Never

By Blacksheep303

26.1K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ်တော့မှ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ်တော့မှ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ်တော့မှ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ်တော့မှ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ်တော့မှ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ်တော့မှ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ်တော့မှ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ်တော့မှ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ)- 10
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ်တော့မှ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ်တော့မှ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ်တော့မှ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ်တော့မှ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ်တော့မှ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ်တော့မှ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ်တော့မှ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ်တော့မှ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ်တော့မှ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ်တော့မှ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ်တော့မှ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ်တော့မှ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ်တော့မှ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ်တော့မှ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ်တော့မှ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ်တော့မှ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ်တော့မှ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ်တော့မှ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ်တော့မှ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ်တော့မှ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ်တော့မှ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ်တော့မှ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ်တော့မှ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) -Zawgyi 9

185 3 0
By Blacksheep303

ဝမ်ရိပေါ် ပို့ထားတဲ့ အတိုင်း လာခဲ့တာ Hello Danceဆိုတဲ့ အကသင်တန်းကို ရောက်လာတာပါ ရိပေါ်က ထွက်လာခါနီး ဖုန်းဆက်ဆိုပေမယ့် သူဘယ်လိုများကနေလည်း သွားချောင်းဖို့ စိတ်ကူးနဲ့ ဖုန်းမဆက်ဘဲ ထွက်လာမိပါတယ် အကသင်တန်းက အထပ်အများကြီးဆိုတော့ ဘယ်နေရာမှန်းမသိ ဟိုလူ့မေး ဒီလူမေးလည်း မမေးချင်တာနဲ့ ရိပေါ်ဆီဖုန်းဆက်လိုက်ပါတယ်

ကိုယ်တော်ချောက မကိုင်ဘူး ချိန်းတုန်းက  ချိန်းထားပြီး ဒါကြောင့် ကိုင်တဲ့အချိန် Missed Call အများကြီးနဲ့ မြင်ပြီး မျက်လုံးပြူးသွားအောင် ခေါ်လိုက် ဝင်သွားတာနဲ့ချလိုက် လုပ်လိုက်ပါတယ် အခေါက်၃၀လောက် လုပ်ပြီး တဲ့အချိန်မှ အကသင်တန်းနဲ့ မျက်နှာချင်းဆိုင်က Bakery Shopလေးမှာ လာထိုင်လိုက်ပါတယ် ပုံမှန်စိတ်နဲ့ဆို ရှောင်းကျန့် ပြန်သွားလိုက်ပါပြီ ချိန်းထားရင် အဲလို ကိုယ်ကလိုက်ရှာရတာ စောင့်ရတာ နည်းနည်းမှ မကြိုက်ပါဘူး

သူများကို ကိုယ်လည်းမသိတဲ့နေရာချိန်းရင် မရှာရအောင် ကြိုစောင့်တာများ ရှာရလွယ်မယ့်နေရာအတိအကျလိုမျိုးကို ချိန်းတတ်ပါတယ် အခု ရိပေါ်တို့များ သူတို့သင်တန်းကိုဝင်လာရင် ဘယ်လိုက်ရှာရမှန်း အပြင်လူတစ်ယောက်လာရင် မသိနိုင်တာကို နားမလည်ဘူးလား အခန်း နံပါတ် အလွှာနံပါတ်တွေလည်း မပို့ထားဘူး ပြဿနာတက်ထားပြီး ငြိမ်းချမ်းရေးယူထားတာမှ မကြာသေးဘူး စိတ်တိုအောင် လာဆွနေပြန် ပြီ ပြဿနာရှာတတ်သူကြီး ဖြစ်မှာစိုးလို့ သည်းခံနေတာ လာမှ သေသေချာချာ ပြောပစ်ပြီး ပြန်ဦးမယ် စိတ်ပေါက်ပေါက်နဲ့ မျက်နှာကို သေသေချာချာကြည့်ပြီး လူလိုနားမလည်တဲ့သူကို ပြောပစ်ဦးမယ်လို့ တေးထားလိုက်ပါတယ်

ရိပေါ်ကလည်း ၁၀နာရီမထိုးခင်ကတည်း တမျှော်မျှော်ပါပဲ ၁၀နာရီထိုးခါနီးကျမှ ဆရာက နက်ဖြန် Show တစ်ခုမှာ Backup ကရမှာအတွက် တစ်ခေါက်လောက် ကျင့်ရအောင်ဆိုလို့ ဖုန်းကို Silentလုပ်ပြီး အကသွားကျင့်တာ Group ထဲကတစ်ယောက်က နည်းနည်းလေး လွှဲနေလို့ ပြန်စခိုင်းလိုက် ပြန်တိုက်လိုက်နဲ့ နက်ဖြန်တောင် တကယ့်Showမို့ အလွှဲမခံဘဲ ပြန်ပြန်ကျင့်ခိုင်းတာမို့ ပုံမှန်ဆိုရင် ၁၀မိနစ်လောက်အတွင်း ကျင့်တာ ပြီးတတ်ပေမယ့် အခုက ၂၃မိနစ်တောင်ကြာသွားတာပါ

ကတုန်းနေတုန်းက အရာရာမေ့သွားတာမို့ အခုတော့ ကျန့်ကော ထွက်ခါနီးဖုန်းဆက်လို့ပြောထားတာ ဖုန်းဆက်လို့ မရဘဲ လိုက်လာရင် ဘယ်အလွှာ ဘယ်အခန်းလာရမယ်ဆိုတာ Messageမပို့ထားမိတော့ ရှာတတ်မှာ မဟုတ်ဘူး   ခုတော့ လာသွားပြီလားမသိဘူး ဒုက္ခပဲ မကခင် ဖုန်းလေးနဲ့ လာပြီလားမေးလိုက်ရမှာ ရိပေါ်က အပေါင်းအသင်းနည်းတော့ အရင်ကလည်း အကသင်တန်းကို သူငယ်ချင်းတွေကိုတောင် တစ်ခါမှ မခေါ်ဘူးတော့ ဒါမျိုးတွေ သေချာကြိုမစဉ်းစားမိဘူး မလာပါစေသေးနဲ့လို့ တွေးပြီး ဖုန်းဆက်ဖို့ ဖုန်းကို ကြည့်လိုက်တော့

*အမလေး ဘုရားရေ Missed Call က အခု၃၀တောင် အကုန်လုံးက My Championဆိုတဲ့ Callတွေကြီးဘဲ သေပါပြီ ရိပေါ်တော့ သေပါပြီ စိန်ကောက်တေး နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရသလား*

လိုအပ်ရင် ရှောင်းကျန့်ကို မုန့်လိုက်ကျွေးလို့ရအောင် ဆရာ့ကို တစ်ခါတည်း ခွင့်တောင်းပြီး နလေ့ည် မှ ပြန်လာတော့မယ်လို့
ပြောခဲ့လိုက်ပါတယ် ပြီးတော့ သက်ပြင်းလေးချရင်း မရဲတရဲနဲ့ ရိပေါ် ရှောင်းကျန့်ကို ဖုန်းခေါ်လိုက်ပါတယ် မကိုင်ပါဘူး စိတ်ဆိုးနေလို့နေမှာ ကျန့်ကောတုန်းက အခါ၃၀တောင် ခေါ်ထားတာမို့ ရိပေါ်လည်း အဲလိုလေး ပြန်ခေါ်လိုက်ပါဦးမယ်လို့တွေးပြီး ဒုတိယတစ်ခါထပ်ခေါ်လိုက်ပါတယ် မကိုင်ပါဘူး တတိယအကြိမ်လည်း မကိုင်ပါဘူး ဇွဲလျော့လို့ မဖြစ်ဘူး ထပ်ခေါ်ရမှာပေါ့လေ ဒီတစ်ခါတော့ ကိုင်ပါတယ်

"ကျန့်ကော ထပ်ပြီးတောင်းပန်ပါတယ် ကျွန်တော် Groupလိုက် အကတိုက်နေတာမို့ ဖုန်းတခြားလူတခြားဖြစ်နေတာရော Silentဖြစ်နေတာရောကြောင့်ပါ ဖုန်းမကိုင်လိုက်ရတာပါ ကျွန်တော်တို့ အကသင်တန်းမှာက လိုအပ်ချက်အလိုက် အခန်းတွေက ပြောင်းပြောင်းပြီး ကျင့်နေရတာရော ကျန့်ကော လာခါနီး အောက်ဆင်းစောင့်မယ်ဆိုတဲ့စိတ်ရှိတာကြောင့်ရော အလွှာနံပါတ်နဲ့ အခန်းနံပါတ် မပို့ထားလိုက်မိတာပါ စိတ်မရှိပါနဲ့နော် တောင်းပန်ပါတယ်"

"ငါ့ဆီမှာ ဆိတ်လည်းမရှိဘူး ခွေးလည်းမရှိဘူး"

"အာ ကျန့်ကောက စတတ်သားပဲ ဒါနဲ့အခု ဘယ်နားလေးမှာလဲဟင် အိမ်ကထွက်လာပြီလား မထွက်လာရသေးရင် ကျွန်တော် လိုက်လာရမလား ခုကတည်းက ဆရာ့ဆီက ထမင်းစားနားဖို့ ခွင့်တောင်းခဲ့ပြီးပြီ နေ့လည်စာ လိုက်ကျွေးမယ်လေ"

"နေ့လည်စာ လိုက်ကျွေးတိုင်း စားတတ်တဲ့ကောင်လို့ ထင်နေတာလား ငါ့ဖာသာ ငါဝယ်မစားနိုင်ဘူးလို့ ထင်နေလို့လား"

"မထင်ရပါဘူးဗျာ မထင်ရပါဘူး ကျွန်တော်က မိတ်ဖြစ်ဆွေဖြစ်ကို ကျွေးချင်လွန်းလို့ပါခင်ဗျ"

"ငါ အခု Victory Bakery မှာ"

"ဗျာ ဘယ်နားမှာ"

" Victory ကော်ဖီဆိုင်မှာ"

"ကျန့်ကော စိတ်မရှိပါနဲ့ လိပ်စာလေးတစ်ချက်လောက် ပို့ပေးပါလား"

"မင်းတို့သင်တန်းနဲ့ မျက်နှာချင်းဆိုင်က ဆိုင်ဟေ့ မျက်နှာချင်းဆိုင်မှာ "

ကိုယ်သင်တန်းနားရှိတဲ့ ဆိုင်နာမည်တောင် မသိတာလား သက်သက်မဲ့ရစ်နေတာလား ဒီလောက်နီးနီးလေး ဘာလိပ်စာမှ ပို့စရာမလိုတာကို ထပ်ထပ်ပြီးမေးနေတာကြောင့် စိတ်ပေါက်ပေါက်နဲ့အော်လိုက်မိတယ်

"အာ...မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်လေးလား လာပြီကျန့်ကော ငါးမိနစ်အတွင်း ရောက်စေရမယ်"

ရိပေါ် ဖုန်းချလိုက်ပြီး အပေါ်က ရှပ်ကိုပဲ အမြန်ချွတ် ချွေးသုတ် တီရှပ်အနက်ရောင်လေး အမြန်လဲဝတ် ပြီးတာနဲ့ အားလုံးကို ကျောပိုးအိတ်ထဲ သွပ်ထည့်လိုက်ပါတယ် လက်ဆောင်အိတ်လေး မေ့မကျန်ရအောင် သေချာဆွဲပြီး သင်တန်းက ထွက်လာပြီး ကော်ဖီဆိုင်ရှိတဲ့ဖက် လမ်းကူးပြီး လာလိုက်ပါတယ် ကော်ဖီဆိုင်ထဲရောက်တာနဲ့ ချောကလက်ကိတ်တွေကို အားရပါးရစားနေတဲ့ ကျန့်ကောကို မြင်လိုက်တာမို့ အပြေးလေးမျက်နှာချင်းဆိုင် ဝင်ထိုင်ပြီးနှုတ်ဆက်လိုက်ပါတယ်

"ကျန့်ကော"
ရှောင်းကျန့်က ဘာမှ ပြန်မပြောပါဘူး မျက်နှာကလည်း ခပ်တည်တည်မို့ ဒါစိတ်မပြေသေးဘူးဆိုတဲ့သဘောပါ ဒါကြောင့်ရိပေါ်လည်း

" ဟီး.ဟီး ကျန့်ကော ကျွန်တော်က ဟိုဘက်လမ်းက ဆိုင်လေးမှာပဲ စားနေကျလေ ကော်ဖီလည်းသောက်ကျင့်မရှိတာရော Snackလည်း စားတတ်တဲ့ အကျင့်မရှိတော့ သူငယ်ချင်းလည်း မရှိတော့ သင်တန်းနဲ့အိမ် အိမ်နဲ့သင်တန်းအပြင် ဘယ်မှလည်း သွားတဲ့ အကျင့် မရှိတော့ ဒီဆိုင်လေး နာမည်ကို သတိမထားမိလိုက်ဘူး ကျန့်ကော ပိုက်ဆံရှင်းပြီးပြီလား မရှင်းရသေးရင် ကျွန်တော် ရှင်းလိုက် မယ်လေ"

"မင်း မထိုင်ဖူးမှန်း ငါသိပါပြီ ဒီဆိုင်က အရင်မှာ အရင်ပိုက်ဆံရှင်းပြီးမှ မှာထားတာလာချတဲ့ဆိုင်မျိုးလေ"
ပြောလည်းပြော ကျန်တဲ့ ချောကလက်ကိတ်အားလုံးကို ပါးစပ်ထဲကောက်ထည့်လိုက်တာမို့ ပါးစောင်နားလေးမှာ ချောကလက်Creamလေးတွေ ပေကုန်ပါတယ်

"ကျန့်ကော ပေကုန်ပြီ"

"ဘယ်နားမှာလဲ"
မေးလည်းမေးရင်းနဲ့ ပါးစပ်ပတ်ပတ်လည်ကို လျှာနဲ့လိုက်သပ်နေတာပါ ဒါပေမယ့် မမှီတာကြောင့် ရိပေါ်လည်း သုတ်ပေးမလို့ တစ်ရှူးရှာတာ တစ်ရှူးကို စားပွဲပေါ် မမြင်တာနဲ့ လက်နဲ့ပဲသုတ်ပေးလိုက်ပါတယ် လက်မှာ ကပ်လာတာ ချောကလက်တွေ အများကြီးပါလာတာမို့ တစ်ရှူးမရှိတဲ့အတူတူ ရိပေါ် ပါးစပ်ထဲပဲ လက်ထည့်လိုက်တာပါ

"ဟီး...ဟီး....တော်တော်ချိုတယ် ချောကလက်က"

ရိပေါ် က အမှုမဲ့အမှတ်မဲ့ လုပ်လိုက်တဲ့အပြုအမူကြောင့် သူ့လက်ညှိုးလေး ရှောင်းကျန့်ပါးနားလေး ထိလိုက်တဲ့အချိန် ရှောင်းကျန့်မှာ ဓါတ်လိုက်သွားသလိုပဲ ဖြစ်သွားတာမို့ မသိမသာ မျက်စောင်းထိုးပေးလိုက်ပါတယ် ကိုယ်တော်ချောကတော့ သိမယ်မထင်ဘူး

"ကျန့်ကော စားပြီးရင် ဒါလေးကြည့်ကြည့်ပါဦး ကျွန်တော်ရဲ့ တောင်းပန်လက်ဆောင်လေးပါ"

"CleoReyes တံဆိပ်ပါလား ဘာလို့ဈေးကြီးတာဝယ်လာတာလဲ"

"အမှတ်တရမို့ပါ ကျွန်တော့်ရဲ့ ပထမဆုံး စိန်ခေါ်ပြိုင်ပွဲလေးရဲ့ ချန်ပီယံကြီးအတွက် ပထမဆုံးပေးရမယ့် လက်ဆောင်မို့ မှတ်မှတ်ရရဖြစ် အောင်လို့ပါ ယူမယ်မလား"

" ငါ့ကို ဒါမျိုးတွေ လက်ဆောင်ပေးတာ မင်းပထမဆုံး မဟုတ်ပေမယ့် ငါကောင်းကောင်းသုံးပါ့မယ်"

"ကျွန်တော်လည်း တွေးထားပြီးသားပါ ကျွန်တော့်ဘက်က ပထမဆုံးဖြစ်ပေမယ့် ကျန့်ကောဖက်က ပထမဆုံး မဟုတ်လောက်ဘူးဆိုတာကို ကောင်းကောင်းသုံးပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်သွားပြီမို့ ကျွန်တော်က နေ့လည်စာလိုက်ကျွေးပါ့မယ် ဘယ်မှာစားချင်လည်း ဘာစားချင်လဲ"
"မင်း စောစောက ပြောပြတဲ့ ဟိုဘက်လမ်းကဆိုင်မှာ စားမယ် မင်းစာနေကျပုံစံမျိုးနဲ့"

"ဟိုလေ အဲဒီဆိုင်လေးက လမ်းဘေးဆိုင်လေးမို့ ကျန့်ကော စားတတ်မှာ မဟုတ်ဘူး"

" ဆိုင်တွေ အားလုံးနီးပါးက လမ်းဘေးဆိုင်ပဲလေ ဘယ်ဆိုင်က လမ်းလယ်ခေါင်တည့်တည့် တက်ဖွင့်လို့လဲ ခုဒီကော်ဖီဆိုင်လည်း လမ်းဘေးဆိုင်ပဲကိုး ဘာလဲ ငါ့ကို ကိုကြီးကျယ်လို့ ထင်နေလို့လား"

"မဟုတ်ပါဘူး မစားတတ်မှာစိုးလို့ စားချင်တယ်ဆိုလည်း သွားစားကြမယ်လေ အမဲသားစားတယ်မလား"

"အင်း"
ရှောင်းကျန့် က စားချင်တယ်ဆိုလို့ ရိပေါ်စားနေကျ ဆိုင်လေးဆီပဲခေါ်လာလိုက်ပြီး ကျွေးလိုက်ပါတယ် ရိပေါ်စားနေလိုမျိုးပဲ စားချင်တယ် ဆိုတာကြောင့် အမြဲစားနေကျ "ဖားဟူးခေါက်ဆွဲ" ကို အမဲလုံးများများနဲ့ နှစ်ပွဲမှာပြီး နှစ်ယောက်အတူတူ စားကြတာပါ

ဒီဆိုင်လေးက ဖားဟူးခေါက်ဆွဲဆိုင်ထဲမှာ ရိပေါ်အကြိုက်ဆုံးပဲ ဒါကြောင့် စနေတနင်္ဂနွေနေ့တွေ အကသင်တန်းလာတိုင်း နေ့လည်စာ ထမင်းမစားဘဲ
ဒီခေါက်ဆွဲစားနေကြလေ အရင်က တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက်စားနေကျကနေ နှစ်ယောက်သား စကားတစ်ပြောပြောနဲ့ စားရတာ ကြောင့် ခေါက်ဆွဲက ပိုကောင်းနေသလိုပဲ တစ်ပွဲနဲ့ မဝတာမို့ ထပ်မှာချင်ပေမယ့် နှစ်ပွဲကျတော့လည်း မကုန်နိုင်တာမို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း

" ရိပေါ်  စားကောင်းလိုက်တာ ငါတစ်ပွဲနဲ့ မဝဘူး နောက်ထပ်လိုချင်သေးတယ် ဒါပေမယ့် တစ်ပွဲလုံးမကုန်နိုင်တော့ဘူး ခုနက ချောကလက် ကိတ်လည်းစားထားသေးတာမို့လေ အဲဒါမင်းစားကူမယ်မလား"

"ကျွန်တော်လည်း ကျန့်ကောကို အဲဒါမေးမလို့ ခါတိုင်း ကျွန်တော် တစ်ပွဲနဲ့တင် ဗိုက်ပြည့်တာ ဒီနေ့ ကျန့်ကောနဲ့တူတူစားရလို့နဲ့တူတယ် ပိုစားကောင်းပြီးနည်းနည်းထပ်ထည့်ချင်နေတာနဲ့ အတော်ပဲ.... အားရီရေ ကျွန်တော်တို့ဝိုင်းကို ဖားဟူးခေါက်ဆွဲတစ်ပွဲလိုက်ပွဲ အမဲလုံးများများနဲ့"



(ဖားဟူးခေါက်ဆွဲက အမဲအူကြမ်းနဲ့ အရည်ဖျော်ခေါက်ဆွဲလေးပါ)

ဒီလိုနဲ့ နှစ်ယောက်အပြိုင်စားလိုက်တာ ကုန်ပါလေရော ပိုက်ဆံဘာညာရှင်းပြီးတော့
"ကျန့်ကော ဘယ်သွားချင်သေးတုန်း အခုမှ ၁၁နာရီပဲရှိသေးတာ ကျွန်တော် နေ့လည် လောက်မှ ပြန်လာမယ်လို့ ဆရာ့ဆီခွင့်တောင်းထားပြီးသား"

"နေ့လည် ၃နာရီလောက်မှ ပြန်လာရင်ရော ရလား"

"ဆရာ့ဆီ ဖုန်းဆက်ထားရင် ရတယ် ကျွန်တော်က ကကွက်အားလုံးတိုက်ပြီးသား ရလည်းရပြီးသား ညနေ၅နာရီ ဝတ်စုံပြည့် လေ့ကျင့်စရာရှိသေးတော့ ၃နာရီလောက်ရရင်လည်း ရတယ်"

"အဲလိုဆို ငါ့နောက်လိုက်ခဲ့"
ပြောလည်းပြော ရိပေါ်ကို ရှောင်းကျန့်က သူ့ကားနဲ့ တင်ခေါ်လာတာပါ ဘယ်သွားမလို့လဲ မေးတာလည်းမေးမရပါဘူး ဒီလိုနဲ့ အဆင့်မြင့် အိမ်ရာဝန်းထဲရောက်လာတာပါ

ဆယ်လွှာက အခန်းနံပါတ် 105 ကိုခေါ်လာတာပါ
"ငါမင်းကို မိတ်ဆက်ပေးစရာလူရှိလို့ ဒီခေါ်လာတာ"

"ကျန့်ကော အသိလား "

"ဟုတ်တယ် ငါအသိဆုံးလူတစ်ယောက်ဆိုပါတော့"
ပြောလည်း ကွန်ဒိုအခန်းကို Passwordတွေနှိပ်ပြီး ဝင်လိုက်ကြတာပါ ရိပေါ်စိတ်ထဲ Passwordတောင်သိတယ်ဆိုတော့ တော်တော်ရင်းရင်း သိလို့နေမှာ ကျန့်ကောရဲ့ ရည်းစားကောင်မလေးများလား အတည်တွဲတဲ့တစ်ယောက်နေမှာလို့ တွေးမိတာကြောင့် ရင်ထဲသိပ်မကောင်းချင်ပါဘူး အိမ်ထဲရောက်တော့ ကျန့်ကောက ရိပေါ် ခဏနေဦးနော်ဆိုပြီး အခန်းတစ်ခုထဲဝင်သွားတာပါ ပြီးတော့ အဝတ်အစားလှဲပြီးပြန်ထွက်လာပြီး

"Designer ရှောင်းကျန့်အိမ်မှ နွေးထွေးစွာ ကြိုဆိုပါတယ် Warmly Welcome ပါရိပေါ်"



ရိပေါ် အရမ်းအံ့အားသင့်နေတာပါ ဘာပြောရမှန်းကို မသိတော့လောက်အောင် အံ့ဩသွားတာပါ

"ကျန့်ကော က ကျန့်ကောအိမ်ကို ဘယ်သူ့ကိုမှ မပြောပြဘူးဆို"

"မင်းကိုလည်း ပြောပြတာမှ မဟုတ်တာ ငါခေါ်လာတာလေ မင်းက ငါ့အိမ်ကို ပထမဆုံးရောက်ဖူးတဲ့ သူ အခု ငါ ကဒီရုပ်ဒီရည်နဲ့ ဒီလေက်ချောတဲ့ Designer ဆိုတာကို အသိပေးခြင်းခံရတဲ့ ပထမဆုံးသောသူ နောက်အပတ်ထဲမှာ ဖြန့်မယ့်  LI-NIGN က ဒီဝတ်စုံ ဒီဇိုင်းကို ပထမဆုံးတွေ့ဖူးသွားတဲ့သူ ကြော်ညာတောင် နောက်နှစ်ရက်နေမှ ထွက်မှာနော် ရော့ Designerကိုယ်တိုင် မင်းကို မိတ်ဖြစ်ဆွေဖြစ် လက်ဆောင်ပေးမယ် အခုအိတ်ထဲမှာပါတာ အခုငါဝတ်ထားတာနဲ့ တူတူပဲ Market ကို Release မလုပ်ခင် မင်းကရတာနော်"

"အာ ကျေးဇူးအများကြီးတင်ပါတယ် ကျန့်ကော က အရမ်းခင်ဖို့ကောင်းတာပဲ "

"ကော်ဖီဆိုင်မှာတုန်းက မင်းကပြောသွားတယ်လေ ကျွန်တော့်ဘက်က ပထမဆုံး ဆိုပေမယ့် ငါ့ဘက်က ပထမဆုံးမဖြစ်နိုင်ဘူးဆိုတာကို ငါအခု ချေပလိုက်ပြီနော် ပထမဆုံးဧည့်သည် ပထမဆုံးအသိပေးခြင်း ပထမဆုံးလက်ဆောင် ငါ့ဘက် က ၃ခုတောင်နော် ငါ့ဘက်က မင်းကို ပေးစရာ ပထမဆုံးတွေ ရှိပါသေးတယ် ရိပေါ်ရဲ့"

"ကျွန်တော်က အဲလို သဘောမျိုးပြောတာမဟုတ်ပေမယ့် ကျန့်ကောဆီက ပထမဆုံး တွေနဲ့အတူ လက်ဆောင်ရတာကို ကျွန်တော်အရမ်းပျော်ပါတယ်"

"မင်းပျော်ရင် ပြီးတာပဲ ဒါပေမယ့် မင်းဒါတွေကို လျှို့ဝှက်ထားရမယ်နော် ငါ့အိမ်လိပ်စာ မင်းကြောင့် တခြားသူမသိစေနဲ့ ပြီးတော့ ငါDesigner ဆိုတာလည်း တခြားလူတွေ မသိစေနဲ့ ဒါ ငါ့ဝါသနာအရ လုပ်ထားတာ LI-NINGမှာ ငါက ရှယ်ယာ၁၀ရာခိုင်နှုန်းလည်း ပိုင်ထားသေးတယ် အဲဒါလည်း ဘယ်သူမှ မသိဘူး ငါ့ကို Designerအနေနဲ့ မြင်ဖူးတဲ့သူ မရှိသေးဘူး အလုပ်တွေအားလုံး onlineကနေ email နဲ့ပဲ လုပ်တာ ငါကလူလုံးထွက်ပြစရာလည်းမလိုတော့ လိုအပ်တာရှိရင် Designerအလုပ်တွေ ပေးထားတဲ့ဖုန်းနံပါတ်နဲ့ပဲ ဆက်သွယ်ပြီး လုပ်ကြတာဆိုတော့လေ"

"နာမည်ကရော ရှောင်းကျန့်ဆိုတဲ့ နာမည်က ရှားတော့ အတူတူဖြစ်နေတာမို့ လက်ဝှေ့ချန်ပီယံနဲ့ တစ်ယောက်တည်းဖြစ်နိုင်တယ်ဆိုပြီး သိမှာပေါ့ ပြီးတော့ ကျန့်ကော အမျိုးတွေဘာတွေ ရှိရင်လည်း Designer ရှောင်းကျန့်ဆိုတာနဲ့ မျက်နှာမြင်စရာမလိုဘူး တန်းသိသွားမှာပေါ့"

"မင်းကလည်း အ လိုက်တာ ငါက ရှောင်းကျန့်ဆိုတဲ့ နာမည် ဘယ်သုံးပါ့မလဲ Designer အလုပ်အတွက် အနုပညာနာမည်က သပ်သပ်ရှိသေးတယ်"

"ဪ အဲလိုလား ဘာနာမည်နဲ့တုန်း"

"မင်းကို အလုပ်အကြောင်း ပြောပြတော်ရောပေါ့ နာမည်အထိတော့ မပြောပြနိုင်ပါဘူး"

"ရပါတယ် ကိစ္စမရှိပါဘူး ဒါနဲ့ ကျန့်ကောရဲ့ ဝါသနာက အဝတ်အစားဒီဇိုင်း Design ဆွဲတာဆိုတော့ လက်ဝှေ့ကရော ဘာကို ပိုဝါသနာပါတာလည်း"

"ငါ လက်ဝှေ့ကို ဝါသနာမပါဘူး ကိစ္စရှိလို့သာ လက်ဝှေ့ထိုးနေတာ"

"ဘာကိစ္စလည်း"

"မင်းကလည်း နည်းနည်းပါးပါး ပြောပြမိတာနဲ့ အားလုံးကို လိုက်မေးနေပြန်ပြီ ငါတို့အကြောင်း အားလုံးပြောပြလောက်တဲ့အထိ ငါတို့
မရင်းနှီးသေးဘူးလေ ငါက မင်းကို ခင်တယ်ဆိုပြီး ရောင့်တက်မလာနဲ့နော်"

"ဆောရီး ကျန့်ကော ဆောရီး ကျွန်တော့်ပါးစပ်ကလည်း ဘာလို့အဲလောက် စပ်စုချင်နေလဲမသိပါဘူး သူများတွေနဲ့ဆို အဲလို မဖြစ်ဘူး ဘာပြောပြော ကျွန်တော် နားထောင်ရုံပဲ နားထောင်တတ်တာ မေးလေ့မေးထ စပ်စုလေ့မရှိပါဘူး ကျန့်ကောနဲ့တွေ့မှ ကျွန်တော့်ရဲ့ စံချိန်စံညွှန်း တွေအားလုံး ကျိုးပျက်ကုန်တာပဲ"

"ဘာစံချိန်စံညွှန်းတွေလည်း"

"ကျွန်တော့်မှာ သတ်မှတ်ထားတဲ့ သူငယ်ချင်းမူဝါဒက လှေနံနှစ်ဖက်နင်းတဲ့သူတို့ လှည့်စားတတ်တဲ့သူမျိုးဆိုရင် ကျွန်တော် အပေါင်းအသင်းမလုပ်ဘူး ကျွန်တော်ခင်ချင်တဲ့ သူက အဲလိုဖြစ်နေတော့ Clubမှာတုန်းက ဝမ်းနည်းပေါက်ကွဲသွားပြီး ကျန့်ကောကို ထိုးမိသွားတာ ဒါပေမယ့် အခုတော့လည်း ဘာမူဝါဒမှ မရှိတော့ပါဘူး စိတ်ထဲ ခင်ချင်တဲ့သူကို ခင်လိုက်တော့မလို့ တကယ်ခင်ရင် ဘာပဲဖြစ်ဖြစ် ခင်သွားတာပါပဲ"

" ဒါဆို ငါလည်း မင်းကို ခင်လို့နေမှာ ငါက ငယ်ငယ်ကတည်း အလိုလိုက်ခံ အချစ်ခံလေးမို့ ငါ့ကို အနစ်နာခံပြီး မပေါင်းရင် ငါ့ကို လူမပြောနဲ့ စိတ်ထိခိုက်အောင် စိတ်ဆင်းရဲအောင်လုပ်ရင် ဘယ်တော့မှ မပေါင်းဘူး ခေါ်လည်းမခေါ်ဘူး မခေါ်ရလည်းနေနိုင်တယ် မင်းကျတော့ ငါ့ကို ဒီလောက်ချေနေတာတောင် ငါမင်းကို ခင်ချင်နေတုန်းပဲ ငါ့ဘက်ကစပြီး မိတ်ဆွေဖွဲ့တာ မင်းပဲရှိသေးတာ နောက်ဆုံး ငါ့ကို ထိုးသွားတာကို တောင် ငါ့မှာ မင်းကို မခင်ဘဲမနေနိုင်ဘူး ဒီပုံအတိုင်းဆို ငါတို့ အကောင်းဆုံးသူငယ်ချင်း BFFတွေ ဖြစ်လာနိုင်တယ်"

"ဖြစ်လာနိုင်တာ မဟုတ်ပါဘူး ဖြစ်သွားတာလေ ဒီနေ့က စပြီး ကျန့်ကောက ကျွန်တော့်ရဲ့ BFF တွေထဲက တစ်ယောက်ပဲ"
"မင်းက စကားတော်တော်တက်တာပါ လာ အိမ်ရောက်တုန်း ငါ ကော်ဖီဖျော်တိုက်မယ်"

ဒီလိုနဲ့ ကော်ဖီသောက် မုန့်စားပြီး အကသင်တန်းကို ပြန်ထွက်လာလိုက်ကြပါတယ်
သင်တန်းမှာ အက တိုက်နေတုန်း ရှောင်းကျန့်က ထိုင်ပြီးအားပေးပါတယ် ဝိုးကနဲ ထအော်လိုက် လက်ခုပ်တွေတီးလိုက်နဲ့ပေါ့
ဝတ်စုံပြည့် အကမတိုက်ခင် နာရီဝက် ခဏနားပေးပါတယ် ဒါနဲ့ ကျန့်ကောထိုင်တဲ့ နားလေးပဲ လာထိုင်လိုက်တာပါ

"ရိပေါ် မင်းက Backup Dancer ဖြစ်ရမယ့်အစား Main Dancerဖြစ်ရမှာ ကကွက်ချင်းအတူတူ ငါ့အထင် မင်းကတာ ပို Smartကျနေတာမျိုးတွေ မင်းနဲ့ ပိုလိုက်ဖက်နေသလိုမျိုးပဲ လို့ငါခံစားရတယ် ငါက အမြင်ရှိတယ် မင်း ငါပြောတာယုံ မင်း Audition တွေ ဝင်ပြိုင်ပါလား"

"ကျွန်တော်က အကကို ဝါသနာအရမ်းပါတယ် ကနေရရင်ကို ပျော်နေပြီ အကနဲ့ပတ်သတ်ပြီး ဘာလိုဖြစ်နေရမယ် ဘယ်နေရာကနေ ကရမှ ဆိုတာမျိုး ကျွန်တော့်မှာ သတ်မှတ်ချက်မရှိဘူး ကနေရရင်ကို စိတ်ကျေနပ်မှု အပြည့်ရှိပြီးသားမို့ ကျွန်တော် အကပိုင်းမှာ နာမည်ရအောင် လုပ်မှာမဟုတ်ဘူး ကနေရရင် ကျေနပ်ပြီ"

"အက က မင်းဝါသနာဆိုရင် လက်ဝှေ့က ရော"

"လက်ဝှေ့က ကျွန်တော့်ရဲ့ဘဝပဲ လက်ဝှေ့မှာတော့ ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် ကျွန်တော့်မှာရှိတယ် လက်ဝှေ့က ကျွန်တော့်ဘဝရဲ့ အသက်မွေးဝမ်းကျောင်း အဖြစ်လုပ်ကိုင်သွားဖို့ ရည်မှန်းထားတာ"

"အဲဒါဆို မင်းလည်း လှေနံနှစ်ဖက်နင်းတာပဲ"

"ဘာဆိုင်လို့လဲ ကျန့်ကောက လဲ"

"ဆိုင်တယ်လေ အက ရော လက်ဝှေ့ရောက မင်းဝါသနာဆိုပေမယ့် အက ကိုကျတော့ ပျော်လို့ဆိုပြီး ဘယ်လိုပဲဖြစ်ဖြစ်ကနေရရင်ပြီးရောဆိုပြီး သဘောထားတယ် ထူးချွန်ပေမယ့် မင်းလူကြားထဲ ချပြဖို့ရည်ရွယ်ချက်မရှိဘူး အပျော်တွဲတဲ့ ရည်းစားလို သဘောထားတယ် လက်ဝှေ့ကျတော့ လူကြားထဲချပြပြီး ချန်ပီယံဖြစ်အောင်လုပ်သွားမယ်ဆိုတော့ကာ တရားဝင် လက်ထပ်မယ့်သူလို သဘောထားတယ် ဒါဝါသနာ လှေနံနှစ်ဖက်နင်းမှူပဲ"

"ကျန့်ကောက ကပ်သီးကပ်သပ်ပြောပြီ"

"ပြောတယ် ဘာဖြစ်လဲ ငါ ပြောတာကို လက်မခံချင် ရင် ငါ့ကို အပေါင်အသင်းမလုပ်နဲ့ ပေါ့"
ပြောပြောဆိုဆို မျက်စောင်းတချက်ပစ်ထိုးပြီး ရှောင်းကျန့် ရိပေါ်တို့နားကနေ ထွက်ခဲ့ပါလိုက်ပါတယ် သူတို့လည်း သေချာလေ့ကျင့်ရ
ဦးမယ်လေ သူလည်း အိမ်ပြန်သင့်နေပြီလေ ဒါကြောင့် စိတ်ဆိုးသယောင် ရောချပြီးထွက်ခဲ့လိုက်တာပါ ဒါကို ရိပေါ်ကလည်း သိပေမယ့်

"ဟား...ဟား.. အပေါင်းအသင်းမလုပ်ဘဲနဲ့တော့ မနေပါရစေနဲ့ ကျန့်ကောရေ လက်ခံတယ် လက်ခံတယ် လို့ ကျွန်တော့်ရဲ့ သူငယ်ချင်း အသစ်စက်စက်လေးရေ"

လို့ ဝေးဝေးရောက်သွားတဲ့ ရှောင်းကျန့်ကြားအောင် အော်ပြောနေတာပါ
ခင်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ကြောင့် ကြိတ်ပျော်နေတဲ့ အစ်ကိုကြီးတစ်ယောက်ရှိသလို
ခပ်ချောချော ချန်ပီယံ အစ်ကိုကြီး တစ်ယောက်နဲ့ ခင်ခွင့်ရတဲ့ ပျော်မြူးနေတဲ့ ကောင်လေးတစ်ယောက်ရယ်ပါ.......................

Continue Reading

You'll Also Like

27.5K 5.1K 60
SEQUEL TO 30 DAYS DEAL A group of billionaire teenagers find their lives intertwined in a tapestry of wealth, privilege, and heartache. For this eli...
1M 33.9K 80
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
100K 5K 15
[male reader being (kind off) captain hook] In which we see how vastly this little flirty fella gets along with the daily life of the students in Nig...
711K 32K 67
USER SERIES 1 Micah Rex: He's handsome, dangerous, reckless. An addict. When he walks into a room, people notice. People are scared of him, people do...