Never

By Blacksheep303

26.1K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ္ေတာ့မွ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ္ေတာ့မွ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ္ေတာ့မွ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ္ေတာ့မွ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ္ေတာ့မွ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ္ေတာ့မွ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ္ေတာ့မွ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ္ေတာ့မွ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ္ေတာ့မွ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ္ေတာ့မွ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ္ေတာ့မွ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ္ေတာ့မွ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ္ေတာ့မွ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ္ေတာ့မွ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ္ေတာ့မွ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ္ေတာ့မွ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ္ေတာ့မွ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ္ေတာ့မွ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ္ေတာ့မွ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ္ေတာ့မွ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ္ေတာ့မွ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ္ေတာ့မွ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ္ေတာ့မွ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ္ေတာ့မွ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ္ေတာ့မွ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ္ေတာ့မွ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ္ေတာ့မွ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ္ေတာ့မွ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ္ေတာ့မွ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ္ေတာ့မွ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ္ေတာ့မွ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ္ေတာ့မွ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ္ေတာ့မွ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - 13

437 31 0
By Blacksheep303

အခု ကျွန်တော်နဲ့ ကျန့်ကော တွဲနေတာ ၄လ လောက်ရှိပါပြီ တနင်္လာ သောကြာဆိုရင် Clubမှာ အတူတူ Training တွေလုပ်တယ်
ဒါပေမယ့် တွဲနေတဲ့အကြောင်းတော့ ဘယ်သူ့ကိုမှ အသိမပေးခိုင်းပါဘူး ဟောက်ရွှမ်းတို့ကိုတော့ ပြောပြမယ်လေ ဆိုတာတောင် မပြောရဘူးတဲ့ နောက်ဆုံးမှ အံ့ဩသွားအောင် လုပ်ပြချင်တာရှိလို့ သူ့ကို ယုံရင် သူ့စကားအတိုင်း နားထောင်ပေးပါလို့ တောင်းဆိုထားတာမို့
ကျွန်တော်တို့ တွဲတာ ဘယ်သူမှတော့ မသိပါဘူး

စနေ-တနင်္ဂနွေဆိုရင်တော့ အကသင်တန်းကို ကျန့်ကောက လိုက်ပြီးအားပေးတာ စောင့်တာမျိုးတွေရှိပါတယ်
အတူတူ ကဖြစ်ကျတဲ့ Dancerတွေက တော့ ခဏခဏပါလာတာမို့ တွဲနေတာလားလို့ မေးရင် ကျွန်တော့်ဘက်ကတော့ သူ့ကို လက်တွဲဖော် အဖြစ် ရွေးချယ်ထားတာ သူကတော့ ကျွန်တော့်ကို ရွေးမရွေး မသေချာသေးဘူးလို့ ပဲ ပြောပြထားလိုက်ပါတယ် ကျန့်ကော စကားလည်း နားထောင်ပြီးသားလည်း ဖြစ်အောင် ကျွန်တော်လည်း ညာပြောတာမျိုး မဖြစ်ရအောင်လို့ပါ

ပထမဆုံး Dateဖြစ်တဲ့နေ့ကပဲ ကျန့်ကောဆီမှာ ညအိပ်ဖူးတာပါ နောက်ပိုင်းကျန့်ကောက သတိထားပြီး နေလာသလို ခံစားရပါတယ်
စနေ-တနင်္ဂနွေကလွဲရင် အိမ်ကို ဘယ်တော့မှ မလာခိုင်းပါဘူး   Exclusive Trainingလုပ်ပြီးတိုင်းတော့ တစ်မျိုးမဟုတ် တစ်မျိုး
Dateဖြစ်ကြပါတယ်

နှစ်ရက်မှာ တစ်ရက်က Outdoor Dateလို့ သတ်မှတ်ပြီး အတူတူ လျောက်လည်ကြတာမျိုး ညဈေးတန်းဖက် ထွက်လည် ထွက်စားတာမျိုး ရုပ်ရှင်ကြည့်တာမျိုး Shoppingလုပ်ကြတာမျိုးတွေ လုပ်ပါတယ် ထွက်လည်တိုင်းလည်း Couple ဝတ်စုံဖြစ်အောင် ကျန့်ကောက အဝတ်အစားကို စီစဉ်ထားတတ်ပါတယ် လက်အတူတူတွဲသွားတာမျိုး မထင်ရင် မထင်သလို ရုတ်တရက် Public Kissပေးလိုက်တာမျိုးတွေလည်း လုပ်ပါတယ် အဲလိုချိန်တွေဆို အမြဲပျော်စရာပေါ့

တစ်ရက်က Indoor Dateလို့ သတ်မှတ်ပြီး အိမ်မှာပဲ စိတ်အေး လက်အေး လွတ်လွတ်လပ်လပ် Date ကြတာပါ အဲဒီအချိန်က ကျွန်တော့်အတွက် စိတ်အလုပ်ရှားဆုံးအချိန်ပါပဲ တစ်ပတ်လုံး စိတ်နဲ့ပစ်မှား ထားသမျှကို လက်တွေ့ ပစ်မှားခွင့်ရလို့လေ အဲဒီအချိန်မှာ ကျွန်တော်ဘာပဲလုပ်လုပ် ကျန့်ကောက ခွင့်ပြုတယ် တစ်ခုပဲ အဆုံးထိ သွားခွင့်မပြုတာပါ

အတူနေတာကြာလာတာနဲ့အမျှ ကျန့်ကောရဲ့ ပြုမူပြောဆိုဆက်ဆံပုံက ကျွန်တော့်ကို ဦးဆောင်သူနေရာ ပေးထားတာမျိုးကို ခံစားမိပါတယ်  ကျန့်ကော ကို မှောက်ဆိုရင် မှောက်ပေးတယ် ပက်လက်လန်ဆို လန်ပေးတယ် ရေအတူတူချိုးရအောင်ဆိုလည်း ဘယ်တော့မှ မငြင်းဘူး အဆုံးထိသွားရအောင် ကျန့်ကောလို့ပြောရင်တော့ အမြဲပဲ မရဘူး အချိန်မကျသေးဘူးလို့ ပြောတာပါ ဒါဆိုဒီည ဒီမှာအိပ်မယ်လေ ဖက်အိပ်ချင်လို့ပါ ဆိုလည်း စောသေးတယ် အိမ်ပြန် နောက်ကျနေပြီလို့ ခံစားရရင် ငါလိုက်ပို့မယ်ဆိုပြီး အိမ်ကို ပြန်ခိုင်းတတ်တာပါ

အခုလည်း အဆုံးထိ မဟုတ်ရင်ပြီးရော ချစ်ချင်သလို ချစ်ခွင့်ပြုထားတာမို့

"ကျန့်ကော အသစ်အဆန်းအနေနဲ့  ကျွန်တော့်ကို Bj လေးများ မပေးချင်ဘူးလားလို့"

"ရေချိုးနေတုန်း အာရုံလာမနှောက်နဲ့ ရိပေါ်  မင်းနော် မင်းနော် အခုBath tubထဲရောက်နေတာ ဘယ်သူ့ကြောင့်လဲ"

"ပြီးတာပဲ ဒါဆိုကျွန်တော်က ကျန့်ကောကို....."

"တော်ပြီ ဘာသံမှ မကြားချင်ဘူး ရေပြီးအောင်ချိုးရအောင် ရေစိမ်နေရတာကြာပြီ လာရေပန်းအောက် သွားရအောင်"

ကျွန်တော့်လက်ကို ဆက်ကနဲ ကောက်ဆွဲပြီး ရေပန်းအောက်ကို ခေါ်သွားတာပါ ရေပန်းအောက်မှာ အတူတူ ဆပ်ပြာတွေကုန်စင်အောင် ရေလောင်းပြီးသွားတာနဲ့ ရေပန်းကို ပိတ်လိုက်ပြီး

"ဘယ်မှာလဲ ကြွရွထနေတဲ့ ဂျူနီယာဝမ် နည်းနည်းလောက် မှတ်လောက်သားလောက်အောင် ပညာပေးရဦးမယ်"

လို့ပြောပြီး ရုတ်တရက် ကျွန်တော့်ညီလေးကို ငုံထွေးလိုက်တာမို့

"အာ့....အ ...ကျန့်ကော ကျွန်တော့်ကို ရူးအောင် ပြုစားနေတာလား"

ကျွန်တော့်ညီလေးကို ပါးစပ်ထဲက ပြန်ထုတ်ပြီး

"ဘာလဲ မကြိုက်ဘူးလား"

"အရမ်းကြိုက်တယ်"

မတ်တပ်ရပ်လျက် အနေအထားက ကျန့်ကောက သူ့ပါးစပ်နဲ့ ညီဘွားကို အထုတ်အသွင်းလုပ်နေတာကို ငုံကြည့်နေတဲ့ မြင်ကွင်းက
လူဖြစ်ရကျိုးနပ်စေတဲ့ မြင်ကွင်းမျိုးပါ တစ်ချက်တစ်ချက် မျက်လုံးရွှဲကြီးတွေနဲ့ အပေါ်ကို မျက်လုံးလှန်ကြည့်တဲ့အချိန် အကြည့်ချင်းဆုံတာ မျိုးကဘာဆိုဘာနဲ့မှ မလဲနိုင်တဲ့ ခံစားချက်မျိုးပါ

ယုန်သွားလေးတွေနဲ့ မထိတထိ ညီတော်မောင်ကို နည်းနည်းလေး ကျလိကျလိဖြစ်အောင် သွားနဲ့ဖွဖွလေးကြိတ်လိုက်ချိန်မျိုးဆို ခံစားချက်က ကောင်းလွန်းလို့

"အင်း...,,, ကော ဖြည်းဖြည်း ကျွန်တော် မခံနိုင်တော့ဘူး ပြီးတော့မယ် ဖယ်...အ,,,အ,,"

ဖယ်ခိုင်းတာ မဖယ်တာမို့ မထိန်းနိုင်တော့ပဲ ပါးစပ်ထဲတင်ပြီးသွားတာမို့ ကျန့်ကောကို အရမ်းအားနာမိသွားတာပါ

"ကျန့်ကော ပလုတ်အမြန်ကျင်းလိုက်ရော့ ရော့ ကျွန်တော်ရေပန်းဖွင့်လိုက်ပြီ"

"မလိုဘူးရတယ် မြိုချလိုက်ပြီ အရသာတော့ မကောင်းဘူး တစ်မျိုးကြီးပဲ ဆားမပါလို့နေမှာ နောက်ခါ ရေချိုးခန်းထဲ ဆားဘူးလေးထည့်ထားဦးမှ ပြီးခါနီးကြိုပြော ဆားလည်းနည်းနည်းထည့်ငုံထားရင် အရသာကောင်းသွားမလား မသိဘူး ဟီး ဟီး"

"ကျန့်ကောက နောက်တတ်သားပဲ အခုကျွန်တော့်အလှည့်"

"No No No မလိုဘူး ငါမလိုချင်သေးဘူး ငါလိုချင်ရင်ပြောမယ်လေ အခုတော့ ရေပြီးအောင်ချိုး ပြီးရင် မင်းကို ပြန်လိုက်ပို့ပေးမယ် ဒီနေ့အဖို့က တော်လောက်ပြီ"

လိုချင်တာရတဲ့ ကလေးလေးတစ်ယောက်လို ကျန့်ကောနားက Bjရလာတာမို့ ရိပေါ် ကျေကျေနပ်နပ်နဲ့ အိမ်ထဲအဝင် ဟောက်ရွှမ်းနဲ့ တန်းတိုးတာမို့ ဟောက်ရွှမ်းက

"ရိပေါ် မင်းအခု တလော ငါ့ကို ပလစ်ထားတယ်နော် ရှောင်းကျန့်ကောနဲ့လည်း အရမ်း အပေါင်းအသင်းလုပ်နေတာ ဘာလဲ မင်းတို့တွဲနေတာလား"

"အောင်မာ ဟောက်ရွှမ်း မင်းက ငါ့ကို အရင် ပလစ်ထားတာပါနော် ကျိရန်နဲ့ တွဲပြီး ငါ့တောင် ပစ်ထားတာကြာပေါ့"

"ဒါတော့ သူငယ်ချင်းနဲ့ ရည်းစား မှာ ရည်းစားကို ဦးစားပေးရမှာကိုး"

"အေးပါ နားလည်ပါတယ်"

"နားလည်ရင် ငါမေးတာဖြေဦးလေ ဘာလဲ   ရှောင်းကျန့်ကောနဲ့က တွဲနေတာလား"

ကျန့်ကောက တွဲနေတဲ့အကြောင်းကို ဘယ်သူ့မှ အသိမပေးရဘူးလို့ သေသေချာချာ ထပ်ခါထပ်ခါ အမြဲလိုလို မှာနေကြမို့လို့ ရိပေါ်လည်း ထုံးစံအတိုင်း
"ငါက ကျန့်ကောကို လက်တွဲဖော်အဖြစ် ရွေးထားတယ်ကွာ ကျန့်ကောက ရွေးမရွေးတော့ မသေချာသေးပါဘူး"

"ကြီးကြပ်လုပ်ဦးနော် ရှောင်းကျန့်ကောက Biလားဘာလား မသေချာပေမယ့် Playboyကြီးနော် အခုတောင် ကျိရန်တို့ ဆေးရုံက အပျိုကြီးမမတစ်ယောက်နဲ့ ခဏခဏ မြင်မိတယ် ကျိရန်ဆီကို ခဏခဏရောက်နေတော့ သူ့တောင် ၃ခါလောက်တွေ့မိတယ် အဲဒီ အပျိုကြီးမမ ကိုပဲ လာလာကြိုသွားတာ မြင်လိုက်တယ် သူက တစ်ခါတွဲရင် နှစ်ယောက်သုံးယောက်တစ်ပြိုင်နက် တွဲတာလို့ နာမည်ကြီးတာနော်"

"အဲဒါတွေ ဘာလို့ ငါ့ကိုလာပြောနေတာလဲ"

ကိုယ့်ဘာသာကိုယ် အပျော်လေးနဲ့ ပြန်လာပါတယ်ဆိုမှ ဟောက်ရွှမ်းက အပျော်လေးတွေ ပျောက်အောင် လာလုပ်နေတာမို့ ရန်ထောင်လိုက်မိတာပါ

"မင်းနဲ့တွဲနေတာ ဖြစ်မှာစိုးရိမ်လို့ပါ ရှောင်းကျန့်ကော က သူနဲ့တွဲတဲ့သူတိုင်း ပေါ်တင်ပဲ တွဲသွားတွဲလာ လုပ်တယ်ကွာ မေးလိုက်ရင်လည်း မဟုတ်ဘူးပြောကြတဲ့သူတွေချည်းပဲ Silentလိုမျိုးလားဘာလား မသိပါဘူး တွဲရတာရိုးလာလို့ ဖြတ်ချင်လာရင် သူက ဘယ်တော့မှ လမ်းခွဲ ရအောင် မပြောဘူးတဲ့ တခြားတစ်ယောက်နဲ့ ပေါ်လာပြီး ဒါသူ့ကောင်မလေးပါလို့ခပ်တည်တည်နဲ့ မိတ်ဆက်ပေးပြီး ကိုယ့်ကို အလိုက်သိ
လိုက်တော့ ဆိုတဲ့ပုံစံ အဆက်ဖြတ်တဲ့ နည်းလမ်းသုံးတာတဲ့ အဲဒါသူ့ရဲ့ မရိုးသောဇာတ်ညွှန်းဇာတ်ကွက် တွေထဲက တစ်ခုတဲ့"

"မင်းက ဘယ်လိုသိတာလဲ"

"ကျိရန်ဆီက ကြားဖူးတာ သူ့အစ်မ နဲ့ ရှောင်းကျန့်ကောက တွဲဖူးတယ်တဲ့ ခြောက်လလောက်လဲ တွဲပြီးရော သူ့ကို သိပ်အဆက်အသွယ်
မလုပ်တော့တာမျိုး ဖြစ်လာတယ်တဲ့ နည်းနည်းလည်းကြာရော သူ့ရှေ့ကို ကောင်မလေးတစ်ယောက်နဲ့ တွဲရောက်လာပြီး ဒါကိုယ့်ချစ်သူလေ ဆိုပြီး မိတ်ဆက်ပေးတာတဲ့ အံ့အားသင့်လို့တောင် မဆုံးသုံးဘူး အဲဒီကောင်မလေးကို ကျတော့ အသည်း စိတ်မဆိုးနဲ့နော် ဒါကိုယ့်ex ဆိုပြီး ခပ်တည်တည် ပြောပြနေတာတဲ့ ကျိရန်က သူ့အစ်မ ခံထားရဖူးတော့ မင်းနဲ့လည်း တွဲသွားတွဲလာ မြင်မိလို့ ငါ့ကို သတိပေးလိုက်ဦးဆိုလို့ မင်း ပြန်လာတဲ့အထိ သေချာစောင့်ပြီး မေးနေရ ပြောနေရတာ ရိပေါ်"

ဟောက်ရွှမ်း စကားတွေကြောင့် တွေဝေပြီး စိတ်လေးသလို ဖြစ်သွားရပေမယ့် စိတ်ထဲကနေ ငါက ကျန့်ကောတွဲနေကြသူတွေနဲ့ မတူဘူး ငါတို့က အခုအရင်နှီးဆုံး အနေအထားတွေတောင် ဖြစ်နေပြီမို့ စိတ်ထဲလျောက်မတွေးနဲ့လို့ ကိုယ့်ကိုကိုယ် အားပေးပြီး

"ပြောပြပေးတာတော့ ကျေးဇူးတင်တယ် ဟောက်ရွှမ်း ငါ့ဖက်က သူ့ကို ရွေးချယ်ထားမှတော့ ဘာပဲဖြစ်ဖြစ် နောက်ဆုံးငါ့ကို ရွေးချယ်ပါ စေလို့ ဆုတောင်းရုံအပြင် ငါလုပ်နိုင်တာ ဘာမှ မရှိဘူးလေ မင်းပြောပြတာတွေ သိပြီးတာတောင် ငါသူ့ကို မရွေးချယ်ဘဲ မနေနိုင်တာတော့ စိတ်မရှိပါနဲ့ ကွာ ငါလည်းတစ်ခါလောက်တော့ ဘာပဲဖြစ်ဖြစ် ကိုယ်သဘောကျတဲ့သူကို အရဲစွန့် ရွေးလိုက်ချင်တာ အချစ်ဆိုတာ အဲလိုပဲ ဖြေရှင်းဖို့ နည်းလမ်းမရှိဘူးလေ"
.
.
.
.
.
.
.
အခု ကျွန်တော်တို့ တွဲလာတာ ၅လကျော်ပါပြီ အရာအားလုံးဟာ ပုံမှန်လည်ပတ်နေသလို တူနှစ်ကိုယ် ချစ်ခရီးလမ်းကလည်း ခပ်သွက်သွက်လေး လျှောက်နေကြဆဲပါ အားလုံးက နေတတ်ရင် ကျေနပ်စရာတွေကြီးပါ ဆိုပေမယ့်လည် မကျေနပ်စရာ နှစ်ခု ရှိတာပါ

ပထမတစ်ခုက အခုထိ နှစ်ယောက်သားတွဲနေတာကို အသိမပေးခိုင်းတာပါ ပြောလိုက်တိုင်း ငါ့မှာ လူတိုင်းကို အံ့အားသင့်အောင် လုပ်ချင် တာရှိလို့ပါဆိုတာနဲ့တင် တစ်နှစ်ပြည့်ရင် ငါကိုယ်တိုင် သေချာလေးချပြဖို့ စီစဉ်နေတာမို့ စောင့်ပါဦးလို့ ပြောပြီး အနိုင်နဲ့ပိုင်းလိုက်တတ်တာပါ  မကျေနပ်မှု ဒုတိယတစ်ခုက ရိပေါ်ဘက်က ချစ်တယ်လို့ အားတိုင်းပြော ခဏခဏပြောပေမယ့် ရှောင်းကျန့်က တစ်ခါဆို တစ်ခါမှ မပြောပါဘူး အတင်းမေးခဲ့ရင်လည်း

"ရိပေါ် ငါကလေ ချစ်တယ်ဆိုတဲ့ စကားကို ထမင်းစား ရေသောက်တောင် မဟုတ်ဘူး အသက်ရှူသလောက်ကို လွယ်လွယ်လေး ပြောနိုင်တဲ့သူပါ ငါချစ်တယ်လို့ပြောခဲ့တဲ့ အကြိမ် အရေအတွက်ကလည်း ငါ့ ခေါင်းပေါ်က ဆံပင်ထက်တောင်များမယ်ထင်တယ်"

" အဲလိုဆိုလည်း ပြောလိုက်လေ ကျန့်ကောရဲ့ ငါမင်းကိုချစ်တယ် ရိပေါ်လို့ လွယ်လွယ်လေးပါ"

" သိတယ် ဒါပေမယ့် ငါမင်းကို မပြောချင်ဘူး ငါလွယ်လွယ်လေး သဘောထားတဲ့ ပေါ့ပေါ့တန်တန် သဘောထားတဲ့သူတွေနဲ့ မင်းကို တစ်တန်းထဲ မဖြစ်စေချင်တာ င့ါရဲ့ အရူးထမှုတစ်ခု မို့ ငါ့ကို ချစ်လားလို့ ထပ်မမေးနဲ့ ရိပေါ် မေးလည်း မင်းလိုချင်တဲ့ စကားကြားရမယ်လို့ ငါမထင်ဘူး ခံစားချက်တွေကို နားနဲ့ မကြားချင်ပါနဲ့ ရိပေါ် နှလုံးသားနဲ့ပဲ ခံစားကြည့်ပါ  ငါ့ပါးစပ်ကပြောတာထက် ငါ့နှလုံးသားက ဘာပြောလဲ မင်းကြားအောင် နားထောင်ကြည့်လေ"

ရှောင်းကျန့်က အဲလိုပြောလိုက်ရင် ရိပေါ်ကလည်း ရှောင်းကျန့်ရင်ခွင်ထဲ တိုးဝင်ပြီး

" နားထောင်ကြည့်ဦးမှပဲ ကျန့်ကော နှလုံးသားလေး ဘာပြောလဲလို့"

"ပိုနေပြန်ပါပြီ ရိပေါ်ရယ်"

"မပိုပါဘူး ကြားရတယ် ကြားရတယ် ငါမင်းကို ချစ်တယ်တဲ့ ဟုတ်လား ကျန့်ကော"

" ကြားချင်တာ ကြား ရတယ် င့ါပါးစပ်ကို သာ လာမပြောခိုင်းနဲ့ မင်းကြားချင်တဲ့စကားလုံး ထွက်လာမှာ မဟုတ်ဘူး"

"ကျန့်ကော အကျင့်ပုတ်"

ဘယ်လိုတွေးတွေး ကျေနပ်စရာ မဟုတ်ပေမယ့် ရှောင်းကျန့်ပြောသလို ရိပေါ်ရဲ့ ဖြစ်တည်မှုကို ကျန့်ကောဘက် တစ်မျိုးထူးထူးခြားခြားလေး သတ်မှတ်ပေးထားတာမို့ စိတ်လျော့ပြီး ပါးစပ်ကမပြောပေမယ့် ကျန့်ကောက ငါ့ကိုချစ်ပါတယ်လို့ ကိုယ့်ဘက်ကိုယ်ယက်ပြီး တွေးယူလိုက်ရတာပါပဲ အဲဒါက လွဲရင် ကျန်တာက ဘာပြဿနာမှ မရှိပါဘူး မားမားနဲ့ ဖုန်းပြောဖြစ်ရင်တော့ သားဘက်က အဆင့်တက်ဖို့ ကြိုးစားနေဆဲပါလို့ပဲ ပြောပြထားလိုက်ပါတယ်

အခု နောက်ပိုင်း Training technique တွေကို ကျန့်ကောဘက်က သိသိသာသာ ပြောင်းပစ်ပါတယ် အရင်က သက်လုံကောင်းဖို့နဲ့ ထိုးကွက်တွေ သွက်ဖို့ ကန်ချက်တွေ ကောင်းဖို့ အဓိက ထားကျင့်ခိုင်းတာပါ ဒီနေ့ကျတော့

"ရိပေါ် ငါ မင်းအတွက် သင့်တော်တဲ့ နည်းစနစ် စဉ်းစားထားပြီးပြီ ဒါကို တစ်ပတ်အတွင်း ရအောင်ကျင့် ရမယ် ပြီးရင် မင်း မင်းတို့ Clubက ချန်ပီယံ တစ်ယောက် နဲ့  ပြိုင်ထိုးဖို့ ငါအားလုံးစီစဉ်ပြီးသွားပြီ"

"မရဘူး ကျန့်ကော ကျွန်တော် ၂၅နှစ် မပြည့်မချင်း ပြိုင်ပွဲမဝင်ဘူးလို့ မားကို ကတိပေးထားတာ"

"မင်းကို ရော ဘယ်သူက မှ ပြိုင်ပွဲမဝင်ခိုင်းပါဘူး လက်ရည်စမ်းတဲ့အနေနဲ့ ပဲ Clubမှာပဲ ထိုးခိုင်းမှာပဲ ကြည့်မယ့်သူကလည်း Clubကို Trainingလာဆင်းတဲ့သူတွေပဲ ဒီဇူလိုင်လကုန် နောက်ဆုံးအပတ် ထဲမှာ အဆင်ပြေမယ့် တစ်ရက်ရက် ကို ရွေးပြီးထိုးရမှာ တစ်ချီပဲ"

"အဲလိုမျိုးကတော့ ရပါတယ်"

"နောက်ရော ၂၅နှစ်မပြည့်မချင်း မလုပ်ရမှာ ဘာရှိသေးလဲ"

"လက်ထပ်တာ ၂၅ မပြည့်မချင်း လက်မထပ်ဘူး လို့လည်းမားကို ကတိပေးထားသေးတယ်"

"ဟုတ်ပါပြီ မားမား Boyလေးရယ် အခုငါမင်းကို ဒီလအတွင်း လေ့လာကြည့်ပြီးသွားပြီ မင်းက အခြေခံအရမ်းကောင်းတယ် နောက်မင်းရဲ့ ထူးခြားချက်က Dancerဖြစ်နေတဲ့အတွက် သူများတွေ မရှောင်နိုင်တဲ့ ထိုးချက် ကို မထင်မှတ်လောက်တဲ့ပုံစံမျိုးနဲ့ မင်းက ရှောင်နိုင်တယ် ငါ မင်းရဲ့ အဲဒီ အားသာချက် ကို အသုံးချမှာ"

"ကျန့်ကော Trainတဲ့အတိုင်း ကျွန်တော်က ထိုးမှာပဲ"

" မင်း Boxing Psychology သိလား"

"သိပ်တော့ မသိဘူး "

"လက်ဝှေ့ထိုးတဲ့ သူတိုင်းက ပြိုင်ဘက်ကို အနိုင်လိုချင်ကြတာမျိုးပဲ ဒါကြောင့်အများစုက ထိုးလိုက်နိုင်ဖို့ ပိုကျင့်ကြတယ် ပြိုင်ဘက်ရဲ့ အားသာချက် အားနည်းချက်ကို ရှာပြီး တန်ပြန်ထိုးနိုင်ဖို့ ကြိုးစားကြတာများတယ်"

"ဒါ က အမြဲအဲလိုပဲကိုး"

"ငါက အဲဒီနည်းလမ်းကို မသုံးဘူး ငါ့တုန်းက ငါက ခံနိုင်ရည်ရှိအောင် ကျင့်တာ တစ်နည်းအားဖြင့် Pain Threshould မြှင့်တဲ့နည်းကို ငါသုံးတာ ပြိုင်ဘက်ရဲ့ ထိုးချက် ကန်ချက် ဘယ်လောက်ထိပြင်းနိုင်သလဲ သူရဲ့ အပြင်းဆုံးကန်ချက် ထိုးချက်တွေထက် ပိုအနာ ခံနိုင်အောင် ကျင့်ပစ်တာ ပထမ အားနည်းနည်းနဲ့ အထိုးခံတယ် အကန်ခံတယ် နောက်ခံနိုင်ရှိသွားပြီ နာတာကို မခံစားရတော့ဘူးဆိုရင် ပိုပြင်းတဲ့ ကန်ချက်ထိုးချက်တွေ ခံနိုင်အောင် ဖြည်းဖြည်းချင်း ခံနိုင်ရည်မြှင့်အောင် လုပ်ထားတာ အဲဒါကြောင့် ပွဲတွေမှာ ငါက ဘယ်တော့မှ မမှောက်ဘူး ငါ့ကို ထိုးလိုက်နိုင်ပေမယ့် ငါက ဘာမှ မဖြစ်သလို ဖြစ်နေတဲ့အခါမျိုးမှာ ပြိုင်ဘက်က ထိုးချက်က ဘာလို့အဲလောက် အားနည်းသလို ဖြစ်နေရတာလဲ အားသိပ်မရှိတော့တာလား မသိဘူး ကန်တာ မထိရောက်ဘူးဆိုတာမျိုး သူတို့ဘက်က Psychoဝင်သွားပြီး ဇဝေဇဝါ ဖြစ်သွားပြီဆိုတာနဲ့ ငါကျင့်ထားတဲ့ အပြင်းဆုံးတိုက်ကွက်နဲ့ အလှစ် ကန်တာဖြစ်ဖြစ် အလှစ်ထိုးတာဖြစ်ဖြစ် လုပ်လေ့ရှိတယ် တစ်ခါတစ်လေ ပွဲအစမှာ တစ်ဖက်ပြိုင်ဘက်က စစချင်းမို့ သိပ်သတိမထားမိတဲ့အချိန်မျိုးမှာ ရုတ်တရက် ထကစ်ပစ်တာ ဒါကြောင့် ငါပွဲစဉ်တွေကို လေ့လာကြည့် ငါထိုးချက် ဒါမှမဟုတ် ကန်ချက်မိရင် ဗိုင်းကနဲပဲ ပြန်မထနိုင်ကြတော့ဘူးလေ လူသစ်တန်းကဆိုရင် ငါကအမြဲ First Roundနဲ့ အလှဲသိပ်ခဲ့တာ ကြီးပဲ"

"အဲဒီထဲမှာကျွန်တော် မပါဘူးလေ ကျွန်တော်က သုံးချီအထိ ခံနိုင်တာနော်"

"မင်းကို ငါမထိုးရက်လို့ပါ စိန်ခေါ်ပွဲတုန်းက မင်းမျက်နှာက Face Paint ခြယ်ထားပေမယ့် မင်းမျက်လုံးလေးတွေက အရမ်းအသက်ဝင်တာ မျက်ပေတုန်းလေးဆိုပေမယ့် မထိုးရက်စရာလေး ဒါကြောင့် ငါနည်းနည်း အလျော့ပေးလိုက်တာ မင်းရှောင်တာတော်တာလည်း ပါပါတယ် ဘာကြောင့် မထင်မှတ်တဲ့နည်းလမ်းတွေနဲ့ ရှောင်နိုင်ရတာလဲ စဉ်းစားမရဘူး ပြီးမှ မင်းကDancerဆိုတော့ မိုက်သွားတာပေါ့ ဒါကြောင့် အခုလည်း မင်းအတွက် ငါက နည်းလမ်းတွေ့ပြီ မင်းတစ်ချီတည်းနဲ့ ပြိုင်ဘက်ကို အလှဲသိပ်နိုင်မယ့်နည်းလမ်း"

"ဒါတွေကြောင့် ကျန့်ကောကို ချစ်ပြီးအားကိုးနေရတာပေါ့ ကျွန်တော့်ရဲ့ လမ်းပြကြယ်ကြီး လုပ်ပါဦး ကျွန်တော့်အတွက် တိုက်ကွက်လေးတွေ"

"ကပ်ရှောင် ဒူးတံတောင် တိုက်ကွက်လို့ ငါနာမည်ပေးထားတယ်"

"ဘယ်လို ဘယ်လို ကျန့်ကော"

"ပြိုင်ဘက်က ထိုးလာရင် ချက်ချင်းမရှောင်နဲ့ ထိခါနီးလေးမှ ခါးကိုချိုးချ သူကြောင်သွားတဲ့အချိန်မှာ ဒူးနဲ့ မေးရိုးကို ပင့်ရိုက်ပြီး သူနောက်လှန်သွားတဲ့အချိန် တံတောင်နဲ့ ပွဲသိမ်းပစ်"

"Oh My God ကျန့်ကော အကွက်စေ့လှချည်လား"

"ဒါပေမယ့် အဲလိုချိန်သားကိုက်ဖို့နဲ့ အားအပြင်းဆုံးရဖို့ မင်းဒီတစ်ပတ်အတွင်း ငါ့အိမ်မှာ နေ့တိုင်း လာကျင့်မှရမယ် ကျောင်းရယ် အိမ်ရယ် င့ါဆီလာကျင့်ဖို့ရယ် ဗျာများနေမှာစိုးလို့ ဒီတစ်ပတ်လုံး ငါ့အိမ်မှာ လာအိပ်"

"နောက်ဆုံးတော့ ကျန့်ကောအိမ်မှာ ကျွန်တော်လာအိပ်လို့ရအောင် ကျန့်ကောက ကြံစည်နေတာပေါ့လေ"

"မလာချင်လည်းရတယ် ငါက အနေသာကြီး"

"လာမှာ လာချင်လွန်းလို့ တစ်ပိုင်းသေနေတာ အခန်းခွဲမအိပ်ဘူးနော် ဖက်လုံးလိုတော့ ဖက်အိပ်ခွင့်ပေးမယ်မလား"

"မင်း ကောင်းကောင်းလေ့ကျင့်ရင် တော့ ရမှာပေါ့ သေချာမလေ့ကျင့်ဘူးဆိုရင်တော့ Sorryနော် ငါနဲ့ပေါင်းလို့ မင်းပိုတိုးတက်လာတာမျိုးပဲ ငါလိုချင်တာ နော်"

"စိတ်ချ အကောင်းဆုံးလည်း လေ့ကျင့်မယ် အကောင်းဆုံးလည်း ချစ်မယ်နော် နော် နော်"

"မင်း ဘက်က ငါ့စိတ်တိုင်းကျ Training ဆင်းနိုင်ရင် မင်းစိတ်တိုင်းကျ ငါက နေပေးမှာပေါ့ ဒါနဲ့ စကားမစပ် ငါတို့တွဲနေတဲ့အကြောင်း ဟောက်ရွှမ်းနဲ့ မင်းမားမားကို အသိပေးလိုက်လို့ရပြီ ကျန်တဲ့လူတွေ မပါသေးဘူး"

"ဗျာ"

"မကြားလည်းနေ နောက်ခါ ထပ်မပြောဘူး"

"အာ...ကြားတယ် ကျန့်ကော ကြားတယ်"

နောက်ဆုံးတော့ ကျန့်ကောက ငါ့ကို Silentတွဲတာ မဟုတ်တော့ဘူးပဲဆိုတဲ့ အသိကြောင့် လမ်းလျှောက်တာတောင် လူနဲ့မြေကြီးနဲ့ မထိသလို မြောက်ကြွမြောက်ကြွ  ဖြစ်နေတဲ့ကောင်လေးတစ်ယောက် ရှိသလို ချစ်တယ်လို့ ပါးစပ်က လုံးဝမပြောဘဲ လက်တွေ့ ကျကျ လုပ်ဆောင်ပြပြီး နှလုံးသားနဲ့ အကောင်းဆုံး ချစ်ပြမယ်ဆိုတဲ့ အကိုကြီးတစ်ယောက်ရှိတယ်

ဒီလိုနဲ့ မြောက်ကြွမြောက်ကြွ ကောင်လေးက ချစ်စကားမဆိုသော အစ်ကိုကြီး အိမ်ပေါ်ကို အမြန်ဆုံးနည်းနဲ့ ညတွင်းချင်း ပြောင်းလာခဲ့ပါတော့တယ် ........................

Continue Reading

You'll Also Like

711K 32K 67
USER SERIES 1 Micah Rex: He's handsome, dangerous, reckless. An addict. When he walks into a room, people notice. People are scared of him, people do...
403 25 2
One shot "ကျွန်တော် မချစ်တတ်ဘူး၊ ရှောင်းကျန့်ဆိုတဲ့ ခင်ဗျားကိုမှ မဟုတ်ဘူး၊ တခြားဘယ်သူ့ကိုမှ.... အတိအကျပြောရရင် ကိုယ့်ကိုယ်ကိုတောင်မှ မချစ်ဘူး" "တော်...
6.6K 452 5
ရှေးဟောင်းလက်စွပ်တစ်ကွင်းကြောင့် သမိုင်းဆရာ အမောင်ဝမ်ရိပေါ် တစ်ယောက် ရှေးခေတ်ကိုရောက်သွားချိန် အရင်အကောင့်က ဝင်လို့မရတော့လို့ပါ အရင်အပိုင်းတွေဖတ်ချင်...
52.6K 1.7K 26
"𝗶𝗳 𝘆𝗼𝘂'𝗿𝗲 𝗼𝘃𝗲𝗿𝘁𝗵𝗶𝗻𝗸𝗶𝗻𝗴, 𝗶'𝗹𝗹 𝗴𝗲𝘁 𝗵𝗶𝗴𝗵 𝘄𝗶𝘁𝗵 𝘆𝗼𝘂. 𝗶𝗳 𝘆𝗼𝘂'𝗿𝗲 𝗲𝘃𝗲𝗿 𝘀𝗶𝗻𝗸𝗶𝗻𝗴, 𝗶'𝗹𝗹 𝗴𝗼 𝗱𝗼𝘄𝗻...