Uni
အချိန်စက်ဝန်းဟာ နွေမှ မိုး၊ မိုး မှ ဆောင်း သို့ကူးပြောင်းသွားသည်။ အချိန်စက်ဝန်းဟာ ထိုကဲ့သို့သုံးကြိမ်တိတိလှည်ပတ်ပြီးသည်အခါမှာတော့ နှစ်တစ်နှစ်၏ အစဖြစ်သည့်နွေဦးရာသီဥတုသို့အစပျိုးချိန်ရောက်လေခဲ့ပြီ။
တောင်တန်းတွေကို ကိုယ်တိုင်ရှူစားလို့ရသည့်တစ်နေရာ၊ တိမ်တိုက်တွေကို မိတ်ဆွေဖွဲ့လို့ရသည့် နေရာ၊ မြေပြန့်ဒေသမှာမရနိုင်သည့် စိတ်အေးအေးချမ်းနေထိုင်လို့ရသည့်နေရာကို အမျိုးသမီးငယ်ေလးတစ်ယောက် ရောက်ရှိနေခဲ့သည်မှာ သုံးနှစ်သုံးနှစ်မိုးကြာခဲ့လေပြီ။
သည်က ရာသီဥတုဟာ ဥတုသုံးခုလုံး ချမ်းစိမ့်စိမ့်ဖြစ်သည်ကြောင့် သည်မှာနေထိုင်သူတွေအားလုံးဟာ အမြဲတမ်းအနွေးထည်ထူထူကိုဝတ်ဆင်လို့ထားရသည်။ မြေပြန့်သူဖြစ်သည့်သူ့အတွက်တော့ အနွေးထည်ကိုသူများတွေအတွက် နှစ်ဆလောက်ပိုဝတ်ရပေသည်။
အဝတ်ထူထူပိန်းပိန်းတွေဝတ်ဆင်ရသည်မှာအဆင်မပြေလှသော်လည်း စိတ်ချမ်းသာမှုရသည်ကြောင့် ဤပြသာနာအသေးလေးကို ခေါင်းထဲထည့်မထားတော့ပေ။ သည်နေရာလေးဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့နယ်မှာရှ်ိနေသည့်ရွာစွန်ရွာဖျားကရွာငယ်လေး မြို့မကျတောမကျနေရာလေးပေမို့ နေ့အလင်းရောင်ကိုသာအားကိုးရသည်။ သည်အရပ်မှာမိုင်းပွန်ကန်ကြီးသည်သိပ်ကိုရှုစားဖို့ကောင်းသည့်နေရာပေဖြစ်သည်။ ဤအရပ်ကလူတွေအကုန်လုံးသည် ရှမ်းလူမျိုးတွေစော်ဘွားမျိုးတွေအများဆုံးနေထိုင်သည်နေရာဖြစ်သည်ကြောင့် ကိန်းကြီးကမ်းကြီးနိုင်လှလေသည်။ သို့သော်လည်း ရှမ်းစော်ဘွားတချို့သည်သာ ဂုဏ်အင်မောက်မာကြသည်ဖြစ်ပြီး အများသောရှမ်းစော်ဘွားတွေ၊ ရှမ်းလူမျိုးတွေကတော့ ဖော်ရွှေလှပေသည်။
သူမနေထိုင်ရာအိမ်လေး၏တည်နေရာကတော့ တောင်တန်းကြီးတစ်ခုကို မျက်နှာမူထားပြီး အနောက်ဘက်၌လည်း တောင်တွေခြံရံထားပေသည်။ သည်နေရာလေးမှာသက်ကြီးရွယ်အို ၊ တစ်ကိုယ်တည်း သမားတွေနေထိုင်သည်များလှသည်ကြောင့် ဆူဆူညံညံရှိမနေပဲ အေးချမ်းလွန်းလှသည်။
သူမ မနက်ခင်းနေထွက်ချိန်ကိုမျှော်ငေးရင်း သိုးမွှေးထိုးနေခြင်းဖြစ်သည်။ အိမ်ရှေ့မျက်နှာစာ၌ အမျိုးအမည်မသိနိုင်သည့်ပန်းပေါင်းစုံကို စိုက်ပျိုးလို့ထားပြီး တံစမြိတ်မှာတော့ သစ်ခွပန်းပင်တွေကိုချိတ်ဆွဲလို့ထားသည်။ သူမသည်ကြိမ်ဖြင့်ရက်လုပ်ထားသည့်ခုံလေးပေါ်မှာထိုင်ေနရင်း နေထွက်ချိန်ကိုရှုစားလို့ နေမည်။
သူမရှေ့မှာရှိသည့်စားပွဲခုံလေးပေါ်၌ ကြိမ်ဖြင့်ရက်လုပ်ထားသည့်ခြင်းတောင်း အသေးလေးထဲ၌ သိုးမွှေးချည်တွေကိုထည့်လို့ထားသည်။စားပွဲခံုေပါ်မှာ ကြိမ်ခြင်းလေးအပြင် ရေနွေးနွေးလေးတစ်ခွက်နှင့် ကောက်ညှင်းပေါင်း၊ဝက်သားချဉ်က်ု လည်း ပန်းကန်းလေးတစ်ချပ်ထဲမှာထည့်လို့ထားပေသည်။
သူမ ချည်ထိုးလာရင်းဗိုက်ဆာလာရင် ထိုကောက်ညှင်းပေါင်းလေးနှင့် ဝက်သားချဉ်လေးကိုစားမြည်။ ဗိုက်ပြည့်သွားရင်တော့ ရေနွေးပူပူလေးတစ်ခွက်ကိုသောက်ပြီး ထိုးလက်စသိုးမွှေးချည်ကိုပြန်၍ ထိုးမည်။ သည်ဟာ သူမရဲ့မနက်ခင်း အချိန်ကုန်ဆုံးသည့်ပုံစံပေ။
သူမချည်ထိုးနေရင်း သူမစီအပြေးလေးလှမ်းလာသောကောင်မလေးနှစ်ယောက်ကို လှမ်းမြင်လိုက်သည်ကြောင့် ထိုးလက်စချည်တွေကိုခနရပ်ပြီးသူတို့လေးတွေအလာကိုအပြုံးပန်းတစ်ပွင့်ပန်ဆင်ပြီးစောင့်နေလိုက်သည်။
သူတို့လေးတွေဟာသူမစီအပြေးလေးလာကြပြီး သူမ၏နာမည်ကို အားတတ်သရောခေါ်လိုက်ကြသည်။
" မမနွယ် ..မမနွယ် အနော်တို့ရောက်ပြီ ဟီး"
အပြုံးပန်းလေးတွေဝေဝေဆာဆာဖြင့်ပြောလာသောသူမလေးတို့ကို အနွယ်ကလည်း အပြုံးပန်းဖြင့် ပြန်၍နှုတ်ဆက်သည် ။
" ဖြေးဖြေးလာလည်း ရပါတယ်ရှင် ကျွန်မက ထွက်ပြေးမယ့်လူကြနေရော သည်နဲ့ သည်ကနေ့ရော ဘာလုပ်ဖို့စီစဉ်ထားကြလဲ နေ့တိုင်း ချည်ထိုးသင်နေရတာမပျင်းကြဖူးလား"
" အနော်တို့မပျင်းပါဖူးအနော်တို့က မမနွယ်လို အဝတ်လှလှလေးတွေထိုးတတ်တဲ့ထိကိုသင်မှာ ဟူတ်တယ်မှလား "
အနော်ဆိုတဲ့မိန်းမငယ်လေးဟာသူမဘေးက အစောကို လက်တို့ပြီး ဟုတ်မှန်ကြောင်းထောက်ခံခိုင်းလိုက်သည်။
" ဟုတ်တာပေါ့ အနော်ပြောတာမှန်တယ် မမနွယ် "
အနွယ် အနော်ပြောသမျှကိုတစ်ခါမျှပင်ငြင်းဆန်ခြင်းမရှိပဲအနော့်သဘောအတိုင်းလိုက်လျောပေးနေသည့်အစောဆိုသည့်ကောင်မလေးကို အမည်မသိတဲ့အပြုံးဖြင့်ကြည့်လိုက်သည်။
" ဟုတ်ပါပြီကွယ် သို့ပေမယ့် ထိုးစရာချည်က ကုန်တော့မယ်ကွယ်အဲ့တာ မြို့ထဲကဈေးမှာသွားဝယ်ရမယ် လိုက်ကြမလား "
သူမပြောလိုက်တော့ငြင်းဆန်ခြင်းမရှိပဲ ပြိုင်တူခေါင်းညိတ်လာကြသည်။
မြို့က သူမနေထိုင်ရာရွာနှင့်သိပ်မဝေးသည်ကြောင့် မော်တော်ယာဉ်ဖြင့်သွားစရာမလိုပါ။ နာရီဝက်လမ်းလျောက်သွားယုံဖြင့်မြို့ဈေးကိုရောက်ပေသည်။
လမ်းသွားရာတစ်လျောက်လုံးဘေးနားမှာဝန်းရံနေသည့်တောင်နံရံတွေမှနွေဦးရာသီအစရောက်လာပြီဖြစ်သည့်အတွက်အမည်မသိပန်းမျိုးစုံ၏ပွင့်ချိန်ေရာက်နေပြီဖြစ်သည့် အတွက်တောင်ပတ်လမ်းတစ်လျောက်လုံးမျက်စိပဒေသာဖြစ်ရပေသည်။
အနွယ် တောင်ပတ်လမ်းကိုဖြတ်ပြီး မြို့ဈေးကိုသွားနေတုန်း တောင်နရံမှာမှီတွယ်ပြီးပေါက်နေသည့် စကားဝါပင်တစ်ပင်ကိုတွေ့လိုက်ရသည်။
စကားဝါပင်ကို မြင်တိုင်း ကံအကြောင်းမလှခဲ့တဲ့ အတိတ်ကချစ်ရသူအမျိုးသမီးကိုသတိရမိသည်။ ထိုအမျိူးသမီး အဆင်ပြေပါ့မလား။
အနွယ့် ကို စကားဝါပန်းပွင့်ချိန်ရောက်ရင် တစ်တောင်လုံးစကားဝါပန်းတွေဖုံးလွှမ်းနေတဲ့ ပုပ္ပားကိုလိုက်ပို့မယ်ဆိုတဲ့ ကတိလေးက အကျုံးဝင် နေပါ့ဦးမလား။ အနွယ့်ကတော့ ဟန်နီမရှ်ိတဲ့ သုံးနှစ်အတွင်း နွေဦးရောက်တိုင်း အသက်မဲ့နေတဲ့စကားဝါပန်းတွေကို တစ်ယောက်တည်းမြင်နေခဲ့ရတယ်။ ဟန်နီရှ်ိနေတဲ့နေရာမှာရော စကားဝါပင်တွေရှိပါ့မလား။
အဟင်း! မရှိတာပဲကောင်းပါတယ်လေ ။တော်ကြာနေ မကောင်းတဲ့အမှတ်တရတွေဟန်နီသတိရသွားရင်ဖြင့် အနွယ်ရင်ကျိုးရလိမ့်မယ်။
လွန်လေခဲ့သောသုံးနှစ်ခန့်။
အသင့်အတင့်ရုပ်ရည်ရှိသည်ထက်ပို၍ချော မောလှပသောမိန်းမငယ်လေးနှစ်ယောက်ဘေးလမ်းနှစ်ဖက်မှားစကားဝါပင်တွေခြံရံထားသည့် လမ်း၌ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ပြီးလမ်းလျောက်နေကြသည်။ ထိုအမျိုးသမီးငယ်လေးနှစ်ယောက်သည် လမ်းသွားလမ်းလာပုရိသယောက်ျားသားတွေရဲ့အမြင်အာရုံကိုဖမ်းစားထားပါသော်လည်း ထိုအမျိူးသမီးလေးနှစ်ယောက်ကတော့ ကိုယ့်ချစ်ရသူရဲ့လက်ကိုဆုပ်ကိုင်ထားသည့်နေရာမှာပဲအာရုံရှ်ိကြပေသည်။
လမ်းလျောက်နေရင်း တစ်ဖက်အမျိုးသမီးလေးထက်အရပ်အနည်းငယ်ပိုမြင့်သည့်အမျိုးသမီးလေးက လမ်းတစ်ဖက်မှာရှိသည့်စကားဝါပင်အောက်မှာလမ်းသွားလမ်းလာ များအတွက်ထိုင်ရန်လုပ်ပေးထားသည့်လမ်းတစ်ဖက်သို့ဦးတည်ပြီးလျှောက်သွားသည်။ သူ့ထက်အရပ်အနည်းငယ်ပိုနိမ့်သည့်အမျိုးသမီးလေးရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ရင်းနှင့်ပေါ့။
ထိုင်ခုံမှာထိုင်နေရင်းတစ်ဖက်အမျိုးသမီးငယ်လေးကစကားစလာခဲ့သည်။
" ဟန်နီ~~"
" ပြောလေ အနွယ်~"
"စကားဝါပန်းတွေကသိပ်လှတာပဲနော် ~~"
ထိုသို့ပြောလိုက်တော့ ဟန်နီဆိုသည့်အမျိုးသမီးငယ်ကပြုံး၍စကားဆိုလာသည်။
" အင်း ~~သိပ်ကိုလှတယ်"
မေးခွန်းမေးသည့်အမျိူးသမီးငယ်လေးရဲ့မျက်နှာကိုစေ့စေ့ကြည့်ရင်းပြန်ဖြေလိုက်သည်။ သူမပြောလိုက်သည့်စကားကြောင့်တစ်ဖက်အမျိုးသမီးလေးက ရှက်သွားသယောင် နားရွက်ထိပ်လေးတွေကနီနေခဲ့သည်။
" စကားဝါပန်းနဲ့ပတ်သက်ပြီး အနွယ် ဒဏ္ဍာရီတစ်ပုဒ်ကြားဖူးတယ် ဟန်နီရောကြားဖူးလားဟင်~~"
" ကြားဖူးပေါ့ အနွယ်ရဲ့"
" အနွယ်လည်း ဒဏ္ဍာရီ ကိုသိပေမယ့် သိပ်ပြီးတော့ အတိအကျမသိဖူး ဟန်နီရော သိလား"
" သိတာပေါ့ အနွယ် နားထောင်ချင်လား"
ထိုသို့ပြောလိုက်တော့ အမျိုးသမီးလေးကခေါင်းဆတ်ဆတ်ငြိမ့်ပြလာသည်။
" ဟိုးရှေးရှေးတုန်းက ပုဂံခေတ်ကသူရဲကောင်း တစ်ဦးဖြစ်တဲ့ ဗျတ္တက ပုပ္ပားကနေ စကားဝါးပန်းတွေခူးပြီး ပုဂံနန်းတော်ကိုနေ့တိုင်း ပန်းဆက်သရတယ်။ သူကနေ့တိုင်းနေ့တိုင်းပန်းဆက်သရင်း နဲ့ပုပ္ပားသူဖြစ်တဲ့မယ်ဝဏ နဲ့တွေ့ဆုံပြီးချစ်ကျွမ်းဝင်ခဲ့ကြတယ်။ သို့ပေမယ့်မယ်ဝဏ က သာမန်လူလိုမျိုး မဟုတ်ခဲ့ဖူး သူ့မရဲ့တစ်ကိုယ်လုံးမှာ မျောက်တစ်ကောင်လို အမွှေးတွေနဲ့ပြည့်နေခဲ့တယ်။
အဲ့တာကြောင့် သူရဲကောင်းဗျတ္တက သူ့ရဲ့ချစ်သူကို လူအများရှေ့မှာ ထုတ်ပြလို့မရခဲ့ဖူး။ လူအများက သူ့ရဲ့ချစ်သူကို မကောင်းဆိုးဝါး၊ ဘီလူးဆိုပြီး စွပ်စွဲချက်တွေနဲ့ သတ်ပလိုက်မှာဆိုးလို့ သူတို့နှစ်ယောက်က ပုပ္ပားတောင်မှာပဲ ချိန်းတွေ့ကြတယ်။ ပန်းဆက်သချိန်ပြီးတာနဲ့ သူ့ချစ်သူရှိရာ ပုပ္ပားတောင်ကိုသာ ပြန်လာခဲ့တယ်။ အဲ့လိုနဲ့အချိန်တွေကြာလာတော့ ဗျတ္တ နဲ့ မယ်ဝဏ တို့ကြားမှာ ရင်သွေးလေးရလာခဲ့တယ်။ ကံကောင်းချင်တော့ ရင်သွေးလေးက သူ့အမေလို အမွှေးတွေမပါပဲသာမန်လူအတိုင်းဖြစ်နေခဲ့တယ်။
ကလေးလေး မွေးဖွားလာတော့ ပုံဂံပြည်မှာအုပ်စိုးနေတဲ့မင်းက ပုပ္ပားသူမယ်ဝဏ နဲ့ ချစ်ကျွမ်းဝင်နေတာကိုသိသွားပြီး ပုံဂံနန်းတော်ကို ပြန်လာဖို့မိန့်တော်မူလိုက်တယ်။အဲ့ လိုနဲ့ဗျတ္တက မပြန်ချင်ပေမယ့်လည်း ရေမြေ့သခင်ရဲ့အမိန့်တော်ဆိုတော့လည်း မပြန်လို့မဖြစ်တာနဲ့ ကလေးကိုခေါ်ပြီး ပုဂံနန်းတော်ကိုပြန်လာခဲ့ရတယ်။ မယ်ဝဏ မပါပဲနဲ့ပေါ့။ သူက မယ်ဝဏ ကို ခေါ်ချင်ပေမယ့်လည်း မယ်ဝဏ ကပုပ္ပားတောင်ရဲ့ အစောင့်အရှောက်လိုဖြစ်နေခဲ့တာတစ်ကြောင်း ၊ သာမန်လူနဲ့မတူခဲ့တာတစ်ကြောင်း အဲ့တာကြောင့် သူ့ကိုခေါ်ခွင့်မရခဲ့ဖူး။ သူတို့နှစ်ယောက်ကတော့ ချစ်နေရက်နဲ့ဝေးခဲ့တာကြတာပေါ့။ ပုဂံေခတ်တုန်း က သူရဲကောင်းဗျတ္တ နဲ့ မယ်ဝဏ တို့ဇာတ်လမ်းကို လွမ်းဆွတ်ဖွယ်ဒဏ္ဍာရီ ဆိုပြီး တင်စားကြသေးတယ် "
" ဗျတ္တနဲ့ မယ်ဝဏ တို့ရဲ့လွမ်းစရာဇာတ်လမ်းလေးကို စကားဝါပန်းတို့ရဲ့လွမ်းစရာဇာတ်လမ်းလေးတစ်ပုဒ်ဆိုပြီး တင်စားခဲ့ကြတယ်။ ဟုတ်ပါတယ်လေ တဂယ်လည်း လွမ်းဆွေးစရာပဲကို ချစ်ရဲ့သားနဲ့ ဝေးခဲ့ကြရတာမဟုတ်လား.။"
" အနွယ်လေ သေကွဲကွဲတာထက် အဲ့သလိုမျိုး ရှင်ကွဲကွဲမှာကိုပိုကြောက်တယ် ဟန်နီရယ်"
" ထပ်တူပါပဲကွယ်"
" စကားဝါပန်းနဲ့ ပတ်သက်ပြီး သည် လွမ်းစရာဇာတ်လမ်းလေးအပြင် ကဗျာ တစ်ပုဒ်ရှိသေးတယ် နားထောင်ချင်လားအနွယ် "
" နားထောင်ချင်တယ် ဟန်နီ"
" ကဗျာလေးရဲ့အမည်က ' ရွှေနှင့်ယိုးမှားပန်းစကား ' တဲ့ စကားဝါပန်းဟာ အဝါရောင်အဆင်းရှိသည်ဖြစ်လို့ ကဗျာဖွဲ့ဆိုသူက စကားဝါပန်းကိုရွှေနှင့် တင်စားထားတယ်။
သိုးကလေ
ပုပ္ပားနတ်တောင်
အခေါင်မြင့်ဖျား ၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ ပန်းစကား
သိုးကလေ
စကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ့်သည်ပင်သည်၊ ခရီးသား
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်
နှလုံးမခြား၊ စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊ တုမရှိ။"
ကဗျာကိုအသံအနေအထားမှန်မှန်ဖြင့်ရွတ်ဆိုသွားသော ဟန်နီ့ကိုအနွယ်တလေးတစားနှင့်ကြည့်နေမိသည်။ သူမက စာသင်ခဲ့ရပေမယ့်လည်း ကျေးတောရွာဖြစ်သည်ကတစ်ကြောင်း၊ သူမကိုယ်တိုင်ကလည်းစာကိုစိတ်မဝင်စားခဲ့သည်ကြောင့် ကဗျာကိုအသံအနေအထားမှန်မှန်ဖြင့်ရွတ်ဖို့ဆိုတာဝေးလာဝေး။
" ဟန်နီကတော်လိုက်တာ အသံအနေအထားအနိမ့်အမြင့်ရွတ်သွားတာ နားထောင် လို့ကောင်းလိုက်တာ~"
" မဟုတ်ပါဖူးရှင် ဒီတိုင်းပဲရွတ်လိုက်တာပါ"
" ကဗျာ နားထောင်ပြီးတော့ရော၊ လွမ်းမောဖွယ်ဇာတ်လမ်းတွေကိုနားထောင်လိုက်ရတာနဲ့တင် ပုပ္ပားက စကားဝါပန်းတွေသွားကြည့်ချင်လာပြီ စကားဝါပန်းတွေက သိပ်ကိုလှနေမှာပဲနော်~~"
" သည်အချိန်ဆိုရင်တော့ သိပ်ပြီးလှနေတော့မှာမဟုတ်ဖူး နောက်နှစ်နွေဦး စကားဝါပန်းပွင့်ချိန်ကြရင် ဟန်နီတို့ပုပ္ပားကို ခရီးတူတူထွက်ကြတာပေါ့"
" တဂယ်နော် ဟန်နီ နောက်နှစ်နွေဦးကို မြန်မြန်ရောက်ချင်နေပြီ ကတိနော် ကတိ"
" ကတိပါရှင်"
" ရိုးရိုးကတိပေးလို့မရဖူးလေ ရော့ လက်သန်းချင်းချိတ်ပြီးကတိပေးရအောင်"
ပြောပြောဆိုဆိုဖြင့်ကမ်းပေးလာသော လက်သန်းတစ်ဖက်ကို အပြန်အလှန်ချိတ်တွယ်လိုက်ပြီးလက်မဖြင့်တံဆိပ်ခတ်နှိပ်လိုက်သည်။သူလုပ်ချင်ရာ လုပ်ရလို့ပျော်နေတဲ့အမျိုးသမီးလေးကို မုန်းတစ်ယောက်မျက်တောင်မခတ်ပဲငေးကြည့်နေမိသည်။
သူ မပိုင်သည့်အမျိုးသမီးလေးက သိပ်ကိုလှတာပဲ။
၇.၈.၂၀၂၂
မိုး♡
(A/N ကြိုတင်ပြီးတောင်းပန်ရစေ အမိုး ဘယ်လိုမှစာရေးဖို့အချိန်မပေးနိုင်ဖူးရယ် စာတွေနဲ့ပိနေတာ လူကယဲ့ယဲ့ပဲရှိတော့တယ် အပ်ပုဒိတ်လေးနောက်ကျသွားရင်ဖြင့်စိတ်မဆိုးကြဖို့တောင်းဆိုပါရစေရှင်🤍)
Zawgyi
အခ်ိန္စက္ဝန္းဟာ ႏြေမွ မိုး၊ မိုး မွ ေဆာင္း သို႔ကူးေျပာင္းသြားသည္။ အခ်ိန္စက္ဝန္းဟာ ထိုကဲ့သို႔သုံးႀကိမ္တိတိလွည္ပတ္ၿပီးသည္အခါမွာေတာ့ ႏွစ္တစ္ႏွစ္၏ အစျဖစ္သည့္ႏြေဦးရာသီဥတုသို႔အစပ်ိဳးခ်ိန္ေရာက္ေလခဲ့ၿပီ။
ေတာင္တန္းေတြကို ကိုယ္တိုင္ရႉစားလို႔ရသည့္တစ္ေနရာ၊ တိမ္တိုက္ေတြကို မိတ္ေဆြဖြဲ႕လို႔ရသည့္ ေနရာ၊ ေျမျပန႔္ေဒသမွာမရနိုင္သည့္ စိတ္ေအးေအးခ်မ္းေနထိုင္လို႔ရသည့္ေနရာကို အမ်ိဳးသမီးငယ္ေလးတစ္ေယာက္ ေရာက္ရွိေနခဲ့သည္မွာ သုံးႏွစ္သုံးႏွစ္မိုးၾကာခဲ့ေလၿပီ။
သည္က ရာသီဥတုဟာ ဥတုသုံးခုလုံး ခ်မ္းစိမ့္စိမ့္ျဖစ္သည္ေၾကာင့္ သည္မွာေနထိုင္သူေတြအားလုံးဟာ အၿမဲတမ္းအႏြေးထည္ထူထူကိုဝတ္ဆင္လို႔ထားရသည္။ ေျမျပန႔္သူျဖစ္သည့္သူ႕အတြက္ေတာ့ အႏြေးထည္ကိုသူမ်ားေတြအတြက္ ႏွစ္ဆေလာက္ပိုဝတ္ရေပသည္။
အဝတ္ထူထူပိန္းပိန္းေတြဝတ္ဆင္ရသည္မွာအဆင္မေျပလွေသာ္လည္း စိတ္ခ်မ္းသာမႈရသည္ေၾကာင့္ ဤျပသာနာအေသးေလးကို ေခါင္းထဲထည့္မထားေတာ့ေပ။ သည္ေနရာေလးဟာ ရွမ္းျပည္ေတာင္ပိုင္း မိုင္းပြန္ၿမိဳ႕နယ္မွာရွ္ိေနသည့္႐ြာစြန္႐ြာဖ်ားက႐ြာငယ္ေလး ၿမိဳ႕မက်ေတာမက်ေနရာေလးေပမို႔ ေန႕အလင္းေရာင္ကိုသာအားကိုးရသည္။ သည္အရပ္မွာမိုင္းပြန္ကန္ႀကီးသည္သိပ္ကိုရႈစားဖို႔ေကာင္းသည့္ေနရာေပျဖစ္သည္။ ဤအရပ္ကလူေတြအကုန္လုံးသည္ ရွမ္းလူမ်ိဳးေတြေစာ္ဘြားမ်ိဳးေတြအမ်ားဆုံးေနထိုင္သည္ေနရာျဖစ္သည္ေၾကာင့္ ကိန္းႀကီးကမ္းႀကီးနိုင္လွေလသည္။ သို႔ေသာ္လည္း ရွမ္းေစာ္ဘြားတခ်ိဳ႕သည္သာ ဂုဏ္အင္ေမာက္မာၾကသည္ျဖစ္ၿပီး အမ်ားေသာရွမ္းေစာ္ဘြားေတြ၊ ရွမ္းလူမ်ိဳးေတြကေတာ့ ေဖာ္ေ႐ႊလွေပသည္။
သူမေနထိုင္ရာအိမ္ေလး၏တည္ေနရာကေတာ့ ေတာင္တန္းႀကီးတစ္ခုကို မ်က္ႏွာမူထားၿပီး အေနာက္ဘက္၌လည္း ေတာင္ေတြၿခံရံထားေပသည္။ သည္ေနရာေလးမွာသက္ႀကီး႐ြယ္အို ၊ တစ္ကိုယ္တည္း သမားေတြေနထိုင္သည္မ်ားလွသည္ေၾကာင့္ ဆူဆူညံညံရွိမေနပဲ ေအးခ်မ္းလြန္းလွသည္။
သူမ မနက္ခင္းေနထြက္ခ်ိန္ကိုေမွ်ာ္ေငးရင္း သိုးေမႊးထိုးေနျခင္းျဖစ္သည္။ အိမ္ေရွ႕မ်က္ႏွာစာ၌ အမ်ိဳးအမည္မသိနိုင္သည့္ပန္းေပါင္းစုံကို စိုက္ပ်ိဳးလို႔ထားၿပီး တံစၿမိတ္မွာေတာ့ သစ္ခြပန္းပင္ေတြကိုခ်ိတ္ဆြဲလို႔ထားသည္။ သူမသည္ႀကိမ္ျဖင့္ရက္လုပ္ထားသည့္ခုံေလးေပၚမွာထိုင္ေနရင္း ေနထြက္ခ်ိန္ကိုရႈစားလို႔ ေနမည္။
သူမေရွ႕မွာရွိသည့္စားပြဲခုံေလးေပၚ၌ ႀကိမ္ျဖင့္ရက္လုပ္ထားသည့္ျခင္းေတာင္း အေသးေလးထဲ၌ သိုးေမႊးခ်ည္ေတြကိုထည့္လို႔ထားသည္။စားပြဲခံုေပၚမွာ ႀကိမ္ျခင္းေလးအျပင္ ေရႏြေးႏြေးေလးတစ္ခြက္ႏွင့္ ေကာက္ညွင္းေပါင္း၊ဝက္သားခ်ဥ္က္ု လည္း ပန္းကန္းေလးတစ္ခ်ပ္ထဲမွာထည့္လို႔ထားေပသည္။
သူမ ခ်ည္ထိုးလာရင္းဗိုက္ဆာလာရင္ ထိုေကာက္ညွင္းေပါင္းေလးႏွင့္ ဝက္သားခ်ဥ္ေလးကိုစားျမည္။ ဗိုက္ျပည့္သြားရင္ေတာ့ ေရႏြေးပူပူေလးတစ္ခြက္ကိုေသာက္ၿပီး ထိုးလက္စသိုးေမႊးခ်ည္ကိုျပန္၍ ထိုးမည္။ သည္ဟာ သူမရဲ႕မနက္ခင္း အခ်ိန္ကုန္ဆုံးသည့္ပုံစံေပ။
သူမခ်ည္ထိုးေနရင္း သူမစီအေျပးေလးလွမ္းလာေသာေကာင္မေလးႏွစ္ေယာက္ကို လွမ္းျမင္လိုက္သည္ေၾကာင့္ ထိုးလက္စခ်ည္ေတြကိုခနရပ္ၿပီးသူတို႔ေလးေတြအလာကိုအၿပဳံးပန္းတစ္ပြင့္ပန္ဆင္ၿပီးေစာင့္ေနလိုက္သည္။
သူတို႔ေလးေတြဟာသူမစီအေျပးေလးလာၾကၿပီး သူမ၏နာမည္ကို အားတတ္သေရာေခၚလိုက္ၾကသည္။
" မမႏြယ္ ..မမႏြယ္ အေနာ္တို႔ေရာက္ၿပီ ဟီး"
အၿပဳံးပန္းေလးေတြေဝေဝဆာဆာျဖင့္ေျပာလာေသာသူမေလးတို႔ကို အႏြယ္ကလည္း အၿပဳံးပန္းျဖင့္ ျပန္၍ႏႈတ္ဆက္သည္ ။
" ေျဖးေျဖးလာလည္း ရပါတယ္ရွင္ ကြၽန္မက ထြက္ေျပးမယ့္လူၾကေနေရာ သည္နဲ႕ သည္ကေန႕ေရာ ဘာလုပ္ဖို႔စီစဥ္ထားၾကလဲ ေန႕တိုင္း ခ်ည္ထိုးသင္ေနရတာမပ်င္းၾကဖူးလား"
" အေနာ္တို႔မပ်င္းပါဖူးအေနာ္တို႔က မမႏြယ္လို အဝတ္လွလွေလးေတြထိုးတတ္တဲ့ထိကိုသင္မွာ ဟူတ္တယ္မွလား "
အေနာ္ဆိုတဲ့မိန္းမငယ္ေလးဟာသူမေဘးက အေစာကို လက္တို႔ၿပီး ဟုတ္မွန္ေၾကာင္းေထာက္ခံခိုင္းလိုက္သည္။
" ဟုတ္တာေပါ့ အေနာ္ေျပာတာမွန္တယ္ မမႏြယ္ "
အႏြယ္ အေနာ္ေျပာသမွ်ကိုတစ္ခါမွ်ပင္ျငင္းဆန္ျခင္းမရွိပဲအေနာ့္သေဘာအတိုင္းလိုက္ေလ်ာေပးေနသည့္အေစာဆိုသည့္ေကာင္မေလးကို အမည္မသိတဲ့အၿပဳံးျဖင့္ၾကည့္လိုက္သည္။
" ဟုတ္ပါၿပီကြယ္ သို႔ေပမယ့္ ထိုးစရာခ်ည္က ကုန္ေတာ့မယ္ကြယ္အဲ့တာ ၿမိဳ႕ထဲကေဈးမွာသြားဝယ္ရမယ္ လိုက္ၾကမလား "
သူမေျပာလိုက္ေတာ့ျငင္းဆန္ျခင္းမရွိပဲ ၿပိဳင္တူေခါင္းညိတ္လာၾကသည္။
ၿမိဳ႕က သူမေနထိုင္ရာ႐ြာႏွင့္သိပ္မေဝးသည္ေၾကာင့္ ေမာ္ေတာ္ယာဥ္ျဖင့္သြားစရာမလိုပါ။ နာရီဝက္လမ္းေလ်ာက္သြားယုံျဖင့္ၿမိဳ႕ေဈးကိုေရာက္ေပသည္။
လမ္းသြားရာတစ္ေလ်ာက္လုံးေဘးနားမွာဝန္းရံေနသည့္ေတာင္နံရံေတြမွႏြေဦးရာသီအစေရာက္လာၿပီျဖစ္သည့္အတြက္အမည္မသိပန္းမ်ိဳးစုံ၏ပြင့္ခ်ိန္ေရာက္ေနၿပီျဖစ္သည့္ အတြက္ေတာင္ပတ္လမ္းတစ္ေလ်ာက္လုံးမ်က္စိပေဒသာျဖစ္ရေပသည္။
အႏြယ္ ေတာင္ပတ္လမ္းကိုျဖတ္ၿပီး ၿမိဳ႕ေဈးကိုသြားေနတုန္း ေတာင္နရံမွာမွီတြယ္ၿပီးေပါက္ေနသည့္ စကားဝါပင္တစ္ပင္ကိုေတြ႕လိုက္ရသည္။
စကားဝါပင္ကို ျမင္တိုင္း ကံအေၾကာင္းမလွခဲ့တဲ့ အတိတ္ကခ်စ္ရသူအမ်ိဳးသမီးကိုသတိရမိသည္။ ထိုအမ်ိဴးသမီး အဆင္ေျပပါ့မလား။
အႏြယ့္ ကို စကားဝါပန္းပြင့္ခ်ိန္ေရာက္ရင္ တစ္ေတာင္လုံးစကားဝါပန္းေတြဖုံးလႊမ္းေနတဲ့ ပုပၸားကိုလိုက္ပို႔မယ္ဆိုတဲ့ ကတိေလးက အက်ဳံးဝင္ ေနပါ့ဦးမလား။ အႏြယ့္ကေတာ့ ဟန္နီမရွ္ိတဲ့ သုံးႏွစ္အတြင္း ႏြေဦးေရာက္တိုင္း အသက္မဲ့ေနတဲ့စကားဝါပန္းေတြကို တစ္ေယာက္တည္းျမင္ေနခဲ့ရတယ္။ ဟန္နီရွ္ိေနတဲ့ေနရာမွာေရာ စကားဝါပင္ေတြရွိပါ့မလား။
အဟင္း! မရွိတာပဲေကာင္းပါတယ္ေလ ။ေတာ္ၾကာေန မေကာင္းတဲ့အမွတ္တရေတြဟန္နီသတိရသြားရင္ျဖင့္ အႏြယ္ရင္က်ိဳးရလိမ့္မယ္။
လြန္ေလခဲ့ေသာသုံးႏွစ္ခန႔္။
အသင့္အတင့္႐ုပ္ရည္ရွိသည္ထက္ပို၍ေခ်ာ ေမာလွပေသာမိန္းမငယ္ေလးႏွစ္ေယာက္ေဘးလမ္းႏွစ္ဖက္မွားစကားဝါပင္ေတြၿခံရံထားသည့္ လမ္း၌ တစ္ေယာက္လက္ကိုတစ္ေယာက္ဆုပ္ကိုင္ၿပီးလမ္းေလ်ာက္ေနၾကသည္။ ထိုအမ်ိဳးသမီးငယ္ေလးႏွစ္ေယာက္သည္ လမ္းသြားလမ္းလာပုရိသေယာက္်ားသားေတြရဲ႕အျမင္အာ႐ုံကိုဖမ္းစားထားပါေသာ္လည္း ထိုအမ်ိဴးသမီးေလးႏွစ္ေယာက္ကေတာ့ ကိုယ့္ခ်စ္ရသူရဲ႕လက္ကိုဆုပ္ကိုင္ထားသည့္ေနရာမွာပဲအာ႐ုံရွ္ိၾကေပသည္။
လမ္းေလ်ာက္ေနရင္း တစ္ဖက္အမ်ိဳးသမီးေလးထက္အရပ္အနည္းငယ္ပိုျမင့္သည့္အမ်ိဳးသမီးေလးက လမ္းတစ္ဖက္မွာရွိသည့္စကားဝါပင္ေအာက္မွာလမ္းသြားလမ္းလာ မ်ားအတြက္ထိုင္ရန္လုပ္ေပးထားသည့္လမ္းတစ္ဖက္သို႔ဦးတည္ၿပီးေလွ်ာက္သြားသည္။ သူ႕ထက္အရပ္အနည္းငယ္ပိုနိမ့္သည့္အမ်ိဳးသမီးေလးရဲ႕လက္ကိုတင္းက်ပ္စြာဆုပ္ကိုင္ရင္းႏွင့္ေပါ့။
ထိုင္ခုံမွာထိုင္ေနရင္းတစ္ဖက္အမ်ိဳးသမီးငယ္ေလးကစကားစလာခဲ့သည္။
" ဟန္နီ~~"
" ေျပာေလ အႏြယ္~"
"စကားဝါပန္းေတြကသိပ္လွတာပဲေနာ္ ~~"
ထိုသို႔ေျပာလိုက္ေတာ့ ဟန္နီဆိုသည့္အမ်ိဳးသမီးငယ္ကၿပဳံး၍စကားဆိုလာသည္။
" အင္း ~~သိပ္ကိုလွတယ္"
ေမးခြန္းေမးသည့္အမ်ိဴးသမီးငယ္ေလးရဲ႕မ်က္ႏွာကိုေစ့ေစ့ၾကည့္ရင္းျပန္ေျဖလိုက္သည္။ သူမေျပာလိုက္သည့္စကားေၾကာင့္တစ္ဖက္အမ်ိဳးသမီးေလးက ရွက္သြားသေယာင္ နား႐ြက္ထိပ္ေလးေတြကနီေနခဲ့သည္။
" စကားဝါပန္းနဲ႕ပတ္သက္ၿပီး အႏြယ္ ဒ႑ာရီတစ္ပုဒ္ၾကားဖူးတယ္ ဟန္နီေရာၾကားဖူးလားဟင္~~"
" ၾကားဖူးေပါ့ အႏြယ္ရဲ႕"
" အႏြယ္လည္း ဒ႑ာရီ ကိုသိေပမယ့္ သိပ္ၿပီးေတာ့ အတိအက်မသိဖူး ဟန္နီေရာ သိလား"
" သိတာေပါ့ အႏြယ္ နားေထာင္ခ်င္လား"
ထိုသို႔ေျပာလိုက္ေတာ့ အမ်ိဳးသမီးေလးကေခါင္းဆတ္ဆတ္ၿငိမ့္ျပလာသည္။
" ဟိုးေရွးေရွးတုန္းက ပုဂံေခတ္ကသူရဲေကာင္း တစ္ဦးျဖစ္တဲ့ ဗ်တၱက ပုပၸားကေန စကားဝါးပန္းေတြခူးၿပီး ပုဂံနန္းေတာ္ကိုေန႕တိုင္း ပန္းဆက္သရတယ္။ သူကေန႕တိုင္းေန႕တိုင္းပန္းဆက္သရင္း နဲ႕ပုပၸားသူျဖစ္တဲ့မယ္ဝဏ နဲ႕ေတြ႕ဆုံၿပီးခ်စ္ကြၽမ္းဝင္ခဲ့ၾကတယ္။ သို႔ေပမယ့္မယ္ဝဏ က သာမန္လူလိုမ်ိဳး မဟုတ္ခဲ့ဖူး သူ႕မရဲ႕တစ္ကိုယ္လုံးမွာ ေမ်ာက္တစ္ေကာင္လို အေမႊးေတြနဲ႕ျပည့္ေနခဲ့တယ္။
အဲ့တာေၾကာင့္ သူရဲေကာင္းဗ်တၱက သူ႕ရဲ႕ခ်စ္သူကို လူအမ်ားေရွ႕မွာ ထုတ္ျပလို႔မရခဲ့ဖူး။ လူအမ်ားက သူ႕ရဲ႕ခ်စ္သူကို မေကာင္းဆိုးဝါး၊ ဘီလူးဆိုၿပီး စြပ္စြဲခ်က္ေတြနဲ႕ သတ္ပလိုက္မွာဆိုးလို႔ သူတို႔ႏွစ္ေယာက္က ပုပၸားေတာင္မွာပဲ ခ်ိန္းေတြ႕ၾကတယ္။ ပန္းဆက္သခ်ိန္ၿပီးတာနဲ႕ သူ႕ခ်စ္သူရွိရာ ပုပၸားေတာင္ကိုသာ ျပန္လာခဲ့တယ္။ အဲ့လိုနဲ႕အခ်ိန္ေတြၾကာလာေတာ့ ဗ်တၱ နဲ႕ မယ္ဝဏ တို႔ၾကားမွာ ရင္ေသြးေလးရလာခဲ့တယ္။ ကံေကာင္းခ်င္ေတာ့ ရင္ေသြးေလးက သူ႕အေမလို အေမႊးေတြမပါပဲသာမန္လူအတိုင္းျဖစ္ေနခဲ့တယ္။
ကေလးေလး ေမြးဖြားလာေတာ့ ပုံဂံျပည္မွာအုပ္စိုးေနတဲ့မင္းက ပုပၸားသူမယ္ဝဏ နဲ႕ ခ်စ္ကြၽမ္းဝင္ေနတာကိုသိသြားၿပီး ပုံဂံနန္းေတာ္ကို ျပန္လာဖို႔မိန႔္ေတာ္မူလိုက္တယ္။အဲ့ လိုနဲ႕ဗ်တၱက မျပန္ခ်င္ေပမယ့္လည္း ေရေျမ့သခင္ရဲ႕အမိန႔္ေတာ္ဆိုေတာ့လည္း မျပန္လို႔မျဖစ္တာနဲ႕ ကေလးကိုေခၚၿပီး ပုဂံနန္းေတာ္ကိုျပန္လာခဲ့ရတယ္။ မယ္ဝဏ မပါပဲနဲ႕ေပါ့။ သူက မယ္ဝဏ ကို ေခၚခ်င္ေပမယ့္လည္း မယ္ဝဏ ကပုပၸားေတာင္ရဲ႕ အေစာင့္အေရွာက္လိုျဖစ္ေနခဲ့တာတစ္ေၾကာင္း ၊ သာမန္လူနဲ႕မတူခဲ့တာတစ္ေၾကာင္း အဲ့တာေၾကာင့္ သူ႕ကိုေခၚခြင့္မရခဲ့ဖူး။ သူတို႔ႏွစ္ေယာက္ကေတာ့ ခ်စ္ေနရက္နဲ႕ေဝးခဲ့တာၾကတာေပါ့။ ပုဂံေခတ္တုန္း က သူရဲေကာင္းဗ်တၱ နဲ႕ မယ္ဝဏ တို႔ဇာတ္လမ္းကို လြမ္းဆြတ္ဖြယ္ဒ႑ာရီ ဆိုၿပီး တင္စားၾကေသးတယ္ "
" ဗ်တၱနဲ႕ မယ္ဝဏ တို႔ရဲ႕လြမ္းစရာဇာတ္လမ္းေလးကို စကားဝါပန္းတို႔ရဲ႕လြမ္းစရာဇာတ္လမ္းေလးတစ္ပုဒ္ဆိုၿပီး တင္စားခဲ့ၾကတယ္။ ဟုတ္ပါတယ္ေလ တဂယ္လည္း လြမ္းေဆြးစရာပဲကို ခ်စ္ရဲ႕သားနဲ႕ ေဝးခဲ့ၾကရတာမဟုတ္လား.။"
" အႏြယ္ေလ ေသကြဲကြဲတာထက္ အဲ့သလိုမ်ိဳး ရွင္ကြဲကြဲမွာကိုပိုေၾကာက္တယ္ ဟန္နီရယ္"
" ထပ္တူပါပဲကြယ္"
" စကားဝါပန္းနဲ႕ ပတ္သက္ၿပီး သည္ လြမ္းစရာဇာတ္လမ္းေလးအျပင္ ကဗ်ာ တစ္ပုဒ္ရွိေသးတယ္ နားေထာင္ခ်င္လားအႏြယ္ "
" နားေထာင္ခ်င္တယ္ ဟန္နီ"
" ကဗ်ာေလးရဲ႕အမည္က ' ေ႐ႊႏွင့္ယိုးမွားပန္းစကား ' တဲ့ စကားဝါပန္းဟာ အဝါေရာင္အဆင္းရွိသည္ျဖစ္လို႔ ကဗ်ာဖြဲ႕ဆိုသူက စကားဝါပန္းကိုေ႐ႊႏွင့္ တင္စားထားတယ္။
သိုးကေလ
ပုပၸားနတ္ေတာင္
အေခါင္ျမင့္ဖ်ား ၊ စုံေတာျပား၌
နံ႕ရွားႀကိဳင္လြင့္၊ ခါတန္ပြင့္သည္
ေ႐ႊႏွင့္ယိုးမွား၊ ပန္းစကား
သိုးကေလ
စကားပြင့္ႏွင့္
ႏွိုင္းတင့္နိုးသည္၊ ရဲမ်ိဳးသမီး
ေမာင္ႀကီးႏွမ၊ ညက္လွျပာစင္
မယ့္သည္ပင္သည္၊ ခရီးသား
သိုးကေလ
ၿမိတ္လြတ္စုလည္း
အငယ္တည္းက၊ ကြၽမ္းဝင္ၾကသည္
ေမြးဖတူရင္း၊ မ်ိဳးသည္မင္းႏွင့္
ခ်စ္ျခင္းစု႐ုံး၊ သက္ထက္ဆုံးသည္
ႏွလုံးမျခား၊ ေစာင့္တရား။
ေဆြမိမင္း
မ်က္သုတ္နီစင္
ရထည္းဖ်င္ႏွင့္၊ က်ိဳင္းစင္ျမဝါ
မတ္ႀကီးလ်ာကို
မယ္သာႀကိဳက္မိ၊ တုမရွိ။"
ကဗ်ာကိုအသံအေနအထားမွန္မွန္ျဖင့္႐ြတ္ဆိုသြားေသာ ဟန္နီ႕ကိုအႏြယ္တေလးတစားႏွင့္ၾကည့္ေနမိသည္။ သူမက စာသင္ခဲ့ရေပမယ့္လည္း ေက်းေတာ႐ြာျဖစ္သည္ကတစ္ေၾကာင္း၊ သူမကိုယ္တိုင္ကလည္းစာကိုစိတ္မဝင္စားခဲ့သည္ေၾကာင့္ ကဗ်ာကိုအသံအေနအထားမွန္မွန္ျဖင့္႐ြတ္ဖို႔ဆိုတာေဝးလာေဝး။
" ဟန္နီကေတာ္လိုက္တာ အသံအေနအထားအနိမ့္အျမင့္႐ြတ္သြားတာ နားေထာင္ လို႔ေကာင္းလိုက္တာ~"
" မဟုတ္ပါဖူးရွင္ ဒီတိုင္းပဲ႐ြတ္လိုက္တာပါ"
" ကဗ်ာ နားေထာင္ၿပီးေတာ့ေရာ၊ လြမ္းေမာဖြယ္ဇာတ္လမ္းေတြကိုနားေထာင္လိုက္ရတာနဲ႕တင္ ပုပၸားက စကားဝါပန္းေတြသြားၾကည့္ခ်င္လာၿပီ စကားဝါပန္းေတြက သိပ္ကိုလွေနမွာပဲေနာ္~~"
" သည္အခ်ိန္ဆိုရင္ေတာ့ သိပ္ၿပီးလွေနေတာ့မွာမဟုတ္ဖူး ေနာက္ႏွစ္ႏြေဦး စကားဝါပန္းပြင့္ခ်ိန္ၾကရင္ ဟန္နီတို႔ပုပၸားကို ခရီးတူတူထြက္ၾကတာေပါ့"
" တဂယ္ေနာ္ ဟန္နီ ေနာက္ႏွစ္ႏြေဦးကို ျမန္ျမန္ေရာက္ခ်င္ေနၿပီ ကတိေနာ္ ကတိ"
" ကတိပါရွင္"
" ရိုးရိုးကတိေပးလို႔မရဖူးေလ ေရာ့ လက္သန္းခ်င္းခ်ိတ္ၿပီးကတိေပးရေအာင္"
ေျပာေျပာဆိုဆိုျဖင့္ကမ္းေပးလာေသာ လက္သန္းတစ္ဖက္ကို အျပန္အလွန္ခ်ိတ္တြယ္လိုက္ၿပီးလက္မျဖင့္တံဆိပ္ခတ္ႏွိပ္လိုက္သည္။သူလုပ္ခ်င္ရာ လုပ္ရလို႔ေပ်ာ္ေနတဲ့အမ်ိဳးသမီးေလးကို မုန္းတစ္ေယာက္မ်က္ေတာင္မခတ္ပဲေငးၾကည့္ေနမိသည္။
သူ မပိုင္သည့္အမ်ိဳးသမီးေလးက သိပ္ကိုလွတာပဲ။
၇.၈.၂၀၂၂
မိုး♡
(A/N ႀကိဳတင္ၿပီးေတာင္းပန္ရေစ အမိုး ဘယ္လိုမွစာေရးဖို႔အခ်ိန္မေပးနိုင္ဖူးရယ္ စာေတြနဲ႕ပိေနတာ လူကယဲ့ယဲ့ပဲရွိေတာ့တယ္ အပ္ပုဒိတ္ေလးေနာက္က်သြားရင္ျဖင့္စိတ္မဆိုးၾကဖို႔ေတာင္းဆိုပါရေစရွင္🤍)