Master(အရှင် -အရွင္)

By WuKris947

16K 1.1K 23

အရင္ acc @Matainyu မွာ up ထားတဲ့အပုဒ္ပါ။ စာလုံးေပါင္းသတ္ပုံစစ္ရင္း တစ္ပိုင္းခ်င္းျပန္ up သြားပါမယ္။ #Chanbae... More

❤❤
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
Cancel

27

191 17 0
By WuKris947

[Zawgyi]
အရွင္(master)
အပိုင္း-၂၇

ဂိုေလ်ာနန္းတြင္းတစ္ခုလံုး ပစၥည္းေတြ တြန္းခ်သံ၊ရွာေဖြသံမ်ားနွင့္ ဆူညံေနသည္။အပ်ိဳေတာ္ေတြသာမက မိဖုရားေတြပါ လန္႔ေနရသည့္ ဂိုေလ်ာသမိုင္းတြင္ က်န္ရစ္ခဲ႔မည့္ အႀကီးမားဆံုးေသာ စစ္ေဆးမႈပင္ျဖစ္သည္။မယ္ေတာ္ႀကီးအေဆာင္သာမက ဇာမဏီအေဆာင္ေတြအထိပါ တင္းတင္းက်ပ္က်ပ္စစ္ေဆးေနတာေၾကာင့္ မိဖုရားလတ္ အပါအဝင္ သူတို႔ရဲ႕မင္းႀကီးမသိေသးတဲ႔ ဂိုေလ်ာျမိဳ႕ေတာ္ကိုခ်ဳပ္ကိုင္ထားတဲ႔ အခ်က္အလက္ေတြကို ရွာေတြ႔သြားမွာစိုးရိမ္ေနသည္။

ရဲမက္ေတြအားလံုး မိဖုရားႀကီးအေဆာင္ကိုသြားေတာ့ မိဖုရားႀကီးက အျပင္ကိုထြက္ေပးသည္။အခ်ိန္ေတာ္ေတာ္ၾကာရွာေဖြမႈျပီးမွာေတာ့

'ေတြ႔ျပီ!!!'

ရဲမက္တစ္ေယာက္ရဲ႕ေအာ္သံေၾကာင့္မိဖုရားႀကီးလန္႔သြားသည္။ဘာေတြေတြ႔သြားတာလဲ။

'ဒီမွာအဆိပ္ထုပ္ေတြ'

'ဒီဘက္မွာလက္ဖက္ေျခာက္ေတြရွိေနတယ္'

'ဘာေတြလဲ'

'မိဖုရားႀကီးကိုအက်ဥ္းခ်ထားလိုက္'

'လႊတ္စမ္း!!!နင္တို႔ငါ့ကိုဘာထင္ေနလဲ!!!ဒီပစၥည္းေတြက ငါ့ဟာမဟုတ္ဘူး။လြတ္စမ္း!!!!'

ရဲမက္ေတြၾကားရုန္းကန္ရင္းပါသြားေသာ မိဖုရားႀကီး ကို kai ၾကည့္ရင္း သက္ျပင္းခ်လိုက္သည္။ျပီးေတာ့ သူ႔လက္ထဲကိုရဲမက္ေတြလာထည့္သြားသည့္ သက္ေသပစၥည္းမ်ားျဖစ္သည့္ ခဲအဆိပ္မႈန္႔ထုပ္နွင့္ အမတ္ႀကီးပိုင္နက္နယ္ေျမကထြက္ေသာ အားျဖည့္လက္ဖက္ေျခာက္ေတြ………။

''မိဖုရားႀကီးအတြက္ မင္းႀကီးလုပ္ေပးတာေတြမို႔လို႔ နားလည္ေပးလိုက္ပါ''

'သြားရေအာင္'

kai ရဲမက္တစ္ခ်ိဳ႕နဲ႔အတူ မင္းႀကီးpark ရွိရာစာၾကည့္ေဆာင္ကို ထြက္သြားလိုက္သည္။

မင္းႀကီးpark စားဖိုမွဴးလုပ္ေပးထားတဲ့ မုန္႔အခ်ိဳအဝိုင္းေလးေတြကိုစားေနသည္။ေနာက္ထပ္တစ္ခုကိုယူလိုက္ျပီး တစ္ကိုက္ကိုက္လိုက္သည္။မုန္႔ကိုဝါးေနရင္းနဲ႔ မင္းႀကီးpark သူ႔လက္ထဲက တစ္ကိုက္စားထားတာေၾကာင့္ ပဲ႔ေၾကြေနတဲ႔မုန္႔ေလးကိုၾကည့္ရင္း

''byun ဒီမုန္႔ေကာစားလို႔ရမလားမသိဘူး''

မေန႔က မင္းႀကီးpark အခ်ဳပ္ခန္းထဲထိသြားျပီး ဆန္ျပဳတ္တိုက္တုန္းကေသာက္ခဲ႔ေပမဲ႔ ဒီေန႔ေရာက္ေတာ့ ဘာမွထပ္ျပီး စားမဝင္ခဲ႔တာေၾကာင့္ မင္းႀကီးpark စိတ္အိုက္ေနသည္။

''ကိုယ့္ကိုပဲအျမဲအားမကိုးနဲ႔ byun။ကေလးေၾကာင့္ဆိုတာနားလည္ေပမဲ႔ ဒီလိုပဲဆက္ျဖစ္ေနရင္ တျခားသူေတြရိပ္မိကုန္လိမ့္မယ္''

'အထိန္းေတာ္ႀကီး'

မင္းႀကီးpark ရဲ႕ေခၚသံအဆံုး အထိန္းေတာ္ႀကီး အခန္းထဲဝင္လာခဲ့သည္။

'အမိန္႔ရွိပါမင္းႀကီး'

'စားဖိုေဆာင္ကိုအခုခ်က္ခ်င္းသြားျပီး ဒီမုန္႔ေတြကိုထပ္လုပ္ခိုင္းလိုက္ပါ။ျပီးရင္ ကိုယ္လုပ္ေတာ္ byun ဆီသြားပို႔ခိုင္းလိုက္'

'ဟုတ္ကဲ႔မင္းႀကီး'

အထိန္းေတာ္ႀကီးထြက္သြားေတာ့ kai နဲ႔ chen ဝင္လာခဲ႔ျပီး

'အားလံုးအဆင္ေျပလား'

'ေျပပါတယ္မင္းႀကီး။မိဖုရားႀကီးကိုအမိန္႔အတိုင္း အခ်ဳပ္ခန္းထဲပို႔လိုက္ပါျပီ'

'ဒါဆိုရင္ ဘာလို႔သတ္ရတာလဲဆိုတဲ႔ အေၾကာင္းအရင္းကေန စစစ္ေဆးရေအာင္။အဲ႔ကေနမွ တစ္စစီတစ္ေဖၚထုတ္သြားရမယ္'

'ဟုတ္ကဲ႔'

'chen'

'အမိန္႔ရွိပါမင္းႀကီး'

'ဒီကိစၥက byun နဲ႔မဆိုင္ဘူးဆိုတဲ႔အပိုင္းကို အားလံုးသိသြားေအာင္ေဖၚထုတ္ရမယ္။byun နဲ႔ မိဖုရားႀကီး ကရင္းနိွီးေတာ့ byun ကို သူတို႔ေတြသံသယမဝင္ေအာင္လုပ္ရမယ္'

'ကြၽန္ေတာ္ေဆာင္႐ြက္လိုက္ပါ့မယ္'

'ျမန္ေလေကာင္းေလပဲ chen။byun ကို အခ်ဳပ္ခန္းထဲမွာမေနေစခ်င္ေတာ့ဘူး'

'ဒါနဲ႔က်ြန္ေတာ္တို႔ေတြမင္းႀကီးကိုေမးခ်င္တာရွိပါတယ္'

'ဘာကိစၥလဲ'

'ကိုယ္လုပ္ေတာ္ byun အခုတေလာ ဘာမွစားမဝင္ဘဲ အန္ေနတာေတြက ရိုးေကာရိုးရဲ႕လားမင္းႀကီး'

'ဟုတ္တယ္။သမားေတာ္ကိုေခၚေပးမယ္ဆိုေတာ့လည္း မခၚခိုင္းဘူး။တစ္ခုခုကိုဖံုးကြယ္ထားသလိုပဲ'

kai နဲ႔ chen ရဲ႕အေမးေတြေၾကာင့္ မင္းႀကီးpark မ်က္နွာပ်က္သြားျပီး

'byun ဘာမွမျဖစ္တာမို႔စိတ္ပူမေနနဲ႔။တာဝန္ေပးထားတဲ႔အလုပ္ေတြသာေသခ်ာလုပ္'

'ဟုတ္ကဲ႔ မင္းႀကီး'

kai နဲ႔ chen ထပ္ေမးခ်င္ေပမဲ႔ ေျပာျပမွာမဟုတ္တဲ႔ မင္းႀကီး park ေၾကာင့္ထပ္မေမးေတာ့ေပ။ေသခ်ာတာက byun ဖံုးကြယ္ထားသည့္အေၾကာင္းအရာကို မင္းႀကီးpark လည္းသိေနသည္မွာအမွန္……။

~~~~~~~~~~~

sehun နဲ႔Luhan မိန္းကေလးစစ္သည္စခန္းကို အျမန္သြားေနၾကသည္။မၾကာခင္မွာ က်င္းပေတာ့မဲ႔ အရာရွိစာေမးပြဲတြင္ မိန္းကေလးစစ္သည္ေတြကိုပါ ေျဖခြင့္ေပးထားသည္။အရာရွိစာေမးပဲြႀကီးပဲ သီးသန္႔မဟုတ္ဘဲ ကိုယ္ခံပညာေတြအတြက္ပါ ဝင္ျပီး ေျဖဆိုခြင့္ျပဳထားသည္။ အခု sehun သြားေနသည့္အေၾကာင္းအရင္းကလည္း မိန္းကေလးစစ္သည္ေတြသာမက လ်ွိဳ႕ဝွက္ေလ့က်င့္ေပးထားတဲ႔ မင္းႀကီးpark ရဲ႕ စစ္သည္တစ္ခ်ိဳ႔ကိုပါ ဝင္ေျဖခိုင္းထားတာေၾကာင့္ျဖစ္သည္။

'sehun'

'ေျပာေလ han ေလး'

'ဒီတစ္ေခါက္ကိစၥက မိဖုရားႀကီး လုပ္တာေကာဟုတ္လို႔လား'

'ဟုတ္မွာေပါ့။သက္ေသေတြပါရွိေနတာေလ'

'ငါကေတာ့အဲ႔လိုမထင္ဘူး'

'ဘာလို႔လဲ'

'မိဖုရားငယ္က hyun တိုက္လိုက္တဲ႔ေရေႏြးေၾကာင့္ အဆိပ္တက္သြားတာ မဟုတ္လား။မိဖုရားႀကီးအခန္းထဲက လက္ဖက္ေျခာက္ေတြက ဒီအတိုင္းပဲရွိေနေသးတာေလ။ေနာက္ျပီးေတာ့ အဲ႔အခ်ိန္တုန္းက hyun က park chanyeol နဲ႔အတူ ေတာကစားထြက္ျပီးျပန္လာျပီး ေနာက္တစ္ေန႔ေလ။hyun က မိဖုရားႀကီးဆီမွမသြားတာ။ဒါဆို အဲ႔လက္ဖက္ေျခာက္က ဘယ္ကရတာလဲ'

'အဲ႔ဒါေတာ့ကိုယ္လည္းမသိဘူး……အာ.တစ္ခုေတာ့ရွိတယ္။မင္းႀကီးဆီကို လက္ေဆာင္ဆက္သတာေတြရွိတယ္ေလ။ျပီးေတာ့ အစ္ကိုေတာ္ရဲ႕အက်င့္ကလက္ေဆာင္ရတဲ႔ပစၥည္းေတြဆိုရင္နန္းတြင္းအတြက္ လိုအပ္တာေတြဖယ္ျပီး က်န္တာကို မိဖုရားေတြကိုယ္လုပ္ေတာ္ေတြကို ေပးေလ့ရွိတယ္ေလ'

'ဒါေပမဲ႔လည္း လက္ဖက္ေျခာက္ေပးတာႀကီးကေတာ့………ႀကိဳတင္ႀကံစည္ထားသလိုပဲ'

'han ေလးကဘာလို႔အဲ႔လိုထင္တာလဲ'

'စဥ္းစားၾကည့္ေလ။ မၾကာခင္မွာ အရာရွိစာေမးပဲြက စစ္ေတာ့မယ္။ဒီအခ်ိန္က အမတ္အေဟာင္းေတြကိုျဖဳတ္ခ်ျပီး အမတ္အသစ္ေတြ လဲလို႔ေကာင္းတဲ႔အခ်ိန္ပဲ။ဒါေပမဲ႔ အဲ႔လိုလုပ္မယ္ဆိုရင္ေတာင္ အမတ္ တစ္ေယာက္နွစ္ေယာက္ကလဲြျပီး လဲလို႔မွမရတာ။ျပီးေတာ့park chanyeolဆိုတာကလည္း အမတ္ေတြထဲမွာ သူ႔ရဲ႕အုပ္စုကိုခိုင္မာေအာင္ လုပ္ခ်င္တဲ႔သူေလ။တစ္ေယာက္နွစ္ေယာက္ေလာက္္နဲ႔ေတာ့ သူတင္းတိမ္မွာမဟုတ္ဘူး'

'ဒါဆိုရင္ အစ္ကိုေတာ္က မိဖုရားငယ္ ကို သတ္ခဲ႔တဲ႔တရားခံလို႔ေျပာခ်င္တာလား။ျပီးေတာ့ ဒီကိစၥကိုအေျခထားျပီးေတာ့ မိဖုရားႀကီးေကာ မိဖုရားငယ္ ရဲ႕အမတ္ေတြအားလံုးကို ရွင္းထုတ္မယ္လို႔ထင္ေနတာလား'

'ဟုတ္တယ္။မင္းမွတ္မိေသးလား။ငါတို႔ေတြ နန္းျပင္ကိုထြက္လာျပီးမၾကာဘူးေလ hyun အဆိပ္ခတ္ခံရတယ္လို႔ၾကားတယ္ေလ'

'အာ.ဟုတ္သားပဲ။ဘယ္သူလုပ္တာလဲ'

'မိဖုရားငယ္လုပ္တာ'

'မိဖုရားငယ္....hanေလးကို ဘယ္သူေျပာျပတာလဲ'

'chenေျပာျပတာ။park chanyeol လည္းသိတယ္တဲ႔။တမင္တကာ ဖံံုးကြယ္ခိုင္းခဲ႔တာအဲ႔ကိစၥကို'

'အဲ႔ဒါကအခုမိဖုရားငယ္ေသတဲ့ကိစၥနဲ႔ဘာဆိုင္လို႔လဲ'

'ျပန္ျပီးလက္စားေခ်တာေလ။hyun ကိုအဆိပ္ခတ္ခဲ႔တဲ႔ မိဖုရားငယ္ ကို park chanyeol ကအဆိပ္ခတ္ျပီးသတ္လိုက္တာ'

Luhan ရဲ႕ ခန္႔မွန္းစကားေတြေၾကာင့္ sehun လန္႔သြားသည္။သူ မိဖုရားငယ္ ကိုၾကည့္လို႔မရေပမဲ႔ အဲ႔ေလာက္အထိ ရုပ္ပ်က္ဆင္းပ်က္ျဖစ္ေအာင္ေတာ့ မင္းႀကီးpark သတ္မယ္လို႔သူမထင္။ဒါေပမဲ႔ တစ္ဖက္ကၾကည့္ရင္လည္း အဲ႔ထက္မက ပိုဆိုးတဲ႔အေျခအေနကိုေတာင္ လုပ္ရဲတဲ႔သူ။

'hanေလး'

'အင္း'

'ဒီကိစၥကိုမသိသလိုပဲေနရေအာင္'

'ဘာလို႔လဲ'

'တမင္တာကာ ကိုယ္တို႔ဝင္ရႈပ္မွာစိုးလို႔ ထြက္သြားခိုင္းတာလားမွမသိတာ'

'ငါတို႔ကဘာဝင္ရႈပ္ရမွာလဲ'

'han ေလးေၾကာင့္ေနမွာေပါ့။အခုေတာင္ ဟုတ္တာမဟုတ္တာအသာထား hanေလးေျပာတာေတြက အမွန္ေတြလို႔ေတာင္ကိုယ္ထင္ေနတာေလ။

'အဲ့ဒါဆိုလည္း ဒီကိစၥျပီးမွပဲျပန္ရေအာင္ေလ။ park chanyeol ဘာဆက္လုပ္မလဲၾကည့္ရတာေပါ့'

-----------------------အရွင္-----------------------

kai နဲ႔ chen တို႔စံုစမ္းရသမ်ွအားလံုးကို ညီလာခံမွာအစီရင္ခံေနသည္။အမတ္ေတြကလည္းျငင္းသူျငင္းနဲ႔ဆူညံေနသည္။

'အရင္ဦးဆံုးဒီကိစၥက byun နဲ႔ပက္သက္လားပဲသိခ်င္တာ။ဒါကိုအရင္ရွင္း'

'ေကာင္းပါျပီ မင္းႀကီး။ဒီကိစၥက ကိုယ္လုပ္ေတာ္ byun နဲ႔ လံုးဝမသက္ဆိုင္ပါဘူး။ဘာလို႔လဲဆိုေတာ့ ဒီလက္ဖက္ေျခာက္ေတြက ေတာင္ပိုင္းကထြက္တဲ႔ လက္ဖက္ေျခာက္ပါ။တစ္နည္းအားျဖင့္ မိဖုရားႀကီးလက္ေအာက္မွာရွိေနတဲ႔ အမတ္ေတြ ထုတ္လုပ္တဲ႔ လက္ဖက္ေျခာက္ေတြပါ။အခုရက္ပိုင္းက်မွ ၿမိဳ႕ေတာ္ကို အသစ္ေတြဝင္လာတဲ႔အျပင္ အားျဖည့္လက္ဖက္ေျခာက္ေတြလို႔ ေျပာပါတယ္။ခဲအဆိပ္က မ်ားေနတဲ႔အခ်ိန္မွာ လက္ဖက္ေျခာက္က အားအရမ္းတိုးေစေနရင္ ဒီခဲအဆိပ္ကို ပိုျပီး ျမန္ျမန္ပ်ံ႕သြားေစပါတယ္။ခဲအဆိပ္ကလည္း မိဖုရားႀကီးနန္းေဆာင္ထဲမွာေတြ႔တာဆိုေတာ့ လက္ဖက္ေျခာက္ေတြ အသစ္ဝင္တာကလည္း ဒီကိစၥနဲ႔သက္ဆိုင္မယ္လို႔ထင္ပါတယ္။ျပီးေတာ့ ခဲအဆိပ္မႈန္႔ထုပ္က သံုးလက္စျဖစ္တဲ႔အျပင္ မိဖုရားႀကီးကိုယ္တိုင္ လက္ဖက္ေျခာက္မတိုက္ခင္မွာ ကိုယ္လုပ္ေတာ္ byun က တိုက္မိသြားတာပါ

'ဒါဆိုရင္ byun နဲ႔မဆိုင္ဘူးေပါ့'

'ဟုတ္ပါတယ္'

'အဲ႔လိုေျပာလို႔မရပါဘူးမင္းႀကီး။ဒီကိစၥက သူတို႔နွစ္ေယာက္ေပါင္းႀကံတာဆိုရင္ ဘယ္လိုလုပ္မလဲ။မိဖုရားငယ္ က ကိုယ္လုပ္ေတာ္byun နဲ႔လည္း မတည့္သလို မိဖုရားႀကီး ရဲ႕အျမင္မၾကည္မႈကိုရထားတဲ႔သူပါ။သူတို႔နွစ္ေယာက္ေပါင္းႀကံနိုင္ပါတယ္'

'ေနာက္တစ္ခု ထပ္ရွိပါေသးတယ္။မိဖုရားႀကီး အေဆာင္ထဲမွာ အဆိပ္ထုပ္ေတြ႔တာကို ကြၽန္ေတာ္မ်ိဳးတို႔မသကၤာပါဘူး။တစ္ေယာက္ေယာက္က လာထားသြားတာလို႔ ထင္ပါတယ္။ျပီးေတာ့ လက္ဖက္ရည္တိုက္တာကလည္း ရည္ရြယ္ခ်က္ရွိရွိ တိုက္တာပဲျဖစ္မွာပါ။ မဟုတ္ရင္ ကိုယ္လုပ္ေတာ္ byun က မိဖုရားႀကီးနဲ႔မိဖုရားလတ္ ကိုေတာင္ မတိုက္ဘဲနဲ႔ မိဖုရားငယ္ ကို အရင္တိုက္ရတာပါလဲ။မိဖုရားငယ္ ကေတာ့ အရင္တစ္ေခါက္ကိစၥေၾကာင့္ မ်က္နွာခ်င္းမဆိုင္ေသးလို႔ဆိုထားပါေတာ့ မိဖုရားႀကီးဆိုတာက……ကိုယ္လုပ္ေတာ္ byun နဲ႔အဆင္ေျပတဲ႔သူမဟုတ္လား'

အမတ္ႀကီးရဲ႕အေမးေၾကာင့္ မင္းႀကီး park ေကာ kai တို႔ေကာေျဖရၾကပ္သြားသည္။မိဖုရားငယ္နဲ႔အတူ အရင္ဦးဆံုးေရေႏြၾကမ္းေသာက္ခ်င္တဲ႔  byun ကိုသာေျပးျပီးရိုက္လိုက္ခ်င္ေတာ့သည္။

'ဒါကေတာ့ byun မွာေျဖရွင္းခ်က္တစ္ခုခုရွိမွာပါ။ဒီဟာေလးတစ္ခုအတြက္နဲ႔ေတာ့...'

'ဒီဟာေလးလို႔မသံုးနႈန္းပါနဲ႔မင္းႀကီး။ဒီဟာေလးေၾကာင့္ မိဖုရားေသဆံုးသြားခဲ့ရတာပါ'

'ကြၽန္ေတာ္မ်ိဳးကေတာ့ ကိုယ္လုပ္ေတာ္ byun သတ္တာလို႔ပဲထင္ပါတယ္။မိဖုရားငယ္ ကသူ႔ကိုအျမင္မၾကည့္တာေၾကာင့္……'

'ေတာ္ေတာ့ အမတ္ႀကီး။ byun က သူ႔က္ိုအျမင္မၾကည္တာနဲ႔ပဲ သတ္ပစ္မဲ႔သူမ်ိဳး မဟုတ္ဘူး။ျပီးေတာ့ အဲ႔အဆိပ္က ေန႔တိုင္းတိုက္ေနရမွာေလ။ byun က ကိုယ္ေတာ္နဲ႔အတူ ေတာကစားထြက္ေသးတယ္။အဲ႔မတိုင္ခင္ကလည္း ဒဏ္ရာေတြအရွိန္ေၾကာင့္ အိပ္ယာထဲလဲေနတဲ႔သူ။အဲ႔လိုလူက အဆိပ္ခတ္နိုင္မယ္တဲ႔လား။ျပီးေတာ့ byunကို လက္ဖက္ေျခာက္ထုပ္ေပးလိုက္တဲ႔သူက ကိုယ္ေတာ္ပဲ။အမတ္ေတြ ဆက္သထားတဲ႔ လက္ဖက္ေျခာက္ထုပ္ကိုေတြ႔ေတာ့ byun အပ်င္းေျပေသာက္လို႔ရေအာင္ ေပးလိုက္တာ။ဒါက တိုက္ဆိုင္မႈတစ္ခုပဲ။အမတ္ေတြ ေျပာေနသလို တမင္လုပ္ႀကံျပီး ေသာက္ေစခ်င္ေနရင္ ကိုယ္ေတာ္ကလုပ္ႀကံသူေပါ့…'

'အဲ႔ အဲ႔လိုေျပာတာေတာ့မဟုတ္ပါဘူး'

'ေနာက္တစ္ခုက byun ကိုယ္တ္ုိင္မလုပ္ဘဲ သူမ်ားကိုခိုင္းခ်င္ရင္လည္း ရတယ္။ဒါေပမဲ႔ လုပ္မဲ႔သူက ဘယ္သူလဲ xiuminလား... xiuminက အဲ႔ရက္ေတြတုန္းက byun နဲ႔အတူ အက်ယ္ခ်ဳပ္ခ်ခံထားရတဲ႔သူ။တျခားလူဆိုရင္ေကာ မျဖစ္နိုင္ဘူးလားဆိုတဲ႔ ေမးခြန္းေမးနိုင္ေသးတယ္။တျခားလူဆိုေတာ့ ဒီကိစၥအတြက္က ေသခ်ာနႈတ္လံုတဲ႔သူမွရမွာ။ျပီးေတာ့ ရင္းနီွးတဲ႔သူ။ဒီနန္းေတာ္မွာ byunအရင္းနိွီးဆံုးသူက ကိုယ္ေတာ္ပဲ။ျပီးေတာ့အိမ္ေရွ႕စံ……အိမ္ေရွ႕စံက အဲ႔အခ်ိန္တုန္းက ျပန္ေရာက္ခါစပဲရွိေသးတဲ႔အျပင္ အဆိပ္စခတ္တဲ႔အခ်ိန္က ၾကာေနျပီလို႔ taoေျပာတယ္။ဒါဆိုရင္ သူလည္းမျဖစ္နိုင္ဘူး။ေနာက္ထပ္ ရင္းနီွးတ႔ဲသူက မိဖုရားႀကီး ပဲရွိေတာ့တယ္။အဲ႔အခ်ိန္တုန္းက မိဖုရားႀကီးက နန္းေတာ္အျပင္ထြက္ျပီး byun အတြက္ေဆးဝယ္ေပးေနတဲ႔အခ်ိန္……တိုက္တိုက္ဆိုင္ဆိုင္ အခုေတြ႔ထားတဲ႔ ခဲအဆိပ္ နန္းေတာ္ကိုေရာက္တဲ႔အခ်ိန္ကလည္း အဲ႔ဲ႔အခ်ိန္ေလာက္ပဲ။ဒါကေတာ့ အဆိပ္ဆရာနဲ႔သမားေတာ္ေတြရဲ႕ ယူဆခ်က္ေပါ့။အမတ္ေတြေျပာသလိုဆိုရင္ မိဖုရားႀကီးက byun ခိုင္းတိုင္းလုပ္မဲ႔သူလား။ဒါက သိပ္ေတာ ့ယုတၱိမရွိဘူးထင္တယ္'

မင္းႀကီးpark စကားေၾကာင့္ အမတ္ေတြမ်က္နွာပ်က္သြားသည္။

'ေနာက္ထပ္ရွိေသးတယ္။byun အစြပ္စဲြခံရတဲ႔အခ်ိန္တုန္းက မိဖုရားႀကီး နဲ႔ မိဖုရားငယ္ တို႔စကားမ်ားၾကတယ္လို႔ၾကားတယ္။မ်ားၾကရတဲ႔အေၾကာင္းအရင္းက ဘာကိစၥလို႔ထင္လဲ'

မင္းႀကီးpark ရဲ႕အေမးေၾကာင့္ အမတ္ႀကီးနဲ႔ စစ္သူႀကီးအျပင္က်န္တဲ႔အမတ္ေတြပါ မ်က္နွာပ်က္သြားၾကသည္။

'ခြင့္ျပဳမိန္႔မရွိတဲ႔ ၿမိဳ႕ဝင္ေၾကးေကာက္ခံတာ၊အခြန္ေငြကို တစ္ဝက္တိတိေကာက္ခံတဲ႔အျပင္ ေရႊေမွာင္ခိုေရာင္းဝယ္တဲ႔ကိစၥ၊ ဆားနဲ႔ဟင္းခတ္မႈန္႔ေတြ ေမွာင္ခိုေရာင္းတဲ႔ကိစၥ၊ ဆန္အပါအဝင္ အာလူး၊ၾကက္သြန္နဲ႔တျခား ဂိုေလ်ာကထြက္တဲ႔ သစ္သီးေတြကို ေမွာင္ခိုေရာင္းျပီး ရတဲ႔ေငြကို ေဝစုခဲြမရတာေၾကာင့္ စကားမ်ားရတာပဲ။ရွိေသးတယ္။လာဘ္စားထားတဲ႔အမတ္ေတြ………မရွိဘူးလိုေတာ့မေျပာနဲ႔ေနာ္။အကုန္လံုးကိုပိုင္ဆိုင္မႈစစ္ျပီး ေသဒဏ္ခ်လိုက္ရင္ ခင္မ်ားတို႔ေတြ ဒီေန႔ေနဝင္တာေတာင္ေတြ႔ရမွာမဟုတ္ေတာ့ဘူး။ဘာေတြဆင္ေျခေပးခ်င္ေသးလဲ

'စိုးရြံ႔မိပါတယ္မင္းႀကီး!!!ခြင့္လႊတ္ေပးေတာ္မူပါ!!'

အမတ္ေတြအားလံုး မင္းႀကီးpark စိတ္ဆိုးေနျပီဆိုတာသိတာေၾကာင့္ ဒူးေထာက္ျပီးေတာင္းပန္ေနၾကသည္။

'ခြင့္လႊတ္ရမယ္?ဟက္.ကိုယ္ေတာ္မင္းတို႔ကိုခြင့္လႊတ္ေပါင္းမ်ားေနျပီလို႔မထင္ဘူးလား။တိုက္ပဲြစထြက္တဲ႔ေနကတည္းက ျပန္လာတဲ႔အခ်ိန္ထိ ခင္မ်ားတို႔ရဲ႕လုပ္ရပ္ေတြက္ို မၾကားသလို၊မသိသလိုေနခဲ႔ေပးျပီးျပီ။တိုက္ပြဲကျပန္လာေတာ့လည္း ထပ္ျပီးေစာင့္ေနေပးတယ္။ခင္မ်ားတို႔ရဲ႕အခ်ိဳးေတြဘယ္ေန႔ေျပာင္းမလဲလိုု႔………'

မင္းႀကီးpark ေခါင္းကိုျဖည္းျဖည္းခ်င္းခါျပရင္း

'အပိုပဲ.ေစာင့္ေနတဲ႔သူသာ အိုေသသြားမယ္။မင္းတို႔ရဲ႕ ေလာဘေတြအဆံုးသတ္မဲ႔ေန႔က ေသသြားျပီးမွပဲ ျဖစ္မယ္ထင္တယ္။ျပည္သူေတြဆီက အခြန္ကိုမေတာ္တရားေကာက္တဲ႔အျပင္ ျပည္သူေတြအတြက္ ဝယ္ေပးထားတဲဲ႔ ရိကၡာေတြကိုေတာင္ ေမွာင္ခိုေရာင္းတယ္။ဒါတင္မကဘူး။ျမိဳ႕ဝင္ေၾကးပါ ထပ္ေကာက္တယ္။ကိုယ္ ထမင္းတစ္နပ္ေကာင္းေကာင္းစားရဖို႔အတြက္ ေသေပးေနရတဲ႔ ဂိုလ်ာျပည္သူေတြရဲ႕ ေန႔စဥ္အေရအတြက္က ခင္မ်ားတို႔ရဲ႕အိမ္မွာရွိတဲ႔လူေတြထက္မ်ားတယ္။ဒါေပမဲ႔.…ခင္မ်ားတို႔က ဒီဟာေတြကို မစိုးရိမ္မပူပန္ေတာ့ မေနနိုင္တဲ႔ byun ကပဲ ပူေပးရတယ္။သူပဲ လိုက္လုပ္ေပးတယ္။အခြန္ေတြမ်ားလို႔ အျမတ္ေငြမက်န္တာေတာင္ အရံႈးခံျပီး ဂိုေလ်ာျပည္သူေတြကို ကူညီေပးဖို႔အတြက္ byun ကုန္သည္ေတြကို အမိန္႔ေပးတဲ႔သူပါ။ၾကည့္မေကာင္း ရႈမေကာင္းျဖစ္ေနတဲ႔ ဂိုေလ်ာျမိဳ႕ေတာ္ရဲ႕ အေဆာက္အဦးေတြကို ျပန္ျပင္ေဆာက္ေပးေနတဲ႔အျပင္ ဆင္းရဲသားေတြပါ ေနနိုင္ေအာင္ အိမ္အေျမာက္အျမားကို ေဆာက္ေပးေနတဲ႔သူ။အဲ႔လူလိုကိုေတာ့ ခင္မ်ားတို႔က ဘယ္အခ်ိန္သတ္ရမလဲပဲ ေခ်ာင္းေနတာမဟုတ္လား။ခင္မ်ားတို႔ရဲ႕စိတ္ဓာတ္ေတြဟာေလ ဟိုးးးေအာက္ဆံုးမွာ'

'မင္း.မင္းႀကီး'

'သိတယ္ စစ္သူႀကီး။ခင္မ်ားအလွည့္ေရာက္ျပီဆိုတာကို သတိေပးမေနန႔ဲ။အခု ခင္မ်ားအလွည့္ေရာက္ျပီ။ခင္မ်ားကေတာ့ သူတို႔ထက္ကို ပိုႀကီးတဲ႔ ႏိုင္ငံသစၥာေဖာက္မႈကို လုပ္ထားတာပဲ။ ကိုယ္ေတာ္ ဘာအမိန္႔ေပးခဲ႔လဲ။ ပိုင္ဆိုင္သမ်ွ ရဲမက္ေတြအားလံုးကို ပင္မတပ္ဖဲြ႔ထဲ ထည့္မယ္လို႔ေလ။ ဒါေပမဲ႔ တကယ္တမ္း စစ္သူႀကီးထည့္ေပးလိုက္တဲ႔ စာရင္းက သံုးပံုနွစ္ပံုပဲရွိတဲ႔အျပင္ က်န္တဲ႔တစ္ပံုက အေတာ္ဆံုးစစ္သူေတြပဲ။အခုမွဝင္ကာစ ခပ္ညံ႔ညံ႔စစ္သည္ေတြကိုေတာ့ ပင္မတက္ဖဲြ႔ထဲထည့္ျပီး ေတာ္ပါေပ့ဆိုတဲ႔စစ္သည္ေတြကိုေတာ့ ခ်န္ထားခဲ႔တာက ဘာအခ်ိဳးခ်ိဳးတာလဲ။ဘာလဲပုန္ကန္မလို႔လား'

'အထင္မလဲြပါနဲ႔မင္းႀကီးအဲ႔ဒါက…… အဲ႔ဒါက………'

'ေပးပါဦးဆင္ေျခေကာင္းေကာင္းေလး'

'ဟို.အဲ႔ဒါက………'

'အဲ႔ထက္ပိုဆိုးတဲ႔ကိစၥရွိေသးတယ္။ခင္မ်ားတို႔အဖြဲ႔ကလူေတြအားလံုးက ကြၽန္ေရာင္းဝယ္ေရးလုပ္ေနၾကတယ္ဆို။ဟန္နိုင္ငံနဲ႔ခ်ီနိုင္ငံဆီကို ဂိုေလ်ာျပည္သူေတြကို ေရာင္းစားေနတယ္ဆိုတဲ႔သတင္းရထားတယ္'

'သတင္းကအမွားေတြပါမင္းႀကီး။အမွန္မဟုတ္ပါဘူး'

'အမွားဆိုမွေတာ့ မွန္ပါ့ဦးမလား။ခင္မ်ားတို႔ေတြ အားလံုးက ကိုယ့္ေတာ့္ကို ေလ်ွာ့တြက္ထားတာပဲ။ဘာလဲ ခင္မ်ားတို႔ထက္ အသက္ငယ္တဲ႔ဘုရင္ဆိုျပီးေတာ့ မထီမဲ႔ျမင္လုပ္ခ်င္တာလား။ခမည္းေတာ္တုန္းကလို အၾကပ္ကိုင္ခ်င္ေနတာလား။မွတ္ထားပါ။ကြၽန္ေတာ္က park chanyeol။ခင္မ်ားတို႔ေတြ ႀကိဳးကိုင္ခ်င္တိုင္း ကိုင္လို႔ရမဲ႔ ဘုရင္မဟုတ္ဘူး။ျပီးေတာ့ ေဆြမ်ိဳးမို႔လို႔၊သားမယားမို႔လို႔ဆိုျပီးေတာ့လည္း ခြင့္လႊတ္ေပးမွာမဟုတ္ဘူး'

'မင္းႀကီး!!!'

'အမိန္႔ခ်မယ္။အမိန္႔နာခံ'

မင္းႀကီးpark ရဲ႕စကားအဆံုး အားလံုးတိတ္ဆိတ္သြားခဲ႔ျပီး ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ခ်မွတ္လာမဲ႔အမိန္႔ကိုေစာင့္စားေနၾကသည္။

'နိုင္ငံေတာ္ ဘ႑ာနဲ႔စားနပ္ရိကၡာ အလဲြသံုးစားလုပ္မႈအျပင္ မိဖုရားငယ္ကိုပါ သတ္တဲ႔တရားခံျဖစ္တဲ႔ မိဖုရားႀကီးကို အေဆာင္အေယာင္သိမ္းျပီး နန္းျပင္သို႔ေမာင္းထုတ္ေစ။ႀကံရာပါျဖစ္ေပမဲ႔ အမတ္ႀကီးအျဖစ္ အရင္မင္းႀကီးလက္ထက္ကတည္းက တာဝန္အမႈထမ္းခဲ႔တဲ႔အျပင္ မိဖုရားႀကီးရဲ႕ ဖခင္ျဖစ္တာေၾကာင့္ သက္ညွာတဲ႔အေနနဲ႔ နယ္နွင္ဒဏ္ေပးေစ။က်န္တဲ႔အမတ္ေတြအားလံုး ေနာက္တစ္ပတ္ေန႔လည္၁၂နာရီကြပ္မ်က္သတ္ေစ'

မင္းႀကီးpark ရဲ႕အမိန္႔ေပးသံအဆံုး ရဲမက္ေတြဝင္လာျပီး အမတ္ေတြကိုဖမ္းေခၚသြားသည္။

'မင္းႀကီး.အမိန္႔ေတာ္ကမတရားပါဘူး။မင္းႀကီး!!!!'

အမတ္ေတြရဲ႕မေက်နပ္တဲ့အသံေတြက ဆူညံသြားခဲ႔သည္။

'ပင္မတပ္ဖဲြ႔ဖဲြ႔ကတည္းက အမိန္႔ကိုေသခ်ာထုတ္ခဲ႔ေပမဲ႔ အမိန္႔အတိုင္းအျပစ္ေပးျခင္း မရွိခဲ႔တာေၾကာင့္ အခုလို ဂိုေလ်ာရဲ႕ေလးစားရတဲ႔စစ္သူႀကီးက မလိုက္နာခဲ႔ဘူး။ဂိုေလ်ာစည္းကမ္းကို ၾကပ္မတ္ဖို႔အတြက္ ပထမဆံုးအျပစ္ဒဏ္အေနနဲ႔ စစ္သူႀကီးအပါအဝင္ စစ္သူႀကီးလက္ေအာက္က ကိုယ္ေတာ့္အမိန္႔ကိုမနာခံတဲ႔သူေတြအားလံုးကို မနက္ျဖန္နံနက္ေနထြက္တာနဲ႔ေသဒဏ္ေပးေစ'

'မင္းႀကီး!!!!ကြ်န္ေတာ္တို႔က မိဖုရားငယ္ကိစၥနဲ႔နစ္နာသူေတြပါမင္းႀကီး။အျပစ္ေလ်ွာ့ေပါ့ေပးပါ!!!!မင္းႀကီး!!!!'

အဖဲြ႔နွစ္ဖ႔ဲြကိုဆဲြေခၚသြားေတာ့ ညီလာခံထဲမွာက်န္ခဲ႔တာက မယ္ေတာ္ႀကီးနဲ႔မိဖုရားလတ္ရဲ႕လူေတြ……

မင္းႀကီးpark သူတို႔ကိုၾကည့္ျပီးမဲ႔ျပံဳးေလးျပံဳးလိုက္ကာ

'ညီလာခံသိမ္းမယ္'

အေၾကာက္လြန္ျပီး အသက္ေတာင္ေအာင့္ထားၾကတဲ႔အမတ္ေတြကေတာ့ မင္းႀကီးpark ရဲ႕မဲ႔ျပံဳးကိုမျမင္လိုက္ေပ……။လူေတြအမ်ားႀကီးကို မၾကာခင္သတ္ခိုင္းထားတဲ႔ မင္းႀကီးpark ရဲ႕အမိန္႔ကိုမေက်နပ္ေပမဲ႔ ဘာမွေတာ့မေျပာရဲ။ေတာ္ၾကာ ညီလာခံခန္းမတင္ပင္ေခါင္းနဲ႔ကိုယ္ကဲြသြားမွ……… ။

~~~~~~~~~~

မင္းႀကီးpark သူ႕ရဲ႕အိပ္ေဆာင္ကျပတင္းေပါက္ကေနရပ္ျပီး byun ေနတဲ႔အေဆာင္ကိုရပ္ၾကည့္ေနသည္။အခ်ဳပ္ခန္းထဲကေနထြက္လာျပီး မင္းႀကီးpark လာေခၚမလားဆိုတဲ႔ေမ်ွာ္လင့္ခ်က္နဲ႔ byun လမ္းတစ္ေလ်ွာက္ေမ်ွာ္ေနခဲ႔သည္။အေဆာင္သူေရာက္လာေပမဲ႔ မင္းႀကီးpark ကေတာ့ေရာက္မလာ။ဘယ္လိုနည္းလမ္းနဲ႔ သူ႔ကိုကယ္ထုတ္ျပီး ဘယ္လိုအမိန္႔ေတြခ်မွတ္လိုက္လဲ byun မသိေသးေပ။

မင္းႀကီးpark ျဖဴေဖ်ာ့ေနတဲ႔ byun ရဲ႕မ်က္နွာေလးကိုၾကည့္ျပီး ျပတင္းေပါက္ကိုပိတ္လိုက္သည္။ျပီးေတာ့ ေဘးနားကနံရံကိုမိီွလိုက္ျပီး မ်က္လံုးမိွတ္ထားလိုက္သည္။

''ကိုယ့္ကိုအျပစ္တင္စကားမေျပာနဲ႔ byun။မေျပာမိေစနဲ႔။ဒါေပမဲ႔ byun ကေတာ့ေျပာမွာပဲကိုယ္သိေနတယ္။ကိုယ္ byun ကို တစ္ခုခုလုပ္မိလိမ့္မယ္။ကိုယ္လုပ္တဲ႔အလုပ္ကို အျပစ္ေျပာတဲ႔သူေလာက္ မုန္းတာရွိေတာင္မရွိဘူး။ကိုယ္ byun ကိုစိတ္မတိုခ်င္ဘူး။အဲ႔ဒါေၾကာင့္ ဒီေန႔မေတြ႔ဘဲေနရေအာင္''

byun မင္းႀကီးpark အေဆာင္ကိုလွမ္းၾကည့္လိုက္ေတာ့ ပိတ္လ်က္သားျပတင္းေပါက္ေလးကိုေတြ႔လိုက္ရသည္။သို႔ေသာ္ အပ်ိဳေတာ္ေတြေတာ့အျပင္မွာရွိေနသည္။

''အရွင္ရွိေနတာလား''

byun သက္ျပင္းေလးတစ္ခ်က္ခ်ျပီး အေဆာင္ထဲဝင္သြားသည္။

~~~~~~~~~

ညေရာက္ေသာ္

မင္းႀကီးpark ညဝတ္အိပ္အဝတ္အစားနဲ႔ေလ်ွာက္တင္လႊာေတြကိုဖတ္ေနသည္။ျပီးေတာ့ ေရွ႕ဆက္လုပ္ရမဲ႔ကိစၥေတြကိုေတြးေနသည္။

'မင္းႀကီး'

'ေရာက္ျပီလား'

'ဟုတ္ကဲ႔'

'ဝင္လာခိုင္းလိုက္'

မင္းႀကီးpark ေခၚခိုင္းထားတဲ႔သူဝင္လာျပီးေတာ့ kai ထြက္သြားသည္။က်န္ခဲ႔တာက မင္းႀကီးpark နဲ႔ မိဖုရားႀကီး

'မင္းႀကီးေခၚတယ္ဆိုလို႔ပါ'

အရင္လိုအေဆာင္အေယာင္အျပည့္နဲ႔မဟုတ္ဘဲ အျဖဴေရာင္အဝတ္ေတြဝတ္ျပီး အနည္းငယ္ရႈပ္ပြေနတဲ႔ဆံပင္တို႔က မိဖုရားႀကီးရဲ႕ေခ်ာေမာမႈကို အေနွာင့္အယွက္ျဖစ္ခ်င္ေနသည္။

'ထိုင္ပါ'

မင္းႀကီးpark ထိုင္ခိုင္းလိုက္ေတာ့ မိဖုရားႀကီး က မင္းႀကီးရဲ႕ေရွ႕မွာထိုင္လိုက္သည္။ဘာမွေတာ့မေျပာ။ေခါင္းကိုသာငံု႔ထားသည္။ငိုထားတာေၾကာင့္ မ်က္လံုးေတြကနီရဲျပီးေဖာင္းအစ္ေနသည္။

မင္းႀကီးpark မိဖုရားႀကီးအနားကိုေလ်ွာက္သြားလိုက္ျပီး မိဖုရားႀကီးကိုဖက္ထားလိုက္သည္။

'မေက်နပ္ဘူးမဟုတ္လား။ဝမ္းနည္းတယ္မဟုတ္လား။ငိုခ်လိုက္ပါ။ျပီရင္ေတာ့ ဒါေတြအားလံုးကိုေမ့ပစ္လိုက္ေတာ့။မိဖုရားရဲ႕အသက္ကိုကယ္ခ်င္လို႔ ဒီလိုလုပ္လိုက္တာပဲ။အမတ္ႀကီးကိုမသတ္တာကလည္း မိဖုရားေၾကာင့္ပဲ။

'သိပါတယ္။မင္းႀကီးသတ္မဲ႔သူေတြထဲမွာ ကြၽန္မမပါမွန္း။ဒါေပမဲ႔… ဒါေပမဲ႔ အမတ္ေတြက ဘာမွမပက္သက္ဘူးေလ။သူတို႔ကိုျဖဳတ္ခ်င္တာနဲ႔ပဲသတ္ပစ္လိုက္ေရာလား'

'က်ဴပင္ခုတ္က်ဴငုတ္ပါမက်န္တဲ႔။ရာထူးပဲျဖဳတ္လိုက္ရင္ သူတို႔တစ္ခ်ိန္က်ရင္ ကိုယ့္ကိုျပန္တိုက္ခိုက္လာမွာေပါ့။သတ္ပစ္တာကအေကာင္းဆံုးပဲေလ'

'မင္းႀကီး……။ဘာလို႔လဲ...ဘာလိုအမတ္ေတြကိုျဖဳတ္ပစ္ခ်င္ရတာလဲ'

'အဲ႔အေၾကာင္းကိုမိဖုရားကိုေျပာျပရမွာလား'

'ရပါတယ္။မင္းႀကီးမေျပာခ်င္လဲမေျပာပါနဲ႔။ဒါေပမဲ႔ မိဖုရားငယ္ကိုဘာလို႔သတ္တာလဲ'

မင္းႀကီးpark မိဖုရားႀကီးကို အလန္႔တၾကားၾကည့္လိုက္ေတာ့ မိဖုရားႀကီးကရယ္သည္။

'အဆိပ္ဆရာ tao ကို ဟိုေန႔ညကေတြ႔လိုက္တယ္။ၾကည့္ရတာ အေဆာင္မွာတစ္ခုခုလာထားသြားတဲ႔ပံုပဲ။သူထားသြားတဲ႔ပစၥည္းကိုၾကည့္လိုက္ေတာ့ ခဲအဆိပ္ထုပ္ျဖစ္ေနတယ္။အဲ႔ကတည္းက မင္းႀကီးမွန္းကြၽန္မသိျပီးသားပါ။ဘာလို႔သတ္လိုက္တာလဲ'

'သူ byun ကို အဆိပ္ခတ္လုပ္ႀကံထားလို႔ျပန္ျပီးအဆိပ္ခတ္သတ္တာ'

'ဘယ္လို'

'ဟုတ္တယ္။byun ကိုထိပါးထားတဲ႔သူေတြအားလံုးကို သူတို႔နည္းလမ္းအတိုင္းပဲအဆံုးသတ္ရမယ္'

'ဒါဆိုမိဖုရားလတ္ကေရာ'

'သူတို႔အတြက္ကပိုေကာင္းတဲ့အစီအစဥ္ရွိတယ္'

'ဒါဆိုကြၽန္မကိုမသတ္တာက'

'မိဖုရားက byun အေပၚအမ်ားႀကီးေကာင္းခဲ႔တာေလ'

'byun ကိုအဲ႔ေလာက္ေတာင္ခ်စ္တာလား'

'ဟုတ္မွာေပါ့။မေျပာတတ္ဘူး။ပိုခ်င္လဲပိုလိမ့္မယ္'

'byun ကိုအရမ္းမခ်စ္ပါနဲ႔လားမင္းႀကီး။မင္းႀကီးရဲ႔အားနည္းခ်က္ျဖစ္သြားလိမ့္မယ္'

'မျဖစ္ပါဘူးစိတ္ခ်ပါ'

'ဒါဆိုရင္ေနာက္ဆံုးအေနနဲ႔ က်ြန္မမင္းႀကီးကိုေတာင္းဆိုစရာရွိတယ္'

'ေျပာ'

'ကိုယ္လုပ္ေတာ္byunနဲ႔ေတြ႔ခ်င္တယ္'

'ဘာလို႔ေတြ႔ခ်င္တာလဲ'

'ေျပာစရာရွိလို႔ပါ'

'မိဖုရားဘာလို႔ byun အေပၚအရမ္းေကာင္းေနလဲဆိုတာစဥ္းစားလို႔မရဘူး'

'ဆံုးသြားတဲ႔ေမာင္ေလးကိုသတိရလို႔ပါ။ေမာင္ေလးသာ အသက္ရွိဦးမယ္ဆိုရင္ byun နဲ႔အတူတူပဲ'

'ေၾသာ္……kai'

'ဟုတ္ကဲ႔'

'ကိုယ္လုပ္ေတာ္ byun ကိုသြာေခၚလိုက္ပါ'

'ဟုတ္ကဲ့'

ခဏေနေတာ့

'မင္းႀကီး ကိုယ္လုပ္ေတာ္ byunေရာက္ပါျပီ'

'ေအးေဆးစကားေျပာၾက။ကိုယ္လမ္းသြားေလ်ွာက္ဦးမယ္'

'ေကာင္းပါျပီမင္းႀကီး'

မင္းႀကီးpark ထြက္သြားေတာ့ byun ဝင္လာသည္။

'မိဖုရား'

'byun'

နွစ္ေယာက္သားဖက္ျပီး ငိုလိုက္ၾကသည္။အခ်ိန္တိုေလးတစ္ခုအတြင္းမွာပဲ အရမ္းကိုရင္းနိွီးသြားတဲ႔သူေတြမဟုတ္လား……

'ကြၽန္ေတာ္အကုန္သိျပီးပါျပီ'

'အကူအညီေတာင္းစရာရွိလို႔ပါ'

'ေျပာပါ။ကြၽန္ေတာ္မျဖစ္ျဖစ္ေအာင္ကူညီေပးပါ့မယ္'

'ေမွာင္ခိုအမႈနဲ႔ျမိဳ႕ဝင္ေၾကးေတြက မယ္ေတာ္ႀကီးနဲ႔မိဖုရားလတ္ တို႔လုပ္တဲ႔ကိစၥပါ။ဒါေပမဲ႔ အခုအမတ္ေတြကိစၥထဲပါေနတယ္။ဒီကိစၥကိုအမွန္အတိုင္းေဖၚထုတ္ေပးပါ'

'မွားေနတာလား။အရွင့္ကိုေျပာလိုက္ေလ'

'မရဘူးတမင္လုပ္ထားတာလို႔ထင္တယ္'

'အမွန္အတိုင္းေျပာရရင္ ဒီကိစၥေတြက သက္သက္ႀကီးျဖစ္ေနတယ္။မိဖုရားငယ္ေသတဲ႔အမႈကေနဘယ္လိုလုပ္ျပီး……'

'ျပီးခဲ႔တာေတြလည္းျပီးျပီပဲကို။ထားလိုက္ပါေတာ့'

'ေတာင္းပန္ပါတယ္။အရွင္က ကြၽန္ေတာ့္ကိုအရုပ္ေလးလိုထားလိုက္ျပီး သူကစားခ်င္သလိုစံုေနေအာင္ကစားသြားတာ။အသက္ေတြအမ်ားႀကီးကိုလည္း သတ္ပစ္ဖို႔အမိန္႔ခ်ထားလိုက္တယ္။ကြၽန္ေတာ္လည္း နားမလည္ေတာ့ပါဘူး။အရွင္ဘာေတြလုပ္ေနမွန္း'

'စကားေျပာလို႔ျပီးျပီလား byun'

'ဟုတ္ကဲ႔။ဒါေပမဲ႔အရွင့္ကိုေျပာစရာရွိပါတယ္'

'ဘာကိစၥလဲ'

'ဒီညမိဖုရားႀကီးနဲ႔အတူအိပ္လိုက္ပါ'

'byun'

'ထြက္သြားေတာ့မ႔ဲလူတစ္ေယာက္အတြက္ ဒီေလာက္ေတာ့လုပ္ေပးသင့္ပါတယ္'

မင္းႀကီးpark မိဖုရားႀကီးကိုၾကည့္လိုက္သည္။မိဖုရားႀကီးကေတာ့ ဘာမွမေျပာဘဲေခါင္းငံု႔ထားသည္။ေနာက္ဆံုးအေနနဲ႔ သူလည္း ခင္ပြန္းရဲ႕ရင္ခြင္ထဲေနခ်င္ရွာမွာပဲေလ

'ျပီးေရာေလ။အဝတ္အစားလဲထားလိုက္။byun အေဆာင္ျပန္မယ္'

'ဟုတ္ကဲ႔'

မင္းႀကီးpark byun လက္ကိုဆဲြျပီးထြက္သြားလိုက္သည္။

အေဆာင္ထဲေရာက္ေတာ့

'အရွင္'

'ရွဴး~~byun ဘာေျပာမလဲဆိုတာကိုယ္သိတာမို႔လို႔ ဘာမွမေျပာနဲ႔။ကိုယ္ေဒါသမထြက္ခ်င္ဘူး'

'အရွင္မေျပာခိုင္းလည္း ကြၽန္ေတာ္ကေတာ့ေျပာရမွာပဲ။အခုအရွင္လုပ္တဲ႔လုပ္ရပ္ကိုၾကည့္ဥ္ီး။ရွင္ဘုရင္ကာင္းတစ္ေယာက္တဲ႔တူေနလားဆိုတာ။ေမွာင္ခိုအလုပ္ေလးေတြအတြက္နဲ႔ ေသဒဏ္ေပးတယ္ဆိုတာတရားရဲ႕လား။ျပီးေတာ့ မိဖုရားငယ္က္ုိ မိဖုရားႀကီး သတ္ပါတယ္လို႔ သက္ေသအတိအက်ရွိရဲ႕လား'

'byun!!!'

'မေအာ္နဲ႔အရွင္။အရွင္လုပ္ေနတာေတြက မဟုတ္လို႔ေျပာေနတာ။အရွင့္ျပည္သူေတြအတြက္ အရွင္လုပ္တာသိတယ္။ဒါေပမဲ႔ ဒီအမတ္ေတြကလည္း အရွင့္ရဲ႕ျပည္သူေတြေလ။အရွင့္ရဲ႕ျပည္သူေတြကိုမွ အေရးပါတဲ႔ျပည္သူေတြ။အဲ႔ဒါကို………'

'byunဆက္မေျပာနဲ႔ေတာ့'

'ေျပာမွာပဲ'

မင္းႀကီးpark byun ရဲ႕လက္ေမာင္းနွစ္ဖက္ကိုဆုပ္ကိုင္လိုက္ျပီး byun မ်က္လံုးကိုတည္းတည့္ၾကည့္ကာ

'ကိုယ္လုပ္ေနတာေတြက လုပ္သင့္တာေတြမို႔လို႔ မွန္တယ္မွားတယ္လို႔ မင္းမွာေဝဖန္ပိုင္ခြင့္မရွိဘူး'

'သိတယ္။ဒါေပမဲ႔ အရွင္က က်ြန္ေတာ့္ကိုအရုပ္ေလးလိုတည္ၾကက္ထားျပီး ေနာက္ကြယ္ကေနလုပ္ခ်င္တာကိုလုပ္သြားတာေလ။က်ြန္ေတာ္က အရွင္ရဲ႕အရုပ္ဆိုတာမွန္တယ္။ဒါေပမဲ႔ အရွင့္ရဲ႕မွန္ကန္တဲ႔လုပ္ရပ္ေတြအတြက္ပဲ အသံုးခ်ခံအရုပ္ေလးျဖစ္ခ်င္တာ။မီးေလာင္ရာေလပင့္သလိုမ်ိဳး မေကာင္းမႈကိုကူညီေနမဲ႔အရုပ္မဟုတ္ဘူး!!'

'ဟာ~~byun baekhyun!!!မင္းပါးစပ္ေပါက္ကိုပိတ္ထားလိုက္ေတာ့'

'မပိတ္နိုင္ဘူး'

'ေအး.မင္းမပိတ္ရင္ငါပိတ္ေပးမယ္'

byun သူ႔နႈတ္ခမ္းကိုအမဲျဖတ္သလို ကိုက္ဆဲြေနတဲ႔ မင္းႀကီးpark ကိုအတင္းရုန္းေနသည္။သို႔ေပမဲ႔ ရုန္းကန္မႈကသိပ္အရာမထင္။ေဘးနားက အသင့္ခင္းျပီးသားျဖစ္တဲ႔ အိပ္ယာခင္းေပၚ byun ကိုပစ္လွဲခ်လိုက္သည္။

ေအာင့္သက္သြားေသာေက်ာျပင္နဲ႔အတူ စူးခနဲျဖစ္သြားေသာဝမ္းဗိုက္ေၾကာင့္ byun တစ္ခ်က္ညီးလိုက္မိသည္။byun ရဲ႕အာရံုက ဗိုက္ကကေလးဆီေရာက္ေနတုန္း မင္းႀကီးpark က byun ခါးစည္းႀကီဳကိုျဖည္လိုက္ျပီး ေပၚလာတဲ႔ျဖဴေဖြးေဖြလည္တိုင္ေလးကို နမ္းလိုက္သည္။

'ဗိုက္.ဗိုက္ကိုမဖိပါနဲ႔အရွင္'

byun ရဲ႕စကားၾကားေတာ့မွ လြတ္ထြက္ေနတဲ႔ မင္းႀကီးpark ရဲ႕စိတ္ေတြကိုစုစည္းလိုက္ျပီး လႈပ္ရွားမႈအားလံုးကိုရပ္ပစ္လိုက္သည္။သို႔ေသာ္

'အ့.အ.အရွင္'

byun ရဲ႕ပုခံုးသားထဲကိုစူးဝင္လာတဲ႔ မင္းႀကီးpark ရဲ႕သြားေတြေၾကာင့္ byun နာက်င္လာျပီးနႈတ္ခမ္းေလးကိုက္ထားလိုက္သည္။မင္းႀကီးpark ရဲ႕လက္ေမာင္းကိုဆုပ္ကိုင္ျပီး နာက်င္မႈကိုအံတုထားလိုက္သည္။ေသြးေတြစီးက်လာတာေတာင္ မင္းႀကီးpark ဆက္ကိုက္ေနတုန္းပင္။byun မ်က္နွာကိုတစ္ဖက္လဲႊျပီးငိုေနသည္။

ခနၾကာေတာ့မွကိုက္ခဲထားတဲ႔ byun ရဲ႕ပခံုးသားေလးေတြကို မင္းႀကီးpark လႊတ္ေပးလိုက္သည္။စကားတစ္ခြန္းမွမေျပာတဲ႔အျပင္ byun ကိုတစ္ခ်က္ေတာင္မၾကည့္ဘဲ အခန္းအျပင္ကိုထြက္သြားသည့္ မင္းႀကီးpark ကို byun ၾကည့္ရင္းဆက္ငိုေနသည္။တခနအတြင္းတက္လာသည့္ သြားဆိပ္ေၾကာင့္ byun ပုခံုးတစ္ခုလံုးနာက်င္ေနသည္။ေခါင္းအံုးနဲ႔အိပ္ယာခင္းမွာလည္း byun ပုခံုးေသြးေတြေပက်ံေနတဲ႔အျပင္ ပခုံုးကဒဏ္ကေတာ့ေသြးေတြထြက္ေနဆဲ

'ကိုယ္လုပ္ေတာ္byun'

xiumin ဝင္လာေတာ့ byun သူ႔ခႏၶာကိုယ္ကိုေစာင္နဲ႔ျခံဳထားလိုက္သည္။

'တစ္ေယာက္တည္းေနခ်င္တယ္min'

'ဒါေပမဲ႔ဒဏ္ရာကိုေဆးလူးရမယ္ေလ။သြားဆိပ္တက္ေနလိမ့္မယ္'

'ထားထားလိုက္'

'ကိုယ္လုပ္ေတာ္byun'

'သူေတာင္စိတ္မပူတာမင္းကပူစရာမွမလိုတာ။သြားေတာ့'

byun မ်က္လံုးကိုစံုမိွတ္ျပီး အိပ္ေပ်ာ္ေအာင္ႀကိဳးစားလိုက္သည္။သို႔ေပမဲ႔ တစ္ဆစ္ဆစ္ကိုက္ေနတဲ႔ပခုံုးေၾကာင့္ အိပ္လို႔ေတာ့မေပ်ာ္ခဲ့ေပ။

•••••••••••••••••••••••••••••••••••••••••••

[Unicode]
အရှင်(master)
အပိုင်း-၂၇

ဂိုလျောနန်းတွင်းတစ်ခုလုံး ပစ္စည်းတွေ တွန်းချသံ၊ရှာဖွေသံများနှင့် ဆူညံနေသည်။အပျိုတော်တွေသာမက မိဖုရားတွေပါ လန့်နေရသည့် ဂိုလျောသမိုင်းတွင် ကျန်ရစ်ခဲ့မည့် အကြီးမားဆုံးသော စစ်ဆေးမှုပင်ဖြစ်သည်။မယ်တော်ကြီးအဆောင်သာမက ဇာမဏီအဆောင်တွေအထိပါ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတာကြောင့် မိဖုရားလတ် အပါအဝင် သူတို့ရဲ့မင်းကြီးမသိသေးတဲ့ ဂိုလျောမြို့တော်ကိုချုပ်ကိုင်ထားတဲ့ အချက်အလက်တွေကို ရှာတွေ့သွားမှာစိုးရိမ်နေသည်။

ရဲမက်တွေအားလုံး မိဖုရားကြီးအဆောင်ကိုသွားတော့ မိဖုရားကြီးက အပြင်ကိုထွက်ပေးသည်။အချိန်တော်တော်ကြာရှာဖွေမှုပြီးမှာတော့

'တွေ့ပြီ!!!'

ရဲမက်တစ်ယောက်ရဲ့အော်သံကြောင့်မိဖုရားကြီးလန့်သွားသည်။ဘာတွေတွေ့သွားတာလဲ။

'ဒီမှာအဆိပ်ထုပ်တွေ'

'ဒီဘက်မှာလက်ဖက်ခြောက်တွေရှိနေတယ်'

'ဘာတွေလဲ'

'မိဖုရားကြီးကိုအကျဉ်းချထားလိုက်'

'လွှတ်စမ်း!!!နင်တို့ငါ့ကိုဘာထင်နေလဲ!!!ဒီပစ္စည်းတွေက ငါ့ဟာမဟုတ်ဘူး။လွတ်စမ်း!!!!'

ရဲမက်တွေကြားရုန်းကန်ရင်းပါသွားသော မိဖုရားကြီး ကို kai ကြည့်ရင်း သက်ပြင်းချလိုက်သည်။ပြီးတော့ သူ့လက်ထဲကိုရဲမက်တွေလာထည့်သွားသည့် သက်သေပစ္စည်းများဖြစ်သည့် ခဲအဆိပ်မှုန့်ထုပ်နှင့် အမတ်ကြီးပိုင်နက်နယ်မြေကထွက်သော အားဖြည့်လက်ဖက်ခြောက်တွေ………။

''မိဖုရားကြီးအတွက် မင်းကြီးလုပ်ပေးတာတွေမို့လို့ နားလည်ပေးလိုက်ပါ''

'သွားရအောင်'

kai ရဲမက်တစ်ချို့နဲ့အတူ မင်းကြီးpark ရှိရာစာကြည့်ဆောင်ကို ထွက်သွားလိုက်သည်။

မင်းကြီးpark စားဖိုမှူးလုပ်ပေးထားတဲ့ မုန့်အချိုအဝိုင်းလေးတွေကိုစားနေသည်။နောက်ထပ်တစ်ခုကိုယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။မုန့်ကိုဝါးနေရင်းနဲ့ မင်းကြီးpark သူ့လက်ထဲက တစ်ကိုက်စားထားတာကြောင့် ပဲ့ကြွေနေတဲ့မုန့်လေးကိုကြည့်ရင်း

''byun ဒီမုန့်ကောစားလို့ရမလားမသိဘူး''

မနေ့က မင်းကြီးpark အချုပ်ခန်းထဲထိသွားပြီး ဆန်ပြုတ်တိုက်တုန်းကသောက်ခဲ့ပေမဲ့ ဒီနေ့ရောက်တော့ ဘာမှထပ်ပြီး စားမဝင်ခဲ့တာကြောင့် မင်းကြီးpark စိတ်အိုက်နေသည်။

''ကိုယ့်ကိုပဲအမြဲအားမကိုးနဲ့ byun။ကလေးကြောင့်ဆိုတာနားလည်ပေမဲ့ ဒီလိုပဲဆက်ဖြစ်နေရင် တခြားသူတွေရိပ်မိကုန်လိမ့်မယ်''

'အထိန်းတော်ကြီး'

မင်းကြီးpark ရဲ့ခေါ်သံအဆုံး အထိန်းတော်ကြီး အခန်းထဲဝင်လာခဲ့သည်။

'အမိန့်ရှိပါမင်းကြီး'

'စားဖိုဆောင်ကိုအခုချက်ချင်းသွားပြီး ဒီမုန့်တွေကိုထပ်လုပ်ခိုင်းလိုက်ပါ။ပြီးရင် ကိုယ်လုပ်တော် byun ဆီသွားပို့ခိုင်းလိုက်'

'ဟုတ်ကဲ့မင်းကြီး'

အထိန်းတော်ကြီးထွက်သွားတော့ kai နဲ့ chen ဝင်လာခဲ့ပြီး

'အားလုံးအဆင်ပြေလား'

'ပြေပါတယ်မင်းကြီး။မိဖုရားကြီးကိုအမိန့်အတိုင်း အချုပ်ခန်းထဲပို့လိုက်ပါပြီ'

'ဒါဆိုရင် ဘာလို့သတ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကနေ စစစ်ဆေးရအောင်။အဲ့ကနေမှ တစ်စစီတစ်ဖေါ်ထုတ်သွားရမယ်'

'ဟုတ်ကဲ့'

'chen'

'အမိန့်ရှိပါမင်းကြီး'

'ဒီကိစ္စက byun နဲ့မဆိုင်ဘူးဆိုတဲ့အပိုင်းကို အားလုံးသိသွားအောင်ဖေါ်ထုတ်ရမယ်။byun နဲ့ မိဖုရားကြီး ကရင်းနှီးတော့ byun ကို သူတို့တွေသံသယမဝင်အောင်လုပ်ရမယ်'

'ကျွန်တော်ဆောင်ရွက်လိုက်ပါ့မယ်'

'မြန်လေကောင်းလေပဲ chen။byun ကို အချုပ်ခန်းထဲမှာမနေစေချင်တော့ဘူး'

'ဒါနဲ့ကျွန်တော်တို့တွေမင်းကြီးကိုမေးချင်တာရှိပါတယ်'

'ဘာကိစ္စလဲ'

'ကိုယ်လုပ်တော် byun အခုတလော ဘာမှစားမဝင်ဘဲ အန်နေတာတွေက ရိုးကောရိုးရဲ့လားမင်းကြီး'

'ဟုတ်တယ်။သမားတော်ကိုခေါ်ပေးမယ်ဆိုတော့လည်း မခါ်ခိုင်းဘူး။တစ်ခုခုကိုဖုံးကွယ်ထားသလိုပဲ'

kai နဲ့ chen ရဲ့အမေးတွေကြောင့် မင်းကြီးpark မျက်နှာပျက်သွားပြီး

'byun ဘာမှမဖြစ်တာမို့စိတ်ပူမနေနဲ့။တာဝန်ပေးထားတဲ့အလုပ်တွေသာသေချာလုပ်'

'ဟုတ်ကဲ့ မင်းကြီး'

kai နဲ့ chen ထပ်မေးချင်ပေမဲ့ ပြောပြမှာမဟုတ်တဲ့ မင်းကြီး park ကြောင့်ထပ်မမေးတော့ပေ။သေချာတာက byun ဖုံးကွယ်ထားသည့်အကြောင်းအရာကို မင်းကြီးpark လည်းသိနေသည်မှာအမှန်……။

~~~~~~~~~~~

sehun နဲ့Luhan မိန်းကလေးစစ်သည်စခန်းကို အမြန်သွားနေကြသည်။မကြာခင်မှာ ကျင်းပတော့မဲ့ အရာရှိစာမေးပွဲတွင် မိန်းကလေးစစ်သည်တွေကိုပါ ဖြေခွင့်ပေးထားသည်။အရာရှိစာမေးပွဲကြီးပဲ သီးသန့်မဟုတ်ဘဲ ကိုယ်ခံပညာတွေအတွက်ပါ ဝင်ပြီး ဖြေဆိုခွင့်ပြုထားသည်။ အခု sehun သွားနေသည့်အကြောင်းအရင်းကလည်း မိန်းကလေးစစ်သည်တွေသာမက လျှို့ဝှက်လေ့ကျင့်ပေးထားတဲ့ မင်းကြီးpark ရဲ့ စစ်သည်တစ်ချို့ကိုပါ ဝင်ဖြေခိုင်းထားတာကြောင့်ဖြစ်သည်။

'sehun'

'ပြောလေ han လေး'

'ဒီတစ်ခေါက်ကိစ္စက မိဖုရားကြီး လုပ်တာကောဟုတ်လို့လား'

'ဟုတ်မှာပေါ့။သက်သေတွေပါရှိနေတာလေ'

'ငါကတော့အဲ့လိုမထင်ဘူး'

'ဘာလို့လဲ'

'မိဖုရားငယ်က hyun တိုက်လိုက်တဲ့ရေနွေးကြောင့် အဆိပ်တက်သွားတာ မဟုတ်လား။မိဖုရားကြီးအခန်းထဲက လက်ဖက်ခြောက်တွေက ဒီအတိုင်းပဲရှိနေသေးတာလေ။နောက်ပြီးတော့ အဲ့အချိန်တုန်းက hyun က park chanyeol နဲ့အတူ တောကစားထွက်ပြီးပြန်လာပြီး နောက်တစ်နေ့လေ။hyun က မိဖုရားကြီးဆီမှမသွားတာ။ဒါဆို အဲ့လက်ဖက်ခြောက်က ဘယ်ကရတာလဲ'

'အဲ့ဒါတော့ကိုယ်လည်းမသိဘူး……အာ.တစ်ခုတော့ရှိတယ်။မင်းကြီးဆီကို လက်ဆောင်ဆက်သတာတွေရှိတယ်လေ။ပြီးတော့ အစ်ကိုတော်ရဲ့အကျင့်ကလက်ဆောင်ရတဲ့ပစ္စည်းတွေဆိုရင်နန်းတွင်းအတွက် လိုအပ်တာတွေဖယ်ပြီး ကျန်တာကို မိဖုရားတွေကိုယ်လုပ်တော်တွေကို ပေးလေ့ရှိတယ်လေ'

'ဒါပေမဲ့လည်း လက်ဖက်ခြောက်ပေးတာကြီးကတော့………ကြိုတင်ကြံစည်ထားသလိုပဲ'

'han လေးကဘာလို့အဲ့လိုထင်တာလဲ'

'စဉ်းစားကြည့်လေ။ မကြာခင်မှာ အရာရှိစာမေးပွဲက စစ်တော့မယ်။ဒီအချိန်က အမတ်အဟောင်းတွေကိုဖြုတ်ချပြီး အမတ်အသစ်တွေ လဲလို့ကောင်းတဲ့အချိန်ပဲ။ဒါပေမဲ့ အဲ့လိုလုပ်မယ်ဆိုရင်တောင် အမတ် တစ်ယောက်နှစ်ယောက်ကလွဲပြီး လဲလို့မှမရတာ။ပြီးတော့park chanyeolဆိုတာကလည်း အမတ်တွေထဲမှာ သူ့ရဲ့အုပ်စုကိုခိုင်မာအောင် လုပ်ချင်တဲ့သူလေ။တစ်ယောက်နှစ်ယောက်လောက်နဲ့တော့ သူတင်းတိမ်မှာမဟုတ်ဘူး'

'ဒါဆိုရင် အစ်ကိုတော်က မိဖုရားငယ် ကို သတ်ခဲ့တဲ့တရားခံလို့ပြောချင်တာလား။ပြီးတော့ ဒီကိစ္စကိုအခြေထားပြီးတော့ မိဖုရားကြီးကော မိဖုရားငယ် ရဲ့အမတ်တွေအားလုံးကို ရှင်းထုတ်မယ်လို့ထင်နေတာလား'

'ဟုတ်တယ်။မင်းမှတ်မိသေးလား။ငါတို့တွေ နန်းပြင်ကိုထွက်လာပြီးမကြာဘူးလေ hyun အဆိပ်ခတ်ခံရတယ်လို့ကြားတယ်လေ'

'အာ.ဟုတ်သားပဲ။ဘယ်သူလုပ်တာလဲ'

'မိဖုရားငယ်လုပ်တာ'

'မိဖုရားငယ်....hanလေးကို ဘယ်သူပြောပြတာလဲ'

'chenပြောပြတာ။park chanyeol လည်းသိတယ်တဲ့။တမင်တကာ ဖံုံးကွယ်ခိုင်းခဲ့တာအဲ့ကိစ္စကို'

'အဲ့ဒါကအခုမိဖုရားငယ်သေတဲ့ကိစ္စနဲ့ဘာဆိုင်လို့လဲ'

'ပြန်ပြီးလက်စားချေတာလေ။hyun ကိုအဆိပ်ခတ်ခဲ့တဲ့ မိဖုရားငယ် ကို park chanyeol ကအဆိပ်ခတ်ပြီးသတ်လိုက်တာ'

Luhan ရဲ့ ခန့်မှန်းစကားတွေကြောင့် sehun လန့်သွားသည်။သူ မိဖုရားငယ် ကိုကြည့်လို့မရပေမဲ့ အဲ့လောက်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်တော့ မင်းကြီးpark သတ်မယ်လို့သူမထင်။ဒါပေမဲ့ တစ်ဖက်ကကြည့်ရင်လည်း အဲ့ထက်မက ပိုဆိုးတဲ့အခြေအနေကိုတောင် လုပ်ရဲတဲ့သူ။

'hanလေး'

'အင်း'

'ဒီကိစ္စကိုမသိသလိုပဲနေရအောင်'

'ဘာလို့လဲ'

'တမင်တာကာ ကိုယ်တို့ဝင်ရှုပ်မှာစိုးလို့ ထွက်သွားခိုင်းတာလားမှမသိတာ'

'ငါတို့ကဘာဝင်ရှုပ်ရမှာလဲ'

'han လေးကြောင့်နေမှာပေါ့။အခုတောင် ဟုတ်တာမဟုတ်တာအသာထား hanလေးပြောတာတွေက အမှန်တွေလို့တောင်ကိုယ်ထင်နေတာလေ။

'အဲ့ဒါဆိုလည်း ဒီကိစ္စပြီးမှပဲပြန်ရအောင်လေ။ park chanyeol ဘာဆက်လုပ်မလဲကြည့်ရတာပေါ့'

-----------------------အရှင်-----------------------

kai နဲ့ chen တို့စုံစမ်းရသမျှအားလုံးကို ညီလာခံမှာအစီရင်ခံနေသည်။အမတ်တွေကလည်းငြင်းသူငြင်းနဲ့ဆူညံနေသည်။

'အရင်ဦးဆုံးဒီကိစ္စက byun နဲ့ပက်သက်လားပဲသိချင်တာ။ဒါကိုအရင်ရှင်း'

'ကောင်းပါပြီ မင်းကြီး။ဒီကိစ္စက ကိုယ်လုပ်တော် byun နဲ့ လုံးဝမသက်ဆိုင်ပါဘူး။ဘာလို့လဲဆိုတော့ ဒီလက်ဖက်ခြောက်တွေက တောင်ပိုင်းကထွက်တဲ့ လက်ဖက်ခြောက်ပါ။တစ်နည်းအားဖြင့် မိဖုရားကြီးလက်အောက်မှာရှိနေတဲ့ အမတ်တွေ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်တွေပါ။အခုရက်ပိုင်းကျမှ မြို့တော်ကို အသစ်တွေဝင်လာတဲ့အပြင် အားဖြည့်လက်ဖက်ခြောက်တွေလို့ ပြောပါတယ်။ခဲအဆိပ်က များနေတဲ့အချိန်မှာ လက်ဖက်ခြောက်က အားအရမ်းတိုးစေနေရင် ဒီခဲအဆိပ်ကို ပိုပြီး မြန်မြန်ပျံ့သွားစေပါတယ်။ခဲအဆိပ်ကလည်း မိဖုရားကြီးနန်းဆောင်ထဲမှာတွေ့တာဆိုတော့ လက်ဖက်ခြောက်တွေ အသစ်ဝင်တာကလည်း ဒီကိစ္စနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ပြီးတော့ ခဲအဆိပ်မှုန့်ထုပ်က သုံးလက်စဖြစ်တဲ့အပြင် မိဖုရားကြီးကိုယ်တိုင် လက်ဖက်ခြောက်မတိုက်ခင်မှာ ကိုယ်လုပ်တော် byun က တိုက်မိသွားတာပါ

'ဒါဆိုရင် byun နဲ့မဆိုင်ဘူးပေါ့'

'ဟုတ်ပါတယ်'

'အဲ့လိုပြောလို့မရပါဘူးမင်းကြီး။ဒီကိစ္စက သူတို့နှစ်ယောက်ပေါင်းကြံတာဆိုရင် ဘယ်လိုလုပ်မလဲ။မိဖုရားငယ် က ကိုယ်လုပ်တော်byun နဲ့လည်း မတည့်သလို မိဖုရားကြီး ရဲ့အမြင်မကြည်မှုကိုရထားတဲ့သူပါ။သူတို့နှစ်ယောက်ပေါင်းကြံနိုင်ပါတယ်'

'နောက်တစ်ခု ထပ်ရှိပါသေးတယ်။မိဖုရားကြီး အဆောင်ထဲမှာ အဆိပ်ထုပ်တွေ့တာကို ကျွန်တော်မျိုးတို့မသင်္ကာပါဘူး။တစ်ယောက်ယောက်က လာထားသွားတာလို့ ထင်ပါတယ်။ပြီးတော့ လက်ဖက်ရည်တိုက်တာကလည်း ရည်ရွယ်ချက်ရှိရှိ တိုက်တာပဲဖြစ်မှာပါ။ မဟုတ်ရင် ကိုယ်လုပ်တော် byun က မိဖုရားကြီးနဲ့မိဖုရားလတ် ကိုတောင် မတိုက်ဘဲနဲ့ မိဖုရားငယ် ကို အရင်တိုက်ရတာပါလဲ။မိဖုရားငယ် ကတော့ အရင်တစ်ခေါက်ကိစ္စကြောင့် မျက်နှာချင်းမဆိုင်သေးလို့ဆိုထားပါတော့ မိဖုရားကြီးဆိုတာက……ကိုယ်လုပ်တော် byun နဲ့အဆင်ပြေတဲ့သူမဟုတ်လား'

အမတ်ကြီးရဲ့အမေးကြောင့် မင်းကြီး park ကော kai တို့ကောဖြေရကြပ်သွားသည်။မိဖုရားငယ်နဲ့အတူ အရင်ဦးဆုံးရေနွေကြမ်းသောက်ချင်တဲ့  byun ကိုသာပြေးပြီးရိုက်လိုက်ချင်တော့သည်။

'ဒါကတော့ byun မှာဖြေရှင်းချက်တစ်ခုခုရှိမှာပါ။ဒီဟာလေးတစ်ခုအတွက်နဲ့တော့...'

'ဒီဟာလေးလို့မသုံးနှုန်းပါနဲ့မင်းကြီး။ဒီဟာလေးကြောင့် မိဖုရားသေဆုံးသွားခဲ့ရတာပါ'

'ကျွန်တော်မျိုးကတော့ ကိုယ်လုပ်တော် byun သတ်တာလို့ပဲထင်ပါတယ်။မိဖုရားငယ် ကသူ့ကိုအမြင်မကြည့်တာကြောင့်……'

'တော်တော့ အမတ်ကြီး။ byun က သူ့ကိုအမြင်မကြည်တာနဲ့ပဲ သတ်ပစ်မဲ့သူမျိုး မဟုတ်ဘူး။ပြီးတော့ အဲ့အဆိပ်က နေ့တိုင်းတိုက်နေရမှာလေ။ byun က ကိုယ်တော်နဲ့အတူ တောကစားထွက်သေးတယ်။အဲ့မတိုင်ခင်ကလည်း ဒဏ်ရာတွေအရှိန်ကြောင့် အိပ်ယာထဲလဲနေတဲ့သူ။အဲ့လိုလူက အဆိပ်ခတ်နိုင်မယ်တဲ့လား။ပြီးတော့ byunကို လက်ဖက်ခြောက်ထုပ်ပေးလိုက်တဲ့သူက ကိုယ်တော်ပဲ။အမတ်တွေ ဆက်သထားတဲ့ လက်ဖက်ခြောက်ထုပ်ကိုတွေ့တော့ byun အပျင်းပြေသောက်လို့ရအောင် ပေးလိုက်တာ။ဒါက တိုက်ဆိုင်မှုတစ်ခုပဲ။အမတ်တွေ ပြောနေသလို တမင်လုပ်ကြံပြီး သောက်စေချင်နေရင် ကိုယ်တော်ကလုပ်ကြံသူပေါ့…'

'အဲ့ အဲ့လိုပြောတာတော့မဟုတ်ပါဘူး'

'နောက်တစ်ခုက byun ကိုယ်တိုင်မလုပ်ဘဲ သူများကိုခိုင်းချင်ရင်လည်း ရတယ်။ဒါပေမဲ့ လုပ်မဲ့သူက ဘယ်သူလဲ xiuminလား... xiuminက အဲ့ရက်တွေတုန်းက byun နဲ့အတူ အကျယ်ချုပ်ချခံထားရတဲ့သူ။တခြားလူဆိုရင်ကော မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းမေးနိုင်သေးတယ်။တခြားလူဆိုတော့ ဒီကိစ္စအတွက်က သေချာနှုတ်လုံတဲ့သူမှရမှာ။ပြီးတော့ ရင်းနှီးတဲ့သူ။ဒီနန်းတော်မှာ byunအရင်းနှီးဆုံးသူက ကိုယ်တော်ပဲ။ပြီးတော့အိမ်ရှေ့စံ……အိမ်ရှေ့စံက အဲ့အချိန်တုန်းက ပြန်ရောက်ခါစပဲရှိသေးတဲ့အပြင် အဆိပ်စခတ်တဲ့အချိန်က ကြာနေပြီလို့ taoပြောတယ်။ဒါဆိုရင် သူလည်းမဖြစ်နိုင်ဘူး။နောက်ထပ် ရင်းနှီးတဲ့သူက မိဖုရားကြီး ပဲရှိတော့တယ်။အဲ့အချိန်တုန်းက မိဖုရားကြီးက နန်းတော်အပြင်ထွက်ပြီး byun အတွက်ဆေးဝယ်ပေးနေတဲ့အချိန်……တိုက်တိုက်ဆိုင်ဆိုင် အခုတွေ့ထားတဲ့ ခဲအဆိပ် နန်းတော်ကိုရောက်တဲ့အချိန်ကလည်း အဲ့ဲ့အချိန်လောက်ပဲ။ဒါကတော့ အဆိပ်ဆရာနဲ့သမားတော်တွေရဲ့ ယူဆချက်ပေါ့။အမတ်တွေပြောသလိုဆိုရင် မိဖုရားကြီးက byun ခိုင်းတိုင်းလုပ်မဲ့သူလား။ဒါက သိပ်တော့ယုတ္တိမရှိဘူးထင်တယ်'

မင်းကြီးpark စကားကြောင့် အမတ်တွေမျက်နှာပျက်သွားသည်။

'နောက်ထပ်ရှိသေးတယ်။byun အစွပ်စွဲခံရတဲ့အချိန်တုန်းက မိဖုရားကြီး နဲ့ မိဖုရားငယ် တို့စကားများကြတယ်လို့ကြားတယ်။များကြရတဲ့အကြောင်းအရင်းက ဘာကိစ္စလို့ထင်လဲ'

မင်းကြီးpark ရဲ့အမေးကြောင့် အမတ်ကြီးနဲ့ စစ်သူကြီးအပြင်ကျန်တဲ့အမတ်တွေပါ မျက်နှာပျက်သွားကြသည်။

'ခွင့်ပြုမိန့်မရှိတဲ့ မြို့ဝင်ကြေးကောက်ခံတာ၊အခွန်ငွေကို တစ်ဝက်တိတိကောက်ခံတဲ့အပြင် ရွှေမှောင်ခိုရောင်းဝယ်တဲ့ကိစ္စ၊ ဆားနဲ့ဟင်းခတ်မှုန့်တွေ မှောင်ခိုရောင်းတဲ့ကိစ္စ၊ ဆန်အပါအဝင် အာလူး၊ကြက်သွန်နဲ့တခြား ဂိုလျောကထွက်တဲ့ သစ်သီးတွေကို မှောင်ခိုရောင်းပြီး ရတဲ့ငွေကို ဝေစုခွဲမရတာကြောင့် စကားများရတာပဲ။ရှိသေးတယ်။လာဘ်စားထားတဲ့အမတ်တွေ………မရှိဘူးလိုတော့မပြောနဲ့နော်။အကုန်လုံးကိုပိုင်ဆိုင်မှုစစ်ပြီး သေဒဏ်ချလိုက်ရင် ခင်များတို့တွေ ဒီနေ့နေဝင်တာတောင်တွေ့ရမှာမဟုတ်တော့ဘူး။ဘာတွေဆင်ခြေပေးချင်သေးလဲ

'စိုးရွံ့မိပါတယ်မင်းကြီး!!!ခွင့်လွှတ်ပေးတော်မူပါ!!'

အမတ်တွေအားလုံး မင်းကြီးpark စိတ်ဆိုးနေပြီဆိုတာသိတာကြောင့် ဒူးထောက်ပြီးတောင်းပန်နေကြသည်။

'ခွင့်လွှတ်ရမယ်?ဟက်.ကိုယ်တော်မင်းတို့ကိုခွင့်လွှတ်ပေါင်းများနေပြီလို့မထင်ဘူးလား။တိုက်ပွဲစထွက်တဲ့နေကတည်းက ပြန်လာတဲ့အချိန်ထိ ခင်များတို့ရဲ့လုပ်ရပ်တွေကို မကြားသလို၊မသိသလိုနေခဲ့ပေးပြီးပြီ။တိုက်ပွဲကပြန်လာတော့လည်း ထပ်ပြီးစောင့်နေပေးတယ်။ခင်များတို့ရဲ့အချိုးတွေဘယ်နေ့ပြောင်းမလဲလို့………'

မင်းကြီးpark ခေါင်းကိုဖြည်းဖြည်းချင်းခါပြရင်း

'အပိုပဲ.စောင့်နေတဲ့သူသာ အိုသေသွားမယ်။မင်းတို့ရဲ့ လောဘတွေအဆုံးသတ်မဲ့နေ့က သေသွားပြီးမှပဲ ဖြစ်မယ်ထင်တယ်။ပြည်သူတွေဆီက အခွန်ကိုမတော်တရားကောက်တဲ့အပြင် ပြည်သူတွေအတွက် ဝယ်ပေးထားတဲ့ ရိက္ခာတွေကိုတောင် မှောင်ခိုရောင်းတယ်။ဒါတင်မကဘူး။မြို့ဝင်ကြေးပါ ထပ်ကောက်တယ်။ကိုယ် ထမင်းတစ်နပ်ကောင်းကောင်းစားရဖို့အတွက် သေပေးနေရတဲ့ ဂိုလျာပြည်သူတွေရဲ့ နေ့စဉ်အရေအတွက်က ခင်များတို့ရဲ့အိမ်မှာရှိတဲ့လူတွေထက်များတယ်။ဒါပေမဲ့.…ခင်များတို့က ဒီဟာတွေကို မစိုးရိမ်မပူပန်တော့ မနေနိုင်တဲ့ byun ကပဲ ပူပေးရတယ်။သူပဲ လိုက်လုပ်ပေးတယ်။အခွန်တွေများလို့ အမြတ်ငွေမကျန်တာတောင် အရှုံးခံပြီး ဂိုလျောပြည်သူတွေကို ကူညီပေးဖို့အတွက် byun ကုန်သည်တွေကို အမိန့်ပေးတဲ့သူပါ။ကြည့်မကောင်း ရှုမကောင်းဖြစ်နေတဲ့ ဂိုလျောမြို့တော်ရဲ့ အဆောက်အဦးတွေကို ပြန်ပြင်ဆောက်ပေးနေတဲ့အပြင် ဆင်းရဲသားတွေပါ နေနိုင်အောင် အိမ်အမြောက်အမြားကို ဆောက်ပေးနေတဲ့သူ။အဲ့လူလိုကိုတော့ ခင်များတို့က ဘယ်အချိန်သတ်ရမလဲပဲ ချောင်းနေတာမဟုတ်လား။ခင်များတို့ရဲ့စိတ်ဓာတ်တွေဟာလေ ဟိုးးးအောက်ဆုံးမှာ'

'မင်း.မင်းကြီး'

'သိတယ် စစ်သူကြီး။ခင်များအလှည့်ရောက်ပြီဆိုတာကို သတိပေးမနေနဲ့။အခု ခင်များအလှည့်ရောက်ပြီ။ခင်များကတော့ သူတို့ထက်ကို ပိုကြီးတဲ့ နိုင်ငံသစ္စာဖောက်မှုကို လုပ်ထားတာပဲ။ ကိုယ်တော် ဘာအမိန့်ပေးခဲ့လဲ။ ပိုင်ဆိုင်သမျှ ရဲမက်တွေအားလုံးကို ပင်မတပ်ဖွဲ့ထဲ ထည့်မယ်လို့လေ။ ဒါပေမဲ့ တကယ်တမ်း စစ်သူကြီးထည့်ပေးလိုက်တဲ့ စာရင်းက သုံးပုံနှစ်ပုံပဲရှိတဲ့အပြင် ကျန်တဲ့တစ်ပုံက အတော်ဆုံးစစ်သူတွေပဲ။အခုမှဝင်ကာစ ခပ်ညံ့ညံ့စစ်သည်တွေကိုတော့ ပင်မတက်ဖွဲ့ထဲထည့်ပြီး တော်ပါပေ့ဆိုတဲ့စစ်သည်တွေကိုတော့ ချန်ထားခဲ့တာက ဘာအချိုးချိုးတာလဲ။ဘာလဲပုန်ကန်မလို့လား'

'အထင်မလွဲပါနဲ့မင်းကြီးအဲ့ဒါက…… အဲ့ဒါက………'

'ပေးပါဦးဆင်ခြေကောင်းကောင်းလေး'

'ဟို.အဲ့ဒါက………'

'အဲ့ထက်ပိုဆိုးတဲ့ကိစ္စရှိသေးတယ်။ခင်များတို့အဖွဲ့ကလူတွေအားလုံးက ကျွန်ရောင်းဝယ်ရေးလုပ်နေကြတယ်ဆို။ဟန်နိုင်ငံနဲ့ချီနိုင်ငံဆီကို ဂိုလျောပြည်သူတွေကို ရောင်းစားနေတယ်ဆိုတဲ့သတင်းရထားတယ်'

'သတင်းကအမှားတွေပါမင်းကြီး။အမှန်မဟုတ်ပါဘူး'

'အမှားဆိုမှတော့ မှန်ပါ့ဦးမလား။ခင်များတို့တွေ အားလုံးက ကိုယ့်တော့်ကို လျှော့တွက်ထားတာပဲ။ဘာလဲ ခင်များတို့ထက် အသက်ငယ်တဲ့ဘုရင်ဆိုပြီးတော့ မထီမဲ့မြင်လုပ်ချင်တာလား။ခမည်းတော်တုန်းကလို အကြပ်ကိုင်ချင်နေတာလား။မှတ်ထားပါ။ကျွန်တော်က park chanyeol။ခင်များတို့တွေ ကြိုးကိုင်ချင်တိုင်း ကိုင်လို့ရမဲ့ ဘုရင်မဟုတ်ဘူး။ပြီးတော့ ဆွေမျိုးမို့လို့၊သားမယားမို့လို့ဆိုပြီးတော့လည်း ခွင့်လွှတ်ပေးမှာမဟုတ်ဘူး'

'မင်းကြီး!!!'

'အမိန့်ချမယ်။အမိန့်နာခံ'

မင်းကြီးpark ရဲ့စကားအဆုံး အားလုံးတိတ်ဆိတ်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ချမှတ်လာမဲ့အမိန့်ကိုစောင့်စားနေကြသည်။

'နိုင်ငံတော် ဘဏ္ဍာနဲ့စားနပ်ရိက္ခာ အလွဲသုံးစားလုပ်မှုအပြင် မိဖုရားငယ်ကိုပါ သတ်တဲ့တရားခံဖြစ်တဲ့ မိဖုရားကြီးကို အဆောင်အယောင်သိမ်းပြီး နန်းပြင်သို့မောင်းထုတ်စေ။ကြံရာပါဖြစ်ပေမဲ့ အမတ်ကြီးအဖြစ် အရင်မင်းကြီးလက်ထက်ကတည်းက တာဝန်အမှုထမ်းခဲ့တဲ့အပြင် မိဖုရားကြီးရဲ့ ဖခင်ဖြစ်တာကြောင့် သက်ညှာတဲ့အနေနဲ့ နယ်နှင်ဒဏ်ပေးစေ။ကျန်တဲ့အမတ်တွေအားလုံး နောက်တစ်ပတ်နေ့လည်၁၂နာရီကွပ်မျက်သတ်စေ'

မင်းကြီးpark ရဲ့အမိန့်ပေးသံအဆုံး ရဲမက်တွေဝင်လာပြီး အမတ်တွေကိုဖမ်းခေါ်သွားသည်။

'မင်းကြီး.အမိန့်တော်ကမတရားပါဘူး။မင်းကြီး!!!!'

အမတ်တွေရဲ့မကျေနပ်တဲ့အသံတွေက ဆူညံသွားခဲ့သည်။

'ပင်မတပ်ဖွဲ့ဖွဲ့ကတည်းက အမိန့်ကိုသေချာထုတ်ခဲ့ပေမဲ့ အမိန့်အတိုင်းအပြစ်ပေးခြင်း မရှိခဲ့တာကြောင့် အခုလို ဂိုလျောရဲ့လေးစားရတဲ့စစ်သူကြီးက မလိုက်နာခဲ့ဘူး။ဂိုလျောစည်းကမ်းကို ကြပ်မတ်ဖို့အတွက် ပထမဆုံးအပြစ်ဒဏ်အနေနဲ့ စစ်သူကြီးအပါအဝင် စစ်သူကြီးလက်အောက်က ကိုယ်တော့်အမိန့်ကိုမနာခံတဲ့သူတွေအားလုံးကို မနက်ဖြန်နံနက်နေထွက်တာနဲ့သေဒဏ်ပေးစေ'

'မင်းကြီး!!!!ကျွန်တော်တို့က မိဖုရားငယ်ကိစ္စနဲ့နစ်နာသူတွေပါမင်းကြီး။အပြစ်လျှော့ပေါ့ပေးပါ!!!!မင်းကြီး!!!!'

အဖွဲ့နှစ်ဖဲ့ွကိုဆွဲခေါ်သွားတော့ ညီလာခံထဲမှာကျန်ခဲ့တာက မယ်တော်ကြီးနဲ့မိဖုရားလတ်ရဲ့လူတွေ……

မင်းကြီးpark သူတို့ကိုကြည့်ပြီးမဲ့ပြုံးလေးပြုံးလိုက်ကာ

'ညီလာခံသိမ်းမယ်'

အကြောက်လွန်ပြီး အသက်တောင်အောင့်ထားကြတဲ့အမတ်တွေကတော့ မင်းကြီးpark ရဲ့မဲ့ပြုံးကိုမမြင်လိုက်ပေ……။လူတွေအများကြီးကို မကြာခင်သတ်ခိုင်းထားတဲ့ မင်းကြီးpark ရဲ့အမိန့်ကိုမကျေနပ်ပေမဲ့ ဘာမှတော့မပြောရဲ။တော်ကြာ ညီလာခံခန်းမတင်ပင်ခေါင်းနဲ့ကိုယ်ကွဲသွားမှ……… ။

~~~~~~~~~~

မင်းကြီးpark သူ့ရဲ့အိပ်ဆောင်ကပြတင်းပေါက်ကနေရပ်ပြီး byun နေတဲ့အဆောင်ကိုရပ်ကြည့်နေသည်။အချုပ်ခန်းထဲကနေထွက်လာပြီး မင်းကြီးpark လာခေါ်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ byun လမ်းတစ်လျှောက်မျှော်နေခဲ့သည်။အဆောင်သူရောက်လာပေမဲ့ မင်းကြီးpark ကတော့ရောက်မလာ။ဘယ်လိုနည်းလမ်းနဲ့ သူ့ကိုကယ်ထုတ်ပြီး ဘယ်လိုအမိန့်တွေချမှတ်လိုက်လဲ byun မသိသေးပေ။

မင်းကြီးpark ဖြူဖျော့နေတဲ့ byun ရဲ့မျက်နှာလေးကိုကြည့်ပြီး ပြတင်းပေါက်ကိုပိတ်လိုက်သည်။ပြီးတော့ ဘေးနားကနံရံကိုမိှီလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။

''ကိုယ့်ကိုအပြစ်တင်စကားမပြောနဲ့ byun။မပြောမိစေနဲ့။ဒါပေမဲ့ byun ကတော့ပြောမှာပဲကိုယ်သိနေတယ်။ကိုယ် byun ကို တစ်ခုခုလုပ်မိလိမ့်မယ်။ကိုယ်လုပ်တဲ့အလုပ်ကို အပြစ်ပြောတဲ့သူလောက် မုန်းတာရှိတောင်မရှိဘူး။ကိုယ် byun ကိုစိတ်မတိုချင်ဘူး။အဲ့ဒါကြောင့် ဒီနေ့မတွေ့ဘဲနေရအောင်''

byun မင်းကြီးpark အဆောင်ကိုလှမ်းကြည့်လိုက်တော့ ပိတ်လျက်သားပြတင်းပေါက်လေးကိုတွေ့လိုက်ရသည်။သို့သော် အပျိုတော်တွေတော့အပြင်မှာရှိနေသည်။

''အရှင်ရှိနေတာလား''

byun သက်ပြင်းလေးတစ်ချက်ချပြီး အဆောင်ထဲဝင်သွားသည်။

~~~~~~~~~

ညရောက်သော်

မင်းကြီးpark ညဝတ်အိပ်အဝတ်အစားနဲ့လျှောက်တင်လွှာတွေကိုဖတ်နေသည်။ပြီးတော့ ရှေ့ဆက်လုပ်ရမဲ့ကိစ္စတွေကိုတွေးနေသည်။

'မင်းကြီး'

'ရောက်ပြီလား'

'ဟုတ်ကဲ့'

'ဝင်လာခိုင်းလိုက်'

မင်းကြီးpark ခေါ်ခိုင်းထားတဲ့သူဝင်လာပြီးတော့ kai ထွက်သွားသည်။ကျန်ခဲ့တာက မင်းကြီးpark နဲ့ မိဖုရားကြီး

'မင်းကြီးခေါ်တယ်ဆိုလို့ပါ'

အရင်လိုအဆောင်အယောင်အပြည့်နဲ့မဟုတ်ဘဲ အဖြူရောင်အဝတ်တွေဝတ်ပြီး အနည်းငယ်ရှုပ်ပွနေတဲ့ဆံပင်တို့က မိဖုရားကြီးရဲ့ချောမောမှုကို အနှောင့်အယှက်ဖြစ်ချင်နေသည်။

'ထိုင်ပါ'

မင်းကြီးpark ထိုင်ခိုင်းလိုက်တော့ မိဖုရားကြီး က မင်းကြီးရဲ့ရှေ့မှာထိုင်လိုက်သည်။ဘာမှတော့မပြော။ခေါင်းကိုသာငုံ့ထားသည်။ငိုထားတာကြောင့် မျက်လုံးတွေကနီရဲပြီးဖောင်းအစ်နေသည်။

မင်းကြီးpark မိဖုရားကြီးအနားကိုလျှောက်သွားလိုက်ပြီး မိဖုရားကြီးကိုဖက်ထားလိုက်သည်။

'မကျေနပ်ဘူးမဟုတ်လား။ဝမ်းနည်းတယ်မဟုတ်လား။ငိုချလိုက်ပါ။ပြီရင်တော့ ဒါတွေအားလုံးကိုမေ့ပစ်လိုက်တော့။မိဖုရားရဲ့အသက်ကိုကယ်ချင်လို့ ဒီလိုလုပ်လိုက်တာပဲ။အမတ်ကြီးကိုမသတ်တာကလည်း မိဖုရားကြောင့်ပဲ။

'သိပါတယ်။မင်းကြီးသတ်မဲ့သူတွေထဲမှာ ကျွန်မမပါမှန်း။ဒါပေမဲ့… ဒါပေမဲ့ အမတ်တွေက ဘာမှမပက်သက်ဘူးလေ။သူတို့ကိုဖြုတ်ချင်တာနဲ့ပဲသတ်ပစ်လိုက်ရောလား'

'ကျူပင်ခုတ်ကျူငုတ်ပါမကျန်တဲ့။ရာထူးပဲဖြုတ်လိုက်ရင် သူတို့တစ်ချိန်ကျရင် ကိုယ့်ကိုပြန်တိုက်ခိုက်လာမှာပေါ့။သတ်ပစ်တာကအကောင်းဆုံးပဲလေ'

'မင်းကြီး……။ဘာလို့လဲ...ဘာလိုအမတ်တွေကိုဖြုတ်ပစ်ချင်ရတာလဲ'

'အဲ့အကြောင်းကိုမိဖုရားကိုပြောပြရမှာလား'

'ရပါတယ်။မင်းကြီးမပြောချင်လဲမပြောပါနဲ့။ဒါပေမဲ့ မိဖုရားငယ်ကိုဘာလို့သတ်တာလဲ'

မင်းကြီးpark မိဖုရားကြီးကို အလန့်တကြားကြည့်လိုက်တော့ မိဖုရားကြီးကရယ်သည်။

'အဆိပ်ဆရာ tao ကို ဟိုနေ့ညကတွေ့လိုက်တယ်။ကြည့်ရတာ အဆောင်မှာတစ်ခုခုလာထားသွားတဲ့ပုံပဲ။သူထားသွားတဲ့ပစ္စည်းကိုကြည့်လိုက်တော့ ခဲအဆိပ်ထုပ်ဖြစ်နေတယ်။အဲ့ကတည်းက မင်းကြီးမှန်းကျွန်မသိပြီးသားပါ။ဘာလို့သတ်လိုက်တာလဲ'

'သူ byun ကို အဆိပ်ခတ်လုပ်ကြံထားလို့ပြန်ပြီးအဆိပ်ခတ်သတ်တာ'

'ဘယ်လို'

'ဟုတ်တယ်။byun ကိုထိပါးထားတဲ့သူတွေအားလုံးကို သူတို့နည်းလမ်းအတိုင်းပဲအဆုံးသတ်ရမယ်'

'ဒါဆိုမိဖုရားလတ်ကရော'

'သူတို့အတွက်ကပိုကောင်းတဲ့အစီအစဉ်ရှိတယ်'

'ဒါဆိုကျွန်မကိုမသတ်တာက'

'မိဖုရားက byun အပေါ်အများကြီးကောင်းခဲ့တာလေ'

'byun ကိုအဲ့လောက်တောင်ချစ်တာလား'

'ဟုတ်မှာပေါ့။မပြောတတ်ဘူး။ပိုချင်လဲပိုလိမ့်မယ်'

'byun ကိုအရမ်းမချစ်ပါနဲ့လားမင်းကြီး။မင်းကြီးရဲ့အားနည်းချက်ဖြစ်သွားလိမ့်မယ်'

'မဖြစ်ပါဘူးစိတ်ချပါ'

'ဒါဆိုရင်နောက်ဆုံးအနေနဲ့ ကျွန်မမင်းကြီးကိုတောင်းဆိုစရာရှိတယ်'

'ပြော'

'ကိုယ်လုပ်တော်byunနဲ့တွေ့ချင်တယ်'

'ဘာလို့တွေ့ချင်တာလဲ'

'ပြောစရာရှိလို့ပါ'

'မိဖုရားဘာလို့ byun အပေါ်အရမ်းကောင်းနေလဲဆိုတာစဉ်းစားလို့မရဘူး'

'ဆုံးသွားတဲ့မောင်လေးကိုသတိရလို့ပါ။မောင်လေးသာ အသက်ရှိဦးမယ်ဆိုရင် byun နဲ့အတူတူပဲ'

'သြော်……kai'

'ဟုတ်ကဲ့'

'ကိုယ်လုပ်တော် byun ကိုသွာခေါ်လိုက်ပါ'

'ဟုတ်ကဲ့'

ခဏနေတော့

'မင်းကြီး ကိုယ်လုပ်တော် byunရောက်ပါပြီ'

'အေးဆေးစကားပြောကြ။ကိုယ်လမ်းသွားလျှောက်ဦးမယ်'

'ကောင်းပါပြီမင်းကြီး'

မင်းကြီးpark ထွက်သွားတော့ byun ဝင်လာသည်။

'မိဖုရား'

'byun'

နှစ်ယောက်သားဖက်ပြီး ငိုလိုက်ကြသည်။အချိန်တိုလေးတစ်ခုအတွင်းမှာပဲ အရမ်းကိုရင်းနှီးသွားတဲ့သူတွေမဟုတ်လား……

'ကျွန်တော်အကုန်သိပြီးပါပြီ'

'အကူအညီတောင်းစရာရှိလို့ပါ'

'ပြောပါ။ကျွန်တော်မဖြစ်ဖြစ်အောင်ကူညီပေးပါ့မယ်'

'မှောင်ခိုအမှုနဲ့မြို့ဝင်ကြေးတွေက မယ်တော်ကြီးနဲ့မိဖုရားလတ် တို့လုပ်တဲ့ကိစ္စပါ။ဒါပေမဲ့ အခုအမတ်တွေကိစ္စထဲပါနေတယ်။ဒီကိစ္စကိုအမှန်အတိုင်းဖေါ်ထုတ်ပေးပါ'

'မှားနေတာလား။အရှင့်ကိုပြောလိုက်လေ'

'မရဘူးတမင်လုပ်ထားတာလို့ထင်တယ်'

'အမှန်အတိုင်းပြောရရင် ဒီကိစ္စတွေက သက်သက်ကြီးဖြစ်နေတယ်။မိဖုရားငယ်သေတဲ့အမှုကနေဘယ်လိုလုပ်ပြီး……'

'ပြီးခဲ့တာတွေလည်းပြီးပြီပဲကို။ထားလိုက်ပါတော့'

'တောင်းပန်ပါတယ်။အရှင်က ကျွန်တော့်ကိုအရုပ်လေးလိုထားလိုက်ပြီး သူကစားချင်သလိုစုံနေအောင်ကစားသွားတာ။အသက်တွေအများကြီးကိုလည်း သတ်ပစ်ဖို့အမိန့်ချထားလိုက်တယ်။ကျွန်တော်လည်း နားမလည်တော့ပါဘူး။အရှင်ဘာတွေလုပ်နေမှန်း'

'စကားပြောလို့ပြီးပြီလား byun'

'ဟုတ်ကဲ့။ဒါပေမဲ့အရှင့်ကိုပြောစရာရှိပါတယ်'

'ဘာကိစ္စလဲ'

'ဒီညမိဖုရားကြီးနဲ့အတူအိပ်လိုက်ပါ'

'byun'

'ထွက်သွားတော့မဲ့လူတစ်ယောက်အတွက် ဒီလောက်တော့လုပ်ပေးသင့်ပါတယ်'

မင်းကြီးpark မိဖုရားကြီးကိုကြည့်လိုက်သည်။မိဖုရားကြီးကတော့ ဘာမှမပြောဘဲခေါင်းငုံ့ထားသည်။နောက်ဆုံးအနေနဲ့ သူလည်း ခင်ပွန်းရဲ့ရင်ခွင်ထဲနေချင်ရှာမှာပဲလေ

'ပြီးရောလေ။အဝတ်အစားလဲထားလိုက်။byun အဆောင်ပြန်မယ်'

'ဟုတ်ကဲ့'

မင်းကြီးpark byun လက်ကိုဆွဲပြီးထွက်သွားလိုက်သည်။

အဆောင်ထဲရောက်တော့

'အရှင်'

'ရှူး~~byun ဘာပြောမလဲဆိုတာကိုယ်သိတာမို့လို့ ဘာမှမပြောနဲ့။ကိုယ်ဒေါသမထွက်ချင်ဘူး'

'အရှင်မပြောခိုင်းလည်း ကျွန်တော်ကတော့ပြောရမှာပဲ။အခုအရှင်လုပ်တဲ့လုပ်ရပ်ကိုကြည့်ဉ်ီး။ရှင်ဘုရင်ကာင်းတစ်ယောက်တဲ့တူနေလားဆိုတာ။မှောင်ခိုအလုပ်လေးတွေအတွက်နဲ့ သေဒဏ်ပေးတယ်ဆိုတာတရားရဲ့လား။ပြီးတော့ မိဖုရားငယ်ကို မိဖုရားကြီး သတ်ပါတယ်လို့ သက်သေအတိအကျရှိရဲ့လား'

'byun!!!'

'မအော်နဲ့အရှင်။အရှင်လုပ်နေတာတွေက မဟုတ်လို့ပြောနေတာ။အရှင့်ပြည်သူတွေအတွက် အရှင်လုပ်တာသိတယ်။ဒါပေမဲ့ ဒီအမတ်တွေကလည်း အရှင့်ရဲ့ပြည်သူတွေလေ။အရှင့်ရဲ့ပြည်သူတွေကိုမှ အရေးပါတဲ့ပြည်သူတွေ။အဲ့ဒါကို………'

'byunဆက်မပြောနဲ့တော့'

'ပြောမှာပဲ'

မင်းကြီးpark byun ရဲ့လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး byun မျက်လုံးကိုတည်းတည့်ကြည့်ကာ

'ကိုယ်လုပ်နေတာတွေက လုပ်သင့်တာတွေမို့လို့ မှန်တယ်မှားတယ်လို့ မင်းမှာဝေဖန်ပိုင်ခွင့်မရှိဘူး'

'သိတယ်။ဒါပေမဲ့ အရှင်က ကျွန်တော့်ကိုအရုပ်လေးလိုတည်ကြက်ထားပြီး နောက်ကွယ်ကနေလုပ်ချင်တာကိုလုပ်သွားတာလေ။ကျွန်တော်က အရှင်ရဲ့အရုပ်ဆိုတာမှန်တယ်။ဒါပေမဲ့ အရှင့်ရဲ့မှန်ကန်တဲ့လုပ်ရပ်တွေအတွက်ပဲ အသုံးချခံအရုပ်လေးဖြစ်ချင်တာ။မီးလောင်ရာလေပင့်သလိုမျိုး မကောင်းမှုကိုကူညီနေမဲ့အရုပ်မဟုတ်ဘူး!!'

'ဟာ~~byun baekhyun!!!မင်းပါးစပ်ပေါက်ကိုပိတ်ထားလိုက်တော့'

'မပိတ်နိုင်ဘူး'

'အေး.မင်းမပိတ်ရင်ငါပိတ်ပေးမယ်'

byun သူ့နှုတ်ခမ်းကိုအမဲဖြတ်သလို ကိုက်ဆွဲနေတဲ့ မင်းကြီးpark ကိုအတင်းရုန်းနေသည်။သို့ပေမဲ့ ရုန်းကန်မှုကသိပ်အရာမထင်။ဘေးနားက အသင့်ခင်းပြီးသားဖြစ်တဲ့ အိပ်ယာခင်းပေါ် byun ကိုပစ်လှဲချလိုက်သည်။

အောင့်သက်သွားသောကျောပြင်နဲ့အတူ စူးခနဲဖြစ်သွားသောဝမ်းဗိုက်ကြောင့် byun တစ်ချက်ညီးလိုက်မိသည်။byun ရဲ့အာရုံက ဗိုက်ကကလေးဆီရောက်နေတုန်း မင်းကြီးpark က byun ခါးစည်းကြီုကိုဖြည်လိုက်ပြီး ပေါ်လာတဲ့ဖြူဖွေးဖွေလည်တိုင်လေးကို နမ်းလိုက်သည်။

'ဗိုက်.ဗိုက်ကိုမဖိပါနဲ့အရှင်'

byun ရဲ့စကားကြားတော့မှ လွတ်ထွက်နေတဲ့ မင်းကြီးpark ရဲ့စိတ်တွေကိုစုစည်းလိုက်ပြီး လှုပ်ရှားမှုအားလုံးကိုရပ်ပစ်လိုက်သည်။သို့သော်

'အ့.အ.အရှင်'

byun ရဲ့ပုခုံးသားထဲကိုစူးဝင်လာတဲ့ မင်းကြီးpark ရဲ့သွားတွေကြောင့် byun နာကျင်လာပြီးနှုတ်ခမ်းလေးကိုက်ထားလိုက်သည်။မင်းကြီးpark ရဲ့လက်မောင်းကိုဆုပ်ကိုင်ပြီး နာကျင်မှုကိုအံတုထားလိုက်သည်။သွေးတွေစီးကျလာတာတောင် မင်းကြီးpark ဆက်ကိုက်နေတုန်းပင်။byun မျက်နှာကိုတစ်ဖက်လွဲှပြီးငိုနေသည်။

ခနကြာတော့မှကိုက်ခဲထားတဲ့ byun ရဲ့ပခုံးသားလေးတွေကို မင်းကြီးpark လွှတ်ပေးလိုက်သည်။စကားတစ်ခွန်းမှမပြောတဲ့အပြင် byun ကိုတစ်ချက်တောင်မကြည့်ဘဲ အခန်းအပြင်ကိုထွက်သွားသည့် မင်းကြီးpark ကို byun ကြည့်ရင်းဆက်ငိုနေသည်။တခနအတွင်းတက်လာသည့် သွားဆိပ်ကြောင့် byun ပုခုံးတစ်ခုလုံးနာကျင်နေသည်။ခေါင်းအုံးနဲ့အိပ်ယာခင်းမှာလည်း byun ပုခုံးသွေးတွေပေကျံနေတဲ့အပြင် ပခုံးကဒဏ်ကတော့သွေးတွေထွက်နေဆဲ

'ကိုယ်လုပ်တော်byun'

xiumin ဝင်လာတော့ byun သူ့ခန္ဓာကိုယ်ကိုစောင်နဲ့ခြုံထားလိုက်သည်။

'တစ်ယောက်တည်းနေချင်တယ်min'

'ဒါပေမဲ့ဒဏ်ရာကိုဆေးလူးရမယ်လေ။သွားဆိပ်တက်နေလိမ့်မယ်'

'ထားထားလိုက်'

'ကိုယ်လုပ်တော်byun'

'သူတောင်စိတ်မပူတာမင်းကပူစရာမှမလိုတာ။သွားတော့'

byun မျက်လုံးကိုစုံမှိတ်ပြီး အိပ်ပျော်အောင်ကြိုးစားလိုက်သည်။သို့ပေမဲ့ တစ်ဆစ်ဆစ်ကိုက်နေတဲ့ပခုံးကြောင့် အိပ်လို့တော့မပျော်ခဲ့ပေ။

•••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

119K 10.1K 70
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
154K 22.6K 104
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
512K 84.1K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
480K 80.9K 127
Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO0- 120 chapters+ 2 extras (Completed) I...