(unicode)
စကားပြောရင်းနဲ့ နှစ်ယောက်သားက အရင်က ရွေးထားတဲ့ မြေကွက်ဆီကို လျှောက်သွားခဲ့တယ်။ စမ်းချောင်းအနီးမှာ မြေဆီလွှာနည်းပြီး ကျောက်ခဲတွေ ပိုများတယ်။ သူတို့က စမ်းချောင်းနဲ့ ခပ်လှမ်းလှမ်းက မြေသြဇာကောင်းတဲ့မြေကွက်ကို ရွေးချယ်လိုက်ပြီး စိုက်ပျိုးဖို့စလုပ်လိုက်ကြတယ်။
ခဲယ်လ်တစ်က မြေဆီလွှာကို ဖွလိုက်ပြီး ပိုင်မုက အစီအစဉ်ချထားတဲ့မြေပေါ်က ကျောက်တုံးတွေကို လိုက်ကောက်လိုက်တယ်။ ထို့နောက် ခဲယ်လ်တစ်က မြေကြီးထဲမှာ မြေကြီးအစုအပုံတစ်ခုကို တည်ဆောက်ခဲ့ပြီး၊ မြေကြီးပုံရဲ့အလယ်မှာ ရေမြောင်းငယ်တစ်ခုကို ဖန်တီးခဲ့တယ်။ ပိုင်မုက မြင့်တဲ့နေရာတွေမှာ ပြင်ဆင်ထားတဲ့ ကန်စွန်းနွယ်ပင်တွေကို စိုက်ပြီး ရေလောင်းခဲ့တယ်။
ကန်စွန်းဥစိုက်ဖို့ တစ်မနက် အချိန်ယူရတယ်။ ဒါကြောင့် နေ့လယ်ခင်းမှာ အရင်က သူတွေ့ခဲ့တဲ့ prickly ash၊ grass fruitsနဲ့ ငရုတ်သီးတွေကို နေရာလွတ်ထဲမှာ အစားထိုးစိုက်ပျိုးဖို့ စစီစဉ်လိုက်တယ်။
နှစ်ယောက်သား နေ့လည်စာစားပြီးနောက် ခဲယ်လ်တစ်နဲ့ ပိုင်မုတို့က နေရာလွတ်ရဲ့ မြေလွတ်မှာ အစားထိုးစိုက်ပျိုးဖို့ ငရုတ်ကောင်းပျိုးပင်တွေကို ပထမဆုံး တွေ့ခဲ့တယ်။ ပိုင်မုက စက်တင်ဘာလထိ စောင့်မယ့်အစား ငရုတ်ကောင်းကို သူမစားနိုင်ခင်မှာ အဲ့ဒါတွေကို နေရာလွတ်ထဲမှာ အစားထိုး စိုက်ပျိုးချင်ခဲ့တယ်။
Prickly ashပင်ကို အားစိုက်ထုတ်ပြီး တူးထုတ်လိုက်ကာ နေရာလွတ်ထဲရွှေ့ပြီး အိမ်ရှေ့မှာ စိုက်လိုက်တယ်။ Grass fruitကိုလည်း အိမ်ရှေ့က ကွင်းပြင်လွတ်ထဲ စိုက်ထားလိုက်တယ်။
ပိုင်မုက နေရာလွတ်ထဲက သာယာလှပပေမယ့် တိတ်ဆိတ်တဲ့မြင်ကွင်းကို ကြည့်လိုက်ပြီး ခဲယ်လ်တစ်ကို ပြောခဲ့တယ်။ "ခဲယ်လ်တစ် ၊ ခင်ဗျား ကျွန်တော့်ကို နူးညံ့သိမ်မွေ့တဲ့ အပင်စားတိရိစ္ဆာန်တွေ ဖမ်းဖို့ ကူညီပေးပါလား ကျွန်တော် အဲ့ဒါလေးတွေကို စမ်းချောင်းတစ်လျှောက်မှာ မွေးမြူချင်တယ် " နေရာလွတ်ထဲမှာက တောင်ပေါ်ကနေ စီးဆင်းလာတဲ့ လမ်းကြောင်းတစ်ခုက မြေကွက်တွေကို ပိုင်းခြားထားတယ်။ပိုင်မုက အပင်စားတိရိစ္ဆာန်အကောင်ရေအနည်းငယ်ကို ဖမ်းပြီး နေရာလွတ်ထဲမှာ ထားကာ ၎င်းတို့စားလိုတဲ့ အပင်မျိုးစေ့အချို့ကို ကြဲဖို့ စဉ်းစားနေတယ်။နေရာလွတ်ရဲ့ကြီးထွားမှုနှုန်းနဲ့ ၎င်းတို့က အစာများများကျွေးဖို့ မလိုအပ်ပါဘူး။
"တစ်ကောင်ထဲပဲလား" ခဲယ်လ်တစ်က စမ်းချောင်းတစ်လျှောက်က သိပ်မသေးငယ်တဲ့ ကွင်းပြင်ကို ကြည့်ပြီး မေးလိုက်တယ်။
"အင်း အရင်ဆုံးစမ်းကြည့်မလို့ ကျွန်တော်တို့က ဒီဧရိယာထဲက မထွက်သွားနိုင်ဘူးလေ ဒီအကောင်လေးတွေက အလုပ်ဖြစ်ပါ့မလားဆိုတာ ဘယ်သူက သိနိုင်မလဲ သူတို့က ဒီဧရိယာအပြင်ဘက်ကို ပြေးနိုင်ရင် ဒါဆို ကျွန်တော်တို့အချည်းနှီးဖြစ်သွားလိမ့်မယ် အလုပ်ဖြစ်မှာမဟုတ်ဘူး"
" ဟုတ်ပြီ " နှစ်ယောက်သားက နေရာလွတ်ထဲက ထွက်ခဲ့ကြတယ် ။ ခဲယ်လ်တစ်က ပန်းရောင်ယုန်တစ်ကောင်ကို အမြန်ဖမ်းမိခဲ့တယ်။ ထို့နောက် ပိုင်မုက ယုန်ကို ကွင်းပြင်ပေါ် တင်လိုက်တယ်။ ယုန်က သူတို့ညဘက်ရောက်လို့ နေရာလွတ်ထဲကို ထပ်ပြီးဝင်ရောက်တဲ့အခါ အဲ့ဒီနေရာမှာပဲ ရှိနေသေးရင် တိရစ္ဆာန်တွေက ဒီနေရာမှာ ချုပ်နှောင်ထားခံရပြီး တိရစ္ဆာန်လေးတွေကို ဘေးကင်းစွာနဲ့ မွေးမြူနိုင်တယ်လို့ ဆိုလိုတာပဲ။
ပြီးတော့ ခဲယ်လ်က ဒီကိစ္စကို စဉ်းစားထားပြီးသားပါ။ သူသာလုပ်နိုင်ရင် လူလူသားရဲတကောင်ကို ဖမ်းပြီး သူတို့ကို သိုလှောင်ထားမယ်။ဒါဆို ပိုင်မုက အရသာရှိတဲ့ လူလူသားရဲရဲ့အသားကို နေ့တိုင်းစားနိုင်မှာပဲ။ ကြက်တွေကိုလည်း မွေးမြူရမယ်။ပိုင်မုက ဥတွေကို အရမ်းကြိုက်ပုံရတယ်။
ထို့နောက် ပိုင်မုက သူ့ကို မျိုးနွယ်စုထဲရှိ မြစ်အောက်ပိုင်းကို ဆွဲခေါ်သွားဖို့ ခဲယ်လ်တစ်ကို ပြောပြီးတော့ *နောက်ကျောလွယ်ခြင်းတောင်းကို အသုံးပြုပြီး နေရာလွတ်ထဲ ထည့်ဖို့ ငါးသေးသေးလေးတွေနဲ့ ပုဇွန်များစွာကို ဖမ်းဖို့ တောင်းဆိုခဲ့တယ်။(T/N- ဒီနေရာနားလေးကို နားလည်ကြလားမသိဘူး ငါးဖမ်းပိုက်တွေဘာတွေမရှိတော့ ခြင်းတောင်းကိုသုံးပြီး ငါးပုစွန်တွေဖမ်းခိုင်းတာပါ ဖမ်းလို့ရလားမရလားတော့မသိဘူး ကိုယ်မဖမ်းဖူးလို့ 😑)
အဲဒီနောက်မှာတော့ ပိုင်မုက သူ့ရဲ့နောက်ကျောလွယ်ခြင်းတောင်းထဲမှာ အာလူးတွေအများကြီးဖြည့်လိုက်ပြီး သူတို့ထဲကတချို့ကဆို အညှောက်တွေတောင် စပေါက်နေပြီ။ ညဘက်ကျရင် အဆင်သင့်စားလို့ရအောင် ကန်စွန်းဥတွေအများကြီးကိုလည်း သူယူခဲ့သေးတယ်။
သူတို့ မျိုးနွယ်စုကို ပြန်ရောက်တဲ့အခါ သူတို့ရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်နေတဲ့အပြုံးနဲ့ အပြာရောင်ပုစဉ်းကို ကွင်းပြင်ထဲ ကစားနေကြတဲ့ ကလေးအများအပြားကို သူတို့မြင်လိုက်ရတယ်။ သူတို့ရဲ့ပုစဉ်းပြာပြာက တခြားသူတွေထက် ပိုမြင့်နေရင် ကလေးတွေက စိတ်ကြီး၀င်တဲ့အမူအရာပြလိမ့်မယ်။
အခြားသူတွေကို အနိုင်ယူဖို့အတွက်ချည်မျှင်စိမ်းကို အကြိမ်အနည်းငယ်ပိုချည်လိုက်ရင် မြင့်မြင့်ပျံသန်းနိုင်လောက်တယ်လို့ ကလေးအချို့က ထင်ကြတယ်။
ရလဒ်အနေနဲ့ တုံးအတဲ့ ကလေးတစ်ယောက်က ချည်ကြိုးကို ထူထူပတ်ခဲ့ပြီး ဆလင်ဒါထဲကို ခက်ခက်ခဲခဲသွင်းခဲ့ရတယ်။ သူ့ရဲ့ အပြာရောင်ပုစဉ်းပျံက အရမ်းကပ်နေတော့ အဲ့ဒါကမပျံသန်းနိုင်တော့ဘူး။ အဲ့ဒါက အခြားကလေးတွေကို ရယ်မောစေခဲ့တယ်။ ကလေးက ရှက်သွားပြီး သူ့မျက်လုံးတွေက နီရဲလာကာ ငိုဖို့ အသင့်ဖြစ်နေပါပြီ။ ငိုတာက ရုပ်ဆိုးတယ်လို့ ဘယ်သူပြောလဲ။ သူအခု တကယ်ငိုချင်နေပြီ ။သူ ဘာလုပ်သင့်လဲ။
ပိုင်မုက ထိုကလေးများကို ရယ်မောလိုက်ကာ သူတို့ကစားနေတာကို ကြည့်နေတယ်။ မမျှော်လင့်စွာနဲ့ပဲ သူ့လက်ချောင်းတွေနဲ့ လုပ်ထားတဲ့ ပုစဉ်းတွေက အရမ်းရေပန်းစားနေတယ် ။ အနာဂတ်မှာ သူ အချိန်ရရင် ကလေးတွေအတွက် တခြားအရာတွေလုပ်ဖို့ သူစဉ်းစားသင့်လား။
စာရေးသူမှာ ပြောစရာတစ်ခုရှိပါတယ် :
နည်းနည်းနောက်ကျနေပေမယ့်လည်း update ကို အခုပဲ ဖမ်းဆုပ်လိုက်တာကောင်းပါတယ်။
ဘာသာပြန်သူမှာလည်း ပြောစရာရှိပါတယ် :
ဘာသာပြန်သူနောက်ထပ်တစ်ယောက်ထပ်ခေါ်ရတာ အဆင်မပြေလို့ ကိုယ်ပဲ ဆက်လုပ်ပါတော့မယ်။ ဒါပေမယ့် အာရုံကြောအားဆေးတော့ ဆက်တိုက်နေ့တိုင်း နှစ်လုံး သောက်နေရာကနေ ဆေးတစ်လုံးထပ်ပေါင်းပြီး သုံးလုံးသောက်နေရပါပြီ ಥ‿ಥ ။ အဆင်ပြေအောင် Sunday ကလွဲပြီး daily update ပြန် runပေးမှာပါ။ လက်ရှိတွေးထားသလောက်ပေါ့နော် ။ အခြေအနေသိပ်မကောင်းရင်တော့ နည်းနည်းupdateခြားလိုက်မှာပါ။စကားမစပ် ဒီထရန်စလေတာကို မုန့်မ၀ယ်ကျွေးချင်ကြဘူးလားဟင် (。ノω\。)။မုန့်ဝယ်ကျွေးချင်ရင် ဒီကို ထည့်ပေးလို့ရပါတယ် 🤧။
(Zawgyi code)