အမှန်မှာ မိုဟွာဝမ်သည် ညမိုးမလင်းမီတွင် ချင်ဝေ့ဥယျာဥ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ်ခဲ့ပြီး ပန်းလေးမြတ်ပွဲဖိတ်စာနှင့်ပင် သူမထံ ယူဆောင်လာခဲ့သည်။
"တုန်းအာ မင်းက ဘယ်လိုဖြစ်လို့ သတိလက်လွတ်ဖြစ်နေတာလဲ။ မင်းဖိတ်စာကို ဥယျာဉ်ထဲမှာ ထားခဲ့တယ်။ အစေခံတွေက ငါ့ကို မကောက်လာပေးရင် ငါ့တို့ နှစ်ပတ်လည် ပန်းလေးမြတ်ပွဲသို့ မသွားနိုင်တော့ဘူး ။ သမီးကိုယ်တိုင် ချည်ထိုးပြီ မျက်လုံးမထိခိုက်စေနှင့်။ အစေခံတွေကို လုပ်ခိုင်းလိုက်ပါ ။ "
မို့ဟွာဝမ်သည် မို့ရွှီတုန်းတစ်ယောက် ငြိမ်သက်စွာ ပန်းထိုးနေသည်ကို မြင်သောအခါ ကြင်နာစွာ ပြုံးလိုက်ကာ မိုဟွာဝမ်က သူမကို ဖိတ်စာပေးလိုက်သည် ။
“ဖေဖေ ဒါကို ဘယ်မှာတွေ့တာလဲ ၊ အဖွားက ပန်းလေးမြတ်ပွဲစတော့မယ်လို့ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးပြီး တုန်းအာကို အံဝင်ခွင်ကျဖြစ်အောင် အဝတ်အစားလုပ်ထားဖို့ စာတစ်စောင်ပို့ထားသေးတယ်၊ တုန်းအာကစဥ်းစားနေတာ ၊ ပွဲကမနက်ဖြန်ပဲ စတော့မယ် ဖိတ်စာကမရောက်လာသေးဘူးလိုလေ "
မို့ရွှီတုန်းက မတ်တပ်ထရပ်ပြီး မျက်လုံးများ တောက်ပနေသည် ။
"တုန်းအာ ဒီဖိတ်စာကိုမရခဲ့ဘူးလား?" မိုဟွာဝမ်က မျက်မှောင်ကြုတ်ပြီးပြောတယ်
"မရခဲ့ဘူး ၊ ဒါပေမယ့် အဆင်ပြေပါတယ်။ တုန်းအာက အဒေါ်မို့ကို သမီးအတွက် အဝတ်အစား လုပ်ပေးဖို့ တောင်းဆိုထားပြီးသားပါ။ ဒါကြောင့် ပွဲတက်ဖို့ သမီးမှာ အဝတ်မရှိမှာ ဖေဖေ စိတ်ပူနေစရာမလိုပါဘူး။"
သူမသည် ကျေနပ်သော အကြည့်ဖြင့် မျက်တောင်ခတ်လိုက်သည်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်က သူမကို ချစ်မြတ်နိုးစေခဲ့ပါတယ်။
"သမီး အဒေါ်မိုကို အဝတ်အစားလုပ်ခိုင်းဖို့ တောင်းဆိုတာ ဘယ်အချိန်တုန်းကလဲ ၊အဒေါ်မိုပြောတော့ သူမကိုအဝတ်အစာစီစဥ်ခိုင်းတာ မကြားမိဘူးတဲ့ ၊ တစ်ခုခုမှားနေတာလား "
မိုဟွာဝမ်က မေးသည်။ သူ ဒီကိစ္စကို လာမေးဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ် ။ သို့သော် ပန်းခြံထဲတွင် ဖိတ်စာတစ်စောင် ကောက်ရလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။ မို့ရွှီတုန်း ပြောသည်ကို ကြားသောအခါတွင် သူ သံသယများ ဝင်လာတော့သည်။
" အဖွားဆီက စာကိုရပြီးတဲ့အချိန် မိုလန်ကို အဒေါ်မိုဆီသွားပြောခိုင်းပါတယ်။ ဒီနေရာမှာ အစ်မအကြီးဆုံးရဲ့ အစေခံ မိုဂျင်လည်း ရှိပါတယ်။ မိုဂျင်က အဒေါ်မိုကို သူ့မအတွက် ပြောပေးမယ်လို့ ပြောခဲ့တယ်။ မိုဂျင်က ဒါကိုပြောဖို့မေ့သွားတာလား။ မဟုတ်သေးဘူး ။ အဖေ ဒါဆို သမီးက မနက်ဖြန် ပန်းလေးမြတ်ပွဲမှာ ဘာဝတ်ရမှာလဲ "
မိုဟွာဝမ် ပြောသည်ကို ကြားသောအခါ မိုရွှီတုန်း ထိတ်လန့်လာသည်။ သူမမျက်နှာ နီရဲလာပြီး ညည်းညူရင်း နှုတ်ခမ်းစူလာသည်။
ချင်းနိုင်ငံ၏ သားသမီးများသည် ၎င်းတို့၏ သေဆုံးသွားသော ဆွေမျိုးများကို ဝမ်းနည်းကြေကွဲစေရန်အတွက် ပူဆွေးကာလက 3နှစ်ဖြစ်သော်လည်း အိမ်တွင် သုံးနှစ်နေရန် အမှန်တကယ် မလိုအပ်ပေ။ ၎င်းတို့သည် ရိုးရှင်းသောလုပ်ဆောင်ချက်အချို့ကို တက်ရောက်နိုင်သေးသည်။
မြို့တော်ကို ပြန်ရောက်ပြီးကတည်းက မို့ရွှီတုန်းအတွက် ဒီပွဲဟာ ပထမဆုံးအကြိမ် လူသိရှင်ကြားအမြင်မှာ ပေါ်လာတာ ဖြစ်ပါတယ်။
သခင်မကြီးဆု သည် မိုအိမ်တော်မှလူများက သူမအတွက် အစွမ်းကုန်မလုပ်ဆောင်ပေးမည်ကို စိုးရိမ်သဖြင့် သခင်မကြီးက မို့ရွှီတုန်းအတွက် ရိုးရိုးရှင်းရှင်းအဝတ်အစားများ ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် လာယူရန် တစ်စုံတစ်ဦးကို ပို့ပေးရန် တောင်းဆိုခဲ့သည်။
သို့သော်လည်း မို့ရွှီတုန်းသည် ယခုအချိန်တွင် ထိုအကြောင်း မို့ဟွာဝမ်ကို မပြောခဲ့ပေ။ မိုဟွာဝမ် သည် သမီးဖြစ်သူ၏ မျက်လုံးများတွင် ဝမ်းနည်းကြေကွဲမှုနှင့် ရင်တထိတ်ထိတ်ဖြင့် နှုတ်ခမ်းစူနေပုံကို မြင်သောအခါတွင် သူ့သမီးအား နှစ်သိမ့်ရန် အမြန်ပြောခဲ့သည် ။
"စိတ်မပူနဲ့။ သမီးအတွက် အဖေ တစ်ခုခုစဉ်းစားမယ်" လို့ပြောတယ်။ နောက်တော့ သူက နဖူးကို ပုတ်လိုက်သည် ။
"သမီးကို ကြည့်ရတာ ပိန်ပိန်ပါးပါးလေး။ သမီးဒ်ီလိုမျိုး နှုမ်းခမ်းဆူနေရင် ဖားတစ်ကောင်လို ဖြစ်သွားလိမ့်မယ်။ အဲဒီအခါဆို သမီးမလှတော့ဘူး"
"အဖေ.."
မို့ရွှီတုန်းကနဖူးကို အုပ်ထားသည်။ မို့ဟွာဝမ်က မို့ရွှီတုန်းကို နှစ်သိမ့်ပေးတယ်။ မို့ရွှီတုန်း က သူ့ကို လက်ဖက်ရည်သောက်ဖို့ ဆွဲခေါ်သွားတဲ့အခါ သူ့အမူအရာက ပြောင်းလဲသွားသည် ။
အထည်ချုပ်ဌာနသည် မို့ရွှမ်မင် အတွက် အလွန်ကြီးကျယ်သော ၀တ်စုံတစ်ခု ပြုလုပ်ရန် အလုပ်များနေပြီဖြစ်ကြောင်း ဝမ်းနည်းသောလေသံဖြင့် အဒေါ်မိုက ပြောပြသည်။ သူမသည် အကြီးဆုံးသခင်မလေး၏ ၀တ်စားဆင်ယင်မှုကို မေ့လျော့ခြင်းမရှိကြောင်း သက်သေပြခဲ့ပြီး တတိယသခင်မလေးကိုတော့ အဘယ်ကြောင့် မေ့သွားနိုင်ရသနည်း ။
မင်အာ ၏ကျွန်သည် တုန်းအာ၏ကိစ္စများအကြောင်း အပ်ချုပ်ဆရာများကို အကြောင်းကြားပေးမည်ဟု ပြောခဲ့သည် ။ သို့သော် ထိုလူက မင်အာ၏အဝတ်အစားအကြောင်းပြောခဲ့သော်လည်း တုန်းအာ၏အကြောင်း မပြောခဲ့ပေ ။ သူ သေချာပေါက် ထိုအရာကို စစ်ဆေးရမယ်။
မင်အာ သည် သူမ၏အဝတ်အစားအသစ်လိုအပ်ချိန်နှင့် ဥယျာဉ်တွင် သူကောက်ယူလာသည့်ဖိတ်ကြားစာကို စဥ်းစားလိုက်သောအခါ မို့ဟွာဝမ် ၏စူးရှသောစိတ်သည် တစ်ခုခုဖြစ်နေပြီဟု ခံစားလိုက်ရသည်။
ဝတ်စားဆင်ယင်မှုကိစ္စနှင့်ပတ်သက်ပြီး သူသည် အပြင်ဘက်တွင် အပ်ချုပ်သမားတစ်ယောက်သာ ရရှိခဲ့သည် ။ တစ်နေ့တည်းသာကျန်ရှိသော အချိန်တွေက တင်းကျပ်နေပေမယ့် အချိန်မှီနိုင်သေးသည် ။ သူသည် တုန်းအာကို တိုင်းတာရန်အတွက် မြို့တော်မှ နာမည်ကြီး အပ်ချုပ်သမားကို ရှာရမည်။ တစ်ညလုံး အလုပ်လုပ်ရင် အချိန်မှီ ၀တ်စားဆင်ယင်နိုင်ရမယ်။
မိုယုက အဲဒါကို တွေးနေရင်းနဲ့ စားပွဲတင် ဗန်းတစ်ခုနဲ့ ဝင်သွားပြီး အဝတ်အစားတစ်ထည်ကို သပ်သပ်ရပ်ရပ် ချထားလိုက်သည်။ သူမသည် မိုဟွာဝမ်ကို ဦးညွှတ်ကာ စကားမပြောဘဲ ပြုံးပြုံးလေးဖြင့် တစ်ဖက်တွင် ရပ်လိုက်သည်။
"မိုယု၊ ဒီအဝတ်အစားက ဘယ်ကလာတာလဲ၊"
မိဟြွာဝမ်၏ မျက်လုံးများ တောက်ပလာပြီး ဗန်းကို ကြည့်ရင်း ပြုံးကာ မေးလိုက်သည်။ ၎င်းတွင် ဇာပါသော အမျိုးသမီးဝတ် ၀တ်စုံဖြစ်သည်။
"သခင်ကြီး၊ ဒါက လုအိမ်တော်ကပို့လိုက်တဲ့ မမလေးရဲ့အဝတ်အစားပါ။ လုအိမ်တော်က သခင်မကြီးဆုက မနက်ဖြန် သခင်မလေးမှာ အဝတ်အစားမရှိမှာကို ကြောက်လို့ ပို့ပေးလိုက်တာပါ ၊သခင်မအိုကြီးက က အဝတ်အစားတွေ ပို့ရုံတင်မကဘဲ အသုံးအဆောင်တွေပါ အကုန်ပို့ပေးခဲ့တယ်။”
မိုယုက ရွှင်ပြုံးပြုံးရွှင်နဲ့ ပြောလိုက်ပါတယ်။ မို့ဟွာဝမ် ရဲ့ အမူအရာက မည်းမှောင်သွားပြီး ထိုးနှက်ခံရသလို ခံစားရတယ်။ သူက သူ့သမီးကို လုအိမ်တော်ထက် ဂရုစိုက်နိုင်ကြောင်း ပြသချင်ပေမဲ့ ဖြတ်ရိုက်ခံရသလိုသာ အဆုံးသတ်သွားပြီး ကူကယ်ရာမဲ့စွာနဲ့ ရှုံးနိမ့်သွားသလို ခံစားလိုက်ရတယ်။
ဒါက ဘာလဲ။ သူ့သမီးက နန်းတော်မှာ ပွဲတက်ချင်ပေမယ့် တက်ဖို့အဝတ်အစားမရှိသောကြောင့် သူ့အဖိုးအဖွားတွေကို အဝတ်အစားတွေ ပြင်ခိုင်းပြီး ပို့ခိုင်းရတယ်။ ဒါက မိုအိမ်တော်ကို အရှက်ရစေတယ်။
ဒါပေမယ့်လည်း သူ့ ထိုအဝတ်အစားကို မငြင်းဆန်နိုင်ပေ၊ တုန်းအာက ပွဲတက်ဖို့ တကယ်ကို အဝတ်အစားလဲ မရှိခဲ့ပါဘူး၊ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများလည်း မရှိခဲ့ပေ ။
မို့ဟွာဝမ်သည် စိတ်မထိန်းနိုင်ဘဲ စိတ်မကောင်းဖြစ်မိပါသည်။ သူ့သမီးက အဝတ်အစားများကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ သူမ ဘယ်လောက်နှစ်သက်ကြောင်း ပြသသည်ကို မြင်လိုက်ရပြီး ပိုလို့တောင် စိတ်မကောင်းဖြစ်မိပါသည်။
" တုန်းအာ ဒီအဝတ်အစားတွေကို ကြိုက်လား "
မို့ရွှီတုန်းက ပြုံးပြီး အားတက်သရော ခေါင်းညိတ်ပြသည်။ သူမသည် မို့ဟွာဝမ်ကို သူ့အဝတ်အစားများကို လှမ်းကြည့်ရန် ဆွဲခေါ်လိုက်သည်။ သို့သော်လည်း မိုဟွာဝမ် စိတ်ဆိုးလာသည်ကို သူမမြင်လိုက်ရသောအခါတွင် သူမသည် နာခံမှုမရှိဘဲ ရပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူမသည် ပြုံးပြုံးလေးဖြင့် မေးသည်
"အဖေ၊ တုန်းအာမှာ အဝတ်မရှိဘူး ၊ အခုအမြန်ချုပ်ရင်လည်း လှပမှာမဟုတ်တော့ဘူး ။ အဲဒါကြောင့် အဖွားပို့ပေးတဲ့ ဒီဝတ်စုံကို မနက်ဖြန်ဝတ်မယ်။ နောက်တစ်ခါ၊ တုန်းအာက အဖေပေးတဲ့အဝတ်အစားတွေကို ဝတ်ပေးမယ်။" လို့ သူမဟာ ဘာမှကိုစိတ်မ၀င်စားတဲ့ ကလေးမလေးတစ်ယောက်လို ပြောလိုက်ပါတယ်။
မို့ဟွာဝမ် က သူမအတွက် ပိုလို့တောင် ဝမ်းနည်းနေသလို ခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက သူ့သမီးက ပိုနာခံစွာ ကြီးပြင်းလာပြီး အခုဆိုစိတ်မချမ်းသာဖြစ်နေရင် နှစ်သိမ့်ဖို့တောင် ကြိုးစားရမှန်းသိနေပြီ ။
သမီးလေးက ငယ်သေးပေမယ့် တိမ်တိုက်မြို့မှာ ထားခဲ့တုန်းက သူမ အတော်လေး ခံစားခဲ့ရမှာ။ ဒီလိုမှမဟုတ်ရင် အစွန်းအထင်းခံခဲ့ရတဲ့ သူမဟာ တခြားသူတွေရဲ့ တုံ့ပြန်မှုတွေကိုကြည့်ပြီး အခြေအနေကို ဘယ်လိုစီရင်ရမှန်း မသိသလို နာခံမှုလည်းရှိလာမှာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း သူမရဲ့ ကြည်လင်တဲ့ မျက်လုံးလေးတွေရဲ့ ကြင်နာမှုနဲ့ ချစ်စရာကောင်းမှုက ထင်ရှားပါတယ်။ ဒီအဖြစ်အပျက်ကို သူမလည်းခံစားခဲ့ရပေမယ့် သူမဟာ ဒီကိစ္စကို အကျယ်ချဲလိုက်ဖို့ မရွေးချယ်ခဲ့ပါဘူး။သူမက သူ့ကို နှစ်သိမ့်ဖို့တောင် ကြိုးစားခဲ့ပါတယ်။
မို့ဟွာဝမ်ဟာ သူမအပေါ် ဘယ်လိုမှ စိတ်မဆိုးနိုင်ဘူးလို့ သူခံစားခဲ့ရပြီး သူ့ရဲ့ နာခံမှုရှိပြီး ဆင်ခြင်တုံတရားရှိတဲ့ သမီးကို ဒီထက်ပိုပြီးဝမ်းနည်းသွားစေဖို့ ခွင့်မပြုနိုင်ဘူးလို့ ခံစားခဲ့ရပါတယ်။ သူ့ဆံပင်တွေကို ပွတ်သပ်ပြီး ပြုံးပြသည်
“ကောင်းပြီ၊ သမီးအတွက် အ၀တ်အထည်လေးတွေထပ်လုပ်ဖို့အတွက် အထည်ချုပ်ကဏ္ဍကို ပြောလိုက်မယ် ။ "
" သမီးဝတ်ထားတာတွေလည်းကြဉ့်လိုက်ပါဦး ၊ သူတို့က အရမ်းရိုးတယ်။ မင်းအစ်မကိုကြည့်ပြီး မင်းကိုကြည့်ပါဦး။ သမီးက သခင်မငယ်လေးတစ်ယောက်နဲ့ မတူဘူး ။သမီးပုံစံက မိန်းမကြီး တစ်ယောက်လိုဖြစ်နေပြီ"
"အဖေ၊ သမီးဆံပင်တွေ ရှုပ်ကုန်ပြီ!" မို့ရွှီတုန်း က နှုတ်ခမ်းစူပြီး ညည်းညူရင်း မျက်လုံးတွေ ဝေ့ဝဲကာ ပြုံးရင်း ပြောသည် ။
" တုန်းအာက အစ်မအကြီးဆုံးနဲ့ နှိုင်းလို့ မရပါဘူး။ အမက လှပပြီး စမတ်ကျပြီး ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး အဖေ အပေါ် သစ္စာရှိသူလည်းဖြစ်တယ် ။ တုန်းအာကတော့ ဘာမှမသိသော မိုက်မဲတဲ့ ကလေးသာသာပဲ့ ။ ကြည့်စမ်း၊ အဖေက တုန်းအာ ရဲ့ ဆံပင်တွေကိုတောင် ရှုတ်ပွအောင်လုပ်တယ် ။ အခု သမီးပုံစံက ပိုဆိုးသွမ်းတဲ့ ကလေးနဲ့တူနေပြီ !"
"သမီးက ဆိုးသွမ်းတဲ့ ကလေးပဲ၊ ဒါပေမယ့် ဒါက အဖေရဲ့ဆိုးသွမ်းတဲ့ ကလေးပဲလေ ။ ဒါ့အပြင် သမီးက အဖေ့ရဲ့ အသိဉာဏ်အရှိဆုံးနဲ့ အမိုက်စားဆုံး ကလေးပဲ!” မို့ဟွာဝမ်က ပြုံးပြီး သူမနဖူးကို ပုတ်လိုက်သည် ။
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒါက အစ်မအကြီးဆုံးပါ!" မို့ရွှီတုန်းက ချစ်စဖွယ်ပြောလိုက်သည်။
"အိုး တုန်းအာမနာလို မဖြစ်ဘူးလား"
မိုဟွာဝမ် က ချစ်စဖွယ်ကောင်းတဲ့ မို့ရွှီတုန်း ကိုကြည့်ပြီး သူနဲ့ အရမ်းရင်းနှီးလာသလိုခံစားရသည် ။ မို့ရွှီတုန်းကိုအဝတ်အစားကို ပို့ပေးတဲ့ သခင်မကြီးဆု နဲ့ ပတ်သတ်ပြီး မကျေမနပ်ဖြစ်ကာ ပျောက်ကွယ်သွားခဲ့တယ် ။
တုန်းအာပျော်နေသရွေ့တော့ အဆင်ပြေပါတယ်။ တုန်းအာရဲ့လိုအပ်ချက်တွေကို ပိုဂရုတစိုက်ရှိစေဖို့ နောက်မှ အဒေါ်မိုကို သွားပြောရလိမ့်မယ်။ ကောင်းတာတစ်ခုခုရှိရင် တုန်းအာကို ဦးစားပေးရမယ်လို့ ပြောရမယ် ။
ဖုချင်ဥယျာဥ်တွင် မို့ရွှမ်မင် သည် ဆိုဖာပေါ် မှီလိုက်သည်။ သူ့ကျန်းမာရေးက အမြဲတမ်းကောင်းနေပြီး သူကိုယ်တိုင်ဖြစ်ရတဲ့ ရောဂါအကြောင်း သူမသိပါတယ်။ ဒုတိယနေ့တွင် သူမသည် အများအားဖြင့် သက်သာလာခဲ့သည်။ သို့သော် သူမ အပြင်မထွက်ဘဲ နေမကောင်းဟန်ဆောင်ကာ အိပ်ရာထဲတွင် လှဲနေခဲ့သည်။
အဒေါ်ဖန် သော့ခတ်ခံထားရပြီးနောက် သူမ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းခဲ့ရသည့်အရာတွင် မို့ရွှီတုန်း၏ ဖိတ်ကြားစာလည်း ပါဝင်သည်။
မို့ဟွာဝမ်က ဖိတ်ခေါ်စာကို ကောက်ယူပြီး ချင်ဝေဥယျာဥ် သို့ ပို့ပေးကြောင်း သူမကြားသောအခါတွင် မို့ရွှမ်မင်၏ လှပသော မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် ပါးစပ်ပိတ်နေသော အဒေါ်ဖန်ကို ကြည့်ပြီး အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။
"ကြွက်ငယ် မလိုက်နိုင်ဘူးလို့ အဒေါ်ပဲ့ပြောတာမဟုတ်ဘူးလား! မနက်ဖြန်သူမက လုံးဝမသွားနိုင်ဘူးဆို ၊ အခုတော့ အဖေက သူမဆီကိုတောင် ဖိတ်စာပို့လိုက်သေးတယ် ။ အဒေါ်ဖန် မင်းကအပြောပဲရှိပြီး 13နှစ်အရွယ်မိန်းကလေးတစ်ယောက်ကိုတောင် မနိုင်ဘူး"
သူမသည် ပျော့ညံ့ပြီး နူးညံ့သည့်ပုံပေါက်နေချိန်တွင် သူမ၏ ဩဇာသည် အဒေါ်ဖန်ထက်ပင် ပို၍ပင် အားကောင်းနေသည်။ သူမက အဒေါ်ဖန်ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေစဉ် သူမ၏မျက်လုံးများက အေးစက်သွားသည်။
"အဲဒီ ကြွက်ငယ်က ဉာဏ်များလွန်းတယ်။ သူမဟာ ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ သိအောင်လုပ်ခဲ့တာ။ သူမလှည့်စားခံရတာကို သတိမမူမိဘူး။”
အဒေါ်ဖန်က ခေါင်းကိုက်၍ သမီးဖြစ်သူ၏ စကားကြားသောအခါ ဒေါသတကြီးပြန်ဖြေသည်။ ရှက်စိတ်ဖြင့် လှောင်ပိတ်ခံထားရသည်မှာ ရက်အတော်ကြာခဲ့ပြီဖြစ်၍ သူမဟာ သိပ်ကြည့်ကောင်းပုံမရပါဘူး။
ရက်အနည်းငယ်သာရှိသေးသော်လည်း သူမရဲ့မျက်လုံးတွေမှာ အရေးအကြောင်းအနည်းငယ်ရှိနေပါပြီ။သူမက နှစ်အတော်ကြာအောင်ပိုကြီးလာပုံရပါတယ်။ မို့ရွှမ်မင်ဟာ သူမရဲ့လက်ရှိရုပ်ရည်ကို အထင်ကြီးသလို ဟန်ဆောင်ဖို့တောင် စိတ်မ၀င်စားပါဘူး။
"အဒေါ် ၊ မင်းက အရမ်းစိုးရိမ်နေတာပဲ။ သူပြန်လာတဲ့အခိုက်အတန့်ကိုတောင် မင်းမစောင့်နိုင်တော့ဘူး။ မြို့အဝင်ဝမှာ မင်းသူ့ကို အရှက်ခွဲဖို့ တို့ကို မြန်မြန်လုပ်ဖို့ပြောတယ် ။ နောက်ဆုံး သူမကို အရှက်မခွဲနိုင်ခဲ့ဘဲ တို့ပဲ ဒုက္ခရောက်ရတော့တယ်။
အဲဒီအခါမှာလည်း မင်းစိတ်မရှည်နိုင်ဘဲ ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်းမှာ တို့ကို ပြဿနာဖြစ်အောင်လုပ်တယ် ။ အဲဒီနောက်မှာ မင်း အမှားတွေ ထပ်လုပ်တယ်။ မင်းလို မိုက်မဲတဲ့အဒေါ် တို့ဘယ်လိုလုပ်ရမလဲ။ တို့ကံဆိုးလိုက်တာ!”
မို့ရွှမ်မင်က သူမ၏ နှုတ်ခမ်းများကို အထင်အမြင်သေးသည့် အရိပ်အမြွက်ပြကာ သူမ၏ ခံနိုင်ရည်အား အေးဆေးစွာ နှောင့်ယှက်လိုက်သည်။ တစ်ဖက်တွင် အသက် 13 နှစ်အရွယ် မိန်းကလေးဖြစ်ပြီး အဒေါ်ဖန်က သူမကိုတောင် အနိုင်မတိုက်နိုင်ပေ ။
သူမသည် မိုမိသားစု၏ ပထမဆုံးသခင်မလေး ဖြစ်ခဲ့သည်။ သူမရဲ့ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ ပုံရိပ်ကို ထိန်းသိမ်းထားပါတယ်။သူမဟာ ဝတ်ကြီး ကြော့ရှင်းပြီး ထက်မြက်သည် ။
သို့သော်လည်း သူမသည် အောက်သို့ ဆွဲချခံခဲ့ရသည်။ သူမသည် မို့ရွှီတုန်းပြန်ရောက်လာပြီးကတည်းက လုပ်သမျှတိုင်းတွင် လုံးဝအကျိုးမဖြစ်ထွန်းခဲ့ပေ။ ထိုကြောင့် သူမ ဘယ်လိုမှ ဒေါသမထွက်ပဲမနေနိုင်ချေ ။
အဒေါ်ဖန် သည် သူ့သမီးကသူအားအား မထီမဲ့မြင်ပြုပြောဆိုသည်ကိုကြားရပြီးနောက် မျက်နှာ နီမြန်းလာသည်။ “အဲဒီ ကြွက်ပေါက်လေးဟာ ထိန်းရခက်တယ်” ဟု သူမက စောဒကတက်သည်။
"အဒေါ် မင်းကလည်း ထိန်းရခက်တဲ့ သူတစ်ယောက်ပဲ၊ မင်း သူ့ကို မထိန်းနိုင်ရင် ဘာမှ မလုပ်နဲ့။ မင်းဘာလို့ တစ်ခုခု လုပ်ခိုင်းနေတာလဲ၊ အခုတော့ မင်းပဲ ဘာမှ မတတ်နိုင်ပဲ ဒုက္ခရောက်နေတာမဟုတ်လား ....."
မို့ရွှမ်မင်သည် သူမကို စိုက်ကြည့်ကာ ရွဲ့စောင်းစွာ ပြောလိုက်သည်။
"အဒေါ် အလိုအပ်ဆုံးအရာက အဖေ့ရဲ့ နှလုံးသားကို ထိန်းချုပ်ဖို့ပါ။ အဒေါ်မှာ အဖေ့ရဲ့ ပံ့ပိုးကူညီမှု မရှိရင် အဒေါ် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အသုံးမဝင်ဘူး ။ အဒေါ်အခုလုပ်ရမှာက အဖေ့ရဲ့ သဘောထားကို ဆန့်ကျင်ဖို့ မကြိုးစားဘဲနဲ့။ ."
မို့ရွှမ်မင်သည် ဆိုးရွားသော အခြေအနေကို ခံစားနေရပြီး အဒေါ်ဖန် အပေါ် အထင်အမြင်သေးမှုကို သူမ မဖုံးကွယ်ခဲ့ပါ။ သူမသည် အမှန်ပင် ကိုယ်လုပ်တော်တစ်ဦးသာဖြစ်သည်။ အခွင့်အရေးပေးသည့်တိုင် သူမ မအောင်မြင်နိုင်ခဲ့ပေ။ သူမသည် မိုက်မဲလွန်းသည်။
အဖေ့ကို မဆန့်ကျင်ခင်မှာပင် သူမ၏ ကိုယ်ပိုင်အဆင့်အတန်းကို ရှင်းရှင်းလင်းလင်း တွေးတောထားသင့်သည် ။ ကိုယ့်ရဲ အနေထားကိုမသိပဲ ဘယ်လိုသတ္တိနဲ့များ အစေခံတွေကို စာကြည့်ခန်းရှေ့မှာ ပြဿနာတက်အောင် လုပ်ရဲရတာလဲ ။
အဒေါ်ဖန်သည် သူမကိုပင် ဒုက္ခရောက်စေခဲ့သဖြင့် သူမ၏ဖခင်က သူမကို သံသယဖြစ်လာခဲ့သည်။ ပန်းလေးမြတ်ခြင်းပွဲက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အဒေါ်ဖန်ကသာ ဘာပြဿနာမှ မဖြစ်ခဲ့ရင် သူ့အဖေက သမီးအကြီးဆုံးဖြစ်တဲ့သူ့ကို သွားခွင့်ပြုမှာ သေချာတယ် ။
မနှစ်တုန်းကလည်း သူမတက်ရောက်ခဲ့ဖူးသည်။ ဒီနှစ်တော့ မသွားဖြစ်ရင် မကောင်းဘူး။ ယခုနှစ်တွင် သူမကို တက်ရောက်ရန် နည်းလမ်းကို သူ တွေးနေခဲ့သည်။ ယခုတော့ အဖြစ်အပျက်တွေ အမျိုးမျိုး တိုးလာသဖြင့် သူမသည် မိုဟွာဝမ်ကို ဘာမှ မပြောဝံ့တော့ပေ။
ဖခင်ဖြစ်သူက ဒီကိစ္စကို စုံစမ်းနေတယ်လို့ ကြားသိရပြီး ဖိတ်စာတောင် မသိမ်းထားဝံ့တော့ပဲ့ မိုဟွာဝမ် ဖြတ်သွားရမယ့် နေရာကို သူမက ဖိတ်စာပစ်ချလိုက်ပါတယ်။ အမြဲတမ်း ဂုဏ်ယူနေခဲ့တဲ့ မို့ရွှမ်မင်က ဒါကို သည်းမခံနိုင်ဘဲ အဒေါ်ဖန်ကိုလည်း အရမ်းမုန်းမီသည် ။
သူမမျက်နှာပေါ်က လှောင်ပြောင်တဲ့အကြည့်တွေကိုတောင် ဖုံးကွယ်မထားဘဲ အမေတစ်ယောက်အနေနဲ့မဟုတ်ပဲ ကိုယ်လုပ်တော်တစ်ယောက်လို့သာသတ်မှတ်ပြီး ပြောလိုက်တယ်။ သူမ၏မျက်လုံးများသည် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေပြီး အဒေါ်ဖန်ကို သူမအတွက် မထိုက်တန်သူအဖြစ် ဆက်ဆံသည်။
အဒေါ်ဖန် သည် သူ့သမီးလေး၏ လှောင်ပြောင်ခြင်းကို ခံရပြီးနောက် ဒေါသတကြီး ထွက်သွားသည်။
"ငါ့ကို လာသင်ပြမနေနဲ့ ။မင်းကိုယ်မင်းသာ ဂရုစိုက်ရင် ပိုကောင်းမယ်။ ငါက ကြွက်လေးနဲ့ သဘာဝကျကျ ဆက်ဆံပြီး မင်းအဖေနဲ့ ဆက်ဆံရေး ပိုကောင်းအောင်လုပ်မယ်"
"အရာရာကို ပိုကောင်းအောင်လုပ်ပါလား။ အဒေါ် လုပ်ချင်တာရှိရင် အဒေါ်ရဲ့ အဆင့်အတန်းကိုအရင်ကြည့်ပါ။ အဖေက အဒေါ်ကို တစ်ခါမှသံသယမဝင်ဖူးလို့ အဒေါ်အရင်တုန်းက ဒီလိုအရာတွေအားလုံးကို လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဒေါ်က ပြဿနာများစွာကို ဖန်တီးထားတဲ့အတွကိ အဒေါ်အပေါ်ထားရှိတဲ့ သံသယအနည်းငယ်က အဖေ့စိတ်ထဲမှာ ကြီးထွားလာနေပြီ။
အဖေ့အပေါ် မို့ရွှီတုန်းအသုံးပြုခဲ့တဲ့ လှည့်ကွက်တွေက အဒေါ် အသုံးပြုခဲ့တဲ့ ကြိုးစားအားထုတ်မှုတွေထက် သာလွန်ကောင်းမွန်ပါတယ်။ အဒေါ်က အသက်အရမ်းကြီးနေပြီ အခုထိ လုရှ ကိုအနိုင်ယူဖို့ တွေးနေတုန်းပဲ။
သူမကသေနေပြီ။ သူမနဲ့ ရန်ဖြစ်စရာ အကြောင်းမရှိတော့ဘူး ။ ဒီကမ္ဘာကြီးမှာ အဆင့်အတန်းနဲ့ အာဏာထက် ပိုအရေးကြီးတာ ဘာမှမရှိပါဘူး။ ဒီအရာတွေကို အဒေါ်ရဖို့ပဲလိုတယ်။"
မို့ရွှမ်မင်က အဒေါ်ဖန်ကို အေးစက်သောအပြုံးဖြင့် ဆက်တိုက်ခိုက်သည်။
"အဒေါ်က ဒီလိုမျိုးတစ်ခါမှ မကြုံဖူးဘူးဆိုတော့ သဘာဝအတိုင်း လွယ်ကူတယ်လို့ ထင်လိမ့်မယ် ။ ဘာပဲ့ဖြစ်ဖြစ် အဒေါ်အတွက်ကြောင့်နဲ့ တို့ကိစ္စမှာ အနှောင့်အယှက် မဖြစ်စေနဲ့ ။ အဒေါ် ကိုယ့်အခြေအနေကိုယ် သတိရနေဖို့ပဲ လိုတာပါ!"
မို့ရွှမ်မင်၏ စကားများသည် အဒေါ်ဖန်၏ နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သူမသည် မို့ရွှမ်မင် ကို မုန်းတီးစွာ စိုက်ကြည့်ရုံမှတစ်ပါး သူမ ဘာမှမလုပ်နိုင်ချေ။
............
Translated by Chai