(Uni)
flash back >>>>
လွန်ခဲ့သော ၁၀နှစ်ခန့်က.........
ဒီနေ့ဟာ မမရဲ့မင်္ဂလာပွဲနေ့လေးဖြစ်သည်။ မေမေ နှင့် ဖေဖေမှာ မျက်ရည်တစမ်းစမ်းဖြစ်နေကြပြီး ဟန်ချီလည်း ထို့နည်းတူပင်။ တစ်ဦးတည်းသော အစ်မလေးမို့ သိပ်နှမြောမိပါသည်။ဟန်ချီ နှင့် အစ်မဖြစ်သူမှာ အသက် ၅နှစ်သာ ကွာပါသည်။ ယခု မမအသက် ၂၀ဖြစ်ပြီး ဟန်ချီ့အသက်မှာ ၁၅နှစ်ရှိပြီဖြစ်သည်။
တကယ်ဆို အသက်၂၀ဆိုသည့်အရွယ်က ငယ်သေးသည်မဟုတ်လား။ သို့ကြောင့် ဟန်ချီတို့ နှာမြောမိသည်မှာ အလွန်တော့မဟုတ်ပေ။မမကတော့ သိပ်ပျော်နေရှာသည် ထင်ပါရဲ့။ ပါးချိုင့်လေးတွေ ခွက်၀င်သည် အထိကို ပြုံးနေတော့ သည်။
ဟန်ချီနှင့် မမဟာ အမွှာဟုပင် ပြော၍ရသည်အထိ အလွန်တူပါသည်။ မတူတာဆိုလို့ ယောကျာ်းလေးနှင့် မိန်းကလေးဖြစ်ခြင်းနှင့် မမ၌ ဆံပင်ရှည်များ ရှိခြင်းသာရှိ၏။ဟန်ချီ့ကိုသာ မိန်းကလေးလို ၀တ်စားပေးပြီး ဆံပင်တုသာ တပ်ပေးလိုက်လျှင် မမနဲ့ ရုပ်ချင်းခွဲရတော့မည်မဟုတ်ချေ။
မြန်မာသတို့သမီး၀တ်စုံ ပန်းနု ရောင်လေးနှင့် မမက သိပ်ကျက်သရေရှိနေလေသည်။ အချောအလှလေးမို့ ရွာထဲမှ မျက်စိကျနေသူများက နှမြောတသ လိုက်ကြည့်နေကြသလို မမနှင့် သူ(မ)၏ခင်ပွန်းလောင်းအား အားကျသည့် အကြည့်များဖြင့် လိုက်ကြည့်နေကြ သူများလည်း ရှိသေး၏။
မမ၏ ခင်ပွန်းလောင်းမှာလည်း တကယ်ကိုလူရည်သန့်ပင်ဖြစ်သည်။ မမနဲ့လည်း လိုက်ဖက်ညီလှသည်မို့ အများပြောသလိုပြောရရင် 'နေ နှင့် လ၊ ရွှေ နှင့် မြ ' ပင်။
ဘွဲ့ရပြီးပြီဖြစ်သည့်မမက လုပ်ငန်းခွင်သို့ပင် ၀င်နေပြီဖြစ်သည်။ အလုပ်နားရက်တိုင်း အိမ်ပြန်လာတတ်သည့် မမက တစ်နေ့တော့ သူစိမ်းယောကျာ်းလေးတစ်ယောက်အား အိမ်သို့ခေါ်လာခဲ့သည်။ 'ဒါသမီးချစ်သူပါ၊ သမီးတို့လက်ထပ်ကြတော့မယ်' ဟုမိတ်ဆက်ပေးလာတော့ ဟန်ချီတို့တစ်အိမ်လုံး အံ့အားသင့်ခဲ့ရသေးသည်။ သို့သော်လည်း ကန့်ကွက်ခြင်းတော့မပြုကြပေ။ မေမေနှင့်ဖေဖေမှာ သားသမီးတို့၏ စိတ်ချမ်းသာမှုကိုသာ လိုလားသည်ဖြစ်၍ ကြည်ကြည်ဖြူဖြူပင် လက်ခံပေးခဲ့ကြသည်။
မမ၏ ချစ်သူဖြစ်သူ ကိုရှိန်းကလည်း မမကိုတအားချစ်ပြီး လူတော် လူကောင်း တစ်ယောက်ပင် ဖြစ်သည်မို့ သဘောကျခြင်းလည်းပါသည်။ ကိုရှိန်းမှာ မိဘများမရှိတော့သလို ဆွေမျိုးသား ချင်းလည်း မရှိဘူးဟုသိရသည်။ တစ်ကောင် ကြွက်ပင် ဖြစ်သော်ငြား ကိုယ်၀မ်းစာကိုယ်ကျောင်းနိုင်သည့် ထက် မြတ်သော ခေတ်ပညာတတ် လူငယ်တစ်ယောက်ပင်ဖြစ်သည်။ ထို့ပြင် မမကိုလည်း တအားချစ်သည်မှာ ဘေးလူများပါ မြင်နိုင်သည်အထိ သိသာလွန်းလှသည်။ ဟန်ချီတို့မိသားစုနှင့်လည်း အဆင်ပြေအောင်နေနိုင်ပြီး ဟန်ချီတို့ မိဘများကိုလည်း သူ့၏မိဘကဲ့သို့ပင် သဘောထားကာ တစ်လေးတစား ဆက်ဆံခဲ့သည်။ ဤသို့သောအကြောင်းရာများကြောင့် ငြင်းဖွယ်ရာမရှိ၍ မမနှင့် လက်ဆက်ဖို့ဖြစ်လာခဲ့တော့သည်။
လက်ထပ်ပြီးသည်နဲ့ 'သျှောင်နောက် ဆံထုံးပါ'ဆိုသည့် အတိုင်း မမမှာ ကိုရှိန်းနောက်ကို လိုက်သွားရသည်။အိမ်ထောင်ကျသွားသည့် မမမှာ အရင်လို နားရက်တိုင်း အိမ်ကိုပြန်မလာဖြစ်တော့သလို မိသားစုသုံးယောက်သာ ကျန်ရှိခဲ့သော ဟန်ချီတို့မိသားစုမှာလည်း ခြောက်ကပ်ကပ်နဲ့ရယ်ပါ။ ဒီကြားထဲမှ ဟန်ချီ ဆယ်တန်း အောင်သောအခါ ထပ်ခွဲရဖို့ဖြစ်လာပြန်သည်။ဂုဏ်ထူး လေးဘာသာတောင် ပါသည်မို့ ဟန်ချီတက်ချင်သည့် နည်းပညာတက္ကသိုလ်လည်း တက်ခွင့်ရခဲ့ပါသည်။
အဆောင်မှနေ၍ ကျောင်းတက်မည် စဥ်းစားထားသော်လည်း မမနဲ့ ကိုရှိန်းမှာ သူတို့နှင့်အတူလာနေရန် ပြောကြသည်။ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မမတို့နေထိုင်ရာအိမ်မှာ တက္ကသိုလ်နဲ့ သိပ်မဝေးပေ။ အစကတော့ ဟန်ချီ ငြင်းပါသေးသည်။ ကိုယ့်အစ်မဖြစ်သော်ငြား အိမ်ထောင် သည် တစ်ယောက်ဖြစ်သွားသည့် အတွက် ဟန်ချီသွားနေရမည်ကို အားနာမိသောကြောင့်ပင်။ နောက်ပိုင်း ကိုရှိန်းကပါ အဆင်ပြေပါသည်ဟု ပြောကာ အတင်းတိုက်တွန်းနေတော့ မငြင်းသာတော့ပဲ လက်ခံလိုက်ရသည်။
မမတို့အိမ်မှာ အတော်အသင့်ကျယ်သော ခြံ၀န်းထဲတွင် တစ်ထပ်တိုက်လေး ဆောက်ထားခြင်းဖြစ်သည် ။ မမတို့လင်မယားနှင့် ဟန်ချီ ပင်ရှိသည်ကြောင့် နေရတာတော့ ကျဥ်းကျပ်ခြင်းမျိုးမရှိပေ။ မနက်မိုးလင်းပြီဆိုတာနှင့် မမတို့လင်မယားမှာ အလုပ်ကိုယ်စီသွားကြသလို ဟန်ချီလည်း ကျောင်းသို့သွားရသည်။ ဟန်ချီကျောင်းပြန်ချိန်ထိ မမတို့လင်မယားမှာ အိမ်သို့ပြန်မရောက်တတ်ပေ။ တစ်ခါတစ်လေ ညဥ့်နက်ချိန်များမှသာ ပြန်ရောက်တတ်ကြသဖြင့် ညနေစာအား ဟန်ချီမှပင် တာ၀န်ယူချက်ပြုတ်ပေးလိုက်သည်။ ဘာအလုပ်မှမလုပ်ဘဲ ထိုင်နေ ၍ မမအိမ်ထောင် ဖက်၏ အမြင်မကြည်ခြင်း ခံရမည်ကို မလိုလားသောကြောင့်ပင်။ သို့ကြောင့် အိမ်အလုပ်များအား ဟန်ချီ အလိုက်တသိဖြင့် ကူလုပ်ပေးဖြစ်သည်။
မမ၏ အမျိုးသား ကိုရှိန်းမှာ အလွန်သဘော ကောင်းပါသည်။ ဟန်ချီကိုလည်း ငြိုငြင်ခြင်းတစ်စက်မပြုဘဲ သက်တောင့်သက်သာဖြင့်သာ နေပါဟုပြောသည်။ သဘောကောင်းပြီး နွေးထွေးလွန်းသည့် ကိုရှိန်းကြောင့် ဟန်ချီ အနေရခက်သည်မျိုးမရှိပေ။ မမအတွက်လည်း ယောကျာ်းကောင်းရ၍ ၀မ်းသာမိသလို ဟန်ချီ လည်း အစ်ကိုအရင်းတစ်ယောက် ရလိုက်သလိုပင် ခံစားရသည်။ အရာအားလုံးသည် အဆင် ပြေစွာရှိနေပါ၏။
ထို့နေ့မရောက်ခင်အထိပေါ့......
ထိုနေ့...ထိုနေ့က အတန်းချိန်မရှိ၍ ဟန်ချီအိမ်သို့စောစော ပြန်လာခဲ့သည်။ အိမ်ရောက်တော့ မိမိထက်အရင် ပြန်ရောက်နေသော ကိုရှိန်းကြောင့် အံ့သြမိသေးသည်။ ခါတိုင်းဆို တော်တော်လေးနောက်ကျမှ ပြန်ရောက်တတ်သည် မဟုတ်လား။ မမကတော့ ပြန်မရောက်သေးဘူးထင်၏။ ကိုရှိန်းတစ်ယောက်သာတွေ့ရသည်။ ဧည့်ခန်းတွင် ထိုင်နေသော ကိုရှိန်းက laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။ဟန်ချီ ၀င်လာသည်ကို မမြင်ဟန်တူသည်မို့ ၀တ္တရားအရ ဟန်ချီကပင် စနှုတ်ဆက်လိုက်သည်။
"ဒီနေ့ ပြန်ရောက်တာစောတယ်နော် ကိုရှိန်း"
"အော်...ညီ ပြန်လာပြီလား"
"ဟုတ်....အတန်းချိန်မရှိလို့လေ..စောနေတာ"
"အင်း...ကိုယ်လည်း အတူတူပဲ "
"ဟုတ်"
ပြုံးပြလာသည့် ကိုရှိန်းကို ဟန်ချီ ပြန်ပြုံးပြလိုက်သည်။ ကိုရှိန်းမှာလည်း ဟန်ချီတို့လို ပါးချိုင့်တွေပါသည်။
"ဟုတ်...ဒါဆို ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်..ညနေစာက ပြီးမှပြင်ပေးလို့ရတယ်မဟုတ်လား"
"အင်း....ရတယ် ညီ "
ဘာမှ ထွေထွေထူးထူး ပြောစရာမရှိသည်မို့ ဟန်ချီ နှုတ်ဆက်ကာ ကိုယ့်အခန်းကိုသာ ၀င်လာခဲ့သည်။ ကိုယ်နဲ့သူက အစ်မနဲ့ဆက်မှ ယောက်ဖတော်ခြင်း မဟုတ်ပါလား။
ဒေါက်! ဒေါက်!
ဟန်ချီရေချိုးပြီးနောက် အ၀တ်စားယူရန် ဗီရိုအား ဖွင့်ရန်ပြင်ရသေး တံခါးခေါက်သံကြောင့် ရပ်တန့်သွားရသည်။
"ကိုယ်ပါ....ညီ"
အသံပေးလာသည့် ကိုရှိန်းကြောင့် ဟန်ချီ တံခါးသွားဖွင့်ပေးရပြန်သည်။ တံခါး၀၌ ရပ်နေသော ကိုရှိန်းမှာ ဟန်ချီတံခါးဖွင့်လိုက်သည်နဲ့ ပြုံးပြလာ၏။
"ဘာဖြစ်လို့လဲ..ကိုရှိန်း"
ဟန်ချီ မေးတော့ ကိုရှိန်းက လက်ထဲမှ ခွက်အားမြှောက်ပြလာကာ ..
"သံပရာရည်လေး..."
"အာ... ကိုရှိန်း အလုပ်ရှုပ်အောင်"
"မရှုပ်ပါဘူး ညီရ... ကိုယ်သောက်မလို့ ဖျော်ရင်းနဲ့ ညီအတွက်ပါ ပိုဖျော်လာတာ...နေပူထဲကပြန်လာတာမဟုတ်လား သောက်လိုက်ဦး"
"ဟုတ်ဟုတ်"
ဟန်ချီ ခွက်အားယူလိုက်ပြီး အခန်းထဲပြန်၀င်ဖို့ ပြင်လိုက်သည်။ ရေချိုးပြီးကာစမို့ ရေလဲ ပုဆိုးတစ်ထည်သာ ၀တ်ထားသည်မို့ စကားရပ်ပြော နေရသည်မှာ စိတ်ထဲတစ်မျိုးဖြစ်နေ၏။
"ကိုယ်ရော၀င်လာလို့ရမလား"
ဟန်ချီတံခါးအား ပြန်ပိတ်မည်အပြု ရုတ်တရတ်ပြောလာသည့် ကိုရှိန်းစကားကြောင့် ကြောင်အသွားရသလို မျက်မှောင်တစ်ချက်ကုပ်မိ၏။ သူက ဟန်ချီ အခန်းထဲဘာလို့ ၀င်မည်နည်း။ဟန်ချီထိုလောက်သာ တွေးမိပြီး ဆက်မတွေးဖြစ်ပေ။ သူကအိမ်ရှင်ဆိုတော့လည်း... ပြီးတော့ ယောကျာ်းလေးချင်းပဲလေ...
"ရပါတယ်..၀င်လေ"
ဟန်ချီ ပြောပြီး ပြန်၀င်လာခဲ့လိုက်သည် ။ နောက်မှ ကိုရှိန်းလိုက်၀င်လာပြီး တံခါး ပိတ်သံအားကြားလိုက်ရသည်။
"အရင်ဆုံး သောက်လိုက်ပါလား...ရေချိုးပြီးကာစဆိုတော့ ပိုလန်းသွားအောင်"
ဟန်ချီ သံပုရာရည်ခွက်အား ကုတင်ဘေးရှိ စားပွဲပေါ်တွင်တင်၍ ဗီရိုဆီပြန်သွားလိုက်မည်အပြု ကိုရှိန်းစကားသံမှာ ထပ်ထွက်လာပြန်သည်။ ဟန်ချီ ကိုရှိန်းအား နားမလည်သလိုကြည့်လိုက်မိသည်။ သူဘာဖြစ်နေသနည်း။ ကိုရှိန်းပုံစံမှာ ခါတိုင်းလိုမဟုတ်ပဲ ထူးဆန်းနေပေမယ့် ဟန်ချီ သိပ်မတွေးဖြစ်ပါ။ သူ့အလိုကျ သံပုရာရည်အား အရင်မော့သောက်လိုက်သည်။ အင်္ကျီမြန်မြန်၀တ်ချင်လှပြီဆိုမှ အရစ်ရှည်နေသည်ကြောင့် စိတ်ကတော့သိပ်မရှည်ချင်တော့ပေ။
ထို့နောက်မှ ဗီရိုဆီသွားကာ တီရှပ်တစ်ထည်နဲ့ ပုဆိုးအား ထုတ်ကာ ၀တ်လိုက်သည်။ ဟန်ချီမှာ ပုဆိုး၀တ်တတ်စ အရွယ်ကတည်းက ပုဆိုးသာ၀တ်တော့သည်။ တခြားသူများလို ဘောင်း ဘီဘာညာလည်း မ၀တ်တတ်ပေ။ ထို့ကြောင့် ဟန်ချီကိုဆို ပုဆိုးနှင့်သာ အမြဲတွေ့ရမည်ဖြစ်သည်။
ဟန်ချီအ၀တ်စားလဲပြီး နောက်ကို ကြည့်လိုက်တော့ ကုတင်ပေါ်တွင်ထိုင်ကာ မိမိအားစူးစိုက်ကြည့်နေသော ကိုရှိန်းအားတွေ့လိုက်ရသည်။ကိုရှိန်း မျက်၀န်းတွေက စူးရဲနေပြီး မိမိအားပေါက်ထွက်တော့မလို ကြည့်နေသည်ကြောင့် ဟန်ချီ အနည်းငယ်လန့်သွားပြီး စိတ်ထဲလည်း မသိုးမသန့်ဖြစ်လာရသည်။
"ကျွန်တော် ညစာသွားချက်လိုက်ဦးမယ်"
ကိုရှိန်းအား စကားတစ်ခွန်းဖြင့် အသိပေးကာ
ဟန်ချီ လျှင်မြန်စွာ ထွက်ခဲ့လိုက်သည်။ တံခါး ပေါက်အား လှည့်ဖွင့်လိုက်သည်နှင့် မူးဝေသွားသည့် ခေါင်းနှင့် ဝေဝါးသွားသည့် အမြင်အာရုံတို့နောက်...ဟန်ချီ့ ကမ္ဘာမှာ အမှောင်ဖုံးသွားလေတော့သည်။
•••••••••••
၀ိုင်ပုလင်းအား တမြေ့မြေ့မော့သောက်ရင်း ကုတင်ထက်ရှိ ခန္ဓာကိုယ်လေးအား ရှိန်းခန့်အောင် ကြည့်နေမိသည်။ သေးသေးသွယ်သွယ် ခန္ဓာကိုယ်မှာ အစ်မဖြစ်သူနဲ့တူပေမယ့် ကောင်လေးမှာတော့ အစ်မဖြစ်သူလို အမို့အမောက်တွေမရှိ။ အပြာရောင် တီရှပ်ကို ပုဆိုးကွက်စိပ်လေးနဲ့ ၀တ်ထားသည်မှာ သေးသွယ်ဖြူနုသော ခန္ဓာကိုယ်ထက် ပနံ့သင့်လှသည်။ မိမိတင်ထားသလို ကွေးကွေးလေး အိပ်မောကျနေသည်ကကလေးငယ်လေးတစ်ယောက်လိုပင်။အပြစ်ကင်းစင်သလို...ဖြူစင်လွန်း၏။ ပစ်မှားချင်သည့် သူတောင် သိမ်ငယ်သွားလောက်သည်အထိပေါ့......
"ဟက်....."
ရှိန်းခန့်အောင် ကိုယ့်အတွေးကိုယ် သဘောကျကာ ဟက်ကနဲတစ်ချက် ရီမိသည်။ မပစ်မှားချင်ပါဘူး.... ဒါပေမယ့် ဘယ်လိုလုပ်မလဲ....ခုအခြေနေထိရောက်နေပြီးမှ!
တွေဝေနေပေမယ့် ဆုံးဖြတ်ပြီးနေပြီ။ မလုပ်ရက်ပေမယ့် စိတ်ရိုင်းတွေကို မထိန်းချုပ်နိုင်တော့ဘူး....
အသိစိတ်တစ်ချို့က မှားနေမှန်းအသိပေးနေပေမယ့် တောင့်တလာတဲ့ သွေးသားဆန္ဒကိုမလွန်ဆန်နိုင်ဘူး......
"ဟက်...ဒီ၀ိုင်ပုလင်းထဲ ဘယ်သူဆေးခပ်လိုက်တာလဲ"
လက်ထဲမှ ၀ိုင်ပုလင်းအား မြှောက်ကိုင်ကာ ကြည့်ရင်း ရှိန်း ကိုယ်အပြောကိုယ် သဘောတကျရယ်လိုက်မိပြန်သည်။ အမှောင်ဖုံးသွားသော အသိစိတ်နဲ့အတူ ၀ိုင်ပုလင်းအား ပစ်ချကာ ကလေးငယ်ရှိရာသို့ သွားလိုက်သည်။
ပါးပြင်နုနုအား အုပ်ကိုင်မိတော့ နွေးထွေးမှုတစ်ချို့က ရင်တွင်းတစ်နေရာထိ လွှမ်းခြုံ၏။လွင့်ကျသွားသည့် မျက်ရည်စက်များနှင့် အတူပြုံးကာဆိုမိသည့်စကားက -
"တောင်းပန်ပါတယ်....ပိုင်ဆိုင်ချင်မိလို့"
မကြားနိုင်မှန်းသိပေမယ့် သူပြောမိသည်။ အိပ်မောကျနေသည့် ကလေးငယ်က သူ့စကားအားကြားနိုင်မည်မဟုတ်သလို....သူပြုသမျှလည်း တုံပြန်နိုင်လိမ့်မည်မဟုတ်ပေ....
•••••••••
7.8.2022(Sun)
//Hnin Satt Hmone☃️❄️
(A.N// လူကအလုပ်ရှုပ်နေတာနဲ့ စာရေးရတာလည်း ၀ရုန်းသုန်းကားပဲဗျို့😂
ဒါနဲ့ ဖတ်ရတာအဆင်ပြေကြရဲ့လားဟင်....?
ဖြေမယ့်သူမရှိလည်း မေးနေမိတာပဲ😅)
(Zawgyi)
flash back >>>>
လြန္ခဲ့ေသာ ၁၀ႏွစ္ခန္႔က.........
ဒီေန႔ဟာ မမရဲ႕မဂၤလာပြဲေန႔ေလးျဖစ္သည္။ ေမေမ ႏွင့္ ေဖေဖမွာ မ်က္ရည္တစမ္းစမ္းျဖစ္ေနၾကၿပီး ဟန္ခ်ီလည္း ထို႔နည္းတူပင္။ တစ္ဦးတည္းေသာ အစ္မေလးမို႔ သိပ္ႏွေျမာမိပါသည္။
ဟန္ခ်ီ ႏွင့္ အစ္မျဖစ္သူမွာ အသက္၅ႏွစ္သာ ကြာပါသည္။ ယခု မမအသက္ ၂၀ျဖစ္ၿပီး ဟန္ခ်ီ႕အသက္မွာ ၁၅ႏွစ္ရွိၿပီျဖစ္သည္။
တကယ္ဆို အသက္၂၀ဆိုသည့္အ႐ြယ္က ငယ္ေသးသည္မဟုတ္လား။ သို႔ေၾကာင့္ ဟန္ခ်ီတို႔ ႏွာေျမာမိသည္မွာ အလြန္ေတာ့မဟုတ္ေပ။မမကေတာ့ သိပ္ေပ်ာ္ေနရွာသည္ ထင္ပါရဲ႕။ ပါးခ်ိဳင့္ေလးေတြ ခြက္၀င္သည္ အထိကို ၿပဳံးေနေတာ့ သည္။
ဟန္ခ်ီႏွင့္ မမဟာ အမႊာဟုပင္ ေျပာ၍ရသည္အထိ အလြန္တူပါသည္။ မတူတာဆိုလို႔ ေယာက်ာ္းေလးႏွင့္ မိန္းကေလးျဖစ္ျခင္းႏွင့္ မမ၌ ဆံပင္ရွည္မ်ား ရွိျခင္းသာရွိ၏။ဟန္ခ်ီ႕ကိုသာ မိန္းကေလးလို ၀တ္စားေပးၿပီး ဆံပင္တုသာ တပ္ေပးလိုက္လွ်င္ မမနဲ႔ ႐ုပ္ခ်င္းခြဲရေတာ့မည္မဟုတ္ေခ်။
ျမန္မာသတို႔သမီး၀တ္စုံ ပန္းႏု ေရာင္ေလးႏွင့္ မမက သိပ္က်က္သေရရွိေနေလသည္။ အေခ်ာအလွေလးမို႔ ႐ြာထဲမွ မ်က္စိက်ေနသူမ်ားက ႏွေျမာတသ လိုက္ၾကည့္ေနၾကသလို မမႏွင့္ သူ(မ)၏ခင္ပြန္းေလာင္းအား အားက်သည့္ အၾကည့္မ်ားျဖင့္ လိုက္ၾကည့္ေနၾက သူမ်ားလည္း ရွိေသး၏။
မမ၏ ခင္ပြန္းေလာင္းမွာလည္း တကယ္ကိုလူရည္သန္႔ပင္ျဖစ္သည္။ မမနဲ႔လည္း လိုက္ဖက္ညီလွသည္မို႔ အမ်ားေျပာသလိုေျပာရရင္ 'ေန ႏွင့္ လ၊ ေ႐ႊ ႏွင့္ ျမ ' ပင္။
ဘြဲ႕ရၿပီးၿပီျဖစ္သည့္မမက လုပ္ငန္းခြင္သို႔ပင္ ၀င္ေနၿပီျဖစ္သည္။ အလုပ္နားရက္တိုင္း အိမ္ျပန္လာတတ္သည့္ မမက တစ္ေန႔ေတာ့ သူစိမ္းေယာက်ာ္းေလးတစ္ေယာက္အား အိမ္သို႔ေခၚလာခဲ့သည္။ 'ဒါသမီးခ်စ္သူပါ၊ သမီးတို႔လက္ထပ္ၾကေတာ့မယ္' ဟုမိတ္ဆက္ေပးလာေတာ့ ဟန္ခ်ီတို႔တစ္အိမ္လုံး အံ့အားသင့္ခဲ့ရေသးသည္။ သို႔ေသာ္လည္း ကန္႔ကြက္ျခင္းေတာ့မျပဳၾကေပ။ ေမေမႏွင့္ေဖေဖမွာ သားသမီးတို႔၏ စိတ္ခ်မ္းသာမႈကိုသာ လိုလားသည္ျဖစ္၍ ၾကည္ၾကည္ျဖဴျဖဴပင္ လက္ခံေပးခဲ့ၾကသည္။
မမ၏ ခ်စ္သူျဖစ္သူ ကိုရွိန္းကလည္း မမကိုတအားခ်စ္ၿပီး လူေတာ္ လူေကာင္း တစ္ေယာက္ပင္ ျဖစ္သည္မို႔ သေဘာက်ျခင္းလည္းပါသည္။ ကိုရွိန္းမွာ မိဘမ်ားမရွိေတာ့သလို ေဆြမ်ိဳးသား ခ်င္းလည္း မရွိဘူးဟုသိရသည္။ တစ္ေကာင္ ႂကြက္ပင္ ျဖစ္ေသာ္ျငား ကိုယ္၀မ္းစာကိုယ္ေက်ာင္းႏိုင္သည့္ ထက္ျမက္ေသာ ေခတ္ပညာတတ္ လူငယ္တစ္ေယာက္ပင္ျဖစ္သည္။ ထို႔ျပင္ မမကိုလည္း တအားခ်စ္သည္မွာ ေဘးလူမ်ားပါ ျမင္ႏိုင္သည္အထိ သိသာလြန္းလွသည္။ ဟန္ခ်ီတို႔မိသားစုႏွင့္လည္း အဆင္ေျပေအာင္ေနႏိုင္ၿပီး ဟန္ခ်ီတို႔ မိဘမ်ားကိုလည္း သူ႔၏မိဘကဲ့သို႔ပင္ သေဘာထားကာ တစ္ေလးတစား ဆက္ဆံခဲ့သည္။ ဤသို႔ေသာအေၾကာင္းရာမ်ားေၾကာင့္ ျငင္းဖြယ္ရာမရွိ၍ မမႏွင့္ လက္ဆက္ဖို႔ျဖစ္လာခဲ့ေတာ့သည္။
လက္ထပ္ၿပီးသည္နဲ႔ 'ေသွ်ာင္ေနာက္ ဆံထုံးပါ'ဆိုသည့္ အတိုင္း မမမွာ ကိုရွိန္းေနာက္ကို လိုက္သြားရသည္။အိမ္ေထာင္က်သြားသည့္ မမမွာ အရင္လို နားရက္တိုင္း အိမ္ကိုျပန္မလာျဖစ္ေတာ့သလို မိသားစုသုံးေယာက္သာ က်န္ရွိခဲ့ေသာ ဟန္ခ်ီတို႔မိသားစုမွာလည္း ေျခာက္ကပ္ကပ္နဲ႔ရယ္ပါ။ ဒီၾကားထဲမွ ဟန္ခ်ီ ဆယ္တန္း ေအာင္ေသာအခါ ထပ္ခြဲရဖို႔ျဖစ္လာျပန္သည္။ဂုဏ္ထူး ေလးဘာသာေတာင္ ပါသည္မို႔ ဟန္ခ်ီတက္ခ်င္သည့္ နည္းပညာတကၠသိုလ္လည္း တက္ခြင့္ရခဲ့ပါသည္။
အေဆာင္မွေန၍ ေက်ာင္းတက္မည္ စဥ္းစားထားေသာ္လည္း မမနဲ႔ ကိုရွိန္းမွာ သူတို႔ႏွင့္အတူလာေနရန္ ေျပာၾကသည္။ ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းရွိ မမတို႔ေနထိုင္ရာအိမ္မွာ တကၠသိုလ္နဲ႔ သိပ္မေဝးေပ။ အစကေတာ့ ဟန္ခ်ီ ျငင္းပါေသးသည္။ ကိုယ့္အစ္မျဖစ္ေသာ္ျငား အိမ္ေထာင္ သည္ တစ္ေယာက္ျဖစ္သြားသည့္ အတြက္ ဟန္ခ်ီသြားေနရမည္ကို အားနာမိေသာေၾကာင့္ပင္။ ေနာက္ပိုင္း ကိုရွိန္းကပါ အဆင္ေျပပါသည္ဟု ေျပာကာ အတင္းတိုက္တြန္းေနေတာ့ မျငင္းသာေတာ့ပဲ လက္ခံလိုက္ရသည္။
မမတို႔အိမ္မွာ အေတာ္အသင့္က်ယ္ေသာ ၿခံ၀န္းထဲတြင္ တစ္ထပ္တိုက္ေလး ေဆာက္ထားျခင္းျဖစ္သည္ ။ မမတို႔လင္မယားႏွင့္ ဟန္ခ်ီ ပင္ရွိသည္ေၾကာင့္ ေနရတာေတာ့ က်ဥ္းက်ပ္ျခင္းမ်ိဳးမရွိေပ။ မနက္မိုးလင္းၿပီဆိုတာႏွင့္ မမတို႔လင္မယားမွာ အလုပ္ကိုယ္စီသြားၾကသလို ဟန္ခ်ီလည္း ေက်ာင္းသို႔သြားရသည္။ ဟန္ခ်ီေက်ာင္းျပန္ခ်ိန္ထိ မမတို႔လင္မယားမွာ အိမ္သို႔ျပန္မေရာက္တတ္ေပ။ တစ္ခါတစ္ေလ ညဥ့္နက္ခ်ိန္မ်ားမွသာ ျပန္ေရာက္တတ္ၾကသျဖင့္ ညေနစာအား ဟန္ခ်ီမွပင္ တာ၀န္ယူခ်က္ျပဳတ္ေပးလိုက္သည္။ ဘာအလုပ္မွမလုပ္ဘဲ ထိုင္ေန ၍ မမအိမ္ေထာင္ဖက္၏ အျမင္မၾကည္ျခင္း ခံရမည္ကို မလိုလားေသာေၾကာင့္ပင္။ သို႔ေၾကာင့္ အိမ္အလုပ္မ်ားအား ဟန္ခ်ီ အလိုက္တသိျဖင့္ ကူလုပ္ေပးျဖစ္သည္။
မမ၏ အမ်ိဳးသား ကိုရွိန္းမွာ အလြန္သေဘာ ေကာင္းပါသည္။ ဟန္ခ်ီကိုလည္း ၿငိဳျငင္ျခင္းတစ္စက္မျပဳဘဲ သက္ေတာင့္သက္သာျဖင့္သာ ေနပါဟုေျပာသည္။ သေဘာေကာင္းၿပီး ေႏြးေထြးလြန္းသည့္ ကိုရွိန္းေၾကာင့္ ဟန္ခ်ီ အေနရခက္သည္မ်ိဳးမရွိေပ။ မမအတြက္လည္း ေယာက်ာ္းေကာင္းရ၍ ၀မ္းသာမိသလို ဟန္ခ်ီ လည္း အစ္ကိုအရင္းတစ္ေယာက္ ရလိုက္သလိုပင္ ခံစားရသည္။ အရာအားလုံးသည္ အဆင္ ေျပစြာရွိေနပါ၏။
ထို႔ေန႔မေရာက္ခင္အထိေပါ့......
ထိုေန႔...ထိုေန႔က အတန္းခ်ိန္မရွိ၍ ဟန္ခ်ီအိမ္သို႔ေစာေစာ ျပန္လာခဲ့သည္။ အိမ္ေရာက္ေတာ့ မိမိထက္အရင္ ျပန္ေရာက္ေနေသာ ကိုရွိန္းေၾကာင့္ အံ့ၾသမိေသးသည္။ ခါတိုင္းဆို ေတာ္ေတာ္ေလးေနာက္က်မွ ျပန္ေရာက္တတ္သည္ မဟုတ္လား။ မမကေတာ့ ျပန္မေရာက္ေသးဘူးထင္၏။ ကိုရွိန္းတစ္ေယာက္သာေတြ႕ရသည္။ ဧည့္ခန္းတြင္ ထိုင္ေနေသာ ကိုရွိန္းက laptop တစ္လုံးျဖင့္ အလုပ္ရႈပ္ေနသည္ကို ေတြ႕ရသည္။ဟန္ခ်ီ ၀င္လာသည္ကို မျမင္ဟန္တူသည္မို႔ ၀တၱရားအရ ဟန္ခ်ီကပင္ စႏႈတ္ဆက္လိုက္သည္။
"ဒီေန႔ ျပန္ေရာက္တာေစာတယ္ေနာ္ ကိုရွိန္း"
"ေအာ္...ညီ ျပန္လာၿပီလား"
"ဟုတ္....အတန္းခ်ိန္မရွိလို႔ေလ..ေစာေနတာ"
"အင္း...ကိုယ္လည္း အတူတူပဲ "
"ဟုတ္"
ၿပဳံးျပလာသည့္ ကိုရွိန္းကို ဟန္ခ်ီ ျပန္ၿပဳံးျပလိုက္သည္။ ကိုရွိန္းမွာလည္း ဟန္ခ်ီတို႔လို ပါးခ်ိဳင့္ေတြပါသည္။
"ဟုတ္...ဒါဆို ကြၽန္ေတာ္ ေရသြားခ်ိဳးလိုက္ဦးမယ္..ညေနစာက ၿပီးမွျပင္ေပးလို႔ရတယ္မဟုတ္လား"
"အင္း....ရတယ္ ညီ "
ဘာမွ ေထြေထြထူးထူး ေျပာစရာမရွိသည္မို႔ ဟန္ခ်ီ ႏႈတ္ဆက္ကာ ကိုယ့္အခန္းကိုသာ ၀င္လာခဲ့သည္။ ကိုယ္နဲ႔သူက အစ္မနဲ႔ဆက္မွ ေယာက္ဖေတာ္ျခင္း မဟုတ္ပါလား။
ေဒါက္! ေဒါက္!
ဟန္ခ်ီေရခ်ိဳးၿပီးေနာက္ အ၀တ္စားယူရန္ ဗီ႐ိုအား ဖြင့္ရန္ျပင္ရေသး တံခါးေခါက္သံေၾကာင့္
ရပ္တန္႔သြားရသည္။
"ကိုယ္ပါ....ညီ"
အသံေပးလာသည့္ ကိုရွိန္းေၾကာင့္ ဟန္ခ်ီ တံခါးသြားဖြင့္ေပးရျပန္သည္။ တံခါး၀၌ ရပ္ေနေသာ ကိုရွိန္းမွာ ဟန္ခ်ီတံခါးဖြင့္လိုက္သည္နဲ႔ ၿပဳံးျပလာ၏။
"ဘာျဖစ္လို႔လဲ..ကိုရွိန္း"
ဟန္ခ်ီ ေမးေတာ့ ကိုရွိန္းက လက္ထဲမွ ခြက္အားေျမႇာက္ျပလာကာ ..
"သံပရာရည္ေလး..."
"အာ... ကိုရွိန္း အလုပ္ရႈပ္ေအာင္"
"မရႈပ္ပါဘူး ညီရ... ကိုယ္ေသာက္မလို႔ ေဖ်ာ္ရင္းနဲ႔ ညီအတြက္ပါ ပိုေဖ်ာ္လာတာ...ေနပူထဲကျပန္လာတာမဟုတ္လား ေသာက္လိုက္ဦး"
"ဟုတ္ဟုတ္"
ဟန္ခ်ီ ခြက္အားယူလိုက္ၿပီး အခန္းထဲျပန္၀င္ဖို႔ ျပင္လိုက္သည္။ ေရခ်ိဳးၿပီးကာစမို႔ ေရလဲ ပုဆိုးတစ္ထည္သာ ၀တ္ထားသည္မို႔ စကားရပ္ေျပာ ေနရသည္မွာ စိတ္ထဲတစ္မ်ိဳးျဖစ္ေန၏။
"ကိုယ္ေရာ၀င္လာလို႔ရမလား"
ဟန္ခ်ီတံခါးအား ျပန္ပိတ္မည္အျပဳ ႐ုတ္တရတ္ေျပာလာသည့္ ကိုရွိန္းစကားေၾကာင့္ ေၾကာင္အသြားရသလို မ်က္ေမွာင္တစ္ခ်က္ကုပ္မိ၏။ သူက ဟန္ခ်ီ အခန္းထဲဘာလို႔ ၀င္မည္နည္း။
ဟန္ခ်ီထိုေလာက္သာ ေတြးမိၿပီး ဆက္မေတြးျဖစ္ေပ။ သူကအိမ္ရွင္ဆိုေတာ့လည္း... ၿပီးေတာ့ ေယာက်ာ္းေလးခ်င္းပဲေလ...
"ရပါတယ္..၀င္ေလ"
ဟန္ခ်ီ ေျပာၿပီး ျပန္၀င္လာခဲ့လိုက္သည္ ။ ေနာက္မွ ကိုရွိန္းလိုက္၀င္လာၿပီး တံခါးပိတ္သံအားၾကားလိုက္ရသည္။
"အရင္ဆုံး ေသာက္လိုက္ပါလား...ေရခ်ိဳးၿပီးကာစဆိုေတာ့ ပိုလန္းသြားေအာင္"
ဟန္ခ်ီ သံပုရာရည္ခြက္အား ကုတင္ေဘးရွိ စားပြဲေပၚတြင္တင္၍ ဗီ႐ိုဆီျပန္သြားလိုက္မည္အျပဳ ကိုရွိန္းစကားသံမွာ ထပ္ထြက္လာျပန္သည္။ ဟန္ခ်ီ ကိုရွိန္းအား နားမလည္သလိုၾကည့္လိုက္မိသည္။ သူဘာျဖစ္ေနသနည္း။ ကိုရွိန္းပုံစံမွာ ခါတိုင္းလိုမဟုတ္ပဲ ထူးဆန္းေနေပမယ့္ ဟန္ခ်ီ သိပ္မေတြးျဖစ္ပါ။ သူ႔အလိုက် သံပုရာရည္အား အရင္ေမာ့ေသာက္လိုက္သည္။ အက်ႌျမန္ျမန္၀တ္ခ်င္လွၿပီဆိုမွ အရစ္ရွည္ေနသည္ေၾကာင့္ စိတ္ကေတာ့သိပ္မရွည္ခ်င္ေတာ့ေပ။
ထို႔ေနာက္မွ ဗီ႐ိုဆီသြားကာ တီရွပ္တစ္ထည္နဲ႔ ပုဆိုးအား ထုတ္ကာ ၀တ္လိုက္သည္။ ဟန္ခ်ီမွာ ပုဆိုး၀တ္တတ္စ အ႐ြယ္ကတည္းက ပုဆိုးသာ၀တ္ေတာ့သည္။ တျခားသူမ်ားလို ေဘာင္း ဘီဘာညာလည္း မ၀တ္တတ္ေပ။ ထို႔ေၾကာင့္ ဟန္ခ်ီကိုဆို ပုဆိုးႏွင့္သာ အၿမဲေတြ႕ရမည္ျဖစ္သည္။
ဟန္ခ်ီအ၀တ္စားလဲၿပီး ေနာက္ကို ၾကည့္လိုက္ေတာ့ ကုတင္ေပၚတြင္ထိုင္ကာ မိမိအားစူးစိုက္ၾကည့္ေနေသာ ကိုရွိန္းအားေတြ႕လိုက္ရသည္။ကိုရွိန္း မ်က္၀န္းေတြက စူးရဲေနၿပီး မိမိအားေပါက္ထြက္ေတာ့မလို ၾကည့္ေနသည္ေၾကာင့္ ဟန္ခ်ီ အနည္းငယ္လန္႔သြားၿပီး စိတ္ထဲလည္း မသိုးမသန္႔ျဖစ္လာရသည္။
"ကြၽန္ေတာ္ ညစာသြားခ်က္လိုက္ဦးမယ္"
ကိုရွိန္းအား စကားတစ္ခြန္းျဖင့္ အသိေပးကာ
ဟန္ခ်ီ လွ်င္ျမန္စြာ ထြက္ခဲ့လိုက္သည္။ တံခါး ေပါက္အား လွည့္ဖြင့္လိုက္သည္ႏွင့္ မူးေဝသြားသည့္ ေခါင္းႏွင့္ ေဝဝါးသြားသည့္ အျမင္အာ႐ုံတို႔ေနာက္...ဟန္ခ်ီ႕ ကမာၻမွာ အေမွာင္ဖုံးသြားေလေတာ့သည္။
•••••••••••
၀ိုင္ပုလင္းအား တေျမ့ေျမ့ေမာ့ေသာက္ရင္း ကုတင္ထက္ရွိ ခႏၶာကိုယ္ေလးအား ရွိန္းခန္႔ေအာင္ ၾကည့္ေနမိသည္။ ေသးေသးသြယ္သြယ္ ခႏၶာကိုယ္မွာ အစ္မျဖစ္သူနဲ႔တူေပမယ့္ ေကာင္ေလးမွာေတာ့ အစ္မျဖစ္သူလို အမို႔အေမာက္ေတြမရွိ။ အျပာေရာင္ တီရွပ္ကို ပုဆိုးကြက္စိပ္ေလးနဲ႔ ၀တ္ထားသည္မွာ ေသးသြယ္ျဖဴႏုေသာ ခႏၶာကိုယ္ထက္ ပနံ႔သင့္လွသည္။ မိမိတင္ထားသလို ေကြးေကြးေလး အိပ္ေမာက်ေနသည္ကကေလးငယ္ေလးတစ္ေယာက္လိုပင္။အျပစ္ကင္းစင္သလို...ျဖဴစင္လြန္း၏။ ပစ္မွားခ်င္သည့္ သူေတာင္ သိမ္ငယ္သြားေလာက္သည္အထိေပါ့......
"ဟက္....."
ရွိန္းခန္႔ေအာင္ ကိုယ့္အေတြးကိုယ္ သေဘာက်ကာ ဟက္ကနဲတစ္ခ်က္ ရီမိသည္။ မပစ္မွားခ်င္ပါဘူး.... ဒါေပမယ့္ ဘယ္လိုလုပ္မလဲ....ခုအေျခေနထိေရာက္ေနၿပီးမွ!
ေတြေဝေနေပမယ့္ ဆုံးျဖတ္ၿပီးေနၿပီ။ မလုပ္ရက္ေပမယ့္ စိတ္႐ိုင္းေတြကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး....
အသိစိတ္တစ္ခ်ိဳ႕က မွားေနမွန္းအသိေပးေနေပမယ့္ ေတာင့္တလာတဲ့ ေသြးသားဆႏၵကိုမလြန္ဆန္ႏိုင္ဘူး......
"ဟက္...ဒီ၀ိုင္ပုလင္းထဲ ဘယ္သူေဆးခပ္လိုက္တာလဲ"
လက္ထဲမွ ၀ိုင္ပုလင္းအား ေျမႇာက္ကိုင္ကာ ၾကည့္ရင္း ရွိန္း ကိုယ္အေျပာကိုယ္ သေဘာတက်ရယ္လိုက္မိျပန္သည္။ အေမွာင္ဖုံးသြားေသာ အသိစိတ္နဲ႔အတူ ၀ိုင္ပုလင္းအား ပစ္ခ်ကာ ကေလးငယ္ရွိရာသို႔ သြားလိုက္သည္။
ပါးျပင္ႏုႏုအား အုပ္ကိုင္မိေတာ့ ေႏြးေထြးမႈတစ္ခ်ိဳ႕က ရင္တြင္းတစ္ေနရာထိ လႊမ္းၿခဳံ၏။
လြင့္က်သြားသည့္ မ်က္ရည္စက္မ်ားႏွင့္ အတူ
ၿပဳံးကာဆိုမိသည့္စကားက -
"ေတာင္းပန္ပါတယ္....ပိုင္ဆိုင္ခ်င္မိလို႔"
မၾကားႏိုင္မွန္းသိေပမယ့္ သူေျပာမိသည္။ အိပ္ေမာက်ေနသည့္ ကေလးငယ္က သူ႔စကားအားၾကားႏိုင္မည္မဟုတ္သလို....သူျပဳသမွ်လည္း တုံျပန္ႏိုင္လိမ့္မည္မဟုတ္ေပ....
•••••••••
7.8.2022(Sun)
//Hnin Satt Hmone☃️❄️
(A.N// လူကအလုပ္ရႈပ္ေနတာနဲ႔ စာေရးရတာလည္း ၀႐ုန္းသုန္းကားပဲဗ်ိဳ႕😂
ဒါနဲ႔ ဖတ္ရတာအဆင္ေျပၾကရဲ႕လားဟင္....?
ေျဖမယ့္သူမရွိလည္း ေမးေနမိတာပဲ😅)