တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

181K 29.1K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၄၅)

1.3K 269 11
By zuriiiiii8

<အသန့်စင်ဆုံးသော ရေရင်းမြစ်ကြောကို ရှာဖွေခြင်း>

မုရုံဖုန်းသည် အရိုအသေပေးပြီးနောက် ဘာကိုမှ ဆက်မပြောတော့ဘဲ နေရာတွင်သာ ဒူးထောက်နေမြဲပင်။

"မုရုံရှန်းကျစ်"

ဝမ်ရွှမ် ခက်ခက်ခဲခဲ စကားတစ်ခွန်း ထုတ်ပြောလိုက်၏။

"မင်း...ထလို့ရပါပြီ"

မုရုံဖုန်းက သူ့ကို ခေါင်းမော့ကြည့်လာခဲ့သ
ည်။

"ဒီလို...ဒီလိုကိစ္စမျိုးက......"

ဝမ်ရွှမ် အံတင်းတင်းကြိတ်လိုက်ရာ ချွေးစေးများပင် သူ့နှဖူးပေါ်၌ စိုစွတ်လာခဲ့သည်။

"တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား?"

မုရုံဖုန်းက သက်ပြင်းချ၍ ခပ်ဖြည်းဖြည်း ထလာခဲ့သည်။

တကယ်တမ်းတော့ ဘဝနဲ့သာ ယှဥ်ကြည့်လို
က်ရင် ဒူးထောက်တာနဲ့ အရိုအသေပေး
တာလေးကို ဘာတွေများ အမှုထားနေရအုံး
မှာလဲ?

ကံမကောင်းစွာဖြင့် ဝမ်ရွှမ့်လို လူမျိုးကတော့ သူမ ယခုလို လုပ်ခဲ့တာတောင် လက်ခံလိုစိတ် မရှိဆဲ။

သို့ဖြစ်ရာ ပြန်ထရန် ငြင်းဆန်ပြီး တစ်သက်လုံး ဒူးထောက်နေခြင်းကတော့ ကောင်းသော သစ္စာရှိခြင်းမျိုး မဟုတ်ဘဲ အတင်းအဓမ္မ အ
ကျပ်ကိုင်သည့် သဘောမျိုး သက်ရောက်သွားပေလိမ့်မည်။သူမအနေနှင့် ထိုနည်းလမ်းမျိုး မသုံးချင်ပေ။

ဝမ်ရွှမ် သက်ပြင်းချလိုက်၏။မုရုံဖုန်းလည်း နဂိုနေရာတွင် ပြန်ထိုင်ပြီးမှ

"ကျွန်မတော့ဖြင့် တစ်ခါမှတောင် စိတ်ကူးမယဥ်ခဲ့မိဘူး။ဒီလောက် အတိုင်းအတာအထိ ရှောင်လို့ရမယ့် နေ့မျိုး ရှိလာလိမ့်မယ်လို့လေ"

ဝမ်ရွှမ့်နှဖူးပေါ်မှ ချွေးစေးများ ကျလာရတော့
သည်။သူ ဘာပြန်ပြောရမှန်းကို မသိတော့ချေ။ကောင်းသော အရာသည်ကား ဤစကားများဟာ လေးနက်သော အဓိပ်ပါယျမြိုး မပါဘဲ စနောက်ခြင်းသာ ဖြစ်နေခဲ့သည်။မုရုံဖုန်းက ဆက်ပြောလေ၏။

"တခြားနည်းလမ်းအကြောင်း ပြောရရင်တော့ သန့်စင်တဲ့ ရေရင်းမြစ်ကြော နောက်တစ်ခုကို ထပ်ရှာမှပဲရမှာ။ဒါပေမယ့် ဒီလိုကိစ္စမျိုးက ရှာဖို့သာ လွယ်တယ်ဆိုရင် ဘာလို့များ ကျွန်မ ဒီလောက်အကြာကြီး ခံစားနေရအုံးမှာလဲ?15နှစ်တောင် ကြာခဲ့ပြီရှင်။အသင်္ချရောင်ခြည်အဖွဲ့ရဲ့ ခွန်အားတွေကို အလုံးအရင်းသုံးပြီး ကြိုးစားခဲ့တာတောင် ဒီနေ့မှာ ရှင့်ကို တွေ့ခွင့်ရဖို့လောက်လေးပဲ လုပ်နိုင်ခဲ့တယ်"

"ဒီ15နှစ်လုံး ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူးလား?"

မုရုံဖုန်းက ပြန်မဖြေခဲ့ပေ။တွန့်ဆုတ်နေပုံရပြီး လက်တစ်ချောင်းကို အသာမြှောက်၍ ဘေးမှ လက်ရန်းကို ခပ်ဖွဖွ တို့ထိလိုက်သည်။

"မုရုံရှန်းကျစ်"

"ဘာသဲလွန်စပဲရှိရှိ ကျွန်တော့်ကို ပြောပြပေးပါ။ကျွန်တော် မင်းကို သေချာပေါက် ကူညီပါ့မယ်"

မုရုံဖုန်းက အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ထို့နောက် ခေါင်းခါပြ၍ သက်ပြင်းတစ်ချက်ချကာ

"ထားလိုက်ပါတော့"

ဝမ်ရွှမ့်အမူအကျင့်က အလွန်ကို ရှင်းလင်းနေခဲ့ပြီး ဖြစ်သည်။သူသည် လူကောင်းတစ်ယောက် ဖြစ်၏။မုရုံဖုန်းကို ကူညီချင်ပါသော်
လည်း အပြန်အလှန်အားဖြင့် ထိမ်းမြားလက်
ထပ်ခြင်းကိုတော့ လက်မခံနိုင်ပေ။အတင်း
အကျပ် လိမ်ရစ်ထားသော ဖရဲသီးဟာ ဘယ်
တော့မှ ချိုမြနိုင်မဟုတ်။ထိုအယူအဆကို မုရုံဖုန်းလည်း နားလည်ပါ၏။

"ကျင့်ကြံသူဝမ်...ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ဒါပေမယ့် အသင်္ချေရောင်ခြည်အဖွဲ့တောင် မလုပ်နိုင်ခဲ့တဲ့ ကိစ္စတ
စ်ခုကို ရှင်က ဘယ်လောက်အထိများ ကူညီပေးနိုင်ပါ့မလဲ?"

"မဆုံးဖြတ်ခင် အရင်ကြိုးစားကြည့်သင့်တ
ယ်"

ဝမ်ရွှမ်က ပြတ်ပြတ်သားသား ပြန်ပြောခဲ့သ
ည်။

"ကြိုးစားပြီးတာတောင် အရာမထင်ခဲ့ရင်ရော?"

ဝမ်ရွှမ့်စကားများမှာ ပြတ်တောက်သွားရတော့သည်။

"အဲ့ဒီလိုသာ ဖြစ်ခဲ့ရင် ရှင်က ကျွန်မရဲ့ နော
က်ဆုံးသော မျှော်လင့်ချက် ဖြစ်သွားတော့မှာ"

မုရုံဖုန်းက သူ့ကို ကြည့်၏။

"တကယ်လို့ အဲ့ဒီအချိန် ရောက်လာခဲ့ရင် ရှင် ကျွန်မနဲ့ ထိမ်းမြားဖို့ ဆန္ဒရှိလာမှာလား?"

ဝမ်ရွှမ့်အဖြေကို စောင့်မနေဘဲ မုရုံဖုန်းသည် လက်ရန်းကို ဖိ၍ ဝိဥာဥ်စွမ်းအင်အချို့ သုံးလိုက်ရာ ကျောက်စိမ်းအပိုင်းအစ တစ်ခုက သူမ၏ လက်ထဲ၌ ပေါ်လာခဲ့သည်။ထို့နောက် လက်ချောင်းလေးများကို တောက်လိုက်ရာ ထိုကျောက်စိမ်းအပိုင်းအစက ဝမ်ရွှမ့်အရှေ့သို့ မျောလွင့်လာတော့သည်။

"လွန်ခဲ့တဲ့ 15နှစ်အတွင်း အသင်္ချေရောင်ခြည်အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံး အဲ့ဒီထဲမှာရှိတယ်။ကျင့်ကြံသူဝမ် ရှင် ဘယ်
လို ဖြေရှင်းမလဲ?"

အရှေ့မှ ကျောက်စိမ်းအပိုင်းအစကို ဝမ်ရွှမ် ကြည့်လိုက်၏။၎င်းသည် ပူနွေးနေသော အာ
လူးတစ်လုံးပမာ။

ယခုအချိန်တွင် မုရုံဖုန်းက သူ့ကို အကူအညီတောင်းနေခြင်း ဖြစ်ပြီး သူသာ ကျောက်တုံးလို မာကျောသော နှလုံးသားဖြင့် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါက မုရုံဖုန်းအနေနှင့် ဘာမှ ဆက်လုပ်လို့ရမည်မဟုတ်။အဆုံးတွ
င် ဤပြသနာဟာ သူနှင့် သက်ဆိုင်ခြင်း အလျဥ်းမရှိပေ။

သို့သော် ကျောက်စိမ်းအပိုင်းအစကို သူကြည့်လိုက်မည်ဆိုလျှင်တော့ မုရုံဖုန်း၏ ပြသနာထဲသို့ စိတ်လိုလက်ရ ဝင်ပါပြီးသား ဖြစ်သွားလိမ့်မည်။နောက်မှ ပြန်ရုတ်သိမ်းချင်လျှင်တော့ လွယ်ကူတော့မည်မဟုတ်။

ဟုတ်တယ်...ကြိုးစားပြီးတာတောင် အရာ
ထင်ခဲ့ရင်ရော?

ထိုပြသနာသာ တကယ်ဖြစ်လာခဲ့လျှင် သူအတင်းအကျပ် ထိမ်းမြားဖြစ်မလား၊မဖြစ်ဘူးလားဆိုတာကိုတောင် ပြောရခက်နေခဲ့သ
ည်။မည်သို့ပင်ဖြစ်စေ ထိုအချိန်ရောက်မှ နော
က်ပြန်ဆုတ်ရန် အစွမ်းကုန် ကြိုးစားလျှင်တောင် အန္တရာယ်ကင်းကင်း လွတ်မြောက်လာနိုင်မည် မဟုတ်ချေ။

ဒီအမျိုးသမီးကို တစ်မျိုးပြီး တစ်မျိုး မျှော်
င့်ချက်တွေ ပေးနေမိတယ်တကယ်လို့
ကိုယ်တိုင် ရှောင်ထွက်ချင်ခဲ့တဲ့ အခြေအနေ
ကိုသာ ပြန်ရောက်သွားခဲ့ရင် သူ ဘယ်လို ရင်
ဆိုင်ရပါ့မလဲ?

တစ်ခါတစ်ရံတွင် ကြိုးစားပြီးမှ ရှုံးနိမ့်သွားခြင်းက ဘာမှမလုပ်ဘဲ နေခြင်းထက် ပိုဒုက္ခများတတ်၏။

ဝမ်ရွှမ်သည် ဤပြသနာတစ်ခုလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ မတ်တပ်ရပ်၍ စဥ်းစားပြီးမှ လက်ကို ဝေ့ယမ်း၍ ကျောက်စိမ်းအပိုင်းအစကို သူ့ဝတ်ရုံထဲသို့ လက်ခံလိုက်သည်။

"မုရုံရှန်းကျစ်"

လက်နှစ်ဖက်ကို ယှက်၍ ခိုင်မာစွာ စကားဆိုလိုက်၏။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မကြိုးစားဘဲ မနေသင့်ဘူး"

ဤစကားကို ပြောပြီးသည်နှင့် နှုတ်ဆက်ကာ အခန်းဆီသို့ ပြန်လာခဲ့တော့သည်။

မုရုံဖုန်းသည် ထိုင်ခုံပေါ်တွင် မှီနေရင်း ဝမ်ရွှမ့်
ကျောပြင်ကို ငေးကြည့်ကာ ခေါင်းခါလိုက်လေသည်။

စင်္ကြန်လမ်းအတိုင်း ဝမ်ရွှမ် ပြန်လျှောက်လာရင်း သူ့တစ်ကိုယ်လုံး ပြေလျော့သွားရတော့
သည်။သူ့ကျောပြင်တွင် ချွေးစေးများ စိုရွှဲနေခြင်းကြောင့် ချမ်းစိမ့်စိမ့်တောင် ဖြစ်လာခဲ့သ
ည်။စကားဝိုင်းက အန္တရာယ်ကင်းသည်ဟု ထ
င်ရသော်လည်း အရှိန်ပြင်းပြင်း တောက်လော
င်နေသော မီးဖြင့် တစ်ချိန်လုံး ထည့်ပြုတ်နေသလို ခံစားရစေသည်။ကောင်းသောအချက်ကတော့ သူဆုံးဖြတ်ချက်ချပြီးသည်နှင့် စိတ်
နှလုံးသားမှာ တစ်ပြိုင်နက် သက်တောင့်သ
က်သာ ဖြစ်လာခြင်းပင်။

သူသည် သန့်စင်သော ရေရင်းမြစ်ကြောကို ရှာဖွေ၍ ကိုယ်ပိုင်နည်းလမ်း သုံးကာ မုရုံဖုန်းကို ကယ်တင်ပေးမည် ဖြစ်သည်။

ဤအကြောင်းကို တွေးရင်း ကျောက်စိမ်းအ
ပိုင်းအစထဲသို့ မြင့်မြတ်သော စိတ်စွမ်းအင်ကို ပို့လွှတ်၍ အထဲမှ အချက်အလက်များကို လေ့လာလိုက်သည်။

လွန်ခဲ့သော 15နှစ်အတွင်း  အသင်္ချေရောင်ခြ
ည်အဖွဲ့၏ အလုံးအရင်း ခွန်အားနှင့် သန့်စင်သော ရေရင်းမြစ်ကြောကို ရှာမတွေ့ခဲ့လျှင်တောင် သဲလွန်စအချို့တော့ ရှာတွေ့ခဲ့မည်သာ။အမှန်စင်စစ်ကို ကျောက်စိမ်းအပိုင်းအစထဲ၌ သဲလွန်စအချို့ရှိနေခဲ့သည်။၎င်းသည် သဲလွန်စအကြောင်းနှင့် ထိုသဲလွန်စအတိုင်း လိုက်ရှာခြင်းမှ ရလဒ်များကိုပါ အသေးစိတ် တိတိကျကျ မှတ်တမ်းတင်ထားသည်။

အချို့မှာ မုရုံဖုန်း လိုအပ်နေသည့် သန့်စင်သောရေရင်းမြစ်ကြော မဟုတ်ဘဲ အခြားပစ္စ
ည်းတစ်မျိုး ဖြစ်နေခြင်းဖြင့် အဆုံးသတ်သွားပြီး အချို့ကတော့ သူတို့ထက် အရင် လက်ဦးသွားသူတို့ကြောင့် အဆုံးသတ်သွားရသည်။အချို့မှာမူ အတုအပ ဖြစ်နေခြင်းဖြင့် အဆုံး
သတ်သွားခဲ့သည်။ဘာမှရှာမတွေ့ခြင်းဖြင့် ကိစ္စတုံးသွားခြင်းများလည်း ရှိသည့်အပြင် အန္တရာယ်များသော ဒေသအခြေအနေများကြောင့် ရှာဖွေရန် လက်လျော့ခဲ့ရခြင်းများလ
ည်း ပါဝင်နေခဲ့သည်။

15နှစ်ကြာအောင် ကျရှုံးပြီးနောက် အသင်္ချေရောင်ခြည်အဖွဲ့လည်း စိတ်ဓာတ်ကျလာခဲ့သ
ည်။နောက်ပိုင်းတွင် ရှာဖွေစစ်ဆေးမှုများကလည်း ပေါ့ပေါ့ဆဆ ဖြစ်သွားတော့သည်။

၎င်းကို ကြည့်ရင်း ဝမ်ရွှမ့်ခေါင်းထဲ၌  အကြံတစ်ခု ပေါ်လာခဲ့သည်။ပုံမှန် လမ်းကြောင်းများကို ဖယ်ထုတ်၍ ချောင်ထိုးခံထားရသော သဲလွန်စနှင့် လမ်းကြောင်းများကို ပထမဆုံး ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။မည်သို့ပင်ဖြစ်စေ သဲလွန်စ တစ်စိတ်တစ်ပိုင်းလေးကတော
င် လေးနက်သော တာဝန်ကြီးဖြစ်နေရာ သူ့အ
နေနှင့် ပိုတိကျသော အချက်အလက်များကို ရှာဖွေရန် လိုနေသေးသည်။

ဝမ်ရွှမ် ရုတ်တရက် တွေးလိုက်မိ၏။

ကျန်းရီက တခြားကမ္ဘာကနေ လာခဲ့တာဆို
တော့ ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဖတ်နို
င်တယ်။အဲ့တာကြောင့် သူလည်း တစ်ခုခု သိ
နေလောက်တာပဲ။

သို့သော် အစောပိုင်းတုန်းက ကျန်းရီ၏ အပြု
အမူကို ပြန်အမှတ်ရသွားပြီး ဝမ်ရွှမ့်မှာ မပျော်မရွှင် ဖြစ်သွားရပြန်လေသည်။

သက်ပြင်းချရင်း လှမ်းကြည့်လိုက်ရာ အစောပိုင်းတုန်းက သူတို့နှစ်ဦး အချေအတင်ဖြစ်ခဲ့သော အခန်းဆီသို့ အကြည့်ရောက်သွားတော့သည်။အထဲ၌ ကျန်းရီ ရှိနေသေးသည်ကို ပြတင်းပေါက်မှတဆင့် လှမ်းမြင်လိုက်ရသည်။

သူ့မျက်နှာသည် မှိုင်းမှောင်နေပြီး ခေါင်းငုံ့ထားလျက် နှုတ်ခမ်းများကို ရေပြင်ညီမျဥ်းအတိုင်း ခပ်တင်းတင်း စေ့ပိတ်ထားကာ အခ
န်းထောင့်တွင် ကိုယ်ကို ကျုံ့၍ ခွေခွေလေး ထိုင်နေရာ အတော်လေးကို သနားစရာကော
င်းနေ၏။

ဝမ်ရွှမ် တံခါးတွန်းဖွင့်ပြီး ဝင်လိုက်သည်နှင့် ကျန်းရီက သတိထားမိပြီး ရုန်းကန်နိုင်သော သံပတ်ပမာ ချက်ချင်း ခေါင်းထောင်လာခဲ့သည်။

"ဘာလဲ?"

"ဘာတွေ စိတ်မချမ်းမသာ ဖြစ်နေတာလဲ?"

ကျန်းရီက နှုတ်ခမ်းများကို ဖိကိုက်ပြီး ပြန်ဖြေရမည့်အစား မေးခွန်းတစ်ခုသာ မေးလာခဲ့သည်။

"အစ်ကိုတို့ စကားပြောလို့ ပြီးသွားပြီလား?အဲ့ဒီမုရုံရှန်းကျစ်နဲ့ အစ်ကို့ကြားက ကိစ္စ....."

"ပြီးသွားသလောက်ပါပဲ"

ဝမ်ရွှမ်သည် စားပွဲပေါ်မှ လက်ဖက်ရည်အိုးကို ယူ၍ တစ်ခွက် ငှဲ့ထည့်လိုက်၏။

"သူက အမျိုးသမီးကောင်း တစ်ယောက်ပဲ။ဒီနှစ်တွေမှာ တော်တော်လေး ပင်ပန်းခဲ့ရှာတာ။ငါ သူ့ကို ကူညီရမယ်"

ထိုစကားကို ကြားလိုက်ရသည့် သကာလတွ
င် ကျန်းရီမှာ မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် မျက်နှာကလည်း စိမ်းဖန့်သွားလိုက်၊မှိုင်းမှော
င်သွားလိုက်နှင့် မူးမေ့လဲသွားတော့မတတ် ဒယီးဒယိုင်ဖြစ်သွားခဲ့သည်။

ဝမ်ရွှမ့်မှာ ဒေါသလည်းထွက် ရယ်ကလည်း ရယ်ချင် ဖြစ်သွားရသည်။

အခုလိုမျိုး ဖြတ်ရိုက်ခံလိုက်ရသလို ပုံပျက်
ပန်းပျက် ဖြစ်နေမှဖြင့်တော့ ဘယ်လိုထင်လဲ
မေးနေတုန်းက ဘာလို့များ စိတ်ထဲရှိတဲ့အတို
င်း ပွင့်ပွင့်လင်းလင်း ထုတ်မပြောရတာလဲ?

အနှီအတွေး ပေါ်လာသည်နှင့် ဝမ်ရွှမ် ချက်
ချင်းကို တောင့်တင်းသွားရတော့သည်။ကျန်းရီ၏ အပြုအမူကို သူ မကျေမနပ် ဖြစ်နေရသည့် အကြောင်းအရင်းမှာ ကျန်းရီထံမှ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာမည့် စကားကို ကြားချင်နေခြင်းကြောင့် ဖြစ်သည်။ကံမကောင်းစွာဖြင့် ယခုအချိန်တွင် ကျန်းရီကို ထိုမျှော်လင့်ချက်အတွက် အားကိုးလို့ မရသေးပေ။

"ငါ သဘောမတူခဲ့ဘူး"

ဝမ်ရွှမ် လက်ဖက်ရည် တစ်ငုံ ထပ်သောက်ပြီးမှ ဆက်ပြောပြလိုက်၏။

"ငြင်းခဲ့တယ်"

တစ်စက္ကန့်လောက်တော့ ကျန်းရီက သူနားကြားမှားသွားသည်ဟု ထင်လိုက်မိသည်။တုံ့
ပြန်ခြင်း အလျဥ်းမပြုနိုင်ဘဲ ဝမ်ရွှမ့်ကိုသာ အံ့သြတကြီး စိုက်ကြည့်နေခဲ့သည်။ထို့နောက် သူ့မျက်ဝန်းများမှာ ဖြည်းဖြည်းချင်း တောက်
ပလာတော့သည်။

သူ အရမ်းကို ပျော်နေပြီး စက်ဝိုင်းပမာ လှည့်ပတ်ပြေးလွှားလိုက်ချင်သော်လည်း ဝမ်းသာမှုနှင့် စိတ်လှုပ်ရှားနေခြင်းကို အတတ်နိုင်ဆုံး မျိုသိပ်ထားလိုက်ပြီး ဘာမှမဖြစ်သည့်နှယ် တမင်သက်သက် ဟန်ဆောင်လျက်။

"တကယ်လား?"

"ဟုတ်တယ်။ရုတ်တရက်ကြီး ဇနီးတစ်ယော
က်ရသွားတယ်ဆိုတာ အတွေးနဲ့တင် ကြောက်ဖို့ကောင်းတယ်။ငါ လက်မခံနိုင်ဘူး"

ဝမ်ရွှမ်သည် ကျောက်စိမ်းအပိုင်းအစကို ထု
တ်၍ စားပွဲပေါ်သို့ တင်လိုက်၏။ထို့နောက် မုရုံဖုန်းနှင့် ဆွေးနွေးခဲ့သော စကားဝိုင်းကို အတိုချုံ့ ပြောပြလိုက်သည်။

"ကောင်းတာကတော့ သန့်စင်တဲ့ ရေရင်းမြစ်ကြော နောက်တစ်ခုရှာပြီး သူ့ကို ကူညီလို့ ရသေးတယ်။ငါတို့ နောက်တစ်ခုကို အောင်အောင်မြင်မြင် ရှာနိုင်ခဲ့ရင် လူတိုင်း အဆင်
ပြေသွားလိမ့်မယ်"

ကျန်းရီမှာ အပျော်မဆက်နိုင်တော့ဘဲ 120%
လောက် အာရုံစူးစိုက်၍ ကျောက်စိမ်းအပိုင်း
အစကို စစ်ဆေးလိုက်သည်။

ဝမ်ရွှမ် သူ့ကို ဘေးတိုက်ကြည့်ရင်း စိတ်ထဲ၌ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

ဒီဆရာတူညီလေးကတော့ ခံစားချက်တွေကို
ဖုံးကွယ်တဲ့နေရာမှာ မတော်ဘူးပဲ။

ယခုအချိန်တွင်  ကျန်းရီဟာ အလွန်ကို ပျော်ရွှင်နေသည့်အတွက် သူ့မျက်နှာမှာ ပန်းသီးခွံပမာ နီဖျော့ဖျော့ ရောင်ပြေးသမ်းနေခဲ့သည်။

စိတ်ကူးမရှိပါဘဲ ဝမ်ရွှမ် သူ့ကို စကားတစ်ခွ
န်း ပြောလိုက်၏။

"တစ်ချို့ကိစ္စတွေက တကယ်တော့ ငါ သိထားပြီးသားပါ"

ကျန်းရီမှာ တောင့်တင်းသွားရပြီး ဝမ်ရွှမ့်ကို မရေမရာ ငေးကြည့်လာခဲ့သည်။

သို့သော် ဝမ်ရွှမ်ကတော့ အကြည့်များကို အ
ခြားတစ်နေရာသို့ ရွှေ့လိုက်ပြီး ဘာစကားတ
စ်ခွန်းမှ ဆက်မပြောတော့ပေ။

ကျန်းရီ ပါးစပ်ဖွင့်၍ မေးရန် ပြင်လိုက်စဥ်တွ
င် တစ်စုံတစ်ယောက်က တံခါးခေါက်လာခဲ့သည်။တံခါးဖွင့်ကြည့်လိုက်ရာ မုရုံဖုန်း၏ အ
စေခံတစ်ယောက်က အပေါက်ဝတွင် ရပ်နေ
၏။သူမက သူတို့နှစ်ဦးကို ယဥ်ကျေးစွာ နှု
တ်ဆက်လာပြီး

"ရှန်းကျစ်က ကျွန်မကို ပြောခိုင်းလိုက်လို့ပါ။အရေးကြီးကိစ္စ မရှိဘူးဆိုရင် ကျင့်ကြံသူဝမ်ကို ထွက်မသွားဘဲ ဒီမှာ နေလို့ရသလောက် နေပေးဖို့မျှော်လင့်ပါတယ်တဲ့"

ယခင်က မုရုံဖုန်း ပြောခဲ့သော စကားကို ဝမ်ရွှမ်ပြန်သတိရသွား၏။ဤအဆောက်အအုံထဲတွင် သူရှိနေသရွေ့ မုရုံဖုန်း၏ ဝေဒနာက အတန်ငယ် သက်သာနေပေလိမ့်မည်။သို့ဖြစ်ရာ သူမ ဆိုလိုသော အဓိပ္ပါယ်ကို နားလည်သည့်အတွက် ချက်ချင်း သဘောတူပေးလိုက်သည်။

အစေခံမိန်းကလေးက ကျေးဇူးတင်စကား
ပြောပြီး တလေးတစား ပြန်ထွက်သွားခဲ့သ
ည်။

"ဒါက အစ်ကို အပြင်တောင် ထွက်လို့မရဘူးဆိုတဲ့ သဘောပဲမို့လား?"

ကျန်းရီက မျက်မှောင်ကြုံ့လိုက်၏။

"ငါလည်း ဒီရက်ပိုင်းအတွင်း ဝိဥာဥ်စွမ်းအင် သုံးလို့ မရသေးဘူးလေ။ဒီမှာ နေပြီး နားလို
က်တာ ပိုကောင်းပါတယ်"

"မင်းနဲ့ ငါ့အတွက်တော့ ကြီးကြီးမားမား ပြသနာမဟုတ်ပေမယ့် သူ့အတွက်ကတော့ သေ
ရေးရှင်ရေး ကိစ္စပဲ။အကူအညီဖြစ်မယ်ဆိုရင် ငါ တတ်နိုင်သလောက် လုပ်ပေးရမယ်"

"ဟုတ်ပါပြီ။ဒါဆိုလည်း သူ ပြောတဲ့အတိုင်းပဲ လုပ်ကြမယ်"

"ဒါပေမယ့် ကျွန်တော်လည်း ဒီမှာပဲ နေမယ်နော်။အစ်ကို တစ်ခုခု လိုအပ်တာရှိရင် ကျွန်
တော် လုပ်ပေးလို့ ရအောင်ပေါ့"

"မင်း နေချင်တယ်ဆို နေလေ။ဒီနေရာမှာ မင်းအတွက် အခန်းမရှိတာမှ မဟုတ်တာ"

ဤစကားကို ပြောရင်း တစ်စုံတစ်ခုကို ဝမ်ရွှမ် ရုတ်တရက် သတိရသွားပြီး ခေါင်းမော့လျက် အပြုံးမမည်သော အပြုံးတစ်ပွင့်ဖြင့်

"ပြောရင်းမှပဲ ငါ မင်းကို အခုချက်ချင်း လုပ်ခိုင်းစရာ တစ်ခု ရှိတယ်"

"ဘာများလဲ?"

"ကလေး ဘယ်မှာလဲ?"

"............"

ထိုဘိုးအေလေးကို အန်ဖုန်းမြို့သို့ ခေါ်လာခင်တွင် သူတို့နှစ်ဦးစလုံး လေလံပွဲသို့ တက်ရောက်လိုခြင်းကြောင့် ကလေး ခေါ်လာခြင်းက အဆင်မပြေဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသ
ည်။ထို့ကြောင့် ကလေးကို တည်းခိုဆောင်တွင် ထားခဲ့ခြင်း ဖြစ်သည်။

မူလက  နာရီအနည်းငယ်လောက်သာ ကြာမြင့်မည်ဟု ထင်ခဲ့သည့်အတွက် ကလေးကို ကြည့်ထားပေးရန် ဝိဥာဥ်ကျောက်တုံးအချို့ သုံး
၍ လူငှားခဲ့ခြင်းဖြစ်သည်။သို့သော် မမျှော်လင့်ထားသော ကိစ္စများ ဖြစ်ပျက်သွားပြီး သူတို့နှစ်ဦးစလုံး ဤနေရာတွင် နားကြမည်ဖြစ်ရာ ကလေးကိုသွားခေါ်ရန် လိုလာတော့သည်။

တည်းခိုဆောင်သို့ ကျန်းရီ ရောက်လာသည်နှင့် ချက်ချင်း ဒေါသထွက်သွားရသည်။

ဝိဥာဥ်ကျောက်တုံးများကို လက်တစ်ဆုပ်စာလောက် သုံးခဲ့သော်လည်း တည်းခိုဆောင်မှ လူက တော့ သုံးစားလို့ကို မရချေ။ကလေးငယ်မှာ  လက်ရှိတွင် ပင်ပန်းနေလျက် ဗိုက်လည်း ဆာနေရှာသည်။ဘောင်းဘီထဲတွင်တောင် ကျင်ငယ်စွန့်ထား၏။သူ မည်မျှကြာအောင် ငိုနေခဲ့ကြောင်း မှန်းဆ၍ပင် မရနိုင်ချေ။

ကျန်းရီသည် ကလေးငယ်ကို အလျင်အမြန် ပွေ့ချီပြီး ဟိုဟိုသည်သည် ပြေးလွှားလျက် သေလုမတတ် အပင်ပန်းခံလိုက်ရပြီး နော
က်ဆုံးတွင်တော့ ကလေးငယ်ကို သန့်ရှင်းပေးပြီး အိပ်ပျော်သွားအောင် ချော့မြူနိုင်ခဲ့သည်။ထို့နောက် ကျန်းရီသည် ဝတ်ရုံလက်ကို ခါ၍ တည်းခိုဆောင်မှ လူနှင့် ကိစ္စရှင်းရန် ချက်ချ
င်း ထွက်လာခဲ့သည်။

အနှီ ရုတ်ရုတ်သဲသဲ ပြသနာကြီး ပြီးသွားကာမှ ကလေးကို မုရုံဖုန်း၏ အဆောက်အအုံသို့ ပြန်ခေါ်လာရာ နာရီအချို့ပင် ကြာမြင့်သွားခဲ့ပြီး သူလည်း လုံးဝကို ပင်ပန်းသွားရသည်။

ဝမ်ရွှမ်သည် ကလေးငယ်ကို ရင်ခွင်ထဲသို့ အမြန်လွှဲယူလိုက်၏။ကျန်းရီလည်း ချက်ချင်း အိပ်ပျော်သွားတော့သည်။

ကောင်းသော အချက်ကတော့ ဝမ်ရွှမ်ဟာ က
လေးငယ်ကို စောင့်ရှောက်ရာ၌ အတွေ့အကြုံ ရှိနေပြီး ဖြစ်သည်။သူ တစ်ယောက်တည်း စောင့်ရှောက်ရလျှင်တောင် အခက်အခဲ မရှိတော့သည့်အပြင် ကျန်းရီလို ရှက်ရွံ့ပြီး ပျာ
ယာခတ်နေခြင်းမျိုးလည်း မရှိပေ။

နှစ်ခြိုက်စွာ အိပ်မောကျနေသော ကျန်းရီကို မြင်လိုက်ရခြင်းကြောင့် ဝမ်ရွှမ်လည်း အနှောင့်အယှက် မပေးလိုသည့်အတွက် ကလေးကို အခန်းထဲမှ ခေါ်ထုတ်လာခဲ့သည်။

ဝမ်ရွှမ် စင်္ကြန်လမ်းသို့ ထွက်လာအခိုက်တွင် လှေကားမှ ဆင်းလာသော မုရုံဖုန်းနှင့် တိုက်
တိုက်ဆိုင်ဆိုင် တွေ့လိုက်ရခြင်းကြောင့် နှု
တ်ဆက်ရန် သူမဆီ လျှောက်လိုက်၏။

မုရုံဖုန်းသည် သူမ၏ ခန္ဓာကိုယ် အလွန်သက်
သာလာသည်ဟု ခံစားရသောကြောင့် ကျေး
ဇူးတင်စကားပြောရန် အထူးတလည် လာခဲ့ခြင်း ဖြစ်သော်လည်း ရုတ်တရက်ဆိုသလို ကျွမ်းကျွမ်းကျင်ကျင် ကလေးချီထွက်လာသော ဝမ်ရွှမ့်ကို မြင်လိုက်ရစဥ်မူ မျက်နှာအ
မူအရာမှာ တောင့်တင်းသွားရတော့သည်။

"ဒီကလေးက?"

"ကျွန်တော်နဲ့ ဆရာတူညီလေးကျန်းရဲ့ ကလေးပါ"

ဝမ်ရွှမ်က နည်းနည်းလေးမှတောင် အမှားအယွင်း မရှိသလို အလွန်ချောမွေ့စွာ ပြန်ဖြေခဲ့လေသည်။

      .......................××......................

<အသန့္စင္ဆုံးေသာ ေရရင္းျမစ္ေၾကာကို ရွာေဖြျခင္း>

မု႐ုံဖုန္းသည္ အရိုအေသေပးၿပီးေနာက္ ဘာကိုမွ ဆက္မေျပာေတာ့ဘဲ ေနရာတြင္သာ ဒူးေထာက္ေနၿမဲပင္။

"မု႐ုံရွန္းက်စ္"

ဝမ္႐ႊမ္ ခက္ခက္ခဲခဲ စကားတစ္ခြန္း ထုတ္ေျပာလိုက္၏။

"မင္း...ထလို႔ရပါၿပီ"

မု႐ုံဖုန္းက သူ႕ကို ေခါင္းေမာ့ၾကည့္လာခဲ့သည္။

"ဒီလို...ဒီလိုကိစၥမ်ိဳးက......"

ဝမ္႐ႊမ္ အံတင္းတင္းႀကိတ္လိုက္ရာ ေခြၽးေစးမ်ားပင္ သူ႕ႏွဖူးေပၚ၌ စိုစြတ္လာခဲ့သည္။

"တကယ္ပဲ တျခားနည္းလမ္း မရွိေတာ့ဘူးလား?"

မု႐ုံဖုန္းက သက္ျပင္းခ်၍ ခပ္ျဖည္းျဖည္း ထလာခဲ့သည္။

တကယ္တမ္းေတာ့ ဘဝနဲ႕သာ ယွဥ္ၾကည့္လို
က္ရင္ ဒူးေထာက္ရတာနဲ႕ အရိုအေသေပးရ
တာေလးကို ဘာေတြမ်ား အမႈထားေနရအုံးမွာလဲ?

ကံမေကာင္းစြာျဖင့္ ဝမ္႐ႊမ့္လို လူမ်ိဳးကေတာ့ သူမ ယခုလို လုပ္ခဲ့တာေတာင္ လက္ခံလိုစိတ္ မရွိဆဲ။

သို႔ျဖစ္ရာ ျပန္ထရန္ ျငင္းဆန္ၿပီး တစ္သက္လုံး ဒူးေထာက္ေနျခင္းကေတာ့ ေကာင္းေသာ သစၥာရွိျခင္းမ်ိဳး မဟုတ္ဘဲ အတင္းအဓမၼ အက်ပ္ကိုင္သည့္ သေဘာမ်ိဳး သက္ေရာက္သြားေပလိမ့္မည္။သူမအေနႏွင့္ ထိုနည္းလမ္းမ်ိဳး မသုံးခ်င္ေပ။

ဝမ္႐ႊမ္ သက္ျပင္းခ်လိဳက္၏။မု႐ုံဖုန္းလည္း နဂိုေနရာတြင္ ျပန္ထိုင္ၿပီးမွ

"ကြၽန္မေတာ့ျဖင့္ တစ္ခါမွေတာင္ စိတ္ကူးမယဥ္ခဲ့မိဘူး။ဒီေလာက္ အတိုင္းအတာအထိ ေရွာင္လို႔ရမယ့္ ေန႕မ်ိဳး ရွိလာလိမ့္မယ္လို႔ေလ"

ဝမ္႐ႊမ့္ႏွဖူးေပၚမွ ေခြၽးေစးမ်ား က်လာရေတာ့
သည္။သူ ဘာျပန္ေျပာရမွန္းကို မသိေတာ့ေခ်။ေကာင္းေသာ အရာသည္ကား ဤစကားမ်ားဟာ ေလးနက္ေသာ အဓိပ္ပါယ်ၿမိဳး မပါဘဲ စေနာက္ျခင္းသာ ျဖစ္ေနခဲ့သည္။မု႐ုံဖုန္းက ဆက္ေျပာေလ၏။

"တျခားနည္းလမ္းအေၾကာင္း ေျပာရရင္ေတာ့ သန့္စင္တဲ့ ေရရင္းျမစ္ေၾကာ ေနာက္တစ္ခုကို ထပ္ရွာမွပဲရမွာ။ဒါေပမယ့္ ဒီလိုကိစၥမ်ိဳးက ရွာဖို႔သာ လြယ္တယ္ဆိုရင္ ဘာလို႔မ်ား ကြၽန္မ ဒီေလာက္အၾကာႀကီး ခံစားေနရအုံးမွာလဲ?15ႏွစ္ေတာင္ ၾကာခဲ့ၿပီရွင္။အသခၤ်ေရာင္ျခည္အဖြဲ႕ရဲ႕ ခြန္အားေတြကို အလုံးအရင္းသုံးၿပီး ႀကိဳးစားခဲ့တာေတာင္ ဒီေန႕မွာ ရွင့္ကို ေတြ႕ခြင့္ရဖို႔ေလာက္ေလးပဲ လုပ္နိုင္ခဲ့တယ္"

"ဒီ15ႏွစ္လုံး ဘာသဲလြန္စမွ ရွာမေတြ႕ခဲ့ဘူးလား?"

မု႐ုံဖုန္းက ျပန္မေျဖခဲ့ေပ။တြန့္ဆုတ္ေနပုံရၿပီး လက္တစ္ေခ်ာင္းကို အသာျမႇောက္၍ ေဘးမွ လက္ရန္းကို ခပ္ဖြဖြ တို႔ထိလိုက္သည္။

"မု႐ုံရွန္းက်စ္"

"ဘာသဲလြန္စပဲရွိရွိ ကြၽန္ေတာ့္ကို ေျပာျပေပးပါ။ကြၽန္ေတာ္ မင္းကို ေသခ်ာေပါက္ ကူညီပါ့မယ္"

မု႐ုံဖုန္းက အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနခဲ့သည္။ထို႔ေနာက္ ေခါင္းခါျပ၍ သက္ျပင္းတစ္ခ်က္ခ်ကာ

"ထားလိုက္ပါေတာ့"

ဝမ္႐ႊမ့္အမူအက်င့္က အလြန္ကို ရွင္းလင္းေနခဲ့ၿပီး ျဖစ္သည္။သူသည္ လူေကာင္းတစ္ေယာက္ ျဖစ္၏။မု႐ုံဖုန္းကို ကူညီခ်င္ပါေသာ္လည္း အျပန္အလွန္အားျဖင့္ ထိမ္းျမားလက္ထပ္ျခင္းကိုေတာ့ လက္မခံနိုင္ေပ။အတင္းအက်ပ္ လိမ္ရစ္ထားေသာ ဖရဲသီးဟာ ဘယ္
ေတာ့မွ ခ်ိဳျမနိုင္မဟုတ္။ထိုအယူအဆကို မု႐ုံဖုန္းလည္း နားလည္ပါ၏။

"က်င့္ႀကံသူဝမ္...ရွင့္ရဲ႕ ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္။ဒါေပမယ့္ အသေခၤ်ေရာင္ျခည္အဖြဲ႕ေတာင္ မလုပ္နိုင္ခဲ့တဲ့ ကိစၥတစ္ခုကို ရွင္က ဘယ္ေလာက္အထိမ်ား ကူညီေပးနိုင္ပါ့မလဲ?"

"မဆုံးျဖတ္ခင္ အရင္ႀကိဳးစားၾကည့္သင့္တ
ယ္"

ဝမ္႐ႊမ္က ျပတ္ျပတ္သားသား ျပန္ေျပာခဲ့သည္။

"ႀကိဳးစားၿပီးတာေတာင္ အရာမထင္ခဲ့ရင္ေရာ?"

ဝမ္႐ႊမ့္စကားမ်ားမွာ ျပတ္ေတာက္သြားရေတာ့သည္။

"အဲ့ဒီလိုသာ ျဖစ္ခဲ့ရင္ ရွင္က ကြၽန္မရဲ႕ ေနာ
က္ဆုံးေသာ ေမွ်ာ္လင့္ခ်က္ ျဖစ္သြားေတာ့မွာ"

မု႐ုံဖုန္းက သူ႕ကို ၾကည့္၏။

"တကယ္လို႔ အဲ့ဒီအခ်ိန္ ေရာက္လာခဲ့ရင္ ရွင္ ကြၽန္မနဲ႕ ထိမ္းျမားဖို႔ ဆႏၵရွိလာမွာလား?"

ဝမ္႐ႊမ့္အေျဖကို ေစာင့္မေနဘဲ မု႐ုံဖုန္းသည္ လက္ရန္းကို ဖိ၍ ဝိဥာဥ္စြမ္းအင္အခ်ိဳ႕ သုံးလိုက္ရာ ေက်ာက္စိမ္းအပိုင္းအစ တစ္ခုက သူမ၏ လက္ထဲ၌ ေပၚလာခဲ့သည္။ထို႔ေနာက္ လက္ေခ်ာင္းေလးမ်ားကို ေတာက္လိုက္ရာ ထိုေက်ာက္စိမ္းအပိုင္းအစက ဝမ္႐ႊမ့္အေရွ႕သို႔ ေမ်ာလြင့္လာေတာ့သည္။

"လြန္ခဲ့တဲ့ 15ႏွစ္အတြင္း အသေခၤ်ေရာင္ျခည္အဖြဲ႕ရဲ႕ ႀကိဳးစားအားထုတ္မႈေတြ အကုန္လုံး အဲ့ဒီထဲမွာရွိတယ္။က်င့္ႀကံသူဝမ္ ရွင္ ဘယ္လို ေျဖရွင္းမလဲ?"

အေရွ႕မွ ေက်ာက္စိမ္းအပိုင္းအစကို ဝမ္႐ႊမ္ ၾကည့္လိုက္၏။၎သည္ ပူႏြေးေနေသာ အာလူးတစ္လုံးပမာ။

ယခုအခ်ိန္တြင္ မု႐ုံဖုန္းက သူ႕ကို အကူအညီေတာင္းေနျခင္း ျဖစ္ၿပီး သူသာ ေက်ာက္တုံးလို မာေက်ာေသာ ႏွလုံးသားျဖင့္ ျပတ္ျပတ္သားသား ျငင္းဆန္လိုက္ပါက မု႐ုံဖုန္းအေနႏွင့္ ဘာမွ ဆက္လုပ္လို႔ရမည္မဟုတ္။အဆုံးတြင္ ဤျပသနာဟာ သူႏွင့္ သက္ဆိုင္ျခင္း အလ်ဥ္းမရွိေပ။

သို႔ေသာ္ ေက်ာက္စိမ္းအပိုင္းအစကို သူၾကည့္လိုက္မည္ဆိုလွ်င္ေတာ့ မု႐ုံဖုန္း၏ ျပသနာထဲသို႔ စိတ္လိုလက္ရ ဝင္ပါၿပီးသား ျဖစ္သြားလိမ့္မည္။ေနာက္မွ ျပန္႐ုတ္သိမ္းခ်င္လွ်င္ေတာ့ လြယ္ကူေတာ့မည္မဟုတ္။

ဟုတ္တယ္...ႀကိဳးစားၿပီးတာေတာင္ အရာမ
ထင္ခဲ့ရင္ေရာ?

ထိုျပသနာသာ တကယ္ျဖစ္လာခဲ့လွ်င္ သူအတင္းအက်ပ္ ထိမ္းျမားျဖစ္မလား၊မျဖစ္ဘူးလားဆိုတာကိုေတာင္ ေျပာရခက္ေနခဲ့သည္။မည္သို႔ပင္ျဖစ္ေစ ထိုအခ်ိန္ေရာက္မွ ေနာက္ျပန္ဆုတ္ရန္ အစြမ္းကုန္ ႀကိဳးစားလွ်င္ေတာင္ အႏၱရာယ္ကင္းကင္း လြတ္ေျမာက္လာနိုင္မည္ မဟုတ္ေခ်။

ဒီအမ်ိဳးသမီးကို တစ္မ်ိဳးၿပီး တစ္မ်ိဳး ေမွ်ာ္
လင့္ခ်က္ေတြ ေပးေနမိတယ္။တကယ္လို႔
ကိုယ္တိုင္ ေရွာင္ထြက္ခ်င္ခဲ့တဲ့ အေျခအေန
ကိုသာ ျပန္ေရာက္သြားခဲ့ရင္ သူ ဘယ္လို ရင္
ဆိုင္ရပါ့မလဲ?

တစ္ခါတစ္ရံတြင္ ႀကိဳးစားၿပီးမွ ရႈံးနိမ့္သြားျခင္းက ဘာမွမလုပ္ဘဲ ေနျခင္းထက္ ပိုဒုကၡမ်ားတတ္၏။

ဝမ္႐ႊမ္သည္ ဤျပသနာတစ္ခုလုံးကို အခ်ိန္အတိုင္းအတာတစ္ခုအထိ မတ္တပ္ရပ္၍ စဥ္းစားၿပီးမွ လက္ကို ေဝ့ယမ္း၍ ေက်ာက္စိမ္းအပိုင္းအစကို သူ႕ဝတ္႐ုံထဲသို႔ လက္ခံလိုက္သည္။

"မု႐ုံရွန္းက်စ္"

လက္ႏွစ္ဖက္ကို ယွက္၍ ခိုင္မာစြာ စကားဆိုလိုက္၏။

"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ မႀကိဳးစားဘဲ မေနသင့္ဘူး"

ဤစကားကို ေျပာၿပီးသည္ႏွင့္ ႏႈတ္ဆက္ကာ အခန္းဆီသို႔ ျပန္လာခဲ့ေတာ့သည္။

မု႐ုံဖုန္းသည္ ထိုင္ခုံေပၚတြင္ မွီေနရင္း ဝမ္႐ႊမ့္ေက်ာျပင္ကို ေငးၾကည့္ကာ ေခါင္းခါလိုက္ေလသည္။

စၾကၤန္လမ္းအတိုင္း ဝမ္႐ႊမ္ ျပန္ေလွ်ာက္လာရင္း သူ႕တစ္ကိုယ္လုံး ေျပေလ်ာ့သြားရေတာ့သည္။သူ႕ေက်ာျပင္တြင္ ေခြၽးေစးမ်ား စို႐ႊဲေနျခင္းေၾကာင့္ ခ်မ္းစိမ့္စိမ့္ေတာင္ ျဖစ္လာခဲ့သည္။စကားဝိုင္းက အႏၱရာယ္ကင္းသည္ဟု ထင္ရေသာ္လည္း အရွိန္ျပင္းျပင္း ေတာက္ေလာင္ေနေသာ မီးျဖင့္ တစ္ခ်ိန္လုံး ထည့္ျပဳတ္ေနသလို ခံစားရေစသည္။ေကာင္းေသာအခ်က္ကေတာ့ သူဆုံးျဖတ္ခ်က္ခ်ၿပီးသည္ႏွင့္ စိတ္ႏွလုံးသားမွာ တစ္ၿပိဳင္နက္ သက္ေတာင့္သက္သာ ျဖစ္လာျခင္းပင္။

သူသည္ သန့္စင္ေသာ ေရရင္းျမစ္ေၾကာကို ရွာေဖြ၍ ကိုယ္ပိုင္နည္းလမ္း သုံးကာ မု႐ုံဖုန္းကို ကယ္တင္ေပးမည္ ျဖစ္သည္။

ဤအေၾကာင္းကို ေတြးရင္း ေက်ာက္စိမ္းအပိုင္းအစထဲသို႔ ျမင့္ျမတ္ေသာ စိတ္စြမ္းအင္ကို ပို႔လႊတ္၍ အထဲမွ အခ်က္အလက္မ်ားကို ေလ့လာလိုက္သည္။

လြန္ခဲ့ေသာ 15ႏွစ္အတြင္း အသေခၤ်ေရာင္ျခည္အဖြဲ႕၏ အလုံးအရင္း ခြန္အားႏွင့္ သန့္စင္ေသာ ေရရင္းျမစ္ေၾကာကို ရွာမေတြ႕ခဲ့လွ်င္ေတာင္ သဲလြန္စအခ်ိဳ႕ေတာ့ ရွာေတြ႕ခဲ့မည္သာ။အမွန္စင္စစ္ကို ေက်ာက္စိမ္းအပိုင္းအစထဲ၌ သဲလြန္စအခ်ိဳ႕ရွိေနခဲ့သည္။၎သည္ သဲလြန္စအေၾကာင္းႏွင့္ ထိုသဲလြန္စအတိုင္း လိုက္ရွာျခင္းမွ ရလဒ္မ်ားကိုပါ အေသးစိတ္ တိတိက်က် မွတ္တမ္းတင္ထားသည္။

အခ်ိဳ႕မွာ မု႐ုံဖုန္း လိုအပ္ေနသည့္ သန့္စင္ေသာေရရင္းျမစ္ေၾကာ မဟုတ္ဘဲ အျခားပစၥ
ည္းတစ္မ်ိဳး ျဖစ္ေနျခင္းျဖင့္ အဆုံးသတ္သြားၿပီး အခ်ိဳ႕ကေတာ့ သူတို႔ထက္ အရင္ လက္ဦးသြားသူတို႔ေၾကာင့္ အဆုံးသတ္သြားရသည္။အခ်ိဳ႕မွာမူ အတုအပ ျဖစ္ေနျခင္းျဖင့္ အဆုံးသတ္သြားခဲ့သည္။ဘာမွရွာမေတြ႕ျခင္းျဖင့္ ကိစၥတုံးသြားျခင္းမ်ားလည္း ရွိသည့္အျပင္ အႏၱရာယ္မ်ားေသာ ေဒသအေျခအေနမ်ားေၾကာင့္ ရွာေဖြရန္ လက္ေလ်ာ့ခဲ့ရျခင္းမ်ားလည္း ပါဝင္ေနခဲ့သည္။

15ႏွစ္ၾကာေအာင္ က်ရႈံးၿပီးေနာက္ အသေခၤ်ေရာင္ျခည္အဖြဲ႕လည္း စိတ္ဓာတ္က်လာခဲ့သည္။ေနာက္ပိုင္းတြင္ ရွာေဖြစစ္ေဆးမႈမ်ားကလည္း ေပါ့ေပါ့ဆဆ ျဖစ္သြားေတာ့သည္။

၎ကို ၾကည့္ရင္း ဝမ္႐ႊမ့္ေခါင္းထဲ၌ အႀကံတစ္ခု ေပၚလာခဲ့သည္။ပုံမွန္ လမ္းေၾကာင္းမ်ားကို ဖယ္ထုတ္၍ ေခ်ာင္ထိုးခံထားရေသာ သဲလြန္စႏွင့္ လမ္းေၾကာင္းမ်ားကို ပထမဆုံး ရွာေဖြရန္ ဆုံးျဖတ္လိုက္သည္။မည္သို႔ပင္ျဖစ္ေစ သဲလြန္စ တစ္စိတ္တစ္ပိုင္းေလးကေတာင္ ေလးနက္ေသာ တာဝန္ႀကီးျဖစ္ေနရာ သူ႕အေနႏွင့္ ပိုတိက်ေသာ အခ်က္အလက္မ်ားကို ရွာေဖြရန္ လိုေနေသးသည္။

ဝမ္႐ႊမ္ ႐ုတ္တရက္ ေတြးလိုက္မိ၏။

က်န္းရီက တျခားကမၻာကေန လာခဲ့တာဆိုေတာ့ ေကာင္းကင္ဘုံရဲ႕ အလိုေတာ္ကို ဖတ္နိုင္တယ္။အဲ့တာေၾကာင့္ သူလည္း တစ္ခုခု သိေနေလာက္တာပဲ။

သို႔ေသာ္ အေစာပိုင္းတုန္းက က်န္းရီ၏ အျပဳအမူကို ျပန္အမွတ္ရသြားၿပီး ဝမ္႐ႊမ့္မွာ မေပ်ာ္မ႐ႊင္ ျဖစ္သြားရျပန္ေလသည္။

သက္ျပင္းခ်ရင္း လွမ္းၾကည့္လိုက္ရာ အေစာပိုင္းတုန္းက သူတို႔ႏွစ္ဦး အေခ်အတင္ျဖစ္ခဲ့ေသာ အခန္းဆီသို႔ အၾကည့္ေရာက္သြားေတာ့သည္။အထဲ၌ က်န္းရီ ရွိေနေသးသည္ကို ျပတင္းေပါက္မွတဆင့္ လွမ္းျမင္လိုက္ရသည္။

သူ႕မ်က္ႏွာသည္ မွိုင္းေမွာင္ေနၿပီး ေခါင္းငုံ႕ထားလ်က္ ႏႈတ္ခမ္းမ်ားကို ေရျပင္ညီမ်ဥ္းအတိုင္း ခပ္တင္းတင္း ေစ့ပိတ္ထားကာ အခန္းေထာင့္တြင္ ကိုယ္ကို က်ဳံ႕၍ ေခြေခြေလး ထိုင္ေနရာ အေတာ္ေလးကို သနားစရာေကာင္းေန၏။

ဝမ္႐ႊမ္ တံခါးတြန္းဖြင့္ၿပီး ဝင္လိုက္သည္ႏွင့္ က်န္းရီက သတိထားမိၿပီး ႐ုန္းကန္နိုင္ေသာ သံပတ္ပမာ ခ်က္ခ်င္း ေခါင္းေထာင္လာခဲ့သည္။

"ဘာလဲ?"

"ဘာေတြ စိတ္မခ်မ္းမသာ ျဖစ္ေနတာလဲ?"

က်န္းရီက ႏႈတ္ခမ္းမ်ားကို ဖိကိုက္ၿပီး ျပန္ေျဖရမည့္အစား ေမးခြန္းတစ္ခုသာ ေမးလာခဲ့သည္။

"အစ္ကိုတို႔ စကားေျပာလို႔ ၿပီးသြားၿပီလား?အဲ့ဒီမု႐ုံရွန္းက်စ္နဲ႕ အစ္ကို႔ၾကားက ကိစၥ....."

"ၿပီးသြားသေလာက္ပါပဲ"

ဝမ္႐ႊမ္သည္ စားပြဲေပၚမွ လက္ဖက္ရည္အိုးကို ယူ၍ တစ္ခြက္ ငွဲ႕ထည့္လိုက္၏။

"သူက အမ်ိဳးသမီးေကာင္း တစ္ေယာက္ပဲ။ဒီႏွစ္ေတြမွာ ေတာ္ေတာ္ေလး ပင္ပန္းခဲ့ရွာတာ။ငါ သူ႕ကို ကူညီရမယ္"

ထိုစကားကို ၾကားလိုက္ရသည့္ သကာလတြင္ က်န္းရီမွာ မိုးႀကိဳးပစ္ခ်ခံလိုက္ရသည့္ႏွယ္ မ်က္ႏွာကလည္း စိမ္းဖန့္သြားလိုက္၊မွိုင္းေမွာင္သြားလိုက္ႏွင့္ မူးေမ့လဲသြားေတာ့မတတ္ ဒယီးဒယိုင္ျဖစ္သြားခဲ့သည္။

ဝမ္႐ႊမ့္မွာ ေဒါသလည္းထြက္ ရယ္ကလည္း ရယ္ခ်င္ ျဖစ္သြားရသည္။

အခုလိုမ်ိဳး ျဖတ္ရိုက္ခံလိုက္ရသလို ပုံပ်က္
ပန္းပ်က္ ျဖစ္ေနမွျဖင့္ေတာ့ ဘယ္လိုထင္လဲေမးေနတုန္းက ဘာလို႔မ်ား စိတ္ထဲရွိတဲ့အတိုင္း ပြင့္ပြင့္လင္းလင္း ထုတ္မေျပာရတာလဲ?

အႏွီအေတြး ေပၚလာသည္ႏွင့္ ဝမ္႐ႊမ္ ခ်က္ခ်င္းကို ေတာင့္တင္းသြားရေတာ့သည္။က်န္းရီ၏ အျပဳအမူကို သူ မေက်မနပ္ ျဖစ္ေနရသည့္ အေၾကာင္းအရင္းမွာ က်န္းရီထံမွ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာမည့္ စကားကို ၾကားခ်င္ေနျခင္းေၾကာင့္ ျဖစ္သည္။ကံမေကာင္းစြာျဖင့္ ယခုအခ်ိန္တြင္ က်န္းရီကို ထိုေမွ်ာ္လင့္ခ်က္အတြက္ အားကိုးလို႔ မရေသးေပ။

"ငါ သေဘာမတူခဲ့ဘူး"

ဝမ္႐ႊမ္ လက္ဖက္ရည္ တစ္ငုံ ထပ္ေသာက္ၿပီးမွ ဆက္ေျပာျပလိုက္၏။

"ျငင္းခဲ့တယ္"

တစ္စကၠန့္ေလာက္ေတာ့ က်န္းရီက သူနားၾကားမွားသြားသည္ဟု ထင္လိုက္မိသည္။တုံ႕
ျပန္ျခင္း အလ်ဥ္းမျပဳနိုင္ဘဲ ဝမ္႐ႊမ့္ကိုသာ အံ့ၾသတႀကီး စိုက္ၾကည့္ေနခဲ့သည္။ထို႔ေနာက္ သူ႕မ်က္ဝန္းမ်ားမွာ ျဖည္းျဖည္းခ်င္း ေတာက္
ပလာေတာ့သည္။

သူ အရမ္းကို ေပ်ာ္ေနၿပီး စက္ဝိုင္းပမာ လွည့္ပတ္ေျပးလႊားလိုက္ခ်င္ေသာ္လည္း ဝမ္းသာမႈႏွင့္ စိတ္လႈပ္ရွားေနျခင္းကို အတတ္နိုင္ဆုံး မ်ိဳသိပ္ထားလိုက္ၿပီး ဘာမွမျဖစ္သည့္ႏွယ္ တမင္သက္သက္ ဟန္ေဆာင္လ်က္။

"တကယ္လား?"

"ဟုတ္တယ္။႐ုတ္တရက္ႀကီး ဇနီးတစ္ေယာ
က္ရသြားတယ္ဆိုတာ အေတြးနဲ႕တင္ ေၾကာက္ဖို႔ေကာင္းတယ္။ငါ လက္မခံနိုင္ဘူး"

ဝမ္႐ႊမ္သည္ ေက်ာက္စိမ္းအပိုင္းအစကို ထု
တ္၍ စားပြဲေပၚသို႔ တင္လိုက္၏။ထို႔ေနာက္ မု႐ုံဖုန္းႏွင့္ ေဆြးႏြေးခဲ့ေသာ စကားဝိုင္းကို အတိုခ်ဳံ႕ ေျပာျပလိုက္သည္။

"ေကာင္းတာကေတာ့ သန့္စင္တဲ့ ေရရင္းျမစ္ေၾကာ ေနာက္တစ္ခုရွာၿပီး သူ႕ကို ကူညီလို႔ ရေသးတယ္။ငါတို႔ ေနာက္တစ္ခုကို ေအာင္ေအာင္ျမင္ျမင္ ရွာနိုင္ခဲ့ရင္ လူတိုင္း အဆင္ေျပသြားလိမ့္မယ္"

က်န္းရီမွာ အေပ်ာ္မဆက္နိုင္ေတာ့ဘဲ 120%
ေလာက္ အာ႐ုံစူးစိုက္၍ ေက်ာက္စိမ္းအပိုင္းအစကို စစ္ေဆးလိုက္သည္။

ဝမ္႐ႊမ္ သူ႕ကို ေဘးတိုက္ၾကည့္ရင္း စိတ္ထဲ၌ တစ္ကိုယ္တည္း ေရ႐ြတ္လိုက္၏။

ဒီဆရာတူညီေလးကေတာ့ ခံစားခ်က္ေတြကိုဖုံးကြယ္တဲ့ေနရာမွာ မေတာ္ဘူးပဲ။

ယခုအခ်ိန္တြင္ က်န္းရီဟာ အလြန္ကို ေပ်ာ္႐ႊင္ေနသည့္အတြက္ သူ႕မ်က္ႏွာမွာ ပန္းသီးခြံပမာ နီေဖ်ာ့ေဖ်ာ့ ေရာင္ေျပးသမ္းေနခဲ့သည္။

စိတ္ကူးမရွိပါဘဲ ဝမ္႐ႊမ္ သူ႕ကို စကားတစ္ခြ
န္း ေျပာလိုက္၏။

"တစ္ခ်ိဳ႕ကိစၥေတြက တကယ္ေတာ့ ငါ သိထားၿပီးသားပါ"

က်န္းရီမွာ ေတာင့္တင္းသြားရၿပီး ဝမ္႐ႊမ့္ကို မေရမရာ ေငးၾကည့္လာခဲ့သည္။

သို႔ေသာ္ ဝမ္႐ႊမ္ကေတာ့ အၾကည့္မ်ားကို အျခားတစ္ေနရာသို႔ ေ႐ႊ႕လိုက္ၿပီး ဘာစကားတစ္ခြန္းမွ ဆက္မေျပာေတာ့ေပ။

က်န္းရီ ပါးစပ္ဖြင့္၍ ေမးရန္ ျပင္လိုက္စဥ္တြ
င္ တစ္စုံတစ္ေယာက္က တံခါးေခါက္လာခဲ့သည္။တံခါးဖြင့္ၾကည့္လိုက္ရာ မု႐ုံဖုန္း၏ အ
ေစခံတစ္ေယာက္က အေပါက္ဝတြင္ ရပ္ေန
၏။သူမက သူတို႔ႏွစ္ဦးကို ယဥ္ေက်းစြာ ႏႈတ္ဆက္လာၿပီး

"ရွန္းက်စ္က ကြၽန္မကို ေျပာခိုင္းလိုက္လို႔ပါ။အေရးႀကီးကိစၥ မရွိဘူးဆိုရင္ က်င့္ႀကံသူဝမ္ကို ထြက္မသြားဘဲ ဒီမွာ ေနလို႔ရသေလာက္ ေနေပးဖို႔ေမွ်ာ္လင့္ပါတယ္တဲ့"

ယခင္က မု႐ုံဖုန္း ေျပာခဲ့ေသာ စကားကို ဝမ္႐ႊမ္ျပန္သတိရသြား၏။ဤအေဆာက္အအုံထဲတြင္ သူရွိေနသေ႐ြ႕ မု႐ုံဖုန္း၏ ေဝဒနာက အတန္ငယ္ သက္သာေနေပလိမ့္မည္။သို႔ျဖစ္ရာ သူမ ဆိုလိုေသာ အဓိပ္ပါယ်ကို နားလည္သည့္အတြက္ ခ်က္ခ်င္း သေဘာတူေပးလိုက္သည္။

အေစခံမိန္းကေလးက ေက်းဇူးတင္စကား
ေျပာၿပီး တေလးတစား ျပန္ထြက္သြားခဲ့သ
ည္။

"ဒါက အစ္ကို အျပင္ေတာင္ ထြက္လို႔မရဘူးဆိုတဲ့ သေဘာပဲမို႔လား?"

က်န္းရီက မ်က္ေမွာင္ႀကဳံ႕လိုက္၏။

"ငါလည္း ဒီရက္ပိုင္းအတြင္း ဝိဥာဥ္စြမ္းအင္ သုံးလို႔ မရေသးဘူးေလ။ဒီမွာ ေနၿပီး နားလိုက္တာ ပိုေကာင္းပါတယ္"

"မင္းနဲ႕ ငါ့အတြက္ေတာ့ ႀကီးႀကီးမားမား ျပသနာမဟုတ္ေပမယ့္ သူ႕အတြက္ကေတာ့ ေသ
ေရးရွင္ေရး ကိစၥပဲ။အကူအညီျဖစ္မယ္ဆိုရင္ ငါ တတ္နိုင္သေလာက္ လုပ္ေပးရမယ္"

"ဟုတ္ပါၿပီ။ဒါဆိုလည္း သူ ေျပာတဲ့အတိုင္းပဲ လုပ္ၾကမယ္"

"ဒါေပမယ့္ ကြၽန္ေတာ္လည္း ဒီမွာပဲ ေနမယ္ေနာ္။အစ္ကို တစ္ခုခု လိုအပ္တာရွိရင္ ကြၽန္ေတာ္ လုပ္ေပးလို႔ ရေအာင္ေပါ့"

"မင္း ေနခ်င္တယ္ဆို ေနေလ။ဒီေနရာမွာ မင္းအတြက္ အခန္းမရွိတာမွ မဟုတ္တာ"

ဤစကားကို ေျပာရင္း တစ္စုံတစ္ခုကို ဝမ္႐ႊမ္ ႐ုတ္တရက္ သတိရသြားၿပီး ေခါင္းေမာ့လ်က္ အၿပဳံးမမည္ေသာ အၿပဳံးတစ္ပြင့္ျဖင့္

"ေျပာရင္းမွပဲ ငါ မင္းကို အခုခ်က္ခ်င္း လုပ္ခိုင္းစရာ တစ္ခု ရွိတယ္"

"ဘာမ်ားလဲ?"

"ကေလး ဘယ္မွာလဲ?"

"............"

အန္ဖုန္းၿမိဳ႕သို႔ ေခၚလာခင္တြင္ သူတို႔ႏွစ္ဦးစလုံး ေလလံပြဲသို႔ တက္ေရာက္လိုျခင္းေၾကာင့္ ကေလး ေခၚလာျခင္းက အဆင္မေျပျဖစ္လိမ့္မည္ဟု ထင္ခဲ့ၾကသည္။ထို႔ေၾကာင့္ ကေလးကို တည္းခိုေဆာင္တြင္ ထားခဲ့ျခင္း ျဖစ္သည္။

မူလက နာရီအနည္းငယ္ေလာက္သာ ၾကာျမင့္မည္ဟု ထင္ခဲ့သည့္အတြက္ ကေလးကို ၾကည့္ထားေပးရန္ ဝိဥာဥ္ေက်ာက္တုံးအခ်ိဳ႕ သုံး၍ လူငွားခဲ့ျခင္းျဖစ္သည္။သို႔ေသာ္ မေမွ်ာ္လင့္ထားေသာ ကိစၥမ်ား ျဖစ္ပ်က္သြားၿပီး သူတို႔ႏွစ္ဦးစလုံး ဤေနရာတြင္ နားၾကမည္ျဖစ္ရာ ကေလးကိုသြားေခၚရန္ လိုလာေတာ့သည္။

တည္းခိုေဆာင္သို႔ က်န္းရီ ေရာက္လာသည္ႏွင့္ ခ်က္ခ်င္း ေဒါသထြက္သြားရသည္။

ဝိဥာဥ္ေက်ာက္တုံးမ်ားကို လက္တစ္ဆုပ္စာေလာက္ သုံးခဲ့ေသာ္လည္း တည္းခိုေဆာင္မွ လူက ေတာ့ သုံးစားလို႔ကို မရေခ်။ကေလးငယ္မွာ လက္ရွိတြင္ ပင္ပန္းေနလ်က္ ဗိုက္လည္း ဆာေနရွာသည္။ေဘာင္းဘီထဲတြင္ေတာင္ က်င္ငယ္စြန့္ထား၏။သူ မည္မွ်ၾကာေအာင္ ငိုေနခဲ့ေၾကာင္း မွန္းဆ၍ပင္ မရနိုင္ေခ်။

က်န္းရီသည္ ကေလးငယ္ကို အလ်င္အျမန္ ေပြ႕ခ်ီၿပီး ဟိုဟိုသည္သည္ ေျပးလႊားလ်က္ ေသလုမတတ္ အပင္ပန္းခံလိုက္ရၿပီး ေနာက္ဆုံးတြင္ေတာ့ ကေလးငယ္ကို သန့္ရွင္းေပးၿပီး အိပ္ေပ်ာ္သြားေအာင္ ေခ်ာ့ျမဴနိုင္ခဲ့သည္။ထို႔ေနာက္ က်န္းရီသည္ ဝတ္႐ုံလက္ကို ခါ၍ တည္းခိုေဆာင္မွ လူႏွင့္ ကိစၥရွင္းရန္ ခ်က္ခ်င္း ထြက္လာခဲ့သည္။

အႏွီ ႐ုတ္႐ုတ္သဲသဲ ျပသနာႀကီး ၿပီးသြားကာမွ ကေလးကို မု႐ုံဖုန္း၏ အေဆာက္အအုံသို႔ ျပန္ေခၚလာရာ နာရီအခ်ိဳ႕ပင္ ၾကာျမင့္သြားခဲ့ၿပီး သူလည္း လုံးဝကို ပင္ပန္းသြားရသည္။

ဝမ္႐ႊမ္သည္ ကေလးငယ္ကို ရင္ခြင္ထဲသို႔ အျမန္လႊဲယူလိုက္၏။က်န္းရီလည္း ခ်က္ခ်င္း အိပ္ေပ်ာ္သြားေတာ့သည္။

ေကာင္းေသာ အခ်က္ကေတာ့ ဝမ္႐ႊမ္ဟာ က
ေလးငယ္ကို ေစာင့္ေရွာက္ရာ၌ အေတြ႕အႀကဳံ ရွိေနၿပီး ျဖစ္သည္။သူ တစ္ေယာက္တည္း ေစာင့္ေရွာက္ရလွ်င္ေတာင္ အခက္အခဲ မရွိေတာ့သည့္အျပင္ က်န္းရီလို ရွက္႐ြံ႕ၿပီး ပ်ာ
ယာခတ္ေနျခင္းမ်ိဳးလည္း မရွိေပ။

ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနေသာ က်န္းရီကို ျမင္လိုက္ရျခင္းေၾကာင့္ ဝမ္႐ႊမ္လည္း အႏွောင့္အယွက္ မေပးလိုသည့္အတြက္ ကေလးကို အခန္းထဲမွ ေခၚထုတ္လာခဲ့သည္။

ဝမ္႐ႊမ္ စၾကၤန္လမ္းသို႔ ထြက္လာအခိုက္တြင္ ေလွကားမွ ဆင္းလာေသာ မု႐ုံဖုန္းႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕လိုက္ရျခင္းေၾကာင့္ ႏႈတ္ဆက္ရန္ သူမဆီ ေလွ်ာက္လိုက္၏။

မု႐ုံဖုန္းသည္ သူမ၏ ခႏၶာကိုယ္ အလြန္သက္
သာလာသည္ဟု ခံစားရေသာေၾကာင့္ ေက်းဇူးတင္စကားေျပာရန္ အထူးတလည္ လာခဲ့ျခင္း ျဖစ္ေသာ္လည္း ႐ုတ္တရက္ဆိုသလို ကြၽမ္းကြၽမ္းက်င္က်င္ ကေလးခ်ီထြက္လာေသာ ဝမ္႐ႊမ့္ကို ျမင္လိုက္ရစဥ္မူ မ်က္ႏွာအမူအရာမွာ ေတာင့္တင္းသြားရေတာ့သည္။

"ဒီကေလးက?"

"ကြၽန္ေတာ္နဲ႕ ဆရာတူညီေလးက်န္းရဲ႕ ကေလးပါ"

ဝမ္႐ႊမ္က နည္းနည္းေလးမွေတာင္ အမွားအယြင္း မရွိသလို အလြန္ေခ်ာေမြ႕စြာ ျပန္ေျဖခဲ့ေလသည္။

      .............................................

Continue Reading

You'll Also Like

7.6K 638 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...
100K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
52.2K 4.1K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
42.1K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...