28

170 16 0
                                    

[Zawgyi]
အရှင်(master)
အပိုင်း-၂၈

နောက်တစ်နေ့

မင်းကြီးpark နီးလာပြီဖြစ်တဲ့ အရာရှိစာမေးပွဲအတွက် မနေ့ကသေဒဏ်ပေးခံလိုက်ရတဲ့အမတ်တွေအစား ကျန်နေခဲ့တဲ့အမတ်တွေကို တာဝန်တွေခွဲပေးမလို့စီစဉ်နေတုန်း chen က အရေးတကြီးဝင်လာပြီး

'မင်းကြီး'

'ဘာကိစ္စရှိလို့လဲ'

ရွှေရောင်စာလိပ်တစ်လိပ်ပေါ်မှာစာရေးနေရင်ပြန်ပြောလိုက်တော့

'ကိုယ်လုပ်တော်byun'

chen ရဲ့ ကိုယ်လုပ်တော် byun ဆိုတဲ့စကားကြားတော့ မင်းကြီးpark ရဲ့ စာရေးလက်စလက်တို့က တွန့်ဆုတ်သွားသည်။

'byun ဘာဖြစ်လို့လဲ'

'ကိုယ်တွေပြန်ပူနေပါတယ်။မနေ့ကဒဏ်ရာကိုလည်း ဆေးမလူးတော့ အဲ့ဒီကအဆိပ်တွေတက်ပြီး ဖျားသွားတာပါတဲ့။ဒါပေမဲ့ ဘယ်သမားတော်မှာအဝင်မခံဘဲ သူ့ဘာသာအပူကျဆေးတွေကျိုနေပါတယ်။ပြီးတော့ ဒဏ်ရာကိုလည်း မင်းကြီးကိုယ်တိုင်လာမလူးပေးရင် ဒီတိုင်းထားမှာပါတဲ့'

'ဘာပြောတယ်'

မင်းကြီးpark မနေ့သူ byun ကို ကိုက်ခဲ့တဲ့ဒဏ်ရာကိုပြန်တွေးမိပြီးတော့

'တောက်!ဒီကောင်လေးတော့'

မင်းကြီးpark ရေးလက်စတွေအားလုံးကို ဆက်မရေးတော့ဘဲ byun နန်းဆောင်ကိုသာ အမြန်ထသွားလိုက်သည်။

လမ်းတစ်လျှောက်ငှက်အော်သံတွေ၊ပန်းရနံ့တွေကို မင်းကြီးpark မခံစားနိုင်တော့ဘဲ byun နန်းဆောင်ကိုသာ အမြန်သွားနေသည်။နန်းဆောင်ရှေ့ရောက်တော့ သမားတော်တွေအများကြီး ရပ်နေတာကိုတွေ့လိုက်ရသည်။ကြည့်ရတာ xiumin ခေါ်ထားတာဖြစ်ရမည်။

'အားလုံးပြန်ကြတော့'

'ဟုတ်ကဲ့မင်းကြီး'

သမားတော်တွေအားလုံးထွက်သွားတော့မှ

'အားလုံးထွက်သွားကြ။ chen နဲ့ kai လည်းပြန်တော့။ကိုယ်တော် byun နဲ့နှစ်ယောက်တည်းနေချင်တယ်'

'ဟုတ်ကဲ့မင်းကြီး'

အထိန်းတော်တွေအားလုံးထွက်သွားတော့မှ မင်းကြီးpark byun အခန်းထဲဝင်လာလိုက်သည်။

Master(အရှင် -အရွင္)Kde žijí příběhy. Začni objevovat