကိုက်ချလိုက်ရင်း ရှိုက်သံတွေကိုထိန်းပြန်သည်။မျက်ဝန်းထဲက ကျလုကျခင်မျက်ရည်တွေကို စီးကျမလာစေရန် မျက်တောင်လေးကိုတဖြန်းဖြန်းခတ်လေကာ ခဏငြိမ်သက်နေခဲ့၏။
တိတိပပအဖြေတစ်ခုကိုကြားရဖို့အတွက်
ဂျီမင်သည်လည်းစိတ်ရှည်ရှည်နဲ့စောင့်နေပေးပါသည်။မိနစ်ပိုင်းတစ်ချို့ကြာခဲ့ပြီးနောက်တွင်တော့ မင်ဟီကစကားပြောဖို့အဆင့်သင့်ဖြစ်နေပုံနှင့် သူမရဲ့မျက်လွှာလေးကို
ပင့်လိုက်အောက်ချလိုက်နဲ့စိတ်လှုပ်ရှားနေခဲ့ပြီးမှ...ထိုသို့ပြောလာခဲ့ပါတော့သည်။
* ငါနဲ့ဂျွန်လမ်းခွဲလိုက်ပြီ *
* ဟင် *
* ဟုတ်တယ်ငါတို့လမ်းခွဲလိုက်ပြီ *
ထိုစကားအဆုံးမှာ မင်ဟီမျက်ဝန်းထဲက
မျက် ရည်စတစ်ချို့ဟာ ပေါက်ခနဲကြွေဆင်းသွားရတယ်။ဂျွန်ဂျောင်ကုကို ဘယ်လောက်ထိချစ်ခဲ့သလဲ ကိုယ်ဟာ အသိဆုံးဖြစ်ခဲ့လို့
အခုနေ ဒီကောင်မလေးဘယ်လောက်ထိခံစားနေရမလဲသိပါတယ်။
အကောင်းအတိုင်းရိှနေတဲ့တက်ဆံရေးတစ်ခုက ဘယ်လိုဖြစ်ပြီးတော့ လမ်းခွဲတဲ့အဆင့်ထိရောက်သွားကြတာလဲ။မဟုတ်မှ...!ကျွန်တော်ကြောင့်များလား။အဲ့လိုဖြစ်လို့မရဘူးလေ။ပြောခဲ့တဲ့စကားတွေက မင်ဟီကိုကာကွယ်ပေးချင်ရုံစိတ်နဲ့ပါ။ဒီလိုလမ်းခွဲခိုင်းတာမဟုတ်ရပါဘူး။
မင်ဟီသာသိသွားရင် ငါ့ကိုမုန်းသွားတော့မှာ။ငါက ငါက..တကယ်အဲ့လိုလုပ်ခိုင်းချင်စိတ်မရှိခဲ့ပါဘူး။မင်ဟီဝမ်းနည်းနေတာကိုမကြည့်ရက်လို့ ချစ်ပေးပါလို့တောင်းဆိုချင်ခဲ့တာ။ဒါပေမယ့် ငါတို့က ဘာကနေ ဘယ်လိုမှားယွင်းသွားရတာလဲ။
* ပြီးသွားပြီ အခုအရာအားလုံးပြီးသွားပြီ
မင်ဟီ။ဝဋ်ကြွေးတစ်ခုကြေပြီလို့ပဲ
နင်သဘောထားလိုက်ပါ။သူ မချစ်ခဲ့မှန်း
နင်ရောငါရောသိခဲ့ပြီးသား အခုမေ့ပစ်ဖို့အချိန်ကျလာပြီလို့ပဲ နင်တွေးနော် အဲ့လိုပဲတွေး *
* ငါသိတယ် ငါ့ကိုမချစ်ခဲ့လို့နာကျင်နေတာမဟုတ်ဘူး။ဂျွန်ကပြောတယ် ငါ့ကိုသူတစ်ခါလေးတောင်မှရင်ခုန်လို့မရခဲ့ပါဘူးတဲ့။သူ့နှလုံးသားအတွက် ငါ့ကိုဓားစာခံရွေးခဲ့မိလို့တောင်းပန်ပါတယ်တဲ့ဂျီမင်ရယ်~~။ငါရောအချစ်ခံဖို့မထိုက်ဘူးလားဟင်။ဘာလို့ငါ့ကိုမှ သူအဲ့လိုလုပ်ရက်ရတာလဲ။ငါရင်နာအောင်လို့ ဘာလို့ပြောထွက်ရက်ရတာလဲ *
ဒီကောင်မလေးဘယ်လောက်ထိတောင်များ ဝမ်းနည်းခဲ့ရှာမလဲ။မိန်းကလေးတစ်ယောက်အပေါ်မှာလုပ်ရက်လိုက်တာ။မချစ်ရင်နေပါစေ...တန်ဖိုးတော့ထားစေချင်တယ်။လိုချင်တဲ့အချိန်မှာဆွတ်ခဲ့ပြီး သဘောမကျနိုင်တော့မှ ပစ်ချခဲ့လိုက်တာများလွယ်လွန်းလိုက်တာ ဂျွန်ဂျောင်ကုရယ်။
* နင်သူ့ကို ဘာတစ်ခုမှပြန်မလုပ်ခဲ့ဘူးလား *
* ဘာများလုပ်ရပါ့မလဲဟယ် ငါကသိပ်ချစ်ခဲ့တာကိုး။ငါမရိုက်ရက်ပါဘူး။သူ့ဘက်က ခခယယနဲ့တောင်းပန်ပေးပြီးလမ်းခွဲခံရတဲ့သူဆိုလို့ ငါတစ်​ေယာက်တည်းပဲရှိတာဂျီမင်ရဲ့*
ဲဒါကိုဂုဏ်ယူနေသေးတာလား။တောင်းပန်တော့ရော ဘာအရေးလဲ။လမ်းခွဲခံလိုက်ရတာတောင် စိတ်မနာနိုင်သေးဘူးတဲ့လား။ချစ်တတ်လိုက်တာများ အစွမ်းကုန်ပါပဲလားကင်မင်ဟီရယ်။တားခဲ့ပါလျက်နဲ့ရအောင်ခိုးတွဲခဲ့တာကစလို့ ဒီနေ့အထိ အားလုံးဟာနင့်အမှားတွေချည်းပဲလို့ ငါပြောပြချင်လိုက်တာ။
* ဒါပေမယ့်~~ လမ်းခွဲခြင်းလျော်ကြေးအနေနဲ့တော့ ငါသူ့ပါးတစ်ဖက်ကိုနမ်းပစ်ခဲ့လိုက်တယ်။နင်ကျေနပ်ရဲ့လားဟင် *
မင်ဟီက ဒီမေးခွန်းကိုဘာလို့မေးသလဲငါမသိဘူး။ဒါပေမယ့် ငါ့ကိုစိုက်ကြည့်နေတဲ့သူမမျက်ဝန်းတွေဟာတော့ စိမ်းသက်လွန်းနေတယ်။ဘာကြောင့်များ ဒီလိုမျက်ဝန်းများနဲ့ကြည့်နေရတာလဲမင်ဟီရယ်။
မင်ဟီကိုချော့ချော့မော့မော့နဲ့တစ်ရေးအိပ်ခိုင်းခဲ့ပြီးမှ ကိုယ့်အိမ်ဘက်ပြန်ထွက်လာခဲ့ရသည်။ခုတင်စွန်းမှာတင်ထားခဲ့တဲ့ဝတ်စုံကို လုံးချေပစ်လိုက်ရင်း အခန်းထောင့်တစ်နေရာစီသို့ ပစ်ထုတ်မိသည်။ဒါဂျွန်ဂျောင်ကုနဲ့ချိန်းဆိုထားရာဆီကိုသွားဖို့ ပြင်ဆင်ထားခဲ့တာတွေ။
အခုဘာများလိုပါတော့မလဲ။အရေးမပါတာတွေ ဘာကိုလွန်ခဲ့တဲ့ငါးနှစ်လဲ?ဘာတစ်ခုမှ
မသိချင်တော့ဘူး။
* * * * * လူဆိုးကောင် * * * * *
တစ်ဖက်ကဆေးကျောင်းသားမှာတော့ခါးခါးသီးသီးတွေဖြစ်ရပြီး အခန်းထဲတစ်ဆိတ်နေခဲ့သလောက် တစ်ဖက်ကလူဆိုးကောင်သည်လည်း ချိန်းထားခဲ့ကြသည့်နေရာမှနေတစ်ဖဝါးမခွာသွားသေးဘဲ နေဝင်သည့်တိုင်ဆက်၍စောင့်နေခဲ့သည်။နာရီကိုကြည့်လိုက် ပြုံးလိုက်နှင့်သူ့အပြုံးလေးတွေဟာသိပ်လှခဲ့တယ်။
အဝါရောင်ကိုမှနှစ်ခြိုက်တတ်သူလေးကို
ပေးဖို့ရည်ရွယ်ပြီး သူယူလာခဲ့တဲ့ပန်းပွင့်ငယ်လေးဟာ ကျူးလစ်အဝါရောင်ပန်းလေး
တစ်ပွင့်တည်းသာ။ကျူးလစ်အဝါတွေရဲ့အဓိပ္ပာယ်က "တစ်ဖက်သတ်အချစ်၊မျှော်လင့်ခွင့်မရှိတော့တဲ့အချစ်"တဲ့ သူ့ရင်ဘက်နဲ့ထပ်တူကျသည့်ပန်းလေးတွေကိုမှ သူဟာယူဆောင်လာခဲ့ပါတယ်။
အချိန်တွေဟာရပ်တန့်မနေခဲ့ပါဘူး။နာရီလက်တံတွေဟာတစ်ရွေ့ရွေ့ချင်းလည်နေခဲ့ပြီး ညပင်အတော်နက်လာခဲ့ပြီ။အပြုံးတွေဟာလည်း တည်သွားခဲ့ရပြီး ကျူးလစ်ပန်းပွင့်ငယ်ကိုကိုင်ထားခဲ့သည့်လက်တစ်စုံဟာလည်း ဖြေလျော့သွားခဲ့ရပြီ။
တကယ်ကိုရောက််မလာခဲ့ပြန်ဘူးပဲ။သူဟာကိုယ်ဆီရောက််မလာခဲ့ပြန်ဘူး။ဒီငတုံးလိုကောင်ကို သိပ်ကစားလို့ကောင်းသလားဟမ်။မေ့သွားတယ်။မင်းဘယ်တုန်းကမှ ကိုယ့်ကို
မချစ်ခဲ့ပါဘူး။ကိုယ်ကသာ.....။
အကြိမ်ကြိမ်အခါခါရှုံးနိမ့်နေမှန်းသိရက်နဲ့
ငါဆိုတဲ့ကောင်မှာ အမှတ်သည်းခြေ
ရှိလာဦးမှာမဟုတ်လို့ မင်းကတော့စိတ်ကြိုက် ထပ်ခွဲလိုက်ပါဦး ငါ့အသည်းကို!
* ငါလည်းမင်းကိုသိပ်မုန်းပါတယ် ပတ်ခ်ဂျီမင်။ငါ့ဘက်ကတစ်ခါမုန်းတယ်လို့ပြောတိုင်း
မင်းဘက်က ချစ်တယ်လို့ပြန်ပြောလာစေရမယ် *
ကျောခိုင်းသွားခဲ့တဲ့ ကျောပြင်ကျယ်တစ်စုံရယ်...၊စွန့်ပစ်ခံလိုက်ရတဲ့ ကျူးလစ်ဝါလေးတစ်ပွင့်ရယ်...၊ထိုမြင်ကွင်းဟာဝမ်းနည်းစရာကောင်းခဲ့သလို အထီးကျန်တသသလည်းဖြစ်စေပါ၏။
အတိတ်၌ကျန်ရစ်ခဲ့ပြီဖြစ်သောအမုန်းအကြွင်းအကျန်တွေဟာ သူတို့နှလုံးသားထဲတွင်တစ်ဖန်ပြန်၍နေရာယူသွားခဲ့ကြရင်း
ထိုနည်း၎င်းဆင်တူဖြစ်ရပ်မျိုးနဲ့ဒုတိယ​အကြိမ်မြောက်ပြီးဆုံးခဲ့ကြပြန်သည်။
x x x x x x x x x x x x x x x x x x x x x x
(ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်။)
x x x x x x x x x x x x x x x x x x x x x
(Zawgyi)
(အပိုင်းငါး)
အဲ့နေ့ညနေက မျက်နှာရူးကောင်သည် ကျွန်တော်တို့ကို အိမ်ရှေ့ထိလိုက်ပို့ပေးခဲ့ပါသည်။ဘာကြောင့်ရယ်မှန်းမသိပေမယ့် ကဖေးက အပြန်လမ်းမှာတော့ ကားပေါ်တွင်ပါလာတဲ့သုံးယောက်လုံးမှာ ဘာစကားတစ်ခွန်းမှထပ်မပြောဖြစ်ခဲ့ကြပါဘူး။တကယ့်ကို
မှတိတ်တိတ်ဆိတ်ဆိတ်ပဲပြန်လာခဲ့ကြတယ်။
လူဆိုးကောင်ဟာလည်း ဘာသီချင်းမှမဖွင့်ပေးခဲ့သလို မင်ဟီသည်လည်းမျက်နှာသိပ်မကောင်းခဲ့ဘူးဆိုတာကိုတော့ ကျွန်တော်ရိပ်စားခဲ့မိပါတယ်။မဟုတ်မှ...?ကဖေးမှာသူတို့နှစ်ယောက် စကားများလာခဲ့ကြသေးတာလား။မင်ဟီနည်းတူ ကျွန်တော်သည်လည်း
စကားပြောချင်စိတ်ရှိမနေခဲ့ဘူးဆိုတာပါပဲ။
ကျွန်တော့်ခေါင်းထဲတွင် ဟိုမျက်နှာရူးပြောခဲ့တဲ့စကားတွေနဲ့ လွန်ခဲ့တဲ့ငါးနှစ်ဆိုတာသာ တဝဲလည်လည်စွဲနေခဲ့တယ်လို့ပြောရင် ယုတ်လွန်ရာကျနေမလားဘဲ။ကိုယ့်သူငယ်ချင်းမရဲ့ရည်းစားအကြောင်းကိုတွေးနေမိတာက တကယ်ကိုမဟုတ်သေးဘူးမလား။
ဒီစိတ်နဲ့ပဲကိုယ့်ကိုကိုယ် အပြစ်သားတစ်ယောက်လိုခံစားခဲ့ရတဲ့အထိ ဒီကောင်ဟာ ကျွန်တော်အာရုံတွေထဲမှာ အနှောက်အယှက်ဖြစ်ခဲ့ရပြန်ပါပြီ။စိတ်ရှုပ်စရာကောင်းလိုက်တာ။မင်းကတကယ်ကို အရှုပ်အထုပ်ပဲဂျွန်ဂျောင်ကု။ငါ့အတွက်တော့ မင်းဟာတကယ့်
လူရှုပ်ထက်မပိုဘူး ဟူး...!။
အိမ်အပြန်လမ်းမှာ တိတ်ဆိတ်နေခဲ့သလောက် ကိုယ်တွေခြံရှေ့အရောက်မှာတော့ ထိုဆိတ်ငြိမ်မှုတွေကိုဖြိုခွင်းခဲ့လိုက်တာကဂျွန်ဂျောင်ကုရယ်ပါ။ဒီကောင့်လုပ်ရပ်ဟာ သိပ်ရိုင်းစိုင်းလွန်းတယ်။မင်ဟီနဲ့ပတ်သတ်ပြီးဘာတစ်ချက်လေးတောင်အရေးမစိုက်ခဲ့ပါဘဲနဲ့ကိုယ့်ကိုကျ မှာတမ်းခြွေလို့မဆုံးခဲ့ပါဘူး။
ဘယ်လိုတောင် ရှက်ကြောပြတ်ပြီး မျက်နှာပြောင်တိုက်ဝံတဲ့ကောင်ပါလိမ့်။သူ့မိန်းကလေး မျက်နှာမကောင်းတာကိုလည်းသူတစ်စက်မှအရိပ်အကဲမဖမ်းတတ်တာပဲလားတော့မသိ။သိသိသာသာငြိမ်ကျနေတဲ့မင်ဟီအစား ကျွန်တော်ထံတွင်သာသူ့အကြည့်တို့ မြဲမြံနေခဲ့ပြီး တစ်ချိန်ကုန်အရိပ်တကြည့်ကြည့်နဲ့။
မင်ဟီမျက်နှာညိုးနေတာဘာကြောင့်လဲလို့
ဒီကောင့်ဘက်က ယုယုယယရှိဟန်နဲ့တစ်ခွန်းထုတ်မမေးသလို ချစ်သူမိန်းကလေးတစ်ယောက်လိုမျိုးလည်းပြည့်ပြည့်ဝဝဂရုမစိုက်ပေးခဲ့ပါဘူး။အသွားတုန်းက မင်ဟီကိုအိမ်တိုင်ရာရောက်လာမကြိုပေးခဲ့တဲ့လူကအပြန်မှာတော့အိမ်ရှေ့ထိလိုက်ပို့ပေးခဲ့ပါတယ်။
ဒါပေမယ့် မင်ဟီကိုတစ်ချက်လေးတောင်နှုတ်မဆတ်ခဲ့ဘူး။အရင်ကျောခိုင်းသွားပြီးမှ မနေနိုင်တဲ့မင်ဟီကပဲ ပြန်လှည့်လာရှာပြီး "ကားကိုဂရုစိုက်ပြီးမောင်းနော် "လို့
စပြောပေးတော့မှ "ကောင်းပါပြီ"ဟု
ပြန်ဖြေပေးခဲ့တယ်။ဒါသည်လည်းမတတ်သာလို့ပြန်ပြောပေးရတဲ့အချိုးအဖောက်နဲ့ သစ်စိမ်းချိုးချိုးသွားခဲ့တာလေ။
ပြီးနောက်တွင်တော့ ဂျွန်ဂျောင်ကုဟာကားပေါ်ကနေ ကမှုးရှုးထိုးပြေးဆင်းလာပြန်ပြီး
ကိုယ့်ရှေ့မှာခြေစုံပိတ်ရပ်လာခဲ့ကာ ပါကင်လှလှထုတ်ပိုးထားတဲ့ကိတ်မုန့်ဗူးကို ကိုယ့်လက်တွေထဲထိထိုးအပ်လာခဲ့ပြန်တယ်။အဲ့ဒီအခြေအနေက ဘာမှန်းမသိတော့ပေမယ့် ရှုပ်ထွေးစပြုနေပြီဆိုတာကိုတော့ ကိုယ်ကိုတိုင်ရိပ်စားမိပါသည်။
စိုးရိမ်တကြီးလှမ်းကြည့်မိတော့ ကွက်ခနဲပျက်သွားတဲ့မင်ဟီမျက်နှာလေးကို ကျွန်တော်မြင်တွေ့ရလိုက်တယ်။သနားစရာကောင်းအောင်ကို မင်ဟီသည်မျက်နှာငယ်လေးနဲ့ကျွန်တော်တို့အခြေအနေကိုအကဲခတ်နေခဲ့ရင်း တွေတွေလေးရပ်ကြည့်နေခဲ့၏။
ဒီကောင့်ရဲ့လျှပ်တစ်ပြတ်လုပ်ရပ်ကြောင့် အခြေအနေတွေဟာဘာမှန်းလိုက်လို့မမှီနိုင်သေးခင်မှာပဲ မင်ဟီသည်လှည့်ထွက်သွားခဲ့ပြီဆိုတာပါပဲ။မျက်နှာပြောင်တိုက်ရဲလိုက်တာ။ဂျွန်ဂျောင်ကုဟာလေ မုန်းစရာကောင်းတာထက်ကိုပိုပါတယ်။မုန်းလိုက်တာလို့ထုတ်ပြောပြန်ရင်လည်း ငါလည်းသိပ်မုန်းတာပေါ့လို့သူ့ဘက်ကပြန်ဖြေတတ်သေးသည်။
သူ့စိတ်ရင်းအမှန်ကဘာများလဲ?ရှင်းမယ့်ရှင်းတော့ ကိုယ့်ဘက်ကအပြတ်ရှင်းထားမှပဲ တော်ကာကျပေလိမ့်မည်။ထပ်ပြီးပတ်သတ်နေရင် နောင်အကျိုးဆက်ကတကယ့်ကိုဆက်မတွေးဝံစရာတွေပဲကြုံလာရတော့မှာ။ထို့သို့ လုံးဝအဖြစ်မနိုင်ခံဘူး။
အရွယ်ရောက်ပြီးသား လူသားတစ်ဦးအနေနဲ့ဂျွန်ဂျောင်ကုရဲ့ကိုယ့်အပေါ်မှာထားတဲ့သဘောထားတွေ ခံစားချက်တွေကို ကောင်းကောင်းကြီးရိပ်စားမိပါတယ်။သူ့ဘက်ကကိုယ့်အပေါ်မှာ အပျော်တမ်းကစားချင်လို့ပဲဖြစ်ဖြစ် အတည်တကျတွဲခုပ်ချင်လို့ပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့မင်ဟီရဲ့ရည်းစားအပေါ်တွင် ဘယ်သောအခါမှစည်းကျော်မှာမဟုတ်ပါဘူး။
မင်ဟီဆိုတာ ကိုယ့်နှမအရင်းလေးလိုသိပ်ချစ်ရတဲ့သူငယ်ချင်းမလေး...၊တစ်သက်လုံးနှစ်ကိုယ့်တစ်စိတ်ရှင်သန်လာခဲ့ပြီးမှ ဘာမဟုတ်တဲ့လူတစ်ယောက်အတွက်ကြောင့်နဲ့တော့ကဏ္ဍတွေမပြတ်ချင်ပါ။အရင်ကတည်းက ကိုယ်ဟာဘေးလူပဲဖြစ်ခဲ့လို့ ဘေးထွက်ရပ်နေပေးလိုက်ရင် ဒီပြသနာတွေဟာ ဖြေရှင်းပေးပြီးသားဖြစ်သွားမှာပေါ့။
* နားထောင်ပေးစရာဘာလိုဦးမလဲ ငါ့ဘက်ကပြောစရာကုန်ပြီ မင်းပြန်တော့ *
* နေဦး ဂျီမင်~~ *
' ဘုတ်...! "
ထို့နေ့ညက သူအဘယ်အချိန်မှပြန်သွားခဲ့သလဲ ကျွန်တော်မသိခဲ့ဘူး။ဘယ်လိုပုံစံနဲ့ကျန်နေခဲ့သလဲလည်း ကျွန်တော်စိတ်မဝင်စားခဲ့ဘူး။သူ့​ဘက်ကပြောချင်တာတွေရှိနေတာသိလည်းနားမထောင်ပေးခဲ့မိဘူး။
လွှင့်ပစ်ခဲ့တဲ့ ကိတ်မုန့်လေးသည်လည်းမြေပြင်မှာရှိမနေခဲ့တော့ပါဘူး။
တစ်စစီပုံပျက်သွားခဲ့တဲ့ ခရင်မ်တွေပေပွနေတဲ့ကိတ်ကိုတော့ ပြန်ကောက်သွားတာမဖြစ်နိုင်လောက်ဘူးမလား။အဲ့လောက်ထိတော့
ဂျွန်ဂျောင်ကုဟာ ရိုးစင်းနေတဲ့လူမဟုတ်ပါဘူး။သိပ်ဉာဏ်များတဲ့ကောင်ပဲကို တကယ့်အရှုပ်အထုပ်။
* * * * * * * * * * * * * * * * * * * * * * * *
ဒီလိုမတင်မကျအခြေအနေတွေဖြင့်နေလာခဲ့ရင်း ဘာလိုလိုနဲ့နှစ်လနီးပါးထိရှိသွားခဲ့ပါပြီ။ထိုအတွဲကြားမှာကြားညှပ်နေခဲ့တဲ့ကျွန်တော်ဟာလည်း အခုဆိုသိပ်သိပ်ပြီးကိုမှအေးချမ်းနေခဲ့ရင်း ဆိုးလ်ပြည်သူ့ဆေးရုံကြီးမှာအလုပ်သင်ဆရာဝန်ပေါက်လေးဖြစ်နေခဲ့ရပြီ။တရားဝင်ဆရာဝန်လိုင်စင်မကျသေး၍ ဆေးကုသခွင့်တော့မရသေးပါဘူး။
မင်ဟီသည်လည်း ဂျွန်ဂျောင်ကုနဲ့အဆင်ပြေနေတယ်လို့တော့ပြောတာပါပဲ။ဒါပေမယ့်
မင်ဟီကိုကြည့်ပြီး အားတော့မရပါဘူး။သူမပုံစံကမြုံစိစိနဲ့ အရင်လိုလည်းဘာတစ်ခုမှ
ပွင့်ပွင့်လင်းလင်းရင်ဖွင့်တယ်ဆိုတာမရှိတော့ဘူး။အချိန်ပြည့်မျက်နှာလေးကညိုးနေတတ်​သေးတာ။အဲ့လိုတွေမကြည့်ရက်လို့ အဆက်လည်းမဖြတ်လိုက်ခိုင်းရဲဘူး။
သူမတို့ချစ်သူချင်းကြားဘယ်လိုမှဝင်မပါချင်တော့လို့ လုပ်ချင်ရာသာလုပ်ကြပါစေဆိုပြီးလွှတ်ပဲပေးထားလိုက်တာ ဒီနေ့ဒီအချိန်ထိပဲဆိုပါတော့။အခုကဆေးရုံမဝင်မှီ အချိန်ခဏရနေသေးတာမို့ Cafe Shopမှာစာအုပ်ဖတ်ရင်းနဲ့အချိန်ဖြုန်းနေမိခြင်းသာ...။
စာအုပ်ဖတ်တယ်သာပြောပါတယ်။ဟိုအတွဲအကြောင်းကိုပဲ ထိုင်နေတွေးနေမိပါတယ်လို့ပြောရမလိုဖြစ်နေပြီ။အပူတွေဟာလေ ကိုယ့်ဟာကိုနေနေရင်းတောင် ကျွန်တော်ရှိရာဆီကိုတည့်တည့်ပစ်ဝင်လာပြီးခလုတ်တိုက်ဖြစ်အောင်တိုက်သွားသေးသတဲ့ဗျာ။စိတ်ကုန်ခမ်းစရာတွေ!...။
* ခဏထိုင်မယ်နော် *
မျက်စိမှောက်ထံခြေစုံရပ်နေသူမှာ တကယ့်ကိုဂျွန်ဂျောင်ကုဖြစ်နေခဲ့၏။အကျိုးနည်းတွေ
ဆေးကျောင်းသားလေးခမျာ သူ့ရှေ့ရှိကိုယ်လူချောကို မျက်တောင်မခတ်စတမ်းပင်မျက်လုံးပြူးပြူးလေးဖြင့် အကြောင်သားငေးကြည့်နေရှာသည်။လူဆိုးကောင်ဟာ
အရင်လိုမျိုးဟုတ်မနေတော့တာသေချာပါတယ်။
ဗရမ်းဗတာနဲ့ဖွာလန်ကြဲထားတတ်တဲ့ဆေးဆိုးပန်းရိုက်ဆံသားတွေဟာ အခုတော့ဖြင့်ခပ်နက်နက်ပိတုန်းရောင်ကိုသာ ဆိုးထားလေပြီး သေသေသပ်သပ်ဖြီးသင်ထားကာ နဖူးပေါ်အောင်ပင် လှန်တင်ထားခဲ့သည်။ဂျစ်ပစီဆန်ဆန်အဝတ်အစားတွေနေရာမှာ လက်ခေါက်တင်ထားလေတဲ့အနက်ရောင်Formalရှပ်နှင့်စတိုင်လ်ပန့်တစ်ထည်က အချိုးအစားကျနစွာနေရာယူထားခဲ့၏။
လုံးဝကြီးကိုပြောင်းလဲသွားလိုက်တာများ
ဂျွန်ဂျောင်ကုဟာ အရင်ကဂျွန်ဂျောင်ကုမဟုတ်တော့သလိုမျိုး။သူ့ကိုယ်သူဂျန်းတဲမန်းပါပေါ့။သို့ပေသိ ဆေးကျောင်းသားမျက်လုံးထဲတွင်တော့ အရင်လိုဒေါက်မကျိုးတဲ့သူ!ချဉ်စူးစူးအရှုပ်အထုပ်ကောင်ထက် ထူး၍ပိုမနေခဲ့ပေ။
* သေလိုက်လေ *
* ဒီမှာဂျွန်ဂျောင်ကု ဒီဝိုင်းမှာမင်ဟီမရှိဘူးနော်ငါတစ်ယောက်တည်းထိုင်နေတာ။သူ့တွေ့ချင်ရင် သူ့အိမ်လိုက်သွား ငါ့နားမှာ
လာမရှုပ်ချင်စမ်းနဲ့ *
* မြင်သားပဲ *
ကိုယ်မြင်တယ်လို့ပြောတာပါကွာ။မင်ဟီမပါမှန်းလည်း ကိုယ်သိတယ် *
* သိရင်သွားလိုက်တော့ဟိတ်ကောင်...မြန်မြန်လစ်တော့ *
မင်းကိုကြည့်ရတာ ပိုလှလာသလားလို့၊ဟူး!
ဒီလတွေထဲ ငါလာမတွေ့လို့ အေးချမ်းနေတဲ့ပုံပဲနော်။ *
* ဟာကွာ ရိုင်းလိုက်တာ။ဘာလို့ဆဲနေရတာလဲဟင်။မင်းနဲ့မလိုက်ဖက်လိုက်တာ မင်းနဲ့ကိုယ့်ကြား ဒီလောက်ရင်းတာကိုအေးဆေးပေါ့ *
ဂျွန်သည် ဆေးကျောင်းသား၏သောက်လက်စလိ​မ္မော်ရည်ခွက်လေးကိုဆွဲယူလိုက်ရင်း တစ်ရှိန်ထိုးမော့ချပစ်ပလိုက်တာမို့ ဂျီမင်မှာကြောင်ကြောင်အအဖြင့်။
* အဲ့တာငါ့ခွက်လေ *
* ကိုယ်သိတယ် *
* မင်းသောက်ချင်မှာသောက်လေ ရွံစရာကောင်းအောင်လို့ ဘယ်သူခွက်ကိုလာသောက်တာလဲ~~မင်းဘာသဘောလဲဟမ် *
* မင်းရွံပေမယ့်ငါကမှမရွံချင်တာ ဒါဘာသဘောလဲ မသိဘူးပေါ့လေ။Indirect Kissလေကွာ...ဒီလိုလေး"kiss"သောက်ဦးမလား *
* တော်စမ်းပါ မသောက်ဘူး *
* ပြီးတာပဲဗျာ...အာရီဂူးအမောကိုပြေသွားတာပဲအဟွန်း *
ငါပိတ်ထိုးထည့်လိုက်ရ ပြီတီတီအခွက်ကြီး
ပိန့်ချိုင့်သွားလို့ အဲ့ပြူးနေတဲ့မျက်လုံးနှစ်လုံးပါ ဘရိတ်ဒန့်ဆွဲသွားရဦးမယ်။ဂျီမင်သည်ပယ်ပယ်နှယ်နှယ်ကို ကြိမ်းဝါးပစ်လေကာ လက်သီးလေးကိုလည်းတင်းတင်းဆုပ်ချေရှာသည်။
* ဒီလတွေထဲ ကိုယ်ဘာလို့မင်းဆီမရောက်လာလဲ မမေးတော့ဘူးလား *
* မသိချင်ဘူး *
* မင်းဆေးရုံကြီးမှာအလုပ်သင်ဝင်နေပြီကြားလို့ မင်းရှေ့ထိငါရောက်မလာခဲ့တာ။တော်ကြာငါ့ကြောင့်နဲ့ စာတွေမကျက်နိုင်ဖြစ်မှာစိုးလို့ပါ။ငါ့မျက်နှာကို တစ်နေကုန်တွေ့ချင်နေပြီးစာတွေလိုက်မမှတ်နိုင်ရင် မင်းပဲထိခိုက်ရမှာကွ...အဲ့လိုဆို ဆရာဝန်ကြီးတွေဆီမှာမင်းအမှတ်တွေအလျှော့ခံမယ် ဟုတ်တယ်
မလား။မင်းအတွက်ကိုတွေးပေးပြီး ငါကလွမ်းနာတွေကျ...အလွမ်းတွေကိုရင်မှာပိုက်ပြီး ကြိတ်ကြိတ်မှိတ်မှိတ်နဲ့ဂျယ်ဂျူဒိုမှာ အပန်းသွားဖြေနေခဲ့ရတာသေးသေးလေးရဲ့ *
* ဒီမကောင်းတဲ့အကောင်ကတော့ ပါးစပ်ကစည်းကမ်းကိုမရှိဘူး ပေါက်လွှတ်ပဲစားစကားတွေပဲ မင်းထွက်တတ်တာလား *
မင်းပြောသလိုပေါက်လွှတ်ပဲစားစကားပေါ့...လွမ်းတာကတော့ အတည်နော်
မင်းရောမချနဲ့၊ငါ့အလွမ်းတွေကိုပါဆယ်ဗူးနဲ့လှလှပပလေးထုတ်ပိုးပြီး မင်းဆီအရောက်ပို့ပေးလိုက်မှာမို့ မင်းကလက်ခံပေးနော် *
ဒီကောင်နဲ့ဆုံခိုက်မှာ ကင်မင်ဟီအတွက်ဆွေးနွေးပေးဖို့လုပ်ရပေဦးမည်။လမ်းခွဲပါလို့တော့ မင်ဟီရှေ့မှာထုတ်မပြောနေတော့ပါဘူး။တစ်စုံတစ်ခုကြောင့်နဲ့စိတ်ခုသွားမှာလည်းစိုးရိမ်ရသေးတယ်။မင်ဟီအပေါ်ထားတဲ့ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းသိရအောင်ကိုယ့်အနေနဲ့ထုတ်မေးဖို့ လိုနေပြီ။
* ဒါနဲ့ငါမေးရဦးမယ်။မင်း မင်ဟီကိုတကယ်ချစ်ရဲ့လား *
* ဆိုပါတော့ *
* ဒါဆိုမင်ဟီကိုတကယ်ချစ်ခဲ့တယ်ပေါ့ *
* သေချာတယ် ...တကယ် *
ဤသို့နှင့်နှစ်ယောက်သားအတော်ကြာအောင်အကြည့်ချင်းစစ်ထိုးခဲ့ကြ၏။ဟွင်းခနဲ့ရယ်သံနှောကာ ခနဲ့ပြုံးလေးဖြင့်အရင်ဆုံးအကြည့်လွှဲသွားခဲ့သူမှာ ဆေးကျောင်းသားကိုယ်တိုင်ပင်ဖြစ်ပါလိမ့်မည်။ဂျွန်ဘက်ကတော့ မျက်နှာလှလှလေးကိုသာ ငေးနေခဲ့ရင်းတကယ့်ကို အေးအေးလူလူဟန်ပန်နှင့်။
* ဂျွန်ဂျောင်ကု ! *
* ဗျာ... *
အဲ့လိုစိတ်ကို ငါ့ထက်မင်းကပိုသိတယ်မလား...။ဒါငါ့ဘက်ကနေနောက်ဆုံးသောသတိပေးခြင်းပဲ မင်းသူ့ကိုမကစားပါနဲ့၊
တကယ့်ကိုလွတ်လွတ်လပ်လပ်ထိုင်နေခဲ့၏။ဘာတွေကိုအကြံထုတ်နေပြန်သလဲမသိ။
မရှိတဲ့ မုတ်ဆိတ်မွှေးကိုအရသာခံ၍ပွတ်နေခဲ့ပြီး မျက်လုံးအစုံဟာ ပြူးသွားလိုက်ကျယ်သွားလိုက်နှင့်။ရှိုးအထုတ်လွန်နေသူကို
ဆေးကျောင်းသားဟာ ခပ်ချဉ်ချဉ်စိုက်ကြည့်လေပြီးနှုတ်ခမ်းထောင့်စွန်းတစ်ဖက်မှာအသာအယာကော့တက်သွားရင်း ဟွန်းခနဲဖြင့်ရယ်သံနှောကာ ခနဲ့လိုက်ပါသည်။
* နေစမ်းပါဦး~~!ငါ့ကိုဟိုလိုလုပ်ဒီလိုလုပ်နဲ့အမိန့်တွေလာပေးနေရင်အောင် တကယ်ပဲမင်းကဘယ်သူများလဲ?ငါနဲ့မင်းက ဘာတွေများပတ်သတ်နေလို့ ငါ့ကိစ္စတွေမှာဝင်ခြယ်လှယ်နေရတာလဲ။ *
* မင်းစကားကဘာလဲဟမ်...မင်ဟီက ငါ့သူငယ်ချင်းပဲ ငါ..... *
ဂျီမင်...၊မင်းကတော့ဝင်မပါပါနဲ့လား။မင်းကြောင့် ကြာရင်ပိုရှုပ်ကုန်ရလိမ့်မယ်ကွာ *
* ၄၅မိနစ်အချိန်ရဦးမယ်...မင်းငါ့ကိုဘာတွေများပြောစရာကျန်သေးလဲ *
ပတ်ထားသည့်လတ်ပတ်နာရီကို ငုံကြည့်လိုက်ရင်းထိုသို့အသိပေးပြန်တော့ ဆေးကျောင်းသားရဲ့ ကြောင်နနအကြည့်တစ်စုံဟာ ရုတ်ချည်းသူထံသို့ရောက်ချလာခဲ့၏။
* ပြောကြည့်လေ *
မင်းရဲ့နားကိုတစ်ဖက်တည်းပိတ်ပြီးဂွမ်းမစို့ထားစမ်းနဲ့ပတ်ခ်ဂျီမင်။တစ်ခုပဲဒီနေရာမှာ
မင်းဖြစ်နေလို့ ငါ့သိက္ခာအတွက်အဖက်ပြန်ဆယ်တယ်လို့ပဲမင်းသဘောထားပေးဟုတ်ပြီလား။ *
* လူငယ်သဘာဝမို့ ငါရည်းစားရှုပ်တာရော့
မင်းတို့ပြောပြောနေသလို ဟိုတယ်တကာတက်အိပ်ဖို့ဆိုတာအဝေးဆုံးမှာထားခဲ့လိုက်!ငါရည်းစားရှုပ်ချင်ရှုပ်မယ် ဒီနေ့ထိဘယ်တစ်ယောက်အပေါ်ကိုမှငါမယုတ်မာခဲ့ဘူး။ဘယ်ကောင်ကအားအားယားယားနဲ့မင်းနားထဲကို
ဂုန်းချောနေလဲ မင်းပဲအသိဆုံးဖြစ်မှာပါ။
ငါမမှားခဲ့တဲ့အမှားတွေအတွက် ရှင်းပြစရာ
မလိုဘူးထင်လို့ ငါမရှင်းခဲ့တာ...ကြာလေ
မင်းကခွင့်လွတ်ပေးဦးမှာ...တစ်ခုပဲ ငါဖြစ်နေလို့ကို မင်းခွင့်မလွှတ်ပေးနိုင်တာလေဟုတ်တယ်မလား...။ငါ့အပေါ်ဆိုသိပ်ကိုသွေးအေးလွန်းတယ်ကွာ မင်းတကယ်ပဲ *
ဟုတ်လို့ကျော်...ပုတ်လို့ပေါ်တဲ့။မဟုတ်မမှန်ဘဲနဲ့ သူ့အကြောင်းတွေက ဘူးပေါ်သလိုပေါ်လာပါ့မလား။ဘယ်သူကရော အားပြီးယားပြီးသူ့အ​ကြောင်းကိုသပုတ်လေလွင့်ပြောကြမှာတဲ့လဲ။ဒီလိုကောင်မှာထူးခြားပြီးလည်း
မနာလိုဖြစ်စရာဘာများရှိလို့ အပုတ်ချကြမှာလဲ။
ဟွန့်...သူ့ကိုယ်သူအထင်သိပ်ကြီးလွန်းနေပြီ။
ဘာလို့စကားအရှည်ကြီးတွေနဲ့ချဲ့ကားပြနေရတာလဲ။ငါလည်းမမေးမိသလို သိလည်းမသိချင်ပါဘူး။ငါပြောလိုက်တာက မင်ဟီကိုတန်ဖိုးထားပေးဖို့နဲ့ထိခိုက်နစ်နာအောင်မလုပ်ဖို့ ဒါပဲလေ~~ဘာတွေလေလာရှည်နေတာတုန်း?
...မင်းနားလည်လား။မင်းရဲ့မင်ဟီကို
ငါဘယ်နှခါများအသားယူခဲ့ဖူးလဲလို့! *
* ဟား...ယူလို့ရမလား။မိန်းကလေးတစ်ယောက်ကို အဲ့လိုလုပ်ကြည့်လိုက်လေ မင်းလောက်လုပ်မာရိုင်းစိုင်းတဲ့သူဆိုလို့ ဒီကမ္ဘာမှာမင်းပြီးရင်မင်းပဲရှိလိမ့်မယ် *
* ဘာကြောင့်မှမထင်ဘူး သိလည်းမသိချင်ဘူးမင်းဆက်မပြောနဲ့တော့ *
* တော်ပြီ အရေမရအဖက်မရတွေဆက်ပြောနေမယ်ဆိုမင်းပြန်လိုက်တော့ *
* ဘာတွေလျှောက်ရေးထားမှန်းလည်းမသိဘူး ခေါင်းကိုမူးနောက်သွားတာပဲ။ပျင်းစရာကြီး မင်းရော နေ့တိုင်းလိုလိုဒါတွေကြီးတွေဖတ်နေရတာ မငြီးငွေ့ဘူးလား *
" ဘုန်း... "
ဂျွန်သည် ဆေးကျောင်းရဲ့မျက်နှာနုနုလေးကို မခို့တရို့ဟန်လေးနဲ့မျက်လုံးလေးလှန်ကြည့်ရှာပြီးမှ စာအုပ်ကိုဘန်းခနဲပိတ်ချပစ်လေကာ
အသံခပ်ကျယ်ကျယ်မြည်တဲ့အထိ ပစ်ချပေးလာခဲ့သည်။ပြီးနောက်တွင်တော့ မချိုမချဉ်ပြုံးလေးပြုံးလိုက်ရင်း သူ၏စပ်ဖြီးဖြီးရုပ်မှာတစ်ခါပြန်လည်ကာဖြစ်ထွန်းလာခဲ့ပြန်သည်။
မကြည့်လို့မသိတာပါ အချစ်ကလေး~~
အဟက်အဲ့ထဲကလိုဖြစ်နေဦးမယ်နော် ပတ်ဝန်းကျင်ကိုပြန်ငဲ့ကြည့်ဖို့မမေ့နဲ့ *
* တိတ်စမ်းပါ အရေးမပါတွေ ဘာကိုအချစ်လဲ ဘာလုပ်ရမှာလဲဟမ် အဲ့တာကြီးကိုဘဝတစ်ခုယုံမှတ်ပြီး နလိန်းပိန်းတုံးဖြစ်ခံမယ်တဲ့ ပတ်ခ်ဂျီမင်တို့သေတောင်မပါဘူး...ဒီစကားကို မင်းတစ်ခါတည်းမှတ်သွား *
* ပြန်တော့မယ်နော်။မဟုတ်လည်းမင်းက
မသမာတဲ့ကောင်...ယုံကြည်စရာတစ်ကွက်မရှိဘူး။ကြောက်စရာသောက်ရမ်းကောင်းတယ်။
* မသွားနဲ့ဦး အခုရပ် *
မရဘူးလား *
စိတ်ရှုပ်ရတာအမှန်ပင်ဖြစ်လို့ ထိုင်ခုံပေါ်ပစ်ထိုင်ချလိုက်ရင်းဆံနွယ်စတွေကိုနားရွက်နောက် လှန်သပ်ပစ်သည်။ဟင်းခနဲသက်ပြင်းချမိကာ မျက်လုံးတွေကိုမှိတ်ချပစ်ရင်း ၁၃ရက်နေ့ဆီမြန်မြန်ရောက်ဖို့သာ ဆုတောင်းခဲ့မိသည်။မင်ဟီတစ်ယောက်
သိသွားခဲ့ရင် ကျွန်တော့်ကိုဘာများပြောမလဲ?။
* * * * * * * * * * * * * * * * * * * * * * * *
မင်ဟီခြံထဲကို ကားတစ်စီးသည်ဒရောသောပါးမောင်းဝင်ချလာခဲ့တာကို
သူတွေ့လိုက်ရ၏။ထိုကားဟာ မင်ဟီရဲ့ကားဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ဒီလောက်ထိကြမ်းကြမ်းတမ်းတမ်းကားမောင်းတာမျိုးမမြင်ဖူးပါဘူး။ကင်မင်ဟီတစ်ယောက် အပြင်မှာဘာတွေဖြစ်လာပြန်ပြီလဲမသိ။
သူကြည့်နေတုန်းမှာပင် မင်ဟီဟာ ကမျောကပါးဆင်းချလာခဲ့ပြီး အိမ်ထဲသို့တစ်လျှိုးတည်းပြေးဝင်သွားလေရဲ့။မျက်နှာကလည်းခါတိုင်းထက်ပင်ပိုဖျော့နေပြီး မျက်ဝန်းတွေဟာလည်း သည်းသည်းသန်သန်ငိုယိုထားတဲ့ပုံနဲ့။ဘာတွေဖြစ်လာခဲ့တာလဲ မင်ဟီရယ်။
ဒီမိန်းကလေးကို အခုလိုပုံစံမျိုးနဲ့တစ်ခါလေးမှတောင်မမြင်ဖူးခဲ့ဖူးဘူး။စိုးရိမ်စိတ်တွေသည် ချက်ချင်းပဲဆောင့်တက်လာခဲ့ရင်းကာယံကံရှင်မဟုတ်ပါဘဲနှင့် ကိုယ့်မှာရင်တုန်ပန်းတုန်ဖြစ်ရလျက်။မျက်နှာလွှဲပြီးမနေနိုင်ဘူး။အဲ့လိုလည်းမလုပ်ရက်တာကြောင့် ဝရံတာပေါ်မှနေခုန်ဆင်းလေကာ တစ်မဟုတ်ချင်းပင်ဘေးခြံဆီကို ပြေးသွားလိုက်သည်။
* အန်တီမင်ဟီ~~*
* ဪ...သားမင် လာလေ ။သူ့အခန်းထဲမှာရှိတယ်။ဘာဖြစ်လာတာလဲ ​မေးလို့လည်းမရဘူးသားရယ်။ဒီကောင်မလေးက ခေါင်းကြောကမာမာနဲ့ သားကပဲမေးပေးစမ်းပါဦးကွယ် *
* မင်ဟီ နင်ဘာတွေဖြစ်နေတာလဲ *
* ဘာ မှ မ ဖြစ် ဘူး *
ဘာမှမဖြစ်ဘူးလို့သာပြောနေတာ တအင့်အင့် နဲ့ရှိုက်သံက ရောထွေးနေသေး။ဗလုံဗထွေးအသံတိုးတိုးလေးကို ကြားရအောင်မနည်းအားစိုက်နားထောင်နေရတဲ့အနေအထားမှာတောင် မင်ဟီဟာခေါင်းကြောမာချင်နေသေးတယ်။ရှိုက်ခါရလွန်းလို့တသိမ့်သိမ့်တုန်နေတဲ့ပခုံးတွေကို မြင်နေရတာတောင် သူမငိုပါဘူးလို့ငြင်းချင်နေတုန်း။
* ကင်မင်ဟီ!! *
* ငါတစ်ယောက်တည်းပဲနေချင်တယ်ဟာ
နင်ပြန်ပါတော့ *
* ဒီလိုဖြစ်နေတာကို ထားခဲ့စရာလား ထစမ်းကင်မင်ဟီ ထထိုင်ပြီးငါ့ကိုကြည့် *
* ကင်မင်ဟီ တော်စမ်း!ဒါလားအဆင်ပြေနေတာ ဒီလောက်ထိပြိုလဲနေတာတောင် ခေါင်းမာနေသေးတာလားဟမ်။ငါ့ကိုမှ နင်ရင်မဖွင့်ရင်ဘယ်သူကိုနင်ပြောပြမှာလဲ။နင့်မေမေကိုလား?နင့်အရှုပ်တွေပေးသိပြီး
အန်တီကိုရောဂါတိုးခိုင်းဦးမလို့လား *
သို့သော်မင်ဟီဟာ မေးတာကိုမဖြေဘဲနဲ့ငိုနေဆဲပေါ့။ပို၍ပို၍တိုးငိုလာခဲ့ပြီး ဂျီမင်၏လက်ဖဝါးတွေကိုကျစ်နေအောင်ထပ်ဆုပ်ကိုင်လိုက်ကာ တအင့်အင့်ရှိုက်ပြန်၏။သူမကိုကြည့်ရတာ ပြောထွက်ဖို့ဝန်လေးနေသလိုပါပဲ။မျက်ဝန်းတွေဟာလည်းနီရဲနေခဲ့ပြီး ခြေဖျားလက်ဖျားတွေပါအေးစက်နေခဲ့ကာ
မျက်လုံးချင်းတောင်မဆိုင်ဝံပုံနဲ့ခေါင်းကိုဖွက်ကာ ငိုနေခဲ့သည်။တကယ်ပဲ တစ်ခုခုနစ်နာအောင်လုပ်ခဲ့တာများလား။
* ဘာကိုဘာမှမလုပ်ရမှာတုန်း နင်ဒီလောက်ထိငိုစရာဘာအကြောင်းရှိမှာလဲ။ဒီကောင်ကလွဲ နင့်မျက်ရည်ကျစရာဘာတစ်ခုရှိမနေဘူး။ငါ့ကိုလာမလိမ်နဲ့ ဖြေစမ်းပါမင်ဟီရယ် *
* ဟင် *
ထိုစကားအဆုံးမှာ မင်ဟီမျက်ဝန်းထဲကမျက် ရည်စတစ်ချို့ဟာ ပေါက်ခနဲကြွေဆင်းလာခဲ့သည်။ဂျွန်ဂျောင်ကုကို ဘယ်လောက်ထိချစ်ခဲ့သလဲ ကျွန်တော်အသိဆုံးဖြစ်ခဲ့လို့
ဒီကောင်မလေးခံစားရမယ်ဆိုလည်း မမှားရှာပါဘူး။ဒါပေမယ့် အဖြစ်အပျက်တွေကမြန်ဆန်လိုက်တာဗျာ။
ကာကွယ်ပေးချင်ရုံသပ်သပ်ပါ။
မျက်ရည်တွေကိုထိန်းနေတဲ့မင်ဟီအား သနားလွန်းလို့ ရူးတော့မယ်။ကိုယ့်လက်ကိုဆုပ်ကိုင်ထားပြီး တအင့်အင့်ရှိုက်နေတဲ့သူငယ်ချင်းလေးကိုဆွဲဖက်ပစ်လိုက်ပြီး ခေါင်းလေးကိုပွတ်ပေးမိသည်။ငါ့ကြောင့်ဒီလိုတွေကြုံရတာမို့ ငါ့ဆီမှာပဲငိုချလိုက်ပါ။
နင်သဘောထားလိုက်ပါ။သူမချစ်ခဲ့မှန်း
* နင်အဲ့အ​ကောင်ကို ဘာတစ်ခုမှပြန်မလုပ်ခဲ့ဘူးလား *
မသိချင်တော့ဘူး။ဂျွန်ဂျောင်ကုနဲ့မင်ဟီရဲ့ဇာတ်လမ်းကပြီးသွားပြီပဲ ငါနဲ့ထပ်ပတ်သတ်စရာမလိုတော့ဘူးလေ။ဒီကောင့်ကိုမုန်းလိုက်တာ။အရင်အတိုင်း အကျင့်ကတစ်စက်လေးမှပြောင်းသွားသေးဘူးပဲ။
နာရီကိုကြည့်လိုက် ပြုံးလိုက်နှင့်သူ့ဟာအလုပ်ရှုပ်၍ကောင်းဆဲပဲ။စိတ်လိုလက်ရပြုံးနေချိန်တိုင်းမှာ သူ့အပြုံးလေးတွေဟာသိပ်လှခဲ့တယ်။ဘယ်အရာမဆို ရင်ထဲကပါမှ အလှအပဆုံးအခိုက်အတန့်တွေဖြစ်ပေါ်လာတတ်တာပါ။
ပေးဖို့ရည်ရွယ်ပြီး သူယူလာခဲ့တဲ့ပန်းပွင့်ငယ်လေးဟာ ကျူလစ်အဝါရောင်ပန်လေး
တစ်ပွင့်တည်းသာဖြစ်၏။အချိန်တွေဟာ
ကျူလစ်ပန်းပွင့်ငယ်ကိုကိုင်ထားခဲ့သည့်လက်တစ်စုံဟာလည်း ဖြေလျော့သွားခဲ့ရပြီ။တကယ်ကိုရောက်မလာခဲ့ပြန်ဘူးပဲ။ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းကအတိုင်း သူဟာကိုယ်ဆီရောက်မလာခဲ့ပြန်ဘူး။
အကြိမ်ကြိမ်အခါခါရှုံးနိမ့်ရရင်တောင်
ငါဆိုတဲ့ကောင်ဟာ အမှတ်သည်းခြေ
ကျောခိုင်းသွားခဲ့တဲ့ ကျောပြင်ကျယ်တစ်စုံရယ်...၊စွန့်ပစ်ခံလိုက်ရတဲ့ ကျူလစ်ဝါလေးတစ်ပွင့်ရယ်...၊ထိုမြင်ကွင်းဟာဝမ်းနည်းစရာကောင်းခဲ့သလို အထီးကျန်တသသလည်းဖြစ်စေပါ၏။
ထိုနည်း၎င်းဆင်တူဖြစ်ရပ်မျိုးနဲ့ဒုတိယမြောက်အကြိမ်မြောက်ပြီးဆုံးခဲ့ကြပြန်သည်။
ပစ္စပ္ပုန်မှာပြီးတော့ အနာဂတ်တွင်ရော
နောက်တစ်ကြိမ်ထပ်ဆုံဖို့ဖြစ်နိုင်ကြပါ့မလား...။ဘယ်အချစ်ဇာတ်လမ်းမှ လောကကြီးထဲမှာ အမြဲလိုလို Happy Endingမျိုးနှင့်အဆုံးမသတ်တတ်ကြပါဘူး။တစ်ခါတစ်လေမှာတော့ခါးချင် ခါးတတ်ကြမှာပေါ့။
Continue Reading
You'll Also Like
159K 17.7K 32
He's my ex! #JIMIN #JUNGKOOK
56K 3.8K 35
Hello! MINE ပါ 💛 အားလုံးသိကြပြီးသားဖြစ်မယ်လို့ ယုံကြည်မိပါတယ် မသိသေးရင်လဲ ပြန်ပြီးမိတ်ဆတ်ချင်ပါတယ်ခင်ဗျာ... Jimin bias OTP (Jikook) တစ်ယောက်ပါ... MI...
5K 544 9
ကျွန်တော်သာအရိပ်လေးဖြစ်ခဲ့ရင်သံသရာအဆက်ဆက်Jiminနောက်ကိုဇွတ်လိုက်နေမိအုံးမှာ Start Date~ Jan20 End Date~???
44.1K 4.6K 26
လူလိမ်ဆိုတဲ့နာမ်စားက နားဝင်မချိုပေမဲ့ မင်းခေါ်တဲ့အခါတိုင်းမှာတော့ ငါ့နှလုံးသားလေး လုပ်ခါသွားရတယ်