ငရဲမှလာသောသူ (Chapter 1201-14...

By Hanshin_no

62.2K 6.6K 128

⚠️Notice : This is not BL⚠️ Chapter 1201-1400 English Title: The Man from Hell Original Author: Autumn Wind 1... More

Chapter 1201
Chapter 1202
Chapter 1203
Chapter 1204
Chapter 1205
Chapter 1206
Chapter 1207
Chapter 1208
Chapter 1209
Chapter 1210
Chapter 1211
Chapter 1212
Chapter 1213
Chapter 1214
Chapter 1215
Chapter 1216
Chapter 1217
Chapter 1218
Chapter 1219
Chapter 1220
Chapter 1221
Chapter 1222
Chapter 1223
Chapter 1225
Chapter 1226
Chapter 1227
Chapter 1228
Chapter 1229
Chapter 1230
Chapter 1231
Chapter 1232
Chapter 1233
Chapter 1234
Chapter 1235
Chapter 1236
Chapter 1237
Chapter 1238
Chapter 1239
Chapter 1240
Chapter 1241
Chapter 1242
Chapter 1243
Chapter 1244
Chapter 1245
Chapter 1246
Chapter 1247
Chapter 1248
Chapter 1249
Chapter 1250
Chapter 1251
Chapter 1252
Chapter 1253
Chapter 1254
Chapter 1255
Chapter 1256
Chapter 1257
Chapter 1258
Chapter 1259
Chapter 1260
Chapter 1261
Chapter 1262
Chapter 1263
Chapter 1264
Chapter 1265
Chapter 1266
Chapter 1267
Chapter 1268
Chapter 1269
Chapter 1270
Chapter 1271
Chapter 1272
Chapter 1273
Chapter 1274
Chapter 1275
Chapter 1276
Chapter 1277
Chapter 1278
Chapter 1279
Chapter 1280
Chapter 1281
Chapter 1282
Chapter 1283
Chapter 1284
Chapter 1285
Chapter 1286
Chapter 1287
Chapter 1288
Chapter 1289
Chapter 1290
Chapter 1291
Chapter 1292
Chapter 1293
Chapter 1294
Chapter 1295
Chapter 1296
Chapter 1297
Chapter 1298
Chapter 1299
Chapter 1300
Chapter 1301
Chapter 1302
Chapter 1303
Chapter 1304
Chapter 1305
Chapter 1306
Chapter 1307
Chapter 1308
Chapter 1309
Chapter 1310
Chapter 1311
Chapter 1312
Chapter 1313
Chapter 1314
Chapter 1315
Chapter 1316
Chapter 1317
Chapter 1318
Chapter 1319
Chapter 1320
Chapter 1321
Chapter 1322
Chapter 1323
Chapter 1324
Chapter 1325
Chapter 1326
Chapter 1327
Chapter 1328
Chapter 1329
Chapter 1330
Chapter 1331
Chapter 1332
Chapter 1333
Chapter 1334
Chapter 1335
Chapter 1336
Chapter 1337
Chapter 1338
Chapter 1339
Chapter 1340
Chapter 1341
Chapter 1342
Chapter 1343
Chapter 1344
Chapter 1345
Chapter 1346
Chapter 1347
Chapter 1348
Chapter 1349
Chapter 1350
Chapter 1351
Chapter 1352
Chapter 1353
Chapter 1354
Chapter 1355
Chapter 1356
Chapter 1357
Chapter 1358
Chapter 1359
Chapter 1360
Chapter 1361
Chapter 1362
Chapter 1363
Chapter 1364
Chapter 1365
Chapter 1366
Chapter 1367
Chapter 1368
Chapter 1369
Chapter 1370
Chapter 1371
Chapter 1372
Chapter 1373
Chapter 1374
Chapter 1375
Chapter 1376
Chapter 1377
Chapter 1378
Chapter 1379
Chapter 1380
Chapter 1381
Chapter 1382
Chapter 1383
Chapter 1384
Chapter 1385
Chapter 1386
Chapter 1387
Chapter 1388
Chapter 1389
Chapter 1390
Chapter 1391
Chapter 1392
Chapter 1393
Chapter 1394
Chapter 1395
Chapter 1396
Chapter 1397
Chapter 1398
Chapter 1399
Chapter 1400

Chapter 1224

362 38 1
By Hanshin_no

စာစဉ် 82 Chapter 1224 မင်းမှာ အခွင့်အရေး တစ်ကြိမ် ထပ်ရှိမယ်

*လောကအပြင်ဘက် ဟင်းလင်းပြင်ထဲကနေ ကြယ်တာရာတစ်လုံးကို ဆွဲခေါ်နိုင်တာက ဘယ်လို နည်းလမ်းကြီးလဲ*

*ဒါက ရှောင်နန်ရဲ့ နေလုံးပုံစံ ပြောင်းတာထက်အောင် ကြောက်စရာကောင်းသေးတယ်*

*ဘာလို့လဲဆိုတော့ ဒါကြီးက တကယ့် ကြယ်တာရာ အစစ်ကြီးလေ*

"မင်း ... မင်း ဘယ်သူလဲ"

ယဲ့မိသားစု သွေးပျက်သွားသည်။

"မင်း ... မင်း ဘယ်သူလဲ"

တစ်ဖက်လူက ဘာတစ်ခွန်းမှ မပြောဘဲ သူတို့ကို သတ်ခဲ့သည်။ သူ သတ်သည့်နည်းလမ်းကလည်း ကြယ်တာရာ တစ်လုံးကို ဆွဲယူ၍ သတ်သည့် နည်းလမ်း ဖြစ်နေ၏။

လက်ရှိအခြေအနေက စိုးရိမ်စရာ ကောင်းနေသဖြင့် သူတို့ မေးခွန်း မေးကိုမေးမှ ဖြစ်ပေတော့မည်။ အကယ်၍ သူတို့ မမေးပါက သူတို့၏ ဂုဏ်သတင်း ကျဆင်းသွားရလိမ့်မည်။

"ယဲ့ဘုရင်၊ သူက ယဲ့ဘုရင်ပဲ"

ရုတ်တရက် ယဲ့မိသားစုဝင်တစ်ယောက်က ကြောက်လန့်တကြား ထအော်လေသည်။

"သူ ဒီနည်းလမ်းမျိုး သုံးတာကို ငါ မြင်ဖူးတယ်၊ သူပဲ ဖြစ်ရမယ်၊ မမှားနိုင်ဘူး"

"ဘာ"

ရှောင်နန်နှင့် အခြားသူများ အမူအရာ ပြောင်းလဲသွားကြသည်။

*ဒီကောင်က ယဲ့ဘုရင် ဖြစ်နေတာလား*

ယဲ့ဖန်ကို မမြင်ဖူးကြသည့် ဖန်သားပြင်မှ ကြည့်နေသူတစ်ချို့လည်း ချက်ချင်း ဂနာမငြိမ် ဖြစ်လာကြသည်။ ယဲ့ဖန်က အလွန် ငယ်ရွယ်နေသဖြင့် မယုံသင်္ကာဖြစ်နေလေသည်။

"အဲ့ကောင် ရှောင်နန်ရှေ့မှာ ပေါ်လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ကြည့်ရတာ သူက ငကြောက် မဟုတ်ဘဲ အရူး ထင်တယ် ဟားဟားဟား"

"ဟားဟားဟား ဟုတ်တယ်၊ သူက အရူးပဲ၊ သူက အရူး မဟုတ်ရင် ဘာလို့ သူက ဒီလိုအတွေးရှိမှာလဲ"

"မင်းတစ်ယောက်တည်းအားနဲ့ ဘုရင် ခုနစ်ပါး၊ ရှစ်ပါးကို တစ်ပြိုင်တည်း တိုက်ကြည့်ပါလား"

"ရှောင်နန် သူ့ကို သတ်လိုက်၊ ငါတို့နဂါးမြို့တော်ရဲ့ ဂုဏ်သိက္ခာကို သက်သေပြလိုက်ကွာ"

သို့သော် တိုက်ရိုက်ထုတ်လွှင့်သည့် ဖိုရမ်များမှ မှတ်ချက်များက သနားစရာ ကောင်းလှသည်။ အဓိက ဖိုရမ်များမှ ပြန်ဖြေသော မှတ်ချက်များက အနည်းငယ်မျှသာ ရှိလေသည်။

တစ်ခဏအကြာတွင် တက်တက်ကြွကြွ ရှိနေသော လေထုက ဘာကြောင့်မှန်းမသိဘဲ တိတ်ဆိတ်လာ၏။

"လူတွေ ဘယ်ရောက်ကုန်တာလဲ၊ သူတို့အားလုံး အသတ်ခံလိုက်ရတာလား"

"ဟေ့ ငါ တိုက်ရိုက်ထုတ်လွှင့်တာကို ထောင်ချီတဲ့လူတွေနဲ့ အတူတူ ကြည့်နေတာလေ၊ ဘယ်လိုလုပ် ဒါဇင် လောက်လေးပဲ ကျန်တော့တာလဲ၊ ငါ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖိုရမ်အတုကြီးကို ရောက်နေတာလား"

"အားလုံးပဲ ယဲ့ဘုရင်ကို ကျိန်ဆဲကြဦးလေ၊ မင်းတို့ပဲ ခုနက ပျော်နေတာ မဟုတ်ဘူးလား၊ ဘာလို့ အသံ မထွက် တော့တာလဲ"

"ပင်လယ်နက်သခင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်က နှောင့်ယှက်ခံလိုက်ရတယ် ..."

"ယင်အဆိပ် အလောင်းဘုရင်ဟာရောပဲ၊ ခုနလေးတင် ငါ ပုံတွေ့လိုက်သေးတယ်၊ ငါ ခဏလေးပဲ သန့်စင်ခန်း သွားတာကို ဘာမှမရှိတော့ဘူး၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲက လူတိုင်း ပြေးကုန်ပြီ"

"မဟုတ်မှလွဲရော ..."

ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသဖြင့် တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ လူတိုင်း ဂနာမငြိမ် ဖြစ်လာကြသည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မင်း တကယ် လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မင်း ရောက်လာမှတော့ ပြန်ထွက်သွားလို့ မရနိုင်စေရဘူး"

နလန်ရှောင်နှင့် အခြားသူများအားလုံး မထီမဲ့မြင် ပြုံးလိုက်ကြသည်။ သူတို့က အေးစက်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လာ၏။

ယဲ့ဖန်က ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလိုက်ပြီး လက်ညှိုးတစ်ချောင်းကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုအခါ သူ့လက်ချောင်းထိပ်မှ အနက်ရောင် အလင်းတန်းတစ်ခု ထွက်လာသည်။

"ရွှစ်"

ယဲ့မိသားစုဝင်များထဲမှ တစ်ယောက်၏ နဖူးကို ထိုအလင်းတန်းက ထိုးဖောက်သွားသဖြင့် ရုတ်တရက်ဆိုသလို သေဆုံးသွားပြီး မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။ ယဲ့ဖန်က အဆက်မပြတ် လက်ညှိုးလိုက်ညျွန်င တစ်ယောက်ပြီး တစ်ယောက်ကို သတ်နေလေသည်။

ယဲ့မိသားစုမှ သိုင်းပညာရှင်များသည် သွေးပျက်သွားသော မျက်လုံးများဖြင့် အလန့်တကြား အော်ဟစ်လာကြသည်။ သို့သော် ထိုအချိန်မှာပင် သူတို့၏ နဖူးမှ သွေးများ စီးကျလာပြီး ပွဲချင်းပြီး သေသွားကြလေသည်။

"မင်း ..."

ရှောင်နန် ရုတ်တရက် ဒေါသူပုန် ထလာသည်။

*ဒီမျိုးမစစ်လေးက ငါ့ရှေ့မှာ တကယ် လူသတ်ရဲတာပဲ၊ ဒါ ငါ့ကို အရှက်ခွဲလိုက်တာ*

ထို့အတူ သူ့၌ တုံ့ပြန်ချိန်ပင် မရလိုက်သလို ယဲ့ဖန် မည်သို့လုပ်လိုက်မှန်း သူပင် မသိချေ။

"စိတ်မပူနဲ့၊ ဒီအမှိုက်တွေကို သတ်ပြီးရင် မင်းက နောက်အလှည့်ပဲ"

ယဲ့ဖန်၏ စကားလုံးများက အလွန်အမင်း အေးစက်ပြီး မည်သည့် ခံစားချက်မှ ပါဝင်ခြင်းမရှိဘဲ အသေးအဖွဲ ကိစ္စလေးအား ပြောနေသလိုပင်။ သို့သော် လူတိုင်း၏စိတ်ထဲတွင် သူ့စကားက မုန်တိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းလာ၏။

*အမှိုက်တဲ့လား*

*ယဲ့ဘုရင်အတွက် ယဲ့မိသားစုက အမှိုက်တွေလား၊ ရှောင်နန်က ငါတို့ထက် နည်းနည်းလေးပဲ သန်မာတာကို*

*မောက်မာလွန်းတယ်*

နိုင်ငံတစ်ဝှမ်းမှ ကြည့်ရှုနေသူများအားလုံး ကြက်သေ သေသွားကြသည်။

*ဘယ်လိုတောင်‌ ကြောက်စရာကောင်းတဲ့လူလဲ*

*သူက နာမည်ကျော် မိသားစုကို အထင်သေးတဲ့အပြင် ဘုရင်တစ်ပါးကိုလည်း ပုရွက်ဆိတ်လို့ သတ်မှတ် နေသေးတယ်၊ မယုံနိုင်စရာပဲ*

တစ်ချိန်တည်းမှာပင် ယဲ့ဖန်က လောကအပြင်ဘက်မှ ကြယ်တာရာတစ်လုံးကို ဆွဲယူ၍ ဘုရင်တစ်ပါးအား ကြောက်လန့်သွားအောင် လုပ်နိုင်သဖြင့် လူတိုင်း ထိတ်လန့်နေကြသည်။

နဂါးမြို့တော်တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။ အစပိုင်း၌ ယဲ့ဖန်ကို သတ်ဖြတ်ခြင်းက ခွေးတစ်ကောင်ကို သတ်သကဲ့သို့ လွယ်ကူလိမ့်မည်ဟု သူတို့ ထင်ခဲ့မိသည်။ သို့သော် ယခုအခါ၌ ထိုသို့ မဟုတ်ချေ။

*အခုတောင် ယဲ့ဖန်ရဲ့လက်ထဲမှာ ဘုရင်နှစ်ပါး သေသွားပြီးပြီ၊ ရှောင်နန်က တတိယမြောက်လူ ဖြစ်လာမှာလား*

သူတို့ သေချာပေါက် ပြောနိုင်သည်မှာ နတ်ဆိုးနှင့်တူသော ဤလူသာ ဖျင်အန်းမြိုု့၌ လူသတ်နေသည့် ဘုရင်များ အားလုးကို သတ်လိုက်ပါက တစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်သွားလိမ့်မည် ဖြစ်သည်။

"မျိုးမစစ်ကောင် ငါ မင်းကို ပြာဖြစ်တဲ့အထိ လောင်ကျွမ်းအောင် လုပ်ပစ်မယ်ကွ"

ရှောင်နန် ဒေါသူပုန်ထသွားသည်။ သူ မွေးလာကတည်းက ဤသို့ တစ်ခါမှ စော်ကားမခံခဲ့ရပေ။ သူသည် ပါရမီရှင်အဖြစ် သတ်မှတ်ခံရပြီး နေမင်းသားတော်ဟု ကျော်ကြားကာ သူ့အား မြင်သူမှ အထင်မသေးရဲချေ။ ယဲ့ဖန်က သူ့ကို အားလုံးရှေ့၌ သူ၏ မာနနှင့် ဂုဏ်သိက္ခာကို နင်းချေသဖြင့် အလွန် ဒေါသထွက်လာရသည်။

"ဝုန်း"

သူ့ခန္ဓာကိုယ်မှ အပူလှိုင်းများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး နေတစ်စင်း ကျဆင်းလာသကဲ့သို့ အောက်ဘက် မြေပြင်မှ အရာအားလုံးကို လောင်ကျွမ်းစေတော့သည်။ မိုးမျှော်အဆောက်အဦးများအားလုံး ပြာဖြစ်သွားပြီး ဆယ်မိုင် ပတ်လည်အတွင်း ကပ်ဆိုက်သလို ဖြစ်သွားလေသည်။

ဤမြင်ကွင်းက ကမ္ဘာပျက်ခြင်းဟု ရည်ညွှန်းနိုင်ပေသည်။ တစ်ဟုန်ထိုး တိုးပွားလာသော ရွှေရောင် အလင်းတန်း၌ အဆုံးအစမဲ့သော အဖျက်စွမ်းအင်များ ပါဝင်နေပြီး ၎င်းက ယဲ့ဖန်ကို လွှမ်းခြုံလာ၏။

"အဲ့ကောင်တော့ သေပြီ၊ သူသာ ရှောင်နန်နဲ့ တအား နီးသွားရင် ရှောင်နန်ကိုယ်က ယန်စွမ်းအင်တွေကြောင့် လောင်ကျွမ်းပြီး ပြာဖြစ်သွားမှာ၊ သူ ပွဲချင်းပြီး သေမှာပဲ"

"သူ တိုက်ခိုက်တာက သေတွင်း တူးလိုက်တာပဲ၊ ကျန်းယန် ကျင့်စဉ်ရဲ့ သိုင်းကွက်အားလုံးက ဖျက်ဆီးနိုင်တဲ့ သိုင်းကွက်တွေချည်းပဲ၊ ပူပြင်းတဲ့ ယန်စွမ်းအင်ကတင် ကောင်းကင်ကို လောင်ကျွမ်းပြီး မြေပြင်ကို ပျက်စီး စေနိုင်တယ်၊ ဒီကောင် အခါတစ်ထောင် သေရင်တောင် မလုံလောက်ဘူး"

နဂါးမြို့တော်ဘက်မှ လူတစ်စုံက လှောင်ပြောင်ပြီးရင်း လှောင်ပြောင်ကာ စိတ်အေးသလို သက်ပြင်း ချလိုက်ကြသည်။

ဤသို့သော မိစ္ဆာကောင်မျိုး၏ တည်ရှိမှုက နဂါးမြို့တော်အတွက် ခြိမ်းခြောက်မှုတစ်ခုပင်။ သူသည် နဂါး မြို့တော်အား အချိန်မရွေး ဝရုန်းသုန်းကာ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိပေသည်။

*ရှောင်နန်က သန်မာနေလို့‌ တော်သေးတယ်*

*ကျန်းယန်ကျင့်စဉ်က တကယ့်ကို ပြိုင်စံရှားတဲ့ လူသတ်သိုင်းကျမ်းပဲ*

"ဝုန်း"

လူတိုင်း ဝမ်းသာအားရ ဖြစ်ကာ ယဲ့ဖန်၏ သေဆုံးခြင်းက ဘယ်လိုပုံရှိမလဲ ဆွေးနွေးနေချိန်တွင် ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ကျဆင်းလာသဖြင့် သူတို့အားလုံး အာရုံပျက်သွားပြီး အပြုံးများလည်း ပျောက်ကွယ် သွားလေသည်။

ယန်စွမ်းအင် မီးတောက်က ဖျင်အန်းမြို့ပေါ်သို့ အရှိန်ဖြင့် ကျလာသည်။ သို့သော် ထိုအခိုက်တွင် လက်တစ်ဖက်က ရုတ်တရက် ဆန့်တန်းလာပြီး ရွှေရောင် အလင်းတန်များ ထွက်ပေါ်လာကာ ရှောင်နန်၏ နဖူးထံ ကျရောက် သွားသည်။ ရုတ်ချည်းဆိုသလိုပင် ရှောင်နန်၏ နဖူးမှ သွေးများ စီးကျလာ၏။

ရှောင်နန်၏ အမူအရာသည်လည်း အေးစက်တောင့်တင်းသွားပြီး ဧရာမတောင်ကြီးတစ်လုံးက သူ့ပေါ် ကျလာသည်ဟု ခံစားမိကာ မွန်းကြပ်လာလေသည်။

ထိုအခိုက်တွင် လူတိုင်း ပါးစပ်ပိတ်သွားကြသည်။ ယခင်က စိတ်လှုပ်ရှား၍ စော်ကားပုတ်ခတ်ခဲ့သော ပွဲကြည့်ပရိသတ်များသည် လည်ပင်းကို အညှစ်ခံထားရသည်ဟု ခံစားမိလာပြီး ငြိမ်ကျသွားသည်။

သူတို့၏ မျက်စိရှေ့မှ မြင်ကွင်းက သူတို့အား ဖြတ်ရိုက်လိုက်သလိုပင်။ ထိုစဉ် ယဲ့ဖန်၏ ပုံရိပ် ပေါ်လာသည်။ သို့သော် သူ့ပုံစံက ယခင်အတိုင်း ခံစားချက် မရှိဟန် ပေါ်နေကာ ဘာဒဏ်ရာမှ မရှိပေ။ ကျန်းယန် ကျင့်စဉ်က သူ့အတွက် ထိရောက်မှု မရှိသလိုပင်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ကျန်းယန်ကျင့်စဉ်၏ ခွန်အားက ပင်လယ်ကို အငွေ့ပျံ၍ ခြောက်သွေ့စေပြီး ဖျင်အန်း တစ်မြို့လုံးကို တစ်ခဏအတွင်း ပြာဖြစ်သွားစေနိုင်သည်။

ဤသို့ ကြောက်စရာကောင်းသော အပူချိန်က ပိုမို၍ သိုင်းအဆင့် မြင့်မားလာလျင် တစ်လောကလုံးကို ဖျက်ဆီး နိုင်ပေသည်။

ယဲ့ဖန်သည် ရှောင်နန်နှင့် အလွန် နီးကပ်စွာ ရှိနေပြီး အပူလှိုင်းကို ခံစားခဲ့ရသဖြင့် ထိခိုက်မှုက ကြီးမားသင့် သော်လည်း ဘာမှမဖြစ်ပေ။ သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများတောင်မှ ဘာမှမဖြစ်ချေ။

သို့သော် ပို၍ထူးဆန်းသည့်အချက်မှာ ယဲ့ဘုရင်သည် ထိခိုက်မှု မရှိရုံသာမက ရှောင်နန်၏ နဖူးကို လက်ညှိုးထိုး လိုက်ချိန်တွင် ရှောင်နန်၏ နဖူးမှ သွေးများ စီးကျလာခဲ့သည်။ ထိုလက်ချောင်း၌ လူသတ်လိုသော အရှိန်အဝါများ ပါနေပါက ရှောင်နန် ဘာဖြစ်သွားမည်နည်း။ လူတိုင်း နှလုံးခုန် ရပ်မတတ် ဖြစ်သွားကြသည်။

*နတ်ဆိုး*

*ဒီကောင်က တကယ့် နတ်ဆိုးပဲ*

အရာအားလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး ဖန်သားပြင်ရှေ့၌ ထိုင်နေသော လူများအားလုံး အသက်ရှူ အောင့်ကာ ငိုင်၍ ကြည့်နေသည်။

*ဒီလူက သန်မာလွန်းတယ်၊ သူ့နည်းလမ်းတွေက တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်တာတွေချည်းပဲ*

ယဲ့ဖန် ရှောင်နန်ကို သတ်တော့မည်ဟု လူတိုင်း ထင်လိုက်သည့်အချိန်တွင် ယဲ့ဖန်က စကားစလာသည်။

"မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်"

*အထင်သေးတာ*

*ဒါ နတ်ဘုရားကနေ သာမန်လူကို အထင်သေးတဲ့ပုံစံမျိုးပဲ*

ထိုစကားက နိုင်ငံအနှံ့မှာ လူများအားလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။

*နောက်ထပ် အခွင့်အရေး*

*ဒါ ရှောင်နန်ကို ထပ်သတ်မယ့် အကြံလား*

လူတိုင်း သေချာအောင် အာရုံစိုက်၍ ကြည့်နေစဉ်တွင် ယဲ့ဖန်က ရှောင်နန်၏နဖူးကို ထပ်၍ လက်ညှိုးထိုးလိုက်ပြီး နောက်သို့ ပြန်ဆုတ်၍ ခပ်လှမ်းလှမ်း၌ နေရာယူလိုက်သည်။ ထို့နောက် ယဲ့ဖန်က ရှောင်နန်ကို တည်ငြိမ်စွာ ပြန်ကြည့်နေလိုက်သည်။

*တကယ် ငါ့ကို အခွင့်အရေး ပေးတာလား*

*အထင်သေးတာပဲ*

*သူ့မျက်လုံးထဲမှာ ရှောင်နန်ကို ခွေးတွေကြောင်တွေလောက်တောင် တန်ဖိုးမရှိဘူးလို့ မြင်နေတာလား*

ယဲ့ဖန်က သူ့ကို တကယ် အခွင့်အရေး ပေးရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ သူ့ကိုယ်သူ သတ်သေပြနိုင်မည့် အခွင့်အရေး ဖြစ်လေသည်။ သို့မဟုတ် ယဲ့ဘုရင်ကို ကျေနပ်စေမည့် အခွင့်အရေးမျိုးများလား။

လက်ရှိတွင် ယဲ့ဖန်သည် အထက်စီးဆန်သထက် ဆန်လာပြီး တစ်နိုင်ငံလုံးမှ လူများက သူ၏ အထက်စီးဆန်မှုကို ကြည့်နေရသည်။

"ဒီလူက ဘယ်သူလဲ၊ ဘယ်သူမို့ ရှောင်နန်ကို တစ်ချက်တည်းနဲ့ အနိုင်ယူရအောင် သန်မာနေရတာလဲ"

အင်တာနက် အသုံးပြုသူများက ယဲ့ဖန်၏ နောက်ခံကို ဆွေးနွေးနေကြပြီး အစောပိုင်းက အဖြစ်ကြောင့် ထိတ်လန့် နေကြသည်။

ရှောင်နန်၏ တစ်မူထူးခြားသော စွမ်းအင်ကို အားကုန်ထုတ်သုံးထားသော်လည်း တစ်ဖက်လူက အသာလေး ရှင်းပစ်လိုက်သည်။ ထို့အပြင် တစ်ဖက်လူက ရှောင်နန်ကို အသက် ချမ်းသာပေးပြီး နောက်တစ်ကြိမ် အခွင့်အရေးပင် ပေးလိုက်သေးသည်။

သူ့ကိုယ်သူ အလွန် ယုံကြည်မှုရှိနေသဖြင့် ဤသည်က လူအများအား သူ့ကို ပို၍ ကြောက်လန့်လာစေသည်။

"မင်း ... ငါ့ကို လှောင်နေတာလား"

ရှောင်နန် ဒေါသထွက်သွားပြီး မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။ သူသည် ကလေးဘဝမှ လူကြီးဘဝသို့ ရောက်လာသည်အထိ သူသည် အချစ်ခံရကာ တလေးတစား ဆက်ဆံခြင်း ခံခဲ့ရသည်။ သူသည် အကြီးအကဲများ အားလုံး၏ ပါးစပ်တွင် ရှားပါး ပါရမီရှင် ဖြစ်လေသည်။

ယခုချိန်မတိုင်ခင်အထိ သူသည် အခြားသူများကို ဤသို့ အထင်သေးခဲ့ပြီး မည်သူမှ သူ့ကို အထင်မသေးရဲပေ။ ယဲ့ဖန်က သူ့မာနအား အမှိုက်ပုံထဲ ပစ်ထည့်လိုက်သကဲ့သို့ ရိုက်ချိုးခဲ့သည်။

ဤသည်က သူ့ကို သတ်လိုက်သည်ထက် ပိုနာကျင်ကာ ပိုအရှက်ရစေသည်။ ထို့ကြောင့် သူ့မျက်လုံး၌ အမုန်းတရားများ ထိန်းမရအောင် ထွက်ပေါ်လာပြီး စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။

သူ၏ခန္ဓာကိုယ်က ပြောင်းလဲလာပြီး နေတစ်စင်းမှနေ၍ ဆယ်စင်းအထိ ပြောင်းလဲသွားသည်။ ထို့နောက် ကောင်းကင်ယံ၌ နေရာယူ၍ တောက်ပစွာ လင်းလက်နေပြီး ကောင်းကင်နှင့် ပထဝီမြေကြီးအား ဖျက်ဆီးမတတ် အပူလှိုင်းများ ထုတ်လွှတ်လာလေသည်။

ထို့နောက် အပူလှိုင်းများအားလုံးက ယဲ့ဖန်ထံ ကျရောက်လာသည်။ နေဆယ်စင်း၏ အပူချိန်က ကြောက်စရာ ကောင်းလှသည်။ သို့သော် ယဲ့ဖန် အသာပြုံးလိုက်သည်။

"ငါ မင်းကို လှောင်ရဲရုံတင်မကဘူး သတ်လည်း သတ်ရဲတယ်"

#Zawgyi

စာစဥ္ 82 Chapter 1224 မင္းမွာ အခြင့္အေရး တစ္ႀကိမ္ ထပ္ရွိမယ္

*ေလာကအျပင္ဘက္ ဟင္းလင္းျပင္ထဲကေန ၾကယ္တာရာတစ္လုံးကို ဆြဲေခၚႏိုင္တာက ဘယ္လို နည္းလမ္းႀကီးလဲ*

*ဒါက ေရွာင္နန္ရဲ႕ ေနလုံးပုံစံ ေျပာင္းတာထက္ေအာင္ ေၾကာက္စရာေကာင္းေသးတယ္*

*ဘာလို႔လဲဆိုေတာ့ ဒါႀကီးက တကယ့္ ၾကယ္တာရာ အစစ္ႀကီးေလ*

"မင္း ... မင္း ဘယ္သူလဲ"

ယဲ့မိသားစု ေသြးပ်က္သြားသည္။

"မင္း ... မင္း ဘယ္သူလဲ"

တစ္ဖက္လူက ဘာတစ္ခြန္းမွ မေျပာဘဲ သူတို႔ကို သတ္ခဲ့သည္။ သူ သတ္သည့္နည္းလမ္းကလည္း ၾကယ္တာရာ တစ္လုံးကို ဆြဲယူ၍ သတ္သည့္ နည္းလမ္း ျဖစ္ေန၏။

လက္ရွိအေျခအေနက စိုးရိမ္စရာ ေကာင္းေနသျဖင့္ သူတို႔ ေမးခြန္း ေမးကိုေမးမွ ျဖစ္ေပေတာ့မည္။ အကယ္၍ သူတို႔ မေမးပါက သူတို႔၏ ဂုဏ္သတင္း က်ဆင္းသြားရလိမ့္မည္။

"ယဲ့ဘုရင္၊ သူက ယဲ့ဘုရင္ပဲ"

႐ုတ္တရက္ ယဲ့မိသားစုဝင္တစ္ေယာက္က ေၾကာက္လန႔္တၾကား ထေအာ္ေလသည္။

"သူ ဒီနည္းလမ္းမ်ိဳး သုံးတာကို ငါ ျမင္ဖူးတယ္၊ သူပဲ ျဖစ္ရမယ္၊ မမွားႏိုင္ဘူး"

"ဘာ"

ေရွာင္နန္ႏွင့္ အျခားသူမ်ား အမူအရာ ေျပာင္းလဲသြားၾကသည္။

*ဒီေကာင္က ယဲ့ဘုရင္ ျဖစ္ေနတာလား*

ယဲ့ဖန္ကို မျမင္ဖူးၾကသည့္ ဖန္သားျပင္မွ ၾကည့္ေနသူတစ္ခ်ိဳ႕လည္း ခ်က္ခ်င္း ဂနာမၿငိမ္ ျဖစ္လာၾကသည္။ ယဲ့ဖန္က အလြန္ ငယ္႐ြယ္ေနသျဖင့္ မယုံသကၤာျဖစ္ေနေလသည္။

"အဲ့ေကာင္ ေရွာင္နန္ေရွ႕မွာ ေပၚလာရဲလိမ့္မယ္လို႔ ငါ ထင္မထားမိဘူး၊ ၾကည့္ရတာ သူက ငေၾကာက္ မဟုတ္ဘဲ အ႐ူး ထင္တယ္ ဟားဟားဟား"

"ဟားဟားဟား ဟုတ္တယ္၊ သူက အ႐ူးပဲ၊ သူက အ႐ူး မဟုတ္ရင္ ဘာလို႔ သူက ဒီလိုအေတြးရွိမွာလဲ"

"မင္းတစ္ေယာက္တည္းအားနဲ႔ ဘုရင္ ခုနစ္ပါး၊ ရွစ္ပါးကို တစ္ၿပိဳင္တည္း တိုက္ၾကည့္ပါလား"

"ေရွာင္နန္ သူ႔ကို သတ္လိုက္၊ ငါတို႔နဂါးၿမိဳ႕ေတာ္ရဲ႕ ဂုဏ္သိကၡာကို သက္ေသျပလိုက္ကြာ"

သို႔ေသာ္ တိုက္႐ိုက္ထုတ္လႊင့္သည့္ ဖိုရမ္မ်ားမွ မွတ္ခ်က္မ်ားက သနားစရာ ေကာင္းလွသည္။ အဓိက ဖိုရမ္မ်ားမွ ျပန္ေျဖေသာ မွတ္ခ်က္မ်ားက အနည္းငယ္မွ်သာ ရွိေလသည္။

တစ္ခဏအၾကာတြင္ တက္တက္ႂကြႂကြ ရွိေနေသာ ေလထုက ဘာေၾကာင့္မွန္းမသိဘဲ တိတ္ဆိတ္လာ၏။

"လူေတြ ဘယ္ေရာက္ကုန္တာလဲ၊ သူတို႔အားလုံး အသတ္ခံလိုက္ရတာလား"

"ေဟ့ ငါ တိုက္႐ိုက္ထုတ္လႊင့္တာကို ေထာင္ခ်ီတဲ့လူေတြနဲ႔ အတူတူ ၾကည့္ေနတာေလ၊ ဘယ္လိုလုပ္ ဒါဇင္ ေလာက္ေလးပဲ က်န္ေတာ့တာလဲ၊ ငါ တိုက္႐ိုက္ထုတ္လႊင့္တဲ့ ဖိုရမ္အတုႀကီးကို ေရာက္ေနတာလား"

"အားလုံးပဲ ယဲ့ဘုရင္ကို က်ိန္ဆဲၾကဦးေလ၊ မင္းတို႔ပဲ ခုနက ေပ်ာ္ေနတာ မဟုတ္ဘူးလား၊ ဘာလို႔ အသံ မထြက္ ေတာ့တာလဲ"

"ပင္လယ္နက္သခင္ရဲ႕ တိုက္႐ိုက္ထုတ္လႊင့္ျခင္း ဖိုရမ္က ေႏွာင့္ယွက္ခံလိုက္ရတယ္ ..."

"ယင္အဆိပ္ အေလာင္းဘုရင္ဟာေရာပဲ၊ ခုနေလးတင္ ငါ ပုံေတြ႕လိုက္ေသးတယ္၊ ငါ ခဏေလးပဲ သန႔္စင္ခန္း သြားတာကို ဘာမွမရွိေတာ့ဘူး၊ တိုက္႐ိုက္ထုတ္လႊင့္ျခင္း ဖိုရမ္ထဲက လူတိုင္း ေျပးကုန္ၿပီ"

"မဟုတ္မွလြဲေရာ ..."

႐ုတ္တရက္ မေကာင္းေသာ ခံစားခ်က္တစ္ခုကို ခံစားလိုက္ရသျဖင့္ တိုက္႐ိုက္ ထုတ္လႊင့္ျခင္း ဖိုရမ္ထဲမွ လူတိုင္း ဂနာမၿငိမ္ ျဖစ္လာၾကသည္။

"ေကာင္းတယ္၊ သိပ္ေကာင္းတယ္၊ မင္း တကယ္ လာရဲလိမ့္မယ္လို႔ ငါ ထင္မထားမိဘူး၊ မင္း ေရာက္လာမွေတာ့ ျပန္ထြက္သြားလို႔ မရႏိုင္ေစရဘူး"

နလန္ေရွာင္ႏွင့္ အျခားသူမ်ားအားလုံး မထီမဲ့ျမင္ ၿပဳံးလိုက္ၾကသည္။ သူတို႔က ေအးစက္ေသာ မ်က္လုံးမ်ားျဖင့္ ယဲ့ဖန္ကို စိုက္ၾကည့္လာ၏။

ယဲ့ဖန္က ေၾကာက္စရာေကာင္းေသာ အၿပဳံးမ်ိဳး ၿပဳံးလိုက္ၿပီး လက္ညႇိဳးတစ္ေခ်ာင္းကို ေရွ႕သို႔ ဆန႔္ထုတ္လိုက္သည္။ ထိုအခါ သူ႔လက္ေခ်ာင္းထိပ္မွ အနက္ေရာင္ အလင္းတန္းတစ္ခု ထြက္လာသည္။

"႐ႊစ္"

ယဲ့မိသားစုဝင္မ်ားထဲမွ တစ္ေယာက္၏ နဖူးကို ထိုအလင္းတန္းက ထိုးေဖာက္သြားသျဖင့္ ႐ုတ္တရက္ဆိုသလို ေသဆုံးသြားၿပီး ေျမႀကီးေပၚသို႔ ဘုန္းခနဲ လဲက်သြားသည္။ ယဲ့ဖန္က အဆက္မျပတ္ လက္ညႇိဳးလိုက္ညြၽန္င တစ္ေယာက္ၿပီး တစ္ေယာက္ကို သတ္ေနေလသည္။

ယဲ့မိသားစုမွ သိုင္းပညာရွင္မ်ားသည္ ေသြးပ်က္သြားေသာ မ်က္လုံးမ်ားျဖင့္ အလန႔္တၾကား ေအာ္ဟစ္လာၾကသည္။ သို႔ေသာ္ ထိုအခ်ိန္မွာပင္ သူတို႔၏ နဖူးမွ ေသြးမ်ား စီးက်လာၿပီး ပြဲခ်င္းၿပီး ေသသြားၾကေလသည္။

"မင္း ..."

ေရွာင္နန္ ႐ုတ္တရက္ ေဒါသူပုန္ ထလာသည္။

*ဒီမ်ိဳးမစစ္ေလးက ငါ့ေရွ႕မွာ တကယ္ လူသတ္ရဲတာပဲ၊ ဒါ ငါ့ကို အရွက္ခြဲလိုက္တာ*

ထို႔အတူ သူ႔၌ တုံ႔ျပန္ခ်ိန္ပင္ မရလိုက္သလို ယဲ့ဖန္ မည္သို႔လုပ္လိုက္မွန္း သူပင္ မသိေခ်။

"စိတ္မပူနဲ႔၊ ဒီအမႈိက္ေတြကို သတ္ၿပီးရင္ မင္းက ေနာက္အလွည့္ပဲ"

ယဲ့ဖန္၏ စကားလုံးမ်ားက အလြန္အမင္း ေအးစက္ၿပီး မည္သည့္ ခံစားခ်က္မွ ပါဝင္ျခင္းမရွိဘဲ အေသးအဖြဲ ကိစၥေလးအား ေျပာေနသလိုပင္။ သို႔ေသာ္ လူတိုင္း၏စိတ္ထဲတြင္ သူ႔စကားက မုန္တိုင္းထန္ေသာ ပင္လယ္ျပင္ကဲ့သို႔ေသာ ခံစားခ်က္မ်ိဳး ေပးစြမ္းလာ၏။

*အမႈိက္တဲ့လား*

*ယဲ့ဘုရင္အတြက္ ယဲ့မိသားစုက အမႈိက္ေတြလား၊ ေရွာင္နန္က ငါတို႔ထက္ နည္းနည္းေလးပဲ သန္မာတာကို*

*ေမာက္မာလြန္းတယ္*

ႏိုင္ငံတစ္ဝွမ္းမွ ၾကည့္ရႈေနသူမ်ားအားလုံး ၾကက္ေသ ေသသြားၾကသည္။

*ဘယ္လိုေတာင္‌ ေၾကာက္စရာေကာင္းတဲ့လူလဲ*

*သူက နာမည္ေက်ာ္ မိသားစုကို အထင္ေသးတဲ့အျပင္ ဘုရင္တစ္ပါးကိုလည္း ပု႐ြက္ဆိတ္လို႔ သတ္မွတ္ ေနေသးတယ္၊ မယုံႏိုင္စရာပဲ*

တစ္ခ်ိန္တည္းမွာပင္ ယဲ့ဖန္က ေလာကအျပင္ဘက္မွ ၾကယ္တာရာတစ္လုံးကို ဆြဲယူ၍ ဘုရင္တစ္ပါးအား ေၾကာက္လန႔္သြားေအာင္ လုပ္ႏိုင္သျဖင့္ လူတိုင္း ထိတ္လန႔္ေနၾကသည္။

နဂါးၿမိဳ႕ေတာ္တစ္ခုလုံး တစ္ခဏမွ် တိတ္ဆိတ္သြားေလသည္။ အစပိုင္း၌ ယဲ့ဖန္ကို သတ္ျဖတ္ျခင္းက ေခြးတစ္ေကာင္ကို သတ္သကဲ့သို႔ လြယ္ကူလိမ့္မည္ဟု သူတို႔ ထင္ခဲ့မိသည္။ သို႔ေသာ္ ယခုအခါ၌ ထိုသို႔ မဟုတ္ေခ်။

*အခုေတာင္ ယဲ့ဖန္ရဲ႕လက္ထဲမွာ ဘုရင္ႏွစ္ပါး ေသသြားၿပီးၿပီ၊ ေရွာင္နန္က တတိယေျမာက္လူ ျဖစ္လာမွာလား*

သူတို႔ ေသခ်ာေပါက္ ေျပာႏိုင္သည္မွာ နတ္ဆိုးႏွင့္တူေသာ ဤလူသာ ဖ်င္အန္းၿမိဳု႔၌ လူသတ္ေနသည့္ ဘုရင္မ်ား အားလုးကို သတ္လိုက္ပါက တစ္ႏိုင္ငံလုံး ထိတ္လန႔္တုန္လႈပ္သြားလိမ့္မည္ ျဖစ္သည္။

"မ်ိဳးမစစ္ေကာင္ ငါ မင္းကို ျပာျဖစ္တဲ့အထိ ေလာင္ကြၽမ္းေအာင္ လုပ္ပစ္မယ္ကြ"

ေရွာင္နန္ ေဒါသူပုန္ထသြားသည္။ သူ ေမြးလာကတည္းက ဤသို႔ တစ္ခါမွ ေစာ္ကားမခံခဲ့ရေပ။ သူသည္ ပါရမီရွင္အျဖစ္ သတ္မွတ္ခံရၿပီး ေနမင္းသားေတာ္ဟု ေက်ာ္ၾကားကာ သူ႔အား ျမင္သူမွ အထင္မေသးရဲေခ်။ ယဲ့ဖန္က သူ႔ကို အားလုံးေရွ႕၌ သူ၏ မာနႏွင့္ ဂုဏ္သိကၡာကို နင္းေခ်သျဖင့္ အလြန္ ေဒါသထြက္လာရသည္။

"ဝုန္း"

သူ႔ခႏၶာကိုယ္မွ အပူလႈိင္းမ်ား ျပင္းထန္စြာ ထြက္ေပၚလာၿပီး ေနတစ္စင္း က်ဆင္းလာသကဲ့သို႔ ေအာက္ဘက္ ေျမျပင္မွ အရာအားလုံးကို ေလာင္ကြၽမ္းေစေတာ့သည္။ မိုးေမွ်ာ္အေဆာက္အဦးမ်ားအားလုံး ျပာျဖစ္သြားၿပီး ဆယ္မိုင္ ပတ္လည္အတြင္း ကပ္ဆိုက္သလို ျဖစ္သြားေလသည္။

ဤျမင္ကြင္းက ကမာၻပ်က္ျခင္းဟု ရည္ၫႊန္းႏိုင္ေပသည္။ တစ္ဟုန္ထိုး တိုးပြားလာေသာ ေ႐ႊေရာင္ အလင္းတန္း၌ အဆုံးအစမဲ့ေသာ အဖ်က္စြမ္းအင္မ်ား ပါဝင္ေနၿပီး ၎က ယဲ့ဖန္ကို လႊမ္းၿခဳံလာ၏။

"အဲ့ေကာင္ေတာ့ ေသၿပီ၊ သူသာ ေရွာင္နန္နဲ႔ တအား နီးသြားရင္ ေရွာင္နန္ကိုယ္က ယန္စြမ္းအင္ေတြေၾကာင့္ ေလာင္ကြၽမ္းၿပီး ျပာျဖစ္သြားမွာ၊ သူ ပြဲခ်င္းၿပီး ေသမွာပဲ"

"သူ တိုက္ခိုက္တာက ေသတြင္း တူးလိုက္တာပဲ၊ က်န္းယန္ က်င့္စဥ္ရဲ႕ သိုင္းကြက္အားလုံးက ဖ်က္ဆီးႏိုင္တဲ့ သိုင္းကြက္ေတြခ်ည္းပဲ၊ ပူျပင္းတဲ့ ယန္စြမ္းအင္ကတင္ ေကာင္းကင္ကို ေလာင္ကြၽမ္းၿပီး ေျမျပင္ကို ပ်က္စီး ေစႏိုင္တယ္၊ ဒီေကာင္ အခါတစ္ေထာင္ ေသရင္ေတာင္ မလုံေလာက္ဘူး"

နဂါးၿမိဳ႕ေတာ္ဘက္မွ လူတစ္စုံက ေလွာင္ေျပာင္ၿပီးရင္း ေလွာင္ေျပာင္ကာ စိတ္ေအးသလို သက္ျပင္း ခ်လိုက္ၾကသည္။

ဤသို႔ေသာ မိစာၦေကာင္မ်ိဳး၏ တည္ရွိမႈက နဂါးၿမိဳ႕ေတာ္အတြက္ ၿခိမ္းေျခာက္မႈတစ္ခုပင္။ သူသည္ နဂါး ၿမိဳ႕ေတာ္အား အခ်ိန္မေ႐ြး ဝ႐ုန္းသုန္းကာ ျဖစ္ေအာင္ လုပ္ႏိုင္စြမ္း ရွိေပသည္။

*ေရွာင္နန္က သန္မာေနလို႔‌ ေတာ္ေသးတယ္*

*က်န္းယန္က်င့္စဥ္က တကယ့္ကို ၿပိဳင္စံရွားတဲ့ လူသတ္သိုင္းက်မ္းပဲ*

"ဝုန္း"

လူတိုင္း ဝမ္းသာအားရ ျဖစ္ကာ ယဲ့ဖန္၏ ေသဆုံးျခင္းက ဘယ္လိုပုံရွိမလဲ ေဆြးေႏြးေနခ်ိန္တြင္ ေကာင္းကင္ယံမွ အလင္းတန္းတစ္ခု က်ဆင္းလာသျဖင့္ သူတို႔အားလုံး အာ႐ုံပ်က္သြားၿပီး အၿပဳံးမ်ားလည္း ေပ်ာက္ကြယ္ သြားေလသည္။

ယန္စြမ္းအင္ မီးေတာက္က ဖ်င္အန္းၿမိဳ႕ေပၚသို႔ အရွိန္ျဖင့္ က်လာသည္။ သို႔ေသာ္ ထိုအခိုက္တြင္ လက္တစ္ဖက္က ႐ုတ္တရက္ ဆန႔္တန္းလာၿပီး ေ႐ႊေရာင္ အလင္းတန္မ်ား ထြက္ေပၚလာကာ ေရွာင္နန္၏ နဖူးထံ က်ေရာက္ သြားသည္။ ႐ုတ္ခ်ည္းဆိုသလိုပင္ ေရွာင္နန္၏ နဖူးမွ ေသြးမ်ား စီးက်လာ၏။

ေရွာင္နန္၏ အမူအရာသည္လည္း ေအးစက္ေတာင့္တင္းသြားၿပီး ဧရာမေတာင္ႀကီးတစ္လုံးက သူ႔ေပၚ က်လာသည္ဟု ခံစားမိကာ မြန္းၾကပ္လာေလသည္။

ထိုအခိုက္တြင္ လူတိုင္း ပါးစပ္ပိတ္သြားၾကသည္။ ယခင္က စိတ္လႈပ္ရွား၍ ေစာ္ကားပုတ္ခတ္ခဲ့ေသာ ပြဲၾကည့္ပရိသတ္မ်ားသည္ လည္ပင္းကို အညႇစ္ခံထားရသည္ဟု ခံစားမိလာၿပီး ၿငိမ္က်သြားသည္။

သူတို႔၏ မ်က္စိေရွ႕မွ ျမင္ကြင္းက သူတို႔အား ျဖတ္႐ိုက္လိုက္သလိုပင္။ ထိုစဥ္ ယဲ့ဖန္၏ ပုံရိပ္ ေပၚလာသည္။ သို႔ေသာ္ သူ႔ပုံစံက ယခင္အတိုင္း ခံစားခ်က္ မရွိဟန္ ေပၚေနကာ ဘာဒဏ္ရာမွ မရွိေပ။ က်န္းယန္ က်င့္စဥ္က သူ႔အတြက္ ထိေရာက္မႈ မရွိသလိုပင္။

*ဒါ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ*

က်န္းယန္က်င့္စဥ္၏ ခြန္အားက ပင္လယ္ကို အေငြ႕ပ်ံ၍ ေျခာက္ေသြ႕ေစၿပီး ဖ်င္အန္း တစ္ၿမိဳ႕လုံးကို တစ္ခဏအတြင္း ျပာျဖစ္သြားေစႏိုင္သည္။

ဤသို႔ ေၾကာက္စရာေကာင္းေသာ အပူခ်ိန္က ပိုမို၍ သိုင္းအဆင့္ ျမင့္မားလာလ်င္ တစ္ေလာကလုံးကို ဖ်က္ဆီး ႏိုင္ေပသည္။

ယဲ့ဖန္သည္ ေရွာင္နန္ႏွင့္ အလြန္ နီးကပ္စြာ ရွိေနၿပီး အပူလႈိင္းကို ခံစားခဲ့ရသျဖင့္ ထိခိုက္မႈက ႀကီးမားသင့္ ေသာ္လည္း ဘာမွမျဖစ္ေပ။ သူ႔ခႏၶာကိုယ္ေပၚမွ အဝတ္အစားမ်ားေတာင္မွ ဘာမွမျဖစ္ေခ်။

သို႔ေသာ္ ပို၍ထူးဆန္းသည့္အခ်က္မွာ ယဲ့ဘုရင္သည္ ထိခိုက္မႈ မရွိ႐ုံသာမက ေရွာင္နန္၏ နဖူးကို လက္ညႇိဳးထိုး လိုက္ခ်ိန္တြင္ ေရွာင္နန္၏ နဖူးမွ ေသြးမ်ား စီးက်လာခဲ့သည္။ ထိုလက္ေခ်ာင္း၌ လူသတ္လိုေသာ အရွိန္အဝါမ်ား ပါေနပါက ေရွာင္နန္ ဘာျဖစ္သြားမည္နည္း။ လူတိုင္း ႏွလုံးခုန္ ရပ္မတတ္ ျဖစ္သြားၾကသည္။

*နတ္ဆိုး*

*ဒီေကာင္က တကယ့္ နတ္ဆိုးပဲ*

အရာအားလုံး ႐ုတ္တရက္ တိတ္ဆိတ္သြားၿပီး ဖန္သားျပင္ေရွ႕၌ ထိုင္ေနေသာ လူမ်ားအားလုံး အသက္ရွဴ ေအာင့္ကာ ငိုင္၍ ၾကည့္ေနသည္။

*ဒီလူက သန္မာလြန္းတယ္၊ သူ႔နည္းလမ္းေတြက တကယ့္ကို ေကာင္းကင္ဘုံကို ဆန႔္က်င္တာေတြခ်ည္းပဲ*

ယဲ့ဖန္ ေရွာင္နန္ကို သတ္ေတာ့မည္ဟု လူတိုင္း ထင္လိုက္သည့္အခ်ိန္တြင္ ယဲ့ဖန္က စကားစလာသည္။

"မင္းကို ေနာက္ထပ္ အခြင့္အေရးတစ္ခု ထပ္ေပးမယ္"

*အထင္ေသးတာ*

*ဒါ နတ္ဘုရားကေန သာမန္လူကို အထင္ေသးတဲ့ပုံစံမ်ိဳးပဲ*

ထိုစကားက ႏိုင္ငံအႏွံ႔မွာ လူမ်ားအားလုံးကို အုတ္ေအာ္ေသာင္းနင္း ျဖစ္သြားေစသည္။

*ေနာက္ထပ္ အခြင့္အေရး*

*ဒါ ေရွာင္နန္ကို ထပ္သတ္မယ့္ အႀကံလား*

လူတိုင္း ေသခ်ာေအာင္ အာ႐ုံစိုက္၍ ၾကည့္ေနစဥ္တြင္ ယဲ့ဖန္က ေရွာင္နန္၏နဖူးကို ထပ္၍ လက္ညႇိဳးထိုးလိုက္ၿပီး ေနာက္သို႔ ျပန္ဆုတ္၍ ခပ္လွမ္းလွမ္း၌ ေနရာယူလိုက္သည္။ ထို႔ေနာက္ ယဲ့ဖန္က ေရွာင္နန္ကို တည္ၿငိမ္စြာ ျပန္ၾကည့္ေနလိုက္သည္။

*တကယ္ ငါ့ကို အခြင့္အေရး ေပးတာလား*

*အထင္ေသးတာပဲ*

*သူ႔မ်က္လုံးထဲမွာ ေရွာင္နန္ကို ေခြးေတြေၾကာင္ေတြေလာက္ေတာင္ တန္ဖိုးမရွိဘူးလို႔ ျမင္ေနတာလား*

ယဲ့ဖန္က သူ႔ကို တကယ္ အခြင့္အေရး ေပးရန္ ဆုံးျဖတ္ခဲ့ျခင္းပင္။ သူ႔ကိုယ္သူ သတ္ေသျပႏိုင္မည့္ အခြင့္အေရး ျဖစ္ေလသည္။ သို႔မဟုတ္ ယဲ့ဘုရင္ကို ေက်နပ္ေစမည့္ အခြင့္အေရးမ်ိဳးမ်ားလား။

လက္ရွိတြင္ ယဲ့ဖန္သည္ အထက္စီးဆန္သထက္ ဆန္လာၿပီး တစ္ႏိုင္ငံလုံးမွ လူမ်ားက သူ၏ အထက္စီးဆန္မႈကို ၾကည့္ေနရသည္။

"ဒီလူက ဘယ္သူလဲ၊ ဘယ္သူမို႔ ေရွာင္နန္ကို တစ္ခ်က္တည္းနဲ႔ အႏိုင္ယူရေအာင္ သန္မာေနရတာလဲ"

အင္တာနက္ အသုံးျပဳသူမ်ားက ယဲ့ဖန္၏ ေနာက္ခံကို ေဆြးေႏြးေနၾကၿပီး အေစာပိုင္းက အျဖစ္ေၾကာင့္ ထိတ္လန႔္ ေနၾကသည္။

ေရွာင္နန္၏ တစ္မူထူးျခားေသာ စြမ္းအင္ကို အားကုန္ထုတ္သုံးထားေသာ္လည္း တစ္ဖက္လူက အသာေလး ရွင္းပစ္လိုက္သည္။ ထို႔အျပင္ တစ္ဖက္လူက ေရွာင္နန္ကို အသက္ ခ်မ္းသာေပးၿပီး ေနာက္တစ္ႀကိမ္ အခြင့္အေရးပင္ ေပးလိုက္ေသးသည္။

သူ႔ကိုယ္သူ အလြန္ ယုံၾကည္မႈရွိေနသျဖင့္ ဤသည္က လူအမ်ားအား သူ႔ကို ပို၍ ေၾကာက္လန႔္လာေစသည္။

"မင္း ... ငါ့ကို ေလွာင္ေနတာလား"

ေရွာင္နန္ ေဒါသထြက္သြားၿပီး မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လာ၏။ သူသည္ ကေလးဘဝမွ လူႀကီးဘဝသို႔ ေရာက္လာသည္အထိ သူသည္ အခ်စ္ခံရကာ တေလးတစား ဆက္ဆံျခင္း ခံခဲ့ရသည္။ သူသည္ အႀကီးအကဲမ်ား အားလုံး၏ ပါးစပ္တြင္ ရွားပါး ပါရမီရွင္ ျဖစ္ေလသည္။

ယခုခ်ိန္မတိုင္ခင္အထိ သူသည္ အျခားသူမ်ားကို ဤသို႔ အထင္ေသးခဲ့ၿပီး မည္သူမွ သူ႔ကို အထင္မေသးရဲေပ။ ယဲ့ဖန္က သူ႔မာနအား အမႈိက္ပုံထဲ ပစ္ထည့္လိုက္သကဲ့သို႔ ႐ိုက္ခ်ိဳးခဲ့သည္။

ဤသည္က သူ႔ကို သတ္လိုက္သည္ထက္ ပိုနာက်င္ကာ ပိုအရွက္ရေစသည္။ ထို႔ေၾကာင့္ သူ႔မ်က္လုံး၌ အမုန္းတရားမ်ား ထိန္းမရေအာင္ ထြက္ေပၚလာၿပီး စြမ္းအင္မ်ား ေပါက္ကြဲထြက္လာ၏။

သူ၏ခႏၶာကိုယ္က ေျပာင္းလဲလာၿပီး ေနတစ္စင္းမွေန၍ ဆယ္စင္းအထိ ေျပာင္းလဲသြားသည္။ ထို႔ေနာက္ ေကာင္းကင္ယံ၌ ေနရာယူ၍ ေတာက္ပစြာ လင္းလက္ေနၿပီး ေကာင္းကင္ႏွင့္ ပထဝီေျမႀကီးအား ဖ်က္ဆီးမတတ္ အပူလႈိင္းမ်ား ထုတ္လႊတ္လာေလသည္။

ထို႔ေနာက္ အပူလႈိင္းမ်ားအားလုံးက ယဲ့ဖန္ထံ က်ေရာက္လာသည္။ ေနဆယ္စင္း၏ အပူခ်ိန္က ေၾကာက္စရာ ေကာင္းလွသည္။ သို႔ေသာ္ ယဲ့ဖန္ အသာၿပဳံးလိုက္သည္။

"ငါ မင္းကို ေလွာင္ရဲ႐ုံတင္မကဘူး သတ္လည္း သတ္ရဲတယ္"

Continue Reading

You'll Also Like

937 69 3
" ရန္အာ ... မင္းရဲ့ က်င့္ႀကံမႈက ဘာအတြက္လဲ " " ဆရာ့ကို ကာကြယ္ဖို႔ပါ " ထိုစကားေၾကာင့္ ခနတိတ္ဆိတ္သြားၿပီး ခပ္ဖြဖြ ရယ္လာျခင္းေၾကာင့္ သူမစကားအား အေလးအနက္...
699K 73K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...
76.4K 10.4K 76
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
727K 41.4K 26
Jk - Possessive type #Warning Cv_ Pinterest