အပိုင်း၅

82 12 16
                                    

အား.......

-ထူးဆန်းတဲ့အသံကြီး။-

-ထိုအသံကြောင့် ဆေးခန်းက taehyunရော၊ ကုသဆောင်က soobinတို့ပါ နိုးလာခဲ့သည်။ လူနာခန်းထဲကလာနေသလိုမျိုး။ ထိုအခန်းထဲမှာလည်း CEOရဲ့အလောင်းကလွဲပြီး ဘာမှမရှိ။ -

"ဟျောင့်...အဲ့ဒါက လူနာဆောင်ကနေလာတာမလား။"(beomgyu)

"အင်း ဟုတ်တယ်။"(soobin)

"ဘာဖြစ်ကြတာလဲ??"(taehyun)

"ကျွန်တော်တို့လည်း ဆရာကိုလာမေးမလို့။ ဘာဖြစ်တာလည်းမသိဘူး။"(soobin)

"လူနာဆောင်ဘက်ကထင်တယ်။ သွားကြည့်မလား။"(huening kai)

"အင်း။"(beomgyu)

-Dr.Kangရယ်၊ အဖွဲ့မှူး soobinရယ်၊ မန်နေဂျာhuening kaiရယ်၊ လက်ထောက်မန်နေဂျာလေး beomgyuရယ်ကတော့ လူစုပြီး လူနာဆောင်အတွင်းသို့ဝင်ချိန် ကုတင်ပေါ်က CEO၏အလောင်းမှာ ပျောက်ချင်းမလှပျောက်သွားပြီး မည်သူမှရှိမနေသလို မည်သည့်အရာမှလည်းမတွေ့ချေ။-

"C...CEOရဲ့အလောင်းရော??"(beomgyu)

-ထိုအချိန် အခန်းထဲဝင်လာတဲ့ သူ။-

"ပြဿနာတက်ပြီ။ မင်းတို့လူအလောင်းက နတ်ဆိုးတစ်ကောင်ဆီပါသွားပြီ။"(yeonjun)

"ဘာ....ဘယ်လိုလုပ်ပါသွားရတာလည်း။ မဖြစ်နိုင်တာတွေ။"(taehyun)

"အင်းပေါ့။ Dokuraဆိုရင်တော့မဖြစ်နိုင်တာမရှိဘူးပေါ့။"(yeonjun)

-အေးအေးလူလူနှင့်ပင် ခေါင်းလေးလှုပ်ရမ်းကာ ဆိုလာသောသူ။-

"Dukura?? အဲ့ဒါဘယ်သူလည်း"(huening kai)

"Dukura မဟုတ်ဘူး။!!!!!! Dokura။
သူကနတ်ဆိုးတကောင်။ ပြောရရင် နတ်ဆိုးတွေထဲမှာ စွမ်းအားအမြင့်ဆုံးနဲ့အဆိုးသွမ်းဆုံးနတ်ဆိုးဘဲ။ ပြီးတော့သူက နတ်ဘုရား Simonရဲ့ သားတော်တစ်ပါးဘဲ။ ဘယ်သူမှလည်း လွယ်လွယ်နဲ့မထိရဲကြသလို ပြန်လည်းမခုခံရဲကြဘူး။ သူကလိုချင်တာမရရအောင်ယူတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာလောက်က သူ့ကို ငါတို့hunterတွေနဲ့ နတ်ဘုရားတွေပူးပေါင်းပြီး ချုပ်နှောင်ထားဖူးတယ်။ ဒါပေမဲ့ အခုတော့ သူ့ကို တစ်ယောက်ယောက်ကပြန်လွှတ်ပေးလိုက်ကြတယ်။ ဘယ်လိုမိုက်မဲတဲ့လူက သူ့ကိုလွှတ်ပေးလိုက်လည်းတော့မသိဘူး။ "(yeonjun)

The Village (Hiatus) Wo Geschichten leben. Entdecke jetzt