Zawgyi
အက်စ်ဟာလည်း လေးကို ဆွဲတင်ကာ အုနိုနတ်ဆိုးသားရဲရဲ့မျက်ဝန်းတွေကို ဦးတည်ကာ တိုက်ခိုက်လိုက်တော့သည်၊ဒရယ်ကတော့ လက်သင်္ကေတသုံးကာ အုနိုနတ်ဆိုးသားရဲရဲ့ခြေတွေကို လှုပ်မရအောင် ထိန်းလိုက်သည်၊
ထိုချိန်မှာ အုနိုနတ်ဆိုးသားရဲဟာ ရစ်နိုလ်ဆီ ချုံခိုတိုက်ခိုက်လာတော့သည်၊ရစ်နိုလ်ဟာ ရှောင်လိုက်နိုင်ပေမယ့် သူရဲ့လက်တစ်ဖက်ကတော့ ပြတ်ကာ လေထဲလွင့်ထွက်သွားတော့သည်၊ရစ်နိုလ်ဟာ နာကျင်မှုကြောင့် မျက်နှာတစ်ချက်ပျက်သွားပေမယ့် သူဟာ ချက်ချင်း သူရဲ့အင်္ကျီကို ဆွဲဖြဲကာ ပြတ်သွားတဲ့နေရာကို ဆေးသိပ်လိုက်ပြီး အဝတ်နဲ့ပတ်လိုက်သည်၊
"အာလ်"
သူ့တို့နားထဲမှာ ကလေးတစ်ယောက်အသံကို ကြားလိုက်ရသည်၊ထိုနောက်မှာ စစ်မြေပြင်ထဲ ခြင်္သေ့သားရဲစီးနှင်ကာ ဝင်လာတဲ့ကလေးငယ်တစ်ယောက်ကို တွေ့လိုက်ရတော့သည်၊ ထိုကလေးဟာ မြို့စားမင်းမက်စ်ရဲ့သားဟု ကောလဟာလထွက်နေတဲ့သခင်လေးဒန်နာရီဖြစ်သည်၊
'ဟွန့်' ဆိုတဲ့အသံနဲ့အတူ ပတ်ဝန်းကျင်မှာ အပူထိုးတက်လာတော့သည်၊ထိုနောက်မှာ ဒန်နာရီရဲ့နဖူးမှာ ဖီးနစ်ပုံသဏ္ဍာန်ပေါ်ထွက်လာကာ ဒန်နာရီဘေးကနေ အနီရောင်မှော်စက်ဝန်းပေါ်ထွက်လာကာ လျင်မြန်စွာ ပျံထွက်လာတဲ့အနီရောင်အရိပ်ကို အားလုံးဟာမြင်လိုက်တော့သည်၊
'ဟွန့်'
ခြင်္သေ့ဝိညာဉ်သားရဲဟာ အုနိုရဲ့ခြေတွေကို မြေကြီးထဲချုပ်နှောင်လိုက်တော့သည်၊
ဝိညာဉ်သားရဲနှစ်ကောင်လုံးကို ပြိုင်သုံးလိုက်ရချိန်မှာ ဒန်နာရီဟာ မိုက်ခနဲဖြစ်သွားကာ ခြင်္သေ့ပေါ်ကနေ ပြုတ်ကျသွားတော့သည်၊ရစ်နိုလ်ဟာ ချက်ချင်းပြေးကာ ကယ်တင်လိုက်ပြီး သူ့လက်ထဲက ကလေးငယ်ကို ကြည့်နေခဲ့သည်၊
----------------
-*-*-*-*-*-*-*-*-*-*-*-*-*
Unicode
ပြင်းထန်တဲ့အော်ရာကြောင့် မြေပြင်ပေါ် လဲမကျသွားအောင် သူရဲ့ဓားကို မြေပြင်ပေါ် အလျင်စိုက်ကာ ထိန်းလိုက်ပြီး နားထဲကနေ စီးကျလာတဲ့သွေးတွေကို လစ်လျူရှုသာ အုနိုသားရဲကို ကြည့်လိုက်သည်၊ထိုနတ်ဆိုးသားရဲဟာ သူ့ကိုစိုက်ကြည့်နေပြီး ထိုအော်ရာဟာ ပိုမိုပြင်းထန်လာတော့သည်၊
သူရဲ့တစ်ကိုယ်လုံးက အားအင်တွေကို စုတ်ယူသွားသလိုခံစားနေရပြီး သူတို့တပ်ဖွဲ့ဟာလည်း နတ်ဆိုးသားရဲတွေကြောင့် အချိန်မရွေးပြိုကျသွားနိုင်သည်ကို နားလည်သဘောပေါက်နေတော့သည်၊
သခင်ကြီးက သူ့ကိုစိတ်ချစွာ ထားခဲ့ပေမယ့် သူက အသုံးမကျစွာ ရန်သူတွေရဲ့လက်အောက်မှာ ကျဆုံးတော့မှာလား၊ ရစ်နိုလ် တစ်ခါမှ ထိုလိုစိတ်ဓာတ်မကျဖူးတာ အမှန်ပေ၊
ထိုချိန်မှာ သူရဲ့ပါးပေါ် နွေးထွေးတဲ့ခံစားချက်လေးဖြတ်သန်းသွားပြီး သူရဲ့ကိုယ်ဟာလည်း ပေါ့ပါးသွားကာ ခုနက နတ်ဆိုးသားရဲအော်ရာရဲ့နာကျင်မှုတွေ အလုံးစုံပျောက်ဆုံးသွားတော့သည်၊
'ကာကွယ်ရေးမှော်စက်ဝန်းလား' ဘေးပတ်ဝန်းကျင်က တပ်သားတွေဟာလည်း ပြန်လည်အဆင်ပြေသွားတာမြင်တော့ ဘာကြောင့်ရယ်မဟုတ် သူဟာ ဂိတ်တံတားရဲ့ထိပ်ဆုံးကို ကြည့်လိုက်တော့သည်၊ သခင်ကြီးနဲ့တူညီလှတဲ့ကလေးလေးဟာ သူ့ကိုစိုက်ကြည့်နေတော့သည်၊ထိုမျက်ဝန်းထဲမှာ သူ့အပေါ်ယုံကြည်မှုများ ရှိနေပြီး ထိုကလေးလေးဟာ သူ့ကို တူညီမှန်း ရစ်နိုလ်နားလည် သဘောပေါက်သွားတော့သည်၊
"သခင်လေးရဲ့စွမ်းအင်တွေ အလဟသမဖြစ်စေရဘူး" ရစ်နိုလ်ဟာ ကြိမ်းဝါးလိုက်ပြီးနောက်မှာ ဆေးတပ်ဖွဲ့ကို ကယ်တင်ဖို့ အမိန့်ပေးစေခိုင်းတော့သည်၊သူကတော့ သူရဲ့လူတစ်ချို့နဲ့ အုနိုနတ်ဆိုးသားရဲကို တိုက်ခိုက်ရန် ချီတက်တော့သည်၊
အုနိုဟာ ထူးဆန်းလှတဲ့အခြေအနေကြောင့် ဒေါသထွက်စွာအော်ဟစ်မြည်းတွန်းလိုက်ပြီးနောက်မှာ သူရဲ့အတောင်ပံတွေကို ပြင်းထန်သည့်အရှိန်နဲ့ခတ်လိုက်တော့သည်၊
အုနိုတွေဟာ တစ်ချိန်က ကောင်းကင်နတ်သားရဲများဖြစ်ကျပေမယ့် ကြီးလေးတဲ့ပြစ်ဒဏ်ကြောင့် ဒဏ်ခတ်ခံရကာ နတ်ဆိုးသားရဲများဖြစ်သွားပြီး သူတို့ရဲ့အားနည်းချက်ကတော့ မပျံသန်းနိုင်ခြင်းဖြစ်သည်၊
အုနိုရဲ့အတောင်ပံ့လေးဖက်လေးစုံဟာ ပြင်းထန်စွာတိုက်ခိုက်လာတာကြောင့် တပ်သားတစ်ချို့ပင် လွင့်ထွက်သွားတော့သည်၊ရစ်နိုလ်ဟာ သူရဲ့လေးလံလှတဲ့ဒိုင်းကို ထုတ်လိုက်ပြီး မြေပြင်ပေါ်စိုက်ကာ သူရဲ့တပ်ဖွဲ့ကို ကာကွယ်ပေးလိုက်သည်၊
ထိုနောက်မှာ ရစ်နိုလ်ရဲ့အပြာရင့်ရောင်မျက်ဝန်းများဟာ သတ်ဖြတ်မှုများ ပြင်းထန်နေပြီး သူဟာ အုနိုကို စိုက်ကြည့်နေတော့သည်၊အုနိုဟာလည်း ထပ်တူညီစွာပင်၊အုနိုနတ်ဆိုးသားရဲဟာ ရစ်နိုလ်ဟာ သူရဲ့အစီအစဉ်တွေကို လိုက်လံပိတ်ပင်နေတဲ့သူလို့ ထင်မှတ်နေတော့သည်၊
ရစ်နိုလ်နဲ့ အုနိုနတ်ဆိုးသားရဲဟာ အလှမ်းမဝေးမှာ တည်ရှိနေပြီး တောင်ပံခတ်သံတွေရပ်တန့်သွားချိန်မှာ ရစ်နိုလ်ဟာ သူရဲ့ဓားကို ဆွဲယူလိုက်ပြီးနောက်မှာ
"အက်စ် မင်းက အနောက်ကနေ သူ့ကို နောက်ထား! ဒရယ် မင်းကောပဲ ဂီနိုရာ ငါနဲ့လိုက်ခဲ့! ခိရီ မင်းက ဒရယ်နဲ့အက်စ်ကို ကာကွယ်ထား!" သူ့အဖွဲ့သားတွေကို အမိန့်ပေးလိုက်ပြီးနောက်မှာ ရှေဘက်ကို ချီတက်သွားတော့သည်၊
အက်စ်ဟာလည်း လေးကို ဆွဲတင်ကာ အုနိုနတ်ဆိုးသားရဲရဲ့မျက်ဝန်းတွေကို ဦးတည်ကာ တိုက်ခိုက်လိုက်တော့သည်၊ဒရယ်ကတော့ လက်သငေ်္ကတသုံးကာ အုနိုနတ်ဆိုးသားရဲရဲ့ခြေတွေကို လှုပ်မရအောင် ထိန်းလိုက်သည်၊
ဒါပေမယ့် သိပ်အကျုံးမဝင်ပေ၊အုနိုဟာ အလွယ်တကူ ခြေမှုန်းလိုက်ပြီး ချွန်ထက်လှတဲ့ခြေသည်းတွေနဲ့ သူ့ဆီပြေးဝင်လာတဲ့ရစ်နိုလ်ကို တိုက်ခိုက်ရန် ကြိုးစားတော့သည်၊ဒါပေမယ့် ဂီနိုရာဟာ ကြီးမားတဲ့ဒိုင်းကြီးနဲ့ ရှေ့မှာ ဝင်ကာလိုက်တာကြောင့် အုနိုနတ်ဆိုးသားရဲရဲ့တိုက်ခိုက်မှုဟာ ရစ်နိုလ်ဟာ မထိခိုက်စေတော့ပေ၊
ဂီနိုရာဟာ အနောက်ဘက်ကို လွင့်ထွက်သွားပေမယ့် ပြန်လည်ထလိုက်သည်၊အကုန်လုံးဟာ အုနိုနတ်ဆိုးသားရဲအား တိုက်ခိုက်နိုင်မှုဟာ သေးငယ်နေရင်တောင် ဇွဲမလျော့ပဲ တိုက်ခိုက်နေတော့သည်၊
ဒန်နာရီဟာ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲ လေးစားမှုဖြစ်ပေါ်နေတော့သည်၊ရစ်နိုလ်တို့အဖွဲ့ဟာ သေဆုံးသွားသည့်တိုင် ကျော်ကြားနေခဲ့တာ မထူးဆန်းပေ၊ရစ်နိုလ်ဟာ အုနိုနတ်ဆိုးသားရဲကို မသတ်နိုင်ခဲ့ပေမယ့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီး ခံတပ်ကို ကာကွယ်နိုင်ပေမယ့် အသက်သေဆုံးခဲ့ရသည်၊
ရစ်နိုလ်ဟာ အသက်နှစ်ဆယ်တစ်စွန်းရုံသာ ရှိသေးပေမယ့် မြို့စားမင်းမက်စ်ရဲ့ဘယ်လက်ရုန်းဖြစ်နေတာ အလကားမဟုတ်ခဲ့ပေ၊
ထိုချိန်မှာ အုနိုနတ်ဆိုးသားရဲဟာ ကျယ်လောင်စွာမြည်းတွန်းလာပြန်တော့သည်၊ ရှိသမျှ နတ်ဆိုးသားရဲတွေဟာ ရစ်နိုလ်တို့အဖွဲ့ကို ဝန်းရံလာတော့သည်၊တစ်ကယ်ကောက်ကျစ်တဲ့အုနိုနတ်ဆိုးသားရဲပဲ၊
ရစ်နိုလ်ဟာ အုနိုနတ်ဆိုးကို တိုက်ခိုက်နေရေး နောက်ကို ပြန်လည်ဆုတ်ခွာလိုက်ပြီး သူ့အဖွဲ့ကို အသည်းသန်တိုက်ခိုက်နေတဲ့နတ်ဆိုးသားရဲတွေရန်ကနေ ကူတိုက်ခိုက်ပေးတော့သည်၊
ထိုချိန်မှာ အုနိုနတ်ဆိုးသားရဲဟာ ရစ်နိုလ်ဆီ ချုံခိုတိုက်ခိုက်လာတော့သည်၊ရစ်နိုလ်ဟာ ရှောင်လိုက်နိုင်ပေမယ့် သူရဲ့လက်တစ်ဖက်ကတော့ ပြတ်ကာ လေထဲလွင့်ထွက်သွားတော့သည်၊ရစ်နိုလ်ဟာ နာကျင်မှုကြောင့် မျက်နှာတစ်ချက်ပျက်သွားပေမယ့် သူဟာ ချက်ချင်း သူရဲ့အကျႌကို ဆွဲဖြဲကာ ပြတ်သွားတဲ့နေရာကို ဆေးသိပ်လိုက်ပြီး အဝတ်နဲ့ပတ်လိုက်သည်၊
သူ့ပုံစံဟာ လက်ပြတ်သွားပေမယ့် အေးဆေးပေ၊
"ရစ်နိုလ်!!!" ကျန်တဲ့သူတွေဟာ နာကျင်စွာအော်ဟစ်လိုက်ပေမယ့် ရစ်နိုလ်ဟာ ဆက်တိုက်ခိုက်ရန် အမူအရာပြလိုက်သည်၊တိုက်ခိုက်ရေးသမားတစ်ယောက်အတွက် လက်တွေဟာ အရေးပါဆုံးဖြစ်သည်၊လက်တစ်ဖက်ဆုံးရှူံးသွားတာလည်း တိုက်ခိုက်ရေးသမားတစ်ယောက်ရဲ့အင်အားကို ယုတ်ညံ့သွားစေနိုင်သည်၊
"အာလ်"
သူ့တို့နားထဲမှာ ကလေးတစ်ယောက်အသံကို ကြားလိုက်ရသည်၊ထိုနောက်မှာ စစ်မြေပြင်ထဲ ခြငေ်္သ့သားရဲစီးနှင်ကာ ဝင်လာတဲ့ကလေးငယ်တစ်ယောက်ကို တွေ့လိုက်ရတော့သည်၊ ထိုကလေးဟာ မြို့စားမင်းမက်စ်ရဲ့သားဟု ကောလဟာလထွက်နေတဲ့သခင်လေးဒန်နာရီဖြစ်သည်၊
"သခင်လေး!" အကုန်လုံးဟာ စိတ်ပူစွာအော်လိုက်ပေမယ့် ဒန်နာရီကတော့ တည်ငြိမ်စွာဖြင့် အုနိုနတ်ဆိုးသားရဲကြီးကို ကြည့်ကာ ပြုံးလိုက်သည်၊
"နိ~ ကျွန်တော်ကြားဖူးတာ အုနိုတွေက မီးဒဏ်ကို ခံနိုင်တယ်တဲ့ " ဒန်နာရီဟာ မာနကြီးလှတဲ့ဖီးနစ်ဝိညာဉ်သားရဲကို ဆွလိုက်သည်၊
'ဟွန့်' ဆိုတဲ့အသံနဲ့အတူ ပတ်ဝန်းကျင်မှာ အပူထိုးတက်လာတော့သည်၊ထိုနောက်မှာ ဒန်နာရီရဲ့နဖူးမှာ ဖီးနစ်ပုံသဏ္႑ာန်ပေါ်ထွက်လာကာ ဒန်နာရီဘေးကနေ အနီရောင်မှော်စက်ဝန်းပေါ်ထွက်လာကာ လျင်မြန်စွာ ပျံထွက်လာတဲ့အနီရောင်အရိပ်ကို အားလုံးဟာမြင်လိုက်တော့သည်၊
ဖီးနစ်ရဲ့မာနကြီးကာ စူးရှတဲ့မျက်ဝန်းနီတွေဟာ အုနိုနတ်ဆိုးသားရဲကို အထင်သေးစွာစိုက်ကြည့်နေတော့သည်၊ပျံသန်းနိုင်တဲ့သားရဲနဲ့မပျံသန်းနိုင်တဲ့သားရဲ ဆုံချိန်မှာ အုနိုဟာ မာနကိုထိခိုက်သည့်ဟု ခံစားရကာ ပိုမိုဒေါသထွက်နေတော့သည်၊
ထိုနောက်မှာ ဖီးနစ်ဟာ နူတ်ခမ်းကို ဟကာ ကြီးမားတဲ့မီးတစ်လုံး ပစ်သွင်းလိုက်တော့သည်၊ပြင်းထန်တဲ့အပူချိန်ဟာ လူတိုင်းကို ကြောက်ရွံစေသလို သက်ပြင်းလည်းချစေသည်၊ဒီမီးလုံးမှာ သူတို့ဆိုရင် ပြာတောင် ရှာတွေ့မည်မဟုတ်ပေ၊
ဒါပေမယ့် အုနိုကတော့ အမွှေးအနည်းငယ် လောင်ကျွမ်းသွားရုံကလွဲ အကောင်းပတိရှိနေစဲပင်၊အုနိုဟာ ဖီးနစ်ဝိညာဉ်သားရဲကို အထင်သေးစွာ တွန်လိုက်သည်၊
"ကျွန်တော့်အတွက် ငဲ့စရာမလိုပါဘူး" နိ~ဟာ သူရဲ့စွမ်းအင်ကုန်ခမ်းမည်ကို စိုးရိမ်နေပုံရသည်၊
'ဟွန့်'
နိ~ရဲ့မျက်ဝန်းများဟာ ပိုမိုနီရဲတောက်ပလာပြီး ကောင်းကင်ပင် အနီရောင်သန်းသွားတော့သည်၊ထိုနောက်မှာတော့ ပြင်းထန်တဲ့ပူပြင်းလာတဲ့အော်ရာဟာ လူတိုင်းပေါ်ကို ကျရောက်လာတော့သည်၊နတ်ဆိုးသားရဲအားလုံးဟာ ပြာအဖြစ်ပြောင်းလဲသွားပြီး နိ~ရဲ့ခေါင်းထိပ်ကနေ အနီရောင်စိန်ပေါ်လာကာ နူတ်ခမ်းကို ဖွင့်ဟလာပြီး ကြီးမားတဲ့မီးစွမ်းအင်ဟာ အုနိုဆီ ပြေးဝင်သွားတော့သည်၊
အုနိုဟာ သူရဲ့အမွှေးအမျှင်တွေပေါ် ယုံကြည်စိတ်ပြင်းထန်ပေမယ့် ဒီတစ်ခါတော့ သူဟာ အန္တရာယ်ကို ခံစားနေရတော့သည်၊ဒါကြောင့် ထွက်ပြေးရန်လုပ်ချိန်မှာ ဒန်နာရီဟာ အာလ်ကို အမိန့်ပေးလိုက်သည်၊
ခြငေ်္သ့ဝိညာဉ်သားရဲဟာ အုနိုရဲ့ခြေတွေကို မြေကြီးထဲချုပ်နှောင်လိုက်တော့သည်၊
ဝိညာဉ်သားရဲနှစ်ကောင်လုံးကို ပြိုင်သုံးလိုက်ရချိန်မှာ ဒန်နာရီဟာ မိုက်ခနဲဖြစ်သွားကာ ခြငေ်္သ့ပေါ်ကနေ ပြုတ်ကျသွားတော့သည်၊ရစ်နိုလ်ဟာ ချက်ချင်းပြေးကာ ကယ်တင်လိုက်ပြီး သူ့လက်ထဲက ကလေးငယ်ကို ကြည့်နေခဲ့သည်၊
ဒီနေ့ဟာ သူတို့သေဆုံးမည့်နေ့ဖြစ်နိုင်ခဲ့ပေမယ့် ဒီသေးငယ်တဲ့ကလေးလေးဟာ သူတို့အား ကယ်တင်ခဲ့သည်၊ အုနိုဟာလည်း နိ~ရဲ့မီးတောက်ကြောင့် ပြာကျသေဆုံးသွားတော့သည်၊
အာလ်နဲ့နိဟာ ဒန်နာရီကိုယ်ထဲ ပြန်လည်ဝင်ရောက်သွားကာ ပတ်ဝန်းကျင်ဟာလည်း တိတ်ဆိတ်သွားတော့သည်၊ထိုနောက်မှာ လူတစ်ယောက်ဟာ အောင်ပွဲခံကာ အော်ဟစ်လာတော့သည်၊အကုန်လုံးဟာလည်း ဝမ်းသာဝမ်းမြောက်ဖြစ်ကုန်ကာ အော်ဟစ်လာတော့သည်၊
သူတို့အောင်မြင်ရခြင်းမှာ ဒန်နာရီကြောင့်ဖြစ်သည်၊ဒန်နာရီဟာ သူတို့ရဲ့အသက်သခင်ဖြစ်ပြီး ယနေ့ဖြစ်ပျက်သည့်အကြောင်းအရာဟာ လူပြောအများဆုံး ပုံပြင်လေးတစ်ပုဒ်ဖြစ်လာခဲ့သည်၊
ဒန်နာရီ ရိုစဲဆလပ်ဟာ ယူနိုရက်စ်နယ်မြေကို အသက်ခုနှစ်နှစ်အရွယ်တည်းက စတင်ကာကွယ်စောင့်ရှောက်လာတဲ့သူဖြစ်သည်၊
----------------