Daddy's Important Baby

687 32 2
                                    

Part..18

Jimin...
အကိုလေးJimin
အကိုjimin
ရုတ်တရက်တွေ့လိုက်ရတဲ့သူကြောင့်အားလုံးဆီကအံ့သြစွာထွက်ကျလာတဲ့နာမ်စားလေးတစ်ခု...

ရေချိုးခန်းတဘတ်အားပတ်ကာရပ်နေတဲ့ဂျောင်ကုအားတွေ့လိုက်ရတာကြောင့် ဂျီမင် လက်ထဲကအထုပ်ပြုတ်ကျသွား၏..

ဂျောင်ကု ကဘယ်လိုလုပ်ဒီကိုရောက်နေတာလည်း.
ပြီးတော့ဒီအခြေအနေကြီးကရော....

သွားပြီး...တို့Bossတော့သွားပြီး..
ဂျီဟို ဒီအခြေအနေမျိုးမှာbossများ
ဘယ်လိုပုံစံမျိုးဖစ်နေမလည်းဆိုပြီးကြည့်လိုက်ပေးမဲ့ပုံမှန်အနေအထားအတိုင်းပင်...
အေးအေးဆေးဆေးထိုင်နေပြီးဘာမှမဖြစ်သလိုနေနေတဲ့bossအားသူနားမလည်ပေ...

မကြာခင်အကိုလေးjiminကသောင်းကျန်းတော့မည်မဟုတ်လား...
Bossအားတစိမ်းကောင်မလေးဖြစ်စေ
တစိမ်းကောင်လေးနဲ့ဖြစ်စေအတူတွဲတွေ့တို့ဖြစ်နေကြအကိုလေးjiminပုံစံကိုခုတွေ့ရတော့မှာမဟုတ်လား..
ဒါတောင်Bossဖစ်သူကသူနဲ့မဆိုင်သလိုပင်...

ဂျောင်ကု...သူကိုယ့်ပေါ်ကတဘတ်အားလက်ညိုးထိုးကာမေးလာတဲ့အကိုJiminကြောင့်ဘယ်လိုဖြေရမှန်းပင်မသိတော့ပေ....

ဟိုလေ...အေးဒါက..
သူဘယ်လိုပြောရမလည်း...
သူဒုက္ခရောက်နေလို့အကိုကကယ်ခဲ့တဲ့လို့ပြောလိုက်ရမလား...
မဟုတ်သေးပါဘူး..
ဒါမှမဟုတ်....
သူအကျီအကိုကြောင့်ပေသွားလို့လိုပြောလိုက်ရမလား...
ဟာကွာ...

ဂျောင်ကု စဥ်းစားနေတုန်းရုတ်တရက်ပွေ့ချီခံလိုက်ရ၏...

ဟင်...အကို....
ဂျောင်ကုသူအားပွေ့ချီလိုက်တဲ့အကိုအားမော့
ကြည့်လိုက်၏..

ဒါကဘယ်လိုအခြေအနေကြီးတုန်း..
Bossကထိုကောင်လေးကိုပွေ့ချီလိုက်သည်တဲ့လား..
ဂျီဟို ထိုအခြေအနေအားမီးဝင်းဝင်းတောက်မျက်လုံးနှင့်ကြည့်နေတဲ့အကိုလေးjiminကြောင့်သူဒီနေရာကနေအမြန်ဆုံးပျောက်ကွယ်သွားလိုက်ချင်၏...
မကြာခင်ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးကသူနားမှာရှိနေသည်မဟုတ်လား...

ကျစ်...
ငယ်ရယ်အေးတော့မှာပဲ..
ဘာလိူ့ဒီပုံစံနဲ့ထွက်လာတာလည်းကွာ...

💜Daddy's Important Baby💜(season1)(complete)Where stories live. Discover now