ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

By Ice_berry_

666K 120K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-54

6.8K 1.1K 56
By Ice_berry_

[Unicode]

မထွက်ခွာမီညတစ်ညတွင် ယွီချင့်ဟွမ်နှင့်ကျောက်ချင်းယွမ်တို့သည် လေဆိပ်တွင်တစ်နာရီစောပြီးတွေ့ဆုံရန် သဘောတူညီထားခဲ့ကြသည်။​

နောက်​တစ်နေ့ရောက်တော့ ယွီချင့်ဟွမ်လေဆိပ်ဧည့်ခန်းမဆောင်တွင်အကြာကြီး​စောင့်​​ဆိုင်းနေ​ခဲ့သော်​လည်း ကျောက်ချင်းယွမ်ကတော့ အခုထက်ထိပေါ်မလာ​သေးပေ။ သူ့ကိုစာပို့တော့လည်းအကြောင်းပြန်မလာခဲ့။

လေယာဉ်ပေါ်သို့တက်ရောက်ချိန်တန်ပြီဖြစ်ကြောင်းကို ရေဒီယိုကနေအသိပေးပြောကြားနေသည်။ ကျောက်ချင်းယွမ်အချိန်မီရောက်မလာခဲ့ပါက လေယာဉ်လွတ်တော့မည်ဖြစ်၏။

ယွီချင့်ဟွမ်မှဖုန်းကိုထုတ်ယူပြီး ကျောက်ချင်းယွမ်ဆီဆက်မည်လုပ်လိုက်စဉ်တွင် အနှီလူဟာ မျက်နှာအစတစ်ကိုယ်လုံးကိုဖုံးကွယ်ထားပြီး အပြေးအလွှားပေါက်ချလာခဲ့သည်။သူ့အေးဂျင့်နှင့်လက်ထောက်ဖြစ်သူမှာ မျက်နှာပေါ်တွင်ချွေးတလုံးလုံးစီးကျနေရင်း နောက်ကနေလိုက်ပါလာခဲ့၏။

"ယီးလိုမှပဲ!" ကျောက်ချင်းယွမ်သည် ယွီချင့်ဟွမ်အားလှမ်းမြင်လိုက်သည်နှင့် မဆဲဆိုမိပဲမနေနိုင်တော့ပါချေ။သူဟာမကျေမနပ်ညည်းညူတိုင်တန်း‌နေရင်းက လေယာဉ်ပေါ်သို့တက်ရန်စုရပ်ဂိတ်သို့အရှိန်တင်လိုက်၏။

“အဲ့ဒီပါပါရာဇီတွေကနေရာတကာတိုင်းမှာပဲ! အဝေးပြေးလမ်းမှာတောင်မှ သူတို့နဲ့တည့်တည့်တိုးနိုင်သေးတယ်! ဒင်းတို့ကိုရှောင်ဖို့လမ်းကြောပြောင်းချင်တာ ကားလမ်းပိတ်တာနဲ့မိပါကောလား.. ဒီနေ့ကတော့ တကယ်ပဲငါ့ရဲ့ပြဿဒါးနေ့ပဲ!"

ထိုသို့ပြောရင်း သူဟာမျက်နှာပေါ်ရှိ နေကာမျက်မှန်နှင့်မျက်နှာဖုံးကိုဆွဲချွတ်လိုက်ပြီး သူ့ကိုယ်သူဖုံးကွယ်ဝှက်ထားရန် ဘာအစီအမံကိုမှမပြုလုပ်ထားသည့်ယွီချင့်ဟွမ်ကို သံသယဖြစ်စွာတချက်ဝေ့ကြည့်လိုက်သည်။

"ချင့်ဟွမ် ငါဘာလို့တမျိုးကြီးခံစားနေရတာလဲ? တရားနည်းလမ်းကျကျပြောရရင် မင်းလည်းအခုကျော်ကြားနေပြီလေ မင်းနောက်ကိုလိုက်မယ့်ပါပါရာဇီတွေ ဘာလို့တောင်ရှိမနေရတာလဲ?"

ယွီချင့်ဟွမ်သည်လည်း သူ့မေးခွန်းကြောင့်အတန်ငယ်ကြောင်အမ်းသွားရသည်။ဒါဟာတကယ့်ကို ထူးဆန်းလွန်းနေပါ၏!

သူဖျော်ဖြေရေးအဝန်းအဝိုင်းထဲရောက်လာပြီးကတည်းက ဘယ်ပါပါရာဇီကမှသူ့နောက်ကိုလိုက်လာဖူးခြင်းမရှိခဲ့ပါပေ။သူယခုကုမ္ပဏီတိုက်ခန်းတွင်နေထိုင်နေသည်။ ပါပါရာဇီတွေက သူ့လိပ်စာကိုသေချာပေါက်ဘယ်လိုမှအလွတ်ပေးမှာမဟုတ်။ ဒါဖြင့်ရင်ဘာကြောင့်ပါလဲ?

ဘာကြောင့်ဆိုတာ သူလည်းမပြောနိုင်ဖြစ်နေတာကို ကျောက်ချင်းယွမ်ကမြင်လိုက်ရတော့ပြုံးပြီး သာမာန်ကာလျှံကာမျှပြောလာသည်။

"ကံကောင်းလို့များလား?"

ယွီချင့်ဟွမ်မှမျက်မှောင်ကြုတ်၍ "ဟုတ်လိမ့်မယ်" ဟုဆိုကာ ထိုမေးခွန်းအား သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာအထိသွတ်သွင်းထားလိုက်တော့သည်။

ကျောက်ချင်းယွမ်သည် ဤနေရာရောက်သည်အထိ တစ်လမ်းလုံးပြေးလွှားလာခဲ့ရသည်။ သူဟာအရမ်းကိုခြေကုန်လက်ပန်းကျနေသည့်အတွက် အရင်လိုပူညံပူညံတောင်မလုပ်နိုင်အားတော့ပဲ ယွီချင့်ဟွမ်ကိုနှုတ်ဆက်ပြီးတာနှင့် သူ့ကိုယ်သူစောင်တထည်ခြုံ၍အိပ်မောကျသွားခဲ့ကာ တလမ်းလုံးဟောက်လာခဲ့၏။ လေယာဉ်ပေါ်မှဆင်းတဲ့အခါ ယွီချင့်ဟွမ်မှာ ထိုသူ့အားဆိုဖာအိပ်ယာပေါ်မှ ခက်ခက်ခဲခဲဆွဲထုတ်လာခဲ့ရသည်။

ပရိုဂရမ်ရိုက်ကူးရေးအဖွဲ့သားများသည် ဟေးမြို့သို့ အစောကြီးကတည်းကရောက်နှင့်နေလေပြီ။ လေယာဉ်ပေါ်မှဆင်းအပြီး သူတို့နှစ်ဦးဘာမှမတုံ့ပြန်ရသေးမီတွင် ဒါရိုက်တာဖြစ်သူသည် သူတို့ထံသို့အလွန်တရာပုံကြီးချဲ့ကားထားသောဟန်ပန်မူယာဖြင့်ပြုံးပြလာပြီး ကင်မရာကိုဖွင့်ထားဟန်ဆောင်လေ၏။

ကျောက်ချင်းယွမ်မှာ ယွီချင့်ဟွမ်နောက်သို့ အလျင်အမြန်ဝင်ရောက်ပုန်းကွယ်သွားခဲ့ပြီး အချိန်တခုကြာသည်အထိ သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီးခါမှ ရှေ့ပြန်ထွက်လာရဲတော့သည်။

"မင်းတို့ကိုလိမ်နေတာ! တကယ့်ရိုက်ကူးရေးအစစ်အမှန်က ငါတို့အားလုံးရိုက်ကွင်းနေရာကိုရောက်ပြီးခါမှစတင်မှာ”

ဒါရိုက်တာမှာ ကျောက်ချင်းယွမ်ရဲ့မီးဝင်းဝင်းတောက်မျက်လုံးတွေကို လစ်လျူရှုမမြင်ချင်ယောင်ဆောင်ပြီး ဆက်ပြောလာ၏။

“မင်းတို့တွေဇာတ်ညွှန်းနဲ့ရင်းနှီးပြီးသား.. ဟုတ်တယ်မလား? ဒီအပိုင်းရဲ့အဓိကနောက်ခံက ကျေးလက်သဘာဝကိုအတွေ့အကြုံရယူဖို့ပဲ..ဒီမှာလူအားလုံးစုံတာနဲ့ ငါတို့စတင်ထွက်ခွာကြမယ်”

'Young People Want High' အပိုင်းတပိုင်းစီတွင် ဧည့်သည်သရုပ်ဆောင်လေးဦးပါဝင်လေ့ရှိသည်။ အခုအချိန်တွင်နှစ်ယောက်ကနေရာယူပြီးဆိုတော့ ကျန်နှစ်ယောက်အားမျှော်လင့်စောင့်ဆိုင်းနေရ၏။

ကျောက်ချင်းယွမ်သည် ကနဦးတင်ရှိ‌နေသေးသည့် သူ၏အမုန်းတရားများကို ချက်ချင်းမေ့လျော့သွားကာ စူးစမ်းသိလိုစိတ်ဖြင့် ဒါရိုက်တာကြီးထံတိုးကပ်သွားပြီးမေးလေ၏။

"ကျန်နှစ်ယောက်က ဘယ်သူတွေလဲ?"

“တစ်ယောက်ကတော့ ထုံချင်”  ဒီတစ်ခါမှာတော့ ဒါရိုက်တာကြီးက နောက်နောက်ပြောင်ပြောင်တွေထပ်မလုပ်တော့ဘဲ မှန်မှန်ကန်ကန်ဖြေဆိုလာ၏။

“ဒီနှစ်ထဲမှအနုပညာလောကထဲစတင်ဝင်လာတဲ့ ကျောင်းဒရာမာ အချောအလှလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့… ”

သူကပြုံးလိုက်ပြီး

"မင်းနဲ့ရော ချင့်ဟွမ်နဲ့ပါသိတဲ့သူတယောက် 'The Line of Life and Death' ရဲ့ အဓိကအမျိုးသမီးသရုပ်ဆောင်ဝမ်ချန်ချန် ”

"သူလား?" ပထမတော့ ကျောက်ချင်းယွမ်က အံ့အားသင့်သွားသေးသည်။နောက်ပိုင်းမှ သူ့မျက်နှာကချက်ချင်းဆိုသလို လငပုပ်ဖမ်းသည့်အလားမှောင်မှိုက်သွားရ၏။ သူ့လက်ထောက်ဖြစ်သူမှာလန့်ဖျန့်သွားပြီး နောက်သို့ခြေတလှမ်းမြန်မြန်ဆုတ်သွားခဲ့သည်။

"ချင်းယွမ်!" ယွီချင့်ဟွမ်ကမျက်မှောင်ကြုတ်ပြီး သူ့အားခေါ်လိုက်သည်။ သူ့လက်ကိုဆန့်ထုတ်ပြီး ကျောက်ချင်းယွမ်ကို ထောင့်တစ်နေရာသို့ဆွဲခေါ်သွားကာ

"မင်းကိုယ်မင်း နည်းနည်းလောက်ပိုပြီး ထိန်းထိန်းသိမ်းသိမ်းလေးနေသင့်တယ်"

ကျောက်ချင်းယွမ်ရဲ့ပင်ကိုစရိုက်က သေချာပေါက်ကိုကောင်းလွန်းပါ၏။သူဟာကြင်နာတတ်ပြီး သူငယ်ချင်းတွေကိုကူညီတတ်သူဖြစ်ကာ အလုပ်တွင်လည်းတာဝန်သိစိတ်ရှိသူတယောက်ဖြစ်သည်။ သို့ပေမယ့် သူဟာစိတ်ခံစားချက်တွေကို ဖုံးကွယ်မထားနိုင်ပေ။သူ့ရင်ထဲကခံစားချက်တွေမှန်သမျှက သူ့မျက်နှာပေါ်တွင်မဆိုင်းမတွပေါ်လာမည်ဖြစ်၏။

ဖန်သားပြင်နောက်ကွယ်ကဇာတ်လမ်းတွေကိုသိပြီးသူတွေအတွက်ကတော့ သူဝမ်ချန်ချန်ကိုမုန်းတီးကြောင်းကိုသိထားကြပြီးဖြစ်သည်။ သူဘာကြောင့် ဒီလိုပြုမူနေရသလဲဆိုတာကို မသိတဲ့သူတွေအတွက်ကတော့ သူကတကယ့်ပိုစတာတယောက်လို့ ထင်မြင်ကြမည်ဖြစ်၏။

ကျောက်ချင်းယွမ်သည်လည်း အခုနကသူ၏တုံ့ပြန်မှု အတော်လေးလွန်ကဲသွားတယ်ဆိုတာကိုသိလိုက်၏။ သူဟာ သူ့ဆံပင်သူဆွဲလိုက်ပြီး ယွီချင့်ဟွမ်ကိုဒေါသတကြီးပြောလာ၏။

"သူမကဘာလို့နေရာတိုင်းမှာလဲ? ငါသူ့ကိုတအားစိတ်ကုန်နေပြီ! လွန်ခဲ့တဲ့နှစ်တွေတုန်းက သူနဲ့တစ်ခါလေးလက်တွဲရိုက်ဖူးပါတယ် ငါ့ရဲ့စိတ်ကူးယဉ်အိပ်မက်ချစ်သူလေးကသူမဖြစ်ပါတယ်ဆိုပြီး  သူ့အဖွဲ့သားတွေကနေ့တိုင်းကိုမနားတမ်းသတင်းတွေလွှင့်နေခဲ့တာ အဲ့ဒါကငါ့ကိုတကယ်အန်ထွက်ချင်စိတ်ပေါက်စေတယ်! ဒီတစ်​ခါ​ သူငါ့ကိုဒီကိစ္စထဲထပ်ပြီးဆွဲထည့်ဝံ့တယ်ဆိုရင်တော့ သေပါရစေဆိုပြီးငိုယိုတောင်းပန်ရတဲ့အထိလုပ်ပစ်ဦးမယ်!"

"ကောင်းပါပြီ စိတ်အေးအေးထားပါဦး" ယွီချင့်ဟွမ်က သူ့ကျောကိုပုတ်ပေးလိုက်ပြီး "ငါတို့ သူမနဲ့ခပ်ဝေးဝေးနေနိုင်တာပဲ"

"မင်းမသိလို့! အဲဒီ့အမျိုးသမီးက ကပ်စေးနှဲသကြားလုံးနဲ့တူတယ်!”

ကျောက်ချင်းယွမ်က သူ့လက်ကိုင်ဖုန်းကိုထုတ်ယူကာ ရှာဖွေရေးစာမျက်နှာကိုကလစ်နှိပ်လိုက်ပြီး ယွီချင့်ဟွမ်ဆီလက်ကမ်းပေးလိုက်သည်။

“သူမသတင်းတွေကိုကြည့်ပါဦး သူမနဲ့လက်တွဲဖူးတဲ့အမျိုးသားသရုပ်ဆောင်တွေမှန်သမျှက သူမရဲ့ညှိ့ငင်ဖျားယောင်းမှုဒဏ်ကိုခံရလိမ့်မယ်ဆိုပဲ! ဘယ်နားကသတ္တိတွေရနေပါလိမ့်?”

“စိတ်ဆိုးနေလို့ဘာမှအသုံးမဝင်ဘူး” ယွီချင့်ဟွမ်က သူ့ကို အကြံပြုလိုက်သည်။

“အခုမှအစီအစဉ်ကနေ နှုတ်ထွက်သွားလို့လည်းမရတော့ဘူး.. လာပါကွာ မင်းမျက်နှာအမူအရာကိုပုံမှန်ဖြစ်အောင်အမြန်လုပ်လိုက်ဦး ဟိုမှာတစ်ယောက်ယောက်လာနေပြီ"

ကျောက်ချင်းယွမ်သည်လည်း ယခုအချိန်က မိမိတဦးတည်း၏စိတ်သဘောထားကို ရှေ့တန်းတင်ထင်ရာစိုင်းရမည့်အချိန်အခါမဟုတ်ကြောင်းကိုသိရှိပြီးဖြစ်၍ သက်ပြင်းသာချလိုက်နိုင်ကာ ယွီချင့်ဟွမ်နောက်သို့ မလိုက်ချင်လိုက်ချင်လိုက်ပါသွားတော့သည်။

ဝမ်ချန်ချန်နှင့်ထုံချင်တို့သည် အတူတကွရောက်လာခဲ့ကြသည်။ အနည်းငယ်မာမာဆတ်ဆတ်ကြီးဖြစ်နေတဲ့ ထုံချင်နှင့်နှိုင်းယှဉ်ရင် သူမဟာအလွန်လှပတင့်တယ်နေဆဲဖြစ်သည်။

ပရိုဂရမ်အဖွဲ့သားများကို ဦးစွာနှုတ်ဆက်စကားဆိုပြီးနောက် သူမသည်ကျောက်ချင်းယွမ်ထံသို့ စကားစမြည်ပြောဆိုချင်သည့်ဟန်ဖြင့် ပြုံးပြုံးရွှင်ရွှင်လှည့်လာသည်။

မထင်မှတ်ထားပါဘဲ အချိန်အတော်ကြာလက်တွဲအတူလုပ်ကိုင်ဖူးသည့်တိုင် ကျောက်ချင်းယွမ်က အခုထက်ထိ သူမအပေါ်မျက်နှာသာလုံးဝမပေးသေးပေ။ သူမကိုလှည့်တောင်မကြည့်ပဲ တန်းနေအောင်အဝေးထွက်ခွာသွား၏။

"ကျောက်ကောမှာ အရေးတကြီးလုပ်စရာတစ်ခုခုရှိနေတာဖြစ်ပါလိမ့်မယ်"

ထိုအခြင်းအရာက သူမကိုအရှက်ရသွားစေခြင်းနည်းနည်းလေးမှမရှိစေခဲ့။သူမသည် ယွီချင့်ဟွမ်ကိုခေါင်းညိတ်ပြပြီး ပရိုဂရမ်အဖွဲ့သားများစီစဉ်ထားသောဘတ်စ်ကားပေါ်သို့ ကြွကြွရွရွ၊ကျက်သရေရှိရှိအပြုံးလေးဖြင့်တက်သွားတော့သည်။

ဤအခြင်းအရာက ကျောက်ချင်းယွမ်အားပိုလို့တောင် အမျက်ဒေါသတချောင်းချောင်းထွက်စေခဲ့ပြီး သူ့မျက်နှာကတစ်လမ်းလုံးသုန်မှုန်နေတော့သည်။

ပရိုဂရမ်အဖွဲ့သားများတွင် အော့နှလုံးနာဖွယ်အစွဲအလမ်းတခု ရှိနေပုံပေါ်သည်။သူတို့ဟာပြီးခဲ့တဲ့အပိုင်းတုန်းက ဘတ်ဂျက်ချွေတာရေးခရီးစဉ်တခုကိုရေးဆွဲခဲ့ပြီး ပါဝင်တဲ့ဧည့်သရုပ်ဆောင်‌တွေအားလုံးကို ဒုက္ခသုက္ခတွေအတိခံစားစေခဲ့သည်။

ယခုအပိုင်းတွဲမှာတော့ သူတို့ဟာရှုတင်နေရာကို ဝေးလံခေါင်သီတဲ့တောင်ပေါ်ရွာလေးတရွာမှာ ဇာတ်အိမ်တည်ထားခဲ့၏။ဧည့်သည်တော်များသည် ဒီနေရာတွင် သုံးရက်တာမျှနေထိုင်ရမည်သာမက ရွာသားများကိုလည်းမြေယာထွန်ယက်ဖို့ကူညီလုပ်ကိုင်‌ပေးရဦးမည်ဖြစ်ကာ ကိုယ့်ဘာသာလည်းရှာဖွေစားသောက်ရဦးမည်ဖြစ်သည်။

ရွာငယ်လေးဟာအလွန်တသီးတခြားဆန်ပြီး ခရိုင်ကိုသွားတဲ့လမ်းကျဉ်းလေးတခုသာရှိ၏။ စက်ဘီးများသည် ရွာထဲရှိအဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည်။ အခြေအနေပိုဟန်တဲ့လူတွေသာ ဆိုင်ကယ်တွေရှိကြ၏။

အခုကာလမှာမေလအစောပိုင်းဖြစ်ပြီး မိသားစုတိုင်းသည် နွားချေးတပုံတပင်ကြီးကိုပလပ်စတစ်များဖြင့်ဖုံးအုပ်၍ တံခါးဝတွင်စုဆောင်းထားကြပြီး ထိုနွားချေးများဆွေးကာ မြေကြီးပေါ်တွင်မြေဆီမြေသြဇာအဖြစ်ဖြန့်ကျက်နိုင်မည်ကို စောင့်ဆိုင်းနေကြသည်။

လေထုထဲတွင်လွင့်မျောနေသောအနံ့မှာ အလွန်မသတီစရာကောင်းလှ၏။သူမရဲ့ပုံရိပ်ကိုထိန်းသိမ်းဖို့ စက္ကန့်မလပ်အာရုံရောက်နေတဲ့ ဝမ်ချန်ချန်လိုလူတောင်မှ လူတိုင်းရှေ့မှောက်တွင် နှာခေါင်းမပိတ်ထားပဲမနေနိုင်ခဲ့ပါချေ။

"ဘုရားတရား!" ကျောက်ချင်းယွမ်၏ဘဝတစ်သက်တာတွင် ထိုကဲ့သို့သောနေရာမျိုးကို တခေါက်တခါမှမရောက်ခဲ့ဖူးပေ။ဒုတိယမြောက်နွားချေးပုံကို ထပ်မံတက်နင်းမိသောအခါမှတော့ သူကဆွေ့ဆွေ့ခုန်အော်ဟစ်နေတာကို မထိန်းချုပ်ထားနိုင်တော့ဘဲ

“ဒါငါ့ကိုအသေသတ်နေတာ! ငါ့ကိုအသေသတ်နေတာပဲ! ဒီအစီအစဉ်ကနေနှုတ်ထွက်ဖို့ အခုအရမ်းများနောက်ကျသွားပြီလား!?”

သူ့ခြေထောက်ကို သူအလန့်တကြားငုံ့ကြည့်နေသည်မှာ ခုချက်ချင်းပဲဖြတ်ဝောာက်ပြီးလွှင့်ပစ်တော့မည်အလား။

"မင်းမျက်လုံးတွေကို အသက်ရှုဖိူ့အတွက်သုံးတာလား?"

ယွီချင့်ဟွမ်က သူ့အားတစ်ရှူးတစ်ထုပ်ပစ်ပေးလိုက်ပြီး သူ့အဝေးကိုအမြန်ထွက်ခွာသွား၏။

"ဒီဟာကြီးတွေကို ငါ့လက်နဲ့မသုတ်နိုင်ဘူး" ကျောက်ချင်းယွမ်သည်နှစ်ခါမျှပျို့တက်လာပြီး ခြေထုပ်စီးထားသောရှေးခေတ်တရုတ်အမျိုးသမီးတယောက်ကဲ့သို့ ကရော်ကမယ်အနေအထားဖြင့် ရှေ့သို့လျှောက်လှမ်းသွားသည်။

"ငါနေရမယ့်အိမ်ရောက်တာနဲ့ ဒီဖိနပ်တွေကိုလွှင့်ပစ်လိုက်မယ်!"

သို့သော် သူတို့နေရမည့်အိမ်အားမြင်လိုက်ရသည့်အခါတွင် ချက်ချင်းပဲသူ့စကားကိုသူပြန်မျိုချထားလိုက်ရသည်။

"ငါတို့ဒီမှာနေရမှာလား?" သူဟာ သူ့ရှေ့ကရွံ့စေးအိမ်ကို မျက်လုံးပြူးမျက်ဆန်ပြူးနဲ့စိုက်ကြည့်နေ၏။ ကြက်သေသေနေရင်းက

“တကယ်လို့များ....ငါတို့အိပ်နေတုန်း ဒီဟာကြီးပြိုကျရင်ဘယ်နှယ့်လုပ်မလဲ?”

"စိတ်မပူပါနဲ့ ဒီလိုမဖြစ်နိုင်ပါဘူး" ဒါရိုက်တာကြီးက သူ၏စံချိန်မှီအပြုံးကိုနောက်တဖန်ပန်ဆင်ထားပြီး

"ခြံဝင်းတွဲရက်ပါတဲ့အိမ်ငယ်လေးဟာကို.. ဗီလာလို့တောင် မင်းခေါ်ချင်ခေါ်လို့ရတယ်"

ယွီချင့်ဟွမ်မှသူ့နဖူးသူပြန်ပွတ်လိုက်မိသည်။ သူ့တွင် ဘာကြီးဖြစ်နေနေစိတ်နေစိတ်ထားရှိပေမယ့် 
ကျောက်ချင်းယွမ်မပြောနဲ့ သူတောင်မှ ဒါရိုက်တာဖြစ်သူမှာ အလွန်အရှက်သိက္ခာကင်းမဲ့လွန်းလှသည်ဟု ခံစားလာမိသည်ပင်။

သို့သော်လည်း ရိုက်ကူးရေးလုပ်နေသည့်အနေအထားသို့ရောက်နေပြီဟူ၍ သူ့ကိုယ်သူပြန်လည်သတိပေးကာ စိတ်ထဲကဒေါသတွေကိုမျိုချထားဖို့ ကြိုးပမ်းနေရ၏။

ဒါရိုက်တာကထပ်ပြောလာသည်။

“ဒီအိမ်မှာဘိလပ်မြေကုတင်နှစ်လုံးရှိတယ် ချန်ချန်နဲ့ချင်ချင်တို့ကအရှေ့ဘက်တစ်လုံးမှာအိပ်ပြီး အနောက်ဘက်ကတလုံးမှာ‌တော့ မင်းတို့နှစ်ယောက်အိပ်ပေါ့ .. အစားအစာနဲ့ ပန်းကန်ခွက်ယောက်တွေကို တအောင့်နေရင်ငါလာပို့ခိုင်းလိုက်မယ် စားနိုင်မစားနိုင်ဆိုတာကတော့ မင်းတို့ပေါ်ပဲမူတည်သွားပြီ”

ကျောက်ချင်းယွမ်သည် ကောင်းကင်ထက်သို့ငိုကြွေးမြည်တမ်းပစ်လိုက်ချင်သော်လည်း နောက်တစ်စက္ကန့်အကြာမှာ သူ့မျက်လုံးများကဝင်းပလာကာ ယွီချင့်ဟွမ်ဘက်သို့လှည့်၍

"ကိစ္စမရှိဘူး! ချင့်ဟွမ်ကချက်တတ်တယ်!"

"ဟမ်?" ဒါရိုက်တာကြီးက ချင်ဟွမ်ဆီကိုတအံ့တသြကြည့်လာပြီးနောက်တွင် ဓာတ်ပုံဆရာဆီကိုလှမ်းအရွှန်းဖောက်ပြောလိုက်သည်။ 

“ဒါဖြင့်ပြီးကြရင် ချင့်ဟွမ်ဆီကို ရိုက်ချက်များများလေး ငါတို့ပိုပေးကြတာပေါ့”

ဒါရိုက်တာလုပ်သူမှာ တကယ်တမ်းတော့ သူ့အတွင်းစိတ်ထဲကနေ မထီမဲ့မြင်ပြက်ရယ်ပြုနေခဲ့သည်။

ယွီချင့်ဟွမ်က ချက်တတ်တယ်ပေါ့? ခေါက်ဆွဲပြုတ်တတ်တာကိုဆိုလိုတာလား?

လေးယောက်မှာတတွဲချင်းစီအတူနေထိုင်ရပြီး သူ့ဆိုင်ရာဆိုင်ရာအခန်းတွေဆီ အသီးသီးဝင်ရောက်သွားကြ၏။သူတို့အခန်းထဲရောက်သွားကြမှပဲ ဒီပရိုဂရမ်အဖွဲ့သားတွေက ဘယ်လောက်တောင်ရူးသွပ်နေကြသလဲဆိုတာကို သဘောပေါက်လိုက်သည်။

အိမ်မှာလေတွေမိုးတွေမတိုက်ပေမယ့် နေရာတိုင်းမှာဖုန်တွေသဲတွေတလူလူးဖြင့်ပြည့်နှက်နေခဲ့သည်။ အိမ်ခေါင်မိုးပေါ်တွင် ပင့်ကူအိမ်များစွာပင်ရှိနေခဲ့၏။ဒီအိမ်ထဲတွင် မည်သူမျှကြာရှည်စွာနေထိုင်ခဲ့ခြင်းမရှိပုံပင်။

"ဒီမှာနေဖို့ထက် အသက်ပဲအသေခံလိုက်တော့မယ်!"

ကျောက်ချင်းယွမ်မှာ ခံစားချက်တွေကင်းမဲ့နေသောမျက်ဝန်းတစ်စုံဖြင့် ကြမ်းပြင်အလယ်တွင်ငူငူကြီးရပ်နေကာ ငိုချင်းချမတတ်ဖြစ်နေလေပြီ။

နှစ်ပေါင်းများစွာကြာပြီးနောက်မှ ရသစုံရှိုးတခုတွင်ပါဝင်ရန် နောက်ဆုံးမှာသူသတ္တိရှိလာခဲ့၏။ သူထင်မှတ်ထားခဲ့သည်မှာ အမျိုးသားရုပ်မြင်သံကြားအသံလွှင့်ဌာနဟာဆိုရင်တော့ဖြင့် အဆင့်အတန်းမြင့်မြင့် ခမ်းနားကြီးကျယ် ဂန္တဝင်ဆန်လိမ့်မည်ဟူ၍ပင်။ ဤကဲ့သို့ဖြစ်လာမည်ဆိုတာကို သူလားလားမှမမျှော်လင့်ထားမိခဲ့!

"မသေခင် အိမ်သန့်ရှင်းရေးလေးတော့လုပ်သွားခဲ့ဦး" ယွီချင့်ဟွမ်က သူ့ဘေးနားဖြတ်လျှောက်သွားရင်း မြေကြီးပေါ်ကပလပ်စတစ်ဇလုံတစ်လုံးကိုတွေ့လိုက်ရပြီး ကောက်ယူလိုက်၏။

“မင်းအ၀တ်စုတ်တခုရှာထားလိုက် ငါရေတဇလုံအရင်သွားခပ်ထားလိုက်မယ်”

ကျောက်ချင်းယွမ်သည် ခါးသီးလှသောမျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး နှာခေါင်းကိုအုပ်ကာ ဘေးပတ်ပတ်လည်ကို စတင်လှန်လှောရှာတော့သည်။

ပရိုဂရမ်အဖွဲ့သည် အခုထက်ထိတော့ လုံးလုံးလူစိတ်ပျောက်နေတာမဟုတ်သေးပဲ ရေကန်ကိုကြိုတင်ရေဖြည့်ထားပေးခဲ့သည်။ ယွီချင့်ဟွမ်မှ ရေဇလုံတစ်ဝက်ကို ခပ်ယူလိုက်၏။ သူပြန်မယ်လုပ်လုပ်ချင်းမှာပဲ ဝမ်ချန်ချန်နဲ့တွေ့လိုက်ရသည်။

သူက ယဉ်ယဉ်ကျေးကျေးလှမ်းနှုတ်ဆက်လိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ အနောက်ဖက်အခန်းထဲကို လျှောက်ဝင်သွားသည်။

"ချင့်ဟွမ်!" ကျောက်ချင်းယွမ်မှ အသံကြားလိုက်ရပြီး သူ့လက်ထဲတွင်ပန်းအိုးသေးသေးလေးကိုင်ထား၍ရောက်ချလာသည်။

“လာ ငါ့ကိုရေနည်းနည်းပေး ငါ့ရဲ့ရှားစောင်းပင်လေးက ရေလိုအပ်နေတယ်"

ယွီချင့်ဟွမ်ဘာမှတောင်မပြောရသေးခင်မှာ သူဟာသူ့လက်ဖဝါးဖြင့်ရေတချို့ဂရုတစိုက်ခပ်ယူသွားပြီး ပန်းအိုးထဲသို့ဖြန်းပက်ကာဆို၏။ 

"ငါဒီပစ္စည်းလေးကို ကုတင်ပေါ်မှာတွေ့ခဲ့တာ ဒါလေးကအသက်ပြင်းသေးတယ်ကွ ရေအလောင်းမခံရတာဘယ်လောက်ကြာပြီလဲမသိပေမယ့် ခုထက်ထိတောင် တော်တော်စိမ်းလန်းနေသေးတယ်”

ဘယ်အချိန်မဆို စိမ်းလန်းတဲ့သစ်ပင်ပန်းဝလံတွေဆိုတာ လူတွေအပေါ် အမြဲလိုလိုမျှော်လင့်ချက်တွေပေးစွမ်းနိုင်၏။ အထူးသဖြင့် ကျောက်ချင်းယွမ်လို လောကဓံရိုက်ချက်တွေတခုပြီးတခုလှိမ့်ပိန့်ခံခဲ့ရပြီးနောက်မှာပင်။

သူကရှားစောင်းပင်အိုးလေးကို မြှောက်ကိုင်ထားပြီး ယွီချင့်ဟွမ်အားဝမ်းပန်းတသာပြောလာသည်။

"အိမ်သန့်ရှင်းရေးလုပ်ပြီးသွားတာနဲ့ ငါတို့ဒီအပင်လေးကို ပြတင်းပေါက်ဘောင်မှာတင်ထားလိုက်မယ် အခန်းကပိုသက်ဝင်လှုပ်ရှားသွားတာပေါ့"

"ချင့်ဟွမ် မင်းဘယ်လိုထင်လဲ?"

"သိပ်မကောင်းဘူး" ယွီချင့်ဟွမ်က သူ့အားရှုပ်ထွေးနေသည့်အကြည့်တချက်ပေးလိုက်ပြီး

"ချင်းယွမ် ဒါရှားစောင်းပင်အတုဆိုတာကိုတောင် မင်းသတိမထားမိဘူးလား?"

"ဘာ?" ကျောက်ချင်းယွမ်မှာ ကြက်သေသေသွားရ၏။

အလွန်တရာခေါင်းနပန်းကြီးသွားသော ကျောက်ချင်းယွမ်သည် နောက်ထပ်စကားမဆိုဝံ့တော့ချေ။ အီးမှန်ထားသောမျက်နှာထားဖြင့် ယွီချင့်ဟွမ်နှင့်အတူ အိမ်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ရှင်းလင်းသိမ်းဆည်းနေပြီး တချိန်တည်းမှာ ဒါရိုက်တာဖြစ်သူကတော့ဝမ်းသာလုံးဆို့နေရင်းဆိုလာသည်။

“အိုက်ယား ငါတို့ဒီအပိုင်းနားလေးကို ဒီတိုင်းလေးပဲထားထားရမယ်!”

ကျောက်ချင်းယွမ်ရဲ့ပုံရိပ်နဲ့ပတ်သက်လို့ကတော့ ဒါရိုက်တာက ဒါသူနဲ့လုံးလုံးသက်ဆိုင်ခြင်းမရှိသလိုပင်။

နှစ်နာရီကြာသန့်ရှင်းရေးလုပ်ပြီးနောက်မှာတောင် အခန်းသည် လူနေလို့ရတယ်ဆိုရုံလေးဖြစ်၏။ သို့ပေမယ့် သူတို့အနားမယူရသေးခင်မှာ ဒါရိုက်တာကြီးက သူတို့ဆီပစ္စည်းတွေအများကြီးပို့လွှတ်လိုက်သည်။

"မင်းငါ့ကိုမီးမွှေးကူပေး" ယွီချင့်ဟွမ်ကသူ့လက်ကိုဆေးကြောကာ မီးဖိုဆီသို့သွား၍ ကျောက်ချင်းယွမ်အား "ငါချက်မယ်" ဟုပြောလိုက်သည်။

ပရိုဂရမ်အဖွဲ့မှာ သူတို့ပေးပို့လာသည့်အစားအသောက်များနှင့် ပတ်သက်၍တော့ အသိစိတ်ရှိနေဆဲဆိုရဦးပေမည်။ သူတို့ပို့လာတဲ့အစားအစာတွေထဲမှာ ထိုင်ဝမ်မုန်ညှင်း၊ ငရုတ်၊ အာလူးနဲ့ အဆီအသားမျှတစွာပါဝင်သည့်အရည်အသွေးစံချိန်မှီအသားတောင်ပါဝင်၏။ ယွီချင့်ဟွမ်မှာ အမြန်တချက်ကြည့်ရုံမျှနှင့် ဘာချက်ရမလဲဆိုတာကို တန်းသိနေလေပြီ။

"ဒါပေမယ့် ငါ...ငါဒီဟာနဲ့ပတ်သက်ပြီးဘာဆိုဘာမှမသိဘူး"

ကျောက်ချင်းယွမ်၏မျက်လုံးများသည် မီးလင်းဖိုကိုစိုက်ကြည့်ရင်း ဘယ်ကဘယ်ပုံစရမည်ဆိုတာကို လမ်းစလုံးဝပျောက်နေခဲ့သည်။

ယွီချင့်ဟွမ်သည် လုံးလုံးလျားလျားဆွံ့အသွားရ၏။သူ့ဘာသာ ထင်းခြောက်တချို့ကိုကောက်ယူလိုက်ရပြီး မီးဖိုထဲသို့ဖြည့်တင်းလိုက်သည်။ မီးမွှေးလို့ရ‌အောင် သူအများကြီးကြိုးပမ်းအားထုတ်ခဲ့ရ၏။ ထို့နောက်တွင်မတ်တပ်ထ၍ ကျောက်ချင်းယွမ်အားထိုင်ခုံနေရာကိုပေးခဲ့ပြီးပြောလိုက်သည်။

"သေချာကြည့်ထား မီးမငြိမ်းစေနဲ့"

ဒါကရိုးရှင်းတဲ့အလုပ်တာဝန်တစ်ခုသာဖြစ်၏။ ကျောက်ချင်းယွမ်သည် ထိုတာဝန်ကိုချက်ချင်းပဲလက်ခံလိုက်ပြီး မီးဖိုရှေ့တွင်ထိုင်ရန် ခုံတန်းငယ်တစ်ခုကိုနာနာခံခံရွှေ့ယူလိုက်ကာ အတွင်းရှိမီးတောက်များကို စိုက်ကြည့်နေတော့သည်။

ယွီချင့်ဟွမ်မှ ဟင်းသီးဟင်းရွက်တွေကိုဆေးကြောနေတုန်းအခိုက်မှာ ဝမ်ချန်ချန်နှင့်ထုံချင်တို့ကလည်းထွက်လာကြသည်။ သူတို့စတင်ချက်ပြုတ်နေပြီဆိုတာကိုမြင်လိုက်ရစဉ် သူတို့ကအံ့အားသင့်သွားကြ၏။

သူတို့၏အံ့အားသင့်မှုက အကြောင်းမဲ့မဟုတ်ပေ။ သူတို့လိုမိန်းကလေးနှစ်ယောက်တောင်မှ ချက်ပြုတ်ဖို့လိုတယ်ဆိုတာကိုကြားသိလိုက်ရတော့ နှစ်ယောက်စလုံးစိတ်ညစ်ညူးထုံထိုင်းသွားရ၏။ 

ထိုအချိန်မှာ ယောကျာ်းသားနှစ်ယောက်မပြောနှင့် သူတို့တောင်မှဒီလိုအရာတွေအားလုံးကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ သူတို့ကိုယ်သူတို့မနည်းဖြောင့်ဖြအားတင်းခိုင်းနေရသည်လေ။

"နည်းနည်းပါးပါးပါ" ယွီချင့်ဟွမ်သည် ရေဆေးပြီးသောအစိမ်းရောင်ဟင်းသီးဟင်းရွက်များကိုစစ်ထုတ်ကာ အာလူးအခွံခွာနေရင်းက ထိုနှစ်ယောက်အားဆိုလိုက်သည်။

"မျှပေးဖို့လိုသေးလား?"

ထိုစကားပြောပြီးပြီးချင်းမှာပဲ ဝမ်ချန်ချန်ကတခစ်ခစ်ရယ်လာရင်း ချက်ချင်းပဲခေါင်းယမ်းပြလာ၏။ 

"မလိုဘူး ကျေးဇူးတင်ပါတယ် ချင့်ဟွမ် ငါတို့လည်းချက်တတ်တယ်"

ယခုအခါတွင် ငွေကြယ်ပွင့်များစွာသည် သာမာန်လက်တွေ့ကျစစ်မှန်ရိုးရှင်းသောပုံရိပ်များကိုစတင်ချပြနေပြီဖြစ်သည်။ ဝမ်ချန်ချန်သည်လည်း ထိုတူရာလမ်းကြောင်းကိုရွေးချယ်၏။ သူမသည် ယခုအခိုက်အတန့်တွင်ဖော်ရှိုးလုပ်နိုင်ဖို့အခွင့်အရေးကို ယွီချင့်ဟွမ်အားသဘာဝကျကျပေးအပ်မည်မဟုတ်ပေ။

သူ့အားငြင်းဆန်ပြီးသည့်နောက် သူမသည်အခြားမီးဖိုဘက်သို့ချက်ချင်းလှည့်သွားကာ ထုံချင်အားစတင်ချက်ပြုတ်ရန်ညွှန်ကြားတော့သည်။

ယွီချင့်ဟွမ်သည် ဝက်သားငရုတ်သီးမွှေကြော် ချဉ်ချဉ်စပ်စပ်အာလူးချောင်းနှင့် ထိုင်ဝမ်ဝက်သားစင်းစွပ်ပြုတ်တခွက်ပြုလုပ်ရန်စီစဉ်ထားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့အားမေးမြန်းလာပြီးနောက် ဝမ်ချန်ချန်သည်လည်း သူ့ဟင်းပွဲအတိုင်းလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

သူတို့ထင်းကောက်နေတာကိုအခွင့်ကောင်းယူ၍ ကျောက်ချင်းယွမ်က ယွီချင့်ဟွမ် နား,အနားကိုတိုးကပ်လာပြီး အလိုမကျစွာဆိုလိုက်၏။ 

"မင်းဘာဟင်းချက်မယ်ဆိုတာကို ဘာလို့သွားပြောပြလိုက်ရတာလဲ? သူမကတမင်တကာကို မင်းချက်တဲ့အတိုင်းလိုက်ချက်ချင်တာ! တိုက်ဆိုင်တာ? ဖွီ!”

ယွီချင့်ဟွမ်က ထင်းတစည်းကို သူ့လက်ထဲထိုးထည့်လိုက်ပြီး "တအောင့်ကြာမှ မင်းသိလိမ့်မယ်" ဟူ၍ ပြုံးပြုံးလေးပြောလာသည်။

ဒီမြောက်ပိုင်းဒေသဟင်းချက်မီးဖိုသည် ယွီချင့်ဟွမ်နှင့်ရင်းနှီးကျွမ်းဝင်သည်။ သူ့အရင်ဘဝက ရိုက်ကူးရေးတွေမှာမကြာခဏသုံးလေ့ရှိတာကြောင့် သူဒါကိုလွယ်လင့်တကူအသုံးချနိုင်၏။

သိပ်မကြာမီအချိန်တွင် ပရိုဂရမ်အဖွဲ့ဝင်ဝန်ထမ်းများ၏ အံ့အားတသင့်ဖြစ်နေသည့်အကြည့်တွေအောက်မှာ သူဟာဟင်းသုံးမျိုးကို ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်ပြီးစီးသွားလေပြီ။

ငရုတ်ကောင်းပူပူ ပဲငပိအနှစ်တို့ဖြင့်ကြော်လှော်ထားသည့်အသားမှာမွှေးပျံ့နေပြီး လူတယောက်ကိုသွားရည်တမြားမြားကျစေသည်။ ချဉ်စပ်အာလူးချောင်းများသည် အထူတစ်သားတည်းဖြစ်ပြီး အရောင်‌အသွေးစိုကာ ပုံပန်းသဏ္ဍာန်အထူးကောင်းမွန်ပြီး မုန်ညှင်းစွပ်ပြုတ်သည်မျက်စိပသာဓဖြစ်ကာ အထူးလန်းဆန်းစေသည့်အရသာဖြစ်၏။

“ဒါ… ဒါရိုက်တာ” ဝန်ထမ်းတစ်ယောက်ဟာ တံတွေးတစ်လုတ်ကြီးမြိုချပြီး အစာငတ်နေတဲ့ဝံပုလွေတစ်ကောင်လို ဟင်းလျာသုံးမျိုးကို စိုက်ကြည့်နေတယ်။

"ကျွန်တော်တို့သွားပြီးမြည်းစမ်းကြည့်လို့ရမလား?"

ဒါတွေအားလုံးဟာ သာမန်အိမ်ချက်ဟင်းလျာတွေသာဖြစ်ပေမယ့် ချင့်ဟွမ်က ၎င်းတို့အားအလွန်အရသာရှိပုံပေါက်အောင်ဖန်တီးချက်ပြုတ်ထား၏!!! သူတကယ်ပဲအရသာမြည်းစမ်းချင်မိသည်။ တစ်လုတ်လောက်ဆိုရင်တောင် အဆင်ပြေ၏!

“သွားစမ်း” ဒါရိုက်တာက သူ့ပါးစပ်ထောင့်နားကတံတွေးတွေကို သုတ်ချလိုက်ပြီး

“မင်းလို ဝံပုလွေအငတ်ကောင်တွေအတွက်လောက်မှာမဟုတ်ဘူး!” ဟူ၍ မာန်မဲလိုက်သည်။

ကောင်းပြီလေ! ဝန်ထမ်းဖြစ်သူက စိတ်အချဉ်ပေါက်စွာ ခေါင်းငုံ့ထား၏။ သူတို့ကျဘာစားရမှာလဲဆိုတဲ့အကြောင်းကို ဒါရိုက်တာကြီးဆီမေးမြန်းမည်လုပ်စဉ်မှာ ခုနလေးတင်သမာသမတ်ကျတဲ့မျက်နှာထားကိုပန်ဆင်ထားခဲ့သူ ဒါရိုက်တာဖြစ်သူမှာ ယွီချင့်ဟွမ်ထံသို့ သွားရည်တမြားမြားမျက်နှာဖြင့် လျှောက်သွားခဲ့လေပြီ။

"အဟင်း... ချင့်ဟွမ်၊ ငါအခုထိဘာမှမစားရသေးဘူး ဖြစ်နိုင်မယ်ဆိုရင်မင်း, ငါဆိုလိုချင်တာက..."

ဝန်ထမ်းလေး “…”

ယွီချင့်ဟွမ်နှင့် သိသိသာသာဆန့်ကျင်ဘက်ဖြစ်စွာ ဝမ်ချန်ချန်နှင့်ထုံချင်တို့သည် လုံးဝကိုကျဉ်းထဲကျပ်ထဲရောက်ရှိနေ၏။ ဝမ်ချန်ချန်သည် ဟင်းချက်ရာတွင်လုံးဝမကျွမ်းကျင်သည့်အပြင် လူကိုယ်တိုင်မီးမွေးရန်လိုအပ်သည့် ထိုကဲ့သို့သောမီးဖိုမျိုးကို သူမအနေဖြင့် ပထမဆုံးအကြိမ်အသုံးပြုဖူးခြင်းလည်းဖြစ်သည်။ သူတို့သည် အလောသုံးဆယ်နိုင်ကာ အလွန်ပျာယာခတ်ရှုပ်ထွေးနေပုံပေါ်၏။

အထူးသဖြင့်ငရုတ်သီးကြော်တဲ့အခါ လေပူတွေကချက်ချင်းဆန်တတ်လာ၍  ဝမ်ချန်ချန်အား သူမရဲ့ယောက်မကိုလွှတ်ချပြီး အမြန်ထွက်ပြေးသွားစေတော့သည်။အဘယ်ကြောင့်ဆိုသော် မီးလင်းဖိုအောက်ကမီးက အလွန်အားပြင်းတာကြောင့်ပင်။

ထုံချင်သည်ဘာမှမချက်တတ်တာကြောင့် ဝမ်ချန်ချန်ပြောစကားအတိုင်းသာ တသွေမတိမ်းလိုက်နာခဲ့သည်။ ထိုကလေးကရိုးသားလွန်းတာကြောင့် ဝမ်ချန်ချန်ရဲ့ညွှန်ကြားမှုမပါပဲဘာဆိုဘာမှမလုပ်ခဲ့ပါပေ။ ထိုအတွက်ကြောင့် ဝမ်ချန်ချန်ပြန်ရောက်လာတဲ့အခါ အိုးထဲကပါဝင်ပစ္စည်းတွေအားလုံးကတူးခြစ်ကုန်ပြီး မြင်တောင်မမြင်ရက်စရာဖြစ်နေလေခဲ့ပြီ။

"ဟားဟားဟား! စောက်ရမ်းမိုက်တယ်ကွာ!”

ကျောက်ချင်းယွမ်သည်  မိန်းကလေးနှစ်ယောက်၏ ပျာကလောင်ခတ်နေသောအသွင်အပြင်ကို ကင်မရာမှတဆင့်မြင်လိုက်ရသည့်အခါ မျက်နှာပင့်မော့၍မရယ်မိပဲမနေနိုင်ဖြစ်ကာ

"မရိုးဖြောင့်တဲ့အမျိုးသမီးတိုင်းက သူ့တို့အတွက်ကံမကောင်းအကြောင်းမလှတဲ့နေ့ရက်လေးတွေရှိတတ်ကြတာပဲ ဒီခရီးကဘယ်လောက်ပဲခါးသီးကြမ်းတမ်းနေပါစေ တကယ်ထိုက်တန်သွားပြီ!”

"အခု ငါဘာလို့မီနူးကိုပြောပြလိုက်ရတာလဲဆိုတာ မင်းသဘောပေါက်သွားပြီပေါ့?" ယွီချင့်ဟွမ်သည် သူ့လက်များကို ဖြည်းညှင်းစွာသုတ်လိုက်ပြီးပြုံး၏။

ကျောက်ချင်းယွမ်မှဆွံ့အသွားပြီးနောက် ယွီချင့်ဟွမ်အား လျှို့ဝှက်စွာလက်မထောင်ပြလာသည်။  "တော်တယ်!"

တခြားတစ်ဖက်တွင်တော့ ဟော်ချွီ၏မိသားစုဝင်များသည် ဟော်ချွီ၏အခန်းတံခါးဝမှာရှိနေပြီး ကြမ်းပြင်တခုလုံးပေါ်တွင် ပြန့်ကျဲလျက်ရှိနေသောစာအုပ်နှင့်ပစ္စည်းပစ္စယတွေကို ကြောင်တက်တက်စိုက်ကြည့်နေကြသည်။

"ချွီ မင်းဘာတွေလုပ်နေတာလဲ?"

ဘာလို့ရုတ်တရက်ကြီး ဒီပစ္စည်းတွေအားလုံးကိုရှင်းထုတ်နေရတာလဲ? သူတို့ရဲ့တတိယသားငယ်လေးက တခြားအခန်းတခန်းကိုပြောင်းချင်နေတာများဖြစ်မလား?

"ကျွန်တော် ချင့်ဟွမ်ကိုသွားတွေ့မလို့.."

ဟော်ချွီက သူ၏အဖိုးတန်စာအုပ်တွေကို အ‌မျိုးအစားဆက်လက်ခွဲထုတ်နေရင်းက မော့မကြည့်ဘဲဖြေလာသည်။

"ချင့်ဟွမ်ကိုသွားတွေ့မယ်ဆိုရင်တောင် ဒါတွေအားလုံးကိုယူသွားစရာမလိုပါဘူး" ဟော်ယုံကသံသယဖြင့်ပြောလာ၏။ "ချင့်ဟွမ်က ဒီပစ္စည်းတွေကိုသုံးမှာမှမဟုတ််တာ"

"ကျွန်တော် ချင့်ဟွမ်နဲ့အတူနေတော့မလို့" ခေတ္တရပ်တန့်နေပြီးနောက် သူကထပ်ပေါင်းပြောလာသည်။

"ကျွန်တော်သူ့အိမ်မှာနေပြီး သူပြန်အလာကိုစောင့်ရမယ်"

"ဒါပေမယ့်...ဘာကြောင့်လဲ?" ဟော်မားမားက သူပြောလိုက်သည့်စကားကြောင့် ရှုပ်ထွေးသွားပြီး မသိစိတ်အလျောက်မေးလိုက်မိသည်။

ဟော်ယုံသည် နမိတ်မကောင်းသောခံစားချက်ရလိုက်ပြီး ဟော်ချွီအားရပ်တန့်ရန်အရိပ်အကဲပြ၏။ ဟော်ချွီ၏ပါးစပ်ကို အပြေးအလွှားသွားပိတ်ရန်လုပ်လိုက်စဉ်မှာ ဟော်ချွီမှ လေးနက်တည်ကြည်စွာပြောလာသည်ကို သူကြားလိုက်ရသည်။

"ဘာကြောင့်လဲဆို ကျွန်တော်သူ့ကိုသဘောကျတာကြောင့်.. အရမ်းအရမ်းကိုသဘောကျတာကြောင့်"

ယွီချင့်ဟွမ်အမြဲလို အခိုင်အမာယုံကြည်ထားခဲ့သည်မှာ သူနှင့်ဟော်ချွီသည် ပို၍များသောဝန်ထုပ်ဝန်ပိုးတွေကိုထမ်းရွက်ရလိမ့်မည်ဟူ၍ပင်။

ထို့ကြောင့်သာပဲ ဟော်ချွီမှဤလမ်းကိုခလုတ်မထိဆူးမညှိ သာသာယာယာလျှောက်လှမ်းနိုင်ရုံလေးဖြစ်ဖို့အတွက် သူတို့၏အနာဂတ်လမ်းကိုသူတယောက်တည်းကသာ ဖောက်လုပ်သွားဖို့စိတ်လောကြီး‌နေခဲ့သည်။သို့ပေမယ့် တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပေ။

သူ၏ဟော်ချွီသည် အခြားသူများ၏ချစ်သူများကဲ့သို့ အလွန်သန်မာပြီး တပါးသူအတွက်စဉ်းစားတွေးခေါ်ပေးတတ်ခြင်းမရှိနိုင်လောက်ပေ။ သူဟာလောကကြီးအကြောင်းဘာမှမသိရှိ၊ အခြားသူများနှင့်ဆက်ဆံရေးတခုဘယ်လိုတည်ဆောက်ရမယ်ဆိုတာနားမလည်၊သူ အနှစ် ၂၀ ကျော်နေထိုင်လာခဲ့သည့်အိမ်နေရာကိုတောင်မှမရှာနိုင်လောက်ပေ။

သို့ပေမယ့် ထိုသူသည် သူ့ဆီကဖုန်းကောလ်လေးတခုအတွက်ကြောင့်နဲ့  ညသန်းခေါင်ယံအထိစောင့်ဆိုင်းနေလိမ့်မည်။ သူ၏ဝမ်းနည်းပူဆွေးမှုအတွက်ငိုကြွေးမျက်ရည်ကျကာ သူ့အတွက်ကြောင့်နဲ့သူ၏မွေးရာပါချို့ယွင်းချက်များကိုပါကျော်လွှားနိုင်လိမ့်မည်။

ချမ်းအေးသောဆောင်းတညတွင် မျက်နှာပေါ်တွင်ဒဏ်ရာဒဏ်ချက်များဖြင့် သူ့အခန်းတံခါးကိုလာခေါက်လိမ့်မည်ဖြစ်ကာ သာမန်လူများတွင်ပင်မရှိနိုင်လောက်သောရဲစွမ်းသတ္တိမျိုးဖြင့် သူ့ခံစားချက်တွေကို မိသားစုထံသို့ ကျယ်ကျယ်လောင်လောင် ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံလိမ့်ပေမည်။

ချင့်ဟွမ်ယခင်ဘဝ၏ကနဦးဟစ်‌အော်သံ၊ ချင့်ဟွမ်ဟော်ချွီအား ပထမဆုံးအကြိမ်လမ်းဖြတ်ကူးနိုင်ရန်လမ်းပြပို့ဆောင်ပေးခဲ့သည့်ထိုအချိန်မှစ၍ ဟော်ချွီသည် အနိုင်မခံအရှုံးမပေးလိုသော စိတ်ခွန်အား၊ ရဲစွမ်းသတ္တိတို့ဖြင့် သူတို့နှစ်ဦးစလုံး၏အနာဂတ်ကိုဖမ်းဆုပ်ထားပြီးဖြစ်သည်။

~~~~~~~~~~~~~~~

[Zawgyi]

မထြက္ခြာမီညတစ္ညတြင္ ယြီခ်င့္ဟြမ္ႏွင့္ေက်ာက္ခ်င္းယြမ္တို႔သည္ ေလဆိပ္တြင္တစ္နာရီေစာၿပီးေတြ႕ဆုံရန္ သေဘာတူညီထားခဲ့ၾကသည္။​

ေနာက္​တစ္ေန႔ေရာက္ေတာ့ ယြီခ်င့္ဟြမ္ေလဆိပ္ဧည့္ခန္းမေဆာင္တြင္အၾကာႀကီး​ေစာင့္​​ဆိုင္းေန​ခဲ့ေသာ္​လည္း ေက်ာက္ခ်င္းယြမ္ကေတာ့ အခုထက္ထိေပၚမလာ​ေသးေပ။ သူ႔ကိုစာပို႔ေတာ့လည္းအေၾကာင္းျပန္မလာခဲ့။

ေလယာဥ္ေပၚသို႔တက္ေရာက္ခ်ိန္တန္ၿပီျဖစ္ေၾကာင္းကို ေရဒီယိုကေနအသိေပးေျပာၾကားေနသည္။ ေက်ာက္ခ်င္းယြမ္အခ်ိန္မီေရာက္မလာခဲ့ပါက ေလယာဥ္လြတ္ေတာ့မည္ျဖစ္၏။

ယြီခ်င့္ဟြမ္မွဖုန္းကိုထုတ္ယူၿပီး ေက်ာက္ခ်င္းယြမ္ဆီဆက္မည္လုပ္လိုက္စဥ္တြင္ အႏွီလူဟာ မ်က္ႏွာအစတစ္ကိုယ္လုံးကိုဖုံးကြယ္ထားၿပီး အေျပးအလႊားေပါက္ခ်လာခဲ့သည္။သူ႔ေအးဂ်င့္ႏွင့္လက္ေထာက္ျဖစ္သူမွာ မ်က္ႏွာေပၚတြင္ေခြၽးတလုံးလုံးစီးက်ေနရင္း ေနာက္ကေနလိုက္ပါလာခဲ့၏။

"ယီးလိုမွပဲ!" ေက်ာက္ခ်င္းယြမ္သည္ ယြီခ်င့္ဟြမ္အားလွမ္းျမင္လိုက္သည္ႏွင့္ မဆဲဆိုမိပဲမေနႏိုင္ေတာ့ပါေခ်။သူဟာမေက်မနပ္ညည္းညဴတိုင္တန္း‌ေနရင္းက ေလယာဥ္ေပၚသို႔တက္ရန္စုရပ္ဂိတ္သို႔အရွိန္တင္လိုက္၏။

“အဲ့ဒီပါပါရာဇီေတြကေနရာတကာတိုင္းမွာပဲ! အေဝးေျပးလမ္းမွာေတာင္မွ သူတို႔နဲ႔တည့္တည့္တိုးႏိုင္ေသးတယ္! ဒင္းတို႔ကိုေရွာင္ဖို႔လမ္းေၾကာေျပာင္းခ်င္တာ ကားလမ္းပိတ္တာနဲ႔မိပါေကာလား.. ဒီေန႔ကေတာ့ တကယ္ပဲငါ့ရဲ႕ျပႆဒါးေန႔ပဲ!"

ထိုသို႔ေျပာရင္း သူဟာမ်က္ႏွာေပၚရွိ ေနကာမ်က္မွန္ႏွင့္မ်က္ႏွာဖုံးကိုဆြဲခြၽတ္လိုက္ၿပီး သူ႔ကိုယ္သူဖုံးကြယ္ဝွက္ထားရန္ ဘာအစီအမံကိုမွမျပဳလုပ္ထားသည့္ယြီခ်င့္ဟြမ္ကို သံသယျဖစ္စြာတခ်က္ေဝ့ၾကည့္လိုက္သည္။

"ခ်င့္ဟြမ္ ငါဘာလို႔တမ်ိဳးႀကီးခံစားေနရတာလဲ? တရားနည္းလမ္းက်က်ေျပာရရင္ မင္းလည္းအခုေက်ာ္ၾကားေနၿပီေလ မင္းေနာက္ကိုလိုက္မယ့္ပါပါရာဇီေတြ ဘာလို႔ေတာင္ရွိမေနရတာလဲ?"

ယြီခ်င့္ဟြမ္သည္လည္း သူ႔ေမးခြန္းေၾကာင့္အတန္ငယ္ေၾကာင္အမ္းသြားရသည္။ဒါဟာတကယ့္ကို ထူးဆန္းလြန္းေနပါ၏!

သူေဖ်ာ္ေျဖေရးအဝန္းအဝိုင္းထဲေရာက္လာၿပီးကတည္းက ဘယ္ပါပါရာဇီကမွသူ႔ေနာက္ကိုလိုက္လာဖူးျခင္းမရွိခဲ့ပါေပ။သူယခုကုမၸဏီတိုက္ခန္းတြင္ေနထိုင္ေနသည္။ ပါပါရာဇီေတြက သူ႔လိပ္စာကိုေသခ်ာေပါက္ဘယ္လိုမွအလြတ္ေပးမွာမဟုတ္။ ဒါျဖင့္ရင္ဘာေၾကာင့္ပါလဲ?

ဘာေၾကာင့္ဆိုတာ သူလည္းမေျပာႏိုင္ျဖစ္ေနတာကို ေက်ာက္ခ်င္းယြမ္ကျမင္လိုက္ရေတာ့ၿပဳံးၿပီး သာမာန္ကာလွ်ံကာမွ်ေျပာလာသည္။

"ကံေကာင္းလို႔မ်ားလား?"

ယြီခ်င့္ဟြမ္မွမ်က္ေမွာင္ၾကဳတ္၍ "ဟုတ္လိမ့္မယ္" ဟုဆိုကာ ထိုေမးခြန္းအား သူ႔ႏွလုံးသားရဲ႕အနက္ရႈိင္းဆုံးေနရာအထိသြတ္သြင္းထားလိုက္ေတာ့သည္။

ေက်ာက္ခ်င္းယြမ္သည္ ဤေနရာေရာက္သည္အထိ တစ္လမ္းလုံးေျပးလႊားလာခဲ့ရသည္။ သူဟာအရမ္းကိုေျခကုန္လက္ပန္းက်ေနသည့္အတြက္ အရင္လိုပူညံပူညံေတာင္မလုပ္ႏိုင္အားေတာ့ပဲ ယြီခ်င့္ဟြမ္ကိုႏႈတ္ဆက္ၿပီးတာႏွင့္ သူ႔ကိုယ္သူေစာင္တထည္ၿခဳံ၍အိပ္ေမာက်သြားခဲ့ကာ တလမ္းလုံးေဟာက္လာခဲ့၏။ ေလယာဥ္ေပၚမွဆင္းတဲ့အခါ ယြီခ်င့္ဟြမ္မွာ ထိုသူ႔အားဆိုဖာအိပ္ယာေပၚမွ ခက္ခက္ခဲခဲဆြဲထုတ္လာခဲ့ရသည္။

ပ႐ိုဂရမ္႐ိုက္ကူးေရးအဖြဲ႕သားမ်ားသည္ ေဟးၿမိဳ႕သို႔ အေစာႀကီးကတည္းကေရာက္ႏွင့္ေနေလၿပီ။ ေလယာဥ္ေပၚမွဆင္းအၿပီး သူတို႔ႏွစ္ဦးဘာမွမတုံ႔ျပန္ရေသးမီတြင္ ဒါ႐ိုက္တာျဖစ္သူသည္ သူတို႔ထံသို႔အလြန္တရာပုံႀကီးခ်ဲ႕ကားထားေသာဟန္ပန္မူယာျဖင့္ၿပဳံးျပလာၿပီး ကင္မရာကိုဖြင့္ထားဟန္ေဆာင္ေလ၏။

ေက်ာက္ခ်င္းယြမ္မွာ ယြီခ်င့္ဟြမ္ေနာက္သို႔ အလ်င္အျမန္ဝင္ေရာက္ပုန္းကြယ္သြားခဲ့ၿပီး အခ်ိန္တခုၾကာသည္အထိ သူ႔ကိုယ္သူသပ္သပ္ရပ္ရပ္ျဖစ္ေအာင္လုပ္ၿပီးခါမွ ေရွ႕ျပန္ထြက္လာရဲေတာ့သည္။

"မင္းတို႔ကိုလိမ္ေနတာ! တကယ့္႐ိုက္ကူးေရးအစစ္အမွန္က ငါတို႔အားလုံး႐ိုက္ကြင္းေနရာကိုေရာက္ၿပီးခါမွစတင္မွာ”

ဒါ႐ိုက္တာမွာ ေက်ာက္ခ်င္းယြမ္ရဲ႕မီးဝင္းဝင္းေတာက္မ်က္လုံးေတြကို လစ္လ်ဴရႈမျမင္ခ်င္ေယာင္ေဆာင္ၿပီး ဆက္ေျပာလာ၏။

“မင္းတို႔ေတြဇာတ္ၫႊန္းနဲ႔ရင္းႏွီးၿပီးသား.. ဟုတ္တယ္မလား? ဒီအပိုင္းရဲ႕အဓိကေနာက္ခံက ေက်းလက္သဘာဝကိုအေတြ႕အႀကဳံရယူဖို႔ပဲ..ဒီမွာလူအားလုံးစုံတာနဲ႔ ငါတို႔စတင္ထြက္ခြာၾကမယ္”

'Young People Want High' အပိုင္းတပိုင္းစီတြင္ ဧည့္သည္သ႐ုပ္ေဆာင္ေလးဦးပါဝင္ေလ့ရွိသည္။ အခုအခ်ိန္တြင္ႏွစ္ေယာက္ကေနရာယူၿပီးဆိုေတာ့ က်န္ႏွစ္ေယာက္အားေမွ်ာ္လင့္ေစာင့္ဆိုင္းေနရ၏။

ေက်ာက္ခ်င္းယြမ္သည္ ကနဦးတင္ရွိ‌ေနေသးသည့္ သူ၏အမုန္းတရားမ်ားကို ခ်က္ခ်င္းေမ့ေလ်ာ့သြားကာ စူးစမ္းသိလိုစိတ္ျဖင့္ ဒါ႐ိုက္တာႀကီးထံတိုးကပ္သြားၿပီးေမးေလ၏။

"က်န္ႏွစ္ေယာက္က ဘယ္သူေတြလဲ?"

“တစ္ေယာက္ကေတာ့ ထုံခ်င္”  ဒီတစ္ခါမွာေတာ့ ဒါ႐ိုက္တာႀကီးက ေနာက္ေနာက္ေျပာင္ေျပာင္ေတြထပ္မလုပ္ေတာ့ဘဲ မွန္မွန္ကန္ကန္ေျဖဆိုလာ၏။

“ဒီႏွစ္ထဲမွအႏုပညာေလာကထဲစတင္ဝင္လာတဲ့ ေက်ာင္းဒရာမာအေခ်ာအလွေလးလးျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့… ”

သူကၿပဳံးလိုက္ၿပီး

"မင္းနဲ႔ေရာ ခ်င့္ဟြမ္နဲ႔ပါသိတဲ့သူတေယာက္ 'The Line of Life and Death' ရဲ႕ အဓိကအမ်ိဳးသမီးသ႐ုပ္ေဆာင္ဝမ္ခ်န္ခ်န္ ”

"သူလား?" ပထမေတာ့ ေက်ာက္ခ်င္းယြမ္က အံ့အားသင့္သြားေသးသည္။ေနာက္ပိုင္းမွ သူ႔မ်က္ႏွာကခ်က္ခ်င္းဆိုသလို လငပုပ္ဖမ္းသည့္အလားေမွာင္မႈိက္သြားရ၏။ သူ႔လက္ေထာက္ျဖစ္သူမွာလန႔္ဖ်န႔္သြားၿပီး ေနာက္သို႔ေျခတလွမ္းျမန္ျမန္ဆုတ္သြားခဲ့သည္။

"ခ်င္းယြမ္!" ယြီခ်င့္ဟြမ္ကမ်က္ေမွာင္ၾကဳတ္ၿပီး သူ႔အားေခၚလိုက္သည္။ သူ႔လက္ကိုဆန႔္ထုတ္ၿပီး ေက်ာက္ခ်င္းယြမ္ကို ေထာင့္တစ္ေနရာသို႔ဆြဲေခၚသြားကာ

"မင္းကိုယ္မင္း နည္းနည္းေလာက္ပိုၿပီး ထိန္းထိန္းသိမ္းသိမ္းေလးေနသင့္တယ္"

ေက်ာက္ခ်င္းယြမ္ရဲ႕ပင္ကိုစ႐ိုက္က ေသခ်ာေပါက္ကိုေကာင္းလြန္းပါ၏။သူဟာၾကင္နာတတ္ၿပီး သူငယ္ခ်င္းေတြကိုကူညီတတ္သူျဖစ္ကာ အလုပ္တြင္လည္းတာဝန္သိစိတ္ရွိသူတေယာက္ျဖစ္သည္။ သို႔ေပမယ့္ သူဟာစိတ္ခံစားခ်က္ေတြကို ဖုံးကြယ္မထားႏိုင္ေပ။သူ႔ရင္ထဲကခံစားခ်က္ေတြမွန္သမွ်က သူ႔မ်က္ႏွာေပၚတြင္မဆိုင္းမတြေပၚလာမည္ျဖစ္၏။

ဖန္သားျပင္ေနာက္ကြယ္ကဇာတ္လမ္းေတြကိုသိၿပီးသူေတြအတြက္ကေတာ့ သူဝမ္ခ်န္ခ်န္ကိုမုန္းတီးေၾကာင္းကိုသိထားၾကၿပီးျဖစ္သည္။ သူဘာေၾကာင့္ ဒီလိုျပဳမူေနရသလဲဆိုတာကို မသိတဲ့သူေတြအတြက္ကေတာ့ သူကတကယ့္ပိုစတာတေယာက္လို႔ ထင္ျမင္ၾကမည္ျဖစ္၏။

ေက်ာက္ခ်င္းယြမ္သည္လည္း အခုနကသူ၏တုံ႔ျပန္မႈ အေတာ္ေလးလြန္ကဲသြားတယ္ဆိုတာကိုသိလိုက္၏။ သူဟာ သူ႔ဆံပင္သူဆြဲလိုက္ၿပီး ယြီခ်င့္ဟြမ္ကိုေဒါသတႀကီးေျပာလာ၏။

"သူမကဘာလို႔ေနရာတိုင္းမွာလဲ? ငါသူ႔ကိုတအားစိတ္ကုန္ေနၿပီ! လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက သူနဲ႔တစ္ခါေလးလက္တြဲ႐ိုက္ဖူးပါတယ္ ငါ့ရဲ႕စိတ္ကူးယဥ္အိပ္မက္ခ်စ္သူေလးကသူမျဖစ္ပါတယ္ဆိုၿပီး  သူ႔အဖြဲ႕သားေတြကေန႔တိုင္းကိုမနားတမ္းသတင္းေတြလႊင့္ေနခဲ့တာ အဲ့ဒါကငါ့ကိုတကယ္အန္ထြက္ခ်င္စိတ္ေပါက္ေစတယ္! ဒီတစ္​ခါ​ သူငါ့ကိုဒီကိစၥထဲထပ္ၿပီးဆြဲထည့္ဝံ့တယ္ဆိုရင္ေတာ့ ေသပါရေစဆိုၿပီးငိုယိုေတာင္းပန္ရတဲ့အထိလုပ္ပစ္ဦးမယ္!"

"ေကာင္းပါၿပီ စိတ္ေအးေအးထားပါဦး" ယြီခ်င့္ဟြမ္က သူ႔ေက်ာကိုပုတ္ေပးလိုက္ၿပီး "ငါတို႔ သူမနဲ႔ခပ္ေဝးေဝးေနႏိုင္တာပဲ"

"မင္းမသိလို႔! အဲဒီ့အမ်ိဳးသမီးက ကပ္ေစးႏွဲသၾကားလုံးနဲ႔တူတယ္!”

ေက်ာက္ခ်င္းယြမ္က သူ႔လက္ကိုင္ဖုန္းကိုထုတ္ယူကာ ရွာေဖြေရးစာမ်က္ႏွာကိုကလစ္ႏွိပ္လိုက္ၿပီး ယြီခ်င့္ဟြမ္ဆီလက္ကမ္းေပးလိုက္သည္။

“သူမသတင္းေတြကိုၾကည့္ပါဦး သူမနဲ႔လက္တြဲဖူးတဲ့အမ်ိဳးသားသ႐ုပ္ေဆာင္ေတြမွန္သမွ်က သူမရဲ႕ညႇိ႔ငင္ဖ်ားေယာင္းမႈဒဏ္ကိုခံရလိမ့္မယ္ဆိုပဲ! ဘယ္နားကသတၱိေတြရေနပါလိမ့္?”

“စိတ္ဆိုးေနလို႔ဘာမွအသုံးမဝင္ဘူး” ယြီခ်င့္ဟြမ္က သူ႔ကို အႀကံျပဳလိုက္သည္။

“အခုမွအစီအစဥ္ကေန ႏႈတ္ထြက္သြားလို႔လည္းမရေတာ့ဘူး.. လာပါကြာ မင္းမ်က္ႏွာအမူအရာကိုပုံမွန္ျဖစ္ေအာင္အျမန္လုပ္လိုက္ဦး ဟိုမွာတစ္ေယာက္ေယာက္လာေနၿပီ"

ေက်ာက္ခ်င္းယြမ္သည္လည္း ယခုအခ်ိန္က မိမိတဦးတည္း၏စိတ္သေဘာထားကို ေရွ႕တန္းတင္ထင္ရာစိုင္းရမည့္အခ်ိန္အခါမဟုတ္ေၾကာင္းကိုသိရွိၿပီးျဖစ္၍ သက္ျပင္းသာခ်လိုက္ႏိုင္ကာ ယြီခ်င့္ဟြမ္ေနာက္သို႔ မလိုက္ခ်င္လိုက္ခ်င္လိုက္ပါသြားေတာ့သည္။

ဝမ္ခ်န္ခ်န္ႏွင့္ထုံခ်င္တို႔သည္ အတူတကြေရာက္လာခဲ့ၾကသည္။ အနည္းငယ္မာမာဆတ္ဆတ္ႀကီးျဖစ္ေနတဲ့ ထုံခ်င္ႏွင့္ႏႈိင္းယွဥ္ရင္ သူမဟာအလြန္လွပတင့္တယ္ေနဆဲျဖစ္သည္။

ပ႐ိုဂရမ္အဖြဲ႕သားမ်ားကို ဦးစြာႏႈတ္ဆက္စကားဆိုၿပီးေနာက္ သူမသည္ေက်ာက္ခ်င္းယြမ္ထံသို႔ စကားစျမည္ေျပာဆိုခ်င္သည့္ဟန္ျဖင့္ ၿပဳံးၿပဳံး႐ႊင္႐ႊင္လွည့္လာသည္။

မထင္မွတ္ထားပါဘဲ အခ်ိန္အေတာ္ၾကာလက္တြဲအတူလုပ္ကိုင္ဖူးသည့္တိုင္ ေက်ာက္ခ်င္းယြမ္က အခုထက္ထိ သူမအေပၚမ်က္ႏွာသာလုံးဝမေပးေသးေပ။ သူမကိုလွည့္ေတာင္မၾကည့္ပဲ တန္းေနေအာင္အေဝးထြက္ခြာသြား၏။

"ေက်ာက္ေကာမွာ အေရးတႀကီးလုပ္စရာတစ္ခုခုရွိေနတာျဖစ္ပါလိမ့္မယ္"

ထိုအျခင္းအရာက သူမကိုအရွက္ရသြားေစျခင္းနည္းနည္းေလးမွမရွိေစခဲ့။သူမသည္ ယြီခ်င့္ဟြမ္ကိုေခါင္းညိတ္ျပၿပီး ပ႐ိုဂရမ္အဖြဲ႕သားမ်ားစီစဥ္ထားေသာဘတ္စ္ကားေပၚသို႔ ႂကြႂကြ႐ြ႐ြ၊က်က္သေရရွိရွိအၿပဳံးေလးျဖင့္တက္သြားေတာ့သည္။

ဤအျခင္းအရာက ေက်ာက္ခ်င္းယြမ္အားပိုလို႔ေတာင္ အမ်က္ေဒါသတေခ်ာင္းေခ်ာင္းထြက္ေစခဲ့ၿပီး သူ႔မ်က္ႏွာကတစ္လမ္းလုံးသုန္မႈန္ေနေတာ့သည္။

ပ႐ိုဂရမ္အဖြဲ႕သားမ်ားတြင္ ေအာ့ႏွလုံးနာဖြယ္အစြဲအလမ္းတခု ရွိေနပုံေပၚသည္။သူတို႔ဟာၿပီးခဲ့တဲ့အပိုင္းတုန္းက ဘတ္ဂ်က္ေခြၽတာေရးခရီးစဥ္တခုကိုေရးဆြဲခဲ့ၿပီး ပါဝင္တဲ့ဧည့္သ႐ုပ္ေဆာင္‌ေတြအားလုံးကို ဒုကၡသုကၡေတြအတိခံစားေစခဲ့သည္။

ယခုအပိုင္းတြဲမွာေတာ့ သူတို႔ဟာရႈတင္ေနရာကို ေဝးလံေခါင္သီတဲ့ေတာင္ေပၚ႐ြာေလးတ႐ြာမွာ ဇာတ္အိမ္တည္ထားခဲ့၏။ဧည့္သည္ေတာ္မ်ားသည္ ဒီေနရာတြင္ သုံးရက္တာမွ်ေနထိုင္ရမည္သာမက ႐ြာသားမ်ားကိုလည္းေျမယာထြန္ယက္ဖို႔ကူညီလုပ္ကိုင္‌ေပးရဦးမည္ျဖစ္ကာ ကိုယ့္ဘာသာလည္းရွာေဖြစားေသာက္ရဦးမည္ျဖစ္သည္။

႐ြာငယ္ေလးဟာအလြန္တသီးတျခားဆန္ၿပီး ခ႐ိုင္ကိုသြားတဲ့လမ္းက်ဥ္းေလးတခုသာရွိ၏။ စက္ဘီးမ်ားသည္ ႐ြာထဲရွိအဓိကသယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းျဖစ္သည္။ အေျခအေနပိုဟန္တဲ့လူေတြသာ ဆိုင္ကယ္ေတြရွိၾက၏။

အခုကာလမွာေမလအေစာပိုင္းျဖစ္ၿပီး မိသားစုတိုင္းသည္ ႏြားေခ်းတပုံတပင္ႀကီးကိုပလပ္စတစ္မ်ားျဖင့္ဖုံးအုပ္၍ တံခါးဝတြင္စုေဆာင္းထားၾကၿပီး ထိုႏြားေခ်းမ်ားေဆြးကာ ေျမႀကီးေပၚတြင္ေျမဆီေျမၾသဇာအျဖစ္ျဖန႔္က်က္ႏိုင္မည္ကို ေစာင့္ဆိုင္းေနၾကသည္။

ေလထုထဲတြင္လြင့္ေမ်ာေနေသာအနံ႔မွာ အလြန္မသတီစရာေကာင္းလွ၏။သူမရဲ႕ပုံရိပ္ကိုထိန္းသိမ္းဖို႔ စကၠန႔္မလပ္အာ႐ုံေရာက္ေနတဲ့ ဝမ္ခ်န္ခ်န္လိုလူေတာင္မွ လူတိုင္းေရွ႕ေမွာက္တြင္ ႏွာေခါင္းမပိတ္ထားပဲမေနႏိုင္ခဲ့ပါေခ်။

"ဘုရားတရား!" ေက်ာက္ခ်င္းယြမ္၏ဘဝတစ္သက္တာတြင္ ထိုကဲ့သို႔ေသာေနရာမ်ိဳးကို တေခါက္တခါမွမေရာက္ခဲ့ဖူးေပ။ဒုတိယေျမာက္ႏြားေခ်းပုံကို ထပ္မံတက္နင္းမိေသာအခါမွေတာ့ သူကေဆြ႕ေဆြ႕ခုန္ေအာ္ဟစ္ေနတာကို မထိန္းခ်ဳပ္ထားႏိုင္ေတာ့ဘဲ

“ဒါငါ့ကိုအေသသတ္ေနတာ! ငါ့ကိုအေသသတ္ေနတာပဲ! ဒီအစီအစဥ္ကေနႏႈတ္ထြက္ဖို႔ အခုအရမ္းမ်ားေနာက္က်သြားၿပီလား!?”

သူ႔ေျခေထာက္ကို သူအလန႔္တၾကားငုံ႔ၾကည့္ေနသည္မွာ ခုခ်က္ခ်င္းပဲျဖတ္ေဝာာက္ၿပီးလႊင့္ပစ္ေတာ့မည္အလား။

"မင္းမ်က္လုံးေတြကို အသက္ရႈဖိူ႔အတြက္သုံးတာလား?"

ယြီခ်င့္ဟြမ္က သူ႔အားတစ္ရႉးတစ္ထုပ္ပစ္ေပးလိုက္ၿပီး သူ႔အေဝးကိုအျမန္ထြက္ခြာသြား၏။

"ဒီဟာႀကီးေတြကို ငါ့လက္နဲ႔မသုတ္ႏိုင္ဘူး" ေက်ာက္ခ်င္းယြမ္သည္ႏွစ္ခါမွ်ပ်ိဳ႕တက္လာၿပီး ေျခထုပ္စီးထားေသာေရွးေခတ္တ႐ုတ္အမ်ိဳးသမီးတေယာက္ကဲ့သို႔ ကေရာ္ကမယ္အေနအထားျဖင့္ ေရွ႕သို႔ေလွ်ာက္လွမ္းသြားသည္။

"ငါေနရမယ့္အိမ္ေရာက္တာနဲ႔ ဒီဖိနပ္ေတြကိုလႊင့္ပစ္လိုက္မယ္!"

သို႔ေသာ္ သူတို႔ေနရမည့္အိမ္အားျမင္လိုက္ရသည့္အခါတြင္ ခ်က္ခ်င္းပဲသူ႔စကားကိုသူျပန္မ်ိဳခ်ထားလိုက္ရသည္။

"ငါတို႔ဒီမွာေနရမွာလား?" သူဟာ သူ႔ေရွ႕က႐ြံ႕ေစးအိမ္ကို မ်က္လုံးျပဴးမ်က္ဆန္ျပဴးနဲ႔စိုက္ၾကည့္ေန၏။ ၾကက္ေသေသေနရင္းက

“တကယ္လို႔မ်ား....ငါတို႔အိပ္ေနတုန္း ဒီဟာႀကီးၿပိဳက်ရင္ဘယ္ႏွယ့္လုပ္မလဲ?”

"စိတ္မပူပါနဲ႔ ဒီလိုမျဖစ္ႏိုင္ပါဘူး" ဒါ႐ိုက္တာႀကီးက သူ၏စံခ်ိန္မွီအၿပဳံးကိုေနာက္တဖန္ပန္ဆင္ထားၿပီး

"ၿခံဝင္းတြဲရက္ပါတဲ့အိမ္ငယ္ေလးဟာကို.. ဗီလာလို႔ေတာင္ မင္းေခၚခ်င္ေခၚလို႔ရတယ္"

ယြီခ်င့္ဟြမ္မွသူ႔နဖူးသူျပန္ပြတ္လိုက္မိသည္။ သူ႔တြင္ ဘာႀကီးျဖစ္ေနေနစိတ္ေနစိတ္ထားရွိေပမယ့္ 
ေက်ာက္ခ်င္းယြမ္မေျပာနဲ႔ သူေတာင္မွ ဒါ႐ိုက္တာျဖစ္သူမွာ အလြန္အရွက္သိကၡာကင္းမဲ့လြန္းလွသည္ဟု ခံစားလာမိသည္ပင္။

သို႔ေသာ္လည္း ႐ိုက္ကူးေရးလုပ္ေနသည့္အေနအထားသို႔ေရာက္ေနၿပီဟူ၍ သူ႔ကိုယ္သူျပန္လည္သတိေပးကာ စိတ္ထဲကေဒါသေတြကိုမ်ိဳခ်ထားဖို႔ ႀကိဳးပမ္းေနရ၏။

ဒါ႐ိုက္တာကထပ္ေျပာလာသည္။

“ဒီအိမ္မွာဘိလပ္ေျမကုတင္ႏွစ္လုံးရွိတယ္ ခ်န္ခ်န္နဲ႔ခ်င္ခ်င္တို႔ကအေရွ႕ဘက္တစ္လုံးမွာအိပ္ၿပီး အေနာက္ဘက္ကတလုံးမွာ‌ေတာ့ မင္းတို႔ႏွစ္ေယာက္အိပ္ေပါ့ .. အစားအစာနဲ႔ ပန္းကန္ခြက္ေယာက္ေတြကို တေအာင့္ေနရင္ငါလာပို႔ခိုင္းလိုက္မယ္ စားႏိုင္မစားႏိုင္ဆိုတာကေတာ့ မင္းတို႔ေပၚပဲမူတည္သြားၿပီ”

ေက်ာက္ခ်င္းယြမ္သည္ ေကာင္းကင္ထက္သို႔ငိုေႂကြးျမည္တမ္းပစ္လိုက္ခ်င္ေသာ္လည္း ေနာက္တစ္စကၠန႔္အၾကာမွာ သူ႔မ်က္လုံးမ်ားကဝင္းပလာကာ ယြီခ်င့္ဟြမ္ဘက္သို႔လွည့္၍

"ကိစၥမရွိဘူး! ခ်င့္ဟြမ္ကခ်က္တတ္တယ္!"

"ဟမ္?" ဒါ႐ိုက္တာႀကီးက ခ်င္ဟြမ္ဆီကိုတအံ့တၾသၾကည့္လာၿပီးေနာက္တြင္ ဓာတ္ပုံဆရာဆီကိုလွမ္းအ႐ႊန္းေဖာက္ေျပာလိုက္သည္။ 

“ဒါျဖင့္ၿပီးၾကရင္ ခ်င့္ဟြမ္ဆီကို ႐ိုက္ခ်က္မ်ားမ်ားေလး ငါတို႔ပိုေပးၾကတာေပါ့”

ဒါ႐ိုက္တာလုပ္သူမွာ တကယ္တမ္းေတာ့ သူ႔အတြင္းစိတ္ထဲကေန မထီမဲ့ျမင္ျပက္ရယ္ျပဳေနခဲ့သည္။

ယြီခ်င့္ဟြမ္က ခ်က္တတ္တယ္ေပါ့? ေခါက္ဆြဲျပဳတ္တတ္တာကိုဆိုလိုတာလား?

ေလးေယာက္မွာတတြဲခ်င္းစီအတူေနထိုင္ရၿပီး သူ႔ဆိုင္ရာဆိုင္ရာအခန္းေတြဆီ အသီးသီးဝင္ေရာက္သြားၾက၏။သူတို႔အခန္းထဲေရာက္သြားၾကမွပဲ ဒီပ႐ိုဂရမ္အဖြဲ႕သားေတြက ဘယ္ေလာက္ေတာင္႐ူးသြပ္ေနၾကသလဲဆိုတာကို သေဘာေပါက္လိုက္သည္။

အိမ္မွာေလေတြမိုးေတြမတိုက္ေပမယ့္ ေနရာတိုင္းမွာဖုန္ေတြသဲေတြတလူလူးျဖင့္ျပည့္ႏွက္ေနခဲ့သည္။ အိမ္ေခါင္မိုးေပၚတြင္ ပင့္ကူအိမ္မ်ားစြာပင္ရွိေနခဲ့၏။ဒီအိမ္ထဲတြင္ မည္သူမွ်ၾကာရွည္စြာေနထိုင္ခဲ့ျခင္းမရွိပုံပင္။

"ဒီမွာေနဖို႔ထက္ အသက္ပဲအေသခံလိုက္ေတာ့မယ္!"

ေက်ာက္ခ်င္းယြမ္မွာ ခံစားခ်က္ေတြကင္းမဲ့ေနေသာမ်က္ဝန္းတစ္စုံျဖင့္ ၾကမ္းျပင္အလယ္တြင္ငူငူႀကီးရပ္ေနကာ ငိုခ်င္းခ်မတတ္ျဖစ္ေနေလၿပီ။

ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္မွ ရသစုံရႈိးတခုတြင္ပါဝင္ရန္ ေနာက္ဆုံးမွာသူသတၱိရွိလာခဲ့၏။ သူထင္မွတ္ထားခဲ့သည္မွာ အမ်ိဳးသား႐ုပ္ျမင္သံၾကားအသံလႊင့္ဌာနဟာဆိုရင္ေတာ့ျဖင့္ အဆင့္အတန္းျမင့္ျမင့္ ခမ္းနားႀကီးက်ယ္ ဂႏၲဝင္ဆန္လိမ့္မည္ဟူ၍ပင္။ ဤကဲ့သို႔ျဖစ္လာမည္ဆိုတာကို သူလားလားမွမေမွ်ာ္လင့္ထားမိခဲ့!

"မေသခင္ အိမ္သန႔္ရွင္းေရးေလးေတာ့လုပ္သြားခဲ့ဦး" ယြီခ်င့္ဟြမ္က သူ႔ေဘးနားျဖတ္ေလွ်ာက္သြားရင္း ေျမႀကီးေပၚကပလပ္စတစ္ဇလုံတစ္လုံးကိုေတြ႕လိုက္ရၿပီး ေကာက္ယူလိုက္၏။

“မင္းအ၀တ္စုတ္တခုရွာထားလိုက္ ငါေရတဇလုံအရင္သြားခပ္ထားလိုက္မယ္”

ေက်ာက္ခ်င္းယြမ္သည္ ခါးသီးလွေသာမ်က္ႏွာျဖင့္ ေခါင္းညိတ္ျပလိုက္ၿပီး ႏွာေခါင္းကိုအုပ္ကာ ေဘးပတ္ပတ္လည္ကို စတင္လွန္ေလွာရွာေတာ့သည္။

ပ႐ိုဂရမ္အဖြဲ႕သည္ အခုထက္ထိေတာ့ လုံးလုံးလူစိတ္ေပ်ာက္ေနတာမဟုတ္ေသးပဲ ေရကန္ကိုႀကိဳတင္ေရျဖည့္ထားေပးခဲ့သည္။ ယြီခ်င့္ဟြမ္မွ ေရဇလုံတစ္ဝက္ကို ခပ္ယူလိုက္၏။ သူျပန္မယ္လုပ္လုပ္ခ်င္းမွာပဲ ဝမ္ခ်န္ခ်န္နဲ႔ေတြ႕လိုက္ရသည္။

သူက ယဥ္ယဥ္ေက်းေက်းလွမ္းႏႈတ္ဆက္လိုက္ၿပီး တံခါးကိုတြန္းဖြင့္ကာ အေနာက္ဖက္အခန္းထဲကို ေလွ်ာက္ဝင္သြားသည္။

"ခ်င့္ဟြမ္!" ေက်ာက္ခ်င္းယြမ္မွ အသံၾကားလိုက္ရၿပီး သူ႔လက္ထဲတြင္ပန္းအိုးေသးေသးေလးကိုင္ထား၍ေရာက္ခ်လာသည္။

“လာ ငါ့ကိုေရနည္းနည္းေပး ငါ့ရဲ႕ရွားေစာင္းပင္ေလးက ေရလိုအပ္ေနတယ္"

ယြီခ်င့္ဟြမ္ဘာမွေတာင္မေျပာရေသးခင္မွာ သူဟာသူ႔လက္ဖဝါးျဖင့္ေရတခ်ိဳ႕ဂ႐ုတစိုက္ခပ္ယူသြားၿပီး ပန္းအိုးထဲသို႔ျဖန္းပက္ကာဆို၏။ 

"ငါဒီပစၥည္းေလးကို ကုတင္ေပၚမွာေတြ႕ခဲ့တာ ဒါေလးကအသက္ျပင္းေသးတယ္ကြ ေရအေလာင္းမခံရတာဘယ္ေလာက္ၾကာၿပီလဲမသိေပမယ့္ ခုထက္ထိေတာင္ ေတာ္ေတာ္စိမ္းလန္းေနေသးတယ္”

ဘယ္အခ်ိန္မဆို စိမ္းလန္းတဲ့သစ္ပင္ပန္းဝလံေတြဆိုတာ လူေတြအေပၚ အၿမဲလိုလိုေမွ်ာ္လင့္ခ်က္ေတြေပးစြမ္းႏိုင္၏။ အထူးသျဖင့္ ေက်ာက္ခ်င္းယြမ္လို ေလာကဓံ႐ိုက္ခ်က္ေတြတခုၿပီးတခုလွိမ့္ပိန႔္ခံခဲ့ရၿပီးေနာက္မွာပင္။

သူကရွားေစာင္းပင္အိုးေလးကို ေျမႇာက္ကိုင္ထားၿပီး ယြီခ်င့္ဟြမ္အားဝမ္းပန္းတသာေျပာလာသည္။

"အိမ္သန႔္ရွင္းေရးလုပ္ၿပီးသြားတာနဲ႔ ငါတို႔ဒီအပင္ေလးကို ျပတင္းေပါက္ေဘာင္မွာတင္ထားလိုက္မယ္ အခန္းကပိုသက္ဝင္လႈပ္ရွားသြားတာေပါ့"

"ခ်င့္ဟြမ္ မင္းဘယ္လိုထင္လဲ?"

"သိပ္မေကာင္းဘူး" ယြီခ်င့္ဟြမ္က သူ႔အားရႈပ္ေထြးေနသည့္အၾကည့္တခ်က္ေပးလိုက္ၿပီး

"ခ်င္းယြမ္ ဒါရွားေစာင္းပင္အတုဆိုတာကိုေတာင္ မင္းသတိမထားမိဘူးလား?"

"ဘာ?" ေက်ာက္ခ်င္းယြမ္မွာ ၾကက္ေသေသသြားရ၏။

အလြန္တရာေခါင္းနပန္းႀကီးသြားေသာ ေက်ာက္ခ်င္းယြမ္သည္ ေနာက္ထပ္စကားမဆိုဝံ့ေတာ့ေခ်။ အီးမွန္ထားေသာမ်က္ႏွာထားျဖင့္ ယြီခ်င့္ဟြမ္ႏွင့္အတူ အိမ္ကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ရွင္းလင္းသိမ္းဆည္းေနၿပီး တခ်ိန္တည္းမွာ ဒါ႐ိုက္တာျဖစ္သူကေတာ့ဝမ္းသာလုံးဆို႔ေနရင္းဆိုလာသည္။

“အိုက္ယား ငါတို႔ဒီအပိုင္းနားေလးကို ဒီတိုင္းေလးပဲထားထားရမယ္!”

ေက်ာက္ခ်င္းယြမ္ရဲ႕ပုံရိပ္နဲ႔ပတ္သက္လို႔ကေတာ့ ဒါ႐ိုက္တာက ဒါသူနဲ႔လုံးလုံးသက္ဆိုင္ျခင္းမရွိသလိုပင္။

ႏွစ္နာရီၾကာသန႔္ရွင္းေရးလုပ္ၿပီးေနာက္မွာေတာင္ အခန္းသည္ လူေနလို႔ရတယ္ဆို႐ုံေလးျဖစ္၏။ သို႔ေပမယ့္ သူတို႔အနားမယူရေသးခင္မွာ ဒါ႐ိုက္တာႀကီးက သူတို႔ဆီပစၥည္းေတြအမ်ားႀကီးပို႔လႊတ္လိုက္သည္။

"မင္းငါ့ကိုမီးေမႊးကူေပး" ယြီခ်င့္ဟြမ္ကသူ႔လက္ကိုေဆးေၾကာကာ မီးဖိုဆီသို႔သြား၍ ေက်ာက္ခ်င္းယြမ္အား "ငါခ်က္မယ္" ဟုေျပာလိုက္သည္။

ပ႐ိုဂရမ္အဖြဲ႕မွာ သူတို႔ေပးပို႔လာသည့္အစားအေသာက္မ်ားႏွင့္ ပတ္သက္၍ေတာ့ အသိစိတ္ရွိေနဆဲဆိုရဦးေပမည္။ သူတို႔ပို႔လာတဲ့အစားအစာေတြထဲမွာ ထိုင္ဝမ္မုန္ညႇင္း၊ င႐ုတ္၊ အာလူးနဲ႔ အဆီအသားမွ်တစြာပါဝင္သည့္အရည္အေသြးစံခ်ိန္မွီအသားေတာင္ပါဝင္၏။ ယြီခ်င့္ဟြမ္မွာ အျမန္တခ်က္ၾကည့္႐ုံမွ်ႏွင့္ ဘာခ်က္ရမလဲဆိုတာကို တန္းသိေနေလၿပီ။

"ဒါေပမယ့္ ငါ...ငါဒီဟာနဲ႔ပတ္သက္ၿပီးဘာဆိုဘာမွမသိဘူး"

ေက်ာက္ခ်င္းယြမ္၏မ်က္လုံးမ်ားသည္ မီးလင္းဖိုကိုစိုက္ၾကည့္ရင္း ဘယ္ကဘယ္ပုံစရမည္ဆိုတာကို လမ္းစလုံးဝေပ်ာက္ေနခဲ့သည္။

ယြီခ်င့္ဟြမ္သည္ လုံးလုံးလ်ားလ်ားဆြံ႕အသြားရ၏။သူ႔ဘာသာ ထင္းေျခာက္တခ်ိဳ႕ကိုေကာက္ယူလိုက္ရၿပီး မီးဖိုထဲသို႔ျဖည့္တင္းလိုက္သည္။ မီးေမႊးလို႔ရ‌ေအာင္ သူအမ်ားႀကီးႀကိဳးပမ္းအားထုတ္ခဲ့ရ၏။ ထို႔ေနာက္တြင္မတ္တပ္ထ၍ ေက်ာက္ခ်င္းယြမ္အားထိုင္ခုံေနရာကိုေပးခဲ့ၿပီးေျပာလိုက္သည္။

"ေသခ်ာၾကည့္ထား မီးမၿငိမ္းေစနဲ႔"

ဒါက႐ိုးရွင္းတဲ့အလုပ္တာဝန္တစ္ခုသာျဖစ္၏။ ေက်ာက္ခ်င္းယြမ္သည္ ထိုတာဝန္ကိုခ်က္ခ်င္းပဲလက္ခံလိုက္ၿပီး မီးဖိုေရွ႕တြင္ထိုင္ရန္ ခုံတန္းငယ္တစ္ခုကိုနာနာခံခံေ႐ႊ႕ယူလိုက္ကာ အတြင္းရွိမီးေတာက္မ်ားကို စိုက္ၾကည့္ေနေတာ့သည္။

ယြီခ်င့္ဟြမ္မွ ဟင္းသီးဟင္း႐ြက္ေတြကိုေဆးေၾကာေနတုန္းအခိုက္မွာ ဝမ္ခ်န္ခ်န္ႏွင့္ထုံခ်င္တို႔ကလည္းထြက္လာၾကသည္။ သူတို႔စတင္ခ်က္ျပဳတ္ေနၿပီဆိုတာကိုျမင္လိုက္ရစဥ္ သူတို႔ကအံ့အားသင့္သြားၾက၏။

သူတို႔၏အံ့အားသင့္မႈက အေၾကာင္းမဲ့မဟုတ္ေပ။ သူတို႔လိုမိန္းကေလးႏွစ္ေယာက္ေတာင္မွ ခ်က္ျပဳတ္ဖို႔လိုတယ္ဆိုတာကိုၾကားသိလိုက္ရေတာ့ ႏွစ္ေယာက္စလုံးစိတ္ညစ္ညဴးထုံထိုင္းသြားရ၏။ 

ထိုအခ်ိန္မွာ ေယာက်ာ္းသားႏွစ္ေယာက္မေျပာႏွင့္ သူတို႔ေတာင္မွဒီလိုအရာေတြအားလုံးကို ဆက္လက္လုပ္ကိုင္ႏိုင္ဖို႔ သူတို႔ကိုယ္သူတို႔မနည္းေျဖာင့္ျဖအားတင္းခိုင္းေနရသည္ေလ။

"နည္းနည္းပါးပါးပါ" ယြီခ်င့္ဟြမ္သည္ ေရေဆးၿပီးေသာအစိမ္းေရာင္ဟင္းသီးဟင္း႐ြက္မ်ားကိုစစ္ထုတ္ကာ အာလူးအခြံခြာေနရင္းက ထိုႏွစ္ေယာက္အားဆိုလိုက္သည္။

"မွ်ေပးဖို႔လိုေသးလား?"

ထိုစကားေျပာၿပီးၿပီးခ်င္းမွာပဲ ဝမ္ခ်န္ခ်န္ကတခစ္ခစ္ရယ္လာရင္း ခ်က္ခ်င္းပဲေခါင္းယမ္းျပလာ၏။ 

"မလိုဘူး ေက်းဇူးတင္ပါတယ္ ခ်င့္ဟြမ္ ငါတို႔လည္းခ်က္တတ္တယ္"

ယခုအခါတြင္ ေငြၾကယ္ပြင့္မ်ားစြာသည္ သာမာန္လက္ေတြ႕က်စစ္မွန္႐ိုးရွင္းေသာပုံရိပ္မ်ားကိုစတင္ခ်ျပေနၿပီျဖစ္သည္။ ဝမ္ခ်န္ခ်န္သည္လည္း ထိုတူရာလမ္းေၾကာင္းကိုေ႐ြးခ်ယ္၏။ သူမသည္ ယခုအခိုက္အတန္႔တြင္ေဖာ္ရႈိးလုပ္ႏိုင္ဖို႔အခြင့္အေရးကို ယြီခ်င့္ဟြမ္အားသဘာဝက်က်ေပးအပ္မည္မဟုတ္ေပ။

သူ႔အားျငင္းဆန္ၿပီးသည့္ေနာက္ သူမသည္အျခားမီးဖိုဘက္သို႔ခ်က္ခ်င္းလွည့္သြားကာ ထုံခ်င္အားစတင္ခ်က္ျပဳတ္ရန္ၫႊန္ၾကားေတာ့သည္။

ယြီခ်င့္ဟြမ္သည္ ဝက္သားင႐ုတ္သီးေမႊေၾကာ္ ခ်ဥ္ခ်ဥ္စပ္စပ္အာလူးေခ်ာင္းႏွင့္ ထိုင္ဝမ္ဝက္သားစင္းစြပ္ျပဳတ္တခြက္ျပဳလုပ္ရန္စီစဥ္ထားခဲ့သည္။ တိုက္တိုက္ဆိုင္ဆိုင္ပင္ သူ႔အားေမးျမန္းလာၿပီးေနာက္ ဝမ္ခ်န္ခ်န္သည္လည္း သူ႔ဟင္းပြဲအတိုင္းလုပ္ရန္ ဆုံးျဖတ္ခဲ့သည္။

သူတို႔ထင္းေကာက္ေနတာကိုအခြင့္ေကာင္းယူ၍ ေက်ာက္ခ်င္းယြမ္က ယြီခ်င့္ဟြမ္ နား,အနားကိုတိုးကပ္လာၿပီး အလိုမက်စြာဆိုလိုက္၏။ 

"မင္းဘာဟင္းခ်က္မယ္ဆိုတာကို ဘာလို႔သြားေျပာျပလိုက္ရတာလဲ? သူမကတမင္တကာကို မင္းခ်က္တဲ့အတိုင္းလိုက္ခ်က္ခ်င္တာ! တိုက္ဆိုင္တာ? ဖြီ!”

ယြီခ်င့္ဟြမ္က ထင္းတစည္းကို သူ႔လက္ထဲထိုးထည့္လိုက္ၿပီး "တေအာင့္ၾကာမွ မင္းသိလိမ့္မယ္" ဟူ၍ ၿပဳံးၿပဳံးေလးေျပာလာသည္။

ဒီေျမာက္ပိုင္းေဒသဟင္းခ်က္မီးဖိုသည္ ယြီခ်င့္ဟြမ္ႏွင့္ရင္းႏွီးကြၽမ္းဝင္သည္။ သူ႔အရင္ဘဝက ႐ိုက္ကူးေရးေတြမွာမၾကာခဏသုံးေလ့ရွိတာေၾကာင့္ သူဒါကိုလြယ္လင့္တကူအသုံးခ်ႏိုင္၏။

သိပ္မၾကာမီအခ်ိန္တြင္ ပ႐ိုဂရမ္အဖြဲ႕ဝင္ဝန္ထမ္းမ်ား၏ အံ့အားတသင့္ျဖစ္ေနသည့္အၾကည့္ေတြေအာက္မွာ သူဟာဟင္းသုံးမ်ိဳးကို ကြၽမ္းကြၽမ္းက်င္က်င္ခ်က္ျပဳတ္ၿပီးစီးသြားေလၿပီ။

င႐ုတ္ေကာင္းပူပူ ပဲငပိအႏွစ္တို႔ျဖင့္ေၾကာ္ေလွာ္ထားသည့္အသားမွာေမႊးပ်ံ႕ေနၿပီး လူတေယာက္ကိုသြားရည္တျမားျမားက်ေစသည္။ ခ်ဥ္စပ္အာလူးေခ်ာင္းမ်ားသည္ အထူတစ္သားတည္းျဖစ္ၿပီး အေရာင္‌အေသြးစိုကာ ပုံပန္းသ႑ာန္အထူးေကာင္းမြန္ၿပီး မုန္ညႇင္းစြပ္ျပဳတ္သည္မ်က္စိပသာဓျဖစ္ကာ အထူးလန္းဆန္းေစသည့္အရသာျဖစ္၏။

“ဒါ… ဒါ႐ိုက္တာ” ဝန္ထမ္းတစ္ေယာက္ဟာ တံေတြးတစ္လုတ္ႀကီးၿမိဳခ်ၿပီး အစာငတ္ေနတဲ့ဝံပုေလြတစ္ေကာင္လို ဟင္းလ်ာသုံးမ်ိဳးကို စိုက္ၾကည့္ေနတယ္။

"ကြၽန္ေတာ္တို႔သြားၿပီးျမည္းစမ္းၾကည့္လို႔ရမလား?"

ဒါေတြအားလုံးဟာ သာမန္အိမ္ခ်က္ဟင္းလ်ာေတြသာျဖစ္ေပမယ့္ ခ်င့္ဟြမ္က ၎တို႔အားအလြန္အရသာရွိပုံေပါက္ေအာင္ဖန္တီးခ်က္ျပဳတ္ထား၏!!! သူတကယ္ပဲအရသာျမည္းစမ္းခ်င္မိသည္။ တစ္လုတ္ေလာက္ဆိုရင္ေတာင္ အဆင္ေျပ၏!

“သြားစမ္း” ဒါ႐ိုက္တာက သူ႔ပါးစပ္ေထာင့္နားကတံေတြးေတြကို သုတ္ခ်လိုက္ၿပီး

“မင္းလို ဝံပုေလြအငတ္ေကာင္ေတြအတြက္ေလာက္မွာမဟုတ္ဘူး!” ဟူ၍ မာန္မဲလိုက္သည္။

ေကာင္းၿပီေလ! ဝန္ထမ္းျဖစ္သူက စိတ္အခ်ဥ္ေပါက္စြာ ေခါင္းငုံ႔ထား၏။ သူတို႔က်ဘာစားရမွာလဲဆိုတဲ့အေၾကာင္းကို ဒါ႐ိုက္တာႀကီးဆီေမးျမန္းမည္လုပ္စဥ္မွာ ခုနေလးတင္သမာသမတ္က်တဲ့မ်က္ႏွာထားကိုပန္ဆင္ထားခဲ့သူ ဒါ႐ိုက္တာျဖစ္သူမွာ ယြီခ်င့္ဟြမ္ထံသို႔ သြားရည္တျမားျမားမ်က္ႏွာျဖင့္ ေလွ်ာက္သြားခဲ့ေလၿပီ။

"အဟင္း... ခ်င့္ဟြမ္၊ ငါအခုထိဘာမွမစားရေသးဘူး ျဖစ္ႏိုင္မယ္ဆိုရင္မင္း, ငါဆိုလိုခ်င္တာက..."

ဝန္ထမ္းေလး “…”

ယြီခ်င့္ဟြမ္ႏွင့္ သိသိသာသာဆန႔္က်င္ဘက္ျဖစ္စြာ ဝမ္ခ်န္ခ်န္ႏွင့္ထုံခ်င္တို႔သည္ လုံးဝကိုက်ဥ္းထဲက်ပ္ထဲေရာက္ရွိေန၏။ ဝမ္ခ်န္ခ်န္သည္ ဟင္းခ်က္ရာတြင္လုံးဝမကြၽမ္းက်င္သည့္အျပင္ လူကိုယ္တိုင္မီးေမြးရန္လိုအပ္သည့္ ထိုကဲ့သို႔ေသာမီးဖိုမ်ိဳးကို သူမအေနျဖင့္ ပထမဆုံးအႀကိမ္အသုံးျပဳဖူးျခင္းလည္းျဖစ္သည္။ သူတို႔သည္ အေလာသုံးဆယ္ႏိုင္ကာ အလြန္ပ်ာယာခတ္ရႈပ္ေထြးေနပုံေပၚ၏။

အထူးသျဖင့္င႐ုတ္သီးေၾကာ္တဲ့အခါ ေလပူေတြကခ်က္ခ်င္းဆန္တတ္လာ၍  ဝမ္ခ်န္ခ်န္အား သူမရဲ႕ေယာက္မကိုလႊတ္ခ်ၿပီး အျမန္ထြက္ေျပးသြားေစေတာ့သည္။အဘယ္ေၾကာင့္ဆိုေသာ္ မီးလင္းဖိုေအာက္ကမီးက အလြန္အားျပင္းတာေၾကာင့္ပင္။

ထုံခ်င္သည္ဘာမွမခ်က္တတ္တာေၾကာင့္ ဝမ္ခ်န္ခ်န္ေျပာစကားအတိုင္းသာ တေသြမတိမ္းလိုက္နာခဲ့သည္။ ထိုကေလးက႐ိုးသားလြန္းတာေၾကာင့္ ဝမ္ခ်န္ခ်န္ရဲ႕ၫႊန္ၾကားမႈမပါပဲဘာဆိုဘာမွမလုပ္ခဲ့ပါေပ။ ထိုအတြက္ေၾကာင့္ ဝမ္ခ်န္ခ်န္ျပန္ေရာက္လာတဲ့အခါ အိုးထဲကပါဝင္ပစၥည္းေတြအားလုံးကတူးျခစ္ကုန္ၿပီး ျမင္ေတာင္မျမင္ရက္စရာျဖစ္ေနေလခဲ့ၿပီ။

"ဟားဟားဟား! ေစာက္ရမ္းမိုက္တယ္ကြာ!”

ေက်ာက္ခ်င္းယြမ္သည္  မိန္းကေလးႏွစ္ေယာက္၏ ပ်ာကေလာင္ခတ္ေနေသာအသြင္အျပင္ကို ကင္မရာမွတဆင့္ျမင္လိုက္ရသည့္အခါ မ်က္ႏွာပင့္ေမာ့၍မရယ္မိပဲမေနႏိုင္ျဖစ္ကာ

"မ႐ိုးေျဖာင့္တဲ့အမ်ိဳးသမီးတိုင္းက သူ႔တို႔အတြက္ကံမေကာင္းအေၾကာင္းမလွတဲ့ေန႔ရက္ေလးေတြရွိတတ္ၾကတာပဲ ဒီခရီးကဘယ္ေလာက္ပဲခါးသီးၾကမ္းတမ္းေနပါေစ တကယ္ထိုက္တန္သြားၿပီ!”

"အခု ငါဘာလို႔မီႏူးကိုေျပာျပလိုက္ရတာလဲဆိုတာ မင္းသေဘာေပါက္သြားၿပီေပါ့?" ယြီခ်င့္ဟြမ္သည္ သူ႔လက္မ်ားကို ျဖည္းညႇင္းစြာသုတ္လိုက္ၿပီးၿပဳံး၏။

ေက်ာက္ခ်င္းယြမ္မွဆြံ႕အသြားၿပီးေနာက္ ယြီခ်င့္ဟြမ္အား လွ်ိဳ႕ဝွက္စြာလက္မေထာင္ျပလာသည္။  "ေတာ္တယ္!"

တျခားတစ္ဖက္တြင္ေတာ့ ေဟာ္ခြၽီ၏မိသားစုဝင္မ်ားသည္ ေဟာ္ခြၽီ၏အခန္းတံခါးဝမွာရွိေနၿပီး ၾကမ္းျပင္တခုလုံးေပၚတြင္ ျပန္႔က်ဲလ်က္ရွိေနေသာစာအုပ္ႏွင့္ပစၥည္းပစၥယေတြကို ေၾကာင္တက္တက္စိုက္ၾကည့္ေနၾကသည္။

"ခြၽီ မင္းဘာေတြလုပ္ေနတာလဲ?"

ဘာလို႔႐ုတ္တရက္ႀကီး ဒီပစၥည္းေတြအားလုံးကိုရွင္းထုတ္ေနရတာလဲ? သူတို႔ရဲ႕တတိယသားငယ္ေလးက တျခားအခန္းတခန္းကိုေျပာင္းခ်င္ေနတာမ်ားျဖစ္မလား?

"ကြၽန္ေတာ္ ခ်င့္ဟြမ္ကိုသြားေတြ႕မလို႔.."

ေဟာ္ခြၽီက သူ၏အဖိုးတန္စာအုပ္ေတြကို အ‌မ်ိဳးအစားဆက္လက္ခြဲထုတ္ေနရင္းက ေမာ့မၾကည့္ဘဲေျဖလာသည္။

"ခ်င့္ဟြမ္ကိုသြားေတြ႕မယ္ဆိုရင္ေတာင္ ဒါေတြအားလုံးကိုယူသြားစရာမလိုပါဘူး" ေဟာ္ယုံကသံသယျဖင့္ေျပာလာ၏။ "ခ်င့္ဟြမ္က ဒီပစၥည္းေတြကိုသုံးမွာမွမဟုတ္္တာ"

"ကြၽန္ေတာ္ ခ်င့္ဟြမ္နဲ႔အတူေနေတာ့မလို႔" ေခတၱရပ္တန္႔ေနၿပီးေနာက္ သူကထပ္ေပါင္းေျပာလာသည္။

"ကြၽန္ေတာ္သူ႔အိမ္မွာေနၿပီး သူျပန္အလာကိုေစာင့္ရမယ္"

"ဒါေပမယ့္...ဘာေၾကာင့္လဲ?" ေဟာ္မားမားက သူေျပာလိုက္သည့္စကားေၾကာင့္ ရႈပ္ေထြးသြားၿပီး မသိစိတ္အေလ်ာက္ေမးလိုက္မိသည္။

ေဟာ္ယုံသည္ နမိတ္မေကာင္းေသာခံစားခ်က္ရလိုက္ၿပီး ေဟာ္ခြၽီအားရပ္တန႔္ရန္အရိပ္အကဲျပ၏။ ေဟာ္ခြၽီ၏ပါးစပ္ကို အေျပးအလႊားသြားပိတ္ရန္လုပ္လိုက္စဥ္မွာ ေဟာ္ခြၽီမွ ေလးနက္တည္ၾကည္စြာေျပာလာသည္ကို သူၾကားလိုက္ရသည္။

"ဘာေၾကာင့္လဲဆို ကြၽန္ေတာ္သူ႔ကိုသေဘာက်တာေၾကာင့္.. အရမ္းအရမ္းကိုသေဘာက်တာေၾကာင့္"

ယြီခ်င့္ဟြမ္အၿမဲလို အခိုင္အမာယုံၾကည္ထားခဲ့သည္မွာ သူႏွင့္ေဟာ္ခြၽီသည္ ပို၍မ်ားေသာဝန္ထုပ္ဝန္ပိုးေတြကိုထမ္း႐ြက္ရလိမ့္မည္ဟူ၍ပင္။

ထို႔ေၾကာင့္သာပဲ ေဟာ္ခြၽီမွဤလမ္းကိုခလုတ္မထိဆူးမညႇိ သာသာယာယာေလွ်ာက္လွမ္းႏိုင္႐ုံေလးျဖစ္ဖို႔အတြက္ သူတို႔၏အနာဂတ္လမ္းကိုသူတေယာက္တည္းကသာ ေဖာက္လုပ္သြားဖို႔စိတ္ေလာႀကီး‌ေနခဲ့သည္။သို႔ေပမယ့္ တကယ္တမ္းေတာ့ ဒီလိုမဟုတ္ခဲ့ေပ။

သူ၏ေဟာ္ခြၽီသည္ အျခားသူမ်ား၏ခ်စ္သူမ်ားကဲ့သို႔ အလြန္သန္မာၿပီး တပါးသူအတြက္စဥ္းစားေတြးေခၚေပးတတ္ျခင္းမရွိႏိုင္ေလာက္ေပ။ သူဟာေလာကႀကီးအေၾကာင္းဘာမွမသိရွိ၊ အျခားသူမ်ားႏွင့္ဆက္ဆံေရးတခုဘယ္လိုတည္ေဆာက္ရမယ္ဆိုတာနားမလည္၊သူ အႏွစ္ ၂၀ ေက်ာ္ေနထိုင္လာခဲ့သည့္အိမ္ေနရာကိုေတာင္မွမရွာႏိုင္ေလာက္ေပ။

သို႔ေပမယ့္ ထိုသူသည္ သူ႔ဆီကဖုန္းေကာလ္ေလးတခုအတြက္ေၾကာင့္နဲ႔  ညသန္းေခါင္ယံအထိေစာင့္ဆိုင္းေနလိမ့္မည္။ သူ၏ဝမ္းနည္းပူေဆြးမႈအတြက္ငိုေႂကြးမ်က္ရည္က်ကာ သူ႔အတြက္ေၾကာင့္နဲ႔သူ၏ေမြးရာပါခ်ိဳ႕ယြင္းခ်က္မ်ားကိုပါေက်ာ္လႊားႏိုင္လိမ့္မည္။

ခ်မ္းေအးေသာေဆာင္းတညတြင္ မ်က္ႏွာေပၚတြင္ဒဏ္ရာဒဏ္ခ်က္မ်ားျဖင့္ သူ႔အခန္းတံခါးကိုလာေခါက္လိမ့္မည္ျဖစ္ကာ သာမန္လူမ်ားတြင္ပင္မရွိႏိုင္ေလာက္ေသာရဲစြမ္းသတၱိမ်ိဳးျဖင့္ သူ႔ခံစားခ်က္ေတြကို မိသားစုထံသို႔ က်ယ္က်ယ္ေလာင္ေလာင္ ပြင့္ပြင့္လင္းလင္း ဖြင့္ဟဝန္ခံလိမ့္ေပမည္။

ခ်င့္ဟြမ္ယခင္ဘဝ၏ကနဦးဟစ္‌ေအာ္သံ၊ ခ်င့္ဟြမ္ေဟာ္ခြၽီအား ပထမဆုံးအႀကိမ္လမ္းျဖတ္ကူးႏိုင္ရန္လမ္းျပပို႔ေဆာင္ေပးခဲ့သည့္ထိုအခ်ိန္မွစ၍ ေဟာ္ခြၽီသည္ အႏိုင္မခံအရႈံးမေပးလိုေသာ စိတ္ခြန္အား၊ ရဲစြမ္းသတၱိတို႔ျဖင့္ သူတို႔ႏွစ္ဦးစလုံး၏အနာဂတ္ကိုဖမ္းဆုပ္ထားၿပီးျဖစ္သည္။

Continue Reading

You'll Also Like

2.1M 146K 104
Doctor Handsome & Medical Student
100K 16.3K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
796K 8.4K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...