Never

By Blacksheep303

24.6K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Zawgyi 16

127 2 0
By Blacksheep303

ဒီနေ့ စနေနေ့ လက်ရည်စမ်း ပြိုင်ပွဲကို မနက်၁၀နာရီ တိတိမှာ ရိပေါ်တို့ Martial Art Sport Clubမှာပဲ လုပ်မှာ
ဒါကြောင့် မနက် ၉နာရီမထိုးခင် ၁၀မိနစ်လောက်မှာ ရိပေါ်နဲ့ ဟောက်ရွှမ်းတူတူ ကွန်ဒိုကနေ ထွက်လာခဲ့ပါတယ် ရှောင်းကျန့် ဘယ်ရောက်နေလဲ မမေးနဲ့ မသိဘူး ရိပေါ် စိတ်သိပ်မကြည်လို့ပါ

မနေ့က ပြည့်ပြည့်ဝဝ အနားယူမှရမယ် ဆိုပြီး ရိပေါ်ကို သူ့အိမ်ပြန်မခေါ်ဘဲ အိမ်ပြန်လာပို့သွားတာပါ သူတောင် ထားခဲ့နိုင်သေးတာ ကိုယ်ကလည်း နေနိုင်ရမှာပေါ့ ဆိုတဲ့စိတ်နဲ့  စိတ်ရောလူရောမျက်စိရော နားရော အားလုံးအနားယူလိုက် ပါ့မယ်လို့ ပြောပြီး ဖုန်းပါပိတ်ပစ်ပြီး ညစာ စားပြီးတာနဲ့ အိပ်ရာထဲခွေခေါက်ဝင်အိပ်လိုက်တာပါ မိုးလင်းတော့လည်း ဖုန်းမဖွင့်သေးပါဘူး မဖွင့်ချင်လို့ပါ စိတ်မကြည်တော့ ကိုယ်လုပ်ချင်တိုင်း လုပ်လို့ရတာက ဖုန်းပဲရှိတာလေ

ဟောက်ရွှမ်းကလည်း အသေအရောက်ပို့တာ

"မိုင်မနေနဲ့ ဘောလီဘောပုတ်သလို မြှင့်တင်လိုက် ရိုက်ချလိုက် ကျွမ်းကျင်လွန်းတဲ့သူကို ကြိုက်ထားပြီးမှ ဘောလီဘောလို ပုတ်ထုတ်ခံရမှ စူပုတ်မနေနဲ့ ကစားတာ မခံရချင်ရင် ဝေးဝေးနေ ဝေးဝေးမနေနိုင်ရင် ကစားတာခံလိုက် ကိုယ့်မိုက်ပစ်နဲ့ကိုယ် စိတ်ကိုလျော့ ဒီနေ့ ပြိုင်ပွဲရှိတာ စိတ်ရှုပ်မခံနဲ့"

'မင်းကလေ အဲဒီထက် နည်းနည်းလောက်ပိုပြီး ကျန့်ကောကို အကောင်းမြင်ပေးလို့မရဘူးလား ငါ့ကို ပုတ်ထုတ်ထားတာမဟုတ်ပါဘူး အနားယူခိုင်းထားတာကို"

"တွေ့လား မျက်နှာကသာစူပုတ်နေတာ ပြောရင်တော့ နည်းနည်းလေးမှ အထိခံတာမဟုတ်ဘူး အေးပါ အကောင်းမြင်ပေးပါ့မယ် ခုတော့ မင်းကို အားပေးဖို့လိုက်လာတာမို့ မင်းစိတ်မရှုပ်ရင် ပြီးတာပါပဲ"

"စိတ်မရှုပ်ပါဘူး နည်းနည်းလေး နည်းနည်းလေး စိတ်ကောက်ချင်သလိုလိုဖြစ်နေတာပါ ဘာမှမဖြစ်ဘူး"

"ပြီးတာပဲ"

ဒီလိုနဲ့ စူပုတ်သလိုလို မစူပုတ်သလိုလိုနဲ့ ကလပ်ရောက်လာတာပါ ကလပ်ရောက်တော့ ရှောင်းကျန့်ကတောင် ရောက်နေပါပြီ
ရိပေါ်ရောက်လာတာလဲ မြင်ရော ပြုံးပြလိုက်တာမို့  တညလုံး မကျေမနပ်ဖြစ်တာမှန်သမျှ ဘယ်ရောက်သွားမှန်းတောင် မသိပါဘူး

"လာ လာ ရိပေါ် လာ ဖုန်းခေါ်သေးတယ် စက်ပိတ်ထားတယ်ဆိုလို့ ဒီလာစောင့်လိုက်တာ အခုမှ ၉နာရီခွဲ ဆိုပမယ့် အဝတ်လဲ ထားလိုက်ပါလား အဆင်သင့်ဖြစ်တော့ ကောင်းတာပေါ့"

ရိပေါ် အဝတ်အစားလှဲပြီး ထွက်လာမယ် လုပ်တော့ ရှောင်းကျန့်က ရောက်လာပြီး ရိပေါ်ကို ခဏလေးဖက်ထားလိုက်ပြီး နဖူးလေးကို အနမ်းပေးတာပါ

"ငါ မင်းကိုလာ အားသွင်းပေးတယ် သေသေချာချာလေး စိတ်ကို Relax လုပ် ကျင့်ထားသမျှ Slow Motionလေးနဲ့ စိတ်ထဲ ပြန်မြင်ကြည့်ထား တွေးထား လေ့ကျင့်တယ်လို့ပဲ သဘောထား OK"

"OK သွားပြီ ပြီးရင်တော့ ပြောထားတာ မမေ့နဲ့နော်"

"မမေ့ဘူး လုံးဝ မမေ့ဘူး"

Clubတွင်း ပြိုင်ပွဲဆိုပေမယ့် သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်းတွေပါ ခေါ်ပြီး အားပေးကြတာရယ် ပြီးတော့ ဒီနေ့က ရိပေါ်တို့လို လက်ရည်စမ်းပြိုင်ပွဲ လေးခုတောင်မို့ ခါတိုင်းထက် Clubမှာ လူပိုများပါတယ် Agency နဲ့ စာချုပ်ချုပ်ဖို့ ပြောထားတဲ့သူတွေလည်းပါတာအပြင် Agencyတွေကလည်း လက်ရည်မြှင့်တဲ့သူအသစ်တွေကို Trainee အနေနဲ့ခေါ်ချင်ကြတာမို့ Agencyတချို့လည်း ရောက်နေကြတာပါ
စည်စည်ကားကားလေး ဖြစ်သွားတာပေါ့

ရိပေါ် နဲ့ ကျန်းဖေးရှီးက ပထမဆုံးပွဲစဉ်ပါ

စင်ပေါ် ရောက်ပြီး ဒိုင်လူကြီးက လက်ဆွဲနှုတ်ဆက်ခိုင်းပြီး လူခွဲပြီး ခဏနေတာနဲ့ ပြိုင်ဘက် ကျန်းဖေးရှီးက အရှိန်ယူတာမျိုး မရှိဘဲ တန်းပြီး အလစ်ထိုး လိုက်တာမို့ ရိပေါ် နည်းနည်းထိသွားတာပါ တော်သေးတာ လက်ဝင်လာတာကို ဆတ်ခနဲ မြင်လိုက်တာမို့ နည်းနည်းရှောင်လိုက်နိုင်တာကြောင့် ပါးကို ပဲ ထိသွားတာ

ပြိုင်ဘက်က မလွယ်ကြောပဲ သူက လက်သီးအားသာတဲ့လူ ဖြစ်ရမယ် ထိုးတာကို အားထားတဲ့ ပြိုင်ဘက်မို့ လေ့ကျင့်ထားတဲ့ တိုက်ကွက်က မကြာခင်ဘဲ ထုတ်သုံးလို့ ရနိုင်တယ်လို့တွေးတုန်း ပြိုင်ဘက်က နောက်ထပ် လက်သီးနဲ့  တည့်တည့်ကြီး ထိုးချလိုက်တာမို့ လေ့ကျင့်ထားတဲ့အတိုင်း ခါးကို ရုတ်တရက် ချိုးချပြီး ဒူးနဲ့တိုက်ချလိုက်တော့ ပြိုင်ဘက်ကနောက်လှန်ကျလာတဲ့အချိန်မှာ တံတောင်နဲ့ပင့် ရိုက်လိုက်တာ ပြိုင်ဘက် ဗိုင်းကနဲ လဲသွားတာပါ သတိမလစ်ပေမယ့် သေချာတယ် ပြန်မထနိုင်လောက်ဘူး ကျင့်တုန်းက Brickကွဲအောင် ကျင့်ထားတဲ့အားထက် ပိုပြီးအားစိုက်ထားတာလေ

'1....2....3....4....5....6....7....8....9....10"
ရေတွက်မှုအဆုံးမှာ ဒိုင်လူကြီးက ရိပေါ်လက်ကို ဆွဲမြှောက်လို့ အနိုင်ရရှိကြောင်း ကြေငြာလိုက်တာပါ

"ဝေး....ရွှီး ရွှီး .....ဖြောင်းဖြောင်း........ဖြောင်း"

လက်ခုပ်တွေ တီး လက်ခေါက်မှုတ် အားပေးကြတာပါ ပွဲစပြီး မကြာခင် စုစုပေါင်း ကြာချိန် ၁၈စက္ကန့်နဲ့ ပြိုင်ဘက်ကို အလှဲထိုးနိုင်ခဲ့တာကြောင့်ပါ တစ်ချို့ဆို ပွဲစခါစမို့ ဟိုလှည့်ဒီလှည့်လုပ်နေတုန်းရှိသေးတယ် တစ်ယောက်ကမှောက်ပြီး ဒိုင်လူကြီးကအချိန်ရေတွက်နေရပြီဆိုတော့ ဘာလိုဖြစ်သွားတာတုန်း ဘယ်လိုထိုးလိုက်တာတုန်း ဘာမှတောင် မကြည့်လိုက်ရဘူး နာတယ်ကွာတွေရော

ငါတို့ကတော့ သေချာမြင် လိုက်တယ် တိုက်ကွက်က အဆန်းကြီး မိုက်တယ်ဆိုတဲ့အသံတွေရော ကြားနေရတာပါ ရိပေါ်စိတ်ထဲက ချန်ပီယံကြီးကိုယ်တိုင် Trainထားတာကိုး ဒီလောက်တော့ရှိမှာပေါ့လို့ ဂုဏ်ဆာနေတာပါ ပြိုင်ပွဲပြီးရင် ရမယ့်ဆု ကိုလည်း တွေးပြီး ကျေနပ်နေတာပေါ့

ကြိုးဝိုင်းထဲကထွက်လာတော့ ရှောင်းကျန့်က သူ့ဘေးက နေရာကို လက်ညှိုးထိုးပြတာမို့ Boxing Robeခြုံပြီး ဘေးနားသွားရပ်လိုက်တာပါ ကလပ်မှာ လက်ရည်စမ်းပြိုင်ပွဲဆိုတော့ ထိုင်ခုံမရှိဘူး အားလုံးမတ်တပ်ရပ်အားပေးကြတာပါ ဘေးနားရောက်လာတဲ့ရိပေါ်ကို

"တော်တယ် YIBo is the Best"

ဆိုပြီး လက်မနှစ်ဖက်ကို ထောင်ပြီးပြုံးပြနေတာကြောင့်

"ချန်ပီယံကြီးက ကိုယ်ဖိရင်ဖိ သင်ပေးထားတာကြောင့်လေ တပည့်ကြီးကလည်း ကိုယ်ဖိရင်ဖိပြန်ပြီး ကျေးဇူးဆပ်ပါ့မယ်"

လို့ နားနားလေး ကပ်ပြီးတိုးတိုးလေး ပြောလိုက်တာကြောင့် အဟားခံရပါသေးတယ်

ဘာကြောင့် ဟားတိုက်ခံရမှန်း နားမလည်ပါဘူး ကျန့်ကောရဲ့ မျက်လုံးတွေက အပြုံးတွေ ဘာမှမသိသေးတာမို့ သနားစရာလေး လွတ်ထားပေးလိုက်ဦးမယ်ဆိုတဲ့ Vibeမျိုးရနေတာကြောင့် တစ်မျိုးကြီးပဲ ပွဲစဉ်တွေအားလုံးပြီးသွားတော့ ၁၁နာရီတောင် မထိုးသေးပါဘူး Agency တွေက ကမ်းလှမ်းလာသမျှကိုလည်း ကျန့်ကောကိုယ်တိုင် သူ့မှာ စာချုပ် ချုပ်ထားပြီးသား Agency ရှိတာမို့ လက်မခံဘူးဆိုတာကို ဒိုင်ခံပြောပေးနေလေရယ့် အောင်ပွဲအထိမ်းအမှတ် အနေနဲ့ ကျန့်ကောက တစ်ဖွဲ့လုံးကို လိုက်ကျွေးတာပါ Clubပိုင်ရှင် လျှိုဟိုက်ခွမ်း၊ ကျန့်ကော သူငယ်ချင်း ဝမ်ကျိုးချန်၊ ဟောက်ရွှမ်းနဲ့ ကျိရန်စုံတွဲ အပြင် ကလပ်က နည်းပြဆရာတွေ အားလုံးကို ပါ လိုက်ကျွေးတာပါ

စားကြသောက်ကြ စကားတွေပြောကြနဲ့ ပျော်စရာကြီးပါပဲ အားလုံးလည်း စားပြီးရော

" အားလုံးကို နှုတ်ဆက်ပြီး ကျွန်တော် အရင်ပြန်နှင့်ပါရစေ လေယာဉ်ကွင်း ဆင်းရတော့မှာမို့ပါ ကွင်းချိန်း၁နာရီမို့ အရင်ပြန်ပါရစေ"

နှုတ်ဆက်စကားက တစ်ခြားသူဆီက မဟုတ်ဘဲ ရိပေါ်နား ကပ်ထိုင်နေတဲ့ကျန့်ကောမို့ ပိုအံ့အားသင့်သွားတာပါ အံ့ဩတကြီးနဲ့ ကြည့်နေတဲ့ ရိပေါ်ကို ကြည့်ပြီး

"ဟုတ်တယ် ရိပေါ် ငါမင်းကို ကြိုမပြောမိထားတာ ပြိုင်ပွဲအတွက် စိတ်အနှောင့်အယှက် ဖြစ်နေမှာစိုးလို့ အဲဒါကြောင့် မနေ့က အိမ်ပြန်ပို့ထားတာ မဟုတ်ရင် ပစ္စည်းသိမ်းထားတာ သိပြီး ကြိုစိတ်ညစ်နေရမှာစိုးလို့ပါ"

ရိပေါ် စဉ်းစားထားတာက အခု ဩဂုတ်လ ၂ရက်နေ့ဆိုတော့ ရိပေါ် မွေးနေ့ ရောက်တော့မှာမို့ မွေးနေ့အတွက် တိုင်ပင်စရာလေးတွေ နေ့လည်စာ စားပြီးရင် ပြောဖို့လုပ်ထားတာ အခုတော့ ပြောစရာမလိုတော့ဘူးပေါ့ ဒါပေမယ့် နည်းနည်းလေး မျှော်လင့်ပြီး

"ဘယ်တော့ပြန်လာမှာလဲ ဘယ်သွားမလို့လဲဟင် ကျွန်တော်ရော လိုက်ခဲ့လို့ရမလား"

"ရဘူးလေ ရိပေါ်ရဲ့ ကိုယ်က အရေးကြီးတဲ့ ကိစ္စ မို့ပါ"

"ကျွန်တော့်ထက် အရေးကြီးလား"

"အင်း ရိပေါ်ထက် မဟုတ်ပေမယ့် ရိပေါ်လောက် အရေးကြီးတယ် ဒါပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စနဲ့သွားတာဆိုတော့ သူစိမ်း ပါလာလို့မရဘူးလေ တစ်ပတ်လောက်ပဲကြာမှာပါ"

ရှောင်းကျန့်အဖြေကြောင့် ရိပေါ် စိတ်မကောင်းဖြစ်ရပါတယ် သူစိမ်းတဲ့လား ကျွန်တော်က ကျန့်ကောအတွက် ခုချိန်ထိ သူစိမ်းလိုပါပဲလား မွေးနေ့ပွဲလည်း ထားလိုက်ပါတော့ အရင် အရင် ကနှစ်တွေတုန်းကလည်း ဒီလိုလေးပဲ ကျော်ဖြတ်လာတာဆိုတော့ ကိုယ်နဲ့အတူ ရှိနေစေချင်တဲ့သူက မအားတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ လို့ပဲတွေးပြီး

"အင်း မရဘူးဆိုတော့လည်း မရဘူးပေါ့ လမ်းခရီး ဂရုစိုက် ဟိုရောက်ရင် ဖုန်းဆက်နော် ဖုန်းဖွင့်ထားမယ်"

မကြာခင်ပဲ အားလုံးကို နှုတ်ဆက်ပြီး ရှောင်းကျန့်ကတော့ ထွက်လာခဲ့ပါတယ်

*
*
*
*
ရိပေါ်လေး မျက်နှာမကောင်းတာသိပေမယ့် ရှောင်းကျန့် မသိချင်ယောင်ဆောင်ပြီး ထွက်ခဲ့လိုက်တာပါ

တကယ်က သူလေး ပျော်ရွှင်ရအောင် ကိုယ်က လုပ်ပေးချင်တာလေးရှိလို့ ခုလို စီစဉ်ပြီးထားခဲ့ရတာ သူ့မွေးနေ့ ကို မသိဘူး အတူမရှိနိုင်ဘူး ထင်နေတာမို့ မျက်နှာပျက်နေတာပါ ရှောင်းကျန့်က အားလုံးသိနေတဲ့သူမို့ ပျက်နေတဲ့ မျက်နှာလေးကို မြင်ပေမယ့် ကျီစားနေရတာမို့ ပျော်နေတာပါ

စိတ်ချရိပေါ် ငါပျော်သလို မင်းလည်းပျော်ရမှာပါ အခုတော့ ခဏသည်းခံပါဦးလို့ စိတ်ထဲကနေ တိုးတိုးလေး ပြောခဲ့ပါသေးတယ် ဒီခရီးစဉ် က ငါ့ဘဝအတွက် အရေးကြီးဆုံး ခရီးစဉ်လို့ ဘာကြောင့်ပြောရလဲဆိုတာ နောက်ကျမှ မင်းကိုပြန်ပြောပြမယ်

*
*
*
စီစဉ်ထားတဲ့ ခရီးစဉ်ရဲ့ အဆုံး ကိုယ်သွားချင်တဲ့ အိမ်ရှေ့ရောက်တော့ ဝင်ရမလား မဝင်ရဘူးလား ချီတုံချတုံနဲ့ လက်ဖျားခြေဖျားတွေတောင် အေးနေတာပဲ ဒါပေမယ့် ကိုယ်တန်ဖိုးထားတာလေး ကို ရယူနိုင်ဖို့အတွက်ဆိုတဲ့စိတ်နဲ့ အားတင်းပြီး

"အားရီ............အားရီ.......အိမ်ရှင်တို့"

ရှောင်းကျန့် အော်သံကြောင့် ကလေးမလေးတစ်ယောက် အိမ်ရှေ့ထွက်လာပြီး

"ဘယ်သူနဲ့တွေ့ချင်လို့လဲရှင့်"

"အာ ...ဟို ဟို ဝမ်ရိပေါ် တို့အိမ်မလား ဝမ်ရိပေါ် မားမား နဲ့တွေ့ချင်လို့ပါ"

"ဟုတ်ကဲ့ ရှိပါတယ် အိမ်ထဲဝင်ပါဦးရှင့်"

ပါလာတဲ့အိတ်အသေးလေးကို ဆွဲပြီး အိမ်ထဲဝင်ထိုင်နေလိုက်ပါတယ် လက်ဝှေ့ပွဲတွေ အချီချီထိုးလာသမျှ ရင်တုန်ပန်းတုန်မဖြစ်ဘဲ ခုမှ ရင်တွေတုန်နေတာပါ ခဏနေ ဝမ်ရိပေါ်မားမား ဧည့်ခန်းထဲကို ထွက်လာတာပါ

"အားရီ မင်္ဂလာပါ ကျွန်တော် ရှောင်းကျန့်ပါ ခင်ဗျာ"

"ဪ ဟိုတစ်ခါ လိုက်လာတဲ့ ကလေးပဲ အန်တီမှတ်မိပါတယ် သားသားရိပေါ်က လည်း ဖုန်းဆက်တိုင်း မင်းအကြောင်းတွေ ပြောပြပါတယ်"

"ဟုတ်ကဲ့ပါ အခု ကျွန်တော် အားရီနဲ့ နှစ်ယောက်တည်း သေသေချာချာလေး စကားပြောချင်လို့ပါ ခင်ဗျ"

ပြောလည်းပြော နောက်နားကနေရပ်နေတဲ့ ကလေးမလေးကို မျက်လုံးဝင့်ကြည့်လိုက်တာမို့ ရိပေါ်မားမားက သဘောပေါက်တာကြောင့်

"ချင်းဟယ်ရေ အခုဈေးကိုသွား ပုဇွန်ရယ် ငါးဖယ်ရယ် တခြားလိုအပ်တဲ့ အသီးအရွက်တွေ သွားဝယ်ခဲ့ ဧည့်သည်ချက်ကျွေးရအောင် ပြီးရင် အပြန်ကျရင် ဦးလေးဟန်တို့အိမ်ဝင်ပြီး ကူမင်းပို့ရမယ့် ပစ္စည်းတွေ အားလုံးစုံမစုံ ဝင်စစ်ခဲ့ပေးပါဦး"

လို့ပြောပြီး ပိုက်ဆံပေး အပြင်လွှတ်လိုက်ပါတယ် ပြီးမှ ပြန်လာထိုင်ပြီး

"လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးပြောပါ ကလေးမလေးက လူရင်းမို့ ကြားလည်း ကိစ္စမရှိပါဘူး ဒါပေမယ့် သားပြောချင်တာပြောလို့ရအောင် အပြင်လွတ်လိုက်တာမို့ လာရင်းကိစ္စလေး ပြောပါဦး"

ရိပေါ် မား စကားအဆုံး ရှောင်းကျန့် ဒူးလေးထောက်ပြီး

"မားမား လို့ခေါ်ခွင့်ပေးပါ ကျွန်တော့်ကို ရိပေါ်လေးကို ပေးပါ ကျွန်တော်သူ့ကို တစ်ဘဝလုံးစာ လက်တွဲသွားဖို့ ရည်ရွယ်ထားပါတယ် ရိပေါ်ဘဝမှာ မားမား က အရေးကြီးဆုံးသူမို့ ကျွန်တော်က သူနဲ့ ပေါင်းဖက်လိုတာကြောင့် ခွင့်ပြုပေးဖို့ လေးလေးစားစားနဲ့ လာခွင့်တောင်းတာပါ ခင်ဗျာ"

" ဒူးမထောက်ဘဲ ပြောလည်းရပါတယ် ထ ထ မားမားလို့လည်း ခေါ်ခွင့်ပြုပါတယ် ရိပေါ်သာသိရင် ဝမ်းသာနေမှာ မားမားဆီ ဖုန်းဆက်လာတိုင်း မား ကျွန်တော့်ကို အသက် ၂၅ ပြည့်ရင် ကျန့်ကောကို လိုက်တောင်းပေးရမှာနော်လို့ ခဏတိုင်းပြောနေတာ အဲဒီကလေးက"

"ကျွန်တော်လာတာလဲ အဲဒီကိစ္စပါပဲ ရိပေါ်လေးက ပြောဖူးပါတယ် သူ၂၅ ပြည့်မှ အိမ်ထောင်ပြုမယ်လို့ ကတိပေးထားတာလို့ သိထားပါတယ် ဘာကြောင့်လဲဆိုတာ ကျွန်တော်သိခွင့်ရှိမလား"

"တခြားတော့ ထွေထွေထူးထူးမရှိပါဘူး ငယ်သေးရင် စိတ်ကစားတာမျိုးဖြစ်ပြီး အိမ်ထောင်ပြုပြီးမှ တခြားနှစ်သက်မြတ်နိုးတဲ့သူပေါ် လာတဲ့အခါ နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာကြတယ်လေ ဒါကြောင့် စိတ်တည်ငြိမ် ရင့်ကျက်သွားတဲ့အချိန်ထိ ရောက်အောင် ၂၅ ပြည့်မှ အိမ်ထောင်ပြုဖို့ ကတိပေးခိုင်းထားတာပါ"

"အဲလိုဆိုရင် ရိပေါ်လေးဘက်ကို မကြည့်ဘဲ ကျွန်တော့်ဘက်ကို ကြည့်ပေးပါ ကျွန်တော် အခု ၂၉နှစ် ပြည့်တော့မှာပါ မားမား ဒါကြောင့်      ကျွန်တော့်ဘက်က သဘောထား ပြောင်းလဲစရာမရှိသလို ရိပေါ်လေးကိုလည်း ကျွန်တော်က အကြွင်းမဲ့ ယုံကြည်ပါတယ် ဒါကြောင့် ရိပေါ်လေး ၂၅ ပြည့်တဲ့အထိ မစောင့်ပါရစေနဲ့ အခု သူတတိယနှစ် ဖြေပြီးတာနဲ့ လက်ထပ်ခွင့် တရားဝင်တောင်းချင်တာမို့ မားမားဆီ သူမသိအောင် လာခဲ့ပြီး လာခွင့်တောင်းတာပါ"

"မစောလွန်းဘူးလား သားရယ် ရိပေါ်လေး ဘွဲ့ရအောင် ထိ စောင့်ပါဦး မဟုတ်ရင် သူစာတစ်ဖက် အိမ်ထောင့်တာဝန် တစ်ဖက်နဲ့ စိတ်ဖိစီးနေပါဦးမယ်"

"မစောပါဘူး မားမားရယ် ကျွန်တော်ကလေ ဆိုးတယ် အရင်က ရိပေါ်နဲ့မတွေ့ခင်က တွဲဖူးတဲ့သူတွေလည်း အများကြီးရှိတာမို့  ရိပေါ်လေးမှာစိတ်မလုံခြုံမှုလေး ခံစားနေရတာ ကျွန်တော်မြင်နေရတယ် ကျွန်တော် သူ့ကို စကားလုံးတွေ အများကြီးနဲ့ မပြောပြတတ်ဘူး သူများတွေနဲ့ တူနေမှာစိုးရိမ် လို့ ချစ်တယ်လို့တောင် သူ့ကို မပြောခဲ့ပါဘူး ဒါပေမယ့် ကျွန်တော့်ဘက် က သူထင်ထားတာထက်ကို အများကြီး ပိုမြတ်နိုးတဲ့အကြောင်းကို သူအံ့အားသင့်သွားအောင် သက်သေပြချင်လို့ပါ မားမား ခွင့်ပြုပေးပါ ကျွန်တော့် အိမ်ကိုလည်း ကျွန်တော် အသိပေးပြီးပါပြီ သူစာတစ်ဖက် အိမ်ထောင့်တာဝန်တစ်ဖက်နဲ့ စိတ်မဖိစီးရအောင်လည်း ကျွန်တော် ထားမှာပါ ခုလည်းကျွန်တော် လက်ဝှေ့လောက ကနေ အနားယူပြီး ကျွန်တော့်ပါးပါးရဲ့ စီးပွါးရေးဆက်ခံတာရော ကျွန်တော့်ကိုယ်ပိုင် စီးပွါးရေးလုပ်ငန်းတွေလည်း လုပ်ပြီး သူ့ကို မျက်နှာမငယ်ရအောင် ထားမှာပါ သူက လက်ဝှေ့ချန်ပီယံဖြစ်ချင်ရင် ကျွန်တော်က ဖြစ်ရအောင်လည်း ပံ့ပိုးပေးမှာပါ ကျွန်တော့်ကို ယုံပါ"

ပြောလည်းပြော ဒူးလည်းထပ်ထောက်ပြီး ခွင့်တောင်းနေတဲ့ ရှောင်းကျန့်ကြောင့် ဝမ်မားမှာ ဘာပြောရမှန်းတောင် မသိပါဘူး

"တကယ်လို့ ရိပေါ်လေးက ကြီးလာလို့ စိတ်ပြောင်းသွားရင်ရော ခုခေတ်ကလေးမလေးတွေကလည်း ငယ်လည်းငယ် ချောလည်းချောဆိုတော့လည်း သားက ရိပေါ်ထက်လည်း အသက်ကြီးနေတာရော ယောက်ျားလေးဖြစ်နေတာလည်း ရှိနေသေးတော့ နောက်ထပ် ၂ နှစ်လေးပဲ ထပ်စောင့်လိုက်ပါလား သားရယ် သဘောမတူလို့မဟုတ်ပါဘူး လူဆိုတာက ပြောင်းလဲတတ်တယ်လေ"

"ကျွန်တော်လည်း သူပြောင်းလဲသွားမှာ တကယ့်ကို ကြောက်ပါတယ် ဒါကြောင့်လည်း ခုလို လာတောင်းရတာပါ တကယ်ရင့်ကျက်လာချိန် သူစိတ်ပြောင်းသွားခဲ့ရင်တောင် ကျွန်တော်တို့က တကယ်ကြီး သက်ဆိုင်သူတွေ ဖြစ်ခဲ့ကြတယ်ဆိုတဲ့ ခံစားချက်လေး ကျန်ခဲ့ချင်တာ သူ ပစ်သွားရင် ကျွန်တော်က ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါတယ် ဒါကြောင့် သူ ကျွန်တော့်ကို လိုလိုလားလား နှစ်သက်နေတဲ့အချိန်လေးမှာ ကျွန်တော်သူ့ကို ဘဝလက်တွဲဖော် အဖြစ် အားလုံးကို အသိပေးလိုက်ချင်တာပါ စိတ်ပြောင်းသွားခဲ့ရင် အနည်းဆုံးတော့ ရိပေါ်လေးရဲ့ တရားဝင် သက်ဆိုင်သူဖြစ်ခဲ့ပြီး ကျန်ရစ်ခဲ့ရတာက ခဏတာသမီးရည်းစားဘဝနဲ့ ပတ်သတ်ခဲ့ရုံပဲဆိုတာထက် အများကြီး ကွာခြားတာမို့ ကျွန်တော် နောင်တတွေနဲ့  မကျန်ခဲ့ချင်လို့ပါ သူစိတ်ပြောင်းသွားခဲ့ရင်တောင် ကျွန်တော် သူချန်ရစ်ထားခဲ့တဲ့နေရာမှာ ကောင်းကောင်းမွန်မွန်ရှင်သန် နေထိုင်ခဲ့ပြီး သူ့ကို သေချာပေါက် စိတ်ချမ်းသာရအောင် လက်လွတ်ပေးမှာမို့ အခုတစ်ခါတည်း ကျွန်တော့်ကို ခွင့်ပြုပေးဖို့ တောင်းဆိုတာပါ မားမား သဘောမတူမချင်း ကျွန်တော် ဒူးထောက်ဆို ထောက်ပါ့မယ် ကျွန်တော့်ဘဝမှာ ဘယ်သူ့ကိုမှ ခုလို ဒူးထောက်တောင်းဆိုတာ မလုပ်ခဲ့ဖူးပါဘူး ရိပေါ်လေးက သာ ကျွန်တော် မြတ်နိုးရတဲ့လူသားမို့ ခုလိုတောင်းဆိုတာပါ"

"မားမားတောင် ဘာပြောရမှန်းမသိတော့ပါဘူး"

"ရတယ် မားမာ ဘာမှ မပြောပါနဲ့ ဒီအတိုင်းလေးဘဲ ကျွန်တော်သူ့ကို လက်ထပ်ခွင့်ရအောင်ကြိုးစားမှာမို့ မားမားက မကန့်ကွက်ရင် ရပါပြီ အခုကျွန်တော်လာတဲ့အကြောင်းလည်း သူ့ကို မပြောပြပါနဲ့နော် သူ့ကို အံ့ဩဝမ်းသာရအောင် ကျွန်တော်က လုပ်ပေးချင်တာမို့ မားမားက ဘာမှ မပြောဘဲ ကြည့်ပေးနေရင်ကို လုံလောက်ပါပြီ ရိပေါ်ကိုလည်း ဘာမှတိုက်တွန်းစရာမလိုပါဘူး ရိပေါ်လေးက ခွင့်တောင်းတဲ့အခါမှ သာ မားမား ခေါင်းလေးတစ်ချက်ငြိမ့်ပြပေးရင်ကို ရပါပြီမားမား"

"သားဘက်က ဒီလောက်တောင် တောင်းဆိုနေမှတော့ မားမား သဘောတူပါတယ် ရိပေါ်လေး ခွင့်တောင်းလာခဲ့ရင် မားခေါင်းညိမ့်လိုက်ပါ့မယ်"

"ကျေးဇူးပါ မားမား ကျွန်တော့်ကို ဒီနေ့တစ်ရက် ဒီမှာ တည်းခိုခွင့်ပေးလို့ရလားခင်ဗျ ရိပေါ်လေး ငယ်ဘဝပုံလေးတွေလည်း ကြည့်ချင်တယ် ကြီးပြင်းလာပုံလေးတွေကို မားမားဆီကနေ ကြားချင်လို့ပါ"

"ရပါတယ် မားမာလည်း သူ့ကိုလွမ်းနေတာမို့ တို့နှစ်ယောက် သူ့ငယ်ငယ်က ဓါတ်ပုံလေးတွေကြည့်ပြီး စကားစမြည်ပြောကြတာပေါ့ ပြီးရင်ရိပေါ်လေး အခန်းမှာပဲ အိပ်သွားလိုက်ပေါ့"

ရှောင်းကျန့်ဘဝမှာ ဒီနေ့က ချန်ပီယံပြိုင်ပွဲတွေမှာ အနိုင်ရတဲ့နေ့တွေထက် ပိုပြီးအောင်မြင်တယ်လို့ ခံစားခဲ့ရပါတယ် ရိပေါ် မားမားဆီကနေ သူ့အကြောင်းလေးတွေလည်း အများကြီးသိလာရတယ် သူ့လက်ဝှေ့လေ့ကျင့်တဲ့အခန်းငယ်လေး အကတိုက်တဲ့အခန်းလေး အားလုံးလည်း သေချာကြည့်ခဲ့ရတယ်

သူ့အခန်းထဲမှာ သူကြိုက်တဲ့ Legoဆက်ထားတာ ဆိုင်ကယ်ရုပ်လေးတွေ တန်းစီသိမ်းထားတာ အားလုံးလည်း မြင်ခဲ့ရတယ် သူနဲ့အတူနေမယ့် အိမ်လေးမှာ Legoတွေများများဝယ်ထည့်ထားဖို့ တောင် စဉ်းစားလိုက်သေးတယ် ရိပေါ်လေးရဲ့ ငယ်နာမည်လေးက " ချန်ချန်" ဆိုတာပါ သိခဲ့ရတယ် ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး သိတတ်စအရွယ်ကတည်းက ချန်ချန်လို့ခေါ်ရင် နှုတ်ခမ်းကြီးထော်ပြီး "ထော်နဲ့ မထော်နဲ့ တား က အိပေါ် အိပေါ် လို့ ထော် ထန်ထန်လို့ထော်နဲ့" ဆိုပြီး ရန်ထောင်တတ်တာမို့ နောက်ပိုင်းငယ်နာမည် မရှိတော့ဘဲ ရိပေါ် ဖြစ်သွားတဲ့အကြောင်းလေးတွေလည်း သိခဲ့ရပါတယ်

ပါးဖောင်းဖောင်း နှုတ်ခမ်းဖူးဖူးနဲ့ ချစ်စရာပုံလေးတွေလည်း အများကြီး ကြည့်ခဲ့ရတယ် မကြာခင်တော်စပ်ရတော့မဲ့ ယောက္ခမကြီးကလည်း စားကောင်းသောက်ဖွယ်လေးတွေချက်ကျွေးခဲ့တာမို့ ဒီခရီးစဉ်က ရှောင်းကျန့်အတွက်တော့ အောင်မြင်ပျော်ရွှင်ဖွယ် ခရီးစဉ်လေး ဖြစ်ခဲ့တာပေါ့ ............

မင်းဘဝထဲ အစောဆုံးရအောင် တိုးဝင်ခဲ့ပါမယ် မြတ်နိုးရတဲ့ ကလေးငယ် မင်းကသာ ဒီအတိုင်းလေး စောင့်နေပေးပါ .........................

Continue Reading

You'll Also Like

14.1K 1.5K 13
[𝚈𝚒𝚣𝚑𝚊𝚗 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗]✓ 7ᵗʰ 𝑺𝒕𝒂𝒓𝒕 : 12.8.2021 𝑬𝒏𝒅 :
30.2K 2.3K 12
ကောင်းကင်ကြီးမပြိုကျသေးတရွေ့ ပင်လယ်ရေတွေ မခမ်းခြောက်သေးတရွေ့ စကြာဝဠာကြီး တည်ရှိနေသေးတရွေ့ ဒီလူတစ်ယောက်ထဲကိုပဲ ဘဝအဆက်ဆက် ပေါင်းဖက်ချစ်ခင်ရပါလို၏။
5.1K 312 8
''ကောကော '' ''ချီးကိုကောကောလိုက်''