Unicode
Buiသူ့ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားတာကိုရုတ်တရက်ခံစားလိုက်ရသည်။ သူတို့ ၇ယောက်လုံး တစ်စုံတစ်ခုရဲ့အောက်သို့ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။သူအောက်သို့ရောက်သွားပြီဟု အသေအချာခံစားမိမှမျက်လုံဖွင့်ကြည့်လိုက်တော့ သူတို့လှိုင်းခေါင်းတစ်ခုထဲ ပြုတ်ကျလာခြင်းသာ။သူထိုင်နေတဲ့ မြေကြီးဟာ သဲတွေမဟုတ်ဘဲ သာမာန် မြေကြီးတစ်ခုပင်။
Bui-"အိုက် Khun Nodt.....ငါတို့အခုဘယ်အောက်ကို ရောက်လာတာလဲ..."
"မင်းတို့ရောက်လာကြပြီလား...."
အမျိုးသားတစ်ဦးရဲ့ အသံကိုကြားတော့ Buiလှည့်ကြည့်မိသည်။
ထိုလူက ခရမ်းရောင် ဆံပင်တွေရှိနေပြီး သက်လက်ပိုင်းအရွယ်ရှိတဲ့ အမျိုးသားတစ်ဦး။သူဘေးမှာ လူငယ်၄ယောက်လောက်ပါလာပြီး rifle ကိုယ်စီကိုင်ထားတာကိုလည်း တွေ့ရသည်။
ထိုအမျိုးသားကိုမြင်တော့ သူတို့အုပ်စုထဲက Pongဆိုတဲ့ ကောင်လေးက
"P'Tong...."
Pongက P'Tong ဆိုတဲ့အမျိုးသားကို ပြေးဖက်လိုက်သည်။
Tong-"မင်းကော ပါလာတာလား..."
Pong-"အင်း ကျွန်တော်Pကို လွမ်းနေတာ..."
Nodt-"ဘာလို့မြေပုံကို သေချာမပေးလိုက်တာလဲ...အပေါ်မှ အသေလိုက်ရှာနေတာ စခန်းကို အောက်မှာချဖို့ Pအကြံပေးတာမလား..."
"Oww...ဒီထက်ကောင်းတဲ့နေရာမရှိတော့ဘူးလေ..."
Buiက Bibleနားကပ်သွားပြီး
"အိုက်Bib...မင်းဟာက သေချာလို့လား...သူတို့တွေက ဘယ်သူတွေလဲ..."
"မသိဘူး...."
Nodtက သဲတောထဲက မြေပုံကိုကောက်ယူလိုက်ပြီး Tongဆီကိုပစ်ပေးလိုက်သည်။
"P'Mileကော..."
Tongက မျက်နှာစိမ်းတွေကိုမြင်တော့
"လူစိမ်းတွေပါလာတယ်..."
"P'Mileနဲ့အရေးတကြီး ပြောစရာရှိတယ် ရှေ့ကနေလမ်းပြ..."
"Oii...စိတ်ကြီးပဲ...လိုက်ခဲ့...."
*_____*_____*_____*
မြေအောက်လှိုင်ခေါင်းဟာအလွန်ကျယ်ပြန့်ပြီး လူအများအပြားရှိနေသည်။၁၀၀နီးပါးပင်...ဒီတိုင်းဆိုရွာတစ်ရွာတောင်တည်လို့ရသည်။လူတွေဟာ လှိုင်ခေါင်ထဲမှာရွက်ဖျင်တဲတွေထိုးပြီး နေနေကြသည်။ကမ္ဘာပျက်ပြီးတဲ့နောက်မှာ Buiအနေနဲ့ ပထမဆုံး လူဦးရေ အမြောက်အများကို တွေ့ရခြင်းဖြစ်သည်။ဒီထဲမှာ ယောကျာ်းတွေကောမိန်းမတွေကော ဆော့ကစားနေတဲ့ကလေးတွေကောရှိနေတဲ့အပြင် ဖဲရိုက်နေတဲ့သက်ကြီးရွယ်အိုအချို့ကိုပါတွေ့လိုက်ရသည်။အထူးဆန်းဆုံးက ကြက်တွေ...ပထမဆုံး သားရဲ အသွင်မပြောင်းသေးတဲ့ တိရစ္ဆာန်တွေ...လှိုင်ခေါင်းထဲက လူတွေက ကြက်တွေမွေးမြူထားတာကို သူတွေ့ရသည်။
Buiတောင်ကြည့်မြောက်ကြည့်နဲ့ လှိုင်ခေါင်းတွင်းသို့ဝင်လာခဲ့သည်။တစ်နေရာရောက်တော့ Tongဆိုတဲ့အမျိုးသားက
"အိုက်Nodt ဟိုဘက်က အနီရောင် ရွက်တဲပဲ..."
Nodtက ရွက်တဲဘက်ထွက်သွားတာကြောင့် သူတို့လေးယောက်လုံး လိုက်သွားဖို့ကြံလိုက်ပေမဲ့ Tongဆိုတဲ့ လူက Buiရဲ့ ရင်ဘက်ကို အနည်းငယ်လေးတွန်းကာ
"Khun Khrub ဒီမှာပဲစောင်ပါဦး...သူတို့အရင်ဆွေးနွေးကြပါစေ...လာဒီကိုလာ...."
Tongက Buiရဲ့ လက်ကိုဆွဲကာ ရွက်ဖျင်တဲ တစ်ခုရှေ့မှာရှိနေတဲ့ စာပွဲဆီကို ခေါ်သွားပြီး
"မင်းဘာစားချင်လဲ...ဒီမှာ မင်းကြိုက်တာစားလို့ရတယ်..."
Bui-"တကယ်လား..."
အစားအသောက်နဲ့ပတ်သတ်လာတော့ Buiရဲ့မျက်လုံးတွေက အရောင်တောက်လာသည်။
နာရီအနည်းငယ်လောက်ကြာတဲ့ အထိ Nodtကထွက်မလာသေး။ပင်စိမ်းထမင်းကြော်နှစ်ပွဲလောက်စားပြီးတာတောင် Nodtဆိုတဲ့လူက ရွက်တဲထဲကထွက်မလာသေးတာကြောင့်
"အိုက်Bib..မင်းလူကမဟုတ်သေးပါဘူး...ဘာလို့ ခုထိမထွက်လာသေးတာလဲ...."
Bible-"ငါမသိဘူး...ငါ့ကိုပဲလာရစ်မနေနဲ့..."
Jeff-"ကျွန်တော့်အထင် လိုက်သွားကြည့်ရင်ရော..."
Buiက Tongဆိုတဲ့လူကို လှမ်းကြည့်လိုက်တော့ မာကျောက်ကစားနေတဲ့ လူအိုကြီးအချို့နဲ့စကားကျကာ ရယ်မောလို့နေသည်။
Bui-"သူ့ကိုလည်း အားကိုးလို့ရမှာမဟုတ်ဘူး..."
Barcodeက သူ့ရဲ့ကျောပိုးအိပ်ကို ပစ်ချကာ
"P'လိုက်သွားကြည့်လိုက်လေ..."
Bui-"ငါသွားမယ်..."
Buiကရွက်ဖျင်တဲရှိရာကို ရုတ်တရက်ထထွက်သွားတာကြောင့်
Jeff-"အိုက်Barcode ဘာလို့သူ့ကိုမြှောက်ပေးလိုက်တာလဲ..."
"Oww...သူသွားချင်နေတာပဲဟာ..."
Bibleက sniperကို ပစ်ချပြီး Buiနောက်ကို လိုက်သွားသည်။
*_____*_____*_____*
Buiတဲထဲကို ရောက်တော့ စူးရှတဲ့အမွှေးနံ့ပြင်းပြင်းက နှားခေါင်းဝကို တိုးဝင်လာတာကြောင့် နှာချေမိသည်။သူက နှာခေါင်းကို ပွတ်သပ်ရင်း
"ဘာတွေလဲ...ဒါက ခေါင်းဆောင်ရဲ့တဲလား နတ်ကနားပေးတဲ့နေရာလား...အဟွတ် အဟွတ်..."
Nodt-"မင်း ဒီထဲဘာဝင်လုပ်တာလဲ..."
"အိုက်Nodt...ပေးဝင်လိုက်...."
Bui အထဲကိုရောက်တော့ ရွက်တဲထဲမှာအချိုးမပြေတဲ့ Nodtဆိုတဲ့လူရယ် ခေါင်းဆောင်လားနတ်ဆရာလားမသိတဲ့ လူတစ်ယောက်...
ထိုလူက ခပ်ရေးရေးပြုံပြကာ
"Khun Bui...ဒီမှာထိုင်ပါ..."
Buiကထိုလူညွှန်ပြတဲ့ အခင်းတစ်ခုပေါ်ထိုင်ချလိုက်သည်။
"Khun သူငယ်ချင်းကို လိုက်ရှာနေတာဆို..."
"~အဟွတ်~အဟွတ် အရင်ဆုံး ဒီအမွှေးတိုင်တေ အရင်ငြိမ်းပေးပါလား..."
ထိုလူက Buiကို ကြည့်ပြီး ပြုံးလိုက်ကာ အမွှေးတိုင်းတွေကို ငြိမ်းလိုက်သည်။
"Sorry...ဒီနေ့ နှစ်သစ်ကူးမို့လို့ ထွန်းထားမိတာ..."
"Orr....."
"ကျွန်တော့်နာမည် Mile...Mile Phakphun...တူမြောင်းစခန်းရဲ့ ခေါင်းဆောင်ပါ...."
"Build.... Build Jakapan Phutha...."
"Khun...သူငယ်ချင်းကို ရှာဖို့ စခန်းက လူတွေကူညီပေးပါလိမ့်မယ်...Khunလည်း သူငယ်ချင်းကို ရှာမတွေ့မချင်း ဒီမှာ နေလို့ရပါတယ်...တူမြောင်းစခန်းကနေကြိုဆိုပါတယ်...."
"အဲ့တာထက် ခင်ဗျား Dr.Knight ကို သိလား..."
"......."
Nodt-" ကျွန်တော်သွားတော့မယ် မနက်စာမစားရသေးလို့...."
Nodtက စကားဝိုင်းကနေအလိုက်တသိထွက်လာခဲ့သည်။သူရွက်ဖျင်တဲထဲက ထွက်လာတော့ အဝမှာရပ်စောင့်နေတဲ့ Bibleနဲ့ တိုးသည်။တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံသွားပေမဲ့ Nodtက ဘာမှမပြောဘဲလှည့်ထွက်လာခဲ့သည်။
"Khun Buiနဲ့ Dr.Knightက အသိတွေလား..."
"Oww...ဟိုကောင်မပြောသွားဘူးလား...ကျွန်တော့်သူငယ်ချင်းက Dr.Knightနဲ့အတူတူပျောက်သွားတယ်လို့...."
"Nodtက သူ့အလုပ်ကိစ္စတွေကိုပြောသွားတာ..."
"ခွေးသား...အဲ့တာကို နှစ်နာရီလောက်ကြာတယ် ထွက်မလာဘူး..."
"ဟား...ဟား...စိတ်လျှော့ပါ သူနည်းနည်းတော့ပြောသွားပါတယ်...Dr.Knightက ခင်ဗျားသူငယ်ချင်းကို ခေါ်သွားတာဆိုတာသေချာလို့လား...."
"ရာခိုင်နှုန်းအပြည့်တော့ဘယ်ဟုတ်မလဲ....ရုတ်တရက်ကြီးနှစ်ယောက်လုံးပျောက်သွားတာရယ်....မြစ်ထဲမှာ ဘာသဲလွန်စမှမကျန်ခဲ့တာရယ်...."
"Dr.Knightက လွယ်လွယ်နဲ့သေမှာမဟုတ်ဘူး....အဓိက အကြောင်းအရာက Dr.Knight လို အန္တရာယ်များတဲ့လူနဲ့ ဘာလို့ ပူးပေါင်းခဲ့တာလဲ..."
"ပူးပေါင်းတယ်...ကျွန်တော်တို့က ဒီတိုင်းအစိုးရလက်အောက်ကို ခိုဝင်ဖို့ အတူတူလာကြရုံပဲ...."
"မင်းDr.Knighအကြောင်း ကောင်းကောင်းမသိဘူး သူက ရိုးရှင်းတဲ့လူမဟုတ်ဘူး..."
"........."
"ကမ္ဘာပျက်ကပ်မတိုင်ခင်က Dr.Knight က အစိုးရ ဓာတ်ခွဲခန်းမှာအလုပ်လုပ်တဲ့ professor တစ်ယောက်....ငါသူ့လက်အောက်မှာ ၅နှစ်လောက်လုပ်ဖူးပေမဲ့...ကမ္ဘာမပျက်ခင် နှစ်နှစ်လောက်အလိုမှာ အစိုးရ အမိန့်စာနဲ့ ဓာတ်ခွဲခန်းထဲက ပညာရှင်အချို့ကိုနှုတ်ထွက်ခိုင်းတယ် ငါလည်းအပါအဝင်ပေါ့....အဲ့ဒီနောက်ဘာတွေဆက်ဖြစ်ကြလဲတော့ မပြောတတ်ဘူး...သားရဲ မျိုးစိတ်က ဓာတ်ခွဲခန်းက စပျံ့တာလို့ ကောလဟာလကြားပြီး Dr.Knightနဲ့တခြားprofessorကြီးတွေပါ ဝရမ်းထုတ်ခံထားရတယ်"
"အိုက်Poကို ခေါ်သွားရတဲ့အကြောင်းအရင်းကကော....သူတစ်ယောက်တည်း အသက်ရှင်နေတယ်ဆိုတာတော့ မဖြစ်နိုင်ဘူး...."
"Khun စိတ်လျှော့ပါ...Khunရဲ့ သူငယ်ချင်းက သူ့ရဲ့ လျိုဝှက်ချက်တစ်ခုခုကို သိသွားတယ်ဆိုရင် သူ့ကို မြစ်ထဲမှာပဲ သတ်ထားခဲ့ပါမှာ မြစ်ရေက အစီးသန်တယ်ဆိုပေမဲ့ ရေတံခွန်အောက်မှာ လုံးဝမစီးဘူး သာမန်ရေကန်ပဲ...မနက်ဖြန် Nodtနဲ့ အတူ ရေတံခွန်မှာသွားရှာ ကြည့်မယ်...တကယ်လို့ အဲ့မှာမရှိဘူးဆိုရင် တခြားအ အကြောင်းအရင်းတစ်ခုကတော့ သေချာပေါက်ရှိနေမယ်..."
Buiမျက်နှာဟာ လုံးဝဖြူဖျော့လို့နေပြီး Poကို စိတ်ပူတဲ့စိတ်က အစွန်းကုန်ရောက်နေသည်။
"Khun အနားယူဖိုတော့လိုတယ်...."
*_____*_____*_____*
Bible ရွက်ဖျင်တဲဝမှာ မိနစ်အနည်းငယ်လောက်ရပ်စောင့်နေခဲ့သည်။အထဲက စကားတွေကို အတိုင်းသာကြားနေရပေမဲ့ စကားဝိုင်းကို ဝင်မနှောင့်ယှက်။
ခဏကြာတော့ စကားသံတိတ်သွားတာကြောင့် သူအထဲကို ဝင်သွားဖို့ ကြံလိုက်ပေမဲ့ Buiက ရွက်တဲထဲက ထွက်လာတာနဲ့တိုးသည်။Buiက အရမ်းဖြူဖျော့နေတာကြောင့်
"မင်း အဆင်ပြေရဲ့လား...."
"Bible ငါ နေလို့မကောင်း....."
Buiက စကားဆုံးအောင်မပြောနိုင်ခင်မှာပင် ခွေခနဲလဲကြသွားသည်။
"Bui!!"
ရုတ်တရက်လဲကျသွားတဲ့ Buiကြောင့်
"Bui...သတိထားဦး...Bui..."
လှိုင်ခေါင်းတွင်းက လူအချို့က Buiရဲ့အခြေအနေကို ကြည့်ပြီးအနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
Tongဆိုတဲ့ အမျိုးသားက မာကျောက်ကစားဝိုင်းကနေထလာပြီး အပြေးအလွှားလာကြည့်ကာ...
"သိပ်စိတ်မပူနဲ့ မင်းကောင်လေးဘာမှမဖြစ်ဘူး...အပြင်ကနေ ဒီအောက်ရောက်လာတဲ့လူတိုင်း သွေးဖိအားမမျှလို့ မူးလဲတတ်တယ် အိုက်Job...Job..."
"Khrub...."
လူအုပ်ထဲက အရပ်မြင့်မြင့် လူကောင်ထွားထွားနဲ့ အမျိုးသားက အပြေးရောက်လာသည်။သူက Buiကိုပွေ့ဖို့ကြိုးစားလိုက်ပေမဲ့
"သူ့ကို မထိနဲ့..."
"......."
"ငါချီလာခဲ့မယ်...မင်းအရှေ့ကလမ်းပြ...."
Job အနည်းငယ်ကြောင်အသွားရသည်။
Bible က Buiကို ပွေ့ချီလိုက်ပြီး
"ဘယ်ကိုသွားရမှာလဲ..."
"ဟိုဘက်က မိုးပြာရောင် တဲပါ...အဲ့မှာ သူနာပြုတွေရှိတယ်..."
Bible က ဘာစကားမှမဆိုပဲ မိုးပြာရောင် တဲဘက်ကို ထွက်သွားခဲ့သည်။
Tongက Jobရဲ့ ပခုံးကို ဖက်ခနဲ လှမ်းရိုက်လိုက်ပြီး
"မင်းဟာ အလိုက်ကန်းဆိုးကို မသိဘူး..."
*______*______*______*
"ဝမ်းဗိုက်က ဒဏ်ရာက ချုပ်ထားတာမ သေသပ်တာကြောင့် ချုပ်ရိုးပြဲသွားပြီး သွေးထွက်လွန်တာပါ...ပြီးတော့ တူမြောင်းရဲ့ လေဖိအားကြောင့် blood pressure ထိုးကျသွားတာပါ....ရက်နည်းနည်းလောက်အနားပေးလိုက်ရင် သက်သာသွားမှာပါ..."
သူနာပြုအမျိုးသားက အနာကိုဆေးစည်းပေးပြီတာနဲ့ ရွက်တဲထဲက ထွက်သွားသည်။
Jeff-"Bibleမင်းတစ်ခုခုစာလိုက်ပါဦး..."
Jeffက ထမင်းကြော်တစ်ပန်းကန်နဲ့ ရေတစ်ဘူးကို တဲထဲသယ်လာပြီး side table ပေါ်မှာ တင်ပေးလိုက်သည်။
"Jeff...မင်းနဲ့ Dr.Knightနဲ့ ဘယ်လိုစဆုံခဲ့တာလဲ...."
Jeff က အနားမှ ရှိနေတဲ့ ခုံအသေးလေးတစ်လုံးကို လှမ်းဆွဲလိုက်ပြီး Bibleဘေးမှာ ဝင်ထိုင်လိုက်သည်။
"မင်း ငါကိုပါ သံသယဝင်နေတာ မဟုတ်ပါဘူးနော်...."
"........"
"တကယ်ကြီးလား....အချစ်က ကြောက်ဖို့ကောင်းလိုက်တာ....ငါနဲ့Dr.Knightနဲ့က ပထမဆုံးရက်ကတည်းက စတွေ့ခဲ့တာ ပုံမှန်ပါပဲ...သူ့ကိုသူ zoo professor အနေနဲ့ မိတ်ဆက်တယ်ဒီလောက်ပဲလေ...ငါတို့ကြားမှာ ဘာပတ်သတ်လျိုဝှက်မှုမျိုးမှ မရှိဘူး...မင်းအတွေးလွန်နေပြီ..."
"......."
"အဆင်ပြေသွားမှာပါ..."
Jeffက Bible ရဲ့ ပခုံးကို ပုတ်ကာ နှစ်သိပ်ပေးလိုက်ပြီး ရွက်ဖျင်တဲက ထွက်သွားလိုက်သည်။
"P'Jeff...."
"Oww... Barcode....ဒီမှာဘာလုပ်နေတာလဲ..."
"P'Buiရဲ့ အခြေအနေကော..."
"သူအခုထိ မနိုးသေးဘူး...ဘာဖြစ်လို့လဲ...."
"ဘာမှမဟုတ်ပါဘူး..."
Bibleရွက်ဖျင်တဲထဲမှာ တစ်ယောက်တည်းကျန်နေခဲ့သည်။Buiက ဆေးအရှိန်ကြောင့် တော်တော်နဲ့နိုးမှာမဟုတ်သေးဘူးလို့ သူနာပြုက ပြောထားခဲ့ပေမဲ့ သူBuiနားမှာပဲ နေနေပေးခဲ့သည်။သူအမြဲသယ် နေကျEnglish စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်နေမိသည်။Buiကြည့်ရတာ အရမ်းကိုဖျော့တော့နေခဲ့သည်။သူBuiရဲ့လက်ကိုအသာအယာဆုတ်ကိုင်ပြီး လက်ဖမိုးလေးကိုပွတ်သပ်ပေးနေမိသည်။
*_______*______*_______*
"မား....ပါးကဒီညပြန်လာမှာလား...."
"မင်းဒီမှာ ဘာလာလုပ်နေတာလဲ...ငါအလုပ်လုပ်နေတယ်လေ...ငါရှုံးလို့ကတော့မင်းမလွယ်ဘူးနော်..."
Bui အမေဖြစ်သူစိတ်ဆိုးမှာကိုကြောက်တာကြောင့် ကစားဝိုင်းကနေအမြန်ဆုံးထွက်လာခဲ့သည်။ဒီရက်ပိုင်းတွင်း Buiမေမေနဲ့ ဖေဖေ ခဏခဏ ရန်ဖြစ်သည်။အမေဖြစ်သူရဲ့ လောင်းကစား စွဲနေတဲ့ ကိစ္စနဲ့ မိသားစုငွေအမြောက်အများဆုံးရှူံးထားရတာကြောင့်
"မင်း ဒီလို့ဆက်လုပ်နေရင် အကုန်လမ်းဘေးရောက်ကုန်လိမ့်မယ်..."
"အဲ့တော့ ဘာဖြစ်လဲ ကျွန်မထောင်ကျတာကို ရှင်မြင်ချင်နေတာလား..."
"ငါမင်းကို ငွေတွေအများကြီး ထုတ်ပေးပြီးသွားပြီလေ...ဒီထက်ပိုပြီး ထုတ်မပေးနိုင်တော့ဘူး...မကျေနပ်ရင်ငါနဲ့ကွာလိုက်..."
Bui မိဘနှစ်ပါး ရန်ဖြစ်တဲ့ အချိန်တွေဆို အဝတ်ဗီရိုထဲမှာ သူအမြဲပုန်းနေခဲ့ရသည်။အဲ့လိုမှမဟုတ်ရင်
"ဒါတွေအားလုံးက နင့်ကြောင့်ဖြစ်ရတာ....နင်သူ့ကို သွားပြောတာမလား..."
Buiရဲ့ မားမားက သူ့ကိုပြသနာရှာပြီး ရိုက်တတ်သည်။နှစ်အနည်းငယ်ကြာတော့ မားက သူ့ကို ထားခဲ့ပြီး အဖေနဲ့ ကွာရှင်းခဲ့သည်။ဒါပေမဲ့
~ခလွမ်း~
"မင်း ဒီအရေမရအဖက်မရတွေကို လုပ်ပြီး အချိန်ဖြုန်းနေတာ ခုထိမရပ်သေးဘူးလား..."
Bui ပြုတ်ကျသွားတဲ့ saxophone ကို ပြန်ကောက်ဖို့ကြိုးစားခဲ့ပေမဲ့ အဖေဖြစ်သူက saxophone ကို အဝေးကြီးလွင့်ထွက်သွားတဲ့အထိ ကန့်ထုတ်ပစ်ခဲ့သည်။
"မင်း ဒီကိုလာခဲ့..."
အလယ်တန်းကျောင်းသား အရွယ်ကစပြီး အခန်းပိတ်အပြစ်ဒဏ်ကို ရက်ပေါင်းများစွာ အကြိမ်ပေါင်းများစွာခံခဲ့ရသည်။စာမေးပွဲမှာအမှတ်ကျတာပဲဖြစ်ဖြစ် saxophone နဲ့ပတ်သတ်ရင်ပဲဖြစ်ဖြစ် တိုက်ပိတ်ပစ်ဒဏ်ကို သူခံရစမြဲ။
"ပါး ကျွန်တော့ကို ဖွင့်ပေးပါ...ပါး...ကျွန်တော်နောက်တစ်ခါ မလုပ်တော့ပါဘူး.."
"Bui...."
" ပါး...ကျွန်တော်ဒီထဲမှာမနေချင်ဘူး...ပါး..."
"Bui...."
Buiအိပ်မက်ဆိုးတွေက လန့်နိုးလာခဲ့သည်။
"Bui...."
သူနိုးနိုးချင်းပထမဆုံးမြင်ရတာကသူ့ကို စိုးရိမ်တကြီး ခေါ်နေတဲ့Bible
Buiက သူ့ကိုမြင်တာနဲ
"Bible...."
သူ့ကိုအတင်း ဖက်ကာ...
"Bible...ငါ့ကို ကယ်ပါ...."
"ငါရှိတယ်...ငါရှိတယ် Bui...မင်း အိပ်မက်ဆိုးတွေ မက်နေတာ..."
Bible က Buiရဲ့ကျောပြင်ကို အသာလေးပွတ်သပ်ပေးရင် ချော့မြူနေခဲ့သည်။
"မင်း...နေမကောင်းသေးဘူး...Bui..."
Buiရဲ့ကိုယ်က ချွေးစေးတွေပျံလာတာကြောင့်အဖျားက တော့စောနကလောက်မပြင်းတော့ပေ။
"ငါရှိတယ်နော်..."
Bui Apoကို အရမ်းခိုတွဲနေတာမဆန်းတော့။အရင်က သူ့မှာပြင်းထန်တဲ့ မိသားစုအခြေအနေတွေရှိနေခဲ့သည်ထင်၏။
"Bui...ပြန်အိပ်လိုက်နော်..."
Bible အပြင်ကလူတွေဆီက သောက်စရာတစ်ခုခုတောင်းဖို့ထလိုက်ပေမဲ့
"Bible...မင်းဘယ်သွားမလို့လဲ..."
"ရေသွားတောင်းမလို့.."
Buiက Bible လက်ကို အတင်းဆွဲထားကာ
"ငါရေမသောက်ချင်ဘူး...မင်ဒီနားမှာပဲနေပါ..."
"ဟက်...မင်းသရဲကြောက်လို့လား...."
"ငါတစ်ယောက်တည်းနေရမှာကြောက်လို့..."
"......."
Bibleစနောက်ချင်ခဲ့ပေမဲ့ Buiဆီက သူကြားရတဲ့ စကားကြောင့် ပြောစရာစကားမရှိတော့ပဲ စွံ့အမိသည်။သူ့က Buiဘေးမှာ ဝင်ထိုင်လိုက်ပြီးBuiရဲ့ လက်တွေကို ထပ်ပြီး ဆုတ်ကိုင်မိပြန်သည်။
"ငါဘယ်မှ မသွားတော့ဘူး ....မင်းနားမှာစောင့်နေပေးမယ်..."
Buiရဲ့ မျက်လုံးတွေက အသက်မဲ့လျက် သူ့လက်တွေကို ကိုင်ထားတဲ့ Bubleလက်တွေကို သာငေးကြည့်နေမိသည်။
"ငါက အသုံးမဝင်တဲ့ လူတစ်ယောက်..."
"ငါ့မှာ ဘယ်သူ့မှမရှိတော့ဘူး...မားကော...ပါးကော...Poကော...အကုန်လုံး ငါ့ကိုထားသွားကြပြီ..."
Buiပြောရင်းနဲ့ မျက်ရည်တွေစီးကျ လာသည်။သူမငိုမိအောင်ကြိုးစားပေမဲ့ မတတ်နိုင်။တကယ်လို့သာ ထပ်ပြီးတစ်ယောက်တည်းကျန်နေခဲ့ရင် သူအသက်ဆက်ရှင်ဖို့တောင်ခွန်အား ရှိမှာမဟုတ်ဘူး။
Bibleက ငိုနေတဲ့ Buiကို ရင်ခွင်ထဲ သွင်းကာ
"ဘာလို့ အဲ့လိုတွေ ထပ်ပြောနေရတာလဲ...မင်း တကယ်ပဲ ငါ့ကို မမြင်နိုင်တာလား...Bui...ငါရှိနေတယ်လေ..."
သူဒီစကားကို ခဏခဏပြောနေခဲ့တာတောင် Buiက သူ့ကို အမြဲလျစ်လျူရှုနေဆဲပဲ....။
*_____*_____*_____*
Tong-"Oii...ဘယ်ချိန်ရှိနေပြီလဲ...သူတို့မနိုးကြသေးဘူးလား..."
၈နာရီထိုးတာတောင်မနိုးသေးတဲ့ Bibleနဲ့ Buiကြောင့်
Tong-"ငါသွားနှိုးလိုက်မယ်..."
Tongက ကြိုးခွေတွေကို Nodtဆီပစ်ပေးပြီး ဆေးပေးခန်းရွက်ဖျင်တဲဆီကို ထွက်လာခဲ့လိုက်သည်။
"Nong Bui Nong Bible မင်းတို့မထ...."
တဲထဲမရောက်ခင်ထဲက အော်ခေါ်လာခဲ့ပေမဲ့ ရွက်တဲထဲရောက်တော့ မြင်းကွင့်ကြောင့် ပါးစပ်ပိတ်သွားခဲသည်။
Bible ဆိုတဲ့ကောင်ချောလေးက အလှလေးBuiကို ရင်ခွင်ထဲထည့်ပြီး နှစ်ယောက်သားအိပ်ပျော်နေကြသည်။
အူယားစရာ မြင်ကွင်းကြောင့် သူ့ကိုယ်သူမအော်မိအောင်ထိန်းထားရသည်။
"Oii...ချစ်ဖို့ကောင်းလိုက်ကြတာ..."
သူအသဲယားလွန်းတာကြောင့် ရွက်တဲရဲ့ လိုက်ကာတွေကို ဆွဲကာ လုံးချေမိသည်။သူဆွဲနေတာကြောင့် ရွက်တဲရဲ့ လိုက်ကာကလည်း ပြုတ်ထွက်လုမတက်။
"P'Tong...မနိုးသေးဘူးလား...ဘယ်လိုနှိုးနေတာလဲ..."
Nodt ရဲ့ အသံဆိုးကိုကြားတော့ Tongက ရွက်ဖျင်တဲအဝကို ကိုယ်နဲ့ကာပြီးပိတ်လိုက်သည်။
Nodt-"P'ဘာလုပ်တာလဲ ဖယ်ပေး...."
"အသံဆိုးနဲ့ အလိုက်ကန်းဆိုးမသိပါလား...သူများတကာတွေ အေးအေးချမ်းချမ်းနေနေတာ မနှောက်ယှက်နဲ့လေ မင်းအာ့ကြောင့်ရည်းစားမရတာ..."
"ပေါက်ကရတွေလျှောက်မပြောစမ်းနဲ့...အားလုံးက အချိန်နဲ့အလုပ်လုပ်နေတာ....Bible..."
"ဘာလဲ..."
Bibleက ဘယ်အချိန်က နိုးလာလည်းမသိ။Nodtရဲ့ အသံဆိုးနဲ့ အော်ဟစ်နေမှုကြောင့် နိုးလာတာပဲဖြစ်မည်။သူ့ကြည့်ရတာလည်း Nodt ဆိုတဲ့ အလိုက်ကန်းဆိုးမသိတဲ့ကောင်ကို မကြည်တဲ့ပုံပင်။
Tong-"Nong' Bible နိုးလာပြီလား...မင်းကောင်လေးကော..."
"သူအိပ်နေတုန်း....ထပ်အော်မနေနဲ့ သူ့နိုးသွားလိမ့်မယ်...ကျွန်တော်လိုက်ခဲ့မယ်..."
Bibleက Nodtနဲ့ထွက်သွားတော့ Tongတဲထဲကို ချောင်းကြည့်မိသေးသည်။
"တကယ်ကြီး မနိုးသေးတာပဲ...သူ့စားဖို့အတွက် တစ်ခုခုလုပ်ပေးထားမှထင်တယ်...မဟုတ်ရင် ဟိုကောင်လေးက ငါ့ကို ပြဿနာရှာလိမ့်မယ်...ကြောက်စရာ...."
*______*_____*______*
If you enjoy my story, vote for me...plz
Thanks for reading...
Zawgyi
"P'Tong...."
"မသိဘူး...."
"P'Mileကော..."
"လူစိမ်းတွေပါလာတယ်..."
*_____*_____*_____*
Bui-"တကယ်လား..."
Bui-"ငါသွားမယ်..."
*_____*_____*_____*
"Khun Bui...ဒီမှာထိုင်ပါ..."
"Orr....."
"......."
"........."
*_____*_____*_____*
"မင်း အဆင်ပြေရဲ့လား...."
"Bui!!"
"Bui...သတိထားဦး...Bui..."
"Khrub...."
"သူ့ကို မထိနဲ့..."
"......."
"ဘယ်ကိုသွားရမှာလဲ..."
*______*______*______*
"........"
"......."
"အဆင်ပြေသွားမှာပါ..."
"P'Jeff...."
"P'Buiရဲ့ အခြေအနေကော..."
"ဘာမှမဟုတ်ပါဘူး..."
*_______*______*_______*
~ခလွမ်း~
"မင်း ဒီကိုလာခဲ့..."
"Bui...."
"Bui...."
"Bui...."
Buiက သူ့ကိုမြင်တာနဲ
"Bible...."
သူ့ကိုအတင်း ဖက်ကာ...
"Bible...ငါ့ကို ကယ်ပါ...."
"ငါရှိတယ်နော်..."
"ရေသွားတောင်မလို့.."
"......."
*_____*_____*_____*
"ဘာလဲ..."
*______*_____*______*
Thanks for reading...