Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1M 55.9K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉
Inner Art မိတ်ဆက် ❤️

Chapter - 49

11.6K 656 40
By MikkyLay1

ဒီနှစ်အတွက် ကုမ္ပဏီရဲ့အစုရှယ်ယာအဖွဲ့ဝင်ခွင့်ကို ပိတ်သိမ်းလိုက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ချို့ကိုလဲ ရပ်နားလိုက်သည် ။ ဥက္ကဌ ဧကရာဇ်မောင်ရဲ့ ချမ်းသာကြွယ်ဝမှုတွေက ဘယ်သူမှလိုက်မမှီနိုင်တဲ့ အဆင့်မှာရောက်ရှိနေပြီး တိုးတက်မှုရာခိုင်နှုန်းတွေကိုထပ်မံမြှင့်တင်နိုင်လျှင် ကမ္ဘာအဆင့်မှီတဲ့အထိ ရောက်ရှိနိုင်သည် ။

သို့ပေမဲ့ ကမ္ဘာ့နေရာအနှံ့က နိုင်ငံအသီးသီးမှာဖြန့်ချီထားတဲ့ လုပ်ငန်းတွေရဲ့ရင်းနီးမြှုတ်နှံမှုကို ရပ်ဆိုင်းလိုက်တော့ အဖွဲ့ဝင်တစ်ချို့က နှမြောနေကြပြီး ဥက္ကဌဘာကြောင့် ဆက်ပြီးမချဲ့ထွန်ချင်တော့မှန်း နားမလည်တော့ခြေ ။

လက်ထောက်ဖြစ်သူသက်မောင်က အစည်းအဝေးခန်းမထဲသို့ ဝင်လာခဲ့ပြီး ဥက္ကဌဧကရာဇ်မောင်ထံ တိုးတိုးလေးပြောလိုက်သည် ။

" ဥက္ကဌ … C မြို့ရဲ့အကြီးမားဆုံးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ရှန်ဟွှာအဖွဲ့အစည်းကဆက်သွယ်လာတယ် … ဥက္ကဌပိုင်ဆိုင်တဲ့ C မြို့ရဲ့မြေကွက်တစ်ခုပေါ်မှာ အဆောက်အဦးတစ်ခုဆောက်လုပ်ဖို့နဲ့ ဒီဇိုင်းရေးဆွဲဖို့အတွက်  သူတို့နဲ့ပူးပေါင်းဖို့ ကမ်းလှမ်းချင်လို့ပါတဲ့ … သူတို့နဲ့ပူးပေါင်းရင် အပေးအယူအနေနဲ့ ဥက္ကဌရဲ့လုပ်ငန်းထဲမှာ  ရင်းနှီးမြှုတ်နှံပါမယ်လို့ပြောတယ် "

အားလုံးက ရှန်ဟွှာဆိုတဲ့နာမည်ကြားတော့ အံ့အားသင့်ကုန်ကြသည် ။ ရှန်ဟွှာက စီးပွားရေးလောကမှာ အကျော်ကြားဆုံးဖြစ်သလို ရှန်ဟွှာရဲ့သခင်ကြီးက အမှောင်လောကရဲ့ဘုရင်တစ်ပါးဖြစ်သည် ။

သူသာမြေကိုလိုချင်လျှင် ခွင့်ပြုချက်တောင်းစရာမလိုပဲ သိမ်းပိုက်နိုင်ကာ ဧကရာဇ်မောင်လို ကမ္ဘာ့အဆင့်မှီမဟုတ်တဲ့ အဖွဲ့အစည်းထံကနေ ဒီဇိုင်းရေးဆွဲဖို့အတွက် အလွယ်တကူဖိအားပေးနိုင်သည့်အာဏာရှိသည် ။ ခုလိုကမ်းလှမ်းမှုက သူတို့အတွက်တော့ ဘုရားပေးတဲ့ဆုလဒ်တစ်ခုလိုပင် ။

ဧကရာဇ်မောင်ရဲ့လုပ်ငန်းစုက M နိုင်ငံရဲ့အဆင့် 1 မှာရှိနေလျှင်တောင် ကမ္ဘာအဆင့်နှင့်ကြည့်လျှင် 1 to 10 ဝင်နိုင်ဖို့အတွက် လိုအပ်ချက်ရှိနေသေးသည် ။ ရှန်ဟွှာကတော့ ကမ္ဘာအဆင့် 1 to 10 မှာ 3 နေရာမှာရှိနေပြီး C နိုင်ငံရဲ့ အင်အားအကောင်းဆုံးအဖွဲ့အစည်းဖြစ်သည် ။

ထိုအဖွဲ့အစည်းနှင့်သာ ချိတ်ဆက်လုပ်ကိုင်နိုင်လျှင် ဧကရာဇ်မောင်ရဲ့အောင်မြင်မှုအဆင့်က ချက်ချင်း 1 to 10 ဝင်ကာ အခွင့်အလမ်းများစွာ ရရှိလာနိုင်သည် ။ အဖွဲ့ဝင်တွေက ထိုအခွင့်အရေးကို လက်ခံဖို့ တွန်းအားပေးလာကြသည် ။

" ဥက္ကဌ … ဒါက ၂ ခါမရနိုင်တဲ့အခွင့်အရေးပါ … ရှန်ဟွှာလိုအကြီးမားဆုံးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းနိုင်ဖို့ဆိုတာ အိမ်မက်တောင် မမက်နိုင်တဲ့အခြေအနေပါ "

" ရှန်ဟွှာဘက်က ကမ်းလှမ်းမှုကို တွေဝေမနေပဲလက်ခံလိုက်ပါ … ဥက္ကဌအတွက် ကံအကောင်းဆုံး ဆုလဒ်တစ်ခုကို မဆုံးရှုံးစေချင်ပါဘူး "

" ဟုတ်ပါတယ် … လက်ခံလိုက်ပါ "

" နောက်ဆုံးအနေနဲ့ လက်ခံလိုက်ပါ "

ဧကရာဇ်မောင်အစည်းအဝေးပွဲကို ချက်ချင်းရပ်လိုက်ပြီး ထွက်လာခဲ့သည် ။ ရုံးခန်းထဲရောက်တော့ စီးကရက်တစ်လိပ်ဖွာလိုက်ပြီး ရှုတ်ထွေးနေတဲ့ စိတ်တွေကို ရှင်းထုတ်လိုက်သည် ။

အရင်တုန်းက နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေနဲ့ လုပ်ငန်းပူးပေါင်းမှုတွေကို လက်ခံကာ နေရာအနှံ့ခရီးသွားပြီး လုပ်ငန်းပေါင်းစုံလုပ်ကိုင်ခဲ့သည် ။ သူ့ရဲ့ရည်ရွယ်ချက်က တိုးတက်အောင်မြင်ပြီး အဆင့်ကောင်းကောင်းရရှိဖို့ထက် ကုမုဒြာကို ရှာဖွေဖို့အတွက်ခရီးထွက်နေခြင်းဖြစ်သည် ။

ခုတော့ ကုမုဒြာဟာ သူ့ရဲ့အနားသို့ ပြန်လည်ရောက်ရှိလာပြီမို့ ခရီးထွက်စရာမလိုတော့ပေ ။ ဒါကြောင်း တွေဝေမှုမရှိလေပဲ သူ့အတွက်အရေးမကြီးတော့တဲ့ အလုပ်ပိုစေတဲ့အရာတွေကို ရပ်နားလိုက်ခြင်းဖြစ်သည် ။ သို့ပေမဲ့ ဒီတစ်ကြိမ်ကမ်းလှမ်းမှုက သူ့အတွက်ငြင်းပယ်ရန်ခက်ခဲနေသည် ။

C မြို့မှာ ဧကရာဇ်မောင်ရဲ့ရင်းနှီမှုအချို့ရှိနေပြီး အတော်အသင့်အောင်မြင်မှုရရှိထားသည် ။ ရှန်ဟွှာနှင့်သာ ချိတ်ဆက်နိုင်လျှင် ရှန်ဟွှာရဲ့အသိမိတ်ဆွေများနှင့်လဲ တွေ့ဆုံခွင့်ရပြီး အလွန်ကောင်းမွန်တဲ့ တိုးတက်မှုရာခိုင်နှုန်းတွေရရှိကာ သူတစ်နှစ်လောက်အချိန်ပေးရမဲ့အရာက လပိုင်းလောက်နဲ့အောင်မြင်သွားနိုင်သည် ။

ကမ်းလှမ်းမှုကို လက်ခံလိုက်လျှင် ရှန်ဟွှာနှင့်ပူးပေါင်းဖို့အတွက် သူကိုယ်တိုင် C မြို့ကိုသွားရောက်ကာ တွေ့ဆုံပြီးရင်းနှီးမှုယူရမည် ။ သူတို့လုပ်ဆောင်ချင်တဲ့ ကိစ္စတိုင်းအတွက် အချိန်ပေးပြီးပူးပေါင်းပါဝင်ပေးရမည် ။ သူတို့ဆောက်လုပ်မဲ့ အဆောက်အဦးအတွက် ဧကရာဇ်ထံကအကြံတစ်စုံတစ်ရာ ရယူချင်နေတာလဲဖြစ်နိုင်သည် ။ ဧကရာဇ်မောင်ရဲ့ အဆောက်အဦးဒီဇိုင်းရေးဆွဲပုံတွေက အဆင့်မှီပြီးဆန်းသစ်ကာ လူစိတ်ဝင်စားမှုများသည် ။

အဆောက်အဦးအတွက် အကူအညီတောင်းဖို့ဆိုလျှင်တော့ အရင်လို ၁ လလောက်နဲ့မရတော့ပဲ လအနည်းငယ်ကြာအောင် ခရီထွက်ရလိမ့်မည် ။ ဒီလိုဆို မုဒြာသူ့ကိုပေးထားတဲ့အခွင့်အရေးတွေ ဆုံးရှုံးကာ ထပ်ပြီးဝေးကွာသွားမှာကို ကြောက်မိသည် ။ ရှားပါးတဲ့အခွင့်အရေးနဲ့ အရေးကြီးဆုံးလူတစ်ယောက် ထို ၂ ခုကြား ဘယ်ဟာကိုရွေးချယ်ရမလဲ ဧကရာဇ်မောင် လမ်းပျောက်နေသည် ။
*

*

*

ဒီနေ့ကျောင်းပိတ်ရက်မို့ မုဒြာဆိုင်မှာအချိန်ပြည့်ရှိနေသည် ။ လာဝယ်သူတွေအတွက် မုဒြာကိုယ်တိုင် မုန့်တွေကို ထုတ်ပိုးကာ ဝယ်ယူသူတွေအား ကမ်းပေးနေသည် ။ မုန့်တွေက လက်မလည်နိုင်အောင် ရောင်းကောင်းပြီး ဆိုင်ထဲသို့ အဝယ်လာသူမပျက်ပေ ။

ဆိုင်ထဲသို့ လူတစ်ယောက်ဝင်လာတိုင်း မုန့်လုပ်နေရင်းကနေ မုဒြာမကြာခနကြည့်နေတတ်သည် ။ ဘယ်သူမှဝင်မလာလျှင်တောင် သူ့ရဲ့အကြည့်တွေက တံခါးဝထံ မကြာမကြာရောက်နေတတ်သည် ။ နောက်ဆုံး အမဒါလီက မနေနိုင်တော့ပဲ မေးကြည့်လိုက်သည် ။

" ပန်းကလေး … တစ်ယောက်ယောက်ကို မျှော်နေတာလား "

" ဗျာ … မဟုတ်ပါဘူး "

" အမမြင်တာတော့ မင်း တံခါးဝကိုလှမ်းလှမ်းကြည့်နေတာ အခေါက်ပေါင်းမနည်းတော့ဘူး "

" အဲ့ဒါက ကျွန်တော် ပစ္စည်းတစ်ခုမှာထားတာ … လာပို့ပြီလားကြည့်ကြည့်တာပါ "

မုဒြရဲ့မျက်နှာက သိသိသာသာပြောင်းလဲနေကာ တစ်စုံတစ်ယောက်ကို မျှော်နေမှန်း သိသာလှသည် ။ လိမ်ညာတဲ့နေရာမှာမတော်တဲ့မုဒြာကြောင့် အမလီကရိပ်မိနေကာ ခပ်ဟဟရယ်လိုက်ပြီး မုဒြာကိုထပ်မံစနောက်နေပြန်သည် ။

" အမကတော့ ပစ္စည်းပို့တဲ့သူကိုမျှော်နေတာမဟုတ်ပဲ မုန့်ဖုတ်လာသင်တဲ့လူချောလေးကို မျှော်နေတယ်လို့ ပဲ ထင်တယ် "

" အဟမ်း … မဟုတ်ပါဘူး … သူမလာတော့ စိတ်မရှုတ်ရတော့ဘူးပေါ့ … ပိုတောင်ကောင်းသေး "

မုဒြာက အမလီရဲ့စကားလုံးတွေနောက်မှာပါမသွားရလေအောင် သူနယ်နေတဲ့ ဂျုံမှုန့်တွေအပေါ်ကို ပို၍အားထည့်ပြီးနယ်နေသည် ။ အမလီက မုဒြာရဲ့တုန့်ပြန်ပုံကြောင့် ရယ်မောကာ ပို၍စနောက်လိုက်သည် ။

" လူချောလေးက လူတွေအလယ်မှာ နှင်ထုတ်ခံရတော့ ရှက်ပြီးစိတ်ဆိုးသွားတာများလားနော်  … မလာတာ အတော်ကြာနေပြီ "

" သူမအားလို့မလာတာပဲဖြစ်မှာပေါ့ … အရေးကြီးတဲ့အလုပ်တွေကိုပြစ်ထားပြီး ဒီမှာလာပြီးအချိန်ဖြုန်းနေတာ … မလာလေကောင်းလေ "

" သူကမင်းကိုတွေ့ချင်လို့ မပျင်းမရိနဲ့ တစ်နေ့လုံးစောင့်နေခဲ့တာ … သူ့ကိုမသနားဘူးလား "

" မသနားပါဘူး … သူ့ကိုလဲ ဘယ်သူမှလာမစောင့်ခိုင်းဘူး "

" သေချာရဲ့လား ပန်းကလေး …သူမလာတာ တစ်ပတ်တောင်ရှိနေပြီ တကယ်စိတ်မပူဘူးလား "

မုဒြာဘာမှဆက်မပြောတော့ပဲ ဂျုံတွေကိုသာ နယ်နေလိုက်သည် ။ ဧကရာဇ်မောင် သူ့ဖုန်းနံပါတ်ယူသွားစဉ်က ' ကိုယ်မကြာမကြာဆက်သွယ်မယ် ကို့ကို အဖက်လုပ်ပေးပါ ' လို့ တတွတ်တွတ်ပြောခဲ့ပေမဲ့ ခုချိန်ထိ စာတစ်ကြောင်းတစ်လေတောင်မပို့လာသူက ထိုလူကိုယ်တိုင်ပင် ။ မုဒြာက ဖုန်းကိုအကြည့်ရောက်သွားစဉ် မှန်ပေါ်မှာပေါ်လာတဲ့သူ့ပုံသူမြင်ပြီး ရူးနေလားဟုပင် ထင်မိလာသည် ။

* ငါကဘာကိုစိတ်ပူရမှာလဲ … သူကအလုပ်ရှုတ်တဲ့သူ … ဒီကိုလာပြီးအချိန်ဖြုန်းတာထက် သူ့အလုပ်သူလုပ်တာက အကောင်းဆုံးပဲ … ငါဖြစ်စေချင်တာလဲ အဲ့လိုပဲ *

အမလီက အတွေးလွန်းပြီး အထပ်ထပ်နယ်နေတဲ့ မုဒြာလက်ထဲက ဂျုံတုံးကို ဆွဲယူလိုက်ပြီး …

" ပန်းကလေး … ဂျုံကကြာရင်မာတောင်ကုန်တော့မယ် … ပင်ပန်းနေရင် သွားနားပါလား … အမဆက်လုပ်လိုက်မယ် "

" ရပါတယ်အမ "

" ဘယ်ကရတာလဲ … ဒီလောက်အားနည်းတဲ့ပုံပေါ်နေတာ … ကုကုလေးကိုခေါ်ပြီး အခန်းပြန်နားတော့ … အမဆက်လုပ်လိုက်ပြီး ညနေကြအမပဲ ဆိုင်သိမ်းလိုက်တော့မယ် "

ဒီရက်အတွင်း အနည်းငယ်အားနည်းသလို ခံစားနေရ၍ မုဒြာလဲ လက်ခံလိုက်သည် ။

" ဒါဆို အမကိုပဲအပ်ထားတော့မယ် … ကိစ္စတစ်ခုခုပေါ်လာရင် ကျွန်တော့ကို အချိန်မရွေးဆက်သွယ်လိုက်နော် "

" ကောင်းပါပြီ "

မုဒြာလဲ ဆိုင်ထဲမှာကစားနေတဲ့ ကုကုလေးကိုပွေ့ချီကာ အခန်းထံပြန်လာခဲ့ကြသည် ။ အိမ်ရှေ့ခန်းက လူကြီးရဲ့နှောက်ယှက်မှုကို ခံရပြီးနောက် မုဒြာ အခန်းထဲသို့ဝင်သည့်အချိန်တိုင်း စိုးရိမ်မှုတို့ ဖြစ်ပေါ်လာပြီး မလုံခြုံသလို ခံစားနေရသည် ။ ချက်ချင်းအိမ်ပြောင်းဖို့အတွက်ကလဲ ခက်ခဲနေတာကြောင့် သည်းခံကာနေနေရသည် ။

* အဖမ်းခံထားရတဲ့လူတစ်ယောက်ကတော့ ချက်ချင်းကြီး ပြန်မရောက်လာနိုင်ပါဘူး … *

' ဒုံး '

" ပါပါး "

အခန်းတံခါးဖွင့်နေစဉ် ရုတ်တရပ် ဘေးအခန်းကအသံတစ်စုံထွက်ပေါ်လာတော့ ကုကုလေးက မုဒြာလက်အား အလန့်တကြားဖမ်းဆွဲလိုက်သည် ။ ဧကရာဇ်မောင်အနားမှာရှိနေတဲ့အချိန်တုန်းက သားလေးဟာ သတ္တိတွေရှိလာပြီး ထိုလူကြီးကိုတိုက်ခိုက်ရဲပေမဲ့ ခုလို ၂ ယောက်တည်းရှိချိန်မှာဆို သန်မာတဲ့အားထားရာလူမရှိနေ၍ ကြောက်ရွံ့နေရှာသည် ။ အသံကတစ်ချက်သာကြားလိုက်ရပြီး ငြိမ်သွား၍ မုဒြာလဲ ကြွက်တွေကြောင့်ဟုထင်လိုက်သည် ။

" သားလေး ဘာမှမဖြစ်တော့ဘူး … မကြောက်နဲ့တော့နော် "

" ပါပါး ဟိုလူဆိုးကြီး ရောက်လာရင်ရော … ပါပါးကို နာကျင်အောင်လုပ်လိမ့်မယ် "

" သူကအဖမ်းခံထားရပြီးပြီ … ပြန်မလာနိုင်တော့ပါဘူး "

သားလေးနဲ့အတူ အခန်းထဲဝင်လာပြီး တံခါးကိုသော့အသေအချာပြန်ခတ်လိုက်သည် ။ ကုကုလေးကိုစိတ်အာရုံပြောင်းအောင် TV ဖွင့်ပေးထားလိုက်ပြီး မုဒြာလုပ်စရာရှိတာတွေကို လုပ်ကိုင်နေလိုက်သည် ။ ထိုအခါမှကြောက်စိတ်တွေလဲမရှိတော့သလို အားလုံးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည် ။

ညအိမ်ချိန်ရောက်တော့ ဘေးအခန်းက ဘာသံမှမကြားရပဲ တိတ်ဆိတ်နေ၍ မုဒြာလဲ သူတို့အထင်မှားနေမိတာဟုထင်မှတ်ပြီး သားလေးနဲ့အတူ နှစ်ခြိုက်စွာ အိပ်ဆက်လိုက်ကြသည် ။

နောက်တစ်နေ့ တွင်တော့ အမလီက ဘေးအခန်းနဲ့ပတ်သပ်ပြီး တိုးတိတ်စွာ ပြောလာခဲ့သည် ။

" ပန်းကလေး … မင်းအခန်းရဲ့အရှေ့ကအခန်းကလေ အိမ်ရှင်သစ်ပြောင်းလာတာသိလား "

" ဟုတ်လား … ဘယ်အချိန်ကပြောင်းလာတာလဲ  "

" မသိဘူးလား … အသံတွေမကြားရဘူးလား "

" မနေ့က နည်းနည်းတော့ကြားလိုက်တယ် … စိတ်ထင်နေတယ်ထင်လို့ … ဒါနဲ့ အဲ့အခန်းကဒီလောက်ညစ်ပတ်နေတာ ဘယ်လိုလူကလာနေရဲတာလဲ "

" ပြန်ပြီးပြင်ဆင်ထားတယ်လေ … ပြုပြင်တာက မနက်နဲ့နေ့လည်ဘက်အချိန်တွေ … မင်းကအဲ့အချိန်ကျောင်းနဲ့ဆိုင်မှာပဲရှိနေတာဆိုတော့ မသိတာမဆန်းပါဘူး …  ပြောင်းရွှေ့လို့က မနေ့ကပြီးသွားတာ … ဒီနေ့ပိုင်ရှင်သစ် လာနေမယ်လို့ကြားတယ် "

"  Aww "

မုဒြာက သိပ်ပြီးဂရုမစိုက်သလိုပင် ။အမလီက တိုးတိုးလေးကပ်ခါ ပြောလာသည် ။

" သူစိမ်းတွေကို သိပ်ပြီးမယုံနဲ့ နော် … အိမ်ရှင်သစ်က ဟိုလူလိုအရူးတစ်ယောက်ဖြစ်နေမလား မသိနိုင်ဘူး  … ညဘက်တွေသတိထားပြီးနေ … အခန်းတံခါးကိုလွယ်လွယ်မဖွင့်ပေးနဲ့ "

" သိပါပြီ … ကျွန်တော်ကလေးမဟုတ်ပါဘူး "

" ကလေးမဟုတ်လို့စိတ်ပူရတာပေါ့ … ဟိုလူတုန်းက သူ့အခန်းထဲမင်းကအရင်ပြေးဝင်သွားတာလေ … ကံကောင်းတာကဟိုလူချောလေးမင်းကို ကယ်လိုက်နိုင်လို့ပဲ "

" ကျွန်တော့ကို အဲ့အကြောင်းတွေပြန်မပြောပါနဲ့တော့ … နောက်မဖြစ်စေရဘူးလို့ ကတိပေးတယ်  … အခန်းကိုသေသေချာချာပိတ်ထားမှာ … ဘယ်သူမှဝင်မလာစေရဘူး "

" အမလာစောင့်မပေးလို့ဖြစ်လား "

" ဖြစ်ပါတယ် … အိမ်ရှင်သစ်က ဘယ်လိုလူလဲတောင်မသိသေးတာ … အဲ့လောက်ထိကြောက်လန့်နေဖို့မလိုပါဘူး … အဲ့ဒိလူတွေက ဒီလိုမကောင်းတဲ့အခန်းကိုဝယ်တာဆိုတော့ အသက်ကြီးကြီးလူအိုကြီးပဲဖြစ်မှာပေါ့ "

" အင်းပါ … မင်းအဆင်ပြေရင်ပြီးတာပဲ … ဒီနေ့အမအလုပ်အရင်ဆင်းနှင့်မယ် … အမပြန်ရင်ကုကုလေးကို အခန်းပို့ပေးခဲ့ရမလား  "

မုဒြာက မုန့်လာစားသူတွေကိုကြည့်လိုက်ပြီး ဆိုင်နဲ့အပြည့်ရှိနေသေး၍ ဒီနေ့အချိန်ပိုလုပ်ရမည်မှန်း သိလိုက်သည် ။ သားလေးကညမှောင်လာလျှင် သူကြည့်နေကြ TV အစီအစဉ်ကိုမကြည့်ရမနေနိုင်သူမို့ အမလီကိုခေါ်သွားခွင့်ပြုလိုက်သည် ။

" ဒါဆိုအမကိုပဲ ဒုက္ခပေးရတော့မယ် … သားလေးကိုအခန်းထဲမှာထားခဲ့ပြီးရင် တံခါးကိုသော့ခပ်ပေးခဲ့ပါနော် … ကျွန်တော်သော့အပိုပေးထားမယ် "

" စိတ်ချပါ "

အမလီက ညနေ ၆ နာရီမှာပြန်သွားသည် ။ သူလဲတစ်ယောက်ထည်းနေသူမို့ ချက်ပြုတ်စားသောက်ပြီး အနားယူရန်အတွက် မုဒြာဒိထပ်ပိုကာ အချိန်ပိုမဆင်းခိုင်းရပ်ပေ ။ တခြားဝန်ထမ်းတွေက ၅ နာရီခွဲကတည်းက ပြန်သွားကြလေပြီ ။ မုဒြာကအားနာတတ်သူမို့ ဆိုင်ပိတ်ချိန်ရောက်နေလျှင်တောင် ဝယ်ယူသူတိုင်းကို ရောင်းပေးနေသည် ။

ဒီနေ့ကရုံးပိတ်ရက်ဖြစ်တာကြောင့် လူတွေကညမှောင်တဲ့ထိ ဆိုင်မှာထိုင်ကာ စားသုံးနေကြသည် ။ တစ်နေရာထည်းမှာ မုန့်ချိုမျိုးဆုံရရှိပြီး ဈေးသက်သာ၍ လူကြီးလူငယ်အရွယ် ၃ ပါးလုံးလာရောက်စားသုံးကြသည် ။ ဆိုင်ထိုင်စားနိုင်ဖို့အတွက် ပြင်ဆင်ပြီးသွားမှ အတွဲတွေအများအပြားလာရောက်စားသုံးသည့်နေရာတစ်ခုဖြစ်လာသည် ။

ည ၉ နာရီအချိန်ရောက်တော့ မုဒြာ အားနာစွာပင် လာရောက်အားပေးသူ ၁၀ ဦးခန့်ကို ပါဆယ်ထုတ်ပိုးပေးကာ လက်ဆောင်အဖြစ်အပိုတွေထည့်ပေးပြီး ပြန်ခိုင်းရတော့သည် ။ ဝယ်ယူသူတွေကလဲ သဘောကောင်းသည့်ဆိုင်ရှင်အား အပြစ်မယူကြပဲ ကျေနပ်စွာပင် ပြန်သွားကြလေသည် ။ မုဒြာဆိုင်သိမ်းပြီးသွားတော့ အပြင်မှာ အတော်လေးမှောင်နေပြီ ။

မုဒြာရဲ့ဆိုင်ကလမ်းထိပ်မှာရှိနေပြီး သူ့ရဲ့တိုက်ခန်းက လမ်းရဲ့အလယ်မှာရှိသည် ။ လမ်းမီးတိုင်တွေက အနည်းငယ်မှိန်ပြပြဖြစ်နေပြီး လမ်းပေါ်တွင်လဲ လူသူရှင်းလင်းနေသည် ။ မုဒြာ ခုချိန်လောက်ဆို သားလေးအိပ်မောကြနေလောက်ပြီမို့ သားလေးအားကိုယ်လက်သန့်စင်ပေးဖို့အချိန်ရအောင် အမြန်ပြေးလာခဲ့သည် ။

မုဒြာလှေကားပေါ်တက်လိုက်ယုံရှိသေး မြို့ထဲကအဆောက်အဦးတွေအားလုံး မီးပျက်ပြီး ပတ်ဝန်းကျင်ကအမှောင်အတိဖြစ်သွားသည် ။ ထိုအရာက ဖြစ်နေကြမို့ မထူးဆန်းပေမဲ့ အမှောင်ကိုကြောက်တဲ့သားလေး လန့်ပြီးအော်ငိုနေမည်ဆိုးကာ မှောင်ကြီးမဲကြီးထဲကနေ အပေါ်သို့ရောက်အောင် ပြေးတက်လာခဲ့သည် ။

စိတ်ထဲမှာတော့ သားလေးအိပ်ပျော်နေပါစေဟုသာ ဆုတောင်းမိသည် ။ အမှောင်ထဲမှာ သူ့ရဲ့အသံကိုမကြားလျှင် သားလေးကအလွန်ကြောက်ရွံ့နေတတ်ခြင်းကြောင့်ပင် ။

မုဒြာအခန်းရှေ့ရောက်တော့ သော့ကိုအမြန်ထုတ်ကာ တံခါးကိုဖွင့်နေပေမဲ့ မှောင်နေ၍ ဖွင့်မရပေ ။ ဖုန်းမီးကိုထုတ်လိုက်ပြီး မီးရောင်နဲ့သော့ကိုဖွင့်လိုက်တော့မှ သော့ဂလောက်ကဖွင့်သွားကာ ' ဂျောက် ' ဆိုသည့်အသံကျယ်ကြီးထွက်လာသည် ။ မုဒြာစိတ်ထင်၍လားမသိ သူအသာလေးတံခါးကိုဖွင့်တာတောင် တံခါးဖွင့်သံကကျယ်လောင်စွာထွက်ပေါ်နေသည် ။ ပြီးနောက် ခြေသံတစ်ချို့ကိုပါ ကြားလိုက်ရသည် ။

ပတ်ဝန်းကျင်ကမှောင်နေ၍ ဘာကိုမှမသဲကွဲပေ ။ ခြေသံက မုဒြာရဲ့ကျောဘက်ကထွက်ပေါ်လာခြင်းဖြစ်ပြီး ချမ်းစိမ့်စိမ့်ခံစားလိုက်ရသည် ။ အခန်းထဲကိုပြေးဝင်မဲ့သူ့ရဲ့ခြေလှမ်းတွေက ကြောက်စိတ်ကြောင့် ရပ်တန့်နေပြီး အနောက်ကတစ်စုံတစ်ခုက သူ့အားလာထိပါက ပြန်တိုက်ခိုက်ဖို့ အသင့်အနေအထားမှာရှိနေသည် ။ တစ်ဖြေးဖြေး အနောက်ကအရာက နီးကပ်လာပြီး မုဒြာပခုံးထံအေးစက်စက်အရာတစ်ခုက ထိတွေ့လာကာ အသံတစ်စထွက်ပေါ်လာတော့သည် ။

" မင်း … ဘာရပ်လုပ်နေတာလဲ "

' ခွပ် '

အနောက်ကလူရဲ့စကားအဆုံး ကျယ်လောင်တဲ့လက်သီးသံထွက်ပေါ်လာပြီး ' ဘုန်း ' ဆိုတဲ့အသံနဲ့အတူ အနောက်ကလူ မြေပြင်ပေါ်သို့လဲကြသွားလေသည် ။ အချိန်ကိုက်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်လာပြီး ပီးပြန်လာ​လေပြီ ။ မုဒြာမျက်လုံးများကျိန်းသွားပြီး ခနမှိတ်ထားကာ အနောက်သို့ ချက်ချင်းလှည့်မကြည့်ရဲပေ ။

" အ့ … မင်းဘယ်လိုတောင် အားသန်နေတာလဲကွာ … ကိုယ့်သွားတွေကျိုးကုန်တော့မှာပဲ "

ရင်းနီးလှတဲ့အသံကြောင့် မုဒြာအနောက်လှည့်ကြည့်လိုက်တော့ အံ့အားသင့်သွားကာ ထိုကြမ်းပြင်ပေါ်မှာလဲကျနေတဲ့လူရဲ့နှုတ်ခမ်းဒေါင့်မှာလဲ သူ့လက်သီးကြောင့် ပေါက်သွားသည် ။ ထိုလူကတော့ သန်မာလှတဲ့ ဧကရာဇ်မောင် ဖြစ်လေသည် ။ အရင်ကသေးသေးကွေးကွေးမုဒြာက ဒီလောက်ထိအားသန်လိမ့်မည်ဟု သူလဲထင်မှတ်မထားမိပေ ။

မုဒြာက အလန့်တကြားဖြင့် မေးလိုက်သည် ။

" ခများက ဒီကိုဘာလာလုပ်တာလဲ "

" အခန်းရှေ့ကအသံကြားလို့ထွက်ကြည့်တာ … မင်းကခိုးကြောင်ခိုးဝှက်နဲ့တံခါးဖွင့်နေတော့ သူခိုးထင်လို့ "

" ခများကမှ သူခိုးလို သူများအခန်းရှေ့ ဘာရပ်လုပ်နေတာလဲ "

" ကိုယ်ဘယ်မှာ သူများအခန်းရှေ့ရပ်လို့လဲ … ဒါကကိုယ့်အခန်းလေ "

ထိုအခါမှ မုဒြာသူ့အရှေ့မှာတံခါးပွင့်နေတဲ့အခန်းထံကြည့်လိုက်သည် ။ အမလီပြောတဲ့ အိမ်ရှင်သစ်က ဧကရာဇ်မောင်ဖြစ်နေလိမ့်မည်ဟု လုံးဝထင်မှတ်မထားပေ ။ သူတို့ရဲ့စကားသံတွေကြောင့် ကုကုလေးနိုးလာပြီး အခန်းထဲကနေထွက်လာသည် ။

" ပါပါး … သားကြောက်တယ် … လူဆိုးကြီးရောက်လာပြီလားဟင် "

ကုကုလေးက လဲကျနေတဲ့ ဧကရာဇ်ကိုလဲမြင်ရော အားရဝမ်းသာပြေးဖက်လာတော့သည် ။

" လူဆိုးကြီးဟုတ်ဘူး ဦးဦးပဲ … သားသားဦးကိုလွမ်းနေတာ …  ဦးဦးလည်လည်လာတာလား … ပြန်နဲ့တော့နော် … သားသားတို့နဲ့ တူတူနေပေးပါနော်  "

ဧကရာဇ်မောင်ကလဲ သူ့အားနွေးထွေးစွာ စီးကြိုတဲ့ သားလေးကို ပွေ့ဖက်လိုက်ပြီး အခန်းထဲသို့ဝင်လာခဲ့သည် ။

" ဦးဦးက ရှေ့အခန်းကိုပြောင်းလာတာ … သားတို့ဆီကိုလဲ အမြဲလာလည်မှာ … ဦးဦးဘယ်ကိုမှမပြန်ဘူး နော် "

သားလေးကပျော်ရွှင်ကာ မျက်လုံးအရောင်လေးတွေလပ်လာပြီး ဧကရာဇ်အား ပခုံးကနေတိုင်းဖက်ထားသည် ။

" တကယ်လား  … ပျော်လိုက်တာ "

" တကယ်ပြောတာပေါ့ကွ "

" ဒါဆို သားသားတို့ ပန်းခြံကို တူတူသွားလည်လို့ရပြီ … ရေး … ဦးဦးသားနဲ့အမြဲလာနေပေးလို့လဲရပြီ "

သားလေးပျော်နေတာကိုမြင်တော့ မုဒြာလဲမတားစီးရက်ပဲ သူတို့စကားပြောနေတာကို ကြည့်နေလိုက်သည် ။ ဧကရာဇ်က မုဒြာအားကြည့်လာတော့ မုဒြာအကြည့်တွေကို လွှဲလိုက်မိသည် ။ ခုချိန်ထိ မုဒြာသူ့အားရင်ဆိုင်ဖို့ အချိန်လိုနေမှန်းသိ၍ ဧကရာဇ်လဲအတင်းဖိအားမပေးချင်တာနဲ့ ဖက်သွယ်ထားတဲ့သားလေးအား ဖယ်ခွာလိုက်ကာ ဖျောင့်ဖျလိုက်သည် ။

" ဒီနေ့တော့ညည့်နက်နေပြီ … သားပါပါးလဲ ပင်ပန်းနေလောက်ပြီ … မနက်ဖြန်မှပဲ ဦးဦးလာလည်တော့မယ် "

" သားကဦးဦးနဲ့နေချင်သေးတယ် … တူတူဂိမ်းဆော့မယ်လေ "

" ခုချိန်က ဂိမ်းကစားရမဲ့အချိန်မဟုတ်တော့ဘူး … သားပါပါးကိုလဲနားခိုင်းလိုက်ဦး … သားလိမ်လိမ်မာမာနဲ့အိပ်ရမယ်နော် … ဦးဦးကမနက်ကြရင် အရသာရှိတာတွေယူလာခဲ့မယ် "

" တကယ်လား … ဦးဦးပြန်မသွားဘူးလို့ကတိပေး … ဟိုနေ့တွေကဦးဦးထွက်သွားပြီး သားတို့ဆီပြန်မလာတော့ဘူး "

" ဦးဦးကတိပေးပါတယ်ကွာ … ဦးဦးအလုပ်သွားလုပ်နေလို့ သားတို့ဆီမလာဖြစ်တာ … ခုဦးမှာဘာအလုပ်မှမရှိတော့ဘူး … သားတို့အနားမှာပဲရှိနေမယ် "

ကုကုလေးက မီးပျက်နေတုန်းက နိုးလာတဲ့ပုံပင် ။ ဒါကြောင့် ကြောက်ရွံ့ကာ သူတို့အပေါ်ကာကွယ်နိုင်မဲ့ဧကရာဇ်မောင်လိုသန်မာတဲ့သူကို အနားကနေထွက်မသွားစေချင်ဖြစ်နေသည် ။ သားလေးက ဧကရာဇ်မောင်ကို ဖက်ထားရင်းနှင့် စိတ်ချစွာပင်အိပ်ပျော်သွားလေသည် ။ မုဒြာလဲ သားလေးကိုအခန်းထဲခေါ်လာပေးဖို့ ဧကရာဇ်မောင်ကို ဝင်ခွင့်ပြုလိုက်သည် ။

သားလေးကို ကုတင်ပေါ်ချပြီးသွားတော့ ဧကရာဇ်မောင်က သူ့ကြောင့်ထိတ်လန့်သွားတဲ့မုဒြာအား တောင်းပန်လိုက်သည် ။

" ကိုယ်မင်းကိုခြောက်ဖို့မရည်ရွယ်ပါဘူး "

" ဘာလို့ရုတ်တရပ်ပြောင်းလာတာလဲ … အလုပ်မရှိဘူဆိုတာ လိမ်နေတာမဟုတ်လား … ပြီးတော့ ဒီနေရာက ရုံးနဲ့လဲအရမ်းဝေးတယ် … အသွားအပြန်လုပ်ဖို့မလွယ်ဘူး  "

" ဒီလအတွက် အလုပ်တွေသိပ်မရှိလို့ ကိုယ်နားရက်ယူထားတယ်  … ဒါကြောင့် ကိုယ့်ရဲ့နားရက်တွေကို ဒီမှာနေဖို့ဆုံးဖြတ်လိုက်တာ … ဟိုလူလိုလူဆိုးတွေပြောင်းလာမှာထက် ကိုယ်အနားမှာရှိနေတာက ပိုမကောင်းဘူးလား … မင်းတို့အတွက်လုံခြုံတာပေါ့ "

" မလိုဘူး … ခများရှိနေတာက ပိုပြီးတော့တောင် မလုံမခြုံဖြစ်သေးတယ် … စောစောကတင် အနာတရဖြစ်ပြီးသွားပြီ … နောက်တစ်ခါထက်ခြောက်ရင် ဒိထပ်နာဖို့သာပြင် … ပြီးတော့ အခန်းထဲကိုလဲ လာဖို့မကြိုးစားနဲ့ … ကို့နေရာနဲ့ကိုနေ "

မုဒြာက ပိုင်ဆိုးပိုင်နင်းနဲ့ ကုတင်ပေါ်ထိုင်နေတဲ့ ဧကရာဇ်အား အခန်းထဲကနေထွက်ဖို့ အတင်းဆွဲထုတ်နေသည် ။

" ခနနေပါဦး … ကိုယ်ဒီမှာနဲနဲလောက်ထပ်နေပေးမယ်လေ … သားလေးလန့်နိုးလာရင် ဘယ်လိုလုပ်မလဲ … မီးလဲထပ်ပျက်နိုင်တယ် "

" မီးပျက်လဲမကြောက်တတ်ဘူး … ကို့အခန်းကိုသာ ပြန်တော့ "

" အ့ "

ရုတ်တရပ် ဧကရာဇ်က သူ့နှုတ်ခမ်းထောင့်ကို လက်ဖြင့်ဖိကာ နာကျင်စွာအော်လိုက်သည် ။ မုဒြာလဲ လန့်သွားပြီး လက်ကိုလွှတ်ပေးလိုက်ကာ သူထိုးမိလိုက်လို့ ဧကရာဇ်ရဲ့ နှုတ်ခမ်းပေါက်သွားတာကို သတိရသွားပြီး လိမ်းဆေးဘူးအမြန်သွားယူလိုက်သည် ။

ဧကရာဇ်က နှုတ်ခမ်းကဒါဏ်ရာဟာ မနာကျင်ပေမဲ့ မုဒြာအနားမှာရှိနေခွင့်ရဖို့ အကြောင်းပြချက်အမျိုးမျိုးရှာနေခြင်းဖြစ်သည် ။ မုဒြာပြန်ရောက်လာတော့ ဧည့်ခန်းထဲမှာထိုင်နေရင်းနှင့် နှုတ်ခမ်းထောင့်ကို လက်နှင့်ဖိထားလျှင် နာကျင်ဟန်ဆောင်နေလိုက်သည် ။

မုဒြာကလဲ စိုးရိမ်းစိတ်ကြောင့် ဘာမှမတွေးတော့ပဲ ဧကရာဇ်ဘေးမှာဝင်ထိုင်လိုက်ပြီး ပေါက်သွားတဲ့နှုတ်ခမ်းထောင့်ကို ကြည့်လိုက်သည် ။ သွေးအနည်းငယ်စို့ပြီး အနီရောင်သန်းနေ၍ လိမ်းဆေးဖြင့် ညှင်သာစွာပွတ်လိမ်းပေးနေသည် ။

" နောက်တစ်ခါ အသံမပေးပဲ အနောက်ကနေ ရောက်ရောက်မလာနဲ့ … မျက်လုံးကိုထိုးမိရင် ခများကန်းသွားလိမ့်မယ် "

" မင်းမှာဒီလိုသန်မာတဲ့လက်သီးရှိလိမ့်မယ်လို့ ကိုယ်မှမထင်ထားတာ … ရှောင်ဖို့တောင် အချိန်မရလိုက်ဘူး "

" ခုမှတ်ပြီလား "

" ဟင့်အင် … မင်းနောက်ပါးတစ်ဖက်ကိုထိုးရင်တောင် ကိုယ်ကျေကျေနပ်နပ်နဲ့ ခံယူမှာ … ဘာလို့လဲဆိုတော့ မင်းဖြစ်နေလိုပဲ "

" …… "

" အ့ … အား "

မုဒြာက ဆေးလိမ်းပေးနေရင်း ဒါဏ်ရာပေါ် လက်ညှိုးဖြင့် နာနာလေးဖိလိုက်ခြင်းဖြစ်သည် ။ ဧကရာဇ်က နာကျင်စွာအော်တော့မှ မုဒြာလွှတ်ပေးလိုက်ကာ …

" နောက်တစ်ခါဆို ဒိထက်နာမယ်မှတ် "

" မင်းတကယ်လုပ်ရက်တာပဲ … ကိုယ်တကယ်နာသွားပြီ "

" ပြောတော့အနာခံနိုင်တယ်ဆို … နောက်တစ်ချက်တောင်အထိုးခိုင်းပြီးတော့ ခုမှ … "

မုဒြာစကားပင်မဆုံးသေး ဧကရာဇ်မျက်နှာက ရှေ့သို့ တိုးကပ်လာပြီး စကားတွေတတွတ်တွတ်ပြောနေတဲ့ မုဒြာနှုတ်ခမ်းလေးထံ ထိကပ်လိုက်ကာ နှုတ်ခမ်းထောင့်အား ကိုက်ပြစ်လိုက်သည် ။

" …… "

" …… "

၂ ယောက်သားအတော်ကြာ ငြိမ်သက်နေပြီးမှ မုဒြာ ဧကရာဇ်အား တွန်းထုတ်ကာ ထရပ်လိုက်သည် ။

" ဘာ … ဘာလုပ်တာလဲ "

" ကိုယ် … ကိုယ်က နာကျင်တာကိုသိအောင် ပြချင်ယုံပါ … နမ်း … နမ်းဖို့မရည်ရွယ်ပါဘူး "

နှစ်ယောက်သားအနေရခက်နေပြီးနောက် မုဒြာကဧကရာဇ်မောင်အား အတင်းအပြင်သို့ထွက်ခိုင်းကာ တံခါးပိတ်လိုက်သည် ။ ဧကရာဇ်မောင်အခန်းအပြင်ရောက်တော့မှ မုဒြာတံခါးကိုမှီကာ ထိုင်ချပြစ်လိုက်သည် ။

စောစောကဖြစ်စဉ်ကြောင့် နှလုံးခုန်သံတွေမြန်ဆန်မသွားဘူးဆိုလျှင် လိမ်ရာကျလိမ့်မည် ။ အရင်ကဒိထပ်ပြင်းပြတဲ့အနမ်းတွေ ပေးခဲ့ကြပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုက ယခုလောက်မပြင်းထန်ခဲ့ပေ ။ မုဒြာ ဧကရာဇ်မောင် ကိုက်လိုက်တဲ့ နှုတ်ခမ်းထောင့်အား လက်ဖြင့်ထိကိုင်ရင်း ရင်ဘက်ပေါ်လက်တင်ကာ ဆုတ်ကိုင်ထားမိသည် ။ ထိုနွေးထွေးမှုလေးပျောက်ကွယ်သွားမှာကိုပင် ကြောက်ရွံ့မိလာသလိုပင် ။

အပြင်ဘက်တွင်တော့ ဧကရာဇ်မောင်က မုဒြာရဲ့အခန်းတံခါးပေါ်လက်တင်ထားကာ မသွားသေးပဲရပ်နေသည် ။ နှုတ်ခမ်းခြင်းထိတွေ့စဉ်က ရရှိတဲ့နူးနူးညံ့ညံ့ထိတွေ့မှုလေးနဲ့ သင်းပြန့်တဲ့မုဒြာရဲ့ဖယ်ရိုမုန်းပန်းရနံ့လေးကိုပြန်ခံစားရင်း ပြုံးမိလိုက်သည် ။ သူအချိန်အတော်ကြာ တောင့်တမိနေတဲ့အရာလေးမို့ ရင်ခုန်စိတ်လှုပ်ရှားကာ ပျော်ရွှင်နေသည် ။ ပြီးနောက် သူကတံခါးအားငေးကြည့်နေပြီး တိုးတိုးလေးရေရွတ်လိုက်သည် ။

" ကိုယ်မင်းအနားမှာရှိနေချင်လို့ တလောကလုံးနဲ့ဆန့်ကျင်လာခဲ့တာ … ခုချိန်မှာ မင်းနဲ့ကိုယ့်ကြား တံခါးတစ်ချက်ခြားနေရင် အဲ့ဒိတံခါးကိုဖွင့်နိုင်ဖို့ ကိုယ်ကြိုးစားမယ် … ကိုယ့်ရဲ့ရွေးချယ်မှုက မင်းတစ်ယောက်ထည်းပဲ ကုမုဒြာ "

လွန်ခဲ့သောတစ်ပတ်ခန့်က …

" သခင်ကြီး … ရှောင်ဟွှာရဲ့ကမ်းလှမ်းမှုကို လက်ခံသင့်ပါတယ် "

သက်မောင်က အဆက်မပျက်ပြောနေတော့ ဧကရာဇ်မောင် စိတ်တိုကာ အော်ပြစ်လိုက်သည် ။

" ငါလက်မခံဘူး … ငါ့မှာအရေးကြီးလုပ်စရာရှိတယ် "

" ရှန်ဟွှာဘက်က သခင်ကြီးအတွက်အချိန်ပေးထားပါတယ် … ချက်ချင်းမငြင်းပဲ အချိန်ယူပြီးစဉ်းစားကြည့်လိုက်ပါလား … အဖြေမှန်ကို သခင်ရှာတွေ့မှာပါ "

ဧကရာဇ်မောင် ချက်ချင်းပဲ အကြံတစ်ခုပေါ်လာပြီး လင်းထက်အားအမိန့်ပေးလိုက်သည် ။

" လင်းထက် ငါခရီးတစ်ခုသွားစရာရှိတယ် … ငါ့အတွက် ပြင်ဆင်ထားပေး "

" ဒီတစ်ခါဘယ်လောက်ကြာမှာလဲ သခင်ကြီး "

" မသိသေးဘူး … သက်မောင် မင်းကထုံးဆန်အတိုင်း အလုပ်တွေကိုတာဝန်ယူထားပေး … ရှန်ဟွှာဘက်ကိုငါစဉ်းစားဖို့အချိန်ဆွဲထားပေး … အကယ်၍သူတို့ဘက်ကအရေးကြီးနေရင် တစ်ခြားတစ်ယောက်ကိုပြောင်းရှာဖို့ပါပြောလိုက် "

" စိတ်ချပါသခင်ကြီး … လမ်းခရီးမှာ အဆင်ပြေပါစေ "

သက်မောင်ကအမိန့်ရသည်နှင့်ထွက်သွားသည် ။ ဧကရာဇ်မောင် ခရီးသွားလျှင် အလုပ်ကိစ္စကြောင့်ပဲမို့ သက်မောင်ကမမေးမြန်းပဲ အမိန့်ကိုနာခံသည် ။ ကိုင်သွယ်ရခက်သည့်သူက လင်းထက်ဖြစ်သည် ။

" သခင်ကြီး ကျွန်တော်ပါလိုက်ခဲ့ရမလား "

" မလိုဘူး … ငါတစ်ယောက်ထည်းသွားမှာ "

" မလုံခြုံပါဘူး … အနားမှာအစောင့်အရှောက်ရှိဖို့လိုပါတယ် "

" မင်းကသခင်လား ငါကသခင်လား "

" သခင်ကြီးကသခင်ပါ "

" ဒါဆိုငါ့အမိန့်ကိုနာခံ … မင်းကိုအပြစ်ပေးတဲ့အနေနဲ့ တစ်လစာမပေးဘူးလိုပြောပြီးပြီ  …၂ လစာအဖြတ်ခံချင်နေတာလား "

" ကျွန်တော်နာခံပါမယ် "

" ဒါဆို မင်းဒီလစာမရဘူးဆိုတော့ ဒီတစ်လမင်းကိုနားခွင့်ရက်ရှည်ပေးလိုက်မယ် … ငါပြန်ရောက်လာမှ မင်းကိုပြန်ခေါ်လိုက်မယ် … ခုသွားတော့ "

နောက်ဆုံးတော့ ကိုယ်ရံတော်ကို နှင်ထုတ်လိုက်နိုင်ပြီး ခရီးဝေးသွားမည်ဟုလိမ်ကာ ဘယ်သူမှမသိအောင် မုဒြာရဲ့ဘေးအခန်းသို့ ဧကရာဇ်မောင်ပြောင်းလာခဲ့ခြင်းဖြစ်သည် ။ ခက်ခက်ခဲခဲရသည့်အခွင့်အရေးဖြစ်သလို တန်ဖိုးကြီးတဲ့ကမ်းလှမ်းမှုကိုပါ ဖျက်ပြစ်ခဲ့တဲ့အတွက် ဒီတစ်ခေါက်တော့မုဒြာအား ပြန်ပြီးအရယူနိုင်တဲ့ထိ ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်လေသည် ။

…………………………………………………………………………………

To Be Continued ……

ဒီႏွစ္အတြက္ ကုမၸဏီရဲ႕အစုရွယ္ယာအဖြဲ႕ဝင္ခြင့္ကို ပိတ္သိမ္းလိုက္ၿပီး နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈတစ္ခ်ိဳ႕ကိုလဲ ရပ္နားလိုက္သည္ ။ ဥကၠဌ ဧကရာဇ္ေမာင္ရဲ႕ ခ်မ္းသာႂကြယ္ဝမႈေတြက ဘယ္သူမွလိုက္မမွီနိုင္တဲ့ အဆင့္မွာေရာက္ရွိေနၿပီး တိုးတက္မႈရာခိုင္ႏႈန္းေတြကိုထပ္မံျမႇင့္တင္နိုင္လွ်င္ ကမာၻအဆင့္မွီတဲ့အထိ ေရာက္ရွိနိုင္သည္ ။

သို႔ေပမဲ့ ကမာၻ႔ေနရာအႏွံ႕က နိုင္ငံအသီးသီးမွာျဖန႔္ခ်ီထားတဲ့ လုပ္ငန္းေတြရဲ႕ရင္းနီးျမႇုတ္ႏွံမႈကို ရပ္ဆိုင္းလိုက္ေတာ့ အဖြဲ႕ဝင္တစ္ခ်ိဳ႕က ႏွေျမာေနၾကၿပီး ဥကၠဌဘာေၾကာင့္ ဆက္ၿပီးမခ်ဲ့ထြန္ခ်င္ေတာ့မွန္း နားမလည္ေတာ့ေျခ ။

လက္ေထာက္ျဖစ္သူသက္ေမာင္က အစည္းအေဝးခန္းမထဲသို႔ ဝင္လာခဲ့ၿပီး ဥကၠဌဧကရာဇ္ေမာင္ထံ တိုးတိုးေလးေျပာလိုက္သည္ ။

" ဥကၠဌ … C ၿမိဳ႕ရဲ႕အႀကီးမားဆုံးလုပ္ငန္းရွင္ႀကီးျဖစ္တဲ့ ရွန္ဟႊာအဖြဲ႕အစည္းကဆက္သြယ္လာတယ္ … ဥကၠဌပိုင္ဆိုင္တဲ့ C ၿမိဳ႕ရဲ႕ေျမကြက္တစ္ခုေပၚမွာ အေဆာက္အဦးတစ္ခုေဆာက္လုပ္ဖို႔နဲ႕ ဒီဇိုင္းေရးဆြဲဖို႔အတြက္  သူတို႔နဲ႕ပူးေပါင္းဖို႔ ကမ္းလွမ္းခ်င္လို႔ပါတဲ့ … သူတို႔နဲ႕ပူးေပါင္းရင္ အေပးအယူအေနနဲ႕ ဥကၠဌရဲ႕လုပ္ငန္းထဲမွာ  ရင္းႏွီးျမႇုတ္ႏွံပါမယ္လို႔ေျပာတယ္ "

အားလုံးက ရွန္ဟႊာဆိုတဲ့နာမည္ၾကားေတာ့ အံ့အားသင့္ကုန္ၾကသည္ ။ ရွန္ဟႊာက စီးပြားေရးေလာကမွာ အေက်ာ္ၾကားဆုံးျဖစ္သလို ရွန္ဟႊာရဲ႕သခင္ႀကီးက အေမွာင္ေလာကရဲ႕ဘုရင္တစ္ပါးျဖစ္သည္ ။

သူသာေျမကိုလိုခ်င္လွ်င္ ခြင့္ျပဳခ်က္ေတာင္းစရာမလိုပဲ သိမ္းပိုက္နိုင္ကာ ဧကရာဇ္ေမာင္လို ကမာၻ႔အဆင့္မွီမဟုတ္တဲ့ အဖြဲ႕အစည္းထံကေန ဒီဇိုင္းေရးဆြဲဖို႔အတြက္ အလြယ္တကူဖိအားေပးနိုင္သည့္အာဏာရွိသည္ ။ ခုလိုကမ္းလွမ္းမႈက သူတို႔အတြက္ေတာ့ ဘုရားေပးတဲ့ဆုလဒ္တစ္ခုလိုပင္ ။

ဧကရာဇ္ေမာင္ရဲ႕လုပ္ငန္းစုက M နိုင္ငံရဲ႕အဆင့္ 1 မွာရွိေနလွ်င္ေတာင္ ကမာၻအဆင့္ႏွင့္ၾကည့္လွ်င္ 1 to 10 ဝင္နိုင္ဖို႔အတြက္ လိုအပ္ခ်က္ရွိေနေသးသည္ ။ ရွန္ဟႊာကေတာ့ ကမာၻအဆင့္ 1 to 10 မွာ 3 ေနရာမွာရွိေနၿပီး C နိုင္ငံရဲ႕ အင္အားအေကာင္းဆုံးအဖြဲ႕အစည္းျဖစ္သည္ ။

ထိုအဖြဲ႕အစည္းႏွင့္သာ ခ်ိတ္ဆက္လုပ္ကိုင္နိုင္လွ်င္ ဧကရာဇ္ေမာင္ရဲ႕ေအာင္ျမင္မႈအဆင့္က ခ်က္ခ်င္း 1 to 10 ဝင္ကာ အခြင့္အလမ္းမ်ားစြာ ရရွိလာနိုင္သည္ ။ အဖြဲ႕ဝင္ေတြက ထိုအခြင့္အေရးကို လက္ခံဖို႔ တြန္းအားေပးလာၾကသည္ ။

" ဥကၠဌ … ဒါက ၂ ခါမရနိုင္တဲ့အခြင့္အေရးပါ … ရွန္ဟႊာလိုအႀကီးမားဆုံးလုပ္ငန္းရွင္ေတြနဲ႕ ပူးေပါင္းနိုင္ဖို႔ဆိုတာ အိမ္မက္ေတာင္ မမက္နိုင္တဲ့အေျခအေနပါ "

" ရွန္ဟႊာဘက္က ကမ္းလွမ္းမႈကို ေတြေဝမေနပဲလက္ခံလိုက္ပါ … ဥကၠဌအတြက္ ကံအေကာင္းဆုံး ဆုလဒ္တစ္ခုကို မဆုံးရႈံးေစခ်င္ပါဘူး "

" ဟုတ္ပါတယ္ … လက္ခံလိုက္ပါ "

" ေနာက္ဆုံးအေနနဲ႕ လက္ခံလိုက္ပါ "

ဧကရာဇ္ေမာင္အစည္းအေဝးပြဲကို ခ်က္ခ်င္းရပ္လိုက္ၿပီး ထြက္လာခဲ့သည္ ။ ႐ုံးခန္းထဲေရာက္ေတာ့ စီးကရက္တစ္လိပ္ဖြာလိုက္ၿပီး ရႈတ္ေထြးေနတဲ့ စိတ္ေတြကို ရွင္းထုတ္လိုက္သည္ ။

အရင္တုန္းက နိုင္ငံျခားရင္းႏွီးျမႇုတ္ႏွံမႈေတြနဲ႕ လုပ္ငန္းပူးေပါင္းမႈေတြကို လက္ခံကာ ေနရာအႏွံ႕ခရီးသြားၿပီး လုပ္ငန္းေပါင္းစုံလုပ္ကိုင္ခဲ့သည္ ။ သူ႕ရဲ႕ရည္႐ြယ္ခ်က္က တိုးတက္ေအာင္ျမင္ၿပီး အဆင့္ေကာင္းေကာင္းရရွိဖို႔ထက္ ကုမုျဒာကို ရွာေဖြဖို႔အတြက္ခရီးထြက္ေနျခင္းျဖစ္သည္ ။

ခုေတာ့ ကုမုျဒာဟာ သူ႕ရဲ႕အနားသို႔ ျပန္လည္ေရာက္ရွိလာၿပီမို႔ ခရီးထြက္စရာမလိုေတာ့ေပ ။ ဒါေၾကာင္း ေတြေဝမႈမရွိေလပဲ သူ႕အတြက္အေရးမႀကီးေတာ့တဲ့ အလုပ္ပိုေစတဲ့အရာေတြကို ရပ္နားလိုက္ျခင္းျဖစ္သည္ ။ သို႔ေပမဲ့ ဒီတစ္ႀကိမ္ကမ္းလွမ္းမႈက သူ႕အတြက္ျငင္းပယ္ရန္ခက္ခဲေနသည္ ။

C ၿမိဳ႕မွာ ဧကရာဇ္ေမာင္ရဲ႕ရင္းႏွီမႈအခ်ိဳ႕ရွိေနၿပီး အေတာ္အသင့္ေအာင္ျမင္မႈရရွိထားသည္ ။ ရွန္ဟႊာႏွင့္သာ ခ်ိတ္ဆက္နိုင္လွ်င္ ရွန္ဟႊာရဲ႕အသိမိတ္ေဆြမ်ားႏွင့္လဲ ေတြ႕ဆုံခြင့္ရၿပီး အလြန္ေကာင္းမြန္တဲ့ တိုးတက္မႈရာခိုင္ႏႈန္းေတြရရွိကာ သူတစ္ႏွစ္ေလာက္အခ်ိန္ေပးရမဲ့အရာက လပိုင္းေလာက္နဲ႕ေအာင္ျမင္သြားနိုင္သည္ ။

ကမ္းလွမ္းမႈကို လက္ခံလိုက္လွ်င္ ရွန္ဟႊာႏွင့္ပူးေပါင္းဖို႔အတြက္ သူကိုယ္တိုင္ C ၿမိဳ႕ကိုသြားေရာက္ကာ ေတြ႕ဆုံၿပီးရင္းႏွီးမႈယူရမည္ ။ သူတို႔လုပ္ေဆာင္ခ်င္တဲ့ ကိစၥတိုင္းအတြက္ အခ်ိန္ေပးၿပီးပူးေပါင္းပါဝင္ေပးရမည္ ။ သူတို႔ေဆာက္လုပ္မဲ့ အေဆာက္အဦးအတြက္ ဧကရာဇ္ထံကအႀကံတစ္စုံတစ္ရာ ရယူခ်င္ေနတာလဲျဖစ္နိုင္သည္ ။ ဧကရာဇ္ေမာင္ရဲ႕ အေဆာက္အဦးဒီဇိုင္းေရးဆြဲပုံေတြက အဆင့္မွီၿပီးဆန္းသစ္ကာ လူစိတ္ဝင္စားမႈမ်ားသည္ ။

အေဆာက္အဦးအတြက္ အကူအညီေတာင္းဖို႔ဆိုလွ်င္ေတာ့ အရင္လို ၁ လေလာက္နဲ႕မရေတာ့ပဲ လအနည္းငယ္ၾကာေအာင္ ခရီထြက္ရလိမ့္မည္ ။ ဒီလိုဆို မုျဒာသူ႕ကိုေပးထားတဲ့အခြင့္အေရးေတြ ဆုံးရႈံးကာ ထပ္ၿပီးေဝးကြာသြားမွာကို ေၾကာက္မိသည္ ။ ရွားပါးတဲ့အခြင့္အေရးနဲ႕ အေရးႀကီးဆုံးလူတစ္ေယာက္ ထို ၂ ခုၾကား ဘယ္ဟာကိုေ႐ြးခ်ယ္ရမလဲ ဧကရာဇ္ေမာင္ လမ္းေပ်ာက္ေနသည္ ။
*

*

*

ဒီေန႕ေက်ာင္းပိတ္ရက္မို႔ မုျဒာဆိုင္မွာအခ်ိန္ျပည့္ရွိေနသည္ ။ လာဝယ္သူေတြအတြက္ မုျဒာကိုယ္တိုင္ မုန႔္ေတြကို ထုတ္ပိုးကာ ဝယ္ယူသူေတြအား ကမ္းေပးေနသည္ ။ မုန႔္ေတြက လက္မလည္နိုင္ေအာင္ ေရာင္းေကာင္းၿပီး ဆိုင္ထဲသို႔ အဝယ္လာသူမပ်က္ေပ ။

ဆိုင္ထဲသို႔ လူတစ္ေယာက္ဝင္လာတိုင္း မုန႔္လုပ္ေနရင္းကေန မုျဒာမၾကာခနၾကည့္ေနတတ္သည္ ။ ဘယ္သူမွဝင္မလာလွ်င္ေတာင္ သူ႕ရဲ႕အၾကည့္ေတြက တံခါးဝထံ မၾကာမၾကာေရာက္ေနတတ္သည္ ။ ေနာက္ဆုံး အမဒါလီက မေနနိုင္ေတာ့ပဲ ေမးၾကည့္လိုက္သည္ ။

" ပန္းကေလး … တစ္ေယာက္ေယာက္ကို ေမွ်ာ္ေနတာလား "

" ဗ်ာ … မဟုတ္ပါဘူး "

" အမျမင္တာေတာ့ မင္း တံခါးဝကိုလွမ္းလွမ္းၾကည့္ေနတာ အေခါက္ေပါင္းမနည္းေတာ့ဘူး "

" အဲ့ဒါက ကြၽန္ေတာ္ ပစၥည္းတစ္ခုမွာထားတာ … လာပို႔ၿပီလားၾကည့္ၾကည့္တာပါ "

မုျဒရဲ႕မ်က္ႏွာက သိသိသာသာေျပာင္းလဲေနကာ တစ္စုံတစ္ေယာက္ကို ေမွ်ာ္ေနမွန္း သိသာလွသည္ ။ လိမ္ညာတဲ့ေနရာမွာမေတာ္တဲ့မုျဒာေၾကာင့္ အမလီကရိပ္မိေနကာ ခပ္ဟဟရယ္လိုက္ၿပီး မုျဒာကိုထပ္မံစေနာက္ေနျပန္သည္ ။

" အမကေတာ့ ပစၥည္းပို႔တဲ့သူကိုေမွ်ာ္ေနတာမဟုတ္ပဲ မုန႔္ဖုတ္လာသင္တဲ့လူေခ်ာေလးကို ေမွ်ာ္ေနတယ္လို႔ ပဲ ထင္တယ္ "

" အဟမ္း … မဟုတ္ပါဘူး … သူမလာေတာ့ စိတ္မရႈတ္ရေတာ့ဘူးေပါ့ … ပိုေတာင္ေကာင္းေသး "

မုျဒာက အမလီရဲ႕စကားလုံးေတြေနာက္မွာပါမသြားရေလေအာင္ သူနယ္ေနတဲ့ ဂ်ဳံမႈန႔္ေတြအေပၚကို ပို၍အားထည့္ၿပီးနယ္ေနသည္ ။ အမလီက မုျဒာရဲ႕တုန႔္ျပန္ပုံေၾကာင့္ ရယ္ေမာကာ ပို၍စေနာက္လိုက္သည္ ။

" လူေခ်ာေလးက လူေတြအလယ္မွာ ႏွင္ထုတ္ခံရေတာ့ ရွက္ၿပီးစိတ္ဆိုးသြားတာမ်ားလားေနာ္  … မလာတာ အေတာ္ၾကာေနၿပီ "

" သူမအားလို႔မလာတာပဲျဖစ္မွာေပါ့ … အေရးႀကီးတဲ့အလုပ္ေတြကိုျပစ္ထားၿပီး ဒီမွာလာၿပီးအခ်ိန္ျဖဳန္းေနတာ … မလာေလေကာင္းေလ "

" သူကမင္းကိုေတြ႕ခ်င္လို႔ မပ်င္းမရိနဲ႕ တစ္ေန႕လုံးေစာင့္ေနခဲ့တာ … သူ႕ကိုမသနားဘူးလား "

" မသနားပါဘူး … သူ႕ကိုလဲ ဘယ္သူမွလာမေစာင့္ခိုင္းဘူး "

" ေသခ်ာရဲ႕လား ပန္းကေလး …သူမလာတာ တစ္ပတ္ေတာင္ရွိေနၿပီ တကယ္စိတ္မပူဘူးလား "

မုျဒာဘာမွဆက္မေျပာေတာ့ပဲ ဂ်ဳံေတြကိုသာ နယ္ေနလိုက္သည္ ။ ဧကရာဇ္ေမာင္ သူ႕ဖုန္းနံပါတ္ယူသြားစဥ္က ' ကိုယ္မၾကာမၾကာဆက္သြယ္မယ္ ကို႔ကို အဖက္လုပ္ေပးပါ ' လို႔ တတြတ္တြတ္ေျပာခဲ့ေပမဲ့ ခုခ်ိန္ထိ စာတစ္ေၾကာင္းတစ္ေလေတာင္မပို႔လာသူက ထိုလူကိုယ္တိုင္ပင္ ။ မုျဒာက ဖုန္းကိုအၾကည့္ေရာက္သြားစဥ္ မွန္ေပၚမွာေပၚလာတဲ့သူ႕ပုံသူျမင္ၿပီး ႐ူးေနလားဟုပင္ ထင္မိလာသည္ ။

* ငါကဘာကိုစိတ္ပူရမွာလဲ … သူကအလုပ္ရႈတ္တဲ့သူ … ဒီကိုလာၿပီးအခ်ိန္ျဖဳန္းတာထက္ သူ႕အလုပ္သူလုပ္တာက အေကာင္းဆုံးပဲ … ငါျဖစ္ေစခ်င္တာလဲ အဲ့လိုပဲ *

အမလီက အေတြးလြန္းၿပီး အထပ္ထပ္နယ္ေနတဲ့ မုျဒာလက္ထဲက ဂ်ဳံတုံးကို ဆြဲယူလိုက္ၿပီး …

" ပန္းကေလး … ဂ်ဳံကၾကာရင္မာေတာင္ကုန္ေတာ့မယ္ … ပင္ပန္းေနရင္ သြားနားပါလား … အမဆက္လုပ္လိုက္မယ္ "

" ရပါတယ္အမ "

" ဘယ္ကရတာလဲ … ဒီေလာက္အားနည္းတဲ့ပုံေပၚေနတာ … ကုကုေလးကိုေခၚၿပီး အခန္းျပန္နားေတာ့ … အမဆက္လုပ္လိုက္ၿပီး ညေနၾကအမပဲ ဆိုင္သိမ္းလိုက္ေတာ့မယ္ "

ဒီရက္အတြင္း အနည္းငယ္အားနည္းသလို ခံစားေနရ၍ မုျဒာလဲ လက္ခံလိုက္သည္ ။

" ဒါဆို အမကိုပဲအပ္ထားေတာ့မယ္ … ကိစၥတစ္ခုခုေပၚလာရင္ ကြၽန္ေတာ့ကို အခ်ိန္မေ႐ြးဆက္သြယ္လိုက္ေနာ္ "

" ေကာင္းပါၿပီ "

မုျဒာလဲ ဆိုင္ထဲမွာကစားေနတဲ့ ကုကုေလးကိုေပြ႕ခ်ီကာ အခန္းထံျပန္လာခဲ့ၾကသည္ ။ အိမ္ေရွ႕ခန္းက လူႀကီးရဲ႕ေႏွာက္ယွက္မႈကို ခံရၿပီးေနာက္ မုျဒာ အခန္းထဲသို႔ဝင္သည့္အခ်ိန္တိုင္း စိုးရိမ္မႈတို႔ ျဖစ္ေပၚလာၿပီး မလုံၿခဳံသလို ခံစားေနရသည္ ။ ခ်က္ခ်င္းအိမ္ေျပာင္းဖို႔အတြက္ကလဲ ခက္ခဲေနတာေၾကာင့္ သည္းခံကာေနေနရသည္ ။

* အဖမ္းခံထားရတဲ့လူတစ္ေယာက္ကေတာ့ ခ်က္ခ်င္းႀကီး ျပန္မေရာက္လာနိုင္ပါဘူး … *

' ဒုံး '

" ပါပါး "

အခန္းတံခါးဖြင့္ေနစဥ္ ႐ုတ္တရပ္ ေဘးအခန္းကအသံတစ္စုံထြက္ေပၚလာေတာ့ ကုကုေလးက မုျဒာလက္အား အလန႔္တၾကားဖမ္းဆြဲလိုက္သည္ ။ ဧကရာဇ္ေမာင္အနားမွာရွိေနတဲ့အခ်ိန္တုန္းက သားေလးဟာ သတၱိေတြရွိလာၿပီး ထိုလူႀကီးကိုတိုက္ခိုက္ရဲေပမဲ့ ခုလို ၂ ေယာက္တည္းရွိခ်ိန္မွာဆို သန္မာတဲ့အားထားရာလူမရွိေန၍ ေၾကာက္႐ြံ႕ေနရွာသည္ ။ အသံကတစ္ခ်က္သာၾကားလိုက္ရၿပီး ၿငိမ္သြား၍ မုျဒာလဲ ႂကြက္ေတြေၾကာင့္ဟုထင္လိုက္သည္ ။

" သားေလး ဘာမွမျဖစ္ေတာ့ဘူး … မေၾကာက္နဲ႕ေတာ့ေနာ္ "

" ပါပါး ဟိုလူဆိုးႀကီး ေရာက္လာရင္ေရာ … ပါပါးကို နာက်င္ေအာင္လုပ္လိမ့္မယ္ "

" သူကအဖမ္းခံထားရၿပီးၿပီ … ျပန္မလာနိုင္ေတာ့ပါဘူး "

သားေလးနဲ႕အတူ အခန္းထဲဝင္လာၿပီး တံခါးကိုေသာ့အေသအခ်ာျပန္ခတ္လိုက္သည္ ။ ကုကုေလးကိုစိတ္အာ႐ုံေျပာင္းေအာင္ TV ဖြင့္ေပးထားလိုက္ၿပီး မုျဒာလုပ္စရာရွိတာေတြကို လုပ္ကိုင္ေနလိုက္သည္ ။ ထိုအခါမွေၾကာက္စိတ္ေတြလဲမရွိေတာ့သလို အားလုံးဟာ ပုံမွန္အတိုင္း ျပန္ျဖစ္သြားသည္ ။

ညအိမ္ခ်ိန္ေရာက္ေတာ့ ေဘးအခန္းက ဘာသံမွမၾကားရပဲ တိတ္ဆိတ္ေန၍ မုျဒာလဲ သူတို႔အထင္မွားေနမိတာဟုထင္မွတ္ၿပီး သားေလးနဲ႕အတူ ႏွစ္ၿခိဳက္စြာ အိပ္ဆက္လိုက္ၾကသည္ ။

ေနာက္တစ္ေန႕ တြင္ေတာ့ အမလီက ေဘးအခန္းနဲ႕ပတ္သပ္ၿပီး တိုးတိတ္စြာ ေျပာလာခဲ့သည္ ။

" ပန္းကေလး … မင္းအခန္းရဲ႕အေရွ႕ကအခန္းကေလ အိမ္ရွင္သစ္ေျပာင္းလာတာသိလား "

" ဟုတ္လား … ဘယ္အခ်ိန္ကေျပာင္းလာတာလဲ  "

" မသိဘူးလား … အသံေတြမၾကားရဘူးလား "

" မေန႕က နည္းနည္းေတာ့ၾကားလိုက္တယ္ … စိတ္ထင္ေနတယ္ထင္လို႔ … ဒါနဲ႕ အဲ့အခန္းကဒီေလာက္ညစ္ပတ္ေနတာ ဘယ္လိုလူကလာေနရဲတာလဲ "

" ျပန္ၿပီးျပင္ဆင္ထားတယ္ေလ … ျပဳျပင္တာက မနက္နဲ႕ေန႕လည္ဘက္အခ်ိန္ေတြ … မင္းကအဲ့အခ်ိန္ေက်ာင္းနဲ႕ဆိုင္မွာပဲရွိေနတာဆိုေတာ့ မသိတာမဆန္းပါဘူး …  ေျပာင္းေ႐ႊ႕လို႔က မေန႕ကၿပီးသြားတာ … ဒီေန႕ပိုင္ရွင္သစ္ လာေနမယ္လို႔ၾကားတယ္ "

"  Aww "

မုျဒာက သိပ္ၿပီးဂ႐ုမစိုက္သလိုပင္ ။အမလီက တိုးတိုးေလးကပ္ခါ ေျပာလာသည္ ။

" သူစိမ္းေတြကို သိပ္ၿပီးမယုံနဲ႕ ေနာ္ … အိမ္ရွင္သစ္က ဟိုလူလိုအ႐ူးတစ္ေယာက္ျဖစ္ေနမလား မသိနိုင္ဘူး  … ညဘက္ေတြသတိထားၿပီးေန … အခန္းတံခါးကိုလြယ္လြယ္မဖြင့္ေပးနဲ႕ "

" သိပါၿပီ … ကြၽန္ေတာ္ကေလးမဟုတ္ပါဘူး "

" ကေလးမဟုတ္လို႔စိတ္ပူရတာေပါ့ … ဟိုလူတုန္းက သူ႕အခန္းထဲမင္းကအရင္ေျပးဝင္သြားတာေလ … ကံေကာင္းတာကဟိုလူေခ်ာေလးမင္းကို ကယ္လိုက္နိုင္လို႔ပဲ "

" ကြၽန္ေတာ့ကို အဲ့အေၾကာင္းေတြျပန္မေျပာပါနဲ႕ေတာ့ … ေနာက္မျဖစ္ေစရဘူးလို႔ ကတိေပးတယ္  … အခန္းကိုေသေသခ်ာခ်ာပိတ္ထားမွာ … ဘယ္သူမွဝင္မလာေစရဘူး "

" အမလာေစာင့္မေပးလို႔ျဖစ္လား "

" ျဖစ္ပါတယ္ … အိမ္ရွင္သစ္က ဘယ္လိုလူလဲေတာင္မသိေသးတာ … အဲ့ေလာက္ထိေၾကာက္လန႔္ေနဖို႔မလိုပါဘူး … အဲ့ဒိလူေတြက ဒီလိုမေကာင္းတဲ့အခန္းကိုဝယ္တာဆိုေတာ့ အသက္ႀကီးႀကီးလူအိုႀကီးပဲျဖစ္မွာေပါ့ "

" အင္းပါ … မင္းအဆင္ေျပရင္ၿပီးတာပဲ … ဒီေန႕အမအလုပ္အရင္ဆင္းႏွင့္မယ္ … အမျပန္ရင္ကုကုေလးကို အခန္းပို႔ေပးခဲ့ရမလား  "

မုျဒာက မုန႔္လာစားသူေတြကိုၾကည့္လိုက္ၿပီး ဆိုင္နဲ႕အျပည့္ရွိေနေသး၍ ဒီေန႕အခ်ိန္ပိုလုပ္ရမည္မွန္း သိလိုက္သည္ ။ သားေလးကညေမွာင္လာလွ်င္ သူၾကည့္ေနၾက TV အစီအစဥ္ကိုမၾကည့္ရမေနနိုင္သူမို႔ အမလီကိုေခၚသြားခြင့္ျပဳလိုက္သည္ ။

" ဒါဆိုအမကိုပဲ ဒုကၡေပးရေတာ့မယ္ … သားေလးကိုအခန္းထဲမွာထားခဲ့ၿပီးရင္ တံခါးကိုေသာ့ခပ္ေပးခဲ့ပါေနာ္ … ကြၽန္ေတာ္ေသာ့အပိုေပးထားမယ္ "

" စိတ္ခ်ပါ "

အမလီက ညေန ၆ နာရီမွာျပန္သြားသည္ ။ သူလဲတစ္ေယာက္ထည္းေနသူမို႔ ခ်က္ျပဳတ္စားေသာက္ၿပီး အနားယူရန္အတြက္ မုျဒာဒိထပ္ပိုကာ အခ်ိန္ပိုမဆင္းခိုင္းရပ္ေပ ။ တျခားဝန္ထမ္းေတြက ၅ နာရီခြဲကတည္းက ျပန္သြားၾကေလၿပီ ။ မုျဒာကအားနာတတ္သူမို႔ ဆိုင္ပိတ္ခ်ိန္ေရာက္ေနလွ်င္ေတာင္ ဝယ္ယူသူတိုင္းကို ေရာင္းေပးေနသည္ ။

ဒီေန႕က႐ုံးပိတ္ရက္ျဖစ္တာေၾကာင့္ လူေတြကညေမွာင္တဲ့ထိ ဆိုင္မွာထိုင္ကာ စားသုံးေနၾကသည္ ။ တစ္ေနရာထည္းမွာ မုန႔္ခ်ိဳမ်ိဳးဆုံရရွိၿပီး ေဈးသက္သာ၍ လူႀကီးလူငယ္အ႐ြယ္ ၃ ပါးလုံးလာေရာက္စားသုံးၾကသည္ ။ ဆိုင္ထိုင္စားနိုင္ဖို႔အတြက္ ျပင္ဆင္ၿပီးသြားမွ အတြဲေတြအမ်ားအျပားလာေရာက္စားသုံးသည့္ေနရာတစ္ခုျဖစ္လာသည္ ။

ည ၉ နာရီအခ်ိန္ေရာက္ေတာ့ မုျဒာ အားနာစြာပင္ လာေရာက္အားေပးသူ ၁၀ ဦးခန႔္ကို ပါဆယ္ထုတ္ပိုးေပးကာ လက္ေဆာင္အျဖစ္အပိုေတြထည့္ေပးၿပီး ျပန္ခိုင္းရေတာ့သည္ ။ ဝယ္ယူသူေတြကလဲ သေဘာေကာင္းသည့္ဆိုင္ရွင္အား အျပစ္မယူၾကပဲ ေက်နပ္စြာပင္ ျပန္သြားၾကေလသည္ ။ မုျဒာဆိုင္သိမ္းၿပီးသြားေတာ့ အျပင္မွာ အေတာ္ေလးေမွာင္ေနၿပီ ။

မုျဒာရဲ႕ဆိုင္ကလမ္းထိပ္မွာရွိေနၿပီး သူ႕ရဲ႕တိုက္ခန္းက လမ္းရဲ႕အလယ္မွာရွိသည္ ။ လမ္းမီးတိုင္ေတြက အနည္းငယ္မွိန္ျပျပျဖစ္ေနၿပီး လမ္းေပၚတြင္လဲ လူသူရွင္းလင္းေနသည္ ။ မုျဒာ ခုခ်ိန္ေလာက္ဆို သားေလးအိပ္ေမာၾကေနေလာက္ၿပီမို႔ သားေလးအားကိုယ္လက္သန႔္စင္ေပးဖို႔အခ်ိန္ရေအာင္ အျမန္ေျပးလာခဲ့သည္ ။

မုျဒာေလွကားေပၚတက္လိုက္ယုံရွိေသး ၿမိဳ႕ထဲကအေဆာက္အဦးေတြအားလုံး မီးပ်က္ၿပီး ပတ္ဝန္းက်င္ကအေမွာင္အတိျဖစ္သြားသည္ ။ ထိုအရာက ျဖစ္ေနၾကမို႔ မထူးဆန္းေပမဲ့ အေမွာင္ကိုေၾကာက္တဲ့သားေလး လန႔္ၿပီးေအာ္ငိုေနမည္ဆိုးကာ ေမွာင္ႀကီးမဲႀကီးထဲကေန အေပၚသို႔ေရာက္ေအာင္ ေျပးတက္လာခဲ့သည္ ။

စိတ္ထဲမွာေတာ့ သားေလးအိပ္ေပ်ာ္ေနပါေစဟုသာ ဆုေတာင္းမိသည္ ။ အေမွာင္ထဲမွာ သူ႕ရဲ႕အသံကိုမၾကားလွ်င္ သားေလးကအလြန္ေၾကာက္႐ြံ႕ေနတတ္ျခင္းေၾကာင့္ပင္ ။

မုျဒာအခန္းေရွ႕ေရာက္ေတာ့ ေသာ့ကိုအျမန္ထုတ္ကာ တံခါးကိုဖြင့္ေနေပမဲ့ ေမွာင္ေန၍ ဖြင့္မရေပ ။ ဖုန္းမီးကိုထုတ္လိုက္ၿပီး မီးေရာင္နဲ႕ေသာ့ကိုဖြင့္လိုက္ေတာ့မွ ေသာ့ဂေလာက္ကဖြင့္သြားကာ ' ေဂ်ာက္ ' ဆိုသည့္အသံက်ယ္ႀကီးထြက္လာသည္ ။ မုျဒာစိတ္ထင္၍လားမသိ သူအသာေလးတံခါးကိုဖြင့္တာေတာင္ တံခါးဖြင့္သံကက်ယ္ေလာင္စြာထြက္ေပၚေနသည္ ။ ၿပီးေနာက္ ေျခသံတစ္ခ်ိဳ႕ကိုပါ ၾကားလိုက္ရသည္ ။

ပတ္ဝန္းက်င္ကေမွာင္ေန၍ ဘာကိုမွမသဲကြဲေပ ။ ေျခသံက မုျဒာရဲ႕ေက်ာဘက္ကထြက္ေပၚလာျခင္းျဖစ္ၿပီး ခ်မ္းစိမ့္စိမ့္ခံစားလိုက္ရသည္ ။ အခန္းထဲကိုေျပးဝင္မဲ့သူ႕ရဲ႕ေျခလွမ္းေတြက ေၾကာက္စိတ္ေၾကာင့္ ရပ္တန႔္ေနၿပီး အေနာက္ကတစ္စုံတစ္ခုက သူ႕အားလာထိပါက ျပန္တိုက္ခိုက္ဖို႔ အသင့္အေနအထားမွာရွိေနသည္ ။ တစ္ေျဖးေျဖး အေနာက္ကအရာက နီးကပ္လာၿပီး မုျဒာပခုံးထံေအးစက္စက္အရာတစ္ခုက ထိေတြ႕လာကာ အသံတစ္စထြက္ေပၚလာေတာ့သည္ ။

" မင္း … ဘာရပ္လုပ္ေနတာလဲ "

' ခြပ္ '

အေနာက္ကလူရဲ႕စကားအဆုံး က်ယ္ေလာင္တဲ့လက္သီးသံထြက္ေပၚလာၿပီး ' ဘုန္း ' ဆိုတဲ့အသံနဲ႕အတူ အေနာက္ကလူ ေျမျပင္ေပၚသို႔လဲၾကသြားေလသည္ ။ အခ်ိန္ကိုက္မွာပင္ ပတ္ဝန္းက်င္တစ္ခုလုံးလင္းထိန္လာၿပီး ပီးျပန္လာ​ေလၿပီ ။ မုျဒာမ်က္လုံးမ်ားက်ိန္းသြားၿပီး ခနမွိတ္ထားကာ အေနာက္သို႔ ခ်က္ခ်င္းလွည့္မၾကည့္ရဲေပ ။

" အ့ … မင္းဘယ္လိုေတာင္ အားသန္ေနတာလဲကြာ … ကိုယ့္သြားေတြက်ိဳးကုန္ေတာ့မွာပဲ "

ရင္းနီးလွတဲ့အသံေၾကာင့္ မုျဒာအေနာက္လွည့္ၾကည့္လိုက္ေတာ့ အံ့အားသင့္သြားကာ ထိုၾကမ္းျပင္ေပၚမွာလဲက်ေနတဲ့လူရဲ႕ႏႈတ္ခမ္းေဒါင့္မွာလဲ သူ႕လက္သီးေၾကာင့္ ေပါက္သြားသည္ ။ ထိုလူကေတာ့ သန္မာလွတဲ့ ဧကရာဇ္ေမာင္ ျဖစ္ေလသည္ ။ အရင္ကေသးေသးေကြးေကြးမုျဒာက ဒီေလာက္ထိအားသန္လိမ့္မည္ဟု သူလဲထင္မွတ္မထားမိေပ ။

မုျဒာက အလန႔္တၾကားျဖင့္ ေမးလိုက္သည္ ။

" ခမ်ားက ဒီကိုဘာလာလုပ္တာလဲ "

" အခန္းေရွ႕ကအသံၾကားလို႔ထြက္ၾကည့္တာ … မင္းကခိုးေၾကာင္ခိုးဝွက္နဲ႕တံခါးဖြင့္ေနေတာ့ သူခိုးထင္လို႔ "

" ခမ်ားကမွ သူခိုးလို သူမ်ားအခန္းေရွ႕ ဘာရပ္လုပ္ေနတာလဲ "

" ကိုယ္ဘယ္မွာ သူမ်ားအခန္းေရွ႕ရပ္လို႔လဲ … ဒါကကိုယ့္အခန္းေလ "

ထိုအခါမွ မုျဒာသူ႕အေရွ႕မွာတံခါးပြင့္ေနတဲ့အခန္းထံၾကည့္လိုက္သည္ ။ အမလီေျပာတဲ့ အိမ္ရွင္သစ္က ဧကရာဇ္ေမာင္ျဖစ္ေနလိမ့္မည္ဟု လုံးဝထင္မွတ္မထားေပ ။ သူတို႔ရဲ႕စကားသံေတြေၾကာင့္ ကုကုေလးနိုးလာၿပီး အခန္းထဲကေနထြက္လာသည္ ။

" ပါပါး … သားေၾကာက္တယ္ … လူဆိုးႀကီးေရာက္လာၿပီလားဟင္ "

ကုကုေလးက လဲက်ေနတဲ့ ဧကရာဇ္ကိုလဲျမင္ေရာ အားရဝမ္းသာေျပးဖက္လာေတာ့သည္ ။

" လူဆိုးႀကီးဟုတ္ဘူး ဦးဦးပဲ … သားသားဦးကိုလြမ္းေနတာ …  ဦးဦးလည္လည္လာတာလား … ျပန္နဲ႕ေတာ့ေနာ္ … သားသားတို႔နဲ႕ တူတူေနေပးပါေနာ္  "

ဧကရာဇ္ေမာင္ကလဲ သူ႕အားေႏြးေထြးစြာ စီးႀကိဳတဲ့ သားေလးကို ေပြ႕ဖက္လိုက္ၿပီး အခန္းထဲသို႔ဝင္လာခဲ့သည္ ။

" ဦးဦးက ေရွ႕အခန္းကိုေျပာင္းလာတာ … သားတို႔ဆီကိုလဲ အၿမဲလာလည္မွာ … ဦးဦးဘယ္ကိုမွမျပန္ဘူး ေနာ္ "

သားေလးကေပ်ာ္႐ႊင္ကာ မ်က္လုံးအေရာင္ေလးေတြလပ္လာၿပီး ဧကရာဇ္အား ပခုံးကေနတိုင္းဖက္ထားသည္ ။

" တကယ္လား  … ေပ်ာ္လိုက္တာ "

" တကယ္ေျပာတာေပါ့ကြ "

" ဒါဆို သားသားတို႔ ပန္းၿခံကို တူတူသြားလည္လို႔ရၿပီ … ေရး … ဦးဦးသားနဲ႕အၿမဲလာေနေပးလို႔လဲရၿပီ "

သားေလးေပ်ာ္ေနတာကိုျမင္ေတာ့ မုျဒာလဲမတားစီးရက္ပဲ သူတို႔စကားေျပာေနတာကို ၾကည့္ေနလိုက္သည္ ။ ဧကရာဇ္က မုျဒာအားၾကည့္လာေတာ့ မုျဒာအၾကည့္ေတြကို လႊဲလိုက္မိသည္ ။ ခုခ်ိန္ထိ မုျဒာသူ႕အားရင္ဆိုင္ဖို႔ အခ်ိန္လိုေနမွန္းသိ၍ ဧကရာဇ္လဲအတင္းဖိအားမေပးခ်င္တာနဲ႕ ဖက္သြယ္ထားတဲ့သားေလးအား ဖယ္ခြာလိုက္ကာ ေဖ်ာင့္ဖ်လိဳက္သည္ ။

" ဒီေန႕ေတာ့ညည့္နက္ေနၿပီ … သားပါပါးလဲ ပင္ပန္းေနေလာက္ၿပီ … မနက္ျဖန္မွပဲ ဦးဦးလာလည္ေတာ့မယ္ "

" သားကဦးဦးနဲ႕ေနခ်င္ေသးတယ္ … တူတူဂိမ္းေဆာ့မယ္ေလ "

" ခုခ်ိန္က ဂိမ္းကစားရမဲ့အခ်ိန္မဟုတ္ေတာ့ဘူး … သားပါပါးကိုလဲနားခိုင္းလိုက္ဦး … သားလိမ္လိမ္မာမာနဲ႕အိပ္ရမယ္ေနာ္ … ဦးဦးကမနက္ၾကရင္ အရသာရွိတာေတြယူလာခဲ့မယ္ "

" တကယ္လား … ဦးဦးျပန္မသြားဘူးလို႔ကတိေပး … ဟိုေန႕ေတြကဦးဦးထြက္သြားၿပီး သားတို႔ဆီျပန္မလာေတာ့ဘူး "

" ဦးဦးကတိေပးပါတယ္ကြာ … ဦးဦးအလုပ္သြားလုပ္ေနလို႔ သားတို႔ဆီမလာျဖစ္တာ … ခုဦးမွာဘာအလုပ္မွမရွိေတာ့ဘူး … သားတို႔အနားမွာပဲရွိေနမယ္ "

ကုကုေလးက မီးပ်က္ေနတုန္းက နိုးလာတဲ့ပုံပင္ ။ ဒါေၾကာင့္ ေၾကာက္႐ြံ႕ကာ သူတို႔အေပၚကာကြယ္နိုင္မဲ့ဧကရာဇ္ေမာင္လိုသန္မာတဲ့သူကို အနားကေနထြက္မသြားေစခ်င္ျဖစ္ေနသည္ ။ သားေလးက ဧကရာဇ္ေမာင္ကို ဖက္ထားရင္းႏွင့္ စိတ္ခ်စြာပင္အိပ္ေပ်ာ္သြားေလသည္ ။ မုျဒာလဲ သားေလးကိုအခန္းထဲေခၚလာေပးဖို႔ ဧကရာဇ္ေမာင္ကို ဝင္ခြင့္ျပဳလိုက္သည္ ။

သားေလးကို ကုတင္ေပၚခ်ၿပီးသြားေတာ့ ဧကရာဇ္ေမာင္က သူ႕ေၾကာင့္ထိတ္လန႔္သြားတဲ့မုျဒာအား ေတာင္းပန္လိုက္သည္ ။

" ကိုယ္မင္းကိုေျခာက္ဖို႔မရည္႐ြယ္ပါဘူး "

" ဘာလို႔႐ုတ္တရပ္ေျပာင္းလာတာလဲ … အလုပ္မရွိဘူဆိုတာ လိမ္ေနတာမဟုတ္လား … ၿပီးေတာ့ ဒီေနရာက ႐ုံးနဲ႕လဲအရမ္းေဝးတယ္ … အသြားအျပန္လုပ္ဖို႔မလြယ္ဘူး  "

" ဒီလအတြက္ အလုပ္ေတြသိပ္မရွိလို႔ ကိုယ္နားရက္ယူထားတယ္  … ဒါေၾကာင့္ ကိုယ့္ရဲ႕နားရက္ေတြကို ဒီမွာေနဖို႔ဆုံးျဖတ္လိုက္တာ … ဟိုလူလိုလူဆိုးေတြေျပာင္းလာမွာထက္ ကိုယ္အနားမွာရွိေနတာက ပိုမေကာင္းဘူးလား … မင္းတို႔အတြက္လုံၿခဳံတာေပါ့ "

" မလိုဘူး … ခမ်ားရွိေနတာက ပိုၿပီးေတာ့ေတာင္ မလုံမၿခဳံျဖစ္ေသးတယ္ … ေစာေစာကတင္ အနာတရျဖစ္ၿပီးသြားၿပီ … ေနာက္တစ္ခါထက္ေျခာက္ရင္ ဒိထပ္နာဖို႔သာျပင္ … ၿပီးေတာ့ အခန္းထဲကိုလဲ လာဖို႔မႀကိဳးစားနဲ႕ … ကို႔ေနရာနဲ႕ကိုေန "

မုျဒာက ပိုင္ဆိုးပိုင္နင္းနဲ႕ ကုတင္ေပၚထိုင္ေနတဲ့ ဧကရာဇ္အား အခန္းထဲကေနထြက္ဖို႔ အတင္းဆြဲထုတ္ေနသည္ ။

" ခနေနပါဦး … ကိုယ္ဒီမွာနဲနဲေလာက္ထပ္ေနေပးမယ္ေလ … သားေလးလန႔္နိုးလာရင္ ဘယ္လိုလုပ္မလဲ … မီးလဲထပ္ပ်က္နိုင္တယ္ "

" မီးပ်က္လဲမေၾကာက္တတ္ဘူး … ကို႔အခန္းကိုသာ ျပန္ေတာ့ "

" အ့ "

႐ုတ္တရပ္ ဧကရာဇ္က သူ႕ႏႈတ္ခမ္းေထာင့္ကို လက္ျဖင့္ဖိကာ နာက်င္စြာေအာ္လိုက္သည္ ။ မုျဒာလဲ လန႔္သြားၿပီး လက္ကိုလႊတ္ေပးလိုက္ကာ သူထိုးမိလိုက္လို႔ ဧကရာဇ္ရဲ႕ ႏႈတ္ခမ္းေပါက္သြားတာကို သတိရသြားၿပီး လိမ္းေဆးဘူးအျမန္သြားယူလိုက္သည္ ။

ဧကရာဇ္က ႏႈတ္ခမ္းကဒါဏ္ရာဟာ မနာက်င္ေပမဲ့ မုျဒာအနားမွာရွိေနခြင့္ရဖို႔ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးရွာေနျခင္းျဖစ္သည္ ။ မုျဒာျပန္ေရာက္လာေတာ့ ဧည့္ခန္းထဲမွာထိုင္ေနရင္းႏွင့္ ႏႈတ္ခမ္းေထာင့္ကို လက္ႏွင့္ဖိထားလွ်င္ နာက်င္ဟန္ေဆာင္ေနလိုက္သည္ ။

မုျဒာကလဲ စိုးရိမ္းစိတ္ေၾကာင့္ ဘာမွမေတြးေတာ့ပဲ ဧကရာဇ္ေဘးမွာဝင္ထိုင္လိုက္ၿပီး ေပါက္သြားတဲ့ႏႈတ္ခမ္းေထာင့္ကို ၾကည့္လိုက္သည္ ။ ေသြးအနည္းငယ္စို႔ၿပီး အနီေရာင္သန္းေန၍ လိမ္းေဆးျဖင့္ ညွင္သာစြာပြတ္လိမ္းေပးေနသည္ ။

" ေနာက္တစ္ခါ အသံမေပးပဲ အေနာက္ကေန ေရာက္ေရာက္မလာနဲ႕ … မ်က္လုံးကိုထိုးမိရင္ ခမ်ားကန္းသြားလိမ့္မယ္ "

" မင္းမွာဒီလိုသန္မာတဲ့လက္သီးရွိလိမ့္မယ္လို႔ ကိုယ္မွမထင္ထားတာ … ေရွာင္ဖို႔ေတာင္ အခ်ိန္မရလိုက္ဘူး "

" ခုမွတ္ၿပီလား "

" ဟင့္အင္ … မင္းေနာက္ပါးတစ္ဖက္ကိုထိုးရင္ေတာင္ ကိုယ္ေက်ေက်နပ္နပ္နဲ႕ ခံယူမွာ … ဘာလို႔လဲဆိုေတာ့ မင္းျဖစ္ေနလိုပဲ "

" …… "

" အ့ … အား "

မုျဒာက ေဆးလိမ္းေပးေနရင္း ဒါဏ္ရာေပၚ လက္ညွိုးျဖင့္ နာနာေလးဖိလိုက္ျခင္းျဖစ္သည္ ။ ဧကရာဇ္က နာက်င္စြာေအာ္ေတာ့မွ မုျဒာလႊတ္ေပးလိုက္ကာ …

" ေနာက္တစ္ခါဆို ဒိထက္နာမယ္မွတ္ "

" မင္းတကယ္လုပ္ရက္တာပဲ … ကိုယ္တကယ္နာသြားၿပီ "

" ေျပာေတာ့အနာခံနိုင္တယ္ဆို … ေနာက္တစ္ခ်က္ေတာင္အထိုးခိုင္းၿပီးေတာ့ ခုမွ … "

မုျဒာစကားပင္မဆုံးေသး ဧကရာဇ္မ်က္ႏွာက ေရွ႕သို႔ တိုးကပ္လာၿပီး စကားေတြတတြတ္တြတ္ေျပာေနတဲ့ မုျဒာႏႈတ္ခမ္းေလးထံ ထိကပ္လိုက္ကာ ႏႈတ္ခမ္းေထာင့္အား ကိုက္ျပစ္လိုက္သည္ ။

" …… "

" …… "

၂ ေယာက္သားအေတာ္ၾကာ ၿငိမ္သက္ေနၿပီးမွ မုျဒာ ဧကရာဇ္အား တြန္းထုတ္ကာ ထရပ္လိုက္သည္ ။

" ဘာ … ဘာလုပ္တာလဲ "

" ကိုယ္ … ကိုယ္က နာက်င္တာကိုသိေအာင္ ျပခ်င္ယုံပါ … နမ္း … နမ္းဖို႔မရည္႐ြယ္ပါဘူး "

ႏွစ္ေယာက္သားအေနရခက္ေနၿပီးေနာက္ မုျဒာကဧကရာဇ္ေမာင္အား အတင္းအျပင္သို႔ထြက္ခိုင္းကာ တံခါးပိတ္လိုက္သည္ ။ ဧကရာဇ္ေမာင္အခန္းအျပင္ေရာက္ေတာ့မွ မုျဒာတံခါးကိုမွီကာ ထိုင္ခ်ျပစ္လိုက္သည္ ။

ေစာေစာကျဖစ္စဥ္ေၾကာင့္ ႏွလုံးခုန္သံေတြျမန္ဆန္မသြားဘူးဆိုလွ်င္ လိမ္ရာက်လိမ့္မည္ ။ အရင္ကဒိထပ္ျပင္းျပတဲ့အနမ္းေတြ ေပးခဲ့ၾကေပမဲ့ ရင္ခုန္စိတ္လႈပ္ရွားမႈက ယခုေလာက္မျပင္းထန္ခဲ့ေပ ။ မုျဒာ ဧကရာဇ္ေမာင္ ကိုက္လိုက္တဲ့ ႏႈတ္ခမ္းေထာင့္အား လက္ျဖင့္ထိကိုင္ရင္း ရင္ဘက္ေပၚလက္တင္ကာ ဆုတ္ကိုင္ထားမိသည္ ။ ထိုေႏြးေထြးမႈေလးေပ်ာက္ကြယ္သြားမွာကိုပင္ ေၾကာက္႐ြံ႕မိလာသလိုပင္ ။

အျပင္ဘက္တြင္ေတာ့ ဧကရာဇ္ေမာင္က မုျဒာရဲ႕အခန္းတံခါးေပၚလက္တင္ထားကာ မသြားေသးပဲရပ္ေနသည္ ။ ႏႈတ္ခမ္းျခင္းထိေတြ႕စဥ္က ရရွိတဲ့ႏူးႏူးညံ့ညံ့ထိေတြ႕မႈေလးနဲ႕ သင္းျပန႔္တဲ့မုျဒာရဲ႕ဖယ္ရိုမုန္းပန္းရနံ႕ေလးကိုျပန္ခံစားရင္း ၿပဳံးမိလိုက္သည္ ။ သူအခ်ိန္အေတာ္ၾကာ ေတာင့္တမိေနတဲ့အရာေလးမို႔ ရင္ခုန္စိတ္လႈပ္ရွားကာ ေပ်ာ္႐ႊင္ေနသည္ ။ ၿပီးေနာက္ သူကတံခါးအားေငးၾကည့္ေနၿပီး တိုးတိုးေလးေရ႐ြတ္လိုက္သည္ ။

" ကိုယ္မင္းအနားမွာရွိေနခ်င္လို႔ တေလာကလုံးနဲ႕ဆန႔္က်င္လာခဲ့တာ … ခုခ်ိန္မွာ မင္းနဲ႕ကိုယ့္ၾကား တံခါးတစ္ခ်က္ျခားေနရင္ အဲ့ဒိတံခါးကိုဖြင့္နိုင္ဖို႔ ကိုယ္ႀကိဳးစားမယ္ … ကိုယ့္ရဲ႕ေ႐ြးခ်ယ္မႈက မင္းတစ္ေယာက္ထည္းပဲ ကုမုျဒာ "

လြန္ခဲ့ေသာတစ္ပတ္ခန႔္က …

" သခင္ႀကီး … ေရွာင္ဟႊာရဲ႕ကမ္းလွမ္းမႈကို လက္ခံသင့္ပါတယ္ "

သက္ေမာင္က အဆက္မပ်က္ေျပာေနေတာ့ ဧကရာဇ္ေမာင္ စိတ္တိုကာ ေအာ္ျပစ္လိုက္သည္ ။

" ငါလက္မခံဘူး … ငါ့မွာအေရးႀကီးလုပ္စရာရွိတယ္ "

" ရွန္ဟႊာဘက္က သခင္ႀကီးအတြက္အခ်ိန္ေပးထားပါတယ္ … ခ်က္ခ်င္းမျငင္းပဲ အခ်ိန္ယူၿပီးစဥ္းစားၾကည့္လိုက္ပါလား … အေျဖမွန္ကို သခင္ရွာေတြ႕မွာပါ "

ဧကရာဇ္ေမာင္ ခ်က္ခ်င္းပဲ အႀကံတစ္ခုေပၚလာၿပီး လင္းထက္အားအမိန႔္ေပးလိုက္သည္ ။

" လင္းထက္ ငါခရီးတစ္ခုသြားစရာရွိတယ္ … ငါ့အတြက္ ျပင္ဆင္ထားေပး "

" ဒီတစ္ခါဘယ္ေလာက္ၾကာမွာလဲ သခင္ႀကီး "

" မသိေသးဘူး … သက္ေမာင္ မင္းကထုံးဆန္အတိုင္း အလုပ္ေတြကိုတာဝန္ယူထားေပး … ရွန္ဟႊာဘက္ကိုငါစဥ္းစားဖို႔အခ်ိန္ဆြဲထားေပး … အကယ္၍သူတို႔ဘက္ကအေရးႀကီးေနရင္ တစ္ျခားတစ္ေယာက္ကိုေျပာင္းရွာဖို႔ပါေျပာလိုက္ "

" စိတ္ခ်ပါသခင္ႀကီး … လမ္းခရီးမွာ အဆင္ေျပပါေစ "

သက္ေမာင္ကအမိန႔္ရသည္ႏွင့္ထြက္သြားသည္ ။ ဧကရာဇ္ေမာင္ ခရီးသြားလွ်င္ အလုပ္ကိစၥေၾကာင့္ပဲမို႔ သက္ေမာင္ကမေမးျမန္းပဲ အမိန႔္ကိုနာခံသည္ ။ ကိုင္သြယ္ရခက္သည့္သူက လင္းထက္ျဖစ္သည္ ။

" သခင္ႀကီး ကြၽန္ေတာ္ပါလိုက္ခဲ့ရမလား "

" မလိုဘူး … ငါတစ္ေယာက္ထည္းသြားမွာ "

" မလုံၿခဳံပါဘူး … အနားမွာအေစာင့္အေရွာက္ရွိဖို႔လိုပါတယ္ "

" မင္းကသခင္လား ငါကသခင္လား "

" သခင္ႀကီးကသခင္ပါ "

" ဒါဆိုငါ့အမိန႔္ကိုနာခံ … မင္းကိုအျပစ္ေပးတဲ့အေနနဲ႕ တစ္လစာမေပးဘူးလိုေျပာၿပီးၿပီ  …၂ လစာအျဖတ္ခံခ်င္ေနတာလား "

" ကြၽန္ေတာ္နာခံပါမယ္ "

" ဒါဆို မင္းဒီလစာမရဘူးဆိုေတာ့ ဒီတစ္လမင္းကိုနားခြင့္ရက္ရွည္ေပးလိုက္မယ္ … ငါျပန္ေရာက္လာမွ မင္းကိုျပန္ေခၚလိုက္မယ္ … ခုသြားေတာ့ "

ေနာက္ဆုံးေတာ့ ကိုယ္ရံေတာ္ကို ႏွင္ထုတ္လိုက္နိုင္ၿပီး ခရီးေဝးသြားမည္ဟုလိမ္ကာ ဘယ္သူမွမသိေအာင္ မုျဒာရဲ႕ေဘးအခန္းသို႔ ဧကရာဇ္ေမာင္ေျပာင္းလာခဲ့ျခင္းျဖစ္သည္ ။ ခက္ခက္ခဲခဲရသည့္အခြင့္အေရးျဖစ္သလို တန္ဖိုးႀကီးတဲ့ကမ္းလွမ္းမႈကိုပါ ဖ်က္ျပစ္ခဲ့တဲ့အတြက္ ဒီတစ္ေခါက္ေတာ့မုျဒာအား ျပန္ၿပီးအရယူနိုင္တဲ့ထိ ႀကိဳးစားမည္ဟု ဆုံးျဖတ္လိုက္ေလသည္ ။

…………………………………………………………………………………

To Be Continued ……

Continue Reading

You'll Also Like

1.1K 59 2
❢ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 . . . (M/n) is the proxy of Trenderman and when they both went to Slender Mansion, he gained a lot of attention.
610K 30.9K 32
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...
40.6K 1K 24
You made me fall in love with you in the most captivating and delicate way. With you by my side, I felt loved and free. You gave me a taste of heaven...
1.4M 80K 81
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...