သားငယ်ကျောင်းတက်နေချိန် ခမ်းနားသည့်ဧည့်ခန်းအလယ် အညိုရောင်ကွက်ဖော်ထားသော ဆိုဖာပေါ်မှာ ခေါင်းငိုက်စိုက်ဖြင့် ဖခင်စကားကို မျက်ရည်မကျမိအောင်ထိမ်းရင်း ရင်ထဲ ရိူက်ငိုနေသော ကောင်းပြည့်လေး။
Oversize T-shirt အဖြူအနားစလေးကိုဆုပ်ကိုင်ပြီး ထိမ်းထားရသည့်ခံစားချက်တို့ကမြင်မကောင်း၊ အသားရောင် ချည်သားကြိုးမျော့ဘောင်ဘီရည်လေးပေါ် ထိမ်းထားတဲ့ကြားက ခုန်ဆင်းသွားသော မျက်ရည်စက်လေးတွေက သခင်အစား နွမ်းနေရှာပြီ။
"ဖေဖေ အဲလိုလုပ်မှာ ဖြစ်မှာလား ၊ သားတို့ တားချင်သေးတယ်ဆိုရင်ရော"
" ဒါ သား အမေဆုံးကတည်းက ချခဲ့တဲ့ အဖေရဲ့ဆုံးဖြတ်ချက်မို့ အဖေကို မတားစေချင်ဘူး ၊ဒီပူလောင်တဲ့သံသရာခရီးထဲက ရုန်းထွက်ချင်ပြီ၊ သားကို စိတ်မချလို့ အဖေ ခုချိန်ထိ ရှိနေပေးနေတာ၊ အဖေကို နားလည်ပေးဖို့ မျှော်လင့်မိတယ်သား"
တည်ငြိမ်စွာ ပြောဆိုနေသူ ဖေဖေ့ရင်ထဲ မြင်အောင်ကြည့်ချင်မိသေးရဲ့။
ဒီသား ၊ ဒီမြေးကို ဘယ်လိုစိတ်မျိုးနဲ့ ထားရက်ခဲ့ပြန်တာလဲ ဖေဖေရယ်လို့ အနားသွားပြီး ချုံးပွဲချငိုချင်လောက်အောင် တင်းခံထားရသည့် ဝမ်းနည်းမူက လိူင်တက်နေပြီ။
" သား....သား လက်မခံချင်ဘူး ၊ သားတို့ အချိန်အကြာကြီးအတူနေကြမယ် လေ သားနယ်ပြန်လိုက်ခဲ့မယ်လေ ဖေဖေ "
မခွဲပါရစေနဲ့အုံး ဖေဖေရယ်။ ဝေးခဲ့ရတဲ့ နေ့ရက်တွေက သားငယ်အသက်တမျှမို့ ဖေဖေ့ရင်ခွင်ထဲ သားတို့တွေ နားခိုခွင့်ပေးပါအုံးလားဖေဖေ။
" ဘယ်ဖြစ်မလဲ သားရယ်၊ မြေးငယ် ကျောင်းမှာ ပျော်ဖို့ အဖေတို့ လူကြီးတွေ ဘယ်လောက်စိတ်ပူကြရလဲ သားအသိပဲ၊ တချို့သော အရာတွေကို ချေဖျက်ပေးနိုင်ဖို့ ကြိုးစားပါသား ၊ ကိုယ်ရဲ့ဆိုးတဲ့အတိတ်တွေကို ရင်ထဲ ထည့်ပြီးနာကျင်နေရတဲ့အချိန်တွေက နှမျောစရာကောင်းပါတယ် ၊ အဖိုးတန်တဲ့အချိန်တွေကို မိသားစုတွေပျော်ရွှင်စွာ နေဖို့ သားတွေးကြည့်ပါ၊ အမှားကနေ အမှန်ပြန်ယူပြီး ပျော်ရွှင်မူ အစစ်အမှန်ကိုသားခံစားသိမြင်လာတဲ့တနေ့ မိသားစု ဆိုတဲ့ ဝေါဟာရစကားစုကိုသားနားလည်လာလိမ့်မယ် "
" ဟင်းအင်း...သား ဘာမှမတွေးနိုင်သေးဘူး ၊ ဖေဖေ..ပြန်မတွေးပေးတော့ဘူးဟင် "
နောက်ဆုံးမျှော်လင့်ချက်စကားလေးကို အားတင်းပြီး ဖေဖေအနီးနား ပုဆစ်တုပ်ထိုင်ချ၍ ဖေဖေလက်ဖမိုးလေးကို ဆုပ်ကိုင်ထားမိသည်။ စီးဆင်းပါစေတော့ ။ မျက်ရည်ကြည်များကို လက်ခုံဖြင့် ပွတ်သပ်၍ ဖေဖေကိုမော့ကြည့်ကာ မေးမိသော်လည်း ပြောင်းလဲမလာသော ဖေဖေ ဆုံးဖြတ်ချက်ကြောင့် ရင်ထဲ နွမ်းလျပြန်သည်။
သားငယ်ကိုအကြောင်းပြ၍ပြောသော်လည်းဖေဖေက အခိုင်အမာဆုံးဖြတ်ချက်ချထားပြန်သည်။
"သားအဖေကို နားလည်ပေးလိုက်ပါ ကောင်းပြည့်၊ ဒါ အစ်ကို ဆုံးဖြတ်ပြီးသား မို့ တို့တွေကအကောင်းဆုံး ပံ့ပိုးပေးကြရမယ်၊ သူ့ လျှောက်လှမ်းတော့မယ့် လမ်းကို ချောမွေ့အောင် သားက တာဝန်အရှိဆုံးပဲ "
"ဆရာ."
အဖေက ကျွန်တော်တို့သားအဖကို စိတ်ချပြီမို့ မွေးရပ်မြေပြန်ပြီး သာသနာဘောင်အပြီး ဝင်တော့မယ်တဲ့ ၊ ဘယ်လိုတောင် ပြောရက်ခဲ့တာလဲ ဖေဖေရယ်။ သားတို့ ခုမှပြန်ဆုံတွေ့ကြရတာ အချိန်ကာလကို လက်ချိုးရေလို့ ငါးခု မပြည့်သေးဘူး၊ သားတို့ကို ထားပြီး သွားရက်သလားလို့ မမေးရက်ခဲ့ပြန်ဘူး ။သံသရာခရီးက ရုန်းထွက်ဖို့ကြိုးစားနေတဲ့အဖေ ကိုသား ဘယ်လို တားရက်မလဲ။
" ဆရာ..ဖေဖေကို ပြောကြည့်ပါအုံးလား ဟင်"
" ဒီလမ်းကိုလျှောက်ဖို့ ဆုံးဖြတ်ထားတဲ့ သားအဖေကို ဆရာက လေးစားအတုယူနေတာ၊ သူ့ဆုံးဖြတ်ကို အလေးထားရမယ်၊ ငါတို့မလုပ်နိုင်တဲ့ လမ်းကို သားအဖေက မြင့်မြတ်စွာ ရွေးချယ်သွားခဲ့တာ သားရဲ့"
ပူလောင်လှတဲ့ လူ့လောက၊ လူ့ဘောင်ကို ဖေဖေက ရုန်းထွက်ပြီး သံသရာခရီးက ရုန်းထွက်ဖို့ကြိုးစားနေပြီမို့ ကျွန်တော် မတားတော့ပါဘူးလို့ ဆရာကို ဝမ်းနည်း၊ ဝမ်းသာ ခံစားမူ အပြည့်ဖြင့်ခေါင်းညိတ်ခဲ့မိတယ်။ ဖေဖေ ကရွေးချယ်ခဲ့တဲ့လမ်းကို သံယောဇဉ်သွေးသားကြောင့် အပူလောကထဲ ပြန်ခြေမချစေချင်ဘူး ၊ သံယောဇဉ်ဖြတ်ဖို့ကြံနေတယ်လို့ မတွေးရက် ပဲဖေဖေ မြင့်မြတ်တဲ့လမ်းကို သိက္ခာရှိရှိရွေးချယ်ခဲ့တာပါ့လားလို့ ပြန်တွေးပြီး အဖေအတွက် ဂုဏ်ယူနေပါ့မယ် ။
" ဟုတ် ဆရာ....သား နားလည်ပါပြီ၊ အဖေကိုပြန်ပို့ရင် သားအလှူလေး လုပ်ချင်တယ် "
" ဒါပေါ့ ဆရာတို့ အတူ ပူပေါင်းပြီး ပါရမီဖြည့်ပေးကြမယ်လေ သားမမ ကိုတော့ သားပဲ အသိပေးလိုက်ပါ "
" ဟုတ်ကဲ့ဆရာ "
ခုဆို သားသား ကျောင်းတက်တာ တစ်လပြည့်နေပြီ၊ ကလေးပီသစွာ ချစ်စရာအပြုအမူတချိူ့ကို စာသင်ခန်းထဲပြသခြင်းမရှိဘူး သားငယ်အတန်းပိုင်းဆရာမဆီမှ သားငယ်၏ သွင်ပြင်တချို့ကိုပြန်လည်သိခွင့်ရခဲ့သည်။ တည်ငြိမ်သော ဟန်၊ ထက်မြတ်သော ဉာဏ်ကို မာန်တချ်ု့တို့ဖြင့် ကွယ်ဝှက်ထားပြီး သိုသိပ်စွာနေသည်ဟု ကြားရသည်။ မိသားစု အခက်အခဲများ ရှိနေမလားဟု စပ်စုသံမပါသော သားငယ်အတန်းပိုင်ဆရာမဆီမှ စကားသံတချို့က ကျွန်တော်နှလုံးကို တဆက်ဆက်ရိုတ်ခတ်နေသည့်အလား နာကျင်မိပြီ၊ ကျွန်တော့်ဆုံးဖြတ်ချက်ကသားငယ် စိတ်ထဲ အနာဖြစ်စေမလား တွေးမိရင်း သားငယ်နှင့်ဒီည ရင်ဖွင့်ဆွေးနွေးရတော့မည်။
ဒဏ်ရာ၏ သဘောတရားကို သိသောသူမို့ အတိမ်အနက်အလိုက် ခံစားမူကို ဖော်ပြနိုင်ပြီ၊ဘဝနှင့်ရင်းပြီး သိခဲ့ရသော အချစ်ဒဏ် တချို့ကို သားငယ်လေးကြောင့်သာ ပြန်လည် အသက်ရူရခြင်း၊ ပြန်လည်ဦးမော့လာရခြင်း လောကကြီး၏ ကောင်းကွက်တချို့ကို ပြန်လည်ခံစားသက်ဝင်လာရခြင်း။
နွမ်းလျနေသောစိတ်အစဉ်တို့ကြောင့် အိပ်ယာပေါ် အနားယူနေစဉ် စားပွဲပုလေးပေါ်က တတီ-တီ မြည်နေသော ဖုန်းကိုကြည့်မိတော့ ခေါ်ဆိုနေသူက သားငယ်ဒယ်ဒီ။
* Hello
(........)
" ရတယ် "
(.............)
"ဘာမှမလိုဘူး "
အမေးတစ်ခု အဖြေတခြား ဆိုရမလားဘဲ ၊ တိုတောင်းသော စကားကိုဖြတ်၍ ပုံဖော်မိသည်၊ ဖုန်းခေါ်ဆိုသော သူသည်ကား ဒဏ်ရာကို ထွန်းထုပေးသော သား၏ ဒယ်ဒီမို့ စိတ်တို့နွမ်းလျချိန်ပို၍ မကြားချင်ဆုံးက သူ့အသံ။
" ငါ့မြေး ကျောင်းဆင်းဖို့နီးပြီမလားဟ ၊ ဆရာ သွားကြိုရမလား "
" သားဒယ်ဒီ က ကြိုလာမယ်တဲ့ ဆရာ ၊ စောစောက ဖုန်းဝင်လာတယ် "
" ဟေ...မောင်ရဲရင့်က အလုပ်မှာဟုတ်ဘူးလား "
" သူအလုပ်စောလ်ို့ သားကို ကြိုခဲ့မယ်တဲ့ဆရာ "
" အော်....အေး...အေး...ဆရာခြံထဲ လမ်းလျှောက်အုံးမယ်"
" ဟုတ်ဆရာ "
ဖေဖေက ညနေခင်း တရားခဏထိုင်တက်တဲ့အကျင့်ကြောင့် ဘုရားခန်းထဲ တရားထိုင်နေသည်။
လက်နှစ်ဖက်ကိုနောက်ပစ်၍ အိမ်ရှေ့ပေါ်တီအောက် လျှောက်နေသော ဆရာက ပိတ်ထားသော အဖြူရောင်ဆေးသုတ်ထားသော ခြံတံခါးဝဆီကိုလည်း မကြာမကြာလှည့်ကြည့်နေပြန်သေးသည်။
ရွှေဘိုကနေ အလုပ်ကို နူတ်ထွက်ခဲ့ပြီး ရန်ကုန်မှအခြေချခဲ့သည်၊ ကိုယ်အိမ်သွေးသားလို စောင့်ရှောက်ခဲ့ရတဲ့ မြေးတို့ကိုတွယ်တာစိတ်ဖြင့် လက်ရှိနေအိမ်မှာပဲ အတူနေထိုင်ခဲ့သည်။ သဘောထားကြီးပြီး မှန်ကန်လှသည့် ကောင်းပြည့်ဖခင်နှင့်ဆုံခဲ့ရသည့်အချိန် လေးစားအားကျခြင်းနှင့်အတူ မြေးငယ်တိုကို ပို၍ တွယ်တာရပြန်သည်။
လူလောက တွေ့ကြုံရမည့်ကံပါလာသည့်အလျှောက် ကောင်းသော တွေ့ဆုံခြင်းတွေက နောက်ဆုံးအချိန် သွေးသားမဟုတ်သည့်သံယောဇဉ် မြေးငယ်စကားသံဝဲဝဲထဲမှာပဲ ပြုံးပျော်၍ ကုန်ဆုံးစေတော့မည်။
တနေ့နေ့တော့ အစ်ကို လိုပဲ သံသရာထွက်လမ်းကို လှမ်းလျှောက်နိုင်ဖို့ ကြိုးစားရအုံးမည်။
တီ ~ တီ
" ဖိုးဖိုးရေ ....ပါးပါး...သားသား ပြန်လာပြီ"
ခြံထဲ BMW M5 အဖြူရောင်ကားလေး စက်ရှိန်သတ်၍ တစ်လိမ့်ချင်း ဝင်လာသည့်နောက် ကားမှန်တံခါးကိုချကာ ခေါင်းလေးပြူ၍ အော်နေသည့် ချစ်စရာသားငယ်၏ အသံလေးက တစာစာ ထွက်ပေါ်လာလေပြီ။ ကလေးငယ်မျက်နှာကို မြင်ရမည့် ဒီနေ့ကျွန်တော် အချိန်နာရီတွေ လှပတော့မည်။
" ဟေ....ငါ့မြေးပြန်ပြီလား "
သားငယ်အော်သံကြောင့် ခြေလှမ်းမှားနေသော အဖိုးကြီးကို နောက်ဘက်ကကြည့်၍ ပြုံးနေမိသည်။
သားငယ်ကို ဆရာက သိပ်တွယ်တာ။
" ဖြေး...ဖြေးဆင်း..သားငယ်..ထိခိုက်မယ် လေ"
" ဟုတ် ဒယ်ဒီ၊ သား မလဲပါဘူးဆို .. ဖိုးဖိုး ရေ.."
" လာပါအုံး မောင်ကျောင်းသားကြီး...ဒီမှာ ရှိပါတယ်ကွ "
အန်ကယ်ကျော်သက်ဆီ ပြေးသွားသော သားငယ်ကို လဲကျသွားမှာ စိုးရိမ်စိတ်ဖြင့် ကားတံခါးမပိတ်နိုင်ဘဲ အပြေးလေး သားအနား သွားမိသည်။ သားကို စိတ်ချရပြီဆိုမှ သား၏ ကျောင်းလွယ်အိတ် ၊ မူန့်ခြင်းတောင်းတို့ကို တဖန်ပြန်ယူရသည် ။ သိပ်လည်တဲ့သားငယ်က ချစ်သူခင်သူအပြည့် အိမ်တော်နှစ်ခု၏ အချစ်များကို တပွေ့တစ်ပိုက် သိမ်းပိုက်ထားသည်။
" ဖိုးဖိုး ..ပါးပါးရော ....သားကို လာလည်းမကြိုဘူးရော်"
" သားပါးပါး ရှိပါ့ဗျာ ...သားဒယ်ဒီ လာကြိုလို့ ပါးပါးက လာမကြိုတာပါတဲ့ ၊ လာ သားကြိုက်တဲ့သီးသီး ဝယ်ထားတယ်၊ ဩ ...မောင်ရဲရင့် အနားယူပါအုံး "
" ဟုတ်..အန်ကယ် "
သူ့အိမ်ရာမို့ ကျွန်တော်ကိုတစ်ချက်ပြုံးပြပြီး အန်ကယ်နဲ့အတူ အိမ်ထဲ လှမ်းလျှောက်နေပါသော သားငယ်က ဘုရင်တစ်ပါးအလား မော်ကြွားမူအပြည့်၊ အဖိုးအဖွားတွေ ၏ အချစ်များစွာဖြင့် လိုတရ မင်းသားအလား ဖြည့်ဆည်းပေးသူအများအပြားဖြင့် သားငယ်၏ခြေလှမ်းတစ်ခုခြင်းဆီက တန်ဖိုးရှိသော ကျောက်သံပတ္တမြားအစ အကုန်လိုတာပြည့်စုံစေသည်။ မားမား၏ မနည်းသော ပိုင်ဆိုင်မူတွေကို အသက်၅နှစ် မှစလက်ခံထားရပေမယ့် သိုသပ်စွာ အနေအေးသည့် သားငယ်ဖခင်ကြောင့် သာမာန်လူလိုသာ နေထိုင်ခဲ့ကြသည်။
" ပါးပါးသားလေး ပြန်လာပြီလား၊ လာပါအုံး ပါးပါးဆီ ...ကျောင်းမှာ အဆင်ပြေခဲ့ရဲ့လားဟင် "
" ပါးပါးက လာမကြိုဘူးနော် ၊ ပါးပါး နေကောင်းရဲ့လားဟင် "
ကျွန်တော်အပေါ် စိုးရိမ်စိတ်အပြည့်ဖြင့် ကြည့်နေပါသော သားငယ်မျက်ဝန်းတွေကို အပြုံးလှလှလေးဖြင့် ခေါင်းညိတ်၍ မစိုးရိမ်စေရန်ပြသခဲ့သည်။ သားငယ်အရပ်မှီအောင် သားငယ်ရှေ့ ထိုင်ချမိသော အချိန် ကျွန်တော်နဖူးပေါ်ရောက်လာသော သားငယ်လက်ဖဝါးနွေးနွေးလေးက မြတ်နိုးကြင်နာမူအပြည့်၊ သားအဖ သံယောဇဉ်အချစ်စိတ်အပြည့်ဖြင့် အေးချမ်းလှသည်။
" အင်း..ပါးပါး နေကောင်းပါတယ် သားရဲ့ ၊ သားရော ပြေခဲ့လား ကျောင်းမှာ "
" အကုန်ပြေတယ်ပါးပါး...ညကြ ပါးပါးကို အကုန်ပြောပြမယ် ခု ဖိုးဖိုးနဲ့ သီးသီးစားမယ်"
" ဟုတ်ပါပြီ သားရယ် ..."
သားအဖနှစ်ယောက် တယောက်ကို တယောက်စိုးရိမ်စိတ်အပြည့်ဖြင့် စမ်းသပ်နေစဉ် နောက်မှရပ်ကြည့်နေသော ကျွန်တော်ကို မည်သူမှမြင်မိမယ်မထင်၊ အလုပ်ပင်ပမ်းခဲ့သမျှ သည်လို ကြင်နာမူလေးသာ ပိုင်ဆိုင်ရရင် ကမ္ဘာကျော်ဘီယံနာဖြစ်အောင် နေ့မနားညမအားကြိုးစားရရင် ကို ထိုက်တန်သည်။
သိပ်ချစ်ရတဲ့ ကလေးငယ်ကို တစ်ချိန်က နာကျင်အောင် မရက်စက်ခဲ့လျှင် ခုလိုအချိန် ကျွန်တော်ရယ်၊ ကလေးနှင့် သားငယ်က ကျွန်တော်ရင်ခွင်ထဲမှာ အပြုံးဖြင့် ဆီးကြိုနေမလား ။ နွေးထွေးကြင်နာလှသည့် သည်လိုမြင်ကွင်းမျိုး ပိုင်ဆိုင်ရမှာ မလွဲမသေ ကျွန်တော့အမှားတွေသာ မလုပ်ခဲ့ရင်၊ ကျွန်တော့် လုပ်ရပ်တွေကသာ မှန်ကန်ခဲ့ရင် ခုချိန်ကြည်နူးသာယာတဲ့မိသားစုက ကျွန်တော့်ရင်ခွင်ထဲမှာ။
" မောင်ရဲရင့် ညစာစားပြီးမှပြန် အေးဆေးအနားယူအုံး ၊ အပေါ်ထပ်မှာ ရေချိုးလို့ရတယ်နော် "
" ဟုတ်ကဲ့ပါ အန်ကယ် "
" ဟုတ်တယ် ဒယ်ဒီ သားတို့ ညစာ အတူတူ စားကြမယ်နော် ...ပါးပါး ရမလားဟင်"
သားငယ် အမေးစကားကို အဖြေပေးဖို့ရန် ခက်ခဲလှသော်လည်း သားငယ် ဆန္ဒမို့ အပြုံးလေးဖြင့် ခေါင်းညိတ်ပြမိသည်။ သားငယ် ပြုံးပျော်နေဖို့က အဓိကမို့ ပါးပါးက အဆင်ပြေအောင်နေတက်ပါတယ်သားရယ် ။
" ဟေးးးးပါးပါးကို ချစ်တယ်"
Kitchen room ထဲကို ပြုံးပျော်စွာ ဝင်သွားပါသော သားငယ်နှင့် ဆရာကို ကြည့်ပြီး ပြုံးနေမိသည်။
ထိုင်ခုံတဖက်ဆီ တစ်လံမကွာသော အကွာအဝေးမှာရပ်နေသော ကျွန်တော်တို့နှစ်ဦး။ သားငယ်တို့ ဝင်သွားသော kitchen ထဲကို လည်ပြန်လှည့်ကြည့်နေသော ကလေးငယ်ကို ဘေးတစ်ဖက်မစောင်းဘဲ ဒဲ့ကြည့်မိနေသော ကျွန်တော်က ကလေးငယ်ဝတ်စားဆင်ယင်မူကြောင့်ဖြစ်စေ၊ သားငယ်နှင့်နွေးထွေးပွေ့ဖက်လေးကြောင့်ဖြစ်စေ ကြည်နူးမူတို့ကို ရင်ဘတ်အပြည့်လိူက်ဖိုမောစွာ ခံစားမိသည်။
မြတ်နိုးရပါသော ကလေးငယ်က အဖြူရောင်T-shirt လေးကို ချည်ရူံ့ဘောင်းဘီလေးဝတ်ထားပြန်သတဲ့ ။ ဝင်းဖန့်နေသော အသားအရည်ကောင်းခြင်းတွေကြောင့် မလိုက်ဖက်သည့်ဆင်ယင်မူဆိုတာမရှိ။မြင်သူတို့ကို လည်ပြန်ကြည့်စေဖို့ရာ ဖြစ်တည်လာတဲ့ ကလေးအဖေလေး။
" ကလေးငယ်....."
".........."
တချက်လှည့်ကြည့်၍ သာ တုန့်ပြန်ခဲ့သည်။
ကလေးငယ်ပေးသော တုန့်ပြန်မူ လေးသည်က တန်ဖိုးရှိနေပြန်သည်။
" ကလေးငယ်...ဆိုင်က ပြေရဲ့လား ၊ ကိုကို ဘာကူညီပေးရမလဲ ၊ ဘာလိုအပ်သေးလဲ ကလေး "
" ပြေတယ် "
တိုတောင်းသော စကားလေးနှစ်ခွန်းက နှလုံးသားကို တဖျက်ဖျက်ရိုက်ခတ်နေသည့်နှယ် ကိုယ်ကိုအလေးထား ပြောနေသေးတယ်မဟုတ်ပါလား။
" အကုန်အဆင့်သင့်ဖြစ်ပြီလား ၊ service ပိုင်းကရော ၊ ဘယ်ချိန်စဖွင့်ဖို့ ရက်ရှိပြီလား ကလေး "
" လိုသေးတယ်"
" ကိုကိုဘာလုပ်ပေးရမလဲ တနေရာရာများ .."
" အပေါ်တက်တော့မယ် "
ကျွန်တော်နဲ့စကားမပြောချင်ဘူး ထင်တယ်၊ ကိုယ့်ကလေးက မျက်နာချင်းဆိုင် ထိုင်ဖို့ကို ကိုယ်အတွက် တိုက်စစ်ဖွင့် ကြိုးစားနေရဆဲ၊ တန်ပါတယ်လေ အရင်ကလို ခါးခါးသီးသီး မဟုတ်တော့တာက ကိုယ့်ရဲ့အောင်မြင်မူလို့ပြောရနေပြီမို့ ကိုယ်ကျေနပ်ပါတယ်။
အပေါ်ထပ်ကို ပြေးတက်သွားသော ကိုယ်ငယ်ငယ်လေး ပျောက်သွားသည့်အထိ တချိန်က ကျွန်တော်နမ်းရိူက်ဖူးသည့် ကျောပြင်သေးသေး၊ ခါးသွယ်သွယ်လေးကို ပြန်ငေးကြည့်နေမိသည်။ ကိုယ့် ကလေးငယ်က သားတစ်ယောက်ကို မွေးဖွားထားတဲ့ ဖခင်လေးပါလို့ အများပြောရင် ယုံနိုင်စရာမရှိ၊ ပြောင်းလဲမလာသော ကိုယ်ခန္ဓာလေးနှင့် လိုက်ဖက်သည့် ဝင့်ဖန့်သော အသားအရည်ကောင်းခြင်းတို့က သားမွေးပြီးမှ ပိုကြည်လင်တောက်ပ လာသည်။ တက်မလာသော ဝိတ်လေးနှင့် ပိုနုလှလာသော ကလေးငယ်က လူပျို ၊ လူလွတ်ထင်ချင်စရာ ချစ်စရာကောင်းမူတို့က ပျောက်ပျယ်မသွားခဲ့။ အတိတ်ဆိုးတို့ကိုသာ မလုပ်ခဲ့ရင် ခုချိန် ...ဒီခါးသွယ်သွယ်လေးကို ဖက်တွယ်ခွင့်ရမှာ မလွဲ။
" အော်...သား ရဲရင့် ရောက်နေတာပဲ "
ကလေးငယ် အရိပ်လေးပျောက်ကွယ်သည့်အထိ အပေါ်ထပ်ကိုသာ တစ်စိုက်မတ်မတ်ကြည့်နေသော ကျွန်တော်ကို ခေါ်သံတစ်ခုကြောင့် အသိပြန်ဝင်လာခဲ့ရသည်။ ကျွန်တော်အနီး ဆိုဖာပေါ် ထိုင်ဖို့ပြင်နေသော ကလေးငယ်အဖေကို ထ၍ အရိုအသေပေးပြီး နူတ်ဆက်မိသည်။
" ဟုတ်ကဲ့ဗျ၊ ၊ သားငယ်ကို ကျောင်းကြိုရင်း ရောက်နေတာပါ အဖေ"
" အလုပ်ပြေရဲ့လား သား...အချိန်ရရင် အဖေ စကားနည်းနည်း ပြောချင်တယ် "
" ဟုတ်ကဲ့ ရပါတယ်ဗျ ၊ ခဏ နေ အဖေဆီလာတွေ့ပါ့မယ်၊ ခု အလုပ်ကပြန်မို့ ရေချိုးပြီး အဖေဆီလာခဲ့ပါ့မယ်"
" အေး..အေ..၊ အဖေ စာကြည့်ခန်းမှာပဲ ရှိနေမယ် ..အေးဆေး အနားယူပါအုံး ၊ ဖိုးသားလေးကို နားလည်ပေးလိုက်ပါ သူ့အပြုအမူတိုင်းကိုလက်ခံပေးလိုက်ပါ သား"
" ဟုတ် ၊ အဖေ စိတ်ချပါ ၊ ကလေးတို့ကို အကုန်နားလည်လက်ခံပေးနေမှာပါ "
တစ်ချိန်က ကလေးအဖေက ကျွန်တော်ကို မျက်မုန်းကျိုးခဲ့တယ် ။ အချိန်ရာသီပြောင်းလဲလာတာနှင့်အမျှ လူကြီးတွေ၏ ဖြည့်စွက်တွေးတော ဆင်ခြင်နိုင်စွမ်း ကြီးမားတဲ့ ကလေးအဖေက ကျွန်တော့်ကို အသိအမှတ်ပြုခဲ့တယ်။ အဖေ ဘာအကြောင်းအရာကို ဆွေးနွေးချင်တယ်မသိပေမယ့် အဖေ ဘက်က တောင်းဆိုတာမို့ ကျွန်တော် အချိန်ကို အလေးထားရသည်။ အဖေ အချိန်ကြာကြာစောင့်ရသည်ကို မလို၍ ကလေးတို့အခန်းဘေးက ကိုယ့်အတွက်ရည်ရွယ်ထားခဲ့သော အခန်းတွင်းဝင်ပြီး ရေးချိုးခဲ့သည်။
တချိန်ချိန် သည်အခန်းလေးမှာ ပျော်ရွင်စရာ မိသားစုလေး အတူနေခွင့်ရမှာဟု စိတ်ကိုတင်းရင်း ကြီးမားသောမိသားစု အိပ်ယာကို တချက်ကြည့်ပြီး ကျေနပ်အားရမိသည်။ သားငယ် ရယ်သံတွေ ပျံ့လွင့်နေမည့် သည့်အခန်း၊ ကလေးငယ် အပြုံးတို့ တောက်ပမည့် သည့်အခန်းမှာ ကျွန်တော့် အတွေးစိတ်ကူးတို့ ပျော်မြူးရာ သည့်အခန်းလေး ။ တစ်ချိန်ချိန်မှာ သည့်အခန်းလေးထဲက ကျွန်တော်တို့မိသားစု၏ ပျော်ရွှင် ပုံရိပ်တို့ပြည့်နေမည့်သည့်အခန်းလေးကို တစ်ချက်ပိတ်ပြီး အဖေစောင့်နေမည့် စာကြည့်ခန်းဆီသို့ ။
" ဒယ်ဒီ ...သားတို့အခန်းက ပြန်လာတာလား ၊ ပါးပါးကရော "
" မဟုတ်ရပါဘူးဗျာ ၊ ဒယ်ဒီ အခန်းက ရေချိုးလာတာပါ ၊ သားပါးပါးက အခန်းထဲ ရှိနေပါတယ်ဗျာ..လာပါအုံး ဒယ်ဒီဆီ ..နမ်းပါရစေအုံး "
" သား ရေမချိုးရသေးဘူး ဒယ်ဒီ "
" ဟား.....ဒယ်ဒီသားက အမြဲမွှေးနေတာပါ ကွာ "
" ခစ်...ခစ်ခစ် ဒယ်ဒီ မလုပ်နဲ့ ...သား ..သား..ယားနေပြီ ...အ...ဟား..ဒယ်ဒီရေ .."
သားငယ်ကို ရင်ထဲကကြည်နူးမူတွေဖြင့် မျက်နာအနှံ့ အနမ်းမိုးခြွေတော့ သားငယ် အော်ရယ်သံလေးက လွင့်ပျံ့စွာ ဧည့်ခန်းသည်မှ အိမ်တော်တစ်ခုလုံး လွှမ်းခြုံစေသည့်အလား ။
" ကဲကွာ....ဒယ်ဒီက အဲ့ဒီ လည်ပင်းလေးရော...မွ ...."
" အ....ဟားဟား....ပါးပါးရေ...."
" အဲ့ဒီ ဗိုက်ပူပူလေးရော နမ်းမယ်ကွာ ....ပြွတ်....ပြွတ်...."
" သား...ယားပြီ..အဟား....ဟား...ပါးပါး...ကယ်ပါ...ခစ်ခစ်...မလုပ်နဲ့ ...ဒယ်ဒီ လူဆိုးကြီး .."
အစ်ကိုတည်မြဲ အိမ်လာလည်တဲ့ ဖုန်းရလို့ လှေကားပေါ်ကနေ ပျော်ရွှင်ဆင်းလာသော ကောင်းပြည့်၊ လှေကားခြေရင်း ဧည့်ခန်းအလယ်က သားအဖတွေရဲ့ ပျော်ရွှင်နေသောရယ်မြူးသံတွေကြောင့် အောက်ဆုံးထစ်ထိ ခြေမချမိ ရောက်ရှိနေသည့် လှေကားထစ်လေးပေါ် ခြေစုံရပ်၍ မျက်တောင်မခတ်ငေးနေမိသည်။ ဖုန်းလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း လှေကားဘောင်တွေကိုမှီ၍ တလှပ်လှပ်ခုန်စေသော မြင်ကွင်းကို မမှိတ်မသုန်ကြည့်နေမိသည်။
" ပါးပါး...."
ကိုယ်ကိုမြင်၍ အနားလာစေရန် လက်ယက်ခေါ်နေသော သားငယ်၊ သူ့ဒယ်ဒီ အနိုင်ကျင့်ခံရမူကို ရယ်မြူးဟန် တို့ဖြင့် ပျော်ရွှင်မျက်ရည်တွေ ဝေ့ဝဲစွာ နှင်းဆီဖူး နူတ်ခမ်းနီနီလေးတွေက ပြုံးရယ်မပျက်။ သားဒယ်ဒီအနမ်းပေးမူကြောင့် လှစ်ဟထားသော သားငယ်ဗိုက်ဖြူဖြူလေးတို့က လုံးတစ်နေသော သားငယ်။
မြင့်မားလှသော တံခါးဘောင်တွေ၊ ကနုတ် ပန်းပုံတွေ ထွန်းထု ပုံဖော်ထားသော အိမ်ရှေ့တံခါးမကြီးနား ခြေအစုံကိုရပ်ပြီး ဧည့်ဂေဟာအတွင်းဆီက ရယ်သံလွင်လွင်တို့ကြောင့် တိတ်တဆိတ်ရပ် ကြည့်နေပါသော ဒေါက်တာတည်မြဲ။
ဆေးရုံကပြန် ချစ်စရာကလေးသားအဖကို အပြင်ခေါ်၍ ကြ ည်နူးဖွယ် ညနေခင်းကို ခြယ်သဖို့ကြိုးစားနေသော ဒေါက်တာ။
ဆိုဖာပေါ်က သားအဖကို လှေကားထစ်တွေပေါ်ခြေစုံရပ်ကြည့်နေသော ကလေးအဖေလေးကို အိမ်ရှေ့တံခါးဝဆီမှ ငေးကြည့်နေပါသော ဒေါက်တာ။
" အစ်ကို ....."
" ဟာ....ဦးဦးမြဲ.....သားသားကို လာခေါ်ပါ "
#မမအတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#Take care all
-------------------------------------
Zawgyi
သားငယ္ေက်ာင္းတက္ေနခ်ိန္ ခမ္းနားသည့္ဧည့္ခန္းအလယ္ အညိုေရာင္ကြက္ေဖာ္ထားေသာ ဆိုဖာေပၚမွာ ေခါင္းငိုက္စိုက္ျဖင့္ ဖခင္စကားကို မ်က္ရည္မက်မိေအာင္ထိမ္းရင္း ရင္ထဲ ရိူက္ငိုေနေသာ ေကာင္းျပည့္ေလး။
Oversize T-shirt အျဖဴအနားစေလးကိုဆုပ္ကိုင္ၿပီး ထိမ္းထားရသည့္ခံစားခ်က္တို႔ကျမင္မေကာင္း၊ အသားေရာင္ ခ်ည္သားႀကိဳးေမ်ာ့ေဘာင္ဘီရည္ေလးေပၚ ထိမ္းထားတဲ့ၾကားက ခုန္ဆင္းသြားေသာ မ်က္ရည္စက္ေလးေတြက သခင္အစား ႏြမ္းေနရွာၿပီ။
"ေဖေဖ အဲလိုလုပ္မွာ ျဖစ္မွာလား ၊ သားတို႔ တားခ်င္ေသးတယ္ဆိုရင္ေရာ"
" ဒါ သား အေမဆံုးကတည္းက ခ်ခဲ့တဲ့ အေဖရဲ့ဆံုးျဖတ္ခ်က္မို႔ အေဖကို မတားေစခ်င္ဘူး ၊ဒီပူေလာင္တဲ့သံသရာခရီးထဲက ရုန္းထြက္ခ်င္ၿပီ၊ သားကို စိတ္မခ်လို႔ အေဖ ခုခ်ိန္ထိ ရိွေနေပးေနတာ၊ အေဖကို နားလည္ေပးဖို႔ ေမ်ွာ္လင့္မိတယ္သား"
တည္ၿငိမ္စြာ ေျပာဆိုေနသူ ေဖေဖ့ရင္ထဲ ျမင္ေအာင္ၾကည့္ခ်င္မိေသးရဲ့။
ဒီသား ၊ ဒီေျမးကို ဘယ္လိုစိတ္မ်ိဳးနဲ႔ ထားရက္ခဲ့ျပန္တာလဲ ေဖေဖရယ္လို႔ အနားသြားၿပီး ခ်ံဳးပြဲခ်ငိုခ်င္ေလာက္ေအာင္ တင္းခံထားရသည့္ ဝမ္းနည္းမူက လိူင္တက္ေနၿပီ။
" သား....သား လက္မခံခ်င္ဘူး ၊ သားတို႔ အခ်ိန္အၾကာႀကီးအတူေနၾကမယ္ ေလ သားနယ္ျပန္လိုက္ခဲ့မယ္ေလ ေဖေဖ "
မခြဲပါရေစနဲ႔အံုး ေဖေဖရယ္။ ေဝးခဲ့ရတဲ့ ေန့ရက္ေတြက သားငယ္အသက္တမ်ွမို႔ ေဖေဖ့ရင္ခြင္ထဲ သားတို႔ေတြ နားခိုခြင့္ေပးပါအံုးလားေဖေဖ။
" ဘယ္ျဖစ္မလဲ သားရယ္၊ ေျမးငယ္ ေက်ာင္းမွာ ေပ်ာ္ဖို႔ အေဖတို႔ လူႀကီးေတြ ဘယ္ေလာက္စိတ္ပူၾကရလဲ သားအသိပဲ၊ တခ်ိဳ႕ေသာ အရာေတြကို ေခ်ဖ်က္ေပးႏိုင္ဖို႔ ႀကိဳးစားပါသား ၊ ကိုယ္ရဲ့ဆိုးတဲ့အတိတ္ေတြကို ရင္ထဲ ထည့္ၿပီးနာက်င္ေနရတဲ့အခ်ိန္ေတြက ႏွေမ်ာစရာေကာင္းပါတယ္ ၊ အဖိုးတန္တဲ့အခ်ိန္ေတြကို မိသားစုေတြေပ်ာ္ရႊင္စြာ ေနဖို႔ သားေတြးၾကည့္ပါ၊ အမွားကေန အမွန္ျပန္ယူၿပီး ေပ်ာ္ရႊင္မူ အစစ္အမွန္ကိုသားခံစားသိျမင္လာတဲ့တေန့ မိသားစု ဆိုတဲ့ ေဝါဟာရစကားစုကိုသားနားလည္လာလိမ့္မယ္ "
" ဟင္းအင္း...သား ဘာမွမေတြးႏိုင္ေသးဘူး ၊ ေဖေဖ..ျပန္မေတြးေပးေတာ့ဘူးဟင္ "
ေနာက္ဆံုးေမ်ွာ္လင့္ခ်က္စကားေလးကို အားတင္းၿပီး ေဖေဖအနီးနား ပုဆစ္တုပ္ထိုင္ခ်၍ ေဖေဖလက္ဖမိုးေလးကို ဆုပ္ကိုင္ထားမိသည္။ စီးဆင္းပါေစေတာ့ ။ မ်က္ရည္ၾကည္မ်ားကို လက္ခံုျဖင့္ ပြတ္သပ္၍ ေဖေဖကိုေမာ့ၾကည့္ကာ ေမးမိေသာ္လည္း ေျပာင္းလဲမလာေသာ ေဖေဖ ဆံုးျဖတ္ခ်က္ေၾကာင့္ ရင္ထဲ ႏြမ္းလ်ျပန္သည္။
သားငယ္ကိုအေၾကာင္းျပ၍ေျပာေသာ္လည္းေဖေဖက အခိုင္အမာဆံုးျဖတ္ခ်က္ခ်ထားျပန္သည္။
"သားအေဖကို နားလည္ေပးလိုက္ပါ ေကာင္းျပည့္၊ ဒါ အစ္ကို ဆံုးျဖတ္ၿပီးသား မို႔ တို႔ေတြကအေကာင္းဆံုး ပံ့ပိုးေပးၾကရမယ္၊ သူ႔ ေလ်ွာက္လွမ္းေတာ့မယ့္ လမ္းကို ေခ်ာေမြ့ေအာင္ သားက တာဝန္အရိွဆံုးပဲ "
"ဆရာ."
အေဖက ကြၽန္ေတာ္တို႔သားအဖကို စိတ္ခ်ၿပီမို႔ ေမြးရပ္ေျမျပန္ၿပီး သာသနာေဘာင္အၿပီး ဝင္ေတာ့မယ္တဲ့ ၊ ဘယ္လိုေတာင္ ေျပာရက္ခဲ့တာလဲ ေဖေဖရယ္။ သားတို႔ ခုမျွပန္ဆံုေတြ့ၾကရတာ အခ်ိန္ကာလကို လက္ခ်ိဳးေရလို႔ ငါးခု မျပည့္ေသးဘူး၊ သားတို႔ကို ထားၿပီး သြားရက္သလားလို႔ မေမးရက္ခဲ့ျပန္ဘူး ။သံသရာခရီးက ရုန္းထြက္ဖို႔ႀကိဳးစားေနတဲ့အေဖ ကိုသား ဘယ္လို တားရက္မလဲ။
" ဆရာ..ေဖေဖကို ေျပာၾကည့္ပါအံုးလား ဟင္"
" ဒီလမ္းကိုေလ်ွာက္ဖို႔ ဆံုးျဖတ္ထားတဲ့ သားအေဖကို ဆရာက ေလးစားအတုယူေနတာ၊ သူ႔ဆံုးျဖတ္ကို အေလးထားရမယ္၊ ငါတို႔မလုပ္ႏိုင္တဲ့ လမ္းကို သားအေဖက ျမင့္ျမတ္စြာ ေရြးခ်ယ္သြားခဲ့တာ သားရဲ့"
ပူေလာင္လွတဲ့ လူ႔ေလာက၊ လူ႔ေဘာင္ကို ေဖေဖက ရုန္းထြက္ၿပီး သံသရာခရီးက ရုန္းထြက္ဖို႔ႀကိဳးစားေနၿပီမို႔ ကြၽန္ေတာ္ မတားေတာ့ပါဘူးလို႔ ဆရာကို ဝမ္းနည္း၊ ဝမ္းသာ ခံစားမူ အျပည့္ျဖင့္ေခါင္းညိတ္ခဲ့မိတယ္။ ေဖေဖ ကေရြးခ်ယ္ခဲ့တဲ့လမ္းကို သံေယာဇဉ္ေသြးသားေၾကာင့္ အပူေလာကထဲ ျပန္ေျခမခ်ေစခ်င္ဘူး ၊ သံေယာဇဉ္ျဖတ္ဖို႔ႀကံေနတယ္လို႔ မေတြးရက္ ပဲေဖေဖ ျမင့္ျမတ္တဲ့လမ္းကို သိကၡာရိွရိွေရြးခ်ယ္ခဲ့တာပါ့လားလို႔ ျပန္ေတြးၿပီး အေဖအတြက္ ဂုဏ္ယူေနပါ့မယ္ ။
" ဟုတ္ ဆရာ....သား နားလည္ပါၿပီ၊ အေဖကိုျပန္ပို႔ရင္ သားအလႉေလး လုပ္ခ်င္တယ္ "
" ဒါေပါ့ ဆရာတို႔ အတူ ပူေပါင္းၿပီး ပါရမီျဖည့္ေပးၾကမယ္ေလ သားမမ ကိုေတာ့ သားပဲ အသိေပးလိုက္ပါ "
" ဟုတ္ကဲ့ဆရာ "
ခုဆို သားသား ေက်ာင္းတက္တာ တစ္လျပည့္ေနၿပီ၊ ကေလးပီသစြာ ခ်စ္စရာအျပဳအမူတခ်ိူ႔ကို စာသင္ခန္းထဲျပသျခင္းမရိွဘူး သားငယ္အတန္းပိုင္းဆရာမဆီမွ သားငယ္၏ သြင္ျပင္တခ်ိဳ႕ကိုျပန္လည္သိခြင့္ရခဲ့သည္။ တည္ၿငိမ္ေသာ ဟန္၊ ထက္ျမတ္ေသာ ဉာဏ္ကို မာန္တခ်္ဳ႕တို႔ျဖင့္ ကြယ္ဝွက္ထားၿပီး သိုသိပ္စြာေနသည္ဟု ၾကားရသည္။ မိသားစု အခက္အခဲမ်ား ရိွေနမလားဟု စပ္စုသံမပါေသာ သားငယ္အတန္းပိုင္ဆရာမဆီမွ စကားသံတခ်ိဳ႕က ကြၽန္ေတာ္ႏွလံုးကို တဆက္ဆက္ရိုတ္ခတ္ေနသည့္အလား နာက်င္မိၿပီ၊ ကြၽန္ေတာ့္ဆံုးျဖတ္ခ်က္ကသားငယ္ စိတ္ထဲ အနာျဖစ္ေစမလား ေတြးမိရင္း သားငယ္ႏွင့္ဒီည ရင္ဖြင့္ေဆြးေနြးရေတာ့မည္။
ဒဏ္ရာ၏ သေဘာတရားကို သိေသာသူမို႔ အတိမ္အနက္အလိုက္ ခံစားမူကို ေဖာ္ျပႏိုင္ၿပီ၊ဘဝႏွင့္ရင္းၿပီး သိခဲ့ရေသာ အခ်စ္ဒဏ္ တခ်ိဳ႕ကို သားငယ္ေလးေၾကာင့္သာ ျပန္လည္ အသက္ရူရျခင္း၊ ျပန္လည္ဦးေမာ့လာရျခင္း ေလာကႀကီး၏ ေကာင္းကြက္တခ်ိဳ႕ကို ျပန္လည္ခံစားသက္ဝင္လာရျခင္း။
ႏြမ္းလ်ေနေသာစိတ္အစဉ္တို႔ေၾကာင့္ အိပ္ယာေပၚ အနားယူေနစဉ္ စားပြဲပုေလးေပၚက တတီ-တီ ျမည္ေနေသာ ဖုန္းကိုၾကည့္မိေတာ့ ေခၚဆိုေနသူက သားငယ္ဒယ္ဒီ။
* Hello
(........)
" ရတယ္ "
(.............)
"ဘာမွမလိုဘူး "
အေမးတစ္ခု အေျဖတျခား ဆိုရမလားဘဲ ၊ တိုေတာင္းေသာ စကားကိုျဖတ္၍ ပံုေဖာ္မိသည္၊ ဖုန္းေခၚဆိုေသာ သူသည္ကား ဒဏ္ရာကို ထြန္းထုေပးေသာ သား၏ ဒယ္ဒီမို႔ စိတ္တို႔ႏြမ္းလ်ခ်ိန္ပို၍ မၾကားခ်င္ဆံုးက သူ႔အသံ။
" ငါ့ေျမး ေက်ာင္းဆင္းဖို႔နီးၿပီမလားဟ ၊ ဆရာ သြားႀကိဳရမလား "
" သားဒယ္ဒီ က ႀကိဳလာမယ္တဲ့ ဆရာ ၊ ေစာေစာက ဖုန္းဝင္လာတယ္ "
" ေဟ...ေမာင္ရဲရင့္က အလုပ္မွာဟုတ္ဘူးလား "
" သူအလုပ္ေစာလ္ို႔ သားကို ႀကိဳခဲ့မယ္တဲ့ဆရာ "
" ေအာ္....ေအး...ေအး...ဆရာၿခံထဲ လမ္းေလ်ွာက္အံုးမယ္"
" ဟုတ္ဆရာ "
ေဖေဖက ညေနခင္း တရားခဏထိုင္တက္တဲ့အက်င့္ေၾကာင့္ ဘုရားခန္းထဲ တရားထိုင္ေနသည္။
လက္ႏွစ္ဖက္ကိုေနာက္ပစ္၍ အိမ္ေရ႔ွေပၚတီေအာက္ ေလ်ွာက္ေနေသာ ဆရာက ပိတ္ထားေသာ အျဖဴေရာင္ေဆးသုတ္ထားေသာ ၿခံတံခါးဝဆီကိုလည္း မၾကာမၾကာလွည့္ၾကည့္ေနျပန္ေသးသည္။
ေရႊဘိုကေန အလုပ္ကို ႏူတ္ထြက္ခဲ့ၿပီး ရန္ကုန္မွအေျခခ်ခဲ့သည္၊ ကိုယ္အိမ္ေသြးသားလို ေစာင့္ေရွာက္ခဲ့ရတဲ့ ေျမးတို႔ကိုတြယ္တာစိတ္ျဖင့္ လက္ရိွေနအိမ္မွာပဲ အတူေနထိုင္ခဲ့သည္။ သေဘာထားႀကီးၿပီး မွန္ကန္လွသည့္ ေကာင္းျပည့္ဖခင္ႏွင့္ဆံုခဲ့ရသည့္အခ်ိန္ ေလးစားအားက်ျခင္းႏွင့္အတူ ေျမးငယ္တိုကို ပို၍ တြယ္တာရျပန္သည္။
လူေလာက ေတြ့ႀကံဳရမည့္ကံပါလာသည့္အေလ်ွာက္ ေကာင္းေသာ ေတြ့ဆံုျခင္းေတြက ေနာက္ဆံုးအခ်ိန္ ေသြးသားမဟုတ္သည့္သံေယာဇဉ္ ေျမးငယ္စကားသံဝဲဝဲထဲမွာပဲ ၿပံဳးေပ်ာ္၍ ကုန္ဆံုးေစေတာ့မည္။
တေန့ေန့ေတာ့ အစ္ကို လိုပဲ သံသရာထြက္လမ္းကို လွမ္းေလ်ွာက္ႏိုင္ဖို႔ ႀကိဳးစားရအံုးမည္။
တီ ~ တီ
" ဖိုးဖိုးေရ ....ပါးပါး...သားသား ျပန္လာၿပီ"
ၿခံထဲ BMW M5 အျဖဴေရာင္ကားေလး စက္ရိွန္သတ္၍ တစ္လိမ့္ခ်င္း ဝင္လာသည့္ေနာက္ ကားမွန္တံခါးကိုခ်ကာ ေခါင္းေလးျပဴ၍ ေအာ္ေနသည့္ ခ်စ္စရာသားငယ္၏ အသံေလးက တစာစာ ထြက္ေပၚလာေလၿပီ။ ကေလးငယ္မ်က္ႏွာကို ျမင္ရမည့္ ဒီေန့ကြၽန္ေတာ္ အခ်ိန္နာရီေတြ လွပေတာ့မည္။
" ေဟ....ငါ့ေျမးျပန္ၿပီလား "
သားငယ္ေအာ္သံေၾကာင့္ ေျခလွမ္းမွားေနေသာ အဖိုးႀကီးကို ေနာက္ဘက္ကၾကည့္၍ ၿပံဳးေနမိသည္။
သားငယ္ကို ဆရာက သိပ္တြယ္တာ။
" ေျဖး...ေျဖးဆင္း..သားငယ္..ထိခိုက္မယ္ ေလ"
" ဟုတ္ ဒယ္ဒီ၊ သား မလဲပါဘူးဆို .. ဖိုးဖိုး ေရ.."
" လာပါအံုး ေမာင္ေက်ာင္းသားႀကီး...ဒီမွာ ရိွပါတယ္ကြ "
အန္ကယ္ေက်ာ္သက္ဆီ ေျပးသြားေသာ သားငယ္ကို လဲက်သြားမွာ စိုးရိမ္စိတ္ျဖင့္ ကားတံခါးမပိတ္ႏိုင္ဘဲ အေျပးေလး သားအနား သြားမိသည္။ သားကို စိတ္ခ်ရၿပီဆိုမွ သား၏ ေက်ာင္းလြယ္အိတ္ ၊ မူန္႔ျခင္းေတာင္းတို႔ကို တဖန္ျပန္ယူရသည္ ။ သိပ္လည္တဲ့သားငယ္က ခ်စ္သူခင္သူအျပည့္ အိမ္ေတာ္ႏွစ္ခု၏ အခ်စ္မ်ားကို တေပြ့တစ္ပိုက္ သိမ္းပိုက္ထားသည္။
" ဖိုးဖိုး ..ပါးပါးေရာ ....သားကို လာလည္းမႀကိဳဘူးေရာ္"
" သားပါးပါး ရိွပါ့ဗ်ာ ...သားဒယ္ဒီ လာႀကိဳလို႔ ပါးပါးက လာမႀကိဳတာပါတဲ့ ၊ လာ သားႀကိဳက္တဲ့သီးသီး ဝယ္ထားတယ္၊ ဩ ...ေမာင္ရဲရင့္ အနားယူပါအံုး "
" ဟုတ္..အန္ကယ္ "
သူ႔အိမ္ရာမို႔ ကြၽန္ေတာ္ကိုတစ္ခ်က္ၿပံဳးျပၿပီး အန္ကယ္နဲ႔အတူ အိမ္ထဲ လွမ္းေလ်ွာက္ေနပါေသာ သားငယ္က ဘုရင္တစ္ပါးအလား ေမာ္ႂကြားမူအျပည့္၊ အဖိုးအဖြားေတြ ၏ အခ်စ္မ်ားစြာျဖင့္ လိုတရ မင္းသားအလား ျဖည့္ဆည္းေပးသူအမ်ားအျပားျဖင့္ သားငယ္၏ေျခလွမ္းတစ္ခုျခင္းဆီက တန္ဖိုးရိွေသာ ေက်ာက္သံပတၲျမားအစ အကုန္လိုတာျပည့္စံုေစသည္။ မားမား၏ မနည္းေသာ ပိုင္ဆိုင္မူေတြကို အသက္၅ႏွစ္ မွစလက္ခံထားရေပမယ့္ သိုသပ္စြာ အေနေအးသည့္ သားငယ္ဖခင္ေၾကာင့္ သာမာန္လူလိုသာ ေနထိုင္ခဲ့ၾကသည္။
" ပါးပါးသားေလး ျပန္လာၿပီလား၊ လာပါအံုး ပါးပါးဆီ ...ေက်ာင္းမွာ အဆင္ေျပခဲ့ရဲ့လားဟင္ "
" ပါးပါးက လာမႀကိဳဘူးေနာ္ ၊ ပါးပါး ေနေကာင္းရဲ့လားဟင္ "
ကြၽန္ေတာ္အေပၚ စိုးရိမ္စိတ္အျပည့္ျဖင့္ ၾကည့္ေနပါေသာ သားငယ္မ်က္ဝန္းေတြကို အၿပံဳးလွလွေလးျဖင့္ ေခါင္းညိတ္၍ မစိုးရိမ္ေစရန္ျပသခဲ့သည္။ သားငယ္အရပ္မွီေအာင္ သားငယ္ေရ႔ွ ထိုင္ခ်မိေသာ အခ်ိန္ ကြၽန္ေတာ္နဖူးေပၚေရာက္လာေသာ သားငယ္လက္ဖဝါးေနြးေနြးေလးက ျမတ္ႏိုးၾကင္နာမူအျပည့္၊ သားအဖ သံေယာဇဉ္အခ်စ္စိတ္အျပည့္ျဖင့္ ေအးခ်မ္းလွသည္။
" အင္း..ပါးပါး ေနေကာင္းပါတယ္ သားရဲ့ ၊ သားေရာ ေျပခဲ့လား ေက်ာင္းမွာ "
" အကုန္ေျပတယ္ပါးပါး...ညၾက ပါးပါးကို အကုန္ေျပာျပမယ္ ခု ဖိုးဖိုးနဲ႔ သီးသီးစားမယ္"
" ဟုတ္ပါၿပီ သားရယ္ ..."
သားအဖႏွစ္ေယာက္ တေယာက္ကို တေယာက္စိုးရိမ္စိတ္အျပည့္ျဖင့္ စမ္းသပ္ေနစဉ္ ေနာက္မွရပ္ၾကည့္ေနေသာ ကြၽန္ေတာ္ကို မည္သူမျွမင္မိမယ္မထင္၊ အလုပ္ပင္ပမ္းခဲ့သမ်ွ သည္လို ၾကင္နာမူေလးသာ ပိုင္ဆိုင္ရရင္ ကမ႓ာေက်ာ္ဘီယံနာျဖစ္ေအာင္ ေန့မနားညမအားႀကိဳးစားရရင္ ကို ထိုက္တန္သည္။
သိပ္ခ်စ္ရတဲ့ ကေလးငယ္ကို တစ္ခ်ိန္က နာက်င္ေအာင္ မရက္စက္ခဲ့လ်ွင္ ခုလိုအခ်ိန္ ကြၽန္ေတာ္ရယ္၊ ကေလးႏွင့္ သားငယ္က ကြၽန္ေတာ္ရင္ခြင္ထဲမွာ အၿပံဳးျဖင့္ ဆီးႀကိဳေနမလား ။ ေနြးေထြးၾကင္နာလွသည့္ သည္လိုျမင္ကြင္းမ်ိဳး ပိုင္ဆိုင္ရမွာ မလြဲမေသ ကြၽန္ေတာ့အမွားေတြသာ မလုပ္ခဲ့ရင္၊ ကြၽန္ေတာ့္ လုပ္ရပ္ေတြကသာ မွန္ကန္ခဲ့ရင္ ခုခ်ိန္ၾကည္ႏူးသာယာတဲ့မိသားစုက ကြၽန္ေတာ့္ရင္ခြင္ထဲမွာ။
" ေမာင္ရဲရင့္ ညစာစားၿပီးမျွပန္ ေအးေဆးအနားယူအံုး ၊ အေပၚထပ္မွာ ေရခ်ိဳးလို႔ရတယ္ေနာ္ "
" ဟုတ္ကဲ့ပါ အန္ကယ္ "
" ဟုတ္တယ္ ဒယ္ဒီ သားတို႔ ညစာ အတူတူ စားၾကမယ္ေနာ္ ...ပါးပါး ရမလားဟင္"
သားငယ္ အေမးစကားကို အေျဖေပးဖို႔ရန္ ခက္ခဲလွေသာ္လည္း သားငယ္ ဆႏၵမို႔ အၿပံဳးေလးျဖင့္ ေခါင္းညိတ္ျပမိသည္။ သားငယ္ ၿပံဳးေပ်ာ္ေနဖို႔က အဓိကမို႔ ပါးပါးက အဆင္ေျပေအာင္ေနတက္ပါတယ္သားရယ္ ။
" ေဟးးးးပါးပါးကို ခ်စ္တယ္"
Kitchen room ထဲကို ၿပံဳးေပ်ာ္စြာ ဝင္သြားပါေသာ သားငယ္ႏွင့္ ဆရာကို ၾကည့္ၿပီး ၿပံဳးေနမိသည္။
ထိုင္ခံုတဖက္ဆီ တစ္လံမကြာေသာ အကြာအေဝးမွာရပ္ေနေသာ ကြၽန္ေတာ္တို႔ႏွစ္ဦး။ သားငယ္တို႔ ဝင္သြားေသာ kitchen ထဲကို လည္ျပန္လွည့္ၾကည့္ေနေသာ ကေလးငယ္ကို ေဘးတစ္ဖက္မေစာင္းဘဲ ဒဲ့ၾကည့္မိေနေသာ ကြၽန္ေတာ္က ကေလးငယ္ဝတ္စားဆင္ယင္မူေၾကာင့္ျဖစ္ေစ၊ သားငယ္ႏွင့္ေနြးေထြးေပြ့ဖက္ေလးေၾကာင့္ျဖစ္ေစ ၾကည္ႏူးမူတို႔ကို ရင္ဘတ္အျပည့္လိူက္ဖိုေမာစြာ ခံစားမိသည္။
ျမတ္ႏိုးရပါေသာ ကေလးငယ္က အျဖဴေရာင္T-shirt ေလးကို ခ်ည္ရူံ႔ေဘာင္းဘီေလးဝတ္ထားျပန္သတဲ့ ။ ဝင္းဖန္႔ေနေသာ အသားအရည္ေကာင္းျခင္းေတြေၾကာင့္ မလိုက္ဖက္သည့္ဆင္ယင္မူဆိုတာမရိွ။ျမင္သူတို႔ကို လည္ျပန္ၾကည့္ေစဖို႔ရာ ျဖစ္တည္လာတဲ့ ကေလးအေဖေလး။
" ကေလးငယ္....."
".........."
တခ်က္လွည့္ၾကည့္၍ သာ တုန္႔ျပန္ခဲ့သည္။
ကေလးငယ္ေပးေသာ တုန္႔ျပန္မူ ေလးသည္က တန္ဖိုးရိွေနျပန္သည္။
" ကေလးငယ္...ဆိုင္က ေျပရဲ့လား ၊ ကိုကို ဘာကူညီေပးရမလဲ ၊ ဘာလိုအပ္ေသးလဲ ကေလး "
" ေျပတယ္ "
တိုေတာင္းေသာ စကားေလးႏွစ္ခြန္းက ႏွလံုးသားကို တဖ်က္ဖ်က္ရိုက္ခတ္ေနသည့္ႏွယ္ ကိုယ္ကိုအေလးထား ေျပာေနေသးတယ္မဟုတ္ပါလား။
" အကုန္အဆင့္သင့္ျဖစ္ၿပီလား ၊ service ပိုင္းကေရာ ၊ ဘယ္ခ်ိန္စဖြင့္ဖို႔ ရက္ရိွၿပီလား ကေလး "
" လိုေသးတယ္"
" ကိုကိုဘာလုပ္ေပးရမလဲ တေနရာရာမ်ား .."
" အေပၚတက္ေတာ့မယ္ "
ကြၽန္ေတာ္နဲ႔စကားမေျပာခ်င္ဘူး ထင္တယ္၊ ကိုယ့္ကေလးက မ်က္နာခ်င္းဆိုင္ ထိုင္ဖို႔ကို ကိုယ္အတြက္ တိုက္စစ္ဖြင့္ ႀကိဳးစားေနရဆဲ၊ တန္ပါတယ္ေလ အရင္ကလို ခါးခါးသီးသီး မဟုတ္ေတာ့တာက ကိုယ့္ရဲ့ေအာင္ျမင္မူလို႔ေျပာရေနၿပီမို႔ ကိုယ္ေက်နပ္ပါတယ္။
အေပၚထပ္ကို ေျပးတက္သြားေသာ ကိုယ္ငယ္ငယ္ေလး ေပ်ာက္သြားသည့္အထိ တခ်ိန္က ကြၽန္ေတာ္နမ္းရိူက္ဖူးသည့္ ေက်ာျပင္ေသးေသး၊ ခါးသြယ္သြယ္ေလးကို ျပန္ေငးၾကည့္ေနမိသည္။ ကိုယ့္ ကေလးငယ္က သားတစ္ေယာက္ကို ေမြးဖြားထားတဲ့ ဖခင္ေလးပါလို႔ အမ်ားေျပာရင္ ယံုႏိုင္စရာမရိွ၊ ေျပာင္းလဲမလာေသာ ကိုယ္ခႏၶာေလးႏွင့္ လိုက္ဖက္သည့္ ဝင့္ဖန္႔ေသာ အသားအရည္ေကာင္းျခင္းတို႔က သားေမြးၿပီးမွ ပိုၾကည္လင္ေတာက္ပ လာသည္။ တက္မလာေသာ ဝိတ္ေလးႏွင့္ ပိုႏုလွလာေသာ ကေလးငယ္က လူပ်ိဳ ၊ လူလြတ္ထင္ခ်င္စရာ ခ်စ္စရာေကာင္းမူတို႔က ေပ်ာက္ပ်ယ္မသြားခဲ့။ အတိတ္ဆိုးတို႔ကိုသာ မလုပ္ခဲ့ရင္ ခုခ်ိန္ ...ဒီခါးသြယ္သြယ္ေလးကို ဖက္တြယ္ခြင့္ရမွာ မလြဲ။
" ေအာ္...သား ရဲရင့္ ေရာက္ေနတာပဲ "
ကေလးငယ္ အရိပ္ေလးေပ်ာက္ကြယ္သည့္အထိ အေပၚထပ္ကိုသာ တစ္စိုက္မတ္မတ္ၾကည့္ေနေသာ ကြၽန္ေတာ္ကို ေခၚသံတစ္ခုေၾကာင့္ အသိျပန္ဝင္လာခဲ့ရသည္။ ကြၽန္ေတာ္အနီး ဆိုဖာေပၚ ထိုင္ဖို႔ျပင္ေနေသာ ကေလးငယ္အေဖကို ထ၍ အရိုအေသေပးၿပီး ႏူတ္ဆက္မိသည္။
" ဟုတ္ကဲ့ဗ်၊ ၊ သားငယ္ကို ေက်ာင္းႀကိဳရင္း ေရာက္ေနတာပါ အေဖ"
" အလုပ္ေျပရဲ့လား သား...အခ်ိန္ရရင္ အေဖ စကားနည္းနည္း ေျပာခ်င္တယ္ "
" ဟုတ္ကဲ့ ရပါတယ္ဗ် ၊ ခဏ ေန အေဖဆီလာေတြ့ပါ့မယ္၊ ခု အလုပ္ကျပန္မို႔ ေရခ်ိဳးၿပီး အေဖဆီလာခဲ့ပါ့မယ္"
" ေအး..ေအ..၊ အေဖ စာၾကည့္ခန္းမွာပဲ ရိွေနမယ္ ..ေအးေဆး အနားယူပါအံုး ၊ ဖိုးသားေလးကို နားလည္ေပးလိုက္ပါ သူ႔အျပဳအမူတိုင္းကိုလက္ခံေပးလိုက္ပါ သား"
" ဟုတ္ ၊ အေဖ စိတ္ခ်ပါ ၊ ကေလးတို႔ကို အကုန္နားလည္လက္ခံေပးေနမွာပါ "
တစ္ခ်ိန္က ကေလးအေဖက ကြၽန္ေတာ္ကို မ်က္မုန္းက်ိဳးခဲ့တယ္ ။ အခ်ိန္ရာသီေျပာင္းလဲလာတာႏွင့္အမ်ွ လူႀကီးေတြ၏ ျဖည့္စြက္ေတြးေတာ ဆင္ျခင္ႏိုင္စြမ္း ႀကီးမားတဲ့ ကေလးအေဖက ကြၽန္ေတာ့္ကို အသိအမွတ္ျပဳခဲ့တယ္။ အေဖ ဘာအေၾကာင္းအရာကို ေဆြးေနြးခ်င္တယ္မသိေပမယ့္ အေဖ ဘက္က ေတာင္းဆိုတာမို႔ ကြၽန္ေတာ္ အခ်ိန္ကို အေလးထားရသည္။ အေဖ အခ်ိန္ၾကာၾကာေစာင့္ရသည္ကို မလို၍ ကေလးတို႔အခန္းေဘးက ကိုယ့္အတြက္ရည္ရြယ္ထားခဲ့ေသာ အခန္းတြင္းဝင္ၿပီး ေရးခ်ိဳးခဲ့သည္။
တခ်ိန္ခ်ိန္ သည္အခန္းေလးမွာ ေပ်ာ္ရြင္စရာ မိသားစုေလး အတူေနခြင့္ရမွာဟု စိတ္ကိုတင္းရင္း ႀကီးမားေသာမိသားစု အိပ္ယာကို တခ်က္ၾကည့္ၿပီး ေက်နပ္အားရမိသည္။ သားငယ္ ရယ္သံေတြ ပ်ံ့လြင့္ေနမည့္ သည့္အခန္း၊ ကေလးငယ္ အၿပံဳးတို႔ ေတာက္ပမည့္ သည့္အခန္းမွာ ကြၽန္ေတာ့္ အေတြးစိတ္ကူးတို႔ ေပ်ာ္ျမဴးရာ သည့္အခန္းေလး ။ တစ္ခ်ိန္ခ်ိန္မွာ သည့္အခန္းေလးထဲက ကြၽန္ေတာ္တို႔မိသားစု၏ ေပ်ာ္ရႊင္ ပံုရိပ္တို႔ျပည့္ေနမည့္သည့္အခန္းေလးကို တစ္ခ်က္ပိတ္ၿပီး အေဖေစာင့္ေနမည့္ စာၾကည့္ခန္းဆီသို႔ ။
" ဒယ္ဒီ ...သားတို႔အခန္းက ျပန္လာတာလား ၊ ပါးပါးကေရာ "
" မဟုတ္ရပါဘူးဗ်ာ ၊ ဒယ္ဒီ အခန္းက ေရခ်ိဳးလာတာပါ ၊ သားပါးပါးက အခန္းထဲ ရိွေနပါတယ္ဗ်ာ..လာပါအံုး ဒယ္ဒီဆီ ..နမ္းပါရေစအံုး "
" သား ေရမခ်ိဳးရေသးဘူး ဒယ္ဒီ "
" ဟား.....ဒယ္ဒီသားက အၿမဲေမႊးေနတာပါ ကြာ "
" ခစ္...ခစ္ခစ္ ဒယ္ဒီ မလုပ္နဲ႔ ...သား ..သား..ယားေနၿပီ ...အ...ဟား..ဒယ္ဒီေရ .."
သားငယ္ကို ရင္ထဲကၾကည္ႏူးမူေတျြဖင့္ မ်က္နာအႏွံ႔ အနမ္းမိုးေႁခြေတာ့ သားငယ္ ေအာ္ရယ္သံေလးက လြင့္ပ်ံ့စြာ ဧည့္ခန္းသည္မွ အိမ္ေတာ္တစ္ခုလံုး လႊမ္းၿခံဳေစသည့္အလား ။
" ကဲကြာ....ဒယ္ဒီက အဲ့ဒီ လည္ပင္းေလးေရာ...မြ ...."
" အ....ဟားဟား....ပါးပါးေရ...."
" အဲ့ဒီ ဗိုက္ပူပူေလးေရာ နမ္းမယ္ကြာ ....ႁပြတ္....ႁပြတ္...."
" သား...ယားၿပီ..အဟား....ဟား...ပါးပါး...ကယ္ပါ...ခစ္ခစ္...မလုပ္နဲ႔ ...ဒယ္ဒီ လူဆိုးႀကီး .."
အစ္ကိုတည္ၿမဲ အိမ္လာလည္တဲ့ ဖုန္းရလို႔ ေလွကားေပၚကေန ေပ်ာ္ရႊင္ဆင္းလာေသာ ေကာင္းျပည့္၊ ေလွကားေျခရင္း ဧည့္ခန္းအလယ္က သားအဖေတြရဲ့ ေပ်ာ္ရႊင္ေနေသာရယ္ျမဴးသံေတြေၾကာင့္ ေအာက္ဆံုးထစ္ထိ ေျခမခ်မိ ေရာက္ရိွေနသည့္ ေလွကားထစ္ေလးေပၚ ေျခစံုရပ္၍ မ်က္ေတာင္မခတ္ေငးေနမိသည္။ ဖုန္းေလးကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ရင္း ေလွကားေဘာင္ေတြကိုမွီ၍ တလွပ္လွပ္ခုန္ေစေသာ ျမင္ကြင္းကို မမိွတ္မသုန္ၾကည့္ေနမိသည္။
" ပါးပါး...."
ကိုယ္ကိုျမင္၍ အနားလာေစရန္ လက္ယက္ေခၚေနေသာ သားငယ္၊ သူ႔ဒယ္ဒီ အႏိုင္က်င့္ခံရမူကို ရယ္ျမဴးဟန္ တို႔ျဖင့္ ေပ်ာ္ရႊင္မ်က္ရည္ေတြ ေဝ့ဝဲစြာ ႏွင္းဆီဖူး ႏူတ္ခမ္းနီနီေလးေတြက ၿပံဳးရယ္မပ်က္။ သားဒယ္ဒီအနမ္းေပးမူေၾကာင့္ လွစ္ဟထားေသာ သားငယ္ဗိုက္ျဖဴျဖဴေလးတို႔က လံုးတစ္ေနေသာ သားငယ္။
ျမင့္မားလွေသာ တံခါးေဘာင္ေတြ၊ ကႏုတ္ ပန္းပံုေတြ ထြန္းထု ပံုေဖာ္ထားေသာ အိမ္ေရ႔ွတံခါးမႀကီးနား ေျခအစံုကိုရပ္ၿပီး ဧည့္ေဂဟာအတြင္းဆီက ရယ္သံလြင္လြင္တို႔ေၾကာင့္ တိတ္တဆိတ္ရပ္ ၾကည့္ေနပါေသာ ေဒါက္တာတည္ၿမဲ။
ေဆးရံုကျပန္ ခ်စ္စရာကေလးသားအဖကို အျပင္ေခၚ၍ ၾက ည္ႏူးဖြယ္ ညေနခင္းကို ျခယ္သဖို႔ႀကိဳးစားေနေသာ ေဒါက္တာ။
ဆိုဖာေပၚက သားအဖကို ေလွကားထစ္ေတြေပၚေျခစံုရပ္ၾကည့္ေနေသာ ကေလးအေဖေလးကို အိမ္ေရ႔ွတံခါးဝဆီမွ ေငးၾကည့္ေနပါေသာ ေဒါက္တာ။
" အစ္ကို ....."
" ဟာ....ဦးဦးၿမဲ.....သားသားကို လာေခၚပါ "
#မမအတြက္ vote ေပးခဲ့ဖို႔ မေမ့နဲ႔ေနာ္
#Take care all
-------------------------------------