1.8K 181 5
                                    

Leo Thormason(လီယို သော်မဆင်)....

Yeah,it's me.

New York မှာအခြေချပြီး အသက် ၂၇ နှစ်၊ ဦးနှောက်နဲ့အာရုံကြောအထူးကု Gay တစ်ယောက်ဖြစ်တဲ့ကျွန်တော်ဟာ ရုပ်ရည်ရူပကာနေရာမှာလဲ အဖေဒိန်းမတ်လူမျိုး၊ အမေမြန်မာလူမျိုးတို့ရဲ့ ကပြားသွေးတွေလက်ဆင့်ကမ်း လက်ခံရရှိခဲ့တာကြောင့် ပုရိသတိုင်းကြိုက်တဲ့ ကြာပန်းခပ်ကြီးကြီးတစ်ပွင့်ပါ။

အလုပ်အကိုင်လဲအဆင်ပြေသလို၊ ကိုယ်ပိုင်တိုက်ခန်း၊ BMW ကားအကောင်းစားကြီးစီးပြီး ရီးစားတွေလဲထည်လဲတွဲနိုင်ပါရက်နဲ့.......

"Leo Thormason!!"

အခုအသံပိုင်ရှင် Darwin ဆိုတဲ့ ခွေးတိရိစ္ဆာန်နဲ့မှ ဘယ်လိုဖြစ်ပြီး ချစ်ကြိုးသွယ်မိခဲ့ပါလိမ့်...။

'ဒုန်း........

'ခှမ်​...

စိတ်ညစ်ညူးစွာ သူ့ရှေ့မှာ ဒေါသတွေနဲ့ရှူးရှူးရှားရှားဖြစ်ပြနေတဲ့ Darwin ကိုကြည့်ပြီး Leo အတွေးပင်လယ်ချဲ့နေခဲ့မိတယ်။

Darwin ပုံစံဟာ ခရီးကပြန်လာပုံရပြီး ရောက်ရောက်ချင်း ဒေါသတကြီးနဲ့ Leo နာမည်အော်ခေါ်ပြီး လာရာလမ်းတစ်လျှောက် တွေ့သမျှပစ္စည်းတွေအကုန်ကိုင်ပေါက်ရိုက်ခွဲလာတယ်။

Leo ကတော့ အိမ်နေရင်း T-shirt အားကစားဘောင်းဘီအပွနဲ့ လက်ကိုပိုက်၊ ခြေကိုချိတ် ဆိုဖာပေါ်ခေါင်းမှီပြီး Darwin လုပ်သမျှကို အေးအေးဆေးဆေးထိုင်ကြည့်နေတာပါ။

အလုံးအရင်းဒေါသတွေနဲ့ Darwin တစ်ယောက် Leo အနားရောက်လာပြီး သူ့လက်ထဲမှာပါလာတဲ့ phone နဲ့ Leo ကိုပစ်ပေါက်လိုက်တယ်။

"ဒါဘာလဲ? ဒါဘာတွေလဲ...ဟင် Leo Thormason..?။ မင်းငါမရှိတုန်း ခွေးဇာတ်ခင်းနေတာတွေ ငါမသိနိုင်တော့ဘူးများမှတ်နေလား?"

Leo သူ့ကိုပစ်ပေါက်လိုက်တဲ့ phone ကိုအသာအယာဖမ်းလိုက်ပြီး ဒါဘာတွေလဲ'ဆိုတဲ့စကားကိုအဓိပ္ပါယ်ဖော်ဖို့ phone screen ကိုကြည့်လိုက်သည်။

Phone ထဲမှာ သူမနေ့ညက night club သွားတုန်းက ကောင်လေးတစ်ယောက်နဲ့ဖက်နမ်းနေတဲ့ပုံတွေ။

သူတို့ချင်း အသည်းအသန်အချစ်ပလူးနေတဲ့ပုံတွေအပြည့်။

Leo phone ကို ဆိုဖာပေါ်ပြန်ပစ်တင်လိုက်ပြီး Darwin ကိုမျက်လုံးလှန်ကြည့်လိုက်သည်။

ငါမင်းကိုမချစ်ဘူးဆိုတာ လုံးဝသေချာတယ်[Complete]Where stories live. Discover now