ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.5K 2K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း (၅၈)
11.5K 729 45
By maiyuri18
( အခြေအနေတွေကြောင့် ပျက်ကွက်မိ ပြီ 💜 တောင်းပန်တယ်နော် )
ကလေးငယ်က ကျွန်တော်အပေါ် လျစ်လျူရူမပျက်ခဲ့ပါဘူး ၊ ကိုယ်လုပ်ခဲ့တဲ့ အပစ်ဆိုတော့ ပြန်လည်ချေပခွင့်မရှိ သူ့အနား ကပ်ရဖို့အရေးပဲ အမြဲတွေးနေမိတဲ့ ကျွန်တော်က အခွင့်အရေးကို ကျားချောင်းချောင်းနေရတယ်။ ကလေးငယ်က လျစ်လျူရူတက်ရင် ကိုယ်က တစ်ဆ ထက် တစ်ဆ ပိုပြီး ကပ်တွယ်တက်ပြီး သားငယ်က ကိုယ်တို့ယုံကြည်မြတ်နိုးရာမို့ ကိုယ်အတွက် ခွန်အားအပြည့်ပါကလေးရေ။
" ကလေး..."
" လွတ်စမ်းပါ "
တွေ့ဆုံပွဲပြီး မားတို့အတူရယ်မောနေသော သားငယ်က kitchen ခန်းထဲမှာ Jack တ်ို့စုံတွဲကြားကြား ရယ်မောသံက အိမ်တော်အနှံ့ လွင့်ပျံလျှက်။
ပန်းဥယျာဉ်ထဲရှိ မွှေးရနံ့ကြိုင်တဲ့ ပန်းခင်းကြီးအလယ်၊ ဒါန်းဖြူဖြူလေးပေါ် ထိုင်ပြီး ပန်းရနံ့ကိုရူရိူက်နေသူလေးကို သားငယ်အကြောင်းပြုလို့မျက်နှာချင်းဆိုင်ဖို့ ဖန်လာခဲ့ပြီ။ ပန်းရနံ့တွေ ဆောင်ယူလာတဲ့ သူ့ကိုယ်သင်းရနံ့လေးကို မက်မက်မောမောကိုရူရိုက်ရင်း တစ်လှမ်းခြင်းလှမ်းနေသည်ကား ကလေးဆီသို့။
ဒန်းဖြူဖြူလေးကို ခြေတစ်ဖက် ထောက်ပြီး လွှဲ ရမ်းနေသော ကလေးငယ် က ကိုယ်ခြေသံကြောင့် နောက်ပြန်တပ်ခေါက်ဖို့ ပြင်နေသည်။ ကိုယ်ဆီက ပြေးဖို့ပြင်နေသော ကလေးငယ် ဘယ်ဘက်လက်လေးအား ဆွဲကိုင်လို့တားမိရင်း မြတ်နိုးရသော မျက်တောင်ရှည်တွေကြားက မျက်ဝန်းဝိုင်းတွေကို ချစ်မေတ္တာပြည့်ဖြင့် ကြည့်နေမိသည်။ အချိန် ကြာပြီဖြစ်သော နူးညံ့လွန်းတဲ့ သူလေးရဲ့ အသားအရည်အထိအတွေ့ ကြောင့် ပိုပြီး နူးညံ့လာသယောင် သားငယ်အသားအရည်အလား ပိုးသားလို အိစက်စက်။ ကိုယ်မြင်ရင် ရှောင်ထွက်ဖို့ တာဆူနေသူလေးကို ငဲ့ပြီး အဝေးကပဲကြည့်ကာ ရောင့်ရဲခဲ့ရသည်က အကြိမ်ကြိမ်။
ကိုယ်လွမ်းလှပြီမို့ ပြေးမထွက်ပါနဲ့လား ကလေးငယ်။
" ကလေး ...."
" မနက်ဖန် ကိုကို လာခေါ်မယ်နော် "
" ဒါပဲမဟုတ်လား "
ကိုယ့်လက်ထဲရောက်နေသောလက်ဖဝါးနုနုလေးက ရုန်းထွက်ဖို့ပြင်နေသည်ကား နီရဲနေရှာပြီ။
ကလေးငယ်ကိုယ်လေးကို တစ်ပတ်လည်အောင်လှည့်ပြီး နောက်ကနေသိမ်း၍ ပွေ့ဖက်ထားမိသည့် မိနစ်ပိုင်းလေး။ နွေးထွေးလွန်းသူလေးကို နောက်ကနေသိမ်းပွေ့လိုက်တော့ ထွက်လာတဲ့ဒေါသသံလေးက " ခင်များ .."တဲ့။
" ခဏလေးပါကလေးရာ "
" ဖယ်စမ်းပါ "
" လွမ်းတယ်ကလေးငယ် ၊ ကိုကိုမြင်နေရပါလျှက်နဲ့ လွမ်းနေရပြီ"
"........."
ငြိမ်သက်သွားသူလေးကို ပိုတိုးလို့ပွေ့ဖက်မိသည်။
" ကိုကို့လွမ်းလှပြီ ကလေးငယ်၊ ကလေးစိတ်တိုင်းကျ ဖြစ်စေမှာမို့ ကလေးငယ် ခွင့်လွတ်ပေးနိုင်မလား"
နွမ်းနယ်မောဟိုက်နေသော နှလုံးသားကို ကလေးငယ် ပုခုံးလေးပေါ် မျက်နှာအပ်ပြီး နာကျင်ခဲ့ရသမျှ ကြည်ဖြူစွာစီးဆင်းခဲ့သည့် ကြည်နူးခြင်းမျက်ရည်ကြည်များ။
တိုးညင်းသော နှလုံးသားတောင့်တ သံတို့ဖြင့် ကလေးဆီက ခွင့်လွတ်မူကို အယူခံဝင်မိသည်။
နောက်ဖက်ဆီမှ ခပ်တင်းတင်းပွေ့ဖက်ထားသည့်ကျွန်တော့်လက်တွေကို ဖယ်ခွါနေသော ကလေးငယ်။
နူးညံ့လွန်းတဲ့လက်သေးသေးလေပေါ်ထပ်အုပ်၍ သိမ်းဖက်မိတော့ ငြိမ်ကျသွားသည့် တစ်ခဏ။
မည်သည့်စကားမှမဆိုဘဲ၊ မည့်သည်ကိုမှ မကြည့်ဘဲ ၊ ဝန်းကျင်လေထုကို မေ့လျော့စွာ သင်းရနံ့လိူင်နေသော ပန်းရနံ့တွေကြားက ကလေးကိုယ်သင်းရနံ့လေးကို အမြတ်တနိုးရူရိူက်မိသည်။
လန်းဆန်းစေသည်။
မိန်းမောရူးသွပ်စေသည့်ရနံ့သင်းသင်းလေး။
သစ်သီးရနံ့မဟုတ်သော ပန်းရနံ့သင်းသင်းမွှေးသည့် ကလေးငယ့်ကိုယ်သင်းရနံ့လေး။
ကိုယ်၊ စိတ် အာရုံအလုံးစုံကို နွေးထွေးမွှေးပျံ့လှသည့် ရသငယ်လေး။
ထွက်လေနွေးနွေးတို့ကို ကလေးငယ် ဂုတ်သားလေးပေါ် ခြေချမိတော့ တစ်ချက်တွန့်သွားသည့် ကလေးငယ်ရယ်လေ ။
မြတ်နိုးခြင်းကို အထိုင်ချပြီး နီရဲရဲ ညာဘက်နားနောက်လေးကို နှာဖျားလေးနှစ်ဝင်အောင် နမ်းရိူက်မိတော့ ရုန်းထွက်ပြေးသွားသည့် ကလေးငယ်ရယ်ပါ။
ပွေ့ဖက်ခွင့်ရသည့်မိနစ်ပိုင်းလေး၊ ကိုယ်သင်းရနံ့လေး ရူရိူက်ခွင့်ရသည့်စက္ကန့်ပိုင်းလေးက မြတ်နိုးဖွယ်ရာ။ နီရဲရဲ နားပါးပါးလေးတွေက စွဲမက်စေရာမို့ ကိုယ် ရူးသွပ်ရပြီ။ ကလေးငယ် ကိုယ်နွေးနွေးလေးကို ပွေ့ဖက်မိသည့်လက်လေးကို ဖြန့်ကြည့်ပြီး ပြုံးနေမိသည်က အကြိမ်ကြိမ် ၊ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး တစ်ခဏတာထွေးပွေ့ခွင့်ရလို့ ဂုဏ်ယူမိကြောင်းပြောပြမည်။ သိပ်ချစ်ဖို့ကောင်းတဲ့ကလေးငယ်က ခြသ်ေ့ပေါက်လေးလို မာန်ပြတက်ပြီလေ။
—————————————————————————————————————
" မမတို့ကို မုန့်ကြွေးခိုင်းနော် သားသား ၊ ပါးပါး သားဖိုးဖိုးတို့နဲ့စကားပြောချင်လို့ ခဏလောက် အချိန်ပေးနော် "
" ဟုတ်ပါးပါး သားသား မမတို့နဲ့ မူန့်စားနေလိုက်မယ် ...ပါးပါးဖို့လည်း ချန်ထားမယ်နော် "
"ဟုတ်ပါပြီဗျာ"
အိမ်ကိုပြန်လာချင်း ဘာအကြောင်းကိစ္စတွေ ရှိနေမလဲ သိချင်ရှာနေမည့် အဖေနှင့်ဆရာကို ခြံထဲ အရိပ်ရ သစ်ပင်အောက်က စာပေစကားဝိုင်းထဲ ဝင်ရှာမိသည်။ ဆရာက စာပေဝါသနာပါသူမို့ သူ့ရဲ့ဗဟုသုတ တချို့ကို ဖေဖေရဲ့ မွေးရာဇာတိအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး စကားပြောဖော်ရနေကြသော လူနှစ်ဦးက ကျေးဇူးရှင်များ။ တစ်ယောက် အတွေ့အကြုံကို တခြားတယောက်ဝေမျှရင်း စကားကောင်းနေကြသည့် စာကားဝိုင်းလေးက ကျွန်တော်ဝင်လာမိတော့ အကြောင်းအရာတစ်ခုခု ရှိနေသည်ဟု တွေးမိကာ ကျွန်တော်အပြောစကားကိုနားစွန့်နေကြသည်။ လွတ်နေသော ဖေဖေ ဘေးက ထိုင်ခုံလေးပေါ်ထိုင်ရင်း ဦးညွှတ်နူတ်ဆက်ပြု၍ အိမ်တော်မှ အမွေကိစ္စ အကြောင်းအရာတွေအားလုံးကို ပြောမိသည်။
" သားပြန်ရောက်ပြီ ဖေဖေတို့စကားကောင်းနေကြတယ်ပေါ့ "
"ဒီလိုပါပဲကွာ အသက်ကြီးလာတော့ စကားကများချင်ပြီလေ ၊ စကားပြောဖော်လေး ရတာ သိပ်ကြည်နူးစရာကောင်းတာပဲ သားအဖေဆီက သုတ အသစ်တွေ သိပ်ရတာ "
" စကားပြောဖော်ရတော့ ဖေဖေ မပျင်းရတော့ဘူးပေါ့ "
"အဖေအတွက်စိတ်ချပါ၊ အိမ်တော်က ဘာတဲ့လဲ သား "
" သားအဖွားက ကျန်းမာရေးက ကောင်းတယ်ဆိုပေမယ့် အချိန်မရွေး တခုခု ဖြစ်နိင်တာမို့ သူ့ဆန္ဒကို မိသားစု စုံရာ​ရှေ့ ချပြပြီး အဖေ့မြေးငယ်ကို သူပိုင်ဆိုင်မူတချို့ကို လွဲချင်တယ်တဲ့ဖေဖေ "
" ဟေ...ဟုတ်လား "
" လူဆိုတာ သေမျိုးစေ့တွေပါသားရယ်၊ ဒါပေမယ့် ဝေဒနာခံစားနေရသူကို စိတ်ချမ်းသာအောင်ထားရမယ်လေ ကောင်းပါတယ် ခုလိုမိသားစုစုံရာရှေ့ သူ့ဆန္ဒ ချပြတော့ "
" သားလက်ခံခဲ့လား "
အမေးမမည်သော သိလိုဟန်ကို ထိမ်းရင်း မေးလာသော ဆရာ။  ကိုယ့်အပြုအမူ ထွက်စကားကို ကြားလိုငြား နားစွန့်နေဟန်တို့ဖြင့် တိတ်ဆိတ်သွားသည့် ဝန်းကျင်လေထု။
" ဆရာမြေးက ငယ်သေးတယ်၊ ဒါပေမယ့် သားအဖွားဆန္ဒက အဓိကမို့ အပါးကလည်း ငြင်းဆန်ခွင့်မပေးဘူး ၊ သားအဖွား ဆန္ဒ အတိုင်းစာချုပ်စာတမ်းနဲ့တကွ လက်ခံခဲ့ရတယ် ဆရာ၊ အခုထိတော့ အပါးကပဲ ဦးစီးနေမှာမို့ သားအရွယ်ရောက်လာမှ HANTHAR GROUP ဦးစီးစေမယ် ခုတော့ သားကို ကျွမ်းကျင်တဲ့ဘာသာစကားနည်းပြ တွေ နဲ့ပဲ လေ့ကျင့်သင်ကြားစေမယ်တဲ့ "
ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်နေသော လူကြီးများရှိရာ ဝန်းကျင်ကအေးချမ်းမူအတိ။ ချီးကျူးအားပေးမူဆိုတာ ဒီဝန်းကျင်မှသာရသည့် ကိုယ်အတွက် သီးသန့်ဝန်းကျင်က လေးစားအတုယူဖွယ်။
" အေးပေါ့၊ ဒါက လုပ်ငန်းစုတစ်ခုကို ဦးစီးဦးဆောင်လုပ်ရမယ့် သူကို ခုလိုလေ့ကျင့်ပေးကြတာ မဆန်းပါဘူး ၊ သူတို့ဘက်ကြည့်ရင်လည်း မှန်တာပဲလေ ဘယ်လောက်ပဲ သူတို့အပေါ်မုန်းတီနေပါစေ မြေးငယ်ရှေ့ရေး တွေးပြီး လုပ်ဆောင်ကြတာဆိုတော့ တို့တွေလည်း လက်ခံပေးရမှာပဲ"
ဆရာ၏ အမြင်ရူထောင့်ကို ထပ်ပိုး၍ ဖြည့်ပေးသော ဖေဖေ့စကားသံတွေကြား ကိုယ်ပိုင်အတွေးလေး ဦးတည်ရာ လွင့်ခဲ့ပြန်ပြီ။
" အင်း ဖြစ်သင့်လို့ လုပ်ဆောင်ကြတဲ့အပေါ် သားရဲ့စိတ်ခံစားချက်ကို ကွယ်ဝှက်သင့်ကွယ်ဝှက်ရမှာပဲ အားလုံးရဲ့ မျှော်လင့်ချက်က မြေးငယ်မို့ ရှေ့ရေး တွေးပြီးစီစဉ်ကြတဲ့ အိမ်တော်ကမိသားစုအတွေအပေါ် ငြင်းဆန်ခြင်း မပြုစေချင်ဘူးသား၊ အဖေတို့က နယ်ဇာတိမို့ အမွေဆိုတာ မြေကွက်ပဲရှိမယ် ဒါပေမယ့် အဖေ့မြေးကို လယ်ထဲ မဆင်းစေချင်ဘူး ။ဒါက လူကြီးတွေရဲ့ဆန္ဒပဲ ခုလိုတိုးတက်နေတဲ့ခတ်ကြီးထဲမှာ အောင်မြင်နေတဲဲ့ အိမ်တော်က သူ့ရဲ့ဆက်ခံသူကို သေချာလေ့ကျင့်သင်ကြားပေးတာ မမှားတဲ့လုပ်ရပ်၊ လုပ်သင့်လုပ်ထိုက်တဲ့လုပ်ရပ်လို့ အဖေမြင်မိတယ်သား "
အဖေချပြတဲ့ အတွေးအခေါ်ဘက်ကို ဝင်ကြည့်မိတော့ ငြင်းစရာ တစ်ကွက်မှ ရှိမနေခဲ့ ဘူး ။ဒါပေမယ့်ဟိုလူကို မမြင်ချင်ဘူး ၊သားမျက်နှာနဲ့ စေ့စေ့ကြည့်မယ်တွေးတိုင်းမြင်ယောင်လာမိတဲ့ အတိတ်ကလုပ်ရပ်ဆိုးတွေကိုပဲ မြင်နေမိတယ်။ နှလုံးသားခံစားချက်ကို ဦးစားပေးရမယ့်အရွယ် ဆိုပေမယ့် သားတစ်ယောက်ကိုမွေးထားတဲ့ ဖခင်တစ်ယောက်မို့ ကိုယ်ပိုင်ခံစားချက်က သားအတွက်ရှေ့ရေး၊ နောက်လာမည့်နေ့ရက်တွေက သားကောင်းစွာ ကြီးပြင်းလာဖို့နှင့် အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုပံ့ပိုးပေးရမလဲ ဆိုတဲ့အတွေးမျိုး။ ကိုယ်ပိုင်အလုပ်ဝင်ငွေ လေးရတဲ့ ပမာဏက သားဖခင်ပိုင်ဆိုင်မူတွေနှင့် ယှဉ်မရပေမယ့်ပိုမြတ်နိုးတယ် ၊ကိုယ်ပိုင်ဝင်ငွေလေးကနေသားကိုအမြင့်ထိရောက် ပို့ပေးမယ်၊ အများသူငါအပေါ်မှာထွန်းလင်းတောက်ပ လာမည့် သားငယ်ကိုပါးပါးရှိသမျှ အားအင်တွေအကုန်သုံးပြီး တောက်ပစေမည်။
"ဒါပေမယ့် ဖေဖေ ....သား ကိုယ်ပိုင်အလုပ်လေး လုပ်ချင်တယ် ၊ အပါးကတော့ HANTHAR GROUP မှာပဲ အလုပ်ဝင်လုပ်စေချင်တယ် ဒါပေမယ့် သားငြင်းခဲ့တယ် သူတို့ဆန္ဒတိုင်းကို သားလိုက်လျောပေးနိုင်မှမဟုတ်လို့ အပါးတို့ကို တောင်းပန်ခဲ့တယ်"
" သား ဘယ်လိုစိတ်ကူးလဲ "
" သားအရင်က မူန့်လုပ်သင်တန်းတက်ဖူးတယ် ဖေဖေ၊ နောက်ပြီး သားက နယ်မှာ အပြီးလိုက်နေဖို့ မဖြစ်နိုင်သေးတော့ ဒီမှာပဲ သားအနားနေရင်း ကိုယ်ပိုင်အလုပ်လေး လုပ်ချင်တယ် "
" အင်း ပြေပါတယ် ကောင်းပြည့်ရ၊ မြေးငယ်က မူကြိုတက်ရပြီဆိုရငိ သူကျောင်းတက်တဲ့အချိန်တွေ သားမပျင်းရတော့ဘူး ကိုယ်ပိုင်အလုပ်လေးရှိတော့ ဆရာကတော့ အားပေးပါတယ် သားရဲ့အတွေးကို သမီးသိလား "
ဟင်းအင်းလို့ ခေါင်းခါမိရင် ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒ တစ်ချို့ကို ဖေဖေနှင့်ဆရာဆီမှာ ဖွင့်ချပြမိတယ်။ ဆရာက လက်ခံပေမယ့် ဖေဖေကတော့ ဘာမှမပြော ၊ ဖေဖေနဲ့နယ်မြို့မှာပဲ အပြီးလိုက်နေချင်ပေမယ့် သားငယ်ရှေ့ရေးတွေကြောင့် ဒီ ရန်ကုန်မှာပဲ နေဖို့ဖြစ်လာတယ်။ သားဒယ်ဒီကို မမြင်ချင်ပေမယ့် သူနဲ့ ဆက်စပ်မယ့် သားငယ်က အိမ်တော်ရဲ့ ထိမ်းချုပ်လေ့ကျင့်မူအောက်မှာရှိနေသည့်အတွက် ကျွန်တော်မှာ ငြင်းဆန်ခွင့်နည်းပါခဲ့သည်။
——————————————————————————————————————————-
Night out မထွက်တာကြာပြီမို့ သုံးယောက်သား ဆုံဖို့ အနီးဆုံး Bar တစ်ခုကိုချိန်းမိသည်။ ခုတလော ကလေးငယ်ဆိုင်လေးဖွင့်နိုင်ရန်သာ ဦးတည်နေတဲ့ အချိန်မို့ အလုပ်များဆုံးနှင့် စိတ်အပမ်းဆုံးကာလ ဆိုရမည်။ သူလေးနှစ်သက်ရာဖြစ်သလို၊ သူလေးသဘောကျအတိုင်း ဖြစ်စေဖို့ နယ်ပါယ်အသီးသီးမှ ကျွမ်းကျင်ရာကို ခေါ်ယူပြီး ပြင်ဆင်ပေးမိသည့် ကလေးငယ်ဆိုင်လေး။
တဖြေးဖြေးရုပ်လုံးပေါ်လာသော ဆိုင်အပြင်အဆင်လေးနှင့် ဝန်းထမ်းရွေးချယ်မူ။ ပိုင်ရှင်ကိုယ်တိုင်ကိုယ်ကြ လုပ်စရာမလိုသော ဆိုင်အပြင်အဆင်လေးကို သူလေးသဘောကျဖြစ်ဖို့ မျှော်လင့်မိရင်း ။ သူ အပြုံးတွေကိုသာ မြင်ရစေဖို့ နောက်ကွယ်က ပံ့ပိုးသည်ကိုတော့ လျိုထားခဲ့ပြီ။
" ဘယ်လိုလဲ သက်ကို အဆင်ပြေလား လုပ်ငန်းအားလုံးက စနစ်တကျဖြစ်ရဲ့လား ၊ ကလေးငယ် ပြောတဲ့အတိုင်း အကုန်ဖြစ်ရဲ့လား "
တစ်ရိူက်မော့ပြီးသော ယာမကာခွက်လေးကို စားပွဲပေါ်ချ၍ သိလိုစိတ်ဖြင့်မေးမိသည်။
လက်ကြားညှပ်ထားသော ဆေးလိပ်ကို မျက်စိကိုမှိတ်၍ အရသာခံရင်း  ရူရိူက်လိုက်သော အရသာကား စွဲလန်းနေသော သူ့ရနံ့လေးလို သဘောထားပြီး ပတ်ဝန်းကျင်ကိုမေ့မောစွာ ရသခံစားနေမိသည်။
မူတ်ထုတ်လိုက်သော အခိုးအငွေ့တွေက်ို စေ့စေ့ကြည့်ရင်း မေးဆက်ပြနေသော သက်ကိုကို့ခေါင်းညိမ့်ပြမိသည်။
Cele မင်းသားတစ်ပါးလို အနက်ရောင် jacket ကိုဝတ်ထားပြီး All black fashion ဖြင့် ဆင်ယင်ထားပါသော ဘေဘီ့ဒယ်ဒီ။ ကလေးအဖေတစ်ယောက်လို့ ယုံနိုင်ဖွယ်မရှိ ပိုပြီးတည်ကြည်လာသောဟန်၊ တိတ်ဆိတ်သွားသော ဆိုးသွမ်းမူတွေ၊ ငြိမ်ကျသွားသော အကြည့်စူးစူးတွေကြောင့် ပတ်ဝန်းကျင်က တအံ့တဩ။
သားငယ်ကြိုက်နှစ်သက်သည်ဆိုဖူးသော Audi RS6ကိုသာ လက်ကမချနိုင်ဖြစ်နေသည့် ရဲရင့်။ သားငယ်နှစ်သက်သည့် အရာတိုင်းကို မြတ်နိုးလို့ ပျော်စရာမိသားစုလေး မက်မောမိသည့် ဘေဘီ့ဒယ်ဒီ။
" လခွီးတဲ့ ငါက မင်းတပည့်မဟုတ်ဘူးနော် ရဲရင့် မင်းမိန်းမ ဘက်ကနေ ငါကိုဆရာကြီး ပုံစံနဲ့ လာမပြောနဲ့ ရိုရိုသေသေ အကူအညီတောင်း ငါက ကောင်းပြည့်ဆီက ယုံကြည်မူ ရထားတဲ့သူ၊ နေပါအုံး All black နဲ့လန်းနေတဲ့ မင်းက ကလေးအဖေနော် ...သဘောပေါက်လား "
" ဟား...."
သက်ကိုအဆဲစကားတွေကြား အပိုပြောတဲ့လူလို့မြင်နေတဲ့ သူတို့အမြင်၊ ကိုယ့်မှာတော့ မျှော်လင့်ချက်ကြီးနဲ့မို့ သူလေးမြတ်နိုးဖွယ်ရာ အဖြစ် ဖန်တီးပေးချင်တာ။
" မင်းကလဲကွာ "
" အဲ့ကောင်သက်ကိုက လင်ရပီးမှစကားတက်လာတာ အရင်က ကိုလူအေးကြီး ဘယ်ဆီမလဲ ၊ ဟားးး ၊ ဒါနဲ့ 2022 ထွက် BMW latest က အမိုက်စားပဲ ရဲရင့် သေလောက်တယ်ကွာ၊ မင်း တွေ့ပြီးပြီတော့ လုပ်လိုက် "
" အင်း ..တွေ့တယ်"
" order တင်ပြီးပြီလား "
" ......."
ခေါင်းခါ၍ ငြင်းမိသော ကိုယ့်ကို ပြူးပြဲစွာ ကြည့်နေသော ငယ်ဖော်တွေ။
သူတို့အမြင်မမှား၊ နာကျင်နောင်တတွေနဲ့ မှားခဲ့သည်က ကိုယ်တိုင်မို့ တချိန်ကမက်မောခုံမင်သော ဝါသနာတချို့ကို မိသားစု ဆိုတဲ့အတွေးကိုအစားထိုးပြီး ပြောင်းလဲဖို့ ကြိုးစားနေသူ။
" မင်း မချိန်းတော့ဘူးလား "
" သားငယ်က Audi ကိုကြိုက်တယ်ဆိုလို့ မချိန်းဖြစ်သေးဘူး "
" ဟေ....."
မကြားဖူးတာ ကြားနေသည့်အလား၊ အတွေးစိတ်ကူးထဲက ပုံဖော်မူတွေလွင့်စင်သလို မူးဝေသည့်အရှိန်ကြောင့်လားဟူ၍ ခေါင်းကိုတစ်ချက်ခါပြီး သုံးသပ်မိသည်။
ငါမမူးသေးပါဘူး ။ ဘေးကနေ ခေါင်းတဆက်ဆက်ညိမ့်ပြနေသော ထက်ပိုင်။
" ဘေဘီက ကား crazy ပဲလား "
" အရူးအမူးပေါ့ ငါအတိုင်းပဲ "
" အော်.....ဖအေတူလေးပဲ ၊ များများကြိုးစားထား ရဲရင့်၊ ဘေဘီကြိုက်လိုက်ရင် ရှယ်တွေကြီးပဲ "
" သူက billionaires လေ မားက share လွဲလိုက်ပြီ "
" ဟေ...."
" ဟုတ်လား ကောင်းပြည့်က လက်ခံသလား "
" အပါးကြောင့် ငြင်းရဟန်မတူဘူး "
" မင်းကိုရော စကားတုန့်ပြန်ပြီလား "
ခေါင်းခါ၍ ဖြေမိသည်၊ နောက်တစ်ချိုက်မော့လိုက်သည့် ယာမကာက ခါးသက်သက်မို့ ပိုပြင်းလာသလို လည်ပင်းထဲ စီးဆင်းသွားသည်။
" မင်းတို့ကတော့ အငြိမ်ပဲလား "
ထက်ပိုင်စကားကြောင့် မူပိုနေသော သက်ကိုက ဂုဏ်ယူစွာဖြင့်  လက်နှစ်ဖက်ကိုဖြန့်၍ ပုခုံးတွန့်ပြသည်။
ကိုယ့်မှာသာ အမှားတွေနှင့်။
နောင်တတွေနှင့် ၊၊
အားငယ်မူတွေနှင့်။
သိမ်ငယ်မူတွေနဲ့ ။
ပိုင်ဆိုင်လိုစိတ်တွေနှင့်။
တမ်းမမူတွေနဲ့ ငေးမောမူတွေ။
" ထားပါကွာ ပြေလည်မှာပါ အားတင်းထားကွာ "
" အကုန်အဆင်ပြေတယ် မင်းကလေး စိတ်တိုင်းကျစေမယ့် ပုံစံကို သေချာတဲ့ management ပိုင်းကနေ စပြီး တိကျတဲ့ ဝန်းထမ်း ၊ ထက်မြတ်တဲ့ ဝန်ထမ်းကို ငါကိုယ်တိုင်လေ့လာပြီးမှ ခန့်အပ်မှာပါ မင်းဘာမှစိတ်မပူပါနဲ့ ဒါနဲ့ ငါကအမည်ခံသက်သက်လေ မင်းပဲ အကုန်လုပ်ပေးပြီး ငါက သွားကြီးကြပ်ပေးရတာ မင်း က ဘာလို့ ခုလိုပုံစံဖြစ်နေရတာလဲ"
" ဒါကကြ မတူဘူလေကွာ ကောင်းပြည့်က ခုချိန် ငါတို့နှစ်ယောက်ထက် မင်းက သူ့သူငယ်ချင်းဝင်းထက် ယောကျာ်းမို့ အလုပ်အပ်တဲ့သဘော ငါတို့ကြ သူက အဲလိုဆက်ဆံရေး တန်းတူမှာမထားဘူးလေကွာ နောက်ပြီး ဒီကောင်ရဲရင့်က သူ့ကလေး ဆိုင်ဖွင့်ဖို့ အကုန်စီစဉ်ပြီး အကုန်လိုက်လုပ်ပေးတယ်ဆိုပေမယ့် သူ့ရှေ့ကြ သူလုပ်ပေးထားပါတယ် ပြောမရပြန်ဘူး "
" ငါ အဆင်ပြေပါတယ် သူတို့သားအဖ ငါ့ကိုမကြည်ဖြူပေမယ့် ငါ့မျက်စိရှေ့အောက်မှာပဲ အန္တာရယ်ကင်းကင်းရှိနေတာ ငါအတွက်ကံကောင်းမူ တစ်ခုပါပဲ "
" ငါ့အမှားတွေ မို့ ကလေးငယ် ခုထိ ငါကိုမုန်းတီးနေတာ ၊ ငါကိုမကြည်ဖြူနိုင်တာ သူအမှားမရှိခဲ့ပါဘူး ငါကသာ ဘယ်သူမှလက်မခံနိုင်တာကို လုပ်ခဲ့တာလေ ၊ ငါလည်း ဘယ်တော့မှလက်လျော့မှမဟုတ်ဘူး တနေ့ သူငါကို ပြန်လက်ခံလာနိုင်တဲ့ တစ်နေ့ထိ အဲ့နေ့က ငါ့နောက်ဆုံးရက်ဖြစ်နေရင်တောင်ပေါ့ ၊;ကြိုးစားနေမှာ သားငယ်ကိုလည်း ယှဉ်စရာလူတူမရှိအောင် မြင့်တယ်ဆိုတာထက်မြင့်အောင် ငါပို့မှာ ၊ငါကြိုးစားနေတာ သူတို့သားအဖလေး အတွက်ပဲ ၊ တစ်ချိန်က အမှားတွေကြောင့် ခုလို ပေးဆပ်နေတာမဟုတ်ဘူး ငါ အချစ်တွေနောက်မှသိခဲ့ရလို့ ငါ့ကိုယ်ငါလည်း ခွင့်မလွတ်နိုင်သေးဘူး ၊ နေ့ရှိသရွေ့ ငါကြိုးစားနေမှာ နောက်ဆုံးထွက်သက်ထိ"
" အားတင်းထားပါ မှားခဲ့တာတွေအတွက် ငါတို့အပြစ်လည်း မကင်းပါဘူးကွာ ငါတို့ မင်းခံစားချက်ုကိုနားလည်ပါတယ်"
" မင်းကလေးငယ် ဆိုင်စိတ်တိုင်းကျမှာ သေချာတယ် ငါပြောရဲတယ်ကွာ နောက်ပြီး တစ်ချိန်ကြ ဒါ မင်းပံ့ပိုးပေးခဲ့တာ မင်းစိတ်ကူးတွေပါ ထုတ်ပြောရတဲ့နေ့တွေရှိလာမှာ သေချာတယ် ရဲရင့် စိတ်မလျော့လိုက်နဲ့ "
" အေးပါ"
ကလေးငယ် က မူန့်ဆိုင်လေးဖွင့်ချင်သည်ဟု သိရသည်က သက်ကိုဆီက ၊ ဝင်းထက်ဖြင့်နှစ်ယောက်တိုင်ပင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည် ဆိုသော လုပ်ငန်းတစ်ချို့ကို သက်ကိုအမည်ကိုယူ၍ နောက်ကွယ်မှ လိုအပ်သည်မရှိအောင် service ပိုင်း၊ ဝန်ထမ်းပိုင်း ဆိုင်ခန်းအပြင်အဆင်၊ ဆိုင်အမည်ပေါက်ကို ကလေးငယ်အမည်ဖြင့် ဝယ်ယူသည့်စာချုပ်ကို ထိမ်ချန်ပြီး သက်ကို ငှါးရမ်းပေးထားသည်ဟုသာသိစေ၍ အစစအရာရာ နောက်ကွယ်ကနေ ကိုယ်တိုင် လုပ်ကိုင်ပေးခဲ့သည်။ ကိုယ်ကို လက်မခံနိုင်သေးတာသူ့အမှားမဟုတ်ပေမယ့် သူ့ဖြစ်ချင်တဲ့ ဆန္ဒလေးကို အကောင်အထည်ဖော် လုပ်ပေးရမှာ ကိုယ့်တာဝန်ဖြစ်သည်။ မည့်သူဆီကပင် ပြန်လည်သိရသည်ဖြစ်စေ ကလေးငယ်ဆန္ဒ အားလုံး အကုန်ဖြစ်စေရမည်။
SITT Bakery shop ဟူသော သားငယ်အမည်တစ်လုံးကို ဆိုင်အမည်အဖြစ်ယူသုံးကာ ကိုယ်ပိုင်ဝင်ငွေရှာနေသူလေးကို ကျွန်တော်က နောက်ကွယ်ကနေ အကုန်ရုပ်လုံးပေါ်စေမည်။ ပေါ်တင်ဖြည့်ဆည်း ပေးမရပေမယ့် မည်သို့ပဲ ဖြည့်ဆည်းနေရပါစေ သူ့ဆန္ဒလေး အကုန် အောင်မြင်စေရမည် ၊ သားငယ်ကို မြင့်သထက်မြငိ့အောင် ၄နှစ်နီးပါးပျက်ကွက်ခဲ့တဲ့ ဖခင်တာဝန်ကို ပိုမို ကျေပွန်စေရမည်။ သားငယ်အပေါ်ဖခင်တာဝန်ဆောင်ရွက်ရင်း ကိုယ်မျက်နှာ မမြင်လိုသူအား ကွယ်ရာကနေ အကုန်လုံး ဖြည့်ဆည်းပေးမည်။ သိပ်ချစ်ရတဲ့သူနှစ်ဦးက အသက်တည်မှီးရာမို့ အရာအားလုံးထက် တန်ဖိုးထားသည်။
#မမအတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
# Take care all
zawgyi
" ကလေး..."
" လွတ်စမ်းပါ "
တွေ့ဆုံပွဲပြီး မားတို့အတူရယ်မောနေသော သားငယ်က kitchen ခန်းထဲမှာ Jack တျို့စုံတှဲကွားကွား ရယ်မောသံက အိမ်တော်အနှံ့ လွင့်ပျံလျှက်။
" ကလေး ...."
" ဒါပဲမဟုတ်လား "
" ခဏလေးပါကလေးရာ "
" ဖယ်စမ်းပါ "
"........."
မည်သည့်စကားမှမဆိုဘဲ၊ မည့်သည်ကိုမှ မကြည့်ဘဲ ၊ ဝန်းကျင်လေထုကို မေ့လျော့စွာ သင်းရနံ့လိုင်နေသော ပန်းရနံ့တွေကြားက ကလေးကိုယ်သင်းရနံ့လေးကို အမြတ်တနိုးရူရိုက်မိသည်။
လန်းဆန်းစေသည်။
မြတ်နိုးခြင်းကို အထိုင်ချပြီး နီရဲရဲ ညာဘက်နားနောက်လေးကို နှာဖျားလေးနှစ်ဝင်အောင် နမ်းရိုက်မိတော့ ရုန်းထွက်ပြေးသွားသည့် ကလေးငယ်ရယ်ပါ။
"ဟုတ်ပါပြီဗျာ"
" ဟေ...ဟုတ်လား "
" သားလက်ခံခဲ့လား "
" သား ဘယ်လိုစိတ်ကူးလဲ "
-
တစ်ရိုက်မော့ပြီးသော ယာမကာခွက်လေးကို စားပွဲပေါ်ချ၍ သိလိုစိတ်ဖြင့်မေးမိသည်။
လက်ကြားညှပ်ထားသော ဆေးလိပ်ကို မျက်စိကိုမှိတ်၍ အရသာခံရင်း ရူရိုက်လိုက်သော အရသာကား စွဲလန်းနေသော သူ့ရနံ့လေးလို သဘောထားပြီး ပတ်ဝန်းကျင်ကိုမေ့မောစွာ ရသခံစားနေမိသည်။
မူတ်ထုတ်လိုက်သော အခိုးအငှတှေ့ကျေို စေ့စေ့ကြည့်ရင်း မေးဆက်ပြနေသော သက်ကိုကို့ခေါင်းညိမ့်ပြမိသည်။
" ဟား...."
" မင်းကလဲကွာ "
" အင်း ..တွေ့တယ်"
" order တင်ပြီးပြီလား "
" ......."
" ဟေ....."
" ဘေဘီက ကား crazy ပဲလား "
" ဟေ...."
နောင်တတွေနှင့် ၊၊
အားငယ်မူတွေနှင့်။
သိမ်ငယ်မူတွေနဲ့ ။
" အေးပါ"
# Take care all
Continue Reading
You'll Also Like
87.3K 774 1
** AN EXO FANFICTION Little Red ... fell... for the Wolf...
18.6K 1.3K 44
The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started da...
3.4K 205 15
sin nombre(အမည်မဲ့)ဆိုတဲ့ ပြင်သစ်အသံ့ုးနှုန်းလေးကိုသုံးထားတဲ့ Businessman​လေးကို သက္ကရာဇ်စေတန်လို့ခေါ်တယ့် အမျိုးသားကသိပ်ချစ်တာ။ ချစ်ခြင်း မုန်းခြင်း...
443K 22.8K 51
အပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Sta...