ငါမင်းကိုမချစ်ဘူးဆိုတာ လုံးဝသ...

بواسطة GuGu2705

19.7K 1.4K 36

Side couple ဖြစ်တဲ့ Leo နဲ့ Darwin တို့ကို တစ်ပုဒ်သက်သက်ခွဲရေးပေးထားတာပါ။ ဆေးအကြောင်းနဲ့ပက်သက်ပြီး မရှင်းရသေး... المزيد

၈(End)

1.6K 156 4
بواسطة GuGu2705

Darwin ထွက်သွားတဲ့နောက်ပိုင်း Leo တစ်ယောက်ထဲအိမ်မှာယောင်လည်လည်ကျန်နေခဲ့တော့၏။

အရင်ကတော့ ရန်ဖြစ်တိုင်းကိုယ်ကပဲအရင်အိမ်ကထွက်သွားတာဆိုတော့ အိမ်မှာတစ်ယောက်ထဲနေရတာ ဒီလောက်ခြောက်သွေ့မယ်မှန်းသူမသိခဲ့ပါ။

Darwin ကလွန်ခဲ့တဲ့ရက်ကထွက်သွားသေးပေမဲ့ အဲ့ဒီတုန်းကသူပြန်လာမယ်မှန်း ကိုယ့်စိတ်ကသိနေပြီးသားမို့ စိတ်ထဲဘာမှထွေထွေထူးထူးမဖြစ်ခဲ့။

ဒါ့အပြင် Darwin နဲ့မတွဲခင် အရင့်အရင်တုန်းကလဲ သူဒီလိုပဲတစ်ယောက်ထဲနေခဲ့တာပါပဲ။

အခုကျမှ..........။

လူနှစ်ယောက်အတူနေတာ ကြာသွားလို့လား?

အိမ်သားတစ်ယောက်ယောက်လျှော့သွားရင် ဒီလိုပဲခံစားရတတ်တာထုံးစံပဲမဟုတ်လား။

အင်း...ဟုတ်တယ်။

Leo အတွေးထဲမှာကိုယ့်ဘာသာအမေးအဖြေလုပ်ရင်း သောက်လက်စ coffee ကိုလက်စသတ်ကာ အလုပ်သွားဖို့ပြင်သည်။

အိမ်ထဲကထွက်ခါနီး ကိုယ်လုံးပေါ်မှန်ရှေ့မှာ ကိုယ့်ကိုကိုယ် ၂ ပတ်လောက်လှည့်ကြည့်လိုက်သေးသည်။

အရင်နီကြောင်ကြောင်ဆံပင်တွေကို သူဆေးဆိုးပစ်လိုက်ပြီး ပင်ကိုယ်ဆံပင်အရောင်အတိုင်းပဲထားလိုက်တော့သည်။

လူကောင်သေးသေး၊မျက်လုံးပြာပြာ၊ဆံပင်အနက်ရောင်နှင့် ကောင်ကလေး။

မျက်တွင်းနက်နက်၊နှာတံလုံးလုံး၊နှုတ်ခမ်းရဲရဲလေးတွေနဲ့ တော်တော်ချောမောနေပါသည်။

Shirt လက်ရှည်အဖြူလေးကိုလည်ပင်းနားရောက်သည်အထိကြယ်သီးတပ်ဝတ်ထားပြီး style pant အနက်နဲ့ လက်မှာအပေါ်ထပ်ဆွယ်တာလေးကိုကိုင်ထား၏။

ထိုမှန်ထဲကကောင်လေးက သူ့ကိုပြန်ကြည့်နေတဲ့အချိန် သူအပြုံးလေးတစ်ပွင့်ပေးပြီး မှန်ရှေ့ကခွာလာခဲ့လိုက်သည်။

မော်ဒယ်မြင့် BMW ကားကို ဘီးလေးလိမ့်ရုံမောင်းပြီး နေကာမျက်မှန်ကိုတပ် ၊ ဘေးမှန်ကိုချ မှန်ဘောင်ပေါ်လက်တစ်ဖက်တင်ပြီး ဆေးရုံသွားရာလမ်းတစ်လျှောက် ဘဲရှိုးခံလာသည်။

ဆေးရုံရဲ့ သူ့အတွက်သီးသန့်ပေးထားတဲ့ကားပါကင်နေရာမှာ ကားကိုသေချာထိုးရပ်လိုက်ပြီး မျက်မှန်ကိုချွတ်ကာ ဓာတ်လှေကားထဲဝင်မည်အလုပ်....။

ကြည့်စမ်း....ကြည့်စမ်း။

Darwin Mathrew...။

ငါနဲ့ပျက်တာဖြင့်ဘယ်လောက်ကြာသေးလို့ ဒင်းက။

Leo သူကိုယ်တိုင်တောင်မသိလိုက်ပဲ တိုင်နောက်အလိုလိုကွယ်ရပ်ပြီး ချောင်းကြည့်ပြီးသားဖြစ်သွား၏။

Darwin သည် တော်တော်ကိုလှသည့်ကောင်လေးတစ်ယောက်နဲ့ ရီကာမောကာ ဖက်လှဲတကင်းစကားတွေပြောနေ၏။

ယောက်ျားလေးကိုလှတယ်ပြောတာက လှကိုလှလို့ပါ။

Paris လိုအဖက်ဖက်ကဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမျိုးမှာ လူ့အခွင့်အရေးဆိုတာလဲ ပြောဖို့မလိုအောင်ရပြီးသား။

မိန်းမတွေကျားလို့ရသလို ယောက်ျားတွေလဲလှလို့ရသည်။

အထူးသဖြင့် Paris လို အဝတ်အစားနှင့် ဖိနပ်၊ cosmetic brand တွေအခြေစိုက်တဲ့နေရာမျိုးမှာ fashion ရေစီးကြောင်းကိုလိုက်ပြီး ဝတ်စားဆင်ယင်တတ်တာနဲ့တင် လူကအလိုလိုအရောင်တောက်ပြီးသားဖြစ်သွားစေရမည်။

ပိုက်ဆံသာရှိရင် သရဖူဆောင်းပြီး ဆင်ကိုးစီးခြံရံပြီးပဲသွားမလား၊ ဝေါယာဉ်ပဲစီးသွားမလားဆိုတာမျိုး။

Darwin ဘေးကကောင်လေးကလဲ ထိုအမျိုးအစားထဲပါ၏။

တစ်ချက်ကြည့်တာနဲ့ အပေါ်ကကုဒ်နဲ့ဆောင်းထားတဲ့ ဦးထုတ် brand က ယခုလတ်တလာဘေယ်စျေးပေါက်ပြီး အနည်းငယ်သောပြင်ဆင်ခြယ်သမှုတွေရှိနေပေမဲ့ ထိုကောင်လေး၏ရှိရင်းစွဲရုပ်ရည်က ခေမည်မဟုတ်မှန်း Leo သိသည်။

Darwin သိုက်တူးကောင်။

LV လောက်ပဲထည်လဲဝတ်နိုင်ပြီး တစ်ခါထုတ် ၁၀ လောက်ပဲထုတ်တဲ့ဖိနပ်လောက်ပဲစီးနိုင်တဲ့ငါ့ကို မင်းဘယ်စောက်ထင်ကြီးမလဲ။

ဒါပေမဲ့ ငါကအဲ့ကောင်ထက် ရုပ်ကတော့အပုံကြီးပိုချောပါတယ်။

စိတ်ထဲမှာ မုဒိတာတွေပွားပြီး တိုင်အကွယ်ကနေသူဆက်ချောင်းနေလိုက်၏။

တစ်ခါ တစ်ခါ ထိုကောင်လှလှလေးက Darwin ကိုရီနေရင်း တွန်းလိုက်၊ထိလိုက်လုပ်နေသေးသည်။

Darwin ကလဲကျေနပ်ပြုံးကြီးနဲ့ပါလား။

သြော်...ငါကတော့ စိတ်မကောင်းတွေဖြစ်ပြီး နေမထိထိုင်မသာတွေဖြစ်လို့။

မင်းကတော့ ဒီလိုဇာတ်တွေခင်းဖို့ ငါ့ကိုဖြတ်ခဲ့တာကိုး။

ကြည့်နေရင်းနဲ့ ထိုကောင်လေးနဲ့အတူ Darwin တို့ဓာတ်လှေကားထဲဝင်သွားကြပြီ။

Leo နောက်ကနေအသည်းအသန်ပြေးလိုက်ပြီး ပိတ်ခါနီးဓာတ်လှေကားတံခါးကို လက်နဲ့ထိုးခံလိုက်သည်။

တံခါးပြန်ဖွင့်သွားတော့မှ နှစ်ယောက်သားကိုဂရုမစိုက်သည့်မျက်နှာထားဖြင့် ဓာတ်လှေကားထဲဝင်ပြီး Darwin နဲ့ ထိုကောင်လှလှလေးကြားထဲဝင်ရပ်လိုက်၏။

"Hello Leo..."

"Hello Doctor!"

ပုံမှန်လေသံ ပုံမှန်အတိုင်းပဲ Darwin Leo ကိုနှုတ်ဆက်လိုက်၏။

ဟိုကောင်လေးကလဲနှုတ်ဆက်ပေမဲ့ Leo ကရှုတည်တည်ပင် ဘာမှပြန်မပြော။

ပူသလိုအိုက်သလို လက်လေးနဲ့ယက်ခပ်နေလိုက်၊နာရီကိုကြည့်လိုက်၊ချောင်းဟမ့်လိုက်လုပ်နေသည်။

Leo စိတ်ထဲကနေတော့ Darwin ကိုပျစ်ပျစ်နှစ်နှစ်ကျိမ်ဆဲနေသည်။

လမ်းခွဲတာကခွဲလိုက်ပေမဲ့ အလုပ်ချင်းကတူ၊ဋ္ဌာနကလဲတူနေတော့ ကိုယ်ကမတွေ့ချင်လဲရှောင်လွဲလို့ကမရ။

Darwin က သူရှိတဲ့ဆေးရုံမှာပဲအလုပ်ဆက်လုပ်နေသေးပြီး Leo ကိုလဲပုံမှန်အတိုင်းပဲဆက်ဆံနေသည်။

Leo ကတော့ရှောင်၏။

ဘာလို့ရှောင်ချင်မှန်းမသိပေမဲ့ ရှောင်ချင်လို့ကိုရှောင်သည်။

၁၁ ထပ်မြောက်မှာသူဆင်းရမည်မို့ power bottom ကိုကြည့်နေရင်း ဆင်းရမည့်အထပ်ကိုရောက်တော့ သုံးယောက်ဇာတ်စင်တောင်ထောင်လို့ရတဲ့ဓာတ်လှေကားထဲမှာ ကျပ်သလိုလို၊ဘာလိုလိုနဲ့ Darwin နဲ့ကျန်တစ်ယောက်ကို အတင်းတိုးတိုက် ခြေထောက်တွေတက်နင်းခဲ့ပြီး အရင်ထွက်လာခဲ့လိုက်သည်။

ဟင်...မှတ်ပလား။

အဲ့ဒါရွချင်ဦး။

"Ohoo....."

ဒေါသထွက် ဆူပုတ်နေတဲ့ Leo မျက်နှာဟာ ရှေ့မှာလာနေတဲ့ သူတို့ဋ္ဌာနကဂျူနီယာချောချောလေးကြောင့် မျက်နှာမှာပျားရည်လောင်းထားသလိုချိုမြိန်သွားပြီး အာမေဋိတ်သံပါထွက်သည်အထိ ငမ်းလေတော့၏။

ထိုဆရာဝန်လေးက Leo ကိုတွေ့တော့

"Good Morning doctor.. "

ဟု နှုတ်ဆက်သံကြောင့် Leo စိတ်ထဲပန်းခင်းကြီးထဲရောက်သွားပြီး ရောင်စုံသက်တံ့ကြီးကိုပါမြင်လိုက်ရသလိုဖြစ်သွားသည်။

ရွပိုးထိုးချင်နေတဲ့စိတ်တွေဟာ သွေးကြောတွေထဲကနေတဖျစ်ဖျစ်နဲ့တောင်အသံမြည်နေသည်။

ထို့နောက် Leo တစ်ယောက် ထိုဆရာဝန်လေးကိုအထာတွေပေး စျေးဗန်းတွေခင်းပြီး သူ့အခန်းဆီသွားရာလမ်းတစ်လျှောက် ပန်းတွေဖြန့်ကျဲသွားလေတော့၏။

[A/N- တင်စားတာပါနော်။ ကျမ reader တွေက ကပ်သီးကပ်သပ်မေးတတ်လွန်းလို့]

နောက်ကပါလာသော Darwin က Leo ပုံစံကိုကြည့်ပြီး ခေါင်းသာအဆက်မပြတ်ရမ်းနေမိတော့သည်။

Leo ဆိုတဲ့ရွပိုးထိုးက လူသေရင်တောင်ရွတဲ့စိတ်ကသေမှာမဟုတ်။

သူကကမ္ဘာသာပတ်ပြီးရွလို့ရရင် ရွဦးမှာ။

ဒီရက်တွေအတွင်း အဆင်မှပြေနေရဲ့လားလို့သိချင်နေတာ ဒီလိုပုံစံမြင်တော့ တစ်ဖက်ကအနည်းငယ်တော့စိတ်အေးသွားရသည်။

မှိုင်တွေနေတာထက်စာရင် အခုလိုရွပိုးထိုးနေတဲ့ပုံစံလေးနဲ့ဆိုတော့ သူ Leo ကိုထားခဲ့တဲ့အတွက် စိတ်ထင့်နေစရာမလိုတော့ဘူးပေါ့။

အခုလောလောဆယ်တော့ ကြည့်ရမဲ့လူနာတွေရှိနေသေး၍ဆေးရုံမပြောင်းဖြစ်သေးသော်လဲ ဆေးရုံအုပ်ကြီးကိုတော့အကျိုးအကြောင်းပြောခဲ့ပြီးပါပြီ။

ဓာတ်လှေကားထဲမှာတွေ့ရက်နဲ့တောင် ပြန်နှုတ်မဆက်နိုင်တဲ့ကောင်ဆိုးလေး။

ကိုယ်မင်းအပေါ်ဘာအကြွေးမှမတင်ခဲ့ချင်လို့ မင်းအတွက်ဆေးကိုဖြတ်ပစ်ခဲ့တယ်။

ဆေးကအောင်မြင်သွားပေမဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ရှိနေတုန်းပဲ။

ကိုယ့်ချစ်သူကိုတော့ ကိုယ့်ဆေးကြောင့်ဘေးထွက်ဆိုးကျိုးဒဏ်တွေမခံစေချင်တာ ကိုယ့်ရဲ့အတ္တများဖြစ်နေမလား.....?

"Boyfriend?"

"ဟင်?"

အတူပါလာတဲ့ ဘေးနားကလူနာကောင်လေးရဲ့အမေးစကားကိုသူမကြားလိုက်သောကြောင့် Darwin နောက်တစ်ခေါက်ပြန်မေးလိုက်သည်။

ထိုကောင်လေးက Leo ထွက်သွားတဲ့ဘက်ကိုမေးဆတ်ပြပြီး

"ရှေ့ကဆရာဝန်ကိုပြောတာ...ယူ့ boyfriend လားလို့"

ဟု ထပ်မေး၏။

Darwin မချိပြုံးလေးနဲ့....။

"အရင်ကပါ။ ကျွန်တော်တို့က မကြာခင်ကမှလမ်းခွဲလိုက်တာ"

"Ooo.."

ထိုကောင်လေးက နားလည်သွားသလိုလိုနဲ့ခေါင်းတဆတ်ဆတ်ညိတ်ရင်း ထပ်မမေးတော့။

"ကဲ....ကျွန်တော်တို့ရုံးခန်းကိုသွားကြတာပေါ့"

"ဟုတ်ကဲ့"

Leo နှင့်ဆန့်ကျင်ဘက် ကော်ရစ်တာလမ်းကြောအတိုင်း Darwin လူနာကောင်လေးနဲ့အတူထွက်သွားချိန်မှာတော့ နောက်ကိုပြန်လှည့်ကြည့်လာတဲ့မျက်ဝန်းအစုံကိုသူမမြင်လိုက်ရတော့ပါ။

. . . . . . . . . . .

ညဘက် duty ချိန်ပြီးတော့ Leo အိမ်သို့တန်းမပြန်သေးဘဲ မိဘတွေဆီကိုဝင်လည်ဖို့စိတ်ကူးမိတာကြောင့် နှစ်ထပ်တိုက်ပုလေးများအစီအရီဆောက်လုပ်ထားတဲ့လမ်းချိုးဆီသို့ကွေ့ဝင်လိုက်သည်။

Leo ရဲ့မိဘတွေဟာ မချမ်းသာပါ။

သို့ပေမဲ့ သူတို့ပင်စင်နဲ့သူတို့ Leo မထောက်ပံ့ပဲလဲနေနိုင်စားနိုင်တဲ့အထဲပါကြ၏။

ဒီလမ်းလေးဟာ Leo အတွက် ငယ်ဘဝလဲဖြစ်ခဲ့ဖူးသလို၊ပျော်ရွှင်မှုရဲ့အပိုင်းအစလေးတွေလဲဖြစ်ခဲ့ဖူးသည်။

ဒီလမ်းမှာ နေ့စဉ်သူနဲ့ honey တို့နေ့စဉ်ကျောင်းအသွားအပြန်လုပ်ခဲ့တာ။

ကစားဖော်တွေနဲ့ကစားခဲ့ကြတာ။

ရီးစားဖြစ်ခဲ့တုန်းခဏ အိမ်ကိုလက်တွဲပြီးအတူလေမ်းလျှောက်ပြန်ခဲ့ကြတာတွေ။

ခေါင်းထဲတရိပ်ရိပ်နဲ့ပေါ်လာနေ၏။

ကြည်နူးမှုကြောင့် အလိုလို အပြုံးတို့ကလဲဖြစ်တည်လာသည်။

မပိုင်ဆိုင်ရမှန်းသိပါသည်။

သို့ပေမဲ့ တွေးခွင့်တော့ရှိနေသေးသည်မဟုတ်လား။

ကားကိုအိမ်ရှေ့ထိုးရပ်လိုက်ပြီး အိမ်ထဲအရင်မဝင်သေးဘဲအိမ်ပြင်ကနေ အသံပြဲကြီးဖြင့်

"မာမီ........"

ဟု ကုန်းအော်လိုက်၏။

သူအော်တာနဲ့တစ်ပြိုင်နဲ့ ဆေးပြာပြာတွေသုတ်ထားသည့်ဘေးအိမ်အတွင်းထဲမှ ကလေးငိုသံကပြဲခနဲထွက်လာသည်။

"အာ....."

ဘေးအိမ်က Honey မိဘတွေအိမ်။

သက်ကြီးရွယ်အိုတွေပဲရှိတဲ့အိမ်မှာ ဘယ်က,ကလေးကရောက်နေတာတုန်း။

ကလေးငိုသံနဲ့ပက်သက်ပြီး ဖင်ကုတ်ခေါင်းကုတ်နဲ့ သူတွေးရကျပ်နေ၏။

"ဟဲ့.."

အိမ်ထဲကနေ မေမေကမန်းကတန်းပြေးလာပြီး Leo ကျောကိုဖတ်ခနဲရိုက်ကာ...

"တစ်ဖက်အိမ်မှာ ကလေးသားပေါက်လေးနဲ့....နင့်အသံပြဲကြီးနဲ့ ငှက်ဆိုးထိုးသလိုအော်နေရလား။ ဘေးဘီကိုအားနာဦးမှပေါ့"

Leo နာလို့ရှုံ့မဲ့နေရာမှ ဘေးအိမ်က,ကလေးဟူသောစကားကြောင့် နားရွက်တွေပါထောင်လာပြီး

"ကလေး? ဘယ်က,ကလေးလဲ မာမီ။ မဟုတ်မှ honey တို့မိသားစုရောက်နေလို့လား"

ဟု မအေကိုတွန်းကာယမ်းကာဖြင့် အတင်းမေးပါတော့သည်။

သူတို့သားအမိနှစ်ယောက် ဆူကြပြောကြလုပ်နေတုန်း တစ်ဖက်အိမ်၏အပေါ်ထပ်အခန်းဆီမှ ပြတင်းပေါက်လိုက်ကာလေးလှုပ်ခတ်သွားတာ သားအမိနှစ်ယောက်လုံးသတိမထားမိလိုက်ကြပါ။

ဒေါ်ကေသာယိမ်းထိုးနေရင်းမှ အပြောအဆိုရော၊အနေအထိုင်ပါမတတ်သည့် သားရွပိုးထိုးကိုနာနာလေးပိတ်ခေါက်ထည့်လိုက်သည်။

"စကားကိုဆင်ခြင်ပြောစမ်း...ဟိုကအရင်လို မင်းပြောချင်သလိုပြောလို့ရတဲ့ လူပျို၊လူလွတ်မဟုတ်တော့ဘူး။ ကိုယ်အပြောမတတ်လို့ သူ့အိမ်ထောင်ဖက်ကအမြင်စောင်းသွားရင် ကောင်းမလား"

"ကောင်းလား၊မကောင်းလား သားဘယ်လိုသိမလဲမာမီ။ သားကသူမှမဟုတ်တာ သူများစိတ်ကိုလိုက်မတွေးပေးနိုင်ပါဘူး...အခုလောလောဆယ်တော့ ဟိုဘက်အိမ်ခဏသွားဦးမယ်။ ဒီညဒီမှာပဲအိပ်မှာနော်မေမေ ဟီးဟီး"

"ဟဲ့...နေဦး"

ဒေါ်ကေသာလှမ်းဆွဲလိုက်သော်လဲ မမှီတော့ပါ။

Leo ကသူရင်းနှီးပြီးသားဖြစ်သည့် Smith မိသားစုရဲ့အိမ်တံခါးကို အသာအယာဖွင့်ပြီးဝင်သွားတာအရိပ်တောင်မမြင်ရတော့။

ဒီကလေးနှယ့် ခက်လှပါသည်။

သူ့ဖအေလိုတဇွတ်ထိုးသွေးကပါတဲ့အပြင် ပွင့်လင်းမြင်သာလွန်းလှသည့်အနောက်နိုင်ငံလိုနေရာမျိုးမှာကြီးပြင်းခဲ့ရတော့ မိမိတို့မျိုးနွယ်တွေ၏စောင့်စည်းခြင်းတရားတွေကို နားဝင်အောင်ဆိုဆုံးမဖို့ရာခက်လှသည်။

စောင့်စည်းခြင်းဆိုတာမှာအများကြီးရှိ၏။

သူတစ်ပါးအိမ်ထောင်ကိုမဖျက်ဆီးတိုင်း စောင့်စည်းတယ်မမြည်။

စိတ်နဲ့ပစ်မှားမိရင်ပင် ဘာသာအယူအရကံငါးပါးထဲမှ တစ်ပါးထိုက်တာမို့ ကိုယ်ကမွေးသည့်ကိုယ့်ရင်သွေးကို ဒီလိုကံကံ၏အကျိုးတွေထဲကဝေးစေချင်သည်။

အဲ့ဒါထက် အခုချိန်ထိကိုယ်မပိုင်ဆိုင်ရမဲ့လူကို စိတ်ဆင်းရဲခံပြီးဖက်တွယ်နေတာကို ပို၍ပင်မမြင်တွေ့ချင်ပါ။

မိခင်စိတ်ကတားမြစ်ချင်သော်လဲ တားလိုက်လို့ပိုဆိုးသွားမည့်အခြေအနေတွေကိုကြိုမြင်ပြီး နောက်တွန့်နေရသည်။

Leo တစ်ယောက်နဲ့ ငါသေရင်တောင်အသေဖြောင့်ပါ့မလား။

ဒေါ်ကေသာ သက်ပြင်းမောကိုအကြိမ်ကြိမ်ချပြီး အိမ်ထဲပြန်ဝင်သွားတော့၏။


**********

Zawji


Darwin ထြက္သြားတဲ့ေနာက္ပိုင္း Leo တစ္ေယာက္ထဲအိမ္မွာေယာင္လည္လည္က်န္ေနခဲ့ေတာ့၏။

အရင္ကေတာ့ ရန္ျဖစ္တိုင္းကိုယ္ကပဲအရင္အိမ္ကထြက္သြားတာဆိုေတာ့ အိမ္မွာတစ္ေယာက္ထဲေနရတာ ဒီေလာက္ေျခာက္ေသြ႕မယ္မွန္းသူမသိခဲ့ပါ။

Darwin ကလြန္ခဲ့တဲ့ရက္ကထြက္သြားေသးေပမဲ့ အဲ့ဒီတုန္းကသူျပန္လာမယ္မွန္း ကိုယ့္စိတ္ကသိေနၿပီးသားမို႔ စိတ္ထဲဘာမွေထြေထြထူးထူးမျဖစ္ခဲ့။

ဒါ့အျပင္ Darwin နဲ႕မတြဲခင္ အရင့္အရင္တုန္းကလဲ သူဒီလိုပဲတစ္ေယာက္ထဲေနခဲ့တာပါပဲ။

အခုက်မွ..........။

လူႏွစ္ေယာက္အတူေနတာ ၾကာသြားလို႔လား?

အိမ္သားတစ္ေယာက္ေယာက္ေလွ်ာ့သြားရင္ ဒီလိုပဲခံစားရတတ္တာထုံးစံပဲမဟုတ္လား။

အင္း...ဟုတ္တယ္။

Leo အေတြးထဲမွာကိုယ့္ဘာသာအေမးအေျဖလုပ္ရင္း ေသာက္လက္စ coffee ကိုလက္စသတ္ကာ အလုပ္သြားဖို႔ျပင္သည္။

အိမ္ထဲကထြက္ခါနီး ကိုယ္လုံးေပၚမွန္ေရွ႕မွာ ကိုယ့္ကိုကိုယ္ ၂ ပတ္ေလာက္လွည့္ၾကည့္လိုက္ေသးသည္။

အရင္နီေၾကာင္ေၾကာင္ဆံပင္ေတြကို သူေဆးဆိုးပစ္လိုက္ၿပီး ပင္ကိုယ္ဆံပင္အေရာင္အတိုင္းပဲထားလိုက္ေတာ့သည္။

လူေကာင္ေသးေသး၊မ်က္လုံးျပာျပာ၊ဆံပင္အနက္ေရာင္ႏွင့္ ေကာင္ကေလး။

မ်က္တြင္းနက္နက္၊ႏွာတံလုံးလုံး၊ႏႈတ္ခမ္းရဲရဲေလးေတြနဲ႕ ေတာ္ေတာ္ေခ်ာေမာေနပါသည္။

Shirt လက္ရွည္အျဖဴေလးကိုလည္ပင္းနားေရာက္သည္အထိၾကယ္သီးတပ္ဝတ္ထားၿပီး style pant အနက္နဲ႕ လက္မွာအေပၚထပ္ဆြယ္တာေလးကိုကိုင္ထား၏။

ထိုမွန္ထဲကေကာင္ေလးက သူ႕ကိုျပန္ၾကည့္ေနတဲ့အခ်ိန္ သူအၿပဳံးေလးတစ္ပြင့္ေပးၿပီး မွန္ေရွ႕ကခြာလာခဲ့လိုက္သည္။

ေမာ္ဒယ္ျမင့္ BMW ကားကို ဘီးေလးလိမ့္႐ုံေမာင္းၿပီး ေနကာမ်က္မွန္ကိုတပ္ ၊ ေဘးမွန္ကိုခ် မွန္ေဘာင္ေပၚလက္တစ္ဖက္တင္ၿပီး ေဆး႐ုံသြားရာလမ္းတစ္ေလွ်ာက္ ဘဲရွိုးခံလာသည္။

ေဆး႐ုံရဲ႕ သူ႕အတြက္သီးသန့္ေပးထားတဲ့ကားပါကင္ေနရာမွာ ကားကိုေသခ်ာထိုးရပ္လိုက္ၿပီး မ်က္မွန္ကိုခြၽတ္ကာ ဓာတ္ေလွကားထဲဝင္မည္အလုပ္....။

ၾကည့္စမ္း....ၾကည့္စမ္း။

Darwin Mathrew...။

ငါနဲ႕ပ်က္တာျဖင့္ဘယ္ေလာက္ၾကာေသးလို႔ ဒင္းက။

Leo သူကိုယ္တိုင္ေတာင္မသိလိုက္ပဲ တိုင္ေနာက္အလိုလိုကြယ္ရပ္ၿပီး ေခ်ာင္းၾကည့္ၿပီးသားျဖစ္သြား၏။

Darwin သည္ ေတာ္ေတာ္ကိုလွသည့္ေကာင္ေလးတစ္ေယာက္နဲ႕ ရီကာေမာကာ ဖက္လွဲတကင္းစကားေတြေျပာေန၏။

ေယာက္်ားေလးကိုလွတယ္ေျပာတာက လွကိုလွလို႔ပါ။

Paris လိုအဖက္ဖက္ကဖြံ႕ၿဖိဳးတိုးတက္တဲ့နိုင္ငံမ်ိဳးမွာ လူ႕အခြင့္အေရးဆိုတာလဲ ေျပာဖို႔မလိုေအာင္ရၿပီးသား။

မိန္းမေတြက်ားလို႔ရသလို ေယာက္်ားေတြလဲလွလို႔ရသည္။

အထူးသျဖင့္ Paris လို အဝတ္အစားႏွင့္ ဖိနပ္၊ cosmetic brand ေတြအေျခစိုက္တဲ့ေနရာမ်ိဳးမွာ fashion ေရစီးေၾကာင္းကိုလိုက္ၿပီး ဝတ္စားဆင္ယင္တတ္တာနဲ႕တင္ လူကအလိုလိုအေရာင္ေတာက္ၿပီးသားျဖစ္သြားေစရမည္။

ပိုက္ဆံသာရွိရင္ သရဖူေဆာင္းၿပီး ဆင္ကိုးစီးၿခံရံၿပီးပဲသြားမလား၊ ေဝါယာဥ္ပဲစီးသြားမလားဆိုတာမ်ိဳး။

Darwin ေဘးကေကာင္ေလးကလဲ ထိုအမ်ိဳးအစားထဲပါ၏။

တစ္ခ်က္ၾကည့္တာနဲ႕ အေပၚကကုဒ္နဲ႕ေဆာင္းထားတဲ့ ဦးထုတ္ brand က ယခုလတ္တလာေဘယ္ေစ်းေပါက္ၿပီး အနည္းငယ္ေသာျပင္ဆင္ျခယ္သမႈေတြရွိေနေပမဲ့ ထိုေကာင္ေလး၏ရွိရင္းစြဲ႐ုပ္ရည္က ေခမည္မဟုတ္မွန္း Leo သိသည္။

Darwin သိုက္တူးေကာင္။

LV ေလာက္ပဲထည္လဲဝတ္နိုင္ၿပီး တစ္ခါထုတ္ ၁၀ ေလာက္ပဲထုတ္တဲ့ဖိနပ္ေလာက္ပဲစီးနိုင္တဲ့ငါ့ကို မင္းဘယ္ေစာက္ထင္ႀကီးမလဲ။

ဒါေပမဲ့ ငါကအဲ့ေကာင္ထက္ ႐ုပ္ကေတာ့အပုံႀကီးပိုေခ်ာပါတယ္။

စိတ္ထဲမွာ မုဒိတာေတြပြားၿပီး တိုင္အကြယ္ကေနသူဆက္ေခ်ာင္းေနလိုက္၏။

တစ္ခါ တစ္ခါ ထိုေကာင္လွလွေလးက Darwin ကိုရီေနရင္း တြန္းလိုက္၊ထိလိုက္လုပ္ေနေသးသည္။

Darwin ကလဲေက်နပ္ၿပဳံးႀကီးနဲ႕ပါလား။

ေၾသာ္...ငါကေတာ့ စိတ္မေကာင္းေတြျဖစ္ၿပီး ေနမထိထိုင္မသာေတြျဖစ္လို႔။

မင္းကေတာ့ ဒီလိုဇာတ္ေတြခင္းဖို႔ ငါ့ကိုျဖတ္ခဲ့တာကိုး။

ၾကည့္ေနရင္းနဲ႕ ထိုေကာင္ေလးနဲ႕အတူ Darwin တို႔ဓာတ္ေလွကားထဲဝင္သြားၾကၿပီ။

Leo ေနာက္ကေနအသည္းအသန္ေျပးလိုက္ၿပီး ပိတ္ခါနီးဓာတ္ေလွကားတံခါးကို လက္နဲ႕ထိုးခံလိုက္သည္။

တံခါးျပန္ဖြင့္သြားေတာ့မွ ႏွစ္ေယာက္သားကိုဂ႐ုမစိုက္သည့္မ်က္ႏွာထားျဖင့္ ဓာတ္ေလွကားထဲဝင္ၿပီး Darwin နဲ႕ ထိုေကာင္လွလွေလးၾကားထဲဝင္ရပ္လိုက္၏။

"Hello Leo..."

"Hello Doctor!"

ပုံမွန္ေလသံ ပုံမွန္အတိုင္းပဲ Darwin Leo ကိုႏႈတ္ဆက္လိုက္၏။

ဟိုေကာင္ေလးကလဲႏႈတ္ဆက္ေပမဲ့ Leo ကရႈတည္တည္ပင္ ဘာမွျပန္မေျပာ။

ပူသလိုအိုက္သလို လက္ေလးနဲ႕ယက္ခပ္ေနလိုက္၊နာရီကိုၾကည့္လိုက္၊ေခ်ာင္းဟမ့္လိုက္လုပ္ေနသည္။

Leo စိတ္ထဲကေနေတာ့ Darwin ကိုပ်စ္ပ်စ္ႏွစ္ႏွစ္က်ိမ္ဆဲေနသည္။

လမ္းခြဲတာကခြဲလိုက္ေပမဲ့ အလုပ္ခ်င္းကတူ၊႒ာနကလဲတူေနေတာ့ ကိုယ္ကမေတြ႕ခ်င္လဲေရွာင္လြဲလို႔ကမရ။

Darwin က သူရွိတဲ့ေဆး႐ုံမွာပဲအလုပ္ဆက္လုပ္ေနေသးၿပီး Leo ကိုလဲပုံမွန္အတိုင္းပဲဆက္ဆံေနသည္။

Leo ကေတာ့ေရွာင္၏။

ဘာလို႔ေရွာင္ခ်င္မွန္းမသိေပမဲ့ ေရွာင္ခ်င္လို႔ကိုေရွာင္သည္။

၁၁ ထပ္ေျမာက္မွာသူဆင္းရမည္မို႔ power bottom ကိုၾကည့္ေနရင္း ဆင္းရမည့္အထပ္ကိုေရာက္ေတာ့ သုံးေယာက္ဇာတ္စင္ေတာင္ေထာင္လို႔ရတဲ့ဓာတ္ေလွကားထဲမွာ က်ပ္သလိုလို၊ဘာလိုလိုနဲ႕ Darwin နဲ႕က်န္တစ္ေယာက္ကို အတင္းတိုးတိုက္ ေျခေထာက္ေတြတက္နင္းခဲ့ၿပီး အရင္ထြက္လာခဲ့လိုက္သည္။

ဟင္...မွတ္ပလား။

အဲ့ဒါ႐ြခ်င္ဦး။

"Ohoo....."

ေဒါသထြက္ ဆူပုတ္ေနတဲ့ Leo မ်က္ႏွာဟာ ေရွ႕မွာလာေနတဲ့ သူတို႔႒ာနကဂ်ဴနီယာေခ်ာေခ်ာေလးေၾကာင့္ မ်က္ႏွာမွာပ်ားရည္ေလာင္းထားသလိုခ်ိဳၿမိန္သြားၿပီး အာေမဋိတ္သံပါထြက္သည္အထိ ငမ္းေလေတာ့၏။

ထိုဆရာဝန္ေလးက Leo ကိုေတြ႕ေတာ့

"Good Morning doctor.. "

ဟု ႏႈတ္ဆက္သံေၾကာင့္ Leo စိတ္ထဲပန္းခင္းႀကီးထဲေရာက္သြားၿပီး ေရာင္စုံသက္တံ့ႀကီးကိုပါျမင္လိုက္ရသလိုျဖစ္သြားသည္။

႐ြပိုးထိုးခ်င္ေနတဲ့စိတ္ေတြဟာ ေသြးေၾကာေတြထဲကေနတဖ်စ္ဖ်စ္နဲ႕ေတာင္အသံျမည္ေနသည္။

ထို႔ေနာက္ Leo တစ္ေယာက္ ထိုဆရာဝန္ေလးကိုအထာေတြေပး ေစ်းဗန္းေတြခင္းၿပီး သူ႕အခန္းဆီသြားရာလမ္းတစ္ေလွ်ာက္ ပန္းေတြျဖန့္က်ဲသြားေလေတာ့၏။

[A/N- တင္စားတာပါေနာ္။ က်မ reader ေတြက ကပ္သီးကပ္သပ္ေမးတတ္လြန္းလို႔]

ေနာက္ကပါလာေသာ Darwin က Leo ပုံစံကိုၾကည့္ၿပီး ေခါင္းသာအဆက္မျပတ္ရမ္းေနမိေတာ့သည္။

Leo ဆိုတဲ့႐ြပိုးထိုးက လူေသရင္ေတာင္႐ြတဲ့စိတ္ကေသမွာမဟုတ္။

သူကကမၻာသာပတ္ၿပီး႐ြလို႔ရရင္ ႐ြဦးမွာ။

ဒီရက္ေတြအတြင္း အဆင္မွေျပေနရဲ႕လားလို႔သိခ်င္ေနတာ ဒီလိုပုံစံျမင္ေတာ့ တစ္ဖက္ကအနည္းငယ္ေတာ့စိတ္ေအးသြားရသည္။

မွိုင္ေတြေနတာထက္စာရင္ အခုလို႐ြပိုးထိုးေနတဲ့ပုံစံေလးနဲ႕ဆိုေတာ့ သူ Leo ကိုထားခဲ့တဲ့အတြက္ စိတ္ထင့္ေနစရာမလိုေတာ့ဘူးေပါ့။

အခုေလာေလာဆယ္ေတာ့ ၾကည့္ရမဲ့လူနာေတြရွိေနေသး၍ေဆး႐ုံမေျပာင္းျဖစ္ေသးေသာ္လဲ ေဆး႐ုံအုပ္ႀကီးကိုေတာ့အက်ိဳးအေၾကာင္းေျပာခဲ့ၿပီးပါၿပီ။

ဓာတ္ေလွကားထဲမွာေတြ႕ရက္နဲ႕ေတာင္ ျပန္ႏႈတ္မဆက္နိုင္တဲ့ေကာင္ဆိုးေလး။

ကိုယ္မင္းအေပၚဘာအေႂကြးမွမတင္ခဲ့ခ်င္လို႔ မင္းအတြက္ေဆးကိုျဖတ္ပစ္ခဲ့တယ္။

ေဆးကေအာင္ျမင္သြားေပမဲ့ ေဘးထြက္ဆိုးက်ိဳးေတြကေတာ့ရွိေနတုန္းပဲ။

ကိုယ့္ခ်စ္သူကိုေတာ့ ကိုယ့္ေဆးေၾကာင့္ေဘးထြက္ဆိုးက်ိဳးဒဏ္ေတြမခံေစခ်င္တာ ကိုယ့္ရဲ႕အတၱမ်ားျဖစ္ေနမလား.....?

"Boyfriend?"

"ဟင္?"

အတူပါလာတဲ့ ေဘးနားကလူနာေကာင္ေလးရဲ႕အေမးစကားကိုသူမၾကားလိုက္ေသာေၾကာင့္ Darwin ေနာက္တစ္ေခါက္ျပန္ေမးလိုက္သည္။

ထိုေကာင္ေလးက Leo ထြက္သြားတဲ့ဘက္ကိုေမးဆတ္ျပၿပီး

"ေရွ႕ကဆရာဝန္ကိုေျပာတာ...ယူ႕ boyfriend လားလို႔"

ဟု ထပ္ေမး၏။

Darwin မခ်ိၿပဳံးေလးနဲ႕....။

"အရင္ကပါ။ ကြၽန္ေတာ္တို႔က မၾကာခင္ကမွလမ္းခြဲလိုက္တာ"

"Ooo.."

ထိုေကာင္ေလးက နားလည္သြားသလိုလိုနဲ႕ေခါင္းတဆတ္ဆတ္ညိတ္ရင္း ထပ္မေမးေတာ့။

"ကဲ....ကြၽန္ေတာ္တို႔႐ုံးခန္းကိုသြားၾကတာေပါ့"

"ဟုတ္ကဲ့"

Leo ႏွင့္ဆန့္က်င္ဘက္ ေကာ္ရစ္တာလမ္းေၾကာအတိုင္း Darwin လူနာေကာင္ေလးနဲ႕အတူထြက္သြားခ်ိန္မွာေတာ့ ေနာက္ကိုျပန္လွည့္ၾကည့္လာတဲ့မ်က္ဝန္းအစုံကိုသူမျမင္လိုက္ရေတာ့ပါ။

. . . . . . . . . . .

ညဘက္ duty ခ်ိန္ၿပီးေတာ့ Leo အိမ္သို႔တန္းမျပန္ေသးဘဲ မိဘေတြဆီကိုဝင္လည္ဖို႔စိတ္ကူးမိတာေၾကာင့္ ႏွစ္ထပ္တိုက္ပုေလးမ်ားအစီအရီေဆာက္လုပ္ထားတဲ့လမ္းခ်ိဳးဆီသို႔ေကြ႕ဝင္လိုက္သည္။

Leo ရဲ႕မိဘေတြဟာ မခ်မ္းသာပါ။

သို႔ေပမဲ့ သူတို႔ပင္စင္နဲ႕သူတို႔ Leo မေထာက္ပံ့ပဲလဲေနနိုင္စားနိုင္တဲ့အထဲပါၾက၏။

ဒီလမ္းေလးဟာ Leo အတြက္ ငယ္ဘဝလဲျဖစ္ခဲ့ဖူးသလို၊ေပ်ာ္႐ႊင္မႈရဲ႕အပိုင္းအစေလးေတြလဲျဖစ္ခဲ့ဖူးသည္။

ဒီလမ္းမွာ ေန႕စဥ္သူနဲ႕ honey တို႔ေန႕စဥ္ေက်ာင္းအသြားအျပန္လုပ္ခဲ့တာ။

ကစားေဖာ္ေတြနဲ႕ကစားခဲ့ၾကတာ။

ရီးစားျဖစ္ခဲ့တုန္းခဏ အိမ္ကိုလက္တြဲၿပီးအတူေလမ္းေလွ်ာက္ျပန္ခဲ့ၾကတာေတြ။

ေခါင္းထဲတရိပ္ရိပ္နဲ႕ေပၚလာေန၏။

ၾကည္ႏူးမႈေၾကာင့္ အလိုလို အၿပဳံးတို႔ကလဲျဖစ္တည္လာသည္။

မပိုင္ဆိုင္ရမွန္းသိပါသည္။

သို႔ေပမဲ့ ေတြးခြင့္ေတာ့ရွိေနေသးသည္မဟုတ္လား။

ကားကိုအိမ္ေရွ႕ထိုးရပ္လိုက္ၿပီး အိမ္ထဲအရင္မဝင္ေသးဘဲအိမ္ျပင္ကေန အသံၿပဲႀကီးျဖင့္

"မာမီ........"

ဟု ကုန္းေအာ္လိုက္၏။

သူေအာ္တာနဲ႕တစ္ၿပိဳင္နဲ႕ ေဆးျပာျပာေတြသုတ္ထားသည့္ေဘးအိမ္အတြင္းထဲမွ ကေလးငိုသံကၿပဲခနဲထြက္လာသည္။

"အာ....."

ေဘးအိမ္က Honey မိဘေတြအိမ္။

သက္ႀကီး႐ြယ္အိုေတြပဲရွိတဲ့အိမ္မွာ ဘယ္က,ကေလးကေရာက္ေနတာတုန္း။

ကေလးငိုသံနဲ႕ပက္သက္ၿပီး ဖင္ကုတ္ေခါင္းကုတ္နဲ႕ သူေတြးရက်ပ္ေန၏။

"ဟဲ့.."

အိမ္ထဲကေန ေမေမကမန္းကတန္းေျပးလာၿပီး Leo ေက်ာကိုဖတ္ခနဲရိုက္ကာ...

"တစ္ဖက္အိမ္မွာ ကေလးသားေပါက္ေလးနဲ႕....နင့္အသံၿပဲႀကီးနဲ႕ ငွက္ဆိုးထိုးသလိုေအာ္ေနရလား။ ေဘးဘီကိုအားနာဦးမွေပါ့"

Leo နာလို႔ရႈံ႕မဲ့ေနရာမွ ေဘးအိမ္က,ကေလးဟူေသာစကားေၾကာင့္ နား႐ြက္ေတြပါေထာင္လာၿပီး

"ကေလး? ဘယ္က,ကေလးလဲ မာမီ။ မဟုတ္မွ honey တို႔မိသားစုေရာက္ေနလို႔လား"

ဟု မေအကိုတြန္းကာယမ္းကာျဖင့္ အတင္းေမးပါေတာ့သည္။

သူတို႔သားအမိႏွစ္ေယာက္ ဆူၾကေျပာၾကလုပ္ေနတုန္း တစ္ဖက္အိမ္၏အေပၚထပ္အခန္းဆီမွ ျပတင္းေပါက္လိုက္ကာေလးလႈပ္ခတ္သြားတာ သားအမိႏွစ္ေယာက္လုံးသတိမထားမိလိုက္ၾကပါ။

ေဒၚေကသာယိမ္းထိုးေနရင္းမွ အေျပာအဆိုေရာ၊အေနအထိုင္ပါမတတ္သည့္ သား႐ြပိုးထိုးကိုနာနာေလးပိတ္ေခါက္ထည့္လိုက္သည္။

"စကားကိုဆင္ျခင္ေျပာစမ္း...ဟိုကအရင္လို မင္းေျပာခ်င္သလိုေျပာလို႔ရတဲ့ လူပ်ိဳ၊လူလြတ္မဟုတ္ေတာ့ဘူး။ ကိုယ္အေျပာမတတ္လို႔ သူ႕အိမ္ေထာင္ဖက္ကအျမင္ေစာင္းသြားရင္ ေကာင္းမလား"

"ေကာင္းလား၊မေကာင္းလား သားဘယ္လိုသိမလဲမာမီ။ သားကသူမွမဟုတ္တာ သူမ်ားစိတ္ကိုလိုက္မေတြးေပးနိုင္ပါဘူး...အခုေလာေလာဆယ္ေတာ့ ဟိုဘက္အိမ္ခဏသြားဦးမယ္။ ဒီညဒီမွာပဲအိပ္မွာေနာ္ေမေမ ဟီးဟီး"

"ဟဲ့...ေနဦး"

ေဒၚေကသာလွမ္းဆြဲလိုက္ေသာ္လဲ မမွီေတာ့ပါ။

Leo ကသူရင္းႏွီးၿပီးသားျဖစ္သည့္ Smith မိသားစုရဲ႕အိမ္တံခါးကို အသာအယာဖြင့္ၿပီးဝင္သြားတာအရိပ္ေတာင္မျမင္ရေတာ့။

ဒီကေလးႏွယ့္ ခက္လွပါသည္။

သူ႕ဖေအလိုတဇြတ္ထိုးေသြးကပါတဲ့အျပင္ ပြင့္လင္းျမင္သာလြန္းလွသည့္အေနာက္နိုင္ငံလိုေနရာမ်ိဳးမွာႀကီးျပင္းခဲ့ရေတာ့ မိမိတို႔မ်ိဳးႏြယ္ေတြ၏ေစာင့္စည္းျခင္းတရားေတြကို နားဝင္ေအာင္ဆိုဆုံးမဖို႔ရာခက္လွသည္။

ေစာင့္စည္းျခင္းဆိုတာမွာအမ်ားႀကီးရွိ၏။

သူတစ္ပါးအိမ္ေထာင္ကိုမဖ်က္ဆီးတိုင္း ေစာင့္စည္းတယ္မျမည္။

စိတ္နဲ႕ပစ္မွားမိရင္ပင္ ဘာသာအယူအရကံငါးပါးထဲမွ တစ္ပါးထိုက္တာမို႔ ကိုယ္ကေမြးသည့္ကိုယ့္ရင္ေသြးကို ဒီလိုကံကံ၏အက်ိဳးေတြထဲကေဝးေစခ်င္သည္။

အဲ့ဒါထက္ အခုခ်ိန္ထိကိုယ္မပိုင္ဆိုင္ရမဲ့လူကို စိတ္ဆင္းရဲခံၿပီးဖက္တြယ္ေနတာကို ပို၍ပင္မျမင္ေတြ႕ခ်င္ပါ။

မိခင္စိတ္ကတားျမစ္ခ်င္ေသာ္လဲ တားလိုက္လို႔ပိုဆိုးသြားမည့္အေျခအေနေတြကိုႀကိဳျမင္ၿပီး ေနာက္တြန့္ေနရသည္။

Leo တစ္ေယာက္နဲ႕ ငါေသရင္ေတာင္အေသေျဖာင့္ပါ့မလား။

ေဒၚေကသာ သက္ျပင္းေမာကိုအႀကိမ္ႀကိမ္ခ်ၿပီး အိမ္ထဲျပန္ဝင္သြားေတာ့၏။

واصل القراءة

ستعجبك أيضاً

42.6K 2.2K 9
စစ်ပိုင်ဇေ × အရိပ်လေး စစ္ပိုင္ေဇ × အရိပ္ေလး Written by dawnnlight
275K 22.7K 40
အမြွှာ ညီနောင် သုံးယောက်ရဲ့ တွေ့ကြံလာရမယ့် ချစ်ခြင်းတွေ အချိုအခါးအလွမ်း တွေနဲ့ ဆုံတွေ့ရတဲ့ ဖူးစာရှင်လေးတွေ။ July-10ရက်,2020တွင် Wattpat မှာ စတင်ရေးသ...
58.9K 3.7K 21
၂၁ရာစုက နှောင်းရိပ်စက်သူတစ်ယောက် မထင်မှတ်ပဲ ၁၉၃၀သို့ရောက်သွားသောအခါ..။ Start Date -25.12.2022(17.9.2022) End Date -
323K 11.6K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...