Never

By Blacksheep303

24.6K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - Zawgyi 15

175 2 0
By Blacksheep303

Day 9 :
တိုးတက်မှုက အနီးကပ် အားပေးလေ့ကျင့်ပေးမှု အရှိန်ကောင်းတာကြောင့် တော်တော်တိုးတက်လာပါပြီ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း တော်တော်ရှိလာပါပြီ တဘက်ခါဆို ပြိုင်ရတော့မှာမို့ အားပြင်းအောင် လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းက ပိုများပါတယ် ညာဒူးနဲ့ ပင့်တိုက်ပြီး ယိုင်လာမယ့်ခေါင်းကို ဘယ်ဘက်တံတောင်နဲ့ ပင့်ဆော်ရမှာမို့ သိပ်မသန်တဲ့ ဘယ်ဘက်တံတောင်ကို ပိုသန်မာ လာအောင် Breaking Brickနဲ့ပဲ ကျင့်ခိုင်းတာပါ ပထမပိုင်းမှာ အပေါ်ကနေ Breaking Brick ကို တံတောင်နဲ့ တိုက်ချပြီး ကွဲအောင် ကျင့်ရပါတယ်


ဘယ်ဘက်တံတောင် အားကောင်းလာပြီး အခေါက်တိုင်း ကို ထပ်ထားတဲ့ Breaking Brick ကွဲကြေသွားတဲ့အထိ ထပ်ခါထပ်ခါ ကျင့်ရပါတယ် ဘယ်တံတောင် တစ်ချက်တိုက်ပစ်လိုက်တောင်း Brick 3ထပ်လုံး ကွဲလာတဲ့အချိန်မှာ အပေါ်ကနေ အောက်ကို အားနဲ့ရိုက်ချတာမျိုးမဟုတ်ဘဲ လေထဲက တွဲလောင်းချထားတဲ့ Brickချပ်ကို ကွဲအောင် လေ့ကျင့်ခိုင်းတာပါ ခက်ခဲပေမယ့်လည်း ရိပေါ် ရအောင်လေ့ကျင့်နိုင်ခဲ့ပါတယ် တစ်ခုခုတိုးတက်အောင် လေ့ကျင့်တိုင်း ချစ်ရသူနည်းပြကြီးက Training Coachကြီးဆီက အချစ်ဆုလာဘ်ရမှာ သေချာတာမို့ ရအောင် ကြိုးစားတာပေါ့ ရလည်းရတယ်လေ

*
*
*
Day 10
ဒီနေ့က သောကြာနေ့ ဆိုပေမယ့် ကျောင်းမသွားခိုင်းတော့ဘဲ ခွင့်ယူခိုင်းလိုက်တာပါ မနက်၇နာရီထပြီး ၈နာရီထိ Training အချိန်လို့ သတ်မှတ်ပေးထားတာပါ ၇နာရီထိုးတာနဲ့ ကျန့်ကောကိုယ်တိုင် Protective Gear ဝတ်စုံပြည့်နဲ့ ဝတ်ပြီး ပြိုင်ဘက်နေရာကနေ ဝင်ထိုးပေးပြီး Trainပေးမှာပါ


ငါအခုဝတ်ထားတဲ့ Head Gearက Customizeမှာထားတာ အပေါ်က Brick တစ်လွှာ ထပ်ပြီး Coatတင်ထားတာ အဲဒါကွဲအောင် မင်းကန်ရမယ် ငါတို့ Trainထားတဲ့ အကွက်နဲ့ သေသေချာချာ အားထည့် ငါ့အတွက် စိတ်မပူနဲ့ အထဲကလည်း Leatherသေချာခံထားတာမို့ သေချာတယ် ငါလုံးဝ နာမှာ မဟုတ်ဘူး အဲဒါကြောင့် စိတ်မပူပဲ သေချာကျင့်မယ် အများကြီး မကျင့်ဘဲ ၃ခါဘဲ ကျင့်မယ် အခု မင်းအားကုန်သုံးကြည့်ဖို့ အရင် လေထဲက Brickတွေနဲ့ ကျင့် ငါးမိနစ်နေရင် ကြိုးဝိုင်းထဲလာခဲ့

လေထဲက Brickတွေကို ကွဲအောင် ကျင့်နိုင်ပေမယ့် ကြိုးဝိုင်းထဲမှာ ကျန့်ကောနဲ့ ကျင့်ရတာမို့ အားကုန်မကန်ရက် ဖြစ်နေတာမို့ လေ့ကျင့်တုန်းလို အားကုန် မကန်နိုင်ဖြစ်နေတာမို့ ကျန့်ကောက စိတ်တိုလာတာပါ ဒါကြောင့် ကြိုးဝိုင်းထဲက ထွက်ပြီး နံရံကို အားကုန် ခေါင်းနဲ့တိုက်လိုက်တာမို့ Head Gearအပေါ်က Coatလုပ်ထားတဲ့ Brick သားတွေ ကွာကျကုန်ပါတယ် အဲဒီပြီးတော့ Head Gear ကိုချွတ်ပြပါတယ်

"မြင်လား ငါဘာမှ မဖြစ်ဘူး စိုးရိမ်စရာမရှိ စိုးရိမ်မနေနဲ့ ချစရာရှိတာချ"

နံရံကို အားပြင်းပြင်းဆောင့်တာတောင် ဘာမှမဖြစ်တာ မြင်ရမှာ ရိပေါ် စိတ်ချလက်ချ အားကုန်လေ့ကျင့်နိုင်တာမို့ ကျန့်ကော သင်ပေးထားတဲ့ ကပ်ရှောင်ဒူးတံတောင် တိုက်ကွက်ကို သုံးပြီး သတ်မှတ်ထားတဲ့အတိုင်း Head Gearပေါ်က Brickသားတွေ ကွဲကုန်တဲ့အထိလေ့ကျင့်နိုင်ခဲ့ပါတယ်

သတ်မှတ်ထားတဲ့ Target ပြည့်တဲ့အချိန်မှာ ၈နာရီခွဲရှိနေပြီ ဒါကြောင့် ကျန့်ကောက

"ငါ စိတ်တိုင်းကျ Trainပေးပြီးပြီ နိုင်မယ်လို့လည်း ယုံကြည်လို့ မင်းကို ငါ့ပါးပါး နဲ့ မိတ်ဆက်ပေးမယ် သေချာပြင်ဆင်လာခဲ့ နာရီဝက် အချိန် ရတယ် ၉နာရီထိုးရင် အိမ်ကထွက်ရအောင် "

"ဟုတ်ကျန့်ကော ဆိုင်ကယ်နဲ့သွားရအောင် ကျန့်ကောကို တင်ပြီး ဆိုင်ကယ်မစီးရတာ ကြာပြီမို့လေ"

"ရတယ် ဝယ်စရာခြမ်းစရာလည်း မလိုတော့ ဆိုင်ကယ်နဲ့သွားကြတာပေါ့"

ဒီလိုနဲ့ ရှောင်းကျန့်ပါးပါးရှိတဲ့ "Xiao Li Co.Ltd" ကိုရောက်လာပါတယ် ဆိုင်ကယ်ကို Parkingမှာထားပြီး ရှောင်းGroup ရဲ့ ဥက္ကဌရှိတဲ့ ၁၁လွှာကို ဓါတ်လှေကားနဲ့ တက်ခဲ့ကြတာပါ ဓါတ်လှေကားထဲမှာ ကျန့်ကောက ရှင်းပြပါတယ်

"ပါးပါးက ရှောင်းစစ်ဟန် မားမား က လီဟွားဝေ ဆိုတော့ ကုမ္ပဏီနာမည် အရမ်းစဉ်းစားလိုက်ရတယ် Xiao Li တဲ့ ငါ့အမ တွေအားလုံးလည်း အဲလိုနာမည်မျိုးတွေပဲ ရှောင်းကျန်းလီ၊ ရှောင်းရန်လီ၊ ရှောင်းအိုက်လီ၊ ရှောင်းရှင်းလီ တဲ့"

"ဒါဆို ကျန့်ကောရဲ့ နာမည်အပြည့်အစုံက ရှောင်းကျန့်လီပေါ့"

"ပေါက်တတ်ကရာတွေ ရှောင်းကျန့် က အပြည့်အစုံပဲ ငယ်ငယ်ကချူချာလို့ ဗေဒင်ဆရာတွေနတ်ဆရာတွေနဲ့ သေချာ နက္ခတွေတွက်ပြီး အတိတ်နမိတ်တွေနဲ့ ပေးထားတာလို့ ပြောတာပဲ"

"ဟိုရောက်ရင် ပါးပါးက ငါ့အကြောင်းတွေ ပေါက်ကရ ပြောလိမ့်မယ် မယုံနဲ့ နားပဲထောင်နော်"

"အင်းပါ"

ရှောင်းပါးပါး အခန်းထဲရောက်တော့ အစည်းအဝေးခန်းမထဲမှာ အစည်းတစ်ခုလုပ်နေလို့ ကျန့်ကောနဲ့အတူတူ ထိုင်စောင့်နေလိုက်ရပါသေးတယ် ကျန့်ကောက ကော်ဖီဖျော်တိုက် မုန့်တွေလည်းချကျွေးပါတယ် မုန့်စားနေတုန်း ရှောင်းပါးပါး ဝင်လာတာမို့ မတ်တပ်ရပ်နှုတ်ဆက်လိုက် ပြီး

"မင်္ဂလာပါ အန်ကယ် တွေ့ရတာဝမ်းသာပါတယ် ခင်ဗျာ ကျွန်တော် ဝမ်ရိပေါ် ပါ ကျန့်ကောနဲ့ လက်ဝှေ့ထိုးဖော် ထိုးဖက်လေ့ကျင့်ဘက်တွေပါ ခင်ဗျာ"

"ဪ အေးအေး ကောင်လေးထိုင် ထိုင်ရတယ် အားမနာနဲ့ "

" မင်းကိုဘယ်သူ မိတ်ဆက်ခိုင်းလို့လည်း ရိပေါ် ငါမိတ်ဆက်ပေးမယ် မင်းတိတ်တိတ်နေ ပါးပါး သား ပြန်မိတ်ဆက်ပေးမယ်နော်
ဒါ သားယူမယ့် ယောက်ျား ဝမ်ရိပေါ်တဲ့"

ဖွီး........အဟွတ်........အဟွတ်

ကျန့်ကော ပြောလိုက်တဲ့စကားကြောင့် အထိတ်တလန့် ဖြစ်သွားတာမို့ ရိပေါ် ကော်ဖီသီး သွားတာပါ ကျန့်ကောခုလို မိတ်ဆက်ပေးမယ် လို့ မထင်ထားတာမို့ ခြေဖျားလက်ဖျားတွေတောင် အေးစက်ကုန်တာပါ ဘာပြောရမှန်းလည်း မသိတော့ပါဘူး
ဒါပေမယ့် ရှောင်းပါးပါး

" ဟား...ဟား ကျန့်ကျန့် မင်း ယူမယ့်ယောက်ျားဆိုတော့ ပါးပါး သမက်ကလေးပေါ့ ဟုတ်လား ဪ သမက်လေးတွေ့ရတာ ဝမ်းသာတယ်သိလား မင်းက ငါ့ရဲ့ တတိယမြောက် သမက်ကလေးပဲ"

"ပါးပါး ဘာတွေလျောက်ပြောနေတာလဲ"

" ကောင်လေး ခဏလေးနော် ကျန့်ကျန့်နဲ့ စာရင်းရှင်းလိုက်ဦးမယ်"

"မဟုတ်လို့လား လွန်ခဲ့သော ၃ နှစ်က ဘာ ဘယ်သူ ဘာလိမ့်နာမည်တောင် မေ့သွားပြီ ရန်နဲ့ စတာ ထားလိုက်ပါ ရန်မျိုးနွယ် ကောင်မလေး တစ်ယောက်ကို ခေါ်လာပြီး ပါးပါး သားမိန်းမခိုးလာပြီ အဲဒါ သူ့အဖေ အရမ်းစိတ်ဆိုးနေလို့ ပါးပါးတောင်းပန်ပေးပါဦး ဆိုပြီး ငါ့ကို ဖုန်းCall တစ်ခုထိုးပေးပြီး တောင်းပန်ခိုင်းလို့ ငါ့မှာ ငါ့သားလေး မျက်နှာမငယ်ပါစေနဲ့ဆိုပြီး တောင်းပန်လိုက်ရတာ နာရီဝက်ကျော်တယ် ပြီးမှ ဒီကောင်က ဘာလုပ်တယ်ထင်လဲ သူ့သူငယ်ချင်းရဲ့ ဂျူနီယာလေးတွေက သရုပ်ဆောင်လိုင်းကမို့ အခု ကျောင်းProjectအတွက် ဇာတ်လမ်းတိုလေး ရိုက်ရမှာ သူကဝင်ပြီး  သရုပ်ဆောင်လုပ်ပေးတာတဲ့ ပိုပြီး ပီပြင်အောင် ပါးပါးကိုပါ ဝင်သရုပ်ဆောင်ခိုင်းတာတဲ့ အခန်းထဲမှာလည်း Hidden Cameraတွေ ငါမသိအောင် ချထားသေးတာ ဟိုဘက်က အဖေနေရာကနေ စကားပြော နေတာလည်း သူ့တို့နဲ့ တစ်ဖွဲ့ထဲတဲ့ ငါ့ကို အဲလို လုပ်သွားတာလေ အေး အဲဒါ ပထမမြောက် ချွေးမရသွားတာပဲလေ ကျန့်ကျန့် မမှတ်မိပေမယ့် ပါးပါးက မှတ်မိတယ်လေ"

"ပါးပါးကလဲ သူများကို ကူညီတာလေ"

"ထားပါတော့ နောက်ထပ်ကျန်သေးတယ် မင်းရဲ့ ကျန့်ကျန့် ငါ့ကို ဘာလုပ်ထားသေးလဲ သိလား"

စတတ်မှန်း ကောင်းကောင်းကြီးသိထားပေမယ့် အဲလောက်ထိ နောက်တတ်ကျီစားတတ်မှန်း သိလိုက်ရတာမို့ ကျန့်ကောက မလွယ်ကြောလေး ဆိုတာ ပိုတောင် သဘောပေါက်လာရပါတယ်

"ပါးပါး တော်ပြီ မပြောနဲ့တော့လေ"

"ပြောပါစေ ကျန့်ကောကလည်း ဘာမှ မဖြစ်ဘူး ကျန့်ကောအကြောင်း ကျွန်တော်ကြားရတာပေါ့ ဟီး ဟီး အန်ကယ်ဆက်ပြော ကျွန်တော် နားထောင်ချင်လို့"

"ဒုတိယတစ်ခေါက် ပိုဆိုးတယ် ငါသွေးတောင် တက်တယ် ဘာလုပ်တယ်ထင်လဲ ကောင်လေး ဒုတိယ တစ်ခါကျတော့ ငါ့ရုံးခန်းထဲကို မနက်၉နာရီလောက်မှာ ကောင်မလေးကို လက်ဆွဲလာရုံတင်မကဘူး ငါ့ကို နှစ်ယောက်လုံးက ဒူးတွေထောက်ပြီး တောင်းပန်ပါတယ် ခွင့်ပြုပေးပါ ဆိုပြီးလာပြန်ရော ခံထားရဖူးတော့ ငါ က သိပ်တော့ မယုံရဲဘူးလေ ဘာအကွက်တွေထုတ်သုံးမလို့လဲဆိုတော့ ဒီတခါကတော့ တကယ်ပါ ပါးပါးဆိုပြီး ငါ့ကို လက်ထပ်စာချုပ်လေးတစ်ခုရယ် Ultrasound ရိုက် ထားတဲ့ ပုံလေးအဖြေလေးပါ တွဲပေးပြီး ကျန့်ကျန့် ကလေးအဖေ ဖြစ်တော့မှာမို့ ပါးပါးတို့က စိတ်မဆိုးဘဲ သူနဲ့သဘောတူပေးပါ လိုက်တောင်း ပေးပါတဲ့လေ ငါ့မှာ အံ့ဩဝမ်းသာပေါ့ကွာ လက်ထပ်စာချုပ်မှာ ပါတဲ့ ကောင်မလေးနာမည်နဲ့ အဖေအမေနာမည်က စီးပွါးရေးလောကထဲကပဲဆိုတော့ အတွင်းရေးမှူးနဲ့ စုံစမ်းခိုင်းလိုက်တော့လည်း အဲဒီနာမည်နဲ့ သူတို့သမီးလေးရှိတယ် ဆိုတာသိရတော့ ဒီတစ်ခါတော့ အတည်နေမှာပါ ငါ့သားတောင် အရွယ်ရောက်ပြီး ကလေး အဖေဖြစ်တော့မှာပဲ မြေးရတော့မှာဆိုပြီး အားမငယ်ရအောင် သဘောတူတယ် သဘောတူတယ် ဒါကြောင့်မြန်မြန်ထ ဒူးမထောက်ကြတော့နဲ့ ဆိုပြီး ထိုင်ခိုင်း သဘောတူကြောင်း သက်သေပြတဲ့အနေနဲ့  ချက်ချင်း ရှေ့နေခေါ်ပြီး ရှန်ဟိုင်းက အိမ်နဲ့ခြံရယ်၊ ဒီက လက်ဝက်ရတနာဆိုင်တစ်ခုရယ် သူတို့လင်မယား နာမည်နဲ့ အမည်ပေါက် ပြောင်းပေးခဲ့တာ General Power အဲတာပါ တစ်ခါတည်း ပြောင်းပေးလိုက်တာ  အဲဒါအပြင် ဗိုက်ထဲကလေးလေးအတွက် နှစ်ကူးနီးပြီမို့ အန်ပေါင်းကြိုပေးထားမယ်ဆိုပြီး ငွေသားကြီးပဲ ယွမ် သိန်းသုံးဆယ် ချက်လက်မှတ်ရေးပေးလိုက်တာ ကျေးဇူပါ ပါးပါး မားမားကို အံ့ဩဝမ်းသာသွားအောင်သွားပြောလိုက်ဦးမယ် ဆိုပြီး ပြန်သွားတာ နေ့လည်အထိ အိမ်က ဘာမှအကြောင်းမကြားလို့ဆိုပြီး ကျန့်ကျန့်လေးလာသေးလားလို့ မေးတော့လည်း မလာဘူးတဲ့ ငါ့မှာ လမ်းမှာ မတော်တဆတွေများဖြစ်သလားဘာလား စိတ်တွေပူလို့ မောင်မင်းကြီးသားက နေ့လည်စောင်းပြီးမှ Message ပို့လာတယ် " LI-NING က ရှယ်ယာဝယ်ချင်တာတွေအတွက် Supportingပေးလို့ ကျေးဇူးပါ ပါးပါး ကျန့်ကျန့်သရုပ်ဆောင်ပညာရော ဇာတ်ညွှန်းရေးသားမှုရော ဇာတ်အိမ်တည်ဆောက်မှုတွေရော အားလုံး အဆင်ပြေတယ်မလားပါးပါး ကျေးဇူးအထူးတင်ပါတယ်နော် " တဲ့

ကြားလိုက်ရတဲ့ စကားတွေကြောင့် ကျန့်ကောရဲ့ အစ အနောက်သန်လွန်းတဲ့ Levelကို ရိပေါ် နည်းနည်းတောင်လန့်သွားပါတယ် ကျန့်ကောကို လှည့်ကြည့်လိုက်တော့လဲ

" ဟီး ဟီး ရှယ်ယာဝယ်ချင်တယ်လို့ ပြောရင် ဘယ်လိုလုပ် ပိုက်ဆံထုတ်ပေးမှာလဲ အဲဒါကြောင့် လိုချင်တာရအောင် ပြဇာတ်လေး တင်ဆက်ပေးတာကို ပါးပါးကလည်း"

"ကျန့်ကျန့်ကလေ သူစိတ်ဝင်စားတာပဲ လုပ်ချင်တာဆိုပြီး ပေးလိုက်တဲ့ ရှန်ဟိုင်းကအိမ်ရော လက်ဝတ်ရတနာဆိုင်ရော အားလုံးရောင်းပစ်တာ အဲလို ငါ့ကို မလှိမ့်တပတ်လုပ်ပြီး သူ့နာမည်နဲ့ LI_NING မှာ ရှယ်ယာဝယ်ထားလိုက်တာ (၁၀%)တောင်ရှိတယ် ငါ့ကိုငါ အမြဲဆုံးမတဲ့ အနေနဲ့ အမှတ်ရှိအောင် သူပို့လာတဲ့ Message ကို Screenshot ရိုက်ပြီး ဓါတ်ပုံဘောင်သွင်းထားတယ် လာ မယုံရင်လာကြည့်"

ပြောလည်းပြော ရိပေါ်ကို လက်ယက်ခေါ်ပြီး သူ့စားပွဲပေါ်က မှန်ဘောင်သွင်းထားတဲ့ ပုံလေးကို ပြတာပါ

"ငါ့ သား အကယ်ဒမီရှော့ကြီးကို မှတ်တမ်းတင်ထားတာလေ ရက်စွဲတောင် ပါသေး မြင်လား ဒါလွန်ခဲ့သော ၂နှစ်က နှစ်တိုင်း တစ်မျိုး မဟုတ်တစ်မျိုး ဖအေကို လာကျီစားနေကြလေ ကောင်လေး မင်းနာမည်ဘယ်သူ"

"ဝမ်ရိပေါ်  ပါခင်ဗျာ"

"အေး ဝမ်ရိပေါ် မင်းဘဲ စဉ်းစားကြည့် ငါ့သူ့ကို ထပ်ယုံသင့်သလားလို့လေ ဘယ်သားမှ သားယူမယ့် ယောက်ျားဆိုပြီး ဘွားခနဲ ခေါ်မလာဘူးထင်တာပဲ မင်းလည်း သူ့သိပ်မယုံနဲ့ သရုပ်ဆောင်ကလည်း ကောင်းသလား မမေးနဲ့ စဖို့နောက်ဖို့ က တော်တော် ကြံရည်ဖန်ရည် ရှိတာမို့ မင်းကို ငါသနားလို့ သတိပေးတာ"

"ဟိုလေ ဟိုလေ ကျန့်ကော နောက်မနောက်တော့ မသိပါဘူး ကျွန်တော်ကတော့ မစတတ် မနောက်တတ်ပါဘူးခင်ဗျ ကျွန်တော် ကျန့်ကော ကို တကယ်ချစ်တာမို့ ကျန့်ကောသာ လက်ခံရင် ကျွန်တော်ကတော့ ကျန့်ကောကို တကယ်ယူမှာမို့ အန်ကယ့်ကို တခါတည်း ခွင့်တောင်းတာပါ ခင်ဗျာ"

ပြောလည်းပြော ဒူးထောက်ခွင့်တောင်းတာမို့ ရှောင်းပါးပါးက

"ထ...ထ ကောင်လေး ငါ က သူ့ကို ဘယ်တုန်းကမှ တစ်ခါမှ မတားဖူးဘူး သူလုပ်သမျှ အကုန် ကျန့်ကျန့်သဘောကြီးပဲ ထားခဲ့တာ သူပေါက်ကရ လေးဆယ်လုပ်သမျှလည်း ရှင်းပေးတာပါပဲ ငါကြောက်တာက သူမင်းကို စနေတာမျိုးတွေ ဖြစ်ပြီး မင်းခံစားရမှာစိုးရိမ်တာ ငါတို့က မိဘဆိုတော့ သူဘာလုပ်လုပ် စိတ်ဆိုးလည်း ခဏပေါ့ ငါတို့က သူ့ဒဏ်ကို ခံနိုင်ရည် ရှိပြီးသားမို့ ပြဿနာမရှိပေမယ့် မင်းက ခံနိုင်ရည် မရှိမှာဘဲ ငါကစိုးရိမ်တာ ငါသဘောမတူဘူးဆိုရင်လည်း မင်းလိုငယ်ငယ်ချောချောလေးနဲ့ ငါ့သားလို အမွှေစိန်ကို သဘောမတူတာမျိုးပဲရှိမှာ မင်းဘက်က နစ်နာမှာစိုးလို့ သူကတော့ ဘာဖြစ်ဖြစ်"

"တော်ပြီ ပြန်တော့မယ် နောက်ခါ ပါးပါးရုံးခန်း ဘယ်တော့မှ မလာတော့ဘူး ဖုန်းတောင်မဆက်တော့ဘူး အားကိုးတကြီး ပါးပါးကို အရင်ဆုံး လာမိတ်ဆက်ပေးတာကို ငယ်ကျိုးငယ်နာတွေ ဖော်ပြီး တိုင်တယ် ပြန်မယ်လာ ရိပေါ်သွားမယ်"

"တွေ့လား ရိပေါ်  သူက ဦးအောင် ကောက်ပြီ"

ကျန့်ကောက နှုတ်ခမ်းစူပြီး မျက်နှာမကောင်းတဲ့ပုံ ဖြစ်နေပြီမို့ ရှောင်းပါးပါးက ချက်ချင်း ကျန့်ကောနားထသွားပြီး လက်လေးဆွဲခေါ်ကိုင်ပြီး

"ပါးပါး ကျန့်ကျန့်လေး မလာတာကြာတာကို ပါးပါးက ဘာလို့အမှန်အကန်တွေ လျောက်ပြောနေမှန်းမသိဘူး ဘွာတေး ဘွာတေး ပါးပါး တောင်းပန်တယ် နောက်ခါ လျောက်မပြောတော့ဘူး ပါးပါးသားလေးက ခေါ်လာတယ်ဆိုတော့လည်း ပါးပါးက သဘောတူပေးရမှာပေါ့ ကျန့်ကျန့် လက်ထပ်မယ့်အချိန်ပြော ပါးပါး လိုက်တောင်းပေးမယ် ဟုတ်ပြီလား"

"သေချာတယ်နော်"

"အရမ်း အရမ်းကို သေချာတာပေါ့ ကျန့်ကျန့်ပါးပါးပဲဟာ ဘယ်တော့မှ ညာမပြောဘူးဟုတ်ပြီလား ကျေနပ်တော့နော်"

ပြောလည်းပြော ရှောင်းကျန့်ကို ဖက်ပြီး ကျောလေးပုတ်ပြီးချော့နေတဲ့ ရှောင်းပါးပါးက ရိပေါ်ကို မသိမသာ မျက်စိတစ်ဖက် မှိတ်ပြလိုက် တာပါ ရိပေါ် သဘောပေါက်လိုက်တာကတော့ ကျန့်ကာ ပါးပါးက အခုထိ မယုံသေးတဲ့သဘောပါ ကျန့်ကော စိတ်တိုင်းကျအောင် လိုက်ပြီး သရုပ်ဆောင်ပေးလိုက်တာလို့ ထင်ပါတယ် ကျန့်ကော ဇာတ်လမ်းထဲ ဝင်သရုပ်ဆောင်ပေးတယ်ဆိုတဲ့ သဘောနဲ့  လက်မတောင် ထောင်ပြလိုက် ပါသေးတယ် ဒါကြောင့် ကျန့်ကောက အချစ်ခံလေးမို့ ခုလို ဖြစ်နေတာနေမှာ အချိန်က စကားပြောသွားပြီး ဒီနေ့ ရုံးခန်ထဲက မိတ်ဆက် စကားတွေက အမှန်ဆိုတာကို ရှောင်းပါးပါးသိအောင် ရိပေါ် ကြိုးစားပြမှာပါ ရှောင်းပါးပါး လာတောင်းစရာမလိုပါဘူး ကျွန်တော်က မားမား ကိုခေါ်ပြီး ကျန့်ကောကို လာတောင်းမှာလို့ စိတ်ထဲကနေ ပြောလိုက်ပါသေးတယ်

"ပါးပါး မားမားကို မပြောပြသေးနဲ့ဦး ကျန့်ကျန့်သူ့ကို Trainingပေးနေတာ သူက levelတစ်ခုပြီးအောင် Training ဆင်းနိုင်မှ ကျန့်ကျန့်က မိသားစုဝင်တစ်ယောက်ချင်းစီနဲ့ မိတ်ဆက်ပေးမှာ မိသားစုဝင်အားလုံး နဲ့ သိပြီးပြီဆိုမှ လက်ထပ်ဖို့ စဉ်းစားမှာ မို့ ပါးပါး သားစီစဉ်တာကို မဖျက်မိစေနဲ့နော် တစ်ခုခုဆို ဒီထက်စိတ်ကောက်ရင် အိမ်ပေါ်ကဆင်းမှာမဟုတ်ဘူး ဒီမြို့မှာပါ မနေဘဲ နေလိုက်မှာနော်"

"စိတ်ချ ကျန့်ကျန့်သဘော ပါးပါး ဒီနေ့ကိစ္စကို ဒီရုံးခန်းထဲမှာပဲ ထားလိုက်မယ် မားမားကို ပြောမယ်နေ့ပါးပါးကို လည်း အသိပေးဦးနော်"

ရှောင်းပါးပါးက ကျန့်ကောကို ချော့ပြီး နှစ်ယောက်လုံးခေါ်လို့ နေ့လည်စာလိုက်ကျွေးပါတယ်

ဒီလိုနဲ့ သမက်ယောက္ခထီး တွေ့ဆုံပွဲလေးက ယောက္ခထီးရဲ့ ရင်ဖွင့်သံနဲ့ စည်စည်ကားကားလေးပေါ့ အဆိုးလေး ကျန့်ကောကိုလည်း လန့် မိသလို မချစ်ဘဲလည်း မနေနိုင် ယောက္ခထီးပေးလိုက်တဲ့ Psycho ကလည်း တကယ်ရတာပါ ကျန့်ကော ငါ့ကိုစနေတာများ ဖြစ်နေမလားလို့ ဆိုတဲ့ စိုးရိမ်စိတ်ကလေးကလည်း စပြီးကိန်းအောင်းလာတာတော့ ရင်လေးမိတာ အမှန်ပါပဲ ဒါပေမယ့် နောက်ဆုံး ကျန့်ကောက စနောက်နေတာဆိုခဲ့ရင် တောင် အတူရှိခဲ့တဲ့အချိန်တွေက တန်ဖိုးရှိတာမို့ ကျန်တာမတွေးတော့ဘူးလို့ပဲ ဆုံးဖြတ်လိုက်မှ ရင်ထဲပေါ့သွားတာ

ရှောင်းပါးပါးဆီကနေ ထွက်လာပြီး ကျန့်ကော သွားခိုင်းတဲ့နေရာကို GPS ကြည့်ပြီးလာခဲ့ကြတာ ပေကျင်းမြို့ပြင်လေးရောက်လာခဲ့ပါတယ် ရေကန်ငယ်လေးတစ်ခုရှိပြီး အိမ်ယာစီမံကိန်းတွေ အများကြီးရှိပါတယ် ဒါပေမယ့် ပေကျင်းမြို့ထဲလို အထပ်မြင့် တိုက်ကြီးတွေ မဟုတ်တဲ့ နေရာမို့ လန်းဆန်းအေးမြမှုကို ပေးတာပါ

                                            (ရှောင်းကျန့်က ရိပေါ်ကို အနီဝိုင်းထားတဲ့ မြေနေရာ အလွတ်ကို ခေါ်လာတာပါ)

" ရိပေါ်  ဒီမြေနေရာလေးကြိုက်လား"

"ကြိုက်တယ် ကျွန်တော်က နယ်ကနေလာတဲ့သူဆိုတော့ မြို့ကြီးပြကြီးက မွန်းကျပ်တယ်လို့ခံစားရတယ် ခုလို ဆိတ်ညိမ် အေးဆေးတဲ့ နေရာကို သဘောကျတယ် ရေကန်ရှိတော့ စိတ်ကို ပိုပြီး ကြည်နူးစေတယ်"

"ငါ ဝယ်ထားတာ ပါးပါး ခုနက ပြောတဲ့ ရှန်ဟိုင်းက အိမ်ရောင်းပြီး ဒါဝယ်ထားတာ အခု အိမ်ဆောက်မလို့ ဒီမြေသာ မင်းအပိုင်ဆိုရင် မင်းဘယ်လို စိတ်ကူးနဲ့ ဆောက်ချင်လဲ"

"ကျွန်တော်သာ ဆိုရင် နှစ်ထပ်အိမ်အသေးလေး ဆောက်မယ် အခု ကျန့်ကောရဲ့ ကွန်ဒိုဖွဲ့စည်းပုံနဲ့ တစ်ပုံစံတည်းတူတဲ့ ဟာမျိုးလေး အဲဒါကို ကျွန်တော်ကြိုက်တယ် တစ်ခုပဲ အခုလက်ရှိ ကျန့်ကောအိမ်က အောက်ထပ်မှာ အိပ်ခန်း ၃ခန်းအစား အိပ်ခန်း တစ်ခန်းပဲ အကျယ်ကြီးထားမယ် အခန်းကျယ်ထဲမှာ သာမန်လူတွေလို နှစ်ယောက်အိပ်ကုတင်အကြီးကြီး ပြင်ထားတဲ့အပြင် လက်ဝှေ့ကြိုးဝိုင်းလို ကုတင်လေးလည်းထားမယ် လက်ဝှေ့ကြိုးဝိုင်းထဲမှာ ကျန့်ကော စိတ်တိုင်းကျ သိမ်းပိုက်ချင်တာ ကျွန်တော့်ဆန္ဒတစ်ခုပဲ ဧည့်သည်လာရင် တည်းဖို့ ဘန်ဂလို လိုမျိုး အိမ်သေးသေးလေးတွေ ၃ခုကို ကျွန်တော်တို့ အိမ်လေးနဲ့ ဝေးဝေးမှာ ဆောက်ထားပေးမယ် ဒါမှ ဧည့်သည်ရှိလည်း စိတ်လွတ်လက်လွတ် ချစ်လို့ရမယ်လေ"

(ရိပေါ် စိတ်ကူးထဲက အခန်းလေးရဲ့ ကုတင်)

"မင်းကတော့ ဘာပဲစဉ်းစား စဉ်းစား ငါတို့နှစ်ယောက်အကြောင်းကနေ ပြေးမလွတ်ဘူးနော်"

"ချစ်တာကိုး ကျန့်ကောရဲ့ မတတ်နိုင်ဘူး ကျန့်ကောသာ ဆိုရင်ရော"

"ငါသာဆိုရင် နှစ်ထပ်အိမ် အကြီးကြီးဆောက်မှာ အရင်ကွန်ဒိုနဲ့လည်း မတူချင်ဘူး အိမ်အသစ်ဆောက်ပါတယ် ဆိုနေမှ နဂိုနဲ့မတူ ကွဲပြားနေတာမျိုးကို ကြိုက်တာ ဧည့်သည်အခန်းတွေကို အောက်ထပ်မှာထားမှာ အပြင်မှာမင်းပြောသလိုထားရင် ဧည့်ဝတ်ကျေဖို့ မလွယ်ဘူး ကိုယ့်ဆီလာတာ အိပ်ရုံမှ မဟုတ်တာ ခင်လို့မင်လို့ စကားပြောချင်ကြတာမျိုး အတူတူဝိုင်းဖွဲ့စားသောက်တာမျိုး လုပ်ကြဖို့ လာတာလေ ဒါကြောင့် အပြင်ကြီးတော့ ငါကမထားချင်ဘူး အားနာစရာကြီး"

"ကျွန်တော်ကတော့ အားမနာဘူး ထားမှာ"

"ထားပါ မင်းထားချင်ရင်ထားပါ အခုတော့ မဆောက်သေးပါဘူး စိတ်ကူးကြည့်တာမျိုးပေါ့"

"ကျန့်ကော Speed boatလေးလဲ ဝယ်ထားနော် ခွေးလေးတစ်ကောင် ကြောင်လေးတစ်ကောင်မွေးပြီး သူတို့ကို တင်ပြီး ကန်ထဲလည်း ပတ်စီးကြမယ်လေ"

"ကောင်းသားပဲ လာအခုတော့ နေစောင်းတော့မယ် ပြန်ကြရအောင် ဒီနေ့ အိပ်ရေးဝအောင် အိပ် နက်ဖြန်ပွဲက ဘာResultပဲရရ မင်းက ငါ သင်ပေးထားတဲ့အတိုင်း ကျင့်နိုင်လို့ ငါ့ကတော့ အမှတ်ပြည့်ပေးပြီးသားမို့ ဘာ Tension မှ မထားနဲ့ ဟုတ်ပြီလား"

" Trainingလည်း ပြီးပြီ ကျန့်ကောလည်း ကျေနပ်အောင် လေ့ကျင့်ထားနိုင်တယ်ဆိုတော့ ကျွန်တော့်ကို ဒီည ဆုချဖို့ အစီအစဉ် ရှိ/မရှိ"

ရိပေါ် ပြောလည်းပြော ကျန့်ကောဆီက ဆုချမယ့်အစီအစဉ်လေးကိုလည်း မျှော်လင့်တကြီး မေးလိုက်ပါတယ်

"မရှိဘူး"

"ဟွန့်...ကျန့်ကော ပြောတော့ စိတ်တိုင်းကျ Training ဆင်းနိုင်ရင် ...."

"ခဏနေဦး ပြောတာနားထောင်ဦး ဒါမျိုးကိစ္စဆိုတာ အမှန်အတိုင်းပြောရရင် ယောက်ျားလေးတွေအတွက် ခွန်အားကို လျော့နည်းစေတယ် ဒါကြောင့် နက်ဖြန်ပြိုင်ပွဲ ပြီးမှ အတိုးပါ ထည့်တွက်ပြီး ဆုချမယ် ကျေနပ်မယ် မလား"

"သေချာတယ်နော်"

"အင်း"

" Promiseနော်"

" Promise"

.............

Continue Reading

You'll Also Like

14.7K 12 1
Timetravel လေးပါ ပေါ့​ပေါ့ပါးပါး​လေးဘဲ​ရေးမှာပါ
14.1K 1.5K 13
[𝚈𝚒𝚣𝚑𝚊𝚗 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗]✓ 7ᵗʰ 𝑺𝒕𝒂𝒓𝒕 : 12.8.2021 𝑬𝒏𝒅 :
30.2K 2.3K 12
ကောင်းကင်ကြီးမပြိုကျသေးတရွေ့ ပင်လယ်ရေတွေ မခမ်းခြောက်သေးတရွေ့ စကြာဝဠာကြီး တည်ရှိနေသေးတရွေ့ ဒီလူတစ်ယောက်ထဲကိုပဲ ဘဝအဆက်ဆက် ပေါင်းဖက်ချစ်ခင်ရပါလို၏။
662K 33.4K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...