Unicode ver....
12. သခင့်ရင်ခွင်ငယ်ထဲဝယ်
"ခဏလေး ရှောင်း"
အရာရာပြီးစီးလို့ ခရီးစတင်ထွက်ဖို့ အလို ရှောင်းက ဆေးခြင်းတောင်းကို ကိုင်ပြီး လွယ်ဖို့ လုပ်နေတာတုန်း ဝမ်ကလေးက ခေါ်လိုက်တာကြောင့် ရှောင်းက လုပ်လက်စကို ထားလို့ ဝမ့်ဘက် လှည့်ကြည့်လာလေသည်။
"သခင် ဘာဖြစ်~~~"
"ခြင်းတောင်းကို ထားခဲ့တော့ ဒါလေးခြုံထား။ ဒီတိုင်းပဲ ခရီးထွက်ကြမယ်။ ဒီပစ္စည်းတွေတော့ ဒီအိမ်မှာပဲ ထားခဲ့ရအောင်"
ပြောရင်းဆိုရင်း သူ့ပုခုံးပေါ် ဝတ်ရုံဖြူဖြူလေး လွှားပေးပြီး ကြိုးလေးပါ ချည်ပေးနေတဲ့ သခင်ကြောင့် ရှောင်းခင်မျာ အပေါ်စီးကနေ သူ့ရဲ့ သခင်ငယ်ကို တမေ့တမောကြီး
ငေးမောနေလေသည်။
ဆံသားအိအိလေးကစ ခြေဖဝါးနုနုလေးအဆုံး ဒီလူသားဟာ ချစ်မဝတဲ့ မြတ်နိုးရာလေးပဲဆိုတာ ငြင်းစရာစကားတောင်မရှိခဲ့ပါဘူး။ သုံးလောကမှာ ကျွန်တော့်သခင်က
ချစ်ဖို့အကောင်းဆုံးပါပဲ။
ဆင်တူ ခြုံလွှာလေး ဝတ်လို့ ကောင်လေးနှစ်ယောက်ဟာ အတူတူရှိရာ အိမ်ယာလေးကို စွန့်လို့ တန်ခိုးရှင်နယ်မြေဆီ ခရီးဆက်ကြပါတော့သည်။
ကောင်လေးနှစ်ယောက်မှာ အရင်ကထက် ထူးခြားသွားတာလေးကတော့ အရင်က ကောင်လေးတစ်ယောက်က ခြင်းတောင်းလေးကျောမှာထမ်းလို့ သခင်ဖြစ်သူနောက်လိုက်ခဲ့ဖူးပေမဲ့ ဒီနေ့မှာတော့ ထိုကောင်လေးဟာ မြတ်နိုးရသူသခင်ရဲ့ လက်နုနုလေးကို ဆုပ်ကိုင်လို့ ခရီးဆက်နေရတာခြင်းပဲ ဖြစ်သည်။
အရင်က ဆေးဝါးအကြောင်း ပြောဆိုနေကြတာမှန်ရင် ယခုချိန်မှာ ကျီစားမှု အချို့ပါနေတဲ့ ကာရံမညီတဲ့ ကဗျာသံလိုလို သီချင်းသံလိုလို စနှောက်သံလေးသာ ပျံလွှင့်လေတော့သည်။
~~~~~
"ဆရာ~~~"
နတ်မင်းဆရာချန်ရိ စာတွေ ဖတ်နေတုန်း သူ့ကိုခေါ်ရင်း လက်ဖက်ရည်ခွက် ချပေးလာတဲ့ တပည့်ဖြစ်သူကြောင့် နတ်မင်းဆရာက စာဖတ်နေရာကနေ ဖယ်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်ယူရင်း~~~
"ကျေးဇူးပါ အားလော့~~~"
(အားလော့ = လော့ဟိုဂျီတု = နတ်မင်းဆရာချန်ရိရဲ့ ဒုတိယ အနီးစပ်ဆုံးတပည့်ဖြစ်ပြီး ယခုတွင်မူ နတ်မင်းဆရာ၏ လက်ထောက် အဖြစ် တာဝန်ထမ်းဆောင်ရသောသူ။)
"ဆရာနေရ ထိုင်ရ အဆင်ပြေရဲ့လားဗျ။"
လော့ဟို စကားကြောင့် ချန်ရိအနည်းငယ်တော့ ရပ်တန့်သွားမိပေမဲ့ ချက်ချင်းဆိုသလို ဘာမှ ဖြစ်မနေဟန်နဲ့ အနည်းငယ်ပြုံးပြီး~~~
"ဆရာနေကောင်းပါတယ် အားလော့ရဲ့။ အားလော့ကကော ခုရက်ပိုင်း အရာရာ အဆင်ပြေရဲ့လား"
မပြေပါဘူး ဆရာ၊ ဆရာသူ့ကို ဂရုစိုက်သလောက် ကျွန်တော်က ပို၍အဆင်မပြေခဲ့ပါဘူး ဆရာ။
"အားလော့"
အတွေးများနေတာကြောင့် အသိမဲ့သွားတဲ့ လော့ဟိုက ချန်ရိရဲ့ တိုးဖွဖွ ခေါ်သံလေးကြားမှ အသိကပ်လာလေသည်။
"ဆရာ ဟို ဟုတ်ကဲ့ ဒီတပည့် အစစအရာရာ အဆင်ပြေပေမဲ့ တစ်ခုတော့ သိပ်အဆင်မပြေဘူး ဆရာ"
လော့ဟိုရဲ့ သိပ်အဆင်မပြေဘူးဆိုတဲ့ စကားကြောင့် ချန်ရိက လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး စိုးရိမ်သံကလေးနဲ့~~~
"ဘာဖြစ်လို့လဲ လော့ဟိုရဲ့ ဘယ်လိုအဆင်မပြေတာလဲ ဆရာ့ကို ပြောပြလေ ဆရာကူပေးမှာပေါ့"
"ဆရာ ကျွန်တော့်ကို တကယ္ ကယ္မှာလားဟင်"
မျက်နှာငယ်လေးနဲ့ ပြောဆိုလာသူကြောင့် ချန်ရိခေါင်းညိတ်ပြမိတော့ လော့ဟိုက သူ့ကို မျက်ဝန်းရွှဲကြီးတွေနဲ့ မော့ကြည့်လာပြီး~~~
"ဆရာကျန်းမာရေးကို ဂရုစိုက်ပါ ပြီးတော့ ဆရာပျော်ပျော်ပဲနေပါ ဆရာပြုံးနေတာကို တပည့်မြင်ချင်လို့ပါ"
"~~~"
လော့ဟို စကားကြောင့် ချန်ရိ ခဏတာမျှ ကြောင်အသွားရလေသည်။ သူထင်နေတာက လော့ဟိုက သူကိုယ်တိုင်အတွက် တောင်းဆိုမယ်လို့ အခုဟာက ထိုသို့မဟုတ်လေတော့ သူ့ခင်မျာ ခဏတာမျှ ကြောင်အသွားရခြင်းဖြစ်သည်။
"သေချာပေါက် ဆရာက ကျန်းမာတာမို့ အားလော့ စိတ်မပူနဲ့တော့နော်"
"ဟုတ်ကဲ့"
ပျော်ပျော်နေပါ့မယ်လို့ ကတိမပေးခဲ့ပေမဲ့ ဆရာစိတ်မကောင်းမှာကို မလိုလားတဲ့ လော့ဟိုက ငြိမ်၍သာ ဆရာပြောသမျှကို ခေါင်းညိတ်လိုက်လေသည်။
ကျွန်တော့်အချစ်က ကိုယ်ထင်မပြနိုင်ပေမဲ့ ထုထည်ကတော့ ဘယ်သူထက်မှ မနည်းတာမို့ ကျွန်တော့်အချစ်ကြောင့် ဆရာမြန်မြန်ပျော်ရွှင်နိုင်ပါစေဗျာ။
တစ်ယောက်ကို တစ်ယောက် ပြုံးပြနေတဲ့ ဆရာတပည့်ကို အဝေးကနေ သူ့တို့ကို စူးစိုက်ကြည့်နေတဲ့ လူတစ္ယောက် ရှိနေတာကိုတော့ မသိခဲ့ပေ။
ဝတ်ရုံဖြူလွှလွှလေးသာ လွှားခြုံထားတဲ့ ကောင်းကင်မင်းကြီးက မျက်နှာတစ်ခုလုံး ဖြူဖျော့နေပေမဲ့ ဒေါသဟန်တွေကတော့ အင်အားအပြည့်နဲ့ပေမို့ ကောင်းကင်မင်းကြီးရဲ့ မျက်ဝန်းဟာ နတ်ဆိုးအလား နီရဲနေလေသည်။
"ခင်များက လူလိမ်ပဲ ခင်များကမှ လူလိမ်"
~~~~~
ဒေါနဲ့ မောကိုသာ အားကိုးခဲ့မိလို့ထင်ပါရဲ့ အသံမကျယ်တဲ့ အမှန်တရားတွေက ပျောက်ကွယ်ရပါသည်။
~~~~~
"သခင် မောပြီလားဗျ"
ဘေးချင်းယှဥ်လျှောက်နေတဲ့ သခင်နဲ့ရှောင်းက တောတစ်ခုဖြတ်ရင်း တစ်ခုကိုကျော်လို့ ခရီးဆက်ပါသည်။ လူ့သဘာဝအရ မောပန်းနိုင်တဲ့ သခင်ဖြစ်သူကို ရှောင်းက အရိပ်တကြည့်ကြည့်။ နေ့မွန်းတည့်ချိန် နီးလာတော့နဖူးပြေပြေနုငယ္လေးပေါ် ချွေးသီးချွေးပေါက်တွေက လိမ့်ကျလာတော့ ရှောင်းက သဝန်တိုစွာပဲ သခင်မျက်နှာထက်က ချွေးစက်လေးတွေကို သိမ်းယူပြစ္လိုက်လေရင်း ထိုသို့မေးတော့ ဝမ်ကလေးက ခေါင်းလေးအသာညိတ်ပြလေသည်။
"ကျွန်တော်တို့ ခဏနားရအောင်"
မြတ်နိုးရတဲ့ သခင်ကို တွဲခေါ်ရင်း အရိပ်ရတဲ့ သစ်ပင်အောက်မှာ ထိုင်စေတော့ သခင်က အသာတကြည်လိုက်လို့ ထိုင်လေသည်။
ရောက်ချင်တဲ့နေရာကို စိတ်မှန်းနဲ့တင် ရောက်နိုင်ပေမဲ့ သခင်ရဲ့ "အစွမ်းကို မလိုအပ်ပဲ မသုံးပါနဲ့" ဆိုတဲ့ စကားကြောင့် ရှောင်းကျန့်တစ်ဖြစ်လည်း တန်ခိုးရှင်ဟာ လူလိုကျင့်ကြံနေထိုင်လာတာ တစ်နှစ်ကျော်ခဲ့လေပြီ ဖြစ်သည်။
သူကိုယ်တိုင်ကလည်း ကျင့်သားရနေပြီမို့ အစွမ်းကို သုံးလေ့မရှိတော့ပေ။
"ရှောင်းပင်ပန်းနေပြီလား"
သခင့်စကားကြောင့် သိပ်နားမလည်မိတဲ့ ရှောင်းက သစ်သီးခွါနေရာကနေ ဝမ့်ကို နားမလည်သလိုလေး လှည့်ကြည့်လာလေသည်။
ထိုအရာကို နားလည်သွားတဲ့ ဝမ်က~~~
"ကျွန်တော်က လူသားလို ကျင့်ကြံခိုင်းလိုက်လို့ ရှောင်းအခု ပင်ပန်းနေပြီလားလို့ ~~~"
"~~~~"
ဝမ့်အမေးကို မဖြေသေးခင်မှာ ရှောင်းက အသာပြုံးလို့ ဝမ့်ကို ပန်းသီးခွံ့ရင်းနဲ့~~~
"မပင်ပန်းပါဘူး သခင်ရယ် သခင့်နှုတ်ထွက်တိုင်းက အရာရာပဲမို့ လျှောက်မတွေးပါနဲ့ဗျာ။"
"တကယ်ဆို ရှောင်းသာအလိုရှိရင် အရာရာဖြစ်ရဲ့သားနဲ့ကို ကျွန်တော်က တားဆီးသလို~~~"
ဝမ့်စကားပင် မဆုံးလိုက် ရှောင်းက သူ့ရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ခေါင်းခါပြတာကြောင့် ဝမ်က ပြောလက်စကို ရပ်လိုက်ခြင်းပင် ဖြစ်သည်။
"သခင်လုပ်သမျှက အမှန်တရားလို့ မှတ်ယူထားသူမို့ လျှောက်မတွေးပါနဲ့ဗျာ။ သခင်သာပြောရင် သံသယကင်းစွာ ယုံပြီးသားမို့ ဒါကြောင့်မို့ သခင် လျှေက်မတွေးပါနဲ့။"
ရှောင်းစကားကြောင့် ဝမ်က ငိုမဲ့မဲ့လေးနဲ့ ရှောင်းရင်ခွင်ထဲ တိုးဝင်ပြီး~~~
"အီး~~~ကျေးဇူးတင်ပါတယ် ရှောင်းရဲ့"
"မလိုဘူးလေဗျာ သခင့်နှုတ်ဖျားက ထွက်သမျှ အမှန်တရားမို့ ကျွန်တော်ကိုက မလိုက်နာလို့ မနေနိုင်အောင်ပါပဲ သခင်"
"အင်း ~~~"
ရှောင်းရင်ခွင်ထဲနေပြီး မျက်ရည်တွေကြားပြုံးနေတဲ့ ဝမ်ကလေးရှိသလို ချစ်ရသူကို ရင်ခွင်ထဲထည့်ပြီး အတွေးမများဖို့ကို တတွတ်တွတ်ပြောဆိုနေတဲ့ ရှောင်းလည်း ရှိနေလေသည်။
တစ်ဦးအပေါ် တစ်ဦး ထားတဲ့ စိတ်က အရင်လို အဖြူရောင် ဖြစ်မနေတော့မှန်းသိပေမဲ့ ဘယ်သူကမှလည်း မထုတ်ဖော်သလို ဘယ်သူမှလည်း စကားချီတာမျိုး မလုပ်ခဲ့ပေ။
ဒီလိုရိုးရိုးလေးကပဲ ကောင်းပါတယ်လေ။
~~~~~
"ရှောင်းလေးနေပြီလား"
ရှောင်းကျောပြင်ပေါ်ကနေ နေပြီး ရှောင်းကို မေးနေတဲ့ သခင့်မျက်နှာကို ရှောင်းကမမြင်ရပေမဲ့ ခပ်ထော်ထော်လေး ဖြစ်နေမဲ့ နှုတ်ခမ်းဖူးဖူးကလေးကို မြင်ယောင်မိတော့ ရှောင်းက ပြုံးမိသွားလေသည်။
"ရှောင်းလို့!"
"ဟင်!"
သူ့ကို ချက်ချင်းမဖြေတာကြောင့် သခင်က ချွဲလိုဟန်နဲ့ သူ့ရဲ့ မှေးဖျားလေးကို ပုခုံးပေါ်ပဲ တင်လိုက်တာ မှန်ပေမဲ့ နားရွက်ဖျားကို ဖြတ်ထိသွားတဲ့ နူးနူးအိအိ ပါးဖောင်းလေးကြောင့် ရှောင်းရင်ထဲ ဒိန်ခနဲ မြည်တက်သွားရလေသည်။
"ရှောင်း!"
မပြောမဆို သူ့မျက်နှာဖက် လှည့်လာတဲ့ ခေါင်းလုံးလေးကြောင့် သူ့ရဲ့ လည်ပင်းသားတွေက လေနွေးနွေးလေးရဲ့ ရိုက်ခတ်မှုကြောင့် မွှေးညင်းနုကလေးတွေ ထောင်တက်လာရလေသည်။
သခင်ရာ~~~ သခင်က~~~ ဟင်း~~~
စိတ်ထဲက မကျေမချမ်း ရေရွတ်သံတွေကို အပြင်ဘက်သို့ ထွက်မသွားဖို့ရာ ရှောင်းက ရင်ဘတ်ကျယ်ကြီးမောက်တက်သည်ထိ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းပြီး မျက်လုံးကိုပါ အသာမှိတ်ထားလိုက်လေသည်။ ဒုန်းဒုန်းဒိုင်းဒိုင်း ရင်ခုန်သံတွေကြောင့် သူ့ခင်မျာမှာ အသက်ပြင်းပြင်းရှူထုတ်လို့ ဒုက္ခလှလှလေးခံနေရလေသည်။
ထိုအချင်းအရာကို မသိရှာတဲ့ သခင်ငယ်ကတော့ ရှောင်းလေးနေတယ် အထင်နဲ့ ရှောင်းကျောပေါ်ကနေ ဆင်းဖို့ ကြံနေလေသည်။
"ချပေးလေရှောင်းရဲ့ ကျွန်တော် ဆင်းမယ်"
"မလေးဘူးလို့ သခင်~~~"
ရှောင်းရဲ့ အသံက ပင္ပန်းလို့ မောနေတာမျိုးမဟုတ်ပဲ တစ်ခုခုကို တော်တော်ဖြစ်နေလို့ လှိုက်မောနေတဲ့ အသံဖြစ်နေတာကြောင့် ဝမ့်ခင်မျာ မျက်ဝန်းကလေးပြူးပြီး အသံကလေးကပါ တိတ်သွားလေသည်။
လှိုက်မောသံရောနေတဲ့ စကားလုံးတွေက ထူးထူးဆန်းဆန်းရင်ကိုပါ ခုန်စေတယ်တဲ့။
ဘာတွေ အတွေးပေါက်သွားမှန်းမသိတဲ့ ဝမ်ကလေးက နားရွက်ဖျားကလေးရဲလို့ ရှောင်းပုခုံးပေါ်ခေါင်းစောင်းတင်ပြီး ပြုံးတုံ့တုံ့လေးနဲ့ မျက်လုံး မှိတ်သွားလေသည်။
"သွားချင်သလိုသာ ခရီးဆက်လေတော့ ကျွန်တော်အိပ်ပြီ"
ရှောင်းခင်မျာတော့ သူ့သခင်ငယ်ရဲ့ မျက်နှာတော်လေးကို မဖူးမျှော်ရပေမဲ့ နှလုံးစိတ်ဝှမ်းကနေ ခံစားမိနေတဲ့ ကြည်နူးမှုလေးတို့ကြောင့် ရှောင်းက အပြုံးကြီးပြုံးလို့ ခရီးဆက်လေသည်။
ရှေ့မလှမ်းမကမ်းကနေ မြင်နေရတဲ့ စိမ်းစိမ်းစိုစိုနဲ့ တောင်တစ်လုံးကို ရှောင်းက မမှိတ်မသုန်စိုက်ကြည့်ရင်း နောက်ကျောဘက်က အိပ်မောကျနေတဲ့ မြတ်နိုးရာလေးကို နိုးဖို့ ကြိုးစားမိတော့သည်။
ဒီမြေထဲ ခြေမချချင် သခင့်ကို ဒါလေးတွေ အရင်မြင်စေချင်သည်။ သူ့အပေါ် တက်ရောက်နေတဲ့ ပြစ်ဒဏ်ကြောင့် ဒီတောရှိ မက်မွန်ပန်းတွေ မပွင့်တော့တာ နှစ်ပေါင်း သောင်းကျော်နေပြီဆိုပေမဲ့ လှပမှုကတော့ ရှိနေပါသေးသည်။ နှစ်ပေါင်း တစ်သောင်းကျော်ပြီ သူကိုယ္တိုင် နတ်ဆေးလုံးတွေခိုးယူပြီး ဒီမက်မွန်မွှေးတောင်က လူတွေကို တိုက်ထားဖူးပေမဲ့ ညီအစ်ကိုတွေ သူငယ်ချင်းဘက်တော်သားတွေ အသက်ရှင်နေပါအုံးမလားမပြောတတ်ပေမဲ့ ဒီနေရာကို ပြန်ရောက်လာမိတဲ့ အချိန်မှာတော့ သူ့ရင်မှာ တလပ်လပ်နဲ့ လက်ဖျားတွေပါအေးစက်လာလေသည်။
တစ်ချိန်တုန်းက စစ်မြေပြင်မှာ သွေးတွေ မြေခရတဲ့ သူ့ရဲ့ တပည့်တွေ။
မရည်ရွယ်ပါပဲ အတိတ်တစ်ချို့က အာရုံထဲ ကိုယ္ယောင်ပြလာတာကြောင့် တန်ခိုးရှင်ကြီးရဲ့ ကျောပြင်က အနည်းငယ် တုန်ခါလာပြီး ကြည်လင်တဲ့ မျက်ရည်ကြည်တွေက ရေတံခွန်အလား အင်တိုက်အားတိုက် ခုန်ဆင်းလာပါတော့သည်။
"ဟင်!"
သူဘယ်လောက်တောင် အသိမဲ့ သွားတယ်မသိပေမဲ့ သေချာသတိကပ်လာတဲ့ အချိန်မှာတော့ သခင်က သူ့ကျောပေါ်ကနေ သူကိုယ္ကို သိုင်းဖက်ပြီး လက်လေးတစ်ဖက်က သူ့မျက်ရည်ကို သုတ်ပေးနေလေပြီ ဖြစ်သည်။
"ရှောင်းမှာ ကျွန်တော် ရှိပါသေးတယ်။ ခုအောက်ချပေးတော့"
ရှောင်းဘာမှ ပြန်မဖြေပဲ သခင်ကို အောက်ချပေးတော့ သခင်က အပြုံးနုနုလေးနဲ့ သူ့ကို ပြုံးပြပြီး သူ့လက်ကို ဆွဲယူရင်း အရိပ်ရတဲ့ သစ်ပင်တစ်ပင်အောက်မှာ ဝင်ထိုင်လိုက်လေသည်။
"ဝင်လာနားလေ ခဏအနားယူ ပြီးမှ တန်ခိုးရှင် နယ်မြေထဲ ဝင်ကြမယ်"
အကျအန ထိုင်ချပြီး သူ့ကို ရင်ခွင်ထဲ ဝင်နားဖို့ ရင်ခွင်ဖွင့်ပေးလာတဲ့ သခင်ကြောင့် ရှောင်းဘာမှ တွေးမနေတော့ပဲ သခင်ရဲ့ ရင်ခွင်ငယ်လေးထဲ တိုးဝင်လိုက်လေသည်။
သခင့်ရဲ့ ရင်ခွင်ထဲ အရပ်ကြီးထိုးထောင်ထောင်နဲ့ တိုးဝင်နေတာ ကြည့်ရကန့်လန့်နေမှ ဖြစ်ပေမဲ့ သခင့်စကားကို သူ့မှာ မငြင်းလို။ သခင့်ရဲ့ ရင်ခွင်ငယ်လေးက ငယ်သလောက် ပိုသာ၍ နွေးထွေးတာမို့ သူ့အတွက် အရာရာကို ရင်ဆိုင်နိုင်ဖို့ အရမ်းကောင်းတဲ့ အားဆေးပင် ဖြစ်သည်။
ဝမ်ကလေးကလည်း သူ့ရင်ခွင်ထဲ ဝင်မှေးနေတဲ့ လူသားလေးကို ပြုံး၍သာကြည့်ရင်းပဲ သားချော့တေးလေး တိုးတိုးလေး ဆိုပေးလိုက်လေသည်။
~~~~~
စကားလုံးတွေ အများကြီး မလိုပါဘူးလေ။ သူက ကိုယ့်ကို နားလည်သလို ကိုယ်လည်း သူ့ကို နားလည်ပါသည်။ ဒါဆို ဒီဆက်ဆံရေးမှာ ဘာတွေ ထပ်လိုပါသေးလို့လဲ။
ချစ်တယ်ဆိုတဲ့ စကားစုထက် လူတွေကို နားလည်ပေးတတ်တဲ့ နှလုံးသားက ဆွဲဆောင်မှု ပိုအားကောင်းပါသည္လေ။
ဆက်ရန်~~~
by~L
ဖြေးဖြေးသွားရင်း နှေးနှေးသွားတယ်။ L ကိုယ်ရေးပြဿနာ နည်း၂ဖြစ်သွားလို့ ကြာသွားပါတယ် သွေ့ပုချိ။ ပြီးတော့ ဒီဇာတ်လမ်းလေးကလေ ဖြေးဖြေးချင်း တစ်ဆင့်ချင်းပဲမို့ ပျင်းကောင်းပျင်းနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ချပါ မကြာတော့ပါဘူး Lက သူတို့ တစ်ယောက်ပေါ် တစ်ယောက်ဘယ်လောက်တောင် နှစ်မြောမိနေတာကို သေချာပုံဖော်ချင်လို့ပါ။ စာဖတ်သူတွေပါ နှစ်မြောမသွားရင်တော့ Lရဲ့ အားနည်းချက်ပေါ့ရှင်။ အားလုံးကို ချစ်တယ်နော်။ take care all.
Zawgyi
12. သခင့္ရင္ခြင္ငယ္ထဲဝယ္
"ခဏေလး ေရွာင္း"
အရာရာၿပီးစီးလို႔ ခရီးစတင္ထြက္ဖို႔ အလို ေရွာင္းက ေဆးျခင္းေတာင္းကို ကိုင္ၿပီး လြယ္ဖို႔ လုပ္ေနတာတုန္း ဝမ္ကေလးက ေခၚလိုက္တာေၾကာင့္ ေရွာင္းက လုပ္လက္စကို ထားလို႔ ဝမ့္ဘက္ လွည့္ၾကည့္လာေလသည္။
"သခင္ ဘာျဖစ္~~~"
"ျခင္းေတာင္းကို ထားခဲ့ေတာ့ ဒါေလးၿခံဳထား။ ဒီတိုင္းပဲ ခရီးထြက္ၾကမယ္။ ဒီပစၥည္းေတြေတာ့ ဒီအိမ္မွာပဲ ထားခဲ့ရေအာင္"
ေျပာရင္းဆိုရင္း သူ႔ပုခံုးေပၚ ဝတ္ရံုျဖဴျဖဴေလး လႊားေပးၿပီး ႀကိဳးေလးပါ ခ်ည္ေပးေနတဲ့ သခင္ေၾကာင့္ ေရွာင္းခင္မ်ာ အေပၚစီးကေန သူ႔ရဲ့ သခင္ငယ္ကို တေမ့တေမာႀကီး
ေငးေမာေနေလသည္။
ဆံသားအိအိေလးကစ ေျခဖဝါးႏုႏုေလးအဆံုး ဒီလူသားဟာ ခ်စ္မဝတဲ့ ျမတ္ႏိုးရာေလးပဲဆိုတာ ျငင္းစရာစကားေတာင္မရိွခဲ့ပါဘူး။ သံုးေလာကမွာ ကြၽန္ေတာ့္သခင္က
ခ်စ္ဖို႔အေကာင္းဆံုးပါပဲ။
ဆင္တူ ၿခံဳလႊာေလး ဝတ္လို႔ ေကာင္ေလးႏွစ္ေယာက္ဟာ အတူတူရိွရာ အိမ္ယာေလးကို စြန္႔လို႔ တန္ခိုးရွင္နယ္ေျမဆီ ခရီးဆက္ၾကပါေတာ့သည္။
ေကာင္ေလးႏွစ္ေယာက္မွာ အရင္ကထက္ ထူးျခားသြားတာေလးကေတာ့ အရင္က ေကာင္ေလးတစ္ေယာက္က ျခင္းေတာင္းေလးေက်ာမွာထမ္းလို႔ သခင္ျဖစ္သူေနာက္လိုက္ခဲ့ဖူးေပမဲ့ ဒီေန့မွာေတာ့ ထိုေကာင္ေလးဟာ ျမတ္ႏိုးရသူသခင္ရဲ့ လက္ႏုႏုေလးကို ဆုပ္ကိုင္လို႔ ခရီးဆက္ေနရတာျခင္းပဲ ျဖစ္သည္။
အရင္က ေဆးဝါးအေၾကာင္း ေျပာဆိုေနၾကတာမွန္ရင္ ယခုခ်ိန္မွာ က်ီစားမႈ အခ်ိဳ႕ပါေနတဲ့ ကာရံမညီတဲ့ ကဗ်ာသံလိုလို သီခ်င္းသံလိုလို စေနွာက္သံေလးသာ ပ်ံလႊင့္ေလေတာ့သည္။
~~~~~
"ဆရာ~~~"
နတ္မင္းဆရာခ်န္ရိ စာေတြ ဖတ္ေနတုန္း သူ႔ကိုေခၚရင္း လက္ဖက္ရည္ခြက္ ခ်ေပးလာတဲ့ တပည့္ျဖစ္သူေၾကာင့္ နတ္မင္းဆရာက စာဖတ္ေနရာကေန ဖယ္ၿပီး လက္ဖက္ရည္ခြက္ကို ကိုင္ယူရင္း~~~
"ေက်းဇူးပါ အားေလာ့~~~"
(အားေလာ့ = ေလာ့ဟိုဂ်ီတု = နတ္မင္းဆရာခ်န္ရိရဲ့ ဒုတိယ အနီးစပ္ဆံုးတပည့္ျဖစ္ၿပီး ယခုတြင္မူ နတ္မင္းဆရာ၏ လက္ေထာက္ အျဖစ္ တာဝန္ထမ္းေဆာင္ရေသာသူ။)
"ဆရာေနရ ထိုင္ရ အဆင္ေျပရဲ့လားဗ်။"
ေလာ့ဟို စကားေၾကာင့္ ခ်န္ရိအနည္းငယ္ေတာ့ ရပ္တန္႔သြားမိေပမဲ့ ခ်က္ခ်င္းဆိုသလို ဘာမွ ျဖစ္မေနဟန္နဲ႔ အနည္းငယ္ၿပံဳးၿပီး~~~
"ဆရာေနေကာင္းပါတယ္ အားေလာ့ရဲ့။ အားေလာ့ကေကာ ခုရက္ပိုင္း အရာရာ အဆင္ေျပရဲ့လား"
မေျပပါဘူး ဆရာ၊ ဆရာသူ႔ကို ဂရုစိုက္သေလာက္ ကြၽန္ေတာ္က ပို၍အဆင္မေျပခဲ့ပါဘူး ဆရာ။
"အားေလာ့"
အေတြးမ်ားေနတာေၾကာင့္ အသိမဲ့သြားတဲ့ ေလာ့ဟိုက ခ်န္ရိရဲ့ တိုးဖြဖြ ေခၚသံေလးၾကားမွ အသိကပ္လာေလသည္။
"ဆရာ ဟို ဟုတ္ကဲ့ ဒီတပည့္ အစစအရာရာ အဆင္ေျပေပမဲ့ တစ္ခုေတာ့ သိပ္အဆင္မေျပဘူး ဆရာ"
ေလာ့ဟိုရဲ့ သိပ္အဆင္မေျပဘူးဆိုတဲ့ စကားေၾကာင့္ ခ်န္ရိက လႈပ္လႈပ္ရွားရွား ျဖစ္လာၿပီး စိုးရိမ္သံကေလးနဲ႔~~~
"ဘာျဖစ္လို႔လဲ ေလာ့ဟိုရဲ့ ဘယ္လိုအဆင္မေျပတာလဲ ဆရာ့ကို ေျပာျပေလ ဆရာကူေပးမွာေပါ့"
"ဆရာ ကြၽန္ေတာ့္ကို တကယ္ ကယၼွာလားဟင္"
မ်က္ႏွာငယ္ေလးနဲ႔ ေျပာဆိုလာသူေၾကာင့္ ခ်န္ရိေခါင္းညိတ္ျပမိေတာ့ ေလာ့ဟိုက သူ႔ကို မ်က္ဝန္းရႊဲႀကီးေတြနဲ႔ ေမာ့ၾကည့္လာၿပီး~~~
"ဆရာက်န္းမာေရးကို ဂရုစိုက္ပါ ၿပီးေတာ့ ဆရာေပ်ာ္ေပ်ာ္ပဲေနပါ ဆရာၿပံဳးေနတာကို တပည့္ျမင္ခ်င္လို႔ပါ"
"~~~"
ေလာ့ဟို စကားေၾကာင့္ ခ်န္ရိ ခဏတာမ်ွ ေၾကာင္အသြားရေလသည္။ သူထင္ေနတာက ေလာ့ဟိုက သူကိုယ္တိုင္အတြက္ ေတာင္းဆိုမယ္လို႔ အခုဟာက ထိုသို႔မဟုတ္ေလေတာ့ သူ႔ခင္မ်ာ ခဏတာမ်ွ ေၾကာင္အသြားရျခင္းျဖစ္သည္။
"ေသခ်ာေပါက္ ဆရာက က်န္းမာတာမို႔ အားေလာ့ စိတ္မပူနဲ႔ေတာ့ေနာ္"
"ဟုတ္ကဲ့"
ေပ်ာ္ေပ်ာ္ေနပါ့မယ္လို႔ ကတိမေပးခဲ့ေပမဲ့ ဆရာစိတ္မေကာင္းမွာကို မလိုလားတဲ့ ေလာ့ဟိုက ၿငိမ္၍သာ ဆရာေျပာသမ်ွကို ေခါင္းညိတ္လိုက္ေလသည္။
ကြၽန္ေတာ့္အခ်စ္က ကိုယ္ထင္မျပႏိုင္ေပမဲ့ ထုထည္ကေတာ့ ဘယ္သူထက္မွ မနည္းတာမို႔ ကြၽန္ေတာ့္အခ်စ္ေၾကာင့္ ဆရာျမန္ျမန္ေပ်ာ္ရႊင္ႏိုင္ပါေစဗ်ာ။
တစ္ေယာက္ကို တစ္ေယာက္ ၿပံဳးျပေနတဲ့ ဆရာတပည့္ကို အေဝးကေန သူ႔တို႔ကို စူးစိုက္ၾကည့္ေနတဲ့ လူတစ္ေယာက္ ရိွေနတာကိုေတာ့ မသိခဲ့ေပ။
ဝတ္ရံုျဖဴလႊလႊေလးသာ လႊားၿခံဳထားတဲ့ ေကာင္းကင္မင္းႀကီးက မ်က္ႏွာတစ္ခုလံုး ျဖဴေဖ်ာ့ေနေပမဲ့ ေဒါသဟန္ေတြကေတာ့ အင္အားအျပည့္နဲ႔ေပမို႔ ေကာင္းကင္မင္းႀကီးရဲ့ မ်က္ဝန္းဟာ နတ္ဆိုးအလား နီရဲေနေလသည္။
"ခင္မ်ားက လူလိမ္ပဲ ခင္မ်ားကမွ လူလိမ္"
~~~~~
ေဒါနဲ႔ ေမာကိုသာ အားကိုးခဲ့မိလို႔ထင္ပါရဲ့ အသံမက်ယ္တဲ့ အမွန္တရားေတြက ေပ်ာက္ကြယ္ရပါသည္။
~~~~~
"သခင္ ေမာၿပီလားဗ်"
ေဘးခ်င္းယွဥ္ေလ်ွာက္ေနတဲ့ သခင္နဲ႔ေရွာင္းက ေတာတစ္ခုျဖတ္ရင္း တစ္ခုကိုေက်ာ္လို႔ ခရီးဆက္ပါသည္။ လူ႔သဘာဝအရ ေမာပန္းႏိုင္တဲ့ သခင္ျဖစ္သူကို ေရွာင္းက အရိပ္တၾကည့္ၾကည့္။ ေန့မြန္းတည့္ခ်ိန္ နီးလာေတာ့နဖူးေျပျပေႏုငယႅေးေပၚ ေခြၽးသီးေခြၽးေပါက္ေတြက လိမ့္က်လာေတာ့ ေရွာင္းက သဝန္တိုစြာပဲ သခင္မ်က္ႏွာထက္က ေခြၽးစက္ေလးေတြကို သိမ္းယူျပစႅိုက္ေလရင္း ထိုသို႔ေမးေတာ့ ဝမ္ကေလးက ေခါင္းေလးအသာညိတ္ျပေလသည္။
"ကြၽန္ေတာ္တို႔ ခဏနားရေအာင္"
ျမတ္ႏိုးရတဲ့ သခင္ကို တြဲေခၚရင္း အရိပ္ရတဲ့ သစ္ပင္ေအာက္မွာ ထိုင္ေစေတာ့ သခင္က အသာတၾကည္လိုက္လို႔ ထိုင္ေလသည္။
ေရာက္ခ်င္တဲ့ေနရာကို စိတ္မွန္းနဲ႔တင္ ေရာက္ႏိုင္ေပမဲ့ သခင္ရဲ့ "အစြမ္းကို မလိုအပ္ပဲ မသံုးပါနဲ႔" ဆိုတဲ့ စကားေၾကာင့္ ေရွာင္းက်န္႔တစ္ျဖစ္လည္း တန္ခိုးရွင္ဟာ လူလိုက်င့္ႀကံေနထိုင္လာတာ တစ္ႏွစ္ေက်ာ္ခဲ့ေလၿပီ ျဖစ္သည္။
သူကိုယ္တိုင္ကလည္း က်င့္သားရေနၿပီမို႔ အစြမ္းကို သံုးေလ့မရိွေတာ့ေပ။
"ေရွာင္းပင္ပန္းေနၿပီလား"
သခင့္စကားေၾကာင့္ သိပ္နားမလည္မိတဲ့ ေရွာင္းက သစ္သီးခြါေနရာကေန ဝမ့္ကို နားမလည္သလိုေလး လွည့္ၾကည့္လာေလသည္။
ထိုအရာကို နားလည္သြားတဲ့ ဝမ္က~~~
"ကြၽန္ေတာ္က လူသားလို က်င့္ႀကံခိုင္းလိုက္လို႔ ေရွာင္းအခု ပင္ပန္းေနၿပီလားလို႔ ~~~"
"~~~~"
ဝမ့္အေမးကို မေျဖေသးခင္မွာ ေရွာင္းက အသာၿပံဳးလို႔ ဝမ့္ကို ပန္းသီးခြံ႔ရင္းနဲ႔~~~
"မပင္ပန္းပါဘူး သခင္ရယ္ သခင့္ႏႈတ္ထြက္တိုင္းက အရာရာပဲမို႔ ေလ်ွာက္မေတြးပါနဲ႔ဗ်ာ။"
"တကယ္ဆို ေရွာင္းသာအလိုရိွရင္ အရာရာျဖစ္ရဲ့သားနဲ႔ကို ကြၽန္ေတာ္က တားဆီးသလို~~~"
ဝမ့္စကားပင္ မဆံုးလိုက္ ေရွာင္းက သူ႔ရဲ့ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီး ေခါင္းခါျပတာေၾကာင့္ ဝမ္က ေျပာလက္စကို ရပ္လိုက္ျခင္းပင္ ျဖစ္သည္။
"သခင္လုပ္သမ်ွက အမွန္တရားလို႔ မွတ္ယူထားသူမို႔ ေလ်ွာက္မေတြးပါနဲ႔ဗ်ာ။ သခင္သာေျပာရင္ သံသယကင္းစြာ ယံုၿပီးသားမို႔ ဒါေၾကာင့္မို႔ သခင္ ေလ်ွက္မေတြးပါနဲ႔။"
ေရွာင္းစကားေၾကာင့္ ဝမ္က ငိုမဲ့မဲ့ေလးနဲ႔ ေရွာင္းရင္ခြင္ထဲ တိုးဝင္ၿပီး~~~
"အီး~~~ေက်းဇူးတင္ပါတယ္ ေရွာင္းရဲ့"
"မလိုဘူးေလဗ်ာ သခင့္ႏႈတ္ဖ်ားက ထြက္သမ်ွ အမွန္တရားမို႔ ကြၽန္ေတာ္ကိုက မလိုက္နာလို႔ မေနႏိုင္ေအာင္ပါပဲ သခင္"
"အင္း ~~~"
ေရွာင္းရင္ခြင္ထဲေနၿပီး မ်က္ရည္ေတြၾကားၿပံဳးေနတဲ့ ဝမ္ကေလးရိွသလို ခ်စ္ရသူကို ရင္ခြင္ထဲထည့္ၿပီး အေတြးမမ်ားဖို႔ကို တတြတ္တြတ္ေျပာဆိုေနတဲ့ ေရွာင္းလည္း ရိွေနေလသည္။
တစ္ၪီးအေပၚ တစ္ၪီး ထားတဲ့ စိတ္က အရင္လို အျဖဴေရာင္ ျဖစ္မေနေတာ့မွန္းသိေပမဲ့ ဘယ္သူကမွလည္း မထုတ္ေဖာ္သလို ဘယ္သူမွလည္း စကားခ်ီတာမ်ိဳး မလုပ္ခဲ့ေပ။
ဒီလိုရိုးရိုးေလးကပဲ ေကာင္းပါတယ္ေလ။
~~~~~
"ေရွာင္းေလးေနၿပီလား"
ေရွာင္းေက်ာျပင္ေပၚကေန ေနၿပီး ေရွာင္းကို ေမးေနတဲ့ သခင့္မ်က္ႏွာကို ေရွာင္းကမျမင္ရေပမဲ့ ခပ္ေထာ္ေထာ္ေလး ျဖစ္ေနမဲ့ ႏႈတ္ခမ္းဖူးဖူးကေလးကို ျမင္ေယာင္မိေတာ့ ေရွာင္းက ၿပံဳးမိသြားေလသည္။
"ေရွာင္းလို႔!"
"ဟင္!"
သူ႔ကို ခ်က္ခ်င္းမေျဖတာေၾကာင့္ သခင္က ခြၽဲလိုဟန္နဲ႔ သူ႔ရဲ့ ေမွးဖ်ားေလးကို ပုခံုးေပၚပဲ တင္လိုက္တာ မွန္ေပမဲ့ နားရြက္ဖ်ားကို ျဖတ္ထိသြားတဲ့ ႏူးႏူးအိအိ ပါးေဖာင္းေလးေၾကာင့္ ေရွာင္းရင္ထဲ ဒိန္ခနဲ ျမည္တက္သြားရေလသည္။
"ေရွာင္း!"
မေျပာမဆို သူ႔မ်က္ႏွာဖက္ လွည့္လာတဲ့ ေခါင္းလံုးေလးေၾကာင့္ သူ႔ရဲ့ လည္ပင္းသားေတြက ေလႏြေးေနြးေလးရဲ့ ရိုက္ခတ္မႈေၾကာင့္ ေမႊးညင္းႏုကေလးေတြ ေထာင္တက္လာရေလသည္။
သခင္ရာ~~~ သခင္က~~~ ဟင္း~~~
စိတ္ထဲက မေက်မခ်မ္း ေရရြတ္သံေတြကို အျပင္ဘက္သို႔ ထြက္မသြားဖို႔ရာ ေရွာင္းက ရင္ဘတ္က်ယ္ႀကီးေမာက္တက္သည္ထိ အသက္ကို ခပ္ျပင္းျပင္း ရႉသြင္းၿပီး မ်က္လံုးကိုပါ အသာမိွတ္ထားလိုက္ေလသည္။ ဒုန္းဒုန္းဒိုင္းဒိုင္း ရင္ခုန္သံေတြေၾကာင့္ သူ႔ခင္မ်ာမွာ အသက္ျပင္းျပင္းရႉထုတ္လို႔ ဒုကၡလွလွေလးခံေနရေလသည္။
ထိုအခ်င္းအရာကို မသိရွာတဲ့ သခင္ငယ္ကေတာ့ ေရွာင္းေလးေနတယ္ အထင္နဲ႔ ေရွာင္းေက်ာေပၚကေန ဆင္းဖို႔ ႀကံေနေလသည္။
"ခ်ေပးေလေရွာင္းရဲ့ ကြၽန္ေတာ္ ဆင္းမယ္"
"မေလးဘူးလို႔ သခင္~~~"
ေရွာင္းရဲ့ အသံက ပငၸန္းလို႔ ေမာေနတာမ်ိဳးမဟုတ္ပဲ တစ္ခုခုကို ေတာ္ေတာ္ျဖစ္ေနလို႔ လိႈက္ေမာေနတဲ့ အသံျဖစ္ေနတာေၾကာင့္ ဝမ့္ခင္မ်ာ မ်က္ဝန္းကေလးျပဴးၿပီး အသံကေလးကပါ တိတ္သြားေလသည္။
လိႈက္ေမာသံေရာေနတဲ့ စကားလံုးေတြက ထူးထူးဆန္းဆန္းရင္ကိုပါ ခုန္ေစတယ္တဲ့။
ဘာေတြ အေတြးေပါက္သြားမွန္းမသိတဲ့ ဝမ္ကေလးက နားရြက္ဖ်ားကေလးရဲလို႔ ေရွာင္းပုခံုးေပၚေခါင္းေစာင္းတင္ၿပီး ၿပံဳးတံု႔တံု႔ေလးနဲ႔ မ်က္လံုး မိွတ္သြားေလသည္။
"သြားခ်င္သလိုသာ ခရီးဆက္ေလေတာ့ ကြၽန္ေတာ္အိပ္ၿပီ"
ေရွာင္းခင္မ်ာေတာ့ သူ႔သခင္ငယ္ရဲ့ မ်က္ႏွာေတာ္ေလးကို မဖူးေမ်ွာ္ရေပမဲ့ ႏွလံုးစိတ္ဝွမ္းကေန ခံစားမိေနတဲ့ ၾကည္ႏူးမႈေလးတို႔ေၾကာင့္ ေရွာင္းက အၿပံဳးႀကီးၿပံဳးလို႔ ခရီးဆက္ေလသည္။
ေရ႔ွမလွမ္းမကမ္းကေန ျမင္ေနရတဲ့ စိမ္းစိမ္းစိုစိုနဲ႔ ေတာင္တစ္လံုးကို ေရွာင္းက မမိွတ္မသုန္စိုက္ၾကည့္ရင္း ေနာက္ေက်ာဘက္က အိပ္ေမာက်ေနတဲ့ ျမတ္ႏိုးရာေလးကို ႏိုးဖို႔ ႀကိဳးစားမိေတာ့သည္။
ဒီေျမထဲ ေျခမခ်ခ်င္ သခင့္ကို ဒါေလးေတြ အရင္ျမင္ေစခ်င္သည္။ သူ႔အေပၚ တက္ေရာက္ေနတဲ့ ျပစ္ဒဏ္ေၾကာင့္ ဒီေတာရိွ မက္မြန္ပန္းေတြ မပြင့္ေတာ့တာ ႏွစ္ေပါင္း ေသာင္းေက်ာ္ေနၿပီဆိုေပမဲ့ လွပမႈကေတာ့ ရိွေနပါေသးသည္။ ႏွစ္ေပါင္း တစ္ေသာင္းေက်ာ္ၿပီ သူကိုယၲိုင္ နတ္ေဆးလံုးေတြခိုးယူၿပီး ဒီမက္မြန္ေမႊးေတာင္က လူေတြကို တိုက္ထားဖူးေပမဲ့ ညီအစ္ကိုေတြ သူငယ္ခ်င္းဘက္ေတာ္သားေတြ အသက္ရွင္ေနပါအံုးမလားမေျပာတတ္ေပမဲ့ ဒီေနရာကို ျပန္ေရာက္လာမိတဲ့ အခ်ိန္မွာေတာ့ သူ႔ရင္မွာ တလပ္လပ္နဲ႔ လက္ဖ်ားေတြပါေအးစက္လာေလသည္။
တစ္ခ်ိန္တုန္းက စစ္ေျမျပင္မွာ ေသြးေတြ ေျမခရတဲ့ သူ႔ရဲ့ တပည့္ေတြ။
မရည္ရြယ္ပါပဲ အတိတ္တစ္ခ်ိဳ႕က အာရံုထဲ ကိုယ္ေယာင္ျပလာတာေၾကာင့္ တန္ခိုးရွင္ႀကီးရဲ့ ေက်ာျပင္က အနည္းငယ္ တုန္ခါလာၿပီး ၾကည္လင္တဲ့ မ်က္ရည္ၾကည္ေတြက ေရတံခြန္အလား အင္တိုက္အားတိုက္ ခုန္ဆင္းလာပါေတာ့သည္။
"ဟင္!"
သူဘယ္ေလာက္ေတာင္ အသိမဲ့ သြားတယ္မသိေပမဲ့ ေသခ်ာသတိကပ္လာတဲ့ အခ်ိန္မွာေတာ့ သခင္က သူ႔ေက်ာေပၚကေန သူကိုယၠို သိုင္းဖက္ၿပီး လက္ေလးတစ္ဖက္က သူ႔မ်က္ရည္ကို သုတ္ေပးေနေလၿပီ ျဖစ္သည္။
"ေရွာင္းမွာ ကြၽန္ေတာ္ ရိွပါေသးတယ္။ ခုေအာက္ခ်ေပးေတာ့"
ေရွာင္းဘာမွ ျပန္မေျဖပဲ သခင္ကို ေအာက္ခ်ေပးေတာ့ သခင္က အၿပံဳးႏုႏုေလးနဲ႔ သူ႔ကို ၿပံဳးျပၿပီး သူ႔လက္ကို ဆြဲယူရင္း အရိပ္ရတဲ့ သစ္ပင္တစ္ပင္ေအာက္မွာ ဝင္ထိုင္လိုက္ေလသည္။
"ဝင္လာနားေလ ခဏအနားယူ ၿပီးမွ တန္ခိုးရွင္ နယ္ေျမထဲ ဝင္ၾကမယ္"
အက်အန ထိုင္ခ်ၿပီး သူ႔ကို ရင္ခြင္ထဲ ဝင္နားဖို႔ ရင္ခြင္ဖြင့္ေပးလာတဲ့ သခင္ေၾကာင့္ ေရွာင္းဘာမွ ေတြးမေနေတာ့ပဲ သခင္ရဲ့ ရင္ခြင္ငယ္ေလးထဲ တိုးဝင္လိုက္ေလသည္။
သခင့္ရဲ့ ရင္ခြင္ထဲ အရပ္ႀကီးထိုးေထာင္ေထာင္နဲ႔ တိုးဝင္ေနတာ ၾကည့္ရကန္႔လန္႔ေနမွ ျဖစ္ေပမဲ့ သခင့္စကားကို သူ႔မွာ မျငင္းလို။ သခင့္ရဲ့ ရင္ခြင္ငယ္ေလးက ငယ္သေလာက္ ပိုသာ၍ ေနြးေထြးတာမို႔ သူ႔အတြက္ အရာရာကို ရင္ဆိုင္ႏိုင္ဖို႔ အရမ္းေကာင္းတဲ့ အားေဆးပင္ ျဖစ္သည္။
ဝမ္ကေလးကလည္း သူ႔ရင္ခြင္ထဲ ဝင္ေမွးေနတဲ့ လူသားေလးကို ၿပံဳး၍သာၾကည့္ရင္းပဲ သားေခ်ာ့ေတးေလး တိုးတိုးေလး ဆိုေပးလိုက္ေလသည္။
~~~~~
စကားလံုးေတြ အမ်ားႀကီး မလိုပါဘူးေလ။ သူက ကိုယ့္ကို နားလည္သလို ကိုယ္လည္း သူ႔ကို နားလည္ပါသည္။ ဒါဆို ဒီဆက္ဆံေရးမွာ ဘာေတြ ထပ္လိုပါေသးလို႔လဲ။
ခ်စ္တယ္ဆိုတဲ့ စကားစုထက္ လူေတြကို နားလည္ေပးတတ္တဲ့ ႏွလံုးသားက ဆြဲေဆာင္မႈ ပိုအားေကာင္းပါသညႅေ။
ဆက္ရန္~~~
by~L
ေျဖးေျဖးသြားရင္း ေနွးေနွးသြားတယ္။ L ကိုယ္ေရးျပႆနာ နည္း၂ျဖစ္သြားလို႔ ၾကာသြားပါတယ္ ေသြ့ပုခ်ိ။ ၿပီးေတာ့ ဒီဇာတ္လမ္းေလးကေလ ေျဖးေျဖးခ်င္း တစ္ဆင့္ခ်င္းပဲမို႔ ပ်င္းေကာင္းပ်င္းႏိုင္ပါတယ္။ ဒါေပမဲ့ စိတ္ခ်ပါ မၾကာေတာ့ပါဘူး Lက သူတို႔ တစ္ေယာက္ေပၚ တစ္ေယာက္ဘယ္ေလာက္ေတာင္ ႏွစ္ေျမာမိေနတာကို ေသခ်ာပံုေဖာ္ခ်င္လို႔ပါ။ စာဖတ္သူေတြပါ ႏွစ္ေျမာမသြားရင္ေတာ့ Lရဲ့ အားနည္းခ်က္ေပါ့ရွင္။ အားလံုးကို ခ်စ္တယ္ေနာ္။ take care all.