"ကဲ...ကဲ။
ပြဿနာတွေလည်းထပ်ဖြစ်စရာမရှိတော့ဘူး။
စီနီယာတို့နဲ့လည်း ထပ်တွေ့စရာမလိုတော့ဘူး။ "
"ပျော်နေတာလား "
"ပျော်တာပေါ့...
ခင်ဗျားမျက်နှာကြီးထပ်မမြင်ရတော့ဘူးလေ။ "
"မင်းကွာ...."
"အမယ်လေး...အပိုတွေပါ ချွဲဆူဘင်းရယ်။
ဆေးရုံတက်နေတုန်းကကျ မအိပ်နိုင် မစားနိုင် သူဘဲ ဆေးရုံစောင့်ပေးနေပြီးတော့...."
"ဒါကငါ့ကြောင့်ဖြစ်သွားတာဆိုတော့ ငါက တာဝန်ကျေချင်ရုံပါ။ "
-ထိုင်နေကြ ကန်တင်းက သစ်ပင်ပုလေးဘေးတွင် စားသောက်ကာ yeonjun soobin boramတို့စကားပြောနေကြခြင်းပင်။ felixနဲ့ hyunjinကတော့ အတန်းသွားတက်သည်။ kaiကတော့ ကျောင်းမလာသေး။ ကျန်ကောင်လေးနှစ်ယောက်ကတော့ ဖုန်းကိုဘဲကြည့်ကာ ချစ်ကြည်နူးနေကြသည်။ အကြောင်းမှာ သူတို့တွဲနေသည်ဆိုတာကို တစ်ယောက်မှမသိကြ။ အပြင်မျာအတူရှိနေသော်လည်း စကားပြောရန်အဆင်မပြေသောကြောင့် msgရိုက်ပြီးသာ စကားပြောနေကြသည်။ အကဲလေးဂန်ထယ်ဟွန်းပေါသမျှ လူအေးကြီးချွဲဘောမ်ဂယူကတော့ ကမ္ဘာငယ် သဘောဆိုသည့်ပုံစံဖြင့် လိုက်သဘောကျပေးနေသည်။ -
"အမယ်...ဂန်ထယ်တို့ ဖုန်းကိုကြည့်ပြီး ပြုံးလို့ရွှင်လို့ပါလား။ ဘာလည်း...ရည်းစားထားနေပြီလား"
-ပေါင်မုန့်တစ်ကိုက်ကိုက်ရင်း မေးလာသော ဆူဘင်း။-
"မဟုတ်...ပါဘူး။ "
"မင်းပြုံးနေတာငါတွေ့တယ်နော်"
" ဒီအတိုင်း ရီစရာတွေ့လိုက်လို့ပါ"
"အော်....
Beomgyuနဲ့ပြောနေတာမဟုတ်ဘူးလား။ "
"ငါ...ငါကဘယ်နေကနေ ပါလာတာလည်း။ "
"မသိဘူးလေ
မင်းကလည်း ဖုန်းကြည့်ပြီးဖြီးနေလို့..."
"ငါလည်း ရီစရာတွေ့လိုက်လို့ပါကွ။ "
"အေးပါ...မင်းတို့ခေတ်ဘဲ လူပ်ထားကြဦးပေါ့။
မိလို့ကတော့ ခံငြင်းရင် ငါလိုက်လုပ်မှာ"
-beomgyuကတော့သဘောဆိုတဲ့ပုံစံနဲ့ အအေးဘူးဖွင့်ကာ သောက်နေလိုက်သည်။ -
"ငါအတန်းတက်စရာရှိလို့ အရင်သွားတော့မယ်နော်။"
"အော်...အေးအေး။
ငါလည်းလိုက်မယ်...kaiကျောင်းမလာတော့ လွှတ်သွားရင် ကူးလို့ရအောင်...။ "
"အွန်း...မင်းကမင်းဘာသာရပ်မေဂျာကိုသွား ။
ငါက ငါ့အဓိကမေဂျာချိန်ကိုသွားတက်မယ်။ "
"Boramရော...မလိုက်ဘူးလား။ "
"ငါက hyunjinလာရင် အလုပ်သွားရမှာ။
ရပ်ထားတာကြာနေပြီမလို့ ဒီနေ့မသွားရင် ဒါရိုက်တာကြီး ငါတို့ကို သတ်လိမ့်မယ်။ "
-ပြောလည်းပြော လည်ပင်းကို လက်နဲ့ဖြတ်ပြလိူက်သည်။ -
"အလုပ်မရှိ အတန်းလည်းမတက် လက်ယားလက်ယားလျှောက်သွားနေတဲ့လူတွေထက်စာရင်တော့ကောင်းတာပေါ့ boramရယ်။ "
-သွားခါနီးရွဲ့စောင်းကာ ပြောသွားသော soobinကြောင့် အပြောခံရသူ yeonjunကတော့ ခေါင်းမီးတောက်လျက်သာ ကျန်ခဲ့တော့သည်။ -
"သွားတော့မယ်နော်...တာ့တာ"
-လက်ပြသောtaehyunအား beomgyuက မသိမသာလေး fly kissပေးကာ လက်ပြလိုက်သည်။ taehyunကတော့ အရှက်ကြီးစွာ။ -
-soobinနဲ့ taehyunထွက်သွားပြီးတော့ 15မိနစ်အကြာမှာ beomgyuလည်းဆရာခေါ်ထားသည်ဟုပြောကာ ထထွက်သွားသည်။ ယခုboramနှင့်yeonjunသာကျန်တော့သည်။ တိတ်ဆိတ်ခြောက်ကပ်သွားသော သူတို့ဝိုင်းကို ဆယ်မိနစ်အကြာမှာ အတန်းပြီးသွားသော felixနဲ့ hyunjinရောက်လာခဲ့သည်။ -
"စောင့်ရတာကြာသွားပြီလား။ "
"ရပါတယ်....ခုနကမှ အကုန်ထသွားကြတာ။ "
"စားဦးမှာလား။
တစ်ခါတည်းတန်းသွားမှာလား။ "
"တန်းသွားကြမယ်လေ...
ဒါရိုက်တာပတ်ခ် ကျိန်ဆဲနေလောက်ရောပေါ့။ "
"ငါနဲ့ felixရော...(အဟွန်း)...လိုက်ခဲ့လို့ရမလား။ "
"လိုက်ချင်လိုက်ခဲ့လေ...ငါတို့ကမင်းတို့ထိုင်စောင့်နေရတာနဲ့ ပျင်းနေမှာစိုးလို့...။ "
"ရပါတယ်...
ဒီနေရာမှာဆိုပိုပျင်းပြီးသေသွားနိုင်တယ်"
"ဒါဆို လာ....ထကြ။
သွားကြမယ်..."
-လက်ကျန်လူဖြစ်သောboramနဲ့yeonjunကပါ ထထွက်သွားသည်။ လွန်ခဲ့သောမိနစ်သုံးဆယ်လောက်က လူတေထိုင်နေကြပြီး ဆူညံသံတွေပြည့်နေတဲ့ဝိုင်းလေးဟာ ယခုအချိန်မှာတော့ တစ်ယောက်တစ်စွန်းမှမမြင်ရတော့ဘဲ ပကတိတိတ်ဆိတ်သွားခဲ့သည်။ -
.
.
.
-soobinတို့အတန်းတက်မည်ဆိုပြီးထွက်လာခဲ့လိုက်သော်လည်း နှစ်ယောက်လုံးရဲ့ခြေလှမ်းများက ကျောင်းထွက်ပေါက်ဘက်ကိုသာ။ တစ်ယောက်ယောက်တွေ့သွားမည်စိုးသဖြင့် ခြေထောက်များကတော့ မပြေးရုံတမယ်နှုန်းဖြင့်။ -
"မင်း သက်သာလာတယ်မလား အခုတစ်လော...."
"အွန်း...သက်သာပါတယ်....။
နည်းနည်းပိုမောလာရုံကလွဲလို့ အကုန်သက်သာတယ်။ "
"ပိုတောင်ပိန်သွားသလိုဘဲ....
ဆေးတွေရောသေချာသောက်ရဲ့လား။
ဆေးရုံတော့ပုံမှန်သွားနေပြီး ဆေးတော့ပုံမှန်မသောက်ရင် မင်းသက်သာလာမှာမဟုတ်ဘူးနော်။ "
"အေးပါ...ငါသောက်ပါတယ်။
မင်းကလည်း ရှည်လိုက်တာ ....ငါ့အမေတောင်အဲ့လောက်မမေးခဲ့ဖူးဘူး။ "
"စိတ်ပူလို့ပြောတာဟေး....စိတ်ပူလို့ပြောတာ။
တော်ကြာသေသွားခါမှ ငါ့သရဲလာခြောက်နေမှာစိုးလို့။ "
-ပြောမနိုင်ဆိုမနိုင်လူနာချွဲဆူဘင်းအား စကားနိုင်လုမနေတော့ဘဲ taxiတစ်စီးမြန်မြန်ငှားပြီး ဆူဘင်းသွားပြနေကြ ဆေးရုံဆီသို့ ဦးတည်ရသည်။ မနက်ကတည်းက ခါအီက စာရင်းသွားပေးထားသည်မဟုတ်လား။ ဒီတော့ သူတို့ကနောက်ကျလို့မရပေ။-
.
.
.
-တစ်ဖက်က Yeonjunတို့လေးယောက်သည်လည်း ဆေးရုံကြီးဘေးက ဓာတ်ပုံစတူဒီယိုသို့ဦးတည်ပြီးသွားနေကြသည်။ စတူဒီယိုရောက်တော့hyunjinနဲ့ boramက ကြော်ငြာပိုစတာအတွက် ဓာတ်ပုံရိုက်ရန် အဝတ်အစားသွားလဲနေပြီး felixနဲ့ yeonjunနဲ့ကတော့ သူတို့နှစ်ယောက်ကိုထိုင်စောင့်နေသည်။ -
"Yeonjunက မိဘတွေရှိသေးတယ်နော်။ "
"အွန်း...
ရှိပေမဲ့လည်း အမေက နောက်အိမ်ထောင်နဲ့ အဖေကamerica မှာဘဲ နေနေတော့ koreaက ငါ့ကို ဂရုစိုက်မဲ့သူမရှိဘူးလေ။ အဖေကတော့ ဂရုစိုက်ပါရဲ့.... သူရဲ့သား Choi Yeonjunမဟုတ်ဘဲနဲ့ america company ကို လက်လွှဲယူရမဲ့ အမွေဆက်ခံသူ Daniel Choiကို.....။ "
"သားသမီးကိုဂရုမစိုက်တဲ့မိဘကဘယ်မှာရှိလို့လည်း"
"ငါ့မိဘတွေလေ။
ဒါထက်....မင်းကရော...hyunjinရဲ့အိမ်မှာအဆင်ပြေရဲ့လား။ "
"ဟုတ်ကဲ့...ပြေပါတယ်။
အဲ့နေ့က hyunjinသာ အဲ့လိုမပြောပေးလိုက်ဘူးဆိုရင် အခုဆိုရင် ဒေါ်လေးပေးစားတဲ့ အဖိုးကြီးနဲ့စေ့စပ်ကြောင်းလမ်းပြီးနေလောက်ပြီ။ "
"အွန်း....။
မင်းနဲ့hyunjinကရိုးသားရဲ့လား။ "
"ဟာ...ရိုးသားပါတယ်ဗျ။
ကျွန်...ကျွန်တော်က hyunjinကိူအကိုအရင်းတစ်ယောက်လိုဘဲ သဘောထားတာပါ။ "
"Hyunjinကတော့ အဲ့လိုမဟုတ်လောက်ဘူးထင်တယ်။ သူက မင်းကိုသဘောကျနေတာ...တော်ရုံလူကူညီတတ်တာမဟုတ်ဘူး... အဲ့ကောင်က"
"သဘောကောင်းတဲ့လူပါ။ "
-felixနဲ့စကားပြောနေတုန်း အဝတ်လဲလို့ပြီးသွားတဲ့ နှစ်ယောက်က အပြင်ကိုထွက်လာကာ မိတ်ကပ်ပါပြင်ဆင်နေသည်။ -
"Boramကို အဲ့လိုတစ်ခါမှ မမြင်ခဲ့ဖူးဘူးဘဲ။ "
"အာ...ရိုက်ကွင်းတုန်းက ကျွန်တော်တို့က ရက်မတူတော့ boram မိတ်ကပ်ပြင်တာ yeonjunမမြင်ဖူးလိုက်တာကိုး။ "
"ငါနဲ့ရိုက်တုန်းက အပူသည်ရုပ်လေ။
ဘာမှသိပ်မလိမ်းထားဘူး။ "
-သူတို့ပြောနေသော boramသည် ဆံပင်ကိုအလိမ်လိမ်တွေကောက်ကာ အဖျားနားတွင်ခွေခွေလေးလိပ်ထားသည်။ dressအတိုအစိမ်းရင့်လေးကိုဝတ်ကာ စီးထားသော ဖိနပ်သည်လည်း high heelဖြင့်။ ကြော်ငြာရမည့်ထုတ်ကုန်ပစ္စည်းကို သေချာကြည့်နေသည်။ hyunjinသည်လည်းထိုနည်းတူပင်။ သားရေဂျက်ကတ်အနက်ရောင်ကို အောက်ခံအင်္ကျီမပါဘဲ ဇစ်အပြည့်ဆွဲထားသည်။ လည်ပင်းအဝိုက်က ရင်ဘတ်အောက်နားထိ Vပုံစံရှိနေပြီး အတွင်းသားတစ်ချိူ့မြင်နေရသည်။ ရှည်လျားသောသူ၏ဆံပင်များကို အနောက်သို့ သိမ်းတင်ထားသည်။ အရှေ့ဆံပင်လေးနှစ်ချောင်းကတော့မပါမဖြစ်ချထားရသည်။ -
"စောင့်ရတာပျင်းနေပြီလား။
အနီးအနားလျှောက်ကြည့်ချင်လည်းရတယ်....ပြန်လည်းရတယ်နော်"
"မပြန်ပါဘူး....သွားစရာနေရာမရှိဘူး။
ပျင်းတယ်။ ဒီနားတစ်ဝိုက်ကြည့်ပြီးပြန်လာခဲ့မယ်။ "
"အွန်း
ကောင်းပြီလေ...."
"ငါကတော့နေခဲ့လိုက်မယ်။
မင်းတို့ကိုကြည့်ချင်လို့.."
"အိုကေ.."
-yeonjunတစ်ယောက် အိတ်ကိုထားခဲ့ကာ ဖုန်းလေးကိုင်ပြီး စတူဒီယိုအပြင်ဘက်သို့ထွက်လာခဲ့သည်။ စတူဒီယို၏ညာဘက်က barတစ်ခုဖြစ်ပြီး ဘယ်ဘက်က ဆေးရုံကြီးဖြစ်သည်။ အညောင်းအညာ ပြေစေရန် လက်ကိုဆန့်တန်းပြီး ဘယ်ဘက်သို့အကြည့် ရင်းနှီးနေသောမျက်နှာနှစ်ခုက ဘေးနားက ဆေးရုံထဲသို့ဝင်သွားသည်။ -
"Soobinတို့မလား။
ဒီနှစ်ယောက်အတန်းမတက်ဘဲ ဘာလာလုပ်တာလည်း။ "
-စိတ်မြန်လက်မြန်ရှိလှသော yeonjunသည် ထိုနှစ်ယောက်နောက်သို့ လိုက်ကာ ဆေးရုံထဲဝင်လာတော့သည်။-
Soobin POV:
-ဆေးရုံထဲဝင်ကာ မိမိအလှည့်ကိုထိုင်စောင့်နေတုန်း အန္တရယ်အငွေ့အသက်တွေရလာသည်။ -
*ငါ့စိတ်တွေဘာလို့လေးနေတာပါလိမ့်...
စိတ်ထင်တာများလား...ဒီနေရာကြောင့်ဘဲလား။ *
#လူနာချွဲဆူဘင်း အထဲဝင်လို့ရပြီနော်။ "
-taehyunနှင့်အတူ ဆရာဝန်အခန်းထဲသို့ဝင်သွားလိုက်သည်။ -
-soobinတို့အထဲဝင်သွားပြီးမှ yeonjunထိုနားသို့ရောက်လာခဲ့သည်။ -
-သူတို့နှစ်ယောက်က ကပ်ကပ်လွဲသွားသည်။ ကံတရားက soobinအခြေအနေကိုဘဲ yeonjunကို မသိစေချင်တာလားတော့မပြောတတ်ပေ။ -
Yeonjun- ခုနကလေးတင် ဆေးရုံထဲဝင်သွားတာတွေ့လိုက်တာကို ဘယ်ရောက်သွားကြတာလည်း။ ငါဘဲ အမြင်မှားတာနေမှာပါလေ...။
-အမြင်မှားသည်ဟုထင်သွားသော yeonjunသည် ထိုနေရာမှ ပြန်လှည့်ကာ ဆေးရုံထဲမှပြန်ထွက်သွားကြသည်။ -
Soobin POV:
-ဆရာဝန်အခန်းထဲက ထွက်လာပြီးပြီချင်းကို taehyun၏ဆူချင်းကိုတန်းခံရသည်။ -
"မင်းကိုငါဆေးပုံမှန်သောက်ပါလို့မပြောခဲ့ဘူးလား။"
"ငါသောက်ပါတယ်....အခုတစ်လောဘဲ စိတ်ရှုပ်နေလို့ သတိမရတာ။ "
"အေး လုပ်နေလိုက်သိလား။
နှလုံးထဖောက်ပြီး သေနေမှ....
"မင်းကလည်းကွာ....အဲ့စိတ်ပျက်စရာရောဂါကြီးအကြောင်းထည့်ထည့်မပြောပါနဲ့။ သက်သာနေလို့ဘဲ ဟိုဘဲကြီးနဲ့သတ်နိုင်သေးတယ်လေ။ "
"မပြောလို့ရမလား။
ငါမှာက မင်းနဲ့ခါအီဘဲရှိတာ။
မင်းတို့တစ်ခုခုဖြစ်ရင် ငါပါကိုယ့်ဘာသာကိုသတ်သေပစ်မှာနော်။ "
"အမယ်...သေရဲတာလည်းမဟုတ်ဘဲနဲ့..."
"မယုံရင်စမ်းကြည့်လိုက်....။
ငါ့ချစ်ရသူတစ်ယောက်ဆုံးရှုံးသွားရင် အချစ်ကြီးတဲ့ငါက အဲ့လိုဘဲလုပ်ပစ်မှာ။ ဘာလို့ဆိုဘယ်သူမှမရှိတဲ့လောကကြီးမှာ ငါမနေဘူး။ "
"ဖက်ဖက်ဖက်...
သေမဲ့အကြောင်းတွေထည့်မပြောနဲ့တော့။ "
"မင်းတို့က မထားသွားရဘူးနော်။ "
"မသိရင် မကြာခင်ငါက သေတော့မဲ့လူကျလို့.."
"မင်းအပေါ်မှာ မူတည်တယ်။ "
"သွားမယ်...
3:00ထိုးတော့မယ်...အိမ်ပြန်နောက်ကျရင် ဦးလေးကြီးဆူနေဦးမယ်။ "
-သေမဲ့အကြောင်း၊ ထားမသွားမဲ့အကြောင်းတွေပြောကာ ဆေးရုံးဝန်းထဲမှ ထွက်သွားသောကောင်လေးနှစ်ယောက်သည် ထိုနေ့က သူတို့နားမှာချစ်သောလူများနှင့်အနီးကပ်ဆုံးရှိနေခဲ့သည်ဆိုတာကိုတော့ မသိလိုက်ပေ။ -
.
.
.
Yeonjun POV:
-ဆေးရုံထဲကထွက်လာပြီးပြီးချင်း စတူဒီယိုထဲပြန်ဝင်လာတော့ boramက hyunjinကိုမှီပြီး couple photoရိုက်နေသည်။ felixကတော့ ဘေးနားကနေ အားပေးနေသည်။
*ခုနက ဆေးရုံထဲဝင်သွားတာက soobinနဲ့taehyun တကယ်ဘဲလား။ ဘာလာလုပ်ကြတာလည်း...တစ်ယောက်ယောက်နေမကောင်းလို့တော့မဟုတ်ပါဘူးနော်။ ငါ့ကိုမြင်လို့ရှောင်သွားကြတာလား။ ငါအမြင်မှားတာလား။ ထူးဆန်းတယ်...အတန်းတက်ရမဲ့ကလေးတွေက...*
"ဘာတွေတွေးနေပြန်တာတုန်း...။ "
-တွေးနေတာ ဘယ်လောက်ကြာသွားလည်းမသိ။ hyunjinတောင် shootingပြီးသွားပြီဖြစ်သည်။ -
"ထွေထွေထူးထူးမဟုတ်ပါဘူး။ "
"3:00ထိုးတော့မယ်ဆိုတော့ပြန်ကြမယ်လေ...အဝတ်စားလဲပြီး လုပ်အားခယူပြီးရင် ထွက်လာခဲ့မယ်။ ခဏဘဲထပ်စောင့်ပေး။ "
"အာ..ရတယ်။
အေးဆေးလုပ်...."
-လုပ်အားခယူတယ်ဆိုလို့ hyunjinကို တစ်မျိုးမထင်ကြပါနဲ့....သူဌေးသားတစ်ယောက်က အချစ်နဲ့တွေ့ရင် ပြောင်းလဲတတ်ကြတယ်လေဗျာ။ အခုပိုက်ဆံတွေကတော့ သူ့အချစ်အတွက်ပေါ့...-
"Felix.... အတူပြန်ကြမယ်။
ဒီနေ့ မင်းအိမ်မှာလိုက်အိပ်မှာ။ "
"အချိန်မရွေးပါဘဲ hyunjinရေ။ မင်းအိမ်မလို့ ကြိုက်သလိုဝင်ထွက်သွားလာပါ။ "
-ပိုက်ဆံကို ရိုးရိုးပေလျှင်ယူမှာမဟုတ်သောသူအကြောင်းကောင်းကောင်းသိ၍ မလှိမ့်တပတ်လုပ်ကာပေးရမည် ဆိုသောအတွေးက hyunjinအတွေးထဲနေရာယူလျက်။ -
(သိပ်မရှင်းကြမှာစိုးလို့လေ...felixက သူစေ့စပ်ရတော့မယ်ဆိုတဲ့ သတင်းကို hyunjinတို့ကိုပြောပြတော့ hyunjinကူညီမယ်...အဲ့ကိစ္စငါ့တာဝန်ထား။ ဆိုပြီးပြောခဲ့တာ မှတ်မိတယ်ဟုတ်?...အဲ့ဒါက hyunjinက သူ့ရဲ့ကိုယ်ပိုင်အခန်းကို felixကိုနေခိုင်းလိုက်တာပါ။ သူ့အဒေါ်ဆီကနေ အပြီးအပိုင်ဆင်းလာခဲ့တဲ့felixကတော့ hyunjinအကူအညီနဲ့ နေစရာအိမ်ရှိခဲ့ပြီး ကျောင်းသွားရန် hyunjinကိုယ်တိုင်က ကားနဲ့လာခေါ်ပါတယ်။ အရင်လိုဆိုင်ကယ်နဲ့လာဖို့က တစ်ယောက်တည်းမဟုတ်တဲ့အတွက် ကားစီးလာရခြင်းဖြစ်သည်။ သူဌေးကို ယူရန်အကြောင်းမရှိတော့တဲ့အတွက် felixကတော့ အလုံးတစ်လုံးကျသွားခဲ့ရပြန်သည်။ -)
.
.
.
Kai POV:
-မနက်က soobinအတွက် စာရင်းလာပေးပြီးကတည်းက ကျောင်းသွားရန်ဦးတည်လိုက်သော်လည်း တိတ်တခိုးချစ်ရသူ၏ မျက်နှာနှင့် တစ်ယောက်သောအချစ်ခံရသူ၏မျက်နှာ ထိုနှစ်ခုတို့အားပြေးမြင်လာသောကြောင့် ကျောင်းသွားချင်စိတ်မှာ ကြက်ပျောက်ငှက်ပျောက်။ မျက်နှာချင်းလည်းမဆိုင်နိုင်တာလည်း မွေးနေ့ကတည်းက....။ ဒီလိုသာဆို စီနီယာတို့ကို တွေ့နိုင်မဲ့သတ္တိရှိပါဦးမလား။ -
-မထူးပါဘူး...ဆေးရုံရှေ့ကနေလျှောက်လာခဲ့တာ အခုဆိုရင် barရှေ့တောင်ရောက်နေမှပေါ့...ငါအဝေးကြီးလျှောက်ပြီးပြီဘဲ....barမှာဘဲ ဦးနှောက်ဆေးရင်ကောင်းမယ်ထင်တယ်။ -
-ထင်တယ်လို့ပြောရုံရှိသေး....ခန္ဓာကတော့ ဆိုင်ထဲဝင်သွားလေပြီ။ -
-စိတ်ညစ်ညစ်နဲ့ထိုင်သောက်နေတာ...အတွေးစတို့ကလည်းမပျောက်နိုင် ၊ မူးကလည်း မမူးနိုင်။ ရီဝေဝေ ယောင်ချာချာဖြင့် မထူးသည့်အဆုံးထပြန်ရန်ဆုံးဖြတ်လိုက်သည်။ အချိန်အားဖြင့်တော့ နေ့ခင်း3:00လောက်ရှိနေပြီ။ -
"အ့...."
-အပေါ်ကဝနားတွင် လူတစ်ယောက်ကို ဝင်တိုက်မိခဲ့သည်။ -
"တောင်းပန်ပါတယ်ဗျ....
ဂျို ဆော ဟာ မီ(အေ့) သာ...."
-အမူးသမားလေသံနှင့် စကားတွေကလည်း မပီတပီဖြင့်။ -
"နေ့ခင်းဘက်ကြီး မူးနေတာပါလား။
ဒီမှာကောင်လေး..... "
-ကိုယ့်အရှေ့ကလူကြီးကို ကြည့်နေရင်းနဲ့ ဝါးလာသည်။ ဒါအပြင် ရင်ဘတ်ထဲကလည်းပူလာပြီး အော့ပါတက်လာသည်။ -
"အေ....အော့.....အော့....ဝေါ့....."
-သေချာပြီ....အရှေ့ကလူကြီးအပေါ် Kaiတစ်ယောက်အန်ချလိုက်မိပြီ။ ထိုလူကြီးကတော့ မျက်စောင်းကြီးဖြင့် ကြည့်နေသည်။ သူတစ်ပါးအားနာတတ်သည့်လူမလို့ ဆိုင်အပြင်ကို အတင်းပြေးထွက်လာခဲ့သည်။ -
"အော့....ဝေါ့...."
-အပြင်ရောက်လာတောင် ထပ်အန်နေသည်။ -
"ဒီမှာကောင်လေး.....မင်းငါ့အပေါ်အန်ချသွားတာ ငါ့အင်္ကျီတွေပေကုန်ပြီ ။ မင်းပြန်လျော်ပေးတော့။ "
"တောင်းပန်ပါတယ်ဗျ။
ကျွန်တော် သောက်တာများသွားလို့ မခံနိုင်ဘဲအန်ချမိတာပါ။ "
"နေ့ခင်းကြောင်တောင်လာသောက်ပြီး မူးနေမှတော့မဖြစ်ဘဲမလား။ "
"ဘယ်လောက်ကျလည်း...ပြန်လျော်ပေးပါ့မယ်ဗျ။ "
"Won 30000တန်အင်္ကျီကွ။
ငါ့မိန်းမလက်ဆောင်ပေးထားတာ။ "
"အော်...ဟုတ်ကဲ့။"
-walletထဲနှိုက်ကြည့်တော့လည်း ဗလာဖြစ်နေပြီဖြစ်သည်။ ဘဏ်ကတ်ထဲကနေလွှဲမယ်ကြည့်ပြန်တော့လည်း မရှိ။ အိုမားမှမလွှဲသေးတာမလား။ -
"ဟိုယေ...နောက်နေ့မှ လာလွှဲလို့ရလား။
ပိုက်ဆံမလောက်တော့လို့..."
"မရဘူး...အခုမှမပေးရင် မင်းဘယ်မှမသွားရဘူး။ "
"နောက်နေ့မှလေ...."
"မရဘူး....။
မင်းမပေးနိုင်ရင် ငါ့နဲ့လိုက်ခဲ့ရမယ်။ "
"ဟင်..."
-ကယ်ကြပါဦး.... kaiလေးအဖြစ်ကို ကယ်မဲ့လူမရှိတော့ဘူးလား။ 😭လိုက်ခဲ့ရမယ်ဆိုတော့ မျက်နှာကငိုမဲ့မဲ့ဖြစ်လာသည်။-
- taehyunနဲ့soobinဆီဆက်မယ်လုပ်ပြန်တော့လည်း သူတို့က ကိုယ့်ထက်မွဲမဲ့ပုံ။ သူတော်ကောင်းလေးမို့လို့ မသင့်သူများမကြပါဦး။ -
"အဲ့လက်ကို လွှတ်လိုက်။
ခင်ဗျားပိုက်ဆံကျွန်တော်ပေးမယ်။ "
.
.
.
Hyunjin Pov:
- မိတ်ကပ်ဖျက်ပြီးတော့ အိမ်ပြန်ကြမယ်ဟုဆိုကာ စတူဒီယိုအပြင်ဘက်သို့ထွက်လာခဲ့လိုက်ကြသည်။ အပြင်ရောက်တော့ နားထဲရန််ဖြစ်သံလိုလို စူးစူးရွားရွား ရင်းရင်းနှီးနှီးအသံတစ်ခုကို ကြားလိုက်ရသည်။ ဒါနဲ့လှည့်ကြည့်လိုက်တော့ barရှေ့မှာ ပြဿနာတက်နေပုံရတဲ့လူငယ်တစ်ယောက်။ အရှေ့က လူကြီးသုံးယောက်က ထိုကောင်လေးကိုအနိုင်ကျင့်နေသလို....။ ထိုကောင်လေးတစ်ချက် တစ်ချက်အလှည့်လာမှာ မြင်တွေ့ရသောကြောင့် kaiဆိုတာ hyunjinသိသွားလေသည်။ -
-ချက်ချင်းပင် အနားသွားလိုက်တော့ လျော်ကြေးပေးရန်ပြောနေကြသည်။ ဒီကလေးဘာတွေလုပ်ပြန်ပါလိမ့်....။ ကြည့်ရတော့လည်း kaiက ယိုင်တိုင် ယိုင်တိုင်ဖြင့်။ သောက်ထားပြန်ပြီလား။ တွေးနေရင်း အရှေ့ကကလေးရဲ့လက်ကို ဖမ်းကိုင်လိုက်တာမလို့ ဒေါသကတော့ ထွက်သွားသည်။ အနုပညာသမားရဲ့လက်ကို ကိုင်တာ ကြမ်းတမ်းလှချည်လား။ -
"အဲ့လက်ကို လွှတ်လိုက်။
ခင်ဗျားပိုက်ဆံကျွန်တော်ပေးမယ်။ "
"စီနီယာ....."
-တကယ်မတယ်ကွ....ဒါပေမဲ့ နတ်တော့မဟုတ်ဘူး...hyunjin sambae -
"Kai"
"Felix hyung....Bor~am NA!!!!!!"
"အဆင်ပြေရဲ့လား "
"Nae...စီနီယာယောန်ဂျွန်း"
-အဆင်ပြေတယ်ပြောသော အမူးသမားလေးအား felixနဲ့boramဆီပို့ပေးပြီး ကိုယ်နဲ့yeonjunက ထိုလူကြီးသုံးယောက်ဆီ သွားလိုက်သည်။ အမူးသမားပေါက်စကတော့ felixကိုမှီကာ အိပ်တော့မဲ့ပုံစံ။ -
"ခင်ဗျားပိုက်ဆံ ကျွန်တော်တို့ပေးပါ့မယ်။
ဘယ်လောက်လည်း..."
"Won 30000"
-yeonjunမှာ ခပ်တည်တည်ဖြင့် ပိုက်ဆံအိတ်ထဲသို့ လက်နှိုက်လိုက်သော်လည်း 100တန်အကြွေစေ့နဲ့ 500တန်အကြွေစေ့ကလွဲလို့ထွက်မလာပေ။ အော်.... ငါဘဝက သူဌေးသားမဟုတ်တော့ဘူးဘဲ။ -
"အဟွန်း...ဟွန်း
Hyunjin....မင်းပေးလိုက်။ "
-ထိုအခါမှ hyunjinက သူအိတ်ထဲက won50000တန်ကိုထုတ်ကာ ထိူလူကြီးဆီပေးလိုက်သည်။ -
"သွားတော့နော်...ပိုက်ဆံကျန်တဲ့နှစ်သောင်းကို ပြန်မအမ်းနဲ့တော့ ။ ယူသွားလိုက်။ ကျွန်တော်က အကြွေမကြိုက်လို့..."
(ဘုရား ဘုရား...ဝမ်နှစ်သောင်းကို အကြွေတဲ့...😭🖐🏻)
-အရှေ့ကလူကြီးကတော့ မဲ့ရွဲ့ကာ လှည့်ထွက်သွားသည်။ -
"ကဲ...အမောင်ခါအီ...ဒါကဘယ်လိုဖြစ်ရတာတုန်း"
"ဟီးဟီး.... မနက်ကsoo....အာ...အာညီးယား....နည်းနည်းလေးသောက်ရင်းကနေ မူး......သွားတာ။ အဟစ်.... အဟစ်....အဟင့်..."
-ဘယ်လောက်မူးမူး သူငယ်ချင်းရဲ လျို့ဝှက်ချက်ကိုတော့ ထိန်းနိုင်သေးသည်။ -
-ခုနက ပြဿနာရှင်းနေတုန်းကကျ လူကောင်းအတိုင်းပင်။ အခုမှ ချက်ချင်းမူးသွားသလားတော့မပြောတတ်။ -
"ကဲ....ထားပါ...စီနီယာတို့အရင်ပြန်နှင့်တော့။
Kaiကို ညီမပြန်ပို့ပေးလိုက်မယ်။ "
"အွန်း...ဒါဆို စိတ်ချပြီးသွားမယ်နော်။ "
"ဟုတ်...ဟုတ်
ရတယ်...ရတယ်။ "
-kaiကိုတွဲကာထွက်သွားသော boramကို ကားငှားပေးလိုက်ကာ ထွက်သွားသည်အထိကြည့်နေမိသည်။-
"သွားကြတော့လေ....ငါတို့ဒီကနေ လမ်းခွဲကြမယ်။
ငါလည်းအိမ်ပြန်တော့မယ် appaကလည်းမနက်ဖြန်ပြန်လာမှာဆိုတော့လေ..."
"အော်အေး...သွားလေ။ "
"ကျွန်တော်နဲ့ hyunjinလည်းသွားတော့မှာ။ "
-ထိုနေရာမှာတင် သွားရမဲ့လမ်းကို ခွဲကာ တစ်ယောက်တစ်ဖက်ဆီထွက်သွားကြသည်။ felixက လာတုန်းက အတူတူလာသော သူ၏ကားဆီကို တက်ကာ မောင်းထွက်သွားသည်။ yeonjunကတော့ ဘတ်စ်ကာစီးရန်သာ ။ -
-ထိုနေ့က ကျောင်းကအတန်းချိန်တွေကို ပုံမှန်တက်ကာ ကျောင်းတွင်တစ်ယောက်တည်းရှိနေခဲ့ရသူကတော့ beomgyuဟုခေါ်သော taehyun၏ကောင်လေးပင်။ -
-ပြန်ခါနီး သစ်ပင်အောက်တွင်ရပ်ကာ ချစ်သူလေးနှင့် ဖုန်းပြောနေတုန်း ဖုန်းထဲသို့ မက်ဆေ့ချ်တစ်ခုဝင်လာခဲ့သည်။ လွန်ခဲ့သော သုံးနှစ်က အရမ်းရင်းနှီးခဲ့သော ဖုန်းနံပါတ်ကဖြစ်သည်။.... - v
"Gyu....
ငါမနက်ဖြန် koreaကိုပြန်လာရတော့မယ်....
ငါနင့်ကို သိပ်လွမ်းတာဘဲ gyuရယ်....❤"
- beomgyuတစ်ယောက်ကတော့ နည်းနည်းမှမလှုပ်တော့ဘဲ ကျောက်ရုပ်သဖွယ် ဖုန်းမျက်နှာပြင်ကိုကြည့်နေခဲ့သည်။ -
*Forever*
ဘာတွေဖြစ်ကုန်တော့မှာလည်း...
Messageပိုင်ရှင်ကရောဘယ်သူလည်း👀
#jerry