Devil Venerable Also Wants To...

By m_velvetblue

63.4K 7.7K 644

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး

1.3K 214 28
By m_velvetblue

ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့ပြီ
ဖြစ်သည့်အတွက် တာဝန်ရှိသူများကသာပြန်လည်ပြင်ဆင်မပေးခဲ့လျှင်
ဂူဗိမာန်ယိုယွင်းပျက်စီးသွားမည်မှာ
မြေကြီးလက်ခတ်မလွဲပင်။အရိုအသေ
လာပေးသူများလည်းနည်းပါးလာချေပြီ။

ယင်ဟန်ကျန်း ထို‌နေရာကိုရင်းနှီးကျွမ်းဝင်နေခြင်းကိုကြည့်ပြီး ဝမ်ရန်အယ်
အနည်းငယ်သံသယဝင်မိသည်။
အမွှေးတိုင်ထွန်း ပူဇော်ကာရုပ်ထုကိုတိုက်ချွတ်ပြီးနောက် ယင်ဟန်ကျန်း
သူ့နားသို့ပြန်ရောက်လာသည့်အခါ
"မင်းဒီကိုမကြာခဏ လာလေ့ရှိသလား။"
ဟုဝမ်ရန်အယ်မေးလိုက်မိသည်။

ယင်ဟန်ကျန်း၏ နားရွက်အနည်းငယ်
နီရဲလာသော်ငြားမျက်နှာအမူအရာကတော့ပြောင်းလဲသွားခြင်းမရှိချေ။
"တံခါးပိတ်ကျင့်ကြံ‌မနေဘူးဆိုရင်
တစ်နှစ်တစ်ခါတော့ရောက်အောင်လာလေ့
ရှိပါတယ်။"ဟုပြန်ဖြေသည်။

ဤအကြိမ်သည်ကား ဝမ်ရန်အယ်နှင့်အတူ
ပထမဆုံးလာခြင်းဖြစ်ပေသည်။

"ဒီအရှင်က ကုသိုလ်လည်းမလိုသလို
အမွှေးတိုင်ထွန်းပူဇော်မှုတွေကနေ အကျိုးအမြတ်တစ်စုံတစ်ရာ
ရမှာမျိုးလည်း မရှိဘူး။ငါက
မင်းဘေးမှာတင်ရှိနေတာ။
ငါ့ရုပ်တုကိုအရိုအသေလာပေးဖို့
လိုလို့လား။"ဟုဝမ်ရန်အယ်
နားမလည်နိုင်စွာမေးလိုက်သည်။

ယင်ဟန်ကျန်းဟာကလေးဘဝကတည်းက
သူ့နောက်လိုက်ခဲ့သဖြင့် ယင်ဟန်ကျန်းအကြောင်း သူနားလည်သည်ဟု
ဝမ်ရန်အယ်ထင်ထားခဲ့သည်။ဝတ္ထုစာအုပ်ဖတ်ကြည့်မှသာ ယင်ဟန်ကျန်း
ပြသထားသည့်ပုံရိပ်ကိုသာ ‌သူသိကြောင်းသဘောပေါက်ခဲ့ရသည်။ထိုအချိန်မှစ၍
ယင်ဟန်ကျန်းကိုသေသေချာချာ ‌
စောင့်ကြည့်ခဲ့ရာ ယခင်ကသတိမပြုမိခဲ့သည့်
အပြုအမူများစွာကို တွေ့ရှိခဲ့သည်။

ဤဗိမာန်မှာနှစ်ရှစ်ဆယ်ကျော်ပြီ
ဖြစ်သော်ငြားရုပ်ထုကတော့ အသစ်
အတိုင်းပင်။ထိုသည်မှာလည်း
ယင်ဟန်ကျန်းကြောင့်ပဲဖြစ်မှာသေချာသည်။နှစ်စဉ်ယင်ဟန်ကျန်း ဤနေရာသို့
လာရောက်လေ့ရှိသည်ကိုဝမ်ရန်အယ်
တစ်ခါမျှသတိမထားမိခဲ့ပေ။

ယင်ဟန်ကျန်းပြန်ဖြေတော့မည့်အချိန်၌
အမှုထမ်းဝတ်စုံဝတ်ထားသည့်
ယောကျာ်းတစ်ယောက် သူတို့အနားသို့
ရောက်လာသည်။ထိုလူမှာ အသက်ငါးဆယ်၊ခြောက်ဆယ် ပတ်ဝန်းကျင်ရှိပြီး
ယင်ဟန်ကျန်းကိုတွေ့သည့်အခါ
"မင်းက ယင်မျိုးရိုးလူငယ်
သူရဲကောင်းလား။"ဟု
စကားစလာသည်။

ယင်ဟန်ကျန်းဟာ ထိုအသက်ကြီးကြီးအမှုထမ်းကို အခြားသူများအား
ဆက်ဆံသကဲ့သို့ အေးစက်စက်
မဆက်ဆံပေ။လေးစားဟန်ဖြင့်
လက်နှစ်ဖက်ဆုပ်လိုက်ပြီး
"ဟုတ်ပါတယ်။"ဟုပြန်ဖြေလိုက်သည်။

ထိုအမှုထမ်းမှာ ယင်ဟန်ကျန်းမျက်နှာကို
ကြည့်ရင်း အတိတ်ကိုသတိရနေဟန်ပင်။
သက်ပြင်းချရင်း "ငါ့အသက်
ဆယ့်ခြောက်နှစ်ကတည်းက ဒီဂူဗိမာန်တွေကိုထိန်းသိမ်းလာခဲ့တာ။အခုဆို နှစ်လေးဆယ်ကျော်သွားပြီ။အရိုအသေလာပေးတဲ့
လူတွေက တစ်နှစ်ထက်တစ်နှစ်
လျော့လျော့သွားတယ်။ယင်မိသားစုက
တစ်စုကပဲ မင်းအဖိုးကစပြီး
အခုဆိုမင်းအထိပေါ့ နှစ်တိုင်းနှစ်တိုင်း
ဆောင်းမဝင်ခင်အရိုအသေ
လာပေးတတ်တာ။လွန်ခဲ့တဲ့ဆယ့်တစ်နှစ်လုံးမင်းအဖေ‌ပေါ်မလာခဲ့ဘူး။အဲ့တာ‌ကြောင့်
မင်းတို့မိသားစုလည်း မေ့သွားပြီလို့
ငါထင်နေခဲ့တာ။"

"ပြီးခဲ့တဲ့နှစ်တွေတည်းကစပြီး အဖေ
လမ်းမလျှောက်နိုင်တော့တာ။
အရိုအသေလာမပေးနိုင်တဲ့အတွက်လည်း
သူအမြဲပဲပူဆွေးနေတာ။ဒီနှစ် ကျွန်တော်
ခရီးထွက်ရတော့ အဖေကဒီနေရာကို
မရောက်ရောက်အောင်သွားရမယ်ဆိုပြီး
မှာနေတာ။လွန်ခဲ့တဲ့နှစ်ရှစ်ဆယ်တုန်းက
ကျွန်တော့်ရဲ့ အဘေးကို ဗိုလ်ချုပ်ဝမ်ရန်က
ကယ်ခဲ့တာ။ယင်မိသားစုရဲ့မျိုးဆက်သစ်
တွေက ဒီအကြွေးကိုအမြဲသတိရနေမှာပါ။
ကျွန်တော် အသက်ကြီးသွားရင်
ကျွန်တော့်သားနဲ့ မြေးတို့
အရိုအသေလာပေးပါလိမ့်မယ်။"

ယင်ဟန်ကျန်း ထိုကဲ့သို့
စကားအများကြီးပြောတာရှား၏။
သူ့အတွေးတွေကိုလည်း ယင်ဟန်ကျန်း
မဖော်ပြတတ်ပေ။အမှုထမ်းအိုကြီး၏
ရှေ့တွင်မူ သူကိုယ်တိုင်၏ အဖေ၊အဘိုးနှင့်အဘေးဇာတ်ကောင်‌များကို ကောင်းမွန်စွာသရုပ်ဆောင်နိုင်ခဲ့ပြီး အနာဂတ်၌လည်း
သားနှင့်မြေးဇာတ်ကောင်များကို
ဆက်သရုပ်ဆောင်မည့်ပုံပင်။ထိုသည်ကိုကြည့်ရင်း မရင်းနှီးသည့်ခံစားချက်တစ်ခုကို
ဝမ်ရန်အယ်ခံစားလိုက်ရသည်။
ဒီဆယ့်တစ်နှစ်အတွင်းမလာနိုင်တာက
သူ့အဖေရဲ့ခြေထောက်တွေမကောင်းတော့
လို့ဟု‌အကြောင်းပြချက်ပေးသည်။အမှန်မှာမူ
ဂိုဏ်းပေါင်းစုံစစ်ပွဲကြောင့်မလာနိုင်တာပင်။

"ငါ့အဖေလည်းတူတူပါပဲ။"ဟု
အမှုထမ်းအိုကြီးကပြန်ပြောလိုက်ကာ
ဗိမာန်ဝင်‌ပေါက်ရှေ့မှကျောက်တိုင်ကို
အဝတ်စိုဖြင့်သုတ်လိုက်သည်။ထိုအခါ နာမည်တစ်ခုချင်းစီဟာ ထင်ထင်ရှားရှား
ပေါ်လာ၏။"ဗိုလ်ချုပ်ဝမ်ရန်သာ
မရှိခဲ့ရင် ဒီမြို့ဟာရန်သူ့လက်ထဲကို
လွန်ခဲ့တဲ့နှစ်ရှစ်ဆယ်ကတည်းက
ရောက်သွားမှာလို့ ငါ့ကို အဖေအမြဲ
ပြောလေ့ရှိတယ်။"

နာမည်တွေကို အဝတ်ဖြင့်သုတ်နေရင်း
ကျန်းအားဂို ဟူသည့်နာမည်သို့
ရောက်ချိန်၌ ဂုဏ်ယူဟန်ဖြင့်
"ဒါကငါ့အဘိုးလေ။အဖေမွေးပြီး
နောက်ပိုင်းဖြစ်တဲ့စစ်ပွဲမှာ ကျဆုံးသွားတာ။
ဒီမြို့ရဲ့ငြိမ်းချမ်းသာယာမှုကို အဘိုးနဲ့
အခြားမရေမတွက်နိုင်တဲ့ စစ်သည်တွေရဲ့
သွေးတွေနဲ့တည်ဆောက်ထားတာလေ။
သူတို့တွေက သူရဲကောင်းတွေပဲ။"

အေးစက်စက်လေဖြတ်တိုက်
သွားသည့်အတွက် အမှုထမ်းအိုကြီးဟာ အဝတ်တွေကိုတင်းတင်းဆွဲစိလိုက်သည်။
သူဟာ ယင်ဟန်ကျန်းကိုရယ်ရင်း
"မင်းတို့လိုလူငယ်တွေ အအေး
မကြောက်တတ်လို့ ဆောင်းဝင်ချိန်မှာ
အဝတ်တွေထပ်မဝတ်ကြဘူး။အသက်ကြီးမှ
နောင်တရလိမ့်မယ်နော်။"ဟုပြောလာ၏။

ထို့နောက်‌အဝတ်စိုနှင့်ရေပုံးကိုမရင်း
ဗိမာန်မှဖြေးဖြေးချင်းလျှောက်ထွက်
သွားတော့သည်။

သူထွက်သွားပြီးနောက် ယင်ဟန်ကျန်းဟာ
ဝမ်ရန်အယ်ဘက်လှည့်ပြီး "မတူဘူး။"
ဟု ယခင်ပြောခဲ့သည့်စကားကို
ထပ်ပြောသည်။

ဤအကြိမ်တွင်ဝောာ့ ဝမ်ရန်အယ်
နားလည်သွားချေပြီ။နတ်ဆိုးဂိုဏ်းချုပ်
ဝမ်ရန်အယ်နှင့် နယ်စပ်မြို့ငယ်လေး၌
ဗိမာန်ဆောက်ကာ အမြတ်တနိုး
တန်ဖိုးထားခံရသည့် ဗိုလ်ချုပ်ဝမ်ရန်ဟာ
မတူပေ။ချွမ်းယွမ်ဂိုဏ်း၏ လက်ဝဲကာကွယ်စောင့်ရှောက်သူယင်ဟန်ကျန်းနှင့် ဗိမာန်ကိုနှစ်စဉ်လာရောက်လေ့ရှိသည့် လူငယ်သူရဲကောင်းယင်နှင့်မတူသလိုမျိုးပင်။

ဝမ်ရန်အယ်ဟာ အထိမ်းအမှတ်
ကျောက်တိုင်မှာ ထွင်းထားသည့်နာမည်များကို ပွတ်သပ်ရင်း နူးညံ့သည့်အပြုံးတစ်ပွင့်ဖြင့် "ငါနာမည်တွေနဲ့ မျက်နှာတွေကို
တွဲမှတ်မိသေးတယ်။"ဟုရေရွတ်လိုက်သည်။

"ဒီအရှင်"ဟုမသုံးနှုန်းပဲ "ငါ"ဟု
သုံးနှုန်းလိုက်ပုံကိုကြည့်ခြင်းဖြင့်
နတ်ဆိုးဂိုဏ်းချုပ်အဖြစ်မှ ဗိုလ်ချုပ်ဝမ်ရန်အဖြစ်သို့ပြောင်းလဲသွားပုံပင်။

ကျောက်တိုင်၌ရေးထိုးထားသည့်
လူများအားလုံး ယခုဆိုလျှင်ပြန်လည်
ဝင်စားခြင်းစက်ဝန်းသို့ဝင်ရောက်သွားကြမည်မှာ တစ်ကြိမ်ပင်မကလောက်တော့ပေ။
သို့ပေမဲ့ ဤနယ်စပ်မြို့ငယ်လေးရှိ
လူများစွာ၏နှလုံးသားထဲ၌မူ ၎င်းတို့
ရှင်သန်လျက်ရှိနေသေးသည်။

ထိုသူအားလုံး၏အမည်များကိုအတူတကွပေါင်းစည်းပြီး "အစောင့်အရှောက်တွေ"
ဟုခေါ်တွင်၏။

နယ်စပ်၌ လေတိုက်ခတ်မှုကြမ်းတမ်းသည်။
နှစ်စဉ်နှစ်တိုင်း တိုက်ခတ်လေ့ရှိသည့်ဆောင်းဦးလေသည် အဝတ်အစားများထဲသို့
ဓားကဲ့သို့ ထိုးဖောက်ဝင်ရောက်လာလေ့
ရှိသည်။‌လေတဖြည်းဖြည်း ပိုပိုကြမ်းလာသဖြင့် လမ်းပေါ်ရှိ လမ်းသွားလမ်းလာများဟာနွေးထွေးသည့်အိမ်ရှိရာသို့ အမြန်ပြန်ကုန်ကြသည်။လမ်း‌ဘေးကုန်သည်များဟာလည်း ကုန်ပစ္စည်းများကိုသိမ်းဆည်းကုန်ကြသည်။
ခဏလေးအတွင်းမှာပင် ဝမ်ရန်အယ်နှင့်
ယင်ဟန်ကျန်းသာ လမ်းပေါ်၌
ကျန်ခဲ့တော့သည်။

အေးစက်စက်လေပြင်း‌တိုက်ခတ်မှုကြောင့်ယင်ဟန်ကျန်းစုချည်ထားသည့်
ဆံနွယ်ရှည်ဟာယိမ်းနွဲ့ပြီး
မျက်နှာအနီးသို့ကျဆင်းလာသည်။
ပုံမှန်ဆိုလျှင်ယင်ဟန်ကျန်းဟာ ဆံပင်ကို
သေသေသပ်သပ်စုချည်လေ့ရှိသဖြင့်
ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်သလို
ခံစားရ‌စေသည်။ယခုကဲ့သို့ လျော့တိလျော့ရဲ
မျက်နှာပေါ်ကျဆင်းနေမှုကြောင့်
လူငယ်တစ်ဦး၏အပြစ်ကင်းစင်မှုတချို့တလေ ယင်ဟန်ကျန်းထံ
ပေါ်လာသည်ဟုဝမ်ရန်အယ်မြင်မိသည်။

အမှန်အတိုင်းဆိုရ‌သော် ယင်ဟန်ကျန်းဟာ
ယခင်အတိုင်း မပြောင်းလဲပေ။
ဝမ်ရန်အယ်ကသာ သေသေချာချာ
ဂရုမစိုက်ခဲ့သဖြင့် ကုန်လွန်ခဲ့သည့်
နှစ်ပေါင်းများစွာအတွင်း တစ်ခါမျှ
သတိမထားမိခဲ့တာပင်။

ဝမ်ရန်အယ် အနည်းငယ်ပြုံးလိုက်မိသည်။ဝတ်ရုံလက်ထဲမှ ဝတ္ထုစာအုပ်ကို
ထုတ်လိုက်ပြီး "ဒီစာအုပ်ကိုကျေးဇူး
တင်ရမှာပဲ။ဒီစာအုပ်ကြောင့်သာ
မဟုတ်ရင်ဒီအရှင်က ယင်ဟန်ကျန်းကို
ကျော်ပြီး အခြားအရာတွေကိုပဲ
ကြည့်မိနေဦးမှာပဲ။"

မယုံနိုင်စရာကောင်းစွာ အရှင်
ထိန်းသိမ်းထားသည့် ထိုရင်းနှီးနေသော
ခေါင်းစဉ်နှင့်စာအုပ်ပေါ်သို့ ယင်ဟန်ကျန်းမျက်လုံးကျရောက်သွားသည်။
ပုံမှန်နှင့်ကွာခြားသည့် သူ၏အခြားတစ်ဘက်ကို ယနေ့အရှင့်ရှေ့ပြသမိခြင်းကြောင့်လား ယနေ့အရှင်ဟာယခင်နေ့တွေနှင့်မတူညီ
နေခြင်းကြောင့်လား မသဲကွဲပေမဲ့
ယနေ့၌အရှင့်အား နတ်ဆိုးဂိုဏ်းချုပ်အနေဖြင့်မဟုတ်ဘဲ ဗိုလ်ချုပ်ဝမ်ရန်အနေဖြင့်ကြည့်ရန်ယင်ဟန်ကျန်း ဆုံးဖြတ်လိုက်သည်။ထို့ကြောင့်ရဲတင်းစွာ "အဲ့စာအုပ်မှာ
ဘယ်လိုထူးခြားမှုတွေပါဝင်လို့လဲ။"
ဟုမေးလိုက်သည်။

ထိုစာအုပ်ရပြီးနောက် အရှင်ဟာ
ချွမ်းယွမ်ဂိုဏ်းကထွက်ပြီး အမှန်တရား
ဂိုဏ်းသားတစ်ဦးဖြစ်သူ ပိုင်လီချင်းမြောင်အပေါ်အာရုံစိုက်ကာ နည်းအမျိုးမျိုးသုံးပြီး
စောင့်ရှောက်ပေးခဲ့သည်။

အရှင်ဟာ ပိုင်လီချင်းမြောင်ကို
ဂျူနီယာတစ်ယောက်ကဲ့သို့သာ
ဆက်ဆံသည်။အရှင့်‌ကြောင့်
ယင်ဟန်ကျန်းလည်း အချစ်သာ
စိတ်ထဲရှိသည့် ထိုမိန်းကလေးအား
အာရုံစိုက်မိပြီး သူ့၏ချို့ယွင်းချက်
အမျိုးမျိုးကိုကြည့်ကာမချင့်မရဲဖြစ်မိ၏။အရှင်ဟာသူ့ပါရမီကို အထင်ကြီးသည့်အပြင်
ကံကြမ္မာကြွေးရှိသည်ဟုပါပြောပြီး
တပည့်အဖြစ်လက်ခံချင်ခဲ့သည်။
ပိုင်လီချင်းမြောင်ကတော့ ဟယ့်ဝမ်းချောင်နှင့်သာ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်
နေသွား‌ချင်၏။သူကြိုက်သည့်
ဟယ့်ဝမ်းချောင်ဆိုသည့်သူကတော့...

ဝမ်ရန်အယ်မှလွဲ၍ အခြားသူများအပေါ်
ယင်ဟန်ကျန်းထင်မြင်ချက်ရှိတာ
ရှားသော်ငြား ဟယ့်ဝမ်းချောင်ဟာ
ထိုမိန်းကလေး၏အချစ်နှင့်
မထိုက်တန်ဘူးဆိုတာကိုတော့
သူပြောရဲသည်။အနည်းဆုံးတော့
ပိုင်လီချင်းမြောင်ဟာ စိတ်ထားကောင်းပြီး ကြင်နာတတ်သည့် အမှန်တရား
ဂိုဏ်းသားတစ်ဦးဖြစ်သည်။
ဟယ့်ဝမ်းချောင်ကတော့ရွံစရာလူပင်။

ယင်ဟန်ကျန်းသာတစ်ယောက်ယောက်ကို
နှလုံးသားပေးခဲ့မည်ဆိုပါက
အခြားတစ်ယောက်အကြောင်း
သူဘယ်တော့မှ စဉ်းစားမှာမဟုတ်ပေ။
ထို့ကြောင့် ပိုင်လီချင်းမြောင်ကို
ဟယ့်ဝမ်းချောင်ချစ်သည်ဟုပြောပြီး
တစ်ချိန်တည်းမှာပင် ရှူယန်ယန်နှင့်
အိပ်ခြင်းအား သူလုံးဝလက်မခံနိုင်ပေ။

အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့
"ဒီစာအုပ်က အချစ်ဇာတ်လမ်းတစ်ခုပါပဲ။" ဟုဝမ်ရန်အယ်ပြောလိုက်သည်။
ထို့နောက် စိတ်ပြောင်းသွားကာ
"ဒီစာအုပ်ကြောင့် ဒီအရှင်က
လက်ဝဲကာကွယ်သူယင်ကို အမြင်သစ်
တစ်မျိုးနဲ့မြင်မိသွားတာ။"
ဟုပြောင်းပြောလိုက်သည်။

ယင်ဟန်ကျန်း နောက်တစ်ခါ
အံ့ဩသွားရပြန်သည်။

"လေကြမ်းလာပြန်ပြီ။"ဝမ်ရန်အယ်
စာအုပ်ကိုသိမ်းလိုက်သည်။
"ဒီမြို့မှာကာကွယ်သူယင် အခြား
ဘာလျှို့ဝှက်ချက်တွေများ
ထပ်ထားသေးသလဲ။အခွင့်အ‌ရေးရှိတုန်း တစ်ခါတည်း ဒီအရှင့်ကိုအကုန်ပြောပြ။"

"ကျွန်တော်.... ပြဇာတ်တွေ၊ပုံပြင်တွေ
နားထောင်ဖို့ စားသောက်ဆိုင်တွေကို
သွားလေ့ရှိပါတယ်။သရုပ်ဆောင်တွေနဲ့
ပုံပြောသူတွေက မူရင်းဇာတ်လမ်းကနေအလွန်အကျူး ပြောင်းပြောတယ်ဆိုပေမဲ့
နားထောင်လို့မဆိုးပါဘူး။"

"အဲ့တာဆို ဒီအရှင့်ကိုလည်း
စားသောက်ဆိုင်တစ်ဆိုင်ကိုခေါ်သွားပေး။"

ယင်ဟန်ကျန်းဟာနာခံစွာ ဝမ်ရန်အယ်ကို
စားသောက်ဆိုင်တစ်ဆိုင်သို့ခေါ်ဆောင်လာ၏။လေပြင်းတိုက်ခတ်မှုကြောင့်
အပြင်၌ လူသိပ်မရှိတော့ပေ။သို့ပေမဲ့
စားသောက်ဆိုင်အတွင်း၌မူ လူကျနေသည်။
ပထမထပ်၌ ထိုင်ခုံလွတ်မရှိတော့
သောကြောင့် ယင်ဟန်ကျန်းဟာ
ဒုတိယထပ်မှဈေးကြီးသည့်အခန်းကို ‌တောင်းဆိုလိုက်သည်။

ရှန့်ချင်းဂိုဏ်းတည်ရှိရာ တောင်ခြေရှိ
လက်ဖက်ရည်စံအိမ်၌ ဝိဉာဉ်စွမ်းအင်
ပါဝင်သည့် အရည်အသွေးမြင့် လက်ဖက်ရည်နှင့် နူးညံ့လှပသည့်
မုန့်များမှာယူ၍ရပြီး ကဗျာစာပေဖတ်ရှုသံ
ကိုနားထောင်၍လည်းရသည်။
နယ်စပ်မြို့ကတော့ လုံးဝကွဲပြားခြားနားသည်။သူတို့နှစ်ဦးသား
ထိုင်ခုံမှာထိုင်ပြီးပြီဆိုရုံနှင့် စားပွဲထိုး
တစ်ဦးဟာပွက်ပွက်ဆူနေသည့်အိုးတစ်လုံးကိုင်မပြီးအမဲသားလွှာပါသည့်ပန်းကန်ပြားတစ်ချပ်၊သိုးသားပါသည့်ပန်းကန်ပြား
တစ်ချပ်၊ဝိုင်တစ်ခရားနှင့်အတူ
ဆိတ်နို့လက်ဖက်ရည်နှစ်ခွက်ယူကာ
ဝင်လာသည်။

ဟယ်နမ်အရပ်ဒေသမှာလိုနူးညံ့လှပသည့်
လက်ဖက်ရည်ခွက်တွေမဟုတ်သည့်အပြင်
ဟယ်နမ်မှပန်းကန်လုံးတွေထက်လည်း
ပိုကျယ်သည်။စကားတစ်ခွန်းမျှမဆိုပဲ
စားပွဲထိုးဟာ ပန်းကန်လုံးအကြီးကြီး
နှစ်လုံးထဲသို့ ဝိုင်ငှဲ့ပေးလိုက်သည်။အထိန်းအကွပ်မဲ့မှု‌ကြောင့် ယင်ဟန်ကျန်း အနည်းငယ်ရှက်သွားပြီး စားပွဲထိုးအား
ပန်းကန်လုံးအသေးနှင့်လဲပေးရန်
ပြောဖို့ပြင်လိုက်သည်။သို့သော်
ဝမ်ရန်အယ်၏ "ပန်းကန်လုံးမလိုဘူး။
ဝိုင်ဆိုတာ ခရားကနေမော့သောက်ရတာမဟုတ်ဘူးလား။"ဟုပြောသံကို
ကြားလိုက်ရသည်

စားပွဲထိုးဟာ လက်ခုပ်တီးလိုက်ပြီး
"ဧည့်သည်က ဝိုင်ဘယ်လို‌သောက်ရမလဲ
ဆိုတာကိုသိတာပဲ။အခုချက်ချင်းပဲ
ခရားနောက်တစ်ခုသွားယူလိုက်ပါ့မယ်။"
ဟုပြောလိုက်သည်။

ဝမ်ရန်အယ်ဟာ လက်တစ်ဖက်ဖြင့်ခရားကို
မလိုက်ပြီး ဝိုင်တစ်ကျိုက်မော့သောက်
လိုက်သည်။သူ့ပါးစပ်ထောင့်မှ
စီးကျလာသည့် ဝိုင်စက်ဟာ
အောက်သို့ကျမသွားခင်မှာပဲ ခန္ဓာကိုယ်
အပူချိန်ကြောင့်အငွေ့ပျံသွား၏။
ယင်ဟန်ကျန်းဟာ သူ၏တည်ကြည်လေးနက်သော အရှင်ယခုကဲ့သို့ အထိန်းအကွပ်မဲ့ပြုမူတာမျိုးကို
မမြင်ဘူးပေ။သူတံတွေးမျိုချမိလိုက်သည်။
ခရားထဲမှဝိုင်ဟာယခင်ကထက်
ပိုမွှေးပျံ့နေသလိုပင်။ခရားကိုမလိုက်ပြီး
ပါးစပ်အပြည့်မော့သောက်လိုက်သောအခါ
ပြင်းပြလွန်းသဖြင့် မျက်ရည်ဝဲသွားသည်။
ဝမ်ရန်အယ်ကိုကြည့်သည့်သူ့အကြည့်၌
ယခုလိုဖြစ်ရခြင်းမှာ အရှင့်အပြစ်ဟု အပြစ်တင်သည့်အဓိပ္ပာယ်အပြည့်အဝ
ပါဝင်နေ၏။

ဝမ်ရန်အယ် အော်ရယ်မိသွားသည်။
"ဟား ဟား ဟား ဟား အဲ့တော့
ကာကွယ်သူယင်ကအရက်မသောက်နိုင်ဘူးပေါ့။ဟင်းလင်းပြင်လေဟာနယ်ကျင့်ကြံသူတစ်ဦးကို ဝိုင်တစ်ကျိုက်က ဒီလောက်ထိပူလောင်သွားစေနိုင်တယ်ဆိုတာကို
ငါမယုံနိုင်ဘူး။"

"အရှင့်ရဲ့ အရက်သောက်နိုင်စွမ်းက
မြင့်လွန်းနေတာပါ။"ဟုယင်ဟန်ကျန်းပြန်ပြောမိလိုက်သည်။

ဝမ်ရန်အယ်ခေါင်းခါလိုက်သည်။
"ပထမဆုံးအကြိမ်ငါသောက်တုန်းက
အဖေနဲ့အစ်ကိုတို့လိုမျိုး အငမ်းမရ
သောက်ချလိုက်တာ သေခါနီး
ဖြစ်သွားသေးတယ်။ဝိုင်ဖြူက ဘာလို့
အရမ်းပြင်းရတာလဲဆိုတာ
ငါနားမလည်နိုင်ခဲ့ဘူး။နောက်ကျတော့
အမေက စစ်ပွဲတစ်ခုမှာ စစ်သားတစ်ယောက်ဒဏ်ရာရခဲ့ရင် ပြင်းလွန်းတဲ့အရက်က
သူတို့ရဲ့အသက်ကိုကယ်နိုင်စွမ်းရှိတယ်လို့ ပြောပြခဲ့တယ်။"

ဝမ်ရန်ကလန်ကွပ်မျက်ခံရချိန်အထိ
ဝမ်ရန်အယ်အရက်မသောက်နိုင်‌ခဲ့ပေ။
လွန်ခဲ့သည့်နှစ်တစ်ရာက သူစစ်သားတွေနဲ့အတူ နယ်စပ်ကိုခုခံကာကွယ်ခဲ့ချိန်
ရောက်မှသာ ထိုလူများထံမှအထိန်းအကွပ်မဲ့
အရက်သောက်နည်းနှင့် အသားစားနည်းကို
သင်ယူနိုင်ခဲ့သည်။ထိုအချိန်က သူ့၌
အသွေးအသားခန္ဓာကိုယ်ရှိသေးသည်။
မစားဘဲ ကျင့်ကြံသည်ဆိုပေမဲ့
လူသားအစားအစာများကို တစ်ခါတစ်လေစား၍ ပြဿနာမရှိပေ။

အခုကျတော့.....

ဝမ်ရန်အယ်ဟာ ဆူပွက်နေသည့်အိုးကိုယကြည့်လိုက်ပြီးယင်ဟန်ကျန်းစားရန်အတွက်
သိုးသားလွှာတစ်လွှာထည့်လိုက်သည်။
သူကိုယ်တိုင်ကတော့ တစ်စက်မျှမစားဘဲ
ဝိုင်သာသောက်ပြီး ဖျော်ဖြေမှုများကို
ကြည့်နေလိုက်သည်။ယင်ဟန်ကျန်းဟာ
ဝမ်ရန်အယ်အသားမကြိုက်၍ မစားခြင်း
ဟုသာထင်ပြီး သူ့အရှင့်လို ဝိုင်လိုက်
သောက်လိုက်သည်။ဝိုင်ပြင်းပြမှုကို
ခံနိုင်ရည်ရှိသွားလျှင် ဟင်းလင်းပြင်လေဟာနယ်ကျင့်ကြံသူတစ်ဦးအနေဖြင့်
မူးယစ်သွားမည်ကို ပူစရာမလိုတော့ပေ။

ပထမထပ်ခန်းမအလယ်၌ ပုံပြောသူတစ်ဦး
ရှိပြီး နယ်စပ်လေသံလေးလေးပင်ပင်ဖြင့်
မြို့ငယ်လေးတစ်မြို့မှရဲတင်းသည့်အမျိုးသမီးတစ်ဦး လင်ယောကျာ်းရှာသည့်ပုံပြင်ကိုပြောပြနေသည်။ထိုအမျိုးသမီးဟာ
ရိုးရှင်း၍ တဲ့တိုးဆန်ပြီး သွယ်ဝိုက်နေခြင်း
မရှိဘဲ စိတ်ခံစားချက်များကိုထုတ်ပြော
တတ်သူဖြစ်သည်။ပုံပြင်နားထောင်သူ
များဟာ ကျယ်ကျယ်လောင်လောင်
အားပေးထောက်ခံနေကြသည်။

နားထောင်ရင်း ဝမ်ရန်အယ်ခေါင်းညိတ်
လိုက်သည်။"အချစ်က ဒီလိုဖြစ်သင့်တာ။
ဒီအရှင်သာ အချစ်ကပ်ဘေးကြုံရပြီး
လူတစ်ယောက်ကိုချစ်မိသွားရင်
အဲ့လူကလည်းအချစ်ကိုပြန်တုံ့ပြန်ခဲ့ရင်
တစ်သက်လုံးသူ့ကိုငါ့နားမှာဆွဲထားမှာ။
သူက ငါ့ကိုစိတ်မဝင်စားဘူးဆိုရင်တော့
လက်လွှတ်လိုက်မှာ။လူတစ်ယောက်ကို
အတင်းတွယ်ကပ်နေရင် ဘယ်လိုလုပ်
ကိုယ့်ရဲ့ဂုဏ်သိက္ခာကျန်ပါတော့မလဲ။"

စားပွဲပေါ်သို့ ဝတ္ထုစာအုပ်ကို ဝမ်ရန်အယ်ဆောင့်ချလိုက်သည်။ပိုင်လီချင်းမြောင်ပဲဖြစ်ဖြစ် ဝမ်ရန်အယ်ပဲဖြစ်ဖြစ်
နှစ်ယောက်စလုံးစာအုပ်ထဲ၌ မှန်ကန်သည့်လမ်းကိုမရွေးချယ်ခဲ့ပေ။

စာအုပ်အဖုံးပေါ် ဝိုင်စက်စင်သွားတာကို
ယင်ဟန်ကျန်းတွေ့လိုက်သည်။
အရှင် ထိုစာအုပ်ကိုတန်ဖိုးမထားပုံပင်။
ဝိုင်လွှမ်းမိုးမှုအောက်မှာ ယင်ဟန်ကျန်းဟာ သိသိသာသာကိုသိချင်စိတ်ပြင်းပြလာသည်။

"ဒီဝတ္ထုက ပိုင်လီချင်းမြောင်နဲ့
ဟယ့်ဝမ်းချောင်ရဲ့အချစ်ဇာတ်လမ်းအကြောင်းရေးထားတာပဲ။ပိုင်လီချင်းမြောင်ဟာ လိုက်မမှီနိုင်လောက်တဲ့အမြင့်ကို
ရောက်သွားပေမဲ့ ဟယ့်ဝမ်းချောင်ကြောင့်
လက်လျော့လိုက်တယ်။ရယ်စရာ
မကောင်းဘူးလား။"

ယင်ဟန်ကျန်းမေးခွန်းမေးချင်ပေမဲ့
တုံ့ဆိုင်းသွားတတ်ခြင်းမှ ရှောင်ရှားရန်
စာအုပ်ထဲမှ အချို့အကြောင်းအရာများကို
ပြောပြသင့်သည်ဟုဝမ်ရန်အယ်ထင်မိသည်။
အမြဲတမ်းသိချင်သည်များကိုထုတ်မမေးဘဲ သိမ်းထားသဖြင့် ဒီကလေးရင်ထဲ
ပြည့်ကြပ်နေမှာကို ဝမ်ရန်အယ်
စိုးရိမ်မိသည်။နောက်ပိုင်းမှာပါသည့်
ဝမ်ရန်အယ်သေဆုံးခြင်းနှင့် ယင်ဟန်ကျန်းရူးသွပ်သွားခြင်းကိုတော့ သူထုတ်ပြောမှာမဟုတ်ပေ။

"ဒီအရှင် စာအုပ်ကို စရကာစက
သာမန်ပုံပြင်တစ်ခုလို့ပဲထင်ခဲ့တာ။
သေချာဖတ်ကြည့်မှပဲ ကောင်းကင်ဘုံရဲ့
လျှို့ဝှက်ချက်‌တွေဖြစ်မှန်းသိတော့တယ်။
ဒီစာအုပ်ထဲမှာ ဂိုဏ်းပေါင်းစုံစစ်ပွဲအကြောင်းမှတ်တမ်းတင်ထားတယ်။အဲ့တာကြောင့်ပဲ
ဒီအရှင်က အမှန်တရားဂိုဏ်းတွေရဲ့အစီအစဉ်တွေကို ကြိုခန့်မှန်းနိုင်ခဲ့တာ။"

ယင်ဟန်ကျန်း၏မျက်နှာပေါ်၌
အံ့ဩတုန်လှုပ်မှုများပေါ်လာသော်ငြား
မေးခွန်းမထုတ်ဘဲ ဝမ်ရန်အယ်
ပြောသမျှကိုသာ တိတ်ဆိတ်စွာ
နားထောင်နေ၏။။

ဝမ်ရန်အယ်ဟာ စာအုပ်ထဲမှ
ပိုင်လီချင်းမြောင်နှင့်ဟယ့်ဝမ်းချောင်၏ ဆက်ဆံရေးကို အကျဉ်းချုံးပြောပြလိုက်ပြီး  ပိုင်လီချင်းမြောင်ကို သူကောချစ်မိသွားပြီး သေဆုံးသွားရခြင်းကိုတော့ ချန်ခဲ့လိုက်ကာ
"ဒီအရှင်လည်း စာအုပ်ထဲပါတယ်။
ရှေးဦးနတ်ဘုရားမအပေါ်တင်နေတဲ့
အကြွေးကြောင့် ပိုင်လီချင်းမြောင်ကို
ခဏခဏအကူအညီပေးခဲ့တာ။ငါသူ့ကိုတပည့်အဖြစ်လက်ခံချင်ခဲ့တာကလည်း
အဲ့အကြောင်းပြချက်ကြောင့်ပဲ။အရာအားလုံးတူညီခြင်းလမ်းစဉ်ကိုကျင့်ကြံပြီး
ဟယ့်ဝမ်းချောင်ရဲ့လွှမ်းမိုးမှုအောက်က
သူ့ကိုရုန်းထွက်ပြီးစေချင်ခဲ့တာ။"ဟူ၍ အခြားဖြေရှင်းချက်တစ်ခုပေးလိုက်သည်။

"နားလည်ပါပြီ။"ယင်ဟန်ကျန်းနှလုံးသားထဲသံသယများ တဖြည်းဖြည်း
ပျောက်ကွယ်သွားကာ ချီးမွမ်းမှုများဖြင့်
ပြည့်နှက်လာ၏။အရှင်ဟာ တကယ့်ကို
အမြင်ကျယ်သူဖြစ်သည်။အချစ်ဝတ္ထု
တစ်ပုဒ်၏ဇာတ်ကြောင်းကို အသုံးချပြီး
ဂိုဏ်းပေါင်းစုံစစ်ပွဲ၌ ကောင်းကင်ဘုံ၏ အစီအစဉ်များကို စိန်ခေါ်နိုင်ခဲ့သည်။

"ဒီအရှင်က ဆီးနှင်းမီးလျှံရဲ့တည်နေရာကို
ဒီစာအုပ်ကပဲသိခဲ့တာ။ထပ်ပြီးတော့
စာအုပ်ထဲမှာ ရွှေရောင်ကမ်းခြေချောက်ကမ်းပါးမှာ မင်းနဲ့ကံစပ်နေတဲ့
ပြိုကွဲတောင်ဥက္ကာခဲရှိတယ်လို့
ရေးထားတယ်။မင်းဓားလုပ်တဲ့နေရာမှာ
သုံးလို့ရတယ်။"

အမှန်ဆိုလျှင် ပြိုကွဲတောင်ဥက္ကာခဲဟာ
ဝမ်ရန်အယ်၏ကံကြမ္မာဖြစ်သည်။
သို့ပေမဲ့ယင်ဟန်ကျန်း၏ ကံကြမ္မာဟု
သူပြောင်းပြောလိုက်သည်။သို့မှသာ
ယင်ဟန်ကျန်း ကျေးဇူးတင်လွန်ကာ
သူအတွက်သာ သေမည်‌ရှင်မည်ဟု
ထပ်ဆုံးဖြတ်လိုက်မှာကို
စိုးရိမ်သောကြောင့်ပင်။ဝမ်ရန်အယ်
သူ့ကိုထိုကဲ့သို့မမြင်ရက်ပေ။

ဝမ်ရန်အယ် နယ်စပ်ပဋိပက္ခကြား
ယင်ဟန်ကျန်းအား ကောက်ယူလာခဲ့စဉ်မှ
စ၍ အကျိုးအမြတ်များစွာပြန်ရရှိခဲ့သည်။ထို့ကြောင့် သူ့အပေါ်အကြွေးတင်
နေသလိုမျိုး ယင်ဟန်ကျန်းဆက်ဆံနေစရာ
မလိုအပ်တော့ပေ။

"အခု အမှန်တရားဂိုဏ်းတွေကော၊
နတ်ဆိုးဂိုဏ်းတွေကော အင်အား
ပြန်ဖြည့်တင်းနေချိန်ဆိုတော့ ငါတို့အဲ့ကို
သွားဖို့အဆင်သင့်တယ်။ချွမ်းယွမ်ဂိုဏ်းလည်း အခုလောလောဆယ်အဆင်ပြေ
ပါတယ်။ဒီအရှင်က မင်းနဲ့အတူ
ရွှေရောင်ကမ်းခြေချောက်ကမ်းပါးကို
အဖော်လိုက်ခဲ့ပေးမယ်။"

ချွမ်းယွမ်ဂိုဏ်း ..အဆင်ပြေလောက်တယ်။
ယင်ဟန်ကျန်းမျက်ခုံးတွန့်သွားသည်။
"အရှင် ချွမ်းယွမ်ဂိုဏ်းကအခုဆိုခေါင်းမပါတဲ့
နဂါးသိုက်ကြီးလိုဖြစ်နေမှာ။အရှင်အကြာကြီး
ပျောက်နေရင် လက်ယာကာကွယ်သူနဲ့
ခန်းမဆောင်သခင်တွေ သစ္စာဖောက်
သွားလိမ့်မယ်။"

"ကိစ္စမရှိဘူး။"ဝမ်ရန်အယ် ဝိုင်ပါးစပ်
အပြည့်တစ်ကျိုက်မော့သောက်လိုက်သည်။
"ငါသူတို့အကုန်လုံးကိုသတ်ရမှာ
နည်းနည်းသက်သာသွားတာပေါ့။
အခုဆို အမှန်တရားဂိုဏ်းတွေက
ငါတို့ကိုမတိုက်ခိုက်နိုင်ဘူး။နတ်ဆိုးဂိုဏ်းမှာ အဆင့်မြင့်တဲ့ကျင့်ကြံသူအများကြီး
အသက်ရှင်ကျန်ခဲ့တာကပြဿနာတွေကို ဖိတ်ခေါ်နေသလိုပဲ ဖြစ်လိမ့်မယ်။"

"ဟုတ်တာပဲ အရှင်"ဟုယင်ဟန်ကျန်း
လေးလေးစားစားပြောလိုက်သည်။

ဝမ်ရန်အယ် ယင်ဟန်ကျန်းနှဖူးကို
တောက်လိုက်သည်။"ဒီအရှင်က
အရာအားလုံးကိုလည်းမသိသလို
စွမ်းအားအကြီးဆုံးလည်းမဟုတ်ဘူး။"
ငါမှားတဲ့အချိန်တွေလည်းရှိတယ်။
အရာအားလုံးကို မျက်လုံးမှိတ်ပြီး
ယုံနေမယ်ဆိုရင် ငါ့အမှားတွေကို
ငါသိမှာမဟုတ်တော့ဘူး။မင်းရဲ့ဦးနှောက်ကို
သုံးပြီးဒီအရှင့်ကို ကူတွေးပေးဦးလေ။"
ဟုစိတ်ရှုပ်သံဖြင့်ပြောလိုက်သည်။

"ကျွန်တော်နားလည်ပါပြီ။"ဟုနှဖူးကို
ပွတ်ရင်း အနည်းငယ်ပြုံးလိုက်ကာ
ယင်ဟန်ကျန်းပြန်ဖြေသည်။

နယ်စပ်သို့လာသည့် ဤခရီးဟာ
သူတို့နှစ်ဦးအား ပိုရင်းနှီးလာစေ၏။
ဝမ်ရန်အယ်နှင့် ယင်ဟန်ကျန်းဟာ
သခင်နှင့်ငယ်သားဟူသည့် အပြောင်းအလဲ
မရှိသည့်ဆက်ဆံရေးကနေ ပို၍နက်နဲစွာ
ဆက်နွယ်မှုရှိသည့်ဆက်ဆံရေးတစ်ခုကို
တည်ဆောက်လိုက်နိုင်သည်။

ဝိုင်ဆယ်ခရားကို သောက်ပြီးသည့်နောက်
မှာတော့ ဆိုင်ပိုင်ရှင်တောင်အံ့ဩပြီး
ဆိုင်၏ဝိုင်အင်မော်တယ်နှစ်ဦးအဖြစ်မှတ်တမ်းတင်ရန် သူတို့နှစ်ဦးအမည်အား
လာမေးတော့သည်။

ဝမ်ရန်အယ်ဟာ နာမည်ပြောပြရန်
ငြင်းဆိုလိုက်ပြီး ယင်ဟန်ကျန်းနှင့်အတူ
သာမန်လူ့လောကမှထွက်ခွာလာခဲ့သည်။
စားပွဲပေါ်က ပွက်ပွက်ဆူနေသည့်အိုးထဲမှ
ဘာတစ်ခုကိုမှ သူမစားခဲ့ပေ။ယင်ဟန်ကျန်း
သာအများကြီး စားခဲ့တာဖြစ်သည်။

အပြင်မထွက်ရအမိန့်ထုတ်ထားသည့်အချိန်
မရောက်ခင် မြို့ထဲကထွက်လာခဲ့သည်။ "ကာကွယ်သူယင် ရွှေရောင်ကမ်းခြေချောက်ကမ်းပါးကိုသွားတဲ့လမ်းမှာ
မင်းဓားပေါ်မှာ ဒီအရှင့်ကိုပါတင်ခေါ်
သွားပါလား။နတ်ဆိုးဓားက အကြာကြီး
ခံမှာလည်းမဟုတ်ဘူးလေ။
ပြိုကွဲတောင်ဥက္ကာခဲသုံးပြီး
ဓားအသစ်တစ်ချောင်း လုပ်ကြမယ်။"

ဝမ်ရန်အယ်ပြောစကားကိုကြားသည့်
ချီမင်ဟာ သဘောမတူဟန်ဖြင့်
အကြိမ်အနည်းငယ် အသံမြည်ကာ
ဆန္ဒပြလာ၏။

ယင်ဟန်ကျန်းဟာ သူ့ပြောစကားကို
မေးခွန်းမထုတ်ဘဲ ဝမ်ရန်အယ်ကို
ဓားပေါ်တင်ခေါ်ကာ ရွှေရောင်ကမ်းခြေချောက်ကမ်းပါးသို့ဦးတည်လိုက်သည်။
ဓားအလျင်ဟာ ဝမ်ရန်အယ်၏လျှပ်တစ်ပြက်အလျင်ကိုမယှဉ်နိုင်ပေ။ရွှေရောင်ကမ်းခြေချောက်ကမ်းပါးဟာ အတန်ငယ်ဝေးကွာသောကြောင့် တစ်ရက်နှင့်တစ်ညကြာမှ
ရောက်သွား၏။ဝမ်ရန်အယ်ခန့်မှန်းချက်အရ ပိုင်လီချင်းမြောင် သူ့ဂိုဏ်းသို့ပြန်ရောက်
သွားလျှင်တောင်မှ ချောက်ကမ်းပါးသို့
ဘယ်နည်းနှင့်မှရောက်မလာနိုင်ပေ။

ရွှေရောင်ကမ်းခြေချောက်ကမ်းပါးဟာ
အလယ်ပိုင်းစီရင်စု၏အရှေ့ဘက်ခြမ်း၌
တည်ရှိသည်။ပင်လယ်ကမ်းခြေကို
ရွှေရောင်တောက်ပနေသည့်သဲအပြည့်
ဖုံးအုပ်ထားသဖြင့် ရွှေကမ်းခြေဟုခေါ်သည်။ပင်လယ်ကမ်းခြေ၌ မြင့်မားသည့် ချောက်ကမ်းပါးတစ်ခုတည်ရှိပြီး
ချောက်ကမ်းပါးမျက်နှာပြင်တစ်လျှောက်လုံး
ရွှေရောင်ကျောက်တုံးအပြည့်
ဖြစ်နေခြင်းကြောင့် ရွှေရောင်ကမ်းခြေချောက်ကမ်းပါးဟုအမည်တွင်ခြင်းဖြစ်သည်။

(ချောက်ကမ်းပါး မျက်နှာပြင်ဆိုတာ
ရာသီဥတုဒဏ်ကြောင့်တိုက်စားလို့
ဖြစ်ပေါ်လာတဲ့မျက်နှာပြင်ကိုပါ
ပြောတာနော်။)

ယင်ဟန်ကျန်းဟာ ချောက်ကမ်းပါးထိပ်၌
ဆင်းသက်လိုက်သည်။ထိုနေရာကိုကျော်ပြီး
ပျံသန်း၍မရတော့ပေ။ထိုနေရာ၌
မသေမျိုးလောကကွယ်ဝှက်တည်ရှိနေသည်ဟူသည့်ဆိုရိုးစကားရှိပြီး မသေမျိုး သို့မဟုတ် နတ်ဘုရားစွမ်းအင်တစွမ်းတစ်စ
ရှိသောနေရာတိုင်းသည် ကျင့်ကြံသူများ၏
စွမ်းအင်ကိုဖိနှိပ်လေ့ရှိသည်။စွမ်းအင်
မြင့်လေလေ သက်ရောက်မှု ပိုရှိလေလေပင်။
ဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်နှင့်
ထိုအဆင့်အောက်ကျင့်ကြံသူများကိုတော့
ဖိနှိပ်ခြင်းမရှိပေ။

ဝမ်ရန်အယ်ဟာ စွမ်းအင်ဖိနှိပ်ထားခြင်းကို
ခံရပေမဲ့ သာမန်လူသားထက်သာ၏။
ကိုယ်ခံပညာရပ်များကိုလည်း
လေ့ကျင့်ထားသောကြောင့်လှုပ်ရှားမှု
တိုင်းဟာ များစွာသောကျင့်ကြံသူများထက်
ပေါ့ပါးလျင်မြန်ကာ အင်အားအပြည့်ရှိ၏။
ယင်ဟန်ကျန်းဟာလည်း မခေပေ။
ငယ်စဉ်ကတည်းက ဓားကျင့်စဉ်ကို
ကျင့်ကြံခဲ့သောကြောင့် ချောက်ကမ်းပါး
တစ်‌လျှောက် ကျောက်တုံးမျက်နှာပြင်ကို
တည်တည်ငြိမ်ငြိမ်နင်းပြီး တွယ်ဆင်း
လာနိုင်သည်။

စာအုပ်ထဲ၌ ပိုင်လီချင်းမြောင်ဟာ
အကြိမ်များစွာအောက်ပြုတ်ကျသောကြောင့်
ဝမ်ရန်အယ် မကြာခဏစီးဖမ်းထားရသည်။
နောက်တစ်ခါ ထပ်ပြုတ်ကျသောအခါ
ထပ်ဖမ်းရပြန်သည်။ဤသို့ဖြင့် သံသရာလည်နေ၏။စဉ်းစားကြည့်သောအခါ ယုတ္တိမရှိပေ။ဝမ်ရန်အယ်ကိုကုန်းပိုးပြီးဆေးဖိုကိုးလွှာတောင်ထိပ်ကို
တက်စဉ်ကမူ တစ်ခါမျှပြုတ်မကျဘဲ
ရွှေရောင်ကမ်းခြေချောက်ကမ်းပါး
ရောက်မှသာ မကြာခဏခြေချော်ကျသည်။
ပင်လယ်ရေတိုက်စားမှုကြောင့်
ကျောက်တုံးတွေချောနေတာကြောင့်
များလား။

ယင်ဟန်ကျန်းကတော့ ဘာပြဿနာမှ
မဖြစ်စေပေ။ခြေထောက်လည်းခိုင်ပြီး
ဝမ်ရန်အယ်ဘယ်လောက်အရှိန်မြန်မြန်
နောက်က အမီလိုက်နိုင်သည်။

စာအုပ်ထဲ၌ တစ်လလောက်ဝိဉာဉ်လောကကို
ရှာရသည်။အကြောင်းပြချက်ကတော့
စကားလုံးထောင်ချီရောက်တိုင်း
ပိုင်လီချင်းမြောင် ခြေချင်းဝတ်လည်လိုက်၊
ပုခုံးအဆစ်လွဲသွားလိုက်၊အခြားဒဏ်ရာပေါင်းစုံရလိုက်ဖြစ်နေသောကြောင့်
ဒဏ်ရာကုသပေးဖို့အတွက် မကြာခဏ
ခရီးနားရသောကြောင့်ပင်။

ဝိဉာဉ်လောကဘယ်မှာရှိမှန်း ဝမ်ရန်အယ်
အတိအကျမသိပေ။စာအုပ်ထဲ၌
ပိုင်လီချင်းမြောင်ဟာ အဆိပ်ရှိလင်းနို့
အကိုက်ခံရပြီး မေ့မျောသွားသည်။
ဝမ်ရန်အယ်ဟာ သူ့ကိုသယ်ထားရပြီး
သူသေခါနီးဖြစ်နေချိန်ရောက်မှသာ
ဝိဉာဉ်လောကဝင်ပေါက်ကိုရှာတွေ့ခဲ့သည်။ပြန်စဉ်းစားကြည့်မှပဲ ပိုင်လီချင်းမြောင်
အေးခဲ၍‌ ‌သေခါနီးမှဆီးနှင်းမီးလျှံကို
ရှာတွေ့ခဲ့တာဖြစ်ပြီး အသက်ဝင်မှိုဟာလည်း သူလဲကျသွားပြီးသတိလစ်သွားမှသာ ပေါ်လာခဲ့တာဖြစ်သည်။

ခဏနေပါဦး။ဒဏ္ဍာရီလာရတနာအားလုံး
ပေါ်လာရတာက သူသေခါနီးဖြစ်နေလို့
များလား။သုံးရက်ကြာရှာဖွေပြီးနောက်
ဝမ်ရန်အယ် ရပ်တန့်လိုက်သည်။
ပိုင်လီချင်းမြောင်မရှိရင် ဝိဉာဉ်လောက
ပေါ်မလာတော့ဘူးလား။

ပြဿနာကြုံနေရပြီဟု
ဝမ်ရန်အယ်ခံစားလိုက်ရသည်။

ဝမ်ရန်အယ် ရှာနေတာကိုရပ်လိုက်ရင်း ချောက်ကမ်းပါး၌တွယ်ထားကာ အတွေးထဲနစ်ဝင်နေတာကိုတွေ့သဖြင့် "အရှင်"ဟု
ခေါ်ရင်း ယင်ဟန်ကျန်းဟာ
ဝမ်ရန်အယ်အနား အမြန်ကပ်လာ၏။

"ဒီအရှင် သ‌ဘောပေါက်....."
စကားမဆုံးခင်မှာပဲ မျက်လုံးထောင့်မှ
စိမ်းပုတ်ရောင်ပုံရိပ်တစ်ခု ယင်ဟန်ကျန်း
ဆီသို့ဦးတည်သွားနေတာကို တွေ့လိုက်ရသည်။ထို့ကြောင့်ချက်ချင်းအင်္ကျီလက်ကိုဝှေ့ယမ်းလိုက်သည့်အခါလက်မောင်းတစ်ဖက်ဟာ ကျေးသွေးရောင်မြူအစုအ‌ဝေးအသွင်ပြောင်းလဲသွားကာထိုပုံရိပ်ကို
ဝန်းရံလိုက်သည်။
 
စက္ကန့်အနည်းငယ်အတွင်းမှာပဲ
လင်းနို့ဟာသွေးစက်မြူများကြား
ပျော်ဝင်သွားပြီး ထိုမှတစ်ဆင့်
အောက်ရှိပင်လယ်ထဲသို့
တစ်စက်ပြီးတစ်စက်ကျဆင်းသွား၏။

"အရှင် အရှင့်ရဲ့လက်က..."
ယင်ဟန်ကျန်းဟာ အရည်ပျော်သွားသည့်
ဝမ်ရန်အယ်၏လက်မောင်းကို
ကြည့်ရင်း အသံတုန်တုန်ယင်ယင်ဖြင့်
မေးလာသည်။

"အဆုံးသတ်ကျတော့ မင်းရှာတွေ့
သွားတာပဲ။"ဝမ်ရန်အယ် အနည်းငယ်
ပြုံးလိုက်ပြီးလက်မောင်းကို မူလအတိုင်း
ပြန်ဖြစ်အောင်လုပ်လိုက်ကာ
ယင်ဟန်ကျန်း၏ ဆံပင်ရှုပ်ပွသွားအောင်
ပွတ်သပ်လိုက်သည်။

အပိုင္း၁၇။နယ္စပ္ၿမိဳ႕ငယ္ေလး

ဆယ္စုႏွစ္မ်ားစြာ ကုန္လြန္ခဲ့ၿပီ
ျဖစ္သည့္အတြက္ တာဝန္႐ွိသူမ်ားကသာျပန္လည္ျပင္ဆင္မေပးခဲ့လွ်င္
ဂူဗိမာန္ယိုယြင္းပ်က္စီးသြားမည္မွာ
ေျမႀကီးလက္ခတ္မလြဲပင္။အ႐ိုအေသ
လာေပးသူမ်ားလည္းနည္းပါးလာေခ်ၿပီ။

ယင္ဟန္က်န္း ထို‌ေနရာကိုရင္းႏွီးကြၽမ္းဝင္ေနျခင္းကိုၾကည့္ၿပီး ဝမ္ရန္အယ္
အနည္းငယ္သံသယဝင္မိသည္။
အေမႊးတိုင္ထြန္း ပူေဇာ္ကာ႐ုပ္ထုကိုတိုက္ခြၽတ္ၿပီးေနာက္ ယင္ဟန္က်န္း
သူ႕နားသို႔ျပန္ေရာက္လာသည့္အခါ
"မင္းဒီကိုမၾကာခဏ လာေလ့႐ွိသလား။"
ဟုဝမ္ရန္အယ္ေမးလိုက္မိသည္။

ယင္ဟန္က်န္း၏ နား႐ြက္အနည္းငယ္
နီရဲလာေသာ္ျငားမ်က္ႏွာအမူအရာကေတာ့ေျပာင္းလဲသြားျခင္းမ႐ွိေခ်။
"တံခါးပိတ္က်င့္ၾကံ‌မေနဘူးဆိုရင္
တစ္ႏွစ္တစ္ခါေတာ့ေရာက္ေအာင္လာေလ့
႐ွိပါတယ္။"ဟုျပန္ေျဖသည္။

ဤအႀကိမ္သည္ကား ဝမ္ရန္အယ္ႏွင့္အတူ
ပထမဆုံးလာျခင္းျဖစ္ေပသည္။

"ဒီအ႐ွင္က ကုသိုလ္လည္းမလိုသလို
အေမႊးတိုင္ထြန္းပူေဇာ္မႈေတြကေန အက်ိဳးအျမတ္တစ္စုံတစ္ရာ
ရမွာမ်ိဳးလည္း မ႐ွိဘူး။ငါက
မင္းေဘးမွာတင္႐ွိေနတာ။
ငါ့႐ုပ္တုကိုအ႐ိုအေသလာေပးဖို႔
လိုလို႔လား။"ဟုဝမ္ရန္အယ္
နားမလည္ႏိုင္စြာေမးလိုက္သည္။

ယင္ဟန္က်န္းဟာကေလးဘဝကတည္းက
သူ႕ေနာက္လိုက္ခဲ့သျဖင့္ ယင္ဟန္က်န္းအေၾကာင္း သူနားလည္သည္ဟု
ဝမ္ရန္အယ္ထင္ထားခဲ့သည္။ဝတၳဳစာအုပ္ဖတ္ၾကည့္မွသာ ယင္ဟန္က်န္း
ျပသထားသည့္ပုံရိပ္ကိုသာ ‌သူသိေၾကာင္းသေဘာေပါက္ခဲ့ရသည္။ထိုအခ်ိန္မွစ၍
ယင္ဟန္က်န္းကိုေသေသခ်ာခ်ာ ‌
ေစာင့္ၾကည့္ခဲ့ရာ ယခင္ကသတိမျပဳမိခဲ့သည့္
အျပဳအမူမ်ားစြာကို ေတြ႕႐ွိခဲ့သည္။

ဤဗိမာန္မွာႏွစ္႐ွစ္ဆယ္ေက်ာ္ၿပီ
ျဖစ္ေသာ္ျငား႐ုပ္ထုကေတာ့ အသစ္
အတိုင္းပင္။ထိုသည္မွာလည္း
ယင္ဟန္က်န္းေၾကာင့္ပဲျဖစ္မွာေသခ်ာသည္။ႏွစ္စဥ္ယင္ဟန္က်န္း ဤေနရာသို႔
လာေရာက္ေလ့႐ွိသည္ကိုဝမ္ရန္အယ္
တစ္ခါမွ်သတိမထားမိခဲ့ေပ။

ယင္ဟန္က်န္းျပန္ေျဖေတာ့မည့္အခ်ိန္၌
အမႈထမ္းဝတ္စုံဝတ္ထားသည့္
ေယာက်ာ္းတစ္ေယာက္ သူတို႔အနားသို႔
ေရာက္လာသည္။ထိုလူမွာ အသက္ငါးဆယ္၊ေျခာက္ဆယ္ ပတ္ဝန္းက်င္႐ွိၿပီး
ယင္ဟန္က်န္းကိုေတြ႕သည့္အခါ
"မင္းက ယင္မ်ိဳး႐ိုးလူငယ္
သူရဲေကာင္းလား။"ဟု
စကားစလာသည္။

ယင္ဟန္က်န္းဟာ ထိုအသက္ႀကီးႀကီးအမႈထမ္းကို အျခားသူမ်ားအား
ဆက္ဆံသကဲ့သို႔ ေအးစက္စက္
မဆက္ဆံေပ။ေလးစားဟန္ျဖင့္
လက္ႏွစ္ဖက္ဆုပ္လိုက္ၿပီး
"ဟုတ္ပါတယ္။"ဟုျပန္ေျဖလိုက္သည္။

ထိုအမႈထမ္းမွာ ယင္ဟန္က်န္းမ်က္ႏွာကို
ၾကည့္ရင္း အတိတ္ကိုသတိရေနဟန္ပင္။
သက္ျပင္းခ်ရင္း "ငါ့အသက္
ဆယ့္ေျခာက္ႏွစ္ကတည္းက ဒီဂူဗိမာန္ေတြကိုထိန္းသိမ္းလာခဲ့တာ။အခုဆို ႏွစ္ေလးဆယ္ေက်ာ္သြားၿပီ။အ႐ိုအေသလာေပးတဲ့
လူေတြက တစ္ႏွစ္ထက္တစ္ႏွစ္
ေလ်ာ့ေလ်ာ့သြားတယ္။ယင္မိသားစုက
တစ္စုကပဲ မင္းအဖိုးကစၿပီး
အခုဆိုမင္းအထိေပါ့ ႏွစ္တိုင္းႏွစ္တိုင္း
ေဆာင္းမဝင္ခင္အ႐ိုအေသ
လာေပးတတ္တာ။လြန္ခဲ့တဲ့ဆယ့္တစ္ႏွစ္လုံးမင္းအေဖ‌ေပၚမလာခဲ့ဘူး။အဲ့တာ‌ေၾကာင့္
မင္းတို႔မိသားစုလည္း ေမ့သြားၿပီလို႔
ငါထင္ေနခဲ့တာ။"

"ၿပီးခဲ့တဲ့ႏွစ္ေတြတည္းကစၿပီး အေဖ
လမ္းမေလွ်ာက္ႏိုင္ေတာ့တာ။
အ႐ိုအေသလာမေပးႏိုင္တဲ့အတြက္လည္း
သူအၿမဲပဲပူေဆြးေနတာ။ဒီႏွစ္ ကြၽန္ေတာ္
ခရီးထြက္ရေတာ့ အေဖကဒီေနရာကို
မေရာက္ေရာက္ေအာင္သြားရမယ္ဆိုၿပီး
မွာေနတာ။လြန္ခဲ့တဲ့ႏွစ္႐ွစ္ဆယ္တုန္းက
ကြၽန္ေတာ့္ရဲ႕ အေဘးကို ဗိုလ္ခ်ဳပ္ဝမ္ရန္က
ကယ္ခဲ့တာ။ယင္မိသားစုရဲ႕မ်ိဳးဆက္သစ္
ေတြက ဒီအေႂကြးကိုအၿမဲသတိရေနမွာပါ။
ကြၽန္ေတာ္ အသက္ႀကီးသြားရင္
ကြၽန္ေတာ့္သားနဲ႔ ေျမးတို႔
အ႐ိုအေသလာေပးပါလိမ့္မယ္။"

ယင္ဟန္က်န္း ထိုကဲ့သို႔
စကားအမ်ားႀကီးေျပာတာ႐ွား၏။
သူ႕အေတြးေတြကိုလည္း ယင္ဟန္က်န္း
မေဖာ္ျပတတ္ေပ။အမႈထမ္းအိုႀကီး၏
ေ႐ွ႕တြင္မူ သူကိုယ္တိုင္၏ အေဖ၊အဘိုးႏွင့္အေဘးဇာတ္ေကာင္‌မ်ားကို ေကာင္းမြန္စြာသ႐ုပ္ေဆာင္ႏိုင္ခဲ့ၿပီး အနာဂတ္၌လည္း
သားႏွင့္ေျမးဇာတ္ေကာင္မ်ားကို
ဆက္သ႐ုပ္ေဆာင္မည့္ပုံပင္။ထိုသည္ကိုၾကည့္ရင္း မရင္းႏွီးသည့္ခံစားခ်က္တစ္ခုကို
ဝမ္ရန္အယ္ခံစားလိုက္ရသည္။
ဒီဆယ့္တစ္ႏွစ္အတြင္းမလာႏိုင္တာက
သူ႕အေဖရဲ႕ေျခေထာက္ေတြမေကာင္းေတာ့
လို႔ဟု‌အေၾကာင္းျပခ်က္ေပးသည္။အမွန္မွာမူ
ဂိုဏ္းေပါင္းစုံစစ္ပြဲေၾကာင့္မလာႏိုင္တာပင္။

"ငါ့အေဖလည္းတူတူပါပဲ။"ဟု
အမႈထမ္းအိုႀကီးကျပန္ေျပာလိုက္ကာ
ဗိမာန္ဝင္‌ေပါက္ေ႐ွ႕မွေက်ာက္တိုင္ကို
အဝတ္စိုျဖင့္သုတ္လိုက္သည္။ထိုအခါ နာမည္တစ္ခုခ်င္းစီဟာ ထင္ထင္႐ွား႐ွား
ေပၚလာ၏။"ဗိုလ္ခ်ဳပ္ဝမ္ရန္သာ
မ႐ွိခဲ့ရင္ ဒီၿမိဳ႕ဟာရန္သူ႕လက္ထဲကို
လြန္ခဲ့တဲ့ႏွစ္႐ွစ္ဆယ္ကတည္းက
ေရာက္သြားမွာလို႔ ငါ့ကို အေဖအၿမဲ
ေျပာေလ့႐ွိတယ္။"

နာမည္ေတြကို အဝတ္ျဖင့္သုတ္ေနရင္း
က်န္းအားဂို ဟူသည့္နာမည္သို႔
ေရာက္ခ်ိန္၌ ဂုဏ္ယူဟန္ျဖင့္
"ဒါကငါ့အဘိုးေလ။အေဖေမြးၿပီး
ေနာက္ပိုင္းျဖစ္တဲ့စစ္ပြဲမွာ က်ဆုံးသြားတာ။
ဒီၿမိဳ႕ရဲ႕ၿငိမ္းခ်မ္းသာယာမႈကို အဘိုးနဲ႔
အျခားမေရမတြက္ႏိုင္တဲ့ စစ္သည္ေတြရဲ႕
ေသြးေတြနဲ႔တည္ေဆာက္ထားတာေလ။
သူတို႔ေတြက သူရဲေကာင္းေတြပဲ။"

ေအးစက္စက္ေလျဖတ္တိုက္
သြားသည့္အတြက္ အမႈထမ္းအိုႀကီးဟာ အဝတ္ေတြကိုတင္းတင္းဆြဲစိလိုက္သည္။
သူဟာ ယင္ဟန္က်န္းကိုရယ္ရင္း
"မင္းတို႔လိုလူငယ္ေတြ အေအး
မေၾကာက္တတ္လို႔ ေဆာင္းဝင္ခ်ိန္မွာ
အဝတ္ေတြထပ္မဝတ္ၾကဘူး။အသက္ႀကီးမွ
ေနာင္တရလိမ့္မယ္ေနာ္။"ဟုေျပာလာ၏။

ထို႔ေနာက္‌အဝတ္စိုႏွင့္ေရပုံးကိုမရင္း
ဗိမာန္မွေျဖးေျဖးခ်င္းေလွ်ာက္ထြက္
သြားေတာ့သည္။

သူထြက္သြားၿပီးေနာက္ ယင္ဟန္က်န္းဟာ
ဝမ္ရန္အယ္ဘက္လွည့္ၿပီး "မတူဘူး။"
ဟု ယခင္ေျပာခဲ့သည့္စကားကို
ထပ္ေျပာသည္။

ဤအႀကိမ္တြင္ေဝာာ့ ဝမ္ရန္အယ္
နားလည္သြားေခ်ၿပီ။နတ္ဆိုးဂိုဏ္းခ်ဳပ္
ဝမ္ရန္အယ္ႏွင့္ နယ္စပ္ၿမိဳ႕ငယ္ေလး၌
ဗိမာန္ေဆာက္ကာ အျမတ္တႏိုး
တန္ဖိုးထားခံရသည့္ ဗိုလ္ခ်ဳပ္ဝမ္ရန္ဟာ
မတူေပ။ခြၽမ္းယြမ္ဂိုဏ္း၏ လက္ဝဲကာကြယ္ေစာင့္ေ႐ွာက္သူယင္ဟန္က်န္းႏွင့္ ဗိမာန္ကိုႏွစ္စဥ္လာေရာက္ေလ့႐ွိသည့္ လူငယ္သူရဲေကာင္းယင္ႏွင့္မတူသလိုမ်ိဳးပင္။

ဝမ္ရန္အယ္ဟာ အထိမ္းအမွတ္
ေက်ာက္တိုင္မွာ ထြင္းထားသည့္နာမည္မ်ားကို ပြတ္သပ္ရင္း ႏူးညံ့သည့္အျပဳံးတစ္ပြင့္ျဖင့္ "ငါနာမည္ေတြနဲ႔ မ်က္ႏွာေတြကို
တြဲမွတ္မိေသးတယ္။"ဟုေရ႐ြတ္လိုက္သည္။

"ဒီအ႐ွင္"ဟုမသုံးႏႈန္းပဲ "ငါ"ဟု
သုံးႏႈန္းလိုက္ပုံကိုၾကည့္ျခင္းျဖင့္
နတ္ဆိုးဂိုဏ္းခ်ဳပ္အျဖစ္မွ ဗိုလ္ခ်ဳပ္ဝမ္ရန္အျဖစ္သို႔ေျပာင္းလဲသြားပုံပင္။

ေက်ာက္တိုင္၌ေရးထိုးထားသည့္
လူမ်ားအားလုံး ယခုဆိုလွ်င္ျပန္လည္
ဝင္စားျခင္းစက္ဝန္းသို႔ဝင္ေရာက္သြားၾကမည္မွာ တစ္ႀကိမ္ပင္မကေလာက္ေတာ့ေပ။
သို႔ေပမဲ့ ဤနယ္စပ္ၿမိဳ႕ငယ္ေလး႐ွိ
လူမ်ားစြာ၏ႏွလုံးသားထဲ၌မူ ၎တို႔
႐ွင္သန္လ်က္႐ွိေနေသးသည္။

ထိုသူအားလုံး၏အမည္မ်ားကိုအတူတကြေပါင္းစည္းၿပီး "အေစာင့္အေ႐ွာက္ေတြ"
ဟုေခၚတြင္၏။

နယ္စပ္၌ ေလတိုက္ခတ္မႈၾကမ္းတမ္းသည္။
ႏွစ္စဥ္ႏွစ္တိုင္း တိုက္ခတ္ေလ့႐ွိသည့္ေဆာင္းဦးေလသည္ အဝတ္အစားမ်ားထဲသို႔
ဓားကဲ့သို႔ ထိုးေဖာက္ဝင္ေရာက္လာေလ့
႐ွိသည္။‌ေလတျဖည္းျဖည္း ပိုပိုၾကမ္းလာသျဖင့္ လမ္းေပၚ႐ွိ လမ္းသြားလမ္းလာမ်ားဟာေႏြးေထြးသည့္အိမ္႐ွိရာသို႔ အျမန္ျပန္ကုန္ၾကသည္။လမ္း‌ေဘးကုန္သည္မ်ားဟာလည္း ကုန္ပစၥည္းမ်ားကိုသိမ္းဆည္းကုန္ၾကသည္။
ခဏေလးအတြင္းမွာပင္ ဝမ္ရန္အယ္ႏွင့္
ယင္ဟန္က်န္းသာ လမ္းေပၚ၌
က်န္ခဲ့ေတာ့သည္။

ေအးစက္စက္ေလျပင္း‌တိုက္ခတ္မႈေၾကာင့္ယင္ဟန္က်န္းစုခ်ည္ထားသည့္
ဆံႏြယ္႐ွည္ဟာယိမ္းႏြဲ႕ၿပီး
မ်က္ႏွာအနီးသို႔က်ဆင္းလာသည္။
ပုံမွန္ဆိုလွ်င္ယင္ဟန္က်န္းဟာ ဆံပင္ကို
ေသေသသပ္သပ္စုခ်ည္ေလ့႐ွိသျဖင့္
႐ွိရင္းစြဲအသက္ထက္ ႐ုပ္ပိုရင့္သလို
ခံစားရ‌ေစသည္။ယခုကဲ့သို႔ ေလ်ာ့တိေလ်ာ့ရဲ
မ်က္ႏွာေပၚက်ဆင္းေနမႈေၾကာင့္
လူငယ္တစ္ဦး၏အျပစ္ကင္းစင္မႈတခ်ိဳ႕တေလ ယင္ဟန္က်န္းထံ
ေပၚလာသည္ဟုဝမ္ရန္အယ္ျမင္မိသည္။

အမွန္အတိုင္းဆိုရ‌ေသာ္ ယင္ဟန္က်န္းဟာ
ယခင္အတိုင္း မေျပာင္းလဲေပ။
ဝမ္ရန္အယ္ကသာ ေသေသခ်ာခ်ာ
ဂ႐ုမစိုက္ခဲ့သျဖင့္ ကုန္လြန္ခဲ့သည့္
ႏွစ္ေပါင္းမ်ားစြာအတြင္း တစ္ခါမွ်
သတိမထားမိခဲ့တာပင္။

ဝမ္ရန္အယ္ အနည္းငယ္ျပဳံးလိုက္မိသည္။ဝတ္႐ုံလက္ထဲမွ ဝတၳဳစာအုပ္ကို
ထုတ္လိုက္ၿပီး "ဒီစာအုပ္ကိုေက်းဇူး
တင္ရမွာပဲ။ဒီစာအုပ္ေၾကာင့္သာ
မဟုတ္ရင္ဒီအ႐ွင္က ယင္ဟန္က်န္းကို
ေက်ာ္ၿပီး အျခားအရာေတြကိုပဲ
ၾကည့္မိေနဦးမွာပဲ။"

မယုံႏိုင္စရာေကာင္းစြာ အ႐ွင္
ထိန္းသိမ္းထားသည့္ ထိုရင္းႏွီးေနေသာ
ေခါင္းစဥ္ႏွင့္စာအုပ္ေပၚသို႔ ယင္ဟန္က်န္းမ်က္လုံးက်ေရာက္သြားသည္။
ပုံမွန္ႏွင့္ကြာျခားသည့္ သူ၏အျခားတစ္ဘက္ကို ယေန႔အ႐ွင့္ေ႐ွ႕ျပသမိျခင္းေၾကာင့္လား ယေန႔အ႐ွင္ဟာယခင္ေန႔ေတြႏွင့္မတူညီ
ေနျခင္းေၾကာင့္လား မသဲကြဲေပမဲ့
ယေန႔၌အ႐ွင့္အား နတ္ဆိုးဂိုဏ္းခ်ဳပ္အေနျဖင့္မဟုတ္ဘဲ ဗိုလ္ခ်ဳပ္ဝမ္ရန္အေနျဖင့္ၾကည့္ရန္ယင္ဟန္က်န္း ဆုံးျဖတ္လိုက္သည္။ထို႔ေၾကာင့္ရဲတင္းစြာ "အဲ့စာအုပ္မွာ
ဘယ္လိုထူးျခားမႈေတြပါဝင္လို႔လဲ။"
ဟုေမးလိုက္သည္။

ထိုစာအုပ္ရၿပီးေနာက္ အ႐ွင္ဟာ
ခြၽမ္းယြမ္ဂိုဏ္းကထြက္ၿပီး အမွန္တရား
ဂိုဏ္းသားတစ္ဦးျဖစ္သူ ပိုင္လီခ်င္းေျမာင္အေပၚအာ႐ုံစိုက္ကာ နည္းအမ်ိဳးမ်ိဳးသုံးၿပီး
ေစာင့္ေ႐ွာက္ေပးခဲ့သည္။

အ႐ွင္ဟာ ပိုင္လီခ်င္းေျမာင္ကို
ဂ်ဴနီယာတစ္ေယာက္ကဲ့သို႔သာ
ဆက္ဆံသည္။အ႐ွင့္‌ေၾကာင့္
ယင္ဟန္က်န္းလည္း အခ်စ္သာ
စိတ္ထဲ႐ွိသည့္ ထိုမိန္းကေလးအား
အာ႐ုံစိုက္မိၿပီး သူ႕၏ခ်ိဳ႕ယြင္းခ်က္
အမ်ိဳးမ်ိဳးကိုၾကည့္ကာမခ်င့္မရဲျဖစ္မိ၏။အ႐ွင္ဟာသူ႕ပါရမီကို အထင္ႀကီးသည့္အျပင္
ကံၾကမၼာေႂကြး႐ွိသည္ဟုပါေျပာၿပီး
တပည့္အျဖစ္လက္ခံခ်င္ခဲ့သည္။
ပိုင္လီခ်င္းေျမာင္ကေတာ့ ဟယ့္ဝမ္းေခ်ာင္ႏွင့္သာ တစ္သက္လုံးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္
ေနသြား‌ခ်င္၏။သူႀကိဳက္သည့္
ဟယ့္ဝမ္းေခ်ာင္ဆိုသည့္သူကေတာ့...

ဝမ္ရန္အယ္မွလြဲ၍ အျခားသူမ်ားအေပၚ
ယင္ဟန္က်န္းထင္ျမင္ခ်က္႐ွိတာ
႐ွားေသာ္ျငား ဟယ့္ဝမ္းေခ်ာင္ဟာ
ထိုမိန္းကေလး၏အခ်စ္ႏွင့္
မထိုက္တန္ဘူးဆိုတာကိုေတာ့
သူေျပာရဲသည္။အနည္းဆုံးေတာ့
ပိုင္လီခ်င္းေျမာင္ဟာ စိတ္ထားေကာင္းၿပီး ၾကင္နာတတ္သည့္ အမွန္တရား
ဂိုဏ္းသားတစ္ဦးျဖစ္သည္။
ဟယ့္ဝမ္းေခ်ာင္ကေတာ့႐ြံစရာလူပင္။

ယင္ဟန္က်န္းသာတစ္ေယာက္ေယာက္ကို
ႏွလုံးသားေပးခဲ့မည္ဆိုပါက
အျခားတစ္ေယာက္အေၾကာင္း
သူဘယ္ေတာ့မွ စဥ္းစားမွာမဟုတ္ေပ။
ထို႔ေၾကာင့္ ပိုင္လီခ်င္းေျမာင္ကို
ဟယ့္ဝမ္းေခ်ာင္ခ်စ္သည္ဟုေျပာၿပီး
တစ္ခ်ိန္တည္းမွာပင္ ႐ွဴယန္ယန္ႏွင့္
အိပ္ျခင္းအား သူလုံးဝလက္မခံႏိုင္ေပ။

အက်ဥ္းခ်ဳပ္ေျပာရမယ္ဆိုရင္ေတာ့
"ဒီစာအုပ္က အခ်စ္ဇာတ္လမ္းတစ္ခုပါပဲ။" ဟုဝမ္ရန္အယ္ေျပာလိုက္သည္။
ထို႔ေနာက္ စိတ္ေျပာင္းသြားကာ
"ဒီစာအုပ္ေၾကာင့္ ဒီအ႐ွင္က
လက္ဝဲကာကြယ္သူယင္ကို အျမင္သစ္
တစ္မ်ိဳးနဲ႔ျမင္မိသြားတာ။"
ဟုေျပာင္းေျပာလိုက္သည္။

ယင္ဟန္က်န္း ေနာက္တစ္ခါ
အံ့ဩသြားရျပန္သည္။

"ေလၾကမ္းလာျပန္ၿပီ။"ဝမ္ရန္အယ္
စာအုပ္ကိုသိမ္းလိုက္သည္။
"ဒီၿမိဳ႕မွာကာကြယ္သူယင္ အျခား
ဘာလွ်ိဳ႕ဝွက္ခ်က္ေတြမ်ား
ထပ္ထားေသးသလဲ။အခြင့္အ‌ေရး႐ွိတုန္း တစ္ခါတည္း ဒီအ႐ွင့္ကိုအကုန္ေျပာျပ။"

"ကြၽန္ေတာ္.... ျပဇာတ္ေတြ၊ပုံျပင္ေတြ
နားေထာင္ဖို႔ စားေသာက္ဆိုင္ေတြကို
သြားေလ့႐ွိပါတယ္။သ႐ုပ္ေဆာင္ေတြနဲ႔
ပုံေျပာသူေတြက မူရင္းဇာတ္လမ္းကေနအလြန္အက်ဴး ေျပာင္းေျပာတယ္ဆိုေပမဲ့
နားေထာင္လို႔မဆိုးပါဘူး။"

"အဲ့တာဆို ဒီအ႐ွင့္ကိုလည္း
စားေသာက္ဆိုင္တစ္ဆိုင္ကိုေခၚသြားေပး။"

ယင္ဟန္က်န္းဟာနာခံစြာ ဝမ္ရန္အယ္ကို
စားေသာက္ဆိုင္တစ္ဆိုင္သို႔ေခၚေဆာင္လာ၏။ေလျပင္းတိုက္ခတ္မႈေၾကာင့္
အျပင္၌ လူသိပ္မ႐ွိေတာ့ေပ။သို႔ေပမဲ့
စားေသာက္ဆိုင္အတြင္း၌မူ လူက်ေနသည္။
ပထမထပ္၌ ထိုင္ခုံလြတ္မ႐ွိေတာ့
ေသာေၾကာင့္ ယင္ဟန္က်န္းဟာ
ဒုတိယထပ္မွေဈးႀကီးသည့္အခန္းကို ‌ေတာင္းဆိုလိုက္သည္။

႐ွန္႔ခ်င္းဂိုဏ္းတည္႐ွိရာ ေတာင္ေျခ႐ွိ
လက္ဖက္ရည္စံအိမ္၌ ဝိဉာဥ္စြမ္းအင္
ပါဝင္သည့္ အရည္အေသြးျမင့္ လက္ဖက္ရည္ႏွင့္ ႏူးညံ့လွပသည့္
မုန္႔မ်ားမွာယူ၍ရၿပီး ကဗ်ာစာေပဖတ္႐ႈသံ
ကိုနားေထာင္၍လည္းရသည္။
နယ္စပ္ၿမိဳ႕ကေတာ့ လုံးဝကြဲျပားျခားနားသည္။သူတို႔ႏွစ္ဦးသား
ထိုင္ခုံမွာထိုင္ၿပီးၿပီဆို႐ုံႏွင့္ စားပြဲထိုး
တစ္ဦးဟာပြက္ပြက္ဆူေနသည့္အိုးတစ္လုံးကိုင္မၿပီးအမဲသားလႊာပါသည့္ပန္းကန္ျပားတစ္ခ်ပ္၊သိုးသားပါသည့္ပန္းကန္ျပား
တစ္ခ်ပ္၊ဝိုင္တစ္ခရားႏွင့္အတူ
ဆိတ္ႏို႔လက္ဖက္ရည္ႏွစ္ခြက္ယူကာ
ဝင္လာသည္။

ဟယ္နမ္အရပ္ေဒသမွာလိုႏူးညံ့လွပသည့္
လက္ဖက္ရည္ခြက္ေတြမဟုတ္သည့္အျပင္
ဟယ္နမ္မွပန္းကန္လုံးေတြထက္လည္း
ပိုက်ယ္သည္။စကားတစ္ခြန္းမွ်မဆိုပဲ
စားပြဲထိုးဟာ ပန္းကန္လုံးအႀကီးႀကီး
ႏွစ္လုံးထဲသို႔ ဝိုင္ငွဲ႔ေပးလိုက္သည္။အထိန္းအကြပ္မဲ့မႈ‌ေၾကာင့္ ယင္ဟန္က်န္း အနည္းငယ္႐ွက္သြားၿပီး စားပြဲထိုးအား
ပန္းကန္လုံးအေသးႏွင့္လဲေပးရန္
ေျပာဖို႔ျပင္လိုက္သည္။သို႔ေသာ္
ဝမ္ရန္အယ္၏ "ပန္းကန္လုံးမလိုဘူး။
ဝိုင္ဆိုတာ ခရားကေနေမာ့ေသာက္ရတာမဟုတ္ဘူးလား။"ဟုေျပာသံကို
ၾကားလိုက္ရသည္

စားပြဲထိုးဟာ လက္ခုပ္တီးလိုက္ၿပီး
"ဧည့္သည္က ဝိုင္ဘယ္လို‌ေသာက္ရမလဲ
ဆိုတာကိုသိတာပဲ။အခုခ်က္ခ်င္းပဲ
ခရားေနာက္တစ္ခုသြားယူလိုက္ပါ့မယ္။"
ဟုေျပာလိုက္သည္။

ဝမ္ရန္အယ္ဟာ လက္တစ္ဖက္ျဖင့္ခရားကို
မလိုက္ၿပီး ဝိုင္တစ္က်ိဳက္ေမာ့ေသာက္
လိုက္သည္။သူ႕ပါးစပ္ေထာင့္မွ
စီးက်လာသည့္ ဝိုင္စက္ဟာ
ေအာက္သို႔က်မသြားခင္မွာပဲ ခႏၶာကိုယ္
အပူခ်ိန္ေၾကာင့္အေငြ႕ပ်ံသြား၏။
ယင္ဟန္က်န္းဟာ သူ၏တည္ၾကည္ေလးနက္ေသာ အ႐ွင္ယခုကဲ့သို႔ အထိန္းအကြပ္မဲ့ျပဳမူတာမ်ိဳးကို
မျမင္ဘူးေပ။သူတံေတြးမ်ိဳခ်မိလိုက္သည္။
ခရားထဲမွဝိုင္ဟာယခင္ကထက္
ပိုေမႊးပ်ံ႕ေနသလိုပင္။ခရားကိုမလိုက္ၿပီး
ပါးစပ္အျပည့္ေမာ့ေသာက္လိုက္ေသာအခါ
ျပင္းျပလြန္းသျဖင့္ မ်က္ရည္ဝဲသြားသည္။
ဝမ္ရန္အယ္ကိုၾကည့္သည့္သူ႕အၾကည့္၌
ယခုလိုျဖစ္ရျခင္းမွာ အ႐ွင့္အျပစ္ဟု အျပစ္တင္သည့္အဓိပၸာယ္အျပည့္အဝ
ပါဝင္ေန၏။

ဝမ္ရန္အယ္ ေအာ္ရယ္မိသြားသည္။
"ဟား ဟား ဟား ဟား အဲ့ေတာ့
ကာကြယ္သူယင္ကအရက္မေသာက္ႏိုင္ဘူးေပါ့။ဟင္းလင္းျပင္ေလဟာနယ္က်င့္ၾကံသူတစ္ဦးကို ဝိုင္တစ္က်ိဳက္က ဒီေလာက္ထိပူေလာင္သြားေစႏိုင္တယ္ဆိုတာကို
ငါမယုံႏိုင္ဘူး။"

"အ႐ွင့္ရဲ႕ အရက္ေသာက္ႏိုင္စြမ္းက
ျမင့္လြန္းေနတာပါ။"ဟုယင္ဟန္က်န္းျပန္ေျပာမိလိုက္သည္။

ဝမ္ရန္အယ္ေခါင္းခါလိုက္သည္။
"ပထမဆုံးအႀကိမ္ငါေသာက္တုန္းက
အေဖနဲ႔အစ္ကိုတို႔လိုမ်ိဳး အငမ္းမရ
ေသာက္ခ်လိုက္တာ ေသခါနီး
ျဖစ္သြားေသးတယ္။ဝိုင္ျဖဴက ဘာလို႔
အရမ္းျပင္းရတာလဲဆိုတာ
ငါနားမလည္ႏိုင္ခဲ့ဘူး။ေနာက္က်ေတာ့
အေမက စစ္ပြဲတစ္ခုမွာ စစ္သားတစ္ေယာက္ဒဏ္ရာရခဲ့ရင္ ျပင္းလြန္းတဲ့အရက္က
သူတို႔ရဲ႕အသက္ကိုကယ္ႏိုင္စြမ္း႐ွိတယ္လို႔ ေျပာျပခဲ့တယ္။"

ဝမ္ရန္ကလန္ကြပ္မ်က္ခံရခ်ိန္အထိ
ဝမ္ရန္အယ္အရက္မေသာက္ႏိုင္‌ခဲ့ေပ။
လြန္ခဲ့သည့္ႏွစ္တစ္ရာက သူစစ္သားေတြနဲ႔အတူ နယ္စပ္ကိုခုခံကာကြယ္ခဲ့ခ်ိန္
ေရာက္မွသာ ထိုလူမ်ားထံမွအထိန္းအကြပ္မဲ့
အရက္ေသာက္နည္းႏွင့္ အသားစားနည္းကို
သင္ယူႏိုင္ခဲ့သည္။ထိုအခ်ိန္က သူ႕၌
အေသြးအသားခႏၶာကိုယ္႐ွိေသးသည္။
မစားဘဲ က်င့္ၾကံသည္ဆိုေပမဲ့
လူသားအစားအစာမ်ားကို တစ္ခါတစ္ေလစား၍ ျပႆနာမ႐ွိေပ။

အခုက်ေတာ့.....

ဝမ္ရန္အယ္ဟာ ဆူပြက္ေနသည့္အိုးကိုယၾကည့္လိုက္ၿပီးယင္ဟန္က်န္းစားရန္အတြက္
သိုးသားလႊာတစ္လႊာထည့္လိုက္သည္။
သူကိုယ္တိုင္ကေတာ့ တစ္စက္မွ်မစားဘဲ
ဝိုင္သာေသာက္ၿပီး ေဖ်ာ္ေျဖမႈမ်ားကို
ၾကည့္ေနလိုက္သည္။ယင္ဟန္က်န္းဟာ
ဝမ္ရန္အယ္အသားမႀကိဳက္၍ မစားျခင္း
ဟုသာထင္ၿပီး သူ႕အ႐ွင့္လို ဝိုင္လိုက္
ေသာက္လိုက္သည္။ဝိုင္ျပင္းျပမႈကို
ခံႏိုင္ရည္႐ွိသြားလွ်င္ ဟင္းလင္းျပင္ေလဟာနယ္က်င့္ၾကံသူတစ္ဦးအေနျဖင့္
မူးယစ္သြားမည္ကို ပူစရာမလိုေတာ့ေပ။

ပထမထပ္ခန္းမအလယ္၌ ပုံေျပာသူတစ္ဦး
႐ွိၿပီး နယ္စပ္ေလသံေလးေလးပင္ပင္ျဖင့္
ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕မွရဲတင္းသည့္အမ်ိဳးသမီးတစ္ဦး လင္ေယာက်ာ္း႐ွာသည့္ပုံျပင္ကိုေျပာျပေနသည္။ထိုအမ်ိဳးသမီးဟာ
႐ိုး႐ွင္း၍ တဲ့တိုးဆန္ၿပီး သြယ္ဝိုက္ေနျခင္း
မ႐ွိဘဲ စိတ္ခံစားခ်က္မ်ားကိုထုတ္ေျပာ
တတ္သူျဖစ္သည္။ပုံျပင္နားေထာင္သူ
မ်ားဟာ က်ယ္က်ယ္ေလာင္ေလာင္
အားေပးေထာက္ခံေနၾကသည္။

နားေထာင္ရင္း ဝမ္ရန္အယ္ေခါင္းညိတ္
လိုက္သည္။"အခ်စ္က ဒီလိုျဖစ္သင့္တာ။
ဒီအ႐ွင္သာ အခ်စ္ကပ္ေဘးၾကဳံရၿပီး
လူတစ္ေယာက္ကိုခ်စ္မိသြားရင္
အဲ့လူကလည္းအခ်စ္ကိုျပန္တုံ႔ျပန္ခဲ့ရင္
တစ္သက္လုံးသူ႕ကိုငါ့နားမွာဆြဲထားမွာ။
သူက ငါ့ကိုစိတ္မဝင္စားဘူးဆိုရင္ေတာ့
လက္လႊတ္လိုက္မွာ။လူတစ္ေယာက္ကို
အတင္းတြယ္ကပ္ေနရင္ ဘယ္လိုလုပ္
ကိုယ့္ရဲ႕ဂုဏ္သိကၡာက်န္ပါေတာ့မလဲ။"

စားပြဲေပၚသို႔ ဝတၳဳစာအုပ္ကို ဝမ္ရန္အယ္ေဆာင့္ခ်လိုက္သည္။ပိုင္လီခ်င္းေျမာင္ပဲျဖစ္ျဖစ္ ဝမ္ရန္အယ္ပဲျဖစ္ျဖစ္
ႏွစ္ေယာက္စလုံးစာအုပ္ထဲ၌ မွန္ကန္သည့္လမ္းကိုမေ႐ြးခ်ယ္ခဲ့ေပ။

စာအုပ္အဖုံးေပၚ ဝိုင္စက္စင္သြားတာကို
ယင္ဟန္က်န္းေတြ႕လိုက္သည္။
အ႐ွင္ ထိုစာအုပ္ကိုတန္ဖိုးမထားပုံပင္။
ဝိုင္လႊမ္းမိုးမႈေအာက္မွာ ယင္ဟန္က်န္းဟာ သိသိသာသာကိုသိခ်င္စိတ္ျပင္းျပလာသည္။

"ဒီဝတၳဳက ပိုင္လီခ်င္းေျမာင္နဲ႔
ဟယ့္ဝမ္းေခ်ာင္ရဲ႕အခ်စ္ဇာတ္လမ္းအေၾကာင္းေရးထားတာပဲ။ပိုင္လီခ်င္းေျမာင္ဟာ လိုက္မမွီႏိုင္ေလာက္တဲ့အျမင့္ကို
ေရာက္သြားေပမဲ့ ဟယ့္ဝမ္းေခ်ာင္ေၾကာင့္
လက္ေလ်ာ့လိုက္တယ္။ရယ္စရာ
မေကာင္းဘူးလား။"

ယင္ဟန္က်န္းေမးခြန္းေမးခ်င္ေပမဲ့
တုံ႔ဆိုင္းသြားတတ္ျခင္းမွ ေ႐ွာင္႐ွားရန္
စာအုပ္ထဲမွ အခ်ိဳ႕အေၾကာင္းအရာမ်ားကို
ေျပာျပသင့္သည္ဟုဝမ္ရန္အယ္ထင္မိသည္။
အၿမဲတမ္းသိခ်င္သည္မ်ားကိုထုတ္မေမးဘဲ သိမ္းထားသျဖင့္ ဒီကေလးရင္ထဲ
ျပည့္ၾကပ္ေနမွာကို ဝမ္ရန္အယ္
စိုးရိမ္မိသည္။ေနာက္ပိုင္းမွာပါသည့္
ဝမ္ရန္အယ္ေသဆုံးျခင္းႏွင့္ ယင္ဟန္က်န္း႐ူးသြပ္သြားျခင္းကိုေတာ့ သူထုတ္ေျပာမွာမဟုတ္ေပ။

"ဒီအ႐ွင္ စာအုပ္ကိုစရကာစက
သာမန္ပုံျပင္တစ္ခုလို႔ပဲထင္ခဲ့တာ။
ေသခ်ာဖတ္ၾကည့္မွပဲ ေကာင္းကင္ဘုံရဲ႕
လွ်ိဳ႕ဝွက္ခ်က္‌ေတြျဖစ္မွန္းသိေတာ့တယ္။
ဒီစာအုပ္ထဲမွာ ဂိုဏ္းေပါင္းစုံစစ္ပြဲအေၾကာင္းမွတ္တမ္းတင္ထားတယ္။အဲ့တာေၾကာင့္ပဲ
ဒီအ႐ွင္က အမွန္တရားဂိုဏ္းေတြရဲ႕အစီအစဥ္ေတြကို ႀကိဳခန္႔မွန္းႏိုင္ခဲ့တာ။"

ယင္ဟန္က်န္း၏မ်က္ႏွာေပၚ၌
အံ့ဩတုန္လႈပ္မႈမ်ားေပၚလာေသာ္ျငား
ေမးခြန္းမထုတ္ဘဲ ဝမ္ရန္အယ္
ေျပာသမွ်ကိုသာ တိတ္ဆိတ္စြာ
နားေထာင္ေန၏။။

ဝမ္ရန္အယ္ဟာ စာအုပ္ထဲမွ
ပိုင္လီခ်င္းေျမာင္ႏွင့္ဟယ့္ဝမ္းေခ်ာင္၏ ဆက္ဆံေရးကို အက်ဥ္းခ်ံဳးေျပာျပလိုက္ၿပီး  ပိုင္လီခ်င္းေျမာင္ကို သူေကာခ်စ္မိသြားၿပီး ေသဆုံးသြားရျခင္းကိုေတာ့ ခ်န္ခဲ့လိုက္ကာ
"ဒီအ႐ွင္လည္း စာအုပ္ထဲပါတယ္။
ေ႐ွးဦးနတ္ဘုရားမအေပၚတင္ေနတဲ့
အေႂကြးေၾကာင့္ ပိုင္လီခ်င္းေျမာင္ကို
ခဏခဏအကူအညီေပးခဲ့တာ။ငါသူ႕ကိုတပည့္အျဖစ္လက္ခံခ်င္ခဲ့တာကလည္း
အဲ့အေၾကာင္းျပခ်က္ေၾကာင့္ပဲ။အရာအားလုံးတူညီျခင္းလမ္းစဥ္ကိုက်င့္ၾကံၿပီး
ဟယ့္ဝမ္းေခ်ာင္ရဲ႕လႊမ္းမိုးမႈေအာက္က
သူ႕ကို႐ုန္းထြက္ၿပီးေစခ်င္ခဲ့တာ။"ဟူ၍ အျခားေျဖ႐ွင္းခ်က္တစ္ခုေပးလိုက္သည္။

"နားလည္ပါၿပီ။"ယင္ဟန္က်န္းႏွလုံးသားထဲသံသယမ်ား တျဖည္းျဖည္း
ေပ်ာက္ကြယ္သြားကာ ခ်ီးမြမ္းမႈမ်ားျဖင့္
ျပည့္ႏွက္လာ၏။အ႐ွင္ဟာ တကယ့္ကို
အျမင္က်ယ္သူျဖစ္သည္။အခ်စ္ဝတၳဳ
တစ္ပုဒ္၏ဇာတ္ေၾကာင္းကို အသုံးခ်ၿပီး
ဂိုဏ္းေပါင္းစုံစစ္ပြဲ၌ ေကာင္းကင္ဘုံ၏ အစီအစဥ္မ်ားကို စိန္ေခၚႏိုင္ခဲ့သည္။

"ဒီအ႐ွင္က ဆီးႏွင္းမီးလွ်ံရဲ႕တည္ေနရာကို
ဒီစာအုပ္ကပဲသိခဲ့တာ။ထပ္ၿပီးေတာ့
စာအုပ္ထဲမွာ ေ႐ႊေရာင္ကမ္းေျခေခ်ာက္ကမ္းပါးမွာ မင္းနဲ႔ကံစပ္ေနတဲ့
ၿပိဳကြဲေတာင္ဥကၠာခဲ႐ွိတယ္လို႔
ေရးထားတယ္။မင္းဓားလုပ္တဲ့ေနရာမွာ
သုံးလို႔ရတယ္။"

အမွန္ဆိုလွ်င္ ၿပိဳကြဲေတာင္ဥကၠာခဲဟာ
ဝမ္ရန္အယ္၏ကံၾကမၼာျဖစ္သည္။
သို႔ေပမဲ့ယင္ဟန္က်န္း၏ ကံၾကမၼာဟု
သူေျပာင္းေျပာလိုက္သည္။သို႔မွသာ
ယင္ဟန္က်န္း ေက်းဇူးတင္လြန္ကာ
သူအတြက္သာ ေသမည္‌႐ွင္မည္ဟု
ထပ္ဆုံးျဖတ္လိုက္မွာကို
စိုးရိမ္ေသာေၾကာင့္ပင္။ဝမ္ရန္အယ္
သူ႕ကိုထိုကဲ့သို႔မျမင္ရက္ေပ။

ဝမ္ရန္အယ္ နယ္စပ္ပဋိပကၡၾကား
ယင္ဟန္က်န္းအား ေကာက္ယူလာခဲ့စဥ္မွ
စ၍ အက်ိဳးအျမတ္မ်ားစြာျပန္ရ႐ွိခဲ့သည္။ထို႔ေၾကာင့္ သူ႕အေပၚအေႂကြးတင္
ေနသလိုမ်ိဳး ယင္ဟန္က်န္းဆက္ဆံေနစရာ
မလိုအပ္ေတာ့ေပ။

"အခု အမွန္တရားဂိုဏ္းေတြေကာ၊
နတ္ဆိုးဂိုဏ္းေတြေကာ အင္အား
ျပန္ျဖည့္တင္းေနခ်ိန္ဆိုေတာ့ ငါတို႔အဲ့ကို
သြားဖို႔အဆင္သင့္တယ္။ခြၽမ္းယြမ္ဂိုဏ္းလည္း အခုေလာေလာဆယ္အဆင္ေျပ
ပါတယ္။ဒီအ႐ွင္က မင္းနဲ႔အတူ
ေ႐ႊေရာင္ကမ္းေျခေခ်ာက္ကမ္းပါးကို
အေဖာ္လိုက္ခဲ့ေပးမယ္။"

ခြၽမ္းယြမ္ဂိုဏ္း ..အဆင္ေျပေလာက္တယ္။
ယင္ဟန္က်န္းမ်က္ခုံးတြန္႔သြားသည္။
"အ႐ွင္ ခြၽမ္းယြမ္ဂိုဏ္းကအခုဆိုေခါင္းမပါတဲ့
နဂါးသိုက္ႀကီးလိုျဖစ္ေနမွာ။အ႐ွင္အၾကာႀကီး
ေပ်ာက္ေနရင္ လက္ယာကာကြယ္သူနဲ႔
ခန္းမေဆာင္သခင္ေတြ သစၥာေဖာက္
သြားလိမ့္မယ္။"

"ကိစၥမ႐ွိဘူး။"ဝမ္ရန္အယ္ ဝိုင္ပါးစပ္
အျပည့္တစ္က်ိဳက္ေမာ့ေသာက္လိုက္သည္။
"ငါသူတို႔အကုန္လုံးကိုသတ္ရမွာ
နည္းနည္းသက္သာသြားတာေပါ့။
အခုဆို အမွန္တရားဂိုဏ္းေတြက
ငါတို႔ကိုမတိုက္ခိုက္ႏိုင္ဘူး။နတ္ဆိုးဂိုဏ္းမွာ အဆင့္ျမင့္တဲ့က်င့္ၾကံသူအမ်ားႀကီး
အသက္႐ွင္က်န္ခဲ့တာကျပႆနာေတြကို ဖိတ္ေခၚေနသလိုပဲ ျဖစ္လိမ့္မယ္။"

"ဟုတ္တာပဲ အ႐ွင္"ဟုယင္ဟန္က်န္း
ေလးေလးစားစားေျပာလိုက္သည္။

ဝမ္ရန္အယ္ ယင္ဟန္က်န္းႏွဖူးကို
ေတာက္လိုက္သည္။"ဒီအ႐ွင္က
အရာအားလုံးကိုလည္းမသိသလို
စြမ္းအားအႀကီးဆုံးလည္းမဟုတ္ဘူး။"
ငါမွားတဲ့အခ်ိန္ေတြလည္း႐ွိတယ္။
အရာအားလုံးကို မ်က္လုံးမွိတ္ၿပီး
ယုံေနမယ္ဆိုရင္ ငါ့အမွားေတြကို
ငါသိမွာမဟုတ္ေတာ့ဘူး။မင္းရဲ႕ဦးေႏွာက္ကို
သုံးၿပီးဒီအ႐ွင့္ကို ကူေတြးေပးဦးေလ။"
ဟုစိတ္႐ႈပ္သံျဖင့္ေျပာလိုက္သည္။

"ကြၽန္ေတာ္နားလည္ပါၿပီ။"ဟုႏွဖူးကို
ပြတ္ရင္း အနည္းငယ္ျပဳံးလိုက္ကာ
ယင္ဟန္က်န္းျပန္ေျဖသည္။

နယ္စပ္သို႔လာသည့္ ဤခရီးဟာ
သူတို႔ႏွစ္ဦးအား ပိုရင္းႏွီးလာေစ၏။
ဝမ္ရန္အယ္ႏွင့္ ယင္ဟန္က်န္းဟာ
သခင္ႏွင့္ငယ္သားဟူသည့္ အေျပာင္းအလဲ
မ႐ွိသည့္ဆက္ဆံေရးကေန ပို၍နက္နဲစြာ
ဆက္ႏြယ္မႈ႐ွိသည့္ဆက္ဆံေရးတစ္ခုကို
တည္ေဆာက္လိုက္ႏိုင္သည္။

ဝိုင္ဆယ္ခရားကို ေသာက္ၿပီးသည့္ေနာက္
မွာေတာ့ ဆိုင္ပိုင္႐ွင္ေတာင္အံ့ဩၿပီး
ဆိုင္၏ဝိုင္အင္ေမာ္တယ္ႏွစ္ဦးအျဖစ္မွတ္တမ္းတင္ရန္ သူတို႔ႏွစ္ဦးအမည္အား
လာေမးေတာ့သည္။

ဝမ္ရန္အယ္ဟာ နာမည္ေျပာျပရန္
ျငင္းဆိုလိုက္ၿပီး ယင္ဟန္က်န္းႏွင့္အတူ
သာမန္လူ႕ေလာကမွထြက္ခြာလာခဲ့သည္။
စားပြဲေပၚက ပြက္ပြက္ဆူေနသည့္အိုးထဲမွ
ဘာတစ္ခုကိုမွ သူမစားခဲ့ေပ။ယင္ဟန္က်န္း
သာအမ်ားႀကီး စားခဲ့တာျဖစ္သည္။

အျပင္မထြက္ရအမိန္႔ထုတ္ထားသည့္အခ်ိန္
မေရာက္ခင္ ၿမိဳ႕ထဲကထြက္လာခဲ့သည္။ "ကာကြယ္သူယင္ ေ႐ႊေရာင္ကမ္းေျခေခ်ာက္ကမ္းပါးကိုသြားတဲ့လမ္းမွာ
မင္းဓားေပၚမွာ ဒီအ႐ွင့္ကိုပါတင္ေခၚ
သြားပါလား။နတ္ဆိုးဓားက အၾကာႀကီး
ခံမွာလည္းမဟုတ္ဘူးေလ။
ၿပိဳကြဲေတာင္ဥကၠာခဲသုံးၿပီး
ဓားအသစ္တစ္ေခ်ာင္း လုပ္ၾကမယ္။"

ဝမ္ရန္အယ္ေျပာစကားကိုၾကားသည့္
ခ်ီမင္ဟာ သေဘာမတူဟန္ျဖင့္
အႀကိမ္အနည္းငယ္ အသံျမည္ကာ
ဆႏၵျပလာ၏။

ယင္ဟန္က်န္းဟာ သူ႕ေျပာစကားကို
ေမးခြန္းမထုတ္ဘဲ ဝမ္ရန္အယ္ကို
ဓားေပၚတင္ေခၚကာ ေ႐ႊေရာင္ကမ္းေျခေခ်ာက္ကမ္းပါးသို႔ဦးတည္လိုက္သည္။
ဓားအလ်င္ဟာ ဝမ္ရန္အယ္၏လွ်ပ္တစ္ျပက္အလ်င္ကိုမယွဥ္ႏိုင္ေပ။ေ႐ႊေရာင္ကမ္းေျခေခ်ာက္ကမ္းပါးဟာ အတန္ငယ္ေဝးကြာေသာေၾကာင့္ တစ္ရက္ႏွင့္တစ္ညၾကာမွ
ေရာက္သြား၏။ဝမ္ရန္အယ္ခန္႔မွန္းခ်က္အရ ပိုင္လီခ်င္းေျမာင္ သူ႕ဂိုဏ္းသို႔ျပန္ေရာက္
သြားလွ်င္ေတာင္မွ ေခ်ာက္ကမ္းပါးသို႔
ဘယ္နည္းႏွင့္မွေရာက္မလာႏိုင္ေပ။

ေ႐ႊေရာင္ကမ္းေျခေခ်ာက္ကမ္းပါးဟာ
အလယ္ပိုင္းစီရင္စု၏အေ႐ွ႕ဘက္ျခမ္း၌
တည္႐ွိသည္။ပင္လယ္ကမ္းေျခကို
ေ႐ႊေရာင္ေတာက္ပေနသည့္သဲအျပည့္
ဖုံးအုပ္ထားသျဖင့္ ေ႐ႊကမ္းေျခဟုေခၚသည္။ပင္လယ္ကမ္းေျခ၌ ျမင့္မားသည့္ ေခ်ာက္ကမ္းပါးတစ္ခုတည္႐ွိၿပီး
ေခ်ာက္ကမ္းပါးမ်က္ႏွာျပင္တစ္ေလွ်ာက္လုံး
ေ႐ႊေရာင္ေက်ာက္တုံးအျပည့္
ျဖစ္ေနျခင္းေၾကာင့္ ေ႐ႊေရာင္ကမ္းေျခေခ်ာက္ကမ္းပါးဟုအမည္တြင္ျခင္းျဖစ္သည္။

(ေခ်ာက္ကမ္းပါး မ်က္ႏွာျပင္ဆိုတာ
ရာသီဥတုဒဏ္ေၾကာင့္တိုက္စားလို
႔ျဖစ္ေပၚလာတဲ့
မ်က္ႏွာျပင္ကိုပါေျပာတာေနာ္။)

ယင္ဟန္က်န္းဟာ ေခ်ာက္ကမ္းပါးထိပ္၌
ဆင္းသက္လိုက္သည္။ထိုေနရာကိုေက်ာ္ၿပီး
ပ်ံသန္း၍မရေတာ့ေပ။ထိုေနရာ၌
မေသမ်ိဳးေလာကကြယ္ဝွက္တည္႐ွိေနသည္ဟူသည့္ဆို႐ိုးစကား႐ွိၿပီး မေသမ်ိဳး သို႔မဟုတ္ နတ္ဘုရားစြမ္းအင္တစြမ္းတစ္စ
႐ွိေသာေနရာတိုင္းသည္ က်င့္ၾကံသူမ်ား၏
စြမ္းအင္ကိုဖိႏွိပ္ေလ့႐ွိသည္။စြမ္းအင္
ျမင့္ေလေလ သက္ေရာက္မႈ ပို႐ွိေလေလပင္။
ဝိဉာဥ္အ‌ေျခတည္ျခင္းအဆင့္ႏွင့္
ထိုအဆင့္ေအာက္က်င့္ၾကံသူမ်ားကိုေတာ့
ဖိႏွိပ္ျခင္းမ႐ွိေပ။

ဝမ္ရန္အယ္ဟာ စြမ္းအင္ဖိႏွိပ္ထားျခင္းကို
ခံရေပမဲ့ သာမန္လူသားထက္သာ၏။
ကိုယ္ခံပညာရပ္မ်ားကိုလည္း
ေလ့က်င့္ထားေသာေၾကာင့္လႈပ္႐ွားမႈ
တိုင္းဟာ မ်ားစြာေသာက်င့္ၾကံသူမ်ားထက္
ေပါ့ပါးလ်င္ျမန္ကာ အင္အားအျပည့္႐ွိ၏။
ယင္ဟန္က်န္းဟာလည္း မေခေပ။
ငယ္စဥ္ကတည္းက ဓားက်င့္စဥ္ကို
က်င့္ၾကံခဲ့ေသာေၾကာင့္ ေခ်ာက္ကမ္းပါး
တစ္‌ေလွ်ာက္ ေက်ာက္တုံးမ်က္ႏွာျပင္ကို
တည္တည္ၿငိမ္ၿငိမ္နင္းၿပီး တြယ္ဆင္း
လာႏိုင္သည္။

စာအုပ္ထဲ၌ ပိုင္လီခ်င္းေျမာင္ဟာ
အႀကိမ္မ်ားစြာေအာက္ျပဳတ္က်ေသာေၾကာင့္
ဝမ္ရန္အယ္ မၾကာခဏစီးဖမ္းထားရသည္။
ေနာက္တစ္ခါ ထပ္ျပဳတ္က်ေသာအခါ
ထပ္ဖမ္းရျပန္သည္။ဤသို႔ျဖင့္ သံသရာလည္ေန၏။စဥ္းစားၾကည့္ေသာအခါ ယုတၱိမ႐ွိေပ။ဝမ္ရန္အယ္ကိုကုန္းပိုးၿပီးေဆးဖိုကိုးလႊာေတာင္ထိပ္ကို
တက္စဥ္ကမူ တစ္ခါမွ်ျပဳတ္မက်ဘဲ
ေ႐ႊေရာင္ကမ္းေျခေခ်ာက္ကမ္းပါး
ေရာက္မွသာ မၾကာခဏေျခေခ်ာ္က်သည္။
ပင္လယ္ေရတိုက္စားမႈေၾကာင့္
ေက်ာက္တုံးေတြေခ်ာေနတာေၾကာင့္
မ်ားလား။

ယင္ဟန္က်န္းကေတာ့ ဘာျပႆနာမွ
မျဖစ္ေစေပ။ေျခေထာက္လည္းခိုင္ၿပီး
ဝမ္ရန္အယ္ဘယ္ေလာက္အ႐ွိန္ျမန္ျမန္
ေနာက္က အမီလိုက္ႏိုင္သည္။

စာအုပ္ထဲ၌ တစ္လေလာက္ဝိဉာဥ္ေလာကကို
႐ွာရသည္။အေၾကာင္းျပခ်က္ကေတာ့
စကားလုံးေထာင္ခ်ီေရာက္တိုင္း
ပိုင္လီခ်င္းေျမာင္ ေျခခ်င္းဝတ္လည္လိုက္၊
ပုခုံးအဆစ္လြဲသြားလိုက္၊အျခားဒဏ္ရာေပါင္းစုံရလိုက္ျဖစ္ေနေသာေၾကာင့္
ဒဏ္ရာကုသေပးဖို႔အတြက္ မၾကာခဏ
ခရီးနားရေသာေၾကာင့္ပင္။

ဝိဉာဥ္ေလာကဘယ္မွာ႐ွိမွန္း ဝမ္ရန္အယ္
အတိအက်မသိေပ။စာအုပ္ထဲ၌
ပိုင္လီခ်င္းေျမာင္ဟာ အဆိပ္႐ွိလင္းႏို႔
အကိုက္ခံရၿပီး ေမ့ေမ်ာသြားသည္။
ဝမ္ရန္အယ္ဟာ သူ႕ကိုသယ္ထားရၿပီး
သူေသခါနီးျဖစ္ေနခ်ိန္ေရာက္မွသာ
ဝိဉာဥ္ေလာကဝင္ေပါက္ကို႐ွာေတြ႕ခဲ့သည္။ျပန္စဥ္းစားၾကည့္မွပဲ ပိုင္လီခ်င္းေျမာင္
ေအးခဲ၍‌ ‌ေသခါနီးမွဆီးႏွင္းမီးလွ်ံကို
႐ွာေတြ႕ခဲ့တာျဖစ္ၿပီး အသက္ဝင္မိႈဟာလည္း သူလဲက်သြားၿပီးသတိလစ္သြားမွသာ ေပၚလာခဲ့တာျဖစ္သည္။

ခဏေနပါဦး။ဒ႑ာရီလာရတနာအားလုံး
ေပၚလာရတာက သူေသခါနီးျဖစ္ေနလို႔
မ်ားလား။သုံးရက္ၾကာ႐ွာေဖြၿပီးေနာက္
ဝမ္ရန္အယ္ ရပ္တန္႔လိုက္သည္။
ပိုင္လီခ်င္းေျမာင္မ႐ွိရင္ ဝိဉာဥ္ေလာက
ေပၚမလာေတာ့ဘူးလား။

ျပႆနာၾကဳံေနရၿပီဟု
ဝမ္ရန္အယ္ခံစားလိုက္ရသည္။

ဝမ္ရန္အယ္ ႐ွာေနတာကိုရပ္လိုက္ရင္း ေခ်ာက္ကမ္းပါး၌တြယ္ထားကာ အေတြးထဲနစ္ဝင္ေနတာကိုေတြ႕သျဖင့္ "အ႐ွင္"ဟု
ေခၚရင္း ယင္ဟန္က်န္းဟာ
ဝမ္ရန္အယ္အနား အျမန္ကပ္လာ၏။

"ဒီအ႐ွင္ သ‌ေဘာေပါက္....."
စကားမဆုံးခင္မွာပဲ မ်က္လုံးေထာင့္မွ
စိမ္းပုတ္ေရာင္ပုံရိပ္တစ္ခု ယင္ဟန္က်န္း
ဆီသို႔ဦးတည္သြားေနတာကို ေတြ႕လိုက္ရသည္။ထို႔ေၾကာင့္ခ်က္ခ်င္းအက်ႌလက္ကိုေဝွ႔ယမ္းလိုက္သည့္အခါလက္ေမာင္းတစ္ဖက္ဟာ ေက်းေသြးေရာင္ျမဴအစုအ‌ေဝးအသြင္ေျပာင္းလဲသြားကာထိုပုံရိပ္ကို
ဝန္းရံလိုက္သည္။
 
စကၠန္႔အနည္းငယ္အတြင္းမွာပဲ
လင္းႏို႔ဟာေသြးစက္ျမဴမ်ားၾကား
ေပ်ာ္ဝင္သြားၿပီး ထိုမွတစ္ဆင့္
ေအာက္႐ွိပင္လယ္ထဲသို႔
တစ္စက္ၿပီးတစ္စက္က်ဆင္းသြား၏။

"အ႐ွင္ အ႐ွင့္ရဲ႕လက္က..."
ယင္ဟန္က်န္းဟာ အရည္ေပ်ာ္သြားသည့္
ဝမ္ရန္အယ္၏လက္ေမာင္းကို
ၾကည့္ရင္း အသံတုန္တုန္ယင္ယင္ျဖင့္
ေမးလာသည္။

"အဆုံးသတ္က်ေတာ့ မင္း႐ွာေတြ႕
သြားတာပဲ။"ဝမ္ရန္အယ္ အနည္းငယ္
ျပဳံးလိုက္ၿပီးလက္ေမာင္းကို မူလအတိုင္း
ျပန္ျဖစ္ေအာင္လုပ္လိုက္ကာ
ယင္ဟန္က်န္း၏ ဆံပင္႐ႈပ္ပြသြားေအာင္
ပြတ္သပ္လိုက္သည္။

Continue Reading

You'll Also Like

75.2K 5.4K 61
HIGHEST RANK : #58 in FanFiction on 4/9/2017. #74 in #saddahaq stories on 25/05/2018. #118 in #sandhir stories on 25/05/2018. #148 in #emotions on 17...
9.9K 992 15
#Gyuvin #Yujin #Gyujin
430K 87.5K 121
Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပည...
108K 3.1K 13
"Remember, this mark of yours will help you find your soulmate, the one who will love you unconditionally." And that was the last thing she said befo...