Exact LOVE // Jaywon

Seoeun_0206

8.8K 967 92

Jaywon FF 💓 [ Completed ] Written in Burmese U+Z 🅢🅣🅐🅡🅣 - 16/7/2022 🅔🅝🅓 - 20/8/2022 ... Еще

하나
Miyanae yo!
다섯
여섯
일곱
여덟
열하나
종료 : End

아홉

540 81 17
Seoeun_0206


Unicode 💙

" ယန်းဂျောင်ဝန်း နေ့လည်စာ သွားစားရအောင် "

" ဆောနူhyung ဒီနေ့တော့ နီခီနဲ့ပဲ သွားလိုက်ပါနော် ။ ကျွန်တော်မန်နေဂျာပက် ခိုင်းထားလို့ လုပ်စရာတွေရှိသေးတယ် "

စာရွက်စာတမ်းတွေ လှန်လှောပြီး အလုပ်များချင်ယောင်ဆောင်လိုက်တယ်။
ဂျေးhyung စောင့်နေတော့မှာပဲ ...။

" အာ.. ပြီးရော ငါ့ဘာငါပဲ သွားလိုက်တော့မယ် "

" နီခီ့ကိုပါ ခေါ်သွားလေ "

" မခေါ်ပါဘူး သူ့ဟာသူသွား စားပါစေ "

အမြဲတပူးပူး တတွဲတွဲနဲ့ မခွဲမခွာရှိတဲ့ နှစ်ယောက်က ဘယ်လိုဖြစ်တာလဲ။ ထူးဆန်းတာထက် ပိုထူးဆန်းတယ်။ ဆောနူhyungဆို ကျွန်တော့်ထက်စာရင် နီခီနဲ့ ပိုတွဲမိတာလေ။အခုတော့ ဘာတွေဖြစ်ထားကြတာပါလိမ့်။ မခေါ်မပြောနဲ့။

ဆက်ပြီး စပ်စုချင်ပေမယ့် မြန်မြန်သွားရတော့မှာဖြစ်တာကြောင့် စိတ်ကိုသာ လျော့လိုက်တယ်။

" သွားတော့လေ hyung ... ကန်တင်းမှာ လူမများခင် "

" အာ့ဆို ငါသွားပြီ ... မင်းလည်း တခုခုစားလိုက်ဦးနော် "

" ဟုတ် ... ဟုတ် "









ဆောနူhyung ထွက်သွားတာနဲ့ လက်ထဲက စာရွက်တွေကို ပစ်ချပြီး အရေးပေါ်လှေကားဆီ ပြေးသွားမိတယ်။ ဓာတ်လှေကားကနေဆို ကြာနေမှာစိုးလို့ပါ။

ကျွန်တော်တို့ ဌာန 13 လွှာပြီးရင် ဥက္ကဌရုံးခန်းရှိတဲ့ 14 လွှာ ။ ဆက်တက်သွားရင်တော့ ခေါင်းမိုးထပ်ကို ရောက်တယ်။ ကုမ္ပဏီရဲ့ ခေါင်းမိုးထပ်က ဟာလာဟင်းကြီးတော့ မဟုတ်ပါ။ ခုံတန်းရှည်တစ်ခုရယ် ဥယျာဉ်ငယ်လေးတစ်ခုရယ်ရှိတယ်။

ဒါကတော့ ဘယ်သူ့အတွက်ရယ်လို့မှ မဟုတ်ပေမယ့် ကျွန်တော်ကတော့ တခါတလေ လာထိုင်နေကြဖြစ်တယ်။ ဒါပေမဲ့ လူပြတ်တယ်လို့ဆိုရလောက်‌‌အောင် ကျွန်တော်လာတိုင်း ဘယ်သူနဲ့မှ ထိပ်တိုက်မတွေ့ဖူးဘူးလေ။
အဲ‌တာကြောင့်ဒီလို တိတ်ဆိတ်တဲ့နေရာမှာ ဂျေးhyungနဲ့ နေ့လည်စာ dateဖို့ ရွေးလိုက်ခြင်းဖြစ်တယ်။






ခေါင်းမိုးထပ်ထိ ကြိုးစားပမ်းစား တက်ခဲ့ပြီးနောက် ဝင်ပေါက်တံခါးဖွင့်လိုက်တော့ ကြိုဆိုနေတာက ကြည်လင်ပြီး ပြာလဲ့နေ‌သော ကောင်းကင်ကြီးရယ် နောက်ကျောပေးထိုင်နေတဲ့ ချစ်ရသူရယ်။

တံခါးကို အသံမမြည်အောင်ပိတ်ရင်း အနားကပ်သွားကာ ဂျေးhyung ရဲ့ မျက်လုံးကို လက်ဖြင့် အုပ်လိုက်တယ်။

" ကလေး ရောက်ပြီလား "

" ဘယ်လိုသိတာလဲ .... ဂျေး hyung "

အုပ်ထားတဲ့ လက်ကို ဆွဲကိုင်ရင်း ကျွန်တော့်လက်ဖမိုးကို နမ်းလာတယ်။

" ဒီလက် သေးသေးလေးတွေက ကလေးကလွဲ ဘယ်သူရှိမှာလဲ "

" ကျွန်တော့်လက် မသေးပါဘူး "

ကျွန်တော့်လက်က ပုံမှန်ပါပဲနော်။ ဂျေးhyung နဲ့ယှဉ်မှသာ သေးသေးလေးဖြစ်သွားတာ။ သိပ်တော့ မကျေနပ်ချင်....။
လက်ကို ဆတ်ခနဲ ရုတ်ပြီး ဘေးမှာ ဆူပုပ်ပုပ်နဲ့ ဝင်ထိုင်လိုက်တယ်။

" နှုတ်ခမ်းစူထားပြီး ကိုယ့်ကို နမ်းချင်အောင် မလုပ်နဲ့နော် "

ချိန်းခြောက်သလို သတိပေးသလိုစကားကြောင့် နှုတ်ခမ်းကို ကိုက်မိတယ်။ ဆက်လုပ်နေရင် နေ့လည်စာ စားရတော့မှာ မဟုတ်ဘူး။

" ရော့.... ကိုယ်ထမင်းဘူးမှာထားတယ် ... စားကြရအောင်။ နေဦးး ကိုယ်ခွံ့ကျွေးမယ် "

ထမင်းဘူး ဖွင့်မလို့ရှိသေး လက်ထဲကနေ လုသွားပြီး အပီအပြင်ခွံ့ကျွေးဖို့ ပြင်နေတယ်။

" ကျွန်တော်က ကလေးမှမဟုတ်တာ ။ ကိုယ့်ဘာကိုစား လို့ရပါတယ် ဂျေးhyung ကလည်း "

" ကလေးက ကိုယ့်အတွက်တော့ကလေးပဲ ...
စားပါဆို အာ..... "

မျက်စိရှေ့မှာမြင်နေရတဲ့ ဟင်းတစ်ဖတ်နဲ့ ထမင်းတစ်လုတ်။ ကလေးမြူသလို ခွံ့ကျွေးနေတဲ့ ဂျေးhyung ကြောင့် ရယ်ချင်ပေမယ့် စိတ်ချမ်းသာအောင် ထားလိုက်ပါ့မယ်လေ။ အဲ့လောက်တောင် ခွံ့ကျွေးချင်နေတာ စားပလိုက်ဦးမယ်။

" ဂျေးhyung လည်းစားလေ "

" နောက်မှ စားမယ် "

တလျှောက်လုံး ကျွန်တော့်ကို ခွံ့ကျွေးလိုက် ပါးစပ်သုတ်ပေးလိုက် ရေဘူးအဖုံးဖွင့်ပေးလိုက်နဲ့ တကယ့်ကလေးအဖေကြီးလိုပဲ။

" မရဘူး အခုစား ရော့...... ကျွန်တော် ပြန်ခွံ့မယ် "

လက်ထဲက တူကိုလုပြီး ပြန်ခွံ့လိုက်တော့ ပြုံးပြုံးကြီး စားနေတယ်။










အဲ့ဒီအချိန် တံခါးဖွင့်သံ ကြားလိုက်တာမို့ကိုင်ထားတဲ့တူကို ပစ်ချပြီး ဂျေးhyung လက်ကိုဆွဲကာ အပင်တွေကြားထဲ သွားပုန်းလိုက်တယ်။
ခုံတန်းနဲ့ တံခါးအကြား နံရံအကွေ့တစ်ခု ခံနေတာကြောင့် ကျွန်တော်တို့ ပြေးပုန်းဖို့ အချိန်ရှိတာ တော်သေးတယ်။ ဂျေးhyungကတော့ ထမင်းဘူးတွေ ရေဘူးတွေ မပြီး အမှီလိုက်လာနေရတယ်။

ဘယ်သူလား ။ ဒီလိုအချိန်ကောင်းကို လာနှောင့်ယှက်ရတယ်လို့ ။

မကြာပါ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့ သူတွေကြောင့် ကျွန်တော်နဲ့ ဂျေးhyung အံ့ဩစွာ အချင်းချင်းကြည့်မိတယ်။
ဂျယ်ယွန်းhyungနဲ့ မန်နေဂျာပက်ဆောင်းဟွန်း!!

" ပက်ဆောင်းဟွန်း မင်းခုနက ဘာလုပ်တာလဲ ။
ဘာလို့ သူများကို ဘလိုင်းကြီးသွားပြောရတာလဲ
ဟမ် .. "

ရောက်တာနဲ့ ဂျယ်ယွန်းhyungက ခုံတန်းမှာ မထိုင်နိုင်သေးဘဲ အနောက်ကကုပ်ကုပ်လေး လိုက်လာတဲ့ မန်နေဂျာပက်ဆောင်းဟွန်းကို ဒေါကြီးမောကြီးနဲ့ မေးနေတယ်။

" အဲ့ကောင်က ဘာမို့လို့ hyung ကို အဲ့လိုအကြည့်နဲ့ ကြည့်နေရတာလဲ။ မြွေမြွေချင်း ခြေမြင်တာမလို့ သိတယ်နော်....။
hyung ကကော ဘာလို့ အဲ့လောက်တောင် ပြုံးပြနေရတာလဲ ။ အဲတာကြောင့် ကျွန်တော် သဝန်တိုပြီး ပြောလိုက်မိတာပါ .. "

ကြည့်ရတာတော့ သဝန်တိုပြီး အခြားလူကို ပြောလိုက်တာကို ဂျယ်ယွန်းhyung က ဆူနေတာထင်တယ်။ ဆူသင့်ပါတယ်လေ ဂျယ်ယွန်းhyung က သူများတွေဆို ဘယ်လောက်အားနာတတ်သလဲဆိုတာ ကျွန်တော်အသိဆုံး ။

ခေါင်းငုံ့ပြီး သနားစဖွယ် ပြောနေသော မန်နေဂျာပက်ဆောင်းဟွန်းကြောင့် ဂျယ်ယွန်းhyungက ခေါင်းသာခါပြီး ခုံမှာထိုင်လိုက်တယ် ။

" အဲ့လိုဆိုလဲ မပြောသင့်ဘူးလေ ဆောင်းဟွန်းရာ... ဘယ်လောက်အားနာဖို့ကောင်းလဲ တစ်ဖက်လူကို .."

" နောက်မပြောတော့ပါဘူး.... စိတ်မဆိုးပါနဲ့တော့နော် "

ဒူးထောက်ချပြီး ဂျယ်ယွန်းhyung ရဲ့လက်နှစ်ဖက်ကို ကိုင်ကာ မျက်နှာငယ်လေးနဲ့ တောင်းပန်နေသော မန်နေဂျာပက်ဆောင်းဟွန်း။

" အင်း "

" တခါတည်း ကျွန်တော်ထပ်တောင်းပန်ချင်တယ်။ အရင်က hyungကို ထားခဲ့တာရော မဆက်သွယ်ခဲ့မိတာရောအတွက် ခွင့်လွှတ်ပေးပါလား....
hyung ။
အရင်လိုပြန်ဖြစ်‌အောင် နောက်တခေါက် အခွင့်အရေးပေးပါလား hyung .... "

ဂျယ်ယွန်းhyung ဘက်က တိတ်ဆိတ်နေတော့ စိတ်ဓာတ်ကျသွားပုံရတယ်။
မန်နေဂျာ ပက်ဆောင်းဟွန်းကလည်း တုံးလိုက်တာ ။ ဟိုက ခွင့်လွှတ်ပေးပြီး ဘယ်လိုပြန်ဖြေရမလဲ စဉ်းစားနေတာ မျက်နှာမှာ အထင်းသား။ ဒါလေးတောင် မသိဘူး။ ကြားထဲကနေသာ အော်ပြောလိုက်ချင်တယ်။

" hyung မခွင့်လွှတ်နိုင်လဲ .... "

" ခွင့်လွှတ်တယ်!! မင်းကို ...
အဲတာကြောင့် နောက်တခါဆိုတာသာ မရှိစေနဲ့။ အဲ့ကျရင်တော့ ငါတကယ် စိတ်ပိုင်းဖြတ်မိမှာ "

ခွင့်လွှတ်တယ်ဆိုတဲ့ အသံလည်းကြားရော
ညှိုးနေတဲ့ ပန်းလေးကို ဓာတ်မြေဩဇာတွေ လောင်းချလိုက်လို့ ပွင့်လန်းလာတာထက် ပိုမြန်တဲ့ မန်နေဂျာပက်ဆောင်းဟွန်း အမူအရာကိုတော့ လက်ဖျားခါတယ်။

" ကျေး.. ကျေးဇူးပါ hyungရာ ကျွန်တော့်ကို ခွင့်လွှတ်ပေးလို့ ။
ဒါဆို အရင်ကလို မောင်လို့ပြန်ခေါ်ပါလားဟင် "

" အင်း မောင် "

သဲကဲစွာ တယောက်နဲ့ တယောက် တင်းတင်းဖက်ထားကြပြီး အလွမ်းသယ်နေကြတဲ့ သူတို့ကိုကျွန်တော်နဲ့ ဂျေးhyungကတော့ ထမင်းဘူးကို ပေါက်ပေါက်ဆုပ်လို့ သဘောထားကာ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေကြတယ်။










အဲ့ဒီအချိန်မှာ ဒုတိယမြောက်သော တံခါးဖွင့်သံကြားလိုက်ရတယ်။
ငြိမ်းချမ်းရေးယူပြီးခါစ ဂျယ်ယွန်းhyung တို့အတွဲကော ပုန်းနေရင်း ဝါးတီးဆွဲနေတဲ့ ကျွန်တော်တို့အတွဲကော တံခါးဖွင့်သံကြောင့် လှုပ်ရှားမှုတွေ ရပ်မိတယ်။

ခြေသံတွေ နီးလာတာနဲ့အမျှ ဂျယ်ယွန်းhyungက ပြာပြီး ဟိုကြည့်ဒီကြည့် လုပ်နေတော့ မန်နေဂျာ ပက်ဆောင်းဟွန်းက လက်ကို ဆွဲကာ ကျွန်တော်တို့ပုန်းနေတဲ့ နေရာစီ တည့်တည့်ကြီးလာနေတယ်။ ဘာလို့ဆို ဒီနေရာပဲ ပုန်းစရာရှိတာလေ။

" မင်းတို့က ဒီကိုဘယ်လို...... "

" ရှူး.!!  လာခဲ့ ဂျယ်ယွန်းhyung "

ကျွန်တော်တို့ကို တွေ့တာနဲ့ လက်ညှိုးထိုးပြီး တအံ့တဩမေး‌လာတဲ့ ဂျယ်ယွန်း hyung ကို ဆွဲခေါ်ကာ
ထိုင်စေပြီး ‌အရှေ့ကိုသာ ဆက်ချောင်းလိုက်တယ်။

" အဲတာတွေ နောက်မှပြော.... အခုဘယ်သူလာပြန်ပြီလဲ မသိဘူး "

အသံကျယ်မှာစိုး၍ ဂျယ်ယွန်းhyungနား ကပ်ကာ တိုးတိုးပြောလိုက်တယ်။ ပုန်းလို့ရတယ်ဆိုပေမယ့် လူလေးယောက်အတွက်တော့ အနည်းငယ်ကျပ်လှတယ်။ အဲတာကြောင့် ဂျယ်ယွန်းhyung လက်မောင်းကို ဖက်တွယ်ကာ ပူးကပ်လိုက်တယ်။ သေချာပေါက် အနောက်က ပက်မျိုးရိုးနှစ်ယောက်ရဲ့ အကြည့်စူးစူးတွေကို လျစ်လျူရှုပြီးတော့ပေါ့။









ဟော..... တွေ့ပါပြီ ။ ဒီတခါ ဝင်လာတဲ့သူတွေကဝောာ့ အခြားမဟုတ်။
ဆောနူhyung နဲ့ နီခီ....။

ဒီနေ့မှပဲ ခေါင်းမိုးထပ်ကို လူကြိုက်များနေကြပါလား။ တကယ်ပဲဟုတ် ဒိတ်တောင် ကိုးလိုးကန့်လန့်ဖြစ်သွားပြီ။ မဖြစ်တော့ နောက်တခါကျရင် မဟာမြိုင်တောကြီးထဲ သွားရမယ်။ ဒါမှ အနှောင့်အယှက်ကင်းမှာ။

" ဆောနူ hyung ........ "

" နီခီ .....  မင်းကို ညီလေးတယောက်လိုပဲ သဘောထားတာပါလို့  ပြောပြီးပြီလေ "

" မလိမ်စမ်းပါနဲ့ဗျာ ..... hyung လိမ်ရင်အသာကြီးကို အချိန်တိုင်း တစိမ့်စိမ့်ကြည့်နေတဲ့ ကျွန်တော်က မသိရအောင် အရူးလား "

" မင်း..... မင်း "

လိုက်လို့တောင်မမှီတော့ဘူး ။ ညီလေးတွေရော တစိမ့်စိမ့်ကြည့်တာတွေရော.....
ဒီလောက် သူတို့နဲ့ တချိန်လုံးရှိနေတဲ့ ကျွန်တော်တောင် မသိလိုက်ဘူးဆိုတော့ ဘယ်ချိန်ဖြစ်သွားကြတာလဲ။

" ခံစားရလား ကျွန်တော့်ရင်ခုန်သံကို......
hyung အတွက်ပဲ ဖြစ်တည်နေတာမလို့ လက်ခံပေးပါနော် hyung "

ဆောနူhyung လက်ကိုဆွဲပြီး ရင်ဘတ်ပေါ်တင်ကာ အလေးအနက်တွေ ပြောနေသောနီခီ။ အခုချိန် ကျွန်တော်လေ ဆောနူhyung ပါးကိုဖြုတ်ပြီး ဈေးမှာသွားရောင်းရင် ဟယ်ဒီမက်မွန်သီးလေးက  နီရဲနေတာပဲ ဆိုပြီး လုဝယ်ကြမှာ ။ စကားအဖြစ်ပြောပါတယ်။ တကယ်လုပ်ကြည့်ပါလား နီခီလာထုမှာပေါ့။

" အယ် နီခီက သွက်လှချည်လား "
ဘေးမှ ဂျယ်ယွန်းhyung ရဲ့မှတ်ချက်။

" မင်းနဲ့ ငါက မဖြစ်နိုင်ပါဘူး နီခီရာ ....
ဒီတိုင်း ညီအစ်ကိုလိုပဲ နေကြရအောင် "

ကျစ်.... ဒီhyungကတော့ မဟုတ်တာတွေ ပြောပြီ။ ဘယ်ညီအစ်ကိုက ၂၄ နာရီလုံး တပူးပူးတတွဲတွဲနေမှာလား။ ပြီးတော့ သူများတွေထက်ဦးစားပေးပြီး အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေမှာလဲ ။
သက်သက် ကလေးကို ဒုက္ခပေးတာ။

" hyung ပြန်မချစ်နိုင်ဘူးဆိုရင်လည်း .......
တခါတည်းနှုက်ဆက်ကြတာပေါ့ ။
ကျွန်တော်မရှိလဲ ကောင်းကောင်းနေနော် hyung "

ပြောပြီး နီခီက ခေါင်းမိုးထပ်အစွန်းကို ပြေးသွားပြီး ခုန်ချမို့လုပ်နေတယ်။ ဒါကို မြင်လိုက်ရတဲ့ ကျွန်တော်နဲ့ ဂျယ်ယွန်းhyung သွားဆွဲဖို့လုပ်တော့  နောက်က ပက်မျိုးရိုးနှစ်ယောက်က ဆွဲထားခြင်းကို ခံရတယ်။

" စောင့်ကြည့်လိုက်ပါဦး ကလေးရာ ... "

ကျွန်‌‌တော့်နားကို နှုတ်ခမ်းနဲ့ထိကပ်ပြီး ပြောလာတဲ့ ဂျေးhyung။ အရေးထဲမှလေ ကြက်သီးတောင်ထတယ်ဟုတ်။

နီခီ့ကိုကြည့်တော့ ပြေးလာကာ တားနေတဲ့ဆောနူhyungကို ပြုံးပြုံးကြီး ကြည့်နေတယ်။ တော်တော်ဉာဏ်များတဲ့ ကောင်လေးပဲ။ အကြံကတော့ပိုင်ပါ့။

" နီခီရားးး အဲ့လိုမလုပ်ပါနဲ့ကွာ..... hyung တောင်းပန်ပါတယ်နော် ။ ဟုတ်တယ် ... hyung လိမ်မိတာ.... တကယ်တော့ hyung လည်း မင်းကို ချစ်ပါတယ် "

လွတ်ထွက်သွားမှာ စိုးသည့်အလား နီခီ့လက်ကို တင်းနေအောင် ဆွဲထားကာ မျက်လုံးစုံမှိတ်ပြီး ပြောနေတော့တယ်။

" နောက်ဆုံးတော့ ........ "
ကျွန်တော့်ထမင်းဘူးကို ယူစားရင်း အရှေ့မှ အဖြစ်အပျက်ကို ရုပ်ရှင်ကြည့်သလိုပြောလာတဲ့ ဂျယ်ယွန်းhyung ။




အခုပုန်းနေကြတဲ့ ကျွန်တော်တို့လေးယောက် အခြေ‌အနေကတော့ .......
အစကတည်းက ပုန်းနေရတဲ့ ကျွန်တော်နဲ့ ဂျေးhyungက ညောင်းလာပြီဖြစ်တဲ့အတွက် မြက်ခင်း‌ပေါ်ပဲထိုင်ချနေကြတယ်။ ကျွန်တော်လဲ မြက်ခင်းပေါ်ထိုင်ဖို့ လုပ်ပေမယ့် ဂျေးhyungက အထိုင်မခံဘဲ သူ့ပေါင်ပေါ်ဆွဲတင်ကာ ခါးကနေဖက်ထားတယ် ။

ဘေးမှ ကျွန်တော်တို့အခြေအနေကို နားမလည်ဟန်ကြည့်နေကြတဲ့ အတွဲကိုအားနာပေမယ့် မဖယ်ပေးချင်တာတော့အမှန်။ သက်တောင့်သက်သာ ရှိတယ်ဗျ.....။




" တကယ်လား ဆောနူhyung .... "

" အင်း ... တကယ် "

ဆောနူhyung မပီသစွာ တိုးလျတဲ့ အသံလေးနဲ့။

" နောက် တခါလောက် ... ပြန်ပြောပါဦး
hyung နော်.... နော် "

နီရှီမူရာ ရီခီမပီသစွာ ချွဲနွဲ့နေတယ်။
တကယ်ပဲ အားလုံးက အချစ်နဲ့တွေ့ရင် ဒီလိုဖြစ်သွားကြတာလား။ အဟမ်း သူများကိုပြောနေတာ ကျွန်တော်လဲ အဲ့တိုင်းပါပဲ ဟီးးး။

" ချစ်တယ်လို့ နီရှီမူရာ ရီခီရဲ့ ...".

" ဟဟ .... ကျွန်တော်ကပိုချစ်တယ် ‌‌
ဂင်ဆောနူ sshi .... "

အစီအစဉ်အောင်မြင်သွားတဲ့ နီခီကတော့ အောင်နိုင်သူကြီးပမာ ဆောနူhyungကို ဆွဲဖက်လိုက်တယ်။
ဒီနေ့က ဘာနေ့များလဲ....။  မြားနတ်မောင်ရဲ့ မြားတွေ မိုးပေါ်က တရဟောကျလာတဲ့ အလားပဲ။ တစ်တွဲပြီး တစ်တွဲပေါ်လာနေတော့တယ်။









အဲ့ဒီအချိန် ထပ်ကြားရပြန်တဲ့ တံခါးဖွင့်သံ ။
ဒီနေ့ဘာတွေ ဖြစ်နေတာလဲ။ အရင်‌ဆို သရဲခြောက်‌မှာတောင် ကြောက်ရတဲ့ နေရာက စည်ကားနေလိုက်တာ။ မလာစဖူးလာနေကြတယ်။ ဒီတခါရော ဘယ်သူလဲ.... ဘယ်အတွဲလဲ...။

ထုံးစံအတိုင်း လှစ်ခနဲပြေးလာကြတဲ့ အတွဲကလည်း  ဒီနေရာကိုပဲဦးတည်နေတယ်။ ကျွန်တော်တို့ လေးယောက်ကိုတွေ့တော့ ဆောနူhyungတယောက် အံ့ဩနေတာ ပါးစပ်တောင်စိမရ။ ကျွန်တော့်ကို ကြည့်ပြီး စိမရတာဆို ပိုမှန်မယ်။

အဲတာကြောင့် ကျွန်တော် ဂျေး hyungပေါင်ပေါ်က ဆင်းပြီး ဆောနူhyungကို ဆွဲကာ အောက်ကိုဆင်းထိုင်လိုက်တယ်။
ပါးစပ်ကို လက်ညှိုးနဲ့‌တေ့ပြီး တိုးတိုးနေရန်အချက်ပြပြီး 🤫 အရှေ့ကိုသာဆက်ကြည့်လိုက်တယ်။








ဒီတခါ ဝင်လာတဲ့သူကို မြင်ချိန်မှာတော့ ကျွန်တော့်အတွေးတွေ တက်တက်စင်အောင် လွဲပြီဆိုတာသိလိုက်တယ်။ ဘာလို့လဲဆိုတော့
တမိုးအောက် လူပျိုကြီး .... ဌာနမှူးအီ မလို့ပဲ။
မြားနတ်မောင်က ဒီတခါတော့ ဘက်လိုက်တယ်။

အခုလည်းကြည့် အဖော်ဆိုလို့ ဘောင်းဘီအိတ်ကပ်ထဲက ထုတ်လာတဲ့ ဆေးလိပ်နဲ့ မီးခြစ်ပဲရှိတယ်။ အင်းးး ဌာနမှူးကိုလဲ အ‌ဆင်ပြေတဲ့ သူတစ်ယောက်နဲ့ မိတ်ဆက်ပေးဦးမှပါ....။

ခပ်မိုက်မိုက်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေက အပင်တွေအတွက်တော့ အစာချက်ဖို့ ဝမ်းသာအားရစုတ်ယူနိုင်ပေမယ့် ကျွန်တော်တို့ လူသားခြောက်ယောက်တော့ မွှန်လှပြီ။ 
ပိုဆိုးတာက အရှေ့ဆုံးမှာထိုင်နေတဲ့ ကျွန်တော်က မနေနိုင်တော့ဘူး။

" အဟွတ် အဟွတ် "

" အဲ့မှာ ဘယ်သူလည်း!!  "

မရတော့ဘူး ပြေးထွက်လိုက်ပြီ။ တကယ်ပဲဟုတ် အငြှိုးနဲ့များ သောက်နေသလားမသိ။

" ကျွန်တော် ကျွန်တော်...
ဆေးလိပ်ကြီး သတ်လိုက်ပါဦး ဌာနမှူးအီ "

ကျွန်တော့်ကို တွေ့ပြီး လန့်သွားတဲ့ကြားထဲ ယောင်တောင်တောင်နဲ့ ဆေးလိပ်မီးသတ်လိုက်တယ်။

" ဟမ် ယန်းဂျောင်ဝန်း....
ဘယ်လိုလုပ် ရောက်နေတာ......
မန်နေဂျာပက် ကော... ပြီးတော့ ဂင်‌ဆောနူ ! နီခီ !
ဂျယ်ယွန်း!  မန်နေဂျာ ပက်ဆောင်းဟွန်း! "

တန်းစီထွက်လာတဲ့ သူတွေကိုကြည့်ပြီး ဌာနမှူးအီရဲ့ သမင်မျက်လုံးက ပိုတောင် ဝိုင်းပြီး ပြူးကျယ်သွားတယ်။

" အဟမ်း ... သွားမယ် ကလေး..."

ဂျေးhyungတယောက် ချောင်းဟန့်ပြီး ဟန်ဖို့ကာ ကျွန်တော်လက်ကိုဆွဲပြီး ခေါင်းမိုးထပ်ကနေ ဆင်းလာလိုက်တယ်။ နောက်ကသူတွေလည်း ဆက်လိုက်လာကြတာကို တွေ့လိုက်တယ်။ နောက်ဆုံးတော့ ခိုးကြောင်ခိုးဝှက်ပုန်းနေရတဲ့ ရန်ကနေ လွတ်မြောက်ပြီပေါ့။

သေချာတာတော့ ခဏနေ ကျွန်တော်နဲ့ ဂျေးhyung အကြောင်းကို တတွတ်တွတ်နဲ့ လိုက်မေးတော့မယ့် ဆောနူhyungနဲ့ ဂျယ်ယွန်းhyungကို အာပေါက်မတတ် ရှင်းပြရတော့မှာပင်။
အတွဲလိုက်ကြီး မိသွားတဲ့ ဌာနမှူးအီကိုလည်း ပြောပြရတော့မှာပေါ့ ဟင်းးးး။






_____________ A/N ___________

Side couples moment တွေကို မရေးရမနေနိုင်လို့ပါ 😩 ရေးတာလိုက်မမှီဘူးဖြစ်သွားရင်တောင်းပန်ပါတယ်နော်။

Hee ကိုအတွဲရှာပေးမလို့ပဲ။ ဒါမဲ့ နောက် အကြံရသွားတာက သာသာပဲအပိုင်သိမ်းလိုက်ပါတော့မယ်လေ ဆိုပြီး 😈

𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻  𝓡𝓮𝓪𝓭𝓲𝓷𝓰 💓











Zawgyi 💙

" ယန္းေဂ်ာင္ဝန္း ေန႔လည္စာ သြားစားရေအာင္ "

" ေဆာႏူhyung ဒီေန႔ေတာ့ နီခီနဲ႔ပဲ သြားလိုက္ပါေနာ္ ။ ကြၽန္ေတာ္မန္ေနဂ်ာပက္ ခိုင္းထားလို႔ လုပ္စရာေတြရွိေသးတယ္ "

စာ႐ြက္စာတမ္းေတြ လွန္ေလွာၿပီး အလုပ္မ်ားခ်င္ေယာင္ေဆာင္လိုက္တယ္။
ေဂ်းhyung ေစာင့္ေနေတာ့မွာပဲ ...။

" အာ.. ၿပီးေရာ ငါ့ဘာငါပဲ သြားလိုက္ေတာ့မယ္ "

" နီခီ့ကိုပါ ေခၚသြားေလ "

" မေခၚပါဘူး သူ႔ဟာသူသြား စားပါေစ "

အၿမဲတပူးပူး တတြဲတြဲနဲ႔ မခြဲမခြာရွိတဲ့ ႏွစ္ေယာက္က ဘယ္လိုျဖစ္တာလဲ။ ထူးဆန္းတာထက္ ပိုထူးဆန္းတယ္။ ေဆာႏူhyungဆို ကြၽန္ေတာ့္ထက္စာရင္ နီခီနဲ႔ ပိုတြဲမိတာေလ။အခုေတာ့ ဘာေတြျဖစ္ထားၾကတာပါလိမ့္။ မေခၚမေျပာနဲ႔။

ဆက္ၿပီး စပ္စုခ်င္ေပမယ့္ ျမန္ျမန္သြားရေတာ့မွာျဖစ္တာေၾကာင့္ စိတ္ကိုသာ ေလ်ာ့လိုက္တယ္။

" သြားေတာ့ေလ hyung ... ကန္တင္းမွာ လူမမ်ားခင္ "

" အာ့ဆို ငါသြားၿပီ ... မင္းလည္း တခုခုစားလိုက္ဦးေနာ္ "

" ဟုတ္ ... ဟုတ္ "









ေဆာႏူhyung ထြက္သြားတာနဲ႔ လက္ထဲက စာ႐ြက္ေတြကို ပစ္ခ်ၿပီး အေရးေပၚေလွကားဆီ ေျပးသြားမိတယ္။ ဓာတ္ေလွကားကေနဆို ၾကာေနမွာစိုးလို႔ပါ။

ကြၽန္ေတာ္တို႔ ဌာန 13 လႊာၿပီးရင္ ဥကၠဌ႐ုံးခန္းရွိတဲ့ 14 လႊာ ။ ဆက္တက္သြားရင္ေတာ့ ေခါင္းမိုးထပ္ကို ေရာက္တယ္။ ကုမၸဏီရဲ႕ ေခါင္းမိုးထပ္က ဟာလာဟင္းႀကီးေတာ့ မဟုတ္ပါ။ ခုံတန္းရွည္တစ္ခုရယ္ ဥယ်ာဥ္ငယ္ေလးတစ္ခုရယ္ရွိတယ္။

ဒါကေတာ့ ဘယ္သူ႔အတြက္ရယ္လို႔မွ မဟုတ္ေပမယ့္ ကြၽန္ေတာ္ကေတာ့ တခါတေလ လာထိုင္ေနၾကျဖစ္တယ္။ ဒါေပမဲ့ လူျပတ္တယ္လို႔ဆိုရေလာက္‌‌ေအာင္ ကြၽန္ေတာ္လာတိုင္း ဘယ္သူနဲ႔မွ ထိပ္တိုက္မေတြ႕ဖူးဘူးေလ။
အဲ‌တာေၾကာင့္ဒီလို တိတ္ဆိတ္တဲ့ေနရာမွာ ေဂ်းhyungနဲ႔ ေန႔လည္စာ dateဖို႔ ေ႐ြးလိုက္ျခင္းျဖစ္တယ္။






ေခါင္းမိုးထပ္ထိ ႀကိဳးစားပမ္းစား တက္ခဲ့ၿပီးေနာက္ ဝင္ေပါက္တံခါးဖြင့္လိုက္ေတာ့ ႀကိဳဆိုေနတာက ၾကည္လင္ၿပီး ျပာလဲ့ေန‌ေသာ ေကာင္းကင္ႀကီးရယ္ ေနာက္ေက်ာေပးထိုင္ေနတဲ့ ခ်စ္ရသူရယ္။

တံခါးကို အသံမျမည္ေအာင္ပိတ္ရင္း အနားကပ္သြားကာ ေဂ်းhyung ရဲ႕ မ်က္လုံးကို လက္ျဖင့္ အုပ္လိုက္တယ္။

" ကေလး ေရာက္ၿပီလား "

" ဘယ္လိုသိတာလဲ .... ေဂ်း hyung "

အုပ္ထားတဲ့ လက္ကို ဆြဲကိုင္ရင္း ကြၽန္ေတာ့္လက္ဖမိုးကို နမ္းလာတယ္။

" ဒီလက္ ေသးေသးေလးေတြက ကေလးကလြဲ ဘယ္သူရွိမွာလဲ "

" ကြၽန္ေတာ့္လက္ မေသးပါဘူး "

ကြၽန္ေတာ့္လက္က ပုံမွန္ပါပဲေနာ္။ ေဂ်းhyung နဲ႔ယွဥ္မွသာ ေသးေသးေလးျဖစ္သြားတာ။ သိပ္ေတာ့ မေက်နပ္ခ်င္....။
လက္ကို ဆတ္ခနဲ ႐ုတ္ၿပီး ေဘးမွာ ဆူပုပ္ပုပ္နဲ႔ ဝင္ထိုင္လိုက္တယ္။

" ႏႈတ္ခမ္းစူထားၿပီး ကိုယ့္ကို နမ္းခ်င္ေအာင္ မလုပ္နဲ႔ေနာ္ "

ခ်ိန္းေျခာက္သလို သတိေပးသလိုစကားေၾကာင့္ ႏႈတ္ခမ္းကို ကိုက္မိတယ္။ ဆက္လုပ္ေနရင္ ေန႔လည္စာ စားရေတာ့မွာ မဟုတ္ဘူး။

" ေရာ့.... ကိုယ္ထမင္းဘူးမွာထားတယ္ ... စားၾကရေအာင္။ ေနဦးး ကိုယ္ခြံ႕ေကြၽးမယ္ "

ထမင္းဘူး ဖြင့္မလို႔ရွိေသး လက္ထဲကေန လုသြားၿပီး အပီအျပင္ခြံ႕ေကြၽးဖို႔ ျပင္ေနတယ္။

" ကြၽန္ေတာ္က ကေလးမွမဟုတ္တာ ။ ကိုယ့္ဘာကိုစား လို႔ရပါတယ္ ေဂ်းhyung ကလည္း "

" ကေလးက ကိုယ့္အတြက္ေတာ့ကေလးပဲ ...
စားပါဆို အာ..... "

မ်က္စိေရွ႕မွာျမင္ေနရတဲ့ ဟင္းတစ္ဖတ္နဲ႔ ထမင္းတစ္လုတ္။ ကေလးျမဴသလို ခြံ႕ေကြၽးေနတဲ့ ေဂ်းhyung ေၾကာင့္ ရယ္ခ်င္ေပမယ့္ စိတ္ခ်မ္းသာေအာင္ ထားလိုက္ပါ့မယ္ေလ။ အဲ့ေလာက္ေတာင္ ခြံ႕ေကြၽးခ်င္ေနတာ စားပလိုက္ဦးမယ္။

" ေဂ်းhyung လည္းစားေလ "

" ေနာက္မွ စားမယ္ "

တေလွ်ာက္လုံး ကြၽန္ေတာ့္ကို ခြံ႕ေကြၽးလိုက္ ပါးစပ္သုတ္ေပးလိုက္ ေရဘူးအဖုံးဖြင့္ေပးလိုက္နဲ႔ တကယ့္ကေလးအေဖႀကီးလိုပဲ။

" မရဘူး အခုစား ေရာ့...... ကြၽန္ေတာ္ ျပန္ခြံ႕မယ္ "

လက္ထဲက တူကိုလုၿပီး ျပန္ခြံ႕လိုက္ေတာ့ ၿပဳံးၿပဳံးႀကီး စားေနတယ္။










အဲ့ဒီအခ်ိန္ တံခါးဖြင့္သံ ၾကားလိုက္တာမို႔ကိုင္ထားတဲ့တူကို ပစ္ခ်ၿပီး ေဂ်းhyung လက္ကိုဆြဲကာ အပင္ေတြၾကားထဲ သြားပုန္းလိုက္တယ္။
ခုံတန္းနဲ႔ တံခါးအၾကား နံရံအေကြ႕တစ္ခု ခံေနတာေၾကာင့္ ကြၽန္ေတာ္တို႔ ေျပးပုန္းဖို႔ အခ်ိန္ရွိတာ ေတာ္ေသးတယ္။ ေဂ်းhyungကေတာ့ ထမင္းဘူးေတြ ေရဘူးေတြ မၿပီး အမွီလိုက္လာေနရတယ္။

ဘယ္သူလား ။ ဒီလိုအခ်ိန္ေကာင္းကို လာေႏွာင့္ယွက္ရတယ္လို႔ ။

မၾကာပါ တျဖည္းျဖည္း ႐ုပ္လုံးေပၚလာတဲ့ သူေတြေၾကာင့္ ကြၽန္ေတာ္နဲ႔ ေဂ်းhyung အံ့ဩစြာ အခ်င္းခ်င္းၾကည့္မိတယ္။
ဂ်ယ္ယြန္းhyungနဲ႔ မန္ေနဂ်ာပက္ေဆာင္းဟြန္း!!

" ပက္ေဆာင္းဟြန္း မင္းခုနက ဘာလုပ္တာလဲ ။
ဘာလို႔ သူမ်ားကို ဘလိုင္းႀကီးသြားေျပာရတာလဲ
ဟမ္ .. "

ေရာက္တာနဲ႔ ဂ်ယ္ယြန္းhyungက ခုံတန္းမွာ မထိုင္ႏိုင္ေသးဘဲ အေနာက္ကကုပ္ကုပ္ေလး လိုက္လာတဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္းကို ေဒါႀကီးေမာႀကီးနဲ႔ ေမးေနတယ္။

" အဲ့ေကာင္က ဘာမို႔လို႔ hyung ကို အဲ့လိုအၾကည့္နဲ႔ ၾကည့္ေနရတာလဲ။ ေႁမြေႁမြခ်င္း ေျချမင္တာမလို႔ သိတယ္ေနာ္....။
hyung ကေကာ ဘာလို႔ အဲ့ေလာက္ေတာင္ ၿပဳံးျပေနရတာလဲ ။ အဲတာေၾကာင့္ ကြၽန္ေတာ္ သဝန္တိုၿပီး ေျပာလိုက္မိတာပါ .. "

ၾကည့္ရတာေတာ့ သဝန္တိုၿပီး အျခားလူကို ေျပာလိုက္တာကို ဂ်ယ္ယြန္းhyung က ဆူေနတာထင္တယ္။ ဆူသင့္ပါတယ္ေလ ဂ်ယ္ယြန္းhyung က သူမ်ားေတြဆို ဘယ္ေလာက္အားနာတတ္သလဲဆိုတာ ကြၽန္ေတာ္အသိဆုံး ။

ေခါင္းငုံ႔ၿပီး သနားစဖြယ္ ေျပာေနေသာ မန္ေနဂ်ာပက္ေဆာင္းဟြန္းေၾကာင့္ ဂ်ယ္ယြန္းhyungက ေခါင္းသာခါၿပီး ခုံမွာထိုင္လိုက္တယ္ ။

" အဲ့လိုဆိုလဲ မေျပာသင့္ဘူးေလ ေဆာင္းဟြန္းရာ... ဘယ္ေလာက္အားနာဖို႔ေကာင္းလဲ တစ္ဖက္လူကို .."

" ေနာက္မေျပာေတာ့ပါဘူး.... စိတ္မဆိုးပါနဲ႔ေတာ့ေနာ္ "

ဒူးေထာက္ခ်ၿပီး ဂ်ယ္ယြန္းhyung ရဲ႕လက္ႏွစ္ဖက္ကို ကိုင္ကာ မ်က္ႏွာငယ္ေလးနဲ႔ ေတာင္းပန္ေနေသာ မန္ေနဂ်ာပက္ေဆာင္းဟြန္း။

" အင္း "

" တခါတည္း ကြၽန္ေတာ္ထပ္ေတာင္းပန္ခ်င္တယ္။ အရင္က hyungကို ထားခဲ့တာေရာ မဆက္သြယ္ခဲ့မိတာေရာအတြက္ ခြင့္လႊတ္ေပးပါလား....
hyung ။
အရင္လိုျပန္ျဖစ္‌ေအာင္ ေနာက္တေခါက္ အခြင့္အေရးေပးပါလား hyung .... "

ဂ်ယ္ယြန္းhyung ဘက္က တိတ္ဆိတ္ေနေတာ့ စိတ္ဓာတ္က်သြားပုံရတယ္။
မန္ေနဂ်ာ ပက္ေဆာင္းဟြန္းကလည္း တုံးလိုက္တာ ။ ဟိုက ခြင့္လႊတ္ေပးၿပီး ဘယ္လိုျပန္ေျဖရမလဲ စဥ္းစားေနတာ မ်က္ႏွာမွာ အထင္းသား။ ဒါေလးေတာင္ မသိဘူး။ ၾကားထဲကေနသာ ေအာ္ေျပာလိုက္ခ်င္တယ္။

" hyung မခြင့္လႊတ္ႏိုင္လဲ .... "

" ခြင့္လႊတ္တယ္!! မင္းကို ...
အဲတာေၾကာင့္ ေနာက္တခါဆိုတာသာ မရွိေစနဲ႔။ အဲ့က်ရင္ေတာ့ ငါတကယ္ စိတ္ပိုင္းျဖတ္မိမွာ "

ခြင့္လႊတ္တယ္ဆိုတဲ့ အသံလည္းၾကားေရာ
ညႇိဳးေနတဲ့ ပန္းေလးကို ဓာတ္ေျမဩဇာေတြ ေလာင္းခ်လိုက္လို႔ ပြင့္လန္းလာတာထက္ ပိုျမန္တဲ့ မန္ေနဂ်ာပက္ေဆာင္းဟြန္း အမူအရာကိုေတာ့ လက္ဖ်ားခါတယ္။

" ေက်း.. ေက်းဇူးပါ hyungရာ ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးလို႔ ။
ဒါဆို အရင္ကလို ေမာင္လို႔ျပန္ေခၚပါလားဟင္ "

" အင္း ေမာင္ "

သဲကဲစြာ တေယာက္နဲ႔ တေယာက္ တင္းတင္းဖက္ထားၾကၿပီး အလြမ္းသယ္ေနၾကတဲ့ သူတို႔ကိုကြၽန္ေတာ္နဲ႔ ေဂ်းhyungကေတာ့ ထမင္းဘူးကို ေပါက္ေပါက္ဆုပ္လို႔ သေဘာထားကာ ၾကည့္ေကာင္းေကာင္းနဲ႔ ၾကည့္ေနၾကတယ္။










အဲ့ဒီအခ်ိန္မွာ ဒုတိယေျမာက္ေသာ တံခါးဖြင့္သံၾကားလိုက္ရတယ္။
ၿငိမ္းခ်မ္းေရးယူၿပီးခါစ ဂ်ယ္ယြန္းhyung တို႔အတြဲေကာ ပုန္းေနရင္း ဝါးတီးဆြဲေနတဲ့ ကြၽန္ေတာ္တို႔အတြဲေကာ တံခါးဖြင့္သံေၾကာင့္ လႈပ္ရွားမႈေတြ ရပ္မိတယ္။

ေျခသံေတြ နီးလာတာနဲ႔အမွ် ဂ်ယ္ယြန္းhyungက ျပာၿပီး ဟိုၾကည့္ဒီၾကည့္ လုပ္ေနေတာ့ မန္ေနဂ်ာ ပက္ေဆာင္းဟြန္းက လက္ကို ဆြဲကာ ကြၽန္ေတာ္တို႔ပုန္းေနတဲ့ ေနရာစီ တည့္တည့္ႀကီးလာေနတယ္။ ဘာလို႔ဆို ဒီေနရာပဲ ပုန္းစရာရွိတာေလ။

" မင္းတို႔က ဒီကိုဘယ္လို...... "

" ရႉး.!!  လာခဲ့ ဂ်ယ္ယြန္းhyung "

ကြၽန္ေတာ္တို႔ကို ေတြ႕တာနဲ႔ လက္ညႇိဳးထိုးၿပီး တအံ့တဩေမး‌လာတဲ့ ဂ်ယ္ယြန္း hyung ကို ဆြဲေခၚကာ
ထိုင္ေစၿပီး ‌အေရွ႕ကိုသာ ဆက္ေခ်ာင္းလိုက္တယ္။

" အဲတာေတြ ေနာက္မွေျပာ.... အခုဘယ္သူလာျပန္ၿပီလဲ မသိဘူး "

အသံက်ယ္မွာစိုး၍ ဂ်ယ္ယြန္းhyungနား ကပ္ကာ တိုးတိုးေျပာလိုက္တယ္။ ပုန္းလို႔ရတယ္ဆိုေပမယ့္ လူေလးေယာက္အတြက္ေတာ့ အနည္းငယ္က်ပ္လွတယ္။ အဲတာေၾကာင့္ ဂ်ယ္ယြန္းhyung လက္ေမာင္းကို ဖက္တြယ္ကာ ပူးကပ္လိုက္တယ္။ ေသခ်ာေပါက္ အေနာက္က ပက္မ်ိဳး႐ိုးႏွစ္ေယာက္ရဲ႕ အၾကည့္စူးစူးေတြကို လ်စ္လ်ဴရႈၿပီးေတာ့ေပါ့။









ေဟာ..... ေတြ႕ပါၿပီ ။ ဒီတခါ ဝင္လာတဲ့သူေတြကေဝာာ့ အျခားမဟုတ္။
ေဆာႏူhyung နဲ႔ နီခီ....။

ဒီေန႔မွပဲ ေခါင္းမိုးထပ္ကို လူႀကိဳက္မ်ားေနၾကပါလား။ တကယ္ပဲဟုတ္ ဒိတ္ေတာင္ ကိုးလိုးကန႔္လန႔္ျဖစ္သြားၿပီ။ မျဖစ္ေတာ့ ေနာက္တခါက်ရင္ မဟာၿမိဳင္ေတာႀကီးထဲ သြားရမယ္။ ဒါမွ အေႏွာင့္အယွက္ကင္းမွာ။

" ေဆာႏူ hyung ........ "

" နီခီ .....  မင္းကို ညီေလးတေယာက္လိုပဲ သေဘာထားတာပါလို႔  ေျပာၿပီးၿပီေလ "

" မလိမ္စမ္းပါနဲ႔ဗ်ာ ..... hyung လိမ္ရင္အသာႀကီးကို အခ်ိန္တိုင္း တစိမ့္စိမ့္ၾကည့္ေနတဲ့ ကြၽန္ေတာ္က မသိရေအာင္ အ႐ူးလား "

" မင္း..... မင္း "

လိုက္လို႔ေတာင္မမွီေတာ့ဘူး ။ ညီေလးေတြေရာ တစိမ့္စိမ့္ၾကည့္တာေတြေရာ.....
ဒီေလာက္ သူတို႔နဲ႔ တခ်ိန္လုံးရွိေနတဲ့ ကြၽန္ေတာ္ေတာင္ မသိလိုက္ဘူးဆိုေတာ့ ဘယ္ခ်ိန္ျဖစ္သြားၾကတာလဲ။

" ခံစားရလား ကြၽန္ေတာ့္ရင္ခုန္သံကို......
hyung အတြက္ပဲ ျဖစ္တည္ေနတာမလို႔ လက္ခံေပးပါေနာ္ hyung "

ေဆာႏူhyung လက္ကိုဆြဲၿပီး ရင္ဘတ္ေပၚတင္ကာ အေလးအနက္ေတြ ေျပာေနေသာနီခီ။ အခုခ်ိန္ ကြၽန္ေတာ္ေလ ေဆာႏူhyung ပါးကိုျဖဳတ္ၿပီး ေဈးမွာသြားေရာင္းရင္ ဟယ္ဒီမက္မြန္သီးေလးက  နီရဲေနတာပဲ ဆိုၿပီး လုဝယ္ၾကမွာ ။ စကားအျဖစ္ေျပာပါတယ္။ တကယ္လုပ္ၾကည့္ပါလား နီခီလာထုမွာေပါ့။

" အယ္ နီခီက သြက္လွခ်ည္လား "
ေဘးမွ ဂ်ယ္ယြန္းhyung ရဲ႕မွတ္ခ်က္။

" မင္းနဲ႔ ငါက မျဖစ္ႏိုင္ပါဘူး နီခီရာ ....
ဒီတိုင္း ညီအစ္ကိုလိုပဲ ေနၾကရေအာင္ "

က်စ္.... ဒီhyungကေတာ့ မဟုတ္တာေတြ ေျပာၿပီ။ ဘယ္ညီအစ္ကိုက ၂၄ နာရီလုံး တပူးပူးတတြဲတြဲေနမွာလား။ ၿပီးေတာ့ သူမ်ားေတြထက္ဦးစားေပးၿပီး အရိပ္တၾကည့္ၾကည့္နဲ႔ ၾကည့္ေနမွာလဲ ။
သက္သက္ ကေလးကို ဒုကၡေပးတာ။

" hyung ျပန္မခ်စ္ႏိုင္ဘူးဆိုရင္လည္း .......
တခါတည္းႏႈက္ဆက္ၾကတာေပါ့ ။
ကြၽန္ေတာ္မရွိလဲ ေကာင္းေကာင္းေနေနာ္ hyung "

ေျပာၿပီး နီခီက ေခါင္းမိုးထပ္အစြန္းကို ေျပးသြားၿပီး ခုန္ခ်မို႔လုပ္ေနတယ္။ ဒါကို ျမင္လိုက္ရတဲ့ ကြၽန္ေတာ္နဲ႔ ဂ်ယ္ယြန္းhyung သြားဆြဲဖို႔လုပ္ေတာ့  ေနာက္က ပက္မ်ိဳး႐ိုးႏွစ္ေယာက္က ဆြဲထားျခင္းကို ခံရတယ္။

" ေစာင့္ၾကည့္လိုက္ပါဦး ကေလးရာ ... "

ကြၽန္‌‌ေတာ့္နားကို ႏႈတ္ခမ္းနဲ႔ထိကပ္ၿပီး ေျပာလာတဲ့ ေဂ်းhyung။ အေရးထဲမွေလ ၾကက္သီးေတာင္ထတယ္ဟုတ္။

နီခီ့ကိုၾကည့္ေတာ့ ေျပးလာကာ တားေနတဲ့ေဆာႏူhyungကို ၿပဳံးၿပဳံးႀကီး ၾကည့္ေနတယ္။ ေတာ္ေတာ္ဉာဏ္မ်ားတဲ့ ေကာင္ေလးပဲ။ အႀကံကေတာ့ပိုင္ပါ့။

" နီခီရားးး အဲ့လိုမလုပ္ပါနဲ႔ကြာ..... hyung ေတာင္းပန္ပါတယ္ေနာ္ ။ ဟုတ္တယ္ ... hyung လိမ္မိတာ.... တကယ္ေတာ့ hyung လည္း မင္းကို ခ်စ္ပါတယ္ "

လြတ္ထြက္သြားမွာ စိုးသည့္အလား နီခီ့လက္ကို တင္းေနေအာင္ ဆြဲထားကာ မ်က္လုံးစုံမွိတ္ၿပီး ေျပာေနေတာ့တယ္။

" ေနာက္ဆုံးေတာ့ ........ "
ကြၽန္ေတာ့္ထမင္းဘူးကို ယူစားရင္း အေရွ႕မွ အျဖစ္အပ်က္ကို ႐ုပ္ရွင္ၾကည့္သလိုေျပာလာတဲ့ ဂ်ယ္ယြန္းhyung ။




အခုပုန္းေနၾကတဲ့ ကြၽန္ေတာ္တို႔ေလးေယာက္ အေျခ‌အေနကေတာ့ .......
အစကတည္းက ပုန္းေနရတဲ့ ကြၽန္ေတာ္နဲ႔ ေဂ်းhyungက ေညာင္းလာၿပီျဖစ္တဲ့အတြက္ ျမက္ခင္း‌ေပၚပဲထိုင္ခ်ေနၾကတယ္။ ကြၽန္ေတာ္လဲ ျမက္ခင္းေပၚထိုင္ဖို႔ လုပ္ေပမယ့္ ေဂ်းhyungက အထိုင္မခံဘဲ သူ႔ေပါင္ေပၚဆြဲတင္ကာ ခါးကေနဖက္ထားတယ္ ။

ေဘးမွ ကြၽန္ေတာ္တို႔အေျခအေနကို နားမလည္ဟန္ၾကည့္ေနၾကတဲ့ အတြဲကိုအားနာေပမယ့္ မဖယ္ေပးခ်င္တာေတာ့အမွန္။ သက္ေတာင့္သက္သာ ရွိတယ္ဗ်.....။




" တကယ္လား ေဆာႏူhyung .... "

" အင္း ... တကယ္ "

ေဆာႏူhyung မပီသစြာ တိုးလ်တဲ့ အသံေလးနဲ႔။

" ေနာက္ တခါေလာက္ ... ျပန္ေျပာပါဦး
hyung ေနာ္.... ေနာ္ "

နီရွီမူရာ ရီခီမပီသစြာ ခြၽဲႏြဲ႕ေနတယ္။
တကယ္ပဲ အားလုံးက အခ်စ္နဲ႔ေတြ႕ရင္ ဒီလိုျဖစ္သြားၾကတာလား။ အဟမ္း သူမ်ားကိုေျပာေနတာ ကြၽန္ေတာ္လဲ အဲ့တိုင္းပါပဲ ဟီးးး။

" ခ်စ္တယ္လို႔ နီရွီမူရာ ရီခီရဲ႕ ...".

" ဟဟ .... ကြၽန္ေတာ္ကပိုခ်စ္တယ္ ‌‌
ဂင္ေဆာႏူ sshi .... "

အစီအစဥ္ေအာင္ျမင္သြားတဲ့ နီခီကေတာ့ ေအာင္ႏိုင္သူႀကီးပမာ ေဆာႏူhyungကို ဆြဲဖက္လိုက္တယ္။
ဒီေန႔က ဘာေန႔မ်ားလဲ....။  ျမားနတ္ေမာင္ရဲ႕ ျမားေတြ မိုးေပၚက တရေဟာက်လာတဲ့ အလားပဲ။ တစ္တြဲၿပီး တစ္တြဲေပၚလာေနေတာ့တယ္။









အဲ့ဒီအခ်ိန္ ထပ္ၾကားရျပန္တဲ့ တံခါးဖြင့္သံ ။
ဒီေန႔ဘာေတြ ျဖစ္ေနတာလဲ။ အရင္‌ဆို သရဲေျခာက္‌မွာေတာင္ ေၾကာက္ရတဲ့ ေနရာက စည္ကားေနလိုက္တာ။ မလာစဖူးလာေနၾကတယ္။ ဒီတခါေရာ ဘယ္သူလဲ.... ဘယ္အတြဲလဲ...။

ထုံးစံအတိုင္း လွစ္ခနဲေျပးလာၾကတဲ့ အတြဲကလည္း  ဒီေနရာကိုပဲဦးတည္ေနတယ္။ ကြၽန္ေတာ္တို႔ ေလးေယာက္ကိုေတြ႕ေတာ့ ေဆာႏူhyungတေယာက္ အံ့ဩေနတာ ပါးစပ္ေတာင္စိမရ။ ကြၽန္ေတာ့္ကို ၾကည့္ၿပီး စိမရတာဆို ပိုမွန္မယ္။

အဲတာေၾကာင့္ ကြၽန္ေတာ္ ေဂ်း hyungေပါင္ေပၚက ဆင္းၿပီး ေဆာႏူhyungကို ဆြဲကာ ေအာက္ကိုဆင္းထိုင္လိုက္တယ္။
ပါးစပ္ကို လက္ညႇိဳးနဲ႔‌ေတ့ၿပီး တိုးတိုးေနရန္အခ်က္ျပၿပီး 🤫 အေရွ႕ကိုသာဆက္ၾကည့္လိုက္တယ္။








ဒီတခါ ဝင္လာတဲ့သူကို ျမင္ခ်ိန္မွာေတာ့ ကြၽန္ေတာ့္အေတြးေတြ တက္တက္စင္ေအာင္ လြဲၿပီဆိုတာသိလိုက္တယ္။ ဘာလို႔လဲဆိုေတာ့
တမိုးေအာက္ လူပ်ိဳႀကီး .... ဌာနမႉးအီ မလို႔ပဲ။
ျမားနတ္ေမာင္က ဒီတခါေတာ့ ဘက္လိုက္တယ္။

အခုလည္းၾကည့္ အေဖာ္ဆိုလို႔ ေဘာင္းဘီအိတ္ကပ္ထဲက ထုတ္လာတဲ့ ေဆးလိပ္နဲ႔ မီးျခစ္ပဲရွိတယ္။ အင္းးး ဌာနမႉးကိုလဲ အ‌ဆင္ေျပတဲ့ သူတစ္ေယာက္နဲ႔ မိတ္ဆက္ေပးဦးမွပါ....။

ခပ္မိုက္မိုက္မႈတ္ထုတ္လိုက္တဲ့ ေဆးလိပ္ေငြ႕ေတြက အပင္ေတြအတြက္ေတာ့ အစာခ်က္ဖို႔ ဝမ္းသာအားရစုတ္ယူႏိုင္ေပမယ့္ ကြၽန္ေတာ္တို႔ လူသားေျခာက္ေယာက္ေတာ့ မႊန္လွၿပီ။ 
ပိုဆိုးတာက အေရွ႕ဆုံးမွာထိုင္ေနတဲ့ ကြၽန္ေတာ္က မေနႏိုင္ေတာ့ဘူး။

" အဟြတ္ အဟြတ္ "

" အဲ့မွာ ဘယ္သူလည္း!!  "

မရေတာ့ဘူး ေျပးထြက္လိုက္ၿပီ။ တကယ္ပဲဟုတ္ အျငႇိဳးနဲ႔မ်ား ေသာက္ေနသလားမသိ။

" ကြၽန္ေတာ္ ကြၽန္ေတာ္...
ေဆးလိပ္ႀကီး သတ္လိုက္ပါဦး ဌာနမႉးအီ "

ကြၽန္ေတာ့္ကို ေတြ႕ၿပီး လန႔္သြားတဲ့ၾကားထဲ ေယာင္ေတာင္ေတာင္နဲ႔ ေဆးလိပ္မီးသတ္လိုက္တယ္။

" ဟမ္ ယန္းေဂ်ာင္ဝန္း....
ဘယ္လိုလုပ္ ေရာက္ေနတာ......
မန္ေနဂ်ာပက္ ေကာ... ၿပီးေတာ့ ဂင္‌ေဆာႏူ ! နီခီ !
ဂ်ယ္ယြန္း!  မန္ေနဂ်ာ ပက္ေဆာင္းဟြန္း! "

တန္းစီထြက္လာတဲ့ သူေတြကိုၾကည့္ၿပီး ဌာနမႉးအီရဲ႕ သမင္မ်က္လုံးက ပိုေတာင္ ဝိုင္းၿပီး ျပဴးက်ယ္သြားတယ္။

" အဟမ္း ... သြားမယ္ ကေလး..."

ေဂ်းhyungတေယာက္ ေခ်ာင္းဟန႔္ၿပီး ဟန္ဖို႔ကာ ကြၽန္ေတာ္လက္ကိုဆြဲၿပီး ေခါင္းမိုးထပ္ကေန ဆင္းလာလိုက္တယ္။ ေနာက္ကသူေတြလည္း ဆက္လိုက္လာၾကတာကို ေတြ႕လိုက္တယ္။ ေနာက္ဆုံးေတာ့ ခိုးေၾကာင္ခိုးဝွက္ပုန္းေနရတဲ့ ရန္ကေန လြတ္ေျမာက္ၿပီေပါ့။

ေသခ်ာတာေတာ့ ခဏေန ကြၽန္ေတာ္နဲ႔ ေဂ်းhyung အေၾကာင္းကို တတြတ္တြတ္နဲ႔ လိုက္ေမးေတာ့မယ့္ ေဆာႏူhyungနဲ႔ ဂ်ယ္ယြန္းhyungကို အာေပါက္မတတ္ ရွင္းျပရေတာ့မွာပင္။
အတြဲလိုက္ႀကီး မိသြားတဲ့ ဌာနမႉးအီကိုလည္း ေျပာျပရေတာ့မွာေပါ့ ဟင္းးးး။






_____________ A/N ___________

Side couples moment ေတြကို မေရးရမေနႏိုင္လို႔ပါ 😩 ေရးတာလိုက္မမွီဘူးျဖစ္သြားရင္ေတာင္းပန္ပါတယ္ေနာ္။

Hee ကိုအတြဲရွာေပးမလို႔ပဲ။ ဒါမဲ့ ေနာက္ အႀကံရသြားတာက သာသာပဲအပိုင္သိမ္းလိုက္ပါေတာ့မယ္ေလ ဆိုၿပီး 😈

𝓣𝓱𝓪𝓷𝓴𝓼 𝓕𝓸𝓻  𝓡𝓮𝓪𝓭𝓲𝓷𝓰 💓

Продолжить чтение

Вам также понравится

2.1K 215 17
[𝑼𝒏𝒊𝒄𝒐𝒅𝒆 & 𝒁𝒂𝒘𝒈𝒚𝒊] 𝚈𝚎𝚕𝚕𝚘𝚠 𝙰𝚛𝚎𝚊💛 𝐃𝐨𝐮𝐛𝐥𝐞 𝐌𝐢𝐧(ʸᵒᵒⁿᵐⁱⁿ) 𝙢𝙖𝙣𝙮-𝙢𝙖𝙣𝙮 𝙨𝙝𝙤𝙧𝙩 𝙨𝙩𝙤𝙧𝙞𝙚𝙨
34.9K 4.4K 21
အိပ်ရာဝင်နတ်သမီးပုံပြင်တွေထဲကလို အချစ်ဇာတ်လမ်းတွေ 21ရာစုမှာရှိနေသေးမယ်လို့ထင်လား? အချစ်ဇာတ်လမ်းတင်မကပဲ နတ်သမီးနတ်သားတွေပါ တကယ်ရှိနေတယ်ဆိုရင်ရော? ...
23.9K 2.6K 12
It's YOU,my SOULMATE (A JakeHoon Story) •Romance •COMPLETE✅ start : Decemeber 20th 2020 end : January 18th 2021
ရေခဲ မြစ် HtetWai KY

Любовные романы

80.8K 6.4K 14
Krisyeol Chanris Boy*Boy @HtetWai6100