💜Daddy's Important Baby💜(se...

Av ChawWin726

28.2K 999 40

အမှားတွေကိုပြန်ပြင်ဆင်ပီးချစ်ပေးမှာမို့babyကိုယ့်နားကနေလုံးဝထွက်သွားလို့မရဝူးနော် 💜Xiao Zhan💜 ဝမ်ဝမ်ကိုဖေဖေ... Mer

💜Daddy's important Baby💜
💜Daddy's important baby💜
❣Daddy's important Baby❣
💜Daddy's important Baby💜
💜Daddy's important baby💜
💜Daddy's Important Baby💜
❤Daddy's Important Baby❤
💜Daddy's Important Baby💜
Daddy's important Baby
🖤Daddy's Important Baby🖤
Daddy's important Baby
Daddy's Important Baby
Daddy's Important Baby
Daddy's Important Baby
Daddy's Important Baby
💜Daddy's Important Baby💜
Daddy's Important Baby
💜Daddy's Important Baby💜
💜Daddy's Important Baby💜
💜Daddy's Important Baby💜
Daddy's Important Baby
Daddy's Important Baby
Daddy's Important Baby
Daddy's important Baby
Daddy's important Baby
Daddy's important Baby
Daddy's important Baby
Daddy's important Baby
Daddy's Imporyant Baby
Daddy's Important Baby
Season( 2) Tailer

Daddy's important Baby

876 34 3
Av ChawWin726


Part..12

ရှေ့ဆက်တိုးမိမှာကြောက်လို့ရှောင်ဖယ်ကာမှ
တည့်တည့်ကြီးလာတိုးနေရတဲ့ဂျောင်ကုရဲ့အဖြစ်

အကိုဆိုတဲ့သူခေါ်နေတဲ့နာမ်စားပိုင်ရှင်လေးလက်ကိုဆွဲကာဝိုင်းဆီလာနေတဲ့စီနီယာJiminရဲ့ပုံစံကတစ်ခုခုကိုအလိုမကျသည်ပုံပင်...

စိတ်မဆိုးပါနဲ့Mochiလေးရယ်
ကိုကိုကသူငယ်ချင်းတွေကြားမှာမို့Jiminလို့ခေါ်တာပါကွာ..
အဝေးကနေသူကိုJiminလို့လှမ်းခေါ်လို့စိတ်ဆိုးနေတဲ့ထိုကောင်လေးကိုသူမှာချော့ရ၏..

မင်းနှုတ်ခမ်းကအကိုထယ်ယောင်းကိုထိုးမိတော့မယ်Jiminရယ်...
ပီးရင်မင်းလည်းနေနိုင်တာမဟုတ်ဝူးနော်Jimin

ဘာမှလာမပြောနဲ့Yoogi
မင်းကိုပါရောပီးစိတ်ဆိုးလိုက်မှာနော်..ဟင့်.

mochiလေးကစိတ်ဆိုးနေတဲ့ဆိုရင်လည်းကိုကိုပြန်လိုက်တော့မယ်...
မာမီကမင်းကြိုက်တဲ့ဟင်းလေးတွေချက်ပီးကိုကို့ကိုပို့ခိုင်းလိုက်တာ..
မင်းကမစားဝူးဆိုတော့ယူပြန်သွားလိုက်တော့မယ်...

ဒီကိုကိုဆိုတဲ့လူကြီးကစိတ်ဆိုးရင်ချော့ရကောင်းမှန်းလည်းမသိ...
သူဆက်ပီးတင်းခံနေရင်ပြန်သွားမှာသေချာ၏..
Jiminလည်းနောက်ဆုံးအရှုံးပေးကာကပ်ချွဲရပြန်၏.

ဟာ..ကိုကိုလည်းmochiကစတာပါနော်..
မပြန်ရဝူးဘူး
နေ့လည်စာတူတူစားသွားရမယ်နော်

သူပခုံးကိုမှီကာကပ်ချွဲလာတဲ့ကောင်လေးကြောင့်သူမှာရယ်ရမလိုငိုရမလိုပင်...

သူသိပ်ချစ်ရတဲ့အကိုကဝိုင်းမှာဝင်ထိုင်ကတည်းကသူတို့အားလုံးကိုသတိမထားမိချေ...
သိပ်ချစ်ရတဲ့လူကတစ်ခြားတစ်ယောက်ပေါ်ဂရုစိုက်နေတဲ့မြင်ကွင်းကိုဂျောင်ကုကြာကြာမကြည့်နိုင်..
ရင်ဘတ်တစ်နေရာကတကယ်ကိုနာကျင်နေ၏..
နီးစပ်ဖို့ကြိုးစားမှာမဟုတ်လို့ရှောင်ထွက်သွားရမည့်သူကသူပင်မဟုတ်လား..
တစ်ခုခုဆိုထစ်ခနဲ့မျက်ရည်ကျတတ်တဲ့ကျွန်တော်ကကျလုဆဲမျက်ရည်စလေးတွေကိုမျက်တောင်လေးခတ်ကာသိမ်းဆည်းရင်ထိုနေရာကနေတကယ်ပင်ထွက်သွားချင်၏..

ရှိသမျှအင်အားတွေစုစည်းကာဂျောင်ကုခုံကနေ
ထရပ်လိုက်၏...
ကျွန်တော်ကိစ္စလေးပေါ်လာလို့ခွင့်ပြုပါအုံး
စီနီယာJimin.....

ထိုအချိန်ကျမှအားလုံးရဲ့အကြည့်တွေကသူဆီကို
ဦးတည်လျက်....
သူသိပ်ချစ်ရတဲ့လူသားအပါအဝင်ပေါ့...
ဟင့်အင်း...
မျှော်လင့်ချက်ပေးတဲ့မျက်ဝန်းတွေနဲ့ကျွန်တော်ကိုမကြည့်ပါနဲ့အကိုရယ်...

ထိုကောင်လေးအသံကြားမှသူသတိထားမိ၏...
ကုန်တိုက်မှာတွေ့ခဲ့ဖူးတဲ့ထိုကောင်လေးကသူစဝင်လာကတည်းကဒီဝိုင်းမှာရှိနေခဲ့တာလား..
သူသတိမထားမိခဲ့တာလား...
ဝမ်းနည်းယောင်သမ်းနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ထိုကောင်လေးကြောင့်သူမှာအမျိုးအမည်မသိတဲ့ခံစားချက်လေးပေါ်လာ၏...

အင်း...ဂျောင်ကု..
ဒါဆိုနောက်နေ့ကျရင်လည်းအကိုတို့ဆီလာအုံးနော်..
အကိုတို့အားလုံးကမင်းကိုခင်ပါတယ်..

ဟုတ်ကဲ့...စီနီယာJimin
ဒါဆိုကျွန်တော်ကိုခွင့်ပြုပါအုံး...
ခေါင်းလေးညွန့်ကာစီနီယာအားလုံးကိုနှုတ်ဆက်ပီးသူထိုနေရာကနေထွက်လာ၏...

ဝမ်ရိပေါ်လည်းထိုအဖစ်အပျက်ကိုနားလည်သယောင်မို့အားလုံးကိုနှုတ်ဆက်ကာ
ဂျောင်ကုနောက်ကိုသာအမြန်လိုက်ခဲ့လိုက်၏...

ကျောင်းရှေ့ဘက်ချောင်ကျတဲ့ထောင့်တစ်နေရာမှာထိုင်ငိုနေတဲ့ဂျောင်ကု

အဆင်ပြေရဲ့လားကုကု
သူမေးမြန်းမှုကြောင့်ရင်ခွင်ထဲတိုးဝင်လာတဲ့ဂျောင်ကုကျောလေးကိုဖွဖွလေးပုတ်ကာနှစ်သိမ့်လိုက်၏..

အီး...ဟီး..ဟီ...
ငါ့လုပ်ရက်မှန်ရဲ့လားဝမ်ဝမ်
ငါ့လည်းပင်ပန်းတာပဲ...

ဒီချိန်မှာမင်းငိုချင်ရင်ငိုချလိုက်ပါ..
အချစ်ကြောင့်လူတိုင်းကငိုကြွေးကြရတဲ့သူတွေပါပဲ
ပီးရင်တော့အရာအားလုံးကိုခေါင်းအေးအေးထားပီး
စဥ်းစားဆုံးဖြတ်ကြတာပေါ့...
ငါ့အထင်တော့နာကြင်ချင်းတူတူ
ရှေ့ဆက်တိုးပီးနာကြင်သင့်တယ်..
ဒါမှသူရဲ့သဘောထားကိုသိနိုင်မှာ..
မင်းတစ်ယောက်တည်းသိပီးခံစားနေရတာထက်စာရင်သာတာပေါ့ကုကုရယ်...

ဟင့်...အီး...ဟီး...
ဖက်ထားကာဖယ်ခွာရင်နှာချေးတွေကိုသုတ်ဖယ်နေတဲ့ဂျောင်ကုပုံစံကညစ်တီးညစ်ပတ်ပုံလေး..
တစ်ရှုံရှုံနဲ့ငိုတာရပ်ကာသူကိုကြည့်လာတဲ့ဂျောင်ကု

ငါ့မငိုတော့ဝူး...
ဒီတစ်နေ့တော့အရာအားလုံးကိုခဏမေ့ထားချင်တယ်...
ငါ့တို့စိတ်ပြေလက်ပျောက်စျေးဝယ်ထွက်ရအောင်..

သူလက်ကိုဆွဲကာတက္ကဆီငှားဖို့ဦးတည်နေတဲ့
ဂျောင်ကုခြေလှမ်းတွေ...

ဖစ်ပါ့မလား...
ငါ့တို့ကဒီနေ့မှကျောင်းစတတ်တာလေ..
Daddyသိရင်ဆူမှာပေါ့ကုကုရဲ့...

ငါ့တာဝန်ထားလိုက်ပါ့..
ဒီနေ့တစ်နေ့တော့ငါ့အလိုကိုလိုက်ပေးပါနော်..

ဝမ်ရိပေါ်လည်းဘာမှမပြောဘဲဂျောင်ကုဆွဲရာအနောက်ကိုသာလိုက်ပါလိုက်၏...

သူတို့နှစ်ယောက်အဖစ်ကိုနားမလည်နိုင်ဘဲမေးခွန်းများစွာနဲ့ပြည့်နေတဲ့Joeမှာလည်းတပ်ကြပ်မကွာ
Bossရဲ့အသည်းအသက်နှစ်ဦးနောက်ကိုတိတ်တဆိတ်လိုက်ရ၏...

ထယ်ယောင်းထွက်သွားတဲ့ကောင်လေးနောက်ကျောကိုမျက်စိတဆုံးကြည့်နေမိသည်မှာ"jiminခေါ်မှာအသိဝင်လာ၏..

ကိုကို...

ဟင့်...ပြောလေmochi
ကိုကိုကညနေလာကြိုမှာမဟုတ်လား...

အင်း...ကိုကိုလာကြိုမယ်နော်..
ခုတော့ကုမ္မဏီမှာအလုပ်ကိစ္စလေးရှိလို့ပြန်လိုက်အုံးမယ်....

jminခေါင်းလေးကိုဖွဖွလေးပုတ်ကာအားလုံးကိုနှုတ်ဆက်ကာထယ်ယောင်းထိုနေရာကနေထွက်လာ၏...

ဘာကြောင့်မှန်းမသိပေးမဲ့လေးလံတဲ့ခြေလှမ်းတွေနဲ့အတူသူရဲ့စိတ်ကထိုကောင်လေးဆီမှာပင်...

တူး....တူး...
တုန်ခါစွာမြည်လာတဲ့ဖုန်းသံကြောင့်အိတ်ကပ်ထဲကဖုန်းကိုဆွဲထုတ်ကာကိုင်လိုက်၏...

Hello...Boss

Xiao ZhanJoeအားလုံးအဆင်ပြေရဲ့လား.

သူလည်းတစ်ဖက်ဖုန်းသံကBossဖစ်သူအမေးစကားကြောင့်သခင်လေးနှစ်ယောက်အကြောင်းကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏...

Xiao Zhanတစ်ဖက်ကတပည့်ဖစ်သူစကားကြောင့်ပထမရက်မှာတင်ကျောင်းပြေးကြတဲ့ကလေးနှစ်ယောက်ကိုနားမလည်နိုင်ပေ...
ဒါပေးမဲ့သူထိုအရာအားချုပ်ချယ်လိုစိတ်မရှိပေ..
လွတ်လပ်တဲ့လူငယ်သဘာဝအတိုင်းကိုယ့်ဘာသာထိန်းနိုင်မယ်လိုယုံကြည်လို့ပင်...

Joeမင်းဂိုဏ်းကိုပြန်သွားလိုက်
ယွီပင်းစောင့်နေလိမ့်မယ်...

ဟုတ်Boss
Bossစကားအားအထွန့်တက်မေးချင်သော်လည်း
စကားများများပြောတာမကြိုက်တဲ့Bossကြောင့်
သူရဲ့ကားဦးတည်ရာကဂိုဏ်းသို့ပင်....

ကုန်တိုက်မှာပစ္စည်းတွေကြည့်ရင်းဝင်လာတဲ့
တုန်မြန်နေတဲ့ဖုန်းအားဂျောင်ကုကိုင်ကာ
တစ်ဖက်မှာFoot Chainလေးတွေကိုသဘောကျကာကြည့်နေတဲ့ဝမ်ဝမ်ကိုတစ်ချက်ကြည့်ကာဖုန်းအားဖြေလိုက်၏...

ဟယ်လိုကိုကို

ညနေကိုကိုလာကြိုမှာမို့ကျောင်းမှာပဲစောင့်နော်
နော်ကုကု...

ဟုတ်ကိုကို..
အကိုဖစ်သူအားမလိမ်ချင်ပေးမဲ့စိတ်ဆိုးမည်ဆိုး၍သူလိမ်လိုက်ရ၏...

တစ်ဖက်မှာရှောင်ကျန့်သည်လည်းသူအားမပြောချင်သည့်ကောင်လေးအားဘာမှပင်မမေးမြန်းပေ..

ကျွန်တော်မယူပါဝူး....

မင်းမယူရင်ဘယ်သူကယူမှာလည်း
ပစ္စည်းကဒီမှာပဲတင်ထားတာလေ...
မင်းကိုယ့်မှာတော့စစ်ဆေးရမှာပဲ...

ဟီး.ဟီး....
ကျွန်တော်အစ်မဆိုင်ကပစ္စည်းကိုလှလို့ကိုင်ကြည့်တာပါ..
မယူရပါဝူး...

ဖုန်းပြောရင်းတစ်ဖက်ကငိုသံကြောင့်
ဂျောင်ကုထိုနေရာကိုအမြန်ပြေးသွား၏...

ဘာဖစ်လို့လည်းဝမ်ဝမ်
သူအမေးကြောင့်တစ်ရှုံ့ရှုံနဲ့ငိုယိုကာသူကိုအားကိုးတကြီးကြည့်လာတဲ့ဝမ်ဝမ်...

ဝမ်ဝမ် ဆီကကြားလိုက်ရတဲ့ဖြစ်ကြောင်းကုန်စင်ကြောင့်ဂျောင်ကုသဘောပေါက်သွား၏..
အမတို့ကိုသူမယူဘူးလို့ပြောနေတာပဲ...
ဘာလို့ကျွန်တော်သူငယ်ချင်းကိုအတင်းစွပ်စွဲနေရတာလည်း...

ဒီမှာမင်းသူငယ်ချင်းမယူရင်ဒီပစ္စည်းကခြေထောက်ပေါက်ပီးပျောက်သွားမှာမဟုတ်ဝူး...
မင်းသူငယ်ချင်းကအေးပစ္စည်းကိုအရမ်းကြိုက်နေတာလေ...

ဝန်ထမ်းမိန်းခလေးစကားကြောင့်သူကိုအားကိုးတကြီးကြည့်ကာပြောလာတဲ့ဝမ်ဝမ်
ငါ့မယူဝူးနော်တဲ့.....

ငါ့တို့မင်းကိုယ့်မှာရှာကြည့်မယ်..
မင်းတို့ရုပ်ကယုံရတဲ့ရုပ်မှမဟုတ်တာ...

ဟာ...
ဝန်ထမ်းမိန်းခလေးစကားကြောင့်ဂျောင်ကုစိတ်အချဥ်ပေါက်လာ၏...

သူတို့ရဲ့ပြဿနာကိုကြည့်နေကြတဲ့ဘေးလူတွေကလည်းတဖြည်းဖြည်းများလာသလိုဝမ်ဝမ်ကလည်းကြောက်လွန်းပီးငိုနေရုံသာ...
သူလည်းမကြောက်ဝူးလားဆိုတော့ကြောက်တာပေါ့
ဒါပေးမဲ့ကတိပေးထားတဲ့အတိုင်းဝမ်ဝမ်ကို
ကာကွယ်ဖို့သူသန်မာရမည်မဟုတ်လား...

ဒါကလူတစ်ယောက်ရဲ့personalနဲ့ဆိုင်နေပီးနော်အမ...
သူမယူဝူးပြောရင်မယူဝူးပေါ့..
ဘာလို့သူခိုးတစ်ယောက်လိုမျိုးကိုယ့်မှာရှာချင်ရတာလည်း...
ဆုပ်ကိုင်တဲ့လက်တစ်ဖက်ကလစ်ဟာခြင်းခံစားလိုက်ရတာကြောင့်ဂျောင်ကုဝမ်ဝမ်ကိုကြည့်လိုက်၏....

ကျွန်တော်အဆင်ပြေတာမို့
ကျွန်တော်ခန္ဓာကိုယ့်မှာရှာကြည့်ပါ...

ဝမ်ဝမ်....

ဂျောင်ကု အသံလေးကြောင့်သူအဆင်ပြေကြောင်းခေါင်းညိမ့်ပြလိုက်၏..

အမျိုးသားလုံခြုံရေးခန္ဓာကိုယ်မှာစစ်ဆေးရှာဖွေနေရင်းကျလာတဲ့မျက်ရည်စက်တွေနှင့်အတူတုန်ယင်နေတဲ့လက်တွေကဝမ်ဝမ်အဆင်မပြေနေကြောင်းသူသိ၏...
ငါ့ကမင်းကိုဒီတစ်ခါလည်းမကာကွယ်ပေးနိုင်ပြန်ဝူးဝမ်ဝမ်ရယ်...

ရှာတွေ့ပြီး....
အသံနှင့်အတူလုံခြုံရေးလက်ထဲကFootchainလေးကြောင့်ဝမ်ဝမ်နဲ့သူတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိ၏...

အား.....
ရင်ဘတ်အားဆောင့်တွန်းခံရခြင်းနှင့်အတူကြမ်းပြင်ပေါ်သို့ဝမ်ရိပေါ်လဲကျသွား၏..

မင်းပြောတော့မယူပါဝူးဆို...
ဆိုင်ထဲစဝင်လာကတည်းကမင်းတို့ပုံစံနဲ့မဝယ်နိုင်မှန်းသိပ်သိသာနေတယ်..
အချောင်လိုချင်တဲ့ဟာတွေ...
အသက်အရွယ်လေးနဲ့မှမလိုက်...
မင်းကိုငါ့တို့ရဲလက်ထဲအပ်ရလိမ့်မယ်..
ပြန်တွေ့သောပစ္စည်းအားကိုင်မြောက်ကာပြောလာတဲ့ထိုဝန်ထမ်းအမျိုးသမီး...

ချလက်...ချလက်...

တင်း...တောက်..

ထိုအဖစ်အပျက်ကိုဓာတ်ပုံရိုက်သူကရိုက်..
Liveလွင့်သူကလွင့်နေကြ၏...

ဟယ်ကွယ်..
ကောင်လေးကငယ်ငယ်လေးနဲ့မထင်ရဝူးနော်..
ရုပ်လေးရှိရက်နဲ့အောက်တန်းကျလိုက်တာ...
တန်ဖိုးကြီးတဲ့ပစ္စည်းကိုမှခိုးရတဲ့လို့ဟယ်..
အမလေးသနားဖို့တောင်မကောင်းတော့ဝူး..
အချောင်ရတိုင်းလုပ်စားနေတဲ့ထင်ပါ့...
အမလေးမိဘတွေကမဆုံးမဘူးထင်ပါရဲ့ကွယ်..
တကယ်ကိုဆိုးသွမ်းလိုက်တာ..
အတင့်ရဲနေတာနဲ့လွန်ရော..

ဘေးလူတွေရဲ့စကားတွေကြောင့်သူရှက်လွန်းလို့ခေါင်းတောင်မဖော်ရဲပေ..
သူလုံးဝဒီပစ္စည်းကိုမယူပါဝူး..
ဘာလို့သူအိတ်ထဲကနေရှာတွေ့တာလည်းသူမသိဝူး.
တစ်ယောက်တစ်ပေါက်နဲ့လူတွေ့ရဲ့ကဲ့ရဲ့ဝေဖန်သံတွေကြားနှုတ်ခမ်းကိုကိုင်ကာအသံမထွက်အောင်ပင်နေနေရ၏...
ဒီချိန်မှာDaddyကိုသာသူတမ်းတနေမိ၏..
ဒီနေရာကနေအမြန်ဆုံးသူကိုလာခေါ်ဖို့ပင်...
သူလူတွေကိုအရမ်းကြောက်တယ်..
စွပ်စွဲနေတဲ့အသံတွေကြားသူခံနိုင်ရည်မရှိတော့ပေ..
Daddy ရင်ခွင်ထဲဝင်ပီးပြိုလဲပစ်ချင်၏..

ဒါကဘာတွေဖစ်နေကြတာလည်း....

သြရှရှအသံနဲ့အတူလုအုပ်ကြားကနေတိုးထွက်လာတဲ့ခြေထောက်တစ်စုံ....

ကိုကို.....
ရုတ်တရက်ရောက်ချလာတဲ့အကိုဖစ်သူ
ကြောင့်ဂျောင်ကုသိလိုရသည်ကခုချိန်ထိသူဖုန်းမချရသေးတာပဲ....

ဒါဆိုဖုန်းထဲကနေတစ်ဆင့်ကိုကိုအကုန်ကြားသွားခဲ့တာလား...
ဒါကြောင့်ရောက်လာခဲ့တာလား..
လိမ်ထားသည်ဆိုမှခုတော့အားလုံးအလိမ်ပေါ်တော့မည်....

ရှောင်ကျန့်ရဲ့
ရဲ့အော်သံကြောင့်အကုန်လုံးရဲ့အကြည့်တွေက
သူဆီကိုသာစုပုံကျလာ၏...
ရှောင်ကျန့်တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတဲ့လူတွေရဲ့စကားသံကိုလျစ်လျူရှုကာသူရဲ့ကလေးငယ်ရှေ့ထိုင်ချလိုက်၏...

ဝမ်ရိပေါ်သူရှေ့မှာရပ်နေတဲ့ခြေလှမ်းတစ်စုံကြောင့်
အားတကိုးမော်ကြည့်လိုက်တော့သူမျော်လင့်နေတဲ့
Daddyပင်...

မျက်ရည်လည်ရွဲနဲ့အောက်နှုတ်ခမ်းသွေးစို့ကာသူကို
အားကိုးတကြီးမော်ကြည့်ကာရင်ခွင်ထဲပြေးဝင်လာတဲ့ကလေးငယ်ကြောင့်ခန္ဓာကိုယ်ဟန်ချက်မပျက်အောင်ရှောင်ကျန့်ထိန်းလိုက်ရ၏...

အဟီး....အဟီး..
Daddy ကျွန်တော်ကိုဒီကနေခေါ်ထုတ်သွားပေးပါနော်....
ကျွန်တော်သူတို့ကိုကြောက်တယ်...
အဟီး......အဟီး....

ကျစ်....
သွေးစို့နေတဲ့နှုတ်ခမ်းတစ်စုံနှင့်အတူ
ကုတ်ဖဲထားသည်နှင့်တူ၏လက်ထိပ်ကလေးများမှာလည်းစုတ်ပျက်သက်ကာသွေးစို့နေ၏...
သူကလေးကဒီလူအုံ့ကြီးကြားဘယ်လောက်တောင်ကြောက်နေလိုက်မလည်း...
ဒီကလေးရဲ့နီရဲနေတဲ့မျက်ဝန်းအိမ်လေးတွေသူရင်ဘတ်ထဲကအကောင်ကိုနာကြင်စေ၏...

ရှောင့်ကျန်သူကလေးငယ်ကိုပွေ့ချီကာ...
ဆိုင်ဝန်ထမ်းရှေ့မှာရပ်လိုက်၏...
မင်းတို့မန်နေဂျာနဲ့ငါ့စကားပြောချင်တယ်...

ရှင်ကဒီကသူခိုးနဲ့ဘယ်လိုပတ်သက်လည်းမသိပေးမဲ့သူကိုရှင်ခေါ်သွားလို့မရဝူး
တရားဥပဒေအတိုင်းကျွန်မတို့ဘက်ကဆောင်ရွက်ရမယ်...

တောက်...
မင်းတို့စောက်ပူပါလို့vedioရိုက်နေကြတာလား.
ဒီကိစ္စသာsocial mediaပေါ်ပျံ့သွားခဲ့ရင်ငါ့တစ်ယောက်မှကိုအရှင်မထားဘူး...

ပီးတော့..မင်းရောပဲ..
ငါ့ကလေးကိုတရားဥပဒေအတိုင်းဆောင်ရွက်မယ်ပြောရအောင်မင်းမှာသက်သေရှိလား...
အဆင့်အတန်းမရှိတဲ့သူနဲ့ငါ့မှာစကားပြောဖို့အချိန်မပေါတာမို့ဒီဆိုင်မန်နေဂျာကိုခေါ်ပေးစမ်းပါ...

Daddy....

ထွက်နေတဲ့ဒေါသတွေကထိုကလေးခေါ်သံကြောင့်ပျောက်ကွယ်သွားရ၏...
သူကိုအားကိုးတကြီးကြည့်ကာပြောလာတဲ့ထိုကလေးစကားကရင်ထဲကိုဆစ်ခနဲပင်..
Daddyကျွန်တော်မခိုးပါဝူး...
ကျွန်တော်ကိုမစွန့်ပစ်လိုက်ပါနဲ့...

ကိုယ့်ဘက်ကမင်းကိုဘယ်လိုအခြေအနေမျိုးနဲ့ကြုံနေပါစေမစွန့်ပစ်ဝူးကလေးငယ်...
ပြောချင်တဲ့စကားလုံးတစ်ချို့ကိုစိတ်ထဲကသာရေရွတ်လိုက်၏...

ယွီးပင်....ဒီမှာဖစ်တဲ့ကိစ္စကိုမင်းပဲဆက်စီစဥ်လိုက်..
အရှင်းဆုံးကတော့ငါ့ရဲ့ဆိုင်သူကိုထိခိုက်နစ်နာစေခဲ့တဲ့ဘယ်သူကိုမဆိုပညာပေးလိုက်...
နောက်နေ့ဒီဆိုင်ကိုလည်းလုံးဝငါ့မမြင်ချင်ဝူး...

Xiao Groupပိုင်ရှင်ရဲ့ရင်းနှစ်သည်းခြာကိုလာထိရင်ဘာဖစ်မလည်းဆိုတာအားလုံးသိစေရမယ်...

Xiao GroupဒါဆိုသူကMr.Xiao Zhanလား..
ဟင့်.....တစ်ခါမှရုပ်လုံးမထွက်ပြတဲ့
Xiao Groupရဲ့ပိုင်ရှင်ကသူတို့ရဲ့ရှေ့မှာတဲ့လား...
ထိုအချက်ကြောင့်ရပ်ကြည့်နေတဲ့သူအပါအဝင်စွပ်စွဲပြောဆိုနေတဲ့သူအားလုံးကတော့အမှန်ပင်ကြောက်ရွံနေကြ၏...

သေချာတာတစ်ခုကတော့ဒီနေ့ဖြစ်ပျက်သွားတဲ့ဖြစ်စဥ်အားလုံးက social mediaပေါ်လုံးဝပျံ့နှံ့ခြင်းရှိမည်မဟုတ်ပါ...
ဒီလိုမျိုးဖစ်အောင်လည်းXiao Zhanကြိုးစားခဲ့ရသည်မဟုတ်လား...

လူဆိုတဲ့အမျိုးကအပေါ်ယံပကာသနတွေကိုပိုသဘောကျကြတယ်မဟုတ်လား..
ငွေနဲ့အရာရာကိုဖြေရှင်းရတာသဘောကျကြတယ်..
အာဏာကိုအလွဲသုံးစားလုပ်ရတာကြိုက်ကြတယ်..

Xiao Zhan ဆိုတဲ့သူကဒီအပေါ်ယံပကာသနသာမရှိနေရင်လူတွေတွက်ကဖြစ်တည်မှုမရှိတဲ့သူတစ်ယောက်....

အယောင်ဆောင်တွေတွက်အာဏာသုံးပီးပြန်တုံ့ပြန်ခြင်းကအကောက်းဆုံးလက်နက်တစ်ခုပင်..

The End..

Part....13(coming soon)

ခုချိန်ကစပီးမင်းဘက်ကသံသယကင်းတဲ့အခြေအနေထိရောက်အောင်ကိုယ့်ချစ်ပြမယ်
Xiao Zhan


author by
phoo@reba

#သာသာပေါက်စကအာရုံကြောအားနည်းပီးကျန်းမာရေးချူချာသူမို့ficတစ်ပိုင်းပိုင်းတင်ဖို့အရမ်းကြီးနောက်ကျရတဲ့အနေအထားမျိုးမို့စောင့်နေတဲ့
readerလေးတွေကိုတောင်းပန်ပါတယ်ရှင့်...

အတတ်နိုင်ဆုံးပုံမှန်တင်နိုင်အောင်လည်းကြိုးစားနေပါတဲ့လို့...

ဆက်ပီးတော့မကောင်းတဲ့အရေးအသားတွေနဲ့အတူအဆုံးထိဖတ်ပေးကြပါအုံးရှင့်..

#စာဖတ်ပရိတ်သတ်တွေကိုအစဥ်လေးစားလျက်



























































Fortsett å les

You'll Also Like

111K 2.5K 30
(Currently being edited) Your mother never talks about your father much. she said it was because they were both young and reckless, so when you came...
1.1M 27.6K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.6M 95.7K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...