"အကြင်နာပိုပါသည် မောင့်ဟန်ချီ...

By hninsatthmone409

72.3K 3.9K 95

"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါ... More

အခန်း(၁)(Uni)
အခန်း(၁)(Zawgyi)
အခန်း(၂)( Uni)
အခန်း(၂)(Zawgyi)
အခန်း(၃) (Uni)
အခန်း(၃)(Zawgyi)
အခန်း(၄)(Uni & Zawgyi)
အခန်း(၅)(Uni & Zawgyi)
အခန်း(၆)(Uni & Zawgyi)
အခန်း(၇)(Uni & Zawgyi)
အခန်း(၈) (Uni & Zawgyi)
အခန်း(၉)(Uni & Zawgyi)
အခန်း(၁၀) (Uni & Zawgyi)
အခန်း(၁၁) (Uni & Zawgyi)
အခန်း(၁၂) (Uni & Zawgyi)
အခန်း(၁၃)(Uni & Zawgyi)
အခန်း(၁၄) (Uni & Zawgyi)
အခန်း(၁၅)(Uni & Zawgyi)
အခန်း(၁၆)(Uni & Zawgyi)
အခန်း(၁၇)(Uni & Zawgyi)
အခန်း(၁၈)(Uni & Zawgyi)
အခန်း(၁၉)(Uni & Zawgyi)
အခန်း(၂၀)(Uni & Zawgyi)
အခန်း(၂၁)(Uni & Zawgyi)
အခန်း(၂၂((Uni & Zawgyi)
Hey!!!!!

ဇာတ်သိမ်းပိုင်း(Final)

4.8K 179 12
By hninsatthmone409

                           (Uni)

ဒီနေ့က ကျွန်တော့်ဘ၀ရဲ့ အပျော်ဆုံးနေ့ဖြစ်သလို ချစ်ရသူအား ကျွန်တော်တစ်ဦးတည်းသာလျှင်  ပိုင်ဆိုင်သည် ဖြစ်ကြောင်း မှတ် ကျောက် ရေးတင်တဲ့ နေ့ဆိုလည်း မမှားဘူး။

ကျွန်တော် မြတ်နိုးရတဲ့လူသားလေးကို ဒီရက် ဒီချိန်ကစပြီး တစ်သက်တာ ပိုင်ဆိုင်ရတော့မည်ဆိုတဲ့ အသိက လူတစ်ကိုယ်လုံးကို ပျော်ရွှင်မှုအတိဖြင့် လွှမ်းခြုံထားတော့...ရင်တွေဆို ခုန်ရလွန်းလို့ ပေါက်ထွက်မတတ်ပဲ။ 

ကိုယ်အလိုချင်တောင့်တဆုံး အရာတစ်ခုက ကိုယ့်ရှေ့မှာ ရှိနေပြီး  မကြာခင်အချိန်တွင်းမှာလည်း  ကိုယ့်အပိုင် ဖြစ်လာတော့မယ့် အခါမှာပေါ့.... တခြားသူဆို ဘယ်လိုခံစားရပြီး ဘယ်လိုတွေပြုမူတုံ့ပြန်ကြမလဲ မသိပေမယ့် ချမ်းမြေ့မောင်ဆိုတဲ့ ကျွန်တော်ကတော့ မျက်ရည်တွေကျနေမိပြီဗျ။  ၀မ်းသာလို့ ကျမိတဲ့ မျက်ရည်ပါ...၀မ်းသာလွန်းလို့!

တလှိုက်လှိုက် တက်လာတဲ့ပျော်ရွှင်မှုတွေက နှလုံးအိမ် တစ်ခုလုံး ပြည့်လျှံနေတော့  အရည်တစ်ချို့အဖြစ် မျက်၀န်းကနေ စွန့်ထုတ်လိုက်ရတယ်ထင်ပါရဲ့။

တစ်စက်ပြီး တစ်စက် စီးကျနေရော။ ကျွန်တော်ငိုနေခဲ့တယ် တားမရစီးမရတဲ့အထိ။ သို့ပေမယ့် ကျွန်တော့် နှုတ်ခမ်းတွေကတော့ ပြုံးနေခဲ့မှာအသေချာပါပဲ။ အင်း......ကျွန်တော့်ရဲ့ ရင်ထဲမှာရောပေါ့။

ယောကျာ်းလေး နှစ်ယောက်ရဲ့ ပေါင်းစီးခြင်းဖြစ်လို့ ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲက ရိုးရိုးရှင်းရှင်းလေးပါပဲ။ အိမ်မှာပဲ သင်္ဃာတော်တွေဖိတ်ပြီး ဆွမ်းကပ်လိုက်ကာ  ရင်းနှီးသူတစ်ချို့ဖြင့်သာ  အကျဥ်းရုံးလုပ်ဖြစ်ခဲ့တယ်။ ဒါကလည်း ချစ်ရသူရဲ့ ဆန္ဒပါပဲ။ ကျွန်တော်ကတော့ ချစ်ရသူရဲ့ ဆန္ဒကို ပါရမီဖြည့်ပေးလိုက်ရတာပေါ့။

ဒီလို စီစဥ်လိုက်ရတာပဲ ကောင်းပါတယ်။ ကျွန်တော့်တို့ရဲ့ ဖြစ်တည်မှုကို လက်ခံပေးနိုင်တဲ့ အသိုက်၀န်းလေးထဲမှာပဲ ဆိုတော့ စိတ်ချမ်းချမ်းမြေ့မြေ့နဲ့ မင်္ဂလာယူလို့ရတာပေါ့။  မဟုတ်ရင်တောင် ကျွန်တော်တို့မင်္ဂလာပွဲကို လာပြီး အတင်းအဖျင်းပြောမယ့် .... နောက် ကွယ်မှာ ကဲ့ရဲ့ကြမယ့် လူတွေနဲ့ တွေ့နေရဦးမှာ ။ အဲ့လိုသာဆို ကျွန်တော်ဆိုတာထက် ချစ်ရသူ ညှိုးငယ်ရမှာကို မလိုလားတာကြောင့် ဒီလို အကျဥ်းရုံးလိုက်တာ အကောင်းဆုံးပဲလို့ ထင်မိတယ်။ ချစ်ရသူကို ပျော်ရွှင်စရာနေ့ရက်လေးမှာ စိတ်မချမ်းမြေ့မှုတွေ မရှိစေချင်ဘူး။ ပျော်ရွှင်မှု အတိပြီးတဲ့ အမှတ်တရ နေ့စွဲ တစ်ခုအဖြစ်ပဲ ချစ်ရသူရဲ့ ရင်ထဲမှာ ထင်ကျန်စေချင်တယ်။

ခုဆို အရာအားလုံးက အဆင်ပြေနေပြီ။ ကျွန်တော့် အိမ်မက်ဖြစ်တဲ့ ချစ်ရသူကို ပိုင်ဆိုင်လိုသည့် ဆန္ဒကလည်း အမှန်တကယ် ပြည့် ၀လာခဲ့ပြီ။ ချစ်ရသူကလည်း သူ့အတိတ်နဲ့ ပတ်သက်ပြီး စိတ်ဖြေနိုင်ခဲ့ပြီလို့ ပြောလို့ရတယ်။ အဲ့နေ့ဖြစ်ပြီးနောက် ကျွန်တော့်မိဘတွေကိုလည်း သူကိုယ်တိုင်ပဲ သူ့အတိတ်အကြောင်းကို ၀န်ခံခဲ့တယ်။ အဲ့တုန်းက ချစ်ရသူရဲ့ ပုံစံကို ကျွန်တော်လုံး၀မေ့နိုင်မှာမဟုတ်ဘူး။ နာကျင်စရာတွေသာ ရှိခဲ့တဲ့ အတိတ်အကြောင်းကို ကျွန်တော့်အတွက် အားတင်းပြီး ပြောပြနေတဲ့ ချစ်ရသူပုံစံက ကျွန်တော့် မှတ်ဥာဏ်ထဲမှာ တစ်သက်လုံးစွဲထင်နေတော့မှာ အသေချာပဲ။ 

အလုံးစုံရှင်းပြပြီးနောက် ခေါင်းငုံချသွားကာ ချစ်ရသူပြောခဲ့တဲ့  စကားတစ်ခွန်းကလည်း ကျွန်တော့် နှလုံးသားမှာ သေရာပါတက်တူးတစ်ခုလိုမျိုး စွဲထင်သွားခဲ့တယ်။

'ချို့ယွင်းချက်တွေရှိတဲ့ ကျွန်တော့်ဘ၀ထဲကို မောင့်ကို ဆွဲခေါ်မိတာ တောင်းပန်ပါတယ်.....ဒါပေမယ့် လက်မလွှတ်နိုင်တာမို့ အားနာနာနဲ့ပဲ တောင်းဆိုပါရစေ.... မောင့်ကို ပိုင်ဆိုင်ခွင့်ပြုပါ... '  တဲ့။

အဲ့နေ့က ကျွန်တော် မျက်ရည်တွေအတော မသတ်နိုင်အောင် ကျခဲ့ရသေးတယ်။ ကျွန်တော့် မိဘတွေရဲ့ အဖြေကို စောင့်နေတဲ့  ချစ်ရသူပုံစံမှာ စိုးရိမ်မှုတွေအပြည့်နဲ့။ ကျွန်တော့် သိတာပေါ့...ချစ်ရသူစိတ်ထဲ ဘာတွေတွေးနေခဲ့မယ်ဆိုတာ။

လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ချစ်ရသူ၏ လက်အား ကျွန်တော် ဆုပ်ကိုင်ပေးပြီး မိဘနှစ်ပါးထံ တောင်းဆိုစွာကြည့်လိုက်မိတယ်။ကျွန်တော့်မျက်၀န်းတွေရဲ့ အဓိပ္ပာယ်ကို ကျွန်တော့်မိဘတွေကလည်း အသေချာသိတယ်။ ပြီးတော့ လိုက်လျောပေးခဲ့တယ်။

'မေမေတို့အကုန်သိပြီးသားပါ...နောက်ပြီး လက်ခံပါတယ်' ဆိုတဲ့ မေမေစကားအောက်မှာ တင်းထားတဲ့ ချစ်ရသူရဲ့ စိတ်တွေ အကုန်ပြေကျခဲ့တယ်ထင်ပါရဲ့... ကျွန်တော့်ကို ဖက်ပြီး ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုကျွေးတော့တာပဲ။ ဒါပျော်လို့ ငိုတယ်ဆိုတာ ကျွန်တော်သိတာမို့ မငိုနဲ့လို့ မတားဖြစ်ခဲ့ဘူး။ ပြန်လည် ဖက်တွယ်ရင်းသာ နွေးထွေးစွာ ထွေးပွေ့ထားမိသည်။

နောက်တော့ မေမေတို့က ဆက်ပြောလာခဲ့တယ်။  အဘိုးပြောပြထားလို့ သူတို့အကုန်သိပြီးသားပါတဲ့။ အဲ့မှာ ကျွန်တော်အဘိုးကို စိတ်ကောက်သွားချင်တယ်။ ကျွန်တော့်မေးတော့ကြ ပြောမပြပဲ မိဘတွေကြ ပြောပြထားလို့လေ။

ကျွန်တော့်မကျေမနပ်ပြောမိတော့ အဘိုးက 'မင်းတို့ လူငယ်တွေကိစ္စ အဘိုး၀င်မစွတ်ဖက်ချင်လို့.' တဲ့လေ။ အဘိုးမကောင်းပါ။ ထို့နေ့က ကျွန်တော်အဘိုးအား မဆိုသလောက်လေး စိတ်ကောက်ခဲ့ပါသေးသည်။

နောက်ပြီး ထပ်သိလိုက်ရတာက  ချစ်ရသူ ကိစ္စကို  ချစ်ရသူ၏ မိဘ ဆွေမျိုးတစ်ချို့နှင့်ကျွန်တော့်အဘိုးရယ် ချစ်ရသူ၏ သူငယ် ချင်းနှစ်ယောက်သာ သိသည်ဟုဆိုသည်။  ကျန်ရွာသူ ရွာသားများသိသည်က လင်မယားရန်ဖြစ်ရာမှ ခြေလွန်လက်လွန် ဖြစ်၍ ချစ်ရသူ၏ အစ်မမှာ သေသွားရသည်ဟူ၍သာ။

ငယ်ငယ်ရွယ်ရွယ်နှင့် အဖြစ်ဆိုးကြုံခဲ့ရသည့် ချစ်ရသူအား ပတ်၀န်းကျင်၏ ရိုက်ခတ်ဒဏ် မခံရအောင် သို၀ှက်ထားရခြင်းပင်။ ဤကိစ္စ၌ အဓိက ကူညီပေးသူမှာ ကိုယ့်အဘိုးဖြစ်သူ ဖြစ်၍ ကျွန်တော့်မှာ ကြံဖန်ပြီး ဂုဏ်ယူရတော့မလို ဖြစ်သွားသေးသည်။ ဒီလိုကြတော့လည်း အဘိုးက သူရဲကောင်းကြီးပင်။

"ဟာ...ဟေ့ကောင်ရာ...မင်္ဂလာယူရတော့မှာကို...ငိုနေပြန်ပြီ...လင်ယူရမှာ အဲ့လောက်ပျော်သလားဟ"

"အေးဟယ်....အဖြစ်သည်းချက်ကတော့.."

"အစ်ကိုတို့ကိုတောင် ကျော်တက်သွားတယ်နော်...သွက်ချက်ကတော့..လေးစားသွားပြီ ညီရာ"

"လာတော့လေ...ချမ်းမြေ့ရာ..နောက်ကျတော့မယ်..."

ကျွန်တော် ငိုရက်ကြီးနဲ့ အတွေးများနေမိတယ် ထင်ပါရဲ့ တစ်ယောက် တစ်ပေါက် ပြောကာ လာခေါ်သည့် သူငယ်ချင်းတွေနဲ့မှ အသိ၀င်တော့သည်။ မင်္ဂလာတိုက်ပုံလဲပြီးတာတောင် ခုထိ အခန်းထဲက မထွက်ပဲ အတွေးများသွားမိသည်ကြောင့် မျက်ရည်တွေ ဆွဲသုတ်ကာ ရှက်ရယ်သာ ရီပြလိုက်မိသည်။တစ်ယောက် တစ်ပေါက်စနေတဲ့ သူငယ်ချင်းတွေကိုလည်း ဘာမှပြန်မပြန်မပြောမိတော့ဘူး။သူတို့ ကျွန်တော့်ကို ၀ိုင်းစနေကြပေမယ့် ကျွန်တော့်နဲ့ ထပ်တူ ၀မ်းသာပေးနေမယ်ဆိုတာ သိနေတာမို့  ပြုံးရွှင်ပြကာသာ တုန့်ပြန်မိလိုက်သည်။ ဒီသူငယ်ချင်းတွေ ဒီမိဘ ဒီဆွေမျိုးတွေက ကျွန်တော့်အတွက် ကံကောင်းခြင်းပါပဲ။

ဆွမ်းကပ်ချိန် နီးနေပြီမို့ ကျွန်တော် သူငယ် ချင်းတွေနဲ့ အတူ ထွက်လာခဲ့လိုက်တော့တယ်။ အပြင်ကိုရောက်တာနဲ့ ကျွန်တော့်မျက်ရည်တွေ ပြန်ကျမိပြန်တယ်။  ခဲရောင် မင်္ဂလာ ၀တ်စုံလေးနဲ့ ချစ်ရသူက ကျွန်တော့်အား  ကြည်ကြည်စင်ပြုံးပြနေလေရဲ့။

ကျွန်တော် ပြေးကာ ထွေးပွေ့လိုက်မိသည်။ ချစ်ရသူရဲ့ ရယ်သံသဲ့သဲ့လေးထွက်လာပြီးနောက် ကျွန်တော့် ကျောပြင်အား ခပ်ဖွဖွပုတ်လာကာ ညင်သာစွာ မိန့်ခွန်းချွေလေရဲ့။

"ဟောကြည့်....မငိုရဘူးလေ ကလေးကျလို့"

"ဟင့်အင်...မောင်ပျော်လို့"

ချစ်ရသူ၏ ပခုံးထက် မျက်နှာအပ်ကာဖြင့် ကျွန်တော် ပလုံးပထွေးပြောလိုက်မိတော့ ချစ်ရသူဆီမှာ ရယ်သံလေး ထွက်လာပြန်သည်။

" ကိုချမ်းမြေ့မောင် တစ်ယောက် မျက်ရည်တွေနဲ့ ရုပ်ဆိုးနေတော့မှာပဲ... ရုပ်ဆိုးရင် ကျွန်တော်က မချစ်တော့ဘူးနော်"

ရယ်သွမ်းသွေးကာ ပြောလာသည့် ချစ်ရသူစကားကြောင့် ကျွန်တော် ခေါင်းထောင်လိုက်မိသည်။ ထို့နောက် မျက်မှောင်ကုပ်လိုက်ပြီး မကျေမနပ် ပြောမိသည်။

"ဘယ်လိုခေါ်လိုက်တာ..."

"အာ...မောင်ကလည်း ကျွန်တော်က စတာကို...တိတ်..တိတ်..မငိုရဘူး"

ပြောလည်းပြော ပါးပြင်ထက်မှ မျက်ရည်တို့အား လက်ချောင်းသွယ်သွယ်တို့နဲ့ ညင်ညင်သာသာ သုတ်ပေးလာတာမို့ ကျွန်တော် ဟန်မဆောင်နိုင်စွာပြုံးလိုက်မိသည်။ ဒီလူက ချစ်ရသူမချွေလည်း ကြွေပေးချင်တာမို့။

"ကဲကဲ...နောက်မှ ro(ရို)ကြပါရှင်... ဘုန်းဘုန်းတွေ ဆွမ်းစားချိန်လည်း ကျော်သွားဦးမယ်"

ထပြောလာသည့် မိရွှန်းစကားကြောင့် ကျွန်တော်တို့အကုန် ရယ်မိတော့သည်။ထို့နောက် ချစ်သူလက်ကို ဆွဲကာ ...........

•••••••••

သံင်္ဃာတော်များအား ဆွမ်းကပ်ပြီးနောက်  ဘိုးဘွားမိဘများအား ကန်တော့သည်။ ချစ်ရသူမိဘတွေရော ကျွန်တော့် မိဘတွေပါ မျက်ရည်တစမ်းစမ်းနဲ့ ဆုပေးကြတော့ ကျွန်တော်တို့ နှစ်ယောက်လုံးမှာလည်း မျက်ရည် အ၀ိုင်းသား။

ထို့နောက် ချစ်ရသူမိဘများက ကျွန်တော့်အား ခေါ်ကာ 'သားငယ်ကို အပ်ပါတယ်...စောင့်ရှောက်ပေးပါ' ဟု တောင်းဆိုလာကြသည်။ မတောင်းဆိုရင်တောင်  ပြုလုပ်မည်ဖြစ်သောကြောင့် လေးနက်စွာဖြင့် ကတိအထပ်ထပ် ပေးခဲ့မိသည်။

အားလုံးပြီးစီးသွားတော့ ကျွန်တော်တို့ နှစ်ယောက်၏ အိမ်လေးသို့ပြန်ခဲ့လိုက်သည်။ ချစ်ရသူနဲ့ လက်ထပ်ပြီးနောက် ဒီထန်းပင်ကုန်းရွာတွင်ပဲ အခြေချဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ကျွန်တော့် မိဘတွေအတွက် မတရားသလိုဖြစ်သွားသောကြောင့် အားနာရသလို စိတ်မကောင်းဖြစ်မိသေးသည်။ ကျွန်တော် မိဘအပေါ် မသိတတ်သည့် သားတစ်ယောက် ဖြစ်သွားသလိုပင်။ မေမေနှင့် ဖေဖေကတော့ နားလည်မှု အပြည့်ပေးကြကာ ကျွန်တော့် ဆုံးဖြတ်ချက်ကို လက်ခံပေးကြသည်။ မိဘနှစ်ပါးအား ကျေးဇူးတင်မဆုံးဖြစ်ရသလို မိဘမေတ္တာဆိုသည်ကိုလည်း ပိုနားလည်လာတော့ရသည်။

ချစ်ရသူကတော့ ကျွန်တော့် မိဘတွေအတွက် မတရားသလို ဖြစ်နေသည်မို့ စိတ်မကောင်းဟု ဆိုကာ သူ့၏ မိဘအိမ်တွင်လည်း မနေတော့ဘူးဟုဆိုသည်။ အရာအားလုံး မျှမျှတတသာ ဖြစ်စေချင်ပါသည်တဲ့..မဟုတ်ရင် မောင့်အပေါ်မှာလည်း မတရားသလို ဖြစ်နေလိမ့်မည်တဲ့လေ။ ဤသို့နှင့် ကျွန်တော်တို့ နေထိုင်ဖို့ အိမ်ကလေး သီးသန့်ဆောက်ဖြစ်သည်။

ရွာအလယ်ပိုင်းရှိ ဘိုးဘိုး ပိုင်သည့် ၀ိုင်းအား လက်ဖွဲ့အနေနဲ့ ကျွန်တော်တို့အား ပေးခဲ့သည်။အိမ်နဲ့ ငွေသိန်း ၁၀၀၀ တိတိအား မေမေတို့က လက်ဖွဲ့ပြီး  ချစ်ရသူ၏ မိဘများမှ သူတို့ပိုင် လယ်ဧက ၁၀၀ကျော်အနက်မှ ၈၀အား လက်ဖွဲ့ခဲ့သည်။  ယောကျာ်းလေးနှစ်ယောက် ဖြစ်သည့် အတွက် လက်ဖွဲ့ပစ္စည်း တင်တောင်းငွေဘာညာကို နှစ်ဦးနှစ်ဖက်သာ မျှလုပ်ဖြစ်သည်။ နည်းသည် များသည်က ပဓာနမဟုတ်ပေ။

တကယ်တော့ ကျွန်တော်တို့ လက်ထပ်ဖြစ်သည်က ချစ်ရသူ၏ အတိတ်အား သိပြီး တစ်လနီးပါးလောက်အကြာမှ ဖြစ်သည်။ ပြောရရင်တော့ ဒီနေ့ပေါ့လေ။ သို့ကြောင့် အိမ်ဆောက်ခြင်းသည်လည်း အချိန်မှီပင် ပြီးစီးသည်ကြောင့် အသင့်၀င်နေရုံပင်။ လိုအပ်သည့် ပစ္စည်း ဘာညာကလည်း မိမိ၏ သူငယ်ချင်းများ နှင့် ချစ်ရသူ၏ သူငယ်ချင်းများက အကုန်ဖြည့်ပေးထား၍ ပူစရာမလိုပေ။ အိမ်ကတော့ ရွာ၏ အိမ်များအတိုင်း နှစ်ထပ်ပျဥ်ထောင်အိမ် ရိုးရိုးရှင်းရှင်းလေးသာ။

သို့သော်ညား ချစ်ရသူနဲ့ အတူ နေထိုင်ရမည်ဆိုသည်ကိုကပင် နွေးထွေးမှု၊ ကြည်နူးမှု၊ ပျော်ရွှင်မှု စသည့် ခံစားချက်ကောင်းအဖြာဖြာအား ပေးစွမ်းပါ၏။

"ဟော...မောင် မပ်တပ်ကြီးရပ်ပြီး အတွေးများနေပြန်ပြီလား"

ချစ်ရသူအပြော​ကြောင့် ကျွန်တော် ပြုံးမိသည်။ တကယ်ကိုပင် ဒီနေ့တစ်နေ့လုံး ကျွန်တော် အတွေးများနေမိသည်။ ခုအိမ်ပြန်ရောက်လို့ ရေချိုး အ၀တ်စားလဲပြီးသည်ထိ။

"လာဦး...မောင့်ဆီ..."

ကျွန်တော် လက်နှစ်ဖက်အား ဆန့်တန်းကာ ပြောတော့ ချစ်ရသူမှာ ရင်ခွင်ထဲသို့ အလိုက်သတိ တိုး၀င်လာ၏။

"မောင်..ခုထိ မယုံနိုင်သေးလို့..ခုဆို ဟန်ချီ့ကို မောင်ပိုင်ပြီပေါ့နော်"

ချစ်ရသူ၏ ခေါင်းထက်မှ ဆံသားများအား မွှေးကြူကာဖြင့် ပြောလိုက်မိသည်။ ကျွန်တော် တကယ်ကို အိမ်မက်လို့ထင်နေတုန်းပင်။

"တကယ်ပဲကိုလေ...ဘာကို မယုံနိုင်သေးတာလဲ"

"မသိဘူး...ဒီလိုလုပ်...မောင်ယုံအောင် တစ်ခုခုလုပ်ပြလေ"

ကျွန်တော်ပြုံးစစနဲ့ ပြောမိတော့ ချစ်ရသူ မော့ကြည့်လာပြီး မျက်စောင်းလေးက ၀င့်ကနဲ။

"ဘာလုပ်ပြရမှာလဲ..."

"မသိဘူးလေ...အင်း...မောင့်ပါးလေးကို နမ်းပြရင်တော့ သိမလားပဲနော်"

"ဟွန့်...မသိရင်ခက်မယ်နော်..လူလည်"

မကျေမနပ်ပြောသည့် ချစ်ရသူလေးက တစ်ဆက်တည်း ကျွန်တော့် မေးဖျားအား မော့နမ်းလေ၏။

"မောင်ပြောတာ ပါးကိုလေ..မေး မှ မဟုတ်တာ"

"မမှီဘူး..မှီရာပဲ...."

ချစ်ရသူ၏ ဘောက်အဆတ်ဆတ် အပြောလေကြောင့် ကျွန်တော့် အပြုံးတွေ အတောမသတ်နိုင်တော့ပါ။

"ဟားဟား.....မောင့် အချစ်က မောင့်ထက် ပုတော့လည်း  မောင်ကပဲ ခါးကိုင်းပေးရမှာပေါ့"

ပြောရင်း ကျွန်တော် ခါးကိုင်းပေးကာ ပါးအားထိုးပေးလိုက်တော့ လိမ်ဆွဲလာ၏။

"အား...မောင်ကနမ်းခိုင်းတာကို...ဘာလို့ ဆွဲဆိတ်တာလဲ"

"သူများကို နှိမ်တာလေ..ခံပေါ့"

"မနှိမ်ပါဘူးဗျာ...ချစ်စနိုးနဲ့စတာ"

​ကျွန်တော် ပြောရင်း ချစ်ရသူ၏ ခါးအား ပိုဆွဲကာ ဖက်လိုက်တော့ ချစ်ရသူ၏ ကိုယ်လေးမှာ ကျွန်တော့်လက်ထဲ မြှောက်ကာပါလာလေသည်။ ပိုမိုနီးကပ်သွားသည့် ချစ်ရသူမျက်နှာလေးကြောင့် ကျွန်တော့် ရင်ခုန်သံတွေမြန်လာရ၏။ မျက်၀န်း၀ိုင်းတွေနဲ့ ကျွန်တော့်အား မျက်တောင် မခတ်တမ်းကြည့်နေသည့် ချစ်ရသူမှာ ကျွန်တော့်အား ရူးသွားစေလိုဟန်ဖြင့် ညို့ငင်နေတော့သည်။ မျက်တောင်ရှည်တွေ.. အနည်း ငယ် နီမြန်းနေတဲ့ ပါးဖောင်းဖောင်းလေးတွေ... နောက်ပြီး နှုတ်ခမ်းနီရဲရဲလေးက  ကျွန်တော့်အား အနမ်းချွေပါဟု ဆွဲဆောင်နေသယောင်။

မျက်ခွံတွေပေါ် ကျွန်တော် နမ်းလိုက်မိတော့ ချစ်ရသူမှာ မျက်လုံးမှိတ်ကာ ခံယူနေ၏။ ထို့နောက် ပါးဖောင်းလေး နှစ်ဖက်အား နမ်းရှုံလိုက်ပြီး နီရဲရဲ နှုတ်ခမ်းပါးလေးဆီသို့ ခြေချမိတော့သည်။

နူးညံ့တယ်....ချိုမြိန်တယ်....
ကျွန်တော့်ရင်တွေတလှက်လှက် ဖြစ်လာရပြီး ပိုတိုးကာ လိုချင်လာမိသည်။ ချစ်ရသူ၏ နှုတ်ခမ်းပါးလေးအား ကျွန်တော့် နှုတ်ခမ်းကြား ပျောက်လုပျောက်ခင်ထိ နမ်းရှိုက်နေမိ၏။အားမရစွာ ဖက်ထားသည့် ခါးအား ပိုဆွဲကာ မြှောက်မိတော့ ချစ်ရသူ၏ လက်တစ်စုံမှာ ကျွန်တော့် ရင်ဖက်မှ အင်္ကျီစအား ဆုပ်ကိုင်လာ၏။

အတော်အတန်ကြာနမ်းရှိုက်ပြီးမှ ချစ်ရသူမောနေမည် စိုးသဖြင့် လွှတ်ပေးလိုက်မိသည်။ ကျွန်တော့် ပရောဂကြောင့် စိုစွတ်ကာ အနည်းငယ် ဖောင်းကြွလာသည့်  နှုတ်ခမ်းတစ်စုံနှင့် ချစ်ရသူမှာ လှရက်နိုင်လွန်း၏။

ခန္ဓာကိုယ် သွယ်သွယ်လျလျအား ဆွေ့ကနဲပွေ့ချီတော့ အလိုက်သင့်လေးပါလာလေသည်။ ကုတင်ထက်သို့ ညင်သာစွာ ချပေးလိုက်ပြီးနောက် အပေါ်မှ အုပ်မိုးကာဖြင့် အနမ်းရေစီးကြောင်း အတွင်းသို့ တစ်ဖန် စီးမျှောမိပြန်သည်။

စိတ်ဆန္ဒအဟုန်က ပိုတိုးကာ လိုချင်မိသည့်နောက်  ပိုမိုပြင်းပြစွာ နမ်းရှိုက်မိသည်။ စုပ်ယူနမ်းရှိုက်ယုံတင် မဟုတ်တော့ဘဲ ဖိကြိတ်ကိုက်ခဲကာ အနမ်းတို့အား ပိုနက်ရှိုင်းစေမိ၏။ နွေးလျသော အာခံတွင်း အတွင်းသို့ ကျူးကျော်ရန်ပြင်လိုက်စဥ်.....

တွန်းကန်နေသည့် အရာတစ်ခုအား ရင်အုံထက်မှ ခံစားမိလိုက်၏။ကျွန်တော့် ရုတ်တရတ်လွှတ်ပေးလိုက်မိကာ ချစ်ရသူအား စိုးရိမ်တကြီး ကြည့်လိုက်မိသည်။

"မောင်~~~"

တိုးတိုးလျလျ ခေါ်သံအဆုံး ကျွန်တော့် စိတ်တွေ လွတ်ထားမသွားအောင် ချွန်းအုပ်လိုက်ရ၏။

"မောင် တောင်းပန်ပါတယ်...အချစ်အဆင်ပြေမှပါ"

ချစ်ရသူဘေး ၀င်လဲကာ ချစ်ရသူအား ရင်ခွင် ဆွဲသွင်း၍ ကျွန်တော် တိုးတိုးဖွဖွ ပြောလိုက်မိသည်။

"မောင့်အတွက်ကြ အဆင်ပြေပါ့မလား..."

"အချစ်ပြေရင် မောင်လည်း ပြေတယ်... လိုချင်ပေမယ့် မဖြစ်မနေလိုတာမှ မဟုတ်တာ..အချစ် အဆင်ပြေတဲ့အချိန်မှ...မောင်စောင့်နိုင်ပါတယ်!  မောင် အဓိက လိုအပ်တာက အချစ်ရဲ့ အချစ်တွေပဲလေ"

ကျွန်တော့် စကားအဆုံးမှာ ချစ်ရသူမှာ ရင်ခွင်ထဲသို့ မျက်နှာ၀ှက်သွားတော့သည်။ ပြီးမှ တိုးတိုးဖွဖွပြောလာသည်က....

"အများကြီး ချစ်တယ်မောင်...နားလည်ပေးလို့ပိုချစ်ရပါတယ်" တဲ့။

ကျွန်တော် ချစ်ရသူ၏ကိုယ်လေးအား တင်းကြပ်စွာထွေးပွေ့လိုက်မိသည်။ ​

​မောင်ကအများကြီးပိုချစ်ပါတယ်လို့ မပြောဘူး..

ဘာလို့ဆို ချစ်တယ် ဆိုတာထက် ပိုမြတ်နိုးမိတာမို့

ဒါကြောင့် မောင်က မင်းကို ပူလောင်မှုတစ်ချို့ပါ၀င်တဲ့ အချစ်တွေထက်ပိုပြီး အေးမြစေတဲ့မေတ္တာတွေအပြည့်နဲ့ပဲ လွှမ်းခြုံပေးမယ်..

အင်း....အကြင်နာတွေကတော့ အဆစ်ပိုပါတာပေါ့ မောင့်ဟန်ချီရယ်....

💗💗💗💗💗  The end   💗💗💗💗💗

13.8.2022(Sat)
//Hnin Satt Hmone☃️❄️

                           (Zawgyi)

ဒီေန႔က ကြၽန္ေတာ့္ဘ၀ရဲ႕ အေပ်ာ္ဆုံးေန႔ျဖစ္သလို ခ်စ္ရသူအား ကြၽန္ေတာ္တစ္ဦးတည္းသာလွ်င္  ပိုင္ဆိုင္သည္ ျဖစ္ေၾကာင္း မွတ္ ေက်ာက္ ေရးတင္တဲ့ ေန႔ဆိုလည္း မမွားဘူး။

ကြၽန္ေတာ္ ျမတ္ႏိုးရတဲ့လူသားေလးကို ဒီရက္ ဒီခ်ိန္ကစၿပီး တစ္သက္တာ ပိုင္ဆိုင္ရေတာ့မည္ဆိုတဲ့ အသိက လူတစ္ကိုယ္လုံးကို ေပ်ာ္႐ႊင္မႈအတိျဖင့္ လႊမ္းၿခဳံထားေတာ့...ရင္ေတြဆို ခုန္ရလြန္းလို႔ ေပါက္ထြက္မတတ္ပဲ။ 

ကိုယ္အလိုခ်င္ေတာင့္တဆုံး အရာတစ္ခုက ကိုယ့္ေရွ႕မွာ ရွိေနၿပီး  မၾကာခင္အခ်ိန္တြင္းမွာလည္း  ကိုယ့္အပိုင္ ျဖစ္လာေတာ့မယ့္ အခါမွာေပါ့.... တျခားသူဆို ဘယ္လိုခံစားရၿပီး ဘယ္လိုေတြျပဳမူတုံ႔ျပန္ၾကမလဲ မသိေပမယ့္ ခ်မ္းေျမ့ေမာင္ဆိုတဲ့ ကြၽန္ေတာ္ကေတာ့ မ်က္ရည္ေတြက်ေနမိၿပီဗ်။  ၀မ္းသာလို႔ က်မိတဲ့ မ်က္ရည္ပါ...၀မ္းသာလြန္းလို႔!

တလႈိက္လႈိက္ တက္လာတဲ့ေပ်ာ္႐ႊင္မႈေတြက ႏွလုံးအိမ္ တစ္ခုလုံး ျပည့္လွ်ံေနေတာ့  အရည္တစ္ခ်ိဳ႕အျဖစ္ မ်က္၀န္းကေန စြန္႔ထုတ္လိုက္ရတယ္ထင္ပါရဲ႕။

တစ္စက္ၿပီး တစ္စက္ စီးက်ေနေရာ။ ကြၽန္ေတာ္ငိုေနခဲ့တယ္ တားမရစီးမရတဲ့အထိ။ သို႔ေပမယ့္ ကြၽန္ေတာ့္ ႏႈတ္ခမ္းေတြကေတာ့ ၿပဳံးေနခဲ့မွာအေသခ်ာပါပဲ။ အင္း......ကြၽန္ေတာ့္ရဲ႕ ရင္ထဲမွာေရာေပါ့။

ေယာက်ာ္းေလး ႏွစ္ေယာက္ရဲ႕ ေပါင္းစီးျခင္းျဖစ္လို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ မဂၤလာပြဲက ႐ိုး႐ိုးရွင္းရွင္းေလးပါပဲ။ အိမ္မွာပဲ သဃၤာေတာ္ေတြဖိတ္ၿပီး ဆြမ္းကပ္လိုက္ကာ  ရင္းႏွီးသူတစ္ခ်ိဳ႕ျဖင့္သာ  အက်ဥ္း႐ုံးလုပ္ျဖစ္ခဲ့တယ္။ ဒါကလည္း ခ်စ္ရသူရဲ႕ ဆႏၵပါပဲ။ ကြၽန္ေတာ္ကေတာ့ ခ်စ္ရသူရဲ႕ ဆႏၵကို ပါရမီျဖည့္ေပးလိုက္ရတာေပါ့။

ဒီလို စီစဥ္လိုက္ရတာပဲ ေကာင္းပါတယ္။ ကြၽန္ေတာ့္တို႔ရဲ႕ ျဖစ္တည္မႈကို လက္ခံေပးႏိုင္တဲ့ အသိုက္၀န္းေလးထဲမွာပဲ ဆိုေတာ့ စိတ္ခ်မ္းခ်မ္းေျမ့ေျမ့နဲ႔ မဂၤလာယူလို႔ရတာေပါ့။  မဟုတ္ရင္ေတာင္ ကြၽန္ေတာ္တို႔မဂၤလာပြဲကို လာၿပီး အတင္းအဖ်င္းေျပာမယ့္ ....ေနာက္ကြယ္မွာ ကဲ့ရဲ႕ၾကမယ့္ လူေတြနဲ႔ ေတြ႕ေနရဦးမွာ ။ အဲ့လိုသာဆို ကြၽန္ေတာ္ဆိုတာထက္ ခ်စ္ရသူ ညႇိဳးငယ္ရမွာကို မလိုလားတာေၾကာင့္ ဒီလို အက်ဥ္း႐ုံးလိုက္တာ အေကာင္းဆုံးပဲလို႔ ထင္မိတယ္။ ခ်စ္ရသူကို ေပ်ာ္႐ႊင္စရာေန႔ရက္ေလးမွာ စိတ္မခ်မ္းေျမ့မႈေတြ မရွိေစခ်င္ဘူး။ ေပ်ာ္႐ႊင္မႈ အတိၿပီးတဲ့ အမွတ္တရ ေန႔စြဲ တစ္ခုအျဖစ္ပဲ ခ်စ္ရသူရဲ႕ ရင္ထဲမွာ ထင္က်န္ေစခ်င္တယ္။

ခုဆို အရာအားလုံးက အဆင္ေျပေနၿပီ။ ကြၽန္ေတာ့္ အိမ္မက္ျဖစ္တဲ့ ခ်စ္ရသူကို ပိုင္ဆိုင္လိုသည့္ ဆႏၵကလည္း အမွန္တကယ္ ျပည့္၀လာခဲ့ၿပီ။ ခ်စ္ရသူကလည္း သူ႔အတိတ္နဲ႔ ပတ္သက္ၿပီး စိတ္ေျဖႏိုင္ခဲ့ၿပီလို႔ ေျပာလို႔ရတယ္။ အဲ့ေန႔ျဖစ္ၿပီးေနာက္ ကြၽန္ေတာ့္မိဘေတြကိုလည္း သူကိုယ္တိုင္ပဲ သူ႔အတိတ္အေၾကာင္းကို ၀န္ခံခဲ့တယ္။ အဲ့တုန္းက ခ်စ္ရသူရဲ႕ ပုံစံကို ကြၽန္ေတာ္လုံး၀ေမ့ႏိုင္မွာမဟုတ္ဘူး။ နာက်င္စရာေတြသာ ရွိခဲ့တဲ့ အတိတ္အေၾကာင္းကို ကြၽန္ေတာ့္အတြက္ အားတင္းၿပီး ေျပာျပေနတဲ့ ခ်စ္ရသူပုံစံက ကြၽန္ေတာ့္ မွတ္ဥာဏ္ထဲမွာ တစ္သက္လုံးစြဲထင္ေနေတာ့မွာ အေသခ်ာပဲ။ 

အလုံးစုံရွင္းျပၿပီးေနာက္ ေခါင္းငုံခ်သြားကာ ခ်စ္ရသူေျပာခဲ့တဲ့  စကားတစ္ခြန္းကလည္း ကြၽန္ေတာ့္ ႏွလုံးသားမွာ ေသရာပါတက္တူးတစ္ခုလိုမ်ိဳး စြဲထင္သြားခဲ့တယ္။

'ခ်ိဳ႕ယြင္းခ်က္ေတြရွိတဲ့ ကြၽန္ေတာ့္ဘ၀ထဲကို ေမာင့္ကို ဆြဲေခၚမိတာ ေတာင္းပန္ပါတယ္.....
ဒါေပမယ့္ လက္မလႊတ္ႏိုင္တာမို႔ အားနာနာနဲ႔ပဲ ေတာင္းဆိုပါရေစ.... ေမာင့္ကို ပိုင္ဆိုင္ခြင့္ျပဳပါ... '  တဲ့။

အဲ့ေန႔က ကြၽန္ေတာ္ မ်က္ရည္ေတြအေတာ မသတ္ႏိုင္ေအာင္ က်ခဲ့ရေသးတယ္။ ကြၽန္ေတာ့္ မိဘေတြရဲ႕ အေျဖကို ေစာင့္ေနတဲ့  ခ်စ္ရသူပုံစံမွာ စိုးရိမ္မႈေတြအျပည့္နဲ႔။ ကြၽန္ေတာ့္ သိတာေပါ့...ခ်စ္ရသူစိတ္ထဲ ဘာေတြေတြးေနခဲ့မယ္ဆိုတာ။

လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ထားတဲ့ ခ်စ္ရသူ၏ လက္အား ကြၽန္ေတာ္ ဆုပ္ကိုင္ေပးၿပီး မိဘႏွစ္ပါးထံ ေတာင္းဆိုစြာၾကည့္လိုက္မိတယ္။
ကြၽန္ေတာ့္မ်က္၀န္းေတြရဲ႕ အဓိပၸာယ္ကို ကြၽန္ေတာ့္မိဘေတြကလည္း အေသခ်ာသိတယ္။ ၿပီးေတာ့ လိုက္ေလ်ာေပးခဲ့တယ္။

'ေမေမတို႔အကုန္သိၿပီးသားပါ...ေနာက္ၿပီး လက္ခံပါတယ္' ဆိုတဲ့ ေမေမစကားေအာက္မွာ တင္းထားတဲ့ ခ်စ္ရသူရဲ႕ စိတ္ေတြ အကုန္ေျပက်ခဲ့တယ္ထင္ပါရဲ႕... ကြၽန္ေတာ့္ကို ဖက္ၿပီး ကေလးတစ္ေယာက္လို ရႈိက္ႀကီးတငင္ ငိုေကြၽးေတာ့တာပဲ။ ဒါေပ်ာ္လို႔ ငိုတယ္ဆိုတာ ကြၽန္ေတာ္သိတာမို႔ မငိုနဲ႔လို႔ မတားျဖစ္ခဲ့ဘူး။ ျပန္လည္ ဖက္တြယ္ရင္းသာ ေႏြးေထြးစြာ ေထြးေပြ႕ထားမိသည္။

ေနာက္ေတာ့ ေမေမတို႔က ဆက္ေျပာလာခဲ့တယ္။  အဘိုးေျပာျပထားလို႔ သူတို႔အကုန္သိၿပီးသားပါတဲ့။ အဲ့မွာ ကြၽန္ေတာ္အဘိုးကို စိတ္ေကာက္သြားခ်င္တယ္။ ကြၽန္ေတာ့္ေမးေတာ့ၾက ေျပာမျပပဲ မိဘေတြၾက ေျပာျပထားလို႔ေလ။

ကြၽန္ေတာ့္မေက်မနပ္ေျပာမိေတာ့ အဘိုးက 'မင္းတို႔ လူငယ္ေတြကိစၥ အဘိုး၀င္မစြတ္ဖက္ခ်င္လို႔.' တဲ့ေလ။ အဘိုးမေကာင္းပါ။ ထို႔ေန႔က ကြၽန္ေတာ္အဘိုးအား မဆိုသေလာက္ေလး စိတ္ေကာက္ခဲ့ပါေသးသည္။

ေနာက္ၿပီး ထပ္သိလိုက္ရတာက  ခ်စ္ရသူ ကိစၥကို  ခ်စ္ရသူ၏ မိဘ ေဆြမ်ိဳးတစ္ခ်ိဳ႕ႏွင့္ကြၽန္ေတာ့္အဘိုးရယ္ ခ်စ္ရသူ၏ သူငယ္ခ်င္းႏွစ္ေယာက္သာ သိသည္ဟုဆိုသည္။  က်န္႐ြာသူ ႐ြာသားမ်ားသိသည္က လင္မယားရန္ျဖစ္ရာမွ ေျခလြန္လက္လြန္ ျဖစ္၍ ခ်စ္ရသူ၏ အစ္မမွာ ေသသြားရသည္ဟူ၍သာ။

ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အျဖစ္ဆိုးႀကဳံခဲ့ရသည့္ ခ်စ္ရသူအား ပတ္၀န္းက်င္၏ ႐ိုက္ခတ္ဒဏ္ မခံရေအာင္ သို၀ွက္ထားရျခင္းပင္။ ဤကိစၥ၌ အဓိက ကူညီေပးသူမွာ ကိုယ့္အဘိုးျဖစ္သူ ျဖစ္၍ ကြၽန္ေတာ့္မွာ ႀကံဖန္ၿပီး ဂုဏ္ယူရေတာ့မလို ျဖစ္သြားေသးသည္။ ဒီလိုၾကေတာ့လည္း အဘိုးက သူရဲေကာင္းႀကီးပင္။

"ဟာ...ေဟ့ေကာင္ရာ...မဂၤလာယူရေတာ့မွာကို...ငိုေနျပန္ၿပီ...လင္ယူရမွာ အဲ့ေလာက္ေပ်ာ္သလားဟ"

"ေအးဟယ္....အျဖစ္သည္းခ်က္ကေတာ့.."

"အစ္ကိုတို႔ကိုေတာင္ ေက်ာ္တက္သြားတယ္ေနာ္...သြက္ခ်က္ကေတာ့..ေလးစားသြားၿပီ ညီရာ"

"လာေတာ့ေလ...ခ်မ္းေျမ့ရာ..ေနာက္က်ေတာ့မယ္..."

ကြၽန္ေတာ္ ငိုရက္ႀကီးနဲ႔ အေတြးမ်ားေနမိတယ္ ထင္ပါရဲ႕ တစ္ေယာက္ တစ္ေပါက္ ေျပာကာ လာေခၚသည့္ သူငယ္ခ်င္းေတြနဲ႔မွ အသိ၀င္ေတာ့သည္။ မဂၤလာတိုက္ပုံလဲၿပီးတာေတာင္ ခုထိ အခန္းထဲက မထြက္ပဲ အေတြးမ်ားသြားမိသည္ေၾကာင့္ မ်က္ရည္ေတြ ဆြဲသုတ္ကာ ရွက္ရယ္သာ ရီျပလိုက္မိသည္။တစ္ေယာက္ တစ္ေပါက္စေနတဲ့ သူငယ္ခ်င္းေတြကိုလည္း ဘာမွျပန္မျပန္မေျပာမိေတာ့ဘူး။သူတို႔ ကြၽန္ေတာ့္ကို ၀ိုင္းစေနၾကေပမယ့္ ကြၽန္ေတာ့္နဲ႔ ထပ္တူ ၀မ္းသာေပးေနမယ္ဆိုတာ သိေနတာမို႔  ၿပဳံး႐ႊင္ျပကာသာ တုန္႔ျပန္မိလိုက္သည္။ ဒီသူငယ္ခ်င္းေတြ ဒီမိဘ ဒီေဆြမ်ိဳးေတြက ကြၽန္ေတာ့္အတြက္ ကံေကာင္းျခင္းပါပဲ။

ဆြမ္းကပ္ခ်ိန္ နီးေနၿပီမို႔ ကြၽန္ေတာ္ သူငယ္ခ်င္းေတြနဲ႔ အတူ ထြက္လာခဲ့လိုက္ေတာ့တယ္။ အျပင္ကိုေရာက္တာနဲ႔ ကြၽန္ေတာ့္မ်က္ရည္ေတြ ျပန္က်မိျပန္တယ္။  ခဲေရာင္ မဂၤလာ ၀တ္စုံေလးနဲ႔ ခ်စ္ရသူက ကြၽန္ေတာ့္အား  ၾကည္ၾကည္စင္ၿပဳံးျပေနေလရဲ႕။

ကြၽန္ေတာ္ ေျပးကာ ေထြးေပြ႕လိုက္မိသည္။ ခ်စ္ရသူရဲ႕ ရယ္သံသဲ့သဲ့ေလးထြက္လာၿပီးေနာက္ ကြၽန္ေတာ့္ ေက်ာျပင္အား ခပ္ဖြဖြပုတ္လာကာ ညင္သာစြာ မိန္႔ခြန္းေခြၽေလရဲ႕။

"ေဟာၾကည့္....မငိုရဘူးေလ ကေလးက်လို႔"

"ဟင့္အင္...ေမာင္ေပ်ာ္လို႔"

ခ်စ္ရသူ၏ ပခုံးထက္ မ်က္ႏွာအပ္ကာျဖင့္ ကြၽန္ေတာ္ ပလုံးပေထြးေျပာလိုက္မိေတာ့ ခ်စ္ရသူဆီမွာ ရယ္သံေလး ထြက္လာျပန္သည္။

" ကိုခ်မ္းေျမ့ေမာင္ တစ္ေယာက္ မ်က္ရည္ေတြနဲ႔ ႐ုပ္ဆိုးေနေတာ့မွာပဲ... ႐ုပ္ဆိုးရင္ ကြၽန္ေတာ္က မခ်စ္ေတာ့ဘူးေနာ္"

ရယ္သြမ္းေသြးကာ ေျပာလာသည့္ ခ်စ္ရသူစကားေၾကာင့္ ကြၽန္ေတာ္ ေခါင္းေထာင္လိုက္မိသည္။ ထို႔ေနာက္ မ်က္ေမွာင္ကုပ္လိုက္ၿပီး မေက်မနပ္ ေျပာမိသည္။

"ဘယ္လိုေခၚလိုက္တာ..."

"အာ...ေမာင္ကလည္း ကြၽန္ေတာ္က စတာကို...တိတ္..တိတ္..မငိုရဘူး"

ေျပာလည္းေျပာ ပါးျပင္ထက္မွ မ်က္ရည္တို႔အား လက္ေခ်ာင္းသြယ္သြယ္တို႔နဲ႔ ညင္ညင္သာသာ သုတ္ေပးလာတာမို႔ ကြၽန္ေတာ္ ဟန္မေဆာင္ႏိုင္စြာၿပဳံးလိုက္မိသည္။ ဒီလူက ခ်စ္ရသူမေခြၽလည္း ေႂကြေပးခ်င္တာမို႔။

"ကဲကဲ...ေနာက္မွ ro(႐ို)ၾကပါရွင္... ဘုန္းဘုန္းေတြ ဆြမ္းစားခ်ိန္လည္း ေက်ာ္သြားဦးမယ္"

ထေျပာလာသည့္ မိ႐ႊန္းစကားေၾကာင့္ ကြၽန္ေတာ္တို႔အကုန္ ရယ္မိေတာ့သည္။ထို႔ေနာက္ ခ်စ္သူလက္ကို ဆြဲကာ ...........

•••••••••

သံဃၤာေတာ္မ်ားအား ဆြမ္းကပ္ၿပီးေနာက္  ဘိုးဘြားမိဘမ်ားအား ကန္ေတာ့သည္။ ခ်စ္ရသူမိဘေတြေရာ ကြၽန္ေတာ့္ မိဘေတြပါ မ်က္ရည္တစမ္းစမ္းနဲ႔ ဆုေပးၾကေတာ့ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လုံးမွာလည္း မ်က္ရည္ အ၀ိုင္းသား။

ထို႔ေနာက္ ခ်စ္ရသူမိဘမ်ားက ကြၽန္ေတာ့္အား ေခၚကာ 'သားငယ္ကို အပ္ပါတယ္...ေစာင့္ေရွာက္ေပးပါ' ဟု ေတာင္းဆိုလာၾကသည္။ မေတာင္းဆိုရင္ေတာင္  ျပဳလုပ္မည္ျဖစ္ေသာေၾကာင့္ ေလးနက္စြာျဖင့္ ကတိအထပ္ထပ္ ေပးခဲ့မိသည္။

အားလုံးၿပီးစီးသြားေတာ့ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္၏ အိမ္ေလးသို႔ျပန္ခဲ့လိုက္သည္။ ခ်စ္ရသူနဲ႔ လက္ထပ္ၿပီးေနာက္ ဒီထန္းပင္ကုန္း႐ြာတြင္ပဲ အေျခခ်ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္လိုက္သည္။ ကြၽန္ေတာ့္ မိဘေတြအတြက္ မတရားသလိုျဖစ္သြားေသာေၾကာင့္ အားနာရသလို စိတ္မေကာင္းျဖစ္မိေသးသည္။ ကြၽန္ေတာ္ မိဘအေပၚ မသိတတ္သည့္ သားတစ္ေယာက္ ျဖစ္သြားသလိုပင္။ ေမေမႏွင့္ ေဖေဖကေတာ့ နားလည္မႈ အျပည့္ေပးၾကကာ ကြၽန္ေတာ့္ ဆုံးျဖတ္ခ်က္ကို လက္ခံေပးၾကသည္။ မိဘႏွစ္ပါးအား ေက်းဇူးတင္မဆုံးျဖစ္ရသလို မိဘေမတၱာဆိုသည္ကိုလည္း ပိုနားလည္လာေတာ့ရသည္။

ခ်စ္ရသူကေတာ့ ကြၽန္ေတာ့္ မိဘေတြအတြက္ မတရားသလို ျဖစ္ေနသည္မို႔ စိတ္မေကာင္းဟု ဆိုကာ သူ႔၏ မိဘအိမ္တြင္လည္း မေနေတာ့ဘူးဟုဆိုသည္။ အရာအားလုံး မွ်မွ်တတသာ ျဖစ္ေစခ်င္ပါသည္တဲ့..မဟုတ္ရင္ ေမာင့္အေပၚမွာလည္း မတရားသလို ျဖစ္ေနလိမ့္မည္တဲ့ေလ။ ဤသို႔ႏွင့္ ကြၽန္ေတာ္တို႔ ေနထိုင္ဖို႔ အိမ္ကေလး သီးသန္႔ေဆာက္ျဖစ္သည္။

႐ြာအလယ္ပိုင္းရွိ ဘိုးဘိုး ပိုင္သည့္ ၀ိုင္းအား လက္ဖြဲ႕အေနနဲ႔ ကြၽန္ေတာ္တို႔အား ေပးခဲ့သည္။
အိမ္နဲ႔ ေငြသိန္း ၁၀၀၀ တိတိအား ေမေမတို႔က လက္ဖြဲ႕ၿပီး  ခ်စ္ရသူ၏ မိဘမ်ားမွ သူတို႔ပိုင္ လယ္ဧက ၁၀၀ေက်ာ္အနက္မွ ၈၀အား လက္ဖြဲ႕ခဲ့သည္။  ေယာက်ာ္းေလးႏွစ္ေယာက္ ျဖစ္သည့္ အတြက္ လက္ဖြဲ႕ပစၥည္း တင္ေတာင္းေငြဘာညာကို ႏွစ္ဦးႏွစ္ဖက္သာ မွ်လုပ္ျဖစ္သည္။ နည္းသည္ မ်ားသည္က ပဓာနမဟုတ္ေပ။

တကယ္ေတာ့ ကြၽန္ေတာ္တို႔ လက္ထပ္ျဖစ္သည္က ခ်စ္ရသူ၏ အတိတ္အား သိၿပီး တစ္လနီးပါးေလာက္အၾကာမွ ျဖစ္သည္။ ေျပာရရင္ေတာ့ ဒီေန႔ေပါ့ေလ။ သို႔ေၾကာင့္ အိမ္ေဆာက္ျခင္းသည္လည္း အခ်ိန္မွီပင္ ၿပီးစီးသည္ေၾကာင့္ အသင့္၀င္ေန႐ုံပင္။ လိုအပ္သည့္ ပစၥည္း ဘာညာကလည္း မိမိ၏ သူငယ္ခ်င္းမ်ား ႏွင့္ ခ်စ္ရသူ၏ သူငယ္ခ်င္းမ်ားက အကုန္ျဖည့္ေပးထား၍ ပူစရာမလိုေပ။ အိမ္ကေတာ့ ႐ြာ၏ အိမ္မ်ားအတိုင္း ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ ႐ိုး႐ိုးရွင္းရွင္းေလးသာ။

သို႔ေသာ္ညား ခ်စ္ရသူနဲ႔ အတူ ေနထိုင္ရမည္ဆိုသည္ကိုကပင္ ေႏြးေထြးမႈ၊ ၾကည္ႏူးမႈ၊ ေပ်ာ္႐ႊင္မႈ စသည့္ ခံစားခ်က္ေကာင္းအျဖာျဖာအား ေပးစြမ္းပါ၏။

"ေဟာ...ေမာင္ မပ္တပ္ႀကီးရပ္ၿပီး အေတြးမ်ားေနျပန္ၿပီလား"

ခ်စ္ရသူအေျပာ​ေၾကာင့္ ကြၽန္ေတာ္ ၿပဳံးမိသည္။ တကယ္ကိုပင္ ဒီေန႔တစ္ေန႔လုံး ကြၽန္ေတာ္ အေတြးမ်ားေနမိသည္။ ခုအိမ္ျပန္ေရာက္လို႔ ေရခ်ိဳး အ၀တ္စားလဲၿပီးသည္ထိ။

"လာဦး...ေမာင့္ဆီ..."

ကြၽန္ေတာ္ လက္ႏွစ္ဖက္အား ဆန္႔တန္းကာ ေျပာေတာ့ ခ်စ္ရသူမွာ ရင္ခြင္ထဲသို႔ အလိုက္သတိ တိုး၀င္လာ၏။

"ေမာင္..ခုထိ မယုံႏိုင္ေသးလို႔..ခုဆို ဟန္ခ်ီ႕ကို ေမာင္ပိုင္ၿပီေပါ့ေနာ္"

ခ်စ္ရသူ၏ ေခါင္းထက္မွ ဆံသားမ်ားအား ေမႊးၾကဴကာျဖင့္ ေျပာလိုက္မိသည္။ ကြၽန္ေတာ္ တကယ္ကို အိမ္မက္လို႔ထင္ေနတုန္းပင္။

"တကယ္ပဲကိုေလ...ဘာကို မယုံႏိုင္ေသးတာလဲ"

"မသိဘူး...ဒီလိုလုပ္...ေမာင္ယုံေအာင္ တစ္ခုခုလုပ္ျပေလ"

ကြၽန္ေတာ္ၿပဳံးစစနဲ႔ ေျပာမိေတာ့ ခ်စ္ရသူ ေမာ့ၾကည့္လာၿပီး မ်က္ေစာင္းေလးက ၀င့္ကနဲ။

"ဘာလုပ္ျပရမွာလဲ..."

"မသိဘူးေလ...အင္း...ေမာင့္ပါးေလးကို နမ္းျပရင္ေတာ့ သိမလားပဲေနာ္"

"ဟြန္႔...မသိရင္ခက္မယ္ေနာ္..လူလည္"

မေက်မနပ္ေျပာသည့္ ခ်စ္ရသူေလးက တစ္ဆက္တည္း ကြၽန္ေတာ့္ ေမးဖ်ားအား ေမာ့နမ္းေလ၏။

"ေမာင္ေျပာတာ ပါးကိုေလ..ေမး မွ မဟုတ္တာ"

"မမွီဘူး..မွီရာပဲ...."

ခ်စ္ရသူ၏ ေဘာက္အဆတ္ဆတ္ အေျပာေလေၾကာင့္ ကြၽန္ေတာ့္ အၿပဳံးေတြ အေတာမသတ္ႏိုင္ေတာ့ပါ။

"ဟားဟား.....ေမာင့္ အခ်စ္က ေမာင့္ထက္ ပုေတာ့လည္း  ေမာင္ကပဲ ခါးကိုင္းေပးရမွာေပါ့"

ေျပာရင္း ကြၽန္ေတာ္ ခါးကိုင္းေပးကာ ပါးအားထိုးေပးလိုက္ေတာ့ လိမ္ဆြဲလာ၏။

"အား...ေမာင္ကနမ္းခိုင္းတာကို...ဘာလို႔ ဆြဲဆိတ္တာလဲ"

"သူမ်ားကို ႏွိမ္တာေလ..ခံေပါ့"

"မႏွိမ္ပါဘူးဗ်ာ...ခ်စ္စႏိုးနဲ႔စတာ"

​ကြၽန္ေတာ္ ေျပာရင္း ခ်စ္ရသူ၏ ခါးအား ပိုဆြဲကာ ဖက္လိုက္ေတာ့ ခ်စ္ရသူ၏ ကိုယ္ေလးမွာ ကြၽန္ေတာ့္လက္ထဲ ေျမႇာက္ကာပါလာေလသည္။ ပိုမိုနီးကပ္သြားသည့္ ခ်စ္ရသူမ်က္ႏွာေလးေၾကာင့္ ကြၽန္ေတာ့္ ရင္ခုန္သံေတြျမန္လာရ၏။ မ်က္၀န္း၀ိုင္းေတြနဲ႔ ကြၽန္ေတာ့္အား မ်က္ေတာင္ မခတ္တမ္းၾကည့္ေနသည့္ ခ်စ္ရသူမွာ ကြၽန္ေတာ့္အား ႐ူးသြားေစလိုဟန္ျဖင့္ ညိဳ႕ငင္ေနေတာ့သည္။ မ်က္ေတာင္ရွည္ေတြ.. အနည္း ငယ္ နီျမန္းေနတဲ့ ပါးေဖာင္းေဖာင္းေလးေတြ... ေနာက္ၿပီး ႏႈတ္ခမ္းနီရဲရဲေလးက  ကြၽန္ေတာ့္အား အနမ္းေခြၽပါဟု ဆြဲေဆာင္ေနသေယာင္။

မ်က္ခြံေတြေပၚ ကြၽန္ေတာ္ နမ္းလိုက္မိေတာ့ ခ်စ္ရသူမွာ မ်က္လုံးမွိတ္ကာ ခံယူေန၏။ ထို႔ေနာက္ ပါးေဖာင္းေလး ႏွစ္ဖက္အား နမ္းရႈံလိုက္ၿပီး နီရဲရဲ ႏႈတ္ခမ္းပါးေလးဆီသို႔ ေျခခ်မိေတာ့သည္။

ႏူးညံ့တယ္....ခ်ိဳၿမိန္တယ္....
ကြၽန္ေတာ့္ရင္ေတြတလွက္လွက္ ျဖစ္လာရၿပီး ပိုတိုးကာ လိုခ်င္လာမိသည္။ ခ်စ္ရသူ၏ ႏႈတ္ခမ္းပါးေလးအား ကြၽန္ေတာ့္ ႏႈတ္ခမ္းၾကား ေပ်ာက္လုေပ်ာက္ခင္ထိ နမ္းရႈိက္ေနမိ၏။
အားမရစြာ ဖက္ထားသည့္ ခါးအား ပိုဆြဲကာ ေျမႇာက္မိေတာ့ ခ်စ္ရသူ၏ လက္တစ္စုံမွာ ကြၽန္ေတာ့္ ရင္ဖက္မွ အက်ႌစအား ဆုပ္ကိုင္လာ၏။

အေတာ္အတန္ၾကာနမ္းရႈိက္ၿပီးမွ ခ်စ္ရသူေမာေနမည္ စိုးသျဖင့္ လႊတ္ေပးလိုက္မိသည္။ ကြၽန္ေတာ့္ ပေရာဂေၾကာင့္ စိုစြတ္ကာ အနည္းငယ္ ေဖာင္းႂကြလာသည့္  ႏႈတ္ခမ္းတစ္စုံႏွင့္ ခ်စ္ရသူမွာ လွရက္ႏိုင္လြန္း၏။

ခႏၶာကိုယ္ သြယ္သြယ္လ်လ်အား ေဆြ႕ကနဲေပြ႕ခ်ီေတာ့ အလိုက္သင့္ေလးပါလာေလသည္။ ကုတင္ထက္သို႔ ညင္သာစြာ ခ်ေပးလိုက္ၿပီးေနာက္ အေပၚမွ အုပ္မိုးကာျဖင့္ အနမ္းေရစီးေၾကာင္း အတြင္းသို႔ တစ္ဖန္ စီးေမွ်ာမိျပန္သည္။

စိတ္ဆႏၵအဟုန္က ပိုတိုးကာ လိုခ်င္မိသည့္ေနာက္  ပိုမိုျပင္းျပစြာ နမ္းရႈိက္မိသည္။ စုပ္ယူနမ္းရႈိက္ယုံတင္ မဟုတ္ေတာ့ဘဲ ဖိႀကိတ္ကိုက္ခဲကာ အနမ္းတို႔အား ပိုနက္ရႈိင္းေစမိ၏။ ေႏြးလ်ေသာ အာခံတြင္း အတြင္းသို႔ က်ဴးေက်ာ္ရန္ျပင္လိုက္စဥ္.....

တြန္းကန္ေနသည့္ အရာတစ္ခုအား ရင္အုံထက္မွ ခံစားမိလိုက္၏။ကြၽန္ေတာ့္ ႐ုတ္တရတ္လႊတ္ေပးလိုက္မိကာ ခ်စ္ရသူအား စိုးရိမ္တႀကီး ၾကည့္လိုက္မိသည္။

"ေမာင္~~~"

တိုးတိုးလ်လ် ေခၚသံအဆုံး ကြၽန္ေတာ့္ စိတ္ေတြ လြတ္ထားမသြားေအာင္ ခြၽန္းအုပ္လိုက္ရ၏။

"ေမာင္ ေတာင္းပန္ပါတယ္...အခ်စ္အဆင္ေျပမွပါ"

ခ်စ္ရသူေဘး ၀င္လဲကာ ခ်စ္ရသူအား ရင္ခြင္ ဆြဲသြင္း၍ ကြၽန္ေတာ္ တိုးတိုးဖြဖြ ေျပာလိုက္မိသည္။

"ေမာင့္အတြက္ၾက အဆင္ေျပပါ့မလား..."

"အခ်စ္ေျပရင္ ေမာင္လည္း ေျပတယ္... လိုခ်င္ေပမယ့္ မျဖစ္မေနလိုတာမွ မဟုတ္တာ..အခ်စ္ အဆင္ေျပတဲ့အခ်ိန္မွ...ေမာင္ေစာင့္ႏိုင္ပါတယ္!  ေမာင္ အဓိက လိုအပ္တာက အခ်စ္ရဲ႕ အခ်စ္ေတြပဲေလ"

ကြၽန္ေတာ့္ စကားအဆုံးမွာ ခ်စ္ရသူမွာ ရင္ခြင္ထဲသို႔ မ်က္ႏွာ၀ွက္သြားေတာ့သည္။ ၿပီးမွ တိုးတိုးဖြဖြေျပာလာသည္က....

"အမ်ားႀကီး ခ်စ္တယ္ေမာင္...နားလည္ေပးလို႔
ပိုခ်စ္ရပါတယ္" တဲ့။

ကြၽန္ေတာ္ ခ်စ္ရသူ၏ကိုယ္ေလးအား တင္းၾကပ္စြာေထြးေပွ့လိုက္မိသည္။ ​

​ေမာင္ကအမ်ားႀကီးပိုခ်စ္ပါတယ္လို႔ မေျပာဘူး..

ဘာလို႔ဆို ခ်စ္တယ္ ဆိုတာထက္ ပိုျမတ္ႏိုးမိတာမို႔

ဒါေၾကာင့္ ေမာင္က မင္းကို ပူေလာင္မႈတစ္ခ်ိဳ႕ပါ၀င္တဲ့ အခ်စ္ေတြထက္ပိုၿပီး ေအးျမေစတဲ့ေမတၱာေတြအျပည့္နဲ႔ပဲ လႊမ္းၿခဳံေပးမယ္..

အင္း....အၾကင္နာေတြကေတာ့ အဆစ္ပိုပါတာေပါ့ ေမာင့္ဟန္ခ်ီရယ္....

💗💗💗💗💗  The end   💗💗💗💗💗

13.8.2022(Sat)
//Hnin Satt Hmone☃️❄️






Continue Reading

You'll Also Like

379K 46.8K 36
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator - Erishi An Status -35chapters (complete...
12.8K 714 2
​ရှေးကျ​သောလိင်တူအိမ်​ထောင်​ရေးအ​ကြောင်း ​ေရွးက်​ေသာလိင္တူအိမ္​ေထာင္​ေရးအ​ေၾကာင္း
359K 32.5K 31
Zawgyi Title - ငါ့အစ္ကိုက ငါ့ရည္းစားအျဖစ္ကေန ငါ့ေယာက္်ားအျဖစ္ကိုေရာက္သြားခဲ့တယ္။ Iris_Zhu ဆိုတဲ့ ညီမေလး ဘာသာျပန္ထားတာပါ။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာ...
155K 7.4K 38
ရိပ္မွာ တြယ္တာစရာဆို လို႔ ေမာင္နဲ႔ သားေလးပဲ ရိွတာ ပါ ေမာင္ရယ္