(Unicode)
Julia Ellison's POV :
မီးရထား၏ သံလမ်းတစ်လျှောက် ညက်ညောင်းစွာခုတ်မောင်းသံသည် ကျွန်မအတွက် ကလေးချော့တေးလိုဖြစ်နေသည်မှာ နာရီအနည်းငယ်လောက်ရှိပြီဖြစ်သည် ။ ကျွန်မ၏ဇာတိမြို့မှ ယခုလူစီယာအထိသည် အတော်ရှည်ကြာသော ခရီးတစ်ခုဖြစ်သည် ။ စာဖတ်ရင်း ၊ ကျွန်မ၏လာမည့် သုတေသနအတွက် အချက်အလက်များပြင်ဆင်ရင်း အချိန်ကုန်ချင်သော်လည်း ခရီးလမ်းတစ်လျှောက်လုံး အတွေးထဲနစ်မြောရင်း ၊ ပြတင်းပေါက်အပြင်ကိုငေးရင်းဖြင့်သာ အချိန်ကုန်လာခဲ့လေသည် ။
အပြင်ဘက်သို့ကြည့်လိုက်သည့်အခါ အလွန်လှပသော တောတောင်ရေမြေရှုခင်းတို့ကို ဖြတ်လာရင်း မြင်လိုက်ရသည် ။ နေရောင်ခြည်က မြက်ခင်းပြင်ပေါ်သို့ ဖြာကျနေပြီး ဘေးတွင် အစိမ်းရောင်နှင့်အပြာရောင် မြစ်တို့ရှိနေသည် ။ ရထားစီးနေရင်းပင် ရှုခင်းကပြောင်းလဲသွားပြန်သည် ။ မြင်ခင်းပြင်သည် သဲသောင်ပြင်များဖြစ်သွားပြီး မြစ်များပျောက်ကွယ်သွားကာ သမုဒ္ဒရာတစ်ခုကိုအစားထိုးတွေ့လိုက်ရလေသည် ။
ရထားက လိုဏ်ခေါင်းထဲသို့ဝင်သွားပြီး ကျွန်မ မြင်ကွင်းများကို မှောင်မည်းနေသော အေးစက်စက်လိုဏ်ခေါင်းနံရံများက ဖုံးကွယ်ပစ်လိုက်သည် ။ ထိုအခါမှ ကျွန်မ၏ပုံရိပ်ကို ပြတင်းပေါက်မှန်တွင်ပြန်မြင်လိုက်ရသည် ၊ ပင်ပန်းနေပုံရပေမယ့် အာရုံစူးစိုက်နေသည် ။ ကျွန်မ သိပ်ကိုအတွေးများနေတာပဲ ...
ကျွန်မအကြည့်တွေက ရှေ့ကသတင်းစာပေါ်က ရက်စွဲဆီသို့ရောက်သွားသည် ။ ၂၃ ရက် ဇွန်လ ၁၉၄၇ ခုနှစ် ... သဘာဝကျကျစာအုပ်တစ်အုပ်ကိုရေးပြီး တကယ့်စာရေးဆရာမအနေဖြင့် ကျွန်မ ဘဝအသစ်ကိုစတင်သောနေ့ ...
ခဏကြာတော့ ရထားရပ်သွားသည် ။ ကျွန်မ မတ်တပ်ရပ်လိုက်ပြီး အင်္ကျီကိုပြန့်အောင်စန့်လိုက်ကာ ခေါင်းပေါ်မှာတင်ထားသည့် ခရီးဆောင်အိတ်ကိုလှမ်းယူလိုက်သည် ။ မီးရထား၏တံခါးပေါက်များပွင့်သွားပြီး ကျွန်မလည်း နယ်မြေအသစ်တစ်ခုသို့ ခြေချမိတော့သည် ။ လူစီယာ ပင်မ ဘူတာရုံ ။ ကျွန်မ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်ပြီး နေရာအသစ်ကို လေ့လာလိုက်သည် ။ ဤနေရာတွင် လူများများစားစားမရှိချေ ။ ဒီနေရာသည် ကျွန်မ ရှိနေရမည့်နေရာမဟုတ်ဟု ထင်မိသည် ။
နှာခေါင်းထဲတွင် ဆားနံ့ရ၍ ဒီနေရာက ပင်လယ်နှင့်အတော်နီးမည်ဆိုတာ ကျွန်မပြောနိုင်ပါသည် ။ ကျွန်မရပ်နေသည့်နေရာနှင့် မလှမ်းမကမ်းက ကမ်းခြေတစ်ခုတွင် အမျိုးသမီးတစ်ယောက် သတင်းစာဖတ်နေသည် ။ သူမဘေးတွင် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်က အရုပ်တစ်ခုနှင့်ဆော့နေသည် ။ စင်္ကြံ၏တစ်ခြားတစ်ဖက်တွင်တော့ အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်ရပ်နေသည် ။ သူသည် ငွေရောင်ဆံပင်နှင့် အညိုရောင်မျက်လုံးများရှိပြီး ကျွန်မထက် ၁၀ နှစ်လောက်ကြီးပုံရသည် ။ သူ့ကိုကြည့်ရတာ ရထားပေါ်ပါလာရမည်ဖြစ်သော်လည်း ပါမလာခဲ့သည့် တစ်ယောက်ယောက်ကို စောင့်နေသည့်ဟန်ရှိသည် ။ ယခု သူက ကျွန်မကိုစိုက်ကြည့်နေတော့ အတော်လေး နေရတာ မသက်မသာဖြစ်မိသည် ။ ထို့ကြောင့် ကျွန်မ သိုးသိုးသွက်သွက်ပင် ဘူတာရုံထဲကထွက်ပြီး တက္ကစီတစ်စီးကိုတားလိုက်သည် ။
တက္ကစီမောင်းသမားက စကားစမြည်ပြောရန်ကြိုးစားသော်လည်း ကျွန်မက လူစိမ်းများနှင့် အလာပသလ္လာပပြောရန် စိတ်မပါသည်ကို သတိထားမိသောအခါ ခရီးလမ်းတစ်လျှောက်လုံး ရေဒီယိုမှလာနေသော သီချင်းကိုသာ ခပ်တိုးတိုးညည်းနေတော့သည် ။ ပြတင်းပေါက်အပြင်သို့ငေးမိသောအခါ အတွေးထဲထပ်မံနစ်မြုပ်သွားပြန်သည် ။
ငါဘာလို့စိတ်လှုပ်ရှားနေတာလဲ? ဒီနေရာကိုလာဖို့ ငါပဲရွေးချယ်ခဲ့တာ ။ ငါဒါကိုလုပ်ချင်တယ် ။ ဒါပေမယ့် ဒါကဘာလို့ ရင်တုန်စရာဖြစ်နေတာလဲမသိဘူး ။ ကြည့်ရတာ ငါက နေရာစိမ်းတွေကို သိပ်မကြိုက်လို့နဲ့တူပါရဲ့ ။
' Sealight Inn ' သည် ရိုးရိုးရှင်းရှင်းနှင့် ဈေးသက်သာသော မိုတယ်ဖြစ်ပြီး ကျွန်မသွားရမည့် ဆေးရုံနှင့်လည်း သိပ်မဝေးပေ ။ ပြီးတော့ ရွေးချယ်စရာ များများစားစားလည်းရှိတာမှမဟုတ်ဘဲ ဒီမိုတယ်သည် လူစီယာပြည်နယ်တွင်ရှိသည့် တစ်ခုတည်းသော မိုတယ်ဖြစ်သည် ။ ထားပါတော့လေ ...
တက္ကစီဆရာကို ကားခပေးပြီးသောအခါ ကျွန်မ၏ခရီးဆောင်အိတ်ကို သူ့ကားနောက်ဖုံးထဲမှ ထုတ်လိုက်သည် ။ ထို့နောက် မိုတယ်၏ ရှေ့မျက်နှာစာရုံးခန်းဆီသို့ ဦးတည်လိုက်သည် ။ မိုတယ်ထဲသို့ဝင်လိုက်သောအခါ ဧည့်ကြိုနေရာက အမျိုးသမီးသည် ကျွန်မကို လှည့်ပင်မကြည့်ချေ ။ ကျွန်မလည်း တံခါးကိုပိတ်လိုက်ပြီး ချောင်းဟန့်လိုက်သည် ။
" ဒီမှာရှင့် "
အံ့ဩစရာကောင်းစွာပင် ယုံကြည်မှုရှိရှိ ကျွန်မပြောလိုက်သည် ။ အခုမှ သူမက ဒီဘက်သို့လှည့်ကာ ကျွန်မကိုကြည့်လိုက်သည် ။
" ကျွန်မကြိုတင်စာရင်းပေးထားတာရှိပါတယ် "
ကျွန်မထပ်ပြောလိုက်သည် ။ သူက မဖြေပါ ။ ရေတွက်မရသည့် အချိန်အတိုင်းအတာတစ်ခုအထိတိုင်အောင် သူနှင့်ကျွန်မ နှစ်ယောက်သား မယုံသင်္ကာဟန်ဖြင့် စိုက်ကြည့်နေမိကြသည် ။ ဘယ်လောက်တောင် အနေရခက်တဲ့ အခြေအနေကြီးလဲ ... သူမက ကျွန်မဆီကနေ ကျွန်မမပေးနိုင်သည့်အရာတစ်ခုကို မျှော်လင့်နေသည်မှာ သေချာသည် ။
" နာမည်? "
သူမက စိတ်အနှောင့်အယှက်ဖြစ်စွာပြောလိုက်သည် ။
" အို ဟုတ်သားပဲ .. ကျွန်မ နာမည်က အယ်(လ်)လစ်ဆင်(န်) ပါ "
ကျွန်မ ကသိကအောက်ဖြင့် ဖြေလိုက်သည် ။ သူမက စာရွက်တစ်ထပ်ကြီးကိုမွှေနှောက်ရှာကာ ရုတ်တရက်ရပ်လိုက်ပြီး ထိုစာရွက်ထပ်ကြီးထဲက စာရွက်တစ်ရွက်ကိုဆွဲထုတ်လိုက်သည် ။
" အင်းး .. စိတ်ဝင်စားစရာပဲ "
သူမက ခပ်တိုးတိုးရေရွတ်သည်ကို ကျွန်မ မကြားချင်ယောင်ဆောင်လိုက်သည် ။
" ဒါဆို .. ရက်အကန့်အသတ်မရှိနေမယ်ပေါ့ "
သူမက ကြိုတင်စာရင်းပေးထားသည်စာရွက်ကိုကြည့်ရင်း တစ်ချက်မော့ကြည့်လိုက်သည် ။
" ကဲ ဒါဖြင့်လည်း မစ် အယ်(လ်)လစ်ဆင်(န်) ကျွန်မနောက်ကိုလိုက်ခဲ့ပါ "
ကျွန်မတို့ ရုံးခန်းထဲကထွက်လာကြပြီး ကျွန်မက သူမ နောက်ကနေကပ်ကာ လိုက်လာခဲ့သည် ။ ကျွန်မနေမည့်အခန်းသို့ သွားနေစဉ် သူမက ရှင်းပြသည် ။
" ရိုးရိုးသားသားပြောရရင် ဒီမိုတယ်နဲ့ပက်သက်ပြီး များများစားစားတောင်းဆိုစရာမရှိပါဘူး ။ အထူးအခွင့်အရေးအနေနဲ့ ရေခဲစက်တစ်ခုရှိတယ် ။ ဒါပေမယ့် ... အင်း အဲလိုရယ်လည်းပြောလို့မရပါဘူး ။ ရုံးခန်းရှေ့မှာ တယ်လီဖုန်းတစ်ခုရှိတယ် မင်းသုံးချင်သုံးလို့ရပါတယ် "
ကျွန်မ ပတ်ဝန်းကျင်ရှိ အလှတရားများတွင် နစ်မြောသွားသည့်အခါ သူမ၏အသံက နောက်ခံခပ်တိုးတိုးအသံသာ ဖြစ်သွားသည် ။
ကျွန်မ ဘေးပတ်ဝန်းကျင်ကို မျက်စိကစားလိုက်သည် ။ ထိုအခါ ကျွန်မတို့သည် ဦးထုပ်ဆောင်းထားသည့် အမျိုးသားတစ်ယောက်ရှေ့မှ ဖြတ်လာခဲ့သည်ကို သတိထားမိသည် ။ သူ့ကိုကြည့်ရတာ လေးနက်ဟန်ရှိပြီး အတော်လှသည့် အမျိုးသမီးတစ်ယောက်နှင့် စကားပြောနေသည် ။ ထိုခပ်လှလှ အမျိုးသမီးကိုကြည့်လိုက်တော့ ဖက်ရှင်ကျစွာဝတ်ဆင်ထားသည်ကို မြင်ရသည် ။ ခန္ဓာကိုယ်နှင့်ကွက်တိကျသည့် အစိမ်းရောင်ဂါဝန်ပေါ်တွင် သနပ်ခါးရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည် ။ အတော်အသင့်ရှည်မည်ဟုထင်ရသည့် အနီရောင်သန်းနေသောဆံပင်များကိုတော့ သေသေသပ်သပ်ထုံးဖွဲ့ထားသည် ။ ကျွန်မမျက်စိထဲတွင် သူမသည် အတော်ကိုကျက်သရေရှိလှနေပါသည် ။ ကျွန်မ သူမ၏သွင်ပြင်ကို စူးစမ်းလေ့လာနေစဉ် ကျွန်မအာရုံက သူမ၏နှုတ်ခမ်းတို့တွင် ရပ်တန့်သွားသည် ။ သူမတွင် လှပပြီး ရမ္မက်သွေးကြွစေသော နှုတ်ခမ်းပါးတစ်စုံကို ပိုင်ဆိုင်ထားကာ ထိုနှုတ်ခမ်းကို နှုတ်ခမ်းနီ ခပ်ရဲရဲဆိုးထားသေးသည် ။
ကြည့်ရသည်မှာ ထိုဦးထုပ်နှင့်လူ နှင့် အစိမ်းရောင်အင်္ကျီနှင့်အမျိုးသမီးသည် အရေးကြီးသည့်ကိစ္စတစ်ခုကို အလေးအနက်ဆွေးနွေးနေပုံရသည် ။ သူမက ထိုလူကို မျက်နှာထားတင်းတင်းဖြင့်ကြည့်နေပြီး ထိုလူ့လက်များကတော့ သူမပခုံးပေါ်တွင်ရှိနေသည် ။ ထိုလူက သူမနားသို့ကပ်၍ တစ်စုံတစ်ခုကို တီးတိုးပြောနေပြန်သည် ။ သူတို့နှစ်ယောက်က လင်မယားတွေလားဆိုတာကို ကျွန်မ သိချင်လိုက်တာ ။
ထိုအမျိုးသမီးက ကျွန်မကို လှမ်းကြည့်လိုက်သည့်အခါတွင် ကျွန်မအတွေးစတို့ပျက်ပြယ်သွားသည် ။ ဧည့်ကြိုအမျိုးသမီးကို ဝင်မတိုက်ခင်အထိ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မိနစ်အတော်ကြာစိုက်ကြည့်နေခဲ့ကြသည် ။ ဧည့်ကြိုအမျိုးသမီးက ကျွန်မနေရမည့်အခန်းသို့ရောက်သောအခါ ရပ်လိုက်သည်လေ ။
" အို ဘုရား .. ကျွန်မတောင်းပန်ပါတယ် "
ကျွန်မ ပါးပြင်နီးရဲသွားမည်ဆိုတာကို ကျွန်မသိနေပါသည် ။ ပြီးတော့ ကျွန်မလှည့်ကြည့်လိုက်သည့်အခါ ထို အစိမ်းရောင်အင်္ကျီနှင့် အမျိုးသမီးက ကျွန်မကိုကြည့်နေဆဲဆိုတာကို တွေ့လိုက်ရသည် ။ ထို့နောက် သူမက လှောင်ပြုံးပြုံးလိုက်သည် ။ သေစမ်း ၊ ဒါက အတော်ကိုရှက်ဖို့ကောင်းတာပဲ ...
ကျွန်မ ဧည့်ကြိုအမျိုးသမီးကိုသာ အာရုံစိုက်ရန် ထပ်မံကြိုးစားလိုက်သည် ။ သူမက ကျွန်မကို အခန်းသော့ပေးပြီး နံပါတ် ၆ ဟု ရေးထားသော အခန်းတံခါးတစ်ခုကို ညွှန်ပြလေသည် ။ ထို့နောက် ကျွန်မကို သံသယရှိစွာ စုန်ချည်ဆန်ချည်ကြည့်ပြီး
" တကယ်လို့ မင်း ယောင်္ကျားတွေကို ခေါ်လာမယ်ဆို သိုသိုသိပ်သိပ်လုပ်ပါလို့ တို့အကြံပေးလိုက်မယ် ။ တို့က နေရာကောင်းကောင်းကိုအုပ်ချုပ်လာရတာမို့ ဒီမှာ ဘာရှုပ်ရှုပ်ယှက်ယှက်မှ လက်ခံမှာမဟုတ်ဘူး "
ထိုသို့ပြောကာ သူမ ထွက်သွားတော့သည် ။
ဒါပေါ့ ... ယောင်္ကျားတွေလာလည်တာ ... ဒါမျိုးကတော့ ကျွန်မဆီမှာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး ။ အခန်းထဲသို့မဝင်ခင် ကျွန်မ နောက်တစ်ကြိမ်လှည့်ကြည့်မိသည် ။ သို့သော် ထိုအစိမ်းရောင်အင်္ကျီနှင့် အမျိုးသမီးကိုတော့ အရိပ်အယောင်လေးပင် မမြင်ရတော့ပေ ။
27/08/22
11:23 PM
(ZawGyi)
Julia Ellison's POV :
မီးရထား၏ သံလမ္းတစ္ေလွ်ာက္ ညက္ေညာင္းစြာခုတ္ေမာင္းသံသည္ ကြၽန္မအတြက္ ကေလးေခ်ာ့ေတးလိုျဖစ္ေနသည္မွာ နာရီအနည္းငယ္ေလာက္ရွိၿပီျဖစ္သည္ ။ ကြၽန္မ၏ဇာတိၿမိဳ႕မွ ယခုလူစီယာအထိသည္ အေတာ္ရွည္ၾကာေသာ ခရီးတစ္ခုျဖစ္သည္ ။ စာဖတ္ရင္း ၊ ကြၽန္မ၏လာမည့္ သုေတသနအတြက္ အခ်က္အလက္မ်ားျပင္ဆင္ရင္း အခ်ိန္ကုန္ခ်င္ေသာ္လည္း ခရီးလမ္းတစ္ေလွ်ာက္လုံး အေတြးထဲနစ္ေျမာရင္း ၊ ျပတင္းေပါက္အျပင္ကိုေငးရင္းျဖင့္သာ အခ်ိန္ကုန္လာခဲ့ေလသည္ ။
အျပင္ဘက္သို႔ၾကည့္လိုက္သည့္အခါ အလြန္လွပေသာ ေတာေတာင္ေရေျမရႈခင္းတို႔ကို ျဖတ္လာရင္း ျမင္လိုက္ရသည္ ။ ေနေရာင္ျခည္က ျမက္ခင္းျပင္ေပၚသို႔ ျဖာက်ေနၿပီး ေဘးတြင္ အစိမ္းေရာင္ႏွင့္အျပာေရာင္ ျမစ္တို႔ရွိေနသည္ ။ ရထားစီးေနရင္းပင္ ရႈခင္းကေျပာင္းလဲသြားျပန္သည္ ။ ျမင္ခင္းျပင္သည္ သဲေသာင္ျပင္မ်ားျဖစ္သြားၿပီး ျမစ္မ်ားေပ်ာက္ကြယ္သြားကာ သမုဒၵရာတစ္ခုကိုအစားထိုးေတြ႕လိုက္ရေလသည္ ။
ရထားက လိုဏ္ေခါင္းထဲသို႔ဝင္သြားၿပီး ကြၽန္မ ျမင္ကြင္းမ်ားကို ေမွာင္မည္းေနေသာ ေအးစက္စက္လိုဏ္ေခါင္းနံရံမ်ားက ဖုံးကြယ္ပစ္လိုက္သည္ ။ ထိုအခါမွ ကြၽန္မ၏ပုံရိပ္ကို ျပတင္းေပါက္မွန္တြင္ျပန္ျမင္လိုက္ရသည္ ၊ ပင္ပန္းေနပုံရေပမယ့္ အာ႐ုံစူးစိုက္ေနသည္ ။ ကြၽန္မ သိပ္ကိုအေတြးမ်ားေနတာပဲ ...
ကြၽန္မအၾကည့္ေတြက ေရွ႕ကသတင္းစာေပၚက ရက္စြဲဆီသို႔ေရာက္သြားသည္ ။ ၂၃ ရက္ ဇြန္လ ၁၉၄၇ ခုႏွစ္ ... သဘာဝက်က်စာအုပ္တစ္အုပ္ကိုေရးၿပီး တကယ့္စာေရးဆရာမအေနျဖင့္ ကြၽန္မ ဘဝအသစ္ကိုစတင္ေသာေန႔ ...
ခဏၾကာေတာ့ ရထားရပ္သြားသည္ ။ ကြၽန္မ မတ္တပ္ရပ္လိုက္ၿပီး အက်ႌကိုျပန႔္ေအာင္စန႔္လိုက္ကာ ေခါင္းေပၚမွာတင္ထားသည့္ ခရီးေဆာင္အိတ္ကိုလွမ္းယူလိုက္သည္ ။ မီးရထား၏တံခါးေပါက္မ်ားပြင့္သြားၿပီး ကြၽန္မလည္း နယ္ေျမအသစ္တစ္ခုသို႔ ေျခခ်မိေတာ့သည္ ။ လူစီယာ ပင္မ ဘူတာ႐ုံ ။ ကြၽန္မ ပတ္ဝန္းက်င္ကိုလွည့္ပတ္ၾကည့္ရႈလိုက္ၿပီး ေနရာအသစ္ကို ေလ့လာလိုက္သည္ ။ ဤေနရာတြင္ လူမ်ားမ်ားစားစားမရွိေခ် ။ ဒီေနရာသည္ ကြၽန္မ ရွိေနရမည့္ေနရာမဟုတ္ဟု ထင္မိသည္ ။
ႏွာေခါင္းထဲတြင္ ဆားနံ႔ရ၍ ဒီေနရာက ပင္လယ္ႏွင့္အေတာ္နီးမည္ဆိုတာ ကြၽန္မေျပာႏိုင္ပါသည္ ။ ကြၽန္မရပ္ေနသည့္ေနရာႏွင့္ မလွမ္းမကမ္းက ကမ္းေျခတစ္ခုတြင္ အမ်ိဳးသမီးတစ္ေယာက္ သတင္းစာဖတ္ေနသည္ ။ သူမေဘးတြင္ ခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္က အ႐ုပ္တစ္ခုႏွင့္ေဆာ့ေနသည္ ။ စႀကႍ၏တစ္ျခားတစ္ဖက္တြင္ေတာ့ အရပ္ရွည္ရွည္ အမ်ိဳးသားတစ္ေယာက္ရပ္ေနသည္ ။ သူသည္ ေငြေရာင္ဆံပင္ႏွင့္ အညိဳေရာင္မ်က္လုံးမ်ားရွိၿပီး ကြၽန္မထက္ ၁၀ ႏွစ္ေလာက္ႀကီးပုံရသည္ ။ သူ႔ကိုၾကည့္ရတာ ရထားေပၚပါလာရမည္ျဖစ္ေသာ္လည္း ပါမလာခဲ့သည့္ တစ္ေယာက္ေယာက္ကို ေစာင့္ေနသည့္ဟန္ရွိသည္ ။ ယခု သူက ကြၽန္မကိုစိုက္ၾကည့္ေနေတာ့ အေတာ္ေလး ေနရတာ မသက္မသာျဖစ္မိသည္ ။ ထို႔ေၾကာင့္ ကြၽန္မ သိုးသိုးသြက္သြက္ပင္ ဘူတာ႐ုံထဲကထြက္ၿပီး တကၠစီတစ္စီးကိုတားလိုက္သည္ ။
တကၠစီေမာင္းသမားက စကားစျမည္ေျပာရန္ႀကိဳးစားေသာ္လည္း ကြၽန္မက လူစိမ္းမ်ားႏွင့္ အလာပသလႅာပေျပာရန္ စိတ္မပါသည္ကို သတိထားမိေသာအခါ ခရီးလမ္းတစ္ေလွ်ာက္လုံး ေရဒီယိုမွလာေနေသာ သီခ်င္းကိုသာ ခပ္တိုးတိုးညည္းေနေတာ့သည္ ။ ျပတင္းေပါက္အျပင္သို႔ေငးမိေသာအခါ အေတြးထဲထပ္မံနစ္ျမဳပ္သြားျပန္သည္ ။
ငါဘာလို႔စိတ္လႈပ္ရွားေနတာလဲ? ဒီေနရာကိုလာဖို႔ ငါပဲေ႐ြးခ်ယ္ခဲ့တာ ။ ငါဒါကိုလုပ္ခ်င္တယ္ ။ ဒါေပမယ့္ ဒါကဘာလို႔ ရင္တုန္စရာျဖစ္ေနတာလဲမသိဘူး ။ ၾကည့္ရတာ ငါက ေနရာစိမ္းေတြကို သိပ္မႀကိဳက္လို႔နဲ႔တူပါရဲ႕ ။
' Sealight Inn ' သည္ ႐ိုး႐ိုးရွင္းရွင္းႏွင့္ ေဈးသက္သာေသာ မိုတယ္ျဖစ္ၿပီး ကြၽန္မသြားရမည့္ ေဆး႐ုံႏွင့္လည္း သိပ္မေဝးေပ ။ ၿပီးေတာ့ ေ႐ြးခ်ယ္စရာ မ်ားမ်ားစားစားလည္းရွိတာမွမဟုတ္ဘဲ ဒီမိုတယ္သည္ လူစီယာျပည္နယ္တြင္ရွိသည့္ တစ္ခုတည္းေသာ မိုတယ္ျဖစ္သည္ ။ ထားပါေတာ့ေလ ...
တကၠစီဆရာကို ကားခေပးၿပီးေသာအခါ ကြၽန္မ၏ခရီးေဆာင္အိတ္ကို သူ႔ကားေနာက္ဖုံးထဲမွ ထုတ္လိုက္သည္ ။ ထို႔ေနာက္ မိုတယ္၏ ေရွ႕မ်က္ႏွာစာ႐ုံးခန္းဆီသို႔ ဦးတည္လိုက္သည္ ။ မိုတယ္ထဲသို႔ဝင္လိုက္ေသာအခါ ဧည့္ႀကိဳေနရာက အမ်ိဳးသမီးသည္ ကြၽန္မကို လွည့္ပင္မၾကည့္ေခ် ။ ကြၽန္မလည္း တံခါးကိုပိတ္လိုက္ၿပီး ေခ်ာင္းဟန႔္လိုက္သည္ ။
" ဒီမွာရွင့္ "
အံ့ဩစရာေကာင္းစြာပင္ ယုံၾကည္မႈရွိရွိ ကြၽန္မေျပာလိုက္သည္ ။ အခုမွ သူမက ဒီဘက္သို႔လွည့္ကာ ကြၽန္မကိုၾကည့္လိုက္သည္ ။
" ကြၽန္မႀကိဳတင္စာရင္းေပးထားတာရွိပါတယ္ "
ကြၽန္မထပ္ေျပာလိုက္သည္ ။ သူက မေျဖပါ ။ ေရတြက္မရသည့္ အခ်ိန္အတိုင္းအတာတစ္ခုအထိတိုင္ေအာင္ သူႏွင့္ကြၽန္မ ႏွစ္ေယာက္သား မယုံသကၤာဟန္ျဖင့္ စိုက္ၾကည့္ေနမိၾကသည္ ။ ဘယ္ေလာက္ေတာင္ အေနရခက္တဲ့ အေျခအေနႀကီးလဲ ... သူမက ကြၽန္မဆီကေန ကြၽန္မမေပးႏိုင္သည့္အရာတစ္ခုကို ေမွ်ာ္လင့္ေနသည္မွာ ေသခ်ာသည္ ။
" နာမည္? "
သူမက စိတ္အေႏွာင့္အယွက္ျဖစ္စြာေျပာလိုက္သည္ ။
" အို ဟုတ္သားပဲ .. ကြၽန္မ နာမည္က အယ္(လ္)လစ္ဆင္(န္) ပါ "
ကြၽန္မ ကသိကေအာက္ျဖင့္ ေျဖလိုက္သည္ ။ သူမက စာ႐ြက္တစ္ထပ္ႀကီးကိုေမႊေႏွာက္ရွာကာ ႐ုတ္တရက္ရပ္လိုက္ၿပီး ထိုစာ႐ြက္ထပ္ႀကီးထဲက စာ႐ြက္တစ္႐ြက္ကိုဆြဲထုတ္လိုက္သည္ ။
" အင္းး .. စိတ္ဝင္စားစရာပဲ "
သူမက ခပ္တိုးတိုးေရ႐ြတ္သည္ကို ကြၽန္မ မၾကားခ်င္ေယာင္ေဆာင္လိုက္သည္ ။
" ဒါဆို .. ရက္အကန႔္အသတ္မရွိေနမယ္ေပါ့ "
သူမက ႀကိဳတင္စာရင္းေပးထားသည္စာ႐ြက္ကိုၾကည့္ရင္း တစ္ခ်က္ေမာ့ၾကည့္လိုက္သည္ ။
" ကဲ ဒါျဖင့္လည္း မစ္ အယ္(လ္)လစ္ဆင္(န္) ကြၽန္မေနာက္ကိုလိုက္ခဲ့ပါ "
ကြၽန္မတို႔ ႐ုံးခန္းထဲကထြက္လာၾကၿပီး ကြၽန္မက သူမ ေနာက္ကေနကပ္ကာ လိုက္လာခဲ့သည္ ။ ကြၽန္မေနမည့္အခန္းသို႔ သြားေနစဥ္ သူမက ရွင္းျပသည္ ။
" ႐ိုး႐ိုးသားသားေျပာရရင္ ဒီမိုတယ္နဲ႔ပက္သက္ၿပီး မ်ားမ်ားစားစားေတာင္းဆိုစရာမရွိပါဘူး ။ အထူးအခြင့္အေရးအေနနဲ႔ ေရခဲစက္တစ္ခုရွိတယ္ ။ ဒါေပမယ့္ ... အင္း အဲလိုရယ္လည္းေျပာလို႔မရပါဘူး ။ ႐ုံးခန္းေရွ႕မွာ တယ္လီဖုန္းတစ္ခုရွိတယ္ မင္းသုံးခ်င္သုံးလို႔ရပါတယ္ "
ကြၽန္မ ပတ္ဝန္းက်င္ရွိ အလွတရားမ်ားတြင္ နစ္ေျမာသြားသည့္အခါ သူမ၏အသံက ေနာက္ခံခပ္တိုးတိုးအသံသာ ျဖစ္သြားသည္ ။
ကြၽန္မ ေဘးပတ္ဝန္းက်င္ကို မ်က္စိကစားလိုက္သည္ ။ ထိုအခါ ကြၽန္မတို႔သည္ ဦးထုပ္ေဆာင္းထားသည့္ အမ်ိဳးသားတစ္ေယာက္ေရွ႕မွ ျဖတ္လာခဲ့သည္ကို သတိထားမိသည္ ။ သူ႔ကိုၾကည့္ရတာ ေလးနက္ဟန္ရွိၿပီး အေတာ္လွသည့္ အမ်ိဳးသမီးတစ္ေယာက္ႏွင့္ စကားေျပာေနသည္ ။ ထိုခပ္လွလွ အမ်ိဳးသမီးကိုၾကည့္လိုက္ေတာ့ ဖက္ရွင္က်စြာဝတ္ဆင္ထားသည္ကို ျမင္ရသည္ ။ ခႏၶာကိုယ္ႏွင့္ကြက္တိက်သည့္ အစိမ္းေရာင္ဂါဝန္ေပၚတြင္ သနပ္ခါးေရာင္ကုတ္အက်ႌကို ဝတ္ဆင္ထားသည္ ။ အေတာ္အသင့္ရွည္မည္ဟုထင္ရသည့္ အနီေရာင္သန္းေနေသာဆံပင္မ်ားကိုေတာ့ ေသေသသပ္သပ္ထုံးဖြဲ႕ထားသည္ ။ ကြၽန္မမ်က္စိထဲတြင္ သူမသည္ အေတာ္ကိုက်က္သေရရွိလွေနပါသည္ ။ ကြၽန္မ သူမ၏သြင္ျပင္ကို စူးစမ္းေလ့လာေနစဥ္ ကြၽန္မအာ႐ုံက သူမ၏ႏႈတ္ခမ္းတို႔တြင္ ရပ္တန႔္သြားသည္ ။ သူမတြင္ လွပၿပီး ရမၼက္ေသြးႂကြေစေသာ ႏႈတ္ခမ္းပါးတစ္စုံကို ပိုင္ဆိုင္ထားကာ ထိုႏႈတ္ခမ္းကို ႏႈတ္ခမ္းနီ ခပ္ရဲရဲဆိုးထားေသးသည္ ။
ၾကည့္ရသည္မွာ ထိုဦးထုပ္ႏွင့္လူ ႏွင့္ အစိမ္းေရာင္အက်ႌႏွင့္အမ်ိဳးသမီးသည္ အေရးႀကီးသည့္ကိစၥတစ္ခုကို အေလးအနက္ေဆြးေႏြးေနပုံရသည္ ။ သူမက ထိုလူကို မ်က္ႏွာထားတင္းတင္းျဖင့္ၾကည့္ေနၿပီး ထိုလူ႔လက္မ်ားကေတာ့ သူမပခုံးေပၚတြင္ရွိေနသည္ ။ ထိုလူက သူမနားသို႔ကပ္၍ တစ္စုံတစ္ခုကို တီးတိုးေျပာေနျပန္သည္ ။ သူတို႔ႏွစ္ေယာက္က လင္မယားေတြလားဆိုတာကို ကြၽန္မ သိခ်င္လိုက္တာ ။
ထိုအမ်ိဳးသမီးက ကြၽန္မကို လွမ္းၾကည့္လိုက္သည့္အခါတြင္ ကြၽန္မအေတြးစတို႔ပ်က္ျပယ္သြားသည္ ။ ဧည့္ႀကိဳအမ်ိဳးသမီးကို ဝင္မတိုက္ခင္အထိ ကြၽန္မတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ မိနစ္အေတာ္ၾကာစိုက္ၾကည့္ေနခဲ့ၾကသည္ ။ ဧည့္ႀကိဳအမ်ိဳးသမီးက ကြၽန္မေနရမည့္အခန္းသို႔ေရာက္ေသာအခါ ရပ္လိုက္သည္ေလ ။
" အို ဘုရား .. ကြၽန္မေတာင္းပန္ပါတယ္ "
ကြၽန္မ ပါးျပင္နီးရဲသြားမည္ဆိုတာကို ကြၽန္မသိေနပါသည္ ။ ၿပီးေတာ့ ကြၽန္မလွည့္ၾကည့္လိုက္သည့္အခါ ထို အစိမ္းေရာင္အက်ႌႏွင့္ အမ်ိဳးသမီးက ကြၽန္မကိုၾကည့္ေနဆဲဆိုတာကို ေတြ႕လိုက္ရသည္ ။ ထို႔ေနာက္ သူမက ေလွာင္ၿပဳံးၿပဳံးလိုက္သည္ ။ ေသစမ္း ၊ ဒါက အေတာ္ကိုရွက္ဖို႔ေကာင္းတာပဲ ...
ကြၽန္မ ဧည့္ႀကိဳအမ်ိဳးသမီးကိုသာ အာ႐ုံစိုက္ရန္ ထပ္မံႀကိဳးစားလိုက္သည္ ။ သူမက ကြၽန္မကို အခန္းေသာ့ေပးၿပီး နံပါတ္ ၆ ဟု ေရးထားေသာ အခန္းတံခါးတစ္ခုကို ၫႊန္ျပေလသည္ ။ ထို႔ေနာက္ ကြၽန္မကို သံသယရွိစြာ စုန္ခ်ည္ဆန္ခ်ည္ၾကည့္ၿပီး
" တကယ္လို႔ မင္း ေယာက်ၤားေတြကို ေခၚလာမယ္ဆို သိုသိုသိပ္သိပ္လုပ္ပါလို႔ တို႔အႀကံေပးလိုက္မယ္ ။ တို႔က ေနရာေကာင္းေကာင္းကိုအုပ္ခ်ဳပ္လာရတာမို႔ ဒီမွာ ဘာရႈပ္ရႈပ္ယွက္ယွက္မွ လက္ခံမွာမဟုတ္ဘူး "
ထိုသို႔ေျပာကာ သူမ ထြက္သြားေတာ့သည္ ။
ဒါေပါ့ ... ေယာက်ၤားေတြလာလည္တာ ... ဒါမ်ိဳးကေတာ့ ကြၽန္မဆီမွာ ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ပါဘူး ။ အခန္းထဲသို႔မဝင္ခင္ ကြၽန္မ ေနာက္တစ္ႀကိမ္လွည့္ၾကည့္မိသည္ ။ သို႔ေသာ္ ထိုအစိမ္းေရာင္အက်ႌႏွင့္ အမ်ိဳးသမီးကိုေတာ့ အရိပ္အေယာင္ေလးပင္ မျမင္ရေတာ့ေပ ။
27/08/22
11:23 PM