-Soobin/Beomgyu/Huening မိတ်ဆက်~~)
-မိုးသားတွေမဲနက်နေတဲ့မနက်ခင်းတစ်ခုမှာ ကောင်းကင်ယံဟာလည်း အရောင်လှနေသည်မရှိတော့။ တိမ်စိုင်များဖုံးလွှမ်းနေပြီး မနှစ်မြို့ဖွယ် ဖြစ်နေရပြီ။ ထိုနည်းတူစွာ Magic Companyရဲ့အခြေအနေ မှာလည်းမနှစ်သက်ဖွယ်ရာ....။
(Magic Company =အဝတ်အစားfashion design များနှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော Company တစ်ခု။)
"ငါသူတစ်ယောက်နဲ့တော့တကယ်ရူးချင်နေပြီ....။"
- အစမရှိအဆုံးမရှိ ထ၍ထောက်လိုက်သူမှာတည်ငြိမ်အေးဆေးလှသော သူတို့၏Team Leader Choi Soobin။-
"ဟုတ်ပ။ အရာရာကိုသူ့စိတ်တိုင်းကျဖြစ်လို့ရတယ်ထင်နေလားမသိဘူး အနောက်ကလုပ်ရတဲ့သူတွေကသေတော့မယ်။"
-ယခုတစ်ခါထပ်ပြောလိုက်တဲ့သူက ကိုရီးယားကပြားလေး Huening Kai။ -
"ဘရားစူး သူဌေးပါကွာ....။ ကောင်မလေးတွေနဲ့ကျပျော်ပါးနေနိုင်ပြီး ငါတို့ကိုကျနည်းနည်းလေးတောင်လှည့်မကြည့်ဘူး။ Company အကျိုးတက်ဖို့ကတော့မြင်ယောင်နေသေးတယ်။"
-ဟိုအရာနည်းနည်း ဒီအရာနည်းနည်း စပ်စုမိပြီး သူဌေးအကြောင်းအကုန်ပြောချင်တိုင်းပြောနေသူကတော့ ရုံးတွင်းCCTV Choi Beomgyu။-
/-ထိုသူသုံးယောက်မှာတော့ Magic Companyရဲ့ ထုတ်လုပ်ရေးပိုင်းကိုတာဝန်ယူထားရတဲ့ အဖွဲ့မှအဖွဲ့ဝင်တွေဖြစ်တယ်။ အသက်ရွယ်တူလောက်ရှိသည်မလို့ လွတ်လပ်စွာ နာမည်ခေါ်ပြီးသာပြောကြတယ်။
အမည်- Choi Soobin
အသက်- 25နှစ်
အလုပ်အကိုင်- magic fashion company group ထုတ်လုပ်ရေးအပိုင်းရဲ့ အဖွဲ့မှူး။
တည့်ငြိမ်အေးဆေးလွန်းပြီး ချောမောလှပတဲ့မျက်နှာမှာ ပန်ဆင်တတ်တဲ့အပြုံးလေးကြောင့် CEOထက်စော်ကြည်သူ။ ထိုအချက်ကြောင့်ဘဲ CEOရဲ့မျက်စောင်းကျွေးခြင်းခံနေရသူ။
အမည်-Huening Kai
အသက်- 24ခွဲ...(စတာပါ။)25နှစ်
အလုပ်အကိုင်- Magic fashion company group ထုတ်လုပ်ရေးအပိုင်းရဲ့ မန်နေဂျာ။
ကိုရီးယားကပြားလေး ဖြစ်သည့်အလျောက် ရုပ်ရည်ချောမောမှုမှာပြောစရာပင်မလိုတော့။ အားလုံးထဲမှာမှနောက်ဆုံးမှအလုပ်ဝင်ပြီး မန်နေဂျာဖြစ်လာသူ။ ညီမတစ်ယောက်ရှိ၍ CEO၏အလေးပေးမှုကိုရထားသူ။
အမည်- Choi Beomgyu
အသက်- 24နှစ်
အလုပ်အကိုင်- Magic fashion company group ထုတ်လုပ်ရေးအပိုင်းရဲ့ လက်ထောက်မန်နေဂျာ။
ဆံပင်2လက်မအရှည်လေးကို ချထားတတ်၍ စည်းထားလျှင်လည်း ပြောစရာမလိုအောင် ခန့်ညားလွန်းသူ။ ရုံးတွင်းCCTV။သူမသိတာမရှိသူအကုန်သိ။ ထိုသို့သိရှိမှုတွေကြောင့်CEOနဲ့အပေါက်အလမ်းမတည့်ဆုံးသူ။ -\
"ကဲ...ထားပါ။ ငါတို့က အဝတ်အစားဒီဇိုင်းကို သူပြောသလို တိရစ္ဆာန်ရဲ့သွေးနဲ့ထုတ်လုပ်ထားပြီ ဆိုပါစေဦး။ လူတွေကမသိဘူးထင်နေတာလား။ အခြောက်ခံပြီးမှ အရောင်ထပ်ဆိုးပါစေဦး။ အညှီနံ့ကရနေမှာဘဲ....quality ဘယ်လောက်ကောင်းကောင်းနဲ့ထုတ်ပါစေဦး....ငါဆိုဝတ်ရမှာကျော်ချမ်းတယ်။"(huening kai)
"အရူး အဖိုးကြီးပါကွာ....။ဗေဒင်ယတြာဆိုတာလည်း အေသယုံတာ။ ငါတို့ကိုတမင်အလုပ်ကနေများထွက်စေချင်လို့လုပ်နေလားမသိဘူး။ မတော်ရင် တိရစ္ဆာန်ညင်းပန်းနှိပ်စက်မှုနဲ့ ထောင်နန်းစံနေရဦးမယ်။"(soobin)
"ဟျောင့်...ငါတော့ ပဲထမင်းမစားချင်သေးဘူးနော်။"(beomgyu)
"မသိတော့ဘူးကွာ....မနက်ဖြန်အဲ့ကိစ္စနဲ့ခရီးသွားဖို့သာပြင်ထားကြပေတော့ဘဲ....။ ဘယ်တွေခေါ်သွားဦးမလဲမသိဘူး။ စိတ်ညစ်တယ်။"(soobin)
-ထိုသူ3ယောက်ကတော့ ဒီနေ့ရုံဆင်းချိန်ထိ သက်ပြင်းတစ်ချချနဲ့သာ ရှိနေပေဦးမည်။-
------------
{ခရီးသို့ထွက်ခွာခြင်း~~}1
မနက်ရောက်တော့ သူတို့ရဲ့ချစ်လှစွာသော CEOကြီးနဲ့အတူ Soobin၊ Huening Kai နဲ့ Beomgyuတို့သုံးယောက် မြို့စွန်မှာရှိသော တောတစ်ခုသို့ထွက်လာကြသည်။ ထိုတောရဲ့အလွန်တွင် လူသိနည်းသည့် ရွာတစ်ရွာရှိသည်။ ထိုရွာကလေး၏လူသိနည်းရခြင်းအကြောင်းမှာ သူတို့၏ရွာဝင်ရာလမ်းတွင်ရှိသော တောမှာ သရဲခြောက်သည်ဟု နာမည်ကြီးသောကြောင့်ဖြစ်သည်။ တောတွင်းသို့ဝင်ရောက်ပြီးလျှင်ဘယ်သူမှ ဆုံးအောင်ထိဆက်မသွားနိုင်ကြသောကြောင့်ပင်။ လမ်းတစ်ဝက်ရောက်လျှင်ရောက်ခြင်း အေးစိမ့်သောခံစားမှုနဲ့အတူ ကြောက်ရွံ့ခြင်းများပါကပ်ပါလာသောကြောင့် ၄င်းရွာလေးမှာ လူသိနည်းလာရသည်။ ရွာတွင်းလူဦးရေမှာလည်းသိပ်မရှိ။ ထိုရွာသို့သွားရမည်ဟု မသိသေးသော soobinတို့သုံးယောက်မှာလည်း ခရီးစဉ်၍စိတ်ချလက်ချပါသွားခဲ့သည်။.....
"ရောက်တော့မှာလား CEOကြီး"(Soobin)
"ဟင့်အင်း မရောက်သေးဘူး။ အဝေးကြီးလိုသေးတယ်။"(CEO)
"အော်...အွန်းအွန်း "(soobin)
-soobinကစိတ်အေးလက်အေးနှင့်သာ ပြန်ဖြေပြီး တစ်ရေးအိပ်ရန်ဆုံးဖြတ်လိုက်သည်။ ကျန်တဲ့နှစ်ယောက်ကတော့ ကားပေါ်ရောက်ကတည်းက စက်တော်ခေါ်နေပြီဖြစ်သည်။-
ထိုသို့နှင့် ၄င်းတို့စီနင်းလိုက်ပါလာသော ထိုကားလေးသည် တောအုပ်ထဲသို့ဝင်ရန် တဖြည်းဖြည်း တရွေ့ရွေ့နှင့် ထွက်ခွာသွားခဲ့သည်။
.
.
.
(Taehyun မိတ်ဆက်~~)
လွန်ခဲ့သော 2နှစ်ခန့်က~~~~
ပင်လယ်နှင့်အနီးဆုံးရွာငယ်လေး တိတ်ဆိတ်အေးချမ်းလွန်းလှပြီး လူနေနည်းတဲ့ ရွာလေး။ ထိုရွာလေးမှာ မြို့ကြီးပြကြီးကဲသို့မဖွံ့ဖြိုးသေးပေမဲ့ ဖွံဖြိုးသင့်သလောက် ဖွံ့ဖြိုးပါသည်။ လျှပ်စစ်မီးများကလည်း ရွာဆေးခန်းလေးနဲ့ ရွာသူကြီးအိမ်၍သာရှိသည်။ ကျန်သည့် ရွာသားအများစုအိမ်တွင်တော့ မီးဖိုနှင့် ဖယောင်းတိုင်ကိုသာ လက်ဝယ်ကိုင်ထားကြသည့် အခြေအနေ။ ရွာဆေးခန်းလေးထဲမှာတော့ ဆရာဝန်လေး Taehyunနေထိုင်သည်။ အိမ်နှင့်ဆေးခန်းကိုတွဲဖွင့်ထားပြီး မြို့ပြဆေးရုံတစ်ခုမှ မတော်တဆမှုနှင့် အလုပ်ပြုတ်ပြီး တာဝန်ချပေးထားသော တာဝန်ကျရာ ဤကဲ့သို့သော ရွာငယ်လေးသို့ပြောင်းလာရခြင်းပင်။ သူ့အတွက်တော့ပြောင်းလာခဲ့ရသည်က ပိုကောင်းခဲ့သည်ဟု ယူဆမိသည်။ တိတ်ဆိတ်အေးချမ်းပြီး လူသူသိပ်မရှိသောကြောင့် ထိုလိုနေရာကိုသူနှစ်သက်သည်။ သူကအယူသီးတာမျိုးကို မုန်းသည်။ တစ္ဆေသရဲဆိုတဲ့ အရာတွေနဲ့တစ်ခြား သဘာဝလွန်များကို သူယုံကြည်နိုင်ဖွယ်မရှိ။ သူကိုယ်တွေ့အကြောင်းတွေ့မှသာ ယုံကြည်မည်ဟု မှတ်ချက်ချထားသည်။-
အမည်- Kang Taehyun
အသက်- 24နှစ်(ယခု26နှစ်)
အလုပ်အကိုင်- ဆရာဝန်။
ကုန်းပတ်ရွာလေး၏ ရွာဆေးခန်း၌နေထိုင်သူ။ အေးအေးလေးနေတတ်ပြီး ပုန်းကွယ်လျို့ဝှက်မှုများသောသူ။//
"ဆရာဝန်လေး taehyun....
နေကောင်းရဲ့လား ခင်ဗျ။"(villager 1)
-ရွာသားများကသူ့ကိုနှုတ်ဆက်သည်။-
"ဟုတ်ကဲ့ ကောင်းပါတယ် Kimမျိုးရိုးဦးလေးကြီး။
ဦးလေးကြီးတို့ရော....ခြေထောက်ပိုးထိထားတာ အဆင်ပြေရဲ့လား။ ကိုက်တာခဲတာရှိရင် ချက်ချင်းဆေးခန်းကိုလာခဲ့ပေးနော်....။"(Taehyun)
"ကောင်းပါတယ် ဆရာဝန်လေးကျေးဇူးကြောင့် အလုပ်တောင်ကောင်းကောင်းပြန်လုပ်နေနိုင်ပါပြီ။"(villager 1)
"အာ...ဟုတ်ကဲ့
ဒါဆိုကျွန်တော့ကိုခွင့်ပြုပါဦး။"(taehyun)
"ဟုတ်ကဲ့ ကောင်းပါပြီ ဆရာဝန်လေး"(villager 1)
-hyunထွက်သွားပြီးနောက် ရွာသားတွေကအချင်းချင်းပြောမိကြသည်။
"ဆရာဝန်လေးက ရုပ်ရည်ကလည်းချောတယ်။ အလုပ်အကိုင်ကလည်းကောင်းတယ်။ အရည်အချင်းအရလည်း ပြောစရာမလိုတဲ့လူ။ အဲ့လိုလူက ဒီလို လူအရောက်အပေါက်နည်းတဲ့နေရာမှာဘဲ နေသွားမယ်တဲ့လား။ သူ့လိုလူအတွက် အိမ်ရှင်မကောင်းလေးတစ်ယောက် လိုအပ်မယ်မထင်ဘူးလား။"(villager 2)
"အေး...ဟုတ်တယ် ဟုတ်တယ်။
ငါတို့ဆရာဝန်လေးအတွက် ကြင်ဖက်ရှာပေးရမယ်။"(villager 3)
-hyunထိုစကားကို ကြားဖြစ်အောင်ကြားလိုက်သေးသည်။ ဒါပေမဲ့ သူဘာမှမပြောခဲ့ဘဲ မျက်နှာထက်က နှုတ်ခမ်းကိုသာ ညာဘက်သို့တွန့်ချိုး၍ မဲ့ပြုံးပြုံးလိုက်ပြီး ထွက်လာခဲ့လိုက်သည်။ သူ့ကိုကြင်ဖက်တွေ့ပေးလည်း သူလိုချင်မှဖြစ်တာမလား။ ဘယ်သူဘဲလာလာ ငြင်းဖို့ဆုံးဖြတ်ထားသည်။ တကယ်တွေ့တဲ့အခါကျ taehyunငြင်းနိုင်ပါဦးမလား။-
"ဆရာဝန်လေးရေ....ကျွန်တော်တို့လာတယ်။"(villagers)
"ဗျာ??
ဟာ.....kim မျိုးရိုးဦးလေးကြီးနဲ့ parkမျိုးရိုးဦးလေးကြီး တို့ပါလား။ လာကြပါ။ ဆေးခန်းလာပြကြတာလား??"(taehyun)
"မဟုတ်ဘူး ဆရာဝန်လေး။
လမ်းကြုံဝင်လာတာ"(villager)
"အော်....ခဏလေး ကျွန်တော်အကြမ်းရေသွားယူပေးမယ်။ "(taehyun)
"ရပါတယ် ဆရာဝန်လေးရဲ့
ကျွန်တော်တို့ မေးစရာရှိသေးလို့လေ အဲ့ဒါအရင်မေးလို့ရမလား။"(villager)
"အော်...ရပါတယ်။ ဘာမေးမလို့လည်း။"(taehyun)
"ဆရာဝန်လေး အိမ်ထောင်မပြုသေးဘူးလား။
Seoulမှာကျန်ခဲ့တဲ့ မိသားစုလည်းမရှိဘူးဆို။ တစ်ကိုယ်တည်းသမားကတစ်ယောက်တည်းမနေသင့်ဘူးနော်။ပြီးတော့ ဆရာဝန်လေးလိုလူတော်ပညာတတ် ရုပ်ချောတဲ့လူတစ်ယောက်က အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရှိသင့်တယ်မလား။" (villager)
"အာ....ဦးလေးကြီးတို့ကလည်း
ကျွန်တော်က ဦးလေးကြီးတို့ပြောသလိုလည်းမဟုတ်ပါဘူးဗျာ။ ကျွန်တော့်လို ဇီဇာကြောင်ပြီး စိတ်မရှည်တတ်တဲ့လူတစ်ယောက်ကို ဘယ်မိန်းကလေးကလိုချင်မှာလည်းဗျာ..."(taehyun)
-ရှက်ပြုံးလေးပြုံးပြီး ပြောလိုက်တော့ ရှေ့ကရွာသားတွေက ရီကြပါလေရော....။ အဲ့ဒါနဲ့ရွာသားတစ်ယောက်ကထပြောလိုက်တဲ့စကားကို taehyunစိတ်ဝင်စားမိသည်။-
"ရွာသူကြီးရဲ့သမီးလေး Han Minaက ဒီနေ့ နိုင်ငံခြားကပြန်လာတယ်ဆိုဘဲ...။ သူနဲ့ ဆရာဝန်လေးနဲ့ဆိုလိုက်ဖက်လောက်တယ်။ တကယ်စဉ်းစားကြည့်ရင် တကယ့်ကို နတ်ဖက်တဲ့စုံတွဲတွေလိုဘဲနော်....။"
"ဟုတ်ပ။ အခုမှတွေးမိတယ်။ ရွာသူကြီးကလည်း သဘောကျမှာပါ ဆရာဝန်လေးကို...."
"အာ....ကျွန်တော်အိမ်ထောင်မပြုချင်သေးပါဘူးဗျာ။"
"အမယ်လေး အရင်ကြည့်လိုက်ပါဦးဗျာ။"
"အာ...ဟုတ်ကဲ့"
"ဒါဆိုကျွန်တော်တို့ကို ခွင့်ပြုပါဦး။"
"ကောင်းပါပြီ။"
- taehyunရွာမှာနေခဲ့သည့်တစ်လျှောက်လုံး ရွာသူကြီးမှာ သမီးရှိသည်ဟု တစ်ခွန်းတစ်လေမှမကြားဘူး။ သူကိုယ်တိုင်လည်းစိတ်မဝင်စားမှုကပါမယ်ထင်သည်။ သူထိုင်နေရင်း စိတ်တွေရှုပ်လာသည်မလို့ ခေါင်းထဲကနေအကုန်ထုတ်ပြီး အိမ်ရှေ့ခန်း၌သာ ပစ်လှဲအိပ်လိုက်သည်။ ဆေးခန်းပိတ်ထားသည်က သူ့အတွက်အခွင့်ကောင်း။-
-ညနေကျတော့ ရွာသူကြီး၏ အားပေးအားမြှောက်မှုနှင့် သူ၏သမီးလေး Han Mina ဆေးခန်းကိုရောက်လာခဲ့သည်။ -
"ဒီမှာ....ဆရာဝန်လေး Kang Taehyun။ ဒီမှာ ....ဒီမှာ"
-သူလန့်နိုးလာသည်။ ဘယ်ကမှန်းမသိတဲ့ အသံနက်ကြီးတစ်ခုကြောင့်...သူ့နာမည်ကိုခေါ်နေတယ်။ ငါ့ကိုရင်းနှီးသလိုကြီးခေါ်နေတယ်။ သူမကဘယ်သူလဲ။ ဘာကိစ္စရောက်လာတာလဲ??
အတွေးများနဲ့ လေးလံနေတဲ့ မျက်ခွံတွေကို ဖွင့်ချလိုက်ပြီး အဝင်ပေါက်ဝဘက်သို့ မျက်နှာမူလိုက်ပြီး ကြည့်မိလိုက်သည်။ လူရိပ်ကြီးနဲ့ ငါမရင်းနှီးတဲ့ခန္ဓာကိုယ်ကြီး....။
"ဘယ်သူလည်း...."
"ဒေါက် ဒေါက် ဒေါက်"
"ဘယ်သူလဲလို့မေးနေတယ်လေ။ မြန်မြန်မဖြေသေးဘူးလား။"
"ကျွန်မက ရွာသူကြီးရဲ့ သမီး Han Minaပါ။ ဆရာဝန်လေးကို ဟင်းရွက်ပေးခိုင်းလိုက်လို့။"
"အော်....ဝင်လာခဲ့ အမ။ ဖွင့်ထားတယ်။"
"ဟုတ်....ဒါနဲ့ ဆရာလေးကအသက်ဘယ်လောက်လည်းဟင်"
"အာ...ကျွန်တော်က24ပါ။"
"အော်....အကိုဘဲ။ ကျွန်မ 22နှစ်ပါ။"
"အော်....ဟုတ်ကဲ့ ညီမ။ ဒီကိုပြန်ရောက်လာတယ်ဆိုတဲ့တစ်ယောက်?။"
"အွန်း...ဟုတ်တယ် ဟုတ်တယ်။ အဖေက အကို့ကို စိုက်ခင်းထဲက ဆလပ်ရွက်တွေ အခုမှလတ်ဆတ်လေးလာပေးခိုင်းလို့....ဟီး။"
"အော်....ဟုတ်ကဲ့။ ထားခဲ့ပါ ခင်ဗျ
နောက်အကူအညီလိုလည်းပြောပါနော်။"
"အာ....အဲ့ဒါက ညီမပြောရမှာကို။"
"ဟုတ်..."
-နှစ်ယောက်သား စကားပြောရင်း "အော်...." "အာ...."ဆိုတာသာများနေပေမဲ့ ခဏလေးနဲ့ရင်းရင်းနီးနှီးဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူးမလား။ အပြုံးအရယ်သိပ်မရှိတဲ့ taehyunအတွက်ကတော့ သူမက မှောပညာရှင်လိုမျိုး။ သူ့ကိုပြုံးရယ်အောင်လုပ်ပေးနိုင်သည်။ Han Minaကပျော်ပျော်နေတတ်သည်။လူတိုင်းကိုလည်းကူညီတတ်သည်။ သူတို့ ဘဝနဲ့သူတို့တော့ပျော်နေကြသည်။
"Mina....ဘယ်သွားမလို့လဲ"
-ကောင်မလေးက လမ်းထိပ်ကိုညွှန်ပြရင်း လက်ဟန်ခြေဟန်ဖြင့်ပြန်ပြသည်။-
"ပြီးရင် အကိုလိုက်လာခဲ့မယ်နော်။"
"အိုကေ အိုကေ "
-ထိုနေ့ကနှစ်ယောက်လုံးအတွက်အဓိပ္ပာယ်ရှိသည်။အဘယ်ကြောင့်ဆိုသော်....
"Mina....ကိုယ်မင်းကိုချစ်တယ်။ တစ်သက်လုံးစာအတွက်မလို့ ကိုယ်မင်းကိုလက်ထပ်ပါရစေ။"
"အကို.....အကိုတကယ်ပြောနေတာလား။
ဝမ်းသာလိုက်တာ အကိုရယ်။ Minaလည်းအကို့ကိုချစ်ပါတယ်။ "
"တကယ်လား mina...ဒါနောက်စရာမဟုတ်ဘူးနော်။"
"ဒီလိုကိစ္စမျိုးကို minaကနောက်ပါ့မလား။"
"ဒါဆို ကိုယ့်ကိုရော လက်ထပ်မယ်မလားဟင်??"
"ဒါပေါ့။ ကျွန်မHan Minaသည် ဟောဒီက ဆရာဝန်လေးKang Taehyunကို လက်ထပ်ပါမယ်တဲ့ရှင့်။"
"Yes!!! ဟုတ်ပြီကွ"
//မင်းတော့မိန်းမရပြီ ငါ့ကောင် Kang Taehyunရေ//
-စိတ်ထဲတွက်အပျော်ကြီးပျော်နေမိသည်။သူတို့နှစ်ယောက်လုံးရဲ့အလှပဆုံးနဲ့ တန်ဖိုးအရှိဆုံးအချိန်တွေက ထိုရွာကလေးမှာဘဲ တည်ရှိခဲ့သည်။ ထိုရွာလေးရဲ့ အချစ်ပုံပြင်တွေထဲက ရာဇဝင်တွင်လာမဲ့ ချစ်ခြင်းမျိုးပေါ့.....။-
------------------------
(Yeonjunမိတ်ဆက်~~)
ယခင်လွန်ခဲ့သော 1လခန့်က
Huntersတွေနေတဲ့နေရာ။ အတိအကျပြောရရင် Soul hunterတွေနေတဲ့ နေရာ။ taehyunတို့ရှိတဲ့ရွာရဲ့ အနောက်ဘက်လူမတွေ့နိုင်တဲ့နေရာမှာ ကျောက်ဆောင်ဂူတစ်ခုရှိတယ်။ အဲ့နေရာရဲ့အနက်ဆုံးအပိုင်းမှာ Soul hunterတွေနေတယ်။ သူတို့က လူတစ်ယောက်ရဲ့ ပုံသဏ္ဍာန်ပေမဲ့ သူတို့ပုံစံတော်တော်များများက မြေခွေးတွေနဲ့တူကြတယ်။လူဖြစ်တည်မှုလည်းမဟုတ်သလို တိရစ္ဆာန် ဖြစ်တည်မှုလည်းမဟုတ်ဘူး။ နတ်ကောင်းတစ်ပါးလည်းမဟုတ်သလို နတ်ဆိုးလည်းမဖြစ်ဘူး။ ဒါဆိုဝိညာဉ်တွေလား။ ဒါလည်းမဟုတ်ပါဘူး။ အတည်တကျမရှိတဲ့ပုံစံအမျိုးမျိုးကြောင့် ပုံဖော်လို့မရပါဘူး။ သူတို့ပုံစံကိုသူတို့ချုပ်ကိုင်ကြတယ်။ လူတစ်ယောက်ကို ပုံရိပ်ပြပေးလို့ရသလို မမြင်အောင်ကွယ်ဝှက်နိုင်တဲ့အစွမ်းလည်းရှိတယ်။ သူတို့အနားကိုရောက်နေပြီဆိုရင် နေနေကြပတ်ဝန်းကျင်ကြီးကတိတ်ဆိတ်နေပြီး အစိမ်းနံတစ်ခုရတတ်ကြတယ်။ သေမင်းတွေရဲ့ တမန်တော်လို့ပြောကြပြီး အန္တရာယ်ကြီးတဲ့ ဝိညာဉ်တွေဆို အနံ့ခံလို့ရကြတယ်။ သူတို့က သိပ်ထက်မြတ်တယ်။ သူတို့ကိုလှည့်စားလို့မရဘူး။ အထူးသဖြင့်.....
"Choi Yeonjun!!! "
"ဘာလဲ။ နာမည်ခေါ်ပြီးရင်စကားပြောရတယ်။ နားမလည်ဘူးလား။"
"ကြီးကျယ်လိုက်တာ....ခေါ်တော့ဘာဖြစ်လဲ။
Choi Yeonjun
Choi Yeonjun
Choi Yeonjun.....ဘလာ ဘလာ...."
-သူ့အနားသို့ အလင်းကဲ့သို့သောအရှိန်၊ မိုးကြိုးကဲ့သို့သော မျက်စောင်းများဖြင့်ရောက်လာခဲ့သည်။
"မင်းနောက်တစ်ခါထပ်ပြီး အကြီးအကဲဆီမှာ ဝန်ခံကတိစာရေးချင်လို့လား။ ငါ့ကိုရန်လာမစနဲ့။ ငါ့ဘာသာငါ အေးဆေးနေနေတာ....။"
"အေး....အေးပါကွာ။ မစေတာ့ပါဘူး။ တောင်းပန်ပါတယ် အသက်ချမ်းသာပေးပါ။...."
"သွား...."
-အေးဆေးလေးတစ်ချက်သာတွန်းထုတ်ပြီး သူထိုင်နေသည့်နေရာသို့ ပြန်သွားကာ အမဲရောင်ရှိသည့်ပန်းသီးတစ်လုံးကိုသာ ထိုင်စားနေသည်။-
"ဟေ့ကောင် Yeonjun....အဲ့အသီးကိုစားပြန်ပြီလား။
ထပ်မစားနဲ့တော့....တော်ကြာ စွမ်းအင်မထိန်းချုပ်နိုင်ဘဲနေမယ်။"
"အေးပါ...ငါသိပါတယ်။"
"အငယ်တွေရှေ့တော့လေးစားသမှုဆက်ဆံပါ။"
-သူနဲ့ပြောနေသူမှာ အခြားသူမဟုတ်ဘဲနဲ့ သူတို့ခေါင်းဆောင် သေမင်းတစ်ပါး....။ ထပ်ပြောရရင် yeonjunသူငယ်ချင်း။ သူနှင့်အရည်အချင်းတူသည့် Soul hunterတစ်ယောက်။ yeonjunက သေမင်းအဆင့်ဖြစ်နေပြီဆိုပေမဲ့ ဆိုးလွန်းလို့ အထက်ဘုရင့်အမိန့်အရ ရာထူးစွမ်းအင်တိုးပိုင်ခွင့် နှစ်တစ်ရာပိတ်ပင်ခံထားရသည်။ ၄င်းနှစ်တစ်ရာမှာလည်း ပြည့်လုနီးပါးဖြစ်နေပြီမလို့ yeonjunတစ်ယောက်ခြေငြိမ်နေရခြင်း။ သူငယ်ချင်းအကြံပေးချက်အရ သူ့လက်အောက်တွင်လာရောက်နေထိုင်ရသည်။ ကုန်းပတ်ရွာရဲ့ Soul hunter တွေထဲမှာတော့ သေမင်းတမန်တော်ပြီးလျှင် yeonjunသာဖြစ်သည်။
ဘယ်သူမှသိပ်ပြီးပြန်မပြောရဲကြ.....။
//အမည်- Choi Yeonjun
အသက်- နှစ်2600နီးပါး(ရိုးရိုးအသက်နှင့်တွက်မည်ဆိုလျှင် 26နှစ်။)
အလုပ်အကိုင်- Soul hunter။
ဆိုးသွမ်းတဲ့ နတ်ဆိုးဆိုပြီး လူတွေသိလာခဲ့သည်မလို့ အပြစ်ပေးတဲ့အနေနဲ့ သက်တမ်းနှစ်100ကို စွမ်းအင်ရပ်တန့်ခြင်းခံထားရသူ။ အချစ်ဦးကိုစောင့်စားနေသည့်သူ။ //
"Yeonjun....မင်အပြစ်မင်းသိတယ်နော်။"
"ဘာလဲ....ထပ်ပြီး ဝိညာဉ်နောက်တစ်ကောင်ဖမ်းပေးရဦးမှာလား။ ဘယ်ကလည်း ဘာအတွက်ကြောင့်ဒီလိုဖြစ်နေရတယ်ဆိုတာကိုပါ တစ်ခါတည်းပြောလိုက်။"
ဘုတ်......။
-သူရှေ့ကိုပစ်ချလိုက်သော စာအုပ်တစ်အုပ်။ ထိုစာအုပ်ကိုမြင်ရလွန်း၍လည်းရူးချင်နေပြီ။ အဲ့ဒီစာအုပ်မှာကား ဝိညာဉ်တွေရဲ့ နာမည်နဲ့ သေဆုံးရသည့်အကြောင်းအရာ၊ ဘာကြောင့် စွဲကပ်နေရလည်းဆိုတာကိုပါ အပြည့်အစုံရေးထားပြီးသား အရာတစ္ခု။
-Yeonjunကြည့်လိုက်သည်။ ထူးဆန်းစွာဖြင့် သူနောက်ဆုံးဖမ်းပေးခဲ့သော ဝိညာဉ်ရဲ့နာမည်မှလွဲပြီးဘာမှမရှိ။ ဒါဆိုသူ့ကိုထပ်ပေးမဲ့ missionကဘာလဲ?
"ဟမ်??
ဘာလဲ...ဘာမှလည်းမရှိဘဲနဲ့ ဘာတွေလာပေးနေတာလဲ။"(yeonjun)
"အေး....
အဲ့ဒီဘာမှမရှိတာက ပြဿနာ။ အခုကုန်းပတ်ရွာအရှေ့ဘက်က ဒီနဲ့သွားရင် နှစ်မိုင်လောက်ဝေးတဲ့နေရာမှာ စံအိမ်အပျက်ကြီး တစ်လုံးရှိတယ်။"(သေမင်းတမန်တော်)
"သိတယ်။ ကျွန်တော်ကျော့ကွင်းထောင်တဲ့နေရာ။"(yeonjun)
"အေး ဟုတ်တယ်။ အဲ့နေရာမှာ ငါတို့မသိအောင်ပုန်းကွယ်နေနိုင်တဲ့ ကောင်မလေးရဲ့ဝိညာဉ်ရှိတယ်။ ဘယ်လောက်အပုန်းကောင်းလည်းဆိုရင် စာအုပ်ထဲမှာ ပေါ်မလာအောင်ထိကို အလျိုကောင်းတယ်။"
"အဲ့တော့ ကျွန်တော်ကဖမ်းပေးရမယ်ပေါ့။ ဘယ်လိုဖမ်းရမှာလည်း ဘာအချက်မှမသိဘဲနဲ့....."
" သူက မကြာခင်သူ့ရဲ့စွမ်းအားကိုမြှင့်တင်ချိန် လပြည့်နေ့ကိုရောက်လာရင် လူတစ်ယောက်ရဲ့သွေးကိုသောက်ရလိမ့်မယ်။ လပြည့်နေ့ ရောက်မှသာသူ့ကိုဖမ်းနိုင်လိမ့်မယ်။ ကျန်ခဲ့တဲ့ လပြည့်နေ့တုန်းကလည်း ငါ့တို့လက်ကနေလွတ်သွားခဲ့တယ်။ သူမရဲ့သက်တမ်းက 3နှစ်လောက်ရှိနေပြီ။ သာမာန်ဝိညာဉ်တစ်ကောင်ကအဲ့လောက်အထိသက်တမ်းရှည်ကြာလာရင် နတ်ဆိုးတစ်ကောင်ဖြစ်လာတတ်တယ်ဆိုတာ မင်းအသိဘဲ။ အဲ့တော့ လပြည့်နေ့ရောက်ရင်ဖမ်းမိဖို့အသင့်ပြင်ထားပါ။ ဒါဘဲပြောမယ်။"
"ကောင်းပြီလေ။ ငါ့ကိုတစ်ခုဘဲကူညီ....သူ့ကိုဖမ်းရမဲ့နေကျရင် ငါ့ပိုင်သမျှစွမ်းအားတွေအကုန်လုံးပြန်ပေးရမယ်။ "
"ဘာ.....မရဘူး။
မင်းကိုပေးလိုက်ရင် မင်းဆိုးချင်တိုင်းဆိုးလာလိမ့်မယ်။ မဖြစ်ဘူး"
"အဲ့လိုမလုပ်ဘူးလို့ ခံဝန်ရေးမယ်။"
"နေဦး။ ဘုရင့်ကိုပြောပြပေးမယ်။"
"ပြီးရောလေ။ သွားတော့။"
-အကြောတင်းတင်းနဲ့ ဂျစ်ကန်ကန်ပြောလိုက်တဲ့ yeonjunကြောင့် သူ့သူငယ်ချင်း သေမင်းတမန်တော်ကတော့ ဒေါသတွေအလိပ်လိပ်ဖြင့်သာ ထွက်သွားလေသည်။ Choi Yeonjunဆိုတာ အဲ့လိုမျိုးဆိုးချင်တိုင်ဆိုးနဲ့သူပါလေ။-
------------------------------------------------------------------
The village
Khant_theingi
------------------------------------------------------------------
*နောက်နေ့မှပြန်လာမယ်လို့ထင်နေရင် ဒီသာသာဘယ်ဟုတ်တော့မလည်း....ဟဲဟဲ။ မတူညီတဲ့ ဇာတ်ကောင်သုံးခုအနေနဲ့ ခံစားဖတ်ရှုပေးကြပါဦး။ *