Wild Rose(complete)

By LahPhan_85

2.4M 201K 29.3K

"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" ... More

Intro
part1(Unicode)
part1(Zawgyi)
part 2(Unicode)
part2(zawgyi)
part3(Unicode)
part3(Zawgyi)
part4(Unicode)
part4(Zawgyi)
part5(Unicode)
part5(Zawgyi)
part6(Unicode)
part6(Zawgyi)
part7(Unicode)
part7(Zawgyi)
part8(Unicode)
part8(Zawgyi)
part9(Unicode)
part9(Zawgyi)
part10(Unicode)
part10(Zawgyi)
part11(Unicode)
part11(Zawgyi)
part12(Unicode)
part12(Zawgyi)
part13(Unicode)
part13(Zawgyi)
part14(Unicode)
part14(Zawgyi)
part15(Unicode)
part15(zawgyi)
part16(Unicode)
part16(Zawgyi)
part17(Unicode)
part17(Zawgyi)
part18(Unicode)
part18(Zawgyi)
part19(Unicode)
part19(zawgyi)
part20(Unicode)
part20(Zawgyi)
part21(Unicode)
part21(Zawgyi)
part22(Unicode)
part22(Zawgyi)
part23(Unicode)
Part23(Zawgyi)
part24(Unicode)
Part24(Zawgyi)
part25(Unicode)
Part25(Zawgyi)
part26(Unicode)
part26(Zawgyi)
part27(Unicode)
part28(Unicode)
part28(Zawgyi)
part29(Unicode)
part29(Zawgyi)
part30(Unicode)
part30(Zawgyi)
part31(Unicode)
part31(zawgyi)
part32(Unicode)
part32(zawgyi)
part33(Unicode)
part33(zawgyi)
part34(unicode)
part34(zawgyi)
part35(Unicode)
part35(Zawgyi)
part36(Unicode)
Part36(Zawgyi)
Part37(Unicode)
Part37(Zawgyi)
Part38(Unicode)
Part38(Zawgyi)
Part39(Unicode)
Part39(Zawgyi)
Part40(Unicode)
Part40(Zawgyi)
part41(Unicode)
part41(Zawgyi)
part42(Unicode)
part42(Zawgyi)
part43(Unicode)
Part43(Zawgyi)
part44(Unicode)
Part44(Zawgyi)
Part 45(Unicode)
Part45(Zawgyi)
Part 46(Unicode)
Part46(Zawgyi)
❤🌹
part 47(Unicode)
part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Final(unicode)
Final(zawgyi)
Extra
Extra(Zawgyi)
Announce📍📍📍

part27(Zawgyi)

10.2K 443 13
By LahPhan_85

မန္တလေးမြို့၏ ဆိတ်ငြိမ်ရပ်ကွက်ထဲမှ ခြံဝန်းကြီးတစ်ခုရှေ့ရောက်တော့ ဆိုင်းလော့ဒ်က ကားကိုဟွန်းတီးလိုက်၏။သိပ်ကြာကြာမစောင့်လိုင်ရပါပဲ ဇီးညိုရောင်သံပန်းတံခါးကြီးက လျှောကနဲပွင့်သွားလေသည်။ဆိုင်းလော့ဒ်က ခြံထဲသို့ ကားအားကျင်လည်စွာ မောင်းဝင်ခဲ့လေသည်။အိမ်ကြီးက ခမ်းနားပါသည်ဆိုတာထက်ကို ပိုသာသော အပြင်အဆင်တို့ဖြင့် ထည်ဝါလွန်းနေသည်။တူညီဝတ်စုံဖြင့် လူလေးယောက်လောက်က အိမ်တံခါးဝမှာ အသင့်စောင့်နေကြသည်။နှစ်ယောက်သား ကားပေါ်က အတူတူဆင်းလိုက်တော့မှ ဇီးညိုရောင် မှန်တံခါးကြီးက လျှောကနဲပွင့်သွားလေသည်။အထဲမှာတော့ တူညီဝတ်စုံဖြင့် လူတစ်ယောက်က အဆင်သင့်စောင့်ဆိုင်းနေသည်။

"အထဲမှာ လောပန်ကြီး ‌စောင့်နေပါတယ်...."

သူတို့အား ခါးညွှတ်‌ပြောပြီး အထဲသို့ဉီးဆောင်ခေါ်‌သွား၏။အိမ်၏အတွင်းပိုင်း အပြင်အဆင်ကလည်း လူချမ်းသာဂုဏ်ပုဒ်နှင့်အညီ ထည်ဝါမှုအပြည့်ဖြင့်။ကျွန်းလှေကားလက်ရန်းကြီးကလည်း ဖိတ်ဖိတ်တောက်၍နေ၏။အိမ်တစ်ခုလုံးကိုလည်း ကတ္တီပါကောဇောအပြည့် ခင်းထားတာမို့ ဖိနပ်ဖြင့်နင်းလျှောက်နေရတာကိုတောင်မှ စိတ်ကအားတုံ့အားနာ ဖြစ်နေမိသည်။တူညီဝတ်စုံဖြင့် အစောင့်တချို့ကိုလည်း ဟိုနားမြင်ရ ဒီနားမြင်ရဖြင့် မသိလျှင် မာဖီးယားဂိုဏ်းကြီးထဲ ရောက်လာခဲ့တဲ့အတိုင်း။သူ့စိတ်ထဲ မသက်မသာဖြစ်လာရကာဖြင့် နံဘေးရှိ ဆိုင်းလော့ဒ်၏အနားသို့ တိုးကပ်လိုက်ပြီး....

"ဘာလို့ အစောင့်တွေအများကြီး ရှိနေတာလဲ...."

လေသံလေးဖြင့် ခပ်တိုးတိုး မေးမိတော့ ဆိုင်းလော့ဒ်က စောင်းငဲ့ကြည့်လာပြီးမှ...

"လိုအပ်လို့ပေါ့...."

ကိုယ့်အိမ်မှာတောင် အစောင့်တွေချထားဖို့ လိုအပ်တယ်တဲ့လား။ဝန်ကြီးချုပ်လည်းမဟုတ် နိုင်ငံရဲ့အကြီးအကဲလည်း မဟုတ်ပါပဲနဲ့ ဒီလောက်အထိ တစ်ခမ်းတနားကြီး လိုအပ်လို့လား။ပြီးတော့ အိမ်မှာတောင် အစောင့်ချထားရအောင် ဘယ်လောက်အထိများ အသက်အန္တာရာယ်ကို စိုးရိမ်နေရလို့လဲ။သူမတင်မကျဖြင့် အတွေးများနေမိဆဲ အရှေ့မှဉီးဆောင်ခဲ့သောလူက ခြေလှမ်းရပ်လိုက်တာမို့ သူတို့လည်း ကိုယ်ရှိန်သတ်လိုက်ရတော့သည်။

"အထဲမှာ စောင့်နေပါတယ်ဗျ..."

ပြောင်လက်နေသော ကျွန်းတံခါးကြီးအား တွန့်ဖွင့်ပေးကာ ပြောရင်းဖြင့် ထိုလူကတော့ အပြင်ဖက်၌သာရပ်လျှက် ကျန်ခဲ့လေသည်။နှစ်ယောက်သား အထဲသို့ဝင်လိုက်တော့ အမွှေးပွ ခွေးတစ်အုပ်ကြား အလုပ်များနေပါသော လူကြီးတစ်ယောက်အား တွေ့လိုက်ရ၏။အိမ်နေရင်း ချည်သားအပေါ်ဝတ်ကို အောက်ကကချင်ပုဆိုး အကွက်ကြီးဖြင့် ရိုးရိုးရှင်းရှင်းပဲ တွဲဝတ်ထားကာ ဆံပင်ကိုလည်း ပြောင်နေအောင်ရိတ်သင်ထားသည်။မေးရိုးကားကား အသားဖြူဖြူ မျက်နှာပြည့်ပြည့်ဖြင့် ထိုလူကြီး၏မျက်နှာကို ဘယ်မှာများ ရင်းနှီးနေသလဲဟု သူ ဇဝေဇဝါဖြစ်နေမိသည်။

"သြော် အဖော်ပါလာတာလား လာ ထိုင်ကြ..."

သူတို့ဝင်သွားတော့ လူကြီးက ခွေးတစ်အုပ်အနားမှ ထလာလေသည်။ထိုလူကြီးထလာတာနှင့် နံဘေးရှိ ကိုယ်ရံတော်နှစ်ယောက်က ခွေးများအားဆွဲခေါ်သွား၏။သူတို့ခုံ၌ ဝင်ထိုင်ထိုင်ချင်းမှာပဲ အဒေါ်ကြီးတစ်ယောက်က လက်ဖက်ရည်ခွက်တို့အား လာချပေးလေသည်။မျက်စိရှေ့ရောက်လာသော ကျောက်စိမ်းခွက်တို့အား ကြည့်၍ သူမျက်လုံးတို့ ပြူးကျယ်သွားရသည်။ဘယ်လောက်အထိချမ်းသာနေလို့ လက်ဖက်ရည်ကို ကျောက်စိမ်းခွက်နဲ့ သောက်တာတဲ့လဲ။သူ့အတွေ့အကြုံအရ တစ်ချက်ကြည့်လိုက်တာနဲ့ကို ဒီခွက်တွေဟာ ကျောက်စိမ်းအစစ်ဆိုတာ သိသာလို့နေလေသည်။

"စာကြည့်ခန်းထဲ လိုက်ခဲ့လေ ပစ္စည်းကအထဲမှာ..."

လူကြီးက ဆိုင်းလော့ဒ်တစ်ယောက်ထဲကိုသာ ရည်ရွယ်၍ပြောလာ၏။

"ခင်ဗျား ဒီမှာ ခဏစောင့်နေနော်..."

"ဟမ် သြော် အင်း သွားလေ..."

သူပြောလိုက်တော့ ဆိုင်းလော့ဒ်က ခေါင်းညိတ်ပြပြီး နေရာမှထရပ်၏။လူကြီးကလည်း သူ့အားခေါင်းညိတ်ပြုံးပြပြီးမှ နေရာမှလှည့်ထွက်လေသည်။ဒီအခန်းထဲမှာကိုပဲ နောက်ထပ် စာကြည့်ခန်းလိုမျိုး အခန်းတစ်ခုထပ်ဖွဲ့ထားသေးသည်။လူတစ်ရပ်စာမြင့်သော ပန်းချီကားကြီး၏နောက်မှာ နောက်ထပ်အခန်းတစ်ခု ရှိနေသည်းဆိုတာကို ဆိုင်းလော့ဒ်တို့ ဝင်ရောက်သွားမှပဲ သူ သတိပြုမိလေသည်။အခန်းထဲမှာ တစ်ယောက်ထဲ ကျန်ခဲ့ရတာမို့ သူယောင်တောင်တောင်ဖြင့် ဘာရယ်မဟုတ် အခန်းအပြင်အဆင်အား မျက်စိကစားကြည့်မိသည်။အခန်းထောင့်တိုင်းမှာ တန်ဖိုးကြီးကျောက်စိမ်းပန်းအိုး ကြီးများဖြင့် အလှဆင်ထားပုံက အိမ်ရှင်၏ကြွယ်ဝမှုကို ‌ဖော်ပြနေသလို ရှိလေသည်။

ကြွယ်ဝသည် ဘာညာဆိုသည်ထက်ကို ဘယ်လိုလုပ်ငန်းမျိုးကို လုပ်နေတာမို့ ဒီလောက်အထိ ကြွယ်ဝချမ်းသာနေတာလဲဆိုတာကို စိတ်ဝင်စားနေမိတာဖြစ်သည်။ပုံမှန်ဆိုလျှင် သူများကိုစိတ်ဝင်တစား မရှိတက်ပေမဲ့ ဆိုင်းလော့ဒ်၏ အလုပ်ရှင်အသစ်မို့ စူးစမ်းနေမိတာဖြစ်သည်။အိမ်ထဲမှာလည်း သက်တော်စောင့် အထပ်ထပ်နဲ့ဆိုတော့ အလုပ်‌တွေက ‌သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။ဒီကောင်လေး ဘာတွေများလျှောက်လုပ်နေပါလိမ့်နော်။

သူတောင်တောင်အီအီ ‌လျှောက်တွေးနေဆဲ နောက်ကျောဖက်ဆီမှ လှုပ်ရှာမှုတစ်ခုကြောင့် လှည့်ကြည့်လိုက်တော့ ဆိုင်းလော့ဒ်တစ်ယောက်ထဲ စာကြည့်ခန်းဆီမှ ပြန်ထွက်လာတာကို တွေ့လိုက်ရ၏။လက်ထဲ၌လည်း အမဲရောင် အထုပ်တစ်ခုအားဆွဲထားတာကို တွေ့လိုက်ရ၏။

"သွားမယ်...ပြန်မယ်..."

"အင်း...."

နှစ်ယောက်သား ပြန်ထွက်လာတော့ အခန်းအပြင်၌ စောင့်ကျန်ခဲ့သည့် လူကြီးကပဲ အပြန်လမ်းကိုဉီးဆောင်၍ ပြန်ပို့ပေးလေသည်။ခြံထဲမှ တိတ်တဆိတ် ကားပြန်မောင်းထွက်လာသည့်အထိ ရှင်းခန့်၏စိတ်ထဲ မတင်မကျဖြစ်နေဆဲဖြစ်၏။သို့ပေမဲ့ ဆိုင်းလော့ဒ် မကြိုက်ဘူးဆိုတာကို သိနေ၍ ထုတ်တော့ မမေးမိလိုက်တော့ချေ။

                 ------

"အင်း ရတယ် မင်းအဆင်ပြေတာပဲ ဝယ်ခဲ့လိုက်..."

"....."

"ကိုယ် မဆာသေးပါဘူး နောက်ထပ် ၁၅မိနစ်လောက်အထိ စောင့်နိုင်သေးတယ်"

"....."

"အိုခေပါ အိုခေပါ အဟား...."

မှန်တံခါးရှေ့ရပ်ရင်း ဆိုင်းလော့ဒ်နှင့် နေ့လည်စာစားဖို့ ကိစ္စကို ဖုန်းထဲမှတဆင့် ပြောဆိုနေမိတာဖြစ်သည်။မန္တလေးကနေ ရန်ကုန်အထိ အတူပြန်ခဲ့ရင်း သူတို့ကြားက ဆက်ဆံရေးဟာ ဟိုတုန်းကအတိုင်း ဘာတစ်ခုမှ အပြောင်းအလဲမရှိစွာ ချောမွေ့လို့နေခဲ့သည်။တစ်ရက်ရဲ့ နှစ်ဆယ့်လေးနာရီကို အချိန်အတော်များများ အတူတူကုန်ဆုံးဖြစ်ခဲ့ကြသည်။မနက်ကနေညအထိ နှစ်ယောက်အတူတူရှိနေရခြင်းအပေါ်မှာ ဘာမှမေးခွန်းထုတ်နေစရာ မလိုပါပဲ အသားတကျပဲဖြစ်နေခဲ့လေသည်။

ဖုန်းဆက်သွယ်မှု ပြတ်တောက်သွားသည့်အထိ သူ့မျက်နှာဟာ ကြည်ကြည်လင်လင် ပြုံးနေမိဆဲဖြစ်သည်။အခုနောက်ပိုင်း တိတိကျကျပြောရလျှင် မန္တလေးက ပြန်လာပြီးတဲ့နောက်ပိုင်းမှာ ဒီကောင်လေးကြောင့် သူတစ်နေ့ကို ဘယ်နှခါလောက်တောင် ပြုံးရယ်မိနေသလဲ မသိတော့ချေ။စိတ်လွတ်လက်လွတ် ပြုံးရယ်နေမိပြီးမှ မှန်ထဲရှိပေါ်လာ‌သော အရိပ်ကြောင့် သူ့ရင်ထဲထိတ်ကနဲ ဖြစ်သွားရကာ အပြုံးတို့သည်လည်း ချက်ချင်းပျောက်ကွယ်သွားရသည်။

"ဖေဖေ...."

သူ နှုတ်မှအသံထွက် ရေရွတ်မိသည်။ဖေဖေကတော့ သူ့ထုံးစံအတိုင်း တည်သည်တင်းသည် မမြည်သောမျက်နှာထားဖြင့် ခေါင်းညိတ်ပြပြီးမှ ဆိုဖာ၌ဝင်ထိုင်လေသည်။

"ဘယ်လိုလုပ် ရောက်လာတာလဲ ဖေဖေ ဖုန်းလည်းကြိုမဆက်ပဲနဲ့..."

သားဖြစ်သူ၏ စကားကြောင့် ဉီးမင်းမောင် မျက်နှာကွက်ကနဲ ပျက်သွားရတာ ခဏလေးပဲဖြစ်သည်။ချက်ချင်းကို ပေါ့ပေါ့ပါးပါး ဖြစ်စေဖို့ ပြန်လာပြင်ဆင်လိုက်ပြီးမှ...

"ကိုယ့်သားဆီ ကိုယ်လာတာပဲကွာ ကြိုတင်အပွိုင့်မန့် ယူနေရအုံးမှာလား ဟိုမှာ မင်းမေချို ဟင်းတွေထည့်ပေးလိုက်တယ်..."

ဖေဖေက  င်မောင်ထူး ဆွဲလာသော ဆွဲခြင်းအားမေးငေါ့ပြရင်း ပြော၏။

"နေ့လည်စာစားချိန်လည်း ရောက်နေပြီ သား ထမင်းစားပြီးပြီလား..."

"မစားရသေးဘူး ဖေဖေ အခုမှ အလုပ်တွေပြီးလို့...."

"အေး ဖေဖေလည်း မစားရသေးဘူး ကဲ မောင်ထူးရေ့ တစ်ခါတည်း ပြင်ကွာ တို့သားအဖ လက်ဆုံစားရအောင်လို့..."

"ဟုတ်ကဲ့ ဆရာ..."

ဖေဖေက မောင်ထူးအား တစ်ခါတည်းလှမ်းပြော၏။ပြီးတော့ စားပွဲရှိဂျာနယ်တစ်စောင်အား ဆွဲယူကာ ဟိုဟိုဒီဒီ လှန်လှောကြည့်နေလေသည်။တစ်ယောက်ထဲ သီးသန့်ဖြစ်နေခဲ့တာ အသားကျသွားပြီမို့ ထင်ပါရဲ့ ဖေဖေဒီလိုမျိုး ရုတ်တရက်ကြီး လာနွေးထွေးနေတဲ့ကိစ္စကို သူစိတ်ကျဉ်းကျပ်နေမိသည်။ဘယ်လိုမှ အလိုက်အထိုက် ဖြစ်မနေနိုင်ပဲ ခန္ဓာကိုယ်ကပါ တောင့်တောင့်တင်းတင်းကြီး ဖြစ်လို့နေ၏။မောင်ထူး ထမင်းပွဲပြင်ပြီးသွားတော့ သားအဖနှစ်ယောက် တိတ်တဆိတ်ပဲ စတင်စားသောက် ဖြစ်ကြသည်။ယောက်ျားလေးချင်းမို့ ထင်ပါသည် ဟိုတုန်းကတည်းကလည်း ဖေဖေက အရမ်းကြီး ဖက်လှဲတကင်းရှိလှသော အဖေမျိုးထဲမပါခဲ့ချေ။တမင်တကာကြီး စိမ်းသက်နေတာမျိုးတော့ မဟုတ်ပါပဲ လိုအပ်သလောက်သာ ပြောဆိုဆက်ဆံလေ့ရှိသည်။စီးပွာရေးထဲ နစ်မြှုပ်ရင်း အိမ်မကပ်ခဲ့တာကြောင့်လည်းပါသည်။ထို့ကြောင့်ပဲ သူတို့သားအဖ၏ ဆက်ဆံရေးက ရင်းနှီးတာမျိုးလည်းမဟုတ်သလို မရင်းနှီးဘူးဆိုလားတော့လည်း မဟုတ်ပြန်ပေ။

"ဖေဖေ ကိစ္စတစ်ခုခုများ ရှိလို့လား...."

တိတ်ဆိတ်ခြင်းကို သူ့ဖက်မှ စတင်ဖြိုခွဲလိုက်တော့ ဟင်းခတ်နေပါသော ဖေဖေ့၏လက်တို့ တန့်သွားတာကို သတိထားမိလိုက်၏။ပြီးတော့ သူ့ဆီသို့ အကြည့်မပို့လာပါပဲ ဟင်းခတ်ဖို့ကိုသာ ဆက်အာရုံစိုက်နေလေသည်။

"ဖေဖေ ကျွန်တော့်ကို ပြောစရာတစ်ခုခုများ ရှိနေတာလား..."

သူထပ်မေးသော်လည်း ဖေဖေ့မျက်နှာပေါ်မှာ ဘယ်လိုအရိပ်အယောင်ကိုမှ ဖမ်းဆုပ်ကြည့်၍ မရချေ။

"အထွေးအထူးရယ်တော့ မရှိပါဘူး..."

ပြောရင်းဖြင့် ထမင်းလုတ်အား ပန်းကန်းထဲ သပ်သပ်ရပ်ရပ်ပုံလိုက်ပြီးမှ....

"မန္တလေးမှာ ပျော်ခဲ့ရဲ့လား..."

ရုတ်တရက် ဖခင်ဖြစ်သူဆီမှ မထင်မှတ်ထားသော စကားကြောင့် သူ့ရင်ထဲ ဒိန်းကနဲဖြစ်သွားရကာ ခန္ဓာကိုယ်လည်း တုန်ကနဲဖြစ်သွားရသည်။ဖေဖေက ဘာကိုဆိုလိုချင်တာများလဲ။အသက်သုံးဆယ်ကျော်အရွယ် ယောက်ျားတစ်ယောက်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ၍ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေပြီ ဆိုသော်ငြားလည်း စိတ်ထင်ရာလုပ်ခွင့်ရှိနေတာမျိုးတော့မဟုတ်။မိဘ၏ဂုဏ်သိက္ခာကိုတော့ လေးစားမှုပေးရမှာဖြစ်သည်။ပြီးတော့ ဖေဖေဆိုတာ သူ့၏ဖြစ်တည်မှုကို သိရတဲ့အချိန်ကစလို့ အခုအချိန်အထိ ကောင်း၏ဆိုး၏ တစ်လုံးတလေတောင် ဝေဖန်ခဲ့ဖူးခြင်းမျိုး မရှိပါချေ။

"ဟုတ်ကဲ့...."

သူခပ်တိုးတိုး ပြန်ဖြေမိတော့ ဖေဖေဖက်မှ တိတ်ဆိတ်သွားပြန်လေသည်။အခန်းထဲမှာ အပ်ကျသံကြားရလောက်သည့်အထိ တိတ်ဆိတ်နေခဲ့ပြီးမှ....

"ဘယ်အထိ ဆက်သွားဖို့တွေးထားတာလဲ...."

ဖေဖေဘာကို ရည်ရွယ်၍မေးနေသလဲဆိုတာကိုသိသည်။သို့သော် သူ့မှာ အဖြေရှိမနေချေ။သူ...ဆိုင်းလော့ဒ်နှင့် ဘယ်အထိဆက်သွားချင်တာလဲ။ဆိုင်းလော့ဒ်ဖက်ကရော သူ့ကို ဘယ်လိုများတွေးထားတာလဲ။သူ့မှာ ဘာတစ်ခုမှ သေချာရေ‌ရာနေတာလည်း မရှိပါချေ။သူ ပြန်မဖြေနိုင်ပဲ တိတ်ဆိတ်နေမိတော့ ဖေဖေ့ဆီမှ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာလေသည်။

"အပျော်ပဲဆိုရင်တော့ ရပ်လိုက်တော့ဖို့ ဖေဖေပြောချင်တယ်...."

ဖခင်ဖြစ်သူ၏ စကား‌ကြောင့် ခေါင်းငုံ့ထားရာမှ မော့ကြည့်မတက် ဖြစ်သွားရ၏။

"သားရဲ့ဖြစ်တည်မှုကို ဖေဖေဘယ်တုန်းကမှ ဝင်မစွက်ဖက်တာ သားသိတယ်မဟုတ်လား..."

ဉီးမင်းမောင်ကပြောရင်းဖြင့် လက်ထဲမှဇွန်းနှင့်ခရင်းအား ပန်းကန်ထဲသို့ ပြန်ချလိုက်ပြီး သားဖြစ်သူအား တည့်တည့်ရင်ဆိုင်ကြည့်သည်။

"သား ဘယ်လိုလူကိုပဲ ရွေးချယ်ရွေးချယ် ဖေဖေလက်ခံပေးနိုင်ပါတယ်။လက်ခံပေးနိုင်ဖို့လည်း ကြိုပြီးပြင်ဆင်ထားခဲ့တယ်။ဖေဖေ့အတွက် ရွှေလည်းမလိုဘူး ငွေလည်းမလိုဘူး။တစ်ခုပဲ အဲ့ဒီလူဟာ ဖေဖေ့သားအပေါ်မှာ စစ်မှန်တဲ့မေတ္တာတရားနဲ့ ထက်သန်တဲ့စေတနာမျိုးရှိဖို့တော့လိုတယ်..."

ဖေဖေ ဒီလိုစကားတွေ ပြောလာပြီဆိုကတည်းက ဆိုင်းလော့ဒ်နှင့် သူ့၏ကိစ္စကိုသိထားပြီးပြီဆိုသည့်သဘောပင်။သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ဖေဖေနားလည်အောင်ရှင်းပြဖို့မပြောနှင့် သူကိုယ်တိုင်တောင်မှ နားမလည်ချေ။သူတို့ကြားမှာ တစ်ခါတစ်ရံလည်း ဘာမှမရှိသလို တစ်ခါတစ်ရံကျတော့လည်း တစ်ခုခုရှိနေသလိုလို။အတွေးများစွာဖြင့် သူ သက်ပြင်းအားရှိုက်မိပြီးမှ....

"ကျွန်တော်တို့က...."

စကားပြောဖို့ အရှိန်ယူလိုက်စဉ်မှာပဲ ဖေဖေက လက်ကာပြပြီး တားဆီးလာတာမို့ သူ့၏စကားသံတို့ တစ်ဝက်တစ်ပျက်ဖြင့် တိတ်ကျသွားရပြန်လေသည်။ငယ်စဉ်ကတဲ လူကြီးသူမများအပေါ်မှာ ရိုင်းစိုင်းဖူးခဲ့တဲ့ သူမျိုးမဟုတ်တာမို့ အခုအချိန်မှာလည်း ဖေဖေ့အရှေ့မှာ သူဟာခေါက်ရိုးကျိုးနေခဲ့ပြီဖြစ်သည်။

"ဖေဖေအားလုံးသိထားပြီးပြီ သား..."

ပြောရင်းဖြင့် ဉီး‌မင်းမောင်က စားသောက်ခြင်းအား လက်စသတ်လိုက်၏။ပြီးတော့ နှုတ်ခမ်းအား ပုဝါဖြင့်တို့သုတ်နေရင်းဖြင့်....

"ဖေဖေ့မှာ ဒီသားတစ်ယောက်ထဲရှိတာပါ။အတူတူမနေကြဘူးဆိုပေမဲ့ သားရဲ့ကိစ္စတွေအားလုံးကို ဖေဖေမျက်ကွယ်ပြုထားတာမဟုတ်ဘူး။သားက ဒီကမ္ဘာပေါ်မှာ ဖေဖေဂရုစိုက်ပေးရမဲ့လူတစ်ယောက် ဖြစ်နေတုန်းပဲ သား..."

ထိုစကားကိုလည်း သူ မငြင်းလိုပါ။ဖေဖေဟာ သူ့နည်းသူ့ဟန်ဖြင့် သူ့အပေါ်မှာတာဝန်ကျေးပေးခဲ့ ဂရုစိုက်ပေးခဲ့တဲ့ ဖခင်ကောင်းတစ်ယောက်ပါပဲ။သူလိုချင်ခဲ့တဲ့ နည်းလမ်းမျိုးနဲ့မတူခဲ့ပေမဲ့လို့ပေါ့။

"သားက အသက်လည်း၃၀ကျော်ပြီ။ကိစ္စတော်တော်များများကိုလည်း ကြုံတွေ့ခဲ့ဖူးပြီးပြီ။လုံလောက်တဲ့ ရင့်ကျက်မှုမျိုးတွေ ရှိနေပြီ။ဒီလိုကိစ္စတွေမှာ ဖေဖေဝင်မပါသင့်တော့ဘူးဆိုပေမဲ့ သားကို အထိန်းအကွပ်မဲ့သွားတဲ့အထိတော့ ဖေဖေကြည့်မနေနိုင်ဘူး သား..."

"ဖေဖေ ဘာကို ဆိုလိုချင်တာလဲ ကျွန်တော်နားမလည်ဘူး..."

ဖခင်ဖြစ်သူ၏ စကားအားနားမလည်နိုင်စွာ ပြန်မေးမိသည်။

"တချို့ကိစ္စတွေမှာ ကောင်လေးကို သားကထောက်ပံ့ပေးနေရတာလို့ ဖေဖေသိထားတယ်..."

နိုရာဆေးရုံတက်တုန်းက ငွေရေးကြေးရေးကိစ္စကို ဖေဖေသိထားပုံရလေသည်။သူဆိုတာလည်း ဘယ်တုန်းကမှ ဒီလိုငွေပမာဏကို တစ်ကိုယ်ရည်အတွက် သုံးဖူးခဲ့တာမရှိတာမို့ ဖေဖေ့ဆီကို သတင်းတန်းရောက်သွားပုံပါပဲ။သူ တစ်ချိန်လုံး ဖေဖေစောင့်ကြည့်တာကို ခံနေရတာလား။အတွေးနှင့်အတူ စိတ်ရှုပ်ထွေးသွားရတော့သည်။

"ကျွန်တော်တို့က ဖေဖေထင်နေသလို မဟုတ်ပါဘူး..."

"ဖြစ်နိုင်ပါတယ် ကာယကံရှင်နဲ့ ဘေးကကြည့်တဲ့အမြင်ကတော့ ဘယ်တူနိုင်ပါ့မလဲ ဒါပေမဲ့ အဲ့ဒီကောင်လေး သားရဲ့အနားမှာ ရှိနေရတဲ့အကြောင်းပြချက်က ငွေတစ်ခုတည်း အတွက်ကြောင့်ဆိုတာတော့ သားလက်ခံတယ်မဟုတ်လား"

ဖေဖေ့၏စကားအား သူ့မှာပြန်လည် ငြင်းဆိုလောက်စရာ စကားတို့ရှိမနေချ။အမှန်တကယ်လည်း သူတို့နှစ်ယောက်ဟာ မတော်တဆခြေကျွံမိခဲ့ပြီး ငွေကြေးပတ်သတ်မှုတစ်ခုရဲ့အောက်မှာ ချည်နှောင်မိခဲ့ကြတာမဟုတ်လား။အဲ့ဒီငွေကြေးကြောင့်ပဲ ဆိုင်းလော့ဒ်ဟာ သူ့အနားမှာရှိနေဖြစ်ခဲ့တာ။အဲ့ဒီချည်နှောင်မှုတစ်ခုကြောင့်ပဲ ဆိုင်းလော့ဒ်ဟာ သူနှင့်အခုအချိန်အထိ ပတ်သတ်နေခဲ့တာဖြစ်သည်။သူတို့ကြားမှာ အဲ့ဒီအရာသာ မရှိတော့လျှင်ဆိုင်းလော့ဒ်ဟာ သူ့အနားမှာ ဆက်ရှိနေမှာလားလည်း မသေချာ။ဖြစ်နိုင်ချေ ရာခိုင်နှုန်းဟာ နည်းပါးလွန်းလှလေသည်။

သူတိတ်ဆိတ်နေတော့ ဖခင်ဖြစ်သူက သက်ပြင်းအားရှိုက်၍...

"ပြီးတော့ ဘားမှာ အလုပ်လုပ်နေတာဆို အသက်လည်းသားထက်ငယ်ပြီး အိမ်ထောင်ကျဖူးတဲ့ယောက်ျားတစ်ယောက်ဆီက သား ဘာကိုမျှော်လင့်လို့ရမှာလဲ သားသာ သူ့အတွက် ငွေကြေးအထောက်အပံ့ဖြစ်မနေခဲ့ဘူးဆိုရင် သူသားဘေးနားမှာ ရှိနေမှာမဟုတ်ဘူး အဲ့ဒီလိုလူမျိုးတွေဆီက အစစ်အမှန်ကို မရနိုင်ဘူးဆိုတာ သိထားပြီးသားမဟုတ်လား သူက သားဆီကငွေကိုပဲလိုချင်တာ သားသာ ဒီ‌ရွှေဆိုင်ကြီးရဲ့ ပိုင်ရှင်မဟုတ်တော့တဲ့နေကျရင် အဲ့ကောင်လေးက သားကိုစက္ကူစုတ်လိုမျိုးပဲ လွှင့်ပစ်သွားမှာ အဲ့လိုလူမျိုးတွေကို ဖေဖေ ကောင်းကောင်းသိတယ်သား..."

တကယ်တော့ ဒီငွေကြေးအပေးအယူကို စတင်ခဲ့သူဟာ သူသာဖြစ်ကြောင်း ဖခင်ဖြစ်သူနားလည်သဘောပေါက်အောင် သူဘယ်လိုရှင်းပြရမလဲ မသိချေ။ဆိုင်းလော့ဒ်ဟာ သူ့ဘေးနားမှာ ငွေကြောင့်ရှိနေခဲ့တာ ဆိုပေမဲ့ ရလိုမှုအတွက် မဟုတ်ပေ။သူ သက်ပြင်းအားရှိုက်၍ ဖေဖေ့ထင်နေသလို မဟုတ်ဘူးဆိုတဲ့အကြောင်းကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့ ခေါင်းမော့လိုက်မိတော့ မှန်ချပ်အပြင်ရှိ လှုပ်ရှားသွားသော ကျောပြင်ကျယ် တစ်ခုအားတွေ့လိုက်ရလေသည်။အပြင်မှာ ဆိုင်းလော့ဒ်ရှိနေခဲ့တယ်ဆိုတဲ့ အသိ‌ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ကနဲဖြစ်သွားရသည်။ဖေဖေ့ရှေ့မှာ ထိုင်နေရာမှ အလျှင်စလိုထရပ်မိတော့ ဖေဖေက အံ့သြစွာမော့ကြည့်လာသည်။

"ခ‌ဏလေး ဖေဖေ...."

ဖခင်ဖြစ်သူအား ပြောရင်းဖြင့် အခန်းထဲမှ ‌ဒရောသောပါးထွက်ခဲ့မိသည်။အပြင်ဖက်မှာတော့ လှည့်ပြန်ဖို့ခြေလှမ်းပြင်နေပါသော ဆိုင်းလော့ဒ်၏ ကျောပြင်အား လှမ်းမြင်လိုက်ရသည်။

"ဆိုင်းလော့ဒ်...."

‌ခြေလှမ်းတို့အား အရှိန်တင်၍ နောက်မှအသံပြုမိတော့ ဆိုင်းလော့ဒ်၏ ခြေလှမ်းတို့ ရပ်တန့်သွားလေသည်။သူ ခြေလှမ်းအား ပိုမြန်အောင်လှမ်းပြီး ဆိုင်းလော့ဒ်၏ ရှေ့၌ပိတ်ရပ်မိတော့ တည်တင်းအေးစက်နေပါသော မျက်နှာထားဖြင့် ရင်ဆိုင်မိလိုက်ရသည်။

"ဘာလို့ အထဲမဝင်လာတာလဲ...."

သူမေးမိတော့ ဆိုင်းလော့ဒ်၏ မျက်ဝန်းတွေ စူးကနဲဖြစ်သွားသလို ခံစားလိုက်ရသည်။သို့သော် မျက်နှာပေါ်မှာတော့ ဘာအရိပ်အယောင်ကိုမှ ဖမ်းဆုပ်၍ မရချေ။

"ခင်ဗျားအဖေရောက်နေတာ မဟုတ်လား..."

ဆိုင်းလော့ဒ်ကပြောရင်းဖြင့် ဝယ်ခဲ့သော နေ့လည်စာထုပ်အား လက်ထဲထည့်ပေးပြီးမှ...

"ကျွန်တော် စားခဲ့ပြီးပြီ ခင်ဗျားဖာသာစားလိုက်တော့ အလုပ်ရှိသေးလို့ သွားတော့မယ်..."

သူပြောချင်တာတွေကို တရပ်စပ်ပြောပြီးတာနှင့် ‌ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလိုက်တာ သူ့ဆီမှ ဘယ်လိုတုံ့ပြန်မှုကိုမှ နားမထောင်ချင်တော့သလိုမျိုး။ဖုန်းဆက်တုန်းကပဲ အတူတူနေ့လည်စာ စားကြဖို့ ပြောထားခဲ့တာမဟုတ်လား။ချက်ချင်းလက်ငင်းကြီး ဘယ်အလုပ်ကိစ္စက ပေါ်လာရတာလဲ။ဒါမှမဟုတ် ဖေဖေ့စကားတွေကို ကြားသွားလို့များလား။ဘယ်အချိန်ထဲက အခန်းရှေ့ကို ရောက်နေခဲ့တာလဲ။ထွက်ခွာသွားပြီးဖြစ်သော ဆိုင်းလော့ဒ်၏ ကျောပြင်အား လိုက်ကြည့်နေရင်း သူ့စိတ်ထဲ အတွေးများစွာဖြင့် တင်းကျပ်လေးလံလာခဲ့လေတော့သည်။

                -----

"မင်း ဘာတွေလုပ်နေတာလဲ...."

သူ အခန်းဝမှနေ၍ အမောတကောမေးမိတော့ ဆိုင်းလော့ဒ်က ခရီးဆောင်အိတ်ကြီးထဲ အဝတ်အစားတချို့အား ထိုးသိပ်ထည့်နေရင်း လည်ပြန့်ကြည့်လာလေသည်။သို့သော် ဘာမြှပန်မပြောပဲ တဖက်သို့ ပြန်လှည့်သွားပြီး သူလုပ်စရာရှိတာကိုသာ လုပ်လို့နေလေသည်။သူ အိပ်ခန်းထဲသို့ လျှောက်ဝင်သွားလိုက်ပြီး....

"မင်း တကယ်ဆိုင်ပိတ်တော့မလို့လား..."

"အင်း...."

ဆိုင်းလော့ဒ်က တိုတိုပြတ်ပြတ်သာ ပြန်ဖြေသည်။

"ဘားမှာလည်း မလုပ်တော့ဘူးဆို...."

"ဟုတ်တယ်..."

‌ဆိုင်းလော့ဒ်က ပြန်ဖြေရင်းဖြင့် ခရီးဆောင်အိတ်အား ဇစ်သေချာပိတ်သည်။ပြီးတော့ ကုတင်ပေါ်ရှိ အနည်းငယ်ပွကျဲနေသော အမှိုက်‌အိတ်တွေအားလုံးကို သိမ်းကြုံးစု၍ အိတ်တစ်လုံးထဲသို့ ထည့်နေလေသည်။

"မင်းဘာတွေလုပ်နေတာလဲ...."

သူထပ်မေးတော့ လှုပ်ရှားမှုတို့ ရပ်တန့်သွား၍ မျက်လုံးလှန်ကြည့်လာလေသည်။

"အလုပ်လုပ်နေတာလေ အခုအလုပ်က နည်းနည်းအလုပ်များတယ် အဲ့ဒါမို့ အရင်လိုအချိန်ခွဲပြီး အလုပ်ကိုနှစ်ခုသုံးခု လုပ်လို့မရတော့ဘူး။ပြီးတော့ သူကပိုအဆင်ပြေလို့ အဲ့အလုပ်ကိုပဲ ဇောက်ချလုပ်တော့မလို့..."

"မင်းက အခန်းပါ ပြန်အပ်လိုက်တာလား..."

"အင်း အလုပ်ကခဏခဏ ခရီးထွက်ရမှာမို့ ဒီအခန်းကအပိုကြီးလို ဖြစ်နေမှာလေ ပြီးတော့ ကျွန်တော့်အနေအထားနဲ့ အခန်းကြီးငှားထားပြီး ပိုက်ဆံမဖြုန်းနိုင်ဘူးလေ..."

ဆိုင်းလော့ဒ်က သာမန်ကာလျှံကာလိုမျိုး ပြောပြနေပေမဲ့ သူ့ရင်ထဲမှာ ဝမ်းနည်းစိတ်တွေ လှိုက်တက်လာခဲ့သည်။ဘာလို့လည်း ဒီကိစ္စတွေကို ကြိုမပြောတာလည်းလို့ သူ့မှာမေးဖို့ အခွင့်အရေးရောရှိရဲ့လားမသိပါချေ။သူ့ရဲ့အရေးကိစ္စတိုင်းကို ပြောပြတိုင်ပင်ဖို့အထိလည်း သူဟာ ဆိုင်းလော့ဒ်အတွက် အရေးပါနေရဲ့လားလည်း သူမသိပါ။သူတို့ရဲ့ပတ်သတ်မှုလေးဟာ ဒီအခန်းလေးထဲမှာသာ ရှိနေခဲ့ကြတာမဟုတ်လား။သူတို့အတွက် နိဗ္ဗာန်ဘုံဟာ ဒီနေရာလေးဖြစ်ခဲ့တာ။အခု ဆိုင်းလော့ဒ်ကိုယ်တိုင် ဒီပတ်သတ်မှုကို ဖြတ်တောက်ဖို့ ကြိုးစားနေခဲ့တာပဲ။

"ခင်ဗျားလာတာနဲ့အတော်ပဲ ကျွန်တော်အခုပဲ လာပေးမလို့..."

ဆိုင်းလော့ဒ်က ပြောပြောဆိုဆို အိတ်အမဲတစ်လုံးအား လက်ထဲသို့ လာထည့်ပေး၏။သူ နားမလည်သလို မော့ကြည့်မိတော့...

"အထဲမှာ ၁၀၀ပါတယ် ဒါကိုပဲအရင်ယူထားပေးပါအုံး...."

ဆိုင်းလော့ဒ်၏ စကားကြောင့် သူ့မျက်ခုံးတန်းတို့ တွန့်ကုပ်သွားရတော့သည်။

"မင်း မဟုတ်တာတွေ လုပ်နေတာလား ဒီလောက်ပိုက်ဆံတွေ အများကြီးကို ကိုယ်မင်းကိုပြောထားတယ်လေ အဲ့ဒီပိုက်ဆံကိစ္စကို ခေါင်းထဲထည့်ဖို့ မလိုဘူးလို့...."

သူပြောတော့ ဆိုင်းလော့ဒ်က နှုတ်ခမ်းတွန့်၍ ခပ်မဲ့မဲ့ပြုံးပြီးမှ....

"အကြွေးတင်နေရတာကို မကြိုက်လို့....."

အေးစက်စက်လေသံဖြင့် ပြောသည်။ပြီးတော့မှ ခပ်မဲ့မဲ့ရယ်ပစ်ပြီး....

"ခင်ဗျားကို အမှုမပတ်ပါဘူး ပူမနေနဲ့ ပြီးတော့ ဒီတစ်ခေါက် ရွှေလီကပြန်လာရင် ခင်ဗျားပိုက်ဆံတွေအားလုံး ပြန်ပေးနိုင်မယ်ထင်တယ် နှစ်လလောက်တော့ စောင့်ပေး..."

ထောင်ကျခဲ့ဖူးတဲ့သူက အမှုတ်ပတ်မှာကြောက်နေစရာလား။သူ့အတွက် ပူပန်လို့ပြောနေမိတယ်ဆိုတာကိုလည်း သူဘယ်လိုဖော်ပြရမလဲမသိတော့။သူ့ရဲ့စိတ်ပူပန်မှုတွေဟာ ဆိုင်းလော့ဒ်အတွက် စိတ်ရှုပ်စရာတွေလည်း ဖြစ်ကောင်းဖြစ်နေနိုင်လေသည်။ဆိုင်းလော့ဒ်ဟာ သူ့ဆီက ဘာကိုမှမလိုအပ်နေတာ မလိုချင်နေတာလည်း ဖြစ်နေနိုင်၏။ထိုသို့တွေးမိတော့ ရင်ဘတ်ထဲမှာ ဟာဆင်းသွားရလေသည်။

"‌သြော် ပြီးတော့ ခင်ဗျားအဖေကိုလည်း ပြောလိုက်ပါအုံး ကျွန်တော့်ကို သူသေချာမသိသေးပါဘူးလို့ အဟင်း..."

ပြောရင်းဖြင့် ခပ်မဲ့မဲ့ရယ်လိုက်ပြီး မျက်ဝန်းတို့ကလည်း မာနတို့ဖြင့် စူးရဲအေးစက်လို့နေသည်။ဆိုင်းလော့ဒ်၏ စကားနှင့် အမူအရာတို့ကြောင့် သူ့ခန္ဓာကိုယ်ကြီး အေးစက်တောင့်တင်းသွားရလေတော့သည်။ဖေဖေစကားတွေကို တကယ်ပဲ ကြားသွားခဲ့တာပဲ။သူ သက်ပြင်းအားအသာရှိုက်၍...

"မဟုတ်ဘူး ဆိုင်းလော့ဒ် ကိုယ့်အဖေက အဲ့လိုရည်ရွယ်တာမဟုတ်ဘူး သူက ကိုယ်တို့ကြားကကိစ္စကို အတွင်းကျကျမသိပဲ အပေါ်ယံမြင်သလောက်နဲ့ပဲ ပြောလိုက်တာ အဲ့အတွက် ကိုယ်ကပဲ ကြားထဲကနေ တောင်းပန်ပါတယ် ဖေဖေ့ကြောင့်ဆိုရင်တော့ မင်းတမင်ရှောင်ထွက်သွားစရာမလိုပါဘူး"

"အင်း ကျုပ်က ကျုပ်ကိစ္စနဲ့ကျုပ်ပါ ခင်ဗျားအဖေကြောင့်ဆိုတာမျိုးလည်း မရှိပါဘူး သူမပြောရင်တောင်မှ ခင်ဗျားပိုက်ဆံကို အမြန်ဆုံးပြန်ဆပ်နိုင်ဖို့ နည်းလမ်းရှာနေခဲ့တာပဲ အနှေးနဲ့အမြန်ပါပဲ..."

ပေါ့ပေါ့ပါးပါးပြောတဲ့သူက ပြောနေပေမဲ့ သူ့ရင်တွေကတော့ ပို၍သာတင်းကျပ်လေးလံလာရသည်။မျက်စိရှေ့မှလူကို အမှန်တကယ် အပြီးတိုင်လက်လွှတ် ဆုံးရှုံးလိုက်ရတော့မလိုမျိုး သူခံစားနေရလေသည်။သူ့ဘဝထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားတော့မလို ခံစားချက်မျိုး။
အမှန်တော့လည်း ဆိုင်းလော့ဒ်ဆိုတာ သူ့ဆီကနေ ရှောင်ဖယ်ထွက်ပြေးချင်နေခဲ့တဲ့သူပါ။သူ့ဖက်ကသာ အကြိမ်ကြိမ်ဝင်တိုးရင်း အထပ်ထပ်ရစ်ပတ်ခဲ့မိတဲ့ ကြိုးတွေပါပဲ...။

"မင်း ကိုယ့်ဆီကနေ အဲ့ဒီလောက်တောင် ထွက်ပြေးချင်နေခဲ့တာလား...."

စကားသံက အဆုံးသတ်မှာ တိုးဖျော့တိမ်ဝင်သွားတော့ ဆိုင်းလော့ဒ်က ခပ်စိုက်စိုက်ကြည့်လာလေသည်။သို့သော် နှစ်ယောက်သား ဘာစကားမှလည်း မပြောမိကြပဲ ထိုအတိုင်း အကြာကြီး ငေးကြည့်နေမိခဲ့ကြသည်။အခန်းလေထုသည်လည်း ထူးဆန်းစွာပဲ ဆွေးမြေ့မှုန်မှိုင်း၍လာခဲ့လေသည်။မျက်စိရှေ့မှ တိတ်ဆိတ်နေသော လူကိုကြည့်နေရင်း သူ့မေးခွန်းအတွက် အဖြေဟာ ထပ်မလိုတော့သလိုမျိုး။မှုန်ပြပြ မျှော်လင့်ချက်ရေးရေးလေးဟာ အငွေ့ပျံပျောက်ကွယ်သွားသလိုမျိုး။

သူ့ရင်ဘတ်ထဲ တစစ်စစ်ဖြင့် နာကျင်လို့လာရ၏။သို့သော်ထိရှနာကျင်မှုတို့အား သူအကျွမ်းကျင်ဆုံး အေးစက်သည့်မျက်နှာဖုံးဖြင့် ဖုံးအုပ်ပစ်ပြီးမှ....

"အင်း အဲ့ဒါဆိုလည်း ဂရုစိုက်ပါအုံး good luck..."

အနိမ့်အမြင့် အတက်အကျမရှိသော လေသံဖြင့်ပြောမိ၏။

"အင်း..."

ဆိုင်းလော့ဒ်ဖက်မှလည်း အေးတိအေးစက် အသံဖြင့်သာပြန်လည်တုံ့ပြန်လေသည်။

ဒီတစ်ခေါက် ပြန်လည်တိတ်ဆိတ်သွားသော အခန်းလေးထဲမှာတော့ မျက်နှာချင်းဆိုင်လူနှစ်ယောက်ဟာ ကျောခိုင်းလျှက် ဆန့်ကျင်ဖက်လားရာသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ဝေး၍သာ....

                 -----


Continue Reading

You'll Also Like

169K 4.5K 64
ပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020
654K 43.3K 91
ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သ...
1.5M 85.4K 87
This is a work of fiction. Any names, characters or events are fictional.
263K 8.2K 69
ကိုယ်​သာ​နေကြာပန်းဆိုရင်​ မင်းက ​နေမင်း ညီ... ​နေကြာပန်းဆိုတာ ​နေမင်းကြီးရှိရာအရပ်​ကိုသာ မျက်နှာမူတယ်​.... ကိုယ်​လည်း.........