စာစဉ် 83 Chapter 1232 အဆုံးအထိ မကောင်းတဲ့စိတ် ရှိရတာပေါ့
ယဲ့ဖန်က စွန်းထောင်ကို တစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်
မထားမိပါ။ ဤသည်မှာ မယုံနိုင်စရာကောင်းလွန်းလှသည်။
စွန်းထောင်သည် ချွန်းယန်အဆင့် ဘုရင်တစ်ပါး ဖြစ်သည်။ ထို့အတူ သူသည် ရှေးခေတ် တော်ဝင်မိသားစု၏ မျိုးဆက်တစ်ယောက် ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်က တစ်မူထူးခြားစွာ ကြံ့ခိုင်ပေ၏။ သူတို့မျိုးနွယ်သည် ရှေးခေတ်ကတည်းက နတ်ဘုရားနှင့် နှိုင်းယှဉ်ခံရပြီး ယခုမျိုးဆက်များအထိ နောက်ကောက်ကျကျန်ခဲ့ခြင်း မရှိပေ။
သို့သော် ဤသို့သောလူက ယဲ့ဖန်၏ ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံလိုက်ရသည်။ အထူးခြားဆုံးမှာ သူတို့၌ တုံပြန်ချိန် မရှိလိုက်ခြင်းပင်၊ စွန်းထောင် လွင့်ထွက်မသွားခင်အထိ သူတို့ သတိမပြုမိလိုက်ပေ။
လျန်မြန်ခြင်း၌ ဖြစ်စေ၊ ခွန်အား၌ ဖြစ်စေ၊ ယဲ့ဖန်၏ တိုက်ခိုက်မှုက ထင်မှတ်မထားလောက်အောင် ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ထားပြီးသား ဖြစ်သည်။
ယဲ့ဖန်သာ စွန်းထောင်ကို သတ်လိုလျင် လက်ရှိ၌ သူ သေနေလောက်သည်။
*မိစ်ဆာ*
*ဒီလူက မိစ်ဆာပဲ*
လုံခွေတို့နှစ်ယောက်လုံး၏ အတွေးထဲသို့ ထိုသို့သော အတွေးမျိုး ပေါ်လာလေသည်။ ထို့အပြင် သူတို့ ဒေါသလည်း ထွက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နောက်ခံကို ပြောထားပြီးသား ဖြစ်သောကြောင့်ပင်။ ထိုသို့ ပြောထားသော်ငြားလည်း ယဲ့ဖန်က စွန်းထောင်ကို တိုက်ခိုက်ရဲသဖြင့် ပေါင်လုံ အဖွဲ့အစည်းကို အရှက်ခွဲလိုက်သလို ဖြစ်နေသည်။ ပေါင်လုံ အဖွဲ့အစည်းကို အထင်သေးခြင်းပင်။
ယဲ့ဖန်ကမူ သူတို့ ဘာတွေတွေးနေသလဲ လုံးဝ ဂရုမစိုက်ပေ။ လက်ရှိတွင် သူက စွန်းထောင်ကို အထင်သေးစွာ ကြည့်၍ အေးတိအေးစက် ပြောလိုက်သည်။
"အခုက နမူနာပဲ ရှိသေးတယ် နောက်တစ်ခါဆို ငါ့အတွေးတွေ ပြောင်းနိုင်တယ်"
မောက်မာ၍ မထီမဲ့မြင် ပြုလွန်းသည်။ သူ့စကားကြောင့် လုံခွေတို့ နှစ်ယောက်လုံး မျက်နှာ မည်းမှောင်သွား၏။
*ဒါ အထင်သေးတာ မဟုတ်ဘူး မလေးစားတာ*
"မင်း .... သေချင်နေတာပဲ"
စွန်းထောင် အလွန် ဒေါသထွက်နေသဖြင့် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။ မျိုးဆက်တစ်ခု၏ ပါရမီဖြစ်သည့် အားလျော်စွာ သူ ယခင်က ဤသို့ တစ်ခါမှ လှောင်ပြောင်မခံခဲ့ရဖူးပါ၊ သူ ချက်ချင်း ဒေါသူပုန် ထလာရသည်။
သူသည် လက်ကိုဆန့်၍ မှော်စာလုံးများ ပြည့်နှက်နေသည့် ရွှေရောင်လှံတံတစ်ချောင်းကို ထုတ်ကာ ယဲ့ဖန်၏ ရင်ဘတ်သို့ အညှာအတာမဲ့စွာ ပစ်လွှတ်လိုက်သည်။
သနားညှာတာခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်လွန်းသည်၊ တစ်ချက်တည်းဖြင့် သတ်ပစ်ရန် ကြံစည်ထားခြင်းပင်။
ဤသည်ကိုမြင်သော်လည်း လုံခွေတို့သည် တားဆီးသော စကားဟူ၍ တစ်ခွန်းမျှ မပြောပေ။ ယဲ့ဖန်၏ အလေးအနက် မထားဟန်က သူတို့ကို ဒေါသထွက်သွားစေသဖြင့် စွန်းထောင်အား ယဲ့ဖန်၏ လက်ရည်ကို စမ်းသပ်ခွင့် ပေးလိုက်သည်။
ဤသည်ကိုမြင်သော် ယဲ့ဖန်သည် နဂါးတစ်ကောင်က ပုရွက်ဆိတ်ကို အထင်သေးသကဲ့ ကြည့်နေပြီး လှောင်ရယ်လိုက်မိသည်။
"မင်း သေချင်တာလား၊ ဒါဆိုလည်း ငါ ဖြည့်ဆည်းပေးရတာပေါ့"
ထို့နောက် သူ၏ ခန္ဓာကိုယ်က မထိရှနိုင်သော ဓားသဖွယ် ဖြစ်လာပြီး အရှိန်အဝါက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး"
တစ်ချိန်တည်းမှာပင် လုံခွေနှင့် သူမအနောက်မှ အမျိုးသားတို့၏ မျက်နှာတွင် ထိတ်လန့်ဟန်များ ပြည့်နှက်လာ၏။ အဘယ်ကြောင့်ဆိုသော် တစ်ခုခု မှားနေသည်ကို သူတို့ သတိပြုမိသွားပြီး အလွန် ကြောက်စရာကောင်းသော တစ်စုံတစ်ခု ဖြစ်ပျက်လာတော့မည်ဟု သူတို့ ခံစားမိသွားသောကြောင့်ပင်။
ရွှေရောင်လှံတံက အရှိန်အဟုန်ဖြင့် လေကိုခွင်း၍ ယဲ့ဖန်၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။
"ဟားဟားဟား ... ဘာကို ယဲ့ဘုရင်လဲ၊ ငါ့လှံချက်အောက်မှာ သူက သေလူပဲလေ၊ မင်းတို့ မြင်လား၊ မင်းတို့ ယဲ့ဘုရင်က ငါ့ရှေ့မှ ခွေးလိုဝက်လို သေသွားပြီကွ"
စွန်းထောင်သည် အလွန် ပျော်ရွှင်နေဟန်ဖြင့် အားပါးတရ ပြုံးရယ်နေ၏။ သူ ဂုဏ်ယူနေလေသည်။
"ကပ္ပတိန်၊ လူအိုကြီးက အသက်ကြီးလာလို့ တွေဝေလာတယ်ထင်တယ်၊ အဲ့ဒါကြောင့် ဒီလိုအမှိုက်ကောင်မျိုးကို သူ သဘောကျတာ၊ ခင်ဗျား မြင်တယ်မလား၊ သူ ကျုပ်လက်ချက်ကြောင့် တစ်ချက်တည်းနဲ့ သေသွားရတာကိုလေ"
စွန်းထောင်က တစ်ဖက်လှည့်၍ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ခေါင်းမော့နေသည်။ သို့သော် လုံခွေတို့နှစ်ယောက်၏ မျက်နှာတွင် ဖော်မပြနိုင်သော သွေးပျက်ဟန်များ ထင်ဟပ်နေပြီး သူ့ထံသို့ ပြိုင်တူ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည်။ ထို့အတူ ပါးစပ်မှလည်း အော်ဟစ်သတိပေးလာ၏။
"ပြေးတော့"
မသိလျင် ကမ္ဘာပျက်ကိန်း ဆိုက်လာသလိုပင်။ နတ်ဆိုးနတ်ဘုရား ပြန်ရောက်လာပြီဟု ထင်မှတ်မှားရသည်။
*ဟမ်*
စွန်းထောင် ထိတ်လန့်သွားပြီး တစ်ခုခုကို သတိပြုမိသွားသည်။ မမြင်ရသော အအေးဓာတ်တစ်ခုက သူ့အား လွှမ်းခြုံလာပြီး တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားမိလာသည်။ ထိုခံစားချက်က သူ့အား နှစ်တစ်သောင်းကြာ တည်ရှိခဲ့သော ရေခဲကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ဖြစ်သွားစေသဖြင့် ခိုက်ခိုက်တုန်သွားရသည်။
သူ နောက်သို့ ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သောအခါ သူ့ဘဝ၌ ကြောက်စရာအကောင်းဆုံးနှင့် အန္တရာယ် အများဆုံးသော မျက်နှာတစ်ခုကို မြင်လိုက်ရတော့သည်။
ထိုမျက်နှာပုံစံကို သူ ပုံမဖော်တတ်တော့ချေ။ စကြဝဠာတစ်ခုလုံး၏ ရက်စက်မှုနှင့် အမုန်းတရားများ ပါဝင်နေသည်ဟု ထင်မှတ်ရပြီး တီဗွီ၌ ပြတတ်သည့် သရဲဇာတ်ကားများထဲမှ သရဲများထက် ပိုကြောက်စရာ ကောင်း၍ ကြမ်းကြုတ်လွန်းသည်။
တစ်ချက် ကြည့်လိုက်မိပြီးသည်နှင့် စွန်းထောင် ကြက်သေ သေသွားပြီး တစ်ကိုယ်လုံး အကြောဆိုင်းသွားသေည်။ သစ်သားရုပ်တုကြီးသဖွယ် နေရာ၌ မလှုပ်မယှက် ရပ်နေမိသည်။
ယဲ့ဖန်၏ ပါးစပ်မှနေ၍ အနက်ရောင် အခိုးအငွေ့များ ထွက်လာပြီး မသိလျင် နတ်ဆိုးတစ်ကောင် အသက်ရှူ ထုတ်လိုက်ပုံနှင့်ပင် တူနေလေ၏။
အနက်ရောင် အခိုးအငွေ့က စွန်းထောင်၏ ပါးနှင့် ထိတွေ့သွားသောအခါ အရိုးကွဲမတတ် အေးစိမ့်သွားရသည်။ ထို့နောက် သူ့မျက်နှာ၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံး ကွဲကြေသွားသော ကြွေထည်ကဲ့သို့ တစ်စစီ ဖြစ်လုနီးပါး ဖြစ်လာရသည်။
ဤသည်ကိုမြင်သောအခါ လုံခွေတောင်မှ မနေနိုင်ဘဲ သွေးပျက်သွားရသည်။
*အသက်ရှူသံနဲ့တင် လူသတ်နိုင်တာလား*
*ဒါ ဘာနည်းကြီးလဲ*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ထိတ်လန့်စရာပဲ*
*မယုံနိုင်လောက်အောင် ထိတ်လန့်စရာ ကောင်းလွန်းတယ်*
*ဒါကို ဘယ်လိုခေါ်တာလဲ*
လုံခွေ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးက ဆက်တိုက် တုန်ယင် နေ၏။
*ထူးဆန်းလိုက်တာ*
*ဒီလူက ဘာကြီးလဲ*
ထိုအခိုက်တွင် ယဲ့ဖန်က သွားတန်းများပေါ်အောင် ပြုံးလိုက်သည်။ ထိုအပြုံးကို စွန်းထောင်က သားရဲ၏ အစွယ်များဟု မြင်ယောင်နေ၏။ ထို့အတူ ခက်ထန်သော အသံတစ်သံလည်း ထွက်ပေါ်လာသည်။
"ကောင်းလိုက်တဲ့ လှံရေး"
ထိုစကားလုံး၌ သတ်ဖြတ်ချင်စိတ်နှင့် မထီမဲ့မြင်သဘောများ ပြည့်နှက်နေသည်။
"မင်း ..."
စွန်းထောင်သည် အမြီးတက်နင်းခံရသော ကြောင်တစ်ကောင်နှင့် တူနေပြီး မျက်ခုံး တဆတ်ဆတ် လှုပ်က မျက်နှာ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်လာသည်။ တစ်ခဏကြာသော် သူ ရုတ်တရက် သတိဝင်လာပြီး ထွက်ပြေးရန် ပြင်လေသည်။ သူ အမှားကြီးတစ်ခု လုပ်လိုက်မိကြောင်း သတိပြုလိုက်မိသည်။ ထိုအမှားမှာ ဤမိစ္ဆာကောင်ကို တိုက်ခိုက်မိခြင်း ဖြစ်ပေသည်။
*ဒါ လုံးဝ သေတွင်းတူးမိတာပဲ*
*ဒီကောင်က လူမဟုတ်ဘူး*
သူ ထွက်ပြေးလိုက်သည့်အခိုက်မှာပင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ လက်ကြီးနှစ်ဖက်က သူ့ခါးကို ရုတ်တရက် လှမ်းချုပ်လာလေသည်။
"ငါ့အလှည့်"
အေးစက်သော စကားသံကို ကြားလိုက်ရသောအခါ စွန်းထောင်သည် မိမိခေါင်းထက်မှနေ၍ ရေအေးတစ်ခွက် လောင်းချလိုက်သလို ခံစားလိုက်ရလေသည်။
"ရပ်လိုက်"
"ယဲ့ဘုရင် မင်း လုပ်ရဲလား"
လုံခွေတို့ နှစ်ယောက်လုံး စိုးရိမ်တကြီးဖြင့် ပြိုင်တူပြေးဝင်လာသည်။ သို့သော် ယဲ့ဖန်က ခနဲ့သံပေး၍ ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
"ဂျွတ်"
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ယဲ့ဖန်ကြောင့် လက်မောင်းနှစ်ဖက် ပြတ်ထွက်ပြီး သွေးများ ပန်းထွက် လာလေသည်။
"အား..."
ထို့အတူ ကြောက်လန့်တကြားနှင့် ငယ်သံပါအောင် အော်ဟစ်လိုက်သော အသံတစ်သံသည်လည်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ စွန်းထောင်၏ မျက်နှာ ရှုံ့မဲ့နေပြီး နာကျင်စွာ ဟစ်အော်နေမိသည်။
ပြင်းထန်လှသည့် ဒဏ်ရာကြောင့် သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်နေပြီး မျက်နှာပျက်ကာ ဘဝက သေသည်ထက် ဆိုးနေ၏။ ဤနတ်ဆိုး၏ ကြောက်စရာကောင်းပုံကို စွန်းထောင် သေချာနားလည် သွားလေတော့သည်။
ယဲ့ဖန်က လက်ပြတ်နှစ်ခုကို မြေကြီးပေါ် သာမန်ကာလျှံကာ လွှင့်ပစ်လိုက်ပြီး မချိုမချဉ်အပြုံးဖြင့် သူ့ရင်ဘတ်၌ ထိုးစိုက်နေသည့် ရွှေရောင်လှံတံကို ဆွဲထုတ်လိုက်သည်။
ဖြည်းဖြည်းချင်းစီ ဆွဲထုတ်သော်လည်း သွေးတစ်စက်မှ ထွက်မလာချေ။ လှံရှည်က သူ့ကိုယ်ကို အစကတည်းက မထိုးဖောက်ခဲ့သလိုပင်။ ဤမြင်ကွင်းကြောင့် စွန်းထောင် လိပ်ပြာလွင့်မတတ် ဖြစ်သွားရသည်။
ယခု ယဲ့ဖန်နှင့် ရင်ဆိုင်ရချိန်တွင် သူ့၌ ယခင်ကဲ့သို့ အထက်စီးဆန်၍ မောက်မာဟန်များ မရှိတော့ပေ။ လက်နှစ်ဖက်လုံး ဆွဲဖြုတ်ခံလိုက်ရပြီးနောက် သူ့စိတ်ထဲ၌ ကြောက်စိတ်နှင့် နောင်တရစိတ်တို့သာ ရှိနေ တော့သည်။
ယဲ့ဖန်က စွန်းထောင်၏ လှံရှည်နှင့်အတူ သူ့ထံ လှမ်းလာသည်။ သူ့အပြုံးက ပိုမို၍ အေးစက်ခက်ထန်လာ၏။ စွန်းထောင် ခေါင်းမွေးထောင်သွားပြီး ထွက်ပြေးရန်ပင် မေ့နေကာ နေရာ၌ ရပ်နေမိသည်။
*ငါ မစခဲ့သင့်ဘူး၊ ငါ ဒီကိစ္စကို စမလုပ်ခဲ့သင့်ဘူး*
*ဒီကောင်က လုံးဝကို မိစ္ဆာကောင်ပဲ*
"ငါ့ပေါင်လုံအဖွဲ့အစည်းကို စော်ကားမှတော့ မင်း သေသင့်တယ်"
ယဲ့ဖန်၏ အနောက်မှ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ နောက်လူတစ်ယောက်က တိုက်ခိုက်လာသည်။ သူသည် နှစ်ဖက်ချွန် တူကြီးနှစ်လက်ကို ကိုင်ဆောင်ထားသည်။ ၎င်းတို့ကို ဘယ်အရာဖြင့် ပြုလုပ်ထားမှန်း မသိသော်လည်း အရောင် တလက်လက် တောက်ပနေ၏။
ထိုတူနှစ်လက်ဖြင့် ယဲ့ဖန်၏ ကျောပြင်ကို ဒေါသတကြီး ထုချလေသည်။ ယဲ့ဖန်က ရုတ်တရက် နောက်လှည့်လာပြီး ထိုလူကို ကြည့်လေသည်။ ထိုလူသည် အလွန် ကြောက်စရာကောင်း၍ ရက်စက်သော မျက်နှာတစ်ခုကို မြင်လိုက် ရလေသည်။
ထို့နောက် သူ နောင်တရလာ၏။ ထိုမျက်နှာတစ်ခုတည်းနှင့်တင် သူ့အား ညတိုင်း အိပ်မက်ဆိုးမက်အောင် လုပ်နိုင်သည်အထိ ကြောက်လန့်သွားစေသည်။ သို့သော် ယခုမှ နောက်ဆုတ်လျင်လည်း မမှီတော့ချေ။
လေးလံသော တူများက ယဲ့ဖန်၏ နဖူးပေါ်သို့ အရှိန်ဖြင့် ကျရောက်လာသည်။ မြို့ခွင်း ခို့ကျန်းဟွိုက်ဟူသော နာမည်ကို သူ အလကားသက်သက် ရလာခြင်း မဟုတ်ပါ။
"ရွှစ်"
သို့သော် ထိုအခိုက်တွင် ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဲ့ဖန်၏ လက်ထဲမှ ရွှေရောင်လှံတံသည် အသက်ဝင်လာပုံရပြီး နဂါးတစ်ကောင်ကဲ့သို့ ရှေ့နောက် လှုပ်ရှားလာပြီးနောက် ကျဆင်းလာသည့် တူကြီး နှစ်လက်ကို ဝင်တိုက်လေသည်။
"ဝုန်း"
နှစ်သောင်းချီ သက်တမ်းရှိသည့် မီးသံတို့ဖြင့် ပြုလုပ်ထားသည်ဟု ဆိုခဲ့ဖူးသော တူကြီးနှစ်လက်သည် ချက်ချင်း ပျက်စီးသွားသည်။
အဆိုပါမြင်ကွင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ခို့ကျန်းဟွိုက်သည် လက်ထဲမှ တူလက်ကိုင် နှစ်ခုကို ငေးကြည့်ပြီး နားဝေတိမ်တောင် ဖြစ်နေ၏။ လုံခွေနှင့် စွန်းထောင်တို့လည်း ကြက်သေ သေနေကြသည်။
*မြို့တံခါးကိုတောင် အလွယ်လေး ဖျက်ဆီးနိုင်တဲ့ တူကြီးနှစ်လက်က ယဲ့ဖန်ရဲ့ တိုက်ခိုက်မှုကြောင့် ချက်ချင်း ပျကစီးသွားတာလား*
*စွန်းထောင်ရဲ့ ရွှေရောင်လှံတံကို သုံးပြီးတော့လေ*
သူ၏ လှံတံက တစ်မူထူးခြားမှန်း စွန်းထောင် သိပါ၏။ သို့သော် ခို့ကျန်းဟွိုက်၏ တူကြီးနှင့်ယှဉ်လျင် အနည်းငယ် နိမ့်ကျသည်။ သို့သော်ငြားလည်း လှံတံကြောင့် နှစ်ဖက်ချွန် တူကြီးနှစ်လက်က တစ်စစီ ဖြစ်သွားသည်တဲ့လား။
သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု တွေးမိပြီး မျက်လုံးကို ကြမ်းကြမ်းတမ်းတမ်း ပွတ်လိုက်မိသည်။ ထို့နောက် သုံးယောက်လုံး ကျောချမ်းသွားလေသည်။
လူနှစ်ယောက်ဆက်တိုက် တိုက်ခိုက်ပါသော်လည်း ရလဒ်နှစ်ခုလုံးက ဆိုးဆိုးရွားရွား ရှုံးနိမ့်ခြင်းနှင့်သာ အဆုံးသတ် သွားသည်။ စစ်နတ်သမီး လုံခွေပါ ထပ်တိုက်မည်ဆိုလျင် ... နိုင်နိုင်ချေ မရှိလောက်သေးပေ။
သုံးယောက်သား ငိုချင်စိတ် ပေါက်လာပြီး ဘာကြောင့် ဤလူကို မိစ္ဆာဟု ခေါ်သလဲဆိုတာကို နားလည် သွားကြသည်။
"သေချင်နေတာ ငါ မဟုတ်ဘူး၊ မင်း"
ယဲ့ဖန် အသာပြုံးလိုက်ပြီး လက်ကိုမြှောက်၍ အသာဝှေ့ယမ်းလိုက်သည်။
"ဖြောင်း"
ခို့ကျန်းဟွိုက် အရိုက်ခံလိုက်ရပြီး လွင့်ထွက်သွားလေသည်။ ပြင်းထန်လှသော ဝေဒနာက အရိုးကျိုးမတတ်ပင်။ သူ၏ နံရိုး နှစ်ဆယ့်ခြောက်ချောင်းလုံး အကောင်းပတိ မရှိတော့ကြောင်း ခို့ကျန်းဟွိုက် ခံစားမိနေ၏။
သူ၏ သန်မာသော ခန္ဓာကိုယ်နှင့် ချွန်းယန်အဆင့် ရောက်နေခြင်းကြောင့်သာ မဟုတ်ပါက ဤရိုက်ချက်က သူ့အား အခါတစ်ထောင်မက သေအောင် လုပ်နိုင်လောက်သည်။
ဤသည်က ပါရမီရှင်ဖြစ်သော သူ၏ မာန်မာနကို နင်းခြေဖျက်စီးခံလိုက်သလို ဖြစ်သွားစေသည်။ ဤမိစ္ဆာကောင်နှင့် ယှဉ်လျင် သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်ဟု ဘယ်လိုလုပ် ခေါ်ရဲပါတော့မည်နည်း။
ယခင်က စွန်းထောင်နှင့် ခို့ကျန်းဟွိုက်တို့၌ အထင်သေးသော မျက်နှာပေးများ ရှိခဲ့သော်လည်း ယခုအခါ၌ သူတို့ စိတ်ဓာတ်ကျ နေကြသည်။
တစ်ကွက်တည်းနှင့် ရှုံးနိမ့်ခြင်းသည် သူတို့ ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးသော အရာဖြစ်သည်။ ထို့ကြောင့် သူတို့ စိတ်ရောကိုယ်ပါ ချုံးချုံးကျနေ၏။
ယဲ့ဖန်က သူတို့အား ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ယူခဲ့ရုံသာမက သူတို့၏ တိုက်ခိုက်လိုစိတ်များကိုလည်း နင်းချေသွား လေသည်။ ဤသို့သော အရှက်ကွဲခြင်းမျိုးက သူတို့အတွက် သေခြင်းထက်ပင် ဆိုးရွားနေသေးသည်။
"ယဲ့ဖန် ငါတို့ ဒီခရီးမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး"
လုံခွေက နောက်ထပ် မတော်တဆမှုဖြစ်မည်ကို စိုးရွံ့သောကြောင့် အလျင်အမြန် ပြောလိုက်သည်။ ထို့အတူ ယဲ့ဖန်ကို ကြည့်နေသော အကြည့်၌ သွေးပျက်ဟန်များ ပြည့်နှက်နေသည်။
*ဒီလူက တော်တော် ကြောက်စရာကောင်းတာပဲ*
"ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိဘူး ဟုတ်လား၊ ငါ့ခေါင်းနဲ့ မြေကြီး ထိတဲ့အထိ စောင့်နေတာကို မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ခေါ်တာလား"
ယဲ့ဖန် ခနဲ့လိုက်ပြီးနောက် ခက်ထန်ရက်စက်သော အကြည့်များဖြင့် သူတို့သုံးယောက်ကို ဝေ့ကြည့်လိုက်သည်။
"ဒါဆိုလည်း ငါက အဆုံးအထိ မကောင်းတဲ့စိတ် ရှိရတာပေါ့"
#Zawgyi
စာစဥ္ 83 Chapter 1232 အဆုံးအထိ မေကာင္းတဲ့စိတ္ ရွိရတာေပါ့
ယဲ့ဖန္က စြန္းေထာင္ကို တစ္ခ်က္တည္းျဖင့္ ဒဏ္ရာရေအာင္ လုပ္ႏိုင္လိမ့္မည္ဟု သူတို႔ လုံးဝ ေမွ်ာ္လင့္
မထားမိပါ။ ဤသည္မွာ မယုံႏိုင္စရာေကာင္းလြန္းလွသည္။
စြန္းေထာင္သည္ ခြၽန္းယန္အဆင့္ ဘုရင္တစ္ပါး ျဖစ္သည္။ ထို႔အတူ သူသည္ ေရွးေခတ္ ေတာ္ဝင္မိသားစု၏ မ်ိဳးဆက္တစ္ေယာက္ ျဖစ္ေသာေၾကာင့္ သူ၏ ခႏၶာကိုယ္က တစ္မူထူးျခားစြာ ႀကံ့ခိုင္ေပ၏။ သူတို႔မ်ိဳးႏြယ္သည္ ေရွးေခတ္ကတည္းက နတ္ဘုရားႏွင့္ ႏႈိင္းယွဥ္ခံရၿပီး ယခုမ်ိဳးဆက္မ်ားအထိ ေနာက္ေကာက္က်က်န္ခဲ့ျခင္း မရွိေပ။
သို႔ေသာ္ ဤသို႔ေသာလူက ယဲ့ဖန္၏ ျပင္းထန္စြာ ႐ိုက္ႏွက္ျခင္း ခံလိုက္ရသည္။ အထူးျခားဆုံးမွာ သူတို႔၌ တုံျပန္ခ်ိန္ မရွိလိုက္ျခင္းပင္၊ စြန္းေထာင္ လြင့္ထြက္မသြားခင္အထိ သူတို႔ သတိမျပဳမိလိုက္ေပ။
လ်န္ျမန္ျခင္း၌ ျဖစ္ေစ၊ ခြန္အား၌ ျဖစ္ေစ၊ ယဲ့ဖန္၏ တိုက္ခိုက္မႈက ထင္မွတ္မထားေလာက္ေအာင္ ေၾကာက္စရာေကာင္းသည့္ အဆင့္သို႔ ေရာက္ထားၿပီးသား ျဖစ္သည္။
ယဲ့ဖန္သာ စြန္းေထာင္ကို သတ္လိုလ်င္ လက္ရွိ၌ သူ ေသေနေလာက္သည္။
*မိစ္ဆာ*
*ဒီလူက မိစ္ဆာပဲ*
လုံေခြတို႔ႏွစ္ေယာက္လုံး၏ အေတြးထဲသို႔ ထိုသို႔ေသာ အေတြးမ်ိဳး ေပၚလာေလသည္။ ထို႔အျပင္ သူတို႔ ေဒါသလည္း ထြက္မိသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔၏ ေနာက္ခံကို ေျပာထားၿပီးသား ျဖစ္ေသာေၾကာင့္ပင္။ ထိုသို႔ ေျပာထားေသာ္ျငားလည္း ယဲ့ဖန္က စြန္းေထာင္ကို တိုက္ခိုက္ရဲသျဖင့္ ေပါင္လုံ အဖြဲ႕အစည္းကို အရွက္ခြဲလိုက္သလို ျဖစ္ေနသည္။ ေပါင္လုံ အဖြဲ႕အစည္းကို အထင္ေသးျခင္းပင္။
ယဲ့ဖန္ကမူ သူတို႔ ဘာေတြေတြးေနသလဲ လုံးဝ ဂ႐ုမစိုက္ေပ။ လက္ရွိတြင္ သူက စြန္းေထာင္ကို အထင္ေသးစြာ ၾကည့္၍ ေအးတိေအးစက္ ေျပာလိုက္သည္။
"အခုက နမူနာပဲ ရွိေသးတယ္ ေနာက္တစ္ခါဆို ငါ့အေတြးေတြ ေျပာင္းႏိုင္တယ္"
ေမာက္မာ၍ မထီမဲ့ျမင္ ျပဳလြန္းသည္။ သူ႔စကားေၾကာင့္ လုံေခြတို႔ ႏွစ္ေယာက္လုံး မ်က္ႏွာ မည္းေမွာင္သြား၏။
*ဒါ အထင္ေသးတာ မဟုတ္ဘူး မေလးစားတာ*
"မင္း .... ေသခ်င္ေနတာပဲ"
စြန္းေထာင္ အလြန္ ေဒါသထြက္ေနသျဖင့္ အဆုတ္ကြဲမတတ္ ေအာ္ဟစ္လိုက္သည္။ မ်ိဳးဆက္တစ္ခု၏ ပါရမီျဖစ္သည့္ အားေလ်ာ္စြာ သူ ယခင္က ဤသို႔ တစ္ခါမွ ေလွာင္ေျပာင္မခံခဲ့ရဖူးပါ၊ သူ ခ်က္ခ်င္း ေဒါသူပုန္ ထလာရသည္။
သူသည္ လက္ကိုဆန႔္၍ ေမွာ္စာလုံးမ်ား ျပည့္ႏွက္ေနသည့္ ေ႐ႊေရာင္လွံတံတစ္ေခ်ာင္းကို ထုတ္ကာ ယဲ့ဖန္၏ ရင္ဘတ္သို႔ အညႇာအတာမဲ့စြာ ပစ္လႊတ္လိုက္သည္။
သနားညႇာတာျခင္းမရွိဘဲ ရက္စက္ၾကမ္းၾကဳတ္လြန္းသည္၊ တစ္ခ်က္တည္းျဖင့္ သတ္ပစ္ရန္ ႀကံစည္ထားျခင္းပင္။
ဤသည္ကိုျမင္ေသာ္လည္း လုံေခြတို႔သည္ တားဆီးေသာ စကားဟူ၍ တစ္ခြန္းမွ် မေျပာေပ။ ယဲ့ဖန္၏ အေလးအနက္ မထားဟန္က သူတို႔ကို ေဒါသထြက္သြားေစသျဖင့္ စြန္းေထာင္အား ယဲ့ဖန္၏ လက္ရည္ကို စမ္းသပ္ခြင့္ ေပးလိုက္သည္။
ဤသည္ကိုျမင္ေသာ္ ယဲ့ဖန္သည္ နဂါးတစ္ေကာင္က ပု႐ြက္ဆိတ္ကို အထင္ေသးသကဲ့ ၾကည့္ေနၿပီး ေလွာင္ရယ္လိုက္မိသည္။
"မင္း ေသခ်င္တာလား၊ ဒါဆိုလည္း ငါ ျဖည့္ဆည္းေပးရတာေပါ့"
ထို႔ေနာက္ သူ၏ ခႏၶာကိုယ္က မထိရွႏိုင္ေသာ ဓားသဖြယ္ ျဖစ္လာၿပီး အရွိန္အဝါက တစ္ဟုန္ထိုး ထြက္ေပၚလာသည္။
"မေကာင္းေတာ့ဘူး"
တစ္ခ်ိန္တည္းမွာပင္ လုံေခြႏွင့္ သူမအေနာက္မွ အမ်ိဳးသားတို႔၏ မ်က္ႏွာတြင္ ထိတ္လန႔္ဟန္မ်ား ျပည့္ႏွက္လာ၏။ အဘယ္ေၾကာင့္ဆိုေသာ္ တစ္ခုခု မွားေနသည္ကို သူတို႔ သတိျပဳမိသြားၿပီး အလြန္ ေၾကာက္စရာေကာင္းေသာ တစ္စုံတစ္ခု ျဖစ္ပ်က္လာေတာ့မည္ဟု သူတို႔ ခံစားမိသြားေသာေၾကာင့္ပင္။
ေ႐ႊေရာင္လွံတံက အရွိန္အဟုန္ျဖင့္ ေလကိုခြင္း၍ ယဲ့ဖန္၏ ရင္ဘတ္ကို ထိုးေဖာက္သြားသည္။
"ဟားဟားဟား ... ဘာကို ယဲ့ဘုရင္လဲ၊ ငါ့လွံခ်က္ေအာက္မွာ သူက ေသလူပဲေလ၊ မင္းတို႔ ျမင္လား၊ မင္းတို႔ ယဲ့ဘုရင္က ငါ့ေရွ႕မွ ေခြးလိုဝက္လို ေသသြားၿပီကြ"
စြန္းေထာင္သည္ အလြန္ ေပ်ာ္႐ႊင္ေနဟန္ျဖင့္ အားပါးတရ ၿပဳံးရယ္ေန၏။ သူ ဂုဏ္ယူေနေလသည္။
"ကပၸတိန္၊ လူအိုႀကီးက အသက္ႀကီးလာလို႔ ေတြေဝလာတယ္ထင္တယ္၊ အဲ့ဒါေၾကာင့္ ဒီလိုအမႈိက္ေကာင္မ်ိဳးကို သူ သေဘာက်တာ၊ ခင္ဗ်ား ျမင္တယ္မလား၊ သူ က်ဳပ္လက္ခ်က္ေၾကာင့္ တစ္ခ်က္တည္းနဲ႔ ေသသြားရတာကိုေလ"
စြန္းေထာင္က တစ္ဖက္လွည့္၍ ဂုဏ္ယူဝင့္ႂကြားဟန္ျဖင့္ ေခါင္းေမာ့ေနသည္။ သို႔ေသာ္ လုံေခြတို႔ႏွစ္ေယာက္၏ မ်က္ႏွာတြင္ ေဖာ္မျပႏိုင္ေသာ ေသြးပ်က္ဟန္မ်ား ထင္ဟပ္ေနၿပီး သူ႔ထံသို႔ ၿပိဳင္တူ ေျပးဝင္လာေနသည္ကို ေတြ႕လိုက္ရသည္။ ထို႔အတူ ပါးစပ္မွလည္း ေအာ္ဟစ္သတိေပးလာ၏။
"ေျပးေတာ့"
မသိလ်င္ ကမာၻပ်က္ကိန္း ဆိုက္လာသလိုပင္။ နတ္ဆိုးနတ္ဘုရား ျပန္ေရာက္လာၿပီဟု ထင္မွတ္မွားရသည္။
*ဟမ္*
စြန္းေထာင္ ထိတ္လန႔္သြားၿပီး တစ္ခုခုကို သတိျပဳမိသြားသည္။ မျမင္ရေသာ အေအးဓာတ္တစ္ခုက သူ႔အား လႊမ္းၿခဳံလာၿပီး တစ္ကိုယ္လုံး ေအးစက္သြားသလို ခံစားမိလာသည္။ ထိုခံစားခ်က္က သူ႔အား ႏွစ္တစ္ေသာင္းၾကာ တည္ရွိခဲ့ေသာ ေရခဲကန္ထဲသို႔ ျပဳတ္က်သြားသကဲ့သို႔ ျဖစ္သြားေစသျဖင့္ ခိုက္ခိုက္တုန္သြားရသည္။
သူ ေနာက္သို႔ ခက္ခက္ခဲခဲ လွည့္ၾကည့္လိုက္ေသာအခါ သူ႔ဘဝ၌ ေၾကာက္စရာအေကာင္းဆုံးႏွင့္ အႏၲရာယ္ အမ်ားဆုံးေသာ မ်က္ႏွာတစ္ခုကို ျမင္လိုက္ရေတာ့သည္။
ထိုမ်က္ႏွာပုံစံကို သူ ပုံမေဖာ္တတ္ေတာ့ေခ်။ စၾကဝဠာတစ္ခုလုံး၏ ရက္စက္မႈႏွင့္ အမုန္းတရားမ်ား ပါဝင္ေနသည္ဟု ထင္မွတ္ရၿပီး တီဗြီ၌ ျပတတ္သည့္ သရဲဇာတ္ကားမ်ားထဲမွ သရဲမ်ားထက္ ပိုေၾကာက္စရာ ေကာင္း၍ ၾကမ္းၾကဳတ္လြန္းသည္။
တစ္ခ်က္ ၾကည့္လိုက္မိၿပီးသည္ႏွင့္ စြန္းေထာင္ ၾကက္ေသ ေသသြားၿပီး တစ္ကိုယ္လုံး အေၾကာဆိုင္းသြားေသည္။ သစ္သား႐ုပ္တုႀကီးသဖြယ္ ေနရာ၌ မလႈပ္မယွက္ ရပ္ေနမိသည္။
ယဲ့ဖန္၏ ပါးစပ္မွေန၍ အနက္ေရာင္ အခိုးအေငြ႕မ်ား ထြက္လာၿပီး မသိလ်င္ နတ္ဆိုးတစ္ေကာင္ အသက္ရွဴ ထုတ္လိုက္ပုံႏွင့္ပင္ တူေနေလ၏။
အနက္ေရာင္ အခိုးအေငြ႕က စြန္းေထာင္၏ ပါးႏွင့္ ထိေတြ႕သြားေသာအခါ အ႐ိုးကြဲမတတ္ ေအးစိမ့္သြားရသည္။ ထို႔ေနာက္ သူ႔မ်က္ႏွာ၌ ပင့္ကူမွ်င္ကဲ့သို႔ အက္ရာမ်ား ေပၚလာၿပီး ခႏၶာကိုယ္ တစ္ခုလုံး ကြဲေၾကသြားေသာ ေႂကြထည္ကဲ့သို႔ တစ္စစီ ျဖစ္လုနီးပါး ျဖစ္လာရသည္။
ဤသည္ကိုျမင္ေသာအခါ လုံေခြေတာင္မွ မေနႏိုင္ဘဲ ေသြးပ်က္သြားရသည္။
*အသက္ရွဴသံနဲ႔တင္ လူသတ္ႏိုင္တာလား*
*ဒါ ဘာနည္းႀကီးလဲ*
*ဒါ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ*
*ထိတ္လန႔္စရာပဲ*
*မယုံႏိုင္ေလာက္ေအာင္ ထိတ္လန႔္စရာ ေကာင္းလြန္းတယ္*
*ဒါကို ဘယ္လိုေခၚတာလဲ*
လုံေခြ တစ္ကိုယ္လုံး ၾကက္သီးေမြးညင္း ထလာၿပီး သူမ၏ ႏူးညံ့ေသာ ခႏၶာကိုယ္ေလးက ဆက္တိုက္ တုန္ယင္ ေန၏။
*ထူးဆန္းလိုက္တာ*
*ဒီလူက ဘာႀကီးလဲ*
ထိုအခိုက္တြင္ ယဲ့ဖန္က သြားတန္းမ်ားေပၚေအာင္ ၿပဳံးလိုက္သည္။ ထိုအၿပဳံးကို စြန္းေထာင္က သားရဲ၏ အစြယ္မ်ားဟု ျမင္ေယာင္ေန၏။ ထို႔အတူ ခက္ထန္ေသာ အသံတစ္သံလည္း ထြက္ေပၚလာသည္။
"ေကာင္းလိုက္တဲ့ လွံေရး"
ထိုစကားလုံး၌ သတ္ျဖတ္ခ်င္စိတ္ႏွင့္ မထီမဲ့ျမင္သေဘာမ်ား ျပည့္ႏွက္ေနသည္။
"မင္း ..."
စြန္းေထာင္သည္ အၿမီးတက္နင္းခံရေသာ ေၾကာင္တစ္ေကာင္ႏွင့္ တူေနၿပီး မ်က္ခုံး တဆတ္ဆတ္ လႈပ္က မ်က္ႏွာ၌ ေၾကာက္စိတ္မ်ားျဖင့္ ျပည့္ႏွက္လာသည္။ တစ္ခဏၾကာေသာ္ သူ ႐ုတ္တရက္ သတိဝင္လာၿပီး ထြက္ေျပးရန္ ျပင္ေလသည္။ သူ အမွားႀကီးတစ္ခု လုပ္လိုက္မိေၾကာင္း သတိျပဳလိုက္မိသည္။ ထိုအမွားမွာ ဤမိစာၦေကာင္ကို တိုက္ခိုက္မိျခင္း ျဖစ္ေပသည္။
*ဒါ လုံးဝ ေသတြင္းတူးမိတာပဲ*
*ဒီေကာင္က လူမဟုတ္ဘူး*
သူ ထြက္ေျပးလိုက္သည့္အခိုက္မွာပင္ ေျပာင္းလဲမႈတစ္ခု ျဖစ္ေပၚလာ၏။ လက္ႀကီးႏွစ္ဖက္က သူ႔ခါးကို ႐ုတ္တရက္ လွမ္းခ်ဳပ္လာေလသည္။
"ငါ့အလွည့္"
ေအးစက္ေသာ စကားသံကို ၾကားလိုက္ရေသာအခါ စြန္းေထာင္သည္ မိမိေခါင္းထက္မွေန၍ ေရေအးတစ္ခြက္ ေလာင္းခ်လိုက္သလို ခံစားလိုက္ရေလသည္။
"ရပ္လိုက္"
"ယဲ့ဘုရင္ မင္း လုပ္ရဲလား"
လုံေခြတို႔ ႏွစ္ေယာက္လုံး စိုးရိမ္တႀကီးျဖင့္ ၿပိဳင္တူေျပးဝင္လာသည္။ သို႔ေသာ္ ယဲ့ဖန္က ခနဲ႔သံေပး၍ ရက္စက္ေသာ အၿပဳံးမ်ိဳး ၿပဳံးလိုက္သည္။
"ဂြၽတ္"
က်ယ္ေလာင္ေသာ အသံတစ္သံႏွင့္အတူ ယဲ့ဖန္ေၾကာင့္ လက္ေမာင္းႏွစ္ဖက္ ျပတ္ထြက္ၿပီး ေသြးမ်ား ပန္းထြက္ လာေလသည္။
"အား..."
ထို႔အတူ ေၾကာက္လန႔္တၾကားႏွင့္ ငယ္သံပါေအာင္ ေအာ္ဟစ္လိုက္ေသာ အသံတစ္သံသည္လည္း ပဲ့တင္ထပ္ကာ ထြက္ေပၚလာ၏။ စြန္းေထာင္၏ မ်က္ႏွာ ရႈံ႕မဲ့ေနၿပီး နာက်င္စြာ ဟစ္ေအာ္ေနမိသည္။
ျပင္းထန္လွသည့္ ဒဏ္ရာေၾကာင့္ သူ႔တစ္ကိုယ္လုံး အျပင္းအထန္ တုန္ယင္ေနၿပီး မ်က္ႏွာပ်က္ကာ ဘဝက ေသသည္ထက္ ဆိုးေန၏။ ဤနတ္ဆိုး၏ ေၾကာက္စရာေကာင္းပုံကို စြန္းေထာင္ ေသခ်ာနားလည္ သြားေလေတာ့သည္။
ယဲ့ဖန္က လက္ျပတ္ႏွစ္ခုကို ေျမႀကီးေပၚ သာမန္ကာလွ်ံကာ လႊင့္ပစ္လိုက္ၿပီး မခ်ိဳမခ်ဥ္အၿပဳံးျဖင့္ သူ႔ရင္ဘတ္၌ ထိုးစိုက္ေနသည့္ ေ႐ႊေရာင္လွံတံကို ဆြဲထုတ္လိုက္သည္။
ျဖည္းျဖည္းခ်င္းစီ ဆြဲထုတ္ေသာ္လည္း ေသြးတစ္စက္မွ ထြက္မလာေခ်။ လွံရွည္က သူ႔ကိုယ္ကို အစကတည္းက မထိုးေဖာက္ခဲ့သလိုပင္။ ဤျမင္ကြင္းေၾကာင့္ စြန္းေထာင္ လိပ္ျပာလြင့္မတတ္ ျဖစ္သြားရသည္။
ယခု ယဲ့ဖန္ႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ သူ႔၌ ယခင္ကဲ့သို႔ အထက္စီးဆန္၍ ေမာက္မာဟန္မ်ား မရွိေတာ့ေပ။ လက္ႏွစ္ဖက္လုံး ဆြဲျဖဳတ္ခံလိုက္ရၿပီးေနာက္ သူ႔စိတ္ထဲ၌ ေၾကာက္စိတ္ႏွင့္ ေနာင္တရစိတ္တို႔သာ ရွိေန ေတာ့သည္။
ယဲ့ဖန္က စြန္းေထာင္၏ လွံရွည္ႏွင့္အတူ သူ႔ထံ လွမ္းလာသည္။ သူ႔အၿပဳံးက ပိုမို၍ ေအးစက္ခက္ထန္လာ၏။ စြန္းေထာင္ ေခါင္းေမြးေထာင္သြားၿပီး ထြက္ေျပးရန္ပင္ ေမ့ေနကာ ေနရာ၌ ရပ္ေနမိသည္။
*ငါ မစခဲ့သင့္ဘူး၊ ငါ ဒီကိစၥကို စမလုပ္ခဲ့သင့္ဘူး*
*ဒီေကာင္က လုံးဝကို မိစာၦေကာင္ပဲ*
"ငါ့ေပါင္လုံအဖြဲ႕အစည္းကို ေစာ္ကားမွေတာ့ မင္း ေသသင့္တယ္"
ယဲ့ဖန္၏ အေနာက္မွ ေဒါသတႀကီး ေအာ္ဟစ္သံႏွင့္အတူ ေနာက္လူတစ္ေယာက္က တိုက္ခိုက္လာသည္။ သူသည္ ႏွစ္ဖက္ခြၽန္ တူႀကီးႏွစ္လက္ကို ကိုင္ေဆာင္ထားသည္။ ၎တို႔ကို ဘယ္အရာျဖင့္ ျပဳလုပ္ထားမွန္း မသိေသာ္လည္း အေရာင္ တလက္လက္ ေတာက္ပေန၏။
ထိုတူႏွစ္လက္ျဖင့္ ယဲ့ဖန္၏ ေက်ာျပင္ကို ေဒါသတႀကီး ထုခ်ေလသည္။ ယဲ့ဖန္က ႐ုတ္တရက္ ေနာက္လွည့္လာၿပီး ထိုလူကို ၾကည့္ေလသည္။ ထိုလူသည္ အလြန္ ေၾကာက္စရာေကာင္း၍ ရက္စက္ေသာ မ်က္ႏွာတစ္ခုကို ျမင္လိုက္ ရေလသည္။
ထို႔ေနာက္ သူ ေနာင္တရလာ၏။ ထိုမ်က္ႏွာတစ္ခုတည္းႏွင့္တင္ သူ႔အား ညတိုင္း အိပ္မက္ဆိုးမက္ေအာင္ လုပ္ႏိုင္သည္အထိ ေၾကာက္လန႔္သြားေစသည္။ သို႔ေသာ္ ယခုမွ ေနာက္ဆုတ္လ်င္လည္း မမွီေတာ့ေခ်။
ေလးလံေသာ တူမ်ားက ယဲ့ဖန္၏ နဖူးေပၚသို႔ အရွိန္ျဖင့္ က်ေရာက္လာသည္။ ၿမိဳ႕ခြင္း ခို႔က်န္းဟြိဳက္ဟူေသာ နာမည္ကို သူ အလကားသက္သက္ ရလာျခင္း မဟုတ္ပါ။
"႐ႊစ္"
သို႔ေသာ္ ထိုအခိုက္တြင္ ေ႐ႊေရာင္ အလင္းတန္းတစ္ခု ထြက္ေပၚလာၿပီး ယဲ့ဖန္၏ လက္ထဲမွ ေ႐ႊေရာင္လွံတံသည္ အသက္ဝင္လာပုံရၿပီး နဂါးတစ္ေကာင္ကဲ့သို႔ ေရွ႕ေနာက္ လႈပ္ရွားလာၿပီးေနာက္ က်ဆင္းလာသည့္ တူႀကီး ႏွစ္လက္ကို ဝင္တိုက္ေလသည္။
"ဝုန္း"
ႏွစ္ေသာင္းခ်ီ သက္တမ္းရွိသည့္ မီးသံတို႔ျဖင့္ ျပဳလုပ္ထားသည္ဟု ဆိုခဲ့ဖူးေသာ တူႀကီးႏွစ္လက္သည္ ခ်က္ခ်င္း ပ်က္စီးသြားသည္။
အဆိုပါျမင္ကြင္းေၾကာင့္ ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္သြားေလသည္။ ခို႔က်န္းဟြိဳက္သည္ လက္ထဲမွ တူလက္ကိုင္ ႏွစ္ခုကို ေငးၾကည့္ၿပီး နားေဝတိမ္ေတာင္ ျဖစ္ေန၏။ လုံေခြႏွင့္ စြန္းေထာင္တို႔လည္း ၾကက္ေသ ေသေနၾကသည္။
*ၿမိဳ႕တံခါးကိုေတာင္ အလြယ္ေလး ဖ်က္ဆီးႏိုင္တဲ့ တူႀကီးႏွစ္လက္က ယဲ့ဖန္ရဲ႕ တိုက္ခိုက္မႈေၾကာင့္ ခ်က္ခ်င္း ပ်ကစီးသြားတာလား*
*စြန္းေထာင္ရဲ႕ ေ႐ႊေရာင္လွံတံကို သုံးၿပီးေတာ့ေလ*
သူ၏ လွံတံက တစ္မူထူးျခားမွန္း စြန္းေထာင္ သိပါ၏။ သို႔ေသာ္ ခို႔က်န္းဟြိဳက္၏ တူႀကီးႏွင့္ယွဥ္လ်င္ အနည္းငယ္ နိမ့္က်သည္။ သို႔ေသာ္ျငားလည္း လွံတံေၾကာင့္ ႏွစ္ဖက္ခြၽန္ တူႀကီးႏွစ္လက္က တစ္စစီ ျဖစ္သြားသည္တဲ့လား။
သူတို႔ ထင္ေယာင္ထင္မွား ျဖစ္ေနသလားဟု ေတြးမိၿပီး မ်က္လုံးကို ၾကမ္းၾကမ္းတမ္းတမ္း ပြတ္လိုက္မိသည္။ ထို႔ေနာက္ သုံးေယာက္လုံး ေက်ာခ်မ္းသြားေလသည္။
လူႏွစ္ေယာက္ဆက္တိုက္ တိုက္ခိုက္ပါေသာ္လည္း ရလဒ္ႏွစ္ခုလုံးက ဆိုးဆိုး႐ြား႐ြား ရႈံးနိမ့္ျခင္းႏွင့္သာ အဆုံးသတ္ သြားသည္။ စစ္နတ္သမီး လုံေခြပါ ထပ္တိုက္မည္ဆိုလ်င္ ... ႏိုင္ႏိုင္ေခ် မရွိေလာက္ေသးေပ။
သုံးေယာက္သား ငိုခ်င္စိတ္ ေပါက္လာၿပီး ဘာေၾကာင့္ ဤလူကို မိစာၦဟု ေခၚသလဲဆိုတာကို နားလည္ သြားၾကသည္။
"ေသခ်င္ေနတာ ငါ မဟုတ္ဘူး၊ မင္း"
ယဲ့ဖန္ အသာၿပဳံးလိုက္ၿပီး လက္ကိုေျမႇာက္၍ အသာေဝွ႔ယမ္းလိုက္သည္။
"ေျဖာင္း"
ခို႔က်န္းဟြိဳက္ အ႐ိုက္ခံလိုက္ရၿပီး လြင့္ထြက္သြားေလသည္။ ျပင္းထန္လွေသာ ေဝဒနာက အ႐ိုးက်ိဳးမတတ္ပင္။ သူ၏ နံ႐ိုး ႏွစ္ဆယ့္ေျခာက္ေခ်ာင္းလုံး အေကာင္းပတိ မရွိေတာ့ေၾကာင္း ခို႔က်န္းဟြိဳက္ ခံစားမိေန၏။
သူ၏ သန္မာေသာ ခႏၶာကိုယ္ႏွင့္ ခြၽန္းယန္အဆင့္ ေရာက္ေနျခင္းေၾကာင့္သာ မဟုတ္ပါက ဤ႐ိုက္ခ်က္က သူ႔အား အခါတစ္ေထာင္မက ေသေအာင္ လုပ္ႏိုင္ေလာက္သည္။
ဤသည္က ပါရမီရွင္ျဖစ္ေသာ သူ၏ မာန္မာနကို နင္းေျခဖ်က္စီးခံလိုက္သလို ျဖစ္သြားေစသည္။ ဤမိစာၦေကာင္ႏွင့္ ယွဥ္လ်င္ သူ႔ကိုယ္သူ ပါရမီရွင္တစ္ေယာက္ဟု ဘယ္လိုလုပ္ ေခၚရဲပါေတာ့မည္နည္း။
ယခင္က စြန္းေထာင္ႏွင့္ ခို႔က်န္းဟြိဳက္တို႔၌ အထင္ေသးေသာ မ်က္ႏွာေပးမ်ား ရွိခဲ့ေသာ္လည္း ယခုအခါ၌ သူတို႔ စိတ္ဓာတ္က် ေနၾကသည္။
တစ္ကြက္တည္းႏွင့္ ရႈံးနိမ့္ျခင္းသည္ သူတို႔ ယခင္က တစ္ခါမွ မျဖစ္ခဲ့ဖူးေသာ အရာျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔ စိတ္ေရာကိုယ္ပါ ခ်ဳံးခ်ဳံးက်ေန၏။
ယဲ့ဖန္က သူတို႔အား ႐ုပ္ပိုင္းဆိုင္ရာအရ အႏိုင္ယူခဲ့႐ုံသာမက သူတို႔၏ တိုက္ခိုက္လိုစိတ္မ်ားကိုလည္း နင္းေခ်သြား ေလသည္။ ဤသို႔ေသာ အရွက္ကြဲျခင္းမ်ိဳးက သူတို႔အတြက္ ေသျခင္းထက္ပင္ ဆိုး႐ြားေနေသးသည္။
"ယဲ့ဖန္ ငါတို႔ ဒီခရီးမွာ ဘာမေကာင္းတဲ့ ရည္႐ြယ္ခ်က္မွ မရွိဘူး"
လုံေခြက ေနာက္ထပ္ မေတာ္တဆမႈျဖစ္မည္ကို စိုး႐ြံ႕ေသာေၾကာင့္ အလ်င္အျမန္ ေျပာလိုက္သည္။ ထို႔အတူ ယဲ့ဖန္ကို ၾကည့္ေနေသာ အၾကည့္၌ ေသြးပ်က္ဟန္မ်ား ျပည့္ႏွက္ေနသည္။
*ဒီလူက ေတာ္ေတာ္ ေၾကာက္စရာေကာင္းတာပဲ*
"ဘာမေကာင္းတဲ့ ရည္႐ြယ္ခ်က္မွ မရွိဘူး ဟုတ္လား၊ ငါ့ေခါင္းနဲ႔ ေျမႀကီး ထိတဲ့အထိ ေစာင့္ေနတာကို မေကာင္းတဲ့ ရည္႐ြယ္ခ်က္ မရွိဘူးလို႔ ေခၚတာလား"
ယဲ့ဖန္ ခနဲ႔လိုက္ၿပီးေနာက္ ခက္ထန္ရက္စက္ေသာ အၾကည့္မ်ားျဖင့္ သူတို႔သုံးေယာက္ကို ေဝ့ၾကည့္လိုက္သည္။
"ဒါဆိုလည္း ငါက အဆုံးအထိ မေကာင္းတဲ့စိတ္ ရွိရတာေပါ့"